၎င်းတို့ထဲတွင် ဝိညာဉ်ဆိုးများ၏ အလုပ် ရှိကြသူများ သို့မဟုတ် မကောင်းဆိုးဝါးများ အပူးခံရသူများကို ဘုရားသခင် မကယ်တင်သည့် အကြောင်းအရင်း

18.11.2021

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

ငါသည် နတ်ဆိုးတို့၏ လုပ်ရပ်အမျိုးမျိုးကို ရှင်းလင်းစွာ တွေ့မြင်ခဲ့သည်မှာ ကြာမြင့်လှပြီ ဖြစ်သည်။ နတ်ဆိုးများ (မှားယွင်းသော ရည်ရွယ်ချက်များ ရှိသူများ၊ ဇာတိပကတိနှင့် ကြွယ်ဝမှုတို့ကို လိုချင်တပ်မက်မောသူများ၊ မိမိတို့ကိုယ်ကိုယ် ချီးမြှောက်သောသူများ၊ အသင်းတော်ကို ဖျက်လိုဖျက်ဆီး လုပ်သောသူများ၊ အစရှိသည်ဖြင့်) ၏ အသုံးချခြင်းခံရသော လူတစ်ယောက်ချင်းစီကိုလည်း ငါသည် ထိုးထွင်းမြင်တွေ့ခဲ့လေပြီ။ နတ်ဆိုးများကို နှင်ထုတ်လိုက်သည်နှင့် တစ်ပြိုင်နက် အရာရာအားလုံးသည် ပြီးဆုံးသွားသည်ဟု မယူဆလေနှင့်။ သင့်အား ငါ ပြောကြားမည်။ ယခုမှစ၍ ငါသည် ထိုလူတို့အား တစ်ယောက်ပြီးတစ်ယောက် ရှင်းထုတ်ပစ်ကာ၊ ထိုသူတို့အား မည်သည့်အခါမျှ အသုံးပြုလိမ့်မည်မဟုတ်။ ဆိုလိုသည်မှာ နတ်ဆိုးများ၏ ဖောက်ပြန်ပျက်စီးစေခြင်းကို ခံရသူ မည်သူမဆို ငါ၏ အသုံးပြုခြင်း ခံရလိမ့်မည် မဟုတ်ဘဲ၊ နှင်ထုတ်ခြင်း ခံရလိမ့်မည်။ ငါ့တွင် ခံစားချက်များ မရှိဟု မထင်လေနှင့်။ ဤအရာကို သိလော့။ ငါသည် သန့်ရှင်းသော ဘုရားသခင် ဖြစ်ပြီး၊ ညစ်ညမ်းသော ဗိမာန်တော်တွင် နေထိုင်လိမ့်မည် မဟုတ်။ ငါသည် ငါ့အပေါ် အပြည့်အဝ သစ္စာရှိပြီး ငါ၏ဝန်ထုပ်ဝန်ပိုးကို ထောက်ထားနိုင်သော လူများဖြစ်သည့် ရိုးသားဖြောင့်မတ်ပြီး ဉာဏ်ပညာရှိသူများကိုသာ အသုံးပြုသည်။ အဘယ့်ကြောင့်ဆိုသော် ထိုသို့သော လူတို့သည် ငါ၏ ကြိုတင်ခွဲခန့် မှတ်သားထားခြင်းကို ခံခဲ့ရသောသူတို့ ဖြစ်သောကြောင့် ဖြစ်ပြီး ၎င်းတို့အပေါ်တွင် နတ်ဆိုးများ၏ အဘယ်လုပ်ဆောင်မှုမျှ လုံးဝမရှိပေ။ အရာတစ်ခုအား ငါရှင်းလင်းအောင်‌ပြောမည်- ယခုမှစ၍ သန့်ရှင်းသောဝိညာဉ်တော်၏ လုပ်ဆောင်မှု မရှိသော သူအားလုံးတို့၌ နတ်ဆိုးများ၏လုပ်ဆောင်မှု ရှိကြသည်။ ငါ ထပ်လောင်း ပြောဆိုမည်- နတ်ဆိုးများ လုပ်ဆောင်မှုရှိသည့် မည်သူ တစ်ဉီးတစ်ယောက်ကိုမျှ ငါမလိုလားပေ။ ၎င်းတို့ အားလုံးသည် မရဏနိုင်ငံသို့ ၎င်းတို့၏ ဇာတိပကတိနှင့်အတူ ပစ်ချခြင်းကို ခံရလိမ့်မည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၇၆)

