ကောင်းကင်တမန်မင်းသည် ဘုရားသခင်ကို ပုန်ကန်ပြီး လူသားတို့၏ ဘိုးဘေးများကို အပြစ်ပြုရန် သွေးဆောင်ခဲ့ချိန် မှစ၍ လူသားများသည် ဆိုးယုတ်မှုနှင့် ယိုယွင်းဖောက်ပြန်မှုများဖြစ်လာပြီး ကမ္ဘာကြီးသည် အမှောင်ထုများနှင့် မှောင်မိုက်လာသည်။ ကျွန်ုပ်နားမလည်နိုင်တာက ဘုရားသခင်က အရာခပ်သိမ်းကိုတတ်စွမ်းသိနေတာ ကောင်းကင်တမန်မင်းက သူ့ကိုသစ္စာဖောက်လိမ့်မယ်ဆိုတာကို သိနေရက်နှင့် ဘာကြောင့်သူ့ကို ဖန်ဆင်းခဲ့တာလဲ၊ ကောင်းကင်တမန်မင်းက ဘုရားသခင်ကို ပုန်ကန်ပြီးတဲ့နောက် ကမ္ဘာမြေကြီးမှာ လူသားတွေကိုယိုယွင်းဖောက်ပြန်ဖို့ ဘုရားသခင်က ဘာကြောင့်ခွင့်ပြုခဲ့တာလဲ။

18.05.2021

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

ပထမဦးစွာ ဘုရားသခင်သည် အာဒံနှင့် ဧဝကို ဖန်ဆင်းခဲ့ပြီး မြွေကိုလည်း ဖန်ဆင်းခဲ့သည်။ အရာခပ်သိမ်းထဲတွင် ဤမြွေသည် အဆိပ်အပြင်းဆုံး ဖြစ်ခဲ့သည်။ သူ၏ကိုယ်ခန္ဓာသည် အဆိပ်ပါရှိ၏၊ ယင်းကို စာတန်သည် ကောင်းကောင်း အသုံးချခဲ့သည်။ ဧဝကို အပြစ်သို့ စုံစမ်းသွေးဆောင်ခဲ့သည်မှာ မြွေဖြစ်သည်။ ဧဝက အပြစ်ပြုခဲ့ပြီးနောက် အာဒံသည် အပြစ်လုပ်ခဲ့ပြီး၊ ထို့နောက် ၎င်းတို့နှစ်ဦးသည် အကောင်းနှင့် အဆိုးကို ခွဲခြားနိုင်ခဲ့ကြသည်။ မြွေက ဧဝကို သွေးဆောင်မည်ဖြစ်ပြီး ဧဝက အာဒံကို သွေးဆောင်လိမ့်မည်ဟု ယေဟောဝါက သိခဲ့ပါက၊ သူသည် ၎င်းတို့အားလုံးကို ဥယျာဉ်တစ်ခုထဲမှာ အဘယ်ကြောင့် ထားခဲ့သနည်း။ သူသည် ဤအရာများကို ကြိုတင်သိမြင်နိုင်ခဲ့ပြီးဖြစ်ပါက၊ မြွေကို အဘယ်ကြောင့် ဖန်ဆင်းပြီး ဧဒင်ဥယျာဉ်အတွင်းတွင် ထားခဲ့သနည်း။ ဧဒင်ဥယျာဉ်သည် အဘယ်ကြောင့် ကောင်းမကောင်း သိကျွမ်းရာ အပင်၏ အသီး ပါရှိခဲ့ပါသနည်း။ အသီးကို စားစေဖို့ ၎င်းတို့အတွက် သူ ရည်ရွယ်ခဲ့ပြီးဖြစ်သလော။ ယေဟောဝါ ရောက်လာသည့်အခါတွင်၊ အာဒံဖြစ်စေ ဧဝဖြစ်စေ သူ့ကို ရင်မဆိုင်ဝံ့ခဲ့ပေ၊ ထိုအခါတွင်မှ ၎င်းတို့သည် ကောင်းမကောင်း သိကျွမ်းရာ အပင်၏ အသီးကို စားခဲ့ကြပြီးဖြစ်ကာ မြွေ၏လှည့်စားမှု၌ သားကောင် ဖြစ်သွားကြပြီး ဖြစ်သည်ကို ယေဟောဝါ သိခဲ့သည်။ အဆုံးတွင် ဘုရားသခင်သည် မြွေကိုကျိန်ဆဲခဲ့ပြီး၊ အာဒံနှင့် ဧဝကိုလည်း ကျိန်ဆဲခဲ့သည်။ ၎င်းတို့နှစ်ဦးက သစ်ပင်၏အသီးကို စားခဲ့သည့်အချိန်တွင်၊ ၎င်းတို့ ယင်းကို လုပ်ဆောင်နေခဲ့ကြသည်ကို ယေဟောဝါ သတိမပြုမိခဲ့ချေ။ လူသားမျိုးနွယ်သည် ဆိုးယုတ်ကာ ကာမဂုဏ်အာရုံ ဖောက်ပြားသည်အထိ၊ ဖောက်ပြန်ပျက်စီးလာခဲ့ကြသည်မှာ ၎င်းတို့နှလုံးသားများထဲတွင် သိုထားခဲ့ကြသည့် အရာရာတိုင်းက ဆိုးယုတ်ပြီး မဖြောင့်မတ်သည်အထိပင် ဖြစ်သွားခဲ့ကြသည်။ ယင်းမှာ ညစ်ညမ်းမှုချည်းသာ ဖြစ်သည်။ ထို့ကြောင့် ယေဟောဝါသည် လူသားမျိုးနွယ်အား ဖန်ဆင်းခြင်းကို နောင်တရခဲ့သည်။ ထို့နောက်တွင်၊ သူသည် နောဧနှင့် သူ၏ သားများ အသက်ရှင်ကျန်ခဲ့ကြသည့်၊ ကမ္ဘာလောကကို ရေလွှမ်းမိုးခြင်းဖြင့် ဖျက်ဆီးခြင်းနှင့်ဆိုင်သည့် သူ၏ အမှုကို ဆောင်ရွက်ခဲ့သည်။ အချို့အရာများသည် လူများ စိတ်ကူးကြသလောက် အမှန်တကယ် အဆင့်မြင့်ပြီး သဘာဝလွန် မဖြစ်ပေ။ အချို့က “ကောင်းကင်တမန်မင်းက သူ့ကို သစ္စာဖောက်မည်ကို သိရက်နှင့်များ ဘုရားသခင်သည် အဘယ်ကြောင့် ၎င်းအား ဖန်ဆင်းခဲ့သနည်း။” ဟုမေးကြသည်။ ဤအရာများသည် အမှန်တရားများ ဖြစ်သည်- ကမ္ဘာမြေကြီး မတည်ရှိမီတွင်၊ ကောင်းကင်တမန်မင်းသည် ကောင်းကင်ဘုံ၏ ကောင်းကင်တမန်များထဲမှ အကြီးမြတ်ဆုံး ဖြစ်ခဲ့သည်။ ၎င်းသည် ကောင်းကင်ဘုံရှိ ကောင်းကင်တမန် အားလုံးအပေါ် တရားစီရင်ပိုင်ခွင့် ရှိခဲ့သည်။ ဤအရာသည် ၎င်းကို ဘုရားသခင် ပေးခဲ့ပြီးဖြစ်သည့် ဩဇာအာဏာ ဖြစ်သည်။ ဘုရားသခင်မှလွဲ၍၊ ၎င်းသည် ကောင်းကင်ဘုံ၏ ကောင်းကင်တမန်များထဲမှ အကြီးမြတ်ဆုံး ဖြစ်သည်။ နောက်ပိုင်းတွင် ဘုရားသခင်သည် လူသားမျိုးနွယ်ကို ဖန်ဆင်းခဲ့ ပြီးသည့်နောက်၊ ကောင်းကင်တမန်မင်းသည် ကမ္ဘာပေါ်၌ ဘုရားသခင်ကို ဆန့်ကျင်လျက် သာ၍ပင် ကြီးမားသော သစ္စာဖောက်မှုကို ပြုခဲ့သည်။ ၎င်းသည် လူသားမျိုးနွယ်ကို စီမံခန့်ခွဲလိုပြီး ဘုရားသခင်၏ ဩဇာအာဏာထက် သာလွန်လိုခဲ့သောကြောင့်၊ ၎င်းက ဘရားသခင်ကို သစ္စာဖောက်ခဲ့သည်ဟု ငါ ပြောခြင်း ဖြစ်သည်။ ဧဝကို အပြစ်သို့ သွေးဆောင်ခဲ့သည်မှာ ကောင်းကင်တမန်မင်း ဖြစ်ပြီး၊ ၎င်းသည် ၎င်း၏နိုင်ငံကို ကမ္ဘာမြေပေါ် တည်ထောင်လိုပြီး လူသားများအား ဘုရားသခင်ကို ကျောခိုင်းကာ၊ ယင်းအစား ကောင်းကင်တမန်မင်းကို နာခံစေလိုသောကြောင့် ၎င်းက ထိုသို့ လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ များစွာသော အရာတို့က သူ့ကို နာခံနိုင်သည်ကို ကောင်းကင်တမန်မင်းက တွေ့မြင်ခဲ့သည်- ကမ္ဘာမြေပေါ်ရှိ လူတို့က နာခံနိုင်သကဲ့သို့၊ ကောင်းကင်တမန်များက နာခံနိုင်ပေသည်။ ငှက်များနှင့် သားရဲများ၊ သစ်ပင်များ၊ တောအုပ်များ၊ တောင်များ၊ မြစ်များနှင့် ကမ္ဘာပေါ်ရှိ အရာခပ်သိမ်းသည်- အာဒံနှင့် ဧဝတို့ဖြစ်သည့်- လူသား၏ စောင့်ရှောက်မှု အောက်တွင် ရှိသော်လည်း၊ အာဒံနှင့်ဧဝတို့က ကောင်းကင်တမန်မင်းကို နာခံခဲ့ကြသည်။ ထို့ကြောင့် ကောင်းကင်တမန်မင်းသည် ဘုရားသခင်၏ ဩဇာအာဏာကို သာလွန်ရန်နှင့် ဘုရားသခင်ကို သစ္စာဖောက်ရန် ဆန္ဒရှိခဲ့သည်။ ထို့နောက်တွင်၊ ၎င်းသည် ဘုရားသခင်ကို ပုန်ကန်ရာတွင် နောက်ပိုင်း၌ ဝိညာဉ်ဆိုး အမျိုးမျိုး ဖြစ်လာခဲ့ကြသည့် ကောင်းကင်တမန် အများအပြားကို ဦးဆောင်ခဲ့သည်။ ဤနေ့ထိ လူသားမျိုးနွယ်၏ ဖွံ့ဖြိုးတိုးတက်မှုသည် ကောင်းကင်တမန်မင်း၏ ဖောက်ပြန်ပျက်စီးမှုကြောင့် ဖြစ်သည် မဟုတ်လော။ ကောင်းကင် တမန်မင်းသည် ဘုရားသခင်ကို သစ္စာဖောက်ခဲ့ပြီး လူသားမျိုးနွယ်ကို ဖောက်ပြန်ပျက်စီးစေခဲ့သောကြောင့်၊ လူသားများသည် ယနေ့ ၎င်းတို့ ဖြစ်သည့်အကျင့်စရိုက်အတိုင်းသာ ဖြစ်ကြပေသည်။ ဤတစ်ဆင့်ချင်းဖြစ်သည့် အမှုသည် လူများ စိတ်ကူးနိုင်သလောက် လုံးဝ စိတ်ကူးသက်သက် မဟုတ်သကဲ့သို့ မရိုးရှင်းပေ။ စာတန်သည် အကြောင်းရင်း တစ်ခုအတွက် ၎င်း၏ သစ္စာဖောက်ခြင်း အမှုကို ပြုခဲ့ခြင်း ဖြစ်သည်၊ သို့သော် လူများသည် ထိုသို့သော ရိုးရှင်းသည့် အချက်ကို နားမလည်နိုင်ကြချေ။ ကောင်းကင်၊ မြေကြီးနှင့် အရာခပ်သိမ်းကို ဖန်ဆင်းခဲ့သည့် ဘုရားသခင်သည် စာတန်ကိုလည်း အဘယ်ကြောင့် ဖန်ဆင်းခဲ့သနည်း။ ဘုရားသခင်သည် စာတန်ကို အလွန် စက်ဆုပ်ရွံရှာပြီး စာတန်သည် သူ၏ရန်သူဖြစ်သည့်အတွက်၊ အဘယ်ကြောင့် စာတန်ကို သူ ဖန်ဆင်းခဲ့သနည်း။ စာတန်ကို ဖန်ဆင်းခြင်းအားဖြင့်၊ သူသည် ရန်သူတစ်ဦးကို ဖန်ဆင်းခဲ့ခြင်း ဖြစ်သည် မဟုတ်လော။ ဘုရားသခင်သည် အမှန်တကယ်တွင် ရန်သူတစ်ဦးကို မဖန်ဆင်းခဲ့ပေ။ ထို့ထက် သူသည် ကောင်းကင်တမန်တစ်ပါးကို ဖန်ဆင်းခဲ့ပြီး၊ ထို့နောက် ထိုကောင်းကင်တမန်က သူ့ကို သစ္စာဖောက်ခဲ့ပေသည်။ ၎င်း၏အဆင့်အတန်း တိုး၍ အလွန်ကြီးမြတ်ခဲ့ပြီးဖြစ်သည်မှာ ၎င်းသည် ဘုရားသခင်ကို သစ္စာဖောက်ရန် ဆန္ဒရှိခဲ့သည်။ ဤသည်မှာ တိုက်ဆိုင်မှု တစ်ခုဟု ပြောနိုင်သော်လည်း၊ ရှောင်လွှဲ၍မရသည့်အရာ တစ်ခုလည်း ဖြစ်သည်။ ယင်းမှာ လူသည် အဆင့်တစ်ခုအထိ အရွယ်ရောက် ပြီးသည့်နောက် မလွဲမသွေ သေဆုံးရမည့်ပုံနှင့် တူညီပေသည်။ အမှုအရာများသည် ထိုအဆင့်ထိသာ ဖွံ့ဖြိုးတိုးတက်ပြီး ဖြစ်သည်။ အဓိပ္ပာယ်မရှိသည့် မိုက်မဲသူများက၊ “စာတန်က ကိုယ်တော်၏ ရန်သူ ဖြစ်သည့်အတွက်၊ သူ့ကို အဘယ်ကြောင့် ကိုယ်တော် ဖန်ဆင်းခဲ့သနည်း။ ကောင်းကင်တမန်မင်းက ကိုယ်တော့်ကို သစ္စာဖောက်မည်ကို ကိုယ်တော် မသိခဲ့သလော။ ကိုယ်တော်သည် နေ့ရက်ကာလမဖြစ်မီ မကြည့်နိုင်သလော။ ကောင်းကင်တမန်မင်း၏ သဘာဝကို ကိုယ်တော်မသိခဲ့သလော။ ၎င်းက ကိုယ်တော့်ကို သစ္စာဖောက်မည်ကို ရှင်းလင်းစွာ ကိုယ်တော် သိသည့်အတွက်၊ အဘယ်ကြောင့် သူ့ကို ကောင်းကင်တမန်မင်း ဖြစ်စေခဲ့သနည်း။ ၎င်းသည် ကိုယ်တော့်ကို သစ္စာဖောက်ခဲ့သည်သာမက၊ ၎င်းနှင့်အတူ အခြားကောင်းကင်တမန် အများအပြားကိုလည်း ဦးဆောင်ခဲ့ပြီး လူသားမျိုးနွယ်ကို ဖောက်ပြန်ပျက်စီးစေဖို့ သေမျိုးများ၏ ကမ္ဘာလောကသို့ သက်ဆင်းခဲ့သည်၊ သို့သော် ဤနေ့ထိ ကိုယ်တော်သည် ကိုယ်တော်၏ အနှစ်ခြောက်ထောင် စီမံခန့်ခွဲခြင်း အစီအစဉ်ကို မပြီးစီးနိုင်သေးပါ။” ဟု ပြောကြသည်။ ထိုစကားများသည် မှန်ကန်ပါသလော။ သင်သည် ဤနည်းဖြင့် တွေးသည့်အခါ၊ မိမိကိုယ်ကိုယ် လိုအပ်သည်ထက် သာ၍ ဒုက္ခ ရောက်နေစေခြင်း ဖြစ်သည် မဟုတ်လော။ “မျက်မှောက်ခေတ်အထိ စာတန်သည် လူသားမျိုးနွယ်ကို ဖောက်ပြန်ပျက်စီးစေခြင်းမရှိသေးပါက၊ ဘုရားသခင်သည် လူသားမျိုးနွယ် ကယ်တင်ခြင်းကို ဤနည်းဖြင့် ဆောင်ကြဉ်းပြီးဖြစ်မည် မဟုတ်ပေ။ ထိုသို့ဖြင့် ဘုရားသခင်၏ ဉာဏ်ပညာနှင့် အနန္တတန်ခိုးတို့သည် မြင်၍ရနိုင်ပြီးဖြစ်မည် မဟုတ်ပေ။ သူ၏ ဉာဏ်ပညာကို မည်သည့်နေရာ၌ ထုတ်ဖော်ပြပြီး ဖြစ်မည်နည်း။ ထို့ကြောင့် ဘုရားသခင်သည် နောက်ပိုင်းတွင် သူ၏ အနန္တတန်ခိုးကို ထုတ်ဖော်ပြနိုင်ဖို့အလို့ငှာ စာတန်အတွက် လူသားမျိုးနွယ်ကို ဖန်ဆင်းခဲ့ခြင်း ဖြစ်သည်- ထိုသို့မဟုတ်ပါက လူသားသည် ဘုရားသခင်၏ ဉာဏ်ပညာကို မည်သို့ ရှာတွေ့နိုင်မည်နည်း။ လူသားသည် ဘုရားသခင်ကို မခုခံခဲ့ပါက