ဘုရားသခင်ကို စစ်မှန်သော ဝတ်ပြုရေးကား အဘယ်နည်း။

18.05.2021

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ-

“ဘုရားသခင်သည် နံဝိညာဉ်ဖြစ်တော်မူ၏။ ဘုရားသခင်ကို ကိုးကွယ်သောသူတို့သည်၊ နံဝိညာဉ်နှင့်လည်းကောင်း၊ သစ္စာနှင့်လည်းကောင်း ကိုးကွယ်ရမည်။” (ရှင်ယောဟန်ခရစ်ဝင် ၄:၂၄)

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

ဘုရားသခင်ကို ကိုးကွယ်ဖို့ သင်၏ စိတ်နှလုံးနှင့် ရိုးသားမှုကို အသုံးပြုရာတွင် တည်ငြိမ်ပြီး ရိုးသားစစ်မှန်သော စိတ်နှလုံးတစ်ခု သင်၌ ရှိရမည်။ သင့် စိတ်နှလုံး၏ အနက်ရှိုင်းဆုံး‌ နေရာများတွင်၊ ဘုရားသခင်၏ အလိုနှင့် သမ္မာတရား ရှာဖွေဖို့ သင် သိရှိရမည်ဖြစ်ပြီး သင့်တာဝန်၏ မည်သည့် အစိတ်အပိုင်းများကို သင် နားမလည်သေးကြောင်းနှင့် သင်၏ တာဝန်အား ပိုမိုကောင်းမွန်စွာ မည်သို့လုပ်ဆောင်ရမည်ဆိုသည်တို့ကို တွေးဆရင်း၊ သင်၏ တာဝန်ကို မည်သို့ ကောင်းမွန်စွာ လုပ်ဆောင်ရမည်ကို သင် တွေးဆရမည်။ သင်၏ စိတ်နှလုံးထဲတွင် ဤရာများကို မကြာခဏ တွေးတောခြင်းအားဖြင့်သာ၊ သမ္မာတရားကို သင် ရရှိနိုင်လိမ့်မည်။ ဤအရာများသည် သင်၏ စိတ်နှလုံးထဲ၌ သင် မကြာခဏ တွေးဆသည့်အရာများ မဟုတ်သကဲ့သို့၊ ယင်းအစား သင်၏ စိတ်နှလုံးသည် စိတ်နှင့်ဆိုင်သော အရာများ သို့မဟုတ် ပြင်ပအရာများဖြင့်သာ ပြည့်နှက်နေပါက၊ ဘုရားသခင်ကို ကိုးကွယ်ဖို့ သင်၏ စိတ်နှလုံးနှင့် ရိုးသားမှုကို အသုံးပြုခြင်းနှင့် လုံးဝမသက်ဆိုင်သည့်- ယင်းနှင့် မည်သို့မျှ ပတ်သက်မှုမရှိသည့်- ထိုသို့သော အရာများဖြင့် နေရာယူထားခြင်းခံရပါက၊ သင်သည် သမ္မာတရားကို ရရှိနိုင်သလော။ သင်သည် ဘုရားသခင်နှင့် ဆက်ဆံရေးတစ်ရပ် ရှိပါသလော။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ရိုသားခြင်းအားဖြင့်သာ စစ်မှန်သော လူသားပုံသဏ္ဌာန်ကို အသက်ရှင်နေထိုင်နိုင်သည်” မှ

လူတို့သည် ဆုတောင်းရန် ဒူးထောက်ကြသည့်အခါ ထိုသူတို့သည် လုပ်ဆုပ်လက်ကိုင်ပြ၍ မရသောလောကရှိ ဘုရားသခင်ကို စကားပြောနေကြခြင်းပင် ဖြစ်သော်လည်း၊ ထိုသူတို့၏ ဆုတောင်းချက်များမှာ ရေသွယ်ပြွန်တစ်ချောင်းသဖွယ်လည်း ဖြစ်ကာ ယင်းမှတစ်ဆင့် သန့်ရှင်းသော ဝိညာဉ်တော်အလုပ်လုပ်သည်ကို ရှင်းလင်းစွာ နားလည်သင့်ပေသည်။ လူတို့သည် မှန်ကန်သော အခြေအနေ၌ရှိပြီး ဆုတောင်းရှာဖွေကြသောအခါ သန့်ရှင်းသောဝိညာဉ်တော်သည်လည်း