လူတို့သည် ငရဲနှင့် မရဏနိုင်ငံကို မကြာခဏ ထုတ်ဖော်ပြောကြသည်။ သို့သော် ဤစကားလုံးနှစ်လုံးသည် မည်သည့်အရာကို ရည်ညွှန်းသနည်း၊ ပြီးလျှင် ၎င်းတို့နှစ်ခုအကြား ခြားနားချက်မှာ အဘယ်နည်း။ အေးစက်၊ မှောင်မိုက်ပြီး ချောင်ကျသော အရပ်အချို့ကို ယင်းတို့ အမှန်တကယ် ရည်ညွှန်းသလော။ ၎င်းတို့၏ ကိုယ်ပိုင် ကြုံရာကျပန်း တွေးဆခြင်းတို့သည် အပြည့်အဝ ကောင်းမွန်သည်ဟု တွေးထင်ရင်း၊ လူသားများ၏ စိတ်များသည် ငါ၏စီမံခန့်ခွဲမှုကို အစဉ် နှောင့်ယှက်နေကြသည်။ သို့သော် ဤအရာအားလုံးသည် ၎င်းတို့၏ ကိုယ်ပိုင်စိတ်ကူးစိတ်သန်းများသာ ဖြစ်သည်။ မရဏနိုင်ငံနှင့် ငရဲ နှစ်ခုလုံးသည် ယခင်က စာတန် သို့မဟုတ် နတ်ဆိုးတို့ အသက်ရှင်ပြီးဖြစ်သည့် ညစ်ညမ်းသောဗိမာန်တစ်ခုကို ရည်ညွှန်းသည်။ ဆိုလိုသည်မှာ ယခင်က စာတန် သို့မဟုတ် နတ်ဆိုးတို့၏ နေရာယူခြင်း ခံရပြီးသူ မည်သူမဆို- မရဏနိုင်ငံမှာရှိသည့်သူသည် ၎င်းတို့ ဖြစ်ကြပြီး ငရဲမှာရှိသည့်သူသည် ၎င်းတို့ဖြစ်ကြသည်- မှားစရာမရှိ။ ဤသည်မှာ ငါသည် ညစ်ညမ်းသော ဗိမာန်၌ အသက်မရှင်ဟု အတိတ်တွင် ထပ်တလဲလဲ အလေးပေးပြောကြား ပြီးဖြစ်သည့် အကြောင်းရင်း ဖြစ်သည်။ ငါ (ဘုရားသခင်ကိုယ်တော်တိုင်)သည် မရဏနိုင်ငံ သို့မဟုတ် ငရဲထဲတွင် အသက်ရှင်နိုင်သလော။ ယင်းသည် ရယ်ဖွယ်ရာ အဓိပ္ပာယ်မရှိသော စကား ဖြစ်မည် မဟုတ်လော။ ငါသည် ဤအရာကို နှစ်ကြိမ်ထက်မက ဆိုလေပြီ၊ သို့သော် သင်တို့သည် ငါဆိုလိုသည့်အရာကို နားမလည်ကြသေး။ ငရဲနှင့် နှိုင်းယှဉ်ပါက၊ မရဏနိုင်ငံသည် စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းကို သာ၍ ပြင်းထန်စွာ ခံရ၏။ မရဏနိုင်ငံအတွက် ဖြစ်သောသူတို့သည် အဆိုးရွားဆုံးသော အခြေအနေများ ဖြစ်ကြပြီး၊ ငါသည် ဤလူတို့ကို တကယ်ကို ခွဲခန့်မှတ်သားထားခြင်းမရှိလေပြီ။ ငရဲအတွက် ဖြစ်သောသူတို့သည် ငါခွဲခန့်မှတ်သားပြီးဖြစ်ကာ၊ ထို့နောက် ဖယ်ရှားခြင်း ခံရပြီးသောသူများ ဖြစ်ကြသည်။ ရိုးရှင်းစွာဆိုရလျှင်၊ ဤလူများထဲမှ တစ်ဦးကိုမျှပင် ငါ မရွေးချယ်လေပြီ။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၉၀)

