ကျေးဇူးတော်ခေတ်၌ နောင်တလမ်းခရီးနှင့် နောက်ဆုံးသော ကာလ၌ ထာဝရအသက်လမ်းခရီးတို့ကြား ကွဲပြားခြားနားမှုများ

19.09.2019

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

နောင်တရရှိရေး ဧဝံဂေလိတရားကို ကျေးဇူးတော်ခေတ်၌ ဟောကြားခဲ့ပြီး၊ လူသားသည် ယုံကြည်ပါက ကယ်တင်ခြင်း ခံရမည်ဟု ထောက်ပံ့ပေးခဲ့သည်။ ယနေ့တွင် ကယ်တင်ခြင်းအစား သိမ်းပိုက်ခြင်းနှင့် စုံလင်ခြင်းအကြောင်းများကို ပြောဆိုခြင်းသာ ရှိသည်။ လူတစ်ဦးက ယုံကြည်လျှင် သူ၏မိသားစု တစ်စုလုံး ကောင်းချီးပေးခံရမည် သို့မဟုတ် တစ်ခါ ကယ်တင်ခံရပြီးပါက အစဉ်ကယ်တင်ခံရမည်ဟု မည်သည့်အခါမျှ မပြောဆိုခဲ့ဖူးပါ။ ယနေ့ခေတ်မှာ မည်သူမျှ ထိုစကားလုံးများကို ပြောဆိုမနေကြပေ၊ ထို့အပြင် ယင်းကဲ့သို့သော အရာများသည် ခေတ်မမီတော့ပေ။ ထိုအချိန်က ယေရှု၏ အမှုမှာ လူသားမျိုးနွယ်တစ်ရပ်လုံးကို ရွေးနှုတ်ရန် ဖြစ်သည်။ သူ့ကို ယုံကြည်သူအားလုံးတို့၏ အပြစ်များသည် ခွင့်လွှတ်ခြင်း ခံခဲ့ရသည်၊ သူ့ကို ယုံကြည်နေသရွေ့ သူက သင့်ကို ရွေးနှုတ်မည်၊ သင်သည် သူ့ကို ယုံကြည်ပါက သင်သည် အပြစ်သားတစ်ယောက် မဟုတ်တော့ဘဲ၊ သင်၏အပြစ်များ အားလုံး ဖြေလွှတ်ခြင်းခံရသည်။ ဤသည်မှာ ကယ်တင်ခံရခြင်းနှင့် ယုံကြည်ခြင်းအားဖြင့် လျော်ကန်စေခြင်းဟူသည့် အဓိပ္ပာယ်ဖြစ်သည်။ သို့သော် ယုံကြည်ခဲ့ကြသည့် သူများအတွင်း၌ ဘုရားသခင်ကို ပုန်ကန်၍ ဆန့်ကျင်သည့်အရာ ကျန်နေသေးပြီး၊ ၎င်းကို တဖြည်းဖြည်းချင်း ဖယ်ရှားပစ်ရန် လိုခဲ့ပါသေးသည်။ ကယ်တင်ခြင်းဟူသည်မှာ လူသားသည် ယေရှု၏ ရယူခြင်းကို အပြည့်အဝ ခံခဲ့ပြီးပြီဟု ဆိုလိုခြင်းမဟုတ်ဘဲ၊ လူသားသည် သူသည်အပြစ်တရားနှင့် မသက်ဆိုင်တော့ဘဲ၊ သူ၏ အပြစ်များခွင့်လွှတ်ခံရခြင်းကို ဆိုလိုသည်။ သင်ယုံကြည်ပြီဆိုပါက အပြစ်တရားနှင့် နောက်တစ်ဖန် မည်သည့်အခါမျှ သက်ဆိုင်တော့မည် မဟုတ်ချေ။ ထိုအချိန်က ယေရှုသည် သူ၏တပည့်များ နားလည်နိုင်စွမ်းမရှိသည့် အမှုများစွာကို လုပ်ဆောင်ခဲ့ပြီး၊ လူများ နားမလည်သည့် အရာများစွာက မိန့်ကြားခဲ့သည်။ ယင်းသည် ထိုစဉ်တုန်းက သူသည် မည်သည့် ရှင်းပြချက်မျှ မပေးခဲ့၍ ထိုသို့ဖြစ်ခဲ့ရခြင်း ဖြစ်သည်။ သို့ဖြစ်၍ သူခွဲခွာသွားခဲ့သည့်နောက် နှစ်အချို့အကြာတွင် မဿဲက သူ၏ ဆွေစဉ်မျိုးဆက်စာရင်းကို ပြုစုခဲ့ပြီး အခြားသူများကလည်း လူသား၏ဆန္ဒအလျောက် အလုပ်များစွာ လုပ်ဆောင်ခဲ့ကြသည်။ ယေရှုသည် လူသားကို စုံလင်စေရန်နှင့် ရယူရန် လာခဲ့ခြင်းမဟုတ်ဘဲ၊ အမှု၏ အဆင့်တစ်ဆင့်ကို လုပ်ဆောင်ရန် လာခဲ့ခြင်းဖြစ်သည်- ယင်းသည် ကောင်းကင်နိုင်ငံတော်၏ ဧဝံဂေလိတရားကို ယူဆောင်လာရန်နှင့် လက်ဝါးကပ်တိုင်ပေါ် အသက်စွန်သည့်အမှုကို ပြီးဆုံးအောင်လုပ်ဆောင်ရန် ဖြစ်သည်။ ထို့ကြောင့် ယေရှု ကားစင်တင်သတ်ခြင်းခံခဲ့ရပြီးသည်နှင့် သူ၏အမှုမှာ လုံး၀ အဆုံးသတ်သွားခဲ့သည်။ သို့သော် လက်ရှိအဆင့်ဖြစ်သည့် သိမ်းပိုက်ခြင်းအလုပ်တွင် သာ၍များသော နှုတ်ကပတ်တော်များကို ပြောကြားရပေမည်၊ သာ၍များသော အလုပ်ကို လုပ်ကိုင်ရပေမည်ဖြစ်ပြီး လုပ်ငန်းစဉ်များ မြောက်မြားစွာ ရှိရမည်ဖြစ်သည်။ ယေရှုနှင့် ယေဟောဝါတို့၏ အမှု၏ နက်နဲရာများကိုလည်း ထုတ်ဖော်ရပေမည်၊ သို့မှသာ လူသားအားလုံးတို့သည် သူတို့၏ ယုံကြည်မှုတွင် နားလည်မှုနှင့် ရှင်းလင်းမှု ရှိနိုင်ကြမည်ဖြစ်သည်၊ အကြောင်းမှာ ဤအရာသည် နောက်ဆုံးသောကာလ၏ အလုပ်ဖြစ်ပြီး နောက်ဆုံးသောကာလသည် ဘုရားသခင်၏အလုပ်၏အဆုံး၊ ဤအလုပ်၏ နိဂုံးကာလ ဖြစ်သောကြောင့် ဖြစ်သည်။ အမှု၏ ဤအဆင့်က သင့်အား ယေဟောဝါ၏ ပညတ်တရားနှင့် ယေရှု၏ ရွေးနှုတ်ခြင်းတို့ကို ရှင်းပြပေးမည်ဖြစ်ပြီး၊ အဓိကအားဖြင့် သင်သည် ဘုရားသခင်၏ အနှစ်ခြောက်ထောင် စီမံခန့်ခွဲမှုအစီအစဉ်၏ လုပ်ငန်းတစ်ခုလုံးကို နားလည်လျက် ဤအနှစ်ခြောက်ထောင် စီမံခန့်ခွဲမှုအစီအစဉ်၏ အရေးပါမှုနှင့် အနှစ်သာရအလုံးစုံကို တန်ဖိုးထားရန်၊ ယေရှုလုပ်ဆောင်ခဲ့သည့် အမှုနှင့် သူပြောဆိုခဲ့သည့် နှုတ်ကပတ်တော်များ အားလုံး၏ ရည်ရွယ်ချက်ကို နားလည်ရန်နှင့် သင်၏ သမ္မာကျမ်းစာအပေါ် မျက်ကန်းယုံကြည်လက်ခံမှုနှင့် ကြည်ညိုမှုကိုပင်လျှင် နားလည်ရန် ဖြစ်သည်။ ၎င်းက သင့်အား ထိုအချက်များ အားလုံးကိုစေ့စပ်သေချာစွာ နားလည်လာစေလိမ့်မည်။ သင်သည် ယေရှုလုပ်ဆောင်ခဲ့သည့် အလုပ်ကိုရော ဘုရားသခင်၏ ယနေ့ အလုပ်ကိုပါ နားလည်လာလိမ့်မည်ဖြစ်သည်၊ သင်သည် သမ္မာတရား၊ အသက်နှင့် လမ်းခရီး အားလုံးတို့ကို သိနားလည်လျက် မြင်လိမ့်မည် ဖြစ်သည်။ ယေရှု လုပ်ဆောင်ခဲ့သည့် အလုပ်အဆင့်တွင် ယေရှုသည် အဘယ်ကြောင့် အဆုံးသတ်သည့် အလုပ်ကို မလုပ်ဘဲ ထွက်ခွာသွားခဲ့သနည်း။ အဘယ်ကြောင့်ဆိုသော် ယေရှုအလုပ်၏အဆင့်သည် အဆုံးသတ်ခြင်းအလုပ် မဟုတ်ခဲ့၍ ဖြစ်သည်။ သူသည် ကားတိုင်ပေါ် သံမှိုစွဲနှက်ခံရသည့်အချိန်တွင် သူ၏ နှုတ်ကပတ်တော်များသည်လည်း အဆုံးသတ်ခဲ့သည်၊ ကားတိုင်ပေါ် အသက်စွန့်ခဲ့ပြီးသည့်နောက် သူ၏ အလုပ်မှာ လုံးလုံးလျားလျား ပြီးဆုံးသွားခဲ့သည်။ လက်ရှိအဆင့်မှာ ကွဲပြားခြားနားသည်- နှုတ်ကပတ်တော်များကို အဆုံးတိုင်အောင် မိန့်ကြားပြီးသွားလျက် ဘုရားသခင်၏ လုပ်ဆောင်ချက် တစ်ရပ်လုံး ပြီးဆုံးသွားမှသာ သူ၏အလုပ်သည် ပြီးဆုံးလိမ့်မည်ဖြစ်သည်။ ယေရှု၏ လုပ်ဆောင်ချက်အဆင့်တွင် ထုတ်မပြောခဲ့သည့် သို့မဟုတ် အပြည့်အဝ မမိန့်ကြားခဲ့ဘဲ ကျန်ရစ်ခဲ့သည့် နှုတ်ကပတ်တော်များ မြောက်မြားစွာ ရှိခဲ့သည်။ သို့သော် ယေရှု၏ သာသနာမှာ နှုတ်ကပတ်တော်များနှင့် သက်ဆိုင်သည့်သာသနာ မဟုတ်သည့်အတွက် သူသည် မိန့်ကြားပြီးခဲ့သည့်အရာများ သို့မဟုတ် မမိန့်ကြားခဲ့သည့်အရာများကို အမှုမထားဘဲ၊ ကားတိုင်ပေါ် သံမှိုစွဲနှက်ခံရပြီးနောက်တွင် ထွက်ခွာသွားခဲ့ခြင်း ဖြစ်သည်။ အမှု၏ ထိုအဆင့်မှာ အဓိကအားဖြင့် ကားတိုင်ပေါ် အသက်စွန့်ဖို့ရန်အတွက်ဖြစ်ပြီး ယနေ့အဆင့်နှင့် မတူချေ။ အလုပ်၏ လက်ရှိဤအဆင့်မှာ အဓိကအားဖြင့် ပြီးဆုံးစေရန်၊ အားလုံး ဖြေရှင်းရန်နှင့် အလုပ်အားလုံးကို နိဂုံးချုပ်ရန် ဖြစ်သည်။ အမှု၏ ဤအဆင့်မှာ အလုပ်အားလုံးကို အဆုံးသတ်ပြီး နှုတ်ကပတ်တော်များကို အသုံးပြုခြင်းဖြင့် အထမြောက်ပြီး ဖြစ်သည့်အတွက်၊ နှုတ်ကပတ်တော်များကို ၎င်းတို့၏အဆုံးထိ မြွက်ကြားမပေးလျှင် ဤအမှုနိဂုံးချုပ်ရန် ဖြစ်နိုင်လိမ့်မည်မဟုတ်ပေ။ ထိုအချိန်က ယေရှုသည် လူသားနားလည်နိုင်စွမ်းမရှိသည့် အမှုများစွာကို ဆောင်ရွက်ခဲ့သည်။ သူသည် တိတ်တဆိတ် ထွက်ခွာသွားခဲ့ပြီး ယနေ့တွင် သူ၏ နှုတ်ကပတ်တော်များကို နားမလည်ကြသူ၊ သူတို့၏ နားလည်ခြင်းသည် မှားနေသော်ငြားလည်း သူတို့က မှန်ကန်သည်ဟု ယုံကြည်နေကြပြီး သူတို့ မှားနေကြောင်းကို မသိရှိကြသောသူ အများအပြား ရှိနေကြဆဲပင် ဖြစ်သည်။ နောက်ဆုံးတွင် ဤလက်ရှိအဆင့်သည် ဘုရားသခင်၏ အလုပ်ကို လုံး၀ အဆုံးသတ်၍ ၎င်း၏နိဂုံးကို စီစဉ်ပေးလိမ့်မည်ဖြစ်သည်။ အားလုံးက ဘုရားသခင်၏ စီမံခန့်ခွဲမှုအစီအစဉ်ကို နားလည်လျက် သိရှိလာလိမ့်မည်ဖြစ်သည်။ လူသားအတွင်းရှိ အယူအဆများ၊ သူ၏ ရည်ရွယ်ချက်များ၊ သူ၏ လွဲမှားနေသည့် နားလည်မှု၊ ယေဟောဝါနှင့် ယေရှုတို့၏ အမှုအပေါ် သူ၏အယူအဆများ၊ တစ်ပါးအမျိုးသားများအပေါ် သူ၏ အမြင်များနှင့် သူ၏ အခြားလွဲချော်မှုများနှင့် အမှားများမှာ အမှားပြင်ပေးခြင်း ခံရလိမ့်မည်ဖြစ်သည်။ ထို့နောက် လူသားသည် အသက်တာ၏ မှန်ကန်သောလမ်းကြောင်းများအားလုံး၊ ဘုရားသခင် လုပ်ဆောင်ခဲ့သည့် အမှုအားလုံးနှင့် သမ္မာတရားတစ်ခုလုံးကို နားလည်လာလိမ့်မည်။ ထို့သို့ဖြစ်သည့်အခါ အမှု၏ လက်ရှိအဆင့်မှာ အဆုံးသတ်လိမ့်မည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင့်အမှုတော်၏ ရူပါရုံ (၂)

ယေရှုသည် သူ၏လူ့ဇာတိခံယူခြင်း၌ စိတ်ခံစားမှု လုံးလုံးမရှိခဲ့သော်ငြားလည်း၊ သူသည် သူ၏တပည့်တော်များကို အစဉ်အမြဲ နှစ်သိမ့်ခဲ့၏၊ ၎င်းတို့ကို အထောက်အပံ့ပေးခဲ့၏၊ ၎င်းတို့ကို ကူညီပံ့ပိုးခဲ့၏။ သို့သော် သူ့အနေဖြင့် အမှုမည်မျှကို ပြုခဲ့သည်ဖြစ်စေ၊ ဆင်းရဲဒုက္ခကို မည်မျှကြံ့ကြံ့ခံခဲ့ရသည်ဖြစ်စေ၊ သူသည် လူတို့အပေါ် လွန်ကဲသော တောင်းဆိုမှုများကို မည်သည့်အခါမျှ မပြုလုပ်ခဲ့ဘဲ၊ ၎င်းတို့၏ အပြစ်များအတွက် အစဉ်အမြဲ စိတ်ရှည်သည်းခံ ခဲ့သောကြောင့်၊ ကျေးဇူးတော်ခေတ်မှ လူတို့သည် သူ့ကို “ချစ်ဖွယ်ကောင်းသော ကယ်တင်ရှင်ယေရှု” ဟူ၍ အမြတ်တနိုး ခေါ်ဝေါ်ခဲ့ကြသည်။ ယင်းခေတ်ကာလမှ လူအားလုံးတို့အတွက်ကား ယေရှု၏အရာအားလုံးနှင့် ဖြစ်ခြင်းသည် သနားကရုဏာနှင့် ချစ်ခင်ကြင်နာမှုသာ ဖြစ်ခဲ့၏။ သူသည် လူတို့၏ ပြစ်မှားခြင်းတို့ကို မည်သည့်အခါမျှ မှတ်သားခြင်း မရှိသကဲ့သို့၊ ၎င်းတို့အပေါ် သူ၏ဆက်ဆံမှုမှာလည်း ၎င်းတို့၏ ပြစ်မှားခြင်းများတွင် မည်သည့် အခါမျှ အခြေမတည်ခဲ့ချေ။ ယင်းသည် ကွဲပြားသော ခေတ်တစ်ခု ဖြစ်ခဲ့သောကြောင့်၊ လူတို့အနေဖြင့် ဝလင်စွာစားသောက်နိုင်စေရန် အတွက် များစွာသော အစာအာဟာရတို့ကို လူတို့အပေါ် သူနှင်းအပ်ပေးခဲ့သည်။ သူသည် နာမကျန်းသူကို ပျောက်ကင်းစေခြင်း၊ နတ်ဆိုးတို့ကို နှင်ထုတ်ခြင်း၊ သေသူကို ပြန်ရှင်စေခြင်းအားဖြင့် သူ၏နောက်လိုက်အားလုံးတို့ကို ကျေးဇူးတော်ဖြင့် ပြုမူဆက်ဆံခဲ့၏။ လူတို့အနေဖြင့် သူ့ကို ယုံကြည်နိုင်စေရန်နှင့် သူပြုသမျှအားလုံးမှာ လေးနက်စွာနှင့် စစ်မှန်စွာ လုပ်ဆောင်ခြင်းဖြစ်ကြောင်း မြင်ကြစေရန်အလို့ငှာ၊ သူသည် ပုပ်ပွနေသော အလောင်းကောင် တစ်ခုကို ထမြောက်စေသည်အထိ ပြုခဲ့၍၊ သူ၏လက်ထဲ၌ သေသူသည်ပင် ပြန်ရှင်နိုင်ကြောင်းကို ၎င်းတို့အား ပြသခဲ့၏။ ဤသို့သောနည်းလမ်းဖြင့် သူသည် တိတ်ဆိတ်စွာ သည်းခံ၍၊ သူ၏ရွေးနှုတ်ခြင်းအမှုကို ၎င်းတို့ကြား၌ ဆောင်ရွက်ခဲ့လေသည်။ ကားတိုင်၌ သံမှိုဖြင့်စွဲရိုက်ခြင်း မခံရမီကပင်၊ ယေရှုသည် လူသားတို့၏ အပြစ်များအတွက် တာဝန်ယူထားပြီးဖြစ်သကဲ့သို့၊ လူသားမျိုးနွယ် အတွက် အပြစ်ဖြေရာယဇ်တစ်ခုလည်း ဖြစ်နေခဲ့ပြီ ဖြစ်သည်။ ကားတိုင်တွင် အဆုံးစီရင်ခြင်း မခံရမီ၌ပင်၊ သူသည် လူသားမျိုးနွယ်ကို ရွေးနှုတ်ရန်အလို့ငှာ ကားတိုင်သို့ သွားရာလမ်းအား ဖွင့်လှစ်ထားခဲ့ပြီ ဖြစ်သည်။ အဆုံးတွင်မူ ကားတိုင်အလို့ငှာ သူ့ကိုယ်သူ ပေးဆပ်လျက်၊ ကားတိုင်တွင် သံမှိုစွဲရိုက်ခြင်းခံခဲ့ရပြီး သူသည် သူ၏သနားကရုဏာ၊ ချစ်ခင်ကြင်နာမှုနှင့် သန့်ရှင်းခြင်းအားလုံးတို့ကို