တစ်ပြိုင်နက်တည်း အလုပ်လုပ်လာလိမ့်မည်။ ဤသည်မှာ မတူညီသော ရှုထောင့်နှစ်ခုမှ ဘုရားသခင်နှင့် လူသားမျိုးနွယ်ကြား သဟဇာတဖြစ်သော ပူးပေါင်းဆောင်ရွက်မှု တစ်ခုအလား ဖြစ်သည်၊ တစ်နည်းအားဖြင့် ယင်းမှာ လူတို့ ပြဿနာအချို့ကို ကိုင်တွယ်ဖြေရှင်းရန် ဘုရားသခင်မစနေခြင်းပင် ဖြစ်သည်။ ဤသည်မှာ လူသားတို့ ဘုရားသခင်ရှေ့မှောက် ရောက်လာသည့်အခါ သူတို့ဘက်မှ ပူးပေါင်းဆောင်ရွက်မှုပုံစံ ဖြစ်သည်၊ ယင်းသည် ဘုရားသခင် လူတို့ကို ကယ်တင်ပြီး သန့်စင်ပေးသည် နည်းလမ်းတစ်မျိုးလည်း ဖြစ်သည်။ ထို့ပြင် ယင်းသည် လူတို့၏ သင့်လျော်သော အသက်တာဝင်ရောက်ခြင်းအတွက် လမ်းကြောင်းပင်ဖြစ်ပြီး၊ ယင်းမှာ သဘင်အခမ်းအနားတစ်မျိုး မဟုတ်ပါပေ။ ဆုတောင်းခြင်းဟူသည် လူတို့၏ စိတ်အားထက်သန်မှုကို လှုံ့ဆော်ရန်မျှသာ မဟုတ်ပေ၊ ထိုအရာမျှသာ ဖြစ်ခဲ့ပါလျှင် ဟန်ဆောင်လုပ်ပြပြီး ဆောင်ပုဒ်တစ်ချို့ကို ကြွေးကြော်ရုံမျှနှင့် လုံလောက်မည်ဖြစ်ကာ၊ ဝတ်ပြုရန် သို့မဟုတ် ဘာသာရေးကိုင်းရှိုင်းရန်ဟူသည့် မည်သည့်အရာကိုမျှ တောင်းဆိုရန် လိုအပ်မည်မဟုတ်ပါပေ။ ဆုတောင်းခြင်း၏ အဓိပ္ပာယ်မှာ အလွန်အမင်းပင် လေးနက်သည်တကား။ သင် မကြာခဏ ဆုတောင်းပြီး မည်သို့ဆုတောင်းရမည်ကို သင်သိပါက၊ ကျိုးနွံနာခံစွာနှင့် ကျိုးကြောင်းဆီလျော်စွာ မကြာခဏ ဆုတောင်းပါက၊ သင်၏ အတွင်းစိတ်အခြေအနေမှာ အထူးသဖြင့် သင့်လျော်နေလိမ့်မည်။ အကယ်၍ သင်သည် မည်သည့် ဝန်ထုပ်ဝန်ပိုးမျှ မရှိသည့်အပြင် ဆုတောင်းချက်ထဲ၌ သင်ပြောသည့် မည်သည့်အချက်က ကျိုးကြောင်းဆီလျော်ကြောင်း၊ သင်၏ မည်သည့်စကားလုံးများက ကျိုးကြောင်းဆီလျော်မှု မရှိကြောင်းနှင့် မည်သို့သော စကားပြောနည်းက မှန်ကန်သော ဝတ်ပြုကိုးကွယ်မှု မဟုတ်ကြောင်းတို့ကို ဆင်ခြင်သုံးသပ်မှုမရှိဘဲ၊ ထို့ပြင် အကယ်၍ သင်သည် ဤအရေးကိစ္စများကို မည်သည့်အခါမျှ အလေးအနက်မရှိပါက သင်၏ ဆုတောင်းချက်များမှာ အောင်မြင်လိမ့်မည် မဟုတ်သည့်အပြင် သင်သည် ပုံမှန်မဟုတ်သော အတွင်းစိတ်ခံစားမှု အစဥ်အမြဲ ရှိလိမ့်မည်ဖြစ်သည်၊ သင်သည် ပုံမှန်ဖြစ်သော ကျိုးကြောင်းဆီလျော်မှုမှာ အဘယ်အရာဖြစ်ကြောင်း၊ စစ်မှန်သော ကျိုးနွံနာခံမှုမှာ အဘယ်အရာဖြစ်ကြောင်း၊ စစ်မှန်သော ဝတ်ပြုကိုးကွယ်ခြင်းမှာ အဘယ်အရာဖြစ်ကြောင်းနှင့် ဆုတောင်းခြင်းတွင် သင်ရပ်တည်ရမည့်နေရာ စသည့် သင်ခန်းစာများထဲသို့ မည်သည့်အခါမျှ အမှန်ပင် နက်နက်နဲနဲ ဝင်ရောက်လိမ့်မည်မဟုတ်ချေ။ ဤအရာများအားလုံးသည် သိမ်မွေ့နက်နဲသော ကိစ္စရပ်များဖြစ်လေသည်။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ဆုတောင်းခြင်း၏ အရေးပါမှုနှင့် အလေ့အထ” မှ