အချို့ အန္တိခရစ်များသည် အလွန်သိသာထင်ရှားစွာပင် ဆိုးယုတ်သော ဝိညာဉ်များ ဖြစ်သော်လည်း အချို့အန္တိခရစ်များကမူ မိမိတို့ကိုယ်ကို ဆိုးယုတ်သောဝိညာဉ်များအဖြစ် အသွင်ဆောင်သည်အထိ မပြုကြသောကြောင့် ၎င်းတို့ကို ထိုသို့သတ်မှတ်၍ မရနိုင်ပေ။ ဆိုးယုတ်သော ဝိညာဉ်များ ဖြစ်သည်မှာ သိသာထင်ရှားသည့် ထိုအန္တိခရစ်များအတွက်မူ တစ်စုံတစ်ဦးက ၎င်းတို့နောက်ကို လိုက်သည်နှင့်တစ်ပြိုင်နက် ဘုရားသခင်၏ အနှစ်သာရနှင့် စိတ်သဘောထားတို့ကို ထောက်ဆရလျှင် ဘုရားသခင်က ထိုပုဂ္ဂိုလ်ကို အသိအမှတ် ပြုဦးမည်လော။ ဘုရားသခင်သည် သန့်ရှင်းပြီး သူသည် အပြစ်ရှိသည်ဟု ယုံလွယ်သော ဘုရားသခင်ဖြစ်သည်— ဆိုးယုတ်သော ဝိညာဉ်များနောက် လိုက်ပြီးသည့်သူများကို သူငြင်းပယ်သည်။ အပြင်ပန်းတွင် ဤလူက သင့်အဖို့ ကောင်းမြတ်ပုံရလျှင်ပင် ဘုရားသခင်က ထိုရှုထောင့်ကို ကြည့်မနေချေ။ “အပြစ်ရှိသည်ဟု ယုံလွယ်သော” ဟူသည်မှာ အဘယ်နည်း။ ဤနေရာတွင် “အပြစ်ရှိသည်ဟု ယုံလွယ်သော” က အဘယ်အရာကိုဆိုလိုသနည်း။ ထိုစကားကိုယ်နှိုက်မှ မရှင်းလင်းပါက ငါ၏ရှင်းလင်းချက်မှ သင်တို့နားလည်နိုင်ခြင်း ရှိမရှိကို ကြည့်လော။ ၎င်းတို့သည် ဘုရားသခင်၏ ရွေးကောက်သည့်ခံရသည့်အချိန်မှစ၍ ဘုရားသခင်သည် သမ္မာတရားဖြစ်ကြောင်း၊ သူသည် ဖြောင့်မတ်ခြင်း၊ ဉာဏ်ပညာနှင့် အနန္တတန်ခိုးတို့ ဖြစ်ကြောင်း၊ သူသည် တစ်ပါးတည်းဖြစ်ကြောင်း ၎င်းတို့သတ်မှတ်သည့်အချိန်အထိ— ဤအရာအားလုံးကို ၎င်းတို့နားလည်သွားသည်နှင့် ၎င်းတို့၏ စိတ်နှလုံးအတွင်းနက်ရှိုင်းရာတွင် ဘုရားသခင်၏ စိတ်သဘောထားနှင့် အနှစ်သာရအပြင် သူ၏အရာအားလုံးနှင့် ဖြစ်ခြင်းတို့အပေါ် အခြေခံနားလည်မှုကို ရရှိလေသည်။ ထို့နောက်တွင် ဤအခြေခံနားလည်မှုက ၎င်းတို့၏ယုံကြည်မှု ဖြစ်လာပြီး ဘုရားသခင်နောက်ကို လိုက်ရာ၌၊ ဘုရားသခင်အတွက် မိမိတို့ကိုယ်ကို အသုံးခံရာ၌၊ မိမိတို့၏ တာဝန်ကို ထမ်းဆောင်ရာ၌ ၎င်းတို့ကို