ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မည်သို့ စားသောက်သင့်ပြီး တွေးဆသင့်ပုံ

06.12.2021

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

ယခုသည် နိုင်ငံတော်ခေတ် ဖြစ်၏။ သင်သည် ဤခေတ်အသစ်ထဲသို့ ဝင်ရောက်ပြီးခြင်း ရှိ မရှိဆိုသည်မှာ ဘုရားနှုတ်ကပတ်တော်များ၏ လက်တွေ့အရှိတရားထဲသို့ သင်ဝင်ရောက်ပြီးခြင်း ရှိ မရှိဆိုသည့်အပေါ်၊ သူ၏ နှုတ်ကပတ်တော်များက သင့်အသက်တာ လက်တွေ့အရှိတရား ဖြစ်လာပြီးခြင်း ရှိ မရှိဆိုသည့်အပေါ် မူတည်ပေသည်။ အဆုံးတွင် လူအားလုံးသည် ဘုရားနှုတ်ကပတ်တော်များ၏ကမ္ဘာ၌ အသက်ရှင်ကြရန် အလို့ငှာနှင့် သူ၏ နှုတ်ကပတ်တော်များက လူအသီးသီးကို အတွင်းမှ အသိဉာဏ်ပွင့်လင်းစေကာ အလင်းပေးဖို့အလို့ငှာ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လူတိုင်းထံ သိစေပြီး ဖြစ်သည်။ ဤအချိန် အတွင်းတွင်၊ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုရာ၌ အရေးမထားသကဲ့သို့၊ သူ၏ နှုတ်ကပတ်တော်များကို စိတ်မဝင်စားပါက၊ ဤသည်မှာ သင်၏ လက်ရှိအခြေအနေ မှားယွင်းသည်ကို ပြသပေသည်။ သင်သည် နှုတ်ကပတ်တော်ခေတ်ထဲသို့ မဝင်ရောက်နိုင်ပါက၊ သန့်ရှင်းသော ဝိညာဉ်တော်သည် သင့်အထဲတွင် အလုပ်မလုပ်ပေ။ သင်သည် ဤခေတ်ထဲသို့ ဝင်ရောက်ပြီးဖြစ်ပါက၊ သန့်ရှင်းသော ဝိညာဉ်တော်က သူ၏အလုပ်ကို လုပ်လိမ့်မည်။ သင်သည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို ရရှိဖို့ နှုတ်ကပတ်တော်ခေတ်၏ အစတွင် မည်သည့်အရာကို သင် လုပ်ဆောင်နိုင်သနည်း။ ဤခေတ်ထဲနှင့် သင်တို့အလယ်တွင်၊ ဘုရားသခင်သည် အောက်ပါ အချက်များကို ပြီးမြောက်လိမ့်မည်- လူတိုင်း ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အသက်ရှင် နေထိုင်ကြလိမ့်မည်၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ကြလိမ့်မည် ဖြစ်ပြီး၊ ဘုရားသခင်ကို အလေးအနက် ချစ်ကြလိမ့်မည်။ လူအားလုံးသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အခြေခံအုတ်မြစ်အဖြစ်နှင့် ၎င်းတို့၏ လက်တွေ့အရှိတရား အဖြစ် အသုံးပြုကြလိမ့်မည် ဖြစ်ပြီး၊ ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးများ ရှိကြလိမ့်မည် ဖြစ်ကာ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ခြင်းမှတစ်ဆင့်၊ လူသားသည် ဘုရားသခင်နှင့်အတူ မင်းတို့၏တန်ခိုးအာဏာကို စွဲကိုင်ကြလိမ့်မည် ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်က စွမ်းဆောင်ရရှိမည့် အမှု ဖြစ်သည်။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို မဖတ်မရှုဘဲ အသက်ရှင်နိုင်သလော။ ယနေ့တွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုခြင်းမရှိဘဲ၊ တစ်ရက် သို့မဟုတ် နှစ်ရက်ပင် အသက်မရှင်နိုင်ဟု ခံစားရသောသူများစွာ ရှိသည်။ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နေ့စဉ်ဖတ်ကြရပြီး၊ အချိန်က အခွင့်မပေးပါက၊ ယင်းတို့ကို နားထောင်ခြင်းက ၎င်းတို့အဖို့ လုံလောက်ပေမည်။ ဤသည်မှာ သန့်ရှင်းသော ဝိညာဉ်တော်က လူတို့ကို ပေးသော ခံစားချက် ဖြစ်ပြီး ၎င်းတို့ကို စတင်တို့ထိသည့် နည်းလမ်း ဖြစ်သည်။ ဆိုလိုသည်မှာ လူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ လက်တွေ့အရှိတရားထဲသို့ ဝင်ရောက် နိုင်ရန်အလို့ငှာ၊ သန့်ရှင်းသောဝိညာဉ်တော်သည် လူတို့ကို နှုတ်ကပတ်တော်များ မှတစ်ဆင့် အုပ်စိုးပေသည်။ အကယ်၍ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ခြင်းမရှိဘဲ တစ်ရက်မျှကြာပြီးနောက်တွင်၊ သင်သည် မှောင်မိုက်မှုနှင့် ဆာငတ်မှုကို ခံစားရပြီး ယင်းကို မခံနိုင်ပါက၊ ဤသည်မှာ သင်သည် သန့်ရှင်းသော ဝိညာဉ်တော်၏ တို့ထိခြင်းကို ခံရပြီးဖြစ်ကာ သူသည် သင့်ထံမှ ထွက်မသွားသေးသည်ကို ပြသပေသည်။ ထိုအခါ သင်သည် ဤရေစီးကြောင်းထဲ၌ ရှိသောသူတစ်ဦး ဖြစ်သည်။ သို့သော် အကယ်၍ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ခြင်းမရှိဘဲ၊ တစ်ရက် သို့မဟုတ် နှစ်ရက်ကြာပြီးနောက် သင်သည် အမှုအရာတစ်ခုကို မခံစားရပါက၊ ဆာငတ်မှု မရှိသကဲ့သို့ လုံးဝ တို့ထိခြင်းမခံစားရပါက၊ ဤသည်မှာ သန့်ရှင်းသော ဝိညာဉ်တော်သည် သင့်ထံမှ ထွက်သွားပြီဖြစ်သည်ကို ပြသပေသည်။ သို့ဖြစ်လျှင် ဤအရာက သင့်အတွင်းရှိ အခြေအနေနှင့်ပတ်သက်၍ တစ်စုံတစ်ခု မှားယွင်းသည်ကို ဆိုလိုလေသည်။ သင်သည် နှုတ်ကပတ်တော်ခေတ်ထဲသို့ မဝင်ရောက်ရသေးသကဲ့သို့၊ သင်သည် နောက်ကျ ကျန်ရစ်ပြီးသူများထဲမှ တစ်ဦး ဖြစ်ပေသည်။ ဘုရားသခင်သည် လူတို့ကို အုပ်စိုးရန် နှုတ်ကပတ်တော်များကို အသုံးပြုသည်။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်လျှင် နေလို့ကောင်းပြီး၊ မစားသောက်လျှင် သင်သည် လိုက်လျှောက်ရမည့် လမ်းကြောင်း မရှိပေ။ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် လူတို့၏ အစာဖြစ်လာသကဲ့သို့၊ ၎င်းတို့ကို တွန်းအားပေးသည့် ခွန်အား ဖြစ်လာသည်။ ကျမ်းစာက၊ “လူသည် မုန့်အားဖြင့်သာ အသက်ကို မွေးရမည်မဟုတ်။ ဘုရားသခင် မိန့်တော်မူသမျှအားဖြင့် အသက်ကိုမွေးရမည်။” ဟုပြောသည်။ ယနေ့တွင် ဘုရားသခင်သည် ဤအမှုကို ပြီးစီးစေမည်ဖြစ်ပြီး သင်တို့အထဲတွင် ဤအမှန်တရားကို သူ ဖြစ်မြောက်စေမည် ဖြစ်သည်။ အတိတ်တွင် လူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ရက်ပေါင်းများစွာ မဖတ်ရှုဘဲ နေနိုင်ကြသော်လည်း၊ ပုံမှန်အတိုင်း စားနိုင်ပြီး အလုပ်လုပ်နိုင်ခဲ့ကြသော်လည်း၊ ယနေ့တွင် ဤသည်မှာ အဘယ်သို့ မဖြစ်ရသနည်း။ ဤခေတ်တွင် ဘုရားသခင်သည် အရာခပ်သိမ်းကို အုပ်စိုးဖို့ နှုတ်ကပတ်တော်များကို အဓိက အသုံးပြု၏။ ဘုရားသခင်၏ နှုတ်ကပတ်တော်များမှတစ်ဆင့်၊ လူသားသည် တရားစီရင်ခံရပြီး စုံလင်စေခြင်းခံရပြီးနောက် နောက်ဆုံးတွင် နိုင်ငံတော်ထဲသို့ ခေါ်ဆောင်ခြင်း ခံရသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကသာ လူသား၏အသက်ကို ထောက်ပံ့ပေးနိုင်ပြီး၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကသာ၊ အထူးသဖြင့် နိုင်ငံတော်ခေတ်တွင်၊ လူသားကို အလင်းနှင့် လက်တွေ့လုပ်ဆောင်ခြင်းအတွက် လမ်းကြောင်းတစ်ခု ပေးနိုင်သည်။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို နေ့စဉ် စားသောက်ရင်း၊ ဘုရားနှုတ်ကပတ်တော်များ၏ လက်တွေ့အရှိတရားမှ မသွေဖည်သရွေ့၊ ဘုရားသခင်က သင့်ကို စုံလင်စေနိုင်လိမ့်မည် ဖြစ်သည်။

အသက်ကို လိုက်စားခြင်းသည် အလျင်လို၍ ရသည့်အရာတစ်ခု မဟုတ်ပေ။ အသက်တာ ကြီးထွားမှုသည် တစ်ရက် နှစ်ရက်မျှဖြင့် မဖြစ်ပေ။ ဘုရားသခင်၏ အမှုသည် ပုံမှန် ဖြစ်ပြီး လက်တွေ့ကျသကဲ့သို့၊ သေချာပေါက် ကြုံသည့် ဖြစ်စဉ်တစ်ခု ရှိသည်။ သူ၏ ကားစင်တင်ခံရခြင်းအမှုကို ပြီးစီးဖို့ လူ့ဇာတိခံ ယေရှုက သုံးဆယ့်သုံးနှစ်ခွဲ အချိန်ကြာခဲ့သည်- သို့ဆိုလျှင် အဆုံးစွန် အခက်အခဲဆုံး အမှုဖြစ်သည့် လူသားကို သန့်စင်ခြင်းနှင့် သူ၏ အသက်တာကို ပြောင်းလဲခြင်းတို့သည် အဘယ်နည်း။ ဘုရားသခင်ကို ထင်ရှားဖော်ပြသည့် ပုံမှန်လူတစ်ဦးဖြစ်စေရန်မှာ လွယ်ကူသည့်အလုပ် မဟုတ်ပေ။ ဤသည်မှာ အထူးသဖြင့် အဆင်းနီသော နဂါးကြီး၏ တိုင်းနိုင်ငံထဲတွင် မွေးဖွားသည့်လူများ၊ အရည်အချင်း ညံ့ဖျင်းပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် အမှုတို့ အချိန်ကာလကြာမြင့်စွာ လိုအပ်သည့်လူတို့အတွက် ဖြစ်သည်။ ထို့ကြောင့် ရလဒ်များကို မြင်ရဖို့ စိတ်မစောနှင့်။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို စားသောက်ရာတွင် ဖန်တီးလုပ်ဆောင်ရမည် ဖြစ်ပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်ထဲ၌ ပိုအားထုတ်ရမည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သင် ဖတ်ရှုပြီးသည့်အခါတွင်၊ သင်သည် ဘုရား နှုတ်ကပတ်တော်များ၌ အသိပညာ၊ ထိုးထွင်းသိမြင်မှု၊ ချင့်ချိန်နိုင်စွမ်းနှင့် ဉာဏ်ပညာတို့တွင် ကြီးထွားလျက်၊ ထိုနှုတ်ကပတ်တော်များကို လက်တွေ့ လုပ်ဆောင်နိုင်ရမည်။ ဤအရာမှတစ်ဆင့် သင်သည် နားမလည်လိုက်ဘဲနှင့် ပြောင်းလဲလိမ့်မည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ခြင်း၊ ယင်းတို့ကို ဖတ်ရှုခြင်း၊ သိရှိလာခြင်း၊ ယင်းတို့ကို တွေ့ကြုံခြင်းနှင့် လက်တွေ့လုပ်ဆောင်ခြင်းတို့ကို သင်၏ အခြေခံသဘောတရားအဖြစ် ယူနိုင်ပါက၊ သင်သည် သတိမထားမိဘဲ ရင့်ကျက်လာလိမ့်မည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုပြီးသည့်နောက်တွင်ပင်၊ ၎င်းတို့ လက်တွေ့မလုပ်ဆောင်နိုင်ကြဟု ပြောသောသူများ ရှိသည်။ သင်သည် အဘယ်အရာကို အလျင်စလို ဖြစ်နေသနည်း။ ဝိညာဉ်ရင့်ကျက်မှု တစ်ခုခုအထိ သင် ရောက်ရှိသည့်အခါတွင်၊ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်နိုင်မည် ဖြစ်သည်။ လေးနှစ်သား သို့မဟုတ် ငါးနှစ်သား ကလေးတစ်ဦးက မိမိ၏မိဘများကို ထောက်ပံ့ကူညီ နိုင်စွမ်းမရှိ သို့မဟုတ် လေးစားနိုင်ခြင်းမရှိဟု ပြောမည်လော။ သင်၏ လတ်တလော ဝိညာဉ်ရင့်ကျက်မှု မည်မျှကြီးမြတ်သည်ကို သင်သိသင့်သည်။ သင်လက်တွေ့လုပ်ဆောင်နိုင်သည်ကို လက်တွေ့လုပ်ဆောင်လော့၊ ပြီးလျှင် ဘုရားသခင်၏ စီမံခန့်ခွဲမှုကို နှောင့်ယှက်သူတစ်ဦး အဖြစ်ကို ရှောင်ရှားလော့။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ရုံ စားသောက်ပြီး၊ ယခုမှစ၍ ယင်းကို သင်၏ အခြေခံသဘောတရားအဖြစ် သဘောထားလော့။ ဘုရားသခင်က သင့်ကို စုံလင်စေနိုင်ခြင်း ရှိ မရှိဆိုသည်ကို လောလောဆယ်တွင် မစိုးရိမ်နှင့်။ ယင်းကို အသည်းအသန် ကြိုးစား မရှာဖွေသေးနှင့်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကိုသာ ၎င်းတို့ သင့်ထံရောက်လာသည်နှင့်အမျှ စားသောက်လော့၊ ပြီးလျှင် ဘုရားသခင်သည် သင့်ကို စုံလင်စေမည်မှာ သေချာပေသည်။ သို့သော် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သင် စားသောက်ရာတွင် အသုံးပြုရသည့် အခြေခံသဘောတရား ရှိသည်။ အလွန် ကျိုးကြောင်းမမြင်ဘဲ မလုပ်ဆောင်နှင့်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ရာတွင်၊ တစ်ဖက်၌၊ သင် နားလည်လာသင့်သော နှုတ်ကပတ်တော်များကို- ဆိုလိုသည်မှာ ရူပါရုံနှင့်ဆိုင်သော နှုတ်ကပတ်တော်များကို- ရှာဖွေပြီး အခြားတစ်ဖက်တွင် သင် တကယ် လက်တွေ့လုပ်ဆောင် သင့်သည့်အရာကို- ဆိုလိုသည်မှာ သင် ဝင်ရောက်သင့်သည့်အရာကို- ရှာဖွေလော့။ ကဏ္ဍတစ်ခုသည် အသိပညာနှင့် ပတ်သက်ပြီး၊ အခြားတစ်ခုမှာ ဝင်ရောက်ခြင်းနှင့် သက်ဆိုင်သည်။ သင်သည် နှစ်ခုလုံးကို သဘောပေါက်သည်နှင့်တစ်ပြိုင်နက်- ဆိုလိုသည်မှာ သင် နားလည်သင့်သည့်အရာနှင့် လက်တွေ့လုပ်ဆောင်သင့်သည့်အရာတို့ကို သဘောပေါက်ပြီးသည့်အခါတွင်- ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မည်သို့ စားသောက်ရမည်ကို သင် သိလိမ့်မည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နိုင်ငံတော်ခေတ်သည် နှုတ်ကပတ်တော်ခေတ်ဖြစ်သည်

ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ခြင်း၏ အခြေခံသဘောတရားထဲမှ၊ တစ်ချက်သည် အသိပညာနှင့် ဆက်နွှယ်ပြီး အခြားတစ်ခုမှာ ဝင်ရောက်ခြင်းနှင့် ဆက်နွှယ်သည်။ မည်သည့် နှုတ်ကပတ်တော်များကို သင်သိလာသင့်သနည်း။ ရူပါရုံများနှင့်ဆက်နွှယ်သော နှုတ်ကပတ်တော်များကို သင်သိလာသင့်သည် (ဘုရားသခင်၏ အမှုသည် ယခု မည်သည့်ခေတ်သို့ ဝင်ရောက်ပြီးဖြစ်သည်၊ ယခု ဘုရားသခင်က မည်သည့်အရာကို စွမ်းဆောင်ရရှိရန် ဆန္ဒရှိသည်၊ လူဇာတိခံယူခြင်း ဆိုသည်မှာ မည်သည့်အရာ ဖြစ်သည် စသည်တို့ကဲ့သို့သော နှုတ်ကပတ်တော်များ ဖြစ်သည်။ ဤအရာအားလုံးသည် ရူပါရုံများနှင့် ဆက်နွှယ်ပေသည်။) လူက ဝင်ရောက်သင့်သည့် လမ်းသည် မည်သည့်အရာကို ရည်ရွယ်ပါသနည်း။ ဤအရာသည် လူက လက်တွေ့လုပ်ဆောင်ကာ ဝင်ရောက်သင့်သည့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ရည်ညွှန်းသည်။ အထက်က အရာတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ခြင်း၏ ရှုထောင့်နှစ်ခု ဖြစ်သည်။ ယခုအချိန်မှစ၍ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဤနည်းဖြင့် စားသောက်လော့။ သင်သည် ရူပါရုံနှင့် ပတ်သက်သော သူ၏ နှုတ်ကပတ်တော်များကို ရှင်းလင်းသည့် သိနားလည်မှု တစ်ခု ရှိပါက၊ တစ်ချိန်လုံး ဖတ်မြဲဖတ်နေဖို့ မလိုပေ။ အဓိက အရေးကြီးသည်မှာ ဘုရားသခင်ထံသို့ သင့်နှလုံးသားကို မည်သို့ လှည့်ရမည်၊ ဘုရားသခင်၏ ရှေ့၌ သင့်နှလုံးသားကို မည်သို့ ငြိမ်သက်စေရမည်ဆိုသည်နှင့်၊ ဇာတိပကတိကို မည်သို့ စွန့်လွှတ်ရမည်ကဲ့သို့သော ဝင်ရောက်ခြင်းနှင့်ပတ်သက်သည့် နှုတ်ကပတ်တော်များကို သာ၍ စားသောက်ဖို့ ဖြစ်သည်။ ဤသည်တို့မှာ သင် လက်တွေ့ လုပ်ဆောင်သင့်သည့်အရာများ ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မည်သို့ စားသောက်ရမည်ကို မသိဘဲနှင့်၊ စစ်မှန်သော မိတ်သဟာယဆိုသည်မှာ မဖြစ်နိုင်ပေ။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မည်သို့ စားသောက်ရမည်ကို သင် သိသည်နှင့်တစ်ပြိုင်နက်၊ အဓိကအချက်က မည်သည့်အရာဖြစ်သည်ကို သင် သဘောပေါက်ပြီးသည့်အခါတွင်၊ မိတ်သဟာယသည် လွတ်လပ်လာလိမ့်မည် ဖြစ်ပြီး၊ မည်သည့်အရေးကိစ္စ ပေါ်သည်ဖြစ်စေ သင်သည် မိတ်သဟာယဖွဲ့နိုင်ပြီး လက်တွေ့အရှိတရားကို သဘောပေါက်နိုင်လိမ့်မည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မိတ်သဟာယ ပြုနေချိန်တွင် သင်သည် လက်တွေ့အရှိတရား မရှိပါက၊ ဘယ်အရာက အဓိက ဖြစ်သည်ကို သင်နားမလည်သေးပေ၊ ယင်းက သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မည်သို့ စားသောက်ရမည်မှန်း မသိသည်ကို ပြသပေသည်။ အချို့က ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဖတ်ရှုခြင်းသည် ငြီးငွေ့ဖွယ်ဖြစ်သည်ဟု မြင်ကောင်းမြင်နိုင်သည်၊ ယင်းမှာ ပုံမှန်အခြေအနေ မဟုတ်ပေ။ ပုံမှန်အခြေအနေ ဖြစ်သည့်အရာမှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုခြင်းအား မည်သည့်အခါတွင်မျှ မငြီးငွေ့ခြင်း၊ ယင်းတို့ကို အမြဲ ဆာငတ်ခြင်းနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကောင်းမွန်သည်ဟု အမြဲ မြင်ခြင်း ဖြစ်သည်။ ဤသည်မှာ အမှန်တကယ် ဝင်ရောက်ပြီးသော သူက ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ပုံ ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် အလွန့်အလွန် လက်တွေ့ကျပြီး လူ ဝင်ရောက်သင့်သောအရာ အတိအကျ ဖြစ်သည်ဟု သင်ခံစားရသောအခါ၌၊ သူ၏ နှုတ်ကပတ်တော်များသည် လူသားအဖို့ ကြီးမားစွာ အထောက်အကူ ဖြစ်ပြီး အကျိုးပြုသကဲ့သို့၊ လူသား၏ အသက် အထောက်အပံ့ ဖြစ်သည်ဟု သင် ခံစားရသည့်အခါတွင်- သင့်ကို ဤခံစားချက်ပေးသည်မှာ သန့်ရှင်းသော ဝိညာဉ်တော် ဖြစ်ပြီး၊ သင့်ကို တို့ထိသည်မှာ သန့်ရှင်းသော ဝိညာဉ်တော် ဖြစ်သည်။ ဤအရာက သန့်ရှင်းသော ဝိညာဉ်တော်သည် သင့်အထဲ၌ အလုပ်လုပ်နေပြီး၊ ဘုရားသခင်သည် သင့်ထံမှ မစွန့်ခွာသွားသေးသည်ကို သက်သေပြပေသည်။ လူအချို့က ဘုရားသခင် အမြဲ စကားပြောနေသည်ကို မြင်လျက်၊ သူ၏ နှုတ်ကပတ်တော်များကို ငြီးငွေ့လာကြပြီး ယင်းတို့ကို ၎င်းတို့ ဖတ်သည်ဖြစ်စေ၊ မဖတ်သည်ဖြစ်စေ မည်သည့်အကျိုးဆက်မျှ မရှိဟု ထင်ကြသည်- ယင်းမှာ ပုံမှန်အခြေအနေ မဟုတ်ပေ။ ၎င်းတို့သည် လက်တွေ့အရှိတရား ထဲသို့ ဝင်ရောက်ဖို့ ဆာငတ်သည့် နှလုံးသား ကင်းမဲ့ကြပြီး၊ ထိုသို့သောလူတို့သည် စုံလင်စေခြင်းကို မဆာငတ်ကြသကဲ့သို့ အရေးကြီးသည်ဟု မခံယူကြပေ။ ဘုရားသခင်၏ နှုတ်ကပတ်တော်များအား သင် ဆာငတ်ခြင်း မရှိသည်ကို ရှာဖွေတွေ့ရှိသောအခါတိုင်းတွင်၊ ဤအရာက သင်သည် ပုံမှန် အခြေအနေတွင် မရှိသည်ကို ပြသပေသည်။ အတိတ်တွင် ဘုရားသခင်သည် သင့်ထံမှ ထွက်ခွာပြီးဖြစ်သည်၊ မဖြစ်သည်ကို သင်၏အတွင်း၌ ငြိမ်သက်ခြင်း ရှိ မရှိဆိုသည်နှင့် သင်သည် မွေ့လျော်မှု တွေ့ကြုံခဲ့ရခြင်း ရှိ မရှိဆိုသည်တို့အပေါ် ဆုံးဖြတ်ပေသည်။ ယခုတွင် အဓိကအချက်မှာ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဆာငတ်ခြင်း ရှိ မရှိ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် သင်၏ လက်တွေ့အရှိတရား ဖြစ်ခြင်း ရှိ မရှိ၊ သင်သည် သစ္စာရှိခြင်း ရှိ မရှိဆိုသည်နှင့်၊ ဘုရားသခင်အတွက် သင် လုပ်နိုင်သမျှ အားလုံးကို လုပ်နိုင်ခြင်း ရှိ မရှိဆိုသည်တို့ ဖြစ်သည်။ တစ်နည်းအားဖြင့် လူသည် ဘုရားနှုတ်ကပတ်တော်များ၏ လက်တွေ့အရှိတရားအားဖြင့် တရားစီရင်ခြင်း ခံရပေသည်။ ဘုရားသခင်သည် သူ၏နှုတ်ကပတ်တော်များကို လူသားမျိုးနွယ် အားလုံးထံသို့ ညွှန်ကြားသည်။ သင်သည် ထိုနှုတ်ကပတ်တော်များကို ဖတ်ရှုရန် လိုလားနေပါက၊ သူသည် သင့်ကို အသိဉာဏ်ပွင့်လင်းစေလိမ့်မည်၊ သို့သော် သင်က မလိုလားပါက၊ သူသည် သင့်ကို အသိဉာဏ် ပွင့်လင်းစေမည် မဟုတ်။ ဘုရားသခင်သည် ဖြောင့်မတ်ခြင်းကို ဆာငတ်ကာ မွတ်သိပ်သော သူတို့ကို အသိဉာဏ်ပွင့်လင်းစေပြီး၊ သူ့ကို ရှာ‌ဖွေသောသူတို့ကို အသိဉာဏ် ပွင့်လင်းစေသည်။ အချို့က သူ၏ နှုတ်ကပတ်တော်များကို ၎င်းတို့ ဖတ်ရှု ပြီးသည့်နောက်တွင်ပင်၊ ဘုရားသခင်သည် ၎င်းတို့ကို အသိဉာဏ်ပွင့်လင်းစေခြင်း မရှိဟု ပြောကြသည်။ သို့သော် ဤနှုတ်ကပတ်တော်များကို သင်တို့ မည်သည့်နည်းလမ်းဖြင့် ဖတ်ရှုကြသနည်း။ လူတစ်ဦးက မြင်းစီးလျက် ပန်းများကို ကြည့်သည့်ပုံစံဖြင့် သူ၏ နှုတ်ကပတ်တော်များကို သင်ဖတ်ရှုပြီး၊ လက်တွေ့အရှိတရားအပေါ် အရေးမထားပါက၊ ဘုရားသခင်သည် သင့်ကို မည်သို့ အသိဉာဏ်ပွင့်လင်းစေနိုင်မည်နည်း။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တန်ဖိုးမထားသူသည် ဘုရားသခင်၏ စုံလင်စေခြင်းကို မည်သို့ ခံရနိုင်မည်နည်း။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တန်ဖိုးမထားပါက၊ သင်သည် သမ္မာတရား ဖြစ်စေ၊ လက်တွေအရှိတရားဖြစ်စေ၊ ရှိလိမ့်မည်မဟုတ်။ သူ၏ နှုတ်ကပတ်တော်များကို သင် တန်ဖိုးထားလျှင်၊ သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်မည် ဖြစ်ပြီး၊ ထိုအခါတွင်မှ လက်တွေ့အရှိတရားကို သင် ပိုင်ဆိုင်လိမ့်မည်။ ဤသည်မှာ သင် အလုပ်များသည်ဖြစ်စေ၊ မများသည်ဖြစ်စေ၊ အခြေအနေများ ဆိုးသည် ဖြစ်စေ၊ မဆိုးသည်ဖြစ်စေ၊ သင် ငြီးငွေ့သည်ဖြစ်စေ၊ မငြီးငွေ့သည်ဖြစ်စေ အချိန်တိုင်း ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ရမည့် အကြောင်းရင်း ဖြစ်သည်။ အားလုံးခြုံကြည့်သော် ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် လူ၏ တည်ရှိခြင်း အခြေခံအုတ်မြစ် ဖြစ်သည်။ မည်သူမျှ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို စွန့်ခွာ၍မရဘဲ၊ ၎င်းတို့သည် တစ်နေ့ အစာသုံးကြိမ် စားသည့်အတိုင်း ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားရမည်။ ဘုရားသခင်၏ စုံလင်စေခြင်းနှင့် ရယူခံရခြင်းတို့သည် ထိုမျှ လွယ်ကူနိုင်မည်လော။ လက်ရှိအချိန်၌ သင် နားလည်ခြင်း ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ ပြီးလျှင် ဘုရားသခင်၏ အမှု၌ သင် ထိုးထွင်းသိမြင်ခြင်း ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖြစ်နိုင်သမျှ များများ စားသောက်ရမည်။ ဤသည်မှာ အခြေအနေဖန်တီးလုပ်ဆောင်သည့်နည်းလမ်းဖြင့် ဝင်ရောက်ခြင်း ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုပြီးနောက်တွင်၊ သင် ဝင်ရောက်နိုင်သောအရာကို အလျင်အမြန် လက်တွေ့လုပ်ဆောင်ပြီး၊ သင် မလုပ်နိုင်သောအရာကို ခဏဘေးဖယ် ထားလော့။ အစတွင် သင် နားမလည်နိုင်သည့် ဘုရားသခင်၏ နှုတ်ကပတ်တော်များစွာ ရှိကောင်း ရှိနိုင်သော်လည်း၊ နှစ်လ သို့မဟုတ် သုံးလ၊ တစ်နှစ်ခန့်ပင် ကြာပြီးနောက်တွင်၊ သင် နားလည်လိမ့်မည်။ ဤသည်မှာ အဘယ်သို့ ဖြစ်နိုင်မည်နည်း။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် လူကို တစ်ရက်၊ နှစ်ရက်ဖြင့် မစုံလင်စေနိုင်သောကြောင့် ဖြစ်သည်။ အချိန်အများစုတွင်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သင်ဖတ်ရှုသောအခါ၊ သင် ချက်ချင်း နားလည်ကောင်း နားလည်နိုင်မည်မဟုတ်။ ထိုအချိန်တွင် ယင်းတို့သည် စာမျှထက် မပိုသကဲ့သို့ ထင်ကောင်း ထင်ရနိုင်သည်။ ယင်းတို့ကို သင် နားမလည်နိုင်မီတွင်၊ အချိန်တစ်ခုကြာ ထိုနှုတ်ကပတ်တော်များကို သင် တွေ့ကြုံရမည် ဖြစ်သည်။ ဘုရားသခင်သည် စကားများစွာ ပြောပြီးသည့်နောက်၊ သင်သည် သူ၏ နှုတ်ကပတ်တော်များကို စားသောက်ဖို့ အစွမ်းကုန် ကြိုးစားသင့်သည်၊ ထို့နောက် မသိလိုက်ဘဲနှင့်၊ သင် နားလည်လာမည် ဖြစ်ပြီး မသိလိုက်ဘဲနှင့်၊ သန့်ရှင်းသောဝိညာဉ်တော်က သင့်ကို အသိဉာဏ်ပွင့်လင်းစေလိမ့်မည်။ သန့်ရှင်းသော ဝိညာဉ်တော်က လူကို အသိဉာဏ်ပွင့်လင်းစေသောအခါတွင်၊ ယင်းသည် မကြာခဏ လူ၏ သတိပြုမိခြင်း မရှိဘဲ ဖြစ်ပေသည်။ သင် ဆာငတ်ကာ မွတ်သိပ်သောအခါ၌ သန့်ရှင်းသော ဝိညာဉ်တော်က သင့်ကို အသိဉာဏ်ပွင့်လင်းစေပြီး လမ်းပြသည်။ သန့်ရှင်းသောဝိညာဉ်တော် အလုပ်လုပ်သည့် အခြေခံသဘောတရားသည် သင် စားသောက်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဗဟိုပြု ထားသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အရေးမထားသကဲ့သို့- ၎င်းတို့၏ စိတ်ရှုပ်ထွေးသော အတွေးထဲတွင်၊ သူ၏ နှုတ်ကပတ်တော်များကို ၎င်းတို့ ဖတ်သည်၊ မဖတ်သည်ကို စိတ်ဝင်စားခြင်းမရှိသည့် ကိစ္စတစ်ခု ဖြစ်သည်ဟု ယုံကြည်လျက်- သူ၏ နှုတ်ကပတ်တော်များအပေါ် မတူကွဲပြားသော သဘောထားတစ်ခု အမြဲ ရှိသူများအားလုံးသည် လက်တွေ့အရှိတရား မပိုင်ဆိုင်သူများ ဖြစ်သည်။ ထိုသို့သော လူတစ်ဦးတွင် သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်မှုဖြစ်စေ၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အသိဉာဏ် ပွင့်လင်းစေခြင်းဖြစ်စေ မတွေ့ရနိုင်ပေ။ ဤကဲ့သို့သော လူများသည် အားမစိုက်ဘဲ၊ လုပ်ဆောင်ရုံမျှ လုပ်ဆောင်နေသူများ၊ ပုံဥပမာနှင့်ဆိုင်သည့်က ဦးနန်ဂုအို ကဲ့သို့၊ စစ်မှန်သော အရည်အချင်းများ မရှိဘဲ ဟန်ဆောင်နေသူများ ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နိုင်ငံတော်ခေတ်သည် နှုတ်ကပတ်တော်ခေတ်ဖြစ်သည်

