ဘုရားသခင်၌ အမှန်တကယ် ယုံကြည်ခြင်းဆိုသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း

06.12.2021

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

များစွာသော လူတို့သည် ဘုရားသခင်ကို ယုံကြည်ကြသော်လည်း၊ ဘုရားသခင်ကို ယုံကြည်ခြင်းမှာ အဘယ်အရာကို ဆိုလိုကြောင်းနှင့် ဘုရားသခင်၏ အလိုနှင့် ညီညွတ်ရန် ၎င်းတို့ မည်သည့်အရာ လုပ်ရမည်ဆိုကြောင်းတို့ကို အနည်းငယ်ကသာ သိနားလည်ကြသည်။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် လူများသည် “ဘုရားသခင်” ဆိုသည့် စကားလုံးနှင့် “ဘုရားသခင်၏ အမှု” ဟူသော စကားစုများနှင့် ရင်းနှီးကြသော်လည်း၊ ဘုရားသခင်ကို မသိကြဘဲ သူ၏ အမှုကို သာ၍ပင် မသိသောကြောင့် ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်ကို မသိသောသူများ အားလုံးသည် ဘုရားသခင်ကို ၎င်းတို့၏ ယုံကြည်မှုတွင် ရှုပ်ထွေးကြသည်မှာ မထူးဆန်းပေ။ လူများသည် ဘုရားသခင်ကို ယုံကြည်မှုအား အလေးအနက် မထားကြသကဲ့သို့၊ ဤသည်မှာ ဘုရားသခင်ကို ယုံကြည်ခြင်းသည် ၎င်းတို့အတွက် အလွန် မရင်းနှီးသောကြောင့်၊ အလွန်ပင် ထူးခြားနေသောကြောင့် လုံးလုံးလျားလျား ဖြစ်ပေသည်။ ဤနည်းဖြင့် ၎င်းတို့သည် ဘုရားသခင်၏ တောင်းဆိုမှုများကို ပြည့်မီနိုင်ခြင်း မရှိကြချေ။ တစ်နည်းအားဖြင့် လူများသည် ဘုရားသခင်ကို မသိဘဲ၊ ဘုရားသခင်၏အမှုကိုလည်း မသိပါက၊ ၎င်းတို့သည် ဘုရားသခင်၏ အသုံးပြုခြင်းအတွက် မသင့်တော်သကဲ့သို့၊ ဘုရားသခင်၏ အလိုကို ဖြည့်ဆည်းဖို့မှာ ပို၍ပင် မဖြစ်နိုင်ချေ။ “ဘုရားသခင်ကို ယုံကြည်ခြင်း” ဆိုသည်မှာ ဘုရားသခင်တစ်ပါး ရှိသည်ကို ယုံကြည်ခြင်းဖြစ်သည်။ ဤသည်မှာ ဘုရားသခင်ကို ယုံကြည်ခြင်းနှင့်ပတ်သက်၍ အရိုးရှင်းဆုံး အယူအဆ ဖြစ်၏။ ထို့အပြင် ဘုရားသခင်တစ်ပါးရှိသည်ကို ယုံကြည်ခြင်းသည် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်ခြင်းနှင့် မတူပေ။ ယင်းထက်၊ ထိုအရာသည် ခိုင်မာသည့် ဘာသာရေး အငွေ့အသက်ပါရှိသည့် ရိုးရှင်းသော ယုံကြည်မှုတစ်မျိုး ဖြစ်သည်။ ဘုရားသခင်ကို စစ်မှန်စွာ ယုံကြည်ခြင်း ဆိုသည်မှာ အောက်ပါအတိုင်း ဆိုလိုပေသည်- ဘုရားသခင်သည် အရာအားလုံးအပေါ် အချုပ်အခြာအာဏာ ကိုင်စွဲသည်ဟု ယုံကြည်မှုအရ၊ သူ၏ နှုတ်ကပတ်တော်များနှင့် အမှုတို့ကို လူတစ်ဦးက တွေ့ကြုံခံစားသည်၊ မိမိ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို သန့်စင်သည်၊ ဘုရားသခင်၏အလိုကို ဖြည့်ဆည်းပြီး၊ ဘုရားသခင်ကို သိကျွမ်းလာပေသည်။ ဤခရီးလမ်းမျိုးကိုသာ “ဘုရားသခင်ကို ယုံကြည်ခြင်း” ဟု ခေါ်ဆိုနိုင်ပေသည်။ သို့သော် လူများက ဘုရားသခင်ကို ယုံကြည်မှုသည် ရိုးရှင်းပြီး ပေါ့ပေါ့ပြက်ပြက် ကိစ္စတစ်ခုကဲ့သို့ ယေဘုယျအားဖြင့် မြင်တတ်ကြသည်။ ဤနည်းဖြင့် ဘုရားသခင်ကို ယုံကြည်သောလူများသည် ဘုရားသခင်အား ယုံကြည်ဖို့ဆိုသည်မှာ အဘယ်အရာဆိုလိုသည်ကို မျက်ခြည်ပြတ်သွားခဲ့ကြကာ၊ ၎င်းတို့သည် တကယ့်အဆုံးအထိ ဆက်လက် ယုံကြည်ကောင်း ယုံကြည်နိုင်သော်လည်း၊ ဘုရားသခင်၏ လက်ခံခြင်းကို မည်သည့်အခါတွင်မျှ ရရှိမည်မဟုတ်၊ အဘယ့်ကြောင့်ဆိုသော် ၎င်းတို့သည် မှားယွင်းသောလမ်းကြောင်းပေါ် နင်းလျှောက်ကြသောကြောင့် ဖြစ်သည်။ ယနေ့တွင် ကျမ်းဟောင်းတရားများ နှင့် အနှစ်မဲ့သည့် အယူဝါဒများအတိုင်း ဘုရားသခင်ကို ယုံကြည်သူများ ရှိနေသေးပေသည်။ ၎င်းတို့အနေဖြင့် ဘုရားသခင်ကို ယုံကြည်မှု၏ အနှစ်သာရ ကင်းမဲ့သည်ကို ၎င်းတို့ မသိကြသကဲ့သို့၊ ဘုရားသခင်၏ လက်ခံခြင်းကို ၎င်းတို့ မရရှိနိုင်ပေ။ ၎င်းတို့သည် ဘေးကင်းလုံခြုံခြင်း ကောင်းချီးမင်္ဂလာများနှင့် လုံလောက်သော ကျေးဇူးတော်ကို ဘုရားသခင်ထံ တောင်းလျှောက်ကြဆဲ ဖြစ်သည်။ ငါတို့ ရပ်တန့်ကြစို့၊ ငါတို့၏ စိတ်နှလုံးများကို ငြိမ်သက်စေပြီး မိမိတို့ကိုယ်ကိုယ် မေးကြစို့- ဘုရားသခင်ကို ယုံကြည်ခြင်းသည် ကမ္ဘာပေါ်တွင် အမှန်တကယ် အလွယ်ကူဆုံးသောအရာ ဖြစ်နိုင်သလော။ ဘုရားသခင်ကို ယုံကြည်ခြင်းသည် ဘုရားသခင်ထံမှ များစွာသော ကျေးဇူးတော် ရရှိခြင်းထက် ဘာမျှမပိုဟု ဆိုလိုသလော။ ဘုရားသခင်ကို မသိဘဲလျက် ဘုရားသခင်ကို ယုံကြည်သူ၊ သို့မဟုတ် ဘုရားသခင်ကို ယုံကြည်သော်လည်း သူ့ကို ဆန့်ကျင်သူတို့သည် ဘုရားသခင်၏အလိုကို အမှန်တကယ် ဖြည့်ဆည်းနိုင်သလော။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ ကျမ်းဦးစကား မှ

ဘုရားသခင်ကို စစ်မှန်စွာယုံကြည်ခြင်းသည် ကယ်တင်ခြင်းခံရရန်အတွက် သူ့ကိုယုံကြည်ခြင်း မဟုတ်သကဲ့သို့ လူကောင်းတစ်ဦး ဖြစ်ခြင်းအကြောင်း သာ၍ပင် မဟုတ်ပေ။ လူသားပုံသဏ္ဌာန်တစ်ခုကို ပိုင်ဆိုင်ရန် ဘုရားသခင်ကို ယုံကြည်ခြင်းအကြောင်းလည်း မဟုတ်ပေ။ အမှန်တွင် လူတို့သည် ယုံကြည်ခြင်းကို ဘုရားသခင်ရှိသည်ဟူသော ယုံကြည်ချက်တစ်ရပ်အဖြစ်သာ မမြင်သင့်ပေ၊ ဘုရားသခင်သည် သမ္မာတရား၊ လမ်းခရီး၊ အသက်တို့မှလွဲ၍ မည်သည့်အရာမျှ မဟုတ်ဟု သင်ယုံကြည်သင့်ရုံမျှသာ မဟုတ်ပေ။ ဘုရားသခင်ကို သင်အသိအမှတ်ပြု၍ ဘုရားသခင်သည် အရာခပ်သိမ်းအပေါ် အုပ်စိုးသူဖြစ်သည်၊ ဘုရားသခင်သည် အနန္တတန်ခိုးရှင်ဖြစ်ပြီး၊ ဘုရားသခင်သည် လောကရှိ အရာခပ်သိမ်းကို ဖန်ဆင်းခဲ့သည်၊ ဘုရားသခင်သည် အတုမရှိ၊ အထွတ်အထိပ်ဖြစ်သည်ဟု သင့်အနေဖြင့် ယုံကြည်ရန်အတွက်မျှသာလည်း မဟုတ်ပေ။ ဤအချက်အလက်များကို သင်ယုံကြည်စေရန်မျှသာ မဟုတ်ပေ။ ဘုရားသခင်၏အလိုတော်မှာ သင်၏ဖြစ်တည်မှု တစ်ရပ်လုံးနှင့် သင်၏စိတ်နှလုံးတစ်ခုလုံးကို ဘုရားသခင်အားပေးရန်နှင့် ဘုရားသခင်ကို နာခံရန်ဖြစ်၏၊ ဆိုလိုသည်မှာ သင်သည် ဘုရားသခင်နောက်သို့လိုက်၍၊ ဘုရားသခင်ကို သင့်အား အသုံးပြုခွင့်ပေးကာ၊ သူ့အတွက် အစေခံရခြင်းကို ပျော်ရွှင်သင့်ပြီး ဘုရားသခင်အတွက် မည်သည့်အရာမဆို သင်လုပ်သင့်သည်။ ဘုရားသခင်အားဖြင့် ရှေ့မဆွကခွဲခန့်မှတ်သားခြင်းခံရပြီး ရွေးချယ်ခံရသူတို့သာ သူ့ကို ယုံကြည်သင့်သည်ဟူ၍ မဟုတ်ပေ။ အမှန်တွင်၊ လူသားမျိုးနွယ်သည် ဘုရားသခင်အားဖြင့် ဖန်ဆင်းခြင်းခံခဲ့ရသောကြောင့် လူသားမျိုးနွယ်အားလုံးသည် ဘုရားသခင်ကို ကိုးကွယ်သင့်ကြ၏၊ သူ့ကို အလေးဂရုပြုပြီး နာခံသင့်ပေသည်။ ယခုတွင် ဤအရာသည် အနှစ်သာရ ကိစ္စရပ်နှင့် ဆိုင်ပေသည်။ သင်က၊ “ထာဝရအသက်ရဖို့ရန်အလို့ငှာ ဘုရားသခင်ကို ကျွန်ုပ်တို့ ယုံကြည်ကြသည် မဟုတ်လော။ ကယ်တင်ခံရဖို့အလို့ငှာ ဘုရားသခင်ကို ကျွန်ုပ်တို့ ယုံကြည်ကြသည် မဟုတ်လော”ဟု တစ်စုံတစ်ရာကို ရရှိဖို့ရန်မျှသာ ယုံကြည်ရင်းဖြင့် ဘုရားသခင်၌ သင်၏ ယုံကြည်ခြင်းကို အဓိကမဟုတ်သည့် အရာတစ်မျိုးကဲ့သို့ အမြဲပြောဆိုလျှင်၊ ဤသည်မှာ ဘုရားသခင်၌ သင်၏ ယုံကြည်ခြင်းနှင့်ဆိုင်၍ သင်ထားရှိသင့်သည့် အမြင်မဟုတ်ပေ။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သမ္မာတရားအား ကြိုးစားလိုက်လျှောက်ခြင်းသည်သာ ဘုရားသခင်အား စစ်မှန်သောယုံကြည်ခြင်းဖြစ်သည်” မှ

