ဘုရားသခင်ကိုယုံကြည်တယ်ဆိုတဲ့နေရာမှာ ခင်ဗျားတို့ အားလုံး ကိုယ်ပိုင်အတွေးအမြင်နဲ့ ယုံကြည်ချက်တွေ ရှိကြမှာပဲ။ အဲဒီအတွေးအမြင်တွေနဲ့ ယူဆချက်တွေက ခင်ဗျားတို့ရဲ့ ပုဂ္ဂလိကအမြင်တွေဖြစ်လို့ ခပ်ရှင်းရှင်း ပြောရရင် ထင်ယောင်မှားမှုတွေသက်သက်ပဲ။ ကျွန်တော်တို့ကွန်မြူနစ်တွေအတွက်ကတော့ သိပ္ပံ နည်းကျတဲ့ ရုပ်ဝတ္ထုဝါဒနဲ့ ဆင့်ကဲဖြစ်စဉ်ကိုပဲ အမှန်တရားလို့ ယုံကြည်တယ်။ ကျွန်တော်တို့နိုင်ငံမှာ မူလတန်းကနေ တက္ကသိုလ်အထိ သင့်လျော်တဲ့ ပညာရေးကို သင်ပေးတယ်။ ဘာဖြစ်လို့လဲသိလား။ ကလေးတွေကို ငယ်ငယ်လေးကတည်းကစပြီး ဘာသာမဲ့ဝါဒနဲ့ ဆင့်ကဲဖြစ်စဉ်ကို သင်ပေးခြင်းအားဖြင့် ဘာသာရေးနဲ့ အယူသည်းမှုတွေကို ရှောင်နိုင်အောင် လို့ပဲ။ အမေးရှိသမျှကို နည်းလမ်းတကျနဲ့ ဖြေရှင်းပြနိုင်အောင်လို့ပဲ။ ဥပမာပြောရမယ်ဆိုရင် ဇီဝအသက်ဘယ်ကစလဲဆိုတဲ့ မေးခွန်းမျိုးပေါ့။ ကျွန်တော်တို့တွေ အတိတ်တုန်းက ဘာမှမသိခဲ့တော့ ကောင်းကင်နဲ့မြေကြီး ကွဲပြားသွားတာတို့၊ နုဝါက လူတွေကိုဖန်ဆင်းတာတို့လို ပုံပြင်တွေကို ယုံကြည်ခဲ့ကြတယ်။ အနောက်တိုင်းသားတွေကတော့ လူသားအားလုံးကို ဘုရားသခင်ကဖန်ဆင်းတယ်လို့ ယုံကြတယ်။ တကယ်တမ်းကျတော့ အဲဒါတွေအကုန်လုံးက ပုံပြင်နဲ့ဒဏ္ဍာရီတွေချည်းပဲ သိပ္ပံနည်းလမ်းလည်း မကျဘူး။ မျောက်ဝံတွေကနေ လူတွေအဖြစ် ဆင့်ကဲပြောင်းလဲလာတယ်ဆိုတဲ့ လူသားမျိုးနွယ်ရဲ့အစကို ရှင်းပြတဲ့ ဆင့်ကဲဖြစ်စဉ်သီအိုရီ စပေါ်လာတဲ့အချိန်ကစပြီး လူတွေကို ဘုရားသခင်ကဖန်ဆင်းတယ်ဆိုတဲ့ ယုံတမ်းစကားဟာ လုံးလုံးလျားလျားကို ချေဖျက်ခံလိုက်ရတာပဲ။ အရာရာတိုင်းဟာ သဘာဝအရ ဆင့်ကဲပြောင်းလဲလာတာပဲ။ ဒါအမှန်တရား။ ဒါကြောင့်မို့ သိပ္ပံနဲ့ ဆင့်ကဲဖြစ်စဉ်ကို ယုံကြည်ရမယ်။ ခင်ဗျားတို့ အားလုံးက ပညာတတ်တွေ အသိဉာဏ်ကြွယ်တဲ့ သူတွေချည်းပါပဲ။ ဘယ်လိုအကြောင်းကြောင့်များ ဘုရားသခင်ကိုယုံရတာလဲ။ ကျွန်တော် နားမလည်နိုင်ဘူး။ ကျွန်တော်တို့ကို ခင်ဗျားတို့ရဲ့အမြင်တွေ မျှဝေပေးလို့ရမလား။

18.12.2019

အဖြေ- ကွန်မြူနစ်ပါတီဝင်တွေက ရုပ်ဝတ္ထုဝါဒနဲ့ ဆင့်ကဲဖြစ်စဉ်ကို ယုံကြည်ပြီး မာ့က်စ်နဲ့ ဒါဝင်အပေါ် တလေးတစားရှိကြတယ်။ ဒါဆို ကမ္ဘာပေါ်မှာ ရုပ်ဝတ္ထုဝါဒနဲ့ ဆင့်ကဲဖြစ်စဉ်ကိုယုံကြည်တဲ့သူက ဘာဖြစ်လို့ တစ်နေ့တခြား နည်းလာတာလဲ။ လူတွေထဲမှာ ဘုရားသခင်ကိုယုံကြည်တဲ့သူတွေက အများစုပဲ။ ယုံကြည်သူအစစ်အမှန်တွေ အားလုံးထဲမှာဆိုရင်လည်း ဆင့်ကဲဖြစ်စဉ်ကို ယုံကြည်တဲ့သူ တစ်ယောက်မှမရှိဘူး။ မယုံကြည်သူတွေထဲမှာတောင် ဆင့်ကဲဖြစ်စဉ်ကို လက်ခံတဲ့သူ သိပ်မရှိလှဘူး။ ဒီနေ့ခေတ်လူတွေကရော ဒါဝင်ကိုယုံကြည်ကြလား။ ဆင့်ကဲဖြစ်စဉ်ကို အမှန်လို့လက်ခံကြလား။ ခင်ဗျားထင်သလောက်တော့ မများဘူးထင်တယ်။ ပါမောက္ခစွန်းကို မေးပါရစေ ဆင့်ကဲဖြစ်စဉ်ကို လက်ခံတဲ့လူတိုင်းကရော မျောက်ဝံတွေဟာ သူတို့ရဲ့ဘိုးဘေးတွေပါလို့ လက်ခံကြလား။ ဘိုးဘေးတွေကို ပူဇော်တဲ့အခမ်းအနားမှာဆိုရင်၊ မျောက်ဝံတွေကို ဂါရဝပြုကြလား။ မျောက်ဝံတွေကို ဂါရဝမပြုဘဲနဲ့ ဆင့်ကဲဖြစ်စဉ်က အမှန်တရားပါလို့ ထိုင်အော်နေရင်တော့ သူတို့က အပြောတစ်မျိုး အလုပ်တစ်မျိုး လုပ်နေကြတာပဲ။ ပါမောက္ခစွန်း ခင်ဗျားက