သူတစ်ပါးကို ပျိုးထောင်ပေးခြင်းက ကျွန်ုပ်ကို ထုတ်ဖော်လိုက်သည်

18.03.2026

ဂျိုးဇက်၊ တောင်ကိုရီးယား

ကျွန်တော်က အသင်းတော်မှာ ဗီဒီယိုလုပ်တဲ့တာဝန်ကို ထမ်းဆောင်ပါတယ်။ အလုပ်တွေများလာတော့ ညီအစ်ကိုမောင်နှမအသစ်တချို့ ကျွန်တော်တို့အဖွဲ့ထဲ ရောက်လာကြတယ်။ ကြီးကြပ်ရေးမှူးက သူတို့ကို အထူးကျွမ်းကျင်မှုပိုင်း ပျိုးထောင်ပေးဖို့နဲ့ သူတို့အလုပ်ကို သေသေချာချာ ညှိနှိုင်းစီစဉ်ပေးဖို့ ကျွန်တော့်ကို ခိုင်းတယ်။ ဒီအစီအစဉ်ကို မြင်တော့ စိတ်ထဲမှာ နည်းနည်း အတိုက်အခံဖြစ်သွားပြီး တွေးမိတာပေါ့၊ “ကိုယ့်အလုပ်ကို ကိုင်တွယ်ဖို့တောင် အချိန်တွေ၊ အားထုတ်မှုတွေ အများကြီး ပေးနေရတာ၊ အခု သူများကိုပါ ပျိုးထောင်ပေးရမယ်ဆိုတော့ အချိန်နဲ့ အင်အား ပိုကုန်တော့မှာ မဟုတ်လား။ အဲဒါကြောင့် ငါ့အလုပ်တွေ နှောင့်နှေးပြီး သတ်မှတ်ထားတဲ့အချိန်အမီ မပြီးရင် ကြီးကြပ်ရေးမှူးက ငါ့ကို ဘယ်လိုမြင်မလဲ။ ငါ့တာဝန်မှာ ငါ ပေါ့တန်တန်လုပ်နေတယ်၊ ငါ့အလုပ်တွင်ကျယ်မှုက အခုမှရောက်တဲ့ ညီအစ်ကိုမောင်နှမအသစ်တွေထက် ဆိုးတယ်လို့ ပြောကြမလား။ အဲဒါဆို တော်တော် အရှက်ကွဲစရာကြီး။ ကြာလာလို့ ငါ့အလုပ်မှာ ရလဒ်တွေ ဆက်တိုက်မကောင်းလို့ ကြီးကြပ်ရေးမှူးက ငါ့ကို ဖြုတ်ချမလား။ နောက်ကွယ်မှာ ငါ ဘယ်လောက် အလုပ်လုပ်ရတယ်ဆိုတာ ကြီးကြပ်ရေးမှူးက မြင်တာမှမဟုတ်တာ။ ငါ့အလုပ်ရဲ့ မြင်သာတဲ့ ရလဒ်က တစ်လကို ဗီဒီယို ဘယ်နှပုဒ်ပြီးလဲ ဆိုတာပဲ။ သူများကို ပျိုးထောင်ပေးရင်း အချိန်တွေ အင်အားတွေ အကုန်ခံပြီး ကိုယ့်ဗီဒီယိုတွေ လုပ်တာ နှောင့်နှေးကုန်ရင် တန်မှမတန်တာ” လို့ပေါ့။ ဘယ်လိုပဲစဉ်းစားစဉ်းစား နောက်ဆုံးမှာ ငါပဲ နစ်နာမယ်လို့ ခံစားနေရတုန်းပဲ။ ဒါပေမဲ့ ပြန်တွေးကြည့်တော့လည်း ဒီတာဝန်ကို ငါ လေ့ကျင့်လာတာကြာပြီ၊ စည်းမျဉ်းတွေကို ပိုနားလည်တယ်လေ။ ဒီအလုပ်ကို ငါ တာဝန်ယူဖို့ ငြင်းလိုက်ရင် တကယ်ကို အသိစိတ်ကင်းမဲ့ရာကျမှာပေါ့။ ဒါကြောင့် မလုပ်ချင်လုပ်ချင်နဲ့ပဲ လက်ခံလိုက်တယ်။

အဲဒီနောက်ပိုင်း ညီအစ်ကိုမောင်နှမတွေ အလုပ်မှာ ပြဿနာရှိလို့ ကျွန်တော့်ဆီလာပြီး ဆွေးနွေးအဖြေရှာကြတဲ့အခါ ကျွန်တော် အတတ်နိုင်ဆုံး ကူညီပေးပါတယ်။ ခဏကြာတော့ ညီအစ်မတစ်ယောက် တခြားတာဝန်ကို ပြောင်းသွားတယ်။ အဲဒီနောက်ပိုင်း ပြန်စစ်ဆေးတဲ့အဆင့်မှာ သူလုပ်ခဲ့တဲ့ ဗီဒီယိုတစ်ခုမှာ ပြဿနာတချို့ တွေ့လို့ ကျွန်တော် ဝင်ကူပြီး ဖြေရှင်းပေးဖို့ လိုလာတယ်။ အစပိုင်းတော့ သေသေချာချာပဲ သဘောထားနိုင်ပါတယ်၊ ဒါပေမဲ့ ဗီဒီယိုမှာ ပြဿနာတွေက များလွန်းတော့ ပြင်ဆင်ဖို့ အချိန်အများကြီး ပေးလိုက်ရတယ်။ အဲဒီအချိန်အတောအတွင်းမှာ တခြားညီအစ်ကိုမောင်နှမတွေက ဗီဒီယို တချို့ ပြီးသွားကြပြီ၊ ကျွန်တော်ကတော့ တစ်ခုတောင် မပြီးသေးဘူးဆိုတာ သတိထားမိလိုက်တယ်။ ဒီတော့ စိတ်ပူလာတာပေါ့။ ကျွန်တော် တွေးမိတယ်... “ဒီညီအစ်ကိုမောင်နှမတွေက အခုမှ လေ့ကျင့်ကာစပဲ ရှိသေးတာ။ သူတို့ကို ပျိုးထောင်ပေးတာနဲ့တင် ငါ့အချိန်တွေ အများကြီး ကုန်ပြီးပြီ။ အခု သူများ မဖြေရှင်းဘဲထားခဲ့တဲ့ ပြဿနာတွေကို ငါက လိုက်ရှင်းပေးနေရတယ်။ ဒီပုံစံအတိုင်းဆို ငါ့လစဉ် သတ်မှတ်ချက်ပြည့်အောင် သေချာပေါက် လုပ်နိုင်မှာ မဟုတ်ဘူး။ အဲဒါဆို လူတိုင်းက ငါ့ကို ဘယ်လိုကြည့်ကြမလဲ။ ငါ့ဗီဒီယိုတွေကိုပဲ ငါ ပိုအာရုံစိုက်မှ ဖြစ်မယ်” လို့ပေါ့။ ဒါနဲ့ အဲဒီညီအစ်မလုပ်ခဲ့တဲ့ ဗီဒီယိုကို ပြင်တဲ့နေရာမှာ ကျွန်တော် သိပ်အားမစိုက်တော့ဘူး။ နောက်ပိုင်း ကြီးကြပ်ရေးမှူးက ဗီဒီယိုကို စစ်ဆေးတော့ ပြဿနာအများကြီး တွေ့သွားပြီး ထပ်ပြင်ခိုင်းတယ်။ ကျွန်တော် တော်တော် စိတ်ရှုပ်သွားတယ်၊ နစ်နာတယ်လို့တောင် ခံစားလိုက်ရတယ်။ “ဒါ ငါ့ဗီဒီယိုမှ မဟုတ်တာ။ ဘာလို့ ငါ့အချိန်တွေ အများကြီးပေးပြီး ပြင်ခိုင်းနေတာလဲ။ ဒါက ငါ့ကို ပိုပင်ပန်းစေရုံတင်မကဘူး၊ ငါ့အလုပ်ကိုပါ နှောင့်နှေးစေတာပဲ” ပေါ့။ ဒီလို အတိုက်အခံဖြစ်တဲ့ သဘောထားနဲ့ ဗီဒီယိုကို သုံးလေးကြိမ် ပြင်ပေမဲ့ လိုချင်တဲ့ရလဒ် မထွက်ဘူး။ နောက်ဆုံးတော့ ကြီးကြပ်ရေးမှူးက အဲဒီအလုပ်ကို ရပ်ခိုင်းလိုက်တယ်။ အဲဒီတုန်းက နည်းနည်း စိတ်မကောင်းဖြစ်ပေမဲ့ အလေးအနက် မထားခဲ့ပါဘူး။ အဲဒီအစား ကျွန်တော် တွေးလိုက်တယ်၊ “ပြင်စရာမလိုတော့တာ အဆင်ပြေတာပေါ့။ ဒါဆို ငါ့အချိန်တွေ သိပ်အကုန်ခံစရာ မလိုတော့ဘူး၊ ကိုယ့်အလုပ်ကိုပဲ အာရုံစိုက်လို့ရပြီ” လို့ပေါ့။ အဲဒီနောက်ပိုင်း ကိုယ့်အလုပ်ထဲမှာပဲ စိတ်နှစ်ထားလိုက်တယ်။ ညီအစ်ကိုမောင်နှမတွေက သူတို့ပြဿနာတွေကို လာဆွေးနွေးရင်လည်း ကျွန်တော်က တိုတိုနဲ့ ရှင်းရှင်းပဲ ဖြေလိုက်တော့တယ်။ သူတို့ နားလည်လား၊ ရှေ့ဆက်လုပ်ဖို့ ရှင်းလင်းတဲ့ လမ်းကြောင်း ရှိမရှိ ထည့်မစဉ်းစားခဲ့ဘူး။ အဲဒီကာလတုန်းက ကျွန်တော်ဟာ ကိုယ့်တာဝန်တွေ ထမ်းဆောင်ရာမှာ တက်ကြွမှုမရှိဘဲ ဝန်တာထားတဲ့စိတ်မရှိခဲ့ဘူး၊ ကျွန်တော်လုပ်တဲ့ ဗီဒီယိုတွေမှာလည်း အမြဲတမ်း ပြဿနာတွေ ရှိနေခဲ့တယ်။ အရမ်း စိတ်ပျက်မိပေမဲ့ ကိုယ့်ကိုယ်ကိုယ်တော့ ဆင်ခြင်သုံးသပ်တာမျိုး မရှိခဲ့ဘူး။ တစ်နေ့ကျတော့ ညီအစ်မတစ်ယောက်က ကျွန်တော့်ကို ထောက်ပြလာတယ်။ “အခုတလော အစ်ကို့အလုပ်မှာ လုံးဝ စိတ်ပါလက်ပါ မလုပ်တဲ့အပြင် အသစ်ရောက်လာတဲ့ ညီအစ်ကိုမောင်နှမတွေအတွက် အလုပ်ကို သေသေချာချာ ညှိနှိုင်းစီစဉ်မပေးတာလည်း သတိပြုမိတယ်” တဲ့။ သူ့စကားကိုကြားတော့ ကျွန်တော် မနေနိုင်ဘဲ ငြင်းခုံမိတယ်၊ “ငါ့မှာလည်း လုပ်စရာတွေ ပုံနေတာပဲ။ အလုပ်ကဏ္ဍတစ်ခုချင်းစီကို ငါ ဘယ်လိုလုပ် ဂရုစိုက်နိုင်မှာလဲ” လို့ပေါ့။ ကျွန်တော့်ရဲ့ အတိုက်အခံဖြစ်နေတဲ့ပုံကို မြင်တော့ အဲဒီညီအစ်မက “အစ်ကို့ ကိုယ်ကျိုးကိုပဲ တွေးပြီး အလုပ်တစ်ခုလုံးကို နှောင့်နှေးအောင် လုပ်လို့မရဘူးလေ” လို့ပြောပြီး သတိပေးတယ်။ ကျွန်တော်ကတော့ ဆက်ပြီး ငြင်းခုံချင်၊ စောဒကတက်ချင်နေတုန်းပဲ။ ဒါပေမဲ့ ဒီညီအစ်မရဲ့ သတိပေးစကားက ဘုရားသခင်ဆီက လာတယ်၊ ကျွန်တော် လက်ခံပြီး ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်သင့်တယ်ဆိုတာ ရုတ်တရက် သတိရသွားတယ်။ ဒါနဲ့ ဘာမှ ဆက်မပြောတော့ဘူး။ နောက်ပိုင်း သေသေချာချာ ပြန်စဉ်းစားကြည့်လေ၊ အဲဒီညီအစ်မပြောတာ မှန်တယ်ဆိုတာ ပိုသဘောပေါက်လာလေပဲ။ ဒီအလုပ်ကို လက်ခံထားပြီးမှတော့ ကိုယ့်တာဝန်ကို ကောင်းကောင်း ဖြည့်ဆည်းရမယ်၊ ကိုယ့်အကျိုးပဲ အာရုံစိုက်နေလို့ မရဘူးလေ။ ဘုရားသခင်ရဲ့ ဦးဆောင်လမ်းပြမှုကို မခံစားရဘဲ ကိုယ့်အလုပ်မှာ ပြဿနာတွေ ပိုများလာတဲ့ အကြောင်းရင်းဟာ ကိုယ့်တာဝန်တွေအပေါ်ထားတဲ့ ကျွန်တော့်သဘောထားက ဘုရားသခင် စက်ဆုပ်ရွံရှာအောင် လုပ်မိတာမျိုးကြောင့် ဟုတ်မဟုတ်ကိုလည်း ကိုယ့်ကိုယ်ကိုယ် ပြန်မေးမိတယ်။ ဒီပုံစံအတိုင်း ဆက်သွားရင် အန္တရာယ်ရှိတယ်လို့ ခံစားရတာနဲ့ ဘုရားသခင်ဆီ ဆုတောင်းလိုက်တယ်။ “အို ဘုရားသခင်၊ ဒီနေ့ ညီအစ်မရဲ့ သတိပေးစကားထဲမှာ ကိုယ်တော်ရဲ့ ရည်ရွယ်ချက်ကောင်းတွေ ရှိပါတယ်။ သား စိတ်ပြောင်းလဲပြီး ကိုယ့်ကိုယ်ကိုယ် ကောင်းကောင်း ဆင်ခြင်သုံးသပ်ချင်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် သိမြင်နိုင်အောင် သားကို ဉာဏ်ပွင့်စေတော်မူပါ” လို့ပေါ့။