ဘုရားသခင်၏ နှုတ်ကပတ်တော်တစ်ပိုဒ်ကို သင်စားသောက်သည့် အချိန်တိုင်းတွင်၊ လောလောဆယ် သူ ဆောင်ရွက်နေသည့် အမှုကို သင် သဘောပေါက်နိုင်ပြီး၊ မည်သို့ ဆုတောင်းရမည်၊ မည်သို့ ပူးပေါင်းလုပ်ဆောင်ရမည် ဆိုသည်နှင့် ဝင်ရောက်မှုကို မည်သို့ ရရှိမည်ဆိုသည်တို့ကို သင် သိနားလည်နိုင်ပါက၊ ထိုအခါမှသာ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သင်၏စားသောက်ခြင်းသည် အကျိုးဖြစ်ထွန်းလိမ့်မည် ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များအားဖြင့်၊ သင်သည် ဝင်ရောက်မှုလမ်းကြောင်းကို ရှာတွေ့နိုင်ပြီး၊ ဘုရားသခင်၏အမှု၏ လက်ရှိအင်အားများအပြင်၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်၏ ဦးတည်ရာကို သိမြင်နိုင်သည့်အခါ၊ သင်သည် မှန်ကန်သောလမ်းကြောင်းပေါ် ဝင်ရောက်ပြီးဖြစ်လိမ့်မည်။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်နေစဉ်တွင် အဓိကအချက်များကို သဘောမပေါက်သေး သကဲ့သို့ နောက်ပိုင်းတွင် လက်တွေ့လုပ်ဆောင်ရမည့် လမ်းကြောင်းတစ်ခုကို ရှာမတွေ့နိုင်သေးပါက၊ ဤအရာက သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မည်သို့ မှန်ကန်စွာ စားသောက်ရမည်ကို မသိသေးသကဲ့သို့၊ ထိုသို့ လုပ်ဆောင်ခြင်းအတွက် နည်းစနစ် သို့မဟုတ် အခြေခံသဘောတရားကို သင် ရှာဖွေမတွေရှိသေးသည်ကို ပြသပေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စုံလင်ခြင်းကိုရရှိဖို့အလို့ငှာ ဘုရားသခင်၏ အလိုတော်ကို အလေးထားလော့

ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သင် စားသောက်သည့်အခါ၊ ၎င်းတို့နှင့်ယှဉ်၍ သင်ကိုယ်တိုင်၏ အခြေအနေနှင့်ဆိုင်သော လက်တွေ့အရှိတရားကို သင် တိုင်းတာရမည်။ ယင်းမှာ၊ သင်၏ စစ်မှန်သော အတွေ့အကြုံ လမ်းကြောင်းတွင် သင်၏ အားနည်းချက်များကို တွေ့ရှိသည့်အခါ၊ လက်တွေ့လုပ်ဆောင်ဖို့ လမ်းကြောင်းတစ်ခု သင် ရှာဖွေနိုင်စွမ်းရှိရမည်၊ သင်၏ မမှန်ကန်သော ရည်ရွယ်ချက်များနှင့် အယူအဆများကို ကျောခိုင်းနိုင်စွမ်း ရှိရမည်ဖြစ်သည်။ ဤအရာများအတွက် သင် အမြဲကြိုးပမ်းပြီး၊ ၎င်းတို့ကို ရရှိရန် မိမိစိတ်နှလုံးကို ပုံအပ်ပါက၊ လိုက်လျှောက်ရမည့် လမ်းကြောင်းတစ်ခု သင်ရှိလိမ့်မည်၊ သင်သည် အနှစ်မဲ့သကဲ့သို့ ခံစားရလိမ့်မည် မဟုတ်ဘဲ၊ ထိုအကြောင်းကြောင့် သင်သည် ပုံမှန် အခြေအနေတစ်ခုကို ထိန်းသိမ်းနိုင်လိမ့်မည်ဖြစ်သည်။ ထိုအခါတွင်မှ သင်သည် မိမိကိုယ်ပိုင် အသက်တာထဲတွင် ဝန်ထုပ်တစ်ခု သယ်ဆောင်သူ၊ ယုံကြည်ခြင်း ရှိသူတစ်ဦး ဖြစ်ပေလိမ့်မည်။ လူအချို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုပြီးနောက် ၎င်းတို့ကို အဘယ်ကြောင့် လက်တွေ့မလုပ်ဆောင်နိုင်ကြသနည်း။ ယင်းမှာ အရေးကြီးဆုံးသော အရာများကို ၎င်းတို့ သဘောမပေါက် နိုင်ကြသောကြောင့် ဖြစ်သည် မဟုတ်လော။ အသက်တာကို ၎င်းတို့ အလေးအနက် မထားကြသောကြောင့် ဖြစ်သည် မဟုတ်လော။ အရေးကြီးသော အရာများကို ၎င်းတို့ သဘောမပေါက်နိုင်ခြင်းနှင့် လက်တွေ့လုပ်ဆောင်ဖို့ လမ်းကြောင်း မရှိကြခြင်း အကြောင်းရင်းမှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ၎င်းတို့ ဖတ်ရှုကြသည့်အခါ၊ ထိုနှုတ်ကပတ်တော်များကို မိမိတို့၏ ကိုယ်ပိုင်အခြေအနေများနှင့် မဆက်စပ်နိုင်ကြသကဲ့သို့ မိမိတို့၏ ကိုယ်ပိုင် အခြေအနေများကို မပိုင်နိုင်ကြသောကြောင့် ဖြစ်သည်။ လူအချို့က၊ “ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကျွန်ုပ် ဖတ်ရှုပြီး ယင်းတို့ကို ကျွန်ုပ်၏ အခြေအနေများနှင့် ဆက်စပ်မိကာ၊ ကျွန်ုပ်သည် ဖောက်ပြန်ပျက်စီးကာ ညံ့ဖျင်းသော အရည်အချင်းရှိသည်ကို ကျွန်ုပ် သိ၏၊ သို့သော် ကျွန်ုပ်သည် ဘုရားသခင်၏ အလိုတော်ကို ဖြည့်ဆည်းပေးနိုင်စွမ်း မရှိပါ” ဟု ပြောကြသည်။ သင်သည် တကယ့် အပေါ်ယံကိုသာ မြင်လေပြီ။ သင် မသိသည့် စစ်မှန်သော အရာများစွာ ရှိ၏- ဇာတိပကတိ၏ မွေ့လျော်မှုများကို မည်သို့ ဘေးဖယ်ရမည်၊ မိမိကိုယ်ကိုယ် ဖြောင့်မတ်သည်ဟု ထင်မြင်ချက်ကို မည်သို့ ဘေးဖယ်ရမည်၊ မိမိကိုယ်ကိုယ် မည်သို့ ပြောင်းလဲရမည်၊ ဤအရာများထဲသို့ မည်သို့ ဝင်ရောက်ရမည်၊ သင်၏ အရည်အချင်းကို မည်သို့ တိုးတက်စေရမည် ဆိုသည်နှင့် မည်သည့် ရှုထောင့်မှ စတင်ရမည်ဆိုသည်တို့ ဖြစ်သည်။ သင်သည် အနည်းငယ်သော အရာတို့ကိုသာ အပေါ်ယံ သဘောပေါက်ပြီး သင် သိသမျှမှာ သင်သည် အမှန်ပင် အလွန်ဖောက်ပြန်ပျက်စီးသည်ဟူ၍ ဖြစ်သည်။ သင်၏ ညီအစ်ကို မောင်နှများကို သင် တွေ့ဆုံသည့်အခါ၊ သင် အဘယ်မျှ ဖောက်ပြန်ပျက်စီးသည့်အကြောင်း သင် ပြောဆိုပြီး ယင်းမှာ သင့်ကိုယ်သင် သိရှိကာ သင့်အသက်တာအတွက် ကြီးမားသော ဝန်ထုပ်တစ်ခု သယ်ဆောင်သည်ဟု ထင်ရပေသည်။ အမှန်တွင်၊ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားက မပြောင်းလဲသေးပေ၊ ယင်းက သင်သည် လက်တွေ့လုပ်ဆောင်ရမည့် လမ်းကြောင်း ရှာမတွေ့သေးသည်ကို သက်သေပြလေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လက်တွေ့လုပ်ဆောင်ခြင်း (၇)

သင်သည် ဘုရားသခင်၏အလိုတော်ကို အလေးထားလေလေ၊ သင်သယ်ဆောင်သည့် ဝန်ထုပ်ဝန်ပိုး ကြီးမားလေလေဖြစ်ပြီး၊ သင်သယ်ဆောင်သည့် ဝန်ထုပ်ဝန်ပိုး ကြီးမားလေလေ သင်၏အတွေ့အကြုံ ကြွယ်ဝလေလေဖြစ်လိမ့်မည်။ ဘုရားသခင်၏ အလိုတော်ကို သင် သတိရှိသည့်အခါတွင်၊ ဘုရားသခင်သည် သင့်အပေါ် ဝန်ထုပ်တစ်ခု ချပေးလိမ့်မည်ဖြစ်ပြီး၊ ထို့နောက်တွင် သင့်ကို သူ ပေးအပ်ထားသည့် အလုပ်တာဝန်များနှင့်ပတ်သက်၍ သင့်ကို ဉာဏ်အလင်းပေးလိမ့်မည်။ ဘုရားသခင်သည် သင့်ကို ဤဝန်ထုပ်ပေးသည့်အခါ၊ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်နေစဉ်တွင် ဆက်နွှယ်မှုရှိသည့် သမ္မာတရားများအားလုံးကို သင် အာရုံစိုက်လိမ့်မည်ဖြစ်သည်။ သင်၏ ညီအစ်ကို မောင်နှမများ၏ အသက်တာများ၏ အခြေအနေနှင့်ဆက်နွှယ်သည့် ဝန်ထုပ်တစ်ခု သင်၌ရှိပါက၊ ဤသည်မှာ ဘုရားသခင်က သင့်ကို အပ်နှံထားသော ဝန်ထုပ်ဖြစ်ပြီး၊ သင်သည် ဤဝန်ထုပ်ကို သင်၏ နေ့စဉ်ဆုတောင်းချက်များတွင် သင်နှင့်အတူ အမြဲ သယ်ဆောင်လိမ့်မည် ဖြစ်သည်။ ဘုရားသခင် လုပ်ဆောင်သည့်အရာကို သင့်အပေါ် တနင့်တပိုး တင်ထားပြီးဖြစ်ကာ၊ ဘုရားသခင် လုပ်ဆောင်လိုသောအရာကို လုပ်ဆောင်ရန် သင် လိုလားလျက်ရှိ၏။ ဤသည်မှာ ဘုရားသခင်၏ဝန်ထုပ်ကို သင့်ကိုယ်ပိုင်ဝန်ထုပ်အဖြစ် တာဝန်ယူခြင်းဟု ဆိုလိုသည့်အရာ ဖြစ်သည်။ ဤအခြေအနေတွင်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သင်စားသောက်ခြင်းတွင်၊ သင်သည် ဤကဲ့သို့သော ကိစ္စများကို အလေးထားပြီး၊ ဤပြဿနာများကို ကျွန်ုပ် မည်သို့ ဖြေရှင်းမည်နည်းဟု သင် စဉ်းစားလိမ့်မည်။ ကျွန်ုပ်၏ ညီအစ်ကိုမောင်နှမများအား လွတ်မြောက်မှုကို ရရှိပြီး ဝိညာဉ်ရေးရာ မွေ့ပျော်မှုကို ရှာတွေ့စေရန် ကျွန်ုပ် မည်သို့ထောက်ကူနိုင်မည်နည်း။ သင်သည် မိတ်ဿဟာယဖွဲ့နေစဉ်တွင် ဤပြဿနာများ ဖြေရှင်းခြင်းကိုလည်း အာရုံစိုက်လိမ့်မည်ဖြစ်ပြီး၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်နေချိန်တွင်၊ ဤကိစ္စများနှင့် ဆက်နွှယ်သော သူ၏နှုတ်ကပတ်တော်များကို စားသောက်ခြင်းအပေါ် သင်အာရုံစိုက် ပါလိမ့်မည်။ သူ၏နှုတ်ကပတ်တော်များကို စားသောက်စဉ်တွင်လည်း သင်သည် ဝန်ထုပ်ဝန်ပိုးတစ်ခုကိုလည်း သယ်ဆောင်ပါမည်။ ဘုရားသခင်၏ သတ်မှတ်ချက်များကို သင် နားလည်ပြီးသည်နှင့်တစ်ပြိုင်နက်၊ မည်သည့် လမ်းကြောင်း လျှောက်ရမည် ဆိုသည်နှင့်ပတ်သက်၍ သာ၍ ရှင်းလင်းသော စိတ်ကူးတစ်ခုကို သင် ရရှိလိမ့်မည်။ ဤသည်မှာ သင့်ဝန်ထုပ်က ယူဆောင်လာသော သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းပေးခြင်းနှင့် အလင်းပြခြင်းဖြစ်ပြီး ဤသည်မှာ သင့်အပေါ် နှင်းအပ်ထားပြီးဖြစ်သည့် ဘုရားသခင်၏ လမ်းပြမှုလည်း ဖြစ်သည်။ ငါသည် ဤအရာကို အဘယ်ကြောင့် ပြောဆိုသနည်း။ သင်၌ ဝန်ထုပ်ဝန်ပိုး မရှိပါက၊ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်နေစဉ်တွင် အာရုံစိုက်လိမ့်မည်မဟုတ်။ ဝန်ထုပ်ကို သယ်ဆောင်နေစဉ် ဘုရားသခင်၏နှုတ်ကပတ်တော်များကို သင်စားသောက်သည့်အခါ၊ ထိုနှုတ်ကပတ်တော်များ၏ အနှစ်သာရကို သင် သဘောပေါက်နိုင်သည်၊ မိမိလမ်းခရီးကို ရှာတွေ့နိုင်ပြီး ဘုရားသခင်၏ အလိုတော်ကို အလေးထားနိုင်ပေသည်။ ထို့ကြောင့်၊ သင်၏ ရှေ့တွင်၊ သင်သည် လက်တွေ့လုပ်ဆောင်ရမည့် လမ်းကြောင်းတစ်ခု ပိုမိုရရှိနိုင်ဖို့အလို့ငှာ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သင်၏ စားသောက်ခြင်းသည် သာ၍ ကြီးမားသော အကျိုးတစ်ခု ရှိဖို့အလို့ငှာ၊ သင်သည် သူ၏နှုတ်ကပတ်တော်များ၏ အနှစ်သာရကို သဘောပေါက်၍ ကြီးထွားဖို့အလို့ငှာနှင့်၊ သန့်ရှင်းသော ဝိညာဉ်တော်၏ တို့ထိခြင်းကို သင် သာ၍ ခံရနိုင်စွမ်းရှိလာဖို့အလို့ငှာ၊ သင်၏ဆုတောင်းချက်များတွင်၊ ဘုရားသခင်သည် သာ၍များသော ဝန်ထုပ်များကို သင့်အပေါ် ထားရှိဖို့နှင့် သာ၍ပင် ကြီးမားသော အလုပ်တာဝန်များကို သင့်ထံ အပ်နှံဖို့ တောင်းဆုပြုသင့်ပေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စုံလင်ခြင်းကိုရရှိဖို့အလို့ငှာ ဘုရားသခင်၏ အလိုတော်ကို အလေးထားလော့

ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ခြင်းသည် မှန်ကန်သော နည်လမ်းဖြင့် လုပ်ဆောင်မှသာ သမ္မာရားကို သင့်အား နားလည်စေနိုင်၏။ သို့သော်၊ သမ္မာတရားကို နားလည်ခြင်းသက်သက်မှာ သင်သည် သမ္မာတရား လက်တွေ့အရှိတရားထဲသို့ ဝင်ရောက်နိုင်သည်ဟု မဆိုလိုပေ။ လူအချို့သည် အစွမ်းအစကောင်းရှိကြသော်လည်း၊ သမ္မာတရားကို မချစ်ကြပေ။ သမ္မာတရား အနည်းငယ်ကို ၎င်းတို့ နားလည်နိုင်ကြသော်လည်း၊ ယင်းကို လက်တွေ့မလုပ်ဆောင်ကြချေ။ ထိုသို့သော လူတို့သည် သမ္မာတရား လက်တွေ့အရှိတရားထဲသို့ ဝင်ရောက်နိုင်ကြသလော။ သမ္မာတရားကို သိနားလည်ခြင်းသည် အယူဝါဒများကို နားလည်ခြင်းလောက် မရိုးရှင်းပေ။ သမ္မာတရားကို နားလည်ဖို့၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များအား မည်သို့ စားသောက်ရမည်ကို သင် သိရမည်။ ဥပမာအားဖြင့်၊ ဘုရားသခင်ကို ချစ်ခြင်းနှင့်သက်ဆိုင်သည့် သမ္မာတရားနှင့် စပ်လျဉ်းသော ကျမ်းပိုဒ်တစ်ပိုဒ်ကို စားသောက်ခြင်းအား ကြည့်လော့။ ဘုရားသခင်၏ နှုတ်ကပတ်တော်က ပြောသည်မှာ- “‘ချစ်ခြင်းမေတ္တာ’ ဟု ခေါ်ဆိုသည့်အရာသည် ဖြူစင်ပြီး အပြစ်အနာအဆာကင်းသော စိတ်ခံစားမှုတစ်ခု၊ ချစ်ရန်၊ ခံစားရန်နှင့် ထောက်ထားရန် သင်၏ စိတ်နှလုံးကို သင် အသုံးပြုသည့်အခိုက်ကို ရည်ညွှန်းပေသည်။ ချစ်ခြင်းမေတ္တာတွင် သတ်မှတ်ချက်များမရှိ၊ အတားအဆီးများမရှိသကဲ့သို့၊ အကွာအဝေးမရှိပေ။ ချစ်ခြင်းမေတ္တာတွင် သံသယစိတ်မရှိ၊ လှည့်ဖြားခြင်းမရှိသကဲ့သို့၊ ကောက်ကျစ်စဉ်းလဲခြင်း မရှိပေ။ ချစ်ခြင်းမေတ္တာတွင် အရောင်းအဝယ်မရှိသကဲ့သို့၊ မဖြူစင်သည့်အရာ မည်သည့်အရာမျှ မရှိပေ။” ဟူ၍ ဖြစ်သည်။ ဤသည်မှာ ချစ်ခြင်းမေတ္တာကို ဘုရားသခင် အဓိပ္ပာယ်ဖွင့်ဆိုပုံဖြစ်ပြီး ဤသည်မှာ သမ္မာတရား ဖြစ်၏။ သို့သော် မည်သူ့ကို သင် ချစ်ရမည်နည်း။ သင်၏ လင်ယောက်ျားကို သင် ချစ်ရမည်လော။ သင်၏ ဇနီးကိုလော။ သင်၏ ညီအစ်ကို မောင်နှမများကိုလော။ မဟုတ်ပေ။ ဘုရားသခင်သည် ချစ်ခြင်းမေတ္တာနှင့် သက်ဆိုင်၍ ပြောဆိုသည့်အခါ၊ သူသည် သင်၏ အပေါင်းအသင်းကို ချစ်ခြင်းအကြောင်း မပြောဆိုဘဲ လူသား၏ ဘုရားသခင်ကို ချစ်ခြင်းအကြောင်း ပြောဆိုလေသည်။ ဤချစ်ခြင်းမေတ္တာမှာ စစ်မှန်သော ချစ်ခြင်းမေတ္တာ ဖြစ်သည်။ ဤသမ္မာတရားကို သင် မည်သို့ နားလည်သင့်သနည်း။ ယင်းမှာ ဘုရားသခင်သည် လူတို့အား သူ့ကို သံသယမထားစေချင် သို့မဟုတ် မိမိတို့ကိုယ်ကိုယ် သူ့ထံမှ မဝေးကွာစေချင်ဘဲ၊ သူ့အတွက် ဖြူစင်ပြီး အပြစ်အနာအဆာမရှိသည့် ချစ်ခြင်းတစ်ခုသာ ရှိစေချင်သည်ဟု ဆိုလိုပေသည်။ “အပြစ်အနာအဆာမရှိ” ဆိုသည်မှာ လွန်ကဲသော စိတ်ဆန္ဒများ မရှိခြင်းနှင့်မည်သည့် ဆင်ခြေများမျှ မပြုလုပ်ခြင်း ဖြစ်သည်။ ယင်းမှာ သူသည် သင်၏ စိတ်နှလုံးတွင် ပထမဦးစားပေးဖြစ်သည်ဟု ဆိုလိုသည်။ ယင်းမှာ သူ၏ နှုတ်ကပတ်တော်များကသာ သင်၏ စိတ်နှလုံးကို နေရာယူသည်ဟု ဆိုလိုသည်။ ဤသည်မှာ ဖြူစင်ပြီး အပြစ်အနာအဆာမရှိသည့် စိတ်ခံစားချက်တစ်ခု ဖြစ်သည်။ ဤစိတ်ခံစားချက်သည် သင်၏ စိတ်နှလုံးတွင် နေရာတစ်ခုခုကို ယူ၏။ သင်သည် သူနှင့်သက်ဆိုင်၍ အမြဲ တွေးတောနေပြီး သူ့ကို အမြဲ လွမ်းဆွတ်နေကာ အချိန်တိုင်း သူ့ကို မှတ်မိနိုင်လေသည်။ ချစ်ဖို့ဆိုသည်မှာ သင်၏ စိတ်နှလုံးဖြင့် ချစ်ဖို့ဟု ဆိုလိုသည်။ သင်၏ စိတ်နှလုံးဖြင့် ချစ်ခြင်းသည် ထောက်ထားခြင်း၊ ဂရုစိုက်ခြင်းနှင့် တောင့်တခြင်းတို့ ပါဝင်သည်။ သင်၏ စိတ်နှလုံးဖြင့် ချစ်ခြင်းတွင် အောင်မြင်ဖို့၊ သင်သည် သိကျွမ်းခြင်း ဖြစ်စဉ်တစ်ခုကို ကြုံရမည်။ လက်ရှိအချိန်တွင်၊ သင်သည် ဘုရားသခင်နှင့် ပတ်သက်၍ အနည်းငယ်သော အသိပညာရှိစဉ်၊ သူ့ကို တမ်းတဖို့၊ သူ့ကို တောင့်တဖို့၊ သူ့ကို နာခံဖို့၊ သူ့အပေါ် ထောက်ထားဖို့၊ သူ့ကို ဆုတောင်းဖို့နှင့် သူ့ထံ ဟစ်အော်ဖို့ သင်၏ စိတ်နှလုံးကို သင် အသုံးပြုသင့်၏။ သင်သည် သူ၏ အတွေးများနှင့် ပူပန်မှုများကိုပင် မျှဝေခံစားနိုင်သင့်၏။ ဤအရာများကို သင် စိတ်ပါလက်ပါ ရှိရမည်။ “ချစ်လှစွာသော ဘုရားသခင်။ ဤအရာကို ကိုယ်တော့်အတွက် ကျွန်ုပ် လုပ်ဆောင်နေပါ၏။ ယင်းကို ကိုယ်တော့်အတွက် ကျွန်ုပ် လုပ်ဆောင်နေပါ၏” ဟု ပြောရင်း ပါးစပ်ပြောမျှ မဖြစ်နှင့်။ သင်၏ စိတ်နှလုံးဖြင့် ဘုရားသခင်ကို ချစ်ခြင်းနှင့် စိတ်ကျေနပ်စေခြင်းသည်သာ စစ်မှန်ပေသည်။ သင်သည် အလွန်ကျယ်လောင်စွာ မပြောသော်လည်း၊ သင်သည် ဘုရားသခင်အား သင်၏ စိတ်နှလုံးထဲတွင် ရှိ၏၊ သင်၏ စိတ်နှလုံးထဲတွင် သင်သည် သူ့ကို တွေးတောနေပေသည်။ သင်သည် သင်၏ လင်ယောက်ျား၊ သင်၏ ဇနီး၊ သင်၏ သားသမီးများ၊ သင်၏ မိဘများကို စွန့်နိုင်သည်။ သို့သော် သင်၏ စိတ်နှလုံးသည် ဘုရားသခင် မရှိဘဲ မဖြစ်နိုင်ပေ။ ဘုရားသခင် မရှိပါက၊ သင်သည် တကယ်ကို အသက်မရှင်နိုင်ပေ။ ဤသည်မှာ သင်သည် ချစ်ခြင်းမေတ္တာရှိပြီး သင်၏ စိတ်နှလုံးတွင် ဘုရားသခင်ရှိသည်ဟု ဆိုလိုပေသည်။ “ချစ်ရန်၊ ခံစားရန်နှင့် ထောက်ထားရန် သင်၏ စိတ်နှလုံးကို သင် အသုံးပြုသည့်အခိုက်ကို ရည်ညွှန်းပေသည်။” ဤသည်မှာ အမှုအရာများစွာ ပါဝင်ပေသည်။ လူသားနှင့်သက်ဆိုင်၍ ဘုရားသခင် တောင်းဆိုသည်မှာ စစ်မှန်သော ချစ်ခြင်းမေတ္တာ ဖြစ်သည်။ တစ်နည်းအားဖြင့်၊ သင်သည် သင်၏ စိတ်နှလုံးဖြင့် သူ့ကို ချစ်ကာ ဂရုစိုက်ရမည်ဖြစ်ပြီး၊ သူ့ကို အမြဲ သတိရရမည်။ ဤသည်မှာ စကားများကို ဖွင့်ဟရုံမျှ မဆိုလိုသကဲ့သို့ သင်၏ အမူအရာများဖြင့် သင့်ကိုယ်သင် ဖော်ပြပုံကိုလည်း မဆိုလိုပေ။ ထို့ထက်၊ အဓိကအားဖြင့်၊ ယင်းမှာ အမှုအရာများကို စိတ်နှလုံးဖြင့် လုပ်ဆောင်ခြင်းနှင့် သင်၏ လုပ်ရပ်အားလုံးကို သင်၏ စိတ်နှလုံးအား စိုးမိုးခွင့်ပေးခြင်းအား ဆိုလိုပေသည်။ အမှုအရာများကို ဤနည်းဖြင့် လုပ်ဆောင်ရာတွင်၊ အရင်းခံအကြောင်းမရှိ၊ ရောနှောမှုမရှိ၊ သံသယမရှိပေ။ ဤကဲ့သို့သော စိတ်နှလုံးတစ်ခုသည် များစွာ သာ၍ ဖြူစင်ပေသည်။ သင်၏ စိတ်နှလုံးတွင် သံသယများသည် မည်သို့ ဖော်ပြခြင်းခံရသနည်း။ ယင်းတို့သည် သင်က၊ “ဤအရာကို လုပ်ဆောင်ဖို့ ဘုရားသခင်အတွက် မှန်ကန်ပါသလော။ ဤအရာကို ဘုရားသခင် အဘယ်ကြောင့် ပြောသနည်း။ ဤအရာကို ဘုရားသခင် ပြောဆိုခြင်းနောက်ကွယ်တွင် အကြောင်းရင်း မရှိပါက၊ ကျွန်ုပ် နာခံမည်မဟုတ်။ ဘုရားသခင်အတွက် ဤအရာကို လုပ်ဆောင်ဖို့ တရားမမျှတပါက၊ ကျွန်ုပ် နာခံမည် မဟုတ်ပါ။ ယင်းကို ယခု ငါ ဘေးချိတ်ထားမည်” ဟု အမြဲ တွေးနေချိန်တွင် ဖော်ပြခံရပေသည်။ သံသယများကို မသိုထားဖို့ဆိုသည်မှာ ဘုရားသခင် မည်သည့်အရာ ပြောဆိုပြီး လုပ်ဆောင်သည်ဖြစ်စေ မှန်ကန်ပြီး ဘုရားသခင်နှင့် ပတ်သက်၍ အမှန်၊ အမှားမရှိသည်ကို သတိပြုခြင်းအား ဆိုလိုပေသည်။ လူသည် ဘုရားသခင်ကို နာခံရမည်၊ ဘုရားသခင်အပေါ် ထောက်ထားရမည်၊ ဘုရားသခင်ကို စိတ်ကျေနပ်စေရမည်ဖြစ်ပြီး၊ သူ၏ အတွေးများနှင့် ပူပန်မှုများကို မျှဝေခံစားရမည် ဖြစ်သည်။ ဘုရားသခင် လုပ်ဆောင်သည့်အရာတိုင်းသည် သင့်အဖို့ အဓိပ္ပာယ်ရှိပုံရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ ပဓာနမထားဘဲ၊ ယင်းသည် လူသားအဖို့ အဓိပ္ပာယ်ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ၊ သင်သည် ဤအရာများအပေါ် နာခံပြီး ရိုသေကိုင်းရှိုင်းသော၊ ကျိုးနွံနာခံသော စိတ်နလုံးတစ်ခု အမြဲ ရှိနိုင်သည်။ ထိုသို့သော လက်တွေ့လုပ်ဆောင်ခြင်းသည် သမ္မာတရားနှင့် ကိုက်ညီမှုတွင် ရှိသည်မဟုတ်လော။ ယင်းသည် ချစ်ခြင်းမေတ္တာ၏ သရုပ်သကန်နှင့် လက်တွေ့လုပ်ဆောင်ခြင်း ဖြစ်သည် မဟုတ်လော။ ထို့ကြောင့်၊ ဘုရားသခင်၏နှုတ်ကပတ်တော်များမှ ဘုရားသခင်၏ အလိုတော်နှင့် သူ့မိန့်မြွက်ချက်များနောက်ကွယ်ရှိ ရည်ရွယ်ချက်များကို သင်နားမလည်ပါက၊ သူ၏ နှုတ်ကပတ်တော်များက ရရှိဖို့ ရည်ရွယ်ထားသည့် ရည်မှန်းချက်များနှင့် ရလဒ်များကို သင်နားမလည်ပါက၊ သူ့နှုတ်ကပတ်တော်များသည် လူတို့၌ မည်သည့်အရာကို ဖြစ်မြောက်စေဖို့နှင့် စုံလင်စေဖို့ ကြိုးစားသည်ကို သင်နားမလည်ပါက၊ ဤအရာများကို သင်နားမလည်ပါက၊ သင်သည် သမ္မာတရားကို နားမလည်သေးသည်ကို ယင်းက သက်သေပြပေသည်။ ဘုရားသခင်က သူပြောကြားသည့်အရာများကို အဘယ့်ကြောင့် ပြောကြားသနည်း။ သူသည် ထိုလေသံဖြင့် အဘယ်ကြောင့် ပြောကြားသနည်း။ သူပြောကြားသည့် စကားလုံးတိုင်းတွင် သူသည် အဘယ့်ကြောင့် အလွန် စိတ်ထက်သန်ပြီး၊ စစ်မှန်သနည်း။ သူသည် အချို့သော စကားလုံးများကို သုံးဖို့ အဘယ့်ကြောင့် ရွေးချယ်သနည်း။ သင်သိသလော။ သင် အသေအချာ မပြောနိုင်ပါက၊ သင်သည် ဘုရားသခင်၏ အလိုတော် သို့မဟုတ် သူ၏ ရည်ရွယ်ချက်များကို နားမလည်၊ သင်သည် သူ၏နှုတ်ကပတ်တော်များ နောက်ကွယ်မှ အကြောင်းအရာကို နားမလည်ဟု ယင်းက ဆိုလိုသည်။ ဤအရာကို သင်နားမလည်ပါက၊ သမ္မာတရားကို သင်မည်သို့ ရရှိနိုင်မည်နည်း။ သမ္မာတရားကို ရရှိခြင်းဆိုသည်မှာ သူပြောကြားသည့် နှုတ်ကပတ်တော်တိုင်းမှတစ်ဆင့် ဘုရားသခင်၏ ရည်ရွယ်ချက်ကို နားလည်ခြင်း ဖြစ်သည်။ ယင်းက ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သင် အသက်ရှင်နေထိုင်နိုင်ပြီး ထိုနှုတ်ကပတ်တော်များသည် သင်၏ လက်တွေ့အရှိတရား ဖြစ်လာစေနိုင်ဖို့အလို့ငှာ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သင် နားလည် ပြီးသည်နှင့်တစ်ပြိုင်နက် ထိုနှုတ်ကပတ်တော်များကို သင် လက်တွေ့လုပ်ဆောင်နိုင်သည်ကို ဆိုလိုခြင်းဖြစ်ပေသည်။ သင်၌ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို အကုန်အစင်နားလည်ခြင်းတစ်ခု ရှိသည့်အခါမှသာလျှင် သမ္မာတရားကို သင် အမှန်တကယ် နားလည်သဘောပေါက်နိုင်မည်။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သမ္မာတရား၏ လက်တွေ့အရှိတရား ရှိသူများသာလျှင် ဦးဆောင်လမ်းပြနိုင်သည်” မှ

