ပုံမှန် ဝိညာဉ်ရေးရာ အသက်တာထဲသို့ ဝင်ရောက်နိုင်သည့်နည်းလမ်း

06.12.2021

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

ပုံမှန်ဝိညာဉ်ရေးရာ အသက်တာတစ်ခုကို အသက်ရှင်ဖို့ရန်၊ လူတစ်ဦးသည် နေ့စဉ် အလင်းသစ်ကို ရရှိနိုင်ရမည်ဖြစ်ပြီး ဘုရားသခင်၏နှုတ်ကပတ်တော်များအား စစ်မှန်သော သိနားလည်မှုတစ်ခုကို ရှာဖွေနိုင်ရမည်။ သမ္မာတရားကို ရှင်းလင်းစွာ မြင်ရမည်၊ ကိစ္စရပ်များအားလုံးတွင် လက်တွေ့လုပ်ဆောင်ခြင်း လမ်းကြောင်းတစ်ခုကို ရှာဖွေရမည်၊ နေ့စဉ် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုခြင်းမှတစ်ဆင့် မေးခွန်းသစ်များကို ရှာဖွေတွေ့ရှိရမည်ဖြစ်ပြီး၊ မိမိ၏ ဖြစ်တည်မှု တစ်ခုလုံးကို တို့ထိသည့် တောင့်တပြီး ရှာဖွေတတ်သော စိတ်နှလုံးတစ်ခု ရှိနိုင်ဖို့အလို့ငှာနှင့် နောက်ကျကျန်ရစ်မည်ကို အလွန်အမင်း စိုးရိမ်လျက် ဘုရားသခင်၏ ရှေ့မှောက်တွင် တစ်ချိန်လုံး ဆိတ်ငြိမ်နိုင်ဖို့အလို့ငှာ မိမိကိုယ်တိုင်၏ ချို့ယွင်းချက်များကို သိရမည်။ ဝင်ရောက်မှုကို စဉ်ဆက်မပြတ် ကြိုးပမ်းရရှိဖို့ရန် လိုလားနေသည့် ထိုသို့သော တောင့်တ၊ ရှာဖွေသည့် စိတ်နှလုံးနှင့် လူတစ်ဦးသည် ဝိညာဉ်ရေးရာ အသက်တာ၏ မှန်ကန်သော လမ်းကြောင်းပေါ်တွင် ရှိနေသည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ တို့ထိခြင်းခံရသူများ၊ သာ၍ ကောင်းစွာ လုပ်ဆောင်ရန် ဆန္ဒရှိသူများ၊ ဘုရားသခင်၏ စုံလင်စေခြင်းကို လိုက်စားရန် လိုလားသောသူများ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ် သာ၍ နက်နဲသည့် သိနားလည်မှုတစ်ခုကို တောင့်တသူများ၊ သဘာ၀လွန်ဖြစ်ရပ်ကို မလိုက်စားဘဲ ထိုအစား စစ်မှန်သော အဖိုးအခတစ်ခုကို ပေးသောသူများ၊ ဘုရားသခင်၏ အလိုတော်ကို အမှန်တကယ် အရေးစိုက်သောသူများ၊ ၎င်းတို့၏ အတွေ့အကြုံများ သာ၍ ရိုးသားကာ စစ်မှန်ဖို့အလို့ငှာ ဝင်ရောက်ခြင်းကို အမှန်တကယ် ကြိုးပမ်းရရှိသူများ၊ အချည်းနှီးသော စကားများနှင့် အယူဝါဒများကို မလိုက်စားသူ သို့မဟုတ် သဘာဝလွန်ဖြစ်ရပ်ကို ခံစားဖို့ရန် မလိုက်စားသူများ၊ မည်သည့် ကြီးမြတ်သည့် ပုဂ္ဂိုလ်ကိုမဆို မကိုးကွယ်သူများ- ဤသူများသည် ပုံမှန်ဝိညာဉ်ရေးရာ အသက်တာတစ်ခုထဲသို့ ဝင်ရောက်ပြီးသည့် သူများ ဖြစ်သည်။ ၎င်းတို့ လုပ်ဆောင်သမျှတိုင်းသည် အသက်တာတွင် နောက်ထပ် ကြီးထွားမှုကို ရရှိဖို့ရန်နှင့် ၎င်းတို့ စိတ်ဝိညာဉ်၌ လန်းဆန်း၍ တက်ကြွစေရန် ရည်ရွယ်ပြီး၊ ၎င်းတို့သည် ဝင်ရောက်မှုကို တက်ကြွစွာ အစဉ်အမြဲ ကြိုးပမ်းရရှိနိုင်ကြလေသည်။ သတိမမူမိလိုက်ဘဲနှင့်၊ ၎င်းတို့သည် သမ္မာတရားကို နားလည်လာကြပြီး လက်တွေ့အရှိတရားထဲသို့ ဝင်ရောက်လာကြလေသည်။ ပုံမှန် ဝိညာဉ်ရေးရာ အသက်တာရှိသူတို့သည် နေ့စဉ် စိတ်ဝိညာဉ်၏ လွတ်လပ်မှုနှင့် လွတ်မြောက်မှုကို ရှာတွေ့ကြပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သူ စိတ်ကျေနပ်သည်အထိ လွတ်လပ်သည့်နည်းလမ်းဖြင့် လက်တွေ့လုပ်ဆောင်နိုင်ကြသည်။ ဤလူတို့အတွက်၊ ဆုတောင်းခြင်းသည် လုပ်ရိုးလုပ်စဉ် သို့မဟုတ် လုပ်ထုံးလုပ်နည်းတစ်ခု မဟုတ်။ နေ့စဉ်၊ အသစ်သော အလင်းကို ၎င်းတို့ အမီလိုက်နိုင်ကြသည်။ ဥပမာအားဖြင့်၊ လူတို့သည် မိမိတို့၏ စိတ်နှလုံးများကို ဘုရားသခင်၏ ရှေ့မှောက်တွင် ဆိတ်ငြိမ်စေဖို့ရန် မိမိတို့ကိုယ်ကိုယ် လေ့ကျင့်ကြပြီး၊ ၎င်းတို့၏ စိတ်နှလုံးများသည် ဘုရားသခင်၏ ရှေ့မှောက်တွင် အမှန်တကယ် ဆိတ်ငြိမ်နိုင်ကြကာ၊ မည်သူမျှက ၎င်းတို့ကို မနှောင့်ယှက်နိုင်ပေ။ ၎င်းတို့၏ ပုံမှန်ဝိညာဉ်ရေးရာ အသက်တာများကို မည်သည့်လူ၊ မည်သည့် အဖြစ်အပျက် သို့မဟုတ် မည်သည့် အမှုအရာကမျှ မတားဆီးနိုင်ပေ။ ထိုသို့သော လေ့ကျင့်မှုသည် ရလဒ်များ ဖြစ်ထွန်းဖို့ ရည်ရွယ်၏။ လူတို့ကို စည်းမျဉ်းများ လိုက်နာစေဖို့ ရည်ရွယ်ထားခြင်း မဟုတ်ပေ။ ဤလက်တွေ့လုပ်ဆောင်မှုသည် စည်းမျဉ်းလိုက်နာမှုအကြောင်း မဟုတ်ဘဲ၊ ယင်းအစား လူတို့၏ အသက်တာထဲတွင် ကြီးထွားမှုကို အထောက်အကူပြုခြင်း အကြောင်း ဖြစ်သည်။ ဤလက်တွေ့လုပ်ဆောင်မှုကို လိုက်နာရမည့် စည်းမျဉ်းများအဖြစ်သာ သင် မြင်ပါက၊ သင်၏ အသက်တာ ဘယ်သောအခါမျှ ပြောင်းလဲမည် မဟုတ်။ အခြားသူများကဲ့သို့ အလားတူ လက်တွေ့လုပ်ဆောင်မှု၌ သင်သည် ပါဝင်ပတ်သက်နိုင်၏၊ သို့သော်လည်း ၎င်းတို့က သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်မှုကို အမီလိုက်နိုင်စဉ်တွင် သင်သည် သန့်ရှင်းသော ဝိညာဉ်တော်၏ ရေစီးကြောင်းမှ ပယ်ရှင်းခံရပေသည်။ သင်သည် မိမိကိုယ်ကိုယ် လှည့်ဖြားနေခြင်း မဟုတ်လော။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ပုံမှန်ဝိညာဉ်ရေးရာ အသက်တာနှင့် စပ်လျဉ်း၍

