ယခုအခါ သခင်ယေရှုကို ယုံကြည်သူများစွာသည် ကွဲပြားခြားနားသည်။ ခရစ်ယာန်ဘာသာတစ်ခုတည်းကို ထောင်ပေါင်းများစွာသော အုပ်စုများခွဲခြားထားသည်။ ကျွန်ုပ်နားမလည်ပါ။ လူအားလုံးတို့သည် သခင်ယေရှုကိုယုံကြည်ပြီး သမ္မာကျမ်းစာတစ်အုပ်တည်းကို ဖတ်ရှုပြီး ၎င်းတို့သည် အဘယ်ကြောင့် ဤမျှများပြားသော အုပ်စုခွဲခြင်းများကို ခွဲခြားထားရသနည်း။

18.05.2021

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

သမ္မာကျမ်းစာ ရှိသည့် အချိန်မှ စ၍၊ သခင့်အပေါ် လူတို့၏ ယုံကြည်မှုသည် သမ္မာကျမ်းစာအား ယုံကြည်မှုပင် ဖြစ်ခဲ့သည်။ လူများသည် သခင်ကို ယုံကြည်ကြသည်ဟု ပြောမည့်အစား၊ သူတို့သည် သမ္မာကျမ်းစာကို ယုံကြည်ကြသည်ဟု ပြောလျှင် ပိုကောင်းသည်။ သူတို့သည် သမ္မာကျမ်းစာကို စတင် ဖတ်ရှုနေကြပြီဟု ပြောမည့်အစား၊ သူတို့သည် သမ္မာကျမ်းစာကို စတင်ယုံကြည်နေကြပြီဟု ပြောလျှင် ပိုကောင်း မည်ဖြစ်ပြီး၊ သူတို့သည် သခင့်ရှေ့မှောက် ပြန်လာခဲ့ကြပြီဟု ပြောမည့်အစား သူတို့သည် သမ္မာကျမ်းစာရှေ့မှောက် ပြန်လာခဲ့ကြပြီဟု ပြောလျှင် ပိုကောင်းလိမ့်မည်။ ဤနည်းဖြင့်၊ လူတို့သည် သမ္မာကျမ်းစာကို ဘုရားသခင်သဖွယ်၊ ၎င်းသည် သူတို့၏ အသက်သွေးကြောသဖွယ် ကိုးကွယ်ကြပြီး၊ သမ္မာကျမ်းစာကို ဆုံးရှုံးခြင်းသည် သူတို့၏ အသက်ကို ဆုံးရှုံးရခြင်းနှင့် တူညီလေသည်။ လူများသည် သမ္မာကျမ်းစာကို ဘုရားသခင်ကဲ့သို့ပင် မြင့်မြတ်သည်ဟု မြင်ပြီး၊ ဘုရားသခင်ထက်ကိုပင် ပိုမြင့်မြတ်သည် ဟု မြင်သူများပင် ရှိကြသည်။ လူများသည် သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်မှုမပါဘဲ၊ သူတို့သည် ဘုရားသခင်ကို မခံစားနိုင်ကြဘဲ၊ ဆက်ပြီး အသက်ရှင် နေထိုင်နိုင်ကြသည်— သို့သော် သူတို့သည် သမ္မာကျမ်းစာ ပျောက်သွားပါက၊ သို့မဟုတ် သမ္မာကျမ်းစာထဲမှ နာမည်ကြီး အခန်းကြီးများနှင့်၊ ပြောဆိုချက်များ ပျောက်သွားပါက၊ သူတို့၏ အသက်များကို ဆုံးရှုံးသွားသည့်အလား ဖြစ်သည်။ သို့ဖြစ်၍၊ လူတို့က သခင်ကို ယုံကြည်သည်နှင့် တစ်ပြိုင်နက် သမ္မာကျမ်းစာကို စတင်ဖတ်ကြားပြီး၊ သမ္မာကျမ်းစာကို အာဂုံဆောင်ကြသည်၊ ပြီးလျှင် သမ္မာကျမ်းစာကို အာဂုံဆောင်လာနိုင်လေလေ၊ သူတို့သည် သခင်ကို ချစ်ကြကြောင်းနှင့် ဧရာမယုံကြည်သူများ ဖြစ်ကြကြောင်း သက်သေပြနိုင်လေလေ ဖြစ်သည်။ သမ္မာကျမ်းစာကို ဖတ်ကြားလျက် အခြားသူတို့အား သမ္မာကျမ်းစာကို ပြောပြပေးနိုင်သူအားလုံးတို့သည် သူကောင်း ညီအစ်ကိုမောင်နှမများ ဖြစ်သည်။ ဤနှစ်များအားလုံးအတွင်း၊ လူတို့၏ သခင်အပေါ် ယုံကြည်မှုနှင့် သစ္စာရှိမှုကို သူတို့ သမ္မာကျမ်းစာကို သိရှိ နားလည်မှု ပမာဏဖြင့် တိုင်းတာခဲ့ကြသည်။ လူအများစုက သူတို့ မည်သည့် အတွက်ကြောင့် ဘုရားသခင်အား ယုံကြည်သင့်သည်ကို လည်းကောင်း၊ ဘုရားသခင်အား မည်သို့ ယုံကြည်ရမည်ကို လည်းကောင်း နားမလည်ကြဘဲ၊ သမ္မာကျမ်းစာ၏ အခန်းကြီးများကို အဓိပ္ပာယ်ဖွင့်ပေးရန် သဲလွန်စများကို မမြင်မကန်း ရှာသည်မှ လွဲပြီး မည်သည့်အရာမျှ မလုပ်ကြပေ။ လူတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်၏ ဦးတည်ရာလမ်းကြောင်းကို မည်သည့်အခါကမျှ မလိုက်ခဲ့ကြပေ၊ ကာလတစ်လျှောက်လုံး၌ ထိုသူတို့သည် သမ္မာကျမ်းစာကို အသည်းအသန် လေ့လာစူးစမ်းမှု မှလွဲပြီး မည်သည့်အရာမျှ မပြုခဲ့ပေ၊ ထို့အပြင်၊ သမ္မာကျမ်းစာ ပြင်ပတွင် သန့်ရှင်းသော ဝိညာဉ်တော်၏ သာ၍သစ်သော လုပ်ဆောင်ချက်ကို မည်သူမျှ မည်သည့်အခါကမျှ ရှာမတွေ့ခဲ့ပေ၊ မည်သူမျှ သမ္မာကျမ်းစာမှ မသွေဖည်ခဲ့သလို၊ မည်သူမှ သမ္မာကျမ်းစာမှ သွေဖည်ဝံ့ခြင်းလည်း မရှိခဲ့ပေ။ လူတို့သည် ထိုနှစ်များအတွင်း သမ္မာကျမ်းစာကို လေ့လာခဲ့ကြသည်၊ သူတို့သည် ရှင်းလင်းချက် အမျိုးမျိုးကို စိတ်ကူးခဲ့ကြလျက် များစွာ ကြိုးစား အားထုတ်ခဲ့ကြသည်။ သမ္မာကျမ်းစာနှင့် ပတ်သက်၍ သဘောထား ကွဲလွဲချက်များလည်း အများအပြားရှိကြပြီး၊ ၎င်းတို့ကို မဆုံးနိုင်အောင် ငြင်းခုံနေကြသည်မှာ ယနေ့တွင် ဘာသာရေး ဂိုဏ်းဂဏပေါင်း နှစ်ထောင်ကျော်ပင် ဖွဲ့စည်းထူထောင် ထားခဲ့ပြီးသည်အထိ ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သမ္မာကျမ်းစာနှင့် ပတ်သက်၍ (၁)