လူသားမျိုးနွယ် အပေါ် နှင်းအပ်ခဲ့သည်။ သူသည် ၎င်းတို့၏ အပြစ်များကို ခွင့်လွှတ်ခြင်း၊ ၎င်းတို့အား နောင်တရရန် တိုက်တွန်းခြင်း၊ စိတ်ရှည်သည်းခံခြင်းနှင့် ချစ်ခြင်းမေတ္တာ ရှိကြစေရန် သင်ကြားပေးခြင်း၊ သူ၏ခြေလှမ်းများ အတိုင်းလိုက်ကာ ကားတိုင်အတွက် ကိုယ့်ကိုယ်ကိုယ် စွန့်လွှတ်ကြရန် သင်ကြားပေးခြင်းတို့ဖြင့် လူသားတို့အပေါ် အစဉ်အမြဲ သည်းခံခဲ့၍၊ မည်သည့်အခါမျှ အငြိုးအတေးထားခြင်း မရှိခဲ့ချေ။ ညီအစ်ကို မောင်နှမတို့အတွက် သူ၏ချစ်ခြင်းမေတ္တာသည် မာရိအပေါ်ထားသည့် သူ၏ချစ်ခြင်းမေတ္တာထက်ပင် ပိုလွန်ခဲ့သည်။ သူပြုခဲ့သောအမှုသည် နာမကျန်းသူကို ပျောက်ကင်းစေခြင်းနှင့် နတ်ဆိုးတို့ကို နှင်ထုတ်ခြင်း တို့အား အမှု၏အခြေခံသဘောအဖြစ် မှတ်ယူလျက်၊ အားလုံးတို့သည် သူ၏ရွေးနှုတ်ခြင်းအတွက် ဖြစ်ခဲ့၏။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ရွေးနုတ်ခြင်းခေတ်၏အမှု နောက်ကွယ်မှ အဖြစ်မှန်

ထိုအချိန်က၊ ယေရှုသည် သူ၏တပည့်များအား မည်သို့လက်တွေ့လုပ်ဆောင်ရမည်၊ မည်သို့အတူတကွစုရုံးရမည်၊ ဆုတောင်းခြင်းတွင် မည်သို့တောင်းလျှောက်ရမည်၊ အခြားသူများကို မည်သို့ဆက်ဆံရမည် စသည်တို့ကဲ့သို့သော အကြောင်းအရာများ နှင့်ပတ်သက်၍ တရားဟောပြောချက် အတွဲများဖြင့်သာ ကျေးဇူးတော်ခေတ်တွင် မြွက်ကြားခဲ့သည်။ သူဆောင်ရွက်ခဲ့သည့် အမှုမှာ ကျေးဇူးတော်ခေတ်၏ အမှုဖြစ်ပြီး၊ တပည့်တော်များနှင့် သူ့နောက်လိုက်သူများအနေဖြင့် မည်သို့ လက်တွေ့ လုပ်ဆောင်သင့် သည်ကိုသာ အသေးစိတ် ရှင်းပြခဲ့သည်။ သူသည် ကျေးဇူးတော်ခေတ်၏ အမှုကိုသာ လုပ်ဆောင်ခဲ့ပြီး နောက်ဆုံးသောကာလ၏ မည်သည့်အမှုကိုမျှ မလုပ်ဆောင်ခဲ့ပေ။ ယေဟောဝါသည် ပညတ်တော်ခေတ်တွင် ဓမ္မဟောင်း ပညတ်တရားကို ချမှတ်ခဲ့ချိန်တွင်၊ ကျေးဇူးတော်ခေတ်၏အမှုကို အဘယ်ကြောင့် သူ မလုပ်ဆောင်ခဲ့သနည်း။ သူသည် အဘယ်ကြောင့် ကျေးဇူးတော်ခေတ်၏အမှုကို ကြိုတင်၍ ရှင်းသွားစေဖို့ မပြုခဲ့သနည်း။ ဤအရာက ယင်းကို လူသား လက်ခံရန် အထောက်အကူ ပြုခဲ့မည်မဟုတ်လော။ သားယောက်ျားလေးတစ်ဦး မွေးဖွားကာ တန်ခိုးအာဏာ ရှိလာလိမ့်မည်ဟုသာ သူက ပရောဖက် ပြုခဲ့သော်လည်း၊ ကျေးဇူးတော်ခေတ်၏ အမှုကို ကြိုတင် ဆောင်ရွက်ခဲ့ခြင်းမရှိပေ။ ခေတ်တစ်ခုစီထဲက ဘုရားသခင်၏ အမှုသည် ရှင်းလင်းပြတ်သားသော နယ်နိမိတ်များ ရှိ၏။ သူသည် လက်ရှိခေတ်၏ အမှုကိုသာ လုပ်ဆောင်ပြီး၊ အမှု၏ နောက်အဆင့်ကို မည်သည့်အခါမျှ ကြိုတင် မဆောင်ရွက်ပေ။ ထိုသို့ဖြင့်သာ ခေတ်အသီးသီးနှင့်ဆိုင်သည့် သူ၏ ကိုယ်စားပြုခြင်းအမှုသည် ရှေ့သို့ ရောက်ရှိနိုင်ပေသည်။ ယေရှုသည် နောက်ဆုံးသော ကာလ၏ နိမိတ်လက္ခဏာများ၊ မည်သို့ စိတ်ရှည်ရမည်၊ ပြီးလျှင် မည်သို့ ကယ်တင်ခြင်းခံရမည်၊ မည်သို့နောင်တရပြီး ဝန်ခံရမည်၊ ပြီးလျှင် ကားတိုင်ကို မည်သို့ ထမ်းရွက်ပြီး ဆင်းရဲဒုက္ခများကို မည်သို့ ကြံ့ကြံ့ခံရမည် ဆိုသည်တို့ကိုသာ ပြောဆိုခဲ့သည်။ နောက်ဆုံးသော ကာလထဲတွင်ရှိသည့် လူသားသည် ဝင်ရောက်မှုကို မည်သို့ ရရှိသင့်သည်ကို သူ လုံးဝ မပြောဆိုသကဲ့သို့၊ ဘုရားသခင်၏ အလိုကို ဖြည့်ဆည်းဖို့ မည်သို့ကြိုးစားသင့်သည် ဆိုသည်နှင့်သက်ဆိုင်၍ လုံးဝ သူ မပြောဆိုခဲ့ပေ။ ထိုသို့ဖြစ်သဖြင့်၊ ဘုရားသခင်၏ နောက်ဆုံးသော ကာလအမှုအတွက် သမ္မာကျမ်းစာကို ရှာဖွေဖို့ဆိုသည်မှာ ရယ်ဖွယ်ကောင်းသည် မဟုတ်လော။ သမ္မာကျမ်းစာကို ဖမ်းဆုပ်ထားခြင်းမျှဖြင့် မည်သည့်အရာကို သင် သိမြင်နိုင်သနည်း။ သမ္မာကျမ်းစာကို ရှင်းလင်းဖော်ပြသူဖြစ်စေ၊ တရားဟောဆရာဖြစ်စေ၊ အဘယ်သူသည် ယနေ့၏အမှုကို ကြိုတင် တွေ့မြင်နိုင်မည်နည်း။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ မိမိ၏ အယူအဆများထဲ၌ ဘုရားသခင်ကို ဘောင်ခတ်ထားသော လူသားသည် ဘုရားသခင်၏ ဗျာဒိတ်တော်များကို မည်သို့ လက်ခံရရှိနိုင်မည်နည်း

ဤခေတ်၌ ဘုရားသခင်ပြောဆိုသော နှုတ်ကပတ်တော်များသည် ပညတ်တော်ခေတ်အတွင်း ပြောဆိုခဲ့သော နှုတ်ကပတ်တော်များမှ ကွဲပြားခြားနားပြီး၊ ထိုနည်းတူ ၎င်းတို့သည် ကျေးဇူးတော်ခေတ် အတွင်း ပြောဆိုခဲ့သော နှုတ်ကပတ်တော်များမှလည်း ကွဲပြားပေသည်။ ကျေးဇူးတော်ခေတ်၌ ဘုရားသခင်သည် နှုတ်ကပတ်တော်နှင့် ဆိုင်သောအမှုကို မလုပ်ဆောင်ခဲ့ဘဲ၊ လူသားမျိုးနွယ်တစ်ရပ်လုံးကို ရွေးနုတ်ရန် ကားစင်တင်ခံရခြင်း အမှုကိုသာ ဖော်ပြခဲ့သည်။ ကျမ်းစာက ယေရှု အဘယ်ကြောင့် ကားစင်တင်ခံရမည်ဆိုသည်နှင့် ကားတိုင်ပေါ်၌ သူခံခဲ့ရသည့် ဆင်းရဲဒုက္ခ၊ ပြီးလျှင် လူသားသည် ဘုရားသခင်အတွက် မည်သို့ ကားစင်တင်ခံခဲ့ရသင့်သည် ဆိုသည်တို့ကိုသာ ဖော်ပြခဲ့သည်။ ထိုခေတ်အတွင်းတွင် ဘုရားသခင် လုပ်ဆောင်ခဲ့သည့် အမှုအားလုံးသည် ကားစင်တင်ခံရခြင်းကို ဗဟိုပြုခဲ့သည်။ နိုင်ငံတော်ခေတ်အတွင်းတွင်၊ လူ့ဇာတိခံ ဘုရားသခင်သည် သူ့ကိုယုံကြည်သူများ အားလုံးကို သိမ်းပိုက်ရန် နှုတ်ကပတ်တော်များကို ပြောဆို၏။ ဤသည်မှာ၊ “နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်ထွန်းခြင်း” ဖြစ်သည်။ ဘုရားသခင်သည် ဤအမှုကို လုပ်ဆောင်ရန် နောက်ဆုံးသောကာလ၌ ကြွလာပြီးဖြစ်သည်၊ ဆိုလိုသည်မှာ၊ ဘုရားသခင်သည် နှုတ်ကပတ်တော် လူ့ဇာတိ၌ ပေါ်ထွန်းခြင်း၏ စစ်မှန်သော အရေးပါမှုကို ပြီးမြောက်စေဖို့ ကြွလာပြီးဖြစ်ပေသည်။ သူသည် နှုတ်ကပတ်တော်များကိုသာ ပြောဆိုပြီး၊ အချက်အလက်များ ပေါ်ထွန်းခြင်း ရှိခဲပေသည်။ ဤသည်မှာ နှုတ်ကပတ်တော် လူ့ဇာတိ၌ ပေါ်ထွန်းခြင်း၏ တကယ့် အနှစ်သာရဖြစ်ပြီး၊ လူ့ဇာတိခံ ဘုရားသခင်က နှုတ်ကပတ်တော်များကို ပြောဆိုသောအခါ၊ ဤသည်မှာ လူ့ဇာတိ၌ရှိသည့် နှုတ်ကပတ်တော်၏ ပေါ်ထွန်းခြင်းဖြစ်ပြီး၊ နှုတ်ကပတ်တော်က လူ့ဇာတိထဲသို့ ကြွလာခြင်းဖြစ်သည်။ “အစအဦး၌ နှုတ်ကပတ်တော်ရှိ၏။ နှုတ်ကပတ်တော်သည် ဘုရားသခင်နှင့်အတူ ရှိ၏။ နှုတ်ကပတ်တော်သည်လည်း ဘုရားသခင် ဖြစ်တော်မူ၏။ နှုတ်ကပတ်တော်သည်လည်း လူဇာတိအဖြစ်ကို ခံယူ၍...