တစ်ခါတစ်ရံ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သင် မွေ့လျော်နေချိန်တွင်၊ သင်၏စိတ်ဝိညာဉ်သည် တို့ထိခံရပြီး၊ ဘုရားသခင်ကို သင် မချစ်ဘဲမနေနိုင်ကြောင်း၊ သင့်အတွင်းတွင် ကြီးမားသော ခွန်အားရှိကြောင်းနှင့် သင် ဘေးဖယ်မထားနိုင်သည့်အရာ မည်သည့်အရာမျှ မရှိသည်ကို သင် ခံစားရပေသည်။ အကယ်၍ သင်သည် ဤကဲ့သို့ခံစားရပါက၊ သင်သည် ဘုရားသခင်၏ ဝိညာဉ်တော်၏ တို့ထိခြင်းကို ခံရပြီးဖြစ်ကာ သင်၏စိတ်နှလုံးသည် ဘုရားသခင်ထံသို့ လုံးလုံးလျားလျား လှည့်ပြီး၊ ဘုရားသခင်ထံ ဆုတောင်းကာ၊ “အို ဘုရားသခင်။ ကျွန်ုပ်တို့သည် ကိုယ်တော်၏ ခွဲခန့်မှတ်သားခြင်းနှင့် ရွေးချယ်ခြင်းကို အမှန်တကယ် ခံရကြပြီးဖြစ်ပါသည်။ ကိုယ်တော်၏ ဘုန်းအသရေသည် ကျွန်ုပ်၏ ဂုဏ်ယူစေပြီး၊ ကိုယ်တော်၏ လူများထဲမှ တစ်ဦးဖြစ်ရသည်မှာ ကျွန်ုပ်အတွက် မွန်မြတ်သည်ဟု ခံစားရပါသည်။ ကျွန်ုပ်သည် ကိုယ်တော်၏ အလိုတော်ကို လုပ်ဆောင်ရန် မည်သည့်အရာကိုမဆို အသုံးပြုကာ မည်သည့်အရာကိုမဆို ပေးပါမည်၊ ပြီးလျှင် ကျွန်ုပ်၏ နှစ်ကာလအားလုံးနှင့် တစ်သက်တာလုံး ကြိုးပမ်းအားထုတ်မှုများကို ကိုယ်တော့်ထံ ဆက်ကပ်ပါမည်။” ဟု သင် ဆိုလိမ့်မည်။ ဤကဲ့သို့ သင်ဆုတောင်းသောအခါတွင်၊ သင်၏စိတ်နှလုံးထဲ၌ အဆုံးမရှိသော ချစ်ခြင်းနှင့် ဘုရားသခင်အပေါ် စစ်မှန်သော နာခံမှု ရှိလိမ့်မည်။ ဤကဲ့သို့သော အတွေ့အကြုံတစ်ခု သင် ရှိခဲ့ဖူးပါသလော။ အကယ်၍ လူများသည် ဘုရားသခင်၏ ဝိညာဉ်တော်၏ တို့ထိခြင်းကို မကြာခဏ ခံကြရပါက၊ ၎င်းတို့သည် ၎င်းတို့၏ ဆုတောင်းချက်များထဲ၌၊ “အို ဘုရားသခင်။ ကိုယ်တော် ဘုန်းထင်ရှားသော နေ့ရက်ကို ရှုမြင်ရန် ကျွန်ုပ် ဆန္ဒရှိသကဲ့သို့၊ ကိုယ်တော့်အတွက် အသက်ရှင်ရန် ကျွန်ုပ် ဆန္ဒရှိပါ၏- ကိုယ်တော့်အတွက် အသက်ရှင်ရန်ထက် မည်သည့်အရာမျှ သာ၍ မထိုက်တန်၊ အဓိပ္ပာယ်မရှိသကဲ့သို့၊ စာတန်နှင့် ဇာတိပကတိအတွက် အသက်ရှင်ရန် ကျွန်ုပ် ဆန္ဒ စိုးစဉ်းမျှ မရှိပါ။ ကိုယ်တော့်အတွက် ယနေ့ ကျွန်ုပ်ကို အသက်ရှင်နိုင်စေခြင်းအားဖြင့် ကိုယ်တော်သည် ကျွန်ုပ်အား ပြုစုပျိုးထောင်ပါသည်။” ဟူ၍ မိမိတို့ကိုယ်ကိုယ် ဘုရားသခင်ထံ ဆက်ကပ်ရန် အထူးသဖြင့် ဆန္ဒရှိကြပေသည်။ သင်သည် ဤသို့ဆုတောင်းပြီးသည့်အခါ သင်သည် သင်၏စိတ်နှလုံးကို ဘုရားသခင်အား မပေးဘဲ မနေနိုင်ကြောင်း၊ ဘုရားသခင်ကို သင် ရရှိရမည်ဖြစ်ကြောင်းနှင့် သင် အသက်ရှိစဉ်တွင် ဘုရားသခင်ကို ရရှိခြင်းမရှိဘဲ၊ သေဆုံးရဖို့ မုန်းတီးမည်ဖြစ်ကြောင်း ခံစားရလိမ့်မည်။ ထိုသို့သော ဆုတောင်းချက်တစ်ခုကို ပြောဆိုလျက်၊ သင်၏အတွင်းတွင် မကုန်ခန်းနိုင်သော ခွန်အားတစ်ခု ရှိလိမ့်မည်ဖြစ်ပြီး ထိုခွန်အားက မည်သည့်နေရာမှ ဖြစ်သည်ကို သင် သိရှိလိမ့်မည် မဟုတ်ပေ။ သင်၏ စိတ်နှလုံးတွင် အကန့်အသတ် မရှိသော တန်ခိုးရှိလိမ့်မည် ဖြစ်ပြီး၊ ဘုရားသခင်သည် ချစ်မြတ်နိုးဖွယ်ဖြစ်ပြီး သူ့ကို ချစ်မြတ်နိုးခြင်းငှာ ထိုက်တန်သည်ဆိုသည့် အသိစိတ် တစ်ခု ရှိလိမ့်မည်။ ဤသည်မှာ ဘုရားသခင်၏ တို့ထိခြင်းကို သင်ခံရပြီးဖြစ်လိမ့်မည့် အချိန် ဖြစ်သည်။ ထိုသို့သော အတွေ့အကြုံတစ်ခု ရှိပြီးကြသူများ အားလုံးသည် ဘုရားသခင်၏ တို့ထိခြင်းကို ခံရပြီးဖြစ်သည်။ ဘုရားသခင်၏ တို့ထိခြင်းကို မကြာခဏ ခံရသောသူများအတွက်၊ ၎င်းတို့၏ အသက်တာများ၌ အပြောင်းအလဲများ ဖြစ်ပေါ်သည်၊ ၎င်းတို့သည် ၎င်းတို့၏ ဆုံးဖြတ်ချက်ကို ပြုလုပ်နိုင်ကြပြီး၊ ဘုရားသခင်ထံ လုံးဝ လှည့်ရန် လိုလားခြင်း ရှိကြသည်၊ ၎င်းတို့စိတ်နှလုံးထဲရှိ ဘုရားသခင်အား ချစ်ခြင်းသည် သာ၍ အားကောင်းသည်၊ ၎င်းတို့၏ စိတ်နှလုံးများသည် ဘုရားသခင်ထံသို့ လုံးဝ လှည့်သွားကြပြီးဖြစ်သည်၊ ၎င်းတို့သည် မိသားစု၊ ကမ္ဘာလောက၊ အရှုပ်အယှက်များ သို့မဟုတ် ၎င်းတို့၏ အနာဂတ်များကို အလေးမထားကြသကဲ့သို့၊ ၎င်းတို့သည် တစ်ဘဝလုံး အားထုတ်မှုတို့ကို ဘုရားသခင်ထံ ဆက်ကပ်ရန် လိုလားနေကြပေသည်။ ဘုရားသခင်၏ ဝိညာဉ်တော် တို့ထိခြင်းကို ခံရပြီးသောသူအားလုံးသည် သမ္မာတရားကို အားထုတ်သောလူများနှင့် ဘုရားသခင်၏ စုံလင်စေခြင်းနှင့်ဆိုင်သည့် မျှော်လင့်ချက်ရှိသောလူများ ဖြစ်ကြသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်၏ အသစ်ဆုံးသောအမှုကို သိပြီး သူ၏ ခြေလှမ်းများနောက် လိုက်လော့

