သခင်ယေရှုသည် တရုတ်လူတစ်ဦး၏ ပုံသဏ္ဍာန်ဖြင့် လူ့ဇာတိ၌ ပြန်ကြွလာပြီးဖြစ်သည်ဟု သင် ဆိုသည်။ ယင်းကို ကျွန်ုပ်တို့ လက်မခံနိုင်ပါ။ ကျမ်းစာထဲ၌ ရေးသားထားသည့်အရာအရ၊ သခင်ယေရှုသည် ဂျူးလူမျိုးတစ်ဦး၏ ပုံသဏ္ဍာန်ဖြင့် ထွက်ခွာခဲ့သည်၊ ထို့ကြောင့် နောက်ဆုံးသော ကာလအတွင်း သခင်ပြန်ကြွလာချိန်တွင်လည်း၊ ဂျူးလူမျိုးတစ်ဦး၏ ပုံသဏ္ဍာန်ဖြင့် ဖြစ်သင့်ပေသည်။ သူသည် အဘယ်သို့ တရုတ်လူမျိုးတစ်ဦး၏ ပုံသဏ္ဍာန်ဖြင့် လာနိုင်မည်နည်း။

11.12.2020

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

ဘုရားသခင်သည် စကြဝဠာတစ်ခွင်လုံးနှင့် အထက်လောကတွင် အကြီးမြတ်ဆုံးဖြစ်ရာ၊ သူသည် သူ၏ လူ့ဇာတိ ပုံသဏ္ဌာန်ကို အသုံးပြုပြီး မိမိကိုယ်ကိုယ် အပြည့်အဝ ရှင်းပြနိုင်မည်လော။ ဘုရားသခင်သည် သူ၏ အမှု အဆင့်တစ်ခုကို လုပ်ဆောင်ရန် ဤလူ့ဇာတိဖြင့် မိမိကိုယ်ကိုယ် ယူတင်ဝတ်ဆင်လေသည်။ ဤလူ့ဇာတိ ပုံသဏ္ဌာန်တွင် အထူး အရေးပါမှုမရှိပေ၊ ခေတ်များ ကုန်လွန်ခြင်းနှင့် မည်သည့် ဆက်နွှယ်မှုမျှ မရှိသကဲ့သို့ ဘုရားသခင်၏ စိတ်သဘောထားနှင့်လည်း မည်သို့မျှ မသက်ဆိုင်ပေ။ ယေရှုသည် သူ၏ပုံသဏ္ဌာန်ကို ကျန်ရှိနေစေဖို့ အဘယ်ကြောင့် ခွင့်မပြုခဲ့သနည်း။ သူသည် နောက်မျိုးဆက်များထံ လက်ဆင့်ကမ်းနိုင်ဖို့အလို့ငှာ လူသားအား သူ၏ပုံသဏ္ဌာန်ကို အဘယ်ကြောင့် ခြယ်မှုန်းခွင့် မပေးခဲ့သနည်း။ သူ၏ ပုံသဏ္ဌာန်က ဘုရားသခင်၏ ပုံသဏ္ဌာန်ဖြစ်သည်ကို လူတို့ အသိအမှတ်ပြုရန် အဘယ်ကြောင့် သူ ခွင့်မပြုခဲ့သနည်း။ လူသား၏ ပုံသဏ္ဌာန်ကို ဘုရားသခင်၏ ပုံသဏ္ဌာန်နှင့်အညီ ဖန်ဆင်းခဲ့သော်လည်း၊ လူသား၏ သွင်ပြင်သည် မြင့်မြတ်သည့် ဘုရားသခင်၏ ပုံသဏ္ဌာန်ကို ကိုယ်စားပြုရန် ဖြစ်နိုင်ပါမည်လော။ ဘုရားသခင် လူ့ဇာတိခံလာချိန်တွင်၊ သူသည် ကောင်းကင်ဘုံမှနေ၍ သီးသန့် လူ့ဇာတိတစ်ခုထဲသို့ ကြွဆင်းရုံ မျှသာဖြစ်သည်။ လူ့ဇာတိထဲသို့ ကြွဆင်းသည်မှာ သူ၏ဝိညာဉ်တော် ဖြစ်ပြီး ယင်းမှတစ်ဆင့် သူသည် ဝိညာဉ်တော်၏ အလုပ်ကို လုပ်ဆောင် သည်။ လူ့ဇာတိတွင် ဖော်ပြသည်မှာ ဝိညာဉ်တော်ဖြစ်ပြီး လူ့ဇာတိဖြင့် သူ၏အမှုကို လုပ်ဆောင်သည်မှာ ဝိညာဉ်တော်ဖြစ်သည်။ လူ့ဇာတိ၌ လုပ်ဆောင်သည့် အမှုသည် ဝိညာဉ်တော်ကို အပြည့်အဝ ကိုယ်စားပြုပြီး၊ လူ့ဇာတိသည် အမှုအတွက်ဖြစ်သော်လည်း၊ လူ့ဇာတိ၏ ပုံသဏ္ဌာန်သည် ဘုရားသခင် ကိုယ်တိုင်၏ စစ်မှန်သည့် ပုံသဏ္ဌာန်အတွက် အစားထိုးတစ်ခု ဖြစ်သည်ဟု မဆိုလိုပေ။ ဤသည်မှာ ဘုရားသခင် လူ့ဇာတိခံလာသည့် ရည်ရွယ်ချက် သို့မဟုတ် အရေးပါမှု