နောက်ပိုင်း ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်တော် ဖတ်လိုက်ရတယ်။ “အသိစိတ်နှင့် ဆင်ခြင်တုံတရား နှစ်ခုလုံးတို့သည် လူတစ်ဦး၏ လူ့သဘာဝ၏ အစိတ်အပိုင်းများ ဖြစ်သင့်သည်။ ယင်းတို့နှစ်ခုလုံးသည် အခြေခံအကျဆုံးနှင့် အရေးအကြီးဆုံး ဖြစ်သည်။ အသိစိတ် ကင်းမဲ့ပြီး သာမန်လူ့သဘာဝ၏ ဆင်ခြင်တုံတရားမရှိသူသည် မည်သည့် လူစားမျိုး ဖြစ်သနည်း။ ယေဘုယျအားဖြင့် ပြောရလျှင်၊ သူသည် လူ့သဘာဝကင်းမဲ့သူ ဖြစ်သည်၊ ညံ့ဖျင်းသော လူ့သဘာဝကို ပိုင်ဆိုင်သည့်လူတစ်ဦး ဖြစ်သည်။ ပို၍ အသေးစိတ်ကြည့်လျှင် ဤလူသည် လူ့သဘာဝ ပျောက်ဆုံးနေသည့် မည်သည့်သရုပ်သကန်ကို ထုတ်ဖော်ပြသနည်း။ ဤကဲ့သို့သောလူတို့တွင် မည်သည့်စရိုက်လက္ခဏာများကို တွေ့ရပြီး မည်သည့် သီးသန့် သရုပ်သကန်တို့ကို တင်ပြသည်ဆိုသည်ကို ပိုင်းခြားစိစစ်ကြည့်ပါ။ (သူတို့သည် တစ်ကိုယ်ကောင်းဆန်ပြီး ယုတ်မာသည်။) တစ်ကိုယ်ကောင်းဆန်ပြီး ယုတ်မာသည့် လူများသည် မိမိတို့၏ လုပ်ဆောင်ချက်များတွင် ဝတ်ကျေတမ်းကျေဖြစ်ကြပြီး ၎င်းတို့ကို ပုဂ္ဂိုလ်ရေးအရ မပတ်သက်သည့် မည်သည့်အရာကိုမဆို အဖက်မလုပ်ဘဲ နေတတ်ကြသည်။ ဘုရားသခင်၏အိမ်တော်၏ အကျိုးများကို ၎င်းတို့ အရေးမထားကြသကဲ့သို့၊ ဘုရားသခင်၏ ရည်ရွယ်ချက်များကိုလည်း အရေးထားခြင်း မပြကြပေ။ ၎င်းတို့၏ တာဝန်များကို ဆောင်ရွက်ခြင်း သို့မဟုတ် ဘုရားသခင်အတွက် သက်သေခံခြင်း ဝန်ထုပ်ကို သူတို့ တာဝန်မယူကြသကဲ့သို့၊ တာဝန်သိစိတ် မရှိကြပေ။ တစ်စုံတစ်ရာကို ၎င်းတို့ လုပ်ဆောင်သည့်အချိန်တိုင်းတွင် ၎င်းတို့ စဉ်းစားကြသည်မှာ မည်သည့်အရာနည်း။ ၎င်းတို့၏ ပထမဦးဆုံးသော စဉ်းစားဆင်ခြင်မှုမှာ၊ ‘ဤအရာကို ကျွန်ုပ် လုပ်လျှင် ဘုရားသခင် သိလိမ့်မည်လော။ ယင်းသည် အခြားလူတို့အဖို့ မြင်သာပါသလော။ ဤအားထုတ်မှုအားလုံးကို ကျွန်ုပ် အသုံးပြုပြီး ဝီရိယရှိရှိ အလုပ်လုပ်သည်ကို အခြားလူတို့ မမြင်ပါက၊ ပြီးလျှင် ယင်းကို ဘုရားသခင်ကလည်း မမြင်ပါက၊ ဤအရာအတွက် ထိုသို့သော အားထုတ်မှုကို ကျွန်ုပ် အသုံးပြုခြင်း သို့မဟုတ် ဆင်းရဲဒုက္ခခံခြင်းသည် အသုံးမဝင်ပေ။’ ဟူ၍ ဖြစ်သည်။ ဤသည်မှာ အလွန်အမင်း တစ်ကိုယ်ကောင်းဆန်သည် မဟုတ်လော။ ယင်းသည် ယုတ်ညံ့သည့် အကြံမျိုးလည်း ဖြစ်ပေသည်။ ၎င်းတို့သည် ဤနည်းဖြင့် တွေးတောပြီး လုပ်ဆောင်သည့်အခါ၊ ၎င်းတို့၏ အသိစိတ်သည် အခန်းကဏ္ဍ တစ်ခုတလေ၌ ပါဝင်သလော။ ဤအရာတွင် ၎င်းတို့သည် လိပ်ပြာမလုံခြင်း ခံစားရသလော။ မခံစားရပေ၊ ၎င်းတို့၏ အသိစိတ်သည် မည်သည့် အခန်းကဏ္ဍမျှ ပါဝင်ဆောင်ရွက်ခြင်း မရှိဘဲ လိပ်ပြာမလုံခြင်းလည်း မခံစားရပေ။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ မိမိ၏ စိတ်နှလုံးကို ဘုရားသခင်အား ပေးအပ်ခြင်းအားဖြင့် သမ္မာတရားကို ရရှိနိုင်သည်) ဘုရားနှုတ်ကပတ်တော်ကနေ ကျွန်တော် မြင်လိုက်ရတာက လူတချို့ဟာ ကိစ္စတွေကြုံလာရင် သူတို့ရဲ့ ကိုယ်ကျိုးစီးပွားကိုပဲ စဉ်းစားကြတယ်၊ သူတို့ ထင်ပေါ်ကျော်ကြားနိုင်တာမျိုး၊ နာမည်ရနိုင်တာမျိုး၊ အကျိုးအမြတ်ရနိုင်တာမျိုး ရှိမရှိ ဆိုတာတွေပဲ တွေးကြတယ်။ တစ်ခုခုဟာ ကိုယ့်အတွက် အကျိုးရှိမှ လုပ်ချင်ကြပြီး အကျိုးမရှိရင်တော့ သူတို့ပြဿနာမဟုတ်ဘူးလို့ သဘောထားတဲ့အပြင် ဘာသိဘာသာနေပြီး ဝတ်ကျေတမ်းကျေပဲ လုပ်ကြတယ်။ သူတို့တာဝန်တွေမှာ ဝန်တာထားတဲ့စိတ်၊ တာဝန်သိစိတ် မရှိဘဲ အသင်းတော်အလုပ်ကို လုံးဝ ထည့်မစဉ်းစားကြဘူး။ ဒီလိုလူမျိုးတွေဟာ တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်ဖွယ်ကောင်းသလို အသိစိတ်နဲ့ ဆင်ခြင်တုံတရားလည်း ကင်းမဲ့ကြတယ်။ ဘုရားနှုတ်ကပတ်တော်ကို ဖတ်ပြီးတဲ့နောက် ကျွန်တော် တော်တော် စိတ်မကောင်းဖြစ်ရတယ်။ ကျွန်တော်ဟာ ဘုရားသခင် ဖော်ထုတ်တဲ့ လူစားမျိုးအတိုင်းပဲ၊ အရမ်း တစ်ကိုယ်ကောင်းဆန်တယ်။ လုပ်သမျှအရာတိုင်းမှာ ကိုယ့်အကြောင်းပဲ တွေးပြီး ဘုရားသခင်ရဲ့ ရည်ရွယ်ချက်တွေကို လုံးဝ အလေးမထားခဲ့ဘူး။ ညီအစ်ကိုမောင်နှမတွေက ဗီဒီယိုလုပ်တဲ့အလုပ်ကို အခုမှ စလေ့ကျင့်တာ၊ စည်းမျဉ်းတွေနဲ့ ကျွမ်းကျင်မှုတွေကို မပိုင်နိုင်သေးတော့ အလုပ်သဘောပေါက်ဖို့ အချိန်ပိုယူရမှာပဲ။ သူတို့ဘာသာ စမ်းတဝါးဝါးလုပ်တာကို အားကိုးရင် လမ်းလွဲသွားနိုင်ပြီး ထိရောက်မှုမရှိတဲ့ နည်းလမ်းတွေ သုံးမိနိုင်တယ်။ ကျွန်တော်က ဒီတာဝန်ကို လုပ်တာ ပိုကြာပြီ၊ စည်းမျဉ်းတချို့ကို နားလည်ထားတာဖြစ်လို့ သူတို့ အလုပ်နဲ့ မြန်မြန် ရင်းနှီးကျွမ်းဝင်ပြီး စည်းမျဉ်းတွေကို နားလည်သဘောပေါက်အောင် ကူညီပေးတာဟာ ကျွန်တော့်ရဲ့ တာဝန်နဲ့ ဝတ္တရားပဲ။ ဒါပေမဲ့ ကျွန်တော်က ကိုယ့်အကျိုးအမြတ်နဲ့ အရှုံးကိုပဲ ဂရုစိုက်ခဲ့တယ်၊ သူများကို ပျိုးထောင်ပေးရင်း အချိန်နဲ့ အင်အားကုန်သွားရင် ကိုယ့်အလုပ် နှောင့်နှေးသွားမှာကို ကြောက်နေခဲ့တယ်။ သူများတွေက ကျွန်တော့်ထက် ဗီဒီယိုတွေ ပိုလုပ်ခဲ့ရင် ကျွန်တော့်သိက္ခာ ထိခိုက်ရုံတင်မကဘူး၊ ပြုပြင်တာလည်း ခံရနိုင်တယ်။ ဒါကြောင့် သေသေချာချာ စဉ်းစားပြီးတဲ့နောက် ဒီအလုပ်က ပင်ပန်းပြီး ကျေးဇူးတင်မခံရတဲ့အလုပ်လို့ ခံစားရပြီး စိတ်ထဲမှာ မလုပ်ချင်ခဲ့ဘူး။ တခြားတစ်ယောက်ရဲ့ ဗီဒီယိုကို ပြင်ပေးတာက ကျွန်တော့်အချိန်တွေ အများကြီး ပဲ့ပါသွားတာ မြင်တော့ အတိုက်အခံဖြစ်ပြီး စိတ်ရှုပ်မိတယ်၊ ဒါဟာ ကျွန်တော့်အလုပ်နဲ့မဆိုင်တဲ့ အပိုအလုပ်လို့ ခံစားခဲ့ရတယ်။ ကောင်းအောင် လုပ်ပေးလိုက်ရင်လည်း ကျွန်တော့်အလုပ်ရလဒ်အပေါ် အကျိုးသက်ရောက်မှာမဟုတ်ဘူး၊ ဒါကြောင့် အဖွဲ့ထဲမှာ ကိုယ့်နေရာ ခိုင်မြဲဖို့အတွက် ကိုယ့်တာဝန်တွေနဲ့ အရည်အသွေးမြင့်တဲ့ ဗီဒီယိုတွေ လုပ်တာကိုပဲ အာရုံစိုက်တာက ပိုလက်တွေ့ကျမယ်လို့ ထင်ခဲ့တယ်။ ဒါကြောင့် ပြင်ဆင်မှုတွေကို ဝတ်ကျေတမ်းကျေ၊ ဖြစ်ကတတ်ဆန်းပဲ လုပ်ပေးခဲ့တယ်။ ရလဒ်အနေနဲ့ ဗီဒီယိုမှာရှိတဲ့ ပြဿနာတွေ မပြေလည်ဘဲ နောက်ဆုံးမှာ ကြီးကြပ်ရေးမှူးက ကျွန်တော့်ကို ပြန်ပြင်တဲ့အလုပ်ကို ရပ်ခိုင်းလိုက်တယ်။ အဲဒီတုန်းက ကိုယ့်ကိုယ်ကိုယ် အပြစ်တင်တာ၊ စိတ်မကောင်းဖြစ်တာမျိုး မရှိခဲ့ဘူး။ အဲဒီအစား ဝန်ထုပ်ဝန်ပိုးတစ်ခု လျှော့ချလိုက်ရသလို ခံစားရပြီး ကိုယ့်အလုပ် နှောင့်နှေးမှာကို စိတ်ပူစရာမလိုတော့ဘူးလို့ တွေးခဲ့တယ်။ ကျွန်တော့်ရဲ့ လုပ်ရပ်တွေကို ဆင်ခြင်သုံးသပ်တော့ ကျွန်တော်ဟာ အသိစိတ်၊ ဆင်ခြင်တုံတရား မရှိဘဲ ဘယ်လောက်တောင် တစ်ကိုယ်ကောင်းဆန်ခဲ့လဲ ဆိုတာ သဘောပေါက်လိုက်တယ်။