ယနေ့ သန့်ရှင်းသော ဝိညာဉ်တော်၏ နှုတ်ကပတ်တော်များသည် သန့်ရှင်းသော ဝိညာဉ်တော် အမှု၏ လှုပ်ရှားမှုအင်အားဖြစ်ပြီး၊ ဤကာလအတောအတွင်း လူသားနှင့်ဆိုင်သည့် သန့်ရှင်းသော ဝိညာဉ်တော်၏ အဆက်မပြတ်ဖြစ်သော အသိဉာဏ်ပွင့်လင်းစေခြင်းသည် သန့်ရှင်းသော ဝိညာဉ်တော်၏ အမှု ဦးတည်ရာ ဖြစ်သည်။ ယနေ့ သန့်ရှင်းသော ဝိညာဉ်တော် အမှုတွင် ဦးတည်ရာမှာ မည်သည့်အရာ ဖြစ်သနည်း။ ယင်းမှာ ယနေ့ ဘုရားသခင်၏ အမှုနှင့် ပုံမှန် ဝိညာဉ်ရေးရာ အသက်တာတစ်ခုထဲသို့ လူတို့ကို ဦးဆောင်မှု ဖြစ်သည်။ ပုံမှန် ဝိညာဉ်ရေးရာ အသက်တာတစ်ခုထဲသို့ ဝင်ရောက်ခြင်းအဖို့ အဆင့်အချို့ ရှိသည်-

၁။ ပထမဦးစွာ၊ သင်၏စိတ်နှလုံးကို ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲသို့ သွန်းလောင်းရမည်။ သင်သည် အတိတ်က ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အားမထုတ်ရ၊ ပြီးလျှင် ယင်းတို့ကို လေ့လာရမည် မဟုတ်သကဲ့သို့၊ ယနေ့ နှုတ်ကပတ်တော်များနှင့် မနှိုင်းယှဉ်ရ။ ယင်းအစား သင်၏စိတ်နှလုံးကို ဘုရားသခင်၏ လက်ရှိ နှုတ်ကပတ်တော်များထဲသို့ လုံးဝ သွန်းလောင်းရမည်။ အကယ်၍ အတိတ်မှ ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ ဝိညာဉ်ရေးရာ စာအုပ်များ သို့မဟုတ် အခြားသော တရားဟောခြင်း ဖြစ်စဉ်များကို ဖတ်ရှုရန် ဆန္ဒရှိနေသေးသူများနှင့် ယနေ့ သန့်ရှင်းသော ဝိညာဉ်တော်၏ နှုတ်ကပတ်တော်များနောက် မလိုက်လျှောက်သော သူများရှိပါက၊ ၎င်းတို့သည် အမိုက်မဲဆုံးသော လူများဖြစ်ကြသည်။ ဘုရားသခင်သည် ထိုသို့သောလူများကို မုန်းတီး စက်ဆုပ်သည်။ အကယ်၍ သင်သည် ယနေ့ သန့်ရှင်းသော ဝိညာဉ်တော်၏ အလင်းကို လက်ခံရန် ဆန္ဒရှိပါက၊ သင်၏စိတ်နှလုံးကို ယနေ့ ဘုရားသခင်၏ မိန့်မြွက်ချက်များထဲသို့ လုံးဝ သွန်းလောင်းလော့။ ဤအရာသည် စွမ်းဆောင်ရမည့် ပထမဆုံးသောအရာ ဖြစ်သည်။

၂။ ယနေ့ ဘုရားသခင်ပြောဆိုထားသော နှုတ်ကပတ်တော်များ၏ အခြေခံအုတ်မြစ်ပေါ် သင်ဆုတောင်းရမည်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲသို့ ဝင်ရောက်ကာ ဘုရားသခင်နှင့် မိတ်သဟာယဖွဲ့ရမည် ဖြစ်ပြီး၊ မည်သည့် စံနှုန်းများ အောင်မြင်ပြီးမြောက်ခြင်းအား သင် အားထုတ်ရန် ဆန္ဒရှိသည်ကို အခြေခိုင်စေလျက် သင်၏ စိတ်ဆုံးဖြတ်ချက်များကို ဘုရားသခင်ရှေ့တွင် ပြုလုပ်ရမည်။

၃။ သင်သည် ယနေ့ သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုနှင့်ဆိုင်သည့် အခြေခံအုတ်မြစ်အပေါ်တွင် သမ္မာတရားထဲသို့ နက်နဲသည့် ဝင်ရောက်မှုကို သင် ရရှိအောင် အားထုတ်ရမည်။ ခေတ်မမီတော့သည့် အတိတ်မှ မိန့်မြွက်ချက်များနှင့် သဘောတရားများကို မထိန်းသိမ်းနှင့်။

၄။ သန့်ရှင်းသော ဝိညာဉ်တော်၏ တို့ထိခြင်းကိုခံရရန် သင် ကြိုးစားရမည်ဖြစ်ပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲသို့ ဝင်ရောက်ရမည်။

၅။ သန့်ရှင်းသော ဝိညာဉ်တော် ယနေ့ လျှောက်လှမ်းသော လမ်းကြောင်းထဲသို့ ဝင်ရောက်ခြင်းကို သင် လိုက်စားရမည်။