မဟုတ်ပေ။ လူတို့အနေဖြင့် သူ၏ လုပ်ဆောင်ချက်များကို မြင်နိုင်ဖို့၊ သူ၏ စိတ်သဘောထားကို နားလည်နိုင်ဖို့၊ သူ၏ နှုတ်ကပတ်တော်များကို ကြားရဖို့နှင့် သူ့အမှု၏ အံ့ဖွယ်ဖြစ်ခြင်းကို သိရှိနိုင်ဖို့အလို့ငှာ၊ လူ့ဇာတိ၌ သူ၏ အမှုကို သာ၍ ကောင်းစွာ စွမ်းဆောင်ရရှိဖို့၊ ဝိညာဉ်တော်က သူ၏ အမှုပြုခြင်းနှင့် သင့်တော်သည့် တည်မှီဖို့ နေရာတစ်ခုကို ရှာတွေ့နိုင်ဖို့အလို့ငှာ သူသည် လူ့ဇာတိခံလာခြင်း ဖြစ်ပေသည်။ သူ၏ နာမသည် သူ၏စိတ်သဘောထားကို ကိုယ်စားပြု၏၊ သူ့အမှုသည် သူ၏ ပင်ကိုလက္ခဏာကို ကိုယ်စားပြုသည်၊ သို့ရာတွင် သူ၏ လူ့ဇာတိ၌ ပေါ်ထွန်းခြင်းက သူ၏ပုံသဏ္ဌာန်ကို ကိုယ်စားပြုသည်ဟု သူ တစ်ခါမျှ မပြောခဲ့ပေ။ ယင်းသည် လူသား၏ အယူအဆတစ်ခုမျှသာဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်၏ လူ့ဇာတိခံယူခြင်း၏ အရေးပါလှသည့် ကဏ္ဍများမှာ သူ၏နာမ၊ သူ၏အမှု၊ သူ၏စိတ်သဘောထားနှင့် သူ၏လိင်ဖြစ်မှုတို့ ဖြစ်သည်။ ဤအရာများကို ဤခေတ် သူ၏စီမံခန့်ခွဲမှုအား ကိုယ်စားပြုရန် အသုံးပြုလေသည်။ လူ့ဇာတိ၌ သူ၏ ပေါ်ထွန်းခြင်းသည် ထိုအချိန်က သူ၏ အမှုအတွက်မျှသာ ဖြစ်လျက်၊ သူ၏စီမံခန့်ခွဲမှုနှင့် ဆက်နွှယ်မှုမရှိပေ။ သို့သော် လူ့ဇာတိခံယူသည့် ဘုရားသခင်အတွက် သီးခြား သွင်ပြင်မရှိရန်မှာ မဖြစ်နိုင်ပေ၊ ထို့ကြောင့် သူ၏သွင်ပြင်ကို သတ်မှတ်ရန် သင့်တော်သည့် မိသားစုကို သူရွေးချယ်သည်။ ဘုရားသခင်၏ သွင်ပြင်သည် အရေးပါမှုကို ကိုယ်စားပြုမှုများ ရှိခဲ့မည်ဆိုပါက၊ သူနှင့် မျက်နှာ အသွင်အပြင်များ တူသည့် လူများသည်လည်း ဘုရားသခင်ကို ကိုယ်စားပြုကြပေမည်။ ယင်းသည် ကမ်းကုန်သည့် အမှားကြီးတစ်ခု ဖြစ်မည်မဟုတ်လော။ ယေရှု၏ ပုံတူပန်းချီသည် လူက သူ့ကို ကိုးကွယ်ရန်အလို့ငှာ ရေးဆွဲခဲ့ခြင်း ဖြစ်သည်။ ထိုအချိန်က၊ သန့်ရှင်းသော ဝိညာဉ်တော်သည် အထူး လမ်းညွှန်မှုများ မပေးခဲ့ပေ၊ ထို့ကြောင့် လူသည် ထိုပုံတူပန်းချီကို ယနေ့တိုင် လက်ဆင့်ကမ်းခဲ့သည်။ အမှန်တွင်၊ ဘုရားသခင်၏ မူလ ရည်ရွယ်ချက်အရ၊ လူသားသည် ဤအရာကို မပြုလုပ်ခဲ့သင့်ပေ။ ယေရှု၏ ပုံတူပန်းချီကို ယနေ့တိုင် ကျန်ရှိနေစေခဲ့သည်မှာ လူသား၏ စိတ်အားထက်သန်မှုသာ ဖြစ်သည်။ ဘုရားသခင်သည် ဝိညာဉ်တော် ဖြစ်ပြီး၊ သူ၏ ပုံသဏ္ဌာန်က နောက်ဆုံးစိစစ်ချက်တွင် မည်သည့်အရာ ဖြစ်သည်ကို လူသားသည် ဘယ်သောအခါမျှ ခြုံငုံမိနိုင်စွမ်းရှိမည် မဟုတ်ပေ။ သူ၏ပုံသဏ္ဌာန်ကို သူ၏စိတ်သဘောထားကသာ ကိုယ်စားပြုနိုင်သည်။ သူ၏နှာခေါင်း၊ သူ၏ပါးစပ်၊ သူ၏မျက်လုံးများ နှင့် သူ၏ဆံပင်တို့နှင့်သက်ဆိုင်သည့် သွင်ပြင်အတွက်မူ၊ ဤအရာများသည် သင်၏ ခြုံငုံမိနိုင်စွမ်းကို ကျော်လွန်ပေသည်။ ယောဟန်ထံသို့ ဗျာဒိတ် ရောက်ရှိလာချိန်တွင်၊ လူသား၏ ပုံသဏ္ဌာန်ကို သူရှုမြင်ခဲ့ရသည်— ခံတွင်းတော်ထဲမှ ထက်သော သန်လျက်ထွက်၏၊ မျက်စိတော်သည်လည်း မီးလျှံကဲ့သို့ဖြစ်၏၊ ခေါင်းတော်နှင့် ဆံပင်တော်သည် သိုးမွေးကဲ့သို့ ဖြူ၏၊ ခြေတော်သည်လည်း မီး၌ချွတ်ပြီးသော ကြေးဝါစစ်နှင့်တူပြီး၊ ရင်ဘတ်၌ ရွှေခါးပန်းကို စည်းလျက်ဖြစ်၏။ ယောဟန်၏ စကားများသည် အလွန့်အလွန် ထင်ရှားသော်လည်း၊ သူဖော်ပြခဲ့သည့် ဘုရားသခင်၏ ပုံသဏ္ဌာန်မှာ ဖန်ဆင်းခံတစ်ဦး၏ ပုံသဏ္ဌာန် မဟုတ်ပေ။ သူမြင်ခဲ့သည်မှာ ရူပါရုံတစ်ခုသာ ဖြစ်ပြီး၊ ရုပ်ဝတ္ထု လောကမှ လူတစ်ဦး၏ ပုံသဏ္ဌာန်မဟုတ်ပေ။ ယောဟန်က ရူပါရုံတစ်ခု မြင်တွေ့ခဲ့ပြီးဖြစ်သော်လည်း၊ ဘုရားသခင်၏ စစ်မှန်သော သွင်ပြင်ကို မျက်မြင်မတွေ့ခဲ့ရသေးပေ။ အဖန်ဆင်းခံတစ်ဦး ပုံသဏ္ဌာန်တစ်ခုဖြစ်လျက်၊ လူ့ဇာတိခံ ဘုရားသခင်၏ ပုံသဏ္ဌာန်မှာ ဘုရားသခင် စိတ်သဘောထားကို အလုံးစုံဖြင့် ကိုယ်စားမပြုနိုင်စွမ်း မရှိပေ။ ယေဟောဝါသည် လူသားမျိုးနွယ်ကို ဖန်ဆင်းခဲ့ချိန်တွင်၊ သူ၏ပုံသဏ္ဌာန်နှင့်အညီ လုပ်ဆောင်ခဲ့ပြီး၊ လူယောက်ျားနှင့် လူမိန်းမကို ဖန်ဆင်းခဲ့သည်ဟု သူပြောခဲ့သည်။ ထိုအချိန်က၊ သူသည် လူယောက်ျားနှင့် လူမိန်းမကို ဘုရားသခင်၏ ပုံသဏ္ဌာန်နှင့်အညီ ဖန်ဆင်းခဲ့သည်ဟု ပြောခဲ့သည်။ လူယောက်ျား၏ ပုံသဏ္ဌာန်သည် ဘုရားသခင်၏ ပုံသဏ္ဌာန်နှင့် ဆင်တူသော်လည်း၊ ဤသည်ကို လူယောက်ျား၏သွင်ပြင်သည် ဘုရားသခင်၏ ပုံသဏ္ဌာန် ဖြစ်သည်ဟု ဆိုသည့်အဓိပ္ပာယ်အဖြစ် ဖန်တီး၍မရပေ။ ဘုရားသခင်သည် မြင့်မြတ်လွန်း၊ ကြီးမြတ်လွန်း၊ အံ့ဖွယ်ကောင်း လွန်းပြီး နားလည်၍မရနိုင်သည့်အတွက် ဘုရားသခင်၏ ပုံသဏ္ဌာန်ကို အပြည့်အဝ စံနမူနာပြုဖို့ လူသားမျိုးနွယ်၏ ဘာသာစကားကို သင် အသုံးမပြုနိုင်ပေ။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင့်အမှုတော်၏ ရူပါရုံ (၃)

ဘုရားသခင်သည် သူ လုပ်ဆောင်ရမည့် အမှုကို လုပ်ဆောင်ရန်သာ ကြွလာပြီး လူတို့ထံ မိမိ၏ပုံသဏ္ဌာန်ကိုပြရန် မဟုတ်သည့်အတွက်၊ ဘုရားသခင်၏ လူ့ဇာတိခံယူသော ခန္ဓာသည် သူလုပ်ဆောင်ဖို့ လိုအပ်သည့်အမှုကို ပြီးဆုံးသည်နှင့် ကမ္ဘာပေါ်မှ ထွက်ခွာသင့်သည်မှာ အလွန် အရေးကြီးပေသည်။ လူ့ဇာတိခံယူခြင်း၏ အရေးပါမှုကို ဘုရားသခင်က