လူတို့၏ အသက်တာများသည် လျှပ်တစ်ပြက်၊ နှစ်အနည်းငယ်အတွင်း ကုန်လွန်သွားသည်။ ပြန်ကြည့်လျက်၊ ၎င်းတို့သည် ၎င်းတို့၏ အသက်တာများကို ပြန်လည်သတိရမိကြသည်- ကျောင်းသွားရင်း၊ အလုပ်လုပ်ရင်း၊ အိမ်ထောင်ပြုရင်း၊ သားသမီးများရှိရင်း၊ သေခြင်းကို စောင့်ဆိုင်းရင်း၊ ၎င်းတို့၏ အသက်တာများတစ်ခုလုံးသည် လူသား တည်ရှိမှု၏ မှန်ကန်သော ဦးတည်ချက်နှင့် ရည်မှန်းချက်များ လုံးဝ ကင်းမဲ့ပြီး ရှင်သန်ခြင်းတွင် မည်သည့် တန်ဖိုး သို့မဟုတ် အဓိပ္ပါယ်မျှ မရှာတွေ့နိုင်ဘဲလျက်၊ မိသားစု၊ ငွေကြေး၊ အဆင့်အတန်း၊ အခွင့်အလမ်းနှင့် သိက္ခာတရားအတွက် မအားမလပ် ဟိုဟိုသည်သည် ပြေးလွှားရင်း ကုန်လွန်ခဲ့ကြသည်။ ထို့ကြောင့် လူတို့သည် မျိုးဆက် တစ်ဆက်ပြီးတစ်ဆက် ဤ နာကျင်စရာဖြစ်ပြီး အနှစ်မဲ့သည့် နည်းလမ်းဖြင့် အသက်ရှင်ကြလေသည်။ လူတို့၏ အသက်တာများသည် အဘယ်ကြောင့် အလွန် နာကျင်ဖွယ်ဖြစ်ပြီး အနှစ်မဲ့ပါသနည်း။ ပြီးလျှင် လူသား တည်ရှိခြင်း၏ နာကျင်မှုနှင့် အနှစ်မဲ့ခြင်းတို့ကို မည်သို့ ဖြေရှင်းနိုင်သနည်း။

06.12.2021

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

လူသားတို့ ကြံ့ကြံ့ခံကြရသည့် မွေးဖွားခြင်း၊ သေဆုံးခြင်း၊ ဖျားနာခြင်းနှင့် အိုမင်းသောအသက်အရွယ်တို့မှ ရာသက်ပန် ဆင်းရဲဒုက္ခ၏ အရင်းအမြစ်မှာ အဘယ်နည်း။ အဘယ်အရာက လူတို့ကို ဤအရာများအား ရရှိစေခဲ့သနည်း။ လူသားတို့ ကနဦး ဖန်ဆင်းခံခဲ့ရစဉ်က သူတို့တွင် ထိုအရာများ မရှိခဲ့ကြသည် မဟုတ်လော။ သို့ဆိုလျှင် ဤအရာများသည် မည်သည့်နေရာမှ လာခဲ့သနည်း။ ထိုအရာများသည် လူသားများအနေဖြင့် စာတန်၏ သွေးဆောင်ဖြားယောင်းမှု ခံခဲ့ရပြီး ၎င်းတို့၏ ခန္ဓာ ဆုတ်ယုတ်လာခဲ့သည့်နောက်တွင် ဖြစ်တည်လာခဲ့ကြခြင်း ဖြစ်သည်။ လူသား ခန္ဓာ၏ နာကျင်မှု၊ ယင်း၏ ဝေဒနာများနှင့် ယင်း၏အနှစ်သာရမဲ့ခြင်းအပြင်၊ လူ့လောက၏ အလွန့်အလွန် စိတ်မချမ်းမြေ့ဖွယ် အရေးကိစ္စများသည် စာတန်က လူသားမျိုးနွယ်ကို ဖောက်ပြန်ပျက်စီးစေခဲ့ပြီးသည်နှင့်တစ်ပြိုင်နက် ဖြစ်လာခဲ့ကြသည်သာ ဖြစ်သည်။ လူသားများသည် စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းကို ခံရပြီးနောက်၊ ယင်းက ၎င်းတို့ကို စတင် ညှဉ်းဆဲခဲ့လေသည်။ အကျိုးဆက်အနေဖြင့်၊ ၎င်းတို့သည် ပို၍ပို၍ အကျင့်ပျက်ယိုယွင်းလာခဲ့သည်။ လူသားမျိုးနွယ်၏ အနာရောဂါများမှာ ပို၍ပို၍ ကြီးမားလာပြီး၊ သူတို့၏ ဆင်းရဲဒုက္ခမှာ ပို၍ပို၍ ပြင်းထန်လာခဲ့သည်။ တိုး၍ တိုး၍၊ လူတို့သည် လူ့လောက၏ အနှစ်သာရကင်းမဲ့ခြင်းနှင့် ကံဆိုးမိုးမှောင်ကျခြင်းအပြင်၊ ဆက်လက်ရှင်သန်နိုင်စွမ်းမရှိခြင်းတို့ကို ခံစားခဲ့ကြရပြီး၊ သူတို့သည် ကမ္ဘာလောကအတွက် မျှော်လင့်ချက် ပို၍ပို၍လျော့နည်းစွာ ခံစားခဲ့ကြရသည်။ ထို့ကြောင့် ဤဒုက္ခကို လူသားများအပေါ် စာတန်က ကျရောက်စေခြင်းဖြစ်ပြီး၊ ထိုအရာသည် သူတို့အား စာတန်မှ ဖောက်ပြန်ပျက်စီးစေပြီးနောက်မှသာ ရောက်လာကာ သူတို့၏ ဇာတိပကတိမှာ အကျင့်ပျက်ယိုယွင်းလာခဲ့သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ လောကီဆင်းရဲဒုက္ခကို ဘုရားသခင် မြည်းစမ်းခြင်း၏ အဓိပ္ပာယ်

