၄။ ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံယူသည့် ဘုရားသခင်၏ကယ်တင်မှုကို ပို၍လိုအပ်သည်
ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-ဘုရားသခင်၏ဝိညာဉ်တော်ကို လူသားက ထိတွေ့နိုင်ခြင်း၊ မြင်နိုင်ခြင်း မရှိသကဲ့သို့၊ လူသားသည်...
ဘုရား၏ ပေါ်ထွန်းခြင်းကို တောင့်တသည့် ရှာဖွေသူများအားလုံးကို ကျွန်ုပ်တို့ကြိုဆိုပါသည်။
အဖြေ- ကွန်မြူနစ်ပါတီက ဘယ်လိုအချက်တွေအပေါ်မူတည်ပြီး အစွန်းရောက်ဝါဒီအဖြစ်သတ်မှတ်တယ်ဆိုတာကို ခင်ဗျားတို့ရှင်းပြခဲ့တယ်။ ဒါပေမဲ့ အစိုးရက ဒီလိုရှုတ်ချတာ တော်တော်အဓိပ္ပာယ်မရှိဘူးလို့ ခံစားရတယ်။ အဆုံးမှာတော့ ဖြောင့်မတ်မှုနဲ့ ဆိုးယုတ်မှုဆိုတာကို အမှန်တရားနဲ့ညီလား မညီလား၊ ဘုရားသခင်ရဲ့နှုတ်ကပတ်တော်အတိုင်း လိုက်လျှောက်လား မလျှောက်လားဆိုတာနဲ့ပဲ ဆုံးဖြတ်ရမှာ။ ပထမဆုံး ကျွန်တော်တို့ အားလုံးသိသင့်တာက အရာခပ်သိမ်းကိုဖန်ဆင်းခဲ့တဲ့ တစ်ဆူတည်းသော ဘုရားသခင်ကသာလျှင် အမှန်တရားဖြစ်တယ်ဆိုတာပဲ။ ဘုရားသခင်က အကြီးမြတ်ဆုံးဖြစ်ပြီး ကျွန်တော်တို့အားလုံး သူ့ကိုကိုးကွယ်ရမယ် ဆိုရိုးစကားတွေရှိပါတယ်။ "မင်းကိုစောင့်ကြည့်ပေးနေတဲ့ ဝိညာဉ်ရှိတယ်" တို့၊ "လူသားတွေလုပ်သမျှ ကောင်းကင်ဘုံက စောင့်ကြည့်တယ်" တို့၊ "ကောင်းကင်ဘုံရဲ့ဆန္ဒကို မလွန်ဆန်နိုင်ဘူး" တို့၊ "တရားဖြောင့်မတ်မှုဆိုတာ လူ့နှလုံးသားကလာတာပါ" တို့၊ "ကောင်းတာလုပ်ရင် ကောင်းတာဖြစ်မယ်၊ မကောင်းတာလုပ်ရင် မကောင်းတာဖြစ်မယ်" တို့၊ "ကောင်းကင်ဘုံရဲ့အမျက်ဒေါသကို ဘယ်လိုဆုတောင်းမျိုးနဲ့မှ မဖြေနိုင်ဘူး" တို့ အဲဒီဆိုရိုးတွေအားလုံးက ဘုရားသခင်ဟာ အရာခပ်သိမ်းအစိုးရပြီး အားလုံးကိုစောင့်ကြည့်နေတယ်လို့ သက်သေပြနေတာပဲ။ ဘုရားသခင်က အမှန်တရား ဖြစ်ပြီး၊ ကောင်းတဲ့အရာမှန်သမျှ ဘုရားသခင် ဆီကလာတယ်။ လူ့အဖွဲ့အစည်းအတွင်းက ဥပဒေနဲ့ ကိုယ်ကျင့်စံနှုန်းတွေအားလုံးဟာ ဘုရားသခင်ရဲ့ အမှုတော်နဲ့ နှုတ်ကပတ်တော်ဆီက လာတယ်။ ဖန်ဆင်းခြင်းအချိန်ကစလို့ ဘုရားသခင်ဟာ အမှန်တရားကိုဖော်ပြပြီး လူသားတွေကို လမ်းပြခဲ့ ရွေးနုတ်ခဲ့ ကယ်တင်ခဲ့တယ်။ ဒါကြောင့် ဘုရားသခင်ဟာ လူသားတွေအတွက် ကြီးမြတ်တဲ့ ကယ်တင်ရှင်ဖြစ်တယ်။ ကျွန်တော်တို့ရဲ့ ဘုရားသခင်အပေါ် ယုံကြည်မှု အပ်နှံမှု လိုက်နာ ကိုးစားမှုတွေ အားလုံးဟာ ကောင်းတဲ့အရာတွေ ဖြစ်ပြီး၊ ကျွန်တော်တို့ရဲ့မှန်ကန်တဲ့ လမ်းကြောင်းကို ဘုရားသခင်ကောင်းချီးပေးတယ်။ တခြား တစ်ဖက်မှာတော့၊ဆိုးယုတ်တဲ့အရာမှန်သမျှဟာ စာတန်ဆီက လာတယ်။ ဘုရားသခင်ကို ငြင်းဆန်တာ၊ ပုန်ကန်တာ၊ ရန်လိုတာတွေ အားလုံးဟာ ဆိုးယုတ်တဲ့ အမှုအရာတွေပဲ။ ကဲ ဒီတော့ အစွန်းရောက်ဝါဒဆိုတာဘာလဲ။ ဘုရားသခင်ကို ဆန့်ကျင်တဲ့အရာမှန်သမျှ၊ ဘုရားသခင်ဖော်ပြတဲ့ အမှန်တရား တွေကို ဆန့်ကျင်တာမှန်သမျှ၊ ဘုရားသခင်ရဲ့ အမှုတော်တွေကို ငြင်းဆန်တာ ပုန်ကန်တာ ကျိန်ဆဲတာမှန်သမျှ၊ လူသားတွေကို ဘုရားသခင်နဲ့ဝေးရာကိုဆွဲခေါ်ပြီး အမှောင်ထု ထဲမှာ နစ်မွန်းစေတာမှန်သမျှ၊ ဆိုးယုတ်တဲ့အမှုအရာတွေမှာ ကျင်လည်ရင်း ကိုယ်တိုင်ဆိုးယုတ်လာပြီး ဘုရားသခင်ရဲ့ အမျက်တော်ကို ခံယူရမှာပဲ။ ဒီလိုဆိုးယုတ်မှုမျိုးကို အစွန်းရောက်ဝါဒလို့ခေါ်တယ်။ တရုတ်ကွန်မြူနစ်ပါတီ အာဏာရလာတဲ့အချိန်ကစပြီး ကျွန်တော်တို့တရုတ်တွေကို လှည့်စားပြီးဖျက်ဆီးဖို့ ဘာသာမဲ့ဝါဒနဲ့ ဆင့်ကဲဖြစ်စဉ်အကြောင်း ဖြန့်ဝေရင်း၊ ကျွန်တော်တို့ ဘုရားသခင်ကို ငြင်းဆန်လာအောင်၊ ပုန်ကန်လာအောင်၊ သစ္စာဖောက်လာအောင် လုပ်ကြတယ်။ ဒါကြောင့် ဘုရားသခင်ရဲ့စိတ်သဘောထားကို ပုန်ကန်ပြစ်မှားပြီး ဘုရားသခင်ရဲ့ကျိန်ဆဲခြင်းကို ခံရတယ်။ ဘုရားသခင်ကို ခုခံတာကြောင့် တရုတ်ကွန်မြူနစ်ပါတီဟာ ကပ်ဆိုက်စေခဲ့ပြီ။ ပြည်သူလူထုဟာ အမြဲတမ်းပဲ နာကျင်ခံစားကြရပြီး၊ နိုင်ငံခြားကို ထွက်ပြေးသူတွေ အများကြီးပါပဲ။ တရုတ်ကွန်မြူနစ်ပါတီက ဘုရားသခင်ကိုမုန်းပြီး၊ ဆန့်ကျင်နေတာ အခုဆို နှစ်တော်တော်ကြာပြီ။ ကျွန်တော်တို့ တစ်သက်လုံးမတိုင်းတာ နိုင်လောက်အောင်များတဲ့ ဆိုးယုတ်မှုတွေကိုလည်း ကျူးလွန်ခဲ့ ပြီးပြီ။ တရုတ်ကွန်မြူနစ်ပါတီကမှ အစွန်းရောက်ဝါဒီအစစ်ပဲ ခရစ်ယာန်အသင်းတော်တွေက အစွန်းရောက်ဝါဒီ ပါလို့ ပြောတာဟာ တရုတ်ကွန်မြူနစ်ပါတီက အမှန်တရားကို ဖျက်ဆီးတာပဲ။
အစွန်းရောက်ဝါဒအဖြစ်သတ်မှတ်ဖို့ အခြေခံအချက် အဖြစ် သုံးတဲ့ စည်းမျဉ်းတွေကို လေးလေးနက်နက် စဉ်းစားဖို့လိုပါတယ်။ နှစ်ထောင် ပေါင်းများစွာ စာတန်ဟာ လူသားမျိုးနွယ်ကို ဖျက်ဆီးဖို့အတွက် မိစ္ဆာဒိဋ္ဌိနဲ့ လွဲမှားတဲ့အယူဝါဒတွေ ဖြန့်ပြီး လူသားတွေ ဘုရားသခင်ကို ငြင်းဆန်လာအောင်၊ ပုန်ကန်လာအောင်၊ သစ္စာဖောက်လာအောင် လုပ်ခဲ့တယ်။ ဒါကြောင့် ကျွန်မတို့လောကကြီးဟာ ပိုပြီး၊ မှောင်မိုက်ဆိုးယုတ်လာပြီး ပရမ်းပတာဖြစ်လာတယ်။ ကွန်မြူနစ်ပါတီက အာဏာရလာကတည်းက ဘာသာမဲ့ဝါဒနဲ့ ဆင့်ကဲဖြစ်စဉ်အကြောင်းကို ဟောကြားခဲ့တယ်။ "ဒီလောကမှာ ဘုရားသခင်မရှိဘူး၊ ကယ်တင်ရှင်မရှိဘူး" တို့၊ "ကောင်းကင်နဲ့မြေကြီးတခွင်မှာ ငါသာလျှင် ငါ့ဘုရား" တို့၊ "လူသားဟာ သဘာဝတရားကိုအနိုင်ယူပြီး၊ ကောင်းကင်နဲ့မြေကြီးကို တိုက်ပွဲဝင်နိုင်တယ်" တို့၊ "ကိုယ့်ကြမ္မာကိုယ်ဖန်တီးပါ" တို့လို ဆိုရိုးတွေ၊ "လူတိုင်းက ကိုယ့်အတွက်ကိုယ်ကြည့်ကြတာပဲ" တို့၊ "ငွေကြောင့် ကမ္ဘာကြီးလည်တယ်" တို့လို ဆိုရိုးတွေကြောင့် တရုတ် လူမျိုးတွေ ပျက်စီးပြီး၊ ပိုပြီးမောက်မာလာတယ်၊ စိတ်ကြီးဝင်ကြတယ်၊ အတ္တကြီးလာတယ်၊ လောဘကြီးပြီး ဆိုးသွမ်းလာကြတယ်။ လူတွေရဲ့အသိစိတ်နဲ့ လူ့သဘာဝ ဆိုတာ ပျောက်ကွယ်သွားပြီ။ လူတွေဟာ နတ်ဆိုးတွေလိုပဲ သူတို့မလုပ်တဲ့မကောင်းမှုမရှိဘူး လူသတ်မှုတောင် ကျူးလွန်ကြတယ်။ အဆင်းနီသောနဂါးကြီးရှိတဲ့ပြည်၊ ကမ္ဘာပေါ်မှာအဆိုးဆုံးနေရာဖြစ်တဲ့ တရုတ်ပြည်ကြီးမှာ ဘုရားသခင်က ပေါ်ထွန်းခဲ့ပြီး၊ သမ္မာတရားကို ဖော်ပြပြီးခဲ့ပြီ။ လူသားမျိုးနွယ်ကို သန့်စင်စေပြီး ကယ်တင်ဖို့၊ စာတန်ရဲ့ အမှောင်ထုထဲကနေ ရွေးနုတ်ဖို့၊ ဘုရားသခင်ကို ရွေးချယ်ဖို့၊ အလင်းရောင်ကို ရွေးချယ်ဖို့ပဲ။ ဒါတွေက တကယ်ကို ကောင်းမွန်တဲ့အရာတွေပဲ။ ဒါပေမဲ့ ဒီအရာတွေဟာ ကျိန်ဆဲခံရတယ်၊ ဖိနှိပ်ခံရတယ်၊ နှိမ်နင်းခံရတယ်။ အဲဒီလိုလုပ်ခြင်းအားဖြင့် တရုတ် ကွန်မြူနစ်ပါတီဟာ ကောင်းကင်ဘုံကို ဆန့်ကျင်နေတာ မဟုတ်ဘူးလား။ ဘုရားသခင်ကိုယုံကြည်ခြင်းဟာ မှန်ကန်တယ်လို့ အသိစိတ်ရှိတဲ့လူတွေက လက်ခံကြတယ်။ ဘုရားသခင်ရဲ့အမှုတော်နဲ့ ဘုရားသခင်ရဲ့ အမှန်တရားက သာလျှင် လူသားမျိုးနွယ်ကို ကယ်တင်နိုင်တယ်လို့ လက်ခံကြတယ်။ ဒါကြောင့် တစ်ခုတည်းသော မှန်သောလမ်းဆိုတာ သမ္မာတရားကိုဖော်ပြပြီး လူတွေကို ကယ်တင်တဲ့ သူပဲဖြစ်တယ်။ လူသားတွေကို လိမ်လည်လှည့်ဖြားပြီး၊ ပျက်စီးအောင်လုပ် အမှောင်ထုထဲက လမ်းကိုလျှောက်အောင် လုပ်တဲ့အရာမှန်သမျှဟာ ဆိုးယုတ်တဲ့ အစွန်းရောက်ဝါဒပဲ။ ဒါတွေဟာ မှန်ကန်တဲ့လမ်းနဲ့ အစွန်းရောက်ဝါဒကို ခွဲခြားပေးတဲ့ အရာတွေပဲ။ ဘုရားသခင်ရဲ့အမှုတော်နဲ့ သမ္မာတရားကို လက်ခံတဲ့အသင်းတော်ကို အစွန်းရောက်ဝါဒီပါလို့ တံဆိပ်ကပ်လိုက်ရင်၊ ဒါဟာ အမှန်တရားကို ပုံဖျက်လိုက်တာပဲ။ လက်ခံနိုင်စရာအကြောင်းမရှိဘူး။ ဘုရားသခင်ကသာ လမ်းခရီးဖြစ်တယ်၊ သမ္မာတရားလည်း ဖြစ်တယ်၊ အသက်လည်းဖြစ်တယ်။ ဘုရားသခင်ရဲ့ ပေါ်ထွန်းခြင်းနဲ့ အမှုတော်ကသာ လူတွေအတွက် သမ္မာတရားနဲ့ အလင်းကို ဆောင်ကြဉ်းပေးနိုင်တယ်။ လူသားတွေကို အပြစ်နဲ့ စာတန်ရဲ့လွှမ်းမိုးမှုကနေ ရွေးနုတ်ပြီး ခမ်းနားတဲ့ခရီးပန်းတိုင်ကို ပေးစွမ်းနိုင်တယ်။ ဘုရားသခင် နောက်ကိုလိုက်လျှောက်နေတဲ့ အသင်းတော်ကို အစွန်းရောက် ဝါဒပါလို့ တံဆိပ်ကပ် တာလောက် ဆိုးယုတ်တဲ့အမှုမရှိဘူး။ အဲဒီလိုကိစ္စမျိုးကို ကွန်မြူနစ်ပါတီကပဲ လုပ်တာပဲ ဘုရားသခင်ပြုသမျှ အမှုတော်ရဲ့ အဆင့်တိုင်းက လူသားမျိုးနွယ်ကို ကယ်တင်ဖို့ပဲ။ ကျေးဇူးတော်ခေတ် မှာတုန်းက ဘုရားသခင်က သခင်ယေရှုအဖြစ် ပထမဆုံးအကြိမ် လူ့ဇာတိခံယူခဲ့တယ်။ အပြင်ပန်း သဏ္ဍာန်ကတော့ လူသာမန်ပဲ။ ဒါပေမဲ့ လူသားမျိုးနွယ်ကို ကယ်တင်ဖို့အတွက် သမ္မာတရားကို ဖော်ပြခဲ့တယ်။ သူ့ကိုယ်သူစတေးပြီး လူသားတွေကို အပြစ်ကနေ ကယ်နုတ်ခဲ့တယ်။ ငရဲသွားမယ့်လမ်းကနေ ရွေးနုတ်ခဲ့တယ်။ ဘုရားသခင်ရဲ့ကျေးဇူးတော်နဲ့ ကောင်းချီးမင်္ဂလာကို ခံစားနိုင်ခွင့် ပေးခဲ့တယ်။ အဲဒီအချိန်တုန်းက ယုဒဘာသာဝင် တွေက အုပ်ချုပ်သူတွေနဲ့ပေါင်းပြီး သခင်ယေရှုကို ကွပ်မျက်ဖို့ကြိုးပမ်းခဲ့တယ်။ လက်ဝါးကပ်တိုင်မှာ ကားစင်တင်ခဲ့တယ်။ အဲဒီလိုလုပ်ခြင်း အားဖြင့် ဘုရားသခင်ရဲ့ အမှုတော်ကို ရပ်တန့်ပစ်နိုင်မယ်လို့ ယုံယုံကြည်ကြည်နဲ့ အကြံအောင်ပြီဆိုပြီး လုပ်ခဲ့ကြတာပဲ။ ဒါပေမဲ့ ဘာဖြစ်သွားလဲ သခင်ယေရှုဟောခဲ့တဲ့ တရားတွေက ဒီနေ့မှာ ကမ္ဘာတစ်ဝှမ်းလုံး ပျံ့သွားပြီ။ လူပေါင်းသန်းနဲ့ချီပြီး ဘုရားသခင်ရဲ့ကောင်းချီးမင်္ဂလာကို ခံစားနေကြပြီ။ သခင်ယေရှုဟာ ကယ်တင်ရှင် ခရစ်တော်ဖြစ်တယ် ဆိုတဲ့ အကြောင်းကို ဘာသာတရားတွေက အသိအမှတ်ပြု လာကြပြီ။ သခင်ယေရှုရဲ့ အမှုတော်ကြောင့် ပေါ်ထွန်းလာတဲ့ အသင်းတော်ဟာ သမ္မာလမ်းဖြစ်တယ်လို့ လက်ခံလာကြပြီ။ ဘာသာမဲ့ကွန်မြူနစ်ပါတီကသာ ခရစ်ယာန်အသင်းတော်တွေ ကို အစွန်းရောက်ဝါဒတွေလို့ ကျိန်ဆဲနေကြတာ၊ သမ္မာကျမ်းစာကို အစွန်းရောက်ဝါဒကျမ်းလို့ ရှုတ်ချနေကြတာ။ ဒါအမှန်တွေပဲ မဟုတ်ဘူးလား။ တရုတ်ကွန်မြူနစ်ပါတီက သခင်ယေရှုရဲ့ အမှုတော် ကိုကျိန်ဆဲပြီး၊ ခရစ်ယာန်ဘာသာကို အစွန်းရောက်ဝါဒလို့ တံဆိပ်ကပ်တာ အထူးအဆန်းတော့ မဟုတ်ပါဘူး။ တရုတ်ကွန်မြူနစ်ပါတီဆိုတာ သမ္မာတရားကိုရော ဘုရားသခင်ကိုပါမုန်းတဲ့ ဆိုးယုတ်တဲ့အစိုးရပဲ။ အထူးသဖြင့် ဘုရားသခင်ဖော်ပြပြီး