ဘုရားသခင်ကို ကျွန်ုပ်တို့ မယုံကြည်သကဲ့သို့ ကောင်းသောအရာကို လုပ်ဆောင်ပြီး မည်သည့် မကောင်းမှုကိုမျှ မကျူးလွန်ဘဲ ကောင်းမြတ်ရုံမျှ ကောင်းမြတ်ကြပါက၊ ဘုရားသခင်အားဖြင့် ကျွန်ုပ်တို့ ကယ်တင်ခံလိမ့်မည် ဖြစ်ပါသလား။

06.12.2021

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

လူသားများက အခြားလူသားများကို ဝေဖန်အကဲဖြတ်သည့် စံနှုန်းမှာ ၎င်းတို့၏ အပြုအမူပေါ်တွင် အခြေခံသည်။ ၎င်းတို့၏ အပြုအမူ ကောင်းမွန်သောသူများသည် ဖြောင့်မတ်ကြသော်လည်း၊ ၎င်းတို့၏ အပြုအမူက စက်ဆုပ်ဖွယ်ကောင်းသူများသည် ဆိုးယုတ်ကြပေသည်။ လူသားများကို ဘုရားသခင် တရားစီရင်သော စံနှုန်းမှာ ၎င်းတို့၏ အနှစ်သာရက သူ့ကို ကျိုးနွံနာခံမှု ရှိမရှိဆိုသည့်အပေါ် အခြေခံသည်။ ဤလူ၏ အပြုအမူ ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ၊ ပြီးလျှင် ၎င်းတို့၏ စကားက မှန်သည်ဖြစ်စေ၊ မမှန်ကန်သည်ဖြစ်စေ၊ ဘုရားသခင်ကို ကျိုးနွံနာခံသောသူသည် ဖြောင့်မတ်သူတစ်ဦး ဖြစ်သော်လည်း၊ ဘုရားသခင်ကို ကျိုးနွံမနာခံသောသူသည် ရန်သူတစ်ဦးနှင့် ဆိုးယုတ်သူတစ်ဦး ဖြစ်သည်။ လူအချို့သည် အနာဂတ်တွင် ကောင်းသော ခရီးပန်းတိုင်ကို ရရှိရန် ကောင်းသောလုပ်ရပ်များကို အသုံးပြုရန် ဆန္ဒ ရှိကြပြီး၊ လူအချို့သည် ကောင်းသော ခရီးပန်းတိုင်ကို ရယူရန် ကောင်းမွန်သော စကားများကို အသုံးပြုရန် ဆန္ဒရှိကြသည်။ ဘုရားသခင်သည် ၎င်းတို့၏ အပြုအမူကို စောင့်ကြည့်ပြီးနောက်တွင် သို့မဟုတ် ၎င်းတို့၏ စကားကို နားထောင်ပြီးနောက် လူတို့၏ ရလဒ်များကို ဆုံးဖြတ်သည်ဟု လူတို့သည် မှားယွင်းစွာ ယုံကြည်ကြသည်။ ထို့ကြောင့် များစွာသော လူတို့သည် ၎င်းတို့အား ယာယီ မျက်နှာသာတစ်ခု ပေးစေခြင်းအဖြစ်သို့ ဘုရားသခင်ကို လှည့်ဖြားဖို့ ဤအရာကို ကောင်းစွာ အသုံးပြုရန် ဆန္ဒ ရှိကြလေသည်။ အနာဂတ်တွင် အနားယူခြင်း အခြေအနေတစ်ခု၌ ရှင်သန်ကြမည့် လူအားလုံးသည် ဘေးဒုက္ခ နေ့ရက်ကို သည်းခံကြရပြီးဖြစ်လိမ့်မည် ဖြစ်သကဲ့သို့၊ ဘုရားသခင်အတွက် သက်သေလည်း ခံကြပြီး ဖြစ်လိမ့်မည်။ ၎င်းတို့အားလုံးသည် မိမိတို့၏တာဝန်များကို ဖြည့်ဆည်းပြီးသူများနှင့် ဘုရားသခင်ကို တမင်သက်သက် ကျိုးနွံနာခံပြီးသူများ ဖြစ်ကြလိမ့်မည်။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖို့ ရှောင်ရှားရန် ရည်ရွယ်ချက်ဖြင့် အစေခံခြင်း ပြုဖို့ အခွင့်အရေးကို အသုံးပြုရန် ဆန္ဒရှိရုံမျှ ရှိသူတို့သည် ကျန်ရှိခွင့် ရှိကြလိမ့်မည် မဟုတ်ပေ။ ဘုရားသခင်သည် တစ်ဦးစီတိုင်း၏ ရလဒ်နှင့်ဆိုင်သည့် အစီအစဉ်အတွက် သင့်လျော်သော စံချိန်စံညွှန်းများ ရှိသည်။ သူသည် တစ်ဦးတစ်ယောက်၏ စကားလုံးများနှင့် အပြုအမူနှင့်အညီ ဤဆုံးဖြတ်ချက်များကို မပြုလုပ်သကဲ့သို့၊ အချိန်ကာလ တစ်ခုအတွင်း တစ်ဦးတစ်ယောက် မည်သို့ ပြုမူသည်ဆိုသည့်အပေါ် အခြေခံကာ ဤဆုံးဖြတ်ချက်များကို ပြုလုပ်သည်လည်း မဟုတ်ပေ။ သူ့အတွက် ၎င်းတို့၏ အတိတ်က အစေခံမှုကြောင့် တစ်ဦးတစ်ယောက်၏ ဆိုးယုတ်သော အပြုအမူနှင့် စပ်လျဉ်း၍ ဘုရားသခင်သည် လုံးဝ သက်ညှာလိမ့်မည် မဟုတ်သကဲ့သို့၊ ဘုရားသခင်အတွက် တစ်ကြိမ်တစ်ခါမျှ အသုံးခံခဲ့မှုကြောင့်လည်း၊ တစ်ဦးတစ်ယောက်ကို သေခြင်းမှ ချမ်းသာပေးလိမ့်မည် မဟုတ်ပေ။ ၎င်းတို့၏ ဆိုးယုတ်မှုအတွက် မည်သူမျှ ပြစ်ဒဏ်ပေးဆပ်ခြင်းကို မရှောင်လွှဲနိုင်သကဲ့သို့၊ မည်သူကမျှ ၎င်းတို့၏ ဆိုးယုတ်သော အပြုအမူကို ဖုံးကွယ်ကာ၊ ထိုသို့ဖြင့် ဖျက်ဆီးခံရခြင်း၏ ညှဉ်းဆဲမှုများကို မရှောင်တိမ်းနိုင်ပေ။ လူတို့သည် မိမိတို့၏ ကိုယ်ပိုင် တာဝန်ကို အမှန်တကယ် ဖြည့်ဆည်းနိုင်ကြပါက၊ ယင်းမှာ ၎င်းတို့သည် ကောင်းချီးမင်္ဂလာများ ရရှိသည်ဖြစ်စေ သို့မဟုတ် ကံဆိုးခြင်းကို ခံစားရသည်ဖြစ်စေ၊ ဘုရားသခင်ကို ထာဝရ သစ္စာရှိပြီး ဆုလာဘ်များကို ရှာဖွေခြင်း မရှိဟု ဆိုလိုပေသည်။ လူများသည် ကောင်းချီးမင်္ဂလာကို မြင်ရသောအခါ ဘုရားသခင်ကို သစ္စာရှိသော်လည်း၊ မည်သည့် ကောင်းချီးမင်္ဂလာကိုမျှ မတွေ့မြင်ရသည့်အခါ ၎င်းတို့၏ သစ္စာရှိမှု ဆုံးရှုံးပါက၊ ပြီးလျှင် နောက်ဆုံးတွင် ဘုရားသခင်အတွက် သက်သေကို မခံနိုင်ကြဆဲဖြစ်ပါက သို့မဟုတ် ၎င်းတို့ တာဝန်ရှိသည့် တာဝန်များကို မဖြည့်ဆည်းနိုင်ဆဲဖြစ်ပါက၊ ၎င်းတို့သည် တစ်ချိန်က ဘုရားသခင်ကို သစ္စာရှိသည့် အစေခံမှု ယခင်က ပေးခဲ့ကြသော်လည်း၊ ဖျက်ဆီးခြင်းခံရမည့် သူများ ဖြစ်ကြဆဲ ဖြစ်လိမ့်မည်။ အတိုချုပ်ပြောရလျှင် ဆိုးယုတ်သော လူတို့သည် ထာဝရကာလတစ်လျှောက် ရှင်သန်နိုင်မည် မဟုတ်သကဲ့သို့၊ ငြိမ်သက်ခြင်းချမ်းသာထဲသို့လည်း မဝင်ရောက်နိုင်ကြပေ။ ဖြောင့်မတ်သော သူတို့သည်သာ ငြိမ်သက်ခြင်းချမ်းသာ၏ အရှင်သခင်များ ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်နှင့် လူသားသည် ငြိမ်သက်ခြင်းချမ်းသာထဲသို့ အတူတကွ ဝင်ရောက်ကြလိမ့်မည်

ငါသည် လူတစ်ဦးစီ၏ ပန်းတိုင်ကို အသက်၊ ဝါရင့်ခြင်း၊ ဒုက္ခခံရသည့်ပမာဏနှင့် အနည်းဆုံးအနေဖြင့် ၎င်းအပေါ် သနားစိတ်ပေါ်စေသည့် အတိုင်းအတာတို့ကို အခြေပြု၍ ဆုံးဖြတ်ခြင်း မဟုတ်ဘဲ၊ သမ္မာတရားကို ၎င်းတို့ ပိုင်ဆိုင်ခြင်း ရှိမရှိအပေါ်တွင် မူတည်၍ ဆုံးဖြတ်ခြင်းဖြစ်၏။ ဤအရာမှတစ်ပါး တခြားရွေးချယ်စရာ မရှိ။ ဘုရားသခင်၏ အလိုတော်ကို မလိုက်သူအားလုံး