ပညာသတိရှိသော သတို့သမီးများမှာ အဘယ်နည်း။ မိုက်မဲသော သတို့သမီးများမှာ အဘယ်နည်း။

12.03.2021

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

အတိတ်ကာလတွင်၊ လူအချို့က “ပညာသတိရှိသော သတို့သမီးငါးယောက်၊ မိုက်သော သတို့သမီးငါးယောက်”ကို ကြိုတင်ခန့်မှန်း ခဲ့ကြသည်။ ဤခန့်မှန်းချက်သည် မတိကျသော်လည်း၊ လုံးဝ မှားယွင်းသည်လည်း မဟုတ်ပေ- ထို့ကြောင့် သင်တို့ကို ရှင်းပြချက်အချို့ ငါ ပေးကောင်းပေးနိုင်သည်။ “ပညာသတိရှိသော သတို့သမီးငါးယောက်နှင့် မိုက်သော သတို့သမီးငါးယောက်” တို့သည် အတူတကွ လူအရေအတွက်ကို ကိုယ်စားမပြုသကဲ့သို့ လူအမျိုးအစားတစ်ခုကိုလည်း ကိုယ်စားမပြုပေ။ “ပညာသတိရှိသော သတို့သမီးငါးယောက်” သည် လူအရေအတွက်တစ်ခုကို ရည်ညွှန်းပြီး “မိုက်သော သတို့သမီးငါးယောက်” သည် လူတစ်မျိုးတစ်စားကို ကိုယ်စားပြုသည်၊ သို့သော် မည်သည့်အရာကမျှ သားဦးများကို မရည်ညွှန်းပေ။ ယင်းထက် ၎င်းတို့သည် ဖန်ဆင်းခြင်းကို ကိုယ်စားပြုပေသည်။ ဤသည်မှာ ၎င်းတို့အား နောက်ဆုံးသောကာလ၌ ဆီကို ပြင်ဆင်ရန် စေခိုင်းထားခြင်း ဖြစ်သည်။ (ဖန်ဆင်းခြင်းသည် ငါ၏ အရည်အသွေးကို မပိုင်ဆိုင်ပေ။ အကယ်၍ ၎င်းတို့သည် ပညာသတိရှိသော သူများဖြစ်လိုလျှင်၊ ဆီကို ပြင်ဆင်ရန် လိုအပ်သည်၊ ထိုသို့ဖြင့် ၎င်းတို့သည် ငါ၏ နှုတ်ကပတ်တော်များဖြင့် ပြင်ဆင်ထားရန် လိုအပ်ပေသည်။) “ပညာသတိရှိသော သတို့သမီး ငါးယောက်” သည် ငါဖန်ဆင်းခဲ့သော လူသားများထဲမှ ငါ၏သားများနှင့် ငါ၏လူများကို ကိုယ်စားပြုသည်။ ၎င်းတို့ကို “သတို့သမီးများ” ဟု ခေါ်ဆိုခံရသည်မှာ ကမ္ဘာမြေပေါ်တွင် မွေးဖွားခြင်း ဖြစ်သော်လည်း၊ ၎င်းတို့ကို ငါ ရယူထားသောကြောင့် ဖြစ်သည်။ ၎င်းတို့ကို သန့်ရှင်းသည်ဟု ဆိုနိုင်သည်၊ ထို့ကြောင့် ၎င်းတို့ကို “သတို့သမီးများ” ဟု ခေါ်ခြင်းဖြစ်သည်။ အထက်တွင် ဆိုခဲ့ပြီးဖြစ်သော “ငါးယောက်” သည် ငါခွဲခန့်မှတ်သားထားပြီးဖြစ်သော ငါ၏သားများနှင့် ငါ၏လူများ၏ အရေအတွက်ကို ကိုယ်စားပြုသည်။ “မိုက်သော သတို့သမီး ငါးယောက်” သည် အစေခံသူများကို ရည်ညွှန်းသည်၊ အကြောင်းမှာ ၎င်းတို့သည် ပြင်ပအရာများကိုသာ လိုက်စားရင်း၊ အသက်ကို စိုးစဉ်းမျှ အရေးထားမှု မရှိဘဲလျက်၊ ငါအတွက် အစေခံမှု ပြုကြသကဲ့သို့၊ (၎င်းတို့သည် ငါ၏ အရည်အသွေးမရှိသောကြောင့်၊ ၎င်းတို့ မည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ ယင်းသည် အပြင်ပန်းအရာ တစ်ခုဖြစ်၏)၊ ၎င်းတို့သည် ငါ၏တတ်စွမ်းသော ကူညီမစသူများ မဖြစ်နိုင်ကြသည့်အတွက်၊ ထို့ကြောင့် ၎င်းတို့ကို “မိုက်သော သတို့သမီးများ” ဟုခေါ်ပေသည်။ အထက်တွင်ဖော်ပြပြီးဖြစ်သော “ငါးယောက်” သည် စာတန်ကို ကိုယ်စားပြုပြီး၊ ၎င်းတို့ကို “သတို့သမီးများ” ဟု ခေါ်ရသည့်အချက်မှာ ၎င်းတို့သည် ငါ၏သိမ်းပိုက်ခြင်းကို ခံရပြီးဖြစ်ကာ ငါ့အတွက် အစေခံမှုပြုနိုင်ကြသည်ဟု ဆိုလိုပေသည်-သို့သော် ထိုသို့သော လူများသည် သန့်ရှင်းခြင်းမရှိ၊ ထို့ကြောင့် ၎င်းတို့ကို အစေခံသူများဟု ခေါ်ပေသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အခန်း ၁၁၆” အစအဦး၌ ခရစ်တော်၏မိန့်မြွက်ချက်များ မှ