အမှုတော်ပြုတဲ့ အချိန်မျိုးကို မုန်းတာပေါ့။ ဘာကြောင့်လဲဆိုတော့ စာတန်ဆီကလာတဲ့ သဘာဝကိုး။ နောက်ဆုံးသောကာလမှာ ဘုရားသခင်ဟာ အနန္တတန်ခိုးရှင်ဘုရားသခင်အဖြစ် ပြန်လည်ကြွချီလာပြီး၊ လူသားတွေကို သန့်စင်ရွေးနုတ်ဖို့အတွက် အမှန်တရားကို ဖော်ပြပြီး စီရင်လိမ့်မယ်။ အမှောင်နဲ့ ဆိုးယုတ်မှုတို့ရဲ့ခေတ်ကို အဆုံးသတ်ပြီး၊ လူသားတွေကို ဘုရားသခင်ရဲ့နိုင်ငံတော်ဆီကို သယ်ဆောင်ပေးလိမ့်မယ်။ ဘုရားသခင်ပေါ်ထွန်းပြီး အလုပ်လုပ် တယ်ဆိုတဲ့အချက်က အမှုတော်အဆင့်တိုင်းမှာ လူသားမျိုးနွယ်တိုးတက်လာအောင် လမ်းပြခဲ့တယ်ဆိုတာ ဘုရားသခင်ရဲ့ သမ္မာတရားအားလုံးဟာ လူသားမျိုးနွယ်ကို အလင်းဆီလမ်းပြခဲ့တယ်ဆိုတာကို သက်သေပြနေတာပဲ။ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်နဲ့ အမှုတော်သာမရှိရင်၊ လူသားမျိုးနွယ်ဟာ ဘာမှတိုးတက်လာမှာမဟုတ်ဘူး။ အပြစ်နွံထဲကိုပဲ နစ်သထက်နစ်သွားရတော့မယ်။ ဘုရားသခင်ရဲ့ အမှုတော်ကို အစွန်းရောက်ဝါဒတွေရဲ့ လုပ်ရပ်အဖြစ် သတ်မှတ်တဲ့သူတွေရှိနေရင်၊ ဒါ ဘယ်လိုပြဿနာလဲ။ ကျွန်တော်တို့ ပြန်စဉ်းစားပြီး အဖြေရှာရမယ့် ကိစ္စပဲ။ ဒီနေ့ခေတ်မှာ သမ္မာတရားကို ရှာဖွေလိုတဲ့ ဂိုဏ်းဂဏပေါင်းစုံက လူတွေဟာ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ဖတ်ကြည့်ပြီး ဒါဟာ ဘုရားသခင်ရဲ့စကားသံဖြစ်တယ်လို့ လက်ခံကြတယ်။ အနန္တတန်ခိုးရှင်ဘုရားသခင်ဟာ နောက်ဆုံးသောကာလရဲ့ ကယ်တင်ရှင်ပဲ။ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော် ဟာ သမ္မာတရားဖြစ်တယ်။ လူပေါင်းများစွာ သက်သေခံပြီး ဖြန့်ဝေကြပြီးပြီ။ ကွန်မြူနစ်ပါတီက ဘာဖြစ်လို့ ဘုရားသခင်ရဲ့ အမှုတော်နဲ့အသင်းတော်ကို ဖိနှိပ်ဖို့ အစွမ်းကုန်ကြိုးစားနေတာလဲ။ ဘာဖြစ်လို့များ ဘုရားသခင်ရဲ့ အမှုတော်ပိုပီပြင်လေ၊ သမ္မာနည်းလမ်း ပိုကျလေ၊ ကောင်းကျိုးပိုများလေ၊ ကွန်မြူနစ်ပါတီက တိုက်ခိုက်ပြီး