ဘုရားသခင်ကို ယုံကြည်ဖို့ဆိုသည်မှာ ကောင်းသော်လည်း၊ ဘာသာတရားအားလုံးက လူတို့ကို ကောင်းသောလူများဖြစ်ဖို့ သွန်သင်သည်ဟု ကျွန်ုပ် ထင်ပါသည်။ ထို့ကြောင့် မည်သည့် ဘာသာတရားကို လူတို့ ယုံကြည်သည်ဖြစ်စေ၊ ၎င်းတို့အနေဖြင့် ရိုးသားစစ်မှန်ပြီး မကောင်းမှုကို မကျူးလွန်သရွေ့၊ ဧကန်မုချ ဘုရားသခင်အားဖြင့် ကယ်ဆင်ခံရကြလိမ့်မည် ဖြစ်ပါသလား။

06.12.2021

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

ဘာသာတရား၌ ယုံကြည်မှုသည် အဘယ်နည်း။ ဘုရားသခင်၌ ယုံကြည်မှုသည် အဘယ်နည်း။ ဘာသာတရား၏ တွေ့နေကျဖြစ်ပြီး သိသာပေါ်လွင်သော အင်္ဂါရပ်များမှာ အဘယ်နည်း။ လူတို့သည် ဘာသာတရား၌ ယုံကြည်မှုကို ယေဘုယျအားဖြင့် မည်သို့အဓိပ္ပာယ်ဖွင့်ဆိုသနည်း။ ဘာသာတရားကို ယုံကြည်မှုတွင် အပြုအမူပြောင်းလဲခြင်းများ ပါဝင်၏၊ အခြားသူများနှင့် ခိုက်ရန်ဖြစ်ပွားခြင်း၊ အခြားသူများကို ကျိန်ဆဲခြင်း၊ မှားယွင်းစွာပြုမူခြင်း၊ အခြားသူများကို အမြတ်ထုတ်ခြင်း၊ အခြားသူများကို အခွင့်အရေးယူခြင်းနှင့် အသေးအဖွဲခိုးမှုများနှင့် ပစ္စည်းကို မတရားသိမ်းယူခြင်းကဲ့သို့သော အပြုအမူများ ပြောင်းလဲခြင်း ပါဝင်ပေသည်။ ယင်းသည် အများအားဖြင့် အပြုအမူပြောင်းလဲခြင်းများကို ရည်ညွှန်းသည်။ တစ်စုံတစ်ဦးသည် ဘာသာတရားကို ယုံကြည်သည့်အခါ၊ ၎င်းတို့သည် လိမ္မာဖို့၊ လူကောင်းတစ်ဦးဖြစ်ဖို့ ကြိုးစားကြသည်။ ဤသည်တို့မှာ အပြင်ပန်း အပြုအမူများ ဖြစ်သည်။ ဘာသာတရားကို စိတ်ဓာတ်ရေးရာ အထောက်အပံ့အဖြစ်ရော အဘယ်သို့နည်း။ စိတ်နယ်ပယ်အတွက်ရော အဘယ်သို့နည်း။ ယုံကြည်ခြင်းဖြင့်၊ တစ်ဦးတစ်ယောက်၌ စိတ်ပိုင်းဆိုင်ရာ အထောက်အပံ့တစ်ခု ရှိပေသည်။ ထို့ကြောင့် ဘာသာတရားအား ယုံကြည်မှုကို ဤသို့အဓိပ္ပာယ်ဖွင့်နိုင်သည်- လိမ္မာခြင်းနှင့် စိတ်ပိုင်းဆိုင်ရာ အထောက်အပံ့ရှိခြင်း- ထို့ထက်ဘာမျှမပို။ ၎င်းတို့ယုံကြည်သောသူ အမှန်တကယ် တည်ရှိခြင်း ရှိမရှိဆိုသည်နှင့် သူသည် အတိအကျ မည်သည့်အရာဖြစ်ပြီး ၎င်းတို့ကို သူမည်သည့်အရာ တောင်းဆိုသည်တို့ကဲ့သို့သော အသေးစိတ်အချက်များနှင့် ပတ်သက်လာသည့်အခါ၊ လူတို့သည် ကောက်ချက်နှင့် ၎င်းတို့၏ စိတ်ကူးထင်မြင်မှုကို အသုံးပြုကြလေသည်။ ထိုသို့သော အခြေခံအကြောင်းရင်းဖြင့် ယုံကြည်မှုကို ဘာသာတရားအား ယုံကြည်မှုဟု ခေါ်ဆိုသည်။ ဘာသာတရား၌ ယုံကြည်မှုသည် အဓိကအားဖြင့် အပြုအမူ ပြောင်းလဲခြင်းကို လိုက်စားရှာဖွေခြင်းနှင့် စိတ်ဓာတ်ရေးရာ အထောက်အပံ့ ရှိခြင်းတို့ကို ဆိုလိုသော်လည်း၊ ယင်းသည် လူတစ်ဦး၏ အသက်တာလမ်းကြောင်းတွင် ပြောင်းလဲမှုတစ်ခုတလေ ဖြစ်ပေါ်စေသလော။ လူတစ်ဦးအသက်တာ၏ လမ်းကြောင်း၊ ရည်ရွယ်ချက်၊ သို့မဟုတ် ဦးတည်ချက်တို့တွင် အပြောင်းအလဲ အနည်းငယ်မျှ မရှိသကဲ့သို့၊ ထိုသူအသက်ရှင်သည့် အခြေခံအကြောင်းရင်းတွင်လည်း အပြောင်းအလဲ မရှိချေ။ ပြီးလျှင် ဘုရားသခင်၌ ယုံကြည်ဖို့ဆိုသည်မှာ အဘယ်နည်း။ သူ့ကို ယုံကြည်ခြင်းအဖြစ် ဘုရားသခင်သည် မည်သည့်အရာကို သတ်မှတ်ကာ တောင်းဆိုသနည်း။ (သူ၏အချုပ်အခြာအာဏာ၌ ယုံကြည်ခြင်းဖြစ်ပါသည်။) ယင်းမှာ သူတည်ရှိကြောင်းကို ယုံကြည်ခြင်းနှင့် သူ၏အချုပ်အခြာအာဏာကို ယုံကြည်ခြင်း ဖြစ်သည်- ဤသည်မှာ အခြေခံအကျဆုံး ဖြစ်သည်။ ဘုရားသခင်သည် သူ့ကို ယုံကြည်ခြင်းတွင် လူတို့အား မည်သည့်အရာကို တောင်းဆိုသနည်း။ ယင်းသည် မည်သည့်အရာနှင့် ဆက်နွှယ်သနည်း။ (ရိုးသားသော လူများဖြစ်ခြင်း၊ ပုံမှန်လူ့သဘာဝရှိခြင်း၊ သမ္မာတရားကို လိုက်စားခြင်း၊ စိတ်သဘောထားပိုင်းဆိုင်ရာ အသွင်ပြောင်းလဲခြင်းကို လိုက်စားခြင်းနှင့် ဘုရားသခင်ကို