ယနေ့တွင် ဘုရားသခင်၏ လက်ရှိနှုတ်ကပတ်တော်များနောက်သို့ လိုက်လျှောက်သောသူ အားလုံးသည် သန့်ရှင်းသော ဝိညာဉ်တော်၏ ရေစီးကြောင်းတွင် ရှိကြသည်။ ယနေ့ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် စိမ်းသောသူများသည် သန့်ရှင်းသော ဝိညာဉ်တော်၏ ရေစီးကြောင်း အပြင်တွင် ရှိကြပြီး၊ ထိုသို့သောလူတို့ကို ဘုရားသခင် မချီးကျူးပေ။...“သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက် နောက်သို့ လိုက်လျှောက်ခြင်း” ဆိုသည်မှာ ယနေ့ ဘုရားသခင်၏ အလိုကို နားလည်ခြင်း၊ ဘုရားသခင်၏ လက်ရှိ သတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်နိုင်ခြင်း၊ ယနေ့၏ ဘုရားသခင်ကို နာခံကာ လိုက်လျှောက်နိုင်ခြင်းနှင့် ဘုရားသခင်၏ အသစ်လွင်ဆုံးသော မိန့်မြွက်ချက်များနှင့်အညီ ဝင်ရောက်ခြင်းတို့ကို ဆိုလိုသည်။ ဤသည်သာ သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်နောက်သို့ လိုက်လျှောက်ပြီး၊ သန့်ရှင်းသော ဝိညာဉ်တော်၏ ရေစီးကြောင်းတွင် ရှိသောသူတစ်ဦး ဖြစ်သည်။ ထိုသို့သော လူများသည် ဘုရားသခင်၏ ချီးမွမ်းမှုကို ရရှိနိုင်စွမ်းနှင့် ဘုရားသခင်ကို မြင်တွေ့နိုင်စွမ်း ရှိသည်သာမက၊ ဘုရားသခင်၏ နောက်ဆုံးအမှုမှတစ်ဆင့် ဘုရားသခင်၏ စိတ်သဘောထားကိုလည်း သိရှိနိုင်ပြီး၊ လူတို့၏ အယူအဆများနှင့် မနာခံမှု၊ ပြီးလျှင် လူတို့၏ သဘာဝနှင့် အနှစ်သာရတို့ကို သူ၏ နောက်ဆုံးအမှုမှ သိရှိနိုင်ပေသည်။ ထို့အပြင် ၎င်းတို့၏ အစေခံမှုအတွင်းတွင်၊ ၎င်းတို့သည် ၎င်းတို့၏ စိတ်သဘောထားထဲက ပြောင်းလဲမှုများကို တဖြည်းဖြည်း ရရှိနိုင်ကြလေသည်။ ဤကဲ့သို့သော လူများသာ ဘုရားသခင်ကို ရရှိနိုင်သူများနှင့် မှန်သောလမ်းခရီးကို စစ်မှန်ရိုးသားစွာ တွေ့ရှိပြီးသောသူများ ဖြစ်သည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်အားဖြင့် ပယ်ရှင်းခံရသော သူများမှာ ဘုရားသခင်၏ နောက်ဆုံးအမှုနောက်သို့ လိုက်လျှောက်နိုင်စွမ်း မရှိသောသူများ ဖြစ်ကြပြီး၊ ဘုရားသခင်၏ နောက်ဆုံးအမှုကို ဆန့်ကျင်ပုန်ကန်သောသူများ ဖြစ်သည်။ ထိုသို့သောသူများက ဘုရားသခင်ကို ပွင့်ပွင့်လင်းလင်း ဆန့်ကျင်ပုန်ကြသည်မှာ အဘယ့်ကြောင့်ဆိုသော် ဘုရားသခင်သည် အမှုသစ်ကို လုပ်ဆောင်ပြီးဖြစ်သောကြောင့်ဖြစ်ပြီး၊ ဘုရားသခင်၏သဏ္ဌာန်သည် ၎င်းတို့၏ အယူအဆများထဲရှိ သဏ္ဌာန်နှင့် မတူညီသောကြောင့်ဖြစ်သည်- ဤအရာ၏ အကျိုးဆက်အနေဖြင့် ၎င်းတို့သည် ဘုရားသခင်ကို ပွင့်ပွင့်လင်းလင်း ဆန့်ကျင်ကြပြီး၊ ဘုရားသခင်အပေါ် အကဲဖြတ်ဝေဖန်ကြသည်၊ ယင်းက ၎င်းတို့ကို ဘုရားသခင်က စက်ဆုပ်ခြင်းနှင့် ငြင်းပယ်ခြင်းတို့ကို အကျိုးဆက် ဖြစ်ပေါ်စေလေသည်။ ဘုရားသခင်၏ နောက်ဆုံးသောအမှုနှင့်ဆိုင်သည့် အသိပညာကို ပိုင်ဆိုင်ခြင်းသည် လွယ်ကူသည့် ကိစ္စရပ် မဟုတ်ပေ၊ သို့သော် လူများသည် ဘုရားသခင်၏အမှုကို နာခံလိုစိတ် ရှိပြီး၊ ဘုရားသခင်၏အမှုကို ရှာဖွေလိုစိတ် ရှိကြပါက၊ ၎င်းတို့သည် ဘုရားသခင်အား မြင်တွေ့ရန် အခွင့်အရေး ရှိကြလိမ့်မည် ဖြစ်ပြီး သန့်ရှင်းသော ဝိညာဉ်တော်၏ အသစ်လွင်ဆုံးသော လမ်းပြမှုကို ရရှိရန် အခွင့်အရေး ရှိကြလိမ့်မည် ဖြစ်သည်။ ဘုရားသခင်၏အမှုကို တမင်တကာ ဆန့်ကျင်သူများသည် သန့်ရှင်းသော ဝိညာဉ်တော်၏ အသိဉာဏ်ပွင့်လင်းစေခြင်း သို့မဟုတ် ဘုရားသခင်၏ လမ်းပြမှုကို မရရှိနိုင်ပေ။ ထို့ကြောင့် လူများသည် ဘုရားသခင်၏ နောက်ဆုံးအမှုကို ရရှိနိုင်ခြင်း ရှိမရှိဆိုသည်မှာ ဘုရားသခင်၏ ကျေးဇူးတော်အပေါ် မူတည်သည်၊ ယင်းသည် ၎င်းတို့၏ အားထုတ်မှုအပေါ် မူတည်ပြီး ၎င်းတို့၏ ရည်ရွယ်ချက်များအပေါ် မူတည်ပေသည်။