နောက်ပိုင်း ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ဖတ်ပြီး ကိုယ့်ကိုယ်ကိုယ် နည်းနည်း နားလည်လာတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “လူအချို့သည် အစဉ်သဖြင့် ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် ကိုယ်ကျိုးနောက်ကို လိုက်နေကြသည်။ အသင်းတော်က ၎င်းတို့အတွက် မည်သည့်အလုပ်ကို စီစဉ်ပါစေ ၎င်းတို့က ‘ဒါက ငါ့အတွက် အကျိုးရှိမလား။ ရှိမယ်ဆိုရင် ငါလုပ်မယ်။ အကျိုးမရှိဘူးဆိုရင် မလုပ်ဘူး’ ဟု တွေးရင်း သေချာစဉ်းစားချင့်ချိန်ကြသည်။ ဤသို့သောသူမျိုးသည် သမ္မာတရားကို လက်တွေ့မလုပ်ဆောင်ပေ။ ထိုသို့ဆိုလျှင် ၎င်းတို့သည် ၎င်းတို့တာဝန်ကို ကောင်းစွာ ထမ်းဆောင်နိုင်သလော။ မထမ်းဆောင်နိုင်သည်မှာ အသေချာဆုံး ဖြစ်သည်။ သင်သည် မကောင်းမှုကို မလုပ်လျှင်ပင် သမ္မာတရားကို လက်တွေ့လုပ်ဆောင်သူ မဟုတ်သေးပေ။ သင်သည် သမ္မာတရားကို မလိုက်စားလျှင်၊ အပြုသဘောဆောင်သောအရာများကို မချစ်လျှင် သင့်အပေါ်၌ မည်သည့်အရာဖြစ်ပျက်ပါစေ သင်၏ကိုယ်ပိုင်ဂုဏ်သတင်းနှင့်အဆင့်အတန်း၊ သင်၏ကိုယ်ကျိုး၊ သင့်အတွက် ကောင်းသည့်အရာတို့ကိုသာ ဂရုစိုက်လျှင် သင်သည် ကိုယ့်အကျိုးကြည့်ပြီးသာ လုပ်ဆောင်သည့်သူဖြစ်ကာ တစ်ကိုယ်ကောင်းဆန်ပြီး ယုတ်မာသူဖြစ်သည်။ ဤသို့သောသူမျိုးသည် သမ္မာတရားကို၊ သို့မဟုတ် ဘုရားသခင်၏ ကယ်တင်ခြင်းကို ရရန်အတွက် မဟုတ်ဘဲ ကောင်းသော၊ သို့မဟုတ် မိမိအတွက် အကျိုးဖြစ်သောအရာတစ်ခုကို ရရန်အတွက် ဘုရားကို ယုံကြည်ပေသည်။ ထို့ကြောင့် ဤသို့သောလူစားမျိုးသည် မယုံကြည်သူများဖြစ်သည်။ ဘုရားသခင်ကို အမှန်တကယ်ယုံကြည်သောသူတို့သည် ခရစ်တော်က သမ္မာတရားဖြစ်ကြောင်းနှင့် ဘုရားသခင် တောင်းဆိုသကဲ့သို့ ဘုရားနှုတ်ကပတ်တော်များကို နားထောင်ပြီး ဘုရားသခင်ကို ယုံကြည်သင့်ကြောင်းတို့ကို မိမိတို့ စိတ်နှလုံးများတွင် သတိပြုမိသည်နှင့်အမျှ သမ္မာတရားကို ရှာဖွေပြီး လက်တွေ့လုပ်ဆောင်နိုင်သောသူများဖြစ်သည်။ သင့်ထံတွင် တစ်စုံတစ်ခုဖြစ်ပျက်သောအခါ သမ္မာတရားကို လက်တွေ့လုပ်ဆောင်လိုသော်လည်း သင်၏ ကိုယ်ပိုင်ဂုဏ်သတင်းနှင့် အဆင့်အတန်းကို ထည့်စဉ်းစားလျှင်၊ သင်၏ ကိုယ်ပိုင်သိက္ခာကို ထည့်စဉ်းစားလျှင် ထိုသို့လုပ်ဆောင်ခြင်းက ခက်ခဲလိမ့်မည်။ ဤသို့သော အခြေအနေတွင် ဆုတောင်းခြင်း၊ ရှာဖွေခြင်း၊ မိမိကိုယ်ကို ဆင်ခြင်သုံးသပ်ပြီး မိမိကိုယ်ကို သိမြင်ခြင်းမှတစ်ဆင့် သမ္မာတရားကို ချစ်သောသူတို့သည် ၎င်းတို့၏ ကိုယ်ကျိုးတွင် ရှိသောအရာ၊ သို့မဟုတ် ၎င်းတို့အတွက် ကောင်းသောအရာများကို လက်လွှတ်နိုင်လိမ့်မည်။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ပြီး ဘုရားသခင်ကို ကျိုးနွံနာခံနိုင်လိမ့်မည်။ ထိုသို့သောလူများသည် ဘုရားသခင်ကို အမှန်တကယ်ယုံကြည်ပြီး သမ္မာတရားကို ချစ်သောသူများဖြစ်သည်။ လူတို့က သူတို့၏ ကိုယ်ပိုင်အကျိုးစီးပွားကို အစဉ်တွေးသောအခါ၊ သူတို့၏ ကိုယ်ပိုင်သိက္ခာနှင့် ပကာသနကို ကာကွယ်ရန် အစဉ်ကြိုးစားသောအခါ၊ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို သူတို့ ထုတ်ဖော်သော်လည်း ပြုပြင်ရန်အတွက် သမ္မာတရားကို မရှာသောအခါတွင် အကျိုးဆက်မှာ အဘယ်နည်း။ ၎င်းတို့တွင် အသက် ဝင်ရောက်မှုမရှိခြင်း၊ စစ်မှန်သော အတွေ့အကြုံဆိုင်ရာသက်သေခံချက်မရှိခြင်း ဖြစ်သည်။ ဤသည်မှာ အန္တရာယ်ရှိသည် မဟုတ်လော။ သင်သည် သမ္မာတရားကို မည်သည့်အခါမျှ လက်တွေ့မလုပ်လျှင်၊ အတွေ့အကြုံဆိုင်ရာသက်သေခံချက် သင့်တွင် မရှိလျှင် အချိန်ကျသောအခါ ထုတ်ဖော်ခံရပြီး ဖယ်ရှားရှင်းလင်းခံရမည်ဖြစ်သည်။ အတွေ့အကြုံဆိုင်ရာသက်သေခံချက် မရှိသောလူတို့သည် ဘုရားအိမ်တော်တွင် မည်သို့အသုံးဝင်သနည်း။ ၎င်းတို့သည် မည်သည့်တာဝန်ကိုမဆို ညံ့ဖျင်းစွာ ပြုလုပ်ကြမည်မှာ သေချာသည်။ မည်သည့်အရာကိုမျှ ကောင်းမွန်စွာ မလုပ်ဆောင်နိုင်ပေ။ ၎င်းတို့သည် အမှိုက်များသာ မဟုတ်လော။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ အပိုင်း သုံး) ကျွန်တော်ဟာ ဒီအခြေအနေထဲမှာ အတိအကျပဲ။ ကိုယ့်တာဝန်ထမ်းဆောင်တဲ့အခါ ကိုယ့်အကျိုးစီးပွားကိုပဲ စဉ်းစားတယ်။ သူတစ်ပါးကို ပျိုးထောင်ပေးဖို့၊ သူတို့အလုပ်က ပြဿနာတွေကို ကူညီဖြေရှင်းပေးဖို့အတွက် သေသေချာချာ စဉ်းစားရမယ်၊ အချိန်တွေ အများကြီး ပေးရမယ်ဆိုတာ မြင်တော့ အဲဒါက ကိုယ့်အလုပ်တိုးတက်မှုကို နှောင့်နှေးစေပြီး ကိုယ့်သိက္ခာနဲ့ အဆင့်အတန်းကို ထိခိုက်မယ်လို့ ခံစားရလို့ သူများကိုကူညီဖို့ အဖိုးအခ မပေးချင်တာမျိုး ဖြစ်လာတယ်။ ညီအစ်ကိုမောင်နှမတွေ သူတို့အလုပ်မှာ ပြဿနာတွေတွေ့လို့ ကျွန်တော့်အကူအညီ ရှာဖို့ လာအခါ ကျွန်တော်က သူတို့နဲ့ပတ်သက်ပြီး ဒုက္ခမခံချင်တော့ ဝတ်ကျေတမ်းကျေ ဖြေပြီး ပထုတ်လိုက်တယ်။ ကျွန်တော် ပြန်ပြင်ပေးခဲ့တဲ့ သူများဗီဒီယိုမှာ ပြဿနာတွေ ဆက်တိုက်တွေ့နေရင်လည်း ဖြေရှင်းချက်တွေရဖို့ စည်းမျဉ်းတွေကို ရှာဖွေရမယ့်အစား အမြန်ဆုံး ပြီးပြီးရောဆိုပြီး လုပ်ပစ်လိုက်တယ်။ ကျွန်တော် ထုတ်ဖော်တာတွေနဲ့ အပြုအမူတွေက ဘာသာတရား မရှိသူတွေနဲ့ ဘာမှ မခြားပါဘူး။ ဘာသာတရား မရှိသူတွေက ကိုယ့်အကျိုးစီးပွားကိုပဲ ကြည့်ကြတယ်၊ ကိုယ့်အတွက် အကျိုးမရှိရင် လက်ဖျားနဲ့တောင် မတို့ချင်ကြဘူး။ သူတို့အတွက် အကျိုးရှိမယ်ဆိုရင် ဘာမဆို အရယူပြီး သူတစ်ပါး အကျိုးစီးပွား ထိခိုက်ချင်ထိခိုက်ပါစေ အခွင့်ကောင်းယူဖို့ အစွန်းရောက်တဲ့ လုပ်နည်းကိုင်နည်းတွေ သုံးကြတယ်။ ဒါပေမဲ့ တစ်ခုခုက ကိုယ့်အတွက် အကျိုးမရှိရင်တော့ အဲဒီအတွက် ဒုက္ခခံမနေဘဲ တတ်နိုင်သမျှ ဖယ်ထုတ်ကြတယ်။ သူတို့က အကျိုးအမြတ်တစ်ခုတည်းကိုပဲ ရှာဖွေကြတာလေ။ ကျွန်တော်က ဘုရားသခင်ကို ယုံကြည်တယ်၊ ဘုရားနှုတ်ကပတ်တော်ကို နေ့တိုင်းဖတ်ပြီး ကိုယ့်တာဝန်တွေ ထမ်းဆောင်နေပေမဲ့ ကျွန်တော့်စိတ်ထဲမှာ ဘုရားသခင်အတွက် နေရာမရှိခဲ့ဘူး။ ကျွန်တော့်အပေါ် ကိစ္စတွေ ဖြစ်လာတဲ့အခါ သမ္မာတရားကို မရှာဖွေဘူး၊ သမ္မာတရားကို လက်တွေ့မလုပ်ဆောင်ဘူး။ ကိုယ့်သိက္ခာ ထိခိုက်တာမျိုး၊ ကိုယ့်ကိုယ်ကျိုးစီးပွားကို ကာကွယ်နိုင်တာမျိုး ရှိမရှိ ဆိုတာလောက်ပဲ အလေးထားခဲ့တယ်။ ကျွန်တော့်အတွေးနဲ့ လုပ်ရပ်တွေအားလုံးက ကိုယ့်အကျိုးအမြတ် အများဆုံးရဖို့အပေါ်မှာပဲ ဗဟိုပြုနေခဲ့တယ်။ အသင်းတော်အလုပ် နစ်နာဆုံးရှုံးတာက ကိုယ်နဲ့ တစ်စက်မှ မဆိုင်သလိုမျိုးပေါ့။ ကျွန်တော်က ဘုရားအိမ်တော်ရဲ့ အဖွဲ့ဝင်တစ်ယောက်လို့ ခေါ်ဖို့တောင် မတန်ပါဘူး။ ကိုယ့်တာဝန်တွေအပေါ် ဒီလိုသဘောထားမျိုးနဲ့ လတိုင်း ကိုယ့်အလုပ်တွေ အချိန်မီပြီးရင်တောင်မှ ဘုရားသခင်ရဲ့ အသိအမှတ်ပြုတာကို ခံရဖို့ မဖြစ်နိုင်ပါဘူး။ ဘုရားသခင် စက်ဆုပ်ရွံရှာအောင်၊ မုန်းတီးအောင် လုပ်မိရုံပဲ ရှိမှာပါ။ ဒါကို တွေးမိတော့ ကျွန်တော် ကြောက်လာပြီး ဒီတိုင်းဆက်သွားရင် ငါ့အတွက် အရမ်းအန္တရာယ်များမယ်ဆိုတာ သတိထားမိလာတယ်။