တွန်းအားပေးသည့်အရာ ဖြစ်လာသည်။ ဤသည်မှာ ၎င်းတို့၏ ဝိညာဉ်ရင့်ကျက်မှု ဖြစ်သည်မဟုတ်လော။ (ဟုတ်ပါသည်။) ဤအရာများသည် ၎င်းတို့၏ အသက်တာအတွင်းတွင် အမြစ်တွယ်နှင့်ပြီးဖြစ်ကာ ၎င်းတို့သည် ဘုရားသခင်ကို မည်သည့်အခါမျှ နောက်တစ်ဖန် ငြင်းပယ်တော့မည် မဟုတ်ပေ။ သို့ရာတွင် ၎င်းတို့၌ ခရစ်တော်၊ သို့မဟုတ် လက်တွေ့ကျသော ဘုရားသခင်နှင့်သက်ဆိုင်သည့် စစ်မှန်သော အသိပညာ မရှိပါက ၎င်းတို့သည် အန္တိခရစ်တစ်ဦးကို ဝတ်ပြုကိုးကွယ်ပြီး အန္တိခရစ်နောက်ကို လိုက်ဆဲဖြစ်ကောင်း ဖြစ်နိုင်သည်။ ဤကဲ့သို့သောလူမျိုးသည် အန္တရာယ် ရှိနေဆဲဖြစ်သည်။ ၎င်းတို့သည် ဆိုးယုတ်သည့် အန္တိခရစ် တစ်ဦးနောက်လိုက်ဖို့ လူ့ဇာတိရှိ ခရစ်တော်ကို ကျောခိုင်းနိုင်ဆဲ ဖြစ်သည်။ ဤသည်မှာ ခရစ်တော်ကို အတိအလင်း ငြင်းပယ်ခြင်းနှင့် ဘုရားသခင်နှင့် ဆက်ဆံရေးကို ဖြတ်တောက်ခြင်း ဖြစ်လိမ့်မည်။ ဤအရာ၏ သွယ်ဝိုက် ညွှန်းဆိုချက်မှာ— “ကျွန်ုပ်သည် ကိုယ်တော့်နောက်ကို လိုက်တော့မည် မဟုတ်၊ သို့သော်လည်း စာတန်နောက်ကိုကား လိုက်နေသည်။ စာတန်ကို ကျွန်ုပ်ချစ်ပြီး သူ့ကို အစေခံလိုသည်၊ စာတန်နောက်သို့ ကျွန်ုပ်လိုက်လိုပြီး သူကျွန်ုပ်ကို မည်သို့ ဆက်ဆံပါစေ၊ မည်သို့ဖျက်ဆီးပါစေ၊ မည်သို့နင်းခြေပြီး မည်သို့ဖောက်ပြန်ပျက်စီးအောင် လုပ်ပါစေ ပျော်ပျော်ကြီး ကျွန်ုပ်ခံမည်။ ကိုယ်တော့်အနေဖြင့် မည်မျှဖြောင့်မတ်ပြီး မည်မျှ သန့်ရှင်းပါစေ ကိုယ်တော့်နောက်သို့ ကျွန်ုပ်မလိုက်လိုတော့ပါ။ ကိုယ်တော်သည် ဘုရားသခင်ဖြစ်သော်ငြားလည်း ကိုယ်တော့်နောက်ကို ကျွန်ုပ်မလိုက်ချင်တော့ပါ” ဟူ၍ဖြစ်သည်။ ပြီးလျှင် ၎င်းတို့က ၎င်းတို့နှင့် မည်သို့မျှ မသက်ဆိုင်သည့်သူတစ်ဦး၊ ဘုရားသခင်နှင့် ရန်သူဖြစ်သူတစ်ဦး၊ သို့မဟုတ် ဆိုးယုတ်သော ဝိညာဉ်ပင် ဖြစ်သည့်သူတစ်ဦးနောက်ကို လိုက်ရင်း ထိုအတိုင်းပင် ထွက်သွားကြသည်။ ဘုရားသခင်က ထိုလူစားမျိုးကို လိုချင်ဆဲဖြစ်မည်လော။ ၎င်းတို့ကို ဘုရားသခင်ပစ်ပယ်ခြင်းသည် အကျိုးသင့်အကြောင်းသင့် ဖြစ်မည်လော။ လုံးလုံးပင် အကျိုးသင့်အကြောင်းသင့် ဖြစ်ပေမည်။ ဘုရားသခင်သည် အပြစ်ရှိသည်ဟု