သန့်ရှင်းသော ဝိညာဉ်တော်၏ လက်ရှိမိန့်မြွက်ချက်များကို နာခံနိုင်သောသူအားလုံးသည် မင်္ဂလာရှိကြ၏။ ၎င်းတို့ မည်သို့ ဖြစ်လေ့ရှိခဲ့သည်ဖြစ်စေ၊ သို့မဟုတ် ၎င်းတို့အတွင်း၌ သန့်ရှင်းသော ဝိညာဉ်တော်သည် မည်သို့ အလုပ်လုပ်လေ့ရှိခဲ့သည် ဖြစ်စေ- ဘုရားသခင်၏ နောက်ဆုံးအမှုကို ရရှိပြီးသောသူများသည် ကောင်းချီးမင်္ဂလာကို အခံစားရဆုံးဖြစ်ပြီး၊ ယနေ့ နောက်ဆုံးသော အမှုကို မလိုက်လျှောက်နိုင်သောသူများမှာ ပယ်ရှင်းခံကြရသည်။ ဘုရားသခင်သည် အလင်းသစ်ကို လက်ခံနိုင်သောသူများကို အလိုရှိပြီး၊ သူ၏ နောက်ဆုံးအမှုကို လက်ခံကာ သိရှိသောသူများကို အလိုရှိသည်။ သင်တို့သည် စင်ကြယ်သော အပျိုကညာ ဖြစ်ရမည်ဟု အဘယ်ကြောင့် ပြောထားသနည်း။ စင်ကြယ်သော အပျိုကညာသည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို ရှာဖွေနိုင်ပြီး အသစ်သော အမှုအရာများကို နားလည်နိုင်သည်၊ ထို့အပြင် အယူအဆဟောင်းများကို ဘေးဖယ်ထားနိုင်ပြီး၊ ယနေ့ ဘုရားသခင်၏ အမှုကို နာခံနိုင်ကြလေသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ အသစ်ဆုံးသောအမှုကို သိပြီး သူ၏ ခြေလှမ်းများနောက် လိုက်လော့” မှ