အဲဒီနောက် ကျွန်တော့်စိတ်ကို အရမ်းတို့ထိခံစားစေတဲ့ ဘုရားနှုတ်ကပတ်တော် နောက်ထပ်နှစ်ပိုဒ်ကို ကျွန်တော် ဖတ်လိုက်ရတယ်။ ဘုရားသခင်က ပြောသည် “လူတစ်ဦး၏ လုပ်ရပ်များနှင့် အပြုအမူများကို ကောင်းသည် ဆိုးသည်ဟူ၍ အကဲဖြတ်သော စံနှုန်းမှာအဘယ်နည်း။ ယင်းမှာ ၎င်းတို့သည် ၎င်းတို့၏အတွေးများ၊ ထုတ်ဖော်ချက်များနှင့် အပြုအမူများ၌ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် သမ္မာတရား စစ်မှန်မှုအတိုင်း အသက်ရှင်နေထိုင်ခြင်းအကြောင်း သက်သေခံချက် ရှိမရှိတို့ဖြစ်၏။ အကယ်၍ သင်၌ ဤစစ်မှန်မှု မရှိပါက၊ သို့မဟုတ် ဤအရာအတိုင်း အသက်ရှင်နေထိုင်ခြင်း မရှိပါက သင်သည် မကောင်းမှုပြုသူတစ်ဦး ဖြစ်သည်မှာ သံသယဖြစ်ဖွယ်မရှိ။ ဘုရားသခင်က ဒုစရိုက်ပြုသူများကို အဘယ်သို့ မှတ်ယူသနည်း။ ဘုရားသခင်အတွက်မူ သင့်အတွေးများနှင့် အပြင်ပန်းအပြုအမူများက သူ့အတွက် သက်သေမခံသကဲ့သို့ ယင်းတို့က စာတန်အား အရှက်ကွဲစေခြင်း၊ သို့မဟုတ် စာတန်အား အနိုင်ယူခြင်းလည်း မပြုချေ၊ ထိုအစား ဘုရားသခင်ကို အရှက်ရစေပြီး ဘုရားသခင်အပေါ် သင် ဖြစ်စေသည့် ဂုဏ်သရေညှိုးစေသည့် လက္ခဏာများနှင့် ပွထနေသည်။ သင်သည် ဘုရားသခင်အတွက် သက်သေခံနေခြင်း မရှိ၊ သင်သည် ဘုရားသခင်အဖို့ မိမိကိုယ်ကို အသုံးခံနေခြင်း မရှိသကဲ့သို့ ဘုရားသခင်အတွက် သင်၏ တာဝန်နှင့် ဝတ္တရားတို့ကို ဖြည့်ဆည်းနေခြင်းလည်း မရှိပေ၊ ထိုအစား သင့်ကိုယ်ပိုင်အကျိုးအတွက် သင်ပြုမူနေသည်။ ‘သင့်ကိုယ်ပိုင်အကျိုးအတွက်’ ဆိုသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ အတိအကျဆိုရလျှင် စာတန်အတွက်ကို ဆိုလိုသည်။ ထို့ကြောင့် နောက်ဆုံးတွင် ဘုရားသခင်က ‘အဓမ္မအမှုကို ပြုသောသူတို့၊ ငါ့ထံမှ ဖယ်ကြ’ ဟု ဆိုလိမ့်မည်။ ဘုရားသခင်၏ အမြင်တွင် သင်၏လုပ်ရပ်များကို ကောင်းမှုများအဖြစ် မြင်လိမ့်မည် မဟုတ်ဘဲ ယင်းတို့ကို မကောင်းမှုအဖြစ် မှတ်ယူလိမ့်မည် ဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်၏ လက်ခံမှုကို မရရှိနိုင်မည့်အပြင် စီရင်ခြင်းခံရလိမ့်မည်။ ဘုရားသခင်၌ ထိုသို့သော ယုံကြည်မှု ရှိသည့်သူတစ်ဦးသည် အဘယ်အရာကို ရရှိဖို့ မျှော်လင့်သနည်း။ ထိုသို့သော ယုံကြည်မှုသည် အဆုံး၌ အချည်းနှီးဖြစ်မည် မဟုတ်လော။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ မိမိ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများအား ဖယ်ရှားခြင်းအားဖြင့်သာ လွတ်လပ်ခြင်းနှင့် လွတ်မြောက်ခြင်းကို ရရှိနိုင်သည်)သင်သည် မိမိတာဝန်ကို ကောင်းစွာ မထမ်းဆောင်ဘဲ မိမိကိုယ်ကို အသိအမှတ်ပြုခံရရန် အမြဲ ကြိုးစားပြီး သင်၏ ဂုဏ်သတင်းနှင့် အကျိုးစီးပွားများအတွက် ရေကုန်ရေခမ်း ကြိုးပမ်းရင်း အဆင့်အတန်းအတွက် ပြိုင်ဆိုင်ရန်၊ ပေါ်လွင်ကာ ထင်ပေါ်ဖို့ အမြဲ ကြိုးစားပါက ဤအခြေအနေ၌ အသက်ရှင်စဉ်တွင် သင်သည် အလုပ်လုပ်ပေးသူတစ်ဦးသာ ဖြစ်သည် မဟုတ်လော။ သင့်အနေဖြင့် အလုပ်လုပ်ပေးလိုပါက ပေးနိုင်သည်၊ သို့သော် သင်၏ အလုပ်လုပ်ပေးခြင်း မပြီးမီတွင် သင် ထုတ်ဖော်ခြင်းခံရဖို့ ဖြစ်နိုင်သည်။ လူတို့ ဖော်ထုတ်ခံရသည့်အခါ ရှုတ်ချပြီး ဖယ်ရှားရှင်းလင်းခြင်း ခံရသည့် ၎င်းတို့၏ နေ့ရက်ကာလ ရောက်ရှိပေသည်။ ထိုရလဒ်ကို ပြောင်းပြန်လှန်ရန် ဖြစ်နိုင်သလော။ မလွယ်ပေ။ ၎င်းတို့၏ ရလဒ်များကို ဘုရားသခင်က သတ်မှတ်နှင့်ပြီးသား ဖြစ်နိုင်၏။ ထိုသို့ဖြစ်ပါက ၎င်းတို့ ဒုက္ခရောက်ပြီဖြစ်သည်။ လူတို့သည် ထုံးစံအတိုင်း စကားပြောပြီး လှည့်ကွက်များလုပ်နေစဉ်တွင် ပြစ်မှားမှုများကို ကျူးလွန်ကြ၏၊ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ထုတ်ဖော်ပြပြီး သေးငယ်သည့် အမှားအနည်းငယ်ကို ပြုမိကြ၏၊ သို့မဟုတ် မိမိတို့၏ တစ်ကိုယ်ကောင်းဆန်သော စိတ်ဆန္ဒများကို ဖြည့်ဆည်းကြ၏၊ မိမိတို့ကိုယ်ပိုင် ကြံရွယ်ချက်များ သိုထားကြ၏။ သို့ရာတွင် အသင်းတော် အလုပ်ကို ၎င်းတို့ မနှောင့်ယှက်၊ မတားဆီးသရွေ့၊ သို့မဟုတ် အမှုအရာများကို အလွန်ကမောက်ကမ မဖြစ်စေသရွေ့၊ သို့မဟုတ် ဘုရားသခင်၏ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားခြင်း မရှိသရွေ့၊ သို့မဟုတ် သိသာစွာ ဆိုးယုတ်သည့် ရလဒ်တစ်ခုတလေ မဖြစ်စေသရွေ့၊ ၎င်းတို့သည် နောင်တရဖို့ အခွင့်အရေး ရှိနေကြဆဲဖြစ်သည်။ သို့ရာတွင် ၎င်းတို့သည် ကြီးမားသည့် မကောင်းမှုအချို့ ကျူးလွန်မိပါက၊ သို့မဟုတ် ကြီးမားသည့် ကပ်ဘေးတစ်ခု ဖြစ်စေပါက၊ ၎င်းတို့သည် မိမိတို့ကိုယ်ကို ကယ်နုတ်နိုင်သေးသလော။ ဘုရားသခင်ကို