ယေဟောဝါဘုရားသခင်၏ သတိပေးချက်များက နိနေဝေ မြို့သားများဆီသို့ ရောက်သည်

20.10.2019

ယောနဝတ္ထု ၁:၁-၂ ယခု ယေဟောဝါ၏ နှုတ်ကပတ်တော်သည် အမိတ္တဲ၏သား ယောနထံ ရောက်ရှိလာပြီး မိန့်ဆိုသည်မှာ၊ ထလော့၊ နိနေဝေမြို့ကြီးသို့ သွားလော့၊ ထိုမြို့၏ ဆိုးညစ်မှုသည် ငါ့ရှေ့သို့ တက်လာသည့်အတွက် ၎င်းကို ဆန့်ကျင်ဟစ်ကြော်လော့ဟု မိန့်တော်မူ၏။

ယောနဝတ္ထု ၃ ထို့နောက် ယေဟောဝါ၏ နှုတ်ကပတ်တော်သည် ယောနထံသို့ ဒုတိယအကြိမ် ရောက်လာသည်မှာ၊ ထလော့၊ ထိုနိနေဝေမြို့ကြီးသို့ သွားလော့။ သင့်ကို ငါပြောထားသည့် ဟောကြားချက်ကို ဟောကြားလော့ဟု မိန့်တော်မူ၏။ ထိုအခါ ယေဟောဝါ၏ နှုတ်ကပတ်တော်အတိုင်း ယောနသည် ထ၍ နိနေဝေမြို့သို့ သွား၏။ နိနေဝေမြို့သည် သုံးရက်တာခရီး ကျယ်ဝန်းကာ အတိုင်းထက်အလွန်ကြီးသောမြို့ ဖြစ်၏။ ယောနသည် မြို့ထဲသို့ တစ်နေ့ခရီး စတင်ဝင်ရောက်ပြီး၊ အရက်လေးဆယ်ကျော်ပြီးနောက် နိနေဝေမြို့သည် ဖျက်ဆီးခြင်း ခံရလိမ့်မည်ဟု ကြွေးကြော်လေ၏။ ထို့ကြောင့် နိနေဝေ မြို့သားတို့သည် ဘုရားသခင်ကို ယုံကြည်ပြီး ၎င်းတို့တွင် အကြီးဆုံးသောသူမှ အငယ်ဆုံးသောသူတိုင်အောင် အစာရှောင်ခြင်းကို ကြေညာပြီး လျှော်တေအဝတ်ကို ဝတ်ကြ၏။ နိနေဝေမင်းကြီးထံ သတင်းရောက်ရှိခဲ့သည့်အတွက် သူသည် ရာဇပလ္လင်မှဆင်းကာ သူ၏ ဝတ်လုံတော်ကို ချွတ်ပြီး လျှော်တေအဝတ်ကိုဝတ်ကာ ပြာထဲ၌ ထိုင်လေ၏။ လူဖြစ်စေ၊ သားရဲတိရစ္ဆာန်ဖြစ်စေ၊ တိရစ္ဆာန်အုပ် သို့မဟုတ် သိုးနွားအုပ်ဖြစ်စေ မည်သည့်အရာကိုမျှ မမြည်းစေနှင့်။ အစာကို မစား၊ ရေကို မသောက်စေနှင့်။ လူနှင့် သားရဲတိရစ္ဆာန်တို့သည် လျှော်တေအဝတ်ကို ခြုံကြစေ။ ပြင်းပြင်းထန်ထန် ဘုရားသခင်ကို ဟစ်အော်ကြစေ။ အယောက်တိုင်း မိမိတို့၏ ဆိုးယုတ်သောလမ်းမှလည်းကောင်း၊ မိမိတို့လက်များထဲက အဓမ္မအမှုများမှလည်းကောင်း လှည့်ပြန်ကြစေ။ ငါတို့သည် မပျက်စီးဘဲ၊ ဘုရားသခင်သည် ပြောင်းလဲ၍ နောင်တရကာ ပြင်းစွာသောအမျက်တော်မှ လွှဲတော်မူမည်ကို အဘယ်သူ ပြောနိုင်သနည်းဟု မင်းကြီးနှင့် မှူးမတ်အာဏာဖြင့် နိနေဝေမြို့လုံးတွင် ကြွေးကြော်ကာ ထုတ်ပြန်ကြေညာ စေတော်မူ၏။ သူတို့သည် မိမိတို့၏ ဆိုးညစ်သောလမ်းမှ လှည့်ပြန်ပြီး ကျင့်သောအကျင့်များကို ဘုရားသခင်သည် မြင်လျှင်၊ ယခင် ပြုမည်ဟု မိန့်ဆိုခဲ့သော မကောင်းသည့်အမှုကို နောင်တရတော်မူပြီး ထိုသို့ မပြုပဲ နေတော်မူ၏။