လူ့ဇာတိကိုနှစ်ကြိမ်ခံယူခြင်းဖြင့် ပြည့်စုံစေနှင့်ပြီး ဖြစ်သော်လည်း၊ ယခင်က သူ့ကို လုံးဝ မမြင်ဖူးသော မည်သည့် တိုင်းနိုင်ငံထံသို့မဆို မိမိကိုယ်မိမိ ပွင့်လင်းစွာ ပြဦးမည် မဟုတ်ပေ။ ယေရှုသည် ဖြောင့်မတ်ခြင်းနေမင်းအဖြစ် မိမိကိုယ်မိမိ ဂျူးလူမျိုးများထံသို့ မည်သည့်အခါမျှ တစ်ဖန် ဖော်ပြလိမ့်မည် မဟုတ်သကဲ့သို့၊ သံလွင်တောင်ထိပ်တွင် မတ်တပ်ရပြီး လူအားလုံးထံ ပေါ်လာလိမ့်မည်လည်း မဟုတ်ပေ။ ဂျူးလူမျိုးများက မြင်ရပြီးသမျှ အားလုံးမှာ ယုဒပြည်တွင် သူ၏ အချိန်ကာလအတောအတွင်း ယေရှု၏ပုံတူ ဖြစ်ပေသည်။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် သူ၏ လူ့ဇာတိခံယူခြင်းတွင် ယေရှု၏အမှုသည် လွန်ခဲ့သည့် နှစ်ပေါင်းနှစ်ထောင်က အဆုံးသတ်ခဲ့သောကြောင့် ဖြစ်သည်။ လူ့ဇာတိခံလာသည့် ယေရှု၏ ပုံသဏ္ဌာန်သည် ဂျူးလူမျိုးတစ်ဦး၏ ပုံသဏ္ဌာန်မျှဖြစ်ပြီး ယောဟန်မြင်ခဲ့သည့် လူသား၏ ပုံသဏ္ဌာန် မဟုတ်သည့်အတွက်၊ သူသည် ဂျူးလူမျိုးတစ်ဦး၏ ပုံသဏ္ဌာန်၌ မိမိကိုယ်ကိုယ် တစ်ပါးအမျိုးသား တိုင်းနိုင်ငံများထံသို့ ပြဖို့မဆိုလေနှင့်၊ ဂျူးလူမျိုးတစ်ဦး၏ ပုံသဏ္ဌာန်ဖြင့် ယုဒပြည်သို့ပင် ပြန်လာလိမ့်မည် မဟုတ်ပေ။ သူ တစ်ဖန် ပြန်ကြွလာမည်ဟု သူ၏နောက်လိုက်များထံ ယေရှုကတိပေးခဲ့သော်လည်း၊ ဂျူးလူမျိုး တစ်ဦး၏ ပုံသဏ္ဌာန်ဖြင့် တစ်ပါးအမျိုးသား တိုင်းနိုင်ငံများတွင် ရှိကြသူများထံ မိမိကိုယ်မိမိ သက်သက်ပြလိမ့်မည် မဟုတ်ပေ။ လူ့ဇာတိခံယူသော ဘုရားသခင်၏အမှုသည် ခေတ်တစ်ခုကို ဖွင့်ဖို့ဖြစ်သည်ကို သင်တို့သိသင့်သည်။ ဤအမှုသည် နှစ်အနည်းငယ်အထိ ကန့်သတ်ထားပြီး၊ ဘုရားသခင်၏ ဝိညာဉ်တော်၏ အမှုအားလုံးကို သူ မပြည့်စုံစေနိုင်ပေ။ ထိုနည်းတူစွာ၊ ဂျူးလူမျိုးတစ်ဦးအဖြစ် ယေရှု၏ပုံသဏ္ဌာန်သည် ယုဒပြည်တွင် သူ အမှုပြုခဲ့သည်နှင့်အမျှ ဘုရားသခင်၏ ပုံသဏ္ဌာန်ကိုသာ ကိုယ်စားပြုနိုင်ခဲ့သကဲ့သို့၊ ကားစင်တင်ခံရခြင်း အမှုကိုသာ သူ လုပ်ဆောင်နိုင်လေသည်။ ယေရှုသည် လူ့ဇာတိ၌ ရှိခဲ့သည့် အချိန်ကာလအတောအတွင်းတွင်၊ ခေတ်ကို အဆုံးသတ်သို့ ဆောင်ကြဉ်းခြင်း သို့မဟုတ် လူသားမျိုးနွယ်ကို ဖျက်ဆီးခြင်းအမှုအား သူ မလုပ်ဆောင်နိုင်ခဲ့ပေ။ ထို့ကြောင့် သူသည် ကားစင်တင်ခံရပြီး၊ သူ၏အမှုကို အဆုံးသတ်ပြီးသည့်နောက်တွင် အထက်အရပ်သို့ တက်ကြွခဲ့ကာ လူသားထံမှ မိမိကိုယ်မိမိ ထာဝရ ဖုံးကွယ်ထားခဲ့သည်။ ထိုအချိန်မှစ၍ တစ်ပါးအမျိုးသား တိုင်းနိုင်ငံများမှ သစ္စာရှိသော ယုံကြည်သူများသည် သခင်ယေရှု၏ သရုပ်သကန်ကို