သခင်ယေရှုက ဘုရားသခင်၏ သားတော်၊ ခရစ်တော် ဖြစ်သည်ကို ကျမ်းစာထဲတွင် ရှင်းရှင်းလင်းလင်း ရေးထားပြီး၊ သခင့်ကို ယုံကြည်သူအားလုံးကလည်း သခင်ယေရှုသည် ဘုရားသခင်၏ သားတော်၊ ခရစ်တော် ဖြစ်သည်ဟု ယုံကြည်ကြသည်။ သို့သော် သင်တို့က လူ့ဇာတိခံ ခရစ်တော်သည် ဘုရားသခင်၏ သရုပ်သကန်ဖြစ်သည်၊ သူသည် ဘုရားသခင် ကိုယ်တော်တိုင်ဖြစ်သည်ဟု သက်သေခံသည်။ သို့ဆိုလျှင် လူ့ဇာတိခံ ခရစ်တော်သည် အမှန်တကယ် ဘုရားသခင်၏ သားတော်လား၊ သို့မဟုတ် သူသည် ဘုရားသခင် ကိုယ်တော်တိုင်လား။

11.12.2020

အဖြေ-

လူ့ဇာတိခံ ခရစ်တော် က ဘုရားသခင် ကိုယ်တော်တိုင်လား သို့မဟုတ် ဘုရားသခင်၏ သားတော် ဖြစ်ပါသလား။ ဤသည်မှာ သခင့်ကို ယုံကြည်သည့် ယုံကြည်သူ အများစု နားမလည်သည့် ပြဿနာတစ်ခု အမှန်ပင် ဖြစ်လေသည်။ လူ့ဇာတိခံ သခင်ယေရှုက ရွေးနုတ်ခြင်းအမှုအတွက် ရောက်လာခဲ့ချိန်မှာ ဘုရားသခင်က လူသားဖြစ်လာခဲ့သည်။ လူများကြားမှာ ပေါ်ထွန်းပြီး အမှုတော်ပြုခဲ့သည်။ သူက ကျေးဇူးတော်ခေတ်ကို ဖွင့်လှစ်ပေးခဲ့ရုံမကဘဲ၊ လူများနှင့်အတူ နေထိုင်ဖို့ ဘုရားသခင်ကိုယ်တိုင် ကြွလာခဲ့သည့် ခေတ်သစ်တစ်ခုကိုလည်း အစပျိုးပေးခဲ့ပါသည်။ လူများကလည်း မြတ်နိုးမှုများနှင့်အတူ၊ သခင်ယေရှုကို ဘုရားသခင်၏သားတော်၊ ခရစ်တော်ဟု ခေါ်ခဲ့ကြသည်။ ထိုအချိန်မှာ သန့်ရှင်းသောဝိညာဉ်တော်ကလည်း သခင်ယေရှုက ဘုရားသခင်၏ချစ်သား ဖြစ်ကြောင်း၊ သခင်ယေရှုက ဘုရားသခင်ကို ကောင်းကင်ဘုံမှ အဘဟု ခေါ်ကြောင်း သက်သေခံခဲ့ပြန်သည်။ ထို့ကြောင့်လည်း လူများက သခင်ယေရှုကို ဘုရားသခင်၏သားတော်ဟု ယုံကြည်ခဲ့ကြသည်။ ဤသို့နှင့် ခမည်းတော်- သားတော်ဆက်ဆံရေး အယူအဆ ပေါ်လာခဲ့ပါသည်။ တစ်ခဏမျှ စဉ်းစားကြည့်ရအောင်။ သူ့မှာ သားတော် ရှိသည်ဟု ဘုရားသခင်က ကမ္ဘာဦးကျမ်းမှာ ပြောထားပါသလား၊ မပြောပါ။ ပညတ်တော်ခေတ်မှာလည်း ယေဟောဝါဘုရားသခင်က သူ့မှာ သားတော် ရှိသည်ဟု ပြောခဲ့ဖူးပါသလား၊ မပြောခဲ့ပါ။ တစ်ပါးတည်းသော ဘုရားသခင်သာရှိကြောင်း ဤအရာက သက်သေပြသည်။ ခမည်းတော်- သားတော်ဆက်ဆံရေးဆိုသည်မှာ မရှိပါ။ ဤအချိန်တွင် လူတချို့က မေးနိုင်သည်။ ကျေးဇူးတော်ခေတ်မှာ သခင်ယေရှုက သူသည် ဘုရားသခင်၏သားတော်ပါဟု အဘယ့်ကြောင့် ပြောခဲ့သနည်း။ သခင်ယေရှုက ဘုရားသခင်၏ သားတော်ဖြစ်သည့် ခရစ်တော်လား၊ သို့မဟုတ် ဘုရားသခင်ကိုယ်တိုင်လား။ ဤသည်မှာ ခေတ်ကာလများ တစ်လျှောက်လုံးမှာ ယုံကြည်သူများ အခြေအတင်ဖြစ်ခဲ့ကြသည့် မေးခွန်းတစ်ခုဟု ဆိုနိုင်ပါသည်။ ဤကိစ္စ၏ ရှိရင်းစွဲ ဝိရောဓိကို လူများက သတိပြုမိပါသည်။ သို့သော်လည်း မရှင်းပြတတ်ကြပါ။ သခင်ယေရှုက ဘုရားသခင်ဖြစ်သည်။ သို့သော်လည်း ဘုရားသခင်၏သားတော်လည်း ဖြစ်သည်။ သို့ပါက ခမည်းတော်ဖြစ်သည့် ဘုရားသခင်တစ်ပါး ရှိသေးသည်။ လူများအနေနှင့် ဤအချက်ကို ရှင်းပြဖို့ဆိုသည်မှာ ပို၍မဖြစ်နိုင် တော့ပါ။ သခင်ယေရှုခရစ်တော်က ဘုရားသခင် ကိုယ်တော်တိုင် ဖြစ်ကြောင်း ဘုရားသခင်၏ပေါ်ထွန်းခြင်းဖြစ်ကြောင်း အသိအမှတ်ပြုခဲ့သူဆိုသည်မှာ၊ ပြီးခဲ့သည့်ထောင်စုနှစ် နှစ်ခုအတွင်းမှာ လုံး၀ မရှိသလောက်ပင် ဖြစ်ပါသည်။ အမှန်မှာမူ သမ္မာကျမ်းမှာ ဤအရာနှင့်ပတ်သက်ပြီး သိသာသည့်မှတ်တမ်း ရှိပါသည်။ ရှင်ယောဟန် ၁၄:၈ မှာ၊ ဖိလိပ္ပုက သခင်ယေရှုကို မေးခဲ့သည်- “သခင်၊ ခမည်းတော်ကို အကျွန်ုပ်တို့အား ပြတော်မူပါ။ ထိုသို့ပြတော်မူလျှင် အကျွန်ုပ်တို့ အလိုပြည့်စုံပါမည်။” ထိုအချိန်မှာ သခင်ယေရှုက ဖိလိပ္ပုကို မည်သို့အဖြေပေးသနည်း။ သခင်ယေရှုက ဖိလိပ္ပုကို ဖြေသည်- “ဖိလိပ္ပု၊ ဤမျှကာလပတ်လုံး ငါသည် သင်တို့နှင့်အတူရှိပြီးမှ သင်သည် ငါ့ကို မသိသေးသလော ငါ့ကိုမြင်သောသူသည် ခမည်းတော်ကို မြင်၏ သို့ဖြစ်လျှင်၊ ခမည်းတော်ကို အကျွန်ုပ်တို့အား ပြတော်မူပါဟု သင်သည် အဘယ်သို့ဆိုရသနည်း ငါသည် ခမည်းတော်၌ရှိသည်ကိုလည်းကောင်း၊ ခမည်းတော်သည် ငါ၌ရှိတော်မူသည်ကိုလည်းကောင်း မယုံသလော ငါ ဟောပြောသောစကားကို ကိုယ်အလိုအလျောက် ငါ ဟောပြောသည်မဟုတ် ငါ ပြုသောအမှုတို့ကိုကား၊ ငါ၌တည်နေတော်မူသော ခမည်းတော်သည် ပြုတော်မူ၏ ငါသည် ခမည်းတော်၌ ရှိသည်ကိုလည်းကောင်း၊ ခမည်းတော်သည် ငါ၌ရှိတော်မူသည်ကိုလည်းကောင်း ယုံကြလော့ ငါ့စကားကို မယုံလျှင်၊ ငါ့အမှုတို့ကိုထောက်၍ ယုံကြလော့။(ရှင်ယောဟန် ၁၄:၉-၁၁) ဒီနေရာမှာ သခင်ယေရှုက- “ငါ့ကိုမြင်သောသူသည် ခမည်းတော်ကို မြင်၏။” ဟု အရှင်းဆုံးပြောခဲ့သည်။ ထို့ကြောင့် သခင်ယေရှုက ဘုရားသခင်ကိုယ်တော်တိုင် ပေါ်ထွန်းခြင်း ဖြစ်ပါသည်။ သခင်ယေရှုက သူနှင့် ဘုရားသခင်က ခမည်းတော်- သားတော်ဆက်ဆံရေး ရှိသည်ဟု ဤနေရာတွင် မပြောခဲ့ပါ။ “ငါသည် ခမည်းတော်၌ရှိ၍၊ ခမည်းတော်သည် ငါ၌ရှိတော်မူ၏” ပြီးလျှင် သူက “ငါသည် ငါ့ခမည်းတော်နှင့် တလုံးတဝတည်းဖြစ်သည်။(ရှင်ယောဟန်ခရစ်ဝင် ၁ဝ:၃၀) ဟု လည်း ပြောခဲ့သည်။ သို့ပါက သခင်ယေရှု၏စကားများအရ၊ သခင်ယေရှုက ဘုရားသခင်ကိုယ်တိုင် ဖြစ်သည်။ တစ်ပါးတည်းသော ဘုရားသခင်သာရှိသည်၊ ခမည်းတော်- သားတော်ဆက်ဆံရေး ဆိုသည်မှာ မရှိဟု ဆိုသည့်အရာများကို ကျွန်တော်တို့ အတည်မပြုနိုင်ကြပါ လား။

အချို့သော လူများက သခင်ယေရှုက ဘုရားသခင် ကိုယ်တော်တိုင်ဖြစ်ပါက၊ သခင်ယေရှုဆုတောင်းသည့်အခါ၊ အဖဘုရားသခင်ထံသို့ အဘယ့်ကြောင့် ဆုတောင်းနေရသေး သနည်း ဟု မေးကောင်းမေးနိုင်ပါသည်။ သူ့ဆုတောင်းများမှာ သခင်ယေရှုက ဘုရားသခင်ကို ကောင်းကင်ဘုံမှ အဘဟု ခေါ်ခြင်းနှင့်ပတ်သက်ပြီး အမှန်တကယ် နက်နဲမှုရှိပါသည်။ ဘုရားသခင်က လူ့ဇာတိခံပြီး၊ ဝိညာဉ်တော်က လူ့ဇာတိအတွင်း ကွယ်ဝှက်နေသည့် အခါမှာ၊ လူ့ဇာတိကိုယ်တိုင်က ဝိညာဉ်တော်၏တည်နေမှုကို သတိမပြုမိပါ။ ကျွန်တော်တို့ ကိုယ်ထဲမှာရှိသည့် ဝိညာဉ်များကို မခံစားမိကြသကဲ့သို့ ဖြစ်သည်။ ထို့အပြင် ဘုရားသခင်၏ဝိညာဉ်တော်က လူ့ဇာတိ အတွင်းမှာ သဘာဝလွန်သည့်အရာ တစ်ခုမှမလုပ်ပါ။ ထို့ကြောင့် သခင်ယေရှုက လူ့ဇာတိခံသည့် ဘုရားသခင်ဖြစ်သည့်တိုင်၊ ဘုရားသခင်၏ ဝိညာဉ်တော်က သူ့ကို ပြောဆိုခြင်း၊ သက်သေခံခြင်းများ မလုပ်ပါက၊ သခင်ယေရှုအနေနှင့် သူက ဘုရားသခင်၏လူ့ဇာတိခံခြင်းဖြစ်ကြောင်း မသိနိုင်ပါ။ ထို့ကြောင့် သမ္မာကျမ်းမှာ “ထိုအချိန်နာရီကိုကား၊ ခမည်းတော်မှတပါး