မေ ၂၈ ရက် ရှန်တုန်းမှာ ဖြစ်ခဲ့တဲ့ ကျောင်းယွမ်အမှုကို ရှင်းစမ်းပါဦး။ ဘာပဲဖြစ်ဖြစ် ရုံးတံခါးဖွင့် စစ်ဆေးခဲ့တာပဲလေ။ ကျောင်းယွမ်အမှုပြီးတော့ အိမ်တွင်း အသင်းတော်တွေကို အစိုးရက ဝင်စီးခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ကို ဖြိုခွင်းဖို့ ရဲအင်အားကို သုံးခဲ့တယ်။ အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းသားတွေကို သဲသဲမဲမဲ ရှာဖွေဖမ်းဆီးတယ်။ ရှန်တုန်းမှာဖြစ်ခဲ့တဲ့အမှုကို လူတွေက မှားတယ်လို့ ယုံကြည်ကြပြီး၊ သံသယဖြစ်ကြတယ်ဆိုပေမဲ့ လူထုထောက်ခံမှုရအောင် လုပ်ဇာတ်ခင်းပြီး၊ အနန္တတန်ခိုးရှင်ဘုရားသခင်အသင်းတော်ကို ဖြိုခွဲခဲ့ကြတယ်။ အချက်အလက်တွေက မှားမှားမှန်မှန် တရုတ်မီဒီယာတွေက ဝိုင်းတင်ကြတယ်။ အဲဒါက ကမ္ဘာပေါ်က တခြားနိုင်ငံတွေအပေါ် သက်ရောက်မှုရှိသွားတယ်။ ကျောင်းယွမ်အမှုကို မင်းတို့ ဘယ်လိုပဲ လက်မခံသည်ဖြစ်စေ၊ လူတွေအများကြီးက ကွန်မြူနစ်ပါတီကို ယုံနေကြတုန်းပဲ။ ဒီတော့ ရှန်တုန်းမှာဖြစ်ခဲ့တဲ့အမှုနဲ့ပတ်သက်ပြီး မင်း ဘယ်လိုထင်လဲ။

18.12.2019

အဖြေ- စစ်ယီ (ခရစ်ယာန်တစ်ယောက်)- အဖေ၊ ပါတီက ဒီအမှုကို ဘယ်လောက်ကြာကြာလိမ်နိုင်မှာလဲ။ လုပ်ကြံထားတဲ့အမှုပဲလေ။ သူတို့ ကျဆုံးတော့မှာကို အဲဒါလေးနဲ့ ကယ်နိုင်မှာတဲ့လား။ ကျောင်းယွမ်အမှုက တစ်ကမ္ဘာလုံးကို တော်တော် သက်ရောက်ခဲ့တာပါ။ မသိတဲ့သူတွေကို လှည့်စားခဲ့တယ်။ ဒါပေမဲ့ တိမ်တွေဆိုတာ နေကို အမြဲဖုံးထားနိုင်လို့လား။ ကျီးတစ်ကောင်က ကောင်းကင်ကို အမြဲတမ်း မှောင်ရိပ်ဖုံး နိုင်လို့လား။ လှည့်စားတာတွေက ကြာရှည်မရပ်တည် နိုင်ပါဘူး။ မုသားက မုသားပဲဖြစ်နေမှာပဲ၊ ဘယ်တော့မှ အမှန်ဖြစ်မလာဘူး။ တရုတ်ကွန်မြူနစ်ပါတီက ပိုပြီးတော့ ဆိုးယုတ်နေပြီ။ ဒီလိုကလိမ်ကကျစ်လုပ်တာတွေကြောင့် နာမည်ပျက်ပြီး ပျက်စီးနေပြီ၊ နာမည်ဆိုးနဲ့ ကျော်ကြားနေပြီ။ ဒီမှာတင်မဟုတ်ဘူး၊ နေရာတိုင်းမှာ ဒီလို ကလိမ်ကကျစ်လုပ်တာတွေက ပါတီကို ကယ်နိုင်မှာတဲ့လား။ စီစီပီရဲ့သရုပ်မှန်ကို လူတွေပိုပိုပြီး မြင်လာကြပြီ။ သူတို့ကို ဘယ်သူမှ မယုံကြည်တော့ဘူး။ တရုတ်ကွန်မြူနစ်ပါတီက ကမ္ဘာမှာ နာမည်အဆိုးဆုံး ဘုရားမဲ့ပါတီ၊ ဆိုးယုတ်တဲ့အဖွဲ့၊ ဘုရားသခင်ကို အဆန့်ကျင်ဆုံးပါတီပဲ၊ ပါတီရဲ့တရားရုံးတွေဆိုတာ စာတန်ရဲ့တရားရုံးတွေပဲ။ ဒီလို တရားရုံးတွေမှာ စစ်ဆေးတာ တရားမျှတမှု ရှိနိုင်မှာလား။ တရုတ်ကွန်မြူနစ်ပါတီက နိုင်လိုမင်းထက်ပြုတတ်တဲ့ အာဏာရှင်ပါတီပဲ။ ဘယ်လိုမှ လွတ်လပ်တဲ့တရားစီရင်မှု မဖြစ်နိုင်ဘူး။ တရားသူကြီးတွေမှာ ကိုယ်ပိုင်စီရင်ခွင့် မရှိဘူး။ သူတို့အကုန်လုံး အစိုးရဆီက အမိန့်ကို နာခံရတယ်။ သူတို့ကို ပြောထားတဲ့အတိုင်း အမှုတွေကို ကိုင်တွယ်ကြရတယ်။ ဒါအမှန်တရားပဲ။ သူတို့တရားရုံးတွေ မှာ စစ်တဲ့ အမှုတွေက မမှန်မကန်လိုရာဆွဲပြီး အဓိပ္ပာယ်မရှိတာတွေပဲ ဖြစ်မှာပါ။ နိုင်ငံရေးနဲ့ပတ်သက်ပြီး နှစ်ပေါင်းများစွာ ယှဉ်ပြိုင်ခဲ့တဲ့ကာလတစ်လျှောက်လုံး ပါတီက အကွက်ဆင်တာကိုပဲ အားကိုးခဲ့တာလေ။ သူတို့က ကျွမ်းကျင်နေပြီ။ ရှန်တုန်းရဲ့ကျောင်းယွမ်အမှု တရားခွင်မှာတုန်းက တရားခံတွေက စီစီပီတရားရုံးမှာ ခပ်ရှင်းရှင်း ထွက်ဆိုခဲ့တာလေ။ "ကျွန်တော် ဘယ်တုန်းကမှ အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်နဲ့ အဆက်အသွယ် မရှိခဲ့ပါဘူး" တဲ့။ "ကျောင်းဝေရှန် ယုံကြည်တဲ့ အနန္တတန်ခိုးရှင်ဘုရားသခင်ကိုပဲ အစိုးရက ဖြိုခွဲတာပါ၊ ကျွန်တော်တို့ရဲ့ အနန္တတန်ခိုးရှင် ဘုရားသခင်ကို မဟုတ်ဘူး" တဲ့။ သူတို့ဟာ အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်နဲ့ဆိုင်ပါတယ် လို့ လုံး၀ မပြောခဲ့ဘူး။ အသင်းတော်ကလည်း သူတို့ဘယ်သူတွေမှန်းမသိဘူး။ ဒါဆိုရင် ဘာလို့အချက်အလက်အရ တရားမစီရင်ခဲ့တာလဲ။ တကယ့် သက်သေအထောက်အထား တစ်ခုမှ မရှိဘဲနဲ့ သူတို့ကို အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းသားတွေလို့ ဘာလို့အခိုင်အမာပြောရတာလဲ။ ဒါက တမင်ကြံစည်တာ မဟုတ်ဘူးလား။ ဒါတွေအားလုံး လှည့်စားတာပဲ မဟုတ်ဘူးလား။ စီစီပီရဲ့သတင်းတွေ ဒါမှမဟုတ် သူတို့မီဒီယာတွေရဲ့ အလိမ်အညာတွေကို ဘယ်သူမှမယုံတော့ဘူး။ ကွန်မြူနစ်စနစ်အောက်မှာ အကြာကြီး အလုပ်လုပ်ခဲ့တာပါ၊ သားထက်ပိုပြီး သိသင့်တာပေါ့။ ဘာသာရေး၊ ဒီမိုကရေစီအရေးလှုပ်ရှားတာတွေ၊ ဆန္ဒပြတာမျိုးတွေကို မနှိမ်နင်းခင်တိုင်းမှာ ပါတီက အမှုဆင်ပြီး၊ လူထု အမြင်မှားအောင် ကြိုးစားလေ့ရှိတယ်။ ပြီးတာနဲ့ ဖြိုခွဲတော့တာပဲ ဇွန်လ ၄ ရက် ကျောင်းသားလှုပ်ရှားမှုကိုပဲကြည့်လေ။ အစကတော့ ကျောင်းသားတွေဘက်က ဂုဏ်သိက္ခာ ဒီမိုကရေစီနဲ့ လွတ်လပ်မှုကို လိုချင်ခဲ့ကြတယ်။ ဒါပေမဲ့ ပါတီက ကျောင်းသားထုထဲမှာ သူ့လူကိုယ့်ဘက်သား ထည့်ပြီးတော့ လှုပ်ရှားမှုကို ဖျက်လိုဖျက်ဆီးလုပ်တယ်။ မီးရှို့တာတို့ ကားတွေ ဖျက်ဆီးပစ်တာတို့ ကမောက်ကမတွေ ဖန်တီးလိုက်တယ်။ ကျောင်းသားတွေကို နှိမ်နင်းဖို့ ဆင်ခြေအနေနဲ့ ဆူပူအုံကြွမှုတွေ ဖြစ်စေတဲ့ "တန်ပြန်တော်လှန်ရေး"ဆိုပြီး၊ သူတို့ဘက်က နာမည်တပ်လိုက်တယ်။ အဲဒီနောက်မှာမှ ကျောင်းသားတွေကို ရက်ရက်စက်စက် နှိမ်နင်းတာလေ။ ထောင်နဲ့ချီတဲ့ ကျောင်းသားတွေ သေနတ်နဲ့ ပစ်သတ်ခံရတယ်။ တင့်ကားတွေနဲ့ အကြိတ်ခံရတယ်။ တရုတ်ပြည်သူတွေ ကြောက်လန့်ပြီး တစ်ကမ္ဘာလုံး တုန်လှုပ်သွားရတဲ့ တီအန်မင်အရေးအခင်းကို စီစီပီက ဘယ်လိုအကွက်ချခဲ့လဲဆိုတာ အဲဒါပဲ။ တိဘက်က ဆန္ဒပြမှုတွေကိုလည်း ဒီလိုနည်းနဲ့ ဖိနှိပ်ခဲ့တာပဲလေ။ ဆန္ဒပြလူထုထဲမှာ အစိုးရက သူတို့လူတွေထည့်တယ်။ လူသတ်တာတို့ ပစ္စည်းလုတာတို့ ရည်ရွယ်ချက်ရှိရှိ လုပ်ခိုင်းလိုက်တယ်။ ပြီးရင် ဆူပူအုံကြွမှုကို နှိမ်နင်းတဲ့အသွင်နဲ့ ဆန္ဒပြသူတွေကို စစ်တပ်က အစုလိုက်အပြုံလိုက် သတ်ခဲ့တယ်။ တရုတ်ကွန်မြူနစ်ပါတီက သူတို့နဲ့ အယူအဆမတူသူတွေကို အမြစ်ဖြတ်ဖို့အတွက် ဖိနှိပ်တာတွေ၊ အချက်အလက်တွေနဲ့ လိမ်ညာတာတွေကို လုပ်ပြီးတော့မှ အကြမ်းဖက်လေ့ရှိတယ်ဆိုတာ ဒီအချက်တွေက သက်သေပြတယ်။ ရှန်တုန်းမှာ ဖြစ်ခဲ့တဲ့ ဇောင်ယွမ်အမှုမှာလည်း အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်ကို ဖိနှိပ်လို့ရအောင် ပါတီက လူထုအမြင်ကို ပြောင်းခဲ့တယ်။ ဒီလိုဘာသာရေးဖိနှိပ်မှုမျိုးက ပြစ်မှုကြီးပဲလေ။ အဖေလည်း စီစီပီ အရာရှိတစ်ယောက်ပဲ၊ သူတို့ တကယ် ဘယ်လိုလုပ်တယ်ဆိုတာ သမီးတို့ထက် ပိုသိမှာပါ။

အိမ်တွင်းမှ လက်ဝဲပညာပေးဇာတ်လမ်းတစ်ပုဒ် ၏ ရုပ်ရှင် ဇာတ်ညွှန်း မှ