ယနေ့တွင် ဘုရားသခင်၌ ယုံကြည်မှု အစစ်အမှန်မှာ အဘယ်အရာနည်း။ ယင်းသည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို သင့်အသက်၏ လက်တွေ့အရှိတရား အဖြစ် လက်ခံခြင်းနှင့် ဘုရားသခင်ကို စစ်မှန်သည့် ချစ်ခြင်းအား ရရှိဖို့အလို့ငှာ ဘုရားသခင်၏နှုတ်ကပတ်တော်မှ သူ့ကို သိကျွမ်းခြင်း ဖြစ်သည်။ ရှင်းအောင်ဆိုရလျှင်- ဘုရားသခင်၌ ယုံကြည်မှုဆိုသည်မှာ သင်သည် ဘုရားသခင်ကို နာခံနိုင်ရန်၊ ဘုရားသခင်အား ချစ်နိုင်ရန်နှင့် ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါတစ်ဦးအနေနှင့် ဆောင်ရွက်သင့်သော တာဝန်ကို ဆောင်ရွက်နိုင်ဖို့အလို့ငှာ ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၌ ယုံကြည်ခြင်း၏ ရည်မှန်းချက်ဖြစ်သည်။ သင်သည် ဘုရားသခင်၏ ချစ်ဖွယ်ကောင်းမှု နှင့်ဆိုင်သည့် အသိ၊ ဘုရားသခင်သည် သူ၏ ကြည်ညိုခြင်း မည်မျှ ခံထိုက်တန်ကြောင်းနှင့်ဆိုင်သည့် အသိ၊ ဘုရားသခင်သည် သူ၏ဖန်ဆင်းခံများ၌ ကယ်တင်ခြင်းအမှုကို မည်သို့လုပ်ဆောင်ပြီး ၎င်းတို့ကို စုံလင်စေခြင်း နှင့်ဆိုင်သည့် အသိပညာကို ရရှိရမည်ဖြစ်သည်- ဤအရာများသည် ဘုရားသခင်၌ သင်၏ယုံကြည်မှုနှင့်ဆိုင်သည့် မရှိမဖြစ် လိုအပ်သောအရာများ ဖြစ်သည်။ ဘုရားသခင်၌ ယုံကြည်ခြင်းဆိုသည်မှာ အဓိကအားဖြင့် ဇာတိပကတိနှင့် သက်ဆိုင်သော အသက်တာမှ ဘုရားသခင်ကို ချစ်ခြင်းနှင့်ဆိုင်သည့် အသက်တာသို့ ပြောင်းလဲခြင်း၊ ဖောက်ပြန်ပျက်စီးခြင်း အတွင်း အသက်ရှင်ခြင်းမှ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သက်ဆိုင်သော အသက်တာအတွင်း အသက်ရှင်ခြင်းသို့ ပြောင်းလဲခြင်း ဖြစ်သည်။ ယင်းသည် စာတန်၏အုပ်စိုးမှုအောက်မှ ထွက်လာခြင်းနှင့် ဘုရားသခင်၏ စောင့်ရှောက်မှုနှင့် ကာကွယ်မှုအောက်၌ အသက်ရှင်ခြင်း ဖြစ်သည်။ ယင်းသည် ဘုရားသခင်ကို နာခံမှုနှင့် ဇာတိပကတိကို မနာခံမှုတို့အား စွမ်းဆောင်ရရှိနိုင်ခြင်း ဖြစ်သည်။ ယင်းသည် ဘုရားသခင်အား သင်၏ စိတ်နှလုံးတစ်ခုလုံးကို ရယူခွင့်ပေးခြင်း၊ ဘုရားသခင်အား သင့်ကို စုံလင်စေရန် အခွင့်ပေးခြင်းနှင့် ဖောက်ပြန်ပျက်စီးသော ဆိုးယုတ်သည့် စိတ်သဘောထားမှ မိမိကိုယ်ကိုယ် လွတ်မြောက်စေခြင်းတို့ ဖြစ်သည်။ ဘုရားသခင်၌ ယုံကြည်မှုသည် အဓိကအားဖြင့် ဘုရားသခင်၏ ဘုန်းအသရေနှင့် တန်ခိုးတို့ သင့်အထဲ၌ ထင်ရှားစေရန်အလို့ငှာ၊ ဘုရားသခင်၏ အလိုကို သင် လုပ်ဆောင်နိုင်ပြီး ဘုရားသခင်၏ အစီအစဉ်ကို ပြီးမြောက်စေနိုင်ဖို့အလို့ငှာနှင့် စာတန်၏ရှေ့၌ ဘုရားသခင်အဖို့ သင်သက်သေခံနိုင်စေရန်အလို့ငှာ ဖြစ်သည်။ ဘုရားသခင်၌ ယုံကြည်မှုသည် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို ရှုမြင်လိုသည်ဆန္ဒကို ဗဟိုမပြုသင့်သကဲ့သို့၊ သင်၏ ကိုယ်ရေးကိုယ်တာ ဇာတိပကတိအတွက်လည်း မဖြစ်သင့်ပေ။ ယင်းသည် ဘုရားသခင်ကို သိကျွမ်းခြင်းငှာ အားထုတ်ခြင်းနှင့် ဘုရားသခင်ကို နာခံနိုင်ခြင်း၊ ပြီးလျှင် ပေတရုကဲ့သို့ သေသည်အထိ သူ့ကို နာခံနိုင်ခြင်းအကြောင်း ဖြစ်သင့်ပေသည်။ ဤသည်တို့မှာ ဘုရားသခင်၌ ယုံကြည်ခြင်း၏ အဓိက ရည်မှန်းချက်များ ဖြစ်သည်။ တစ်ဦးတစ်ယောက်သည် ဘုရားသခင်ကို သိကျွမ်းဖို့နှင့် ဘုရားသခင်၏ အလိုကို ဖြည့်ဆည်းဖို့ရန်အလို့ငှာ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို စားသောက်ပေသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို စားသောက်ခြင်းသည် သင့်ကို ဘုရားသခင်နှင့်ဆိုင်သည့် သာ၍ကြီးမားသော အသိပညာ ပေးနိုင်သည်၊ ထို့နောက်မှသာ သင်သည် ဘုရားသခင်ကို နာခံနိုင်ပေသည်။ ဘုရားသခင်နှင့်ဆိုင်သည့် အသိပညာဖြင့်သာ သူ့ကို သင် ချစ်နိုင်ပြီး၊ ဤသည်မှာ လူသားက ဘုရားသခင်၌ သူ၏ ယုံကြည်မှုတွင် ရှိသင့်သည့် ရည်မှန်းချက်ဖြစ်သည်။ ဘုရားသခင်၌ သင်၏ ယုံကြည်မှုတွင် သင်သည် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများ ရှုမြင်ရဖို့ အမြဲ ကြိုးစားနေပါက၊ ဘုရားသခင်၌ ဤယုံကြည်မှု၏ ရှုထောင့်အမြင်သည် လွဲမှား၏။ ဘုရားသခင်၌ ယုံကြည်မှုဆိုသည်မှာ အဓိကအားဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို အသက်၏ လက်တွေ့အရှိတရားအဖြစ် လက်ခံခြင်း ဖြစ်သည်။ ဘုရားသခင်၏ ရည်မှန်းချက်ကို သူ၏ နှုတ်မှလာသော ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် သင်ကိုယ်တိုင်၏ အတွင်းတွင် ထိုနှုတ်ကပတ်တော်များကို ဆောင်ရွက်ခြင်းအားဖြင့်သာ ရရှိပေသည်။ ဘုရားသခင်၌ ယုံကြည်မှုတွင်၊ လူသားသည် ဘုရားသခင်၏ စုံလင်စေခြင်းခံရဖို့၊ ဘုရားသခင်ထံ ကျိုးနွံနာခံနိုင်ဖို့နှင့် ဘုရားသခင်ကို လုံးဝ နာခံတတ်ခြင်းအတွက် ကြိုးပမ်းသင့်ပေသည်။ သင်သည် ညည်းညူခြင်းမရှိဘဲ ဘုရားသခင်ကို နာခံနိုင်ပါက၊ ဘုရားသခင်၏ အလိုဆန္ဒများကို ဂရုပြုနိုင်ပါက၊ ပေတရု၏ ဝိညာဉ်ရင့်ကျက်မှုကို စွမ်းဆောင်ရရှိနိုင်ပြီး၊ ဘုရားသခင်ပြောဆိုသည့် ပေတရု၏ပုံစံကို ပိုင်ဆိုင်နိုင်ပါက၊ ယင်းသည် ဘုရားသခင်၌ ယုံကြည်မှုတွင် အောင်မြင်မှုကို သင်ရရှိပြီးသော အချိန်ဖြစ်လိမ့်မည်ဖြစ်ပြီး၊ ယင်းက သင်သည် ဘုရားသခင်၏ ရယူခြင်းခံရပြီးဖြစ်သည်ကို ညွှန်ပြပေမည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အရာအားလုံးကို ဘုရားသခင်၏ နှုတ်ကပတ်တော်ဖြင့် စွမ်းဆောင်ရရှိသည်