မတွေ့မြင်နိုင်ခဲ့ကြဘဲ၊ နံရံပေါ်တွင် ကပ်ထားသော သူ၏ပုံတူကိုသာ တွေ့မြင်နိုင်ခဲ့ကြသည်။ ဤပုံတူသည် လူသားက ရေးဆွဲခဲ့သည့် ပုံတူတစ်ခုသာဖြစ်ပြီး၊ ဘုရားသခင်ကိုယ်တော်တိုင်က လူသားထံ ပြသည့် ဘုရားသခင်၏ပုံသဏ္ဌာန်မဟုတ်ပေ။ ဘုရားသခင်သည် သူ လူ့ဇာတိနှစ်ကြိမ် ခံယူခဲ့ချိန်တုန်းက သူ၏ပုံသဏ္ဌာန်ဖြင့် လူအမြောက်အမြားထံသို့ မိမိကိုယ်မိမိ ပွင့်လင်းစွာ ပြသလိမ့်မည်မဟုတ်ပေ။ လူသားမျိုးနွယ် အလယ်တွင် သူလုပ်ဆောင်သော အမှုသည် သူ၏စိတ်သဘောထားကို ၎င်းတို့အား နားလည်ခွင့်ပေးရန် ဖြစ်သည်။ ဤအရာအားလုံးကို မတူညီသောခေတ်များ၏ အမှုအားဖြင့် လူသားထံသို့ ပြသလေသည်။ ယင်းကို ယေရှု၏ သရုပ်သကန်မှတစ်ဆင့် ဆိုသည်ထက်၊ သူ သိရှိစေပြီးဖြစ်သည့် သူ၏ စိတ်သဘောထားနှင့် သူ လုပ်ဆောင်ပြီးဖြစ်သည့် အမှုတို့မှတစ်ဆင့် ပြီးမြောက်စေခြင်း ဖြစ်သည်။ ဆိုလိုသည်မှာ ဘုရားသခင်၏ ပုံသဏ္ဌာန်ကို လူ့ဇာတိခံယူသော ပုံသဏ္ဌာန်မှတစ်ဆင့် မဟုတ်ဘဲ၊ ယင်းထက် ပုံသဏ္ဌာန်နှင့် သွင်ပြင်နှစ်ခုလုံးရှိသည့် လူ့ဇာတိခံယူသော ဘုရားသခင် လုပ်ဆောင်သည့် အမှုမှတစ်ဆင့် သိရှိစေခြင်း ဖြစ်ပေသည်။ ပြီးလျှင် သူ၏အမှုမှတစ်ဆင့် သူ၏ပုံသဏ္ဌာန်ကို ပြသခြင်းဖြစ်ပြီး၊ သူ၏စိတ်သဘောထားကို သိရှိစေခြင်း ဖြစ်ပေသည်။ ဤသည်မှာ လူ့ဇာတိ၌ သူလုပ်ဆောင်လိုသည့် အမှု၏ အရေးပါမှု ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူ့ဇာတိခံယူခြင်း၏ နက်နဲရာအချက် (၂)

ယေရှုနှင့် ငါသည် ဝိညာဉ်တော် တစ်ပါးတည်းမှလာသည်။ ငါတို့နှစ်ဦးသည် ဇာတိခန္ဓာအားဖြင့် ဆက်စပ်မှုမရှိသော်လည်း ငါတို့၏ဝိညာဉ်များမှာမူ တစ်လုံးတစ်ဝတည်းပင်ဖြစ်သည်။ ငါတို့လုပ်ဆောင်သည့် အကြောင်းအရာနှင့် ငါတို့လုပ်ဆောင်သော အမှုသည် တူညီမှုမရှိသော်လည်း ငါတို့၏ အနှစ်သာရသည် အတူတူပင်ဖြစ်သည်။ ငါတို့၏ ဇာတိခန္ဓာတို့သည် ခြားနားသော ပုံသဏ္ဌာန်များကို ဆောင်သော်လည်း ထိုအရာသည် ခေတ်ကာလ၏ အပြောင်းအလဲနှင့် ငါတို့အမှု၏ တောင်းဆိုမှုတို့ မတူညီခြင်းကြောင့်ဖြစ်သည်။ ငါတို့၏ အမှုတော်များသည် တူညီမှုမရှိပေ၊ ထို့ကြောင့် ငါတို့ဖော်ဆောင်လာသော အမှုနှင့် လူသားကို ငါတို့ထုတ်ဖော်ပြသသော စိတ်သဘောထားသည်လည်း ခြားနားလေသည်။ ထိုအကြောင်းကြောင့် ယနေ့ လူသားများမြင်သောအရာနှင့် နားလည်သောအရာသည် အတိတ်ကကဲ့သို့ မဟုတ်တော့ချေ၊ ယင်းသို့ဖြစ်ရခြင်းမှာ ခေတ်ကာလ အပြောင်းအလဲကြောင့်ဖြစ်သည်။ သူတို့၏ လိင်အမျိုးအစားနှင့် သူတို့ဇာတိခန္ဓာများ၏ ပုံသဏ္ဌာန်သည် ကွဲပြားလျက်ရှိကာ သူတို့သည် မိသားစုတစ်ခုတည်းတွင် သာမက၊ အချိန်ကာလတစ်ခုတည်းတွင် မွေးဖွားလာခြင်း မဟုတ်လင့်ကစား သူတို့၏ဝိညာဉ်များသည် တစ်ပါးတည်းပင်ဖြစ်သည်။ သူတို့၏ဇာတိခန္ဓာများသည် မျိုးရိုး၊ သို့မဟုတ် ရုပ်ပိုင်းဆိုင်ရာအရ မည်သည့်သွေးသားတော်စပ်မှုမျိုးမျှ မရှိလင့်ကစား သူတို့သည် မတူညီသော အချိန်ကာလနှစ်ခုအတွင်း ဘုရားသခင်ခံယူထားသော ဇာတိခန္ဓာများ ဖြစ်သည်ဆိုသည့် အချက်ကိုမူ ငြင်းပယ်၍မရပေ။ သူတို့သည် တူညီသောသွေးသားမျိုးရိုးမှ မဟုတ်သည့်အပြင် လူတို့၏ဘုံဘာသာစကား တစ်ခုတည်းကို အတူမပြောသော်လည်း (တစ်ဦးသည် ယုဒလူမျိုးတို့၏ ဘာသာစကားကိုပြောသည့် အမျိုးသားဖြစ်ပြီး၊ နောက်တစ်ဦးသည် တရုတ်ဘာသာစကားကိုသာ ပြောသည့် အမျိုးသမီးဖြစ်သည်) သူတို့သည် ဘုရားသခင် ခံယူထားသည့် ဇာတိခန္ဓာများဖြစ်သည် ဆိုသည့်အချက်မှာ ငြင်းမရနိုင်သည့် အမှန်တရားပင်ဖြစ်သည်။ ဤအကြောင်းရင်းများကြောင့် သူတို့သည် မတူညီသည့် နိုင်ငံများတွင်နေထိုင်ပြီး သူတို့တစ်ဦးစီ လုပ်သင့်လုပ်ထိုက်သည့် အမှုကို မတူကွဲပြားသည့် အချိန်အပိုင်းအခြားတို့တွင် လုပ်ဆောင်ခြင်းဖြစ်သည်။ သူတို့၏ဝိညာဉ်သည် အတူတူပင်ဖြစ်ပြီး၊ သူတို့သည် တူညီသော အနှစ်သာရတို့ကို ပိုင်ဆိုင်ကြသော်ငြားလည်း သူတို့ဇာတိခန္ဓာများ၏ အပြင်ပန်းသဏ္ဌာန်တို့အကြားတွင် တူညီမှုများဟူ၍ ဘာဆိုဘာမျှ မရှိပေ။ သူတို့၌ တူညီသော လူ့သဘာဝသာ ရှိကြသည်၊ သို့သော်လည်း သူတို့ဇာတိခန္ဓာများ၏ အပြင်ရုပ်သဏ္ဌာန်ပိုင်းဆိုင်ရာနှင့် သူတို့မွေးဖွားလာသည့် အခြေအနေများအရဆိုပါက သူတို့သည် တစ်ဦးနှင့်တစ်ဦး မတူညီကြပေ။ ထိုအရာများသည် သူတို့၏ သက်ဆိုင်ရာအမှု၊ သို့မဟုတ် သူတို့အပေါ်ထားရှိသော လူသား၏သိခြင်းအပေါ် အကျိုးသက်ရောက်မှုမရှိပေ၊ အကြောင်းမှာ နောက်ဆုံးပိတ်ခြုံငုံဆန်းစစ်သော် သူတို့သည် တူညီသော ဝိညာဉ်တော်ပင်ဖြစ်ပြီး မည်သည့်အရာကမျှ သူတို့ကို ခွဲခြား၍မရနိုင်သောကြောင့် ဖြစ်သည်။ သူတို့သည် သွေးသားအရ ဆက်စပ်မှုမရှိသော်လည်း သူတို့၏ဖြစ်တည်မှု တစ်ခုလုံးသည် သူတို့၏ဝိညာဉ်တော်များ၏ စောင့်ရှောက်မှုအောက်တွင် ရှိနေပြီး၊ ထိုအရာသည် သူတို့ကို မတူညီသောအချိန်ကာလများတွင် မတူညီသောအမှုကို ခွဲခန့်ပေးပြီး၊ သူတို့၏ ဇာတိခန္ဓာများသည် မတူညီသော မျိုးရိုးများမှ ဖြစ်သည်။ ယေဟောဝါ၏ ဝိညာဉ်တော်သည် ယေရှုဝိညာဉ်တော်၏ ဖခင်မဟုတ်သကဲ့သို့၊ ယေရှု၏ ဝိညာဉ်တော်သည်လည်း ယေဟောဝါဝိညာဉ်တော်၏ သားမဟုတ်ပေ၊ သူတို့သည် တစ်လုံးတစ်ဝတည်းပင် ဖြစ်ကြပြီး