သိပ္ပံပညာကို ကိုးကွယ်တယ်၊ အရာရာကို သိပ္ပံပေတံနဲ့ တိုင်းတယ်၊ သိပ္ပံပညာအားကိုးနဲ့ ကိစ္စအားလုံးကို အဖြေထုတ်ဖို့ကြိုးစားတယ်။ တစ်ခုလောက်မေးပါရစေ၊ သိပ္ပံပညာကရော အမှန်တရားလား။ သိပ္ပံပညာဆိုတာရော ဘယ်လို ပေါ်ထွန်းလာတာလဲ။ ပုံနှိပ်ထုတ်ဝေပြီးသားပေမဲ့ နောက်ပိုင်းမှာ တခြားသိပ္ပံပညာရှင်တွေက မှားပါတယ်လို့ ထောက်ပြဝေဖန်ခံရတဲ့ သိပ္ပံသီအိုရီတွေ ကရော ဘာလို့အများကြီးရှိနေရတာလဲ။ သိပ္ပံပညာက အမှန်တရားပါလို့ လိပ်ပြာလုံလုံနဲ့ပြောရဲလား။ မေးပါရစေ၊ သိပ္ပံပညာက ကျွန်တော်တို့ကို ပျက်စီးခြင်းကနေ ကယ်တင်နိုင်လား။ သိပ္ပံပညာက လူသားတွေကို စာတန်ရဲ့ရန်စွယ်ကနေ ကွယ်ကာပေးနိုင်လား။ သိပ္ပံပညာက လူသားတွေကို အပြစ်လမ်းကြောင်းကနေ သွေဖယ်ပြီး၊ တန်ဖိုးရှိတဲ့ဘဝကိုနေထိုင်နိုင်ဖို့ ကူညီနိုင်လား။ သိပ္ပံပညာက ကမ္ဘာလောကကြီးအေးချမ်းဖို့အတွက် အထောက်အကူပေးနိုင်လား။ သိပ္ပံပညာက ကျွန်တော်တို့ကို ပျော်ရွှင်မှုပေးနိုင်လား။ ကြီးမြတ်ခမ်းနားတဲ့ ခရီးဆုံးပန်းတိုင် ပေးနိုင်လား။ သိပ္ပံပညာက ကျွန်တော်တို့ကို ဘေးကင်းလုံခြုံမှုနဲ့ ပျော်ရွှင်မှုပေးနိုင်လား။ သိပ္ပံပညာက လူသားမျိုးနွယ် ဘာတွေဆက်တိုးတက်ဦးမလဲ။ ဘယ်မှာခရီးလမ်းဆုံးမလဲဆိုတာကို ကြိုတင်ဟောကိန်းထုတ်နိုင်လား။ သိပ္ပံပညာက အဲဒါတွေ ဘာတစ်ခုမှလုပ်မပေးနိုင်ဘဲနဲ့ အမှန်တရားပါလို့ ဘာလို့ပြောထွက်ရတာလဲ။ အမှန်တရားဆိုတာကရော ဘာလဲ ခင်ဗျား သေချာပေါက်ပြောနိုင်လို့လား။

သိပ္ပံပညာကို အရမ်းအထင်ကြီးလေးစားတာဆိုတော့၊ ကျေးဇူးပြုပြီး သိပ္ပံပညာကဘာလဲ ဆိုတာကို ကျွန်တော်တို့ကို ရှင်းပြပါလား။ သိပ္ပံပညာဆိုတာ ဗဟုသုတနယ်ပယ်မှာပဲ အသုံးဝင်တဲ့ သီအိုရီတချို့ပါပဲ။ ဘုရားသခင်ဖန်ဆင်းထားတဲ့ ကမ္ဘာလောကကြီးထဲမှာ ပျက်စီးနေတဲ့လူတွေက ဖန်တီးထားတဲ့ပညာရပ်ပေါ့။လူတွေချည်းသက်သက်က ဖန်တီးထားတဲ့ ပညာရပ်ပဲ။ ပျက်စီးနေတဲ့ လူသားတွေဆီမှာ အမှန်တရားဆိုတာ မရှိဘူး။ သိပ္ပံပညာဆိုတာ လူသားတွေဆီကလာတာ။ သိပ္ပံကြောင့်သိတဲ့ ဗဟုသုတဆိုတာ အမှန်တရားပါလို့ ဘယ်လို ရှင်းပြမလဲ။ အမှန်တရားဆိုတာ ဘုရားသခင် ဆီကသာ ရနိုင်တယ်။ ဘုရားသခင်ကသာ ဖန်ဆင်းရှင်ပဲ။ ဖန်ဆင်းရှင် ဖော်ပြတဲ့ နှုတ်ကပတ်တော် ကသာ သမ္မာတရားပဲ။ ဘုရားသခင် ပေါ်ထွန်းလာပြီး အမှုတော်တွေ ပြုတဲ့အချိန်၊ နှုတ်ကပတ်တော်တွေ ဖော်ပြတဲ့အချိန်ကစပြီး၊ လူသားတွေဟာ ဘုရားရဲ့ နှုတ်ကပတ်တော်တွေကို ကြုံတွေ့ခံစားကြရတယ်။ ဘုရားသခင်ရဲ့နှုတ်ကပတ်တော်ကသာ အမှန်တရား ဖြစ်တယ် ဆိုတာကို သဘောပေါက်လက်ခံ လာကြတယ်။ ဒါ မပြောင်းလဲနိုင်တဲ့ အမှန်တရားပဲ။ ပညတ်တော်ခေတ်မှာ ဘုရားသခင်က အမှုအရာ အများအပြားကို ကြေညာခဲ့ပြီး၊ ဘုရားသခင်ရဲ့ ပညတ်တော်တွေကို လိုက်နာကျင့်သုံးတဲ့လူတွေဟာ ဘုရားရဲ့ ကွယ်ကာစောင်မခြင်းနဲ့ ကောင်းချီး မင်္ဂလာတို့ကို ခံစားကြရတယ်။ ပညတ်တော်တွေကို ချိုးဖောက်တဲ့ သူတွေကတော့ အပြစ်သားတွေလို့ သတ်မှတ်ခံရပြီး ကျိန်ဆဲခံကြရတယ်။ ကျေးဇူးတော်ခေတ်မှာတော့ လူသားတွေရဲ့ အပြစ်အတွက် သခင်ယေရှုက ကားစင်တင်ခံရပြီး၊ လူသားမျိုးနွယ်ကို ကယ်နုတ်သွားခဲ့တယ်။ ယေရှုကို ယုံကြည်ရင် အပြစ်လွှတ်ခြင်းခံရပြီး ဘုရားသခင်ရဲ့ ကျေးဇူးတော်နဲ့ ကောင်းချီးမင်္ဂလာကို ခံစားကြရတယ်။ နိုင်ငံတော်ခေတ် ရောက်လာတာနဲ့အတူ အနန္တတန်ခိုးရှင်ဘုရားသခင်က ပေါ်ထွန်းလာပြီး အမှုပြုခဲ့တယ်။ သမ္မာတရားကို ဖော်ပြပြီး လူတွေကို တရားစီရင်သန့်စင်တယ်။ စာတန်ရဲ့ရန်စွယ်ကနေ လူတွေကို သေချာကယ်မပြီး၊ လူတွေကို ဘုရားကို ကိုးစားလာစေတယ်။ ဘုရားရဲ့ ကောင်းချီးကို ခံစားရစေတယ်။ အံ့သြဝမ်းမြောက်ဖွယ်ရာ နောက်ဆုံးပန်းတိုင်ကို ပေးအပ်တော်မူတယ်။ ဘုရားသခင်ပြုတဲ့အမှုတော်တွေဟာ ဘုရားရဲ့ နှုတ်ကပတ်တော်မှန်ကြောင်း လုံလောက်တဲ့ သက်သေပဲ။ လူသားတွေအတွက် အလင်းရောင် ကောင်းချီးမင်္ဂလာနဲ့ ကယ်တင်ခြင်းကို ယူလာ ပေးကြောင်း သက်သေပဲ။ နှစ်ထောင်ပေါင်း များစွာ ဘုရားသခင်ဟာ လူသားမျိုးနွယ်ကိုလမ်းပြဖို့ ဒီနေ့ကျွန်မတို့ ရှိနေတဲ့အခြေအနေတိုင်း ရှိလာနိုင်ဖို့ နှုတ်ကပတ်တော်နဲ့ လမ်းပြပေးခဲ့တယ်။ ဘုရားသခင်ဟာ အရာအားလုံးကို နှုတ်ကပတ်တော်အားဖြင့် ပြီးမြောက်နိုင်တယ်။ ဘုရားရဲ့ နှုတ်ကပတ်တော်အားလုံးဟာ အမှန်တရားဖြစ်လာတာပဲ။ ဒါ လူတိုင်းမြင်နိုင်တဲ့ အမှန်တရားပဲ သခင်ယေရှု ပြောခဲ့ဖူးတယ်။ “ငါအမှန်ဆိုသည်ကား၊ ကောင်းကင်နှင့် မြေကြီးမပျက်စီးမှီတိုင်အောင်၊ ပညတ္တိကျမ်း၌ အငယ်ဆုံးသော စာလုံးဗိန္ဓုတလုံးမျှ ပြည့်စုံခြင်းသို့ မရောက်မှီ မပျက်စီးရ။(ရှင်မဿဲခရစ်ဝင် ၅:၁၈)ကောင်းကင်နှင့် မြေကြီးမတည်သော်လည်း ငါ့စကားတည်လိမ့်မည်။(ရှင်မဿဲခရစ်ဝင် ၂၄:၃၅) နောက်ဆုံးသောကာလ ရောက်ပြီ၊ သခင်ယေရှုရဲ့ ဗျာဒိတ်တွေ တကယ်ဖြစ်လာတာကိုလည်း ခရစ်ယာန်တွေ အများကြီး မြင်ခဲ့ပြီးပြီ။ ဒါကြောင့် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်သာ သမ္မာတရား ဖြစ်ပြီး၊ အပြုသဘောဆောင်တဲ့အရာတွေ ဖြစ်တယ် ဆိုတာ သိနိုင်တယ်။ ဒါ ဘယ်သူမှမငြင်းဆန်နိုင်တဲ့ အချက်အလက်တွေပဲ လူသားမျိုးနွယ်ကို ဘုရားသခင် ကသာ ကယ်တင်နိုင်တယ်။ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်သာ အမှန်တရားဖြစ်တယ်။ လူသားတွေရဲ့ သက်စမ်းရေဖြစ်တယ်။ သိပ္ပံပညာဟာ အမှန်တရားမဟုတ်ဘူး။ သိပ္ပံပညာကတော့ တိုးတက်နေ တာပဲ။ ဒါပေမဲ့ တကယ်တမ်းကျ ဘာများ ဖြစ်မြောက်လို့လဲ။ အပြင်ပန်းကနေကြည့်ရင်တော့၊ သိပ္ပံပညာကြောင့် ကောင်းကျိုးတွေရတယ်လို့ ထင်ရတယ်။ လူနေမှုအဆင့်အတန်း မြင့်လာတယ်၊ လူ့အဖွဲ့အစည်းကလည်း အောင်မြင်လာတယ်လို့ ထင်ရတယ်။ ဒါပေမဲ့ တကယ်တမ်းမှာကျတော့ သိပ္ပံပညာကြောင့် ကျွန်တော်တို့တွေမှာ ယုံကြည်မှု ပဋိပက္ခတွေ ရှိလာတယ်။ ဘုရားသခင်နဲ့ ဝေးကွာသွားပြီး၊ ဘုရားကို ငြင်းဆန်သစ္စာဖောက် တဲ့အခါမှာပေါ့။ လူတွေဟာ သိပ္ပံပညာကို ယုံကြည်နေကြတဲ့အတွက်၊ အတော်များများဟာ ဘုရားသခင်ကို ရှာမတွေ့တော့ဘူး။ အဲဒီအစား ဇာတိမွေ့လျော်မှုတွေကို ရှာဖွေလာကြတယ်။ ဒီလမ်းကြောင်းနောက်ကိုလိုက်ပြီး၊ လူသားတွေရဲ့ ကိုယ်ကျင့်တရားကလည်း ခေါင်းပါးလာတယ်။ ပိုပိုပြီး အကျင့်ပျက်ဆိုးသွမ်းလာကြတယ်။ လူသားတွေရဲ့ဝိညာဉ်ဟာ ပိုပိုပြီး အဓိပ္ပါယ်မဲ့ လာကြတယ်။ လူတွေက စိတ်လှုပ်ရှားမှု နောက်ကိုလိုက်ပြီး၊ တဏှာမှာ မွေ့လျော်ကြတယ်။ မူးယစ်ဆေးစွဲတာတွေ၊ ကိုယ့်ကိုကိုယ် သတ်သေနှုန်းတွေ မြင့်တက်လာတယ်။ ဒါအမှန်တွေ ချည်းပဲ။ သိပ္ပံပညာတိုးတက် လာတာနဲ့အမျှ ကျွန်တော်တို့က သဘာဝ ပတ်ဝန်းကျင်ကို ထိခိုက်စေပြီး၊ လေထုရယ်၊ ရေရယ်၊ မြေရယ်နဲ့ ကျွန်တော်တို့ရဲ့ အစားအသောက်တွေကိုပါ ညစ်ညမ်းစေတယ်။ ကျွန်တော်တို့အတွက် ထိခိုက်မှုများ လွန်းတယ်။ စစ်ဖြစ်နေတဲ့ နိုင်ငံတွေလည်း အများကြီးပဲ။ လက်နက်အသစ်တွေ တီထွင်ဖို့ပဲ ဦးနှောက်ကိုသုံးနေကြတာ။ သိပ္ပံပညာကြောင့် နျူကလီးယားလက်နက်တွေ လိုက်ဒုံးကျည်တွေ ပေါ်လာပြီး၊ ကျွန်တော်တို့အားလုံး အန္တရာယ်နဲ့ကြုံလာရတယ်။ တတိယကမ္ဘာစစ်သာ ဖြစ်ခဲ့မယ်ဆိုရင်၊ လူသားမျိုးနွယ်အတွက် ဒုက္ခအကြီးအကျယ် ရောက်မှာပဲ သိပ္ပံပညာ အတိုးတက်ဆုံးအချိန်ဟာ လူသားမျိုးနွယ်ရဲ့ နိဂုံးအချိန်ပဲလို့ ပြောလို့ရတယ်။ ဒါရိုက်တာ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေ ကို နားထောင်ကြည့်ပါ။ သိပ္ပံပညာက လူသားတွေဆီ ဆောင်ကြဉ်းပေးလာတာ ကောင်းချီးမင်္ဂလာလား၊ ဒုက္ခလားဆိုတာ နားလည်ကောင်း နားလည်လာ ပါလိမ့်မယ်။

အနန္တတန်ခိုးရှင်ဘုရားသခင်ကပြောတယ် “လူတို့တွင် လူမှုရေးသိပ္ပံပညာများ စတင်ထွန်းကားလာသည့် အချိန်မှစ၍ လူတို့၏စိတ်ထဲတွင် သိပ္ပံပညာနှင့် အသိပညာများက နေရာယူလာခဲ့ကြသည်။ သိပ္ပံနှင့် အသိပညာသည် လူသားတို့ကို အုပ်စိုးခြင်းအတွက် တန်ဆာပလာများဖြစ်လာခဲ့ပြီး လူသားတို့အတွက် ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်ရန် နေရာအလုံအလောက် မရှိတော့၊ ထို့ပြင် ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်ရန် ပို၍သင့်လျော်သောအခြေအနေများလည်း မပေးတော့ပေ။ ဘုရားသခင်၏နေရာသည် လူတို့၏ နှလုံးသားထဲတွင် နိမ့်သည်ထက်နိမ့်ဆင်းလာခဲ့သည်။ ဘုရားသခင်အတွက် နေရာမရှိသော လူတို့၏ စိတ်နှလုံးထဲရှိ ကမ္ဘာမှာ မှောင်မိုက်ပြီး မျှော်လင့်ချက်ကင်းမဲ့ကာ အချည်းနှီးပင် ဖြစ်လေသည်။… သိပ္ပံပညာ၊ အသိပညာ၊ လွတ်လပ်မှု၊ ဒီမိုကရေစီ၊ နားနေချိန်၊ သက်သောင့်သက်သာရှိခြင်း၊ ယင်းတို့မှာ ယာယီအနားရခြင်းသာ ဖြစ်သည်။ ဤအရာများဖြင့်ပင်လျှင်၊ လူသားတို့သည် မလွဲဧကန် အပြစ်ကျူးလွန်ကြလိမ့်မည်ဖြစ်ပြီး လူမှုအဖွဲ့အစည်း၏ မတရားမှုများကို ညည်းတွားကြလိမ့်မည်။ ဤအရာများက လူသားတို့၏ တောင့်တမှုနှင့် စူးစမ်းစစ်ဆေးလိုသည့်ဆန္ဒကို မချုပ်ထိန်းနိုင်ပေ။ အကြောင်းမှာ လူသားကို ဘုရားသခင် ဖန်ဆင်းခဲ့ခြင်းဖြစ်ပြီး လူသားများ၏ အသိတရားမဲ့သော စွန့်လွှတ်အနစ်နာခံမှုများနှင့် စူးစမ်းလေ့လာမှုများသည် ပို၍ပင် စိတ်သောကများစေနိုင်ပါသည်။ လူသားတို့သည် အမြဲကြောက်ရွံ့နေမည်ဖြစ်ပြီး လူသားတို့၏ နောင်လာမည့်အနာဂတ်ကို မည်သို့ရင်ဆိုင်ရမည် သို့မဟုတ် ရှေ့တွင်ရှိသော လမ်းကြောင်းကို မည်သို့ရင်ဆိုင်ရမည်ကို သိလိမ့်မည်မဟုတ်ပေ။ လူသားတို့သည် သိပ္ပံနှင့် အသိပညာတို့ကိုပင် ကြောက်ရွံ့လာမည်ဖြစ်ပြီး မိမိအထဲ၌ လစ်ဟာနေခြင်း ခံစားချက်ကို ပို၍ပင် ကြောက်ရွံ့လာမည်ဖြစ်သည်။… တိုင်းနိုင်ငံတစ်နိုင်ငံ သို့မဟုတ် လူမျိုးတစ်မျိုးမှ လူများသည် ဘုရားသခင်၏ ကယ်တင်ခြင်းနှင့် စောင့်ရှောက်မှုကို ခံယူရန် မတတ်နိုင်ပါက ထိုတိုင်းနိုင်ငံ သို့မဟုတ် လူမျိုးသည် အမှောင်လောကဆီသို့ ပျက်စီးရာ လမ်းကြောင်းကို လျှောက်လှမ်းရမည်ဖြစ်ပြီး ဘုရားသခင်၏ သုတ်သင်ဖယ်ရှားခြင်းကိုလည်း ခံရပေမည်။(နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏)