ယောနဝတ္ထု ၄ သို့သော် ယင်းက ယောနကို အလွန့်အလွန်ဒေါသထွက်စေပြီး သူသည် အလွန်စိတ်ဆိုး လေသည်။ ထို့နောက် အို ယေဟောဝါ၊ ကိုယ်တော့်ကို အကျွန်ုပ် ဆုတောင်းပါ၏။ ဤသည်မှာ အကျွန်ုပ် ကိုယ့်ပြည်၌ ရှိစဉ်အခါက ပြောခဲ့သော ကျွန်ုပ်၏စကားဖြစ်သည် မဟုတ်လော။ ထို့ကြောင့်၊ ရှေ့တော်မှောက်မှ တာရှုမြို့သို့ အကျွန်ုပ် ပြေးခဲ့ပါ၏။ ကိုယ်တော်သည် ကျေးဇူးပြုတတ်သော ဘုရားဖြစ်၍ သနားကရုဏာရှိပြီး စိတ်ရှည်သောသဘော၊ ကြင်နာစိတ် ကြီးမားပြီး အပြစ်ဒဏ်ပေးမည့်အမှုကို နောင်တရတတ်သော သဘော ရှိတော်မူကြောင်းကို အကျွန်ုပ်သိပါ၏။ ထို့ကြောင့်၊ အို ယေဟောဝါ၊ ယခု အကျွန်ုပ် အသက်ရှင်ခြင်းထက် သေခြင်းက သာ၍ကောင်းသည့်အတွက် အကျွန်ုပ်အသက်ကို နှုတ်ယူတော်မူပါဟု ယေဟောဝါထံ တောင်းလျှောက်လေ၏။ ယေဟောဝါကလည်း၊ သင်သည် စိတ်ဆိုး ကောင်းသလောဟု မေးတော်မူ၏။ ထို့ကြောင့် ယောနသည် မြို့ပြင်သို့ထွက်၍ မြို့အရှေ့မျက်နှာဘက်၌ ထိုင်နေ၏၊ ထို့နောက် တဲမိုးကို လုပ်ပြီးလျှင်၊ မြို့ထဲ၌ အဘယ်သို့ ဖြစ်လိမ့်မည်ကို တွေ့မြင်ရသည်အထိ အမိုးအရိပ်တွင် ထိုင်၍နေ၏။ ယေဟောဝါ ဘုရားသခင်သည်လည်း ကြက်ဆူပင်တစ်ပင်ကို ပြင်ဆင်ပြီးလျှင်၊ ယောန၏ သောကတို့ ပြေစေရန် သူ့ခေါင်းပေါ်မှာ လွှမ်း၍ အရိပ်ဖြစ်စေတော်မူ၏။ ထို့ကြောင့် ယောနသည် ကြက်ဆူပင်နှင့် ပတ်သက်၍ အလွန်အားရဝမ်းမြောက်၏။ နောက်တစ်နေ့ မနက်မိုးလင်းသောအခါ ဘုရားသခင်သည် ပိုးကောင်ကို ပြင်ဆင်ပြီး ကြက်ဆူပင်ကို ကိုက်၍ ညှိုးနွမ်းစေ၏။ နေထွက်သောအခါ ဘုရားသခင်သည် ပြင်းထန်သော အရှေ့လေကို ပြင်ဆင်တော်မူပြီး ယောန၏ခေါင်းကို နေထိခိုက်သဖြင့် သူသည် အားနည်းမောပန်းပြီး မိမိကိုယ်ကို သေစေလိုသောစိတ်ရှိပြီး၊ ငါ့အသက်သေသည်က ရှင်သည်ထက် သာ၍ ကောင်းသည်ဟု ဆိုလေ၏။ ဘုရားသခင်ကလည်း၊ သင်သည် ကြက်ဆူပင်အတွက် စိတ်ဆိုး ကောင်းသလောဟု မေးတော်မူလျှင်၊ ယောနက အကျွန်ုပ်သည် သေသည့်တိုင် စိတ်ဆိုးကောင်းပါသည်ဟု လျှောက်ဆို၏။ ယေဟောဝါကလည်း၊ သင်သည် အားထုတ်ကြိုးပမ်းခြင်းလည်းမပြု၊ ကြီးထွားစေ ရန်လည်း မလုပ်ခဲ့ဘဲ၊ တစ်ညချင်းတွင် ဖြစ်ပေါ်ပြီး တစ်ညချင်းတွင် သေသော ကြက်ဆူပင်ကို သနားခြင်း ရှိပေ၏။ ငါသည် များစွာသော တိရစ္ဆာန်တို့ကိုမဆိုထားနှင့်၊ မိမိလက်ျာလက်နှင့် လက်ဝဲလက်ကို မပိုင်းခြားနိုင်သောသူ တသိန်းနှစ်သောင်းထက်မက ရှိသည့် နိနေဝေမြို့ကြီးကို ငါချမ်းသာပေးသင့်သည် မဟုတ်လောဟု မိန့်တော်မူ၏။