ယုံကြည်ပြီး ဤအခြေအနေသို့ရောက်ရန် တာဝန်တစ်ခုကို ထမ်းဆောင်သော လူတစ်ဦးအတွက် အလွန် အန္တရာယ်များပေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ မိမိ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများအား ဖယ်ရှားခြင်းအားဖြင့်သာ လွတ်လပ်ခြင်းနှင့် လွတ်မြောက်ခြင်းကို ရရှိနိုင်သည်) ဘုရားနှုတ်ကပတ်တော်ကို ဖတ်ပြီးတဲ့နောက် ကျွန်တော့်ပြဿနာတွေကို ပိုရှင်းရှင်းလင်းလင်း နားလည်လာတယ်။ အပြင်ပန်းကြည့်ရင်တော့ ကျွန်တော်က ကိုယ့်တာဝန်တွေထမ်းဆောင်ပြီး အဖိုးအခပေးနေတယ်၊ ဗီဒီယိုတွေ မြန်မြန်ပြီးအောင်လည်း လုပ်ချင်နေပုံပေါက်တယ်။ ဒါပေမဲ့ ကျွန်တော့်ရဲ့ ရည်ရွယ်ချက်တွေနဲ့ စိတ်ဆန္ဒတွေက သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖို့၊ ဘုရားသခင်ကို ကျေနပ်စေဖို့ မဟုတ်ခဲ့ဘူး။ ကိုယ့်သိက္ခာနဲ့ အဆင့်အတန်း ထိန်းသိမ်းဖို့၊ သူများတွေ အထင်ကြီးလေးစားဖို့နဲ့ ကြီးကြပ်ရေးမှူးရဲ့ အသိအမှတ်ပြုတာကို ခံရဖို့အတွက်ပဲ ဖြစ်နေခဲ့တယ်။ ဒါကြောင့် မျက်နှာရစေမယ့် အလုပ်တွေ၊ ကြီးကြပ်ရေးမှူး မြင်နိုင်တဲ့ ရလဒ်ထွက်မယ့် အလုပ်တွေဆိုရင် ကျွန်တော် တော်တော် အားစိုက်လုပ်တယ်။ ဒါပေမဲ့ ကိုယ်ထင်ပေါ်ကျော်ကြားခွင့်မရနိုင်မယ့် အလုပ်တွေကျတော့ အသင်းတော်အတွက် အရေးကြီးရင်တောင်မှ အဲဒါတွေကို လုပ်ဖို့ အင်တင်တင်ဖြစ်ပြီး လုပ်ရင်လည်း ဝတ်ကျေတမ်းကျေပုံစံနဲ့ လုပ်တယ်။ ကိုယ့်တာဝန်တွေ ထမ်းဆောင်တဲ့အခါ သူများတွေ ကိုယ့်ကို ဘယ်လိုမြင်မလဲ ဆိုတာကိုပဲ တွေးပြီး လူတွေ သဘောကျအောင်၊ ကိုယ့်ကိုယ်ကိုယ် ရှင်းချက်ထုတ်နိုင်အောင်ပဲ ကြိုးစားခဲ့တယ်။ အသင်းတော်အလုပ် နှောင့်နှေးတာမျိုး ရှိမရှိဆိုတာ ဆိုတာကို ဂရုမစိုက်ခဲ့ဘူး။ ကျွန်တော်က ဖန်ဆင်းခံတစ်ယောက်ရဲ့ တာဝန်ကို ကောင်းကောင်း ဖြည့်ဆည်းနေတာ မဟုတ်ဘဲ ကိုယ့်ကိုယ်ပိုင်လုပ်ငန်းကို လုပ်ဆောင်နေတာ။ ကျွန်တော် တာဝန်ထမ်းဆောင်ပုံရဲ့ အနှစ်သာရက တကယ်တမ်းကျတော့ မကောင်းမှုပြုနေတာပဲ။ အခုချိန်မှာ ကျွန်တော် ပိုရှင်းရှင်းလင်းလင်း သိလာတာက ဒီရက်ပိုင်း ကိုယ့်တာဝန်တွေမှာ အမှားတွေ အများကြီး လုပ်နေခဲ့တာဟာ ကိုယ့်တာဝန်အပေါ် ကျွန်တော့်သဘောထားက ဘုရားသခင် စက်ဆုပ်စရာဖြစ်နေလို့၊ သန့်ရှင်းသော ဝိညာဉ်တော်က ကျွန်တော်ထဲမှာ အလုပ်မလုပ်တော့ဘဲ ကျွန်တော့်စိတ်တွေ ရှုပ်ထွေးသွားစေပြီး ပြဿနာတွေကို ထိုးထွင်းမမြင်နိုင်တော့လို့ပဲ။ ညီအစ်ကိုမောင်နှမတွေရဲ့ အကြံပြုချက်တွေကိုတောင် ကျွန်တော် အပြည့်အဝ နားမလည်နိုင်တော့ဘူး။ စိတ်နှလုံးက မှောင်မိုက်လေးလံနေပြီး ထုံထိုင်းတဲ့အပြင် စဉ်းစားဉာဏ်မဲ့နေတဲ့ လူအကြီးစားကြီးလို ဖြစ်နေတာ။ စိတ်အားထက်သန်မှုနဲ့ ဇွဲလောက်နဲ့ပဲ အလုပ်ဆက်လုပ်ဖို့ ဆွဲထားခဲ့ရတယ်။ ကျွန်တော်လုပ်တဲ့ ဗီဒီယိုတွေက ခဏခဏ ပြန်ပြင်ဖို့ လိုအပ်နေတော့ ညီအစ်ကိုမောင်နှမတွေက သူတို့အလုပ်ကို ချထားပြီး ကျွန်တော့်ကို ကူညီဖို့ အချိန်အများကြီး ပေးခဲ့ရတယ်။ ကျွန်တော်က ကိုယ့်တာဝန်ကို ကောင်းကောင်း မဖြည့်ဆည်းရုံတင်မကဘူး သူတို့အချိန်တွေကိုပါ ဖြုန်းတီးပစ်ခဲ့တယ်။ ရလဒ်အနေနဲ့ အလုပ်တိုးတက်မှုကို မသိမသာ နှောင့်နှေးစေခဲ့တယ်။ ဒါ့အပြင် ညီအစ်မ ကြိုးစားပမ်းစား လုပ်ထားတဲ့ ဗီဒီယိုကို ပြန်ပြင်တဲ့အခါမှာလည်း ကျွန်တော့်ရဲ့ တာဝန်မဲ့မှုကြောင့် ကောင်းအောင် ပြင်ပေးဖို့ ပျက်ကွက်ခဲ့တဲ့အပြင် အရင်ကထက်တောင် ပြဿနာတွေ ပိုများအောင် လုပ်မိခဲ့တယ်။ ကျွန်တော့်အလုပ်က အကျိုးမရှိဘဲ အဆိုးပဲ ဖြစ်စေခဲ့တာပေါ့။ အရင်တုန်းကတော့ အန္တိခရစ်တွေနဲ့ ဆိုးယုတ်တဲ့လူတွေပဲ ဆိုးယုတ်တဲ့ လုပ်ရပ်တွေ ကျူးလွန်ပြီး အသင်းတော်အလုပ်ကို နှောင့်ယှက်ဖျက်ဆီးတာ၊ ကိုယ်ကတော့ သူတို့လိုမျိုး ဘယ်တော့မှ ပြုမူမှာ မဟုတ်ဘူးလို့ ထင်ခဲ့ဖူးတယ်။ ဒါပေမဲ့ အခုတော့ အဲဒါတွေက ကျွန်တော့်ရဲ့ အယူအဆနဲ့ စိတ်ကူးယဉ်မှုတွေ သက်သက်ပဲဆိုတာ သက်သေပြလိုက်ပြီ။ ကိုယ့်တာဝန်တွေထဲမှာ ကျော်ကြားမှု၊ အဆင့်အတန်းနဲ့ ကိုယ်ကျိုးကို လိုက်စားတဲ့အခါ ကိုယ့်ကိုယ်ကိုယ် မထိန်းနိုင်ဘဲ အသင်းတော်အလုပ်ကို နှောင့်ယှက်ပြီး အဆုံးမှာ မကောင်းမှုပြုမိတော့တာပဲ။ သမ္မာတရားကို လိုက်စားပြီး ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေကို ဖြေရှင်းမှသာ တာဝန်မှာ ရလဒ်တွေ ထွက်ပေါ်လာနိုင်မှာ။ ဒါကြောင့် ကိုယ့်ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေကို ဖြေရှင်းနိုင်အောင် လမ်းပြပေးဖို့ ကိုယ်တော့်ကို တောင်းလျှောက်ရင်း ဘုရားသခင်ဆီ ဆုတောင်းခဲ့တယ်။