သန့်ရှင်းသော ဝိညာဉ်တော်၏ တို့ထိခံရခြင်းကို သင်မည်သို့ ရှာဖွေသနည်း။ အရေးကြီးသည့်အရာမှာ ဘုရားသခင်၏ လက်ရှိ နှုတ်ကပတ်တော်ထဲ၌ အသက်ရှင်ရန်နှင့် ဘုရားသခင်၏ သတ်မှတ်ချက်များနှင့်ဆိုင်သည့် အခြေခံအုတ်မြစ်ပေါ်တွင် ဆုတောင်းရန် ဖြစ်သည်။ ဤနည်းဖြင့် ဆုတောင်းရာတွင် သန့်ရှင်းသော ဝိညာဉ်တော်သည် သင့်အား တို့ထိမည်မှာ သေချာသည်။ အကယ်၍ သင်သည် ဘုရားသခင် ယနေ့ပြောဆိုသော နှုတ်ကပတ်တော်များ၏ အခြေခံအုတ်မြစ်ထဲက အခြေခံအကြောင်းရင်းဖြင့် မရှာဖွေပါက၊ ဤသည်မှာ အချည်းနှီးဖြစ်သည်။ သင်ဆုတောင်းသင့်ပြီး၊ “အို ဘုရားသခင်။ ကျွန်ုပ် ကိုယ်တော့်ကို ဆန့်ကျင်မိပြီး၊ ကျွန်ုပ် ကိုယ်တော့်ကို များစွာကြွေးတင်ပါပြီ။ ကျွန်ုပ်သည် အလွန် မနာခံတတ်သကဲ့သို့ ကိုယ်တော့်ကို မည်သည့်အခါမျှ မကျေနပ်စေနိုင်ပါ။ အို ဘုရားသခင်၊ ကျွန်ုပ်အား ကိုယ်တော် ကယ်တင်ရန် ဆန္ဒပြုပါ၏၊ ကိုယ်တော့်အဖို့ အဆုံးထိ အစေခံမှုပေးရန် ကျွန်ုပ် ဆန္ဒရှိပါ၏၊ ကိုယ်တော့်အတွက် အသေခံရန် ကျွန်ုပ် ဆန္ဒရှိပါ၏။ ကိုယ်တော်သည် ကျွန်ုပ်ကို တရားစီရင်ပြီး ပြစ်တင်ဆုံးမကာ၊ ကျွန်ုပ်သည် မကျေနပ်ချက်များ မရှိပါ၊ ကိုယ်တော့်ကို ကျွန်ုပ် ဆန့်ကျင်မိပြီး၊ ကျွန်ုပ်၏ သေခြင်းတွင် ကိုယ်တော် ဖြောင့်မတ်သော စိတ်သဘောထားကို လူအားလုံး ရှုမြင်နိုင်ဖို့အလို့ငှာ၊ ကျွန်ုပ်သေထိုက်ပါသည်။” ဟူ၍ ပြောသင့်၏။ ဤနည်းဖြင့် သင်၏ စိတ်နှလုံးအတွင်းတွင် သင် ဆုတောင်းသောအခါ၊ ဘုရားသခင်သည် သင့်ကို နားညောင်းလိမ့်မည်ဖြစ်ကာ သင့်အား လမ်းပြလိမ့်မည်။ အကယ်၍ သင်သည် ယနေ့ သန့်ရှင်းသော ဝိညာဉ်တော်၏ နှုတ်ကပတ်တော်များ၏ အခြေခံအုတ်မြစ် အပေါ်တွင် ဆုမတောင်းပါက၊ သန့်ရှင်းသော ဝိညာဉ်တော်သည် သင့်အား တို့ထိခြင်းငှာ ဖြစ်နိုင်ချေ မရှိပေ။ အကယ်၍ သင်သည် ဘုရားသခင်၏ အလိုနှင့်အတိုင်းနှင့် ဘုရားသခင်က ယနေ့လုပ်ဆောင်ရန် အလိုရှိသည့် အရာနှင့်အညီ ဆုတောင်းပါက၊ သင်က “အို ဘုရားသခင်၊ ကိုယ်တော်၏ တာဝန်ပေးစေခိုင်းချက်များကို လက်ခံရန်နှင့် ကိုယ်တော်၏ တာဝန်ပေးစေခိုင်းချက်များအဖို့ သစ္စာရှိရန် ကျွန်ုပ် ဆန္ဒရှိပါ၏။ ပြီးလျှင် ကျွန်ုပ် လုပ်ဆောင်နိုင်သမျှအားလုံးသည် ဘုရားသခင်၏ လူများနှင့်ဆိုင်သည့် စံနှုန်းများကို အလှမ်းမီနိုင်စေဖို့အလို့ငှာ၊ ကိုယ်တော်၏ ဘုန်းအသရေအဖို့ ကျွန်ုပ်၏ အသက်တာ တစ်ခုလုံးကို ဆက်ကပ်ရန် ဆန္ဒရှိပါသည်။ ကျွန်ုပ်၏စိတ်နှလုံးကို ကိုယ်တော် တို့ထိပါစေ။ ကိုယ်တော်၏ ဝိညာဉ်တော်သည် ကျွန်ုပ်အား ယခင်ထက် အသိဉာဏ်ပွင့်လင်းစေရန်၊ ကျွန်ုပ် လုပ်ဆောင်သမျှ အားလုံးက စာတန်အပေါ် ရှက်ရစေရန်၊ ကျွန်ုပ်သည် နောက်ဆုံးတွင် ကိုယ်တော်၏ ရယူခြင်းခံရဖို့အလို့ငှာ ကျွန်ုပ်ဆန္ဒရှိပါ၏။” ဟု ပြောလိမ့်မည်။ အကယ်၍ သင်သည် ဤနည်းဖြင့်၊ ဘုရားသခင်၏ အလိုကို ဗဟိုပြုသည့် နည်းလမ်းတစ်ခုဖြင့် ဆုတောင်းပါက၊ သန့်ရှင်းသော ဝိညာဉ်တော်သည် သင့်အထဲတွင် မလွဲမသွေ အလုပ်လုပ်လိမ့်မည်။ သင်၏ ဆုတောင်းချက်များ၏ စကားလုံးများ မည်မျှရှိသည်မှာ အကြောင်းမဟုတ်- အဓိက သော့ချက်ဖြစ်သည့်အရာမှာ ဘုရားသခင်၏ အလိုကို သင် သဘောပေါက်ခြင်း ရှိမရှိ ဖြစ်သည်။ သင်တို့အားလုံးသည် အောက်ပါ အတွေ့အကြုံကို ရှိပြီး ဖြစ်ကောင်းဖြစ်နိုင်သည်- တစ်ခါတစ်ရံ အစည်းအဝေးတစ်ခု၌ ဆုတောင်းနေစဉ်၊ သန့်ရှင်းသော ဝိညာဉ်တော် အမှု၏ လှုပ်ရှားမှု အင်အားများသည် အယောက်တိုင်း၏ ခွန်အားများကို မြင့်တက်စေလျက်၊ အထွတ်အထိပ်သို့ရောက်ရှိလေသည်။ လူအချို့သည် ခါးသီးစွာ ငိုကြွေးကြပြီး ဆုတောင်းစဉ် မျက်ရည်များ ကျကြသည်၊ ဘုရားသခင်ရှေ့မှောက်တွင် နောင်တဖြင့် ပြည့်နှက်နေသွားကြပြီး၊ လူအချို့သည် ၎င်းတို့၏ ဆုံးဖြတ်ချက်ကို ပြသကာ ကတိသစ္စာများ ပြုကြသည်။ ယင်းမှာ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်က စွမ်းဆောင်ရရှိမည့် အကျိုးတရား ဖြစ်သည်။ ယနေ့တွင် လူအားလုံးသည် ၎င်းတို့၏ စိတ်နှလုံးများကို ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲသို့ လုံးလုံးလျားလျား သွန်းလောင်းကြသည်မှာ အရေးပါလှပေသည်။ ယခင်က ပြောဆိုခဲ့သော နှုတ်ကပတ်တော်များအပေါ် အာရုံမစိုက်နှင့်။ အကယ်၍ သင်သည် ယခင်က လာခဲ့သော အရာအပေါ် ထိန်းသိမ်းဆဲဖြစ်ပါက၊ သန့်ရှင်းသော ဝိညာဉ်တော်သည် သင်၏အတွင်းတွင် အမှုပြုမည် မဟုတ်ပေ။ ဤအရာက မည်မျှ အရေးကြီးသည်ကို သင်မြင်သလော။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်၏ အသစ်ဆုံးသောအမှုကို သိပြီး သူ၏ ခြေလှမ်းများနောက် လိုက်လော့