ယုံလွယ်သောဘုရားသခင် ဖြစ်ကြောင်း၊ သူသည် သန့်ရှင်းကြောင်းကို ပကတိအသိဉာဏ်မှနေ၍ လူများအားလုံး သိကြသော်လည်း ဤအရာနောက်ကွယ်တွင် အမှန်တကယ်ရှိနေသည့်အရာ၏ တကယ့်အခြေအနေကို သင်နားလည်သလော။ ဤနေရာတွင် ငါပြောနေသည့်အရာက မမှန်ကန်သလော။ (မှန်ကန်ပါသည်။) မှန်ကန်သည်ဆိုလျှင် ထိုပုဂ္ဂိုလ်ကို ဘုရားသခင်စွန့်လွှတ်ခြင်းက သူ့အနေဖြင့် ရက်စက်ရာကျသည်ဟု ယူမှတ်၍ ရမည်လော။ ဘုရားသခင်က အခြေခံသဘောတရားနှင့် ပြုမူသည်— ဘုရားသခင်၏ဖြစ်ခြင်းကို သင်သိလျက်နှင့် သူ့နောက်ကို မလိုက်လိုပါက၊ ပြီးလျှင် စာတန်၏ဖြစ်ခြင်းကို သင်သိလျက်နှင့် သူ့နောက်ကို လိုက်လိုဆဲဖြစ်ပါက ငါအတင်းတိုက်တွန်းမည် မဟုတ်။ သင့်ကို စာတန်နောက်သို့ ရာသက်ပန်လိုက်ခွင့် ငါပေးမည်ဖြစ်ပြီး သင်ပြန်လာဖို့ ငါတောင်းဆိုမည်မဟုတ်ဘဲ သင့်ကိုငါ လက်လျှော့လိုက်မည်။ ဘုရားသခင်၏အပိုင်းတွင် ဤသည်မှာ မည်သည့်စိတ်သဘောထားမျိုး ဖြစ်သနည်း။ ယင်းက ခေါင်းမာခြင်း ဖြစ်သလော။ စိတ်ခံစားချက်အရ သူပြုမူခြင်းလော၊ သို့မဟုတ် သိက္ခာရှိခြင်း ဖြစ်သလော။ ဤသည်မှာ သိက္ခာရှိခြင်း မဟုတ်သကဲ့သို့ ခေါင်းမာခြင်းလည်း မဟုတ်ဘဲ ဘုရားသခင်၏ “အပြစ်ရှိသည်ဟု ယုံလွယ်ခြင်း” ၏ တစ်စိတ်တစ်ဒေသ ဖြစ်သည်။ တစ်နည်းဆိုရလျှင် ဖန်ဆင်းခံအနေနှင့် သင်သည် အကျင့်ပျက်လာဖို့ကို လိုလိုချင်ချင်ရှိနေလျှင် ဘုရားသခင်က မည်သည့်အရာကို ဆိုနိုင်မည်နည်း။ သင်သည် အကျင့်ပျက်လာဖို့ ဆန္ဒရှိပါက ယင်းမှာ သင်၏ကိုယ်ပိုင်ရွေးချယ်မှုဖြစ်သည်— အဆုံး၌ သင်သည် အကျိုးဆက်များကို ခေါင်းခံရလိမ့်မည်ဖြစ်ပြီး မည်သူမပြု မိမိမှုသာဖြစ်လိမ့်မည်။ လူများကို ကိုင်တွယ်ဖြေရှင်းခြင်းအတွက် ဘုရားသခင်၏ အခြေခံသဘောတရားများမှာ မပြောင်းလဲသောကြောင့် သင်သည် အကျင့်ပျက်ခြင်းကို ကျေနပ်အားရနေပါက ဧကန်ဧက ဖြစ်သော သင်၏အဆုံးသတ်မှာ အပြစ်ဒဏ်ပေးခြင်း ခံရဖို့ဖြစ်သည်။ ယခင်က ဘုရားသခင်နောက်ကို သင်နှစ်ပေါင်း မည်မျှ လိုက်ခဲ့သည်မှာ အရေးမပါချေ။ သင်သည် အကျင့်ပျက်လိုလျှင် ဘုရားသခင်က သင်ရွေးချယ်မှုပြုရာ၌ သင့်ကို ကူညီပေးမည် မဟုတ်သကဲ့သို့ သင့်ကို အတင်းအကျပ်စေခိုင်းမည်လည်း