သိရှိဖို့ ကြိုးစားခြင်းတို့ ဖြစ်ပါသည်။) ပြီးလျှင် လူတို့၏ စကားများ၊ အပြုအမူတို့နှင့် စပ်လျဉ်း၍ ၎င်းတို့ကို တစ်ခုတလေ တောင်းဆိုထားသလော။ (ကျွန်ုပ်တို့၏ အပြင်ပန်း အပြုအမူအရ၊ ဘုရားတရားကိုင်းရှိုင်းကာ အကျင့်မပျက်ဖို့ရန်နှင့် ပုံမှန်လူ့သဘာဝကို အသက်ရှင်နေထိုင်ရန် ကျွန်ုပ်တို့ကို တောင်းဆိုထားပါသည်။) အပြင်ပန်းအားဖြင့် အခြေခံ မြင့်မြတ်သော သင့်တင့်လျောက်ပတ်ခြင်း ရှိရန်နှင့် ပုံမှန်လူ့သဘာဝကို အသက်ရှင်နေထိုင်ရန် တောင်းဆိုထားသည်။ ပြီးလျှင် ဘုရားသခင်၌ ယုံကြည်ခြင်း၏ အဓိပ္ပာယ်ဖွင့်ဆိုချက်မှာ အဘယ်နည်း။ ဘုရားသခင်၌ ယုံကြည်ခြင်းသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နာခံခြင်းဖြစ်သည်။ ယင်းမှာ ဘုရားသခင်ပြောဆိုထားသည့် နှုတ်ကပတ်တော်များအတိုင်း တည်ရှိရန်၊ အသက်ရှင်ရန်နှင့် မိမိ၏ တာဝန်ကို ထမ်းဆောင်ရန်အပြင် လူ့သဘာဝနှင့်ဆိုင်သည့် လုပ်ဆောင်ချက်များအားလုံးတွင် ပါဝင်လုပ်ဆောင်ရန် ဖြစ်သည်။ ဤအရာက သွယ်ဝိုက်ညွှန်းဆိုသည်မှာ ဘုရားသခင်၌ ယုံကြည်ဖို့သည် ဘုရားသခင်နောက်လိုက်ဖို့၊ သင့်ကို ဘုရားသခင် လုပ်ဆောင်စေသည့်အတိုင်း လုပ်ဆောင်ဖို့နှင့် ဘုရားသခင်က သင့်ကို အသက်ရှင်စေသည့်အတိုင်း အသက်ရှင်ဖို့ဖြစ်သည်။ ဘုရားသခင်၌ ယုံကြည်ဖို့သည် သူ့လမ်းကို လိုက်ဖို့ဖြစ်သည်။ ထိုသို့လုပ်ဆောင်ရာတွင်၊ လူတို့အသက်တာများ၏ ရည်မှန်းချက်နှင့် ဦးတည်ချက်တို့သည် ဘာသာတရား၌ ယုံကြည်သော လူတို့၏အသက်တာများနှင့် လုံးဝကွာခြားသည် မဟုတ်လော။ ဘုရားသခင်၌ ယုံကြည်မှုတွင် မည်သည့်အရာ ပါဝင်သနည်း။ လူတို့သည် ပုံမှန်လူ့သဘာဝကို အသက်ရှင်နေထိုင်သင့်သည်။ ၎င်းတို့ကို ဘုရားသခင်က မည်သည့်အရာ လုပ်ဆောင်ဖို့ စေခိုင်းသည်ဖြစ်စေ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ၎င်းတို့နာခံသင့်သည်။ ပြီးလျှင် ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များအတိုင်း လက်တွေ့လုပ်ဆောင်သင့်သည်။ ဤအရာများအားလုံးတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များ ပါဝင်ပေသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် မည်သည့်အရာ ဖြစ်သနည်း။ (သမ္မာတရား ဖြစ်ပါသည်။) ဘုရားသခင်၌ ယုံကြည်မှုတွင် သမ္မာတရားပါဝင်သည်။ ယင်းသည် အသက်တာ၏ အရင်းအမြစ်နှင့် မှန်ကန်သော လမ်းကြောင်း ဖြစ်သည်။ ယင်း၌ အသက်တာတွင် လူတို့လျှောက်လှမ်းသည့် လမ်းကြောင်း ပါဝင်သည်။ ဘာသာတရား၌ ယုံကြည်မှုတွင် ဤအရာတစ်ခုတလေ ပါဝင်သလော။ မပါဝင်ပေ။ ဘာသာတရား၌ ယုံကြည်ဖို့၊ အပြင်ပန်းအားဖြင့် ကောင်းမွန်စွာ ပြုမူရုံမျှ၊ မိမိကိုယ်ကို ချုပ်တည်းရုံမျှ၊ စည်းမျဉ်းများကို လိုက်နာရုံမျှနှင့် စိတ်ဓာတ်ရေးရာ အထောက်အပံ့တစ်ခု ရှိခြင်းမျှသည် အဆင်ပြေသည်။ အကယ်၍ တစ်ဦးတစ်ယောက်သည် ကောင်းကောင်းမွန်မွန် ပြုမူပြီး၊ စိတ်အထောက်အပံ့နှင့် အထောက်အကူတစ်ခု ရှိပါက၊ အသက်တာ၌ ၎င်းတို့၏ လမ်းကြောင်းသည် ပြောင်းလဲသလော။ (မပြောင်းလဲပါ။) လူအချို့က၊ “ဘာသာတရား၌ ယုံကြည်ခြင်းနှင့် ဘုရားသခင်၌ ယုံကြည်ခြင်းသည် တူညီသော အရာဖြစ်သည်” ဟု ပြောကြသည်။ သို့ဆိုလျှင်၊ ၎င်းတို့သည် ဘုရားသခင်နောက် လိုက်ကြသလော။ ဘာသာတရား၌ ယုံကြည်မှုသည် အပြုအမူဆိုင်ရာ အပြောင်းအလဲကို လိုက်စားခြင်းမျှဖြစ်သည်၊ စိတ်ဓာတ်ရေးရာ အထောက်အပံ့ကို လိုက်စားရှာဖွေခြင်းထက် ဘာမျှမပိုသကဲ့သို့၊ ယင်း၌ မည်သည့်သမ္မာတရားမျှ မပါဝင်ပေ။ အကျိုးဆက်အနေဖြင့်၊ ဤလူတို့၏ စိတ်သဘောထားများတွင် မည်သည့်ပြောင်းလဲမှုမျှ မရှိနိုင်ပေ။ ၎င်းတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်စွမ်းမရှိကြ၊ သို့မဟုတ် ခြေခြေမြစ်မြစ်ရှိသည့် အပြောင်းအလဲတစ်ခုတလေကိုမျှ မတတ်စွမ်းနိုင်ကြသကဲ့သို့ ၎င်းတို့၌ ဘုရားသခင်နှင့်ဆိုင်သည့် စစ်မှန်သော အသိပညာ မရှိကြချေ။ တစ်စုံတစ်ဦးသည် ဘာသာတရား၌ ယုံကြည်သည့်အခါ၊ ၎င်းတို့၏အပြုအမူက မည်မျှကောင်းမွန်သည်ဖြစ်စေ၊ ၎င်းတို့၏ စိတ်ဓာတ်ရေးရာ အထောက်အပံ့က မည်မျှခိုင်မာပါစေ၊ ၎င်းတို့သည် ဘုရားသခင်နောက် လိုက်ကြသလော။ (မလိုက်ကြပါ။) သို့ဆိုလျှင် ၎င်းတို့သည် မည်သူ့နောက်ကို လိုက်ကြသနည်း။ ၎င်းတို့သည် စာတန်နောက်ကို လိုက်ကြပေသည်။ ပြီးလျှင် ၎င်းတို့၏ အသက်တာများတွင် ၎င်းတို့အသက်ရှင်နေထိုင်သည့်အရာ၊ လိုက်စားရှာဖွေသည့်အရာ၊ စိတ်ဆန္ဒရှိသည့်အရာ၊ လက်တွေ့လုပ်ဆောင်ပြီး မှီခိုသည့်အရာ၏ အခြေခံအကြောင်းရင်းမှာ အဘယ်နည်း။ ထိုအခြေခံအကြောင်းရင်းသည် စာတန်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားနှင့် သူ၏အနှစ်သာရလုံးလုံး ဖြစ်သည်။ ၎င်းတို့၏ ပြုမူနေထိုင်ပုံနှင့် အခြားသူများကို ဆက်ဆံပုံသည် စာတန်၏ ရှင်သန်နေထိုင်ခြင်းဆိုင်ရာ ဆင်ခြင်တွေးခေါ်မှု၊ ဒဿနအမြင်တို့နှင့် ကိုက်ညီနေပေသည်။ ၎င်းတို့ပြောမျှအရာရာသည် သမ္မာတရား စိုးစဉ်းမျှ မပါသည့် မုသားတစ်ခုဖြစ်သည်။ ၎င်းတို့သည် ၎င်းတို့၏ ဆိုးယုတ်သော စိတ်သဘောထားများတွင် အပြောင်းအလဲ အနည်းငယ်မျှ မစွမ်းဆောင်မရရှိသေးသကဲ့သို့၊ ၎င်းတို့နောက်လိုက်သည်မှာ စာတန်ဖြစ်နေဆဲဖြစ်သည်။ ၎င်းတို့၏ ဘဝအမြင်၊ တန်ဖိုးများ၊ အမှုအရာများကို ကိုင်တွယ်ခြင်း နည်းလမ်းများနှင့် ၎င်းတို့လုပ်ရပ်များ၏ အခြေခံမူများသည် ၎င်းတို့၏ ဆိုးယုတ်သော သဘာဝနှင့်ဆိုင်သည့် ဖော်ပြချက်များသာ ဖြစ်သည်။ ၎င်းတို့၏ အပြင်ပန်း အပြုအမူတွင် သေးငယ်သော အပြောင်းအလဲတစ်ခုသာ ရှိထား၏။ ၎င်းတို့၏ အသက်တာလမ်းကြောင်း၊ ၎င်းတို့အသက်ရှင်ပုံ၊ သို့မဟုတ် ၎င်းတို့၏ အမြင်တွင် အပြောင်းအလဲ အနည်းငယ်မျှ မရှိသေးပေ။ သင်သည် ဘုရားသခင်ကို အမှန်တကယ် ချစ်ပါက၊ ဘုရားသခင်၌ နှစ်အချို့ကြာ ယုံကြည်ပြီးနောက်တွင် သင့်အထဲ၌ မည်သည့်အပြောင်းအလဲများ အမှန်တကယ် ဖြစ်ပေါ်ပြီးပြီနည်း။ သင့်အသက်တာ၏ အခြေခံအုတ်မြစ်သည် အပြောင်းအလဲတစ်ခုကို ကြုံရ၏။ မည်သည့် အခြေခံအကြောင်းရင်းပေါ်တွင် သင်အသက်ရှင်သနည်း။ နေ့စဉ် သင်လုပ်ဆောင်ကာ ပြောဆိုသည့်အရာကို မည်သည့်အရာက အုပ်စိုးသနည်း။ ယင်းသည် မည်သည့်အရာပေါ်တွင်သာ အခြေပြုထားသနည်း။ (ယင်းသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သမ္မာတရားအပေါ်သာ အခြေခံထားပါသည်။) ဥပမာအားဖြင့်၊ သင်သည် မုသား ပြောကောင်းပြောတော့မည်မဟုတ်- ဤအရာ၏ အခြေခံအကြောင်းရင်းမှာ အဘယ်နည်း။ သင်သည် ထိုနည်းလမ်းဖြင့် အဘယ်ကြောင့် စကားမပြောတော့သနည်း။ (ဘုရားသခင်သည် ယင်းကို မနှစ်သက်သောကြောင့် ဖြစ်ပါသည်။) ထိုနည်းလမ်းဖြင့် သင်စကားမပြော၊ သို့မဟုတ် မဆောင်ရွက်တော့သည့် အခြေခံအကြောင်းရင်းရှိပြီး ယင်းအခြေခံအကြောင်းရင်းမှာ ဘုရားသခင်၏ နှုတ်ကပတ်တော်၊ ဘုရားသခင်စေခိုင်းသည့်အရာနှင့် သမ္မာတရားတို့ ဖြစ်သည်။ သို့ဆိုလျှင် ထိုသို့သော လူတစ်ဦး၌ တူညီသော အသက်တာလမ်းကြောင်း ရှိသလော။ အကျဉ်းချုပ်မှာ ဤသို့ဖြစ်၏- ဘာသာတရား၌ ယုံကြည်မှုသည် မည်သည့်အရာဖြစ်သနည်း။ ပြီးလျှင် ဘုရားသခင်၌ ယုံကြည်မှုသည် မည်သည့်အရာဖြစ်သနည်း။ လူတို့သည် ဘာသာတရား၌ ယုံကြည်ကြချိန်တွင် စာတန်နောက် လိုက်ကြ၏။ ၎င်းတို့သည် ဘုရားသခင်၌ ယုံကြည်ကြချိန်တွင် ဘုရားသခင်နောက် လိုက်ကြသည်။ ယင်းမှာ ကွာခြားချက် ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ အကြင်သူသည် ဘာသာတရားကို ယုံကြည်ခြင်း၊ သို့မဟုတ် ဘာသာရေးအခမ်းအနားများကို ပါဝင်လုပ်ဆောင်ခြင်းအားဖြင့် ကယ်တင်ခြင်းမခံရနိုင်ပေ