နိနေဝေ၏ ဇာတ်လမ်း အနှစ်ချုပ်

“နိနေဝေကို ဘုရားသခင်၏ ကယ်တင်ခြင်း” ဇာတ်လမ်းသည် အတိုချုပ်ဖြစ်သော်လည်း ဘုရားသခင်၏ ဖြောင့်မတ်သည့်စိတ်သဘောထား၏ အခြားတစ်ဖက်ကို အနည်းအကျဉ်း မြင်စေပါသည်။ ထိုအခြားတစ်ဖက်မှာ ဘာပါဝင်သနည်းဆိုသည်ကို တိတိကျကျ နားလည်ဖို့ ကျမ်းစာကို ပြန်သွားပြီး ဘုရားသခင်၏ လုပ်ရပ်တစ်ခုကို ပြန်ကြည့်ရမည်။

ဤဇာတ်လမ်း၏ အစကို ကြည့်ကြရအောင်။ “ယခု ယေဟောဝါ၏ နှုတ်ကပတ်တော်သည် အမိတ္တဲ၏သား ယောနထံ ရောက်ရှိလာပြီး မိန့်ဆိုသည်မှာ၊ ထလော့၊ နိနေဝေမြို့ကြီးသို့ သွားလော့၊ ထိုမြို့၏ ဆိုးညစ်မှုသည် ငါ့ရှေ့သို့ တက်လာသည့်အတွက် ၎င်းကို ဆန့်ကျင်ဟစ်ကြော်လော့ဟု မိန့်တော်မူ၏။” (ယောနဝတ္ထု ၁:၁-၂) ကျမ်းစာက ဤအပိုဒ်မှာ ယေဟောဝါ ဘုရားသခင်က ယောနကို နိနေဝေမြို့ကို သွားဖို့ အမိန့်ပေးခဲ့ကြောင်းကို သိရသည်။ သူက ယောနကို ဤမြို့ကို သွားဖို့ ဘာကြောင့် အမိန့်ပေးခဲ့သနည်း။ သမ္မာကျမ်းစာမှာ ၎င်းနှင့်ပတ်သက်ပြီး သိပ်ရှင်းလင်းပါသည်။ ဤမြို့အတွင်းမှာ ရှိသည့် လူတို့၏ ဆိုးယုတ်မှုများသည် ယေဟောဝါဘုရားသခင်၏ ရှေ့ကို ရောက်လာခဲ့ပြီ။ ထို့ကြောင့် သူဘာလုပ်ဖို့ ရည်ရွယ် ထားသည်ဆိုကြောင်းကို သူတို့ကို ကြွေးကြော်ဖို့ ယောနကို လွှတ်ခဲ့သည်။ ယောနက မည်သူနည်းဆိုသည်ကို မှတ်တမ်းတင် ပြောပြထားခြင်း တစ်ခုမှမရှိသော်လည်း ၎င်းက ဘုရားသခင်ကို သိခြင်းနှင့် မသက်ဆိုင်ပေ။ ထို့ကြောင့် သင်တို့ ဤလူကို နားလည်ဖို့ မလိုအပ်ပေ။ ဘုရားသခင်က ယောနကို ဘာလုပ်ဖို့ အမိန့်ပေးခဲ့တယ်ဆိုသည်နှင့် ဘာကြောင့် ဤအရာမျိုးကို လုပ်သနည်းဆိုသည်ကိုသာ သိဖို့ လိုအပ်ပါသည်။