မဟုတ်ပေ။ သင်ကိုယ်နှိုက်က စာတန်နောက်သို့ လိုက်ဖို့၊ စာတန်၏ လှည့်စားခြင်းနှင့် ညစ်ညမ်းစေခြင်းကိုခံဖို့ ဆန္ဒရှိနေခြင်းဖြစ်သောကြောင့် အဆုံး၌ သင်သည် အကျိုးဆက်များကို ခေါင်းခံရမည် ဖြစ်သည်။ ထိုအကြောင်းကြောင့် အခြားသူများက ဤလူများကို ကူညီဖို့ မည်မျှကြိုးစားပါစေ ၎င်းတို့နှင့်ပတ်သက်၍ မည်သည့်အရာမျှ အလုပ်မဖြစ်ရခြင်း ဖြစ်သည်။ ဘုရားသခင်က ၎င်းတို့ကို မလိုချင်တော့ပေ၊ သို့ဖြစ်၍ လူသားတစ်ဦးက မည်သည့်အရာကို လုပ်နိုင်မည်နည်း။ ဤသည်မှာ ယင်း၏နောက်ကွယ်မှ စစ်မှန်သော အကြောင်းအရင်း ဖြစ်သည်။ သို့ရာတွင် လူတို့သည် မိမိတို့လုပ်သင့်သည့်အရာကို လုပ်ဆောင်သင့်သည်၊ မိမိတို့၏ ဝတ္တရားများနှင့် တာဝန်များကို ဆောင်ရွက်သင့်သည်၊ ထိုသို့ ၎င်းတို့လုပ်ဆောင်ပြီးသွားလျှင် နောက်ဆုံး အဆုံးသတ်က ဘုရားသခင်၏ ခေါင်းဆောင်မှုပေါ်တွင် မူတည်ပေသည်။ ငါ၏ အသေးစိတ်ကျသော ရှင်းပြချက်ကြောင့် သင်တို့အားလုံးသည် “ဘုရားသခင်သည် အပြစ်ရှိသည်ဟု ယုံလွယ်သော ဘုရားဖြစ်၏” ဟူသည့် ဆိုရိုးစကားကို အနည်းငယ်ပို၍ နားလည်လာပြီလော။ ဤသည်မှာ ယင်း၏ ရှုထောင့်တစ်ခုဖြစ်သည်၊ တစ်နည်းဆိုရလျှင် ဆိုးယုတ်သော ဝိညာဉ်များ၏ ညစ်နွမ်းစေခြင်းကို ခံထားရပြီး ဖြစ်သည့်သူများကို ဘုရားသခင်က ငြင်းပယ်သည်။ ဘုရားသခင်က ၎င်းတို့ကို အဘယ့်ကြောင့် ငြင်းပယ်သနည်း။ ၎င်းတို့က စာတန်ကို ရွေးချယ်သောကြောင့် ဖြစ်သည်။ ထိုအရာပြီးသည့်နောက် ဘုရားသခင်က ၎င်းတို့ကို မည်သို့လျှင် လိုချင်တော့မည်နည်း။ ၎င်းတို့ ပြန်လာဖို့အလို့ငှာ ဘုရားသခင်က ၎င်းတို့ကို သက်ညှာပေးနိုင်သေးသလော၊ ၎င်းတို့ကို တို့ထိနိုင်သေးသလော။ ယင်းမှာ ဘုရားသခင် လုပ်နိုင်သည့်အရာတစ်စုံတစ်ခု ဖြစ်သလော။ သေချာပေါက် သူလုပ်နိုင်သော်လည်း လုပ်လိမ့်မည်ကား မဟုတ်ချေ။ “အပြစ်ရှိသည်ဟု ယုံလွယ်သော” က ဤအရာကို ဆိုလိုပေသည်။

အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၌ “၎င်းတို့သည် ဆိုးယုတ်ကာ တစိမ့်စိမ့်နှင့် အန္တရာယ်ပေးတတ်ပြီး လှည့်စားတတ်သည် (၂)” မှ

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။