သင်သည် ဘုရားသခင်ကို ယုံကြည်သည့်အတွက်၊ သူ၏ နှုတ်ကပတ်တော်များကို စားသောက်ရမည်၊ သူ၏ နှုတ်ကပတ်တော်များကို တွေ့ကြုံပြီး အသက်ရှင်နေထိုင်ရမည် ဖြစ်သည်။ ဤအရာကိုသာ ဘုရားသခင်၌ ယုံကြည်မှုဟု ခေါ်ဆို၍ ရနိုင်ပေသည်။ ဘုရားသခင်ကို ယုံကြည်သည်ဟု သင့်နှုတ်ဖြင့် ပြောသော်လည်း၊ သူ၏ နှုတ်ကပတ်တော်များထဲမှ မည်သည့်အရာကိုမျှ လက်တွေ့လုပ်ဆောင်နိုင်ခြင်း မရှိပါက သို့မဟုတ် မည်သည့် လက်တွေ့အရှိတရားကိုမျှ မဖြစ်ပေါ်စေနိုင်ပါက၊ ဤအရာကို ဘုရားသခင်၌ ယုံကြည်ခြင်းဟု မခေါ်ဆိုပေ။ ထို့ထက် ယင်းသည် “ဆာလောင်မှုကို ဖြေဖျောက်ဖို့ ပေါင်မုန့်ရှာခြင်း” ဖြစ်သည်။ လက်တွေ့အရှိတရား စိုးစဉ်းမျှပင် ပိုင်ဆိုင်ခြင်းမရှိဘဲ၊ အရေးမပါသော သက်သေခံချက်များ၊ အချည်းနှီးသော အရာများ၊ အပေါ်ယံဖြစ်သော အရေးကိစ္စများကို ပြောဆိုခြင်း- ဤအရာတို့သည် ဘုရားသခင်၌ ယုံကြည်မှုတွင် မပါဝင်သကဲ့သို့၊ သင်သည် ဘုရားသခင်၌ ယုံကြည်ခြင်းနှင့်ဆိုင်သည့် မှန်ကန်သော နည်းလမ်းအား တကယ်ကို သဘောမပေါက်သေးပေ။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖြစ်နိုင်သမျှ များများ အဘယ်ကြောင့် စားသောက် ရမည်နည်း။ သူ၏ နှုတ်ကပတ်တော်များကို သင် မစားသောက်ဘဲ၊ ကောင်းကင်ဘုံသို့ တက်ဖို့သာ ကြိုးစားပါက၊ ယင်းမှာ ဘုရားသခင်၌ ယုံကြည်မှု ဖြစ်ပါသလော။ ဘုရားသခင်ကို ယုံကြည်သူတစ်ဦး လျှောက်လှမ်းသင့်သည့် ပထမ ခြေလှမ်းမှာ အဘယ်နည်း။ မည်သည့် လမ်းကြောင်းဖြင့် ဘုရားသခင်သည် လူကို စုံလင်စေသနည်း။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မစားသောက်ဘဲနှင့်၊ သင်သည် စုံလင်စေခြင်း ခံရနိုင်သလော။ သင်၏ လက်တွေ့အရှိတရားအဖြစ် အသုံးတော်ခံဖို့ ဘုရားသခင်၏ နှုတ်ကပတ်တော်များ မရှိဘဲနှင့်၊ သင်သည် နိုင်ငံတော်နှင့်ဆိုင်သော လူတစ်ဦးဟု ယူဆ၍ ရနိုင်သလော။ ဘုရားသခင်၌ ယုံကြည်မှုသည် မည်သည့်အရာကို အတိအကျ ဆိုလိုသနည်း။ ဘုရားသခင်ကို ယုံကြည်သူများသည် အနည်းဆုံးအနေဖြင့် အပြင်ပန်းတွင် ကောင်းကောင်း ပြုမူသင့်သည်။ အားလုံးထဲတွင် အရေးအကြီးဆုံးမှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ပိုင်ဆိုင်ဖို့ ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ၊ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လုံးဝ စွန့်ပစ်၍မရပေ။ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် သူ၏ ရည်ရွယ်ချက်များကို ဖြည့်ဆည်းခြင်း အားလုံးကို သူ၏ နှုတ်ကပတ်တော်များမှတစ်ဆင့် စွမ်းဆောင်ရရှိပေသည်။ အနာဂတ်တွင်၊ တိုင်းနိုင်ငံတိုင်း၊ အသင်းတော် ဂိုဏ်းဂဏတိုင်း၊ ဘာသာတရားတိုင်းနှင့် ကဏ္ဍတိုင်းကို ဘုရားသခင်၏ နှုတ်ကပတ်တော်များ မှတစ်ဆင့် သိမ်းပိုက်လိမ့်မည်။ ဘုရားသခင်သည် တိုက်ရိုက် စကားပြောဆိုလိမ့်မည်ဖြစ်ပြီး၊ လူအားလုံးသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မိမိတို့၏ လက်များထဲ၌ စွဲကိုင်ထားကြလိမ့်မည် ဖြစ်ကာ၊ ဤအရာအားဖြင့် လူသားမျိုးနွယ်သည် စုံလင်စေခြင်းခံရလိမ့်မည်။ အတွင်းနှင့်အပြင်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များ နေရာအနှံ့ ပျံ့နှံ့သည်။ လူသားမျိုးနွယ်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ၎င်းတို့၏ နှုတ်များဖြင့် ပြောဆိုကြလိမ့်မည်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်အညီ လက်တွေ့ လုပ်ဆောင်ကြလိမ့်မည် ဖြစ်ပြီး၊ အတွင်းကော အပြင်ပါ ဘုရားသခင် နှုတ်ကပတ်တော်၌ နက်နက်ရှိုင်းရှိုင်း ပြည့်နှက်ဆဲဖြစ်လျက်၊ စိတ်ထဲ၌ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ထိန်းသိမ်းကြလိမ့်မည်။ ထိုသို့ဖြင့် လူသားမျိုးနွယ်သည် စုံလင်စေခြင်း ခံရလိမ့်မည်။ ဘုရားသခင်၏ ရည်ရွယ်ချက်များကို ဖြည့်ဆည်းပြီး၊ သူ့အဖို့ သက်သေခံနိုင်သောသူများ၊ ဤသည်တို့မှာ ၎င်းတို့၏ လက်တွေ့အရှိတရားအဖြစ် ဘုရားသခင် နှုတ်ကပတ်တော်များကို ပိုင်ဆိုင်ကြသည့် လူများ ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နိုင်ငံတော်ခေတ်သည် နှုတ်ကပတ်တော်ခေတ်ဖြစ်သည်

ဘုရားသခင်ကို ယုံကြည်ခြင်းအရာ၌ လူတို့၏ အကြီးဆုံးသော အမှားအယွင်းမှာ စကားအားဖြင့်သာ ယုံကြည်ခြင်းဖြစ်ပြီး၊ နေ့စဉ်ဘ၀များတွင် ဘုရားသခင် လုံးဝမပါရှိပေ။ အကယ်စင်စစ်၊ ဘုရားသခင် တည်ရှိကြောင်းကို လူအားလုံးက ယုံကြည်သော်လည်း ဘုရားသခင်သည် သူတို့၏ နေ့စဉ် အသက်တာများတွင် လုံးဝမရှိ။ လူ့နှုတ်ဖျားက ဘုရားသခင်ထံ တောင်းလျှောက်သည့် ဆုတောင်းချက် အမြောက်အမြား ပြောဆိုသော်လည်း၊ သူတို့စိတ်နှလုံးအထဲတွင် ဘုရားသခင်အတွက် နေရာအနည်းငယ်သာ ရှိသဖြင့် ဘုရားသခင်သည်လည်း လူကို ထပ်ခါထပ်ခါ စစ်ကြောသည်။ ဤသည်မှာ လူတို့သည် မစင်ကြယ်သောကြောင့်၊ ဘုရားသခင်၏ ဤစမ်းသပ်မှုများအတွင်း ၎င်းတို့သည် အရှက်ရပြီး ကိုယ့်အကြောင်းကိုယ် သိလာစေရန် ဘုရားသခင်၌ ၎င်းတို့ကိုစစ်ကြောခြင်းမှလွဲ၍ အခြားနည်းလမ်း မရှိပေ။ သို့မဟုတ်လျှင်၊ လူသားသည် ကောင်းကင်တမန်မင်းမှ ဆင်းသက်လာသူများ ဖြစ်သွားလျက် ပို၍ပို၍ ဖောက်ပြန်ပျက်စီး လာလိမ့်မည်။ ဘုရားသခင်အပေါ် ၎င်းတို့၏ ယုံကြည်ခြင်း ဖြစ်စဉ်၌ လူတစ်ယောက်စီသည် ၎င်းတို့ကိုယ်တိုင်၏ ရည်ရွယ်ချက်များစွာနှင့် ရည်မှန်းချက်များစွာကို ဘုရားသခင်၏ ဆေးကြောခြင်း ခံယူလျက် စွန့်ပစ်ကြသည်။ သို့မဟုတ်လျှင် ဘုရားသခင် အဘယ်သူကိုမျှ အသုံးမပြုနိုင်ဘဲ၊ လူတို့၌ သူပြုသင့်သည့်အရာကို မပြုနိုင်ဘဲ ဖြစ်လိမ့်မည်။ ဘုရားသခင်က လူတို့ကို ရှေ့ဦးစွာ သန့်စင်ပေးသည်။ ဤဆေးကြောခြင်း လုပ်ငန်းစဉ်အားဖြင့် လူတို့သည်မိမိကိုယ်ကို အသိတရား ရရှိလာပြီး ဘုရားသခင်က ပြောင်းလဲကောင်း ပြောင်းလဲပေးလိမ့်မည်။ ထိုအခါမှသာ ဘုရားသခင်သည် သူ၏ အသက်ကို ၎င်းတို့အထဲတွင် လုပ်ဆောင်ခြင်း ပြုလာပြီး ထိုနည်းလမ်းအားဖြင့်သာလျှင် ၎င်းတို့၏နှလုံးသားသည်လည်း ဘုရားသခင်ထံသို့ လုံးလုံးလျားလျား လှည့်သွားနိုင်သည်။ ထို့ကြောင့် ဘုရားသခင်ကို ယုံကြည်ခြင်း ဆိုသည်မှာ လူများ ပြောကြသလောက် ရိုးရှင်းပြီး လွယ်ကူသည် မဟုတ်ပေ။ ဘုရားသခင်၏ အမြင်အတိုင်းဆိုလျှင် သင်၌ ပညာအသိသာရှိပြီး အသက်အဖြစ် သူ၏ နှုတ်ကပတ်တော်ကို မရှိပေ၊ ထို့အပြင် သင်သည် မိမိအသိပညာ အကန့်အသတ် ဘောင်ထဲ၌သာရှိပြီး သမ္မာတရားကို လက်တွေ့မကျင့်သုံးနိုင်ဘဲ ဘုရားသခင်၏ နှုတ်ကပတ်တော်အတိုင်း အသက်မရှင်နိုင်ပါက၊ ၎င်းသည် ဘုရားသခင်အတွက် ချစ်ခြင်းမေတ္တာ နှလုံးသား သင်၌ မရှိသေးကြောင်းကို သက်သေပြနေပြီး သင့်နှလုံးသားသည် ဘုရားသခင်နှင့် မသက်ဆိုင်ကြောင်းကိုလည်း ပြသည်။ ဘုရားသခင်ကို ယုံကြည်ခြင်းအားဖြင့် သူ့ကိုသိကျွမ်းလာနိုင်သည်- ယင်းသည် နောက်ဆုံးပန်းတိုင်ဖြစ်ပြီး လူသား လိုက်စားရမည့် ပန်းတိုင်ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် သင်လက်တွေ့ကျင့်သုံးရာ၌ အောင်မြင်စေရန် ၎င်းတို့အတိုင်း အသက်ရှင်ရေးရာတွင် ကြိုးပမ်းအားထုတ်ရမည်။ သင်သည် အယူဝါဒဆိုင်ရာ အသိတရားမျှသာရှိလျှင် ဘုရားသခင်အပေါ် သင်၏ယုံကြည်ခြင်းသည် အချည်းနှီး ဖြစ်သွားလိမ့်မည်။ ထို့နောက် သင်သည် သူ၏ နှုတ်ကပတ်တော်များကို လက်တွေ့ကျင့်သုံးပြီး အသက်ရှင်နေထိုင်ခြင်းလည်း ပြုမှသာ သင်၏ ယုံကြည်ခြင်းသည် စုံလင်၍ ဘုရားသခင်၏ အလိုနှင့်ညီသော ယုံကြည်ခြင်းအဖြစ် ယူဆနိုင်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သင်သည် ဘုရားသခင်ကို ယုံကြည်သောကြောင့် သမ္မာတရားအတွက် အသက်ရှင်သင့်သည်