အပြစ်ပေးခြင်း ခံရမည်ကို သင်တို့ သဘောပေါက်ရမည်။ ဤသည်မှာ မပြောင်းလဲနိုင်သော အချက်ဖြစ်၏။ ထို့ကြောင့် အပြစ်ပေးခံရသူအားလုံးသည် ဘုရားသခင်၏ ဖြောင့်မတ်တော်မူခြင်းကြောင့်လည်းကောင်း၊ ၎င်းတို့၏ များလှစွာသော ဆိုးယုတ်သည့် လုပ်ရပ်များကြောင့် ဒဏ်ခတ်ခြင်း အဖြစ်လည်းကောင်း ဤသို့ အပြစ်ပေးခံရခြင်း ဖြစ်၏။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သင်၏ ပန်းတိုင်အတွက် လုံလောက်သော ကောင်းမှုများကို ပြင်ဆင်လော့

အပြုအမူဆိုင်ရာ အပြောင်းအလဲများမျှသည် ရေရှည်မတည်တံ့ပေ။ အကယ်၍ လူတို့၏ အသက်စိတ်သဘောထားများ၌ ပြောင်းလဲခြင်း မရှိပါက၊ ၎င်းတို့၏ ဆိုးယုတ်သောဘက်များသည် ယင်းတို့ဘာသာ အနှေးနှင့်အမြန် ပေါ်လာလိမ့်မည်ဖြစ်သည်။ ၎င်းတို့၏ အပြုအမူ ပြောင်းလဲမှုများ၏ အရင်းအမြစ်မှာ ထိုအချိန်က သန့်ရှင်းသောဝိညာဉ်တော်၏ အမှုတစ်ခုခုနှင့် ပူးတွဲထားသော စိတ်အားထက်သန်မှု ဖြစ်သောကြောင့်၊ ၎င်းတို့အတွက် စိတ်အားထက်သန်လာရန်၊ သို့မဟုတ် ခဏတာ သနားကြင်နာမှု ဖော်ပြရန်မှာ အလွန့်အလွန် လွယ်ကူသည်။ “ကောင်းမှုတစ်ခုလုပ်ရန် လွယ်သည်၊ ခက်ခဲသည်မှာ ကောင်းမှုများကို ရာသက်ပန်ပြုရန်ပင် ဖြစ်သည်” ဟု မယုံကြည်သူများ ပြောသကဲ့သို့ပင် ဖြစ်သည်။ လူတို့သည် ၎င်းတို့၏ ဘဝတစ်ခုလုံးတစ်လျှောက် ကောင်းမှုများကို ပြုနိုင်စွမ်းမရှိကြချေ။ တစ်ဦးတစ်ယောက်၏အပြုအမူကို အသက်က စီမံညွှန်ကြားပေသည်။ မိမိ၏ဘဝမှာ မည်သည့်အရာဖြစ်ပါစေ၊ မိမိ၏ အပြုအမူလည်း ထိုနည်းအတိုင်းပင်ဖြစ်ပြီး၊ သဘာဝအတိုင်း ထုတ်ဖော်သော အရာသည်သာ အသက်တာအပြင်၊ လူတစ်ဦး၏ သဘာဝဗီဇကို ကိုယ်စားပြုသည်။ အတုအယောင်ဖြစ်သော အရာများမှာ ကြာရှည်မတည်နိုင်ပေ။ ဘုရားသခင်သည် လူသားကို ကယ်တင်ရန် အမှုပြုသောအခါ လူသားကို ကောင်းသောအပြုအမူဖြင့် ဆင်မြန်းရန် မဟုတ်ပေ- ဘုရားသခင်၏အမှု၏ ရည်ရွယ်ချက်မှာ လူတို့၏စိတ်သဘောထားများကို အသွင်ပြောင်းလဲရန်၊ ၎င်းတို့ကို အသစ်သောလူအဖြစ် တစ်ဖန်ပြန်မွေးဖွားစေရန် ဖြစ်သည်။ ထို့ကြောင့် လူသားအပေါ် ဘုရားသခင်၏ တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်း၊ စမ်းသပ်ခြင်းများနှင့် စစ်ဆေးခြင်းများအားလုံးက လူသားအနေဖြင့် ဘုရားသခင်အပေါ် အကြွင်းမဲ့ ကျိုးနွံနာခံခြင်းနှင့် ဆည်းကပ်ခြင်းတို့ကို စွမ်းဆောင်ရရှိနိုင်ဖို့အလို့ငှာနှင့်၊ သူ့ကို ပုံမှန် ကိုးကွယ်လာကြဖို့အလို့ငှာ သူ၏စိတ်သဘောထားကို ပြောင်းလဲရန် အသုံးတော်ခံဖို့ ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏အမှု၏ ရည်ရွယ်ချက်ဖြစ်သည်။ ကောင်းမွန်စွာ ပြုမူခြင်းသည် ခရစ်တော်နှင့် သဟဇာတဖြစ်ခြင်းနှင့် တူညီဖို့မဆိုထားနှင့်၊ ဘုရားသခင်ကို ကျိုးနွံနာခံခြင်းနှင့်ပင် မတူညီပေ။ အပြုအမူ အပြောင်းအလဲများသည် အယူဝါဒအပေါ် အခြေခံပြီး စိတ်အားထက်သန်မှုမှ ပေါ်ပေါက်လာခြင်းဖြစ်သည်၊ ၎င်းတို့သည် သန့်ရှင်းသောဝိညာဉ်တော်၏ လမ်းပြခြင်းအပေါ် အခြေတည်ဖို့ မဆိုထားနှင့်၊ ဘုရားသခင်အကြောင်း စစ်မှန်သောအသိ၊ သို့မဟုတ် သမ္မာတရားကို အခြေခံထားခြင်း မဟုတ်ပေ။ လူတို့လုပ်သော အရာအချို့တို့သည် သန့်ရှင်းသောဝိညာဉ်တော်၏ ညွှန်ကြားမှုကြောင့်ဖြစ်သော အချိန်များရှိသော်လည်း၊ ဤသည်မှာ ဘုရားသခင်ကိုသိခြင်းနှင့် တူညီရန် မဆိုထားနှင့်၊ အသက်၏ ဖော်ပြချက်တစ်ခုပင် မဟုတ်ပေ။ လူတစ်ဦး၏ အပြုအမူ မည်မျှပင် ကောင်းပါစေ၊ ၎င်းတို့သည် ဘုရားသခင်ကို ကျိုးနွံနာခံပြီးဖြစ်သည် သို့မဟုတ် သမ္မာတရားကို လက်တွေ့ကျင့်ဆောင်သည်ဟု သက်သေပြခြင်း မရှိပေ။ အပြုအမူဆိုင်ရာ အပြောင်းအလဲများသည် တစ်ခဏမျှသာဖြစ်သော စိတ်၏လှည့်စားမှုတစ်ခုသာ ဖြစ်သည်။ ၎င်းတို့မှာ စိတ်အားသန်ခြင်း၏ သရုပ်သကန်များသာဖြစ်သည်။ ယင်းတို့ကို အသက်၏ ဖော်ပြချက်အဖြစ် ယူဆ၍မရနိုင်ပေ။

—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ အပိုင်း သုံး

သင်၏ ကောင်းမှုများသည် မည်သည်အတွက် အရေးပါသနည်း။ ၎င်းတို့သည် ဘုရားသခင်အား ကိုးကွယ်သော စိတ်နှလုံး၏နေရာကို အစားထိုးနိုင်သလော။ ကောင်းမှုအချို့ကို ပြုရုံသက်သက်ဖြင့် ဘုရားသခင်၏ ကောင်းချီးမင်္ဂလာကို သင်မရနိုင်၊ ထို့အပြင် သင့်အနေဖြင့် မတရားဖိနှိပ် ချုပ်ချယ်ခံခဲ့ရသည်ဆိုရုံမျှနှင့် သင့်အပေါ် ပြုခဲ့ကြသည့် မတရားမှုများအတွက် ဘုရားသခင်က လက်တုံ့ပြန်ပေးမည် မဟုတ်။ ဘုရားသခင်ကို ယုံကြည်သော်လည်း ဘုရားသခင်ကို မသိဘဲ၊ ကောင်းမှုများကို ပြုသောသူများ အားလုံးသည်လည်း ပြစ်တင်ဆုံးမခြင်းကို ခံကြရသည် မဟုတ်လော။ သင်သည် ဘုရားသခင်ကို ယုံကြည်ရုံမျှသာ ယုံကြည်သည်၊ သင့်အပေါ် ပြုခဲ့သော မတရားမှုများကို ဘုရားသခင်က တရားသဖြင့် ပြုပေးရန်နှင့် လက်တုံ့ပြန်ပေးရန်သာ သင်အလိုရှိပြီး၊ နောက်ဆုံးတွင် သင် ဂုဏ်ယူဝင့်ကြွားနိုင်မည့် နေ့တစ်နေ့ဖြစ်သော သင်၏နေ့အား ဘုရားသခင်က သင့်ကိုပေးရန် သင်အလိုရှိသည်။ သို့သော်လည်း သင်သည် သမ္မာတရားကို အာရုံပြုရန် ငြင်းဆန်သည်သာမက၊ သမ္မာတရားဖြင့် အသက်ရှင်နေထိုင်ရန် ဆာငတ်ခြင်းလည်း သင်၌ မရှိ။ ခက်ခဲပြီး အနှစ်သာရမဲ့သော ဤအသက်တာထဲမှ လွတ်မြောက်နိုင်စွမ်းကား သင်၌ သာ၍မရှိပေ။ ထိုအစား သင်၏အသက်တာကို ဇာတိပကတိ၌ အသက်ရှင်နေစဉ်နှင့် သင်၏အပြစ်တရားနှင့်ပြည့်သော အသက်တာကို အသက်ရှင်နေစဉ်တွင် သင်၏နစ်နာချက်များကို ပုံမှန်ပြန်ဖြစ်စေရန်နှင့် သင်၏ ဖြစ်တည်မှု၏ မြူမှိုင်းကို ခွင်းပေးရန် ကူညီစောင်မဖို့ ဘုရားသခင်အား မျှော်လင့်တကြီးဖြင့် သင် ကိုးစားသည်။ သို့သော် ယင်းသည် ဖြစ်နိုင်သလော။ အကယ်၍ သမ္မာတရားကို သင်ပိုင်ဆိုင်ပါက ဘုရားသခင်နောက် သင် လိုက်နိုင်မည် ဖြစ်သည်။ အကယ်၍ သင်သည် အသက်ရှင်နေထိုင်ခြင်းရှိပါက ဘုရားသခင်၏ နှုတ်ကပတ်တော်၏ သရုပ်သကန်တစ်ခု ဖြစ်နိုင်သည်။ အကယ်၍ သင်၌ အသက်ရှိပါက ဘုရားသခင်၏ ကောင်းချီးမင်္ဂလာကို သင် ခံစားမွေ့လျော်နိုင်သည်။ သမ္မာတရားကို ပိုင်ဆိုင်သောသူများသည် ဘုရားသခင်၏ ကောင်းချီးမင်္ဂလာကို ခံစားမွေ့လျော်နိုင်ကြ၏။ ဘုရားသခင်သည် သူ့အား စိတ်နှလုံး အကြွင်းမဲ့ချစ်ပြီး အခက်အခဲများနှင့် ဒုက္ခဆင်းရဲများကို ကြံ့ကြံ့ခံသော သူများအား တရားသဖြင့်ဖြစ်စေမည်မှာ သေချာသည်၊ သို့သော် မိမိတို့ကိုယ်ကိုသာ ချစ်ပြီး စာတန်၏ လိမ်လည်လှည့်ဖြားမှုများ၏ သားကောင်ဖြစ်သွားသော သူများကိုမူ တရားသဖြင့်ဖြစ်စေခြင်း မရှိချေ။ သမ္မာတရားကို မချစ်သောသူများ၏ အထဲတွင် ကောင်းမြတ်ခြင်း မည်သို့ရှိနိုင်မည်နည်း။ ဇာတိပကတိကိုသာ ချစ်သောသူများ၏အထဲတွင် ဖြောင့်မတ်ခြင်း မည်သို့ရှိနိုင်မည်နည်း။ ဖြောင့်မတ်ခြင်းနှင့် ကောင်းခြင်းတို့ကို သမ္မာတရားထံ ရည်ညွှန်းခြင်းအားဖြင့်သာ ပြောကြသည် မဟုတ်လော။ ယင်းတို့ကို ဘုရားသခင်အား စိတ်နှလုံးအကြွင်းမဲ့ ချစ်သောသူများအတွက် သီးသန့်ထားသည် မဟုတ်လော။ သမ္မာတရားကို မချစ်သောသူနှင့် ပုပ်ပျက်သော အလောင်းကောင်များသာ ဖြစ်သောသူ- ဤလူများအားလုံးတို့သည် ဆိုးယုတ်ခြင်းကို လက်သင့်ခံထားကြသည် မဟုတ်လော။ သမ္မာတရားဖြင့် အသက်ရှင် မနေထိုင်နိုင်သောသူများ အားလုံးသည် သမ္မာတရား၏ ရန်သူများဖြစ်ကြသည် မဟုတ်လော။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စုံလင်စေခြင်းခံရပြီးသူများသာလျှင် အဓိပ္ပာယ်ရှိသော အသက်တာဖြင့် အသက်ရှင်နိုင်သည်

ဘုရားသခင်၏ရှေ့မှောက်တွင် သူတော်စင်တစ်ယောက် သို့မဟုတ် ဖြောင့်မတ်သော လူတစ်ယောက်အဖြစ် စုံလင်အောင် ပြုလုပ်ခြင်းခံရဖို့ရန်မှာ ဤမျှလွယ်ကူပါ၏လော။ “ဤမြေကြီးပေါ်တွင် ဖြောင့်မတ်သောသူမရှိ၊ ဖြောင့်မတ်သူများ ဤလောကထဲတွင်မရှိ။” ဟူသည်မှာ မှန်ကန်သော ပြောဆိုချက် တစ်ခုပင်ဖြစ်သည်။ သင်တို့သည် ဘုရားသခင်၏ ရှေ့မှောက်သို့ လာသည့်အခါ၊ သင်တို့ ဝတ်ဆင်ထားသောအရာကို ဆင်ခြင်လော့၊ သင်တို့၏ စကားလုံးနှင့် အပြုအမူအားလုံး၊ သင်တို့၏ စိတ်ကူးနှင့် အကြံအစည်အားလုံး၊ ထို့ပြင် သင်တို့ နေ့တိုင်းမက်သော အိပ်မက်များကိုပင်လျှင် ဆင်ခြင်လော့၊ ထိုအရာတို့သည် သင်တို့အတွက်ချည်းသာ ဖြစ်သည်။ ဤသည်မှာ ကိစ္စရပ်များ၏ မှန်ကန်သော အခြေအနေပင် မဟုတ်လော။ “ဖြောင့်မတ်ခြင်း” ဆိုသည်မှာ အခြားသူများအား စွန့်ကြဲပေးကမ်းခြင်းကို မဆိုလို၊ ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှ ချစ်ခြင်းကိုမဆိုလို၊ ထို့ပြင် ခိုက်ရန်ပြုခြင်းများနှင့် ငြင်းခုန်ခြင်းများ သို့မဟုတ် လုယက်ခြင်းနှင့် ခိုးယူခြင်းတို့မှ ရှောင်ကြဉ်ခြင်းကိုလည်း မဆိုလိုပေ။ ဖြောင့်မတ်ခြင်းဆိုသည်မှာ သခင်ယေရှု လုပ်ဆောင်ခဲ့သည့် အရာခပ်သိမ်းနည်းတူ၊ အချိန် သို့မဟုတ် နေရာကို ပဓာနမထားဘဲ၊ ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ကို မိမိ၏တာဝန်အဖြစ် မှတ်ယူခြင်းနှင့် ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုများနှင့် အစီအစဉ်များကို မိမိအတွက် ဘုရားခွဲခန့်သော အလုပ်တာဝန်အဖြစ် လိုက်နာခြင်းကို ဆိုလိုသည်။ ဤသည်မှာ ဘုရားသခင် ပြောကြားထားသော ဖြောင့်မတ်ခြင်း တရားပင် ဖြစ်သည်။ လောတကို ဖြောင့်မတ်သည်ဟု ခေါ်ဆိုနိုင်ခဲ့ရခြင်းမှာ သူက ဘုရားသခင် စေလွှတ်ခဲ့သော ကောင်းကင်တမန်နှစ်ပါးကို မိမိကိုယ်ကျိုးနှင့် နစ်နာမှုကို ထည့်မတွက်ဘဲ ကယ်တင်ခဲ့သောကြောင့် ဖြစ်သည်။ ထိုအချိန်က သူပြုခဲ့သည့်အရာကို ဖြောင့်မတ်သည်ဟု ခေါ်ဆိုနိုင်သော်လည်း၊ သူ့ကို ဖြောင့်မတ်သောလူဟု မခေါ်ဆိုနိုင်ပါ ဟူ၍သာ ပြောနိုင်လေသည်။ ယင်းမှာ လောတက ဘုရားသခင်ကို မြင်တွေ့ခဲ့ဖူးသောကြောင့်သာ သူ၏ သမီးနှစ်ယောက်ကို ကောင်းကင်တမန်နှစ်ပါးအတွက် အလဲအလှယ်အနေနှင့် ပေးခဲ့ခြင်းဖြစ်သော်လည်း၊ အတိတ်က သူ၏ အပြုအမူအားလုံးက ဖြောင့်မတ်ခြင်းအတွက် ကိုယ်စားမပြုခဲ့ပေ။ ထို့ကြောင့်ပင် “မြေကြီးပေါ်တွင် ဖြောင့်မတ်သောသူမရှိ” ဟု ငါဆိုရခြင်း ဖြစ်သည်။ တိုးတက်ကောင်းမွန်လာခြင်း စီးကြောင်းထဲတွင်ရှိသော သူများကြားမှာပင်လျှင် မည်သူ့ကိုမျှ ဖြောင့်မတ်သည်ဟု ခေါ်၍မရနိုင်ပါ။ သင်၏ လုပ်ဆောင်ချက်များ မည်မျှပင်ကောင်းပါစေ၊ ဘုရားသခင်၏နာမတော်ကို သင် မည်မျှပင် ကြီးမြတ်စေမည့်ပုံပေါက်ပါစေ၊ အခြားသူများအား ရိုက်နှက်ခြင်းနှင့် ကျိန်ဆဲခြင်းလည်းမရှိ၊ အခြားသူများထံမှ ခိုးယူခြင်းနှင့် လုယက်ခြင်း မရှိသော်ငြားလည်း သင့်ကို ဖြောင့်မတ်သည်ဟု ခေါ်၍ မရနိုင်သေးပါ၊ အကြောင်းမှာ ဤသည်မှာ သာမန်လူတစ်ဦး ပိုင်ဆိုင်နိုင်စွမ်းရှိသော အရာပင်ဖြစ်သည်။ ယခုလက်ငင်း၌ အခရာဖြစ်သည့်အရာမှာ ဘုရားသခင်ကို သင်မသိကျွမ်းခြင်းပင် ဖြစ်သည်။ လက်ရှိတွင် သင်၌ ပုံမှန်လူ့သဘာဝ အနည်းငယ် ရှိသော်လည်း ဘုရားသခင် ပြောကြားသော ဖြောင့်မတ်ခြင်း၏ အရိပ်အယောင်များ မရှိပါဟူ၍သာ ပြောနိုင်သောကြောင့် သင်လုပ်ဆောင်သည့် မည်သည့်အရာကမျှ ဘုရားသခင်ကို သင်သိကျွမ်းကြောင်း သက်သေပြနိုင်စွမ်း မရှိပါချေ။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဆိုးညစ်သောသူများသည် အပြစ်ဒဏ်ပေးခြင်းကို မုချခံကြရလိမ့်မည်