အရှေ့သို့- ဘုရားသခင်ကိုယုံကြည်တယ်ဆိုတဲ့နေရာမှာ ခင်ဗျားတို့ အားလုံး ကိုယ်ပိုင်အတွေးအမြင်နဲ့ ယုံကြည်ချက်တွေ ရှိကြမှာပဲ။ အဲဒီအတွေးအမြင်တွေနဲ့ ယူဆချက်တွေက ခင်ဗျားတို့ရဲ့ ပုဂ္ဂလိကအမြင်တွေဖြစ်လို့ ခပ်ရှင်းရှင်း ပြောရရင် ထင်ယောင်မှားမှုတွေသက်သက်ပဲ။ ကျွန်တော်တို့ကွန်မြူနစ်တွေအတွက်ကတော့ သိပ္ပံ နည်းကျတဲ့ ရုပ်ဝတ္ထုဝါဒနဲ့ ဆင့်ကဲဖြစ်စဉ်ကိုပဲ အမှန်တရားလို့ ယုံကြည်တယ်။ ကျွန်တော်တို့နိုင်ငံမှာ မူလတန်းကနေ တက္ကသိုလ်အထိ သင့်လျော်တဲ့ ပညာရေးကို သင်ပေးတယ်။ ဘာဖြစ်လို့လဲသိလား။ ကလေးတွေကို ငယ်ငယ်လေးကတည်းကစပြီး ဘာသာမဲ့ဝါဒနဲ့ ဆင့်ကဲဖြစ်စဉ်ကို သင်ပေးခြင်းအားဖြင့် ဘာသာရေးနဲ့ အယူသည်းမှုတွေကို ရှောင်နိုင်အောင် လို့ပဲ။ အမေးရှိသမျှကို နည်းလမ်းတကျနဲ့ ဖြေရှင်းပြနိုင်အောင်လို့ပဲ။ ဥပမာပြောရမယ်ဆိုရင် ဇီဝအသက်ဘယ်ကစလဲဆိုတဲ့ မေးခွန်းမျိုးပေါ့။ ကျွန်တော်တို့တွေ အတိတ်တုန်းက ဘာမှမသိခဲ့တော့ ကောင်းကင်နဲ့မြေကြီး ကွဲပြားသွားတာတို့၊ နုဝါက လူတွေကိုဖန်ဆင်းတာတို့လို ပုံပြင်တွေကို ယုံကြည်ခဲ့ကြတယ်။ အနောက်တိုင်းသားတွေကတော့ လူသားအားလုံးကို ဘုရားသခင်ကဖန်ဆင်းတယ်လို့ ယုံကြတယ်။ တကယ်တမ်းကျတော့ အဲဒါတွေအကုန်လုံးက ပုံပြင်နဲ့ဒဏ္ဍာရီတွေချည်းပဲ သိပ္ပံနည်းလမ်းလည်း မကျဘူး။ မျောက်ဝံတွေကနေ လူတွေအဖြစ် ဆင့်ကဲပြောင်းလဲလာတယ်ဆိုတဲ့ လူသားမျိုးနွယ်ရဲ့အစကို ရှင်းပြတဲ့ ဆင့်ကဲဖြစ်စဉ်သီအိုရီ စပေါ်လာတဲ့အချိန်ကစပြီး လူတွေကို ဘုရားသခင်ကဖန်ဆင်းတယ်ဆိုတဲ့ ယုံတမ်းစကားဟာ လုံးလုံးလျားလျားကို ချေဖျက်ခံလိုက်ရတာပဲ။ အရာရာတိုင်းဟာ သဘာဝအရ ဆင့်ကဲပြောင်းလဲလာတာပဲ။ ဒါအမှန်တရား။ ဒါကြောင့်မို့ သိပ္ပံနဲ့ ဆင့်ကဲဖြစ်စဉ်ကို ယုံကြည်ရမယ်။ ခင်ဗျားတို့ အားလုံးက ပညာတတ်တွေ အသိဉာဏ်ကြွယ်တဲ့ သူတွေချည်းပါပဲ။ ဘယ်လိုအကြောင်းကြောင့်များ ဘုရားသခင်ကိုယုံရတာလဲ။ ကျွန်တော် နားမလည်နိုင်ဘူး။ ကျွန်တော်တို့ကို ခင်ဗျားတို့ရဲ့အမြင်တွေ မျှဝေပေးလို့ရမလား။