သို့မဟုတ် သူ့ကို မဆန့်ကျင်မပုန်ကန်ခဲ့ပါက၊ သူ၏ဆောင်ရွက်မှုများကို ထုတ်ဖော်ပြသဖို့ လိုအပ်မည် မဟုတ်ပေ။ ဖန်ဆင်းခြင်း အားလုံးသည် သူ့ကို ကိုးကွယ်ပြီး ကျိုးနွံနာခံခဲ့ကြမည်ဆိုပါက၊ သူသည် လုပ်ဆောင်ရန် အမှုရှိမည်မဟုတ်။” ဟုပြောသည့် အခြားသူများ ရှိလေသည်။ ဘုရားသခင်နှင့် ပတ်သက်၍ ညစ်ညမ်းခြင်း မည်သည့်အရာမျှ မရှိသောကြောင့်၊ သူသည် ညစ်ညမ်းမှုကို ဖန်ဆင်း၍မရသည့်အတွက်၊ ဤသည်မှာ လက်တွေ့အရှိတရားမှ သာ၍ပင် ဝေးကွာပေသည်။ သူသည် သူ၏ ရန်သူကို အနိုင်ယူဖို့၊ သူဖန်ဆင်းခဲ့သည့် လူသားများကို ကယ်တင်ဖို့နှင့်၊ ဘုရားသခင်ကို မုန်းတီးသည့်၊ သစ္စာဖောက်ပြီး ခုခံသကဲ့သို့ အစအဦးမှပင် ဘုရားသခင်၏ အုပ်စိုးမှုအောက်တွင် ရှိခဲ့ပြီး သူနှင့် သက်ဆိုင်ခဲ့သည့် မကောင်းဆိုးဝါးများနှင့် စာတန်ကို သူ၏ ဆောင်ရွက်ချက်များကို ယခု ထုတ်ဖော်ပြခြင်း ဖြစ်ပေသည်။ ဘုရားသခင်သည် ဤနတ်ဆိုးများကို အနိုင်ယူချင်ပြီး၊ ထိုသို့ လုပ်ဆောင်ခြင်းဖြင့် သူ၏ အနန္တတန်ခိုးကို အရာခပ်သိမ်းထံ ထုတ်ဖော်ပြလေသည်။ ကမ္ဘာမြေပေါ်ရှိ လူသားမျိုးနွယ်နှင့် အရာရာတိုင်းသည် ယခု စာတန်၏ အုပ်စိုးမှုအောက်တွင် ရှိပြီး၊ ဆိုးယုတ်သူ၏ အုပ်စိုးမှုအောက်တွင် တည်နေသည်။ လူများသည် သူ့ကို သိရှိနိုင်ကြဖို့အလို့ငှာနှင့် ထိုသို့ဖြင့် စာတန်ကို အနိုင်ယူပြီး သူ၏ ရန်သူများကို လုံးလုံးလျားလျား နှိမ်နင်းဖို့အလို့ငှာ၊ ဘုရားသခင်သည် အရာခပ်သိမ်းထံ သူ၏ ဆောင်ရွက်ချက်များကို ထုတ်ဖော်ပြချင်လေသည်။ ဤအမှု၏ အလုံးစုံကို သူ၏ ဆောင်ရွက်ချက်များကို ထုတ်ဖော်ပြခြင်း မှတစ်ဆင့် ပြီးမြောက်လေသည်။ သူ၏ဖန်ဆင်းခြင်းအားလုံးသည် စာတန်၏ အုပ်စိုးမှုအောက်တွင် ရှိသည်၊ ထို့ကြောင့် ဘုရားသခင်သည် သူ၏ အနန္တတန်ခိုးကို ၎င်းတို့ထံ ထုတ်ဖော်ပြရန် ဆန္ဒရှိပြီး ထိုသို့ဖြင့် စာတန်ကို အနိုင်ယူရန် ဆန္ဒရှိလေသည်။ စာတန်မရှိခဲ့လျှင် သူ၏ ပြုမူဆောင်ရွက်မှုများကို ဖွင့်ပြဖို့လိုမည် မဟုတ်ပေ။ စာတန်၏ နှောင့်ယှက်မှု မရှိခဲ့ပါက၊ သူသည် လူသားမျိုးနွယ်ကို ဖန်ဆင်းပြီး ဧဒင်ဥယျာဉ်ထဲတွင် အသက်ရှင်ဖို့ ၎င်းတို့ကို ပို့ဆောင်ပြီး ဖြစ်ပေမည်။ စာတန်က သစ္စာဖောက်ခြင်း မတိုင်မီ၊ ဘုရားသခင်သည် သူ၏ လုပ်ဆောင်ချက်များကို ကောင်းကင်တမန်များထံ သို့မဟုတ် ကောင်းကင်တမန်မင်းထံ အဘယ်ကြောင့် ထုတ်ဖော် မပြခဲ့ပါသနည်း။ အစအဦး၌ ကောင်းကင်တမန်များအားလုံးနှင့် ကောင်းကင်တမန်မင်းသည် ဘုရားသခင်ကို သိခဲ့ပြီးဖြစ်ကာ သူ့ကို ကျိုးနွံနာခံခဲ့ပြီး ဖြစ်ပါက၊ ဘုရားသခင်သည် ဤအဓိပ္ပာယ်မဲ့သည့် အမှုနှင့်ဆိုင်သည့် လုပ်ရပ်များကို ဆောင်ရွက်ပြီး ဖြစ်မည် မဟုတ်ပေ။ စာတန်နှင့် မကောင်းဆိုးဝါးများ၏ တည်ရှိခြင်းကြောင့်၊ လူသားများသည်လည်း ဘုရားသခင်ကို ခုခံကြပြီးဖြစ်ကာ ပုန်ကန်လိုသည့် စိတ်သဘောထားများဖြင့် ပြည့်နိုင်သမျှ ပြည့်ကြလေသည်။ ထို့ကြောင့် ဘုရားသခင်သည် သူ၏ လုပ်ရပ်များကို ထုတ်ဖော်ပြရန် ဆန္ဒရှိလေသည်။ သူသည် စာတန်နှင့် စစ်ပွဲဆင်နွှဲလိုသောကြောင့်၊ စာတန်ကို အနိုင်ယူဖို့ သူသည် သူ၏ ကိုယ်ပိုင် ဩဇာအာဏာနှင့် သူ၏ လုပ်ရပ်များအားလုံးကို အသုံးပြုရပေမည်။ ဤနည်းဖြင့် လူသားများအလယ် သူဆောင်ရွက်သည့် ကယ်တင်ခြင်း အမှုသည် လူသားများကို သူ၏ ဉာဏ်ပညာနှင့် အနန္တတန်ခိုးအား တွေ့မြင်ခွင့်ပေးလိမ့်မည် ဖြစ်သည်။ ယနေ့ ဘုရားသခင်၏ လုပ်ဆောင်နေသည့် အမှုသည် အဓိပ္ပာယ် ရှိပြီး၊ အချို့လူများက “ကိုယ်တော် လုပ်ဆောင်သည့်အမှုသည် တစ်ခုနှင့်တစ်ခု ဆန့်ကျင်သည် မဟုတ်ပါလား။ ဤဆက်တိုက်အမှုသည် ကိုယ်တော်တိုင်အတွက် ဒုက္ခ ဖန်တီးရာတွင် ကျင့်သုံးမှုတစ်ခု ဖြစ်သည် မဟုတ်ပါလား။ ကိုယ်တော်သည် စာတန်ကို ဖန်ဆင်းခဲ့ပြီးနောက် ကိုယ်တော့်ကို သစ္စာဖောက်ကာ ခုခံရန် သူ့ကို အခွင့်ပေးခဲ့သည်။ ကိုယ်တော်သည် လူသားမျိုးနွယ်ကို ဖန်ဆင်း ခဲ့ပြီးနောက်၊ အာဒံနှင့် ဧဝံတို့ သွေးဆောင်ခံရဖို့ အခွင့်ပေးရင်း၊ ၎င်းတို့ကို စာတန်ထံ လွှဲပြောင်းပေးခဲ့သည်။ ကိုယ်တော်က ဤအရာများကို တမင်သက်သက် ပြုလုပ်ခဲ့သည့်အတွက်၊ အဘယ်ကြောင့် လူသားမျိုးနွယ်ကို ကိုယ်တော် စက်ဆုပ်မုန်းတီးရသေးသနည်း။ ကိုယ်တော်သည် အဘယ်ကြောင့် စာတန်ကို စက်ဆုပ်ရွံရှာရသနည်း။ ဤအရာအားလုံးသည် ကိုယ်တော် ကိုယ်တိုင်၏ ဖန်တီးမှု ဖြစ်သည် မဟုတ်ပါလား။ ကိုယ်တော်အတွက် မုန်းတီးစရာ မည်သည့်အရာ ရှိသနည်း။” ဟု ပြောသည့်အချိန်တွင် ၎င်းတို့ ရည်ညွှန်းသည့်အရာနှင့် လုံးဝ မတူပေ။ အတော်အတန် နည်းပါးသည့် အဓိပ္ပာယ်မရှိသော လူများက ထိုသို့သောအရာများ ပြောကြပေသည်။ ၎င်းတို့သည် ဘုရားသခင်ကို ချစ်ဖို့ ဆန္ဒရှိကြသော်လည်း၊ ရင်ထဲတွင် ဘုရားသခင်နှင့်ပတ်သက်၍ မကျေမနပ် ဖြစ်ကြလေသည်။ ဆန့်ကျင်ဘက် ဖြစ်လိုက်လေချင်း။ သင်တို့သည် သမ္မာတရားကို နားမလည်ကြပေ၊ သင်သည် သဘာဝလွန် အတွေးများ အလွန်များလှပြီး၊ ဘုရားသခင်က အမှားပြုခဲ့သည်ဟုပင် သင် အခိုင်အမာပြောဆိုလေသည်- သင် အဓိပ္ပာယ် မဲ့လှသည်တကား။ သမ္မာတရားဖြင့် အကြံအဖန် လုပ်နေသူမှာ သင် ဖြစ်သည်။ ဘုရားသခင်က အမှားတစ်ခု ပြုခဲ့သည်မှာ မမှန်ပေ။ အချို့လူများက၊ “စာတန်ကို ဖန်ဆင်းခဲ့သည်မှာ ကိုယ်တော်ဖြစ်ပြီး စာတန်ကို လူ့သားများအလယ် ပစ်ချလိုက်ပြီး လူသားများကို ၎င်းထံ လွှဲပြောင်းပေးခဲ့သည်မှာ ကိုယ်တော် ဖြစ်သည်။ လူသားများက ဆိုးယုတ်သည့် စိတ်သဘောထား ပိုင်ဆိုင်သည်နှင့်တစ်ပြိုင်နက်၊ ကိုယ်တော် သူတို့ကို ခွင့်မလွှတ်ခဲ့ပါ။ ဆန့်ကျင်ဘက်အနေဖြင့် သူတို့ကို အတိုင်းအတာတစ်ခုအထိ မုန်းတီးခဲ့သည်။ ပထမတွင် ကိုယ်တော်သည် သူတို့ကို အတိုင်းအတာ တစ်ခုအထိ ချစ်ခဲ့သော်လည်း၊ ယခုတွင် သူတို့ကို ကိုယ်တော် မုန်းတီးနေသည်။ လူသားမျိုးနွယ်ကို မုန်းတီးလေပြီမှာ ကိုယ်တော်ဖြစ်သော်လည်း၊ လူသားမျိုးနွယ်ကို ချစ်ဖူးသည်မှာလည်း ကိုယ်တော် ဖြစ်သည်။ ဤနေရာတွင် အတိအကျ မည်သည့်အရာ ဖြစ်နေပါသနည်း။ ဤသည်မှာ ရှေ့နောက်မညီခြင်း ဖြစ်သည် မဟုတ်ပါလား။” ဟု အဖန်တလဲလဲပင် စောဒကတက်ကြသည်။ ယင်းကို သင်တို့ မည်သို့ ကြည့်သည်ဖြစ်စေ၊ ဤသည်မှာ ကောင်းကင်ဘုံ၌ ဖြစ်ပျက်သည့်အရာ ဖြစ်သည်။ ဤသည်မှာ ကောင်းကင်တမန်မင်းက ဘုရားသခင်ကို သစ္စာဖောက်ခဲ့ပြီး လူသားမျိုးနွယ်က ဖောက်ပြန်ပျက်စီးခဲ့သည့် ပုံစံ ဖြစ်ပြီး၊ ဤသည်မှာ လူသားများက ဤနေ့အထိ ဆက်လက်ဖြစ်ပေါ်သည့်ပုံ ဖြစ်သည်။ ယင်းကို သင်တို့ မည်သို့ဖွဲ့ဆိုသည်ဖြစ်စေ၊ ယင်းမှာ အဖြစ်အပျက် အလုံးစုံ ဖြစ်သည်။ သို့သော် ဘုရားသခင် ယနေ့ လုပ်ဆောင်နေသည့် ဤအမှု နောက်ကွယ်က ရည်ရွယ်ချက်တစ်ခုလုံးမှာ သင်တို့ကို ကယ်တင်ရန်နှင့် စာတန်ကို အနိုင်ယူရန် ဖြစ်သည်မှာ သင်တို့ သိနားလည်ရမည်။

ကောင်းကင်တမန်များသည် အထူးသဖြင့် အားနည်းပြီး ပြောစရာ အစွမ်းအစများ မပိုင်ဆိုင်ကြသောကြောင့်၊ ၎င်းတို့ကို ဩဇာအာဏာ ပေးထားခဲ့သည်နှင့်တစ်ပြိုင်နက် ၎င်းတို့ တိုး၍ မာနထောင်လွှားလာခဲ့သည်။ ဤသည်မှာ အထူးသဖြင့် အခြား မည်သည့်ကောင်းကင်တမန်မဆိုထက် အဆင့်အတန်း သာ၍မြင့်မားသည့် ကောင်းကင်တမန်မင်းနှင့်ပတ်သက်၍ မှန်ကန်ပေသည်။ ကောင်းကင်တမန်များအလယ်နှင့် ယေဟောဝါအောက်ရှိ ကောင်းကင်တမန် သန်းပေါင်းများစွာကို ဦးဆောင်ခဲ့သည့် မင်းတစ်ပါး၊ ၎င်း၏ဩဇာအာဏာသည် အခြား မည်သည့် ကောင်းကင်တမန်များမဆို၏ ဩဇာအာဏာထက် သာလွန်ခဲ့သည်။ ၎င်းသည် ဟိုဟို၊ သည်သည် လုပ်ဆောင်လိုခဲ့ပြီး ကမ္ဘာလောကကြီးကို ထိန်းချုပ်ဖို့ လူသားများအလယ် ကောင်းကင်တမန်များကို ဦးဆောင်လိုခဲ့သည်။ ဘုရားသခင်က သူသည် စကြဝဠာကို ကွပ်ကဲအုပ်ချုပ်သူ ဖြစ်သည်ဟု ပြောခဲ့သည်။ သို့သော် ကောင်းကင်တမန်မင်းက ၎င်းသည် စကြဝဠာကို ကွပ်ကဲအုပ်ချုပ်ခဲ့သည်ဟု အခိုင်အမာ ဆိုခဲ့သည်- ထိုအချိန်မှစ၍၊ ကောင်းကင်တမန်မင်းသည် ဘုရားသခင်ကို သစ္စာဖောက်ခဲ့သည်။ ဘုရားသခင်သည် ကောင်းကင်ဘုံ၌ အခြားလောကတစ်ခုကို ဖန်ဆင်းခဲ့ပြီးဖြစ်ကာ ကောင်းကင်တမန်မင်းသည် ဤလောကကို ထိန်းချုပ်ရန် ဆန္ဒရှိခဲ့ပြီး၊ သေမျိုးနယ်ပယ်ကို ဆင်းသက်ရန်လည်း ဆန္ဒရှိခဲ့သည်။ ဘုရားသခင်သည် ယင်းကို ထိုသို့ လုပ်ဆောင်ခွင့်ပြုနိုင်မည်လော။ ထို့ကြောင့် ဘုရားသခင်သည် ကောင်းကင်တမန်မင်းကို ဒဏ်ခတ်ခဲ့ပြီး၊ လေထဲကို ပစ်ချခဲ့သည်။ ၎င်းသည် လူသားများကို ဖောက်ပြန်ပျက်စီးစေခဲ့ကတည်းက၊ ဘုရားသခင်သည် လူသားများကို ကယ်တင်ရန်အလို့ငှာ ကောင်းကင်တမန်မင်းနှင့် စစ်ပွဲဆင်နွှဲပြီး ဖြစ်သည်။ စာတန်၏ ရှုံးနိမ့်ခြင်းအပေါ် ဤထောင်စုနှစ် ခြောက်ခုကို ဘုရားသခင် အသုံးပြုခဲ့သည်။ အနန္တတန်ခိုးရှင် ဘုရားသခင်နှင့်သက်ဆိုင်သည့် သင်တို့၏ အတွေးအမြင်သည် ဘုရားသခင်က လတ်တလော ဆောင်ရွက်နေသည့် အမှုနှင့် သဟဇာတ မဖြစ်ပေ။ ယင်းသည် လုံးဝ လက်တွေ့မကျသကဲ့သို့ အလွန်များလှသည့် အတွေးမှားတစ်ခု ဖြစ်ပေသည်။ အမှန်တွင်၊ ဘုရားသခင်က ကောင်းကင်တမန်မင်းကို သူ၏ ရန်သူအဖြစ် ကြေညာခဲ့သည်မှာ ကောင်းကင်တမန်မင်း၏ သစ္စာဖောက်ခြင်း နောက်တွင်သာ ဖြစ်သည်။ ကောင်းကင်တမန်မင်းက သေမျိုးနယ်ပယ်ထဲသို့ ရောက်ရှိပြီးနောက် လူသားမျိုးနွယ်အပေါ် နင်းချေခဲ့သည်မှာ ၎င်း၏ သစ္စာဖောက်မှုကြောင့်သာ ဖြစ်ပြီး၊ လူသားမျိုးနွယ်သည် ယခုအခြေအနေသို့ ပြောင်းလဲပြီးဖြစ်သည်မှာ ဤအကြောင်းရင်းကြောင့် ဖြစ်သည်။ ထိုသို့ဖြစ်ပျက် ပြီးသည့်နောက်တွင်၊ ဘုရားသခင်သည် စာတန်ကို “ငါသည် သင့်ကို အနိုင်ယူပြီး၊ ငါ ဖန်ဆင်းခဲ့သည့် လူသားများအားလုံးထံ ကယ်တင်ခြင်း ဆောင်ကြဉ်းမည်။” ဟု ကျိန်ဆိုခဲ့သည်။ ပထမတွင် လက်ခံယုံကြည်ခြင်းမရှိဘဲ စာတန်က၊ “ကိုယ်တော်သည် ကျွန်ုပ်အား အကယ်စင်စစ် အဘယ်အရာ ပြုနိုင်သနည်း။ ကိုယ်တော်သည် ကျွန်ုပ်အား လေထဲသို့ နှင်ချနိုင်မည်လော။ ကိုယ်တော်သည် ကျွန်ုပ်အား အမှန်တကယ် အနိုင်ယူနိုင်သလော။” ဟု ပြန်ပြောလေသည်။ ဘုရားသခင်က ၎င်းကို လေထဲသို့ နှင်ချသည့်နောက်တွင်၊ ကောင်းကင်တမန်မင်းကို သူ နောက်ထပ် အာရုံမစိုက်တော့သကဲ့သို့၊ နောက်ပိုင်းတွင် စာတန်၏ ဖြစ်နေဆဲ နှောင့်ယှက်ဟန့်တားမှုများ ရှိလင့်ကစား လူသားမျိုးနွယ်ကို ကယ်တင်ရန်နှင့် သူ၏ ကိုင်ပိုင်အမှုကို စတင် ဆောင်ရွက်ခဲ့သည်။ စာတန်သည် ဟိုဟို၊ သည်သည် လုပ်ဆောင် နိုင်ခဲ့သော်လည်း၊ ယင်းမှာ ယခင်က ၎င်းကို ဘုရားသခင် ပေးထားပြီးဖြစ်သည့် တန်ခိုးကြောင့်သာ ဖြစ်သည်။ ၎င်းသည် ဤအရာများကို လေထဲသို့ ၎င်းနှင့်အတူ ယူဆောင်သွားခဲ့ပြီး၊ ဤနေ့အထိ ထိန်းသိမ်းထားခဲ့သည်။ စာတန်ကို လေထဲသို့ နှင်ချပစ်လိုက်သည့်အချိန်တွင်၊ ဘုရားသခင်သည် ၎င်း၏ ဩဇာအာဏာကို ပြန်မယူခဲ့ချေ၊ ထို့ကြောင့် စာတန်သည် လူသားမျိုးနွယ်ကို ဆက်လက်ပြီး ဖောက်ပြန်ပျက်စီးစေခဲ့သည်။ သို့သော်လည်း ဘုရားသခင်သည် ၎င်းတို့၏ ဖန်ဆင်းခြင်းပြီးသည့်နောက် များမကြာမီတွင် စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်း ခံခဲ့ရပြီးဖြစ်သည့် လူသားမျိုးနွယ်ကို ကယ်တင်ခြင်း စတင်ခဲ့သည်။ ဘုရားသခင်သည် ကောင်းကင်ဘုံ၌ ရှိနေစဉ်တွင်၊ သူ၏ လုပ်ရပ်များကို ထုတ်ဖော်မပြခဲ့ပေ။ သို့သော် ကမ္ဘာကြီးကို မဖန်ဆင်းမီတွင်၊ သူဖန်ဆင်းခဲ့သည့် လောကကြီးထဲက လူတို့အား ကောင်းကင်ဘုံက သူ၏ လုပ်ရပ်များကို တွေ့မြင်ခွင့်ပေးခဲ့ပြီး၊ ထိုသို့ဖြင့် ထိုလူတို့ကို ကောင်းကင်ဘုံအထက်သို့ လမ်းပြပို့ဆောင်ခဲ့သည်။ သူသည် ၎င်းတို့ကို ဉာဏ်ပညာနှင့် အသိဉာဏ်ကို ပေးခဲ့ပြီး ထိုလူတို့ကို ထိုလောက၌ အသက်ရှင်ဖို့ ဦးဆောင်ခဲ့သည်။ ပင်ကိုအားဖြင့်၊ သင်တို့ထဲမှ မည်သူမျှ ဤအရာနှင့်ပတ်သက်၍ တစ်ကြိမ်တစ်ခါမျှ မကြားဖူးကြပေ။ နောက်တွင် ဘုရားသခင်က လူသားများကို ဖန်ဆင်း ပြီးသည့်နောက်တွင်၊ ကောင်းကင်တမန်မင်းသည် ၎င်းတို့ကို ဖောက်ပြန်ပျက်စီးစေဖို့ စတင်ခဲ့သည်။ ကမ္ဘာပေါ်တွင် လူသားမျိုးနွယ် အားလုံး ဗရမ်းဗတာ ဖြစ်သွားကြသည်။ ဘုရားသခင်သည် စာတန်နှင့်စစ်ပွဲကို စတင်ခဲ့သည်မှာ ထို့နောက်တွင်သာ ဖြစ်ပြီး၊ လူသားများက သူ၏ လုပ်ဆောင်ချက်များကို မြင်ခဲ့သည်မှာ ဤအချိန်တွင်သာ ဖြစ်ခဲ့သည်။ အစတွင် ထိုသို့သော လုပ်ရပ်များကို လူသားမျိုးနွယ်ထံမှ ဖုံးကွယ်ထားခဲ့သည်။ စာတန်သည် လေထဲသို့ နှင်ချခံရပြီးသည့်နောက်၊ ၎င်းသည် ၎င်း၏ အရေးကိစ္စကိုသာ လုပ်ဆောင်ခဲ့ပြီး ဘုရားသခင်သည်လည်း နောက်ဆုံးသော ကာလအထိ စာတန်နှင့် စစ်ပွဲကို အဆက်မပြတ် ဆင်နွှဲရင်း၊ သူ၏ ကိုယ်ပိုင်အမှုကို ဆက်လက်လုပ်ဆောင်ခဲ့သည်။ ယခုသည် စာတန် ဖျက်ဆီးခံရသင့်သည့် အချိန်ကာလ ဖြစ်သည်။ အစအဦး၌ ဘုရားသခင်သည် ၎င်းကို ဩဇာအာဏာပေးခဲ့ပြီး၊ ထို့နောက်တွင် ဘုရားသခင်သည် စာတန်ကို လေထဲသို့ နှင်ချပစ်လိုက်သော်လည်း၊ ၎င်းတို့ ဖီဆန်မြဲဖီဆန်နေခဲ့သည်။ ထို့နောက်တွင်၊ ၎င်းသည် ကမ္ဘာမြေပေါ်ရှိ လူသားမျိုးနွယ်ကို ဖောက်ပြန်ပျက်စီး စေခဲ့သော်လည်း၊ ဘုရားသခင်သည် လူသားမျိုးနွယ်များကို စီမံခန့်ခွဲလျက် ရှိနေခဲ့သည်။ ဘုရားသခင်သည် စာတန်ကို အနိုင်ယူရန် လူသားများနှင့်ဆိုင်သည့် သူ၏စီမံခန့်ခွဲမှုကို အသုံးပြုသည်။ လူများကို ဖောက်ပြန်ပျက်စီးစေခြင်းအားဖြင့်၊ စာတန်သည် ၎င်းတို့၏ ကံကြမ္မာကို အဆုံးသတ်စေပြီး၊ ဘုရားသခင်၏အမှုကို နှောင့်ယှက်လေသည်။ အခြားတစ်ဖက်တွင် ဘုရားသခင်၏အမှုသည် လူသားမျိုးနွယ်၏ ကယ်တင်ခြင်း ဖြစ်သည်။ ဘုရားသခင် လုပ်ဆောင်သည့် အမှု၏ မည်သည့်အဆင့်သည် လူသားမျိုးနွယ်ကို ကယ်တင်ရန် ရည်ရွယ်ထားခြင်း မဟုတ်သနည်း။ မည်သည့်အဆင့်က လူများကို သန့်ရှင်းစေဖို့နှင့် ၎င်းတို့ကို ဖြောင့်မတ်စွာ ပြုမူစေကာ ချစ်ခြင်းကို ခံရနိုင်သည့် သူများ၏ ပုံရိပ်ကို အသက်ရှင်နေထိုင်စေဖို့ မရည်ရွယ်ပါသနည်း။ သို့သော်လည်း စာတန်သည် ဤအရာကို မလုပ်ဆောင်ပေ။ ၎င်းသည် လူသားမျိုးနွယ်ကို ဖောက်ပြန်ပျက်စီးစေသည်။ ၎င်းသည် စကြဝဠာတစ်လျှောက် လူသားမျိုးနွယ်ကို