သင်သည် သင်၏ဆွေမျိုးများ၊ မိတ်ဆွေများ၊ ဇနီး (သို့မဟုတ် ခင်ပွန်း)၊ သားသမီးများနှင့် မိဘများအပေါ် အထူး ဖော်ရွေရင်းနှီး၍ အစဉ်သစ္စာရှိပြီး၊ သူတစ်ပါးအပေါ် မည်သည့်အခါမျှ အခွင့်အရေးမယူခြင်းတို့ ဖြစ်ကောင်းဖြစ်နိုင်သော်လည်း အကယ်၍ သင်သည် ခရစ်တော်နှင့် သဟဇာတမဖြစ်ပါက၊ သင်သည် သူနှင့် လိုက်လျောညီထွေစွာ အပြန်အလှန်မတုံ့လှယ်နိုင်ပါက၊ သင်သည် သင်၏အိမ်နီးချင်းများ သက်သာရာရစေရန် မိမိပိုင်ဆိုင်သမျှကို သုံးစွဲခြင်း သို့မဟုတ် သင့်အဖ၊ အမိနှင့် အိမ်သူအိမ်သားများကို စေ့စပ်စွာစောင့်ရှောက်ခြင်းတို့ ပြုလုပ်ပေးလျှင်ပင် သင်သည် ဆိုးယုတ်သည့်အပြင် ကောက်ကျစ်စဉ်းလဲသောလှည့်စားမှုနှင့် ပြည့်နေသေးသောသူဟု ငါဆိုမည်။ သင်သည် အခြားသူများနှင့် အဆင်ပြေသောကြောင့် သို့မဟုတ် ကောင်းမှုအနည်းငယ်ပြု သောကြောင့် သင့်အနေဖြင့် ခရစ်တော်နှင့် သဟဇာတဖြစ်သည်ဟု ကိုယ့်ကိုယ်ကိုယ်မထင်နှင့်။ သင်၏ဒါနပြုလိုသောရည်ရွယ်ချက်က ကောင်းကင်မှ ကောင်းချီးမင်္ဂလာများကို လိမ်လည်ရယူနိုင်သည်ဟု သင်ထင်သလော။ ကောင်းမှုအနည်းငယ်ပြုလုပ်ခြင်းသည် သင်၏ နာခံမှုကို အစားထိုးသည့်အရာတစ်ခုဟု သင်ထင်သလော။ သင်တို့တစ်ဦးမျှ ကိုင်တွယ်ဖြေရှင်းခြင်းနှင့် ပြုပြင်ခြင်းတို့ကို လက်မခံနိုင်ကြ။ ထို့အပြင် သင်တို့အားလုံးသည် ခရစ်တော်၏ သာမန်လူ့သဘာဝကိုလက်ခံယုံကြည်ရန် အခက်အခဲတွေ့ကြ သော်ငြားလည်း ဘုရားသခင်ကို သင်တို့နာခံကြောင်း အဆက်မပြတ် အသံကောင်းဟစ်နေကြသည်။ သင်တို့၏ ယုံကြည်ခြင်းမျိုးက ထိုက်တန်သော အပြစ်ဒဏ်ခတ်ခံရခြင်းကို ဖြစ်ပွားစေလိမ့်မည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ခရစ်တော်နှင့် သဟဇာတမဖြစ်သောသူများသည် အကယ်စင်စစ် ဘုရားသခင်၏ ရန်ဘက်များဖြစ်ကြသည်

ယနေ့ခေတ်တွင် ရှာဖွေသောသူတို့နှင့် မရှာဖွေသောသူတို့သည် ၎င်းတို့၏ ခရီးပန်းတိုင်များလည်း အလွန် ကွဲပြားခြားနားသည့်၊ လုံးဝ မတူကွဲပြားသော လူနှစ်မျိုးနှစ်စား ဖြစ်ကြသည်။ သမ္မာတရားနှင့်ဆိုင်သည့် အသိပညာကို လိုက်စားပြီး၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်သူတို့သည် ဘုရားသခင်က ကယ်တင်ခြင်း ဆောင်ကြဉ်းပေးမည့်သူများ ဖြစ်သည်။ မှန်သောလမ်းခရီးကို မသိသောသူတို့သည် မကောင်းဆိုးဝါးများနှင့် ရန်သူများဖြစ်ကြသည်။ ၎င်းတို့သည် ကောင်းကင်တမန်မင်း၏ သားစဉ်မြေးဆက်များ ဖြစ်ကြပြီး၊ ဖျက်ဆီးခြင်းခံရမည့် သူများ ဖြစ်ကြလိမ့်မည်။ မရေရာသော ဘုရားသခင်နှင့်သက်ဆိုင်သည့် ဘုရားတရားကိုင်းရှိုင်းသည့် ယုံကြည်သူများသည်ပင်- ၎င်းတို့သည်လည်း မကောင်းဆိုးဝါးများ ဖြစ်ကြသည် မဟုတ်လော။ ကောင်းမွန်သော အသိတရားများ ပိုင်ဆိုင်သော်လည်း၊ မှန်သောလမ်းခရီးကို လက်မခံသော လူတို့သည် မကောင်းဆိုးဝါးများ ဖြစ်ကြသည်။ ၎င်းတို့၏ အနှစ်သာရမှာ ဘုရားသခင်ကို ခုခံခြင်းနှင့်ဆိုင်သည့် အနှစ်သာရတစ်ခု ဖြစ်သည်။ မှန်သောလမ်းခရီးကို လက်မခံသူတို့သည် ဘုရားသခင်ကို ခုခံသူများဖြစ်ပြီး ထိုသို့သော လူများသည် အခက်အခဲများစွာကို ကြံ့ကြံ့ခံလျှင်ပင်၊ ဖျက်ဆီးခြင်းခံရလိမ့်ဦးမည် ဖြစ်သည်။ လောကကို စွန့်လွှတ်ရန် လိုလားခြင်း မရှိသူ၊ မိမိတို့၏ မိဘများနှင့် မခွဲခွာရက်သူနှင့် ၎င်းတို့၏ ကိုယ်ပိုင်ဇာတိပကတိ ပျော်ပါးမှုများမှ မိမိတို့ကိုယ်ကိုယ် မဖယ်ရှားရက်နိုင်သူ အားလုံးသည် ဘုရားသခင်ကို မနာခံကြသကဲ့သို့၊ ၎င်းတို့အားလုံးသည် ဖျက်ဆီးခြင်းခံရမည့် သူများ ဖြစ်ကြလိမ့်မည်။ လူ့ဇာတိခံ ဘုရားသခင်ကို မယုံကြည်သောသူ မည်သူမဆိုသည် မကောင်းဆိုးဝါးဆန်ပြီး၊ ထို့အပြင် ဖျက်ဆီးခံရလိမ့်မည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်နှင့် လူသားသည် ငြိမ်သက်ခြင်းချမ်းသာထဲသို့ အတူတကွ ဝင်ရောက်ကြလိမ့်မည်

နောက်တစ်ခုသို့- လူတို့၏ အသက်တာများသည် လျှပ်တစ်ပြက်၊ နှစ်အနည်းငယ်အတွင်း ကုန်လွန်သွားသည်။ ပြန်ကြည့်လျက်၊ ၎င်းတို့သည် ၎င်းတို့၏ အသက်တာများကို ပြန်လည်သတိရမိကြသည်- ကျောင်းသွားရင်း၊ အလုပ်လုပ်ရင်း၊ အိမ်ထောင်ပြုရင်း၊ သားသမီးများရှိရင်း၊ သေခြင်းကို စောင့်ဆိုင်းရင်း၊ ၎င်းတို့၏ အသက်တာများတစ်ခုလုံးသည် လူသား တည်ရှိမှု၏ မှန်ကန်သော ဦးတည်ချက်နှင့် ရည်မှန်းချက်များ လုံးဝ ကင်းမဲ့ပြီး ရှင်သန်ခြင်းတွင် မည်သည့် တန်ဖိုး သို့မဟုတ် အဓိပ္ပါယ်မျှ မရှာတွေ့နိုင်ဘဲလျက်၊ မိသားစု၊ ငွေကြေး၊ အဆင့်အတန်း၊ အခွင့်အလမ်းနှင့် သိက္ခာတရားအတွက် မအားမလပ် ဟိုဟိုသည်သည် ပြေးလွှားရင်း ကုန်လွန်ခဲ့ကြသည်။ ထို့ကြောင့် လူတို့သည် မျိုးဆက် တစ်ဆက်ပြီးတစ်ဆက် ဤ နာကျင်စရာဖြစ်ပြီး အနှစ်မဲ့သည့် နည်းလမ်းဖြင့် အသက်ရှင်ကြလေသည်။ လူတို့၏ အသက်တာများသည် အဘယ်ကြောင့် အလွန် နာကျင်ဖွယ်ဖြစ်ပြီး အနှစ်မဲ့ပါသနည်း။ ပြီးလျှင် လူသား တည်ရှိခြင်း၏ နာကျင်မှုနှင့် အနှစ်မဲ့ခြင်းတို့ကို မည်သို့ ဖြေရှင်းနိုင်သနည်း။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။