ဘုရားသခင်ကို သင်အဘယ်ကြောင့် ယုံကြည်သနည်း။ လူအများစုသည် ဤမေးခွန်းအပေါ် ဝေခွဲမရဖြစ်ကြသည်။ ၎င်းတို့သည် လက်တွေ့ကျသော ဘုရားသခင်နှင့် ကောင်းကင်ဘုံ၌ရှိသော ဘုရားသခင်အကြောင်း လုံးဝ မတူညီသည့် ရှုထောင့်အမြင်နှစ်ခု အမြဲရှိကြသည်၊ ယင်းက ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်ကြသည်မှာ နာခံဖို့အလို့ငှာ မဟုတ်ဘဲ၊ အကျိုးအမြတ်တစ်ခုခု ရရှိရန် သို့မဟုတ် ကပ်ဘေးဒုက္ခက ယူဆောင်လာသည့် ဆင်းရဲဒုက္ခကို ရှောင်တိမ်းရန် ဖြစ်သည်ကို ပြသပေသည်။ ထိုအခါမှသာ ၎င်းတို့သည် အတော်အတန် နာခံမှုရှိကြလေသည်။ ၎င်းတို့၏ နာခံမှုမှာ အခြေအနေ အပေါ် မူတည်၏။ ယင်းသည် ၎င်းတို့၏ ကိုယ်ပိုင်တက်လမ်းအတွက် ဖြစ်ပြီး၊ ၎င်းတို့အပေါ် အတင်းအကျပ် နာခံစေသည့်အတွက် ဖြစ်သည်။ ထို့ကြောင့်၊ သင်သည် ဘုရားသခင်ကို တကယ် အဘယ့်ကြောင့် ယုံကြည်သနည်း။ ယင်းသည် သင်၏ တက်လမ်းနှင့် သင်၏ ကံကြမ္မာအတွက် လုံးဝဥဿုံ ဖြစ်ပါက၊ သင် လုံးဝ မယုံကြည်လျှင် သာ၍ ကောင်းပေမည်။ ဤသို့သော ယုံကြည်ခြင်းသည်၊ မိမိကိုယ်ကိုယ် လှည့်ဖြားခြင်း၊ မိမိကိုယ်ကိုယ် စိတ်ချမှုရှိစေခြင်းနှင့် မိမိကိုယ်ကိုယ် လေးစားမှု ဖြစ်သည်။ သင်၏ ယုံကြည်ခြင်းသည် ဘုရားသခင်ကို နာခံခြင်း အုတ်မြစ်အပေါ် တည်ဆောက်မထားပါက၊ သင်သည် နောက်ဆုံးတွင် ဘုရားသခင်ကို ဆန့်ကျင်ခြင်းအတွက် ပြစ်ဒဏ်ပေးခံရလိမ့်မည်။ ၎င်းတို့၏ ယုံကြည်ခြင်းတွင် ဘုရားသခင်အား နာခံရန် မကြိုးစားသူများ အားလုံးသည် ဘုရားသခင်ကို ဆန့်ကျင်ကြ၏။ လူတို့သည် ဘုရားသခင်ကို နာခံမှု ရရှိစေရန်အလို့ငှာ၊ သမ္မာတရားကို ရှာဖွေဖို့၊ သူ၏ နှုတ်ကပတ်တော်များကို ဆာငတ်ဖို့၊ သူ၏ နှုတ်ကပတ်တော်များကို စားသောက်ပြီး ၎င်းတို့ကို လက်တွေ့လုပ်ဆောင်ဖို့၊ ဘုရားသခင် တောင်းဆိုလေသည်။ ဤအရာများသည် သင်၏ စစ်မှန်သော ရည်ရွယ်ချက်များ ဖြစ်ပါက၊ ဘုရားသခင်သည် သင့်ကို ဧကန်မုချ ချီးမြှောက်မည်ဖြစ်ပြီး သင့်အပေါ် ဧကန်မုချ ကျေးဇူးပြုလိမ့်မည်ဖြစ်သည်။ ဤသည်မှာ ယုံမှားသံသယရှိဖွယ် မဟုတ်သကဲ့သို့ မပြောင်းလဲနိုင်သော အရာ ဖြစ်သည်။ အကယ်၍ သင်၏ ရည်ရွယ်ချက်သည် ဘုရားသခင်ကို နာခံရန်မဟုတ်သကဲ့သို့၊ သင်သည် အခြားသော ရည်မှန်းချက်များရှိပါက၊ သင်ပြောသမျှနှင့် လုပ်သမျှအားလုံး- ဘုရားသခင်ရှေ့၌ သင်၏ ဆုတောင်းချက်များနှင့် သင်၏လုပ်ရပ်တိုင်းသည်ပင်- ဘုရားသခင်နှင့် ဆန့်ကျင်ဘက်ဖြစ်လိမ့်မည်။ သင်သည် အပြောအဆို သိမ်မွေ့ညင်သာပြီး၊ အပြုအမူ သိမ်မွေ့သောသူ ဖြစ်ကောင်းဖြစ်နိုင်သည်၊ သင်၏ လုပ်ရပ်တိုင်း နှင့် မျက်နှာအမူအရာသည် မွန်ရည်ပုံရကောင်းရနိုင်ပြီး၊ သင်သည် နာခံသူတစ်ဦးအဖြစ် ထင်ရနိုင်သော်လည်း၊ သင်၏ ရည်ရွယ်ချက်များနှင့် ဘုရားသခင်၌ ယုံကြည်ခြင်းအပေါ် သင်၏ အမြင်များနှင့် ပတ်သက်လာသည့်အခါ၊ သင်လုပ်သည့်အရာတိုင်းသည် ဘုရားသခင်နှင့် ဆန့်ကျင်ပေသည်။ သင် လုပ်သည့်အရာတိုင်းသည် ဆိုးယုတ်၏။ သိုးကဲ့သို့ နာခံတတ်ပုံရသော်လည်း၊ ၎င်းတို့စိတ်နှလုံးများ၌ ဆိုးယုတ်သော ရည်ရွယ်ချက်များ သိုထားသောသူတို့သည် သိုးရေ ခြုံထားသော ဝံပုလွေများ ဖြစ်ကြ၏။ ၎င်းတို့သည် ဘုရားသခင်ကို တိုက်ရိုက် ပုန်ကန်ပြစ်မှားကြပြီး၊ ဘုရားသခင်သည် ၎င်းတို့ တစ်ဦးတစ်ယောက်ကိုမျှ ချမ်းသာပေးမည် မဟုတ်ပေ။ သန့်ရှင်းသောဝိညာဉ်တော်သည် ၎င်းတို့တစ်ဦးစီတိုင်းကို ထုတ်ဖော်ပြလိမ့်မည်ဖြစ်ပြီး၊ သူတော်ကောင်း ယောင်ဆောင်သူ အားလုံးသည် သန့်ရှင်းသောဝိညာဉ်တော်၏ သေချာပေါက် အလွန် မုန်းတီးခြင်းနှင့် ငြင်းပယ်ခြင်းခံရမည်ကို ၎င်းတို့ အယောက်တိုင်းအား ပြသလိမ့်မည်ဖြစ်သည်။ မစိုးရိမ်နှင့်- ဘုရားသခင်သည် ၎င်းတို့ ရှိသမျှအကုန်ကို ထည့်တွက်မည်ဖြစ်ပြီး တစ်ယောက်တစ်လဲ ရှင်းထုတ် ပစ်မည် ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်၌ သင်၏ယုံကြည်ခြင်းတွင် သင်သည် ဘုရားသခင်ကို နာခံသင့်သည်