နောက်တစ်ခုသို့- ဒါပေမဲ့ ခင်ဗျားက ယုံကြည်တာ ဆယ်နှစ်ပဲရှိသေးတယ်။ ခင်ဗျားက လူသစ်ပဲရှိသေးတယ်။ ကျုပ် အသက်ရှင်တာ အတော်ကြာပြီဖြစ်ပြီး ဘာသာတရားတွေကို လေ့လာတာ ဆယ်စုနှစ်ပေါင်းများပြီ။ ကျုပ် ခင်ဗျားကို ယုံကြည်ချက်ခိုင်ခိုင်မာမာနဲ့ ပြောနိုင်တယ်။ ကျုပ်တို့ဒီကမ္ဘာမှာ ဘုရားရှိကိုမရှိတာပါ။ ဘယ်ကယ်တင်ရှင်မှလည်း မရှိဘူး။ ဘုရားသခင်ကို ယုံကြည်မှုက အတော်ကို မရေရာပါဘူး။ လက်တွေ့မကျတာသက်သက်ပါပဲ။ ကျုပ်တို့နှစ်ယောက်လုံးက ပညာတတ်တွေပဲ အချက်အလက်တွေနဲ့ သိပ္ပံနဲ့အညီ ဒီပြဿနာတွေကို ကြည့်သင့်ပြီး ဒါဝင်ရဲ့ သီအိုရီကို ဒါမှမဟုတ် ရုပ်ဝါဒကိုတောင် ယုံကြည်သင့်တယ်။ ခင်ဗျားက ဘုရားသခင်ကို ယုံကြည်မှရမယ်လို့ ဘာလို့ ခံစားရတာလဲ။ ကျုပ်တို့ ကွန်မြူနစ်တွေက ဘုရားမဲ့ဝါဒနဲ့ ဆင့်ကဲဖြစ်စဉ်သီအိုရီကို ယုံကြည်တယ်။ ဒါဝင်ရဲ့ဆင့်ကဲဖြစ်စဉ်သီအိုရီက သိပ္ပံရဲ့သမိုင်းမှာ အရေးကြီးဆုံးသီအိုရီတစ်ခုဆိုတာ ခင်ဗျားသိမှာပါ။ ဒါဝင်အရ ကမ္ဘာပေါ်မှာရှိတဲ့အရာတိုင်းကို သဘာဝရဲ့ဖြစ်စဉ်က ဖန်တီးခဲ့တယ်ဆိုတာ မြင်သာပါတယ်။ လူဟာ ဇီဝဆိုင်ရာဆင့်ကဲဖြစ်ခြင်းရဲ့ သဘာဝဖြစ်စဉ်ရဲ့ တိုက်ဆိုင်ပြီးဖြစ်လာတဲ့ ထုတ်ကုန်တစ်ခုဖြစ်တယ်။ အတိုပြောရရင် လူက မျောက်ဝံကနေ ဆင့်ကဲပြောင်းလဲလာတယ်။ လုံလောက်တဲ့ သီအိုရီပိုင်းဆိုင်ရာ အထောက်အထားတစ်ခုရှိပါတယ်။ အဲဒါကဘုရားသခင်ဟာ လူကို မဖန်ဆင်းခဲ့ဘူးလို့ပြတယ်။ သမ္မာကျမ်းစာမှာရေးထားတာက အလေးအနက်ခံယူဖို့မဟုတ်တဲ့ ဒဏ္ဍာရီနဲ့ ရိုးရာပုံပြင်တွေသက်သက်ပါ။ ရမယ်ဆိုရင် ခင်ဗျားကို ရုပ်ဝါဒနဲ့ ဆင့်ကဲဖြစ်စဉ်ကို လေ့လာဖို့အကြံပေးချင်တယ်။ အဲဒါတွေက တကယ်ကို လက်တွေ့ကျပြီး ခင်ဗျားရဲ့ သံသယတွေကို ဖယ်ရှားပေးလိမ့်မယ်။ ခင်ဗျားဒါကို ရှင်းရှင်းလင်းလင်းမြင်နိုင်လာရင် ဘာသာရေးယုံကြည်မှုတွေကို မှန်မှန်ကန်ကန်နားလည်လာမှာဖြစ်ပြီး နောက်ဆုံးမှာ မျက်စိစုံမှိတ်ယုံကြည်ခြင်းရဲ့ အမြင်မှားမှုကနေ ကိုယ့်ကိုယ်ကိုယ် လွတ်မြောက်စေလိမ့်မယ်လို့ ကျုပ် ယုံကြည်တယ်။ တရုတ်ကွန်မြူနစ်ပါတီနောက်ကိုလိုက်မှသာ ခင်ဗျားမှာ အနာဂတ်ရှိလိမ့်မယ်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၃။ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နောက်ဆုံးသော