ဂိုဏ်းဂဏတိုင်း၏ ခေါင်းဆောင်များကို ကြည့်လော့။ သူတို့အားလုံးသည် မာနထောင်လွှား၍ မိမိကိုယ်ကို မှန်ကန်သည်ဟု ယူမှတ်ကြသူများဖြစ်ပြီး သမ္မာကျမ်းစာကို လိုချင်သည့်စကားလုံးများသာ ကောက်ယူ၍ မိမိတို့ကိုယ်ပိုင် စိတ်ကူးနှင့်အညီ အနက်ဖွင့်ကြသည်။ သူတို့ အားလုံးသည် မိမိတို့၏အလုပ်ကို လုပ်ဆောင်ရန် ဆုကျေးဇူးများနှင့် စာပေကျမ်းဂန်နှံ့စပ်ခြင်းကို အားထားကြသည်။ အကယ်၍ သူတို့သည် မည်သည့်အရာကိုမျှ ဟောပြောခြင်းငှာ မတတ်စွမ်းနိုင်ခဲ့ပါက ထိုလူများသည် သူတို့နောက်သို့ လိုက်ခဲ့ကြလိမ့်မည်လော။ စင်စစ်မူကား သူတို့၌လည်း အသိပညာအချို့ ရှိထားကြပြီး အယူဝါဒတစ်ခုခုကို ဟောပြောနိုင်ကြသည်၊ သို့မဟုတ် သူတို့သည် အခြားသူများကို မည်ကဲ့သို့ သိမ်းသွင်းရမည်နှင့် လှည့်ဖြားမှုအချို့ကို မည်ကဲ့သို့ အသုံးပြုရမည်ကိုလည်း သိကြသည်။ ထိုအရာများကို အသုံးပြုလျက် သူတို့သည် လူများကို မိမိတို့၏ရှေ့မှောက်သို့ ခေါ်ဆောင်ကြပြီး၊ လှည့်ဖြားကြသည်။ အမည်ခံသဘောအရ ထိုလူများသည် ဘုရားသခင်ကို ယုံကြည်ကြသော်လည်း လက်တွေ့သဘောတွင်မူ သူတို့သည် သူတို့၏ခေါင်းဆောင်များနောက်သို့ လိုက်ကြသည်။ သူတို့သည် စစ်မှန်သော လမ်းခရီးကို ဟောပြောသောသူများနှင့် တွေ့ကြုံရလျှင် သူတို့ထဲမှ အချို့တို့သည် “ငါတို့၏ ယုံကြည်မှုနှင့် ပတ်သက်၍ ငါတို့၏ခေါင်းဆောင်နှင့် တိုင်ပင်ဆွေးနွေးရမည်” ဟု ဆိုကြသည်။ သူတို့၏ယုံကြည်ခြင်းသည် လူတစ်ယောက်၏ အတည်ပြုခြင်းကို လိုအပ်နေလေသည်၊ ဤသည်မှာ ပြဿနာတစ်ခုပင် မဟုတ်လော။ ဤသို့ဆိုလျှင် ထိုခေါင်းဆောင်များကကော အဘယ်အရာများ ဖြစ်လာကြသနည်း။ သူတို့သည် ဖာရိရှဲများ၊ သိုးထိန်း၏အယောင်ကို ဆောင်သောသူများ၊ အန္တိခရစ်များနှင့် စစ်မှန်သော လမ်းခရီးကို လူတို့လက်ခံရာ၌ တိုက်မိ၍ လဲစရာများ ဖြစ်လာကြသည် မဟုတ်လော။ ထိုကဲ့သို့သောသူတို့သည် ပေါလုနှင့် တစ်မျိုးတစ်စားတည်း ဖြစ်ကြ၏။ ဤသည်ကို အဘယ့်ကြောင့်ပြောသနည်း။ ပေါလု၏ ဩဝါဒစာစောင်များသည် နှစ်နှစ်ထောင်နီးပါး ကြာမြင့်ပြီ ဖြစ်ပြီး ကျေးဇူးတော်ခေတ်တစ်ခုလုံးတွင် နေရာတကာ ပျံ့နှံ့လျက်ရှိသည်။ လူများအားလုံးက ဆင်းရဲဒုက္ခခံစားခြင်း၊ မိမိ၏ခန္ဓာကိုယ်ကို ဆုံးမပဲ့ပြင်ခြင်းနှင့် နောက်ဆုံး ဖြောင့်မတ်ခြင်း သရဖူကို လက်ခံရရှိခြင်းတို့နှင့် သက်ဆိုင်သည့် စကားများဖြစ်သည့် သူ၏ ဤစကားလုံးများကို ဖတ်ရှုကြပြီး၊ စံနှုန်းအဖြစ် ခံယူကြသည်။… လူများက ပေါလု၏စကားများနှင့် အယူဝါဒများအတိုင်း ဘုရားသခင်ကို ယုံကြည်ကြသည်။ ဤသည်မှာ သွေဖည်ခြင်း မဟုတ်လော။ ကျေးဇူးတော်ခေတ်အတွင်းတွင် ဘုရားသခင်၏အလိုတော် မည်မျှကို လူများနားလည်နိုင်ခဲ့ကြသနည်း။ အမှန်တွင်မူ ထိုအချိန်က ယေရှုနောက်သို့ လိုက်ခဲ့ကြသူများသည် အနည်းစုသာ ဖြစ်ပြီး၊ သူ့ကို သိကြသူများသည် သာ၍ပင် နည်းပါးလေသည်- သူ၏တပည့်တော်များပင်လျှင် သူ့ကို အမှန်တကယ် မသိကြပေ။ တစ်စုံတစ်ဦးက သမ္မာကျမ်းစာတွင် အလင်းအနည်းငယ် တွေ့ပါက၊ ယင်းမှာ ဘုရားသခင်၏အလိုတော်ကို ကိုယ်စားပြုဖို့ မတွေးသင့်ပေ၊ ပြီးလျှင် ဉာဏ်အလင်းပွင့်ခြင်း အနည်းငယ်ကို ဘုရားသခင်၏ အသိပညာအဖြစ် သာ၍ သဘောမထားသင့်ပေ။ လူများသည် မာနထောင်လွှားပြီး မိမိကိုယ်ကိုယ် စိတ်ကြီးဝင်ကြသည်၊ ပြီးလျှင် ၎င်းတို့သည် ဘုရားသခင်ကို ၎င်းတို့၏စိတ်နှလုံးထဲတွင် မထားကြပေ။ အယူဝါဒဆိုင်ရာ နားလည်မှုအနည်းငယ်ဖြင့်၊ ၎င်းတို့သည် အခြားအရာတစ်ခုကို တသီးတခြားစီ လိုက်စားကြသည်၊ ယင်းက အသင်းတော်ဂိုဏ်းဂဏများစွာ ဖွဲ့စည်းခြင်းကို ဖြစ်စေသည်။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သမ္မာတရားအား ကြိုးစားလိုက်လျှောက်ခြင်းသည်သာ ဘုရားသခင်အား စစ်မှန်သောယုံကြည်ခြင်းဖြစ်သည်” မှ

အရှေ့သို့- ကောင်းကင်တမန်မင်းသည် ဘုရားသခင်ကို ပုန်ကန်ပြီး လူသားတို့၏ ဘိုးဘေးများကို အပြစ်ပြုရန် သွေးဆောင်ခဲ့ချိန် မှစ၍ လူသားများသည် ဆိုးယုတ်မှုနှင့် ယိုယွင်းဖောက်ပြန်မှုများဖြစ်လာပြီး ကမ္ဘာကြီးသည် အမှောင်ထုများနှင့် မှောင်မိုက်လာသည်။ ကျွန်ုပ်နားမလည်နိုင်တာက ဘုရားသခင်က အရာခပ်သိမ်းကိုတတ်စွမ်းသိနေတာ ကောင်းကင်တမန်မင်းက သူ့ကိုသစ္စာဖောက်လိမ့်မယ်ဆိုတာကို သိနေရက်နှင့် ဘာကြောင့်သူ့ကို ဖန်ဆင်းခဲ့တာလဲ၊ ကောင်းကင်တမန်မင်းက ဘုရားသခင်ကို ပုန်ကန်ပြီးတဲ့နောက် ကမ္ဘာမြေကြီးမှာ လူသားတွေကိုယိုယွင်းဖောက်ပြန်ဖို့ ဘုရားသခင်က ဘာကြောင့်ခွင့်ပြုခဲ့တာလဲ။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။