စာတန်နှင့် သက်ဆိုင်သူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နားမလည်သော်လည်း၊ ဘုရားသခင်နှင့် သက်ဆိုင်သူများသည် ဘုရားသခင်၏ အသံကို ကြားနိုင်ကြ၏။ ငါပြောဆိုသည့် နှုတ်ကပတ်တော်ကို သဘောပေါက်သူ အားလုံးသည် ကယ်တင်ခံရမည့်သူများနှင့် ဘုရားသခင်အဖို့ သက်သေခံမည့်သူများ ဖြစ်ကြ၏။ ငါပြောသည့် နှုတ်ကပတ်တော်များကို နားမလည်သူ အားလုံးတို့သည် ဘုရားသခင်အဖို့ သက်သေမခံနိုင်ကြသကဲ့သို့ ဖယ်ရှားခံရမည့် သူများဖြစ်ကြ၏။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ အမှုအဆင့် သုံးဆင့်ကို သိခြင်းသည် ဘုရားသခင်ကို သိခြင်း၏ လမ်းကြောင်းဖြစ်သည်” မှ

မည်သည့်ပုံစံ၊ သို့မဟုတ် တိုင်းနိုင်ငံ၏ ကန့်သတ်ခြင်းများ မရှိသည့် ဘုရားသခင့်ပေါ်ထွန်းခြင်း၏ ရည်ရွယ်ချက်မှာ သူကြံစည်ထားသည့် အတိုင်း အလုပ်ကို ပြီးမြောက်အောင် လုပ်ဆောင်နိုင်ဖို့ဖြစ်သည်။ ဤသည်မှာ ယုဒပြည်၌ ဘုရားသခင် လူ့ဇာတိခံယူခဲ့သောအခါက ကဲ့သို့ပင် ဖြစ်သည်၊ ထိုအခါက သူ၏ရည်ရွယ်ချက်မှာ လူသားမျိုးနွယ် တစ်ရပ်လုံးကို ရွေးနုတ်ရာတွင် ကားတိုင်တင်ခံရခြင်း အမှုကို စုံလင်စေဖို့ ဖြစ်သည်။ သို့သော်လည်း ဂျူးလူမျိုးများက ဘုရားသခင်အနေဖြင့် ထိုသို့ပြုရန်မှာ မဖြစ်နိုင်ဟု ယုံကြည်ခဲ့ကြသည်၊ ထို့ပြင် ဘုရားသခင်က လူ့ဇာတိခံယူပြီး သခင်ယေရှု၏အသွင်ကို ဆောင်ယူရန်မှာ မဖြစ်နိုင်ဟု ထင်ခဲ့ကြသည်။ သူတို့၏ “မဖြစ်နိုင်” ဟူသည့်အချက်မှာ သူတို့အနေဖြင့် ဘုရားသခင်ကို ပြစ်တင်ရှုတ်ချကာ ဆန့်ကျင်ခဲ့ကြခြင်း၏ အခြေခံအကြောင်းရင်း ဖြစ်လာခဲ့ပြီး နောက်ဆုံးတွင် ဣသရေလနိုင်ငံ ပျက်စီးခြင်းသို့ ဦးတည်သွားစေခဲ့သည်။ ယနေ့ခေတ်၌လည်း များစွာသောလူတို့သည် အလားတူ အမှားမျိုးကို ကျူးလွန်ခဲ့ကြသည်။ ဘုရားသခင် ပေါ်ထွန်းမည့်အချိန် နီးပြီဖြစ်ကြောင်းကို အစွမ်းကုန် ကြေညာကြသော်လည်း၊ တစ်ချိန်တည်းတွင် ဘုရားသခင်၏ ပေါ်ထွန်းခြင်းကို ပြစ်တင်ရှုတ်ချကြသည်။ သူတို့၏ “မဖြစ်နိုင်” ဟူသည့်အချက်က သူတို့စိတ်ကူးနိုင်စွမ်း၏ အကန့်အသတ်များအတွင်း ဘုရားသခင်၏ ပေါ်ထွန်းခြင်းကို ထပ်မံ၍ ဘောင်ခတ်ထားကြသည်။ ထို့ကြောင့်ပင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အမှတ်မထင် တွေ့ကြုံသွားပြီးသည့်နောက် ရုန့်ကြမ်းကျယ်လောင်စွာနှင့် အတောမသတ် ရယ်မောတတ်ကြသော လူများစွာကို ငါတွေ့ဖူးခဲ့ပြီ။ သို့သော် ထိုရယ်မောခြင်းသည် ဘုရားသခင်ကို ပြစ်တင်ရှုတ်ချပြီး စော်ကားခဲ့ကြသည့် ဂျူးလူမျိုးများ၏ လုပ်ရပ်နှင့် ဘာမျှမခြားနားပါ။ သမ္မာတရား၏ မျက်မှောက်၌ သင်တို့သည် ရိုသေလေးမြတ်ခြင်း မရှိကြပေ၊ ထို့ထက်မက သင်တို့၏သဘောထားမှာလည်း သမ္မာတရားကို တောင့်တသည့် သဘောထားမျိုး သာ၍ပင် မဟုတ်ပေ။ သင်တို့သည် မစဉ်းစား မဆင်ခြင်ဘဲ လေ့လာရုံသက်သက် လေ့လာကြပြီး အပူအပင်အကြောင့်အကြမရှိ စောင့်နေကြသည်။ ထိုကဲ့သို့သော လေ့လာခြင်းနှင့် စောင့်မျှော်ခြင်းမှ သင့်အနေဖြင့် အဘယ်အရာကို ရနိုင်မည်နည်း။ ဘုရားသခင်၏ ကိုယ်တိုင်ကိုယ်ကျ လမ်းပြခြင်းကို သင်ရရှိခြင်း ဖြစ်မည်လော။ ဘုရားသခင်၏ မိန့်မြွက်ချက်များကို သင်ပိုင်းခြားမသိနိုင်ပါက၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းကို ကိုယ်တိုင် မြင်တွေ့နိုင်ဖို့အတွက် သင်သည် မည်သည့်နည်းဖြင့် အရည်အချင်း ပြည့်မီမည်နည်း။ ဘုရားသခင် ပေါ်ထွန်းသော နေရာတိုင်းသည် သမ္မာတရားဖော်ပြခြင်းခံရသောနေရာ၊ ဘုရားသခင်၏အသံ ရှိမည်ဖြစ်သောနေရာ ဖြစ်သည်။ သမ္မာတရားကို လက်ခံနိုင်သောသူများသာ ဘုရားသခင်၏ အသံကို ကြားနိုင်လိမ့်မည် ဖြစ်ပြီး ထိုသို့သော သူများသည်သာ ဘုရားသခင်၏ ပေါ်ထွန်းခြင်းကို ကိုယ်တိုင်မြင်တွေ့နိုင်ဖို့အတွက် အရည်အချင်း ပြည့်မီသူများ ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ ပေါ်ထွန်းခြင်းသည် ခေတ်သစ်တစ်ခေတ်ကို အစပြုခဲ့၏” မှ