ယနေ့၊ လက်တွေ့ကျသော ဘုရားသခင်ကို ယုံကြည်ရန် လမ်းကြောင်းမှန်ပေါ်သို့ သင် ခြေချရမည်။ သင်သည် ဘုရားသခင်ကို ယုံကြည်ပါက၊ ကောင်းချီးမင်္ဂလာများကို သာမကဘဲ ဘုရားသခင်ကို ချစ်ခြင်းနှင့် သိကျွမ်းခြင်းကိုလည်း ရှာသင့်သည်။ ဘုရားသခင်၏ ဉာဏ်အလင်းပေးမှု လိုက်လျှောက်မှုအားဖြင့်၊ သင်ကိုယ်တိုင်၏ လိုက်လျှောက်မှုအားဖြင့် သင်သည် သူ၏နှုတ်ကပတ်တော်ကို စားသောက်နိုင်ပြီး ဘုရားသခင်ကို စစ်မှန်စွာ နားလည်နိုင်မည်ဖြစ်၍ သင့်နှလုံးသား၏ အနက်ရှိုင်းဆုံး နေရာမှလာသော ဘုရားသခင်ကိုချစ်ခြင်း အစစ်အမှန်သည်လည်း ရှိလာနိုင်မည်။ တစ်နည်းဆိုလျှင်၊ ဘုရားသခင်ကို သင်၏ ချစ်ခြင်းသည် အစစ်မှန်ဆုံးဖြစ်ပြီး၊ အဘယ်သူမျှ မဖျက်ဆီးနိုင် သို့မဟုတ် မတားဆီးနိုင်သည့် ချစ်ခြင်းမျိုးဖြစ်လျှင်၊ ယခုအချိန်တွင် သင်သည် ဘုရားသခင်ကို ယုံကြည်ခြင်း လမ်းမှန်ပေါ်တွင် ရှိနေသည်။ ထိုအရာက သင်သည် ဘုရားသခင်နှင့် သက်ဆိုင်ကြောင်း သက်သေပြသည်၊ အဘယ်ကြောင့်ဆိုသော် သင့်နှလုံးသားသည် ဘုရားသခင်၏ ပိုင်ဆိုင်ခြင်းကိုခံရပြီး အခြားမည်သည်အရာကမျှ သင့်ကို မပိုင်ဆိုင်နိုင်သောကြောင့် ဖြစ်သည်။ သင်၏ အတွေ့အကြုံကြောင့်၊ သင်ပေးဆပ်ခဲ့သည့် အဖိုးအခကြောင့်နှင့် ဘုရားသခင်၏ လုပ်ဆောင်ပေးမှုကြောင့် သင်သည် ဘုရားသခင်အပေါ် အလိုအလျောက် ချစ်ခြင်း ပေါ်ပေါက်လာနိုင်ခြင်း ဖြစ်သည်။ ထိုသို့ဖြစ်သောအခါ သင်သည် စာတန်၏ လွမ်းမိုးမှုမှ ကင်းလွတ်လျက် ဘုရားသခင် နှုတ်ကပတ်တော် အလင်းထဲ၌ အသက်ရှင်လိမ့်မည်။ အမှောင်လွမ်းမိုးမှုမှ ချိုးဖောက် လွတ်မြောက်ပြီးမှသာလျှင် ဘုရားသခင်ကို သင်ရရှိပြီးဟု ဆိုနိုင်ပေသည်။ ဘုရားသခင်ကို သင်၏ ယုံကြည်ခြင်း၌ သင်သည် ဤပန်းတိုင်ကို ရှာဖွေရမည်။ ဤအရာသည် သင်တို့အသီးသီး၏ တာဝန်ဝတ္တရား ဖြစ်၏။ သင်တို့ မည်သူတစ်ဦးမျှ အမှုအရာများကို ရှိနေသည့်အတိုင်း အားရကျေနပ်မနေသင့်ပေ။ သင်သည် ဘုရားသခင်၏ အမှုတော်အပေါ်တွင် စိတ်နှစ်ခွ မရှိနိုင်သကဲ့သို့ ပေါ့ပေါ့တန်တန် ခံယူခြင်းလည်း မပြုနိုင်ပေ။ သင်သည် အရာရာတိုင်း၊ အချိန်တိုင်း၌ ဘုရားသခင်ကို စဉ်းစားသင့်ပြီး သူ့အတွက် အရာရာကို လုပ်ဆောင်သင့်သည်။ ထို့အပြင် သင်စကားပြောသောအခါ သို့မဟုတ် အမှုအရာများပြုသည့်အခါတိုင်း သင်သည် ဘုရားသခင်၏ အိမ်တော်အကျိုးကို ဦးစားပေးသင့်သည်။ ဤနည်းဖြင့်သာလျှင် သင်သည် ဘုရားသခင်၏ အလိုတော်နှင့် ညီနိုင်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သင်သည် ဘုရားသခင်ကို ယုံကြည်သောကြောင့် သမ္မာတရားအတွက် အသက်ရှင်သင့်သည်

သင်သည် ဘုရားသခင်အား ယုံကြည်ပြီး ဘုရားသခင်နောက် လိုက်သည်၊ ထို့ကြောင့် သင်၏ စိတ်နှလုံးသားထဲတွင် သင်သည် ဘုရားသခင်အား ချစ်ရပေမည်။ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို သင် ဘေးဖယ်ထားရမည်၊ ဘုရားသခင်၏ စိတ်ဆန္ဒကို ဖြည့်ဆည်းရန် သင် ကြိုးစားရမည် ဖြစ်ပြီး၊ ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါ တစ်ဦး၏ တာဝန်ကို သင် ထမ်းဆောင်ရပေမည်။ သင်သည် ဘုရားသခင်အား ယုံကြည်ကာ ဘုရားသခင် နောက်ကို လိုက်သည့်အတွက်၊ သင်သည် အရာရာကို သူ့ထံ ဆက်သသင့်ပြီး၊ ကိုယ်ပိုင် ရွေးချယ်မှုများ သို့မဟုတ် တောင်းဆိုမှုများ မပြုလုပ်သင့်သကဲ့သို့၊ ဘုရားသခင်၏ စိတ်ဆန္ဒအား ဖြည့်ဆည်းခြင်းကို သင် စွမ်းဆောင် ရရှိသင့်ပေသည်။ သင်သည် ဖန်ဆင်းခြင်း ခံခဲ့ရသည့်အတွက်၊ ပင်ကိုအားဖြင့် မိမိကိုယ်ကိုယ်အပေါ် အုပ်စိုးခြင်း မရှိသကဲ့သို့၊ မိမိ၏ ကိုယ်ပိုင် ကံကြမ္မာကို ထိန်းချုပ်နိုင်စွမ်း မရှိသည့်အတွက်၊ သင့်ကို ဖန်ဆင်းသည့် သခင်ကို သင်သည် နာခံသင့်ပေသည်။ သင်သည် ဘုရားသခင်အား ယုံကြည်သော လူတစ်ဦး ဖြစ်သည့်အတွက်၊ သန့်ရှင်းခြင်းနှင့် ပြောင်းလဲခြင်းကို ဖွေရှာသင့်သည်။ သင်သည် ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါတစ်ဦး ဖြစ်သည့်အတွက်၊ သင်၏ တာဝန်ကို လိုက်နာစောင့်ထိန်းသင့်ပြီး၊ သင်၏ နေရာကို ထိန်းသိမ်းသင့်ကာ၊ သင်၏ တာဝန်ကို ဘောင်မကျော်သင့်ပေ။ ဤသည်မှာ သင့်အား ဘောင်ခတ်ရန်၊ သို့မဟုတ် သင့်ကို အယူဝါဒမှတစ်ဆင့် ချိုးနှိမ်ရန် မဟုတ်ဘဲ၊ ထိုအစား ဤသည်မှာ သင်၏ တာဝန်ကို သင် ထမ်းဆောင်နိုင်သည့် လမ်းကြောင်း ဖြစ်ပြီး၊ ယင်းကို ဖြောင့်မတ်ခြင်း ပြုသော သူအားလုံးက စွမ်းဆောင်ရရှိနိုင်သည် စွမ်းဆောင် ရရှိသင့်ပေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အောင်မြင်မှု သို့မဟုတ် ရှုံးနိမ့်မှုသည် လူလျှောက်သော လမ်းကြောင်းအပေါ်တွင် မူတည်သည်

ဘုရားသခင်ကို အစေခံသောသူ တစ်စုံတစ်ဦးသည် ဘုရားသခင်အဖို့ မည်သို့ဒုက္ခခံရမည်ကို သိသင့်ရုံသာမက၊ ထို့ထက်ပင် ဘုရားသခင်အား ယုံကြည်ခြင်း၏ ရည်ရွယ်ချက်မှာ ဘုရားသခင်အားချစ်ခြင်းကို အားထုတ်ရန် ဖြစ်ကြောင်းကို ၎င်းတို့ နားလည်သင့်သည်။ သင့်ကို ဘုရားသခင်အသုံးချခြင်းမှာ သင့်ကို စစ်ဆေးရုံ သို့မဟုတ် သင့်ကို ဒုက္ခခံစေရုံသာ မဟုတ်ဘဲ၊ သူ၏လုပ်ရပ်များကို သင်သိနိုင်ရန်၊ လူ့ဘဝ၏ အဓိပ္ပာယ်အမှန်ကို သိနိုင်ရန်နှင့် အထူးသဖြင့် ဘုရားသခင်ကို အစေခံခြင်းမှာ လွယ်ကူသောအလုပ် မဟုတ်ကြောင်း သင်သိနိုင်ရန်အတွက် သင့်ကို သူအသုံးချခြင်းဖြစ်သည်။ ဘုရားသခင်၏အမှုကို တွေ့ကြုံခြင်းဆိုသည်မှာ ကျေးဇူးတော်ကို ခံစားရခြင်းအကြောင်း မဟုတ်ဘဲ၊ သူ့အပေါ် သင်၏ချစ်ခြင်းအတွက်ကြောင့် ဒုက္ခခံရခြင်းအကြောင်းပင် ဖြစ်သည်။ သင်သည် ဘုရားသခင်၏ကျေးဇူးတော်ကို ခံစားရသဖြင့်၊ သူ၏ပြစ်တင်ဆုံးမခြင်းကိုလည်း ခံစားရမည်၊ ဤအရာအလုံးစုံကို သင်တွေ့ကြုံရမည်။ သင်သည် သင့်အထဲတွင် ဘုရားသခင်၏ ဉာဏ်အလင်းပေးခြင်းကို တွေ့ကြုံနိုင်ပြီး၊ သူ သင့်အား ကိုင်တွယ်ဖြေရှင်းပုံနှင့် သင့်အား တရားစီရင်ပုံကိုလည်း တွေ့ကြုံနိုင်သည်။ ဤနည်းအားဖြင့် သင်၏အတွေ့အကြုံမှာ ပြည့်စုံကျယ်ပြန့်လိမ့်မည်။ ဘုရားသခင်သည် သင့်အပေါ်၌ သူ၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းအမှုတို့ကို လုပ်ဆောင်ခဲ့ပြီးဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်သည် သင့်ကို ကိုင်တွယ်ဖြေရှင်းခဲ့ပြီ၊ ထိုမျှသာမဟုတ်၊ ယင်းကလည်း သင့်ကို ဉာဏ်ပွင့်စေပြီး ဖွင့်ပြခဲ့ပြီဖြစ်သည်။ သင် အပျက်သဘောဆောင်၍ အားနည်းသည့်အခါ ဘုရားသခင်သည် သင့်အတွက် စိုးရိမ်၏။ ဤအမှုတစ်ခုလုံးမှာ လူသားနှင့်ပတ်သက်သော အရာတိုင်းသည် ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှု ထဲ၌ရှိကြောင်း သင့်အားသိစေရန်ဖြစ်သည်။ ဘုရားသခင်အား ယုံကြည်ခြင်း ဟူသည် ဒုက္ခခံရခြင်း၊ သို့မဟုတ် သူ့အတွက် အမှုအရာအမျိုးမျိုးကို လုပ်ဆောင်ပေးခြင်းအကြောင်း ဖြစ်သည်ဟု သင်ထင်ကောင်းထင်နိုင်သည်။ ဘုရားသခင်အား ယုံကြည်ခြင်း၏ ရည်ရွယ်ချက်မှာ သင်၏ဇာတိပကတိ ငြိမ်သက်ခြင်းရှိရန်၊ သို့မဟုတ် သင့်ဘဝထဲရှိ အရာရာတိုင်း အဆင်ပြေချောမွေ့စွာ သွားနေရန်၊ သို့မဟုတ် အရာခပ်သိမ်း၌ သင်သက်သောင့်သက်သာရှိပြီး ငြိမ်သက်ခြင်းရှိရန် ဖြစ်သည်ဟု သင် ထင်ကောင်း ထင်လောက်ပေသည်။ သို့သော်လည်း ဤအရာများတစ်ခုကမျှ ဘုရားသခင်အပေါ် သူတို့၏ယုံကြည်မှု၌ လူတို့ အလေးထားသင့်သော ရည်ရွယ်ချက်များ မဟုတ်ချေ။ အကယ်၍ သင်သည် ဤရည်ရွယ်ချက်များအတွက် ယုံကြည်မိပါက၊ သင်၏အမြင်မှာ မမှန်ကန်သည့်အပြင်၊ သင့်အနေဖြင့် စုံလင်အောင်ပြုခြင်းခံရရန် တကယ်ပင် မဖြစ်နိုင်ချေ။ ဘုရားသခင်၏ လုပ်ဆောင်ချက်များ၊ ဘုရားသခင်၏ ဖြောင့်မတ်သောစိတ်သဘောထား၊ သူ၏ဉာဏ်ပညာ၊ သူ၏ နှုတ်ကပတ်တော်များ၊ သူ၏ အံ့သြဖွယ်ကောင်းခြင်းနှင့် ဉာဏ်မမီနိုင်ခြင်း အားလုံးတို့မှာ လူတို့နားလည်သင့်သော အရာများပင်ဖြစ်သည်။ သင်သည် ဤနားလည်မှုရှိလျက် ယင်းကို သင်၏စိတ်နှလုံးထဲမှ ပုဂ္ဂိုလ်ရေးရာ တောင်းဆိုချက်များ၊ မျှော်လင့်ချက်များနှင့် အယူအဆများ ဟူသမျှကို ဖယ်ရှားရန် အသုံးပြုသင့်သည်။ ဤအရာများကို သုတ်သင်ဖယ်ရှင်းခြင်းဖြင့်သာလျှင် သင်သည် ဘုရားသခင်တောင်းဆိုထားသော သတ်မှတ်ချက်များနှင့် ပြည့်မီနိုင်ပေမည်။ ထို့ပြင် ဤအရာ လုပ်ဆောင်ခြင်းဖြင့်သာလျှင် သင်သည် အသက်ကိုရရှိကာ ဘုရားသခင်ကို ကျေနပ်စေနိုင်မည်ဖြစ်သည်။ ဘုရားသခင်အား ယုံကြည်ခြင်း၏ ရည်ရွယ်ချက်သည် သူ့ကိုကျေနပ်စေရန်နှင့် သူတောင်းဆိုသော စိတ်သဘောထားဖြင့် အသက်ရှင်နေထိုင်ရန် ဖြစ်ပြီး၊ ထိုမှသာ သူ၏လုပ်ရပ်များနှင့် ဘုန်းတော်သည် မထိုက်တန်သော ဤလူအုပ်စုအားဖြင့် ထင်ရှားစေနိုင်မည် ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်အား ယုံကြည်ခြင်းအတွက် မှန်ကန်သောအမြင်ဖြစ်ပြီး၊ သင်ရှာဖွေသင့်သော ပန်းတိုင်လည်းဖြစ်သည်။ သင်၌ ဘုရားသခင်အား ယုံကြည်ခြင်းနှင့်ပတ်သက်၍ မှန်ကန်သောသဘောထား ရှိသင့်ပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ရရှိရန် သင်ကြိုးစားသင့်သည်။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ဖို့လိုအပ်ပြီး၊ သင်သည် သမ္မာတရားကို အသက်ရှင်နေထိုင်နိုင်ရမည်၊ အထူးသဖြင့် သင်သည် သူ၏ လက်တွေ့လုပ်ဆောင်ချက်များ၊ စကြဝဠာတစ်ဝှမ်းလုံးရှိ သူ၏ အံ့သြဖွယ်ကောင်းသော လုပ်ဆောင်ချက်များသာမက လူ့ဇာတိအားဖြင့် သူပြုသည့် လက်တွေ့ကျသောအမှုတို့ကို မြင်နိုင်ရမည်။ လူတို့သည် ၎င်းတို့၏ လက်တွေ့ကျသော အတွေ့အကြုံများအားဖြင့် ဘုရားသခင် ၎င်းတို့အပေါ် သူ၏အမှုကို မည်သို့ပြုကြောင်းနှင့် ၎င်းတို့အတွက် သူ၏အလိုတော်မှာ မည်သည့်အရာဖြစ်ကြောင်းကိုပင် သတိပြုမိနိုင်သည်။ ဤအရာအားလုံးတို့၏ ရည်ရွယ်ချက်မှာ လူတို့၏ ဖောက်ပြန်ပျက်စီးသော ဆိုးယုတ်သည့် စိတ်သဘောထားကို သုတ်သင်ဖယ်ရှင်းရန် ဖြစ်သည်။ သင့်အထဲ၌ရှိသော မသန့်ရှင်းခြင်းနှင့် မဖြောင့်မတ်ခြင်း အလုံးစုံကို ဖယ်ရှားပြီး၊ သင်၏ မှားယွင်းသော ရည်ရွယ်ချက်များကို စွန့်ပစ်ကာ၊ ထို့ပြင် ဘုရားသခင်အပေါ် စစ်မှန်သောယုံကြည်ခြင်း ဖြစ်ပေါ်လာပြီးနောက်- စစ်မှန်သော ယုံကြည်ခြင်းအားဖြင့်သာ သင်သည် ဘုရားသခင်ကို အမှန်တကယ် ချစ်နိုင်မည်ဖြစ်သည်။ ဘုရားသခင်၌ သင်၏ယုံကြည်ခြင်း အုတ်မြစ်အပေါ်မှာသာ သင်သည် သူ့ကို စစ်မှန်စွာ ချစ်နိုင်လေသည်။ သင်သည် ဘုရားသခင်ကို မယုံကြည်ဘဲ သူ့အားချစ်ခြင်းကို ရရှိနိုင်မည်လော။ သင်သည် ဘုရားသခင်ကို ယုံကြည်သည့်အတွက် ယင်းနှင့်ပတ်သက်၍ သင်ယောင်ချာချာ မဖြစ်နိုင်ပေ။ လူအချို့တို့သည် ဘုရားသခင်ကို ယုံကြည်ခြင်းက သူတို့အား ကောင်းချီးမင်္ဂလာများ ယူဆောင်လာမည်ကို မြင်လျှင်မြင်ချင်း အားမာန်ဖြင့် ပြည့်ဝလာကြသော်လည်း၊ စစ်ဆေးခြင်းများကို သူတို့ခံဖို့လိုအပ်ကြောင်း ၎င်းတို့ မြင်လျှင်မြင်ချင်း အားအင်အလုံးစုံ ပျောက်ဆုံးသွားကြသည်။ ထိုအရာမှာ ဘုရားသခင်ကို ယုံကြည်ခြင်းလော။ နောက်ဆုံးတွင် သင်သည် သင်၏ယုံကြည်ခြင်း၌ ဘုရားသခင်၏ ရှေ့မှောက်တွင် လုံးလုံးလျားလျားနှင့် အကြွင်းမဲ့ နာခံခြင်းကို ရရှိရမည်။ သင်သည် ဘုရားသခင်ကို ယုံကြည်သော်လည်း၊ သူ့အပေါ် တောင်းဆိုချက်များ ရှိနေသေးသည်၊ သင်မစွန့်ပယ်နိုင်သော ဘာသာရေးအယူအဆများစွာ၊ သင်လက်မလွှတ်နိုင်သော ပုဂ္ဂိုလ်ရေးရာ အကျိုးအမြတ်များ ရှိနေသေးပြီး၊ ဇာတိပကတိ ကောင်းချီးမင်္ဂလာများကို ရှာဖွေနေသေးကာ ဘုရားသခင်ကို သင်၏ဇာတိခန္ဓာအား ကယ်မစေရန်၊ သင်၏စိတ်ဝိညာဉ်အား ကယ်တင်စေရန် အလိုရှိနေသေးသည်၊ ဤအရာများအားလုံးမှာ မှားယွင်းသောအမြင်ရှိသည့် လူတို့၏ အပြုအမူများပင် ဖြစ်သည်။ ဘာသာရေးယုံကြည်ချက်များနှင့် လူတို့သည် ဘုရားသခင်၌ ယုံကြည်ခြင်း ရှိကြသော်လည်း၊ ၎င်းတို့သည် မိမိစိတ်သဘောထားများ ပြောင်းလဲရန်အတွက် မကြိုးပမ်းကြသည့်အပြင်၊ ဘုရားသခင်အား သိကျွမ်းခြင်းကို ရရှိအောင် အားမထုတ် ကြဘဲ ၎င်းတို့၏ဇာတိပကတိ အကျိုးအမြတ်များကိုသာ ရှာဖွေကြသည်။ သင်တို့အထဲမှ လူများစွာတို့၌ ဘာသာရေးခံယူချက် အမျိုးအစားနှင့် သက်ဆိုင်သည့် ယုံကြည်မှုများ ရှိကြသည်။ ဤသည်မှာ ဘုရားသခင်အား စစ်မှန်သော ယုံကြည်ခြင်း မဟုတ်ပေ။ ဘုရားသခင်ကို ယုံကြည်ရန်အတွက် လူတို့သည် သူ့အတွက် ဒုက္ခခံရန် အသင့်ရှိသော စိတ်နှလုံးနှင့် မိမိတို့ကိုယ်ကိုယ် ဆက်ကပ်အပ်နှံလိုစိတ်ကို ပိုင်ဆိုင်ရမည်။ လူတို့သည် ဤသတ်မှတ်ချက် နှစ်ချက်နှင့် မပြည့်မီပါက ဘုရားသခင်အပေါ် ၎င်းတို့၏ ယုံကြည်ခြင်းမှာ မခိုင်လုံပေ၊ ထို့ပြင် ၎င်းတို့သည် မိမိတို့၏စိတ်သဘောထား ပြောင်းလဲခြင်းကို ရရှိနိုင်မည်မဟုတ်ပေ။ သမ္မာတရားကို အမှန်တကယ် အားထုတ်သော၊ ဘုရားသခင်အား သိကျွမ်းဖို့ ကြိုးစားပြီး အသက်ကို ရရှိအောင် အားထုတ်သော လူတို့သာလျှင် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်သောသူများ ဖြစ်ကြသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စုံလင်ခြင်းသို့ ရောက်မည့်သူများသည် စစ်ဆေးခြင်းကို ခံကြရမည်

