သင်က အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်သည် နောက်ဆုံးသောကာလ ခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်တို့၌ ၎င်း၏ မူလဇာစ်မြစ်များ ရှိသည်ဟု သက်သေခံသည်၊ သို့သော် ဘုရားမဲ့ ဝါဒီ တရုတ်ကွန်မြူနစ်ပါတီ အစိုးရနှင့် ဘာသာရေးလောက၏ ခေါင်းဆောင်များက သင်တို့၏ သွန်သင်ချက်များကို မိစ္ဆာအယူဝါဒအဖြစ် ရှုတ်ချကြသည်။ သို့