၎င်းတို့သည် သိပ္ပံဆိုင်ရာ စူးစမ်းရှာဖွေခြင်းများနှင့် နက်နဲသောသုတေသနကို အဆက်မပြတ်ပြုလုပ်ကြကာ၊ ၎င်းတို့၏ ကိုယ်ပိုင် ရုပ်ဝတ္ထုလိုအပ်ချက်များ၊ တပ်မက်မှုများကို အဆုံးမရှိဖြည့်ဆည်းကြ၏။ ထိုသို့ဆိုလျှင် လူသားအတွက် အကျိုးဆက်တို့သည် မည်သို့နည်း။ ဦးဆုံးအနေဖြင့် ဂေဟစနစ်ဆိုင်ရာ မည်သည့် ဟန်ချက်ညီမှုမျှ မရှိတော့ချေ။ ထို့ပြင် ဤအရာနှင့်တွဲလျက်အဖြစ် လူသားမျိုးနွယ်၏ ကိုယ်ခန္ဓာတို့သည် ဤသို့သော ပတ်ဝန်းကျင်ကြောင့် အားလုံးစွန်းထင်းကာ ထိခိုက်နေကြပြီး၊ ကူးစက်တတ်သော ရောဂါအမျိုးမျိုးနှင့် ကပ်ဆိုးတို့သည်လည်း နေရာအနှံ့ ပျံ့နှံ့ကြ၏။ ဤသည်မှာ လူသားအနေဖြင့် ယခုအချိန်တွင် ထိန်းချုပ်၍မရသော အခြေအနေတစ်ခုဖြစ်သည်၊ ယင်းသို့ မဟုတ်ပေသလော သင်တို့သည် ယခုအချိန်၌ ဤသည်ကို နားလည်လော့။ လူသားမျိုးနွယ်သည် ၎င်းတို့ကိုယ်၎င်းတို့ အဆက်မပြတ် ကြွယ်၀စေရန် အသိပညာကို အသုံးပြုရင်း၊ လူသားဘ၀၏ အနာဂတ်ကို မရပ်မနား စူးစမ်းရန် သိပ္ပံပညာကို အသုံးပြုရင်း၊ ဆက်လက် ရှင်သန်ရန်အတွက် ဤသို့သော နည်းလမ်းကို အသုံးပြုရင်းဖြင့်၊ ဘုရားသခင်၏နောက်ကို မလိုက်ဘဲ၊ စာတန်နောက်ကိုသာ ဤနည်းအတိုင်း အမြဲလိုက်မည်ဆိုလျှင်၊ လူသား၏ သဘာဝအတိုင်းဖြစ်လာမည့်အဆုံးသတ်သည် မည်သို့ဖြစ်မည်ဆိုသည်ကို သင် သိမြင်နိုင်မည်လော။ (ပျက်စီးခြင်း ဖြစ်ပါသည်။) ပျက်စီးခြင်းပင် ဖြစ်လိမ့်မည်၊ တစ်ကြိမ်လျှင် တစ်လှမ်းနှုန်းဖြင့် ချဉ်းကပ်လာသော ပျက်စီးခြင်းဖြစ်သည်။ ဖြည်းဖြည်းချင်း ချဉ်းကပ်လာသော ပျက်စီးခြင်းဖြစ်၏။(နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏) အနန္တတန်ခိုးရှင်ဘုရားသခင်ပြောသမျှဟာ အဖြစ်မှန်နဲ့ သမ္မာတရားတွေပါ။ ဒီမှာဖော်ပြသွားတာတွေက လူသားမျိုးနွယ်ကြောင့် သိပ္ပံပညာထွန်းကားလာမှုရဲ့ နောက်ဆက်တွဲအကျိုးဆက်တွေပဲ မဟုတ်ဘူးလား ပျက်စီးနေတဲ့ လူသားမျိုးနွယ်က သိပ္ပံပညာကို ကိုးကွယ်နေတာ အန္တရာယ်ပဲ သိပ္ပံပညာထွန်းကားလာမှုကြောင့် ကျွန်မတို့အားလုံး ပျက်စီးခြင်းနဲ့ကြုံရတော့မယ်။

ဘုရားသခင်က ဖန်ဆင်းရှင်ပဲ။ လူသားကိုကယ်တင်နိုင်တာ ဘုရားသခင်ပဲရှိတယ်။ နောက်ဆုံးသောကာလမှာ အနန္တတန်ခိုးရှင်ဘုရားသခင်က အမှန်တရားကိုဖော်ပြပြီး၊ လူသားတွေကို စီရင်သန့်စင်မယ်။ ပျက်စီးနေတဲ့ လူသားမျိုးနွယ်ကို ကယ်နုတ်မယ်။ အနန္တတန်ခိုးရှင်ဘုရားသခင်ကပြောတယ်၊ “ငါ၏နောက်ဆုံးအလုပ်သည် လူသားကို အပြစ်ပေးရန်အတွက်သာမဟုတ်ဘဲ လူသား၏ခရီးဆုံးပန်းတိုင်ကို စီမံရန်အတွက်လည်းဖြစ်၏။ ထိုထက်မက ငါပြုခဲ့သည့်အရာတိုင်းအတွက် အားလုံးထံမှ အသိအမှတ်ပြုမှု ရရှိရန်အလို့ငှာဖြစ်သည်။ ငါပြုလုပ်ခဲ့သည့် အမှုအရာအားလုံးသည် မှန်ကန်ကြောင်းနှင့် ငါပြုလုပ်ခဲ့သည့် အမှုအရာအားလုံးသည် ငါ၏စိတ်နေသဘောထားကို ဖော်ထုတ်ပြသခြင်းဖြစ်ကြောင်း လူခပ်သိမ်းတို့အား ငါသိစေလို၏။ လူသားမျိုးနွယ်ကို မွေးဖွားခဲ့သည့်အရာသည် လူသား၏လုပ်ဆောင်ချက်မဟုတ်၊ သဘာဝကြောင့်မူကား သာ၍ပင်မဟုတ်ပေ။ အမှန်မှာမူ ဖန်ဆင်းရာထဲရှိ သက်ရှိအရာတိုင်းကို အာဟာရပေးသည်မှာ ငါပင်ဖြစ်သည်။ ငါမတည်ရှိလျှင် လူသားမျိုးနွယ်သည် ပျက်စီးခြင်းသို့ရောက်ပြီး ဘေးဒုက္ခများ၏အန္တရာယ်ကို ကြုံတွေ့ရမည်သာဖြစ်သည်။ မည်သည့်လူသားမျှ လှပသည့်နေနှင့်လ သို့မဟုတ် စိမ်းလန်းသည့်ကမ္ဘာမြေကို နောက်ထပ်မြင်တွေ့ရလိမ့်မည် မဟုတ်ပေ။ လူသားမျိုးနွယ်သည် အေးစက်သည့်ညများနှင့် ရှောင်လွှဲမရသည့် သေမင်း၏အရိပ်လွှမ်းမိုးသောချိုင့်ဝှမ်းကိုသာ ကြုံတွေ့ရလိမ့်မည်။ ငါသာလျှင် လူသားမျိုးနွယ်၏ တစ်ခုတည်းသော ကယ်တင်ရာဖြစ်၏။ ငါသာလျှင် လူသားမျိုးနွယ်၏ တစ်ခုတည်းသော မျှော်လင့်ရာဖြစ်သည်သာမက ငါသည် လူသားမျိုးနွယ်တစ်ရပ်လုံး တည်ရှိနေရေးအတွက် တည်မှီရာဖြစ်သည်။ ငါမရှိလျှင် လူသားမျိုးနွယ်သည် ချက်ချင်း လုံးဝရပ်တန့်သွားမည်။ ငါ့ကို မည်သူမျှ အလေးမစိုက်သော်လည်း ငါမရှိလျှင် လူသားမျိုးနွယ်သည် ကပ်ဘေးဒဏ်ခံရပြီး မကောင်းဆိုးဝါးဝိညာဉ်အမျိုးမျိုးတို့၏ နင်းချေခြင်းခံရလိမ့်မည်။… ဤဘေးအန္တရာယ်သည် ငါ့ထံမှစတင်၍ ငါမှစီစဥ်ညွှန်ကြားခြင်းပင်ဖြစ်သည်။ ငါ၏အမြင်၌ သင်တို့သည် ကောင်းမွန်ကြောင်း မပြသနိုင်လျှင် သင်တို့သည် ဘေးအန္တရာယ်ခံစားရခြင်းမှ ရှောင်ရှားနိုင်လိမ့်မည်မဟုတ်ပေ။(နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏) နောက်ဆုံးသောကာလမှာ ဘုရားသခင်ရဲ့စီရင်ချက်ကို လက်ခံပြီး၊ ခရစ်တော်ဖော်ပြတဲ့ အမှန်တရားကို လက်ခံမှသာ လူသားဟာ အကျင့်ပျက်ခြင်းကနေ သန့်စင်ခံရပြီး၊ ဘုရားသခင်ကို ကိုးကွယ်နိုင်လိမ့်မယ်။ ဒီလိုနည်းလမ်းနဲ့မှသာ ဒုက္ခကပ်ဆိုးတွေကနေ ဘုရားသခင်ရဲ့ကွယ်ကာစောင့်ရှောက်မှုကြောင့် လွတ်မြောက်ပြီး၊ ဘုရားသခင်ရဲ့နိုင်ငံတော်ကို ရောက်ရှိနိုင်မယ်။

ကွန်မြူနစ်ဝါဒ၏ မုသားများ ၏ ရုပ်ရှင် ဇာတ်ညွှန်း မှ

အရှေ့သို့- နိုင်ငံ့ခေါင်းဆောင်တွေက ခရစ်ယာန်ဘာသာနဲ့ ကတ်သလစ်ဘာသာကို အစွန်းရောက်ဝါဒအဖြစ် သတ်မှတ်ပြီး သမ္မာကျမ်းစာကို အစွန်းရောက်စာအုပ်အဖြစ် သတ်မှတ်လိုက်ပြီ။ ဒါအများအားဖြင့် လက်ခံထားကြတဲ့ အချက်တွေပဲ။ ဗဟိုအစိုးရက ခရစ်ယာန်အိမ်တွင်းအသင်းတော်တွေကို အထူးသဖြင့် အနန္တတန်ခိုးရှင်ဘုရားသခင်အသင်းတော်ကို အစွန်းရောက်ဝါဒအဖြစ် ဘာကြောင့်သတ်မှတ်လိုက်သလဲ ဆိုတာကို ကျွန်တော် သုတေသနလုပ်ထားတဲ့အဖြေကတော့ ဘုရားသခင်က အရာအားလုံးကိုဖန်ဆင်းတယ်လို့ သက်သေခံတဲ့သူတွေ၊ ဘုရားသခင်က ဖန်ဆင်းရှင်ဖြစ်ပြီး လူသားမျိုးနွယ်ကို ဖန်ဆင်းတယ်လို့ သက်သေခံတဲ့သူတွေ၊ ဘုရားသခင်က အရာအားလုံးအပေါ်အစိုးရပြီး စကြဝဠာအရှင်သခင်အဖြစ် အရာအားလုံးကို ထိန်းချုပ်တယ်လို့ သက်သေခံတဲ့သူတွေ၊ ကျွန်တော်တို့ကို ဘုရားသခင်ကို ကြောက်ရွံ့ပြီး ကိုးကွယ်စေချင်တဲ့သူတွေအားလုံးဟာ အစွန်းရောက်ဝါဒီတွေဖြစ်တယ်လို့ သတ်မှတ်လိုက်လို့ပဲ။ ဘုရားသခင်ရဲ့ သန့်ရှင်းခြင်း ဖြောင့်မတ်ခြင်း မေတ္တာတော်နဲ့ ကယ်တင်ခြင်းကို သက်သေခံတဲ့သူတွေ စာတန်ကို လူသားမျိုးနွယ်ကို ဖျက်ဆီးနေသူအဖြစ် ကျိန်ဆဲတဲ့သူတွေ၊ အထူးသဖြင့် ကွန်မြူနစ်ပါတီကို တိုက်ရိုက်တိုက်ခိုက်ပြီး ကျိန်ဆဲတဲ့သူတွေအားလုံးကို အစွန်းရောက်ဝါဒီတွေအဖြစ် သတ်မှတ်တယ်။ သခင်ယေရှုပြန်လာပြီလို့ သက်သေခံတဲ့သူတွေ၊ လူ့ဇာတိခံယူတဲ့ ခရစ်တော်အကြောင်း သက်သေခံတဲ့သူတွေ၊ သာမန်လူသားတစ်ယောက်ရဲ့ ဆောင်ရွက်ချက်တွေကို ကယ်တင်ရှင်ရဲ့ အမှုတော်အဖြစ် ချဲ့ကားပြောဆိုနေတဲ့သူတွေ၊ ခရစ်တော်ရဲ့စကားတွေဟာ ပကတိအမှန်တရားပါလို့ လူသိရှင်ကြား ကြေညာပြီး သက်သေခံတဲ့သူတွေ၊ ကွန်မြူနစ်ပါတီကို ယုံကြည်မယ့်အစား ဘုရားသခင်ကို လက်ခံဖို့ ကိုးကွယ်ယုံကြည်ဖို့ သူများတွေကို အားပေးအားမြှောက် လုပ်တဲ့သူတွေအားလုံးကို အစွန်းရောက်ဝါဒီတွေလို့ သတ်မှတ်တယ်။ ဘုရားသခင်ရဲ့နှုတ်ကပတ်တော်ဟာ အရာအားလုံးရဲ့အထက်က အမှန်တရားဖြစ်တယ်၊ သမ္မာကျမ်းစာဟာ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ဖြစ်ပြီး "နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ပေါ်လာ၏" ဆိုတာဟာ သမ္မာတရားလို့ သက်သေခံပြီး ကွန်မြူနစ်ပါတီရဲ့ ယုံကြည်ချက်ဖြစ်တဲ့ မာ့က်စ်-လီနင်ဝါဒကို ကျိန်ဆဲတဲ့သူတွေ အားလုံးကို အစွန်းရောက်ဝါဒီအဖြစ် သတ်မှတ်တယ်။ ဘုရားသခင် ပြန်လာပြီလို့ တရားဟောပြီး နောက်ဆုံးသောကာလခရစ်တော်ကို သက်သေခံသူတွေ ဘုရားသခင်ရဲ့ ကယ်နုတ်ခြင်းကို လူသားတွေလက်ခံနိုင်ပြီး၊ ကောင်းကင်နိုင်ငံတော်ကိုဝင်ဖို့ တစ်ခုတည်းသောလမ်းဖြစ်တဲ့ ဘုရားသခင်နောက်လိုက်ဖို့ ပန်ကြားတဲ့သူတွေကို အစွန်းရောက်ဝါဒီအဖြစ် သတ်မှတ်တယ်။ ကျွန်တော်သိသလောက်တော့ ဒီအချက်တွေကြောင့် အစိုးရက ခရစ်ယာန်အသင်းတော်တွေ အားလုံးကို အထူးသဖြင့် အနန္တတန်ခိုးရှင်ဘုရားသခင်အသင်းတော်ကို အစွန်းရောက်ဝါဒ အဖြစ် သတ်မှတ်လိုက်တာပဲ။ တရုတ်ပြည်မှာ ကွန်မြူနစ်ပါတီက အာဏာရပါတီဖြစ်တယ်။ ကွန်မြူနစ်ပါတီဆိုတာ ဘုရားရှိဝါဒ အားလုံးကို ဆန့်ကျင်တဲ့ မာ့က်စ်-လီနင် ဘုရားမဲ့ဝါဒီပါတီပဲ။ ဘုရားသခင်ကို ယုံကြည်တဲ့ အသင်းအဖွဲ့မှန်သမျှကို အစွန်းရောက်ဝါဒီတွေအဖြစ် အပြစ်ရှိတယ်လို့ ကွန်မြူနစ်ပါတီက ကြေညာတယ်။ ဒီလိုလုပ်ခြင်းအားဖြင့် သူတို့ရဲ့အကြွင်းမဲ့ အာဏာကို ပြသတာပဲ ကွန်မြူနစ်ပါတီကသာ ကြီးမြတ်ခမ်းနားပြီး မှန်ကန်တယ်၊ မာ့က်စ်-လီနင်ဝါဒနဲ့ ဆန့်ကျင်တာမှန်သမျှ မှားတယ်။ ကွန်မြူနစ်ပါတီအနေနဲ့ အတိုက်အခံအားလုံးကို ရှင်းလင်းပစ်ချင်တယ်။ တရုတ်ပြည်မှာ ကွန်မြူနစ်ပါတီကို ကြီးမြတ်တဲ့ပါတီအဖြစ် မြင်ကြရမယ်။ ခင်ဗျားတို့အသင်းတော်က ယေရှုဟာ အနန္တတန်ခိုးရှင်ဘုရားသခင်အဖြစ် ပြန်လာပြီး နောက်ဆုံးသောကာလရဲ့ ခရစ်တော်ဖြစ်တယ်လို့ ဟောတယ်၊ အနန္တတန်ခိုးရှင်ဘုရားသခင်က အမှန်တရားကိုဖော်ပြပြီး လူသားတွေကို သန့်စင်ရွေးနုတ်တယ်၊ ဘုရားသခင်ရဲ့နိုင်ငံတော် တည်ပြီလို့လည်း ဟောတယ်။ ဒါကြောင့် ဘာသာရေးအဝန်းအဝိုင်းတွေကွဲထွက်ကုန်ပြီး သန်းနဲ့ချီတဲ့လူတွေဟာ အနန္တတန်ခိုးရှင်ဘုရားသခင်ကို ကိုးကွယ်လာကြတယ်။ ဒီဖြစ်ရပ်ဟာ တရုတ်ပြည်အပေါ်ရိုက်ခတ်မှုရှိပြီး လူ့အဖွဲ့အစည်းအတွင်း မငြိမ်မသက်ဖြစ်လာတယ်။ ခင်ဗျားတို့တွေက တိုင်းပြည်ငြိမ်ဝပ်ပိပြားရေးကို ခြိမ်းခြောက်နေတာပဲ။ ဒါကြောင့် အစိုးရက အနန္တတန်ခိုးရှင်ဘုရားသခင်အသင်းတော်ကို အစွန်းရောက်ဝါဒအဖြစ်ကြေညာပြီး၊ နှိမ်နင်းတာပဲ။ ခင်ဗျားတို့အားလုံး အလိမ်ခံရပြီး လမ်းလွဲနေကြပြီ။ ခင်ဗျားတို့ မြန်မြန်နောင်တရပြီး၊ အနန္တတန်ခိုးရှင်ဘုရားသခင်အသင်းတော်ကို စွန့်ခွာပြီး၊ ကိုယ်ပိုင်မူသုံးရပ်သုံး အသင်းတော်ရဲ့ အသင်းသားအဖြစ် ခံယူပါ။ ဒါဆိုရင်တော့ ရာဇဝတ်မှုမမြောက်တော့ဘူး။