သင်၏တာဝန်ကို သင်ကောင်းစွာ ထမ်းဆောင်ဖို့ ဆန္ဒရှိပါက သင်သည် သမ္မာတရားကို ဦးစွာ နားလည်ရမည်ဖြစ်ပြီး သမ္မာတရားကို ရှာဖွေဖို့ သာ၍ကြိုးစားရမည်။ သမ္မာတရားကို ရှာဖွေခြင်း၏ အရေးကြီးသည့်ကဏ္ဍတစ်ခုမှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မည်သို့တွေးဆရမည်ကို သင်ယူခြင်းဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တွေးဆခြင်း၏ ရည်ရွယ်ချက်မှာ ဤနှုတ်ကပတ်တော်များ၏ နောက်ကွယ်မှ စစ်မှန်သော အဓိပ္ပာယ်ကို နားလည်ဖို့ ဖြစ်သည်— ရှာဖွေခြင်းမှတစ်ဆင့် သင်သည် ဘုရားသခင်၏မိန့်မြွက်ချက်များ၊ သူတောင်းဆိုသည့် အရာများနှင့် ဤနှုတ်ကပတ်တော်များရှိ သူ၏အလိုတော်က မည်သည့်အရာဖြစ်သည်တို့နှင့် သက်ဆိုင်သည့် အဓိပ္ပာယ်ကို သိလာသည်— သမ္မာတရား၏ စစ်မှန်မှုကို နားလည်ခြင်းဆိုသည်မှာ ဤအရာကို ဆိုလိုသည်။ သမ္မာတရား၏ စစ်မှန်မှုကို သင်နားလည်သည်နှင့် လက်တွေ့လုပ်ဆောင်မှုနှင့် သက်ဆိုင်သည့် အခြေခံသဘောတရားများကို သင်နားလည်နိုင်လိမ့်မည်၊ ထို့အတူ သမ္မာတရား စစ်မှန်မှုထဲသို့ ဝင်ရောက်မှုကိုလည်း သင်ကြိုးပမ်းရရှိလိမ့်မည် ဖြစ်သည်။ ဤနည်းဖြင့် သတိမထားမိလိုက်ပါဘဲနှင့် ယခင်က သင်နားမလည်ခဲ့သည့် အရေးကိစ္စများတွင် သင်သည် ဉာဏ်အလင်းပွင့်မည် ဖြစ်သည်၊ သင်သည် ထိုးထွင်းအမြင်အသစ်များကို ရရှိလိမ့်မည်၊ ပြီးလျှင် ယင်းတို့သည် ဖြည်းဖြည်းချင်း သင်၏လက်တွေ့အရှိတရား ဖြစ်လာလိမ့်မည်။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “လမ်းကြောင်းသည် သမ္မာတရားကို သမ္မာတရားကို မကြာခဏ တွေးဆခြင်း” မှ

သင်သည် သမ္မာတရားကို ရှာဖွေဖို့ ဆန္ဒရှိပါက၊ သမ္မာတရားကို နားလည်ဖို့နှင့် ရရှိဖို့ ဆန္ဒရှိပါက၊ သင်သည် ဘုရားသခင် ရှေ့မှောက်တွင် မည်သို့ ငြိမ်သက်ရမည်၊ သမ္မာတရားကို မည်သို့တွေးဆရမည်နှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မည်သို့ တွေးဆရမည်တို့ကို သင်ယူရမည်။ သမ္မာတရားကို တွေးဆဖို့အလို့ငှာ လိုက်နာရန် လုပ်ရိုးလုပ်စဉ်များ ရှိသလော။ စည်းမျဉ်း တစ်စုံတစ်ရာ ရှိသလော။ အချိန်ကန့်သတ်ချက်များ တစ်စုံတစ်ရာ ရှိသလော။ သင်သည် ယင်းကို နေရာတစ်ခုခုတွင် လုပ်ဆောင်ဖို့ လိုအပ်သလော။ မလိုအပ်ပေ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အချိန်မရွေး သို့မဟုတ် နေရာမရွေး တွေးဆနိုင်သည်။ သင်တို့၏ ထုံးစံအတိုင်း နားဝေတိမ်တောင်ဖြစ်သော အတွေးအခေါ်များနှင့် စိတ်ကစားမှုများအပေါ် အနည်းငယ်သာ အချိန်ကုန်ဆုံးပြီး၊ ယင်းအချိန်ကို သမ္မာတရားကို တွေးဆဖို့ အသုံးပြုခဲ့ပါက၊ အကျိုးဆက်အနေဖြင့် တစ်ရက်တွင် အချိန်မည်မျှ မဖြုန်းတီးမိဘဲ နေမည်နည်း။ လူများသည် ၎င်းတို့ အချိန်ဖြုန်းသည့်အခါတွင်၊ မည်သည့်အရာကို လုပ်ဆောင်ကြသနည်း။ ၎င်းတို့သည် ၎င်းတို့ စိတ်ဝင်စားသည့်အရာကိုသာ လုပ်ဆောင်ရင်း၊ အသေးအဖွဲကိစ္စများတွင်သာ ပါဝင်လုပ်ဆောင်ရင်း၊ လွန်လေပြီးသော အချိန်များ၏ အသုံးမတည့်သည့် အမှုအရာများ အကြောင်းသာ တွေးတောရင်း၊ ပြီးလျှင် ၎င်းတို့၏ အနာဂတ်တွင် မည်သည့်အရာဖြစ်မည်၊ အနာဂတ်နိုင်ငံတော်သည် မည်သည့်နေရာတွင်ရှိမည်၊ ငရဲသည် မည်သည့်နေရာတွင် ရှိသည်တို့ကို စိတ်ကူးရင်း၊ တစ်နေ့လုံး စကားစမြည်ပြောပြီး အတင်းအဖျင်း စကားပြောလျက် တစ်ရက်လုံး ကုန်ဆုံးကြသည်၊ ထိုအရာများသည် ပေါ့တန်သောအရာများ မဟုတ်လော။ ဤအချိန်ကို အပြုသဘောဆောင်သည့် အမှုအရာများအပေါ် ကုန်ဆုံးပါက၊ သင်သည် ဘုရားသခင် ရှေ့မှောက်တွင် ငြိမ်သက်ကာ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တွေးဆခြင်းနှင့် သမ္မာတရားကို မိတ်သဟာယပြုခြင်းတို့တွင် အချိန်ပို၍ သုံးပါက၊ သင်၏ လုပ်ဆောင်ချက်တစ်ခုချင်းစီကို ပြန်လည်သုံးသပ်ပြီး ယင်းတို့ကို ဘုရားသခင်၏ စိစစ်ခြင်းအတွက် သူ၏ရှေ့မှောက်တွင် ပင့်မြှောက်ထားပြီး၊ ထို့နောက်တွင် ဘုရားသခင်ကို သင် အပုန်ကန်ဆုံးဖြစ်သည့် အရေးပါသည့် ထိုနေရာများကို အထူးသဖြင့် ကြည့်လျက်၊ သင် သဘောမပေါက်နိုင်သည့် သို့မဟုတ် မဖော်ထုတ်နိုင်သည့် ပြဿနာအကြီးစား တစ်ခုတစ်လေ ရှိမရှိကို ကြည့်ပြီး ယင်းတို့ကို ဖြေရှင်းဖို့ လိုက်လျောညီထွေရှိသော ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ရှာဖွေပါက၊ သင်သည် သမ္မာတရား စစ်မှန်မှုထဲသို့ ဖြည်းဖြည်းချင်း ဝင်ရောက်လိမ့်မည်။