ဖောက်ပြန်ပျက်စီးစေခြင်းနှင့်ဆိုင်သည့် ၎င်း၏အလုပ်ကို အဆက်မပြတ် ဆောင်ရွက်သည်။ ဟုတ်ပေ၏၊ ဘုရားသခင်သည်လည်း စာတန်ကို အာရုံမစိုက်ဘဲ၊ သူကိုယ်တိုင်၏ အမှုကို သူလုပ်နေသည်။ စာတန်၌ ဩဇာအာဏာ မည်မျှရှိသည်ဖြစ်စေ၊ ထိုဩဇာအာဏာကို ဘုရားသခင်က ပေးထားခြင်း ဖြစ်ဆဲဖြစ်သည်။ ဘုရားသခင်သည် အမှန်တကယ်တွင် ၎င်းကို သူ၏ ဩဇာအာဏာအားလုံး ပေးခဲ့သည် မဟုတ်၊ ထို့ကြောင့် စာတန် မည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ ယင်းသည် ဘုရားသခင်ကို လုံးဝ မကျော်လွန်နိုင်သကဲ့သို့၊ ဘုရားသခင်၏ လက်အတွင်းတွင် အမြဲ ရှိလိမ့်မည်။ ဘုရားသခင်သည် ကောင်းကင်ဘုံ၌ ရှိနေစဉ်တွင် သူ၏ မည်သည့်လုပ်ရပ်ကိုမျှ ထုတ်ဖော်မပြခဲ့ပေ။ သူသည် စာတန်အား ဩဇာအာဏာ၏ သေးငယ်သော အစိတ်အပိုင်း တစ်ခုကိုမျှ ပေးခဲ့ပြီး၊ ယင်းကို အခြားကောင်းကင်တမန်များ အပေါ် ဩဇာအာဏာသုံးခွင့်ပေးခဲ့သည်။ ထို့ကြောင့် မူလက ၎င်းကို ဘုရားသခင်ပေးခဲ့သည့် ဩဇာအာဏာသည် ကန့်သတ်ထားခြင်းကြောင့် စာတန်က မည်သည့်အရာကို လုပ်ဆောင်သည် ဖြစ်စေ၊ ၎င်းသည် ဘုရားသခင်၏ ဩဇာအာဏာကို မကျော်လွန်နိုင်ချေ။ ဘုရားသခင် အမှုပြုသည်နှင့်အမျှ၊ စာတန်သည် နှောင့်ယှက်၏။ နောက်ဆုံးသောကာလတွင် စာတန်၏ နှောင့်ယှက်မှုများ အဆုံးသတ်လိမ့်မည် ဖြစ်သည်။ ထိုနည်းတူ၊ ဘုရားသခင်၏ အမှုသည်လည်း ပြီးစီးလိမ့်မည် ဖြစ်ပြီး၊ ဘုရားသခင် စုံလင်စေလိုသည့် လူမျိုးများသည်လည်း စုံလင်စေခြင်း ခံရလိမ့်မည်။ ဘုရားသခင်သည် လူများကို ခိုင်မာစွာ ညွှန်ကြားသည်။ သူ၏ အသက်သည် တိုင်းတာ၍မရသကဲ့သို့ အကန့်အသတ်မဲ့ အသက်စမ်းရေ ဖြစ်သည်။ စာတန်က လူသားကို အတိုင်းအတာ တစ်ခုအထိ ဖောက်ပြန်ပျက်စီး စေခဲ့သည်။ အဆုံးတွင် ဘဝ၏ အသက်စမ်းရေသည် လူသားကို စုံလင်စေလိမ့်မည် ဖြစ်ပြီး၊ စာတန်အတွက် ဝင်ရောက်စွက်ဖက်ဖို့ရန်နှင့် ၎င်း၏အလုပ်ကို ဆောင်ရွက်ဖို့ရန် ဖြစ်နိုင်မည် မဟုတ်ချေ။ ထို့ကြောင့် ဘုရားသခင်သည် ဤလူများကို လုံးဝ ရယူနိုင်လိမ့်မည် ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူသားမျိုးနွယ် တစ်ရပ်လုံးသည် မျက်မှောက်ခေတ်ထိ မည်သို့ ဖွံ့ဖြိုးတိုးတက်ပြီးဖြစ်သည်ကို သင်သိသင့်သည်

လူသားမျိုးနွယ်သည် မည်သို့ တိုး၍ ဖောက်ပြန်ပျက်စီးသည် ဖြစ်စေ သို့မဟုတ် မြွေက ၎င်းတို့ကို မည်သို့ သွေးဆောင်သည် ဖြစ်စေ၊ ယေဟောဝါသည် သူ၏ဉာဏ်ပညာ ရှိနေဆဲ ဖြစ်သည်။ ထိုသို့ဖြင့် သူသည် ကမ္ဘာလောကကို ဖန်ဆင်းခဲ့ကတည်းက အမှုသစ်တွင် ပါဝင်ပတ်သက်ပြီး ဖြစ်သကဲ့သို့၊ ဤအမှု၏ အဆင့်များထဲမှ မည်သည့်အဆင့်ကိုမျှ တစ်ကြိမ်တစ်ခါမျှ ထပ်မလုပ်ဖူးပေ။ စာတန်သည် အကြံအစည်များကို အဆက်မပြတ် အသက်သွင်းလေသည်၊ လူသားမျိုးနွယ်သည် စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းကို အဆက်မပြတ် ခံရပြီးဖြစ်ကာ၊ ယေဟောဝါ ဘုရားသခင်သည် သူ၏ ဉာဏ်ပညာရှိသည့် အမှုကို မရပ်မနား ဆောင်ရွက်ပြီး ဖြစ်သည်။ သူသည် မည်သည့်အခါမျှ မကျရှုံးဖူးသကဲ့သို့၊ ကမ္ဘာလောကကို ဖန်ဆင်းခဲ့ကတည်းက အမှုပြုခြင်းကို မရပ်တန့်ဖူးပေ။ လူသားမျိုးနွယ်သည် စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်း ခံရပြီးသည့်နောက်တွင်၊ ဘုရားသခင်သည် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးခြင်း အရင်းအမြစ် ဖြစ်ခဲ့သည့် ရန်သူ၊ ၎င်းကို အနိုင်ယူဖို့ လူသားမျိုးနွယ်အလယ်တွင် အမှုပြု‌မြဲပြုနေပြီး ဖြစ်သည်။ ဤတိုက်ပွဲသည် အစအဦးကတည်းက သဲကြီးမဲကြီး ဖြစ်ပွားခဲ့ပြီး ကမ္ဘာအဆုံးအထိ ဆက်လက်ဖြစ်ပွားလိမ့်မည် ဖြစ်သည်။ ဤအမှု အားလုံးကို လုပ်ဆောင်ရာတွင်၊ ယေဟောဝါ ဘုရားသခင်သည် စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်း ခံရပြီးဖြစ်သည့် လူသားများကို သူ၏ ကြီးမြတ်သော ကယ်တင်ခြင်းကို ရရှိခွင့် ပေးပြီးသည်သာမက၊ သူ၏ ဉာဏ်ပညာ၊ အနန္တတန်ခိုးနှင့် ဩဇာအာဏာတို့ကိုလည်း တွေ့မြင်ခွင့် ပေးပြီးဖြစ်သည်။ ထို့အပြင် အဆုံးတွင် သူသည်- ဆိုးယုတ်သူကို အပြစ်ပေးပြီး ကောင်းမြတ်သည့်သူကို ဆုချီးမြှင့်ရင်း- သူ၏ ဖြောင့်မတ်သည့် စိတ်သဘောထားကို လူသားမျိုးနွယ်ကို မြင်ခွင့်ပေးမည် ဖြစ်သည်။ သူသည် စာတန်ကို ဤနေ့အထိ တိုက်ခိုက်ပြီးဖြစ်ကာ မရှုံးနိမ့်ဖူးပေ။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် သူသည် ဉာဏ်ပညာ ရှိသည့် ဘုရားသခင် ဖြစ်ပြီး သူ၏ ဉာဏ်ပညာကို စာတန်၏ အကြံအစည်များအပေါ် အခြေခံကာ ကျင့်သုံးသောကြောင့် ဖြစ်သည်။ ထို့ကြောင့် ကောင်းကင်ဘုံ၌ ရှိသမျှ အရာတိုင်းကို သူ၏ဩဇာအာဏာအား ကျိုးနွံနာခံစေသည်သာမက၊ ကမ္ဘာမြေပေါ်ရှိသည့် အရာတိုင်းကိုလည်း သူ၏ ခြေတင်ရာ ခုံအောက်တွင် အနားပေးထားကာ၊ အနည်းဆုံးအနေဖြင့် သူသည် လူသားမျိုးနွယ်ကို ကျူးကျော်ကာ နှောင့်ယှက်သည့် ဆိုးယုတ်သူများကို သူ၏ ပြစ်တင်ဆုံးမမှုအတွင်းသို့ ကျရောက်စေသည်။ ဤအမှု၏ အကျိုးရလဒ် အားလုံးသည် သူ၏ ဉာဏ်ပညာကြောင့် ဖြစ်ပေါ်လာခြင်း ဖြစ်သည်။ သူသည် ကောင်းကင်၊ မြေကြီးပေါ် သို့မဟုတ် စကြဝဠာ တစ်ခုလုံး၌ မည်သည့်နေရာတွင်မဆို ရန်သူ မရှိသကဲ့သို့၊ သဘာဝအလယ်တွင် ကျူးကျော်ဝင်ရောက်သည့် မည်သည့် အမှောင်အင်အားစုများ မရှိခဲ့သည့်အတွက်၊ သူသည် သူ၏ဉာဏ်ပညာကို လူသားမျိုးနွယ် မတည်ရှိမီတွင် လုံးဝ မထုတ်ဖော်ပြခဲ့ဖူးပေ။ ကောင်းကင်တမန်မင်းက သူ့ကို သစ္စာဖောက်ခဲ့သည့်နောက်တွင်၊ သူသည် ကမ္ဘာပေါ်၌ လူသားမျိုးနွယ်ကို ဖန်ဆင်းခဲ့ပြီး သူသည် ကောင်းကင်တမန်မင်း ဖြစ်သည့် စာတန်နှင့် နှစ်ထောင်ချီကြာသည့် သူ၏ စစ်ပွဲကို- ဆက်တိုက်အဆင့်အတိုင်းတွင် တိုး၍ ပြင်းထန်လာသည့် စစ်ပွဲတစ်ခုကို- တရားဝင် စတင်ခဲ့သည်မှာ လူသားမျိုးနွယ်ကြောင့် ဖြစ်သည်။ သူ၏ အနန္တတန်ခိုးနှင့် ဉာဏ်ပညာတို့သည် ဤအဆင့်များ အသီးသီးတွင် ပါရှိသည်။ ထိုအခါမှသာ ကောင်းကင်နှင့် မြေကြီးပေါ်ရှိ အရာရာတိုင်းသည် ဘုရားသခင်၏ ဉာဏ်ပညာ၊ အနန္တတန်ခိုးနှင့် အထူးသဖြင့် ဘုရားသခင်၏ စစ်မှန်မှုကို မျက်မြင်တွေ့ကြရလေသည်။ သူသည် ယနေ့အထိ ဤသူ၏ အမှုကို အလားတူ ဤစစ်မှန်သည့် နည်းဟန်ဖြင့် ဆောင်ရွက်နေဆဲ ဖြစ်သည်။ ထို့အပြင် သူ၏အမှုကို သူ ဆောင်ရွက်သည်နှင့်အမျှ၊ သူ၏ ဉာဏ်ပညာနှင့် အနန္တတန်ခိုးတို့ကိုလည်း သူ ထုတ်ဖော်ပြလေသည်။ သူသည် သင်တို့ကို အမှု၏ အဆင့်အသီးသီးနှင့်ဆိုင်သည့် အတွင်းကျကျ သမ္မာတရားကို မြင်ခွင့်၊ ဘုရားသခင်၏ အနန္တတန်ခိုးကို မည်သို့ရှင်းပြရမည်ဆိုသည်ကို အတိအကျ မြင်ခွင့်အပြင်၊ ဘုရားသခင်၏ စစ်မှန်မှုနှင့်ဆိုင်သည့် ခိုင်မာသော ရှင်းပြချက် တစ်ခု မြင်ခွင့်ပေးလေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူသားမျိုးနွယ် တစ်ရပ်လုံးသည် မျက်မှောက်ခေတ်ထိ မည်သို့ ဖွံ့ဖြိုးတိုးတက်ပြီးဖြစ်သည်ကို သင်သိသင့်သည်

အနှစ်ခြောက်ထောင် စီမံခန့်ခွဲမှုအစီအစဉ်ဖြစ်သော ငါ၏ စီမံခန့်ခွဲမှုအစီအစဉ် တစ်ရပ်လုံးတွင် အဆင့်သုံးဆင့်၊ သို့မဟုတ် ခေတ်သုံးခေတ် ပါဝင်သည်၊ အစအဦး၏ ပညတ်တော်ခေတ်၊ (ရွေးနုတ်ခြင်းခေတ်လည်းဖြစ်သော) ကျေးဇူးတော်ခေတ်နှင့် နောက်ဆုံးသောကာလ၏ နိုင်ငံတော်ခေတ်တို့ဖြစ်လေသည်။ ဤခေတ်သုံးခေတ်တို့မှ ငါ၏အမှုသည် ခေတ်တစ်ခုစီ၏ သဘာဝနှင့်အညီ အကြောင်းအရာကွဲပြား၏၊ သို့ရာတွင် အဆင့်တစ်ခုစီတိုင်း၌ ဤအမှုသည် လူသား၏ လိုအပ်ချက်များနှင့် လိုက်လျောညီထွေရှိသည်၊ သို့တည်းမဟုတ် ပို၍အတိအကျဆိုသော် စာတန်နှင့် ငါဆင်နွှဲသည့် စစ်ပွဲတွင် သူအသုံးပြုသည့် လှည့်ကွက်များနှင့်အညီ ဤအမှုကို လုပ်ဆောင်ခြင်းဖြစ်သည်။ ငါ့အမှု၏ ရည်ရွယ်ချက်မှာ စာတန်ကို အနိုင်ယူရန်၊ ငါ၏ဉာဏ်ပညာနှင့် အနန္တတန်ခိုးကို ထင်ရှားစေရန်နှင့် စာတန်၏ လှည့်ကွက်များ အားလုံးကို ဖော်ထုတ်ပြရန်ဖြစ်ပြီး၊ ဤနည်းအားဖြင့် စာတန်၏အုပ်စိုးမှု အောက်တွင် နေထိုင်ကြသည့် လူသားမျိုးနွယ်တစ်ရပ်လုံးကို ကယ်တင်ရန်ဖြစ်သည်။ ယင်းသည် ငါ၏ဉာဏ်ပညာနှင့် အနန္တတန်ခိုးကို ပြသရန်နှင့် စာတန်၏ မခံမရပ်နိုင် လောက်အောင် ကြောက်မက်ဖွယ်ကောင်းခြင်းကို ထုတ်ဖော်ပြရန်ဖြစ်၏၊ ယင်းထက်ပို၍ပင် ဖန်ဆင်းခံသက်ရှိတို့ အနေဖြင့် ကောင်းမှုနှင့် မကောင်းမှုကြား ခွဲခြားသိမြင်စေရန်၊ ငါသည် အရာအားလုံးတို့၏ အုပ်စိုးသူဖြစ်ကြောင်းကို သိကြစေရန်၊ စာတန်သည် လူသားတို့၏ ရန်သူ၊ အကျင့်ပျက်ယိုယွင်းသော နတ်ဆိုးဖြစ်ကြောင်းကို ရှင်းလင်းစွာ မြင်စေရန်ဖြစ်ပြီး၊ ၎င်းတို့အနေဖြင့် ကောင်းမှုနှင့် မကောင်းမှုကြား၊ သမ္မာတရားနှင့် မုသားကြား၊ သန့်ရှင်းခြင်းနှင့် ညစ်ညမ်းခြင်းကြား၊ ကြီးမြတ်သောအရာနှင့် ယုတ်ညံ့သော အရာကြား ခြားနားမှုကို အကြွင်းမဲ့ သေချာမှုဖြင့် သိကြစေရန် ဖြစ်သည်။ သို့မှသာ မသိနားမလည်သော လူသားတို့သည် ၎င်းတို့ကို ဖောက်ပြန်ပျက်စီး စေသည်မှာ ငါမဟုတ်ကြောင်းကို လည်းကောင်း၊ ဖန်ဆင်းရှင်ဖြစ်သော ငါကသာ လူသားတို့ကို ကယ်တင်နိုင်ပြီး လူတို့မွေ့လျော်ခံစား နိုင်သောအရာတို့ကို လူတို့အပေါ် အပ်နှင်းနိုင်ကြောင်းကိုလည်းကောင်း၊ ငါ့အတွက် သက်သေခံနိုင်လာကြလိမ့်မည်၊ ထို့ပြင် ငါသည် အရာအားလုံးတို့၏ အုပ်စိုးသူဖြစ်ကာ၊ စာတန်မူကား ငါက ဖန်ဆင်းခဲ့ပြီး နောက်ပိုင်းတွင် ငါ့ကိုဆန့်ကျင်ခဲ့သော သတ္တဝါများထဲမှ တစ်ယောက်မျှသာ ဖြစ်ကြောင်းကို ၎င်းတို့သိလာကြလိမ့်မည်။ ငါ၏အနှစ်ခြောက်ထောင် စီမံခန့်ခွဲမှုအစီအစဉ်ကို အဆင့်သုံးဆင့် ပိုင်းခြားထားပြီး၊ ငါသည် ဤသို့လုပ်ဆောင်ရခြင်းမှာ ဖန်ဆင်းခံသတ္တဝါ တို့ကို ငါ့အတွက် သက်သေခံနိုင်စေခြင်းဟူသည့် အကျိုးရလဒ်ကို ရရှိစေရန်၊ ငါ၏အလိုတော်ကို နားလည်သဘောပေါက်ကြစေရန်နှင့် ငါသည် သမ္မာတရားဖြစ်ကြောင်းကို သိကြစေရန်ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ရွေးနုတ်ခြင်းခေတ်၏အမှု နောက်ကွယ်မှ အဖြစ်မှန်