များစွာသော လူတို့သည် ဘုရားသခင်ကို ယုံကြည်ကြသော်လည်း၊ ဘုရားသခင်ကို ယုံကြည်ခြင်းမှာ အဘယ်အရာကို ဆိုလိုကြောင်းနှင့် ဘုရားသခင်၏ အလိုနှင့် ညီညွတ်ရန် ၎င်းတို့ မည်သည့်အရာ လုပ်ရမည်ဆိုကြောင်းတို့ကို အနည်းငယ်ကသာ သိနားလည်ကြသည်။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် လူများသည် “ဘုရားသခင်” ဆိုသည့် စကားလုံးနှင့် “ဘုရားသခင်၏ အမှု” ဟူသော စကားစုများနှင့် ရင်းနှီးကြသော်လည်း၊ ဘုရားသခင်ကို မသိကြဘဲ သူ၏ အမှုကို သာ၍ပင် မသိသောကြောင့် ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်ကို မသိသောသူများ အားလုံးသည် ဘုရားသခင်ကို ၎င်းတို့၏ ယုံကြည်မှုတွင် ရှုပ်ထွေးကြသည်မှာ မထူးဆန်းပေ။ လူများသည် ဘုရားသခင်ကို ယုံကြည်မှုအား အလေးအနက် မထားကြသကဲ့သို့၊ ဤသည်မှာ ဘုရားသခင်ကို ယုံကြည်ခြင်းသည် ၎င်းတို့အတွက် အလွန် မရင်းနှီးသောကြောင့်၊ အလွန်ပင် ထူးခြားနေသောကြောင့် လုံးလုံးလျားလျား ဖြစ်ပေသည်။ ဤနည်းဖြင့် ၎င်းတို့သည် ဘုရားသခင်၏ တောင်းဆိုမှုများကို ပြည့်မီနိုင်ခြင်း မရှိကြချေ။ တစ်နည်းအားဖြင့် လူများသည် ဘုရားသခင်ကို မသိဘဲ၊ ဘုရားသခင်၏အမှုကိုလည်း မသိပါက၊ ၎င်းတို့သည် ဘုရားသခင်၏ အသုံးပြုခြင်းအတွက် မသင့်တော်သကဲ့သို့၊ ဘုရားသခင်၏ အလိုကို ဖြည့်ဆည်းဖို့မှာ ပို၍ပင် မဖြစ်နိုင်ချေ။ “ဘုရားသခင်ကို ယုံကြည်ခြင်း” ဆိုသည်မှာ ဘုရားသခင်တစ်ပါး ရှိသည်ကို ယုံကြည်ခြင်းဖြစ်သည်။ ဤသည်မှာ ဘုရားသခင်ကို ယုံကြည်ခြင်းနှင့်ပတ်သက်၍ အရိုးရှင်းဆုံး အယူအဆ ဖြစ်၏။ ထို့အပြင် ဘုရားသခင်တစ်ပါးရှိသည်ကို ယုံကြည်ခြင်းသည် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်ခြင်းနှင့် မတူပေ။ ယင်းထက်၊ ထိုအရာသည် ခိုင်မာသည့် ဘာသာရေး အငွေ့အသက်ပါရှိသည့် ရိုးရှင်းသော ယုံကြည်မှုတစ်မျိုး ဖြစ်သည်။ ဘုရားသခင်ကို စစ်မှန်စွာ ယုံကြည်ခြင်း ဆိုသည်မှာ အောက်ပါအတိုင်း ဆိုလိုပေသည်- ဘုရားသခင်သည် အရာအားလုံးအပေါ် အချုပ်အခြာအာဏာ ကိုင်စွဲသည်ဟု ယုံကြည်မှုအရ၊ သူ၏ နှုတ်ကပတ်တော်များနှင့် အမှုတို့ကို လူတစ်ဦးက တွေ့ကြုံခံစားသည်၊ မိမိ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို သန့်စင်သည်၊ ဘုရားသခင်၏အလိုကို ဖြည့်ဆည်းပြီး၊ ဘုရားသခင်ကို သိကျွမ်းလာပေသည်။ ဤခရီးလမ်းမျိုးကိုသာ “ဘုရားသခင်ကို ယုံကြည်ခြင်း” ဟု ခေါ်ဆိုနိုင်ပေသည်။ သို့သော် လူများက ဘုရားသခင်ကို ယုံကြည်မှုသည် ရိုးရှင်းပြီး ပေါ့ပေါ့ပြက်ပြက် ကိစ္စတစ်ခုကဲ့သို့ ယေဘုယျအားဖြင့် မြင်တတ်ကြသည်။ ဤနည်းဖြင့် ဘုရားသခင်ကို ယုံကြည်သောလူများသည် ဘုရားသခင်အား ယုံကြည်ဖို့ဆိုသည်မှာ အဘယ်အရာဆိုလိုသည်ကို မျက်ခြည်ပြတ်သွားခဲ့ကြကာ၊ ၎င်းတို့သည် တကယ့်အဆုံးအထိ ဆက်လက် ယုံကြည်ကောင်း ယုံကြည်နိုင်သော်လည်း၊ ဘုရားသခင်၏ လက်ခံခြင်းကို မည်သည့်အခါတွင်မျှ ရရှိမည်မဟုတ်၊ အဘယ့်ကြောင့်ဆိုသော် ၎င်းတို့သည် မှားယွင်းသောလမ်းကြောင်းပေါ် နင်းလျှောက်ကြသောကြောင့် ဖြစ်သည်။ ယနေ့တွင် ကျမ်းဟောင်းတရားများ နှင့် အနှစ်မဲ့သည့် အယူဝါဒများအတိုင်း ဘုရားသခင်ကို ယုံကြည်သူများ ရှိနေသေးပေသည်။ ၎င်းတို့အနေဖြင့် ဘုရားသခင်ကို ယုံကြည်မှု၏ အနှစ်သာရ ကင်းမဲ့သည်ကို ၎င်းတို့ မသိကြသကဲ့သို့၊ ဘုရားသခင်၏ လက်ခံခြင်းကို ၎င်းတို့ မရရှိနိုင်ပေ။ ၎င်းတို့သည် ဘေးကင်းလုံခြုံခြင်း ကောင်းချီးမင်္ဂလာများနှင့် လုံလောက်သော ကျေးဇူးတော်ကို ဘုရားသခင်ထံ တောင်းလျှောက်ကြဆဲ ဖြစ်သည်။ ငါတို့ ရပ်တန့်ကြစို့၊ ငါတို့၏ စိတ်နှလုံးများကို ငြိမ်သက်စေပြီး မိမိတို့ကိုယ်ကိုယ် မေးကြစို့- ဘုရားသခင်ကို ယုံကြည်ခြင်းသည် ကမ္ဘာပေါ်တွင် အမှန်တကယ် အလွယ်ကူဆုံးသောအရာ ဖြစ်နိုင်သလော။ ဘုရားသခင်ကို ယုံကြည်ခြင်းသည် ဘုရားသခင်ထံမှ များစွာသော ကျေးဇူးတော် ရရှိခြင်းထက် ဘာမျှမပိုဟု ဆိုလိုသလော။ ဘုရားသခင်ကို မသိဘဲလျက် ဘုရားသခင်ကို ယုံကြည်သူ၊ သို့မဟုတ် ဘုရားသခင်ကို ယုံကြည်သော်လည်း သူ့ကို ဆန့်ကျင်သူတို့သည် ဘုရားသခင်၏အလိုကို အမှန်တကယ် ဖြည့်ဆည်းနိုင်သလော။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ကျမ်းဦးစကား

လူအချို့က၊ “ဘုရားသခင်ကို ယုံကြည်ခြင်းဆိုသည်မှာ အစည်းအဝေးများတက်ရောက်ခြင်း၊ သီချင်းများသီဆိုခြင်း၊ ဘုရားသခင်၏နှုတ်ကပတ်တော် နားထောင်ခြင်း၊ ဆုတောင်းခြင်းနှင့် တာဝန်အချို့ကို လုပ်ဆောင်ခြင်းသာ မဟုတ်သလော။ ၎င်းမှာ ဤအရာသာ ဖြစ်သည် မဟုတ်လော။” ဟု အမြဲတွေးခေါ်ကြသည်။ သင်တို့သည် အချိန်မည်မျှကြာရှည်စွာ ဘုရားသခင်ကို ယုံကြည်ခဲ့ကြပါစေ၊ သင်တို့သည် ဘုရားသခင်ကိုယုံကြည်ခြင်း၏အဓိပ္ပာယ်ကို အကုန်အစင် နားလည်ခြင်းမရှိသေးချေ။ အမှန်မှာ ဘုရားသခင်ကိုယုံကြည်ခြင်း၏ အဓိပ္ပာယ်မှာ အလွန့်အလွန်နက်နဲလွန်းသဖြင့် လူတို့သည် ၎င်းအကြောင်းကို စေ့စေ့စပ်စပ် နားလည်သဘောပေါက်နိုင်ခြင်း မရှိကြပေ။ နောက်ဆုံးတွင် လူတို့အထဲမှ စာတန်နှင့်ဆိုင်သောအရာများနှင့် ၎င်းတို့၏ဗီဇနှင့်ဆိုင်သောအရာများ ပြောင်းလဲ၍ သမ္မာတရား၏သတ်မှတ်ချက်များနှင့် ကိုက်ညီလာရမည်၊ ဤနည်းဖြင့်သာ ကယ်တင်ခြင်းကို အမှန်တကယ် ရရှိနိုင်မည် ဖြစ်၏။ အကယ်၍ သင်သည် ဘာသာရေးထဲ၌ ရှိခဲ့ဖူးသည့်အချိန်ကကဲ့သို့ သြဝါဒစကားအချို့ ရွတ်ဆိုခြင်းသာ သို့မဟုတ် ဆောင်ပုဒ်အချို့ကို ဟစ်အော်ခြင်းသာ ပြုခြင်း၊ ထို့နောက် ကောင်းသောအကျင့် အနည်းငယ်ကို လုပ်ဆောင်ခြင်း၊ ကောင်းသောအပြုအမူ အနည်းငယ် ထပ်မံပြသခြင်းနှင့် အပြစ်တစ်ချို့၊ သိသာထင်ရှားသော အပြစ်တစ်ချို့ကို ကျူးလွန်မှုမှ ရှောင်ကြဉ်ပါက၊ သင်သည် ဘုရားသခင်ကိုယုံကြည်သောလမ်းမှန်သို့ ခြေချခဲ့ပြီးဖြစ်ကြောင်း မဆိုလိုသေးပေ။ စည်းကမ်းများကို သင်လိုက်နာနိုင်ခြင်းက သင်သည် မှန်သောလမ်းကြောင်းပေါ်တွင် လျှောက်လှမ်းနေသည်ဟု ဆိုလိုသလော။ သင်သည် မှန်ကန်စွာရွေးချယ်ပြီးပြီဟု ဤအရာကဆိုလိုသလော။ အကယ်၍ သင်၏ဗီဇအတွင်းမှ အရာများ မပြောင်းလဲသေးဘဲ၊ အဆုံးတွင် သင်သည် ဘုရားသခင်ကို ခုခံပြီး ပြစ်မှားနေသေးပါက၊ ဤအရာမှာ ပြဿနာများထဲတွင် အကြီးမားဆုံးပြဿနာဖြစ်သည်။ အကယ်၍ သင်သည် ဘုရားသခင်ကိုယုံကြည်သော်လည်း ဤပြဿနာကို မဖြေရှင်းပါက၊ သင်သည် ကယ်တင်ခြင်းကို ခံရပြီဟု ယူဆနိုင်သလော။

—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ ဘုရားသခင်ကို ယုံကြည်ခြင်း၌ မှန်ကန်သော လမ်းခရီးကို ရွေးချယ်ခြင်းသည် အရေးပါဆုံးဖြစ်သည်

အပြုအမူဆိုင်ရာ အပြောင်းအလဲများမျှသည် ရေရှည်မတည်တံ့ပေ။ အကယ်၍ လူတို့၏ အသက်စိတ်သဘောထားများ၌ ပြောင်းလဲခြင်း မရှိပါက၊ ၎င်းတို့၏ ဆိုးယုတ်သောဘက်များသည် ယင်းတို့ဘာသာ အနှေးနှင့်အမြန် ပေါ်လာလိမ့်မည်ဖြစ်သည်။ ၎င်းတို့၏ အပြုအမူ ပြောင်းလဲမှုများ၏ အရင်းအမြစ်မှာ ထိုအချိန်က သန့်ရှင်းသောဝိညာဉ်တော်၏ အမှုတစ်ခုခုနှင့် ပူးတွဲထားသော စိတ်အားထက်သန်မှု ဖြစ်သောကြောင့်၊ ၎င်းတို့အတွက် စိတ်အားထက်သန်လာရန်၊ သို့မဟုတ် ခဏတာ သနားကြင်နာမှု ဖော်ပြရန်မှာ အလွန့်အလွန် လွယ်ကူသည်။ “ကောင်းမှုတစ်ခုလုပ်ရန် လွယ်သည်၊ ခက်ခဲသည်မှာ ကောင်းမှုများကို ရာသက်ပန်ပြုရန်ပင် ဖြစ်သည်” ဟု မယုံကြည်သူများ ပြောသကဲ့သို့ပင် ဖြစ်သည်။ လူတို့သည် ၎င်းတို့၏ ဘဝတစ်ခုလုံးတစ်လျှောက် ကောင်းမှုများကို ပြုနိုင်စွမ်းမရှိကြချေ။ တစ်ဦးတစ်ယောက်၏အပြုအမူကို အသက်က စီမံညွှန်ကြားပေသည်။ မိမိ၏ဘဝမှာ မည်သည့်အရာဖြစ်ပါစေ၊ မိမိ၏ အပြုအမူလည်း ထိုနည်းအတိုင်းပင်ဖြစ်ပြီး၊ သဘာဝအတိုင်း ထုတ်ဖော်သော အရာသည်သာ အသက်တာအပြင်၊ လူတစ်ဦး၏ သဘာဝဗီဇကို ကိုယ်စားပြုသည်။ အတုအယောင်ဖြစ်သော အရာများမှာ ကြာရှည်မတည်နိုင်ပေ။ ဘုရားသခင်သည် လူသားကို ကယ်တင်ရန် အမှုပြုသောအခါ လူသားကို ကောင်းသောအပြုအမူဖြင့် ဆင်မြန်းရန် မဟုတ်ပေ- ဘုရားသခင်၏အမှု၏ ရည်ရွယ်ချက်မှာ လူတို့၏စိတ်သဘောထားများကို အသွင်ပြောင်းလဲရန်၊ ၎င်းတို့ကို အသစ်သောလူအဖြစ် တစ်ဖန်ပြန်မွေးဖွားစေရန် ဖြစ်သည်။ ထို့ကြောင့် လူသားအပေါ် ဘုရားသခင်၏ တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်း၊ စမ်းသပ်ခြင်းများနှင့် စစ်ဆေးခြင်းများအားလုံးက လူသားအနေဖြင့် ဘုရားသခင်အပေါ် အကြွင်းမဲ့ ကျိုးနွံနာခံခြင်းနှင့် ဆည်းကပ်ခြင်းတို့ကို စွမ်းဆောင်ရရှိနိုင်ဖို့အလို့ငှာနှင့်၊ သူ့ကို ပုံမှန် ကိုးကွယ်လာကြဖို့အလို့ငှာ သူ၏စိတ်သဘောထားကို ပြောင်းလဲရန် အသုံးတော်ခံဖို့ ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏အမှု၏ ရည်ရွယ်ချက်ဖြစ်သည်။ ကောင်းမွန်စွာ ပြုမူခြင်းသည် ခရစ်တော်နှင့် သဟဇာတဖြစ်ခြင်းနှင့် တူညီဖို့မဆိုထားနှင့်၊ ဘုရားသခင်ကို ကျိုးနွံနာခံခြင်းနှင့်ပင် မတူညီပေ။ အပြုအမူ အပြောင်းအလဲများသည် အယူဝါဒအပေါ် အခြေခံပြီး စိတ်အားထက်သန်မှုမှ ပေါ်ပေါက်လာခြင်းဖြစ်သည်၊ ၎င်းတို့သည် သန့်ရှင်းသောဝိညာဉ်တော်၏ လမ်းပြခြင်းအပေါ် အခြေတည်ဖို့ မဆိုထားနှင့်၊ ဘုရားသခင်အကြောင်း စစ်မှန်သောအသိ၊ သို့မဟုတ် သမ္မာတရားကို အခြေခံထားခြင်း မဟုတ်ပေ။ လူတို့လုပ်သော အရာအချို့တို့သည် သန့်ရှင်းသောဝိညာဉ်တော်၏ ညွှန်ကြားမှုကြောင့်ဖြစ်သော အချိန်များရှိသော်လည်း၊ ဤသည်မှာ ဘုရားသခင်ကိုသိခြင်းနှင့် တူညီရန် မဆိုထားနှင့်၊ အသက်၏ ဖော်ပြချက်တစ်ခုပင် မဟုတ်ပေ။ လူတစ်ဦး၏ အပြုအမူ မည်မျှပင် ကောင်းပါစေ၊ ၎င်းတို့သည် ဘုရားသခင်ကို ကျိုးနွံနာခံပြီးဖြစ်သည် သို့မဟုတ် သမ္မာတရားကို လက်တွေ့ကျင့်ဆောင်သည်ဟု သက်သေပြခြင်း မရှိပေ။ အပြုအမူဆိုင်ရာ အပြောင်းအလဲများသည် တစ်ခဏမျှသာဖြစ်သော စိတ်၏လှည့်စားမှုတစ်ခုသာ ဖြစ်သည်။ ၎င်းတို့မှာ စိတ်အားသန်ခြင်း၏ သရုပ်သကန်များသာဖြစ်သည်။ ယင်းတို့ကို အသက်၏ ဖော်ပြချက်အဖြစ် ယူဆ၍မရနိုင်ပေ။

—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ အပိုင်း သုံး

ကမ္ဘာတွင် အဓိကဘာသာတရား အချို့ရှိပြီး အသီးသီးသည် ၎င်း၏ကိုယ်ပိုင်ဦးသျှောင် သို့မဟုတ် ခေါင်းဆောင် ရှိပြီး၊ နောက်လိုက်များသည် ကမ္ဘာတစ်ဝှမ်းလုံးရှိ ကွဲပြားသည့် နိုင်ငံများနှင့် ဒေသများသို့ ပျံ့နှံ့နေကြ၏။ ကြီးသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ၊ နိုင်ငံတိုင်းနီးပါးသည် ၎င်း၏ အတွင်း၌ မတူကွဲပြားသည့် ဘာသာတရားများရှိ၏။ သို့ရာတွင် ကမ္ဘာ့အနှံ့တွင် ဘာသာတရား မည်မျှပင်ရှိသည်ဖြစ်စေ၊ စကြဝဠာအတွင်းရှိ လူအားလုံးသည် နောက်ဆုံးတွင် တစ်ဆူတည်းသော ဘုရားသခင်၏ လမ်းပြမှုအောက်၌ တည်ရှိကြပြီး၊ ၎င်းတို့၏ ဖြစ်တည်မှုကို ဘာသာရေးဦးသျှောင်များ၊ သို့မဟုတ် ခေါင်းဆောင်များက လမ်းပြနေသည် မဟုတ်ပေ။ ဆိုလိုသည်မှာ လူသားမျိုးနွယ်ကို သီးသန့် ဘာသာရေးဦးသျှောင် သို့မဟုတ် ခေါင်းဆောင်က လမ်းပြနေခြင်း မဟုတ်ပေ။ ယင်းထက် လူသားမျိုးနွယ်တစ်ရပ်လုံးကို ကောင်းကင်၊ မြေကြီး၊ အရာခပ်သိမ်းနှင့် လူသားမျိုးနွယ်ကိုလည်း ဖန်ဆင်းခဲ့သည့် ဖန်ဆင်းရှင်က ဦးဆောင်လမ်းပြနေခြင်း ဖြစ်၏- ဤသည်မှာ အမှန်တရား ဖြစ်၏။ ကမ္ဘာလောကသည် အဓိက ဘာသာတရားအချို့ ရှိသော်လည်း၊ ၎င်းတို့ မည်မျှကြီးမြတ်စေကာမူ ၎င်းတို့အားလုံးသည် ဖန်ဆင်းရှင်၏ အုပ်စိုးမှုအောက်တွင် တည်ရှိပြီး၊ ၎င်းတို့ထဲမှ မည်သည့်ဘာသာကမျှ ဤအုပ်စိုးမှုနယ်ပယ်ကို မကျော်လွန်နိုင်ပေ။ လူသားမျိုးနွယ်၏ ဖွံ့ဖြိုးတိုးတက်မှု၊ လူ့အဖွဲ့အစည်း၏ အစားဝင်နေရာယူခြင်း၊ သဘာဝသိပ္ပံများ၏ တိုးတက်မှု- အသီးသီးသည် ဖန်ဆင်းရှင်၏ အစီအစဉ်များမှ ကင်းကွာ၍မရသကဲ့သို့၊ ဤအမှုသည် သတ်မှတ်ထားသည့် မည်သည့်ဘာသာရေး ဦးသျှောင်တစ်ဦးကမျှ လုပ်ဆောင်၍ရနိုင်သော အရာတစ်ခု မဟုတ်ပေ။ ဘာသာရေး ဦးသျှောင်တစ်ဦးသည် သီးသန့်ဘာသာတရား တစ်ခု၏ ခေါင်းဆောင်များမျှသာ ဖြစ်ပြီး၊ ဘုရားသခင်ကို ကိုယ်စားမပြုနိုင်သကဲ့သို့ ကောင်းကင်၊ မြေကြီးနှင့် အရာခပ်သိမ်းကို ဖန်ဆင်းသူအား ကိုယ်စားမပြုနိုင်ပေ။ ဘာသာရေးဦးသျှောင်တစ်ဦးသည် ဘာသာတရား တစ်ရပ်လုံးအတွင်း ရှိသူအားလုံးကို ဦးဆောင်နိုင်သော်လည်း၊ ကောင်းကင်အောက်ရှိ သတ္တဝါအားလုံးကို ကွပ်ကဲအုပ်ချုပ်နိုင်ခြင်း မရှိပေ- ဤသည်မှာ စကြဝဠာတစ်ခုလုံးက လူတကာအသိအမှတ်ပြုထားသည့် အချက်ဖြစ်၏။ ဘာသာရေးဦးသျှောင်တစ်ဦးသည် ခေါင်းဆောင်တစ်ဦးသာ ဖြစ်ပြီး၊ ဘုရားသခင် (ဖန်ဆင်းရှင်) နှင့် တန်းတူ မရပ်တည်နိုင်ပေ။ အရာအားလုံးသည် ဖန်ဆင်းရှင်၏ လက်ထဲတွင် ရှိကြပြီး၊ အဆုံးတွင် ၎င်းတို့အားလုံးသည် ဖန်ဆင်းရှင်၏ လက်ထဲသို့ ပြန်လာကြလိမ့်မည်။ လူသားမျိုးနွယ်ကို ဘုရားသခင် ပြုလုပ်ခဲ့ပြီး၊ မည်သည့်ဘာသာဖြစ်စေ၊ လူတိုင်း ဘုရားသခင်၏ အုပ်စိုးမှုအောက်သို့ ပြန်လာကြလိမ့်မည်- ဤသည်ကို ရှောင်လွှဲ၍မရပေ။ ဘုရားသခင်သည်သာ အရာခပ်သိမ်းအလယ် အမြင့်မားဆုံး ဖြစ်ပြီး၊ သတ္တဝါ အားလုံးအလယ် အမြင့်မားဆုံးသော အုပ်စိုးသူသည်လည်း သူ၏အုပ်စိုးမှုအောက်သို့ ပြန်လာရလိမ့်မည်။ လူသား၏ အဆင့်အတန်း မည်မျှမြင့်မားသည်ဖြစ်စေ၊ လူသည် လူသားမျိုးနွယ်ကို သင့်တော်သည့် ခရီးပန်းတိုင်သို့ ခေါ်ဆောင်သွားနိုင်ခြင်း မရှိသကဲ့သို့၊ မည်သူမျှ အရာခပ်သိမ်းကို အမျိုးအစားအလိုက် အတန်းအစား ခွဲခြားနိုင်ခြင်း မရှိပေ။ ယေဟောဝါကိုယ်တိုင်က လူသားမျိုးနွယ်ကို ဖန်ဆင်းခဲ့ပြီး၊ အသီးသီးကို အမျိုးအစားအလိုက် အတန်းစား ခွဲခြားခံရပြီး၊ နောက်ဆုံးအချိန် ရောက်သည့်အခါ၊ သူသည် အရာခပ်သိမ်းကို အမျိုးအစားအလိုက် အတန်းအစား ခွဲခြားလျက် သူ၏ကိုယ်ပိုင်အမှုကို သူကိုယ်တိုင် လုပ်ဆောင်လိမ့်ဦးမည်- ဤအမှုကို ဘုရားသခင်မှလွဲ၍ မည်သူကမျှ မလုပ်ဆောင်နိုင်ပေ။ အစအဦးမှသည် ယနေ့ထိတိုင် ဆောင်ရွက်ခဲ့သည့် အမှု၏အဆင့်သုံးဆင့်ကို ဘုရားသခင်ကိုယ်တော်တိုင်က အားလုံး ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကာ၊ တစ်ဆူတည်းသော ဘုရားသခင်က ဆောင်ရွက်ခဲ့ခြင်း ဖြစ်၏။ အမှု၏ အဆင့်သုံးဆင့်၏ အမှန်တရားသည် လူသားမျိုးနွယ်အားလုံးကို ဘုရားသခင်၏ ဦးဆောင်လမ်းပြခြင်း အမှန်တရား၊ မည်သူမျှ မငြင်းနိုင်သော အမှန်တရား ဖြစ်၏။ စကြဝဠာ တစ်ခုလုံးတွင် ဤတစ်ဆူတည်းသော ဘုရားသခင်သာ တည်ရှိပြီး၊ အခြားဘာသာတရားများ မရှိသည့်အတွက်၊ အမှု၏ အဆင့်သုံးဆင့် အဆုံးတွင် အရာခပ်သိမ်းသည် အမျိုးအစားအလိုက် အတန်းစား ခွဲခြားခံရလိမ့်မည် ဖြစ်ပြီး၊ ဘုရားသခင်၏ အုပ်စိုးမှုအောက် ပြန်လာကြလိမ့်မည်။ ကမ္ဘာလောကကို ဖန်ဆင်းနိုင်စွမ်း မရှိသူသည် ယင်းကို အဆုံးသတ်နိုင်စွမ်းလည်း ရှိလိမ့်မည် မဟုတ်၊ ကမ္ဘာလောကကို ဖန်ဆင်းသူမှာမူ ကမ္ဘာလောကကို ဧကန်မုချ အဆုံးသတ်နိုင်စွမ်း ရှိပေလိမ့်မည်။ ထို့ကြောင့် တစ်ဦးတစ်ယောက်သည် ခေတ်ကို အဆုံးသတ်သို့ ဆောင်ကြဉ်းနိုင်ခြင်း မရှိသကဲ့သို့၊ လူသားကို သူ၏စိတ်အား ပျိုးထောင်ဖို့ အထောက်အကူပြုရုံသာ ပြုနိုင်ပါက၊ သူသည် ဧကန်မုချ ဘုရားသခင် ဖြစ်လိမ့်မည် မဟုတ်သကဲ့သို့၊ လူသားမျိုးနွယ်၏သခင် ဧကန်မုချ ဖြစ်လိမ့်မည် မဟုတ်ပေ။ သူသည် ထိုသို့သော ကြီးမားသည့်အမှုကို လုပ်ဆောင်နိုင်စွမ်း ရှိလိမ့်မည် မဟုတ်ပေ။ ထိုသို့သောအမှုကို ဆောင်ရွက်နိုင်သူ တစ်ဦးတည်းသာ ရှိပြီး၊ ဤအမှုကို မလုပ်ဆောင်နိုင်သူ အားလုံးသည် ဧကန်မုချ ရန်သူများဖြစ်ပြီး ဘုရားသခင် မဟုတ်ပေ။ ဆိုးယုတ်သော ဘာသာတရားအားလုံးသည် ဘုရားသခင်နှင့် သဟဇာတ မဖြစ်သကဲ့သို့၊ ယင်းတို့သည် ဘုရားသခင်နှင့် သဟဇာတ မဖြစ်သည့်အတွက် ဘုရားသခင်၏ရန်သူများ ဖြစ်ကြ၏။ အမှုအားလုံးကို ဤစစ်မှန်သော ဘုရားသခင်တစ်ဆူတည်းက လုပ်ဆောင်ပြီး စကြဝဠာ တစ်ခုလုံးကို ဤဘုရားသခင်တစ်ဆူတည်းက ကွပ်ကဲ၏။ ယင်းမှာ ဣသရေလနိုင်ငံရှိ သူ၏အမှုဖြစ်စေ၊ တရုတ်နိုင်ငံရှိ သူ၏အမှုဖြစ်စေ၊ အမှုကို ဝိညာဉ်တော် သို့မဟုတ် လူ့ဇာတိဖြင့် ဆောင်ရွက်သည်ဖြစ်စေ၊ အားလုံးကို ဘုရားသခင် ကိုယ်တော်တိုင်က လုပ်ဆောင်ပြီး၊ အခြားမည်သူကမျှ မလုပ်ဆောင်နိုင်ပေ။ မည်သည့် သတ်မှတ်ချက်များ၏ ဘောင်ခတ်ခံရခြင်း မရှိဘဲ၊ လွတ်လပ်စွာ သူ အမှုပြုသည်မှာ အတိအကျအားဖြင့် သူသည် လူသားမျိုးနွယ်အားလုံး၏ ဘုရားသခင် ဖြစ်သောကြောင့် ဖြစ်သည်- ဤသည်မှာ ရူပါရုံများ အားလုံးအနက် အကြီးမားဆုံး ဖြစ်၏။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်၏ အမှုအဆင့် သုံးဆင့်ကို သိခြင်းသည် ဘုရားသခင်ကို သိခြင်း၏ လမ်းကြောင်းဖြစ်သည်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

လူတို့၏ အသက်တာများသည် လျှပ်တစ်ပြက်၊ နှစ်အနည်းငယ်အတွင်း ကုန်လွန်သွားသည်။ ပြန်ကြည့်လျက်၊ ၎င်းတို့သည် ၎င်းတို့၏ အသက်တာများကို ပြန်လည်သတိရမိကြသည်- ကျောင်းသွားရင်း၊ အလုပ်လုပ်ရင်း၊ အိမ်ထောင်ပြုရင်း၊ သားသမီးများရှိရင်း၊ သေခြင်းကို စောင့်ဆိုင်းရင်း၊ ၎င်းတို့၏ အသက်တာများတစ်ခုလုံးသည် လူသား တည်ရှိမှု၏ မှန်ကန်သော ဦးတည်ချက်နှင့် ရည်မှန်းချက်များ လုံးဝ ကင်းမဲ့ပြီး ရှင်သန်ခြင်းတွင် မည်သည့် တန်ဖိုး သို့မဟုတ် အဓိပ္ပါယ်မျှ မရှာတွေ့နိုင်ဘဲလျက်၊ မိသားစု၊ ငွေကြေး၊ အဆင့်အတန်း၊ အခွင့်အလမ်းနှင့် သိက္ခာတရားအတွက် မအားမလပ် ဟိုဟိုသည်သည် ပြေးလွှားရင်း ကုန်လွန်ခဲ့ကြသည်။ ထို့ကြောင့် လူတို့သည် မျိုးဆက် တစ်ဆက်ပြီးတစ်ဆက် ဤ နာကျင်စရာဖြစ်ပြီး အနှစ်မဲ့သည့် နည်းလမ်းဖြင့် အသက်ရှင်ကြလေသည်။ လူတို့၏ အသက်တာများသည် အဘယ်ကြောင့် အလွန် နာကျင်ဖွယ်ဖြစ်ပြီး အနှစ်မဲ့ပါသနည်း။ ပြီးလျှင် လူသား တည်ရှိခြင်း၏ နာကျင်မှုနှင့် အနှစ်မဲ့ခြင်းတို့ကို မည်သို့ ဖြေရှင်းနိုင်သနည်း။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-လူသားတို့ ကြံ့ကြံ့ခံကြရသည့် မွေးဖွားခြင်း၊ သေဆုံးခြင်း၊ ဖျားနာခြင်းနှင့် အိုမင်းသောအသက်အရွယ်တို့မှ...

ကမ္ဘာလောကသည် အဘယ်ကြောင့် အလွန်မှောင်မိုက်ပြီး ဆိုးယုတ်ရပါသနည်း။ လူသားမျိုးနွယ်သည် ဖောက်ပြန်ပျက်စီးမှု အထွတ်အထိပ်ရောက်နေပြီဖြစ်သောကြောင့်၊ ဖျက်စီးခံရသင့်ပါ သလား။

၁) ကမ္ဘာလောကသည် အဘယ်ကြောင့် အလွန်မှောင်မိုက်ပြီး ဆိုးယုတ်ရပါသနည်း။ ကိုးကားရန် သမ္မာကျမ်းပိုဒ်များ- “လောကီသားအပေါင်းတို့သည် မာရ်နတ်၏လက်၌...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။