ဘုရားသခင်ကို လူတို့ယုံကြည်ပုံ၊ လူတို့ချစ်မြတ်နိုးပုံနှင့် စိတ်ကျေနပ်စေပုံသည် ဘုရားသခင်၏ဝိညာဉ်တော်ကို ၎င်းတို့၏နှလုံးသားဖြင့် ထိတွေ့ပြီး ထိုသို့အားဖြင့် သူ၏ စိတ်ကျေနပ်ခြင်းကို ရရှိပြီး၊ ဘုရားသခင်၏နှုတ်ကပတ်တော်များနှင့် ချိတ်ဆက်ရန် ၎င်းတို့၏နှလုံးသားကိုအသုံးပြုခြင်းဖြင့် ဘုရားသခင်၏ ဝိညာဉ်တော်၏ တို့ထိမှုကို ခံရခြင်း ဖြစ်သည်။ အကယ်၍ သင်သည် ပုံမှန်ဝိညာဉ်ရေး အသက်တာကို ရရှိလိုပြီး ဘုရားသခင်နှင့် ပုံမှန်ဆက်ဆံရေးတစ်ရပ်ကို ထူထောင်လိုပါက သင်သည် ပထမဦးစွာ သင်၏နှလုံးသားကို သူ့အား ပေးအပ်ရမည်။ ဘုရားသခင်၏ ရှေ့မှောက်တွင် သင်၏နှလုံးသားကို ငြိမ်သက်စေပြီး သင်၏ နှလုံးသားတစ်ခုလုံးကို ကိုယ်တော်ထံ၌ သွန်းလောင်းပြီးမှသာ သင်သည် ပုံမှန်ဝိညာဉ်ရေးအသက်တာကို တဖြည်းဖြည်း ဖြစ်ပေါ်စေနိုင်လိမ့်မည်။ လူတို့၏ ဘုရားသခင်ကို ယုံကြည်မှုတွင် ၎င်းတို့သည် မိမိတို့၏ နှလုံးသားကို သူ့အား မပေးပါက၊ ထို့အပြင် ၎င်းတို့၏ နှလုံးသားသည် သူ့ထံ၌ မရှိသကဲ့သို့ ကိုယ်တော်၏ ဝန်ထုပ်ဝန်ပိုးကို မိမိတို့ ကိုယ်တိုင်၏ဝန်ထုပ်ဝန်ပိုးကဲ့သို့ သဘောမထားပါက၊ သူတို့လုပ်သမျှတိုင်းသည် ဘုရားသခင်ကို လိမ်လည်လှည့်စားသော လုပ်ရပ်၊ ဘာသာရေးသမားများ၏ လုပ်ရပ်တစ်မျိုးဖြစ်ပြီး ဘုရားသခင်၏ ချီးမွမ်းမှုကို မရရှိနိုင်ပေ။ ဘုရားသခင်သည် ဤလူမျိုးထံမှ မည်သည့်အရာကိုမျှ မရရှိနိုင်ပေ။ ဤလူမျိုးသည် ဘုရားသခင်၏အမှုအဖို့ အဖြည့်ခံတစ်ဦးအဖြစ်၊ ဘုရားသခင်၏ အိမ်ထဲက အလှဆင်မှုတစ်ခုပမာ၊ မလိုလားအပ်သကဲ့သို့ အသုံးမဝင်သော အရာတစ်ခုသာ ဖြစ်သည်။ ဘုရားသခင်သည် ဤလူစားမျိုးကို အသုံးမပြုပေ။ ထိုသို့သော လူတွင် သန့်ရှင်းသောဝိညာဉ်တော်၏ လုပ်ဆောင်မှုအတွက် အခွင့်အရေး မရှိရုံမက၊ ၎င်းတို့၏စုံလင်ခံရခြင်း အဖြစ်တွင် တန်ဖိုးတစ်ခုတစ်လေပင် မရှိချေ။ ဤလူစားမျိုးသည် အမှန်တွင် လမ်းလျှောက်နေသော အလောင်းကောင်ဖြစ်သည်။ ထိုသို့သော လူတို့သည် သန့်ရှင်းသောဝိညာဉ်တော် အသုံးပြုနိုင်သည့်အရာ ဘာမျှမရှိဘဲ၊ ဆန့်ကျင်ဘက်အားဖြင့် ၎င်းတို့အားလုံးသည် စာတန်၏ အပိုင်စီးခြင်း ခံရကာ အလွန်အမင်း ဖျက်ဆီးခြင်း ခံရပြီးဖြစ်သည်။ ဘုရားသခင်သည် ဤလူတို့ကို သုတ်သင်ဖယ်ရှားလိမ့်မည်။ လောလောဆယ်တွင်၊ လူတို့ကို အသုံးပြုရာတွင် သန့်ရှင်းသောဝိညာဉ်တော်သည် အမှုအရာများ ပြီးစီးရန်အလို့ငှာ ၎င်းတို့၏ လိုလားအပ်သော အစိတ်အပိုင်းများကို အသုံးပြုသည်သာမက၊ ၎င်းတို့၏ မလိုလားအပ်သော အစိတ်အပိုင်းများကိုလည်း စုံလင်စေပြီး ပြောင်းလဲစေသည်။ သင်၏စိတ်နှလုံးကို ဘုရားသခင်ထံတွင် သွန်းလောင်းနိုင်ပြီး သူ၏ရှေ့မှောက်တွင် ငြိမ်သက်နေနိုင်ပါက သင်သည် သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် အသုံးပြုခံရရန်၊ သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းပေးခြင်းနှင့် အလင်းပေးမှုကို ရရှိရန် အခွင့်အရေးနှင့် အရည်အချင်းများ သင်၌ ရှိလိမ့်မည်ဖြစ်ပြီး၊ ထို့ထက်မက သင်၏ အားနည်းချက်များကို သန့်ရှင်းသော ဝိညာဉ်တော်က ကောင်းအောင်ပြုပေးရန် အခွင့်အရေး ရရှိလိမ့်မည်။ သင်၏ စိတ်နှလုံးကို ဘုရားသခင်အား သင်ပေးအပ်လိုက်သောအခါ အပြုသဘောဆောင်သည့်ဘက်တွင်၊ သင်သည် ပိုမိုနက်ရှိုင်းသော ဝင်ရောက်မှုနှင့် ပိုမို မြင့်မားသော ထိုးထွင်းသိမြင်မှုကို ရရှိနိုင်သည်။ အပျက်သဘောဆောင်သည့်ဘက်တွင်၊ သင်သည် သင်ကိုယ်တိုင်၏ အမှားများနှင့် အားနည်းချက်များကို ပိုမိုနားလည်လာလိမ့်မည်၊ ဘုရားသခင်၏အလိုတော်ကို ဖြည့်ဆည်းပေးရန်အတွက် ကြိုးစားရန် ပို၍ စိတ်အားထက်သန်လိမ့်မည်ဖြစ်ပြီး၊ သင်သည် မတုန်မလှုပ်မဖြစ်ဘဲ တက်တက်ကြွကြွ ဝင်ရောက်လိမ့်မည်ဖြစ်သည်။ ဤသို့ဖြင့်၊ သင်သည် မှန်ကန်သော လူတစ်ယောက်ဖြစ်လာလိမ့်မည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်နှင့် ပုံမှန်ဆက်ဆံရေးတစ်ခုတည်ဆောက်ရန် အလွန်အရေးကြီး၏