ကိုးကားရန်အတွက် တရားဟောချက်နှင့် မိတ်သဟာယပြုခြင်း ကောက်နုတ်ချက်များ-

“ပညာရှိ သတို့သမီးများ” မှာ ဘုရားသခင်၏ အသံတော်ကို သိရှိပြီး “သတို့သား” ၏ အသံကို သိမှတ်နိုင်သောသူများဖြစ်ကာ ထို့ကြောင့် ခရစ်တော်ကို လက်ခံပြီး အပ်နှံနိုင်ကြသည်။ သို့အားဖြင့် သခင်၏ ပြန်လည်ကြွလာခြင်းကို ကြိုဆိုပြီး သိုးသငယ်၏ မင်္ဂလာစားပွဲတော်ကို တက်ရောက်ကြလေသည်။ “မိုက်မဲသော သတို့သမီးများ” သည် “သတို့သား” ၏ အသံကို မသိသလို ဘုရားသခင်၏ အသံတော်ကို မသိမှတ်နိုင်သောကြောင့် ခရစ်တော်ကို ငြင်းပယ်ကြပြီး ဘုရားသခင်အားဖြင့် ၎င်းတို့ စွန့်ပစ်ခံရကာ ပယ်ရှင်းခံကြရသည်အထိ မရေရာသော ဘုရားသခင်ကို ဆက်လက် တောင့်တနေကြလေသည်။ စစ်မှန်သော ယုံကြည်ခြင်း မရှိပါပဲ ခရစ်တော်ကိုလက်ခံရန် အလွန် ခက်ခဲလသည်ကို ဘုရားသခင်၌ ကျွန်ုပ်တို့ ယုံကြည်ခြင်းထဲတွင် တွေ့မြင်နိုင်သည်။ ခရစ်တော်ကို လက်ခံရန် ငြင်းဆန်သော သူတို့သည် “ချစ်သောသူ၏ မင်္ဂလာစားပွဲတော်” ကို လွဲချော်ရလိမ့်မည်ဖြစ်ပြီး ကောင်းကင်နိုင်ငံထဲရှိ အိမ်တော်ထဲသို့ သခင့်အားဖြင့် လက်ခံခြင်း မခံရနိုင်သလို လူသားအတွက် ဘုရားသခင် ပြင်ဆင်ထားသော နေရာသို့ မဝင်ရောက်နိုင်ပါ။ ထို့ကြောင့်၊ နောက်ဆုံးသောကာလ၏ ခရစ်တော်ကို လူတို့ လက်ခံပြီး သူ၏ အမှုတော်ကို နာခံသည် မနာခံသည်မှာ ဘုရားသခင်ကို ၎င်းတို့ ယုံကြည်ရာတွင် လူတို့ အောင်မြင်သည် သို့မဟုတ် ကျရှုံးသည်ကို ဆုံးဖြတ်ရာတွင် အရေးပါလှသော အချက်တစ်ခု ဖြစ်သည်။