။” ဤအရာ (လူ့ဇာတိ၌ နှုတ်ကပတ်တော် ပေါ်ထွန်းခြင်းအမှု) သည် နောက်ဆုံးသောကာလ၌ ဘုရားသခင်ပြီးမြောက်မည့် အမှုဖြစ်ပြီး သူ၏ စီမံခန့်ခွဲမှု အစီအစဉ် တစ်ခုလုံး၏ နောက်ဆုံးအခန်း ဖြစ်သည်၊ ထို့ကြောင့် ဘုရားသခင်သည် ကမ္ဘာမြေသို့ကြွလာရမည်ဖြစ်ကာ သူ၏ နှုတ်ကပတ်တော်များကို လူ့ဇာတိ၌ ထင်ရှားစေရမည် ဖြစ်သည်။ ယနေ့ လုပ်ဆောင်ပြီးသောအရာ၊ အနာဂတ်တွင် လုပ်ဆောင်ပြီးမည့်အရာ၊ ဘုရားသခင်က ပြီးမြောက်စေမည့်အရာ၊ လူသား၏ နောက်ဆုံး ခရီးပန်းတိုင်၊ ကယ်တင်ခံရမည့်သူများ၊ ဖျက်ဆီးခံရမည့်သူများ၊ စသည်ဖြင့်- အဆုံးတွင် စွမ်းဆောင်ရရှိသင့်သည့် ဤအမှုအားလုံးကို ရှင်းရှင်းလင်းလင်း ဖော်ပြထားပြီးဖြစ်ကာ၊ အားလုံးသည် နှုတ်ကပတ်တော်က လူ့ဇာတိ၌ ပေါ်ထွန်းခြင်း၏ တကယ့် အရေးပါမှုကို ပြီးမြောက်စေဖို့ အလို့ငှာ ဖြစ်သည်။ ယခင်က ထုတ်ပြန်ခဲ့သည့် စီမံခန့်ခွဲမှုဆိုင်ရာ အမိန့်များနှင့် အခြေခံဥပဒေသများ၊ ဖျက်ဆီးခံရမည့်သူများ၊ ငြိမ်သက်ခြင်း ချမ်းသာခြင်းထဲသို့ ဝင်ရောက်ကြမည့်သူများ- ဤနှုတ်ကပတ်တော်များအားလုံး ပြည့်စုံရမည် ဖြစ်သည်။ ဤသည်မှာ နောက်ဆုံးသောကာလအတောအတွင်းတွင် လူ့ဇာတိခံ ဘုရားသခင်က အဓိကအားဖြင့် ပြီးမြောက်သည့် အမှု ဖြစ်သည်။ ဘုရားသခင် ရှေးမဆွက ခွဲခန့်မှတ်သား ထားသောသူများသည် မည်သည့်နေရာနှင့် သက်ဆိုင်ကြောင်း၊ ဘုရားသခင် ရှေးမဆွက ခွဲခန့်မှတ်သားထားခြင်း မခံရသောသူများသည် မည်သည့်နေရာနှင့် ဆိုင်ကြောင်း၊ သူ၏လူများနှင့် သူ၏သားများကို မည်ကဲ့သို့အမျိုးအစား ခွဲခြားသတ်မှတ်လိမ့်မည်ဖြစ်ကြောင်း၊ ဣသရေလနိုင်ငံကို မည်သည့်အရာ ဖြစ်လိမ့်မည်ဖြစ်ကြောင်း၊ အဲဂုတ္တုပြည်ကို မည်သည့်အရာ ဖြစ်လိမ့်မည်ဖြစ်ကြောင်းတို့ကို သူသည် လူတို့အား နားလည်စေလေသည်- အနာဂတ်တွင်၊ ဤနှုတ်ကပတ်တော်များတစ်ခုစီတိုင်း ပြည့်စုံလိမ့်မည်။ ဘုရားသခင့်အမှု၏ ခြေလှမ်းများသည် အရှိန်မြင့်လာနေ၏။ ခေတ်တိုင်းတွင် မည်သည့်အရာ လုပ်ဆောင်ရမည်၊ နောက်ဆုံးသောကာလ အတွင်းတွင် လူ့ဇာတိခံ ဘုရားသခင်က မည်သည့်အရာ လုပ်ဆောင်ရမည် ဆိုသည်နှင့်၊ ဆောင်ရွက်ရမည့် သူ၏အမှုတော်တို့ကို လူသားထံ ထုတ်ဖော်ပြရန် နည်းလမ်းများအဖြစ် ဘုရားသခင်သည် နှုတ်ကပတ်တော်ကို အသုံးပြုပြီး၊ ဤနှုတ်ကပတ်တော်များ အားလုံးသည် နှုတ်ကပတ်တော် လူ့ဇာတိ၌ ပေါ်ထွန်းခြင်း၏ တကယ့် အရေးပါမှုကို ပြီးမြောက်စေရန်အလို့ငှာ ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အရာအားလုံးကို ဘုရားသခင်၏ နှုတ်ကပတ်တော်ဖြင့် စွမ်းဆောင်ရရှိသည်

နောက်ဆုံးကာလထဲက အမှုသည် လူသားမျိုးနွယ်၏ ခရီးဆုံးပန်းတိုင်နှင့် အဆုံးသတ်၊ ပြီးလျှင် လူသားမျိုးနွယ်အလယ် ကယ်တင်ခြင်း အမှုအားလုံး၏ အဆုံးသတ်ကို ထုတ်ဖော်ပြရန်အလို့ငှာ၊ ယေဟောဝါနှင့် ယေရှုတို့၏အမှုနှင့် လူတို့ နားမလည်သော နက်နဲမှုအားလုံးကို ဖွင့်ချလေသည်။ နောက်ဆုံးသောကာလထဲက အမှု၏ ဤအဆင့်သည် အရာရာကို အဆုံးတစ်ခုသို့ ဆောင်ကြဉ်းသည်။ ယင်းတို့၏ နက်နဲမှုများအထိ လူသားအား လေ့လာစူးစမ်းခွင့်ပေးပြီး သူ၏ စိတ်နှလုံးထဲတွင် လုံးဝ ရှင်းလင်းသော သိနားလည်မှု တစ်ခု ရှိခွင့်ပေးရန် လူသား နားမလည်သည့် နက်နဲသောအရာ အားလုံးကို ဖြေရှင်းရန် လိုအပ်ပေသည်။ ထိုအခါတွင်သာ လူသားမျိုးနွယ်သည် အမျိုးအစားအလိုက် ခွဲခြားခံရနိုင်သည်။ ဘုရားသခင်၏ စီမံခန့်ခွဲမှုသည် ထို့နောက်တွင် အဆုံးသတ်သို့ ရောက်လာပြီးဖြစ်မည် ဖြစ်သည့်အတွက်၊ အနှစ်ခြောက်ထောင် စီမံခန့်ခွဲမှုအစီအစဉ် ပြီးစီးသည့်နောက်တွင်သာ ဘုရားသခင်၏ စိတ်သဘောထားကို လူသားက အလုံးစုံ နားလည်လာလိမ့်မည် ဖြစ်သည်။ ယခုတွင် သင်တို့သည် နောက်ဆုံးကာလထဲက ဘုရားသခင်၏ အမှုကို တွေ့ကြုံကြပြီး ဖြစ်သည့်အတွက်၊ ဘုရားသခင်၏ စိတ်သဘောထားသည် မည်သည့်အရာ ဖြစ်သနည်း။ ဘုရားသခင်သည် နှုတ်ကပတ်တော်များကိုသာ ပြောပြီး နောက်ထပ် မည်သည့်အရာမျှ မပြုသော ဘုရားသခင် ဖြစ်သည်ဟု သင် ပြောဝံပါသလော။ သင်သည် ထိုသို့သော သုံးသပ်ချက်ကို ပေးဝံ့မည် မဟုတ်ပေ။ အချို့က ဘုရားသခင်သည် နက်နဲမှုများကို ဖွင့်ဟသည့် ဘုရားဖြစ်သည်၊ ဘုရားသခင်သည် သိုးသငယ်ဖြစ်ပြီး တံဆိပ်ခုနှစ်ချက်ကို ချိုးဖျက်သူ ဖြစ်သည်ဟု ပြောကြပေမည်။ သို့သော် မည်သူမျှ ထိုသို့သော ကောက်ချက် မပေးဝံ့ပေ။ အခြားသူတို့က ဘုရားသခင်သည် လူ့ဇာတိခံ ခန္ဓာဖြစ်သည်ဟု ပြောကောင်းပြောကြမည် ဖြစ်သော်လည်း