နောက်တစ်ခုသို့- မေ ၂၈ ရက် ရှန်တုန်းမှာ ဖြစ်ခဲ့တဲ့ ကျောင်းယွမ်အမှုကို ရှင်းစမ်းပါဦး။ ဘာပဲဖြစ်ဖြစ် ရုံးတံခါးဖွင့် စစ်ဆေးခဲ့တာပဲလေ။ ကျောင်းယွမ်အမှုပြီးတော့ အိမ်တွင်း အသင်းတော်တွေကို အစိုးရက ဝင်စီးခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ကို ဖြိုခွင်းဖို့ ရဲအင်အားကို သုံးခဲ့တယ်။ အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းသားတွေကို သဲသဲမဲမဲ ရှာဖွေဖမ်းဆီးတယ်။ ရှန်တုန်းမှာဖြစ်ခဲ့တဲ့အမှုကို လူတွေက မှားတယ်လို့ ယုံကြည်ကြပြီး၊ သံသယဖြစ်ကြတယ်ဆိုပေမဲ့ လူထုထောက်ခံမှုရအောင် လုပ်ဇာတ်ခင်းပြီး၊ အနန္တတန်ခိုးရှင်ဘုရားသခင်အသင်းတော်ကို ဖြိုခွဲခဲ့ကြတယ်။ အချက်အလက်တွေက မှားမှားမှန်မှန် တရုတ်မီဒီယာတွေက ဝိုင်းတင်ကြတယ်။ အဲဒါက ကမ္ဘာပေါ်က တခြားနိုင်ငံတွေအပေါ် သက်ရောက်မှုရှိသွားတယ်။ ကျောင်းယွမ်အမှုကို မင်းတို့ ဘယ်လိုပဲ လက်မခံသည်ဖြစ်စေ၊ လူတွေအများကြီးက ကွန်မြူနစ်ပါတီကို ယုံနေကြတုန်းပဲ။ ဒီတော့ ရှန်တုန်းမှာဖြစ်ခဲ့တဲ့အမှုနဲ့ပတ်သက်ပြီး မင်း ဘယ်လိုထင်လဲ။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၃။ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နောက်ဆုံးသော ကာလအမှုတော်ကို ကျွန်ုပ်တို့ လက်ခံပါက၊ ထာဝရအသက်လမ်းခရီးကို ကျွန်ုပ်တို့ ရရှိဖို့အလို့ငှာ မည်သည့်အရာကိုသာ ကျွန်ုပ်တို့ လိုက်စားသင့်သနည်း။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-နောက်ဆုံးသောကာလ ခရစ်တော်သည် လူသားကို သွန်သင်ရန်၊ လူသား၏အနှစ်သာရကို ဖော်ထုတ်ရန်နှင့် လူသား၏...

၃။ လူတို့၏ အသက်တာများသည် လျှပ်တစ်ပြက်၊ နှစ်အနည်းငယ်အတွင်း ကုန်လွန်သွားသည်။ ပြန်ကြည့်လျက်၊ ၎င်းတို့သည် ၎င်းတို့၏ အသက်တာများကို ပြန်လည်သတိရမိကြသည်- ကျောင်းသွားရင်း၊ အလုပ်လုပ်ရင်း၊ အိမ်ထောင်ပြုရင်း၊ သားသမီးများရှိရင်း၊ သေခြင်းကို စောင့်ဆိုင်းရင်း၊ ၎င်းတို့၏ အသက်တာများတစ်ခုလုံးသည် လူသား တည်ရှိမှု၏ မှန်ကန်သော ဦးတည်ချက်နှင့် ရည်မှန်းချက်များ လုံးဝ ကင်းမဲ့ပြီး ရှင်သန်ခြင်းတွင် မည်သည့် တန်ဖိုး သို့မဟုတ် အဓိပ္ပါယ်မျှ မရှာတွေ့နိုင်ဘဲလျက်၊ မိသားစု၊ ငွေကြေး၊ အဆင့်အတန်း၊ အခွင့်အလမ်းနှင့် သိက္ခာတရားအတွက် မအားမလပ် ဟိုဟိုသည်သည် ပြေးလွှားရင်း ကုန်လွန်ခဲ့ကြသည်။ ထို့ကြောင့် လူတို့သည် မျိုးဆက် တစ်ဆက်ပြီးတစ်ဆက် ဤ နာကျင်စရာဖြစ်ပြီး အနှစ်မဲ့သည့် နည်းလမ်းဖြင့် အသက်ရှင်ကြလေသည်။ လူတို့၏ အသက်တာများသည် အဘယ်ကြောင့် အလွန် နာကျင်ဖွယ်ဖြစ်ပြီး အနှစ်မဲ့ပါသနည်း။ ပြီးလျှင် လူသား တည်ရှိခြင်း၏ နာကျင်မှုနှင့် အနှစ်မဲ့ခြင်းတို့ကို မည်သို့ ဖြေရှင်းနိုင်သနည်း။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-လူသားတို့ ကြံ့ကြံ့ခံကြရသည့် မွေးဖွားခြင်း၊ သေဆုံးခြင်း၊ ဖျားနာခြင်းနှင့် အိုမင်းသောအသက်အရွယ်တို့မှ...

Leave a Reply

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။