ယင်းမှာ ဘုရားသခင်၏ စီမံခန့်ခွဲမှု ဖြစ်သည်- ဘုရားသခင်၏ ဖြစ်ခြင်းကို မသိသော၊ ဖန်ဆင်းရှင်၏ဖြစ်ခြင်းကို မသိသော၊ ဘုရားသခင်ကို မည်သို့ကိုးကွယ်ရမည်ကို မသိသော၊ သို့မဟုတ် ဘုရားသခင်ကို ကျိုးနွံနာခံရန် အဘယ်ကြောင့် လိုအပ်သည်ကို မသိသော လူသားမျိုးနွယ်ကို စာတန်လက်သို့ လွှဲအပ်ပြီး စာတန်အား သူ့ကို ဖောက်ပြန်ပျက်စီးစေခွင့်ပေးခြင်း ဖြစ်သည်။ ထို့နောက် လူသားက ဘုရားသခင်ကို အပြည့်အဝ ကိုးကွယ်ပြီး စာတန်ကို ငြင်းပယ်သည်အထိ ဘုရားသခင်သည် တစ်ဆင့်ပြီးတစ်ဆင့် လူသားကို စာတန်လက်မှ ပြန်ယူလေသည်။ ဤသည်မှာ ဘုရားသခင်၏ စီမံခန့်ခွဲမှုဖြစ်သည်။ ဤသည်မှာ ဒဏ္ဍာရီ ပုံပြင်ဆန်သကဲ့သို့ ထင်ရပြီး၊ စိတ်ရှုပ်ဖွယ် ဖြစ်ပုံရလေသည်။ ၎င်းတို့သည် စကြဝဠာနှင့် အာကာသထဲတွင် အဖြစ်အပျက်ပေါင်း မည်မျှဖြစ်ပွားပြီးဖြစ်သည်ကို သိရန်မဆိုထားနှင့်၊ လွန်ခဲ့သည့် နှစ်ထောင်ချီအချို့အတွင်း လူသားထံ မည်မျှဖြစ်ပျက်ပြီး ဖြစ်သည်ကို အရိပ်အမြွက် မသိလေသောကြောင့်၊ လူတို့က ဤအရာကို ဒဏ္ဍာရီ ပုံပြင်တစ်ပုဒ်ကဲ့သို့ ထင်ကြလေသည်။ ထို့အပြင် ယင်းမှာ အဘယ့်ကြောင့်ဆိုသော် ၎င်းတို့သည် ရုပ်ဝတ္ထု လောကကို ကျော်လွန်၍ တည်ရှိသော်လည်း၊ ၎င်းတို့၏ သေမျိုးဖြစ်သည့် မျက်လုံးများက မမြင်အောင် တားဆီးထားသည့် သာ၍ အံ့အားသင့်ဖွယ်၊ သာ၍ ကြောက်ရွံ့ဖွယ်ဖြစ်စေသော ကမ္ဘာလောကကို နားမလည်နိုင်ကြသောကြောင့် ဖြစ်သည်။ လူသည် လူသားမျိုးနွယ်ကို ဘုရားသခင်၏ ကယ်တင်ခြင်း၏ အရေးပါမှု သို့မဟုတ် သူ၏ စီမံခန့်ခွဲခြင်း အမှု၏ အရေးပါမှုနှင့်ဆိုင်သည့် သိနားလည်မှု မရှိသကဲ့သို့၊ ဘုရားသခင်က နောက်ဆုံးတွင် လူသားမျိုးနွယ်ကို မည်သို့ဖြစ်စေချင်သည်ကို နားမလည်သောကြောင့်၊ ယင်းမှာ လူသားဖို့ နားမလည်နိုင်စရာဟု ထင်ရပေသည်။ ယင်းသည် အာဒံနှင့် ဧဝတို့ ဖြစ်ခဲ့ကြသကဲ့သို့၊ စာတန်အားဖြင့် လုံးဝ ဖောက်ပြန်ပျက်စီးဖို့ ဖြစ်သလော။ မဟုတ်ပေ။ ဘုရားသခင်၏ စီမံခန့်ခွဲမှု ရည်ရွယ်ချက်မှာ ဘုရားသခင်ကို ကိုးကွယ်ပြီး သူ့ကို ကျိုးနွံနာခံသည့် လူတစ်စုကို ရရှိရန်ဖြစ်သည်။ ဤလူတို့သည် စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းခံရပြီးသော်လည်း၊ ၎င်းတို့သည် စာတန်ကို ၎င်းတို့၏ဖခင်ဟု မမြင်တော့ပေ။ စာတန်၏ ရွံရှာဖွယ် မျက်နှာကို ၎င်းတို့ သတိပြုမိကြပြီး ၎င်းကို ငြင်းပယ်ကြကာ၊ ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမမှုတို့ကို လက်ခံရန် ဘုရားသခင်ရှေ့သို့ လာကြလေသည်။ ၎င်းတို့သည် မည်သည့်အရာက အကျည်းတန်သည် ဆိုသည်နှင့် ယင်းသည် သန့်ရှင်းသည့်အရာနှင့် မည်သို့ ဆန့်ကျင်သည် ဆိုသည်တို့ကို သိရှိလာကြပြီး ဘုရားသခင်၏ ကြီးမြတ်မှုနှင့် စာတန်၏ ဆိုးယုတ်မှုတို့ကို သတိပြုမိလာကြလေသည်။ ဤသို့သော လူသားမျိုးနွယ်သည် စာတန်အတွက် အလုပ်မလုပ်တော့ပေ၊ သို့မဟုတ် စာတန်ကို မကိုးကွယ်ကြတော့ပေ၊ သို့မဟုတ် စာတန်ကို အမြတ်တနိုး မရှိကြတော့ပေ။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် ၎င်းတို့သည် ဘုရားသခင်က အမှန်တကယ် ရယူပြီးဖြစ်သည့် လူတစ်စုဖြစ်ကြသောကြောင့် ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ လူသားမျိုးနွယ်ကို စီမံခန့်ခွဲခြင်းအမှု၏ အရေးပါမှုဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နောက်ဆက်တွဲ (၃)- ဘုရားသခင်၏ စီမံခန့်ခွဲမှုအလယ်၌သာ လူသားသည် ကယ်တင်ခြင်း ခံရနိုင်သည်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

အသင်းတော်များသည် ဘာသာတရားများအဖြစ် ပြောင်းလဲသွားရသည်မှာ အဘယ်ကြောင့်နည်း။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ- ဘုရားသခင်၏အိမ်တော်ဆိုသည်မှာ မည်သည့်အရာအတိအကျ ဖြစ်သနည်း။ ယင်းကို သဘောတရားအရ သတ်မှတ်ရပါက...

Leave a Reply

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။