အထက်အရပ်မှ မိတ်သဟာယပြုခြင်း မှ

သမ္မာကျမ်းစာထဲတွင် သခင်ယေရှုက သူပြန်ကြွလာသည့်အချိန်၌ လူနှစ်မျိုးနှစ်စား ရှိလိမ့်မည်ဟု ပရောဖက်ပြုထားပေသည်— သူသည် ကျေးဇူးတော်ခေတ်၏ ယုံကြည်သူများအားလုံးအတွက် ပုံဥပမာတစ်ခုအနေဖြင့် ပညာရှိ အပျိုကညာများနှင့် မိုက်မဲသော အပျိုကညာများကို အသုံးပြုခဲ့သည်။ ဘုရားသခင်၏ အသံတော်ကိုကြားပြီး လက်ခံကာ နာခံနိုင်သော သူတို့အားလုံးသည် ပညာရှိ အပျိုကညာများဖြစ်ကြသည်၊ ဘုရားသခင်၏ အသံတော်ကို မကြားနိုင်ကြသူများ၊ နားထောင်သော်လည်း မယုံကြည်ဘဲ ငြင်းပယ်ကြဆဲဖြစ်သော သူအားလုံးသည် မိုက်မဲသော အပျိုကညာများ ဖြစ်ကြသည်။ မိုက်မဲသော အပျိုကညာများသည် ချီဆောင်ခံရနိုင်သလော။ ချီဆောင်မခံရနိုင်ပါ။ ဤတော့ကား ဤမိုက်မဲသော အပျိုကညာများနှင့် ပညာရှိ အပျိုကညာများကို မည်သို့ထုတ်ဖော်၍ရနိုင်သနည်း။ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်မှတစ်ဆင့် ထုတ်ဖော်ခံရပြီး နောက်ဆုံးသောကာလတွင် ဘုရားသခင်၏ မိန့်မြွက်ချက်များဖြစ်သည့် နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ကို ဖတ်ရှုပြီးနောက် ၎င်းတို့၏ သဘောထားများအားဖြင့် ထုတ်ဖော်ခံရပေသည်။ ယုံကြည်သူအချို့က ယင်းကို ဖတ်ရှုပြီးနောက် “နက်နဲလိုက်တဲ့ စကားတွေ- ဒီစကားတွေမှာ သမ္မာတရားပါတယ်” ဟု ဆိုကြသည်။ ယင်းကို ၎င်းတို့ နောက်တစ်ဖန် ဂရုတစိုက် ဖတ်ရှုပြီးနောက်တွင် “ဒီစကားတွေက သာမန်လူတစ်ယောက်ဆီက လာတာ မဖြစ်နိုင်ဘူး၊ ဘုရားသခင်ဆီက လာတဲ့ပုံပဲ” ဟု ၎င်းတို့ဆိုကြသည်။ ထို့နောက် နောက်ထပ် ဂရုတစိုက်ကြည့်ကြပြီး “ဒါက ဘုရားသခင်ရဲ့ အသံတော်ပဲ၊ ဒီစကားတွေက ဘယ်လိုနည်းနဲ့မှ လူတစ်ယောက်ဆီက လာတာ မဖြစ်နိုင်ဘူး” ဟု ဆိုကြသည်။ ဤသို့သောလူသည် မင်္ဂလာရှိပေသည်၊ ၎င်းတို့သည် ပညာရှိ အပျိုကညာများ ဖြစ်ကြ၏။ မိုက်မဲသော အပျိုကညာများအတွက်မူ အချို့သည် သင်းအုပ်ဆရာများ၊ အချို့သည် အကြီးအကဲများ၊ အချို့မှာ တရားဟော ဆရာများဖြစ်ကြပြီး အချို့သည် စိတ်ရှုပ်ထွေးသည့် ယုံကြည်သူများဖြစ်ကာ ၎င်းတို့သည် မိမိတို့ဗိုက်ပြည့်သည်အထိ စားသောက်လိုကြသောသူများသာ ဖြစ်ကြသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုပြီးနောက် ၎င်းတို့၏ သဘောထားမှာ အဘယ်နည်း။ “အင်း၊ ဒီစကားတွေက ငါ့အယူအဆတွေ၊ စိတ်ကူးတွေနဲ့ မကိုက်ဘူး၊ ငါသဘောမတူဘူး”။ ပြီးနောက် ယင်းတို့ကို နောက်တစ်ဖန် ဂရုတစိုက် ဖတ်ရှုပြီးနောက်တွင် ၎င်းတို့က “ဒီစကားတွေထဲက တချို့က အကျိုးသင့်အကြောင့်သင့် ဖြစ်သလိုပဲ၊ ဒါပေမဲ့ အဲဒါမဖြစ်နိုင်ပါဘူး၊ ဒါက ဘုရားသခင်ရဲ့ အမှုတော် မဖြစ်နိုင်ဘူး” ဟု ဆိုကြသည်။ ထို့ကြောင့် နောက်တစ်ဖန် ယင်းသည် ၎င်းတို့၏ အယူအဆများ၊ စိတ်ကူများနှင့် မကိုက်ညီပြန်ချေ။ နောက်ဆုံးတွင် ၎င်းတို့ဖတ်ရှုလေလေ ယင်းက ၎င်းတို့၏ အယူအဆများနှင့် ကိုက်ညီမှု နည်းလေလေဖြစ်သည်။ “ဒါက ဘုရားသခင်ရဲ့ နှုတ်ကပတ်တော် မဟုတ်ပါဘူး- ငါလက်မခံနိုင်ဘူး။ ဒါက အတုအယောင်ပဲ၊ လူတွေကို လှည့်ဖြားဖို့ ကြိုးစားနေတဲ့ ခရစ်တော်အတုအယောင်ပဲ။ ငါမယုံကြည်နိုင်ဘူး” ဟု ၎င်းတို့ဆိုကြသည်။ ဤသည်မှာ မည်သည့် လူအမျိုးအစား ဖြစ်သနည်း။ ဤသည်မှာ ဖာရိရှဲတစ်ဦး၊ မိုက်မဲသော အပျိုကညာတစ်ဦး ဖြစ်ပေသည်။ ပညာရှိ အပျိုကညာဖြစ်ကြသူများနှင့် မိုက်မဲသော အပျိုကညာဖြစ်ကြသူများသည် ဘုရားသခင်၏ နှုတ်ကပတ်တော်အားဖြင့် အလင်းသို့ ဆောင်ယူခြင်း ခံကြရသည်။ ၎င်းတို့ကို ၎င်းတို့နှင့် သက်ဆိုင်သော အမျိုးအစားများထဲသို့ သတ်မှတ်ပြီး ခွဲခြားသည်မှာ နောက်ဆုံးသောကာလရှိ ဘုရားသခင်၏ နှုတ်ကပတ်တော်ဖြစ်ပြီး ထို့နောက်တွင် ဘုရားသခင်သည် ကောင်းသောသူကို ဆုချီးမြှင့်ကာ ကောက်ကျစ်စဉ်းလဲသောသူကို အပြစ်ဒဏ်ပေးရန် စတင်ပါလိမ့်မည်။