အဘယ်သူမျှမသိ။(ရှင်မာကုခရစ်ဝင် ၁၃:၃၂) ဟုဆိုထားပါသည်။ သခင်ယေရှုက သူ့အမှုတော်ကို မဆောင်ရွက်ခင်မှာ၊ သာမန်လူ့သဘာဝနှင့် နေခဲ့သည်။ သူက ဘုရားသခင်၏ လူ့ဇာတိခံခြင်းဖြစ်ကြောင်း အမှန်တကယ် မသိခဲ့ပါ။ လူ့ဇာတိအတွင်းက ဘုရားသခင်၏ဝိညာဉ်တော်က သဘာဝလွန် သည့်အရာ တစ်ခုမှမလုပ်ခဲ့သည့်အတွက် သူက တခြားလူသားတစ်ယောက်ကဲ့သို့ပင် သာမန်အကန့်အသတ်များထဲမှာ အမှုတော်ကိုပြုခဲ့သည်။ ထို့ကြောင့် သခင်ယေရှုက ကောင်းကင်ဘုံမှာ ရှိသော အဘကို သဘာဝအလျောက် ဆုတောင်းမည်ပင် ဖြစ်သည်။ တစ်နည်းပြောရရင်၊ သာမန်လူ့သဘာဝမှာ ရှိနေသည့် သခင်ယေရှုက ဘုရားသခင်၏ဝိညာဉ်တော်ဆီ ဆုတောင်းခဲ့ခြင်း ဖြစ်ပါသည်။ ဤအရာမှာ ယုတ္တိရှိပါသည်။ သခင်ယေရှုက အမှုတော်ကို တရားဝင်ဆောင်ရွက်သည့်အခါကျမှ သူက လူ့ဇာတိခံ ဘုရားသခင်ဖြစ်ကြောင်း သန့်ရှင်းသောဝိညာဉ်တော်က သက်သေခံပြီး ထုတ်ဖော်လာသည်။ ထိုအချိန်ကျမှသာ သခင်ယေရှုလည်း သူက ရွေးနုတ်ခြင်းအမှုကို ပြုဖို့ ရောက်နေသည့်သူ ဖြစ်ကြောင်း နားလည်ခဲ့ခြင်းဖြစ်ပါသည်။ သို့သော်လည်း ကားတိုင်မှာ သံမှိုစွဲခံရချိန်မှာလည်း၊ သူက ခမည်းတော်ဖြစ်သည့် ဘုရားသခင်ဆီ ဆုတောင်းနေဆဲသာ ဖြစ်သည်။ ခရစ်တော်၏အနှစ်သာရက ဘုရားသခင်ကို လုံးဝနာခံကြောင်းကို ဤအရာမှ ပြပါသည်။

ဤကိစ္စနှင့် ပတ်သက်တဲ့ ကျွန်တော်တို့ နားလည်မှု ပိုပြီး ရှင်းရှင်းလင်းလင်း ဖြစ်သွားအောင် အနန္တတန်ခိုးရှင်ဘုရားသခင် ၏နောက်ထပ်ကျမ်းပိုဒ်နှစ်ခုကို ဖတ်ကြည့်ကြပါစို့။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “ယေရှုသည် သူဆုတောင်းခဲ့စဉ်တွင် ကောင်းကင်ဘုံရှိ ဘုရားသခင်ကို ခမည်းတော်ဟူသည့် အမည်ဖြင့် ခေါ်ဆိုခဲ့သောအခါ ဖန်ဆင်းခံ လူသားတစ်ဦး၏ ရှုထောင့်မှနေ၍ ထိုသို့ခေါ်ခဲ့ခြင်းဖြစ်သည်၊ ဘုရားသခင်၏ ဝိညာဉ်တော်သည် ရိုးရိုးသာမန်ဇာတိခန္ဓာကို ယူတင်ထားခဲ့ပြီး၊ ဖန်ဆင်းခံ သက်ရှိတစ်ဦး၏ အပြင်ပန်းသဏ္ဌာန် ရှိခဲ့သောကြောင့်သာ ဖြစ်သည်။ သူ၏အထဲမှာမူ ဘုရားသခင်၏ ဝိညာဉ်တော် ဖြစ်နေခဲ့သော်လည်း၊ သူ၏အပြင်ပန်းသွင်ပြင်သည် သာမန်လူသားတစ်ယောက် အတိုင်းသာ ရှိခဲ့သည်၊ တစ်နည်းဆိုရလျှင်၊ သူသည် ယေရှုကိုယ်တိုင် အပါအဝင်၊ လူများအားလုံး ပြောဆိုကြသော ‘လူသား’ ဖြစ်လာခဲ့သည်။ သူသည် လူသား၏သားဟု ခေါ်ဆိုခံရခြင်းကို ထည့်တွက်ပါက၊ သူသည် သာမန်လူတို့၏ ပုံမှန်မိသားစုထဲတွင် မွေးဖွားလာခဲ့သော လူပုဂ္ဂိုလ်တစ်ဦး (လူယောက်ျားဖြစ်စေ၊ သို့မဟုတ် လူမိန်းမဖြစ်စေ၊ မည်သည့် အနေအထားတွင်မဆို သက်ရှိလူသား၏ အပြင်ပန်း အခွံနှင့်ပင် ဖြစ်သည်) ပင်ဖြစ်သည်။ ထို့ကြောင့်၊ ယေရှုသည် ကောင်းကင်ဘုံမှ ဘုရားသခင်ကို ခမည်းတော်ဟူသည့် အမည်နာမဖြင့် ခေါ်ဆိုခြင်းမှာ သင်တို့သည် ကနဦးတွင် သူ့အား ခမည်းတော်ဟု ခေါ်ဆို ခဲ့ခြင်းနှင့် အတူတူပင်ဖြစ်သည်၊ သူသည် ဖန်ဆင်းခံ လူသားတစ်ဦး၏ ရှုထောင့်မှနေ၍ ထိုကဲ့သို့ ခေါ်ဆိုခဲ့ခြင်း ဖြစ်သည်။ သင်တို့အား အလွတ်ကျက်မှတ်ရန် ယေရှုမှ သွန်သင်ပေးခဲ့သော ပဌာနာတော်ကို သင်တို့ မှတ်မိ သေးလား။ ‘ကောင်းကင်ဘုံ၌ ရှိတော်မူသော အကျွန်ုပ်တို့၏ အဖ...’ သူသည် လူအားလုံးကို ကောင်းကင်ဘုံမှ ဘုရားသခင်အား ခမည်းတော် (အဖ) ဟူသည့် အမည်နှင့်ပင် ခေါ်ဆိုရန် သင်ကြားပေးခဲ့သည်။ သူသည်လည်း ဘုရားသခင်အား ခမည်းတော်ဟု ခေါ်ဆိုခဲ့ခြင်းမှာ၊ သင်တို့အားလုံးနှင့် တန်းတူနေရာတွင် ရပ်တည်သူတစ်ဦး၏ ရှုထောင့်မှနေ၍ ထိုကဲ့သို့ ခေါ်ဆိုခဲ့ခြင်းဖြစ်သည်။ သင်သည် ကောင်းကင်ဘုံမှ ဘုရား သခင်အား ခမည်းတော်ဟူသော အမည်နှင့် ခေါ်ဆိုသည့်အတွက်၊ ယေရှုသည် ဘုရားသခင်၏ ရွေးချယ် ခံရသည့် ကမ္ဘာပေါ်မှ လူသားတစ်ဦးအနေနှင့် (ဆိုလိုသည်မှာ၊ ဘုရားသခင်၏ သားတော် အနေနှင့်) သူ့ကိုယ်သူ သင်တို့နှင့် တန်းတူ ဖြစ်သည်ဟု ရှုမြင်ခဲ့ခြင်းကို ဤအရာက ပြသည်။ သင်တို့သည် ဘုရားသခင်အား ‘ခမည်းတော်’ ဟူ၍ ခေါ်ဆိုလျှင်၊ ယင်းက သင်သည် ဖန်ဆင်းခံ သတ္တဝါတစ်ဦး ဖြစ်နေ၍ပင် မဟုတ်လော။ ယေရှု၏ သြဇာအာဏာသည် ကမ္ဘာပေါ်တွင် မည်မျှပင် ကြီးမားစေကာမူ၊ ကားတိုင်ပေါ်တွင် အသေမခံမီ၊ သူသည် လူသား၏သားတစ်ဦးမျှသာ ဖြစ်ပြီး၊ သန့်ရှင်းသော ဝိညာဉ်တော်၏ (ဘုရားသခင်ဟု ဆိုလိုသည်) အုပ်စိုးခြင်း ခံရသော၊ ကမ္ဘာကြီးရှိ ဖန်ဆင်းခံ သတ္တဝါများထဲမှ တစ်ဦးသာ ဖြစ်ခဲ့သည်၊ အကြောင်းမှာ သူသည် သူ၏ အလုပ်အား ပြီးစီးရန် လိုနေခဲ့သေးသောကြောင့် ဖြစ်သည်။ ထို့ကြောင့် ကောင်းကင်ဘုံမှ ဘုရားသခင်အား ခမည်းတော်ဟု သူခေါ်ဆိုခြင်းသည် သူ၏ နှိမ့်ချခြင်းနှင့် နာခံခြင်း လုံးလုံးကြောင့်သာ ဖြစ်သည်။ သူ၏ ဘုရားသခင်အား (ကောင်းကင်ဘုံမှ ဝိညာဉ်တော်ကို ဆိုလိုသည်) ထိုကဲ့သို့သော ခေါ်ဆိုခြင်းသည်၊ မည်သို့ ဆိုစေကာမူ၊ သူသည် ကောင်းကင်ဘုံမှ ဘုရားသခင် ဝိညာဉ်တော်၏ သားတော်ဖြစ်သည် ဆိုခြင်းအား သက်သေမပြပါ။ ထိုအစား သူ၏ ရှုထောင့်သာ ပြောင်းသွားခြင်း ကွဲပြားခြားနားနေခြင်း ဖြစ်ပြီး၊ သူသည် ကွဲပြား ခြားနားသော ပုဂ္ဂိုလ်တစ်ပါး ဖြစ်နေခြင်း မဟုတ်ပါ။ ကွဲပြားသော ပုဂ္ဂိုလ်များ အပါးပါး တည်ရှိသည် ဆိုခြင်းမှာ ယုတ္တိအမှားသာလျှင် ဖြစ်သည်။ ကားတိုင်ပေါ်၌ အသေမခံမီတွင်၊ ယေရှုသည် ဇာတိပကတိ၏ ကန့်သတ်ချက်များဖြင့် ဖွဲ့နှောင်ထားခံရသည့် လူသား၏သားတစ်ဦးမျှသာ ဖြစ်ပြီး၊ ဝိညာဉ်တော်၏ သြဇာအာဏာကို သူသည် အပြည့်အဝ မပိုင်ဆိုင်ခဲ့ပါ။ ဤအကြောင်းကြောင့် သူသည် ခမည်းတော် ဘုရားသခင်၏ အလိုကို ဖန်ဆင်းခံ သတ္တဝါတစ်ဦး၏ ရှုထောင့်မှနေ၍သာ ရှာဖွေနိုင်ခဲ့ခြင်းဖြစ်သည်။ ဂေသရှေမန် ဥယျာဉ်တွင် သုံးကြိမ်သုံးခါတိုင် သူဆုတောင်းခဲ့သည့် အတိုင်းပင် ဖြစ်သည်။ ‘အကျွန်ုပ် အလိုရှိသည် အတိုင်း မဖြစ်ပါစေနှင့်။ ကိုယ်တော်အလိုရှိသည် အတိုင်း ဖြစ်ပါစေသော’ သူသည် ကားတိုင်ပေါ်တွင် အတင် မခံရမီ၊ ယုဒလူမျိုးများ၏ ရှင်ဘုရင်မျှသာ ဖြစ်ခဲ့သည်၊ သူသည် ခရစ်တော်၊ လူသား၏သားဖြစ်ခဲ့ပြီး၊ ဘုန်းနှင့် ပြည့်စုံသော ကိုယ်မဟုတ်ခဲ့။ ထို့ကြောင့်ပင် ဖန်ဆင်းခံ သတ္တဝါတစ်ဦး၏ ရပ်တည်ချက်မှနေ၍ သူသည် ဘုရားသခင်အား ခမည်းတော်ဟု ခေါ်ဆိုခဲ့ခြင်းဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သုံးပါးတစ်ဆူ တည်ရှိပါသလော)