ဤသည်မှာ မှန်ဦးမည် မဟုတ်။ အချို့က လူ့ဇာတိခံ ဘုရားသခင်သည် နှုတ်ကပတ်တော်များသာ ပြောပြီး နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို မလုပ်ဆောင်ဟု ပြောကောင်းပြောပေဦးမည် ဖြစ်သော်လည်း၊ သင်သည် ဤနည်းဖြင့် သာ၍ပင် ပြောဝံ့မည် မဟုတ်ပေ၊ ယေရှုသည် လူ့ဇာတိခံလာခဲ့ပြီး နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာအမှုများကို ပြုခဲ့သည့်အတွက်၊ ထို့ကြောင့် သင်သည် ဘုရားသခင်ကို ပေါ့ပေါ့တန်တန် အဓိပ္ပာယ် ဖွင့်ဆိုဝံ့မည် မဟုတ်ပေ။ အနှစ်ခြောက်ထောင် စီမံခန့်ခွဲမှု အစီအစဉ်တစ်လျှောက်လုံးတွင် လုပ်ဆောင်ခဲ့သော အမှုအားလုံးသည် ယခုမှသာ အဆုံးတစ်ခုသို့ ရောက်လာပြီဖြစ်သည်။ ဤအမှုများအားလုံးကို လူသားထံ ထုတ်ဖော်ပြပြီး‌ လူသားမျိုးနွယ်အလယ် ဆောင်ရွက်ပြီးသည့် နောက်တွင်သာ လူသားမျိုးနွယ်သည် ဘုရားသခင်၏ စိတ်သဘောထားနှင့် သူ၏ အရာအားလုံးနှင့် ဖြစ်ခြင်း အားလုံးတို့ကို သိလိမ့်မည် ဖြစ်သည်။ ဤအဆင့်၏ အမှု အပြည့်အဝ ပြီးစီးသည့်အခါတွင်၊ လူသား နားမလည်သည့် နက်နဲမှုအားလုံး ထုတ်ဖော်ပြပြီး ဖြစ်လိမ့်မည်၊ ယခင်က နားမလည်ခဲ့သော သမ္မာတရား အားလုံးသည် ရှင်းလင်းပြီးဖြစ်လိမ့်မည် ဖြစ်သကဲ့သို့၊ လူသားမျိုးနွယ်အား ၎င်းတို့၏ အနာဂတ် လမ်းကြောင်းနှင့် ခရီးဆုံး ပန်းတိုင်တို့ကို ပြောပြပြီး ဖြစ်လိမ့်မည်။ ဤသည်မှာ လက်ရှိခေတ်တွင် လုပ်ဆောင်ရမည့် အမှုတစ်ခုလုံး ဖြစ်သည်။ ယနေ့ လူသား လျှောက်လှမ်းသော လမ်းကြောင်းသည် ကားတိုင် လမ်းကြောင်းဖြစ်ပြီး ဆင်းရဲဒုက္ခနှင့်ဆိုင်သော လမ်းကြောင်း ဖြစ်သော်လည်း၊ ယနေ့ လူသား လက်တွေ့လုပ်ဆောင်သည့်အရာနှင့် သူစားသောက်ပြီး မွေ့လျော် ခံစားသည့်အရာတို့သည် ပညတ်တော်အောက်နှင့် ကျေးဇူးတော်ခေတ်ထဲတွင် လူသားကို ဖြစ်ပျက်ခဲ့သည့်အရာနှင့် အလွန် ကွာခြားပေသည်။ ဤနေ့တွင် လူသားအပေါ် တောင်းဆိုသည့် အရာသည် အတိတ်ကာလကနှင့် မတူသကဲ့သို့ ပညတ်တော်ခေတ်တွင် လူသားအပေါ် တောင်းဆိုသည့်အရာနှင့် ပို၍ပင် မတူညီပေ။ ဣသရေလ၌ ဘုရားသခင်က သူ၏အမှု လုပ်ဆောင်နေခဲ့ချိန် ပညတ်တော် အောက်တွင် လူသားအပေါ် အဘယ်အရာ တောင်းဆိုခဲ့ပါသနည်း။ ယင်းမှာ လူသားက ဥပုသ်နေ့နှင့် ယေဟောဝါ၏ ပညတ်တော်များကို ထိန်းသိမ်းသင့်သည်ဆိုသည်ထက် မပိုခဲ့ပေ။ မည်သူမျှ ဥပုသ်နေ့တွင် အလုပ်လုပ်ခြင်း သို့မဟုတ် ယေဟောဝါ၏ ပညတ်တော်များကို ဖောက်ဖျက်ခြင်း မလုပ်ခဲ့ကြပေ။ သို့ရာတွင် ယခု ထိုသို့ မဟုတ်ပေ။ ဥပုသ်နေ့တွင် လူသည် အလုပ်လုပ်သည်၊ စုဝေးပြီး ပုံမှန်အတိုင်း ဆုတောင်းသည်၊ ပြီးလျှင် မည်သည့် ကန့်သတ်မှုမှ သူ့အပေါ် ချမှတ်မထားပေ။ ကျေးဇူးတော်ခေတ်ထဲက လူများသည် ဗတ္တိဇံခံခဲ့ကြရပြီး၊ ၎င်းတို့ကို သူတို့ကို အစာရှောင်ရန်၊ မုန့်ချိုးဖဲ့ရန်၊ စပျစ်ရည် သောက်ရန်၊ ၎င်းတို့၏ ဦးခေါင်းများကို ဖုံးအုပ်ရန်နှင့် အခြားသူများ၏ ခြေများကို ဆေးကြောပေးရန် နောက်ထပ် စေခိုင်းခံခဲ့ရသည်။ ယခုတွင် ဘုရားသခင်၏ အမှုသည် ယခင်ထက် တိုး၍ နက်ရှိုင်းလာပြီး လူသား၏ ဝင်ရောက်မှုသည် ပိုမို မြင့်မားလာခဲ့သည့်အတွက်၊ ဤစည်းမျဉ်းများကို ပယ်ဖျက်ထားပြီးဖြစ်သော်လည်း၊ လူသားနှင့်ပတ်သက်၍ သာ၍ ကြီးမားသော တောင်းဆိုမှုများ ပြုထားပေသည်။ အတိတ်တွင် ယေရှုသည် လူသား အပေါ် သူ၏ လက်ကိုတင်၍ ဆုတောင်းခဲ့သော်လည်း၊ ယခုအခါ အရာရာကို ပြောထားပြီးဖြစ်ရာ၊ လက်များတင်ခြင်းသည် အဘယ်အသုံးဝင်ပါသနည်း။ နှုတ်ကပတ်တော်များ တစ်ခုတည်းဖြင့် ရလဒ်များကို ရရှိနိုင်သည်။ အတိတ်က သူသည် လူသားအပေါ် လက်တင်ခဲ့ချိန်တွင်၊ လူသားကို ကောင်းချီးပေးရန်နှင့် သူ၏ အနာရောဂါများကို ငြိမ်းစေရန်လည်း ဖြစ်ခဲ့သည်။ ဤသည်မှာ ထိုအချိန်က သန့်ရှင်းသော ဝိညာဉ်တော် အလုပ်လုပ်ခဲ့ပုံ ဖြစ်ခဲ့သော်လည်း၊ ယခုအခါ ထိုသို့ မဟုတ်ချေ။ ယခုတွင် သန့်ရှင်းသော ဝိညာဉ်တော်သည် အလုပ်လုပ်ဖို့ရန်နှင့် ရလဒ်များ စွမ်းဆောင်ရရှိဖို့အလို့ငှာ နှုတ်ကပတ်တော်များကို အသုံးပြုသည်။ သူ၏ နှုတ်ကပတ်တော်များကို သင်တို့အဖို့ ရှင်းလင်းစေပြီးဖြစ်သကဲ့သို့၊ သင်တို့သည် သင်တို့ကို ပြေားထားပြီးသည့်အတိုင်းပင် ယင်းတို့ကို လက်တွေ့လုပ်ဆောင်သင့်ပေသည်။ သူ၏ နှုတ်ကပတ်တော်များသည် သူ၏ အလိုဖြစ်သည်။ ယင်းတို့သည် သူလုပ်ဆောင်လိုသည့် အလုပ်ဖြစ်သည်။ သူ၏ နှုတ်ကပတ်တော်များမှတစ်ဆင့် သင်သည် သူ၏ အလိုနှင့် ကြိုးပမ်းရရှိဖို့ သူက သင့်ကို စေခိုင်းသည့်အရာကို သင် နားလည်လိမ့်မည်ဖြစ်ပြီး၊ လက်တင်ရန် လိုအပ်မှုတစ်ခုတစ်လေ မရှိဘဲ၊ သူ၏ နှုတ်ကပတ်တော်များကို သင်သည် တိုက်ရိုက်သာ လက်တွေ့လုပ်ဆောင်ကောင်း လုပ်ဆောင်နိုင်ပေသည်။ အချို့က “ကိုယ်တော်၏ လက်ကို ကျွန်ုပ်အပေါ်သို့ တင်ပါ။ ကိုယ်တော်၏ ကောင်းချီးမင်္ဂလာများကို ကျွန်ုပ် ရရှိနိုင်ဖို့နှင့် ကိုယ်တော့်ကို ကျွန်ုပ်အပေါ်သို့ တင်တော်မူပါ။”ဟု ပြောကောင်းပြောနိုင်သည်။ ဤအရာအားလုံးမှာ အတိတ်က ခေတ်မမီတော့သော အလေ့အထများ ဖြစ်ပြီး ခေတ်ပြောင်းလာပြီး ဖြစ်သည့်အတွက် ယခုအခါ အသုံးမဝင်တော့ပေ။ သန့်ရှင်းသော ဝိညာဉ်တော်သည် ကြုံရာကျပန်း အလုပ် မလုပ်သကဲ့သို့၊ ချမှတ်ထားသော စည်းမျဉ်းများအရလည်း