ဘုရားသခင်ကို ယုံကြည်မှုသည် သူ့ကိုနာခံခြင်းနှင့် သူ၏အမှုကို တွေ့ကြုံခံစားခြင်းတို့ လိုအပ်၏။ ဘုရားသခင်သည် မြောက်မြားလှစွာသော အမှုတို့ကို လုပ်ဆောင်ပြီးဖြစ်သည်- လူတို့အတွက် ယင်းသည် အလုံးစုံ စုံလင်စေခြင်း၊ စစ်ဆေးခြင်းနှင့် ထိုထက်ပို၍ ပြစ်တင်ဆုံးမခြင်း ဖြစ်သည်ဟု ဆိုနိုင်သည်။ လူသား၏ အယူအဆများနှင့် ကိုက်ညီဖူးသည့် ဘုရားသခင်၏ အမှုနှင့်ဆိုင်သော အဆင့်တစ်ခုတလေမျှ မရှိသေးပေ။ လူတို့ ခံစားရပြီးသည့် အရာမှာ ဘုရားသခင်၏ပြင်းထန်သော နှုတ်ကပတ်တော်များ ဖြစ်သည်။ ဘုရားသခင် ကြွလာသည့်အခါ၊ လူတို့သည် သူ၏ဘုန်းအာနုဘော်နှင့် သူ၏အမျက်ကို ခံစားသင့်သည်။ သို့သော် သူ၏နှုတ်ကပတ်တော်များ မည်မျှပင်ပြင်းထန်စေကာမူ၊ သူသည် လူသားမျိုးနွယ်ကို ကယ်တင်ရန်နှင့် စုံလင်စေရန် ကြွလာခြင်းဖြစ်သည်။ ဖန်ဆင်းခံများအနေဖြင့်၊ လူတို့သည် မိမိတို့ဖြည့်ဆည်းသင့်သည့် တာဝန်များကို ဖြည့်ဆည်းပြီး၊ စစ်ဆေးခြင်း အလယ်တွင် ဘုရားသခင်အတွက် သက်သေရပ်တည်သင့်ပေသည်။ စမ်းသပ်မှုတိုင်းတွင် ၎င်းတို့သည် မိမိတို့ သက်သေခံသင့်သည့်အရာကို ထိန်းသိမ်းသင့်ပြီး၊ ဘုရားသခင်အတွက် ထူးကဲစွာ ထိုသို့ လုပ်ဆောင်သင့်ကြသည်။ ဤအရာကို လုပ်ဆောင်သောလူတစ်ဦးသည် အောင်မြင်သောသူတစ်ဦးဖြစ်သည်။ ဘုရားသခင်က သင့်ကို မည်မျှ စစ်ဆေးသည်ဖြစ်စေ၊ သင်သည် ယုံကြည်မှုအပြည့်ဖြင့် ရှိနေဆဲဖြစ်ကာ၊ ဘုရားသခင်၌ ယုံကြည်စိတ်ချမှုကို မည်သည့်အခါမျှ ဆုံးရှုံးမသွားပေ။ သင်သည် လူသား လုပ်ဆောင်သင့်သည့်အရာကို လုပ်ဆောင်သည်။ ဤသည်မှာ လူသားကို ဘုရားသခင် တောင်းဆိုသောအရာဖြစ်ပြီး၊ လူသား၏စိတ်နှလုံးသည် ဘုရားသခင်ထံသို့ အပြည့်အဝ ပြန်သွားနိုင်သင့်ကာ၊ ကုန်ဆုံးသွားသည့် အချိန်တိုင်းတွင် သူ့ထံသို့ လှည့်နိုင်သင့်ပေသည်။ ဤသည်မှာ အောင်မြင်သောသူတစ်ဦးဖြစ်သည်။ “အောင်မြင်သောသူများ” အဖြစ် ဘုရားသခင် ရည်ညွှန်းသောသူများမှာ စာတန်၏ လွှမ်းမိုးမှုအောက်နှင့် စာတန်၏ ဝိုင်းထားခြင်းခံရချိန်၊ ဆိုလိုသည်မှာ အမှောင်အင်အားများ အလယ်တွင် မိမိတို့ကိုယ်ကိုယ် တွေ့ရချိန်တွင် သက်သေရပ်တည်နိုင်ကြဆဲ ဖြစ်ပြီး ဘုရားသခင်၌ မိမိတို့၏ယုံကြည်စိတ်ချမှုနှင့် ကိုးကွယ် ဆက်ကပ်မှုတို့ကို ထိန်းသိမ်းနိုင်ကြဆဲ ဖြစ်သောသူများ ဖြစ်သည်။ သင်သည် မည်သို့ပင်ဖြစ်စေ ဘုရားသခင်၏ ရှေ့မှောက်တွင် ဖြူစင်သော စိတ်နှလုံးကို ထိန်းသိမ်းနိုင်ဆဲဖြစ်ပြီး ဘုရားသခင်အတွက် သင်၏ ရိုးသားစစ်မှန်သော ချစ်ခြင်းမေတ္တာကို ထိန်းသိမ်းနိုင်ဆဲဖြစ်ပါက၊ သင်သည် ဘုရားသခင်၏ ရှေ့တွင် သက်သေရပ်တည်နေခြင်း ဖြစ်ပြီး ဤသည်မှာ ဘုရားသခင်က “အောင်မြင်သောသူ” တစ်ဦး ဖြစ်ခြင်းအဖြစ် ရည်ညွှန်းသော အရာဖြစ်သည်။ သင့်ကို ဘုရားသခင် ကောင်းချီးပေးသည့်အချိန်တွင် သင်၏ လိုက်စားရှာဖွေမှုသည် ထူးကဲသာလွန်သော်လည်း၊ သင်သည် သူ၏ ကောင်းချီးမင်္ဂလာများမရှိဘဲ နောက်ဆုတ်လိုက်ပါက၊ ဤသည်မှာ သန့်ရှင်းစင်ကြယ်မှုဖြစ်သလော။ ဤလမ်း မှန်ကန်သည်ဟု သင်သေချာသည့်အတွက်၊ အဆုံးထိတိုင် သင် လိုက်လျှောက်ရမည်။ ဘုရားသခင်ထံ သင်၏ကိုးကွယ်ဆည်းကပ်ခြင်းကို သင် ထိန်းသိမ်းရမည်။ သင့်ကို စုံလင်စေဖို့ ဘုရားသခင် ကိုယ်တော်တိုင် ကမ္ဘာမြေပေါ်သို့ ကြွလာပြီးဖြစ်သည်ကို သင် မြင်ရပြီးဖြစ်သည့်အတွက်၊ သင်၏ စိတ်နှလုံးကို သူ့အား လုံးလုံးလျားလျား ပေးအပ်သင့်ပေသည်။ သူမည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ၊ တကယ့်အဆုံးတွင် သင့်အတွက် မလိုလားအပ်သော ရလဒ်ကို သူဆုံးဖြတ်ပေးလျှင်ပင်၊ သင်သည် သူ့နောက်လိုက်နိုင်ဆဲဖြစ်ပါက၊ ဤသည်မှာ ဘုရားသခင်ရှေ့တွင် သင်၏ သန့်ရှင်းစင်ကြယ်မှုကို ထိန်းသိမ်းခြင်း ဖြစ်သည်။ သန့်ရှင်းသော ဝိညာဉ်ခန္ဓာနှင့် အပျိုစင်ကို ဘုရားသခင်ထံ ဆက်ကပ်ခြင်းသည် ဘုရားသခင်ရှေ့တွင် ရိုးသားစစ်မှန်သော စိတ်နှလုံးကို ထိန်းသိမ်းခြင်းဟု ဆိုလိုသည်။ လူသားမျိုးနွယ်အတွက်၊ ရိုးသားစစ်မှန်ခြင်းသည် သန့်စင်ဖြူစင်ခြင်းဖြစ်ပြီး၊ ဘုရားသခင်အပေါ် စစ်မှန်ရိုးသားနိုင်စွမ်းသည် သန့်စင်ဖြူစင်ခြင်းကို ထိန်းသိမ်းခြင်း ဖြစ်သည်။ ဤသည်မှာ သင်လက်တွေ့လုပ်ဆောင်သင့်သောအရာဖြစ်သည်။ ဆုတောင်း သင့်သည့်အခါ၊ သင်ဆုတောင်းသည်။ မိတ်သဟာယဖြင့် အတူတကွ စုရုံးသင့်သည့်အခါ၊ သင် ထိုသို့ပြုသည်။ ဓမ္မသီချင်းများကို ဆိုသင့်သည့်အခါ၊ သင် သီဆိုပြီး၊ ဇာတိပကတိကို စွန့်ပယ်သင့်သည့်အခါ၊ ဇာတိပကတိကို သင် စွန့်ပယ်သည်။ သင်၏တာဝန်ကို သင်ထမ်းဆောင်ချိန်တွင်၊ သင်သည် အိုးနင်းခွက်နင်းဖြင့် ပြီးမြောက်သွားခြင်းမရှိ။ စမ်းသပ်မှုများနှင့် သင် ရင်ဆိုင်ရသည့်အခါ၊ ခိုင်မာစွာ သင် ရပ်တည်သည်။ ဤသည်မှာ ဘုရားသခင်ထံ ဆည်းကပ်ခြင်းဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သင်သည် ဘုရားသခင်ထံ သင်၏ကိုးကွယ်ဆည်းကပ်ခြင်းကို ထိန်းသိမ်းသင့်သည်