ယေဟောဝါဘုရားသခင်၏ သတိပေးချက်များက နိနေဝေ မြို့သားများဆီသို့ ရောက်သည်

ဒုတိယအပိုဒ်၊ ယောနဝတ္ထု၏ တတိယအခန်းကို ဆက်သွားကြရအောင်။ “ယောနသည် မြို့ထဲသို့ တစ်နေ့ခရီး စတင်ဝင်ရောက်ပြီး၊ အရက်လေးဆယ်ကျော်ပြီးနောက် နိနေဝေမြို့သည် ဖျက်ဆီးခြင်းခံရလိမ့်မည်ဟု ကြွေးကြော် လေ၏။” နိနေဝေမြို့သားများကိုပြောဖို့ ဘုရားသခင်က ယောနကို တိုက်ရိုက်ချပေးလိုက်သည့် စကားလုံးများ ဖြစ်ပါသည်။ ၎င်းတို့က ပင်ကိုအတိုင်းပဲ ယေဟောဝါက နိနေဝေမြို့သားများကို ပြောချင်သည့် စကားလုံးများလည်း ဖြစ်ပါသည်။ သူတို့၏ ဆိုးယုတ်မှုများသည် ဘုရားသခင်ရှေ့ကို ရောက်လာသည့်အတွက် ဘုရားသခင်သည် ဤမြို့မှာရှိသည့် လူတို့ကို စက်ဆုပ် မုန်းတီးပြီး ဤမြို့ကို သူဖျက်ဆီးချင်ကြောင်းကို ဤစကားလုံးများက လူတို့ကို ပြောပြပါသည်။ သို့သော်လည်း ဘုရားသခင်က ဤမြို့ကို မဖျက်ဆီးခင်မှာ သူသည် နိနေဝေမြို့သားများဆီကို ကြေညာချက်တစ်ခုလုပ်လိမ့်မည်။ သူတို့၏ ဆိုးယုတ်မှုများကို နောင်တရပြီး အသစ်စတင်ဖို့အတွက် အခွင့်အရေးတစ်ခုကို သူတို့ကို တစ်ပြိုင်နက် ပေးပါလိမ့်မည်။ ဤအခွင့်အရေးက ရက်လေးဆယ်ကြာမည်။ တစ်နည်းပြောရလျှင် ဤမြို့ထဲက လူတို့က ရက်လေးဆယ်အတွင်းမှာ နောင်တရခြင်း၊ သူတို့၏ အပြစ်များကို ဝန်ခံခြင်း သို့မဟုတ် ယေဟောဝါ ဘုရားသခင်ရှေ့မှာ သူတို့ကိုယ်သူတို့ ပျပ်ဝပ်ကိုးကွယ်ခြင်း မရှိလျှင် ဘုရားသခင်သည် သောဒုံမြို့ကို သူလုပ်ခဲ့သကဲ့သို့ ဤမြို့ကို ဖျက်ဆီးပစ်မှာဖြစ်ပါသည်။ ၎င်းက ယောဟောဝါ ဘုရားသခင်သည် နိနေဝေမြို့က လူတို့ကို ပြောချင်သည့်အရာများ ဖြစ်ပါသည်။ ၎င်းက ရိုးရှင်းသည့် ကြေညာချက်တစ်ခုမဟုတ်သည်မှာ ရှင်းပါသည်။ ၎င်းက ယေဟောဝါဘုရားသခင်၏ ဒေါသကို အသိပေးရုံတင် မဟုတ်ဘဲ နိနေဝေမြို့သားများအပေါ် သူ၏ သဘောထားကိုလည်း အသိပေးထားသည်။ တစ်ချိန်တည်းမှာပဲ ဤရိုးရှင်းသည့် ကြေညာချက်က မြို့ထဲမှာ အသက်ရှင်နေထိုင်နေသည့် လူတို့အပေါ် လေးနက်သည့် သတိပေးချက်အဖြစ်လည်း ရည်ညွှန်းပါသည်။ သူတို့၏ ဆိုးယုတ်သည့် လုပ်ရပ်များသည် ယေဟောဝါဘုရားသခင်၏ မုန်းတီးခြင်းကို ရရှိစေကြောင်းကို ဤသတိပေးချက်က သူတို့ကိုပြောပြပြီး သူတို့၏ ဆိုးယုတ်သည့် လုပ်ရပ်များသည် မကြာခင်မှာ သူတို့ကိုယ်တိုင်၏ အဆုံးစွန် ပျက်စီးခြင်းကို ဖြစ်ပေါ်စေလိမ့်မည်ဆိုသည်ကိုလည်း ပြောပါ သည်။ ထို့ကြောင့် နိနေဝေမှာရှိသည့် လူတိုင်း၏ အသက်သည် အန္တရာယ်ကျရောက်လုဆဲဆဲမှာ ရှိပါသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၂)