အလုပ်မလုပ်ဘဲ၊ ခေတ်နှင့်အညီ အလုပ်လုပ်သည်။ ခေတ်က ပြောင်းလဲပြီးဖြစ်သကဲ့သို့၊ ခေတ်သစ်သည် ယင်းနှင့်အတူ အမှုသစ်ကို သေချာပေါက် ယူဆောင်လာပေသည်။ ဤသည်မှာ အမှု၏ အဆင့်တိုင်းနှင့်သက်ဆိုင်၍ မှန်ကန်သောကြောင့် သူ၏ အမှုကို မည်သည့်အခါမျှ ထပ်မကျော့ပေ။ ကျေးဇူးတော်ခေတ်တွင် ယေရှုသည် နာမကျန်းမှုကို အနာငြိမ်းစေခြင်း၊ နတ်ဆိုးများကို နှင်ထုတ်ခြင်း၊ လူအတွက် ဆုတောင်းပေးရန်နှင့် လူကို ကောင်းချီးပေးရန် သူ့အပေါ် လက်ကို တင်ခြင်းတို့ကဲ့သို့သော အလုပ်မျိုးကို ပမာဏအတော်အတန် လုပ်ဆောင်ခဲ့သည်။ သို့ရာတွင် မျက်မှောက်ခေတ်တွင် ထိုသို့ တစ်ဖန်လုပ်ဆောင်ရန်မှာ အဓိပ္ပာယ်ရှိမည် မဟုတ်ချေ။ ယင်းသည် ကျေးဇူးတော်ခေတ် ဖြစ်ခဲ့ပြီး လူသားအတွက် မွေ့လျော်ရန် လုံလောက်သော ကျေးဇူးတော်ရှိခဲ့သည့်အတွက်၊ သန့်ရှင်းသော ဝိညာဉ်တော်သည် ထိုအချိန်က ထိုနည်းလမ်းဖြင့် အလုပ်လုပ်ခဲ့သည်။ လူသားထံမှ မည်သည့် ပေးဆပ်မှုမျိုးကိုမျှ မတောင်းဆိုခဲ့သကဲ့သို့၊ သူ့တွင် ယုံကြည်ခြင်း ရှိခဲ့သရွေ့ ကျေးဇူးတော် ရရှိမည် ဖြစ်သည်။ အားလုံးသည် အလွန် ကျေးဇူးပြုခြင်းဖြင့် ဆက်ဆံ ခံခဲ့ကြရသည်။ ယခုတွင် ခေတ်ပြောင်းသွားပြီဖြစ်ပြီး ဘုရားသခင်၏ အမှုသည် နောက်ထပ် ရှေ့ဆက်တိုးတက်ပြီးဖြစ်သည်။ လူသား၏ ပုန်ကန်မှုနှင့် ၎င်း၏ အတွင်းရှိ မသန့်ရှင်းသည့်အရာများကို သန့်စင်ပစ်စေသည်မှာ သူ၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းမှတစ်ဆင့် ဖြစ်သည်။ ယင်းအဆင့်သည် ရွေးနုတ်ခြင်း၏ အဆင့်ဖြစ်လျက်၊ လူသည် အပြစ်မှ ရွေးနုတ်ခံရကာ ကျေးဇူးတော်အားဖြင့် ၎င်း၏ အပြစ်များ ခွင့်လွှတ်ခံရနိုင်ဖို့အလို့ငှာ၊ ဘုရားသခင်သည် လူသားအတွက် မွေ့လျော်ခံစားဖို့ လုံလောက်သော ကျေးဇူးတော်ကို ပြသရင်း ထိုနည်းလမ်းဖြင့် အမှုပြုအပ်ခဲ့သည်။ နောက်ပိုင်းတွင် လူသားမျိုးနွယ်သည် ကယ်တင်ခံရဖို့အလို့ငှာ၊ ဤလက်ရှိအဆင့်သည် ပြစ်တင်ဆုံးမခြင်း၊ တရားစီရင်ခြင်း၊ နှုတ်ကပတ်တော်များ၏ ပြင်းစွာရိုက်နှက်ခြင်းအပြင် နှုတ်ကပတ်တော်များ၏ ပဲ့ပြင် ဆုံးမခြင်းနှင့် ထုတ်ဖော်ပြခြင်းတို့အားဖြင့် လူသားအတွင်းရှိ မဖြောင့်မတ်မှုများကို ဖော်ထုတ်ပေသည်။ ဤသည်မှာ ရွေးနုတ်ခြင်းထက် သာ၍ ခြေခြေမြစ်မြစ်ရှိသော အမှု ဖြစ်သည်။ ကျေးဇူးတော်ခေတ်ထဲက ကျေးဇူးတော်သည် လူသား၏ မွေ့လျော်ခံစားခြင်းအတွက် လုံလောက်ခဲ့သည်။ ယခုတွင် လူသားသည် ဤကျေးဇူးတော်ကို မွေ့လျော်ခံစားနှင့်ပြီးဖြစ်ရာ၊ သူသည် ယင်းကို မွေ့လျော်ခံစားရဖို့ မရှိတော့ပေ။ ဤအမှုသည် ယင်း၏ အချိန်ကာလကို လွန်သွားပြီဖြစ်သကဲ့သို့ လုပ်ဆောင်ရန် မဟုတ်တော့ပေ။ ယခုတွင် လူသည် နှုတ်ကပတ်တော်၏ တရားစီရင်ခြင်းမှတစ်ဆင့် ကယ်တင်ခြင်းခံရဖို့ ဖြစ်သည်။ လူသည် တရားစီရင်ခံရပြီးနောက်၊ ပြစ်တင်ဆုံးမခံရကာ စစ်ဆေးခံရပြီးသည့်နောက်တွင်၊ သူ၏ စိတ်သဘောထားသည် ထိုသို့ဖြင့် ပြောင်းလဲသွားပေသည်။ ဤသည်မှာ ငါပြောဆိုပြီးဖြစ်သည့် နှုတ်ကပတ်တော်များကြောင့် ဖြစ်သည် မဟုတ်လော။ အမှု၏ အဆင့်အသီးသီးသည် လူသားမျိုးနွယ် တစ်ရပ်လုံး၏ တိုးတက်မှုနှင့် ခေတ်တို့နှင့် အညီ လုပ်ဆောင်ထားခြင်း ဖြစ်သည်။ အမှုသည် လုံးလုံး အရေးပါပြီး၊ လူသားမျိုးနွယ်အနေဖြင့် ကောင်းမွန်သော ခရီးပန်းတိုင်တစ်ခု အနာဂတ်တွင် ရှိနိုင်ဖို့ရန်နှင့် လူသားမျိုးနွယ်သည် အဆုံးတွင် အမျိုးအစားအလိုက် ခွဲခြားခံရနိုင်ဖို့အလို့ငှာ နောက်ဆုံးသော ကယ်တင်ခြင်းအတွက် အားလုံးကို လုပ်ဆောင်ခြင်း ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူ့ဇာတိခံယူခြင်း၏ နက်နဲရာအချက် (၄)

နောက်ဆုံးသောကာလတွင် ခရစ်တော်သည် လူသားကို သွန်သင်ရန်၊ လူသား၏အနှစ်သာရကို ဖော်ထုတ်ရန်နှင့် လူသား၏ အပြုအမူများနှင့် စကားလုံးများကို စိတ်ဖြာလေ့လာရန် အမျိုးမျိုးသော သမ္မာတရားများကို အသုံးပြု၏။ ဤနှုတ်ကပတ်တော်များသည် လူသား၏တာဝန်၊ လူသားသည် ဘုရားသခင်ကို မည်သို့နာခံသင့်ပုံ၊ လူသားသည် ဘုရားသခင်ကို မည်သို့သစ္စာရှိသင့်ပုံ၊ လူသားသည် သာမန်လူ့သဘာဝကို မည်သို့ အသက်ရှင်နေထိုင်သင့်ပုံအပြင်၊ ဘုရားသခင်၏ ဉာဏ်ပညာနှင့် စိတ်သဘောထား စသည်တို့ကဲ့သို့သော အမျိုးမျိုးသော သမ္မာတရားများ ပါဝင်သည်။ ဤနှုတ်ကပတ်တော်များ အားလုံးသည် လူသား၏အနှစ်သာရနှင့် သူ၏ဖောက်ပြန်ပျက်စီးနေသော စိတ်သဘောထားတို့ကို ဦးတည်ထား ပေသည်။ အထူးသဖြင့်၊ ဘုရားသခင်ကို လူသားက မည်သို့ ပစ်ပယ်သည်ကို ဖော်ထုတ်ပြသည့် နှုတ်ကပတ်တော်များမှာ လူသားသည် စာတန်၏ပြယုဂ်နှင့် ဘုရားသခင်ကိုဆန့်ကျင်သည့်ရန်သူအင်အား တစ်ခု မည်သို့ဖြစ်သည်နှင့် စပ်လျဉ်း၍ ပြောဆိုထားပေသည်။ သူ၏တရားစီရင်ခြင်းအမှုကို ဆောင်ရွက်ရာတွင်၊ ဘုရားသခင်သည် လူသား၏သဘာဝကို စကားလုံးအနည်းငယ်မျှဖြင့် ရှင်းလင်းရုံမျှ ရှင်းလင်းစေသည် မဟုတ်။ သူသည် ရေရှည်နှင့်ပတ်သက်၍ ဖော်ထုတ်သည်၊ ကိုင်တွယ်ဖြေရှင်းပြီး၊ ပြုပြင်လေသည်။ ဤဖော်ထုတ်ခြင်း၊ ကိုင်တွယ်ဖြေရှင်းခြင်းနှင့် ပြုပြင်ပေးခြင်း နည်းလမ်းများကို သာမန်စကားလုံးများဖြင့် အစားထိုး၍မရနိုင်ဘဲ၊ လူသားတွင် လုံးဝကင်းမဲ့နေသော သမ္မာတရားဖြင့် အစားထိုးနိုင်ပေသည်။ ဤသို့သော နည်းလမ်းများကိုသာ တရားစီရင်မှုဟု ခေါ်ဆိုနိုင်သည်။ ဤတရားစီရင်မှုမျိုးမှတစ်ဆင့်သာ လူသားသည် ချိုးနှိမ်ခံရနိုင်ပြီး၊ ဘုရားသခင်ထံ ကျိုးနွံနာခံခြင်းအဖြစ်သို့ လုံးလုံးလျားလျား သိမ်းသွင်းစည်းရုံးခံရနိုင်သည့်အပြင်၊ ဘုရားသခင်နှင့် ပတ်သက်သည့် စစ်မှန်သော အသိပညာကို ရရှိနိုင်ပေသည်။ တရားစီရင်ခြင်းက ဖြစ်ပေါ်စေသည့်အရာမှာ ဘုရားသခင်၏မျက်နှာအစစ်အမှန်နှင့် သူကိုယ်တိုင်၏ ပုန်ကန်မှုနှင့်ပတ်သက်သည့် အမှန်တရားကို လူသားက သိနားလည်ခြင်း ဖြစ်သည်။ တရားစီရင်ခြင်းအမှုသည် ဘုရားသခင်၏ အလို၊ ဘုရားသခင်အမှု၏ ရည်ရွယ်ချက်နှင့် လူသား နားမလည်နိုင်သော နက်နဲမှုများတို့နှင့် ပတ်သက်သည့် များပြားလှသော သိနားလည်မှုကို လူသားအား ရရှိခွင့်ပေးသည်။ ယင်းသည် လူသားကို သူ၏ ဖောက်ပြန်ပျက်စီးသော အနှစ်သာရနှင့် သူ၏ ဖောက်ပြန်ပျက်စီးမှု အရင်းအမြစ်များကို သတိပြုကာ သိရှိခွင့်ပေးသည့်အပြင် လူသား၏ အကျည်းတန်မှုကို သိရခွင့် ပေးလေသည်။ ဤအကျိုးသက်ရောက်မှုအားလုံးတို့ကို တရားစီရင်ခြင်း အမှုက ဖြစ်ပေါ်စေခြင်းဖြစ်သည်၊ အကြောင်းမှာ ဤအမှု၏ အနှစ်သာရသည် ဘုရားသခင်၌ ယုံကြည်ခြင်းရှိသူများ အားလုံးထံသို့ ဘုရားသခင်၏သမ္မာတရား၊ လမ်းခရီးနှင့် အသက်တို့ကို အမှန်တကယ် ဖွင့်ပြပေးသည့် အမှု ဖြစ်သောကြောင့် ဖြစ်သည်။ ဤအမှုသည် ဘုရားသခင် လုပ်ဆောင်သော တရားစီရင်ခြင်းအမှု ဖြစ်၏။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ခရစ်တော်သည် တရားစီရင်ခြင်း အမှုကို သမ္မာတရားဖြင့် ဆောင်ရွက်၏

အမှု၏ ဤနောက်ဆုံးအဆင့်တွင် ရလဒ်များကို နှုတ်ကပတ်တော်၏ ဆောင်ကြဉ်းမှုဖြင့် စွမ်းဆောင်ရရှိပေသည်။ နှုတ်ကပတ်တော်မှတစ်ဆင့် လူသည် နက်နဲမှုများစွာနှင့် အတိတ် မျိုးဆက်များတစ်လျှောက် ဘုရားသခင်လုပ်ဆောင်ခဲ့သော အမှုတို့ကို နားလည်လာသည်။ နှုတ်ကပတ်တော်မှတစ်ဆင့် လူသည် သန့်ရှင်းသော ဝိညာဉ်တော်၏ အသိဉာဏ်ပွင့်လင်းစေခြင်းကို ခံရသည်။ နှုတ်ကပတ်တော်မှတစ်ဆင့်၊ လူသည် ယခင်မျိုးဆက်များက မည်သည့်အခါမျှ လုံးဝ မဖြေရှင်းဖူးသည့် နက်နဲမှုများအပြင်၊ အတိတ်အချိန်ကာလများမှ ပရောဖက်များနှင့် တမန်တော်များ၏ အလုပ်နှင့် ၎င်းတို့အလုပ်လုပ်ရာတွင် အသုံးပြုခဲ့သည့် အခြေခံသဘောတရားများကို နားလည်လာသည်။ နှုတ်ကပတ်တော်မှတစ်ဆင့်၊ လူသည် ဘုရားသခင်ကိုယ်တော်တိုင်၏ စိတ်သဘောထားအပြင် လူ၏ ပုန်ကန်မှုနှင့် ခုခံခြင်းတို့ကိုလည်း နားလည်လာပြီး၊ သူကိုယ်တိုင်၏ အနှစ်သာရကို သိနားလည်လာသည်။ အမှု၏ ဤအဆင့်များမှတစ်ဆင့်၊ ပြီးလျှင် ပြောကြားခဲ့သော နှုတ်ကပတ်တော်များအားလုံးမှတစ်ဆင့်၊ လူသည် ဝိညာဉ်တော်၏ အလုပ်၊ ဘုရားသခင်၏ လူ့ဇာတိခံ ခန္ဓာ လုပ်ဆောင်သည့် အမှုနှင့် ထို့ထက်ပင်သာ၍ သူ၏ အလုံးစုံသော စိတ်သဘောထားကို သိလာသည်။ ဘုရားသခင်၏ အနှစ်ခြောက်ထောင်ကျော်ကြာ စီမံခန့်ခွဲခြင်း အမှုနှင့်ဆိုင်သည့် သင်၏ အသိပညာကိုလည်း နှုတ်ကပတ်တော်မှတစ်ဆင့် ရရှိပေသည်။ သင်၏ ယခင်က အယူအဆများနှင့် ယင်းတို့ကို ဘေးဖယ်ထားရာ၌ သင်၏ အောင်မြင်မှုနှင့်ဆိုင်သော အသိပညာသည်လည်း နှုတ်ကပတ်တော် မှတစ်ဆင့် ကြိုးပမ်းရရှိခဲ့သည်မဟုတ်လော။ ယခင်အဆင့်တွင်၊ ယေရှုသည် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို ပြုခဲ့သော်လည်း၊ ဤအဆင့်တွင် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများ မရှိပေ။ ဘုရားသခင်သည် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို အဘယ်ကြောင့် ထုတ်ဖော်မပြသည်နှင့်ဆိုင်သည့် သင်၏နားလည်မှုသည်လည်း နှုတ်ကပတ်တော်မှတစ်ဆင့် ရရှိသည်မဟုတ်လော။ ထို့ကြောင့် ဤအဆင့်တွင် ပြောဆိုထားသော နှုတ်ကပတ်တော်တို့သည် အတိတ်မျိုးဆက်များမှ တမန်တော်များနှင့် ပရောဖက်များ လုပ်ဆောင်ခဲ့ကြသော အလုပ်ကို ကျော်လွန်သည်။ ပရောဖက်များ ပြောကြားခဲ့ကြသော ပရောဖက်ပြုချက်များသည်ပင်လျှင် ဤရလဒ်ကို မရရှိနိုင်ဖူးပေ။ ပရောဖက်များသည် ပရောဖက်ပြုချက်များကိုသာ ပြောဆိုခဲ့ကြသည်၊ ၎င်းတို့သည် အနာဂတ်တွင် မည်သည့်အရာ ဖြစ်မည်ဆိုသည်ကို ပြောဆိုခဲ့ကြသော်လည်း၊ ထိုအချိန်က ဘုရားသခင် လုပ်ဆောင်ရန် ဆန္ဒရှိခဲ့သည့် အမှုကို မပြောဆိုခဲ့ကြပေ။ ၎င်းတို့သည် အသက်ကို အပ်နှင်းရန် မဆိုထားနှင့်၊ လူသားမျိုးနွယ်ကို ၎င်းတို့၏ အသက်တာများတွင် ဦးဆောင်လမ်းပြရန် သို့မဟုတ် လူသားမျိုးနွယ် အပေါ် သမ္မာတရားများ အပ်နှင်းရန် သို့မဟုတ် ၎င်းတို့ထံ နက်နဲမှုများကို ထုတ်ဖော်ပြရန် မပြောဆိုခဲ့ကြချေ။ ဤအဆင့်တွင် ပြောဆိုခဲ့သော စကားများထဲတွင်၊ ပရောဖက်ပြုချက်နှင့် သမ္မာတရားများ ရှိသော်လည်း၊ ဤစကားများသည် အဓိကအားဖြင့် လူသားအပေါ် အသက်ကို အပ်နှင်းရန် အသုံးတော်ခံကြလေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူ့ဇာတိခံယူခြင်း၏ နက်နဲရာအချက် (၄)