ကျိန်ဆဲဖိနှိပ်လေ ဖြစ်နေရတာလဲ။ ဒါ ကောင်းကင်ဘုံကို ဆန့်ကျင်တာပဲမဟုတ်ဘူးလား။ အခု ကျွန်တော်တို့အားလုံး ရှင်းရှင်းလင်းလင်းသိနိုင်တာက အမှန်တရားကို မုန်းတီးပြီး၊ ဘုရားသခင်ကို ဆန့်ကျင်တဲ့ ဘယ်လိုအဖွဲ့အစည်းမျိုးမဆိုကမှ တကယ့်အစွန်းရောက်ဝါဒအစစ်ဆိုတာပါပဲ။လူသားမျိုးနွယ်ကို လိမ်လည်ဖြားယောင်းပြီး၊ ဖျက်ဆီးဖို့ ကောလဟာလတွေ အလိမ်တွေကို ဖန်တီးပြောဆိုတဲ့အရာတွေကမှ အစွန်းရောက်ဝါဒတွေပါ။ ခရစ်ယာန်အသင်းတော်ကို ဖိနှိပ်ပြီးကျိန်ဆဲတဲ့ ခရစ်တော်ကို ရန်လိုတဲ့အရာတွေကမှ အစွန်းရောက်ဝါဒတွေပါ။ ခရစ်တော်ကို ငြင်းဆန်ပြီး အမှန်တရားကိုငြင်းဆန်ပြီး၊ အမှန်တရားကို ဆန့်ကျင်ပြီး၊ ဒါမှမဟုတ် ခရစ်တော်ကို ရန်လိုတဲ့ အရာတွေကမှ အစွန်းရောက်ဝါဒတွေပါ။ ကွန်မြူနစ်ပါတီကမှ ဘုရားသခင်ကို အငြင်းဆန်ဆုံး၊ အပုန်ကန်ဆုံး အမှန်တရားကို အမုန်းဆုံးနဲ့ ခရစ်တော်ကို အမုန်းဆုံးပဲ ဒါကြောင့်မို့ ကွန်မြူနစ်ပါတီဟာ တကယ့်ကို ဆိုးယုတ်တဲ့ အစွန်းရောက်ဝါဒီတွေဖြစ်ပါတယ်။
ကွန်မြူနစ်ဝါဒ၏ မုသားများ ၏ ရုပ်ရှင် ဇာတ်ညွှန်း မှ
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။
ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-ဘုရားသခင်၏ဝိညာဉ်တော်ကို လူသားက ထိတွေ့နိုင်ခြင်း၊ မြင်နိုင်ခြင်း မရှိသကဲ့သို့၊ လူသားသည်...
ကိုးကားရန် သမ္မာကျမ်းပိုဒ်များ-“ထိုကြောင့် သင်တို့သည် ပြင်ဆင်လျက်နေကြလော့။ အကြောင်းမူကား၊ သင်တို့မထင်မှတ်သောအချိန် ၌ လူသားသည်...
ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-တရားစီရင်ခြင်းအမှုသည် ဘုရားသခင်ကိုယ်တိုင်၏အမှု ဖြစ်၏။ ထို့ကြောင့် ယင်းအား ဘုရားသခင်ကိုယ်တော်တိုင်...
ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-နောက်ဆုံးသောကာလ ခရစ်တော်သည် လူသားကို သွန်သင်ရန်၊ လူသား၏အနှစ်သာရကို ဖော်ထုတ်ရန်နှင့် လူသား၏...