ဘုရားသခင်၌ လူ၏ ယုံကြည်ခြင်းနှင့်သက်ဆိုင်သည့် အခြေခံအကျဆုံးသော သတ်မှတ်ချက်မှာ သူသည် ရိုးသားသော နှလုံးသားရှိပြီး၊ မိမိကိုယ်ကိုယ် အပြည့်အဝ ဆက်ကပ်အပ်နှံကာ အမှန်တကယ် နာခံသည်ဆိုသည့်အရာ ဖြစ်သည်။ လူသားအတွက် အခက်ခဲဆုံးသောအရာမှာ စစ်မှန်သော ယုံကြည်မှုအတွက် အလဲအလှယ်ပြုရာတွင် သူ၏အသက်တာ တစ်ခုလုံးကို ပေးရန် ဖြစ်သည်၊ ယင်းမှတစ်ဆင့် သူသည် အလုံးစုံသော သမ္မာတရားကို ရရှိနိုင်ပြီး၊ ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါတစ်ဦးအနေနှင့် သူ၏တာဝန်ကို ဖြည့်ဆည်းနိုင်ပေသည်။ ဤသည်မှာ ရှုံးနိမ့်သောသူတို့ ကြိုးပမ်းမရရှိနိုင်သည့် အရာ ဖြစ်ပြီး၊ ခရစ်တော်အား ရှာမတွေ့သော သူများက သာ၍ပင် ကြိုးပမ်းမရရှိနိုင်ပေ။ လူသည် မိမိကိုယ်မိမိ ဘုရားသခင်ထံ လုံးလုံးလျားလျား ဆည်းကပ်ခြင်းတွင် အရည်အချင်း မရှိသောကြောင့်၊ လူသည် ဖန်ဆင်းရှင်အဖို့ သူ၏ တာဝန်ကို ထမ်းဆောင်ရန် လိုလားခြင်း မရှိသောကြောင့်၊ လူသည် သမ္မာတရားကို မြင်တွေ့ပြီးဖြစ်သော်လည်း၊ ယင်းကို ရှောင်ဖယ်ကာ မိမိ၏ ကိုယ်ပိုင် လမ်းကြောင်းကို လျှောက်လှမ်းသောကြောင့်၊ လူသည် ရှုံးနိမ့်ပြီး ဖြစ်သော သူတို့၏ လမ်းကြောင်းနောက်လိုက်ခြင်းဖြင့် အမြဲ ဖွေရှာသောကြောင့်၊ လူသည် ကောင်းကင်ဘုံကို အမြဲ ဖီဆန်သောကြောင့်၊ ဤအကြောင်းကြောင့် လူသည် အမြဲ ကျရှုံး၏၊ စာတန်၏ လှည့်ကွက်အားဖြင့် အ‌မြဲ အယုံသွင်းခံရကာ မိမိ၏ ကိုယ်ပိုင် ကွန်တွင် အမိခံရပေသည်။ လူသည် ခရစ်တော်ကို မသိသောကြောင့်၊ လူသည် သမ္မာတရားကို နားလည်ခြင်းနှင့် တွေ့ကြုံခြင်း၌ မကျွမ်းကျင်သောကြောင့်၊ လူသည် ပေါလုအား အလွန် ကြည်ညိုလေးစားပြီး ကောင်းကင်ဘုံအား အလွန် တပ်မက်သောကြောင့်၊ လူသည် သူ့အား နာခံရန် ခရစ်တော်ကို အမြဲတောင်းဆိုပြီး ဘုရားသခင်ကို ဩဇာပေးနေသောကြောင့်၊ ဤအကြောင်းကြောင့် ထိုကြီးမြတ်သည့် ပုဂ္ဂိုလ်များနှင့် လောက၏ သုခ၊ ဒုက္ခသံသရာကို ကြုံတွေ့ပြီးဖြစ်သည့် သူများသည် သေမျိုးဖြစ်နေဆဲဖြစ်ပြီး ဘုရားသခင်၏ ပြစ်တင်ဆုံးမမှု အလယ်တွင် သေဆုံးကြဆဲ ဖြစ်ပေသည်။ ထိုသို့သော လူများနှင့်ပတ်သက်၍ ငါပြောနိုင်သမျှအားလုံးမှာ ၎င်းတို့သည် ဝမ်းနည်းစရာ သေခြင်းဖြင့် သေဆုံးကြရပြီး၊ ၎င်းတို့အတွက် အကျိုးဆက်မှာ ၎င်းတို့၏ သေခြင်းသည် တရားမမျှတမှု မရှိပေ။ ၎င်းတို့၏ ရှုံးနိမ့်မှုသည် ကောင်းကင်ဘုံ၏ ဥပဒေသအဖို့ သာ၍ပင် သည်းမခံနိုင်စရာ ဖြစ်သည် မဟုတ်လော။ သမ္မာတရားသည် လူ့လောကမှ လာသော်ငြားလည်း၊ လူတို့ အလယ်ရှိ သမ္မာတရားကို ခရစ်တော်က လက်ဆင့်ကမ်းပေးခြင်း ဖြစ်သည်။ ယင်းသည် ခရစ်တော်ထံမှ၊ ဆိုလိုသည်မှာ ဘုရားသခင် ကိုယ်တိုင်ထံမှ ပေါ်ပေါက်ခြင်းဖြစ်ပြီး၊ ဤသည်မှာ လူ တတ်နိုင်စွမ်းသော အရာတစ်ခု မဟုတ်ပေ။ သို့သော် ခရစ်တော်သည် သမ္မာတရားကိုသာ ထောက်ပံ့ပေးသည်။ လူသည် ၎င်း၏ သမ္မာတရားကို လိုက်စားခြင်း၌ အောင်မြင်မည်၊ မအောင်မြင်မည်ကို ဆုံးဖြတ်ရန် သူ ကြွလာခြင်း မဟုတ်ပေ။ ထို့ကြောင့် သမ္မာတရား၌ အောင်မြင်ခြင်း သို့မဟုတ် ရှုံးနိမ့်ခြင်းသည် လူ၏ လိုက်စားခြင်းကြောင့်သာ ဖြစ်သည်မှာ ယုတ္တိရှိပေသည်။ လူ၏သမ္မာတရား၌ အောင်မြင်ခြင်း သို့မဟုတ် ရှုံးနိမ့်ခြင်းသည် လုံးဝ ခရစ်တော်နှင့် မည်သို့မျှ သက်ဆိုင်ခြင်း မရှိဖူးဘဲ၊ ထိုအစား သူ၏ လိုက်စားခြင်းအားဖြင့်သာ သတ်မှတ်ခြင်း ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်ကိုယ်တိုင်အတွက် အရေးကိစ္စမဟုတ်ဘဲ၊ ဘုရားသခင်၏ အဖန်ဆင်းခံ သတ္တဝါများ ဆောင်ရွက်သင့်သည့် တာဝန်နှင့် တိုက်ရိုက် ဆက်နွှယ်သောကြောင့်၊ ဘုရားသခင် ကိုယ်တော်တိုင်ကို ခေါင်းခံစေဖို့ရန်အလို့ငှာ၊ လူ၏ ခရီးပန်းတိုင်နှင့် သူ၏ အောင်မြင်မှု သို့မဟုတ် ကျရှုံးမှုတို့ကို ဘုရားသခင်၏ ခေါင်းအပေါ်တွင် ပုံချထား၍ မရပေ။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အောင်မြင်မှု သို့မဟုတ် ရှုံးနိမ့်မှုသည် လူလျှောက်သော လမ်းကြောင်းအပေါ်တွင် မူတည်သည်

အရှေ့သို့- လူတို့၏ အသက်တာများသည် လျှပ်တစ်ပြက်၊ နှစ်အနည်းငယ်အတွင်း ကုန်လွန်သွားသည်။ ပြန်ကြည့်လျက်၊ ၎င်းတို့သည် ၎င်းတို့၏ အသက်တာများကို ပြန်လည်သတိရမိကြသည်- ကျောင်းသွားရင်း၊ အလုပ်လုပ်ရင်း၊ အိမ်ထောင်ပြုရင်း၊ သားသမီးများရှိရင်း၊ သေခြင်းကို စောင့်ဆိုင်းရင်း၊ ၎င်းတို့၏ အသက်တာများတစ်ခုလုံးသည် လူသား တည်ရှိမှု၏ မှန်ကန်သော ဦးတည်ချက်နှင့် ရည်မှန်းချက်များ လုံးဝ ကင်းမဲ့ပြီး ရှင်သန်ခြင်းတွင် မည်သည့် တန်ဖိုး သို့မဟုတ် အဓိပ္ပါယ်မျှ မရှာတွေ့နိုင်ဘဲလျက်၊ မိသားစု၊ ငွေကြေး၊ အဆင့်အတန်း၊ အခွင့်အလမ်းနှင့် သိက္ခာတရားအတွက် မအားမလပ် ဟိုဟိုသည်သည် ပြေးလွှားရင်း ကုန်လွန်ခဲ့ကြသည်။ ထို့ကြောင့် လူတို့သည် မျိုးဆက် တစ်ဆက်ပြီးတစ်ဆက် ဤ နာကျင်စရာဖြစ်ပြီး အနှစ်မဲ့သည့် နည်းလမ်းဖြင့် အသက်ရှင်ကြလေသည်။ လူတို့၏ အသက်တာများသည် အဘယ်ကြောင့် အလွန် နာကျင်ဖွယ်ဖြစ်ပြီး အနှစ်မဲ့ပါသနည်း။ ပြီးလျှင် လူသား တည်ရှိခြင်း၏ နာကျင်မှုနှင့် အနှစ်မဲ့ခြင်းတို့ကို မည်သို့ ဖြေရှင်းနိုင်သနည်း။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

လူတို့၏ အသက်တာများသည် လျှပ်တစ်ပြက်၊ နှစ်အနည်းငယ်အတွင်း ကုန်လွန်သွားသည်။ ပြန်ကြည့်လျက်၊ ၎င်းတို့သည် ၎င်းတို့၏ အသက်တာများကို ပြန်လည်သတိရမိကြသည်- ကျောင်းသွားရင်း၊ အလုပ်လုပ်ရင်း၊ အိမ်ထောင်ပြုရင်း၊ သားသမီးများရှိရင်း၊ သေခြင်းကို စောင့်ဆိုင်းရင်း၊ ၎င်းတို့၏ အသက်တာများတစ်ခုလုံးသည် လူသား တည်ရှိမှု၏ မှန်ကန်သော ဦးတည်ချက်နှင့် ရည်မှန်းချက်များ လုံးဝ ကင်းမဲ့ပြီး ရှင်သန်ခြင်းတွင် မည်သည့် တန်ဖိုး သို့မဟုတ် အဓိပ္ပါယ်မျှ မရှာတွေ့နိုင်ဘဲလျက်၊ မိသားစု၊ ငွေကြေး၊ အဆင့်အတန်း၊ အခွင့်အလမ်းနှင့် သိက္ခာတရားအတွက် မအားမလပ် ဟိုဟိုသည်သည် ပြေးလွှားရင်း ကုန်လွန်ခဲ့ကြသည်။ ထို့ကြောင့် လူတို့သည် မျိုးဆက် တစ်ဆက်ပြီးတစ်ဆက် ဤ နာကျင်စရာဖြစ်ပြီး အနှစ်မဲ့သည့် နည်းလမ်းဖြင့် အသက်ရှင်ကြလေသည်။ လူတို့၏ အသက်တာများသည် အဘယ်ကြောင့် အလွန် နာကျင်ဖွယ်ဖြစ်ပြီး အနှစ်မဲ့ပါသနည်း။ ပြီးလျှင် လူသား တည်ရှိခြင်း၏ နာကျင်မှုနှင့် အနှစ်မဲ့ခြင်းတို့ကို မည်သို့ ဖြေရှင်းနိုင်သနည်း။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-လူသားတို့ ကြံ့ကြံ့ခံကြရသည့် မွေးဖွားခြင်း၊ သေဆုံးခြင်း၊ ဖျားနာခြင်းနှင့် အိုမင်းသောအသက်အရွယ်တို့မှ...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။