နောက်ပိုင်း ဘုရားနှုတ်ကပတ်တော် နောက်တစ်ပိုဒ်ကို ဖတ်ပြီးတော့ လက်တွေ့လုပ်ဆောင်ရမယ့် လမ်းကြောင်းကို ကျွန်တော် တွေ့ရှိခဲ့တယ်။ ဘုရားသခင်က ပြောသည် “သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်သော သူများသည် ၎င်းတို့ လုပ်ဆောင်သည့် အမှုအရာများတွင် ဘုရားသခင်၏ စိစစ်ခြင်းကို လက်ခံနိုင်ကြသည်။ သင်သည် ဘုရားသခင်၏စိစစ်ခြင်းကို လက်ခံသောအခါ သင်၏နှလုံးသည် တည့်မတ်လာလိမ့်မည် ဖြစ်သည်။ အကယ်၍ သင်သည် အခြားသူများ မြင်စေရန်အတွက်သာ လုပ်ဆောင်ပြီး သူတစ်ပါးတို့၏ ချီးမွမ်းမှုနှင့် လေးစားမှုကို အစဉ်ရလိုကာ သင်သည် ဘုရားသခင်၏စိစစ်ခြင်းကို လက်မခံပါက သင်၏စိတ်နှလုံးထဲ၌ ဘုရားသခင် ရှိသေးသလော။ ထိုသို့သောလူများတွင် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံး မရှိကြချေ။ သင်၏အကျိုးအတွက်သာ အစဉ်မလုပ်ဆောင်နှင့်၊ ပြီးလျှင် သင်၏ ကိုယ်ပိုင် အကျိုးစီးပွားကို စဉ်ဆက်မပြတ် ထည့်သွင်းမစဉ်းစားနှင့်။ လူ၏ အကျိုးစီးပွားများကို ထည့်သွင်းမစဉ်းစားနှင့်။ သင်၏ ကိုယ်ပိုင်သိက္ခာ၊ ဂုဏ်သတင်းနှင့် အဆင့်အတန်းကို မစဉ်းစားနှင့်။ သင်သည် ပထမဦးစွာ ဘုရားအိမ်တော်၏ အကျိုးများကို ထည့်တွက်စဉ်းစားရမည်ဖြစ်ပြီး ယင်းတို့ကို သင်၏ဦးစားပေးချက် ဖြစ်စေရမည်၊ သင်သည် ဘုရားသခင်၏ရည်ရွယ်ချက်များကို အလေးထားသင့်ပြီး သင်၏ တာဝန်ကို ထမ်းဆောင်ရာတွင် သင်သည် မစင်ကြယ်မှု ရှိခဲ့သည် မရှိခဲ့သည်၊ သစ္စာစောင့်သိခြင်းရှိမရှိ၊ သင်၏ တာဝန်များကို ကောင်းမွန်စွာ ဖြည့်ဆည်းခြင်းရှိမရှိ၊ အစွမ်းကုန် လုပ်ဆောင်ခြင်းရှိမရှိ၊ သင်၏ တာဝန်နှင့် အသင်းတော်၏ အလုပ်ကို စိတ်နှလုံးအကြွင်းမဲ့ဖြင့် စဉ်းစားခဲ့ခြင်း ရှိမရှိ ဆိုသည်တို့ကို ချင့်ချိန်စဉ်းစားခြင်းဖြင့် အစပြုသင့်သည်။ ဤအရာများကို သင် စဉ်းစားရမည်။ ယင်းတို့ကို မကြာခဏ တွေးပြီး နားလည်အောင် ကြံဆလျှင် သင်၏တာဝန်ကို ကောင်းစွာ ထမ်းဆောင်ရန် သင့်အတွက် သာ၍ လွယ်ကူလိမ့်မည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ မိမိ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများအား ဖယ်ရှားခြင်းအားဖြင့်သာ လွတ်လပ်ခြင်းနှင့် လွတ်မြောက်ခြင်းကို ရရှိနိုင်သည်) ဒီဘုရားနှုတ်ကပတ်တော်ကနေ ကျွန်တော် သဘောပေါက်လိုက်တာက ကျွန်တော်တို့ရဲ့ တာဝန်တွေကို ထမ်းဆောင်တဲ့အခါ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖို့နဲ့ ဘုရားသခင်ရဲ့ စိစစ်တာကို လက်ခံဖို့က အရမ်းအရေးကြီးတယ်ဆိုတာပါပဲ။ ကိုယ့်အကျိုးစီးပွားနဲ့ပတ်သက်တဲ့ အခြေအနေတွေ ကြုံလာရတဲ့အခါ ကိုယ့်အတွေးတွေကို သတိရှိရှိ ပုန်ကန်ရမယ်၊ ကိုယ့်သိက္ခာနဲ့ အဆင့်အတန်းကို မငဲ့ကွက်ရဘူး။ အဲဒီအစား ဘုရားသခင်ဆီ ဆုတောင်းသင့်ပြီး ဘုရားသခင် ကျေနပ်ဖို့၊ အသင်းတော်အလုပ်အတွက် အကျိုးရှိဖို့ ဘယ်လိုလုပ်ရမလဲ ဆိုတာကို စဉ်းစားသင့်တယ်။ ပြီးရင် သမ္မာတရားစည်းမျဉ်းတွေကို ရှာဖွေပြီး လက်တွေ့လုပ်ဆောင် ဝင်ရောက်သင့်တယ်။ ကျွန်တော် ကိုယ့်တာဝန်တွေကို စထမ်းဆောင်တုန်းက စည်းမျဉ်းတွေကို နားမလည်နိုင်ခဲ့ဘူး၊ ဒါပေမဲ့ ဘုရားသခင်ရဲ့ ဉာဏ်ပွင့်စေခြင်းနဲ့ လမ်းပြမှု၊ ညီအစ်ကိုမောင်နှမတွေရဲ့ လက်တွေ့ကျတဲ့ ကူညီလမ်းပြမှုတွေကြောင့် ဗီဒီယိုလုပ်တာနဲ့ပတ်သက်တဲ့ စည်းမျဉ်းတွေ၊ ကျွမ်းကျင်မှုတွေကို တဖြည်းဖြည်း နားလည်လာခဲ့တယ်ဆိုတာ ပြန်သတိရမိတယ်။ ဒါတွေအားလုံးက ဘုရားသခင်ရဲ့ ချစ်ခြင်းမေတ္တာတွေပါ။ အခု ညီအစ်ကိုမောင်နှမတချို့က သူတို့တာဝန်တွေကို အခုမှ စလုပ်တာ၊ စည်းမျဉ်းတွေကို မပိုင်နိုင်သေးဘူး။ ကျွန်တော်ဟာ ဘုရားသခင်ရဲ့ ရည်ရွယ်ချက်တွေကို အလေးထားနေခဲ့သင့်တဲ့အပြင် ကိုယ် နားလည်ပြီး သဘောပေါက်ထားသမျှ သူတို့ကို ပြန်သင်ပေးနေခဲ့သင့်တာ။ ဒါဟာ ကျွန်တော် ကောင်းကောင်း ဖြည့်ဆည်းခဲ့သင့်တဲ့ အခြေခံ တာဝန်ပဲ။ နောက်ပြီး သူတို့ စည်းမျဉ်းတွေကို နားလည်လာပြီး သူတို့တာဝန်တွေမှာ ရလဒ်တွေ ထွက်လာရင် အသင်းတော်အလုပ်တစ်ခုလုံးရဲ့ ထိရောက်မှုက တိုးတက်လာမှာ၊ ဒါက ကိုယ့်အလုပ်ကိုယ်လုပ်တာထက် အများကြီး ပိုတန်ဖိုးရှိပြီး ထိရောက်မှုရှိတယ်။ ကြီးကြပ်ရေးမှူးက ညီအစ်ကိုမောင်နှမတွေကို ကျွမ်းကျင်မှုပိုင်းဆိုင်ရာ ပျိုးထောင်ပေးဖို့ ကျွန်တော့်ကို တာဝန်ပေးတာကလည်း ကျွန်တော့်တာဝန်တွေရဲ့ အခြေအနေကို သုံးသပ်ပြီးမှ ပေးတာလေ။ ကျွန်တော်က ဒီတာဝန်ကို လုပ်တာကြာပြီ၊ လုပ်ငန်းစဉ်တွေနဲ့ ကျွမ်းကျင်မှုတွေကို အတော်အတန် ရင်းနှီးပြီးသား၊ ကိုယ့်အလုပ်ကို ကောင်းကောင်းလုပ်ရင်းနဲ့ ညီအစ်ကိုမောင်နှမတွေရဲ့ အလုပ်ပြဿနာတွေကို ကူညီဖြေရှင်းပေးဖို့ ညှိညှိနှိုင်းနှိုင်း လုပ်ပြီး အချိန်ဖဲ့ပေးတာကလည်း ကျွန်တော့်အတွက် ပြဿနာရှိမှာ မဟုတ်ပါဘူး။ ဒါ့အပြင် ပူးပေါင်းဆောင်ရွက်နေတုန်းမှာ အလုပ်လုပ်နိုင်စွမ်း၊ ဒါမှမဟုတ် အစွမ်းအစ မလုံလောက်လို့ အလုပ်ကို တကယ် ပခုံးမထမ်းနိုင်တော့ဘူး၊ အလုပ်တွေ နှောင့်နှေးပြီး ထိခိုက်ကုန်ပြီဆိုရင် ကြီးကြပ်ရေးမှူးကို ရိုးရိုးသားသား တင်ပြလို့ရတာပဲ၊ ဒါမှ ကြီးကြပ်ရေးမှူးက အလုပ်လိုအပ်ချက်အရ သင့်တော်သလို ပြုပြင်ပြောင်းလဲခွင့်ရမှာပေါ့။ ဒါပေမဲ့ ကျွန်တော်က အရမ်းတစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်ဖွယ်ကောင်းလွန်းတော့ သူများအလုပ်အတွက် အချိန်မပေးချင်ဘူး၊ ဒါကြောင့် အမြဲတမ်း အတိုက်အခံလုပ်ပြီး ကောင်းကောင်း ပူးပေါင်းဖို့ လိုလိုလားလား မရှိတဲ့အပြင် အလုပ်ကို နှောင့်နှေးစေခဲ့တာ။ ဒါတွေအားလုံး သဘောပေါက်သွားတော့ ကျွန်တော့်စိတ်ကို ပြုပြင်လိုက်ပြီး လူတိုင်းရဲ့ အလုပ်မှာရှိတဲ့ ပြဿနာတွေကို တက်တက်ကြွကြွ လိုက်ကြည့်ပေးတယ်၊ အခက်အခဲတွေ တွေ့တဲ့အခါလည်း အတူတူ အဖြေရှာကြတယ်။