လူမှုရေးသိပ္ပံပညာများနှင့်ဆိုင်သည့် လူသားမျိုးနွယ်၏ ဖန်တီးနိုင်မှု စွမ်းရည်နောက်တွင်၊ လူသား၏ စိတ်ကို သိပ္ပံပညာနှင့် အသိပညာများက နေရာယူလာကြပြီးဖြစ်သည်။ သိပ္ပံနှင့် အသိပညာသည် လူသားမျိုးနွယ်ကို အုပ်စိုးခြင်းအတွက် တန်ဆာပလာများဖြစ်လာပြီး ဖြစ်ကာ လူသားအတွက် ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်ရန် အခွင့်အလမ်း လုံလုံလောက်လောက် မရှိတော့သကဲ့သို့၊ ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်ခြင်းအတွက် သာ၍သင့်လျော်သော အခြေအနေများ မရှိတော့ပေ။ ဘုရားသခင်၏နေရာသည် လူ၏ နှလုံးသားထဲတွင် ယခင်ထက် သာ၍နိမ့်ဆင်းပြီးဖြစ်သည်။ သူ၏ စိတ်နှလုံးတွင် ဘုရားသခင် မရှိဘဲနှင့်၊ လူသား၏ အတွင်းကမ္ဘာသည် မှောင်မိုက်၏၊ မျှော်လင့်ချက်ကင်းမဲ့ကာ အနှစ်မဲ့သွားလေသည်။ နောက်ပိုင်းတွင် လူသားမျိုးနွယ်၏ စိတ်နှင့် နှလုံးသားကို ဖြည့်ဆည်းရန် လူသားကို ဘုရားသခင် ဖန်ဆင်းခဲ့သည်ဆိုသည့် သမ္မာတရားနှင့် ဆန့်ကျင်သည့် လူမှုသိပ္ပံ သဘောတရားများ၊ လူသားဆင့်ကဲဖြစ်စဉ် သဘောတရားနှင့် အခြားသော သဘောတရားများကို ဖော်ပြရန် လူမှုရေးသိပ္ပံပညာရှင်များ၊ သမိုင်းပညာရှင်များနှင့် နိုင်ငံရေးသမားများ များစွာ ရှေ့တန်းရောက်လာခဲ့ကြသည်။ ဤနည်းဖြင့် ဘုရားသခင်က အရာရာကို ဖန်ဆင်းခဲ့ကြောင်းကို ယုံကြည်သူများ နည်းသည်ထက် နည်းပါးလာခဲ့ပြီး ဆင့်ကဲဖြစ်စဉ် သဘောတရားကို ယုံကြည်သူများက အရေအတွက်အားဖြင့် ယခင်ထက် ပိုမိုများပြားလာခဲ့လေသည်။ ဓမ္မဟောင်း ခေတ်ကာလအတွင်း ဘုရားသခင်၏ အမှုနှင့် သူ၏နှုတ်ကပတ်တော်များနှင့်ဆိုင်သည့် မှတ်တမ်းများကို ဒဏ္ဍာရီများနှင့် ရိုးရာပုံပြင်များအဖြစ် သဘောထားသော လူများ ပို၍ ပို၍ များလာလေသည်။ ၎င်းတို့၏ စိတ်နှလုံးများထဲတွင်၊ လူတို့သည် ဘုရားသခင်၏ ဂုဏ်သိက္ခာနှင့် ကြီးမြတ်မှု၊ ဘုရားသခင် တည်ရှိပြီး အရာခပ်သိမ်းအပေါ် အုပ်စိုးမှု ကိုင်စွဲသည်ဆိုသည့် သက်ဝင်ယုံကြည်မှုများကို ဂရုမစိုက်ကြတော့ပေ။ လူသားမျိုးနွယ်၏ ရှင်သန်မှုနှင့် နိုင်ငံများနှင့် လူမျိုးများ၏ ကံကြမ္မာတို့သည် ၎င်းတို့အဖို့ အရေးမပါတော့သကဲ့သို့၊ လူသည် စားခြင်း၊ သောက်ခြင်းနှင့် အပျော်အပါး လိုက်စားခြင်းတို့ကိုသာ အလေးထားသည့် အနှစ်သာရ ကင်းမဲ့သည့် လောကကြီးတွင် အသက်ရှင်လေသည်။...ဘုရားသခင်က ယနေ့ သူ၏ အမှုကို မည်သည့်နေရာတွင် လုပ်ဆောင်သည်ကို ရှာဖွေရန် သို့မဟုတ် လူသား၏ ခရီးပန်းတိုင်ကို ဘုရားသခင်က မည်သို့ တာဝန်ယူပြီး စီစဉ်ပေးသည်ကို ရှာဖွေရန် မိမိတွင် တာဝန်ရှိသည်ဟု လူအနည်းငယ်ကသာ ခံယူထားကြသည်။ ဤနည်းဖြင့် လူသားက မသိလိုက်ဘဲ၊ လူမှုအဖွဲ့အစည်းတိုးတက်မှုသည် လူသား၏ လိုအင်ဆန္ဒများကို လိုက်နာနိုင်မှု နည်းသည်ထက် နည်းလာခဲ့ပြီး၊ ထိုသို့သောလောကတွင် အသက်ရှင်ရလျက်၊ ကွယ်လွန်ပြီးနှင့် သူများထက် ၎င်းတို့က ပျော်ရွှင်မှု သာ၍ လျော့နည်းသည်ဟု ခံစားရသည့် လူများစွာပင် ရှိလေသည်။ ယဉ်ကျေးမှု အဆင့်အတန်းတိုးတက်မှု မြင့်မားသော နိုင်ငံများမှ လူများသည်ပင် ထိုသို့သော မကျေနပ်ချက်များကို ဖွင့်ဟပြောဆို ကြလေသည်။ အကြောင်းမှာ ဘုရားသခင်၏လမ်းပြမှုမရှိဘဲနှင့်၊ အုပ်ချုပ်သူများနှင့် လူမှုဗေဒပညာရှင်များအနေဖြင့် လူမှုအဖွဲ့အစည်းတိုးတက်မှုကို ထိန်းသိမ်းရန် မည်မျှပင် ဦးနှောက်ခြောက်အောင် စဉ်းစားစေကာမူ၊ အချည်းနှီး ဖြစ်ပေသည်။ မည်သူမျှ လူသား၏အသက် မဖြစ်နိုင်သကဲ့သို့၊ လူသားကို သူ ဖိစီးနှိပ်စက်ခံရသည့် လစ်ဟာမှုမှ မည်သည့် လူမှုသဘောတရားကမျှ မလွတ်မြောက်စေနိုင်သည့်အတွက်၊ လူသား၏ နှလုံးသားထဲရှိ အနှစ်မဲ့မှုကို မည်သူမျှ မဖြည့်ဆည်းပေးနိုင်ပေ။ သိပ္ပံပညာ၊ အသိပညာ၊ လွတ်လပ်မှု၊ ဒီမိုကရေစီ၊ နားနေချိန်၊ ကိုယ်စိတ်ချမ်းသာမှု- ဤအရာများက လူသားထံ ယာယီ နှစ်သိမ့်မှုတစ်ခုသာ ဆောင်ကြဉ်းပေးသည်။ ဤအရာများဖြင့်ပင်လျှင်၊ လူသားသည် မလွဲမသွေ အပြစ်ကျူးလွန်ဆဲ ဖြစ်ပြီး လူမှုအဖွဲ့အစည်း၏ မတရားမှုများကို ညည်းညူကြဆဲဖြစ်သည်။ ဤအရာများက လူသား၏ တောင့်တမှုနှင့် စူးစမ်းလေ့လာလိုစိတ်ကို မချုပ်ထိန်းနိုင်ပေ။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် လူသားကို ဘုရားသခင်က ဖန်ဆင်းခဲ့ခြင်း ဖြစ်ပြီး လူသား၏ အသိတရားမဲ့သော စွန့်လွှတ်အနစ်နာခံမှုများနှင့် စူးစမ်းလေ့လာမှုများသည် ပို၍သာ စိတ်သောက ရောက်စေနိုင်ပြီး လူသားမျိုးနွယ်၏ အနာဂတ်ကို မည်သို့ရင်ဆိုင်ရမည် သို့မဟုတ် ရှေ့တွင်ရှိသော လမ်းကြောင်းကို မည်သို့ရင်ဆိုင်ရမည်ကို မသိဘဲလျက်၊ လူကို အတောမသတ်သော ကြောက်ရွံ့ခြင်း အခြေအနေတစ်ခုတွင် တည်ရှိဖို့သာ ဖြစ်စေလိမ့်မည်ဖြစ်သောကြောင့် ဖြစ်သည်။ လူသားသည် သိပ္ပံနှင့် အသိပညာတို့ကိုပင် ကြောက်ရွံ့လာပြီး အနှစ်မဲ့ခြင်း ခံစားချက်ကို ပို၍ပင် ကြောက်ရွံ့လာသည်။ ဤကမ္ဘာလောကတွင် သင်သည် လွတ်လပ်သော နိုင်ငံတစ်ခု သို့မဟုတ် လူ့အခွင့်အရေးများမရှိသည့် နိုင်ငံတစ်ခုတွင် နေထိုင်သည် ဖြစ်စေ၊ သင်သည် လူသားမျိုးနွယ်၏ ကံကြမ္မာကို လွတ်မြောက်နိုင်စွမ်း လုံးဝမရှိပေ။ သင်သည် အုပ်စိုးသူဖြစ်စေ၊ အုပ်စိုးခံသူဖြစ်စေ သင်သည် စိတ်ရှုပ်ထွေးစေသော အနှစ်မဲ့မှု ခံစားချက်မှ လွတ်မြောက်နိုင်စွမ်းရှိဖို့ မဆိုထားနှင့်၊ လူသားမျိုးနွယ်၏ ကံကြမ္မာ၊ လျှို့ဝှက်ဆန်းကြယ်မှုများနှင့် ခရီးပန်းတိုင်တို့ကို လေ့လာစူးစမ်းလိုသည့် စိတ်ဆန္ဒမှ လွတ်မြောက်နိုင်စွမ်း လုံးဝမရှိပေ။ လူသားမျိုးနွယ် အားလုံးအဖို့ ဖြစ်တတ်သော အဆိုပါဖြစ်စဉ်ကို လူမှုသိပ္ပံပညာရှင်များက လူမှုဖြစ်စဉ်ဟု ခေါ်ကြသော်လည်း၊ ထိုသို့သော ပြဿနာများကို ဖြေရှင်းရန် မည်သည့် မဟာလူသားမျှ ထွက်မလာနိုင်ပေ။ အဆုံးတွင်တော့ လူသားသည် လူသားသာ ဖြစ်ပြီး၊ ဘုရားသခင်၏ နေရာနှင့် အသက်ကို မည်သည့်လူသားကမျှ အစားမထိုးနိုင်ပေ။ လူသားမျိုးနွယ်သည် အယောက်တိုင်း ကောင်းကောင်းမွန်မွန် ကျွေးမွေးခံရပြီး သာတူညီမျှဖြစ်ကာ လွတ်လပ်သည့် တရားမျှတသော လူမှုအဖွဲ့အစည်းကိုသာ လိုအပ်သည်မဟုတ်ပေ။ လူသားမျိုးနွယ် လိုအပ်သည်မှာ ဘုရားသခင်၏ ကယ်တင်ခြင်းနှင့် ၎င်းတို့အဖို့ သူ၏ အသက်အထောက်အပံ့ ဖြစ်သည်။ လူသားအနေဖြင့် ဘုရားသခင်၏ အသက်ထောက်ပံ့မှုနှင့် သူ၏ ကယ်တင်ခြင်းကို ရရှိသောအခါမှသာ၊ လူသား၏ လိုအပ်ချက်များ၊ စူးစမ်းလေ့လာရန် စိတ်ဆန္ဒနှင့် ဝိညာဉ်ရေးရာ အနှစ်မဲ့မှုတို့သည် ပြေလည်သွားနိုင်ပေသည်။ နိုင်ငံတစ်နိုင်ငံ သို့မဟုတ် လူမျိုးတစ်မျိုး၏ လူများသည် ဘုရားသခင်၏ ကယ်တင်ခြင်းနှင့် စောင့်ရှောက်မှုကို မခံယူနိုင်ပါက၊ ထိုနိုင်ငံ သို့မဟုတ် လူမျိုးသည် အမှောင်ထုဆီသို့ ကျဆုံးခြင်း လမ်းကို နင်းလျှောက် ရလိမ့်မည် ဖြစ်ပြီး ဘုရားသခင်၏ သုတ်သင်ဖယ်ရှားခြင်းကို ခံရပေလိမ့်မည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နောက်ဆက်တွဲ (၂)- လူသားမျိုးနွယ်တစ်ရပ်လုံး၏ ကံကြမ္မာအပေါ် ဘုရားသခင် တာဝန်ယူဦးဆောင်သည်