ဘုရားသခင်၏နှုတ်ကပတ်တော်များကို တွေးဆခြင်းတွင် မည်သည့်အရာ ပါဝင်သနည်း။ ယင်းတွင် သင်တို့ မကြာခဏ မိန့်မြွက်လွန်းလှသည့် ဝိညာဉ်ရေးရာ ဝေါဟာရများနှင့် အယူအဆများဟု ဆိုသောအရာများနှင့် မှန်ကန်သည်ဟု သင် မကြာခဏ ယုံကြည်သည့် လက်တွေ့လုပ်ဆောင်ခြင်း၏ ဝိညာဉ်ရေးရာ အခြေခံသဘောတရားများနှင့် “ကျွန်ုပ်သည် ဤဝိညာဉ်ရေးရာ စကားရပ်များနှင့် အသုံးအနှုန်းတို့၏ အယူအဆနှင့်ပတ်သက်ပြီး ရှင်းလင်းသည်၊ ယင်းတို့၏ တိုက်ရိုက် အဓိပ္ပာယ်နှင့်ပတ်သက်၍ ကျွန်ုပ်ထံတွင် ကောင်းမွန်သည့် နားလည်မှုတစ်ခုရှိသည်၊ သို့ရာတွင် ယင်းတို့၏ စစ်မှန်မှုနှင့်ပတ်သက်ပါက မည်သို့ရှိသနည်း။ ယင်းတို့ကို ကျွန်ုပ် မည်သို့ လက်တွေ့လုပ်ဆောင်သင့်သနည်း။” ဟု ဆုတောင်း- ဖတ်ရှုခြင်းကို ဆိုင်းငံ့ထားခြင်း ပါဝင်သည်။ ယင်းမှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တွေးဆပုံ ဖြစ်သည်။ ဤရှုထောင့်မှ စတင်လော့။ လူများသည် ဘုရားသခင်ကို ယုံကြည်သည့်အခါတွင်၊ ၎င်းတို့က သူ၏နှုတ်ကပတ်တော်များကို မည်သို့တွေးဆရမည်ကို မသိပါက၊ ၎င်းတို့တွင် သမ္မာတရားကို ဝင်ရောက်ခြင်းနှင့် နားလည်သဘောပေါက်ခြင်းတွင် ကြီးစွာသော အခက်အခဲ ရှိလိမ့်မည်။ လူများသည် သမ္မာတရားကို အမှန်တကယ် နားလည်နိုင်စွမ်း မရှိပါက၊ ၎င်းတို့သည် သမ္မာတရားစစ်မှန်မှုထဲသို့ ဝင်ရောက်နိုင်သလော။ ၎င်းတို့သည် သမ္မာတရားစစ်မှန်မှုထဲသို့ မဝင်ရောက်နိုင်ပါက၊ ၎င်းတို့သည် သမ္မာတရားကို ရရှိနိုင်သလော။ လူများသည် သမ္မာတရားကို မရရှိနိုင်ဘဲ၊ သမ္မာတရားစစ်မှန်မှုထဲသို့ မဝင်ရောက်နိုင်ပါက၊ ၎င်းတို့သည် ဘုရားသခင်၏ အလိုတော်ကို ဖြည့်ဆည်းနိုင်သလော။ ယင်းမှာ အလွန် ခက်ခဲပေလိမ့်မည်။ “ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ကြဉ်လော့” ဟူသည့် မကြာခဏ ထပ်တလဲလဲ ပြောဆိုသော နှုတ်ကပတ်တော်များကို ဥပမာကြည့်လော့- သင်သည် ဤနှုတ်ကပတ်တော်များကို စဉ်းစားဆင်ခြင်ရမည်ဖြစ်ပြီး “ဘုရားသခင်ကို ကြောက်ရွံ့ခြင်းဆိုသည်မှာ အဘယ်နည်း။ ကျွန်ုပ် အမှားတစ်စုံတစ်ရာ ပြောမိပါက၊ ဤသည်မှာ ဘုရားသခင်ကို ကြောက်ရွံ့ခြင်း ဟုတ်သလော၊ မဟုတ်သလော။ ထိုသို့ ပြောဆိုခြင်းသည် မကောင်းမှုကို ပြုခြင်းလော၊ ကောင်းမှုကို ပြုခြင်းလော။ ယင်းကို ဘုရားသခင် အောက်မေ့သတိရသလော။ ယင်းကို ဘုရားသခင် ပြစ်တင်ရှုတ်ချသလော။ အဘယ်အမှုအရာတို့သည် မကောင်းမှုဖြစ်သနည်း။ ကျွန်ုပ်ကိုယ်တိုင်၏ စိတ်ကူးများ၊ စိတ်ဓာတ်လှုံ့ဆော်မှုများ၊ အတွေးအခေါ်များ၊ အမြင်များ၊ ကျွန်ုပ်ပြောဆိုပြီး လုပ်ဆောင်သည့် အမှုအရာများနောက်ကွယ်မှ တွန်းအားနှင့် အကြောင်းရင်းများ၊ ကျွန်ုပ် ထုတ်ဖော်သည့် စိတ်သဘောထားမျိုးစုံ၊ ဤသည်တို့ကို မကောင်းမှုဟု ယူဆသလော။ ယင်းတို့အနက်မှ အဘယ်အရာများသည် ဘုရားသခင်၏ လက်ခံခြင်းခံရသနည်း။ အဘယ်အရာများသည် ဘုရားသခင်၏ ရွံရှာစက်ဆုပ်ခြင်း ခံရသနည်း။ အဘယ်အရာများသည် ဘုရားသခင်၏ ပြစ်တင်ရှုတ်ချခြင်း ခံရသနည်း။ မည်သည့် အရေးကိစ္စများတွင် စိုးရိမ်ဖွယ်ကောင်းလှသော အမှားကို ကျွန်ုပ် ပြုလုပ်မိဖို့ များစွာဖြစ်နိုင်ချေ ရှိသနည်း။” ဟု သင့်ကိုယ်သင် ပြောရမည်။ ဤအရာအားလုံးသည် သုံးသပ်ထိုက်သည်။ သင်တို့သည် သမ္မာတရားကို ပုံမှန် တွေးဆသလော။ အချိန်မည်မျှကို သင်တို့ ဖြုန်းတီးပြီးဖြစ်သနည်း။ သမ္မာတရားနှင့်သက်ဆိုင်သည့်၊ ဘုရားသခင်၌ ယုံကြည်ခြင်းနှင့် သက်ဆိုင်သည့်၊ အသက်ဝင်ရောက်မှုနှင့် သက်ဆိုင်သည့်၊ ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းမှုကို ရှောင်ကြဉ်ခြင်းနှင့် သက်ဆိုင်သည့် အရေးကိစ္စမည်မျှကို သင် စဉ်းစားသုံးသပ်ပြီးဖြစ်သနည်း။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သင်တို့၏တွေးဆခြင်း သို့မဟုတ် ဘုရားသခင်ကို ယုံကြည်ခြင်းနှင့်သမ္မာတရားတို့နှင့် သက်ဆိုင်သည့် အရေးကိစ္စများကို သင်တို့တွေးဆခြင်း အကျိုးဖြစ်ထွန်းချိန်တွင်၊ သင်တို့သည် အသက်ဝင်ရောက်မှု ရရှိလိမ့်မည် ဖြစ်သည်။ ဤအရာများကို မည်သို့တွေးဆရမည်ကို ယနေ့ သင်တို့ မသိသေးသည့်အပြင် သင်တို့သည် အသက်ဝင်ရောက်မှု မရသေးပေ။ တစ်စုံတစ်ဦးသည် အသက်ဝင်ရောက်မှု ရရှိခဲ့ပြီး၊ ဘုရားသခင်၏နှုတ်ကပတ်တော်များကို တွေးဆနိုင်ကာ၊ ပြဿနာများကို စဉ်းစားဆင်ခြင်နိုင်သည့် အခါတွင်၊ ၎င်းတို့သည် ထိုအခါ သမ္မာတရား စစ်မှန်မှုထဲသို့ စတင်ဝင်ရောက်ပြီ ဖြစ်သည်။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “လမ်းကြောင်းသည် သမ္မာတရားကို သမ္မာတရားကို မကြာခဏ တွေးဆခြင်း” မှ

ဘုရားသခင်၏နှုတ်ကပတ်တော်ဆိုသည်မှာ အဘယ်နည်း။ ယင်းမှာ အပြုသဘောဆောင်သည့် အရာအားလုံး၏ လက်တွေ့အရှိတရားဖြစ်သည်။ ယင်းမှာ ဘုရားသခင်က လူသားအပေါ် ပေးအပ်နှင်းသည့် သမ္မာတရား၊ လမ်းခရီးနှင့် အသက်တို့ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် သြဝါဒများ၊ ဆောင်ပုဒ်များ သို့မဟုတ် ငြင်းခုံချက်များ မဟုတ်သကဲ့သို့၊ ဒဿနအမြင်နှင့် အသိပညာ တစ်မျိုးမျိုး မဟုတ်ပေ။ ယင်းထက် ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် လူသား ထုတ်ဖော်ပြသည့်အရာများအားလုံး၊ လူသား၏ စိတ်နှလုံးတွင် အကြံရပြီး စိတ်ထဲတွင် တည်ရှိသည့် စိတ်ကူးများနှင့် ထင်မြင် ယူဆချက်များဖြင့် လူသား၏ အသက်တာနှင့် တည်ရှိမှု၊ ၎င်း၏အပြုအမူနှင့် စိတ်သဘောထားနှင့် သက်ဆိုင် လေသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်သက်ဆိုင်သည့် သင်၏ စဉ်းစားဆင်ခြင်ခြင်းသည် ဤအရာများ၏ ချည်နှောင်ခြင်းမှ လွတ်ကင်းပါက၊ သင်သည် သူ၏နှုတ်ကပတ်တော်များကို ဖတ်ရှုသည့်အခါနှင့် ဒေသနာများနှင့် မိတ်သဟာယတို့ကို နားထောင်သည့်အခါ ထိုအရာများ၏ ချည်နှောင်ခြင်းမှ လွတ်ကင်းပါက၊ သင်နားလည်နိုင်သည့်အရာသည် အပေါ်ယံမျှသာဖြစ်ပြီး၊ နည်းပါးလိမ့်မည် ဖြစ်သည်။ သင်တို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စဉ်းစားဆင်ခြင်သည့် နည်းလမ်းကို သင်ယူရမည်။ ဤသည်မှာ အရေးကြီးလှသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စဉ်းစားဆင်ခြင်ဖို့ နည်းလမ်းများစွာရှိလေသည်။ သန့်ရှင်းသော ဝိညာဉ်တော်ထံမှ ဉာဏ်အလင်းပေးခြင်းနှင့် အလင်းပြခြင်းတို့ကို ရှာဖွေလျက်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သင် တိတ်ဆိတ်စွာ ဖတ်ရှုနိုင်ပြီး၊ သင်၏ စိတ်နှလုံးထဲတွင် ဆုတောင်းနိုင်သည်။ သင်သည် သမ္မာတရားကို အားထုတ်သူတို့ကို အဖော်ပြု၍လည်း မိတ်သဟာယပြုနိုင်ပြီး၊ ဆုတောင်း- ဖတ်ရှုနိုင်သည်။ ပြီးလျှင် ဘုရားသခင်၏နှုတ်ကပတ်တော်များနှင့် သက်ဆိုင်သည့် သင်၏ နားလည်သဘောပေါက်ခြင်းကို ပို၍နက်ရှိုင်းစေဖို့ သင်၏ စဉ်းစားဆင်ခြင်ခြင်းနှင့် မိတ်သဟာယများနှင့် ဒေသနာများကို တစ်သားတည်း ဖြစ်အောင် လုပ်၍လည်း ရနိုင်ပေသည်။ နည်းလမ်းများမှာ များစွာရှိပြီး မျိုးစုံလှပေသည်။ အတိုချုပ်အားဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုရာတွင် ထိုနှုတ်ကပတ်တော်များ၊ သမ္မာတရားတို့နှင့် သက်ဆိုင်သည့် နားလည်သဘောပေါက်မှုတစ်ခုကို ရရှိလိုပါက၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စဉ်းစားဆင်ခြင်ဖို့ နှင့် ဆုတောင်း- ဖတ်ရှုဖို့တို့က အလွန် အရေးကြီးလေသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဆုတောင်း- ဖတ်ရှုခြင်း၏ရည်ရွယ်ချက်မှာ၊ ထိုနှုတ်ကပတ်တော်များကို ရွတ်ဖတ်နိုင်ဖို့ မဟုတ်သကဲ့သို့၊ အလွတ်ကျက်ဖို့လည်း မဟုတ်ပေ။ ယင်းထက် ဤနှုတ်ကပတ်တော်များကို ဆုတောင်း- ဖတ်ရှုကာ၊ စဉ်းစားဆင်ခြင်ပြီးနောက်၊ ထိုနှုတ်ကပတ်တော်များ နှင့် သက်ဆိုင်သည့် စစ်မှန်သော နားလည်သဘောပေါက်မှု တစ်ခုကို ရရှိဖို့ နှင့် ဘုရားသခင် မိန့်တော်မူခဲ့သည့် ဤနှုတ်ကပတ်တော်များ၏ အဓိပ္ပာယ်နှင့် ဘုရားသခင်၏ ရည်ရွယ်ချက်တို့ကို သိရှိဖို့ဖြစ်သည်။ ထိုနှုတ်ကပတ်တော်များတွင် လက်တွေ့လုပ်ဆောင်သင့်သည့် လမ်းကြောင်း တစ်ခုကို ရှာဖွေဖို့ နှင့် မိမိ၏ ကိုယ်ပိုင်လမ်းသို့ ပြန်လှည့်သွားခြင်းမှ ထိန်းထားဖို့ဖြစ်သည်။ ထို့အပြင် ဘုရားသခင်၏ နှုတ်ကပတ်တော်များတွင် ထုတ်ဖော်ပြထားသည့် အခြေအနေမျိုးစုံနှင့် လူအမျိုးအစားများအားလုံး အကြား ထိုးထွင်းသိမြင်နိုင်စွမ်းရှိဖို့၊ လူအမျိုးအစား တစ်ယောက်ချင်းစီကို ဆက်ဆံဖို့ စစ်မှန်သော လက်တွေ့လုပ်ဆောင်ခြင်း လမ်းကြောင်းကို ရှာဖွေနိုင်စွမ်း ရှိဖို့တို့ ဖြစ်သည်။ တစ်ချိန်တည်းမှာပင်၊ လမ်းလွဲခြင်းနှင့် ဘုရားသခင် စက်ဆုပ်ရွံရှာသည့် လမ်းကြောင်းပေါ် လျှောက်ခြင်းတို့ကို ရှောင်ကြဉ်ဖို့ ဖြစ်သည်။ သင်သည် ဘုရားသခင်၏နှုတ်ကပတ်တော်များကို ဆုတောင်း- ဖတ်ရှုနည်းနှင့် စဉ်းစားဆင်ခြင်နည်းတို့ကို သင်ယူလေ့လာပြီး ယင်းကို မကြာခဏ လုပ်ဆောင်သည်နှင့် တစ်ပြိုင်နက်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် သင်၏ စိတ်နှလုံးထဲတွင် အမြစ်တွယ်နိုင်ပြီး၊ သင်၏ အသက်တာဖြစ်လာနိုင်သည်။