‘ဘုရားသခင်သည် ယေရှုကို သူ၏ချစ်သားဟုပင် ပွင့်လင်းစွာ ပြောခဲ့သည်မဟုတ်လော’ ဟု ဆိုကြသော ထိုသူအချို့ ရှိကြသေးသည်။ ‘ယေရှုသည် ဘုရားသခင်နှစ်သက်မြတ်နိုးရာ သူ၏ချစ်သားပေတည်း’ ဟူသည်ကိုဘုရားသခင် ကိုယ်တိုင်မှ ပြောခဲ့သည်မှာ သေချာပါသည်။ ယင်းမှာ ဘုရားသခင်သည် သူ့ကိုယ်သူ သက်သေ ခံနေခြင်းပင်ဖြစ်သည်၊ သို့သော် ကောင်းကင်ဘုံမှ ဝိညာဉ်တော်သည် သူကိုယ်တိုင်၏ လူ့ဇာတိခံယူခြင်းကို သက်သေခံနေခြင်းဟူသည့် ကွဲပြားခြားနားသော ရှုထောင့်မှသာ ဖြစ်သည်။ ယေရှုသည် သူ၏ လူ့ဇာတိ ခံယူခြင်းပင် ဖြစ်ပြီး၊ ကောင်းကင်ဘုံမှ သူ၏ သားတော်မဟုတ်ပါ။ သင်နားလည် ပါ၏လော။ ‘ငါသည် ခမည်းတော်၌ရှိသည်ကို၎င်း၊ ခမည်းတော်သည် ငါ၌ရှိတော်မူသည်ကို၎င်း’ ဟူသော ယေရှု၏ စကားများသည် သူတို့မှာ ဝိညာဉ်တော် တစ်ပါးတည်းသာဖြစ်သည်ကို ညွှန်းဆိုနေခြင်းပင် မဟုတ်လော။ လူ့ဇာတိခံယူခြင်းကြောင့်သာ သူတို့သည် ကောင်းကင်နှင့် မြေကြီးကြားတွင် ကွဲပြားနေရခြင်းပင် မဟုတ်လော။ လက်တွေ့တွင်မူ သူတို့သည် တစ်ပါးတည်းသာ ဖြစ်သေးသည်၊ မည်သို့ပင်ဖြစ်စေကာမူ၊ ယင်းသည် ဘုရားသခင်မှ သူကိုယ်တိုင်အား ရိုးစင်းစွာ သက်သေခံနေခြင်းပင် ဖြစ်သည်။ ခေတ်ကာလများ၏ အပြောင်းအလဲအရ၊ အလုပ်၏ လိုအပ်ချက်များအရနှင့် သူ့စီမံခန့်ခွဲမှု အစီအစဉ်၏ ကွဲပြားခြားနားသော အဆင့်များအရ သူ့အား လူမှခေါ်ဆိုသော အမည်သည်လည်း ကွဲပြားခြားနားသွားရခြင်း ဖြစ်သည်။ အလုပ်၏ ပထမအဆင့်အား ဆောင်ရွက်ရန် သူကြွဆင်းလာခဲ့သော အခါတွင်၊ သူ့အား ယေဟောဝါ၊ ဣသရေလလူမျိုးများ၏ သိုးထိန်းဟူ၍သာ ခေါ်ဆို နိုင်သည်။ ဒုတိယအဆင့်တွင်မူ၊ လူ့ဇာတိခံယူသော ဘုရားသခင်အား သခင်နှင့် ခရစ်တော် ဟူ၍သာ ခေါ်ဆို နိုင်သည်။ သို့သော် ထိုအချိန်တွင်မူ၊ ကောင်းကင်ဘုံမှ ဝိညာဉ်တော်သည် ထိုသူမှာ ဘုရားသခင်၏ ချစ်သား ဟူ၍သာ ဖော်ပြခဲ့ပြီး၊ ဘုရားသခင်၏ တစ်ဦးတည်းသော သားတော်ဟူသည့် သူ့ဖြစ်ခြင်းနှင့် ပတ်သက်၍ မည်သည့် ဖော်ပြချက်မှ မပြုခဲ့ပါ။ ဤအရာသည် တကယ်ပင် ဖြစ်ပွားခြင်းမရှိခဲ့။ အဘယ်သို့နှင့် ဘုရားသခင် ထံတွင် ကလေးတစ်ဦးတည်းသာ ရှိနိုင်လိမ့်မည်နည်း။ ဤသို့ဆိုပါက ဘုရားသခင်သည် လူပင်ဖြစ်နေလိမ့်မည် မဟုတ်ပေလော။ သူသည် လူ့ဇာတိခံယူခြင်း ဖြစ်သည့်အတွက်၊ ဘုရားသခင်၏ ချစ်သောသားဟု ခေါ်ဆိုခံရခြင်းဖြစ်ပြီး၊ ဤအရာမှ ခမည်းတော်နှင့် သားတော်ကြားရှိ ဆက်နွှယ်မှု ပေါ်ပေါက်လာခြင်း ဖြစ်သည်။ ယင်းမှာ ကောင်းကင်နှင့် မြေကြီးကြားရှိ ခြားနားခြင်းကြောင့်ပင် ဖြစ်သည်။ ယေရှုသည် ဇာတိပကတိ၏ ရှုထောင့်မှနေ၍ ဆုတောင်းခဲ့သည်။ သူသည် ထိုကဲ့သို့သော ပုံမှန်လူသားသဘာဝ၏ ဇာတိပကတိကို ယူတင် ဝတ်ဆင်ထားသည့် အတွက်၊ ဇာတိပကတိ၏ ရှုထောင့်မှနေ၍ ‘ငါ၏ အပြင်ပန်းအခွံသည် ဖန်ဆင်းခံ သတ္တဝါ တစ်ဦး၏ အရာသာ ဖြစ်သည်။ ဤမြေကြီးသို့ ကြွဆင်းလာရန် ငါသည် ဇာတိပကတိအား ယူတင်ဝတ်ဆင် သည့်အတွက် ယခုတွင် ငါသည် ကောင်းကင်ဘုံနှင့် အလွန့် အလွန် ဝေးကွာလျက်ရှိ၏’ ဟုသူပြောခဲ့ခြင်း ဖြစ်သည်။ ဤအကြောင်းရင်းကြောင့်၊ သူသည် ခမည်းတော် ဘုရားသခင်အား ဇာတိပကတိ၏ ရှုထောင့်မှ နေ၍သာ ဆုတောင်းနိုင်ခဲ့ခြင်း ဖြစ်သည်။ ဤအရာသည် သူ၏တာဝန်ပင် ဖြစ်ခဲ့ပြီး၊ ယင်းအား လူ့ဇာတိ ခံယူသော ဘုရားသခင်၏ ဝိညာဉ်တော်မှ ဖြည့်ဆည်းသင့်သည့် အရာလည်း ဖြစ်သည်။ ခမည်းတော်အား သူသည် ဇာတိပကတိ၏ ရှုထောင့်မှနေ၍ ဆုတောင်းသော အကြောင်းကြောင့် သူ့အား ဘုရားသခင် တကယ် မဟုတ်ဟု ပြော၍မရနိုင်ပါ။ သူသည် ဘုရားသခင်၏ ချစ်သားဟု ခေါ်ဆိုခံရသော်လည်း၊ သူသည် ဘုရားသခင် ကိုယ်တိုင်ပင် ဖြစ်နေသေးသည်၊ အကြောင်းမှာ သူသည် ဝိညာဉ်တော်၏ လူ့ဇာတိခံယူခြင်းသာ ဖြစ်ပြီး၊ သူ၏ အနှစ်သာရသည်လည်း ဝိညာဉ်တော်ပင် ဖြစ်နေသေးသောကြောင့် ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သုံးပါးတစ်ဆူ တည်ရှိပါသလော)

အနန္တတန်ခိုးရှင်ဘုရားသခင်က အကြောင်းအရာများကို အရှင်းဆုံးဖော်ပြထားပါသည်။ သခင်ယေရှုက လူများကြားမှာ အမှုတော်ပြုခဲ့ခြင်း ဆိုသည်မှာ အမှန်မှာမူ လူ့ဇာတိလွှမ်းခြုံထားသည့် ဘုရားသခင်၏ဝိညာဉ်တော်က လူသားအဖြစ်နှင့် ပေါ်ထွန်းပြီး အမှုတော်ပြုခဲ့ပါသည်။ သခင်ယေရှုက နှုတ်ကပတ်တော်ကို မည်သို့ပဲဖော်ပြခဲ့ပါစေ၊ အဖဘုရားသခင်ဆီ မည်သို့ပင် ဆုတောင်းခဲ့ပါစေ သူ့အနှစ်သာရက ဘုရားသဘောသဘာဝပင် ဖြစ်ပါသည်။ လူ့သဘာ၀ မဟုတ်ပါ၊ ဘုရားသခင်က လူများမမြင်နိုင်သည့် ဝိညာဉ်တော် ဖြစ်ပါသည်။ ဘုရားသခင်က လူ့ဇာတိနှင့်လွှမ်းခြုံလာသည့်အခါ၊ လူများက လူ့ဇာတိကိုပဲ မြင်သည်။ ဘုရား၏ဝိညာဉ်တော်ကို မမြင်နိုင်ပါ။ သန့်ရှင်းသောဝိညာဉ်တော်က လူ့ဇာတိခံ သခင်ယေရှုက ဘုရားသခင်ဖြစ်ကြောင်း တိုက်ရိုက်သက်သေခံခဲ့မည်ဆိုပါက၊ လူများက လက်ခံခဲ့ကြမှာ မဟုတ်ပါ။ ထိုအချိန်တုန်းက ဘုရားသခင် လူ့ဇာတိခံခြင်းက မည်သည့်အရာ ဖြစ်သည်ကိုပင် မည်သူမျှ မသိခဲ့သောကြောင့် ဖြစ်သည်။ သူတို့က ဘုရားသခင်၏လူ့ဇာတိခံခြင်းနှင့် ထိတွေ့ဆက်ဆံမိပြီး၊ မဆိုစလောက် နားလည်ခဲ့ရုံသာ ရှိသည်။ ဤကဲ့သို့ သာမန်လူသားက ဘုရားသခင်ဝိညာဉ်တော်၏ ပြယုဂ်ဖြစ်ကြောင်း၊ ယင်းမှာ နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ ဖြစ်ကြောင်း လုံး၀ မစဉ်းစားမိခဲ့ကြပါ။ သခင်ယေရှုက အမှုတော်ပြုရင်း၊ နှုတ်ကပတ်တော် အများကြီး ဖော်ပြခဲ့ပြီး၊ “နောင်တရကြလော့၊ အကြောင်းမူကား ကောင်းကင်နိုင်ငံတော်သည် တည်လုနီးပြီ” ဆိုသည့် လမ်းခရီးဆီလည်း ပို့ဆောင်ပေးခဲ့သည့်အပြင် ဘုရားသခင်၏ ဩဇာအာဏာနှင့် တန်ခိုးကို ထုတ်ဖော်ပြရင်း တန်ခိုးတော်များကို ပြသခဲ့သည့်တိုင် လူများက သခင်ယေရှုကို ဘုရားသခင် ကိုယ်တော်တိုင်ဖြစ်ကြောင်း၊ သူ့နှုတ်ကပတ်တော်နှင့် အမှုတော်ကတစ်ဆင့် သတိမပြုမိခဲ့ကြပါ။ ယင်းမှာ ဘုရားသခင်၏ပေါ်ထွန်းခြင်း ဖြစ်ကြောင်းကို သတိမပြုမိခဲ့ကြပါ။ သို့ပါက လူများက သခင်ယေရှုကို ထိုအချိန်က မည်သို့ နားလည်ခဲ့သနည်း။ တချို့က သူ့ကို ဗတ္တိဇံဆရာယောဟန် ဖြစ်သည်ဟု ပြောခဲ့ကြသည်။ တချို့က သူ့ကို ဧလိယ ဖြစ်သည်ဟုဆိုသည်။ တချို့ကဆို ဆရာသခင်ဟုပင် ခေါ်ခဲ့ကြသည်။ ထို့ကြောင့် ဘုရားသခင်က ထိုအချိန်ကလူများ၏ ဝိညာဉ်အသက်တာ နှင့်အညီ လုပ်ဆောင်ခဲ့ခြင်း ဖြစ်ပါသည်။ လူများအတွက် ခက်ခဲအောင် မလုပ်ခဲ့ပါ။ သန့်ရှင်းသောဝိညာဉ်တော်ကလည်း ထိုအချိန်ကလူများ၏နားလည်မှု အတိုင်းအတာအတွင်းမှာသာ သက်သေခံနိုင်ခဲ့သည်။ ထို့ကြောင့် သူက