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်အပေါ် သင့်ယုံကြည်ခြင်းက မှန်ကန်သည်ဆိုလျှင် သူ၏ဂရုစိုက်မှုကို မကြာခဏ သင်ရရှိလိမ့်မည်

နိနေဝေသားတို့အပေါ် ဘုရားသခင်က သူ၏ရည်ရွယ်ချက်ကို ပြောင်းလဲခြင်းက တွန့်ဆုတ်ခြင်း သို့မဟုတ် မပြတ်သားခြင်းတို့ မပါဝင်ပေ။ အမှန်တကယ်တွင်မူ...

လူသားမျိုးနွယ်အပေါ် ဖန်ဆင်းရှင်၏ ရိုးသားစစ်မှန်သော စိတ်ခံစားမှုများ

ဘုရားသခင်ကို သိနားလည်ရန်မှာ လွယ်ကူသောအရာ မဟုတ်ဟု လူတို့က မကြာခဏ ပြောတတ်ကြသည်။ သို့သော်လည်း၊ ဘုရားသခင်သည် သူ၏ လုပ်ဆောင်ချက်များကို...

ဖန်ဆင်းရှင်၏ ဖြောင့်မတ်သည့် စိတ်သဘောထားသည် စစ်မှန်ပြီး ထင်ရှားသည်

ဘုရားသခင်၏ သနားညှာတာမှုနှင့် သည်းခံမှုတို့သည် မနည်းပါးပေ။ လူသား၏ စစ်မှန်သည့် နောင်တသာ နည်းပါးခြင်းဖြစ်သည် နိနေဝေမြို့သားတို့အပေါ်...

ဖန်ဆင်းရှင်သည် လူ့လောကအတွက် သူ၏စစ်မှန်သော စိတ်ခံစားမှုများကို ဖော်ပြသည်

ယေဟောဝါဘုရားသခင်နှင့် ယောနတို့ကြားက ဤစကားစမြည်ပြောခြင်းသည် လူ့လောကအတွက် ဖန်ဆင်းရှင်၏ စစ်မှန်သော စိတ်ခံစားမှုများ ဖော်ပြချက်ဖြစ်ကြောင်း...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။