ကာလအမှုတော်ကို ကျွန်ုပ်တို့ လက်ခံပါက၊ ထာဝရအသက်လမ်းခရီးကို ကျွန်ုပ်တို့ ရရှိဖို့အလို့ငှာ မည်သည့်အရာကိုသာ ကျွန်ုပ်တို့ လိုက်စားသင့်သနည်း။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-နောက်ဆုံးသောကာလ ခရစ်တော်သည် လူသားကို သွန်သင်ရန်၊ လူသား၏အနှစ်သာရကို ဖော်ထုတ်ရန်နှင့် လူသား၏...

၄။ ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံယူသည့် ဘုရားသခင်၏ကယ်တင်မှုကို ပို၍လိုအပ်သည်

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-ဘုရားသခင်၏ဝိညာဉ်တော်ကို လူသားက ထိတွေ့နိုင်ခြင်း၊ မြင်နိုင်ခြင်း မရှိသကဲ့သို့၊ လူသားသည်...

၃။ လူတို့၏ အသက်တာများသည် လျှပ်တစ်ပြက်၊ နှစ်အနည်းငယ်အတွင်း ကုန်လွန်သွားသည်။ ပြန်ကြည့်လျက်၊ ၎င်းတို့သည် ၎င်းတို့၏ အသက်တာများကို ပြန်လည်သတိရမိကြသည်- ကျောင်းသွားရင်း၊ အလုပ်လုပ်ရင်း၊ အိမ်ထောင်ပြုရင်း၊ သားသမီးများရှိရင်း၊ သေခြင်းကို စောင့်ဆိုင်းရင်း၊ ၎င်းတို့၏ အသက်တာများတစ်ခုလုံးသည် လူသား တည်ရှိမှု၏ မှန်ကန်သော ဦးတည်ချက်နှင့် ရည်မှန်းချက်များ လုံးဝ ကင်းမဲ့ပြီး ရှင်သန်ခြင်းတွင် မည်သည့် တန်ဖိုး သို့မဟုတ် အဓိပ္ပါယ်မျှ မရှာတွေ့နိုင်ဘဲလျက်၊ မိသားစု၊ ငွေကြေး၊ အဆင့်အတန်း၊ အခွင့်အလမ်းနှင့် သိက္ခာတရားအတွက် မအားမလပ် ဟိုဟိုသည်သည် ပြေးလွှားရင်း ကုန်လွန်ခဲ့ကြသည်။ ထို့ကြောင့် လူတို့သည် မျိုးဆက် တစ်ဆက်ပြီးတစ်ဆက် ဤ နာကျင်စရာဖြစ်ပြီး အနှစ်မဲ့သည့် နည်းလမ်းဖြင့် အသက်ရှင်ကြလေသည်။ လူတို့၏ အသက်တာများသည် အဘယ်ကြောင့် အလွန် နာကျင်ဖွယ်ဖြစ်ပြီး အနှစ်မဲ့ပါသနည်း။ ပြီးလျှင် လူသား တည်ရှိခြင်း၏ နာကျင်မှုနှင့် အနှစ်မဲ့ခြင်းတို့ကို မည်သို့ ဖြေရှင်းနိုင်သနည်း။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-လူသားတို့ ကြံ့ကြံ့ခံကြရသည့် မွေးဖွားခြင်း၊ သေဆုံးခြင်း၊ ဖျားနာခြင်းနှင့် အိုမင်းသောအသက်အရွယ်တို့မှ...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။