ဘုရားသခင်၏ မိတ်သဟာယဖွဲ့ခြင်း မှ

သမ္မာတရား၏ လက်တွေ့ကျခြင်း၏ မည်သည့်ရှုထောင့်ကို သင်ကြားဖူးသည် ဖြစ်ပါစေ၊ အကယ်၍ သင်သည် သင့်ကိုယ်သင် ၎င်းနှင့်နှိုင်းယှဉ်ပါက၊ သင်၏အသက်တာတွင် ဤနှုတ်ကပတ်တော်များကို ကျင့်သုံးပြီး သင်၏လက်တွေ့လုပ်ဆောင်မှုထဲ၌ ထည့်သွင်းပါက တစ်စုံတစ်ခုကို သေချာပေါက်ရပြီး သေချာပေါက် ပြောင်းလဲမည် ဖြစ်သည်။ အကယ်၍ သင်သည် ဤနှုတ်ကပတ်တော်များကို သင်၏ ဝမ်းဗိုက်အတွင်း သွတ်သွင်းပြီး သင်၏ဦးနှောက်ထဲ၌ ၎င်းတို့ကို အလွတ်ကျက်မှတ်ပါက သင်သည် မည်သည့်အခါမျှ ပြောင်းလဲမည် မဟုတ်ပေ။ တရားဒေသနာများကို နားထောင်နေစဉ်တွင်၊ သင်သည် ဤသို့ တွေးဆသင့်၏- “ဤစကားများသည် မည်သည့်အခြေအနေမျိုးကို ရည်ညွှန်းနေသနည်း။ ယင်းတို့သည် အနှစ်သာရ၏ မည်သည့် သွင်ပြင်လက္ခဏာကို ရည်ညွှန်းနေကြသနည်း။ မည်သည့် ကိစ္စတွင် သမ္မာတရား၏ ဤသွင်ပြင်လက္ခဏာကို ငါ အသုံးပြုသင့်သနည်း။ သမ္မာတရား၏ ဤသွင်ပြင်လက္ခဏာနှင့် ဆက်နွှယ်သည့် တစ်စုံတစ်ရာကို ငါ လုပ်ဆောင်သည့် အခါတိုင်း၊ ငါသည် ယင်းနှင့်အညီ လက်တွေ့လုပ်ဆောင်နေခြင်း ဖြစ်သလော။ ယင်းကို ငါ လက်တွေ့ လုပ်ဆောင်သည့်အခါ၊ ငါ၏ အခြေအနေသည် ဤနှုတ်ကပတ်တော်များနှင့် ကိုက်ညီနေခြင်းရှိသလော။ မကိုက်ညီပါက၊ ကျွန်ုပ် ရှာဖွေသင့်သလော၊ မိတ်သဟာယပြုသင့်သလော သို့မဟုတ် စောင့်ဆိုင်းသင့်သလော။” သင်တို့၏ အသက်တာများတွင် ဤပုံစံဖြင့် သင်တို့ လက်တွေ့လုပ်ဆောင်ကြသလော။ သင်တို့ ဤပုံစံဖြင့် လက်တွေ့မလုပ်ဆောင်ပါက၊ သင်တို့၏ အသက်တာသည် ဘုရားသခင်မရှိသကဲ့သို့ သမ္မာတရားမရှိပေ။ သင်သည် ကျမ်းဟောင်းတရားနှင့် အယူဝါဒများအတိုင်း သို့မဟုတ် သင်တို့ကိုယ်တိုင်၏ အကျိုးစီးပွားများ၊ စိတ်ချယုံကြည်မှုနှင့် စိတ်အားထက်သန်မှုအတိုင်း အသက်ရှင်ပေသည်။ သမ္မာတရားကို လက်တွေ့အရှိတရားအဖြစ် မပိုင်ဆိုင်သောသူတို့သည် လက်တွေ့အရှိတရား မရှိသောသူများဖြစ်ပြီး၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ၎င်းတို့၏ လက်တွေ့အရှိတရားအဖြစ် မရှိကြသည့် လူများသည် သူ၏ နှုတ်ကပတ်တော်များထဲသို့ မဝင်ရောက်ကြသေးသည့် လူများ ဖြစ်သည်။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ရိုးသားသောလူတစ်ဦးဖြစ်ခြင်း၏ အခြေခံအကျဆုံး လက်တွေ့လုပ်ဆောင်ချက်” မှ

လူများသည် သမ္မာတရားထဲ၌ မည်သည့် ကြိုးပမ်းအားထုတ်မှုမျှ မထည့်ပါက၊ ၎င်းတို့သည် အနှေးအမြန် ကျရှုံးလိမ့်မည် ဖြစ်ပြီး ခိုင်မာစွာ ရပ်တည်ဖို့ ရုန်းကန်ရလိမ့်မည်။ ဤသည်မှာ စမ်းသပ်မှု ၎င်းတို့ပေါ် ကျရောက်သည့်အခါ၊ ဖြေရှင်းချက်က ကျမ်းဟောင်းတရားများနှင့် အယူဝါဒ အနည်းငယ်၌သာ တည်ရှိလိမ့်မည် မဟုတ်သောကြောင့် ဖြစ်သည်။ ကျမ်းဟောင်းတရားများနှင့် အယူဝါဒများသည် စစ်မှန်သော ပြဿနာများကို မဖြေရှင်းနိုင်ပေ။ သင်သည် သမ္မာတရားတစ်ခုချင်းစီနှင့် သက်ဆိုင်သည့် ရှင်းလင်းသော နားလည်မှုတစ်ခုရှိရမည်၊ သင်သည် ယင်းတို့ကို သင်၏စိတ်နှလုံးထဲ၌ နားလည်ပြီး ခရေစေ့တွင်းကျ သိနိုင်ဖို့အလို့ငှာ၊ ယင်းတို့ကို ပုံမှန် အချိန်ယူစဉ်းစားရမည်။ သို့မှသာလျှင် သင့်ကို တစ်စုံတစ်ခု ဖြစ်ပျက်သည့်အခါ၊ မည်သည့်အရာကို လုပ်ဆောင်ရမည်ကို သင်သိလိမ့်မည်။ သို့ရာတွင် သင်သည် ယင်းတို့ကို စဉ်းစားဆင်ခြင်ခြင်း မပြုပါက၊ ဤသမ္မာတရားများကို သင်ရရှိနိုင်သလော။ သင်သည် ယင်းတို့ကို မတွေးဆပါက၊ သင် မည်မျှ ကြားပါစေ သို့မဟုတ် ယင်းတို့နှင့်ပတ်သက်၍ သင်မည်မျှ ပြောနိုင်ပါစေ၊ သင်သည် ယင်းတို့၏ တိုက်ရိုက် အဓိပ္ပာယ်ထက် မည်သည့်အခါမျှ ကျော်လွန်လိမ့်မည် မဟုတ်ပေ။ ဤတိုက်ရိုက် အဓိပ္ပာယ်များသည် သင့်ကို ဘုရားသခင်၌ သင်၏ ယုံကြည်မှုသည် အကျိုးဖြစ်ထွန်းပြီးဖြစ်ကြောင်းနှင့် သင်၌ စိတ်ပြင်းပြမှုနှင့် စွမ်းအားရှိသောကြောင့် သင်၏ဝိညာဉ်ရင့်ကျက်မှုသည် အလွန်ကြီးမားကြောင်း အတွေးမှားကို မကြာခဏ ပေးလိမ့်မည် ဖြစ်သည်— သို့သော် တစ်စုံတစ်ခုက သင့်ကို ဖြစ်ပျက်သည်နှင့် တစ်ပြိုင်နက် ဤတိုက်ရိုက် အဓိပ္ပာယ်များသည် စမ်းသပ်မှု သို့မဟုတ် စစ်ဆေးမှု တစ်ခုချင်းစီကို ချောမွေ့စွာ ကြံ့ကြံ့ခံဖြတ်ကျော်နိုင်ဖို့ အာမမခံနိုင်ကြောင်းကို သင်သိရလိမ့်မည်။ လူများသည် ၎င်းတို့ကို တစ်စုံတစ်ခု ဖြစ်သည့်အခါတွင်၊ “ဤသည်နှင့်ပတ်သက်၍ ကျွန်ုပ် မည်သည့်အရာကို လုပ်ဆောင်သင့်သနည်း။ ကျွန်ုပ်သည် အမြန်လုပ်ပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များအတွက် ရှာဖွေကာ၊ အခြေခံသဘောတရား အမျိုးမျိုးကို ဖော်ထုတ်ရမည်။ ဤသည်က သမ္မာတရား၏ မည်သည့်ရှုထောင့်နှင့် အလားတူ လိုက်လျောညီထွေ ရှိသနည်း။” ဟု တွေးလျက်၊ မကြာခဏ စိတ်ရှုပ်ထွေးကြသည်။ ထိုသို့သောအချိန်တွင် သင်သည် အလွန်နည်းပါးသော သမ္မာတရားများဖြင့် သင့်ကိုယ်သင် ပြင်ဆင်ပြီး ဖြစ်ကြောင်း၊ သင်သည် အလွန်နည်းပါးသော သမ္မာတရား စစ်မှန်မှုကိုသာ နားလည်ကြောင်း သင် သဘောပေါက်လိမ့်မည်။ လူများသည် ယေဘုယျအားဖြင့် လိုအပ်သည့်အချိန်မှသာ ဤသည်ကို ရှာဖွေတွေ့ရှိကြသည်။ ၎င်းတို့ လိုအပ်ခြင်းမရှိသည့်အခါ၊ ၎င်းတို့သည် မိမိတို့ကိုယ်ကိုယ် သမ္မာတရားများစွာဖြင့် ပြင်ဆင်နှင့်ပြီးဖြစ်ကြောင်း၊ ၎င်းတို့သည် သမ္မာတရားဖြင့် ပြည့်လျှံနေကြောင်း အမြဲ တွေးကြသည်။ ၎င်းတို့သည် မည်သည့်အရာဖြင့် ပြည့်လျှံနေကြသနည်း။ ကျမ်းဟောင်းတရားများနှင့် အယူဝါဒများဖြင့်၊ ပေါ့ပြက်ခြင်းဖြင့် ဖြစ်သည်။ ၎င်းတို့သည် သမ္မာတရားနှင့် ပြည့်လျှံနေသည်ဟု ခံစားရသည်မှာ မှားယွင်းသည်။ သင်သည် သမ္မာတရားနှင့် ပြည့်လျှံနေသည်ဟု သင် ခံစားရသည့်အခါ၊ သင်သည် အန္တရာယ်ရှိနေသည်။ သို့ရာတွင် သင်သည် မည်သည့်တန်ဖိုးမျှမရှိကြောင်း၊ သင်နားမလည်သည့်အရာ များစွာရှိကြောင်း သင်ခံစားရသည့်အခါ၊ သင်သည် ဝင်ရောက်ဖို့ နည်းလမ်းကို ချင့်ချိန်စဉ်းစားနိုင်လိမ့်မည်။ သင်သည် သမ္မာတရားကို ပိုင်ဆိုင်နှင့်ပြီးဖြစ်ကြောင်း၊ သင်သည် သမ္မာတရားနှင့် ပြည့်လျှံကြောင်း၊ သင်၌ လုံလုံလောက်လောက် ရှိကြောင်း၊ သင်သည် သင့်ကိုယ်သင် သိကျွမ်းကြောင်းနှင့် ဘုရားသခင်ကို ချစ်ကြောင်း၊ ပြီးလျှင် သင်သည် ဘုရားသခင်အတွက် အရာအားလုံးကို လုပ်ဆောင်နိုင်ကြောင်း သင်အမြဲ တွေးနေပါက၊ ဤသည်မှာ အန္တရာယ်ရှိသည့် လက္ခဏာတစ်ခုဖြစ်သည်။ ဤသည်ကို သင်တွေးလေ၊ သင်သည် မည်သည့်အရာမျှ နားမလည်ကြောင်း၊ သင်သည် သမ္မာတရား စစ်မှန်မှု တစ်စုံတစ်ရာ ကင်းမဲ့ကြောင်းတို့ကို သက်သေပြသည်။ ဤအကြောင်းကို သေချာစွာ တွေးလော့။ သမ္မာတရားကို တွေးဆဖို့နည်းလမ်းကို သင်ယူလော့။ ဤသည်မှာ ဘုရားသခင်ကို ယုံကြည်သည့်လူများ၏ အသက်တာ၏ အလွန်အရေးကြီးသည့် အပိုင်းတစ်ခု ဖြစ်သည်။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “လမ်းကြောင်းသည် သမ္မာတရားကို သမ္မာတရားကို မကြာခဏ တွေးဆခြင်း” မှ

အောက်ခြေမှတ်စု(များ)-

က။ မူရင်းစာသားတွင် “ပုံဥပမာနှင့်ဆိုင်သည့်” ဆိုသည့် စကားစု မပါဝင်ပါ။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

စစ်မှန်သော ဆုတောင်းခြင်းဆိုသည်မှာ မည်သည့်အရာဖြစ်ပြီး စစ်မှန်သော ဆုတောင်းခြင်းသည် မည်သည့်အရာကို ရရှိနိုင်သနည်း

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ- စစ်မှန်သော ဆုတောင်းခြင်းဆိုသည်မှာ အဘယ်နည်း။ ယင်းမှာ သင်၏နှလုံးသားထဲ ရှိသည့်အရာကို ဘုရားသခင်အား...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။