လူတစ်ချို့က “ကံပဲ” ဆိုသည့် စကားစုအပေါ် သိပ်ကောင်းမွန်ပြီး လေးနက်သည့် သိနားလည်မှုမျိုး ရှိကြသည်။ သို့သော် ၎င်းတို့သည် ဖန်ဆင်းရှင်၏ အချုပ်အခြာ အာဏာကို အနည်းငယ်မျှ မယုံကြပေ။ လူသား၏ ကံကြမ္မာကို ဘုရားသခင်က စီစဉ်ပြီး ညွှန်ကြားသည်ကို မယုံသကဲ့သို့ ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာကို ကျိုးနွံနာခံဖို့ လိုလား မနေကြချေ။ ထိုသို့သော လူများသည် ပင်လယ်ထဲမှာမျောနေပြီး ရေစီးကြောင်းနှင့်အတူမျောပါရင်း လှိုင်းများဖြင့် လူးလွန့်လျက်၊ မတုန်မလှုပ်နှင့် စောင့်နေပြီး ၎င်းတို့ကိုယ်၎င်းတို့ ကံအပေါ်မှာ ပုံအပ်ထားဖို့ကလွဲပြီး တစ်ခြားရွေးချယ်စရာ မရှိပေ။ သို့သော်လည်း လူသား၏ ကံကြမ္မာသည် ဘုရားသခင်၏ အချုပ်အခြာအာဏာကို ဝန်ခံရသည်ကို ၎င်းတို့ မသိမှတ်ကြချေ။ ၎င်းတို့၏ ကိုယ်ပိုင်အစွမ်းအစနှင့် ဘုရားသခင်၏ အချုပ်အခြာအာဏာကို သိမလာနိုင်ပေ၊ ထိုသို့အားဖြင့် ဖန်ဆင်းရှင်၏ သြဇာအာဏာနှင့်ဆိုင်သည့် အသိပညာကို ရရှိခြင်း၊ ဘုရားသခင်၏ အစီအစဉ်နှင့် စီစဉ်ညွှန်ကြားမှုများကို ကျိုးနွံနာခံဖို့၊ ကံကြမ္မာကို ခုခံနေခြင်းအား ရပ်တန့်ဖို့၊ ဘုရားသခင်၏ ဂရုစိုက်မှု၊ ကာကွယ်မှုနှင့် လမ်းပြမှုအောက် အသက်ရှင်ဖို့ ဖြစ်မလာနိုင်ပေ။ တစ်နည်းအားဖြင့် ဆိုလျှင်၊ ကံကြမ္မာကိုလက်ခံခြင်းက ဖန်ဆင်းရှင်၏ အချုပ်အခြာ အာဏာကို ကျိုးနွံနာခံခြင်းနှင့် မတူပေ။ ကံကြမ္မာကို ယုံကြည်မှုက ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာကို လက်ခံခြင်း၊ သိမှတ်ခြင်း၊ သိရှိခြင်းတို့ကို မဆိုလိုပေ။ ကံကြမ္မာကို ယုံကြည်ခြင်းက ယင်း၏ အမှန်တရားနှင့် ယင်း၏ အပေါ်ယံ သရုပ်သကန်များကို သတိပြုမိခြင်းသာဖြစ်၏။ ဤအရာသည် ဖန်ဆင်းရှင်က လူသားမျိုးနွယ်၏ ကံကြမ္မာကို မည်သို့အုပ်စိုးသည်ဆိုသည်ကို သိခြင်း၊ ဖန်ဆင်းရှင်က အရာအားလုံး၏ ကံကြမ္မာအပေါ် အုပ်စိုးခြင်း အရင်းအမြစ် ဖြစ်သည်ဆိုတာကို သိမှတ်ခြင်းတို့မှ ကွဲပြားပြီး လူသားမျိုးနွယ်၏ ကံကြမ္မာအတွက် ဖန်ဆင်းရှင်၏ စီစဉ်ညွှန်ကြားခြင်းနှင့် စီစဉ်မှုအပေါ် ကျိုးနွံနာခံခြင်းမှပို၍ပင် ကွဲပြားလေသည်။ လူတစ်ယောက်က ကံကြမ္မာကိုပဲ ယုံကြည် သော်လည်း ယင်းကို လေးလေးနက်နက် ခံစားလျှင်ပင် ထိုသို့ဖြင့် လူသားမျိုးနွယ်၏ ကံကြမ္မာအပေါ်မှာ ဖန်ဆင်းရှင်၏ အချုပ်အခြာ အာဏာကို သိဖို့သတိပြုမိဖို့ရန်၊ ယင်းကို ကျိုးနွံနာခံဖို့နှင့် လက်ခံဖို့ဖြစ်မလာနိုင်ပါက မည်သို့ပင်ဆိုစေ ၎င်းတို့၏ဘဝသည် အဖြစ်ဆိုးတစ်ခု၊ အချည်းနှီးရှင်သန်သည့် ဘဝတစ်ခု၊ ဗလာတစ်ခု ဖြစ်ပေလိမ့်မည်။ ၎င်းတို့သည် ဖန်ဆင်းရှင်၏ အုပ်စိုးမှုအောက် လာဖို့ရန်၊ အမှန်ကန်ဆုံးသော အဓိပ္ပါယ်ဖြင့် အဖန်ဆင်းခံ လူသားတစ်ဦး ဖြစ်လာဖို့၊ ဖန်ဆင်းရှင်၏ လက်ခံအတည်ပြုမှုကို ခံစားရဖို့ တတ်နိုင်လိမ့်ဦးမည်မဟုတ်ပေ။ ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာကို အမှန်တကယ်သိပြီး