တစ်ခါတုန်းက ညီအစ်ကိုတစ်ယောက် ဗီဒီယိုလုပ်ရင်း အခက်အခဲတချို့ တွေ့လို့ ကျွန်တော့်ကို အကူအညီတောင်းတယ်။ အဲဒီအချိန်မှာ ကျွန်တော့်လက်ထဲမှာလည်း အလုပ်ရှိနေတော့ စိတ်ထဲမှာ ဒွိဟဖြစ်သွားပြီး တွေးမိတယ်... “ဒီညီအစ်ကိုရဲ့ ဗီဒီယိုက အရေးကြီးတယ်၊ သူ့ကို အရင်ပြီးအောင် ကူညီပေးသင့်မှန်း သိပါတယ်၊ ဒါပေမဲ့ သူ့ဗီဒီယိုမှာ ပါတဲ့ ထုတ်လုပ်မှုက တော်တော် ရှုပ်ထွေးပြီး အချိန်နဲ့ အင်အား အများကြီး ပေးရမှာ။ သူ့ဗီဒီယို အရမ်းကောင်းသွားရင်တောင်မှ ငါကူညီပေးထားမှန်း ဘယ်သူမှ သိမှာမဟုတ်ဘူး၊ ပြီးတော့ ငါ့အလုပ်လည်း နှောင့်နှေးသွားလိမ့်မယ်” လို့ပေါ့။ ပြီးမှ ကျွန်တော် ကိုယ့်အကျိုးကို တွေးမိနေပြန်ပြီဆိုတာ သတိပြုမိလိုက်တယ်။ ဒါနဲ့ ဘုရားသခင်ဆီ ဆုတောင်းပြီး ကိုယ့်ကိုယ်ကိုယ် ပုန်ကန်လိုက်တယ်။ ညီအစ်ကိုရဲ့ ဗီဒီယိုက အရေးကြီးတော့ ဒါကို ဦးစားပေးပြီး သူ့ကို အရင်ပြီးအောင် ကူညီရမယ်။ ဒီလိုတွေးပြီးတော့ ကိုယ့်အလုပ်ကို ဘေးချထားပြီး ညီအစ်ကို့ကို သူ့ဗီဒီယိုနဲ့ပတ်သက်ပြီး ကူညီပေးလိုက်တယ်။ ဒီလို လက်တွေ့လုပ်ဆောင်လိုက်တော့ ရင်ထဲမှာ ပေါ့ပါးသွားတယ်။ တကယ်တမ်းကျတော့ သူများကို ပျိုးထောင်ပေးရင်းနဲ့ ကျွန်တော်လည်း အများကြီး ရလိုက်ပါတယ်။ ဒီတာဝန်ကို လုပ်နေခဲ့တာကြာပေမဲ့ သမ္မာတရားစည်းမျဉ်း တော်တော်များများကို အပေါ်ယံလောက်ပဲ နားလည်ထားပြီး အလိုက်အထိုက် ပြောင်းလဲမှုမရှိဘဲ စည်းမျဉ်းစည်းကမ်းတွေကို ခဏခဏ ပုံသေစောင့်ထိန်းနေခဲ့တာ၊ သူများတွေ အလုပ်မှာ ပြဿနာတက်ပြီး ကျွန်တော့်အကူအညီ ရှာဖွေတဲ့အခါ ဖြေရှင်းချက်ပေးဖို့ အဲဒါတွေကို ကျွန်တော် ခဏခဏဆိုသလို ထိုးထွင်းမမြင်နိုင်ခဲ့ဘူး။ ဘုရားသခင်ဆီ ဆုတောင်းပြီး ညီအစ်ကိုမောင်နှမတွေနဲ့ မိတ်သဟာယပြုရင်း၊ အတူတူ စူးစမ်းလေ့လာရင်းနဲ့ အမှတ်တမဲ့ပဲ စည်းမျဉ်းတချို့ကို ပိုပြီး ရှင်းရှင်းလင်းလင်း၊ နက်နက်ရှိုင်းရှိုင်း နားလည်လာတယ်၊ ဗီဒီယိုလုပ်တဲ့ ကိုယ့်ကျွမ်းကျင်မှုတွေလည်း တိုးတက်လာတယ်။ အရင်တုန်းကတော့ ကိုယ့်တာဝန်တွေကို ထမ်းဆောင်တဲ့အခါ တိုးတက်ဖို့ လိုအင်ဆန္ဒ မရှိဘဲ လေးကန်နေခဲ့တာ။ အလုပ်မှာ လမ်းလွဲနေတာတွေကို ပေါင်းရုံးသုံးသပ်ဖို့၊ ဖြေရှင်းရအောင်စည်းမျဉ်းရှာဖွေဖို့ သိပ်ဂရုမစိုက်ခဲ့ဘူး။ ညီအစ်ကိုမောင်နှမတွေကို သူတို့ရဲ့ ကျွမ်းကျင်မှုပိုင်း ပျိုးထောင်ပေးဖို့ ကြီးကြပ်ရေးမှူး စီစဉ်ပေးတာကြောင့် သူတို့ပြဿနာတွေကို ဘယ်လိုကူညီဖြေရှင်းပေးရမလဲ ဆိုတာကို အမြဲတမ်း ရှာဖွေစဉ်းစားလာရတယ်။ ကိုယ့်တာဝန်တွေကို ထမ်းဆောင်တဲ့အခါမှာလည်း ဝန်တာထားတဲ့စိတ် ရှိလာတယ်။ လက်ရှိအခြေအနေမှာပဲ ရောင့်ရဲနေပြီး တိုးတက်အောင် မလုပ်တဲ့သဘောထားမျိုး မဟုတ်တော့ဘူး။ ဒီတာဝန်ကို ထမ်းဆောင်ရင်းနဲ့ပဲ ဒီလို သိမြင်နားလည်မှုတွေ၊ အကျိုးကျေးဇူးတွေ ရရှိခဲ့တာပါ။ ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ဖျောက်ဖျက်မရတဲ့ နောင်တ

ပန်လီ၊ တရုတ်ပြည်၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလက တစ်နေ့မှာပေါ့၊ အသင်းတော်ခေါင်းဆောင်တစ်ယောက်ဖြစ်တဲ့ ကျောက်ကျွင်းကို ရဲတွေက ဖမ်းသွားတယ်လို့...

အလုပ်ထုတ်ခံရခြင်းမှ ကျွန်မ သင်ယူရရှိခဲ့သည့်အရာ

ကျိန်းယိ အမေရိကန်နိုင်ငံအနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “လူတို့သည် မိမိတို့ကိုယ်တိုင်၏ စိတ်သဘောထားများကို မပြောင်းလဲနိုင်ကြပေ။...

ကျွန်မရဲ့ အတိတ်က အမည်းစက်တစ်ခု

လီယင်း တရုတ်နိုင်ငံ၂၀၁၅ခုနှစ် ဩဂုတ်လမှာ၊ မိသားစုနဲ့ ကျွန်မက စင်းကျန်းကို ပြောင်းခဲ့တယ်။ ကွန်မြူနစ်ပါတီက ဝေးဂေါ်လူနည်းစုတွေရဲ့...

Leave a Reply

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။