ဘုရားသခင်၏ နှုတ်ကပတ်တော်များအတွင်း ဝင်ရောက်ခြင်းအဖို့ ဘုရားသခင် မျက်မှောက်တွင် သင်၏ စိတ်နှလုံးအား ငြိမ်သက်စေခြင်းထက် သာ၍ အရေးကြီးသော အဆင့်မရှိချေ။ ယင်းသည် မျက်မှောက်ကာလတွင် လူအပေါင်းတို့ အရေးတကြီး ဝင်ရောက်ရန် လိုအပ်လျက်ရှိကြောင်း သင်ခန်းစာတစ်ခု ဖြစ်သည်။ ဘုရားသခင် ရှေ့မှောက်တွင် သင်၏ စိတ်နှလုံးကို ငြိမ်သက်စေခြင်းထဲသို့ ဝင်ရောက်ရာ လမ်းကြောင်းများမှာ အောက်ပါအတိုင်း ဖြစ်သည်-

၁။ ပြင်ပအရာများမှ သင့်စိတ်နှလုံးကို ရှောင်ခွာလော့။ ဘုရားသခင်ရှေ့မှောက်တွင် ငြိမ်းချမ်းစွာနေလော့၊ ပြီးလျှင် တစိုက်မတ်မတ် စူးစိုက်မှုဖြင့် ဘုရားသခင်ထံ ဆုတောင်းလော့။

၂။ ဘုရားသခင်၏ ရှေ့မှောက်တွင် သင်၏စိတ်နှလုံး ငြိမ်းချမ်းနေခြင်းဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များအား စားသောက်ကာ မွေ့လျော်လော့။

၃။ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာအပေါ် စဉ်းစားဆင်ခြင်၍ အာရုံပြုပြီး သင်၏ စိတ်နှလုံးထဲတွင် ဘုရားသခင်၏ အမှုကို တွေးဆလော့။