နောက်ဆုံးသောကာလ၏ ခရစ်တော်သည် အသက် ယူဆောင်လာပြီး၊ အဓွန့်ရှည်စွာ တည်တံ့ကာ ထာဝရတည်ရှိသော သမ္မာတရား၏ လမ်းခရီးကို ယူဆောင်လာ၏။ ဤသမ္မာတရားသည် လူသားက အသက်ရရှိသည့် လမ်းကြောင်းဖြစ်ပြီး၊ လူသားက ဘုရားသခင်ကို သိမည့် တစ်ခုတည်းသော လမ်းကြောင်းနှင့် ဘုရားသခင်၏ လက်ခံခြင်းခံရမည့် တစ်ခုတည်းသော လမ်းကြောင်းဖြစ်၏။ နောက်ဆုံးသောကာလ၏ ခရစ်တော်ပေးသည့် အသက်၏လမ်းခရီးကို သင်မရှာဖွေပါက၊ သင်သည် သမိုင်း၏ ရုပ်သေးရုပ်ရော အကျဉ်းသားပါ ဖြစ်သည့်အတွက်၊ ယေရှု၏ လက်ခံမှုကို မည်သည့်အခါမျှ သင် ရရှိမည်မဟုတ်သကဲ့သို့၊ ကောင်းကင်နိုင်ငံတော်၏ တံခါးကိုဝင်ရန် မည်သည့်အခါမျှ အရည်အချင်းမီမည် မဟုတ်ပေ။ စည်းမျဉ်းစည်းကမ်းများ၊ ကျမ်းဟောင်းတရားများ၏ ထိန်းချုပ်မှုခံရပြီး၊ သမိုင်း၏ ချုပ်နှောင်မှုခံရသူများသည် မည်သည့်အခါတွင်မျှ အသက်ကို ရရှိနိုင်လိမ့်မည် မဟုတ်သကဲ့သို့၊ အသက်၏ ထာဝရလမ်းခရီးကို ရရှိနိုင်မည် မဟုတ်ပေ။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် ထိုသူတို့အားလုံးသည် ပလ္လင်မှ စီးဆင်းသည့် အသက်ရေ ဖြစ်မည့်အစား နှစ်ပေါင်းထောင်ပေါင်းများစွာ တစ်နေရာတည်းတွင် ရှိနေသော နောက်ကျိသည့် ရေများ ဖြစ်ကြသောကြောင့် ဖြစ်၏။ အသက်ရေဖြင့် ထောက်ပံ့မှု မခံရသောသူတို့သည် လူသေကောင်များ၊ စာတန်၏ ကစားစရာများနှင့် ငရဲ၏သားများအဖြစ် ထာဝရရှိနေကြလိမ့်မည်။ သို့ဖြစ်ပါက ၎င်းတို့သည် ဘုရားသခင်ကို မည်သို့ ရှုမြင်နိုင်မည်နည်း။ သင်သည် အတိတ်ကို ဖက်တွယ်ရန်သာ ကြိုးစားပါက၊ တည်ငြိမ်စွာ ရပ်နေခြင်းဖြင့် အမှုအရာများကို ၎င်းတို့ရှိနေသည့်အတိုင်း ထိန်းသိမ်းရန်သာ ကြိုးစားပြီး၊ ပိုနေမြဲ ကျားနေ‌မြဲ အခြေအနေကို ပြောင်းလဲရန်နှင့် သမိုင်းကို စွန့်ပစ်ရန် မကြိုးစားပါက၊ သင်သည် ဘုရားသခင်ကို အမြဲဆန့်ကျင်နေမည် မဟုတ်လော။ ဘုရားသခင် အမှု၏ အဆင့်များသည်- တလိပ်လိပ်တက်နေသော လှိုင်းတံပိုးများနှင့် မြည်ဟည်းနေသော မိုးချုန်းသံကဲ့သို့- ကြီးမားကျယ်ပြန့်ကာ တန်ခိုးကြီးသော်လည်း၊ သင်သည် ပျက်စီးခြင်းကို မလှုပ်မယှက် စောင့်ဆိုင်းရင်း၊ သင်၏မိုက်မဲမှုကို ဖက်တွယ်ရင်းနှင့် မည်သည့်အရာမျှ မလုပ်ဆောင်ဘဲနေရင်း ထိုင်နေသည်။ ဤနည်းဖြင့်၊ သိုးသငယ်၏ ခြေလှမ်းနောက် လိုက်သူတစ်ဦးအဖြစ် သင့်ကို မည်သို့ယူဆ၍ရနိုင်မည်နည်း။ သင် ဖက်တွယ်ထားသော ဘုရားသခင်သည် အစဉ်အသစ်ဖြစ်ကာ၊ မည်သည့်အခါမျှ အိုဟောင်းခြင်းမရှိသည့် ဘုရားသခင်အဖြစ် သင် မည်သို့ မှန်ကန်ကြောင်းပြနိုင်မည်နည်း။ သင်၏ အဝါရောင် သန်းနေသော စာအုပ်များ၏ စကားလုံးများသည် သင့်ကို ခေတ်သစ်တစ်လျှောက် မည်သို့ သယ်ဆောင်သွားနိုင်မည်နည်း။ ဘုရားသခင့်အမှု၏ အဆင့်များကို ရှာဖွေရန် ယင်းတို့သည် သင့်ကို မည်သို့ဦးဆောင်နိုင်မည်နည်း။ ပြီးလျှင် ၎င်းတို့သည် သင့်ကို ကောင်းကင်သို့ မည်သို့ခေါ်ဆောင်သွားနိုင်မည်နည်း။ သင်၏ လက်ထဲတွင် သင်ကိုင်စွဲသည့်အရာမှာ သင့်ကို ယာယီဖြေသိမ့်မှုသာ ပေးနိုင်သည့် ကျမ်းဟောင်းတရားများသာဖြစ်သည်၊ အသက် ပေးနိုင်စွမ်းရှိသည့် သမ္မာတရားများ မဟုတ်ပေ။ သင်ဖတ်သည့် သမ္မာကျမ်းများမှာ သင်၏နှုတ်ကိုသာ ကြွယ်ဝစေနိုင်ပြီး၊ သင့်ကို စုံလင်စေခြင်းဆီသို့ ဦးဆောင်လမ်းပြပေးနိုင်သော လမ်းကြောင်းများဖြစ်ဖို့ မဆိုထားနှင့်၊ လူ့အသက်တာကို သိရှိရန် သင့်ကို ကူညီနိုင်သည့် ဉာဏ်ပညာနှင့်ဆိုင်သော စကားများပင် မဟုတ်ပေ။ ဤကွာဟချက်သည် သင့်ကို ပြန်လည်သုံးသပ်ရန် အကြောင်းတရား မပေးပါသလော။ ယင်းသည် အတွင်းတွင် ပါရှိသည့် နက်နဲမှုများကို သင့်အား နားလည်စေပါသလော။ သင်သည် ဘုရားသခင်ကို သင့်ဘာသာ တွေ့ဆုံရန် မိမိကိုယ်ကိုယ် ကောင်းကင်ဘုံသို့ ပို့ဆောင်နိုင်သလော။ ဘုရားသခင်၏ ကြွလာခြင်းမရှိဘဲနှင့်၊ သင်သည် ဘုရားသခင်နှင့် မိသားစုပျော်ရွှင်မှုကို မွေ့လျော်ခံစားရန် သင့်ကိုယ်သင် ကောင်းကင်ဘုံထဲသို့ ခေါ်ဆောင်သွားနိုင်သလော။ သင်သည် ယခု စိတ်ကူးယဉ် နေသေးသလော။ သို့ဆိုပါက စိတ်ကူးယဉ်ခြင်းကို ရပ်တန့်ပြီး၊ ယခု မည်သူအမှုပြုနေသည်ကို ကြည့်ရန်- နောက်ဆုံးသောကာလတွင် လူသားကို ကယ်တင်ခြင်းအမှုအား ယခု မည်သူ ဆောင်ရွက်နေသည်ကို မြင်ရန် ကြည့်ဖို့- ငါအကြံပြု၏။ သင် ထိုသို့မလုပ်ဆောင်ပါက၊ သမ္မာတရားကို မည်သည့်အခါတွင်မျှ သင် ရရှိလိမ့်မည်မဟုတ်သကဲ့သို့၊ အသက်ကို မည်သည့်အခါတွင်မျှ ရရှိလိမ့်မည် မဟုတ်ပေ။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နောက်ဆုံးသော ကာလ၏ ခရစ်တော်သည်သာ လူသားအား ထာဝရအသက်၏ လမ်းခရီးကို ပေးနိုင်သည်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ကျေးဇူးတော်ခေတ်တွင် အသင်းတော်၏ အသက်တာနှင့် နိုင်ငံတော်ခေတ်တွင် အသင်းတော်၏ အသက်တာတို့ကြား ကွဲပြားခြားနားမှုများ

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ- ဘုရားသခင်သည် ကျေးဇူးတော်ခေတ်၌ တတိယကောင်းကင်ဘုံသို့ ပြန်ကြွသွားချိန်တွင်၊ ဘုရားသခင်၏ လူသားမျိုးနွယ်...

ကျေးဇူးတော်ခေတ်ရှိ ကယ်တင်ခံရခြင်းနှင့် နိုင်ငံတော်ခေတ်ရှိ ပြည့်ဝသော ကယ်တင်ခြင်း ရရှိခြင်းတို့ကြား ပဓာနကျသည့် ကွဲပြားခြားနားမှုများ

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ- ထိုအချိန်က ယေရှု၏ အမှုမှာ လူသားမျိုးနွယ်တစ်ရပ်လုံးကို ရွေးနှုတ်ရန် ဖြစ်သည်။ သူ့ကို...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။