ယနေ့ခေတ်တွင် သန့်ရှင်းသောဝိညာဉ်တော်သည် ဝမ်းမြောက်ခြင်းကို ခံစားခွင့်ရစေရန် လူတို့ကို ဆက်၍ စေ့ဆော်ပေးပြီး သူသည် လူသားနှင့် အတူအကွ နေထိုင်သည်မှာ အမှန်တကယ်ပင် ဖြစ်သည်။ ဤသည်မှာ သင်၏အသက်တာတွင် မကြာခဏ ဖြစ်ပေါ်တတ်သော အထူးတလည် နှစ်လိုဖွယ်ကောင်းသော ထိုက ခံစားချက်များ ဖြစ်သည်။ ရံဖန်ရံခါ ဘုရားသခင်သည် အလွန် ချစ်မြတ်နိုးဖွယ်ကောင်းသည်ဟု သင်ခံစားရပြီး သင်သည် ဘုရားသခင်ထံ- “အို ဘုရားသခင်။ ကိုယ်တော်၏ချစ်ခြင်းမှာ အလွန်လှပပြီး ကိုယ်တော်၏ ရုပ်လွှာမှာ အလွန်ကြီးမြတ်ပါ၏။ ကိုယ်တော်ကို ကျွန်ုပ် သာ၍ နက်ရှိုင်းစွာ ချစ်လိုပါသည်။ ကျွန်ုပ်၏ အသက်တာတစ်ခုလုံးကို အသုံးပြုရန်အတွက် ကျွန်ုပ်ဖြစ်တည်သမျှကို ဆက်ကပ်ရန် အလိုရှိပါသည်။ ကိုယ်တော့်အဖို့ ဖြစ်နေသရွေ့၊ ဤသို့ပြလုပ်ရာတွင် ကိုယ်တော်ကို ကျွန်ုပ်ချစ်နိုင်စွမ်းရှိသရွေ့...အရာခပ်သိမ်းကို ကိုယ်တော့်ထံ ကျွန်ုပ်ဆက်ကပ်ပါမည်။” ဟု ဆုမတောင်းဘဲ မနေနိုင်သည့် နေ့ရက်တစ်ရက် ရောက်လာတတ်သည်။ ဤသည်မှာ သင့်ကို သန့်ရှင်းသောဝိညာဉ်တော်မှ ပေးအပ်သော ဝမ်းမြောက်ခြင်း ခံစားချက်တစ်ခု ဖြစ်သည်။ ၎င်းမှာ ဉာဏ်ပွင့်ခြင်း မဟုတ်သည့်အပြင် အလင်းပေးခြင်းလည်း မဟုတ်ပေ၊ ၎င်းမှာ စေ့ဆော်ခံရခြင်း၏ အတွေ့အကြုံပင် ဖြစ်သည်။ ဤအရာနှင့် တူညီသည့် အတွေ့အကြုံများမှာ မကြာခဏ ဖြစ်ပျက်တတ်သည်- တစ်ခါတစ်ရံ သင် အလုပ်သို့ သွားသောလမ်းပေါ်၌ ရှိသောအခါ သင်သည် ဆုတောင်းပြီး ဘုရားသခင်နှင့် နီးလာမည်ဖြစ်ပြီး သင်သည် စေ့ဆော်ခံရမည် ဖြစ်သဖြင့် သင်၏မျက်နှာကို မျက်ရည်များက ရွဲစိုစေပြီး ကိုယ့်ကိုကိုယ် ထိန်းချုပ်နိုင်မှုဟူသမျှ သင်ဆုံးရှုံးလိမ့်မည် ဖြစ်သည့်အပြင် သင်၏စိတ်နှလုံးထဲမှ စိတ်အားထက်သန်မှုအားလုံးကို သင်ဖော်ပြနိုင်သည့် သင့်လျော်သော ပတ်ဝန်းကျင်တစ်ခုကို ရှာဖို့ရန် သင်လိုလားတောင့်တလိမ့်မည်။…. သင်သည် လူပုံလယ်တစ်နေရာ၌ ရှိနေသောအခါ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာ မြောက်မြားစွာကို သင်ခံစားရမည်ဖြစ်ပြီး၊ သင်၏ကုသိုလ်ကံမှာ သာမန်ထက် လုံးဝမဟုတ်ကြောင်းနှင့် ထို့ထက်ပို၍ပင် သင်သည် အခြားသူများထက် အဓိပ္ပာယ်ပိုရှိသော အသက်တာကို နေထိုင်နေကြောင်း သင် ခံစားရလိမ့်မည်ဖြစ်သည်။ ဘုရားသခင်သည် သင့်ကို ချီးမြှောက်ပြီဖြစ်ကြောင်းနှင့် ဤသည်မှာ သင့်အတွက် ဘုရားသခင်၏ ကြီးမားသော ချစ်ခြင်းမေတ္တာဖြစ်ကြောင်းကို သင် နက်နက်နဲနဲ သိလိမ့်မည်။ စိတ်နှလုံးထဲမှ အနက်ရှိုင်းဆုံးနေရာ၌ လူသားအနေဖြင့် ဖော်ပြ၍မရသော၊ ဉာဏ်မမီနိုင်သော ဘုရားသခင့်အပေါ် ချစ်ခြင်းမေတ္တာတစ်မျိုး ရှိကြောင်းကို သင်ခံစားရလိမ့်မည်၊ သင်သည် ၎င်းကို သိသော်လည်း ဖော်ပြရန် နည်းလမ်းမရှိသကဲ့သို့ဖြစ်၍ သင့်ကို အမြဲတမ်း အလေးအနက် စဥ်းစားစေသော်လည်း ၎င်းကို လုံးလုံးလျားလျား ဖော်ပြခြင်းငှာ တတ်နိုင်စွမ်းမရှိ ဖြစ်စေသည်။ ဤကဲ့သို့သော အချိန်များတွင်- သင်သည် မည်သည့်နေရာ၌ ရှိသည်ကိုပင် မေ့လျော့ကာ- “အို ဘုရားသခင်။ ကိုယ်တော်သည် နားလည်ရန် အလွန်ခက်ခဲကာ အလွန်လည်း ချစ်မြတ်နိုးဖွယ်ကောင်းပေသည်” ဟူ၍ သင် အော်ပြောမိလိမ့်မည်။ ဤအရာက လူတို့ကို အကြံအိုက်စေမည်ဖြစ်သော်လည်း ဤကဲ့သို့သော အရာများအားလုံးမှာ အတော်ပင် မကြာခဏ ဖြစ်ပျက်တတ်လေသည်။ သင်တို့သည် ဤအရာမျိုးကို ကြိမ်ဖန်များစွာ ကြုံတွေ့ပြီးဖြစ်သည်။ ဤသည်မှာ ယနေ့ သင့်ကို သန့်ရှင်းသောဝိညာဉ်တော် ပေးခဲ့ပြီးသောအသက်တာဖြစ်ပြီး သင် ယခု နေထိုင်ရှင်သန်သင့်သော အသက်တာပင် ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လက်တွေ့လုပ်ဆောင်ခြင်း (၁)

ပေတရုသည် ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းကို ခံနေရချိန်၌ သူဆုတောင်းခဲ့သည်၊ “အို ဘုရားသခင်၊ ကျွန်ုပ်၏ ဇာတိပကတိသည် နာခံခြင်းမရှိပါ၊ ကိုယ်တော် ကျွန်ုပ်အား ပြစ်တင်ဆုံးမပြီး တရားစီရင် ပါသည်။ ကိုယ်တော်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်း၌ ကျွန်ုပ်ဝမ်းမြောက်ပါသည်။ ကိုယ်တော် ကျွန်ုပ်ကိုအလိုမရှိလျှင်ပင်၊ ကိုယ်တော်၏ တရားစီရင်ခြင်း၌ ကိုယ်တော်၏ မြင့်မြတ်သန့်ရှင်းပြီး ဖြောင့်မတ်သည့် စိတ်သဘောထားကို ကျွန်ုပ်မြင်ပါသည်။ ကိုယ်တော် ကျွန်ုပ်ကို တရားစီရင်သည့်အခါ ကျွန်ုပ်အား ရကျေနပ်မိပါသည်။ ထိုအရာက ကိုယ်တော်၏ စိတ်သဘောထားကို ဖော်ပြနိုင်ပြီး ကိုယ်တော်၏ ဖြောင့်မတ်သည့် စိတ်သဘောထားကို အဖန်ဆင်းခံသတ္တဝါအားလုံးအား ရှုမြင်ခွင့်ပြုပါက၊ ပြီးလျှင် ယင်းက ကိုယ်တော့်ကို ကျွန်ုပ်၏ ချစ်ခြင်းအား ပိုမိုဖြူစင်စေနိုင်ပြီး၊ ဖြောင့်မတ်သောသူတစ်ဦး၏ ပုံသဏ္ဌာန်ကို ရနိုင်စေပါက၊ ယင်းမှာ ကိုယ်တော်၏ ကျေးဇူးကြီးမားသော အလိုတော်ဖြစ်သည့်အတွက် ကိုယ်တော်၏ တရားစီရင်ခြင်းသည် ကောင်းမြတ်ပါသည်။ ကျွန်ုပ်အထဲတွင် ပုန်ကန်လိုသောစိတ် များစွာရှိသေးကြောင်းနှင့် ကိုယ်တော်၏ ရှေ့မှောက်သို့ဝင်ရန် မသင့်လျော်သေးကြောင်းကို ကျွန်ုပ်သိပါသည်။ ရန်လိုသော ပတ်ဝန်းကျင် သို့မဟုတ် ကြီးစွာသော ဆင်းရဲဒုက္ခများအားဖြင့်ဖြစ်စေ ကိုယ်တော် ကျွန်ုပ်အား ပို၍ပင် တရားစီရင်ရန် ကျွန်ုပ်လိုလားပါသည်။ မည်သည့်အရာကို