ကြုံတွေ့ရသည့် လူတစ်ယောက်သည် မတုန်မလှုပ်ဖြစ်ခြင်း သို့မဟုတ် အကူအညီ မဲ့နေခြင်း အခြေအနေ မဟုတ်ဘဲ၊ တက်ကြွသည့်အခြေအနေတွင် ရှိသင့်၏။ ထိုသို့သော လူသည် အရာအားလုံးက ကံစီမံရာ ဖြစ်သည်ကို လက်ခံစဉ်တွင်၊ သက်ရှိတိုင်းက ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာကို ဝန်ခံရသည်ဆိုသည့် ဘဝနှင့် ကံကြမ္မာ၏ တိကျသည့် အဓိပ္ပါယ် ဖွင့်ဆိုချက်ကို ပိုင်ဆိုင်သင့်ပေသည်။ ၎င်းလျှောက်ခဲ့သည့်လမ်းကို ပြန်ကြည့်သည့်အခါ၊ ၎င်းခရီး၏ ပြောင်းလဲမှု အဆင့်တိုင်းကို ပြန်လည်သတိရသည့်အခါ ၎င်း၏ ခရီးလမ်းသည် ခက်ခဲမောပန်းသည်ဖြစ်စေ၊ ချောမွေ့သည်ဖြစ်စေ၊ ခြေလှမ်းတိုင်းတွင် ဘုရားသခင်က ၎င်း၏လမ်းကို ဦးဆောင် လမ်းပြနေခဲ့ပြီး စီမံချက်ရေးဆွဲနေခဲ့သည်ကို မြင်ရပေသည်။ ယင်းသည် ၎င်းကိုယ်တိုင်မသိဘဲလျက် သူ့ကို ယနေ့အထိ ဦးဆောင်လမ်းညွှန်ပေးခဲ့သည့် ဘုရားသခင်၏ စေ့စပ်သေချာသည့် စီစဉ်မှု၊ ဂရုတစိုက်စီစဉ်မှုတို့ ဖြစ်ခဲ့ပေသည်။ ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာကို လက်ခံနိုင်ဖို့၊ ၎င်း၏ကယ်တင်ခြင်းကို လက်ခံရရှိဖို့ဆိုတာ မည်မျှ ကြီးမြတ်သည့် အခွင့်အလမ်း ဖြစ်ပါသနည်း။ လူတစ်ဦးသည် ကံကြမ္မာအပေါ် အပျက်သဘောဆောင်သည့် သဘောထားရှိပါက၊ ၎င်းတို့အတွက် ဘုရားသခင်စီစဉ်ပေးသည့် အရာရာတိုင်းကို သူတို့ခုခံနေကြောင်း၊ ၎င်းတို့တွင် ကျိုးနွံနာခံသည့် သဘောထားမရှိကြောင်းကို ယင်းက သက်သေပြပေသည်။ လူသား၏ ကံကြမ္မာအပေါ် ဘုရားသခင်၏ အချုပ်အခြာအာဏာကို တစ်ဦးတစ်ယောက်သည် အပြု သဘောဆောင်သည့် သဘောထားရှိပါက သူ့ခရီးကို ပြန်ကြည့် သည့်အခါ၊ ဘုရားသခင်၏ အချုပ်အခြာအာဏာကို အမှန်တကယ် သဘောပေါက်လာသည့်အခါ၊ ဘုရားသခင်စီစဉ်ပေးသည့် အရာရာတိုင်းကို ကျိုးနွံနာခံဖို့ သာ၍ လေးလေးနက်နက် ဆန္ဒရှိလာလိမ့်မည်၊ ၎င်း၏ ကံကြမ္မာကို ဘုရားသခင်အား စီစဉ်ညွှန်ကြားခွင့်ပြုဖို့နှင့် ဘုရားသခင်ကို ဆန့်ကျင်ပုန်ကန်ခြင်းအား ရပ်ဖို့၊ စိတ်ပိုင်းဖြတ်ချက်နှင့် ယုံကြည်မှု ပိုပြီးရှိလာလိမ့်မည်။ အကြောင်းမှာ ၎င်းသည် ကံကြမ္မာကို နားလည်သဘောပေါက်ခြင်း မရှိသည့်အခါ၊ ဘုရားသခင်၏ အချုပ်အခြာအာဏာကို နားလည်ခြင်းမရှိသည့်အခါ၊ မြူများကိုဖြတ်သွားရင်း ဒယိမ်းဒယိုင်နှင့် ကိုယ့်သဘောနှင့် စမ်းတဝါးဝါးသွားသည့်အခါ ခရီးက အလွန်ခက်ခဲသည်။ အလွန် ကြေကွဲဖွယ်ကောင်းပါသည်။ ထို့ကြောင့် လူတို့သည် လူသား၏ ကံကြမ္မာအပေါ် ဘုရားသခင်၏ အချုပ်အခြာအာဏာကို သတိပြုမိလာသည့်အခါ၊ ပါးနပ်သူများက ဤအချက်ကို သိဖို့၊ လက်ခံဖို့၊ ၎င်းတို့၏ ကိုယ်ပိုင်လက်နှစ်ဖက်နှင့် ကောင်းမွန်သည့် ဘဝတစ်ခုကို တည်ဆောက်ဖို့ ကြိုးစားသည့်အချိန်တွင် နာကျင်ရသည့် နေ့ရက်များကို နှုတ်ဆက်လိုက်ဖို့၊ ကံကြမ္မာကို ဆန့်ကျင်ရုန်းကန်ခြင်းနှင့် ကိုယ်ပိုင်နည်းလမ်းများဖြင့် ၎င်းတို့၏ ဘဝပန်းတိုင်ဟု ၎င်းတို့ခေါ်သည့် အရာများနောက် လိုက်စားခြင်းအား ရပ်တန့်ဖို့ ရွေးချယ်ကြသည်။ လူတစ်ယောက်သည် ဘုရားသခင်မရှိသည့်အခါ၊ သူ့ကို မမြင်နိုင် သည့်အခါ၊ ဘုရားသခင်၏ အချုပ်အခြာအာဏာကို ရှင်းရှင်း လင်းလင်း မသိသည့်အခါ၊ နေ့တိုင်းက အဓိပ္ပာယ်မရှိ၊ တန်ဖိုးမရှိ၊ စိတ်မချမ်းမြေ့စရာ ဖြစ်သည်။ လူသည် မည်သည့်နေရာ၌ရှိပါစေ၊ မည်သည့်အလုပ်ကိုလုပ်ပါစေ ၎င်း၏အသက်ရှင်မှုနည်းလမ်းနှင့် ၎င်း၏ ပန်းတိုင်နောက်လိုက်ခြင်းက ၎င်းအား အဆုံးမရှိသည့် ကြေကွဲခြင်းနှင့် သက်သာခြင်းမရှိသည့် ဒုက္ခခံစားမှုတို့ကိုသာ ယူဆောင်လာပေးသည်၊ ယင်းမှာ မိမိ၏ အတိတ်ကို ပြန်လှည့် ကြည့်ဖို့ ခံနိုင်ရည်မရှိသည့်အရာမျိုးဖြစ်သည်။ ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာကို လက်ခံသည့်အခါမှသာ၊ သူ၏ စီစဉ်ညွှန်ကြားမှုများနှင့် အစီအစဉ်များကို ကျိုးနွံနာခံပြီး စစ်မှန်သော လူ့ဘဝကို ရှာဖွေသည့်အခါမှသာ ဘဝ၏ အနှစ်မဲ့ခြင်းဟူသမျှကို ခါချပြီး ကြေကွဲခြင်းနှင့် ဒုက္ခခံစားမှုအားလုံးမှ တဖြည်းဖြည်း လွတ်ကင်းမည်ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၃)

လူတို့က ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုနှင့် ဘုရားသခင်၏ အချုပ်အခြာအာဏာကို သတိပြုခြင်း မရှိသည့်အတွက်၊ သူတို့သည် ကံကြမ္မာကို ကလန်ကဆန်ပြုကာ ပုန်ကန်သည့် စိတ်သဘောနှင့် အမြဲ ရင်ဆိုင်ကြပြီး သူတို့၏ လက်ရှိအခြေအနေများကို ပြောင်းလဲပြီး ကံကြမ္မာကို ပြောင်းလဲဖို့ အချည်းနှီးမျှော်လင့်လျက် ဘုရားသခင်၏ အခွင့်အာဏာ၊ အချုပ်အခြာ အာဏာနှင့် ကံကြမ္မာက အဆင်သင့်ထားသည့် အရာတို့ကို အမြဲစွန့်ပစ်ချင်ကြသည်။ သို့သော်လည်း သူတို့ ဘယ်သောအခါမှ မအောင်မြင်နိုင်သကဲ့သို့ အလှည့်တိုင်းတွင် တားဆီးခံရသည်။ လူတစ်ယောက်၏ ဝိညာဉ် အတွင်း နက်နက်ရှိုင်းရှိုင်း ဖြစ်ပျက်သည့် ဤရုန်းကန်လှုပ်ရှားမှုက အချိန်တိုင်း ၎င်း၏ ဘဝကို ဖြုန်းတီးပစ်သည်နှင့်အမျှ အရိုးခိုက်အောင် နက်ရှိုင်းသည့် နာကျင်မှုမျိုးကို ယူဆောင်လာ လေသည်။ ဤနာကျင်မှုကို မည်သည့်အရာက ဖြစ်စေသနည်း။ ဘုရားသခင်၏ အချုပ်အခြာအာဏာကြောင့်လော သို့မဟုတ် လူတစ်ယောက်က ကံမကောင်းစွာနှင့် မွေးဖွားလာသောကြောင့် ဖြစ်သလော။ သိသာစွာပင် တစ်ခုမျှ မမှန်ကန်ပေ။ တကယ့်အကြောင်းရင်းက လူတို့ လျှောက်ကြသည့် လမ်းကြောင်းများ၊ ၎င်းတို့ဘဝကို အသက်ရှင်နေထိုင်ဖို့ လူတို့ရွေးချယ်သည့် နည်းလမ်းများ ကြောင့်ဖြစ်သည်။ လူအချို့က ဤအရာများကို နားလည်ကောင်းနားလည်နိုင်မည်မဟုတ်။ သို့သော်လည်း သင်တကယ် သိလာသည့်အခါ၊ လူသား၏ ကံကြမ္မာအပေါ် ဘုရားသခင်၏ အချုပ်အခြာအာဏာကို သင်အမှန်တကယ် သတိပြုမိလာသည့်အခါ၊ ဘုရားသခင်က သင့်အတွက် စီစဉ်ထားပြီး သတ်မှတ်ထားသည့် အရာရာတိုင်းက ကြီးမားသည့် အကျိုးကျေးဇူးနှင့် ကွယ်ကာမှုဖြစ်သည်ကို သင်အမှန်တကယ် နားလည်လာသည့်အခါ သင့်နာကျင်မှုက စတင်ပေါ့ပါးလာကာ၊ သင့်တစ်ကိုယ်လုံးက သက်သောင့်သက်သာ ရှိလာသည်၊ ပေါ့ပါးလွတ်လပ်ပြီး လွတ်မြောက်လာသည်ကို သင်ခံစားရမည်။ လူအများစု၏ အခြေအနေများမှ အကဲဖြတ်ရပါက၊ ၎င်းတို့သည် ခံစားချက်အဆင့်အရ ၎င်းတို့ ယခင်က အသက်ရှင်နေထိုင်သကဲ့သို့ ဆက်ပြီး မနေထိုင်ချင်သော်လည်း၊ ၎င်းတို့၏နာကျင်မှုမှ သက်သာချင်သော်လည်း၊ အရှိအတိုင်းဆိုလျှင် ၎င်းတို့သည် လူသားတို့၏ ကံကြမ္မာအပေါ် ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာ၏ လက်တွေ့ကျသည့် တန်ဖိုးနှင့် အဓိပ္ပါယ်ကို အမှန်တကယ် နားမလည်နိုင်ကြပေ၊ အရှိအတိုင်း ဖန်ဆင်းရှင်၏ စီစဉ်ညွှန်ကြားမှုနှင့် စီစဉ်မှုကို မည်သို့ရှာဖွေပြီး လက်ခံရမည်ကို သိဖို့နေနေသာသာ၊ ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာကို အမှန်တကယ် သတိပြုမိပြီး ကျိုးနွံနာခံနိုင်ခြင်း မရှိကြချေ။ ထို့ကြောင့် လူတို့သည် လူသား၏ ကံကြမ္မာနှင့် ကိစ္စရပ်များ အားလုံးအပေါ် ဖန်ဆင်းရှင်က အချုပ်အခြာအာဏာ ရှိသည်ဆိုသည့် အချက်ကို အမှန်တကယ် သတိမပြုမိပါက၊ ဖန်ဆင်းရှင်၏ အုပ်စိုးမှုကို အမှန်တကယ် ကျိုးနွံနာခံနိုင်ခြင်းမရှိပါက၊ ၎င်းတို့ အတွက် “လူတစ်ယောက်၏ကံကြမ္မာက သူ့လက်ထဲမှာရှိသည်” ဆိုသည့် အယူအဆအားဖြင့် မောင်းနှင်ခြင်းမခံရဖို့နှင့် ချုပ်ချယ်ခြင်း မခံရဖို့ ခက်ခဲပေလိမ့်မည်။ ကံကြမ္မာနှင့် ဖန်ဆင်းရှင်၏ သြဇာ အာဏာတို့ကို ဆန့်ကျင်ပြီး ပြင်းထန်စွာ ရုန်းကန်လှုပ်ရှားခြင်း၏ နာကျင်မှုများကို ပယ်ရှားဖို့ ၎င်းတို့အတွက် ခက်ခဲပါလိမ့်မည်။ ပြောဖို့မလိုသည်မှာ ၎င်းတို့ အမှန်တကယ် လွတ်မြောက်ပြီး လွတ်လပ်ဖို့၊ ဘုရားသခင်ကို ကိုးကွယ်သည့်လူများဖြစ်လာဖို့ ၎င်းတို့အတွက် ခက်ခဲပါလိမ့်မည်။ သို့သော်၊ ဤအခြေအနေမှ မိမိကိုယ်ကိုယ် လွတ်မြောက်ဖို့ အလွန့်အလွန် ရိုးရှင်းသည့် နည်းလမ်းတစ်ခု ရှိ၏။ ယင်းမှာ ယခင်က အသက်ရှင် နေထိုင်သည့်ပုံစံကို နှုတ်ဆက်လိုက်ဖို့၊ ယခင်က ဘဝပန်းတိုင်များကို နှုတ်ဆက်လိုက်ဖို့၊ ယခင်က ဘဝနေထိုင်မှုပုံစံ၊ ဘဝအပေါ်ရှုမြင်ပုံ၊ လိုက်စားမှုများ၊ အလိုဆန္ဒများနှင့် စံသတ်မှတ်ချက်များကို အနှစ်ချုပ်ကာ ခွဲခြမ်းစိတ်ဖြာကြည့်ဖို့ဖြစ်သည်၊ ပြီးလျှင် ၎င်းတို့ကို ဘုရားသခင်၏ အလိုတော်၊ လူသားအတွက် တောင်းဆိုချက်များနှင့် နှိုင်းယှဉ်ကြည့်ပြီး ၎င်းတို့အထဲမှ တစ်စုံတစ်ခုက ဘုရားသခင်၏ အလိုတော်နှင့် တောင်းဆိုမှုများနှင့် ကိုက်ညီမှုရှိမရှိ၊ ၎င်းတို့အထဲမှ တစ်စုံတစ်ခုက ဘဝ၏ မှန်ကန်သည့် တန်ဖိုးကို ပေးအပ်ခြင်းရှိမရှိ၊ သမ္မာတရားကို ပိုပြီးသိနားလည်မှုဆီသို့ ဆိုက်ရောက်စေခြင်းရှိမရှိ၊ လူ့သဘာဝနှင့် လူသားပုံသဏ္ဌာန်ဖြင့် နေထိုင်ခွင့်ပေးခြင်းရှိမရှိ ကြည့်ဖို့ဖြစ်သည်။ ဘဝတွင် လူတို့ကြိုးစားအားထုတ်သည့် ပန်းတိုင် အမျိုးမျိုးနှင့် ၎င်းတို့၏ မတူကွဲပြားသော မြောက်များစွာသော အသက်ရှင်နေထိုင် နည်းများကိုသင့်အနေဖြင့် ထပ်တလဲလဲ စုံစမ်းစစ်ဆေးပြီး ဂရုတစိုက် စိတ်ဖြာကြည့်သည့်အခါ ဖန်ဆင်းရှင်က လူသားမျိုးနွယ်ကို ဖန်ဆင်းခဲ့သည့်အချိန်က သူ၏ နဂိုမူလ ရည်ရွယ်ချက်နှင့် မည်သည့်အရာကမျှ ကိုက်ညီမှုမရှိသည်ကို သင်တွေ့ရလိမ့်မည်။ ၎င်းတို့အားလုံးက ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာနှင့် ဂရုစိုက်မှု၏ အဝေးသို့ လူတို့ကို ဆွဲခေါ်သွားသည်။ ၎င်းတို့အားလုံးသည် လူများကို အကျင့်ပျက်ပြားလာစေသည့် ထောင်ချောက်များသာ ဖြစ်သည်။ ဤအရာကို သင်အသိအမှတ်ပြုပြီးနောက် သင်၏တာဝန်မှာ သင်၏ ဘဝအပေါ် ရှုမြင်ပုံဟောင်းကို ဘေးချိတ်ထားပြီး ထောင်ချောက် အမျိုးမျိုးမှ ဝေးဝေးနေကာ သင့်ဘဝကို ဘုရားသခင်အား တာဝန်ယူစေ၍ သင့်အတွက် အစီအစဉ်များ ပြုလုပ်စေဖို့ ဖြစ်သည်၊ ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုများနှင့် လမ်းပြမှုတို့ကို ကျိုးနွံနာခံဖို့၊ တစ်ဦးချင်း ရွေးချယ်မှုမရှိဘဲ အသက်ရှင်ဖို့နှင့် ဘုရားသခင်ကို ကိုးကွယ်သည့်လူတစ်ယောက် ဖြစ်လာရန် ကြိုးစားဖို့ ဖြစ်သည်။ လွယ်ကူသည်ဟုထင်ရပါသည်။ သို့သော်လည်း လုပ်ဖို့ ခက်ခဲသည့်အရာဖြစ်၏။ လူအချို့တို့က ဤအရာ၏ နာကျင်မှုကို ခံနိုင်သည်။ တစ်ချို့က မခံနိုင်။ တစ်ချို့က လိုက်နာဖို့ ဆန္ဒရှိသည်။ တစ်ချို့က မရှိပေ။ ဆန္ဒမရှိသည့်သူများက ဤကဲ့သို့လုပ်ဖို့ အလိုဆန္ဒနှင့် ခိုင်မာသည့် ဆုံးဖြတ်ချက်မရှိကြ။ ၎င်းတို့သည် ဘုရားသခင်၏ အချုပ်အခြာအာဏာကို ရှင်းရှင်းလင်းလင်း သတိပြု မိသည်။ လူသားကံကြမ္မာကို အသေးစိတ် စီမံချက်ရေးဆွဲပြီး စီစဉ်သူသည် ဘုရားသခင်ဆိုသည်ကို ကောင်းစွာသိသည်။ သို့သော်လည်း သူတို့သည် ကြိုးစား ရုန်းကန်နေဆဲ ဖြစ်ပြီး၊ ၎င်းတို့သည် ဘုရားသခင်၏ လက်ထဲတွင် ၎င်းတို့ကံကြမ္မာကို ချထားဖို့၊ ဘုရားသခင်၏ အချုပ်အခြာအာဏာကို ကျိုးနွံနာခံဖို့ လက်မခံသေးသည့်အပြင် ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုနှင့် အစီအစဉ်တို့ကို သူတို့ မကျေနပ်ကြချေ။ ထို့ကြောင့် ၎င်းတို့ ဘယ်အရာတတ်စွမ်းသည်ဆိုတာကို ၎င်းတို့ကိုယ်၎င်းတို့ မြင်ချင်သည့် လူတစ်ချို့ အမြဲရှိနေပေလိမ့်မည်။ ၎င်းတို့သည် မိမိတို့၏ ကိုယ်ပိုင်လက်နှစ်ဖက်နှင့် မိမိတို့၏ ကံကြမ္မာကို ပြောင်းလဲချင်ကြသည်။ သို့မဟုတ် မိမိတို့၏ ကိုယ်ပိုင်အစွမ်းနှင့် ပျော်ရွှင်မှုကို ရယူချင်သည်၊ ဘုရားသခင်၏ သြဇာအာဏာ နယ်နိမိတ်စည်းများကို ကျော်ပြီး ဘုရားသခင် အချုပ်အခြာ အာဏာ၏ အထက်တွင် မြှင့်တက်နိုင်ခြင်းရှိမရှိ မြင်လိုကြသည်။ လူသား၏ ဝမ်းနည်းစရာက ပျော်ရွှင်သည့်ဘဝကို လူသားက ရှာခြင်းမဟုတ်ပေ၊ ကျော်ကြားမှု၊ စည်းစိမ် သို့မဟုတ် မြူများကိုဖြတ်ရင်း မိမိ၏ကိုယ်ပိုင် ကံကြမ္မာနှင့် ဆန့်ကျင် ရုန်းကန်ခြင်း မဟုတ်ဘဲ၊ ၎င်းသည် ဖန်ဆင်းရှင်၏ တည်ရှိမှုကို သိမြင်ပြီးနောက်၊ ဖန်ဆင်းရှင်က လူသား၏ ကံကြမ္မာအပေါ် အချုပ်အခြာအာဏာရှိသည်ဆိုသည့် အချက်ကို သိရှိပြီးနောက် ၎င်း၏ နည်းလမ်းများကို မပြုပြင်နိုင်သေးသကဲ့သို့ ၎င်း၏ ခြေထောက်များကို ရွှံ့နွံထဲမှ ဆွဲမထုတ်နိုင်ဘဲ ၎င်း၏နှလုံးသားကို မာကျောစေပြီး ၎င်းအမှားများကို မရမကပြုလုပ်ခြင်း ဖြစ်ပေသည်။ ၎င်းသည် နောင်တအနည်းငယ်မျှမရဘဲ အဆုံးအထိ ခုခံရင်း ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာကို ခေါင်းမာစွာနှင့် ဆန့်ကျင်အန်တုရင်း ရွံ့ထဲမှာပင် ဆက်ပြီး ယက်ကန်ယက်ကန် ဆက်ဖြစ်နေဖို့သာ လိုလားလေသည်။ နောက်ဆုံး အရှုံးပေးပြီး နောက်ပြန်လှည့်ဖို့ သူ ဆုံးဖြတ်သည်မှာ သူသည် ကျိုးပဲ့လဲကျပြီး သွေးထွက်သည့်အချိန်မှသာ ဖြစ်သည်။ ဤသည်မှာ စစ်မှန်သည့် လူသား၏ ဝမ်းနည်းမှုဖြစ်၏။ ထို့ကြောင့် ကျိုးနွံနာခံဖို့ ရွေးချယ်သည့်သူများက အသိပညာရှိပြီး ရုန်းကန်ကာ လွတ်မြောက်ဖို့ ကြိုးစားသူတို့က ခေါင်းမာသူများဖြစ်သည်ဟု ငါဆိုခြင်းဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၃)

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

လူသားမျိုးနွယ်သည် အဘယ့်ကြောင့် ဘုရားသခင်ကို ယုံကြည်သင့်သနည်း

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ- ဘုရားသခင်သည် အရာခပ်သိမ်းကို အုပ်စိုးပြီး အရာခပ်သိမ်းကို စီမံအုပ်ချုပ်သောသူ ဖြစ်၏။ သူသည်...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။