အသက်တာထဲ ဝင်ရောက်ခြင်းအပေါ် မိတ်သဟာယဖွဲ့ခြင်းနှင့် တရားဟောချက်များ မှ

ပညာရှိအပျိုကညာများက သခင့်၏ အသံကို အရေးစိုက်ကြလိမ့်မည်၊ အဓိကအားဖြင့် ၎င်းတို့သည် သမ္မာတရားကို ချစ်မြတ်နိုးကာ ရှာဖွေကြသောသူများ ဖြစ်ကြသောကြောင့်ဖြစ်သည်။ ဘုရားသခင်၏ ပေါ်ထွန်းခြင်းအတွက် ၎င်းတို့ ဆာငတ်ကြသည်၊ ဤသည်မှာ သခင်၏ ကြွလာခြင်းကို ၎င်းင်းတို့ ရှာဖွေပြီး လေ့လာစုံစမ်းနိုင်ရသော အကြောင်းရင်းဖြစ်ပြီး သခင့်၏ အသံကို ၎င်းတို့ သိမြင်နိုင်ကြသည့်အကြောင်းရင်း ဖြစ်သည်။ မိုက်မဲသော အပျိုကညာများက သမ္မာတရားကို မချစ်ကြသည့်အတွက်၊ စည်းမျဉ်းစည်းကမ်းများကို ခေါင်းမာစွာ ဖက်တွယ်ရန်သာ သိကြရင်း သခင်၏ ကြွလာခြင်းကို ၎င်းတို့ မရှာဖွေ သို့မဟုတ် မလေ့လာမဆန်းစစ်ကြပါ။ ၎င်းတို့ထဲမှ အချို့က မိုးတိမ်ပေါ် ကြွလာခြင်းမရှိသော မည်သည့်သခင်ကိုမဆို လက်ခံမည်မဟုတ် သို့မဟုတ် လေ့လာဆန်းစစ်မည်မဟုတ်ဟု အခိုင်အမာ ဆိုကြသည်။ အခြားသူများက ဘာသာရေးလောက၏ သင်းအုပ်ဆရာများနှင့် အကြီးအကဲများ၏ ကြိုးကိုင်ခြယ်လှယ်မှုကို အပြည့်အဝ နာခံအပ်နှံကြသည်။ သင်းအုပ်ဆရာနှင့် အကြီးအကဲများက မည်သည့်အရာကို ပြောပါ့စေ၊ ၎င်းတို့ နားထောင်ပြီး လိုက်လျှောက်ကြလိမ့်မည်ဖြစ်သည်။ သခင့်ကို နာမည်အရ ယုံကြည်သော်လည်း လက်တွေ့အရှိတရားတွင် ဤသင်းအုပ်ဆရာများနှင့် အကြီးအကဲများနောက်ကို ၎င်းတို့ လိုက်ပြီး နာခံကြသည်။ လမ်းမှန်ကို ၎င်းတို့ကိုယ်တိုင်အတွက် မစုံစမ်းမစစ်ဆေးကြသလို သခင့်၏ အသံကို ၎င်းတို့ မသိမြင်နိုင်ကြပါ။ အချို့မှာ ပို၍ပင် မိုက်မဲကြသည်။ နောက်ဆုံးသော ကာလတွင် ပေါ်ထွန်းသော ခရစ်တော်အတုယောင်များ ရှိသည့်အတွက်၊ စစ်မှန်သော ခရစ်တော်ကို ၎င်းတို့ မရှာဖွေ၊ မစုံစမ်းကြသလို သူ့ကို ငြင်းပယ်ခြင်းနှင့် ရှုတ်ချခြင်းတို့ကိုပင် ပြုလုပ် နိုင်ကြသည်။ ဤသည်မှာ မိမိကိုယ်ကို ဒုက္ခရောက်စေခြင်း ဖြစ်သည် မဟုတ်လော။ ဤသည်မှာလည်း မိုက်မဲသော အပျိုကညာတစ်ဦး၏ သရုပ်သကန် တစ်ခု ဖြစ်ပေသည်။

ရုပ်ရှင်ဇာတ်ညွှန်း မေးခွန်းများအတွက် အဖြေများ မှ

အွန်လိုင်းဒေသနာများအား အချိန်မရွေးပါဝင်ပြီး အပြစ်မှ လွတ်ဖို့နှင့် ကောင်းကင်နိုင်ငံတော်သို့ ဝင်ရောက်ဖို့ လမ်းကြောင်းကိုရှာဖွေလိုက်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

အသင်းတော်များသည် ဘာသာတရားများအဖြစ် ပြောင်းလဲသွားရသည်မှာ အဘယ်ကြောင့်နည်း။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ- ဘုရားသခင်၏ အမှု အဆင့်အသီးသီးတွင်၊ လူသားနှင့်ဆိုင်သော လိုက်လျောညီထွေသည့် သတ်မှတ်ချက်များလည်း...