တူညီသောဝိညာဉ်တော်ပင် ဖြစ်သည်။ ထိုနည်းတူစွာပင် ယနေ့ကာလ၏ လူ့ဇာတိခံယူသော ဘုရားသခင်နှင့် ယေရှုသည် သွေးသားအားဖြင့် ဆက်စပ်မှုမရှိသော်လည်း၊ သူတို့သည် တစ်လုံးတစ်ဝတည်း ဖြစ်ကြသည်။ အကြောင်းမှာ သူတို့၏ ဝိညာဉ်များသည်လည်း တစ်ပါးတည်း ဖြစ်သောကြောင့်ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူ့ဇာတိခံယူခြင်းနှစ်ကြိမ်သည် လူ့ဇာတိခံယူခြင်း၏ ရည်ရွယ်ချက်ကို ပြည့်စုံစေသည်

ထိုသို့သောအရာကို စုံစမ်းရန် မခက်ခဲသော်လည်း၊ ငါတို့ တစ်ဦးချင်းစီအနေဖြင့် ဤသမ္မာတရားတစ်ရပ်ကိုသိရန် လိုအပ်ပေသည်- လူ့ဇာတိခံ ဘုရားသခင်ဖြစ်သော သူသည် ဘုရားသခင်၏ အနှစ်သာရကို ပိုင်ဆိုင်ရမည်ဖြစ်ပြီး၊ လူ့ဇာတိခံ ဘုရားသခင်ဖြစ်သော သူသည် ဘုရားသခင်၏ ဖော်ပြခြင်းကို ပိုင်ဆိုင်လိမ့်မည် ဖြစ်သည်။ ဘုရားသခင်သည် ဇာတိပကတိ ဖြစ်သွားသည့်အတွက် သူလုပ်ဆောင်ရန် ရည်ရွယ်သည့်အမှုကို သူ လုပ်ဆောင်မည်ဖြစ်ပြီး၊ ဘုရားသခင်သည် ဇာတိပကတိ ဖြစ်သွားသည့် အတွက်၊ သူ၏ဖြစ်ခြင်းကို ဖော်ပြမည်ဖြစ်ကာ လူသားထံ သမ္မာတရားကို ယူဆောင်လာနိုင်မည်၊ သူ့အပေါ် အသက်ကို အပ်နှင်းနိုင်မည်ဖြစ်ပြီး၊ သူ့အတွက် လမ်းခရီးကို ညွှန်ပြနိုင်မည်ဖြစ်သည်။ ဘုရားသခင်၏ အနှစ်သာရ မရှိသည့် ဇာတိပကတိသည် လူ့ဇာတိခံ ဘုရားသခင် တကယ် မဟုတ်ပေ။ ဤအရာနှင့် သက်ဆိုင်၍ သံသယဖြစ်ဖွယ် မရှိချေ။ ယင်းသည် လူ့ဇာတိခံ ဘုရားသခင်၏ ဇာတိပကတိ ဟုတ်မဟုတ် ဆိုသည်ကို လူသားက စုံစမ်းရန် ရည်ရွယ်ပါက၊ သူဖော်ပြသော စိတ်နေသဘောထားနှင့် သူပြောဆိုသော နှုတ်ကပတ်တော်များမှ ဤအရာကို အတည်ပြုရမည်ဖြစ်သည်။ ဆိုလိုသည်မှာ၊ ယင်းသည် လူ့ဇာတိခံ ဘုရားသခင်၏ ဇာတိပကတိ ဟုတ် မဟုတ် ဆိုသည်နှင့် မှန်ကန်သော လမ်းခရီး ဟုတ် မဟုတ် ဆိုသည်ကို အတည်ပြုရန်၊ သူ၏ အနှစ်သာရအရ ခွဲခြားရမည်ဖြစ်သည်။ ထို့ကြောင့် ယင်းသည် လူ့ဇာတိခံ ဘုရားသခင်၏ ဇာတိပကတိ ဟုတ် မဟုတ် ဆိုသည်ကို ဆုံးဖြတ်ရာတွင် သူ၏ အပြင်ပန်းသွင်ပြင်ထက် သူ၏အနှစ်သာရတွင် (သူ၏အမှု၊ သူ၏ မိန့်မြွက်ချက်များ၊ သူ၏စိတ်သဘောထားနှင့် အခြား ရှုထောင့်များစွာ) အဓိကအချက် တည်ရှိပေသည်။ အကယ်၍ လူတို့သည် သူ၏ အပြင်ပန်း သွင်ပြင်ကိုသာ စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးကာ အကျိုးဆက်အနေဖြင့် သူ၏ အနှစ်သာရကို သတိမမူမိပါက၊ ဤအရာက လူသည် မသိနားမလည်သကဲ့သို့ ပညာမဲ့ဖြစ်သည်ကို ပြပေသည်။ အပြင်ပန်း သွင်ပြင်သည် အနှစ်သာရကို အဆုံးအဖြတ်မပေးနိုင်ပေ။ ထို့ပြင်၊ ဘုရားသခင်၏အမှုသည် လူသား၏ အယူအဆများနှင့် မည်သည့်အခါတွင်မျှ ကိုက်ညီနိုင်မည် မဟုတ်ပေ။ ယေရှု၏ အပြင်ပန်းပုံသဏ္ဌာန်သည် လူ၏ အယူအဆများနှင့် ဆန့်ကျင်ခဲ့သည် မဟုတ်ပါလား။ ယေရှု၏ မျက်နှာနှင့် အဝတ်အစားက သူ၏ စစ်မှန်သော ပင်ကိုလက္ခဏာနှင့် ပတ်သက်သည့် မည်သည့် သဲလွန်စမျှ မပေးနိုင်သည် မဟုတ်လော။ အစောပိုင်း ဖာရိရှဲများသည် အတိအကျအားဖြင့် သူ၏ အပြင်ပန်းသွင်ပြင်ကိုသာ ကြည့်ရုံမျှခဲ့ကြပြီး သူ၏ နှုတ်မှ နှုတ်ကပတ်တော်များကို နှလုံးမသွင်းခဲ့ကြသောအချက် အတိအကျကြောင့် ယေရှုကို ဆန့်ကျင်ခဲ့ကြသည် မဟုတ်လော။ ဘုရားသခင်၏ ပေါ်ထွန်းခြင်းကို ရှာဖွေကြသော ညီအစ်ကို မောင်နှမ အယောက်စီတိုင်းသည် သမိုင်း၏ အဖြစ်ဆိုးကို ထပ်ခါထပ်ခါ ဖြစ်စေမည်မဟုတ်သည်မှာ ငါ၏ မျှော်လင့်ချက် ဖြစ်သည်။ သင်တို့သည် ခေတ်သစ် ဖာရိရှဲများ ဖြစ်လာ၍ မဖြစ်သကဲ့သို့၊ ဘုရားသခင်ကို ကားတိုင်တွင် တစ်ဖန် သံမှိုရိုက်၍လည်း မဖြစ်ပေ။ သင်တို့သည် ဘုရားသခင်၏ ပြန်ကြွလာခြင်းကို မည်သို့ကြိုဆိုရမည်ကို သေသေချာချာ စဉ်းစားထားသင့်ပြီး သမ္မာတရားကို ကျိုးနွံနာခံသူတစ်ဦး မည်သို့ဖြစ်ရမည် ဆိုသည်နှင့် စပ်လျဉ်း၍ ရှင်းလင်းသော စိတ်ရှိရမည်။ ဤသည်မှာ ယေရှုက မိုးတိမ်စီးရင်း ပြန်ကြွလာသည်ကို စောင့်ဆိုင်းသူတိုင်း၏ တာဝန် ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ကျမ်းဦးစကား

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

“ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံယူသည့် ဘုရားသခင်၏ကယ်တင်မှုကို ပို၍လိုအပ်သည်” ဟူသော အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကျွန်ုပ် ဖတ်ရပါသည်။ ဤသည်မှာ အလွန်ကောင်းပြီး၊ အလွန်လက်တွေ့ကျကာ အလွန်အရေးကြီးသော ဘုရားသခင်၏ နှုတ်ကပတ်တော် ကျမ်းတစ်ပိုဒ်ဖြစ်သည်ဟု ကျွန်ုပ် ထင်သည်။ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်အနေဖြင့် ဘုရားသခင့် လူ့ဇာတိခံယူခြင်း၏ ကယ်တင်ခြင်းကို အဘယ်ကြောင့် လက်ခံရရှိရမည်နှင့် စပ်လျဉ်း၍၊ ဤသည်မှာ လူသားက အရေးတကြီး နားလည်ရမည် သမ္မာတရား ရှုထောင့်တစ်ခု ဖြစ်ပါသည်။ ကျေးဇူးပြုပြီး ဤအရာနှင့် ပတ်သက်၍ ကျွန်ုပ်တို့နှင့် အနည်းငယ်ပို၍ ဆွေးနွေးပေးပါ။

အဖြေ- “ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံ ဘုရားသခင်၏ ကယ်တင်ခြင်းကို သာ၍လိုအပ်သည်” ဤစာပိုဒ်က ဘုရားသခင်က လူ့ဇာတိခံပြီး...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။