သခင်ယေရှုကို ဘုရားသခင်၏ချစ်သားဟု ခေါ်ခဲ့သည်။ သခင်ယေရှုကို ဘုရားသခင်၏သားတော်အဖြစ် ယာယီသဘော ထင်မြင်စေခဲ့ခြင်း ဖြစ်ပါသည်။ ဤနည်းလမ်းက လူများ၏အယူအဆများနှင့် ပိုပြီးသင့်တော်ခဲ့သည်။ လက်ခံဖို့ ပို၍လွယ်ကူသည်။ ထိုအချိန်က သခင်ယေရှုက ရွေးနုတ်ခြင်းအမှုကိုသာ ဆောင်ရွက်နေခဲ့ခြင်း ဖြစ်သည်။ လူများက သခင်ယေရှုကို မည်သို့ခေါ်ခေါ် အရေးကြီးသည်မှာ သူတို့အနေနှင့် သခင်ယေရှုက ကယ်တင်ရှင် ဖြစ်သည်။ အပြစ်များကို ခွင့်လွှတ်ပေးခဲ့သည့်အတွက် သူတို့အနေနှင့် ဘုရားသခင်၏ကျေးဇူးတော်ကို ခံစားခွင့်ရကြကြောင်းကို လက်ခံခဲ့ပါသည်။ ထို့ကြောင့် ဘုရားသခင်၏ဝိညာဉ်တော်က သခင်ယေရှုအတွက် ဤနည်းလမ်းနှင့် သက်သေခံခဲ့ပါသည်။ ထိုအချိန်ကလူများ၏ ဝိညာဉ်အသက်တာနှင့် ပိုပြီးသင့်တော်ခဲ့ သောကြောင့်သာ ဖြစ်သည်။ ဤအရာမှာ သခင်ယေရှု၏ နှုတ်ကပတ်တော်ကို လုံး၀ပြည့်စုံစေပါသည်။ “သင်တို့အား ငါ ပြောစရာစကား အများရှိသော်လည်း သင်တို့သည် ယခု မခံနိုင်ကြ သမ္မာတရားနှင့်ပြည့်စုံသော ထိုဝိညာဉ်တော်သည် ရောက်လာသောအခါ သမ္မာတရားကို သင်တို့အား အကြွင်းမဲ့ သွန်သင်ပြလိမ့်မည် ထိုဝိညာဉ်တော်သည် ကိုယ်အလိုအလျောက် ဟောပြောမည်မဟုတ်။ ကြားသမျှတို့ကို ဟောပြောလိမ့်မည် နောင်လာလတ္တံ့သော အရာတို့ကိုလည်း သင်တို့အား ဖော်ပြလိမ့်မည်။(ရှင်ယောဟန် ၁၆:၁၂-၁၃)

ကျွန်တော်တို့က ဘုရားသခင်၏ဝိညာဉ်တော်ကို မမြင်နိုင် သော်လည်း၊ ဝိညာဉ်တော်က လူ့ဇာတိနှင့် လွှမ်းခြုံလာသည့်အခါမှာ ဘုရားသခင်၏စိတ်နေသဘောထား၊ သူ့၏အရာအားလုံးနှင့်ဖြစ်ခြင်း၊ အနန္တတန်ခိုးတော်နှင့် ဉာဏ်ပညာ စသည့် အရာများအားလုံးကို လူ့ဇာတိကတစ်ဆင့် ဖော်ပြပါသည်။ သခင်ယေရှုခရစ်တော်၏ နှုတ်ကပတ်တော်နှင့်အမှုတော်၊ သူ ဖော်ပြသည့် စိတ်နေသဘောထား ကတစ်ဆင့် သူက ဘုရားသခင် ကိုယ်တော်တိုင်ဖြစ်သည်မှာ လုံး၀သေချာပါသည်။ သခင်ယေရှု၏ နှုတ်ကပတ်တော်နှင့် အမှုတော်က ဩဇာအာဏာနှင့် တန်ခိုးတော် အပြည့်ပါဝင် ပါသည်။ သူ ပြောသည့် အရာက တကယ်ဖြစ်လာသည်။ သူ တောင်းဆိုသည့်အရာက အကောင်အထည် ပေါ်သည်။ သူ ဟောကြားလိုက်သည်နှင့်၊ သူ့နှုတ်ကပတ်တော်များက လက်တွေ့ဖြစ်လာသည်။ သခင်ယေရှု၏စကားတစ်ခွန်းက လူ၏အပြစ်များကို ခွင့်လွှတ်ဖို့ လုံလောက်ခဲ့ပြီး၊ သေသူကိုလည်း ပြန်ရှင်စေခဲ့သည်။ စကားတစ်ခွန်းတည်းက လေနှင့် ပင်လယ်ကို ငြိမ်သက်စေခဲ့သည်။ အရာခပ်သိမ်းကို အုပ်စိုးသည့် ဘုရားသခင်၏ ဩဇာအာဏာနှင့် တန်ခိုးကို သခင်ယေရှု၏နှုတ်ကပတ်တော်နှင့် အမှုတော်ကနေ ကျွန်တော်တို့ မမြင်နိုင်ကြပါ လား။ ဘုရားသခင်၏အနန္တတန်ခိုး၊ ဉာဏ်ပညာနှင့် အံ့ဩစရာအမှုတော်များကို ကျွန်တော်တို့ မမြင်မိကြ ပါသလား။ သခင်ယေရှုက နှုတ်ကပတ်တော်များထဲမှာ “နောင်တရကြလော့၊ အကြောင်းမူကား ကောင်းကင်နိုင်ငံတော်သည် တည်လုနီးပြီ” ဆိုသည့်လမ်းခရီးကို ဖော်ပြခဲ့သည်။ သူက ပညတ်တော်ခေတ်ကို အဆုံးသတ်ပေးရင်း၊ ကျေးဇူးတော်ခေတ်ကို အစပျိုးပေးခဲ့သည်။ ဘုရားသခင်၏ကရုဏာပြည့်ဝပြီး နှစ်လိုစရာ စိတ်နေသဘောထားကို ဖော်ပြခဲ့ပြီး၊ ရွေးနုတ်ခြင်းအမှုကိုလည်း ပြည့်စုံစေခဲ့သည်။ သခင်ယေရှုက ဘုရားသခင် ကိုယ်တော်တိုင် ပြုသည့် အမှုကို ဆောင်ရွက်ခဲ့ပါသည်။ သခင်ယေရှု၏ နှုတ်ကပတ်တော်နှင့် အမှုတော်က ဘုရားသခင် ဝိညာဉ်တော်၏ တိုက်ရိုက်ဖော်ပြခြင်းဖြစ်သည်။ ဘုရားသခင်၏ဝိညာဉ်တော်က လူများကို ပြောဆိုဖို့ အမှုတော်ပြုဖို့၊ လူများဆီ ပေါ်ထွန်းဖို့အတွက် လူ့ဇာတိခံခဲ့ကြောင်းကို သက်သေပြမနေပါသလား။ ဘုရားသခင်၏ ဝိညာဉ်တော်က လူ့ဇာတိထဲမှာ မည်သို့ပင် ပြောဆိုပြပါစေ၊ ကျွန်တော်တို့က သူ့ကို အသိအမှတ်ပြုနိုင်စွမ်း မရှိသည်မှာ ဖြစ်နိုင်ပါ့မလား။ လူ့ဇာတိ၏အပြင်ပန်းအခွံက ခရစ်တော်၏ ဘုရားသဘောသဘာဝ အနှစ်သာရကို အသိအမှတ်မပြုနိုင်အောင် တားဆီးနိုင်သလား။ ဘုရားသခင်၏ဝိညာဉ်တော်က ဟောပြောဖို့ အမှုတော်ပြုဖို့အတွက် လူ့ဇာတိနှင့် လွှမ်းခြုံသည့်အခါ ကျွန်တော်တို့အနေနှင့် မည်မျှပင် အတွေ့အကြုံရှိရှိ၊ ဘုရားသခင်၏ပေါ်ထွန်းခြင်းနှင့်အမှုတော်ကို အသိအမှတ်ပြုနိုင်စွမ်း ရှိဦးမှာမဟုတ် ဆိုသည်မှာ ဖြစ်နိုင်သလား။ ဤအရာမှာ အမှန်တရား ဖြစ်ပါက၊ ကျွန်တော်တို့အနေနှင့် ယုံကြည်မှုမှာ အလွန်ပင် ညံ့ဖျင်းနေကြပါပြီ။ ဘုရားသခင်၏ချီးမွမ်းမှုကို မည်သို့ရနိုင်တော့ မည်နည်း။

နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ မှ

အရှေ့သို့- ကျေးဇူးတော်ခေတ်အတွင်းတွင်၊ ဘုရားသခင်သည် လူ့ဇာတိခံလာခဲ့ပြီး၊ လူသားမျိုးနွယ်အတွက် အပြစ်ဖြေရာယဇ်အဖြစ် အစေခံခဲ့သည်၊ ထိုသို့ဖြင့် အပြစ်မှ လူသားမျိုးနွယ်ကို ရွေးနုတ်ခဲ့သည်။ နောက်ဆုံးသော ကာလတွင် ဘုရားသခင်သည် နောက်တစ်ဖန် လူ့ဇာတိခံလာပြီးဖြစ်သည်။ သူသ‌ည် လူသားမျိုးနွယ်ကို လုံးဝ သန့်စင်ရင်းနှင့် စာတန်၏ လွှမ်းမိုးမှုမှ လူသားမျိုးနွယ်ကို ကယ်တင်ရင်း၊ သမ္မာတရားကို ဖော်ပြပြီး တရားစီရင်ခြင်းအမှုကို လုပ်ဆောင်၏။ သူသည် လူသားမျိုးနွယ်၏ ကယ်တင်ခြင်း အမှုကို ဆောင်ရွက်ဖို့ အဘယ်ကြောင့် လူ့ဇာတိနှစ်ကြိမ် ခံလာရမည်နည်း။ ဤနှစ်ကြိမ် လူ့ဇာတိခံခြင်းများ၏ စစ်မှန်သော အရေးပါမှုမှာ အဘယ်နည်း။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ကျေးဇူးတော်ခေတ်အတွင်းတွင်၊ ဘုရားသခင်သည် လူ့ဇာတိခံလာခဲ့ပြီး၊ လူသားမျိုးနွယ်အတွက် အပြစ်ဖြေရာယဇ်အဖြစ် အစေခံခဲ့သည်၊ ထိုသို့ဖြင့် အပြစ်မှ လူသားမျိုးနွယ်ကို ရွေးနုတ်ခဲ့သည်။ နောက်ဆုံးသော ကာလတွင် ဘုရားသခင်သည် နောက်တစ်ဖန် လူ့ဇာတိခံလာပြီးဖြစ်သည်။ သူသ‌ည် လူသားမျိုးနွယ်ကို လုံးဝ သန့်စင်ရင်းနှင့် စာတန်၏ လွှမ်းမိုးမှုမှ လူသားမျိုးနွယ်ကို ကယ်တင်ရင်း၊ သမ္မာတရားကို ဖော်ပြပြီး တရားစီရင်ခြင်းအမှုကို လုပ်ဆောင်၏။ သူသည် လူသားမျိုးနွယ်၏ ကယ်တင်ခြင်း အမှုကို ဆောင်ရွက်ဖို့ အဘယ်ကြောင့် လူ့ဇာတိနှစ်ကြိမ် ခံလာရမည်နည်း။ ဤနှစ်ကြိမ် လူ့ဇာတိခံခြင်းများ၏ စစ်မှန်သော အရေးပါမှုမှာ အဘယ်နည်း။

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ-“ထိုနည်းတူ၊ ခရစ်တော်သည် လူများအပြစ်တို့ကို ခံခြင်းငှာ တခါတည်းကိုယ်ကိုပူဇော်ပြီးမှ၊ နောက်တဖန် ထိုသခင်ကို...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။