ကိုယ်တော်ပြုသည်ဖြစ်စေ ထိုအရာမှာ ကျွန်ုပ်အဖို့ အဖိုးထိုက်တန် လှပါ၏။ ကိုယ်တော်၏ချစ်ခြင်းသည် အလွန်နက်နဲသိမ်မွေ့ပြီး စိုးစဉ်းမျှပင် စောဒကမတက်ဘဲ ကိုယ်တော်၏ သနားကရုဏာကို မိမိကိုယ်ကိုယ် ခံယူရန် ကျွန်ုပ်လိုလားပါသည်။” ယင်းမှာ ဘုရားသခင်၏ အမှုကို တွေ့ကြုံပြီးနောက် ပေတရု၏ အသိအမြင် ဖြစ်ပြီး ဘုရားသခင်အပေါ်ထားရှိသော သူ၏ချစ်ခြင်းအတွက် သက်သေခံချက်တစ်ခုလည်းဖြစ်သည်။...သူ့အသက်ဆုံးခါနီး၊ စုံလင်စေခြင်းကို ခံရပြီးနောက် ပေတရုက- “အို ဘုရားသခင်၊ နှစ်အနည်းငယ် ကျွန်ုပ် အသက်ဆက်ရှင်ရမည်ဆိုလျှင် ကျွန်ုပ်သည် ကိုယ်တော်အား ပိုမိုဖြူစင်စွာနှင့် ပိုမိုလေးနက်စွာ ချစ်ခြင်းကို ရရှိလိုပါသည်” ဟု ဆိုခဲ့သည်။ ကားတိုင်ပေါ်၌ အတင်ခံရဆဲဆဲအချိန်တွင် စိတ်နှလုံးထဲမှ သူဆုတောင်းသည်မှာ- “အို ဘုရားသခင်၊ ကိုယ်တော်၏အချိန် ယခု ကျရောက်ပါပြီ၊ ကျွန်ုပ်အတွက် ကိုယ်တော်ပြင်ဆင်ထားသောအချိန် ကျရောက်ပါပြီ။ ကျွန်ုပ်သည် ကိုယ်တော်အတွက် အသေခံရမည်၊ ကိုယ်တော့်ထံ ဤသက်သေခံချက်ကို ကျွန်ုပ်ပြုရမည်၊ ပြီးလျှင် ကျွန်ုပ်၏ ချစ်ခြင်းမေတ္တာသည် ကိုယ်တော်၏ တောင်းဆိုချက်များကို ဖြည့်ဆည်းနိုင်လိမ့်မည်၊ ချစ်ခြင်းသည်လည်း ပိုမိုဖြူစင်လာ နိုင်မည်ဟု ကျွန်ုပ်မျှော်လင့်ပါသည်။ ယနေ့၊ ကိုယ်တော်အတွက် အသေခံနိုင်ခြင်းနှင့် ကိုယ်တော်အတွက် ကားစင်တင်ခံရခြင်း တို့သည် ကျွန်ုပ်အား နှစ်သိမ့်စိတ်ချမှုကို ပေးပါသည်။ အဘယ်ကြောင့်ဆိုသော် ကိုယ်တော်အတွက် ကားတိုင်ပေါ်တွင် အသေခံခြင်းနှင့် ကိုယ်တော်၏အလိုတော်တို့ကို ဖြည့်ဆည်းနိုင်ခြင်း အပြင် ကျွန်ုပ်ကိုယ်ကို ကိုယ်တော့်လက်သို့ အပ်နိုင်ခြင်းနှင့် ကျွန်ုပ်၏အသက်ကို ကိုယ်တော့်ကို ဆက်ကပ်နိုင်ခြင်းတို့ထက် မည်သည့်အရာကမျှ ကျွန်ုပ်အား ပို၍ကျေနပ်အားရစေမည် မဟုတ်ပါ။ အို ဘုရားသခင်၊ ကိုယ်တော်သည် ချစ်ခင်ဖွယ် ကောင်းလှတကား။ ကိုယ်တော်သည် ကျွန်ုပ်ကို အသက်ရှင်ခွင့် ပေးခဲ့ပါက ကိုယ်တော့်ကို ပို၍ပင်ချစ်ရန် ကျွန်ုပ်လိုလားပါလိမ့်မည်။ ကျွန်ုပ် အသက်ရှင်နေသရွေ့ ကိုယ်တော့်ကို ချစ်ပါမည်။ ကိုယ်တော့်ကို ပိုမိုလေးနက်စွာ ချစ်လိုပါသည်။ ကိုယ်တော်သည် ကျွန်ုပ်ကို တရားစီရင်ပြီး ပြစ်တင်ဆုံးမကာ စမ်းသပ်သည်၊ အကြောင်းမှာ ကျွန်ုပ်သည် မဖြောင့်မတ်ဘဲ အပြစ်ကျူးလွန် ခဲ့သောကြောင့် ဖြစ်သည်။ ထို့ပြင် ကိုယ်တော်၏ ဖြောင့်မတ်သော စိတ်သဘောထားကို ပိုမို၍ သိသာထင်ရှားစွာ ကျွန်ုပ်မြင်လာပါသည်။ ကိုယ်တော်ကို ကျွန်ုပ် ပိုမိုနက်ရှိုင်းစွာ ချစ်လာနိုင်စေသည့်အတွက် ဤသည်မှာ ကျွန်ုပ်အဖို့ ကောင်းချီးမင်္ဂလာတစ်ခုဖြစ်ပြီး ကိုယ်တော် ကျွန်ုပ်ကို မချစ်လျှင်ပင် ဤနည်းအတိုင်း ကိုယ်တော့်ကို ကျွန်ုပ်ချစ်လိုပါသည်။ ကျွန်ုပ်သည် ကိုယ်တော်၏ ဖြောင့်မတ်သော စိတ်သဘောထားကို ရှုမြင်လိုပါသည်။ ယင်းက ကျွန်ုပ်အား အဓိပ္ပာယ်ရှိသော အသက်တာကို သာ၍ အသက်ရှင်နိုင် စေသောကြောင့် ဖြစ်ပါသည်။ ကျွန်ုပ်သည် ကိုယ်တော့်အတွက် ကားတိုင်တင်ခံရပြီး ကိုယ်တော့်အတွက် အသေခံခြင်းသည် အဓိပ္ပာယ်ပြည့်ဝသောကြောင့် ကျွန်ုပ်၏ လက်ရှိအသက်တာသည် ပိုမိုလေးနက်လာသည်ဟု ကျွန်ုပ်ခံစားရပါသည်။ သို့သော် ကိုယ်တော့်အကြောင်းကို အနည်းငယ်သာ ကျွန်ုပ်သိသည့်အတွက်၊ ကျွန်ုပ်သည် ကိုယ်တော်၏ အလိုတော်တို့ကို ပြည့်စုံစွာ မဖြည့်ဆည်းနိုင်ကြောင်းနှင့် ကိုယ်တော့်ကို အနည်းငယ်သာ ပြန်လည်ပေးဆပ်ပြီးကြောင်းတို့ကို သိသည့်အတွက် ကျွန်ုပ် ကျေနပ်အားရခြင်း မရှိသေးပါ။ ကျွန်ုပ်၏အသက်တာတွင် ကိုယ်တော့်ကို မိမိအလုံးစုံကို ပြန်လည်ပေးဆပ်ရန် မတတ်စွမ်းနိုင်ခဲ့ပါ၊ ဝေးလှပါသေးသည်။ ဤအခိုက်အတန့်တွင် နောက်ကြောင်း ပြန်လှည့်ကြည့်သည့်အခါ ကျွန်ုပ်သည် ကိုယ်တော့်အပေါ် အလွန်ပင် ကျေးဇူးတင်ကြောင်း ခံစားရပါသည်။ ကျွန်ုပ်၏ အမှားများအားလုံးနှင့် ကိုယ်တော့်ကို ပြန်လည် မပေးဆပ်ခဲ့ရသည့် ချစ်ခြင်းမေတ္တာများအားလုံးကို ပြန်လည် ထေမိစေရန် ယခုတဒင်္ဂအချိန်သာ ရှိပါ၏” ဟူ၍ ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ပေတရု၏ အတွေ့အကြုံများ- ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့နှင့်သက်ဆိုင်သည့် သူ၏အသိပညာ

အောက်ခြေမှတ်စု(များ)-

က။ မူရင်းစာသားတွင် “ဤသည်တို့မှာ တစ်ချို့သော” ဟု ဖော်ပြသည်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ကမ္ဘာလောကသည် အဘယ်ကြောင့် အလွန်မှောင်မိုက်ပြီး ဆိုးယုတ်ရပါသနည်း။ လူသားမျိုးနွယ်သည် ဖောက်ပြန်ပျက်စီးမှု အထွတ်အထိပ်ရောက်နေပြီဖြစ်သောကြောင့်၊ ဖျက်စီးခံရသင့်ပါ သလား။

၁) ကမ္ဘာလောကသည် အဘယ်ကြောင့် အလွန်မှောင်မိုက်ပြီး ဆိုးယုတ်ရပါသနည်း။ ကိုးကားရန် သမ္မာကျမ်းပိုဒ်များ- “လောကီသားအပေါင်းတို့သည် မာရ်နတ်၏လက်၌...

Leave a Reply

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။