ပထမဦးစွာ ဆုတောင်းခြင်းကဏ္ဍမှ အစပြုလော့။ တစိုက်မတ်မတ် စူးစိုက်မှုဖြင့် သတ်မှတ်ထားသော အချိန်များတွင် ဆုတောင်းလော့။ အချိန်မည်မျှ နည်းပါးသည်ဖြစ်စေ၊ သင်၏အလုပ် မည်မျှများသည် ဖြစ်စေ၊ သို့မဟုတ် သင့်အပေါ် မည်သည့်အရာ ကျရောက်ပါစေ၊ နေ့စဉ် ပုံမှန်အတိုင်း ဆုတောင်းပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ပုံမှန်အတိုင်း စားသောက်လော့။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သင်စားသောက်သမျှ ကာလပတ်လုံး သင့်ပတ်ဝန်းကျင် မည်သို့ ရှိသည်ဖြစ်စေ၊ သင်၏ စိတ်ဝိညာဉ်၌ ကြီးမားသည့် ပျော်ရွှင်မှု ရှိလိမ့်မည်ဖြစ်ပြီး သင့်အနီးရှိ လူများ၊ ဖြစ်ရပ်များ သို့မဟုတ် အရာဝတ္ထုများသည် သင့်အတွက် အနှောင့်အယှက် ဖြစ်လိမ့်မည်မဟုတ်။ သင်၏ စိတ်နှလုံးတွင် ဘုရားသခင်ကို သာမန်အားဖြင့် ဆင်ခြင်သည့်အခါ၊ ပြင်ပတွင် ဖြစ်နေသည့်အရာက သင့်ကို မနှောင့်ယှက်နိုင်ပေ။ ဝိညာဉ်အသက်တာ ပိုင်ဆိုင်ခြင်းဆိုသည်မှာ ဤအရာကို ဆိုလိုခြင်းဖြစ်သည်။ ဆုတောင်းခြင်းဖြင့် အစပြုလော့- ဘုရားသခင် ရှေ့မှောက်တွင် ငြိမ်သက်စွာ ဆုတောင်းခြင်းသည် အကျိုးအများဆုံး ဖြစ်သည်။ ထို့နောက် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်လော့၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တွေးဆခြင်းဖြင့် ၎င်းတို့ထဲတွင် အလင်းကို ရှာလော့။ လက်တွေ့လုပ်ဆောင်ရမည့် လမ်းကြောင်းကို ရှာဖွေလော့၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ပြောဆိုရာတွင် သူ၏ ရည်ရွယ်ချက်ကို သိရှိပြီး ၎င်းတို့ကို သွေဖည်မှုမရှိဘဲ သိနားလည်လော့။ သာမန်အားဖြင့် ပြင်ပအရာများ၏ နှောင့်ယှက်ခြင်းမခံရဘဲ ဘုရားသခင်ကို သင်၏ စိတ်နှလုံးထဲတွင် တိုးဝင်ချဉ်းကပ်နိုင်ခြင်း၊ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို အာရုံပြုပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တွေးဆနိုင်ခြင်းတို့မှာ သင့်အတွက် ပုံမှန်ဖြစ်သင့်သည်။ သင်၏ စိတ်နှလုံးသည် ငြိမ်သက်ခြင်း အတိုင်းအတာတစ်ခု ရရှိပါက သင်သည် တိတ်တဆိတ် အတွေးရေယာဉ်ကြော၌ မျောပါနိုင်လိမ့်မည်ဖြစ်ပြီး၊ သင်၏အတွင်း၌ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို ချင့်ချိန်စဉ်းစားနိုင်လိမ့်မည်ဖြစ်ကာ ဘုရားသခင်ထံ အမှန်တကယ် တိုးဝင်ချဉ်းကပ်ပြီး၊ သင်၏ ပတ်ဝန်းကျင် မည်သို့ ဖြစ်ပါစေ၊ နောက်ဆုံးတွင် သင်၏ စိတ်နှလုံးထဲ ချီးမွမ်းခြင်း လျှံထွက်လာသည့်အခြေအနေ ရောက်ရှိသည်ထိတိုင်ဖြစ်ပြီး ယင်းသည် ဆုတောင်းခြင်းထက်ပင် သာ၍ ကောင်းမွန်ပေသည်။ ထို့နောက် သင်သည် ဝိညာဉ်အသက်တာတစ်ခုကို ပိုင်ဆိုင်လိမ့်မည်။ အထက်တွင် ဖော်ပြထားသော ဖြစ်တည်မှု အဆင့်များကို သင်ရရှိနိုင်ပါက သင်၏ စိတ်နှလုံးသည် ဘုရားသခင် ရှေ့မှောက်တွင် အမှန်တကယ် ငြိမ်းချမ်းကြောင်း သက်သေဖြစ်လိမ့်မည်။ ဤသည်မှာ ပထမဦးဆုံးသော အခြေခံသင်ခန်းစာ ဖြစ်သည်။ လူတို့သည် ဘုရားသခင် ရှေ့မှောက်တွင် ငြိမ်သက်နိုင်သည့်နောက်မှသာ၊ သန့်ရှင်းသော ဝိညာဉ်တော်အားဖြင့် ၎င်းတို့ တို့ထိခံရနိုင်ပြီး၊ သန့်ရှင်းသော ဝိညာဉ်တော်အားဖြင့် ဉာဏ်အလင်းပြကာ အလင်းပေးခံရနိုင်သည်၊ ထို့နောက်မှသာလျှင် ဘုရားသခင်နှင့် အမှန်တကယ် ဆက်သွယ်နိုင်သည့်အပြင် ဘုရားသခင်၏ အလိုတော်နှင့် သန့်ရှင်းသော ဝိညာဉ်တော်၏ လမ်းပြမှုတို့ကို သဘောပေါက်နိုင်လိမ့်မည်။ ထိုအခါ ၎င်းတို့သည် ၎င်းတို့၏ ဝိညာဉ်ရေးရာ အသက်တာတွင် မှန်ကန်သော လမ်းကြောင်းထဲသို့ ဝင်ရောက်သွားပြီး ဖြစ်လိမ့်မည်။ ဘုရားသခင်၏ ရှေ့မှောက်တွင် အသက်ရှင်ရန် ၎င်းတို့၏ လေ့ကျင့်မှုသည် နက်ရှိုင်းမှု အတိုင်းအတာတစ်ခု ရောက်ရှိပြီး မိမိကိုယ်ကိုယ် စွန့်လွှတ်နိုင် သည့်အခါ၊ မိမိကိုယ်ကိုယ် စက်ဆုပ်နိုင်ပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များဖြင့် အသက်ရှင်နိုင်သည့်အခါ ၎င်းတို့၏ စိတ်နှလုံးသည် ဘုရားသခင်၏ ရှေ့မှောက်တွင် အမှန်တကယ် ငြိမ်းချမ်းခြင်း ရှိပေသည်။ မိမိကိုယ်ကိုယ် စက်ဆုပ်နိုင်ခြင်း၊ မိမိကိုယ်ကိုယ် ကျိန်ဆဲနိုင်ခြင်းနှင့် မိမိကိုယ်ကိုယ် စွန့်လွှတ်နိုင်ခြင်းတို့သည် ဘုရားသခင်၏အမှုက ရရှိသောရလဒ်ဖြစ်ပြီး၊ လူတို့ မိမိတို့ဘာသာ မလုပ်ဆောင်နိုင်ပေ။ သို့ဖြစ်ရာ ဘုရားသခင် ရှေ့မှောက်တွင် စိတ်နှလုံးငြိမ်သက်အောင် လက်တွေ့ လုပ်ဆောင်ခြင်းသည် လူများအနေဖြင့် ချက်ချင်း ဝင်ရောက်သင့်သည့် သင်ခန်းစာ ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်ရှေ့မှောက်တွင် သင်၏ စိတ်နှလုံးအား ငြိမ်သက်စေခြင်းနှင့် ပတ်သက်၍

ယခင်က ဆိုခဲ့သည့်အတိုင်း၊ သင်တို့သည် ဘုရားသခင်အား သင်တို့၏ စိတ်နှလုံးကို ပေးအပ်ရမည်။ ဤသည်မှာ သန့်ရှင်းသောဝိညာဉ်တော် ဦးဆောင်သည့် လမ်းကြောင်းကို လျှောက်လှမ်းခြင်းအတွက် မရှိမဖြစ်ရှိထားရမည့် လိုအပ်ချက်တစ်ခု ဖြစ်၏။ လမ်းမှန်ပေါ် ဝင်ရောက်ဖို့အလို့ငှာ ဤအရာကို သင်တို့ လုပ်ဆောင်ရမည်။ လူတစ်ဦးသည် ဘုရားသခင်ထံ မိမိစိတ်နှလုံးကို ပေးအပ်ခြင်း အလုပ်အား မည်သို့ သတိရှိရှိ လုပ်ဆောင်သနည်း။ သင်တို့၏ နေ့စဉ် အသက်တာများတွင်၊ ဘုရားသခင်၏အမှုကို သင်တို့ တွေ့ကြုံခံစားရပြီး သူ့ထံ ဆုတောင်းသည့်အခါ၊ သင်တို့သည် သတိမမူဘဲ လုပ်ဆောင်ကြ၏- သင်တို့သည် အလုပ်လုပ်စဉ် ဘုရားသခင်ထံ ဆုတောင်းကြသည်။ ဤအရာကို ဘုရားသခင်ထံ သင်၏ စိတ်နှလုံးပေးအပ်ခြင်းဟု ခေါ်ဆိုနိုင်သလော။ သင်တို့သည် အိမ်မှုကိစ္စများ သို့မဟုတ် ဇာတိပကတိ အရေးကိစ္စများအကြောင်းကို စဉ်းစားနေကြ၏။ သင်တို့သည် အစဉ်အမြဲ စိတ်နှခွဖြစ်နေကြသည်။ ဤအရာကို ဘုရားသခင်မျက်မှောက်၌ သင်၏ စိတ်နှလုံးကို ငြိမ်သက်စေခြင်းဟု ယူဆ၍ရနိုင်သလော။ ဤသည်မှာ သင်၏ စိတ်နှလုံးက အပြင်ပန်း အရေးကိစ္စများအပေါ် အမြဲ အစွဲအလမ်းကြီးခြင်းကြောင့်ဖြစ်ပြီး၊ ဘုရားသခင်ရှေ့မှောက်သို့ ပြန်မလာနိုင်သောကြောင့် ဖြစ်သည်။ အကယ်၍ သင်သည် ဘုရားသခင်၏ရှေ့မှောက်တွင် အမှန်တကယ် ငြိမ်သက်စေမည်ဆိုပါက၊ သတိရှိလျက် ပူးပေါင်းလုပ်ဆောင်ခြင်းအလုပ်ကို သင် လုပ်ဆောင်ရမည်။ ဆိုလိုသည်မှာ သင်တို့ အယောက်တိုင်းသည် လူများ၊ အဖြစ်အပျက်များနှင့် အမှုအရာများကို ဘေးဖယ် ထားသည့်အချိန်၊ သင်၏ ကိုးကွယ်ဆက်ကပ်ခြင်းများအတွက် အချိန်တစ်ခု ရှိရမည်- သင်၏ စိတ်နှလုံးကို ဘုရားသခင်၏ ရှေ့မှောက်တွင် အေးငြိမ်းစေပြီး မိမိကိုယ်ကိုယ် တည်ငြိမ် စေရမည်။ အယောက်တိုင်းသည် ဘုရားနှုတ်ကပတ်တော်နှင့်ဆိုင်သော ၎င်းတို့၏ အသိပညာနှင့် ၎င်းတို့၏ စိတ်ဝိညာဉ် တို့ထိခံရပုံတို့သည် နက်နဲသည်ဖြစ်စေ အပေါ်ယံမျှဖြစ်စေ ၎င်းတို့ကို ရေးမှတ်ထားလျက် တစ်ဦးချင်းစီ၏ ကိုးကွယ် ဆည်းကပ်မှုဆိုင်ရာ မှတ်စုများ ထားရမည်။ အယောက်တိုင်း ၎င်းတို့၏ စိတ်နှလုံးကို ဘုရားသခင်၏ ရှေ့မှောက်တွင် သတိရှိရှိ ငြိမ်သက်စေရမည်။ သင်သည် စစ်မှန်သော ဝိညာဉ်ရေးရာ အသက်တာအဖို့ တစ်နေ့ကို တစ်နာရီ သို့မဟုတ် နှစ်နာရီ ဆက်ကပ်နိုင်ပါက၊ ထိုနေ့ သင်၏ အသက်တာသည် ကြွယ်ဝလိမ့်မည်ဖြစ်ပြီး သင်၏စိတ်နှလုံးသည် ရွှင်ပျကာ ကြည်လင်ပေလိမ့်မည်။ ဤသို့သော ဝိညာဉ်ရေးရာ အသက်တာမျိုးကို သင် နေ့စဉ် နေထိုင်ပါက၊ သင်၏စိတ်နှလုံးသည် ဘုရားသခင်၏ ပိုင်ဆိုင်သည့်အရာအဖြစ်သို့ သာ၍ ပြောင်းလဲနိုင်လိမ့်မည်၊ သင်၏ဝိညာဉ်သည် သာ၍ အားကောင်းသထက် အားကောင်းလာလိမ့်မည်၊ သင်၏ အခြေအနေသည် စဉ်ဆက်မပြတ် တိုးတက်လိမ့်မည်၊ သန့်ရှင်းသောဝိညာဉ်တော် ဦးဆောင်သောလမ်းကြောင်းကို သင်သည် သာ၍ လျှောက်လှမ်းနိုင်စွမ်း ရှိလာလိမ့်မည်ဖြစ်ပြီး သင့်အပေါ်သို့ ကောင်းချီးမင်္ဂလာများကို ဘုရားသခင်က တိုး၍အပ်နှင်းလိမ့်မည် ဖြစ်သည်။ သင်၏ ဝိညာဉ်ရေးရာ အသက်တာ၏ ရည်ရွယ်ချက်မှာ သန့်ရှင်းသော ဝိညာဉ်တော်၏ မျက်မှောက်ကို သတိရှိရှိ ရရှိဖို့ ဖြစ်သည်။ ယင်းမှာ စည်းမျဉ်းများကို လိုက်နာဖို့ သို့မဟုတ် ဘာသာရေး ထုံးတမ်းဓလေ့များကို လုပ်ဆောင်ဖို့မဟုတ်ဘဲ၊ ဘုရားသခင်နှင့် အမှန်တကယ် အတူပူးပေါင်းလုပ်ဆောင်ဖို့၊ သင်၏ကိုယ်ခန္ဓာကို ထိန်းသိမ်းကြပ်မတ်ဖို့ ဖြစ်သည်။ ဤသည်မှာ လူသား လုပ်ဆောင်သင့်သည့် အရာဖြစ်၏၊ ထို့ကြောင့် ဤအရာကို အစွမ်းကုန် အားထုတ်ကာ သင်တို့ လုပ်ဆောင်သင့်သည်။ သင်၏ ပူးပေါင်းလုပ်ဆောင်မှု ကောင်းလေလေဖြစ်ပြီး အားထုတ်မှုကို သင် ဆက်ကပ်လေလေ၊ သင်၏စိတ်နှလုံးသည် ဘုရားထံသို့ ပြန်လာနိုင်လေလေ ဖြစ်ပြီး၊ ဘုရားသခင်၏ ရှေ့မှောက်တွင် သင်၏စိတ်နှလုံးကို သာ၍ကောင်းမွန်စွာ ငြိမ်သက် စေနိုင်လေလေ ဖြစ်သည်။ တစ်ချိန်ချိန်တွင်၊ ဘုရားသခင်သည် သင့်စိတ်နှလုံးကို လုံးလုံးလျားလျား ရယူလိမ့်မည်။ သင်၏စိတ်နှလုံးကို မည်သူမျှ တိမ်းညွတ်စေနိုင်မည် မဟုတ်၊ သို့မဟုတ် ဆွဲဆောင်နိုင်လိမ့်မည် မဟုတ်ဘဲ၊ သင်သည် ဘုရားသခင်နှင့် လုံးဝ သက်ဆိုင်လိမ့်မည်။ ဤလမ်းကြောင်းကို သင်လျှောက်လှမ်းပါက၊ ဘုရားသခင်၏ နှုတ်ကပတ်တော်သည် မိမိဘာသာ သင့်ထံ တစ်ချိန်လုံး ထုတ်ဖော်ပြလိမ့်မည်ဖြစ်ပြီး၊ သင် နားမလည်သော အရာအားလုံးနှင့် ပတ်သက်၍ သင့်ကို အသိဉာဏ်ပွင့်လင်းစေလိမ့်မည်- ဤအရာအားလုံးကို သင်၏ ပူးပေါင်းလုပ်ဆောင်ခြင်းမှတစ်ဆင့် ရရှိနိုင်ပေသည်။ ထို့ကြောင့် ဘုရားသခင်က၊ “ငါနှင့်အတူ ပူးပေါင်းလုပ်ဆောင်သော သူအားလုံး၊ ငါသည် ဆုလာဘ် နှစ်ဆပေးမည်” ဟု အမြဲ ဆိုရခြင်း ဖြစ်သည်။ ဤလမ်းကြောင်းကို သင် ရှင်းရှင်းလင်းလင်း မြင်ရမည်။ အကယ်၍ သင်သည် လမ်းကြောင်းမှန်ကို လျှောက်လှမ်းရန် ဆန္ဒရှိပါက၊ ဘုရားသခင်ကို စိတ်ကျေနပ်စေဖို့ သင်လုပ်နိုင်သမျှ လုပ်ဆောင်ရမည်။ ဝိညာဉ်ရေးရာ အသက်တာတစ်ခု ရရှိနိုင်ဖို့ သင်သည် လုပ်နိုင်သမျှ လုပ်ဆောင်ရမည်။ အစတွင် သင်သည် ဤလိုက်စားမှုတွင် ကြီးမားသော ရလဒ်များ မရဘဲ ရှိကောင်း ရှိနိုင်သော်လည်း၊ သင်သည် မိမိကိုယ်ကိုယ် ဆုတ်ယုတ်ခွင့် ပြုရမည်မဟုတ်၊ သို့မဟုတ် အပျက်သဘောဆောင်ခြင်း၌ သာယာခွင့်ပြုရမည်မဟုတ်- သင်သည် ဆက်လက်၍ ကြိုးစားလုပ်ဆောင်ရမည်။ ဝိညာဉ်ရေးရာ အသက်တာ၌ သင် အသက်ရှင်လေလေ၊ သင်၏ စိတ်နှလုံးသည် ဤကိစ္စများကို အမြဲစိတ်ဝင်စားရင်း၊ ဤဝန်ထုပ်ကို အမြဲသယ်ဆောင်လျက်၊ ဘုရားနှုတ်ကပတ်တော်များ၏ နေရာယူခြင်း ခံရလေလေ ဖြစ်သည်။ ထို့နောက်တွင်၊ သင်၏ အတွင်းကျဆုံးသော အမှန်တရားကို သင်၏ ဝိညာဉ်ရေးရာ အသက်တာမှတစ်ဆင့် ဘုရားသခင်ထံ ထုတ်ဖော်ပြလော့။ သင် လုပ်ဆောင်ရန် လိုလားနေသောအရာ၊ သင်စဉ်းစားနေသည့်အရာ၊ သူ၏ နှုတ်ကပတ်တော်နှင့်ဆိုင်သော သင်၏ သိနားလည်မှုနှင့် အမြင်တို့ကို သူ့အား ပြောပြလော့။ မည်သည့်အရာကိုမျှ နည်းနည်းလေးမျှပင် ချုပ်တည်းမထားနှင့်။ သင်၏ စိတ်နှလုံးအတွင်းရှိ စကားများကို ပြောဆိုခြင်းနှင့် ဘုရားသခင်ထံ သင်၏ စစ်မှန်သော ခံစားချက်များကို ထုတ်ဖော်ပြခြင်းအား လက်တွေ့လုပ်ဆောင်လော့။ သင်၏ စိတ်နှလုံးထဲတွင် ရှိပါက၊ ပြောသာပြောလော့။ ဤသို့ သင် ပြောဆိုလေလေ၊ ဘုရားသခင်၏ ချစ်ခင်နှစ်လိုဖွယ်ကောင်းခြင်းကို သင် ခံစားရလေလေ ဖြစ်ပြီး၊ ဘုရားသခင်သည် သင်၏ စိတ်နှလုံးကို ဆွဲဆောင်လေလေ ဖြစ်လိမ့်မည်။ ဤအရာ ဖြစ်သည့်အခါတွင်၊ ဘုရားသခင်သည် အခြားမည်သူမဆိုထက် သင့်အဖို့ သာ၍ နှစ်လိုဖွယ်ဖြစ်သည်ဟု သင် ခံစားရလိမ့်မည်။ မည်သည့်အရာဖြစ်ပါစေ၊ သင်သည် ဘုရားသခင်၏ထံပါးမှ ဘယ်သောအခါမျှ စွန့်ခွာလိမ့်မည်မဟုတ်။ ဤသို့သော ဝိညာဉ်ရေးရာ အသက်တာမျိုးကို နေ့စဉ်နေ့တိုင်း သင် လက်တွေ့လုပ်ဆောင်ပြီး၊ သင်၏စိတ်ထဲမှ မထုတ်ဘဲ၊ ယင်းကို သင်၏ အသက်တာတွင် ကြီးမားသော အရေးပါသည့် ကိစ္စတစ်ခုအဖြစ် သဘောထားပါက၊ ဘုရားသခင်၏ နှုတ်ကပတ်တော်သည် သင်၏ စိတ်နှလုံးကို နေရာယူလိမ့်မည်။ ဤသည်မှာ သန့်ရှင်းသောဝိညာဉ်တော်၏ တို့ထိမှုခံရခြင်းဟု ဆိုလိုသောအရာ ဖြစ်သည်။ ယင်းမှာ သင်၏ စိတ်နှလုံးက ဘုရားသခင်၏ ပိုင်ဆိုင်ခြင်းကို အမြဲ ခံခဲ့ရသည့်အလား၊ သင် ချစ်ခင်နှစ်သက်သည့်အရာက သင်၏ စိတ်နှလုံးထဲတွင် အမြဲရှိသည့်အလား ဖြစ်ပေလိမ့်မည်။ အဘယ်သူမျှ ထိုအရာကို သင့်ထံက ယူမသွားနိုင်ပေ။ ဤအရာဖြစ်ပျက်သည့်အခါ၊ ဘုရားသခင်သည် သင့်အထဲတွင် အမှန်တကယ် အသက်ရှင်လိမ့်မည်ဖြစ်ပြီး၊ သင့်စိတ်နှလုံးထဲတွင် နေရာတစ်ခု အမှန်တကယ် ရှိလိမ့်မည်ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ပုံမှန်ဝိညာဉ်ရေးရာအသက်တာသည် လူတို့ကိုလမ်းကြောင်းမှန်ပေါ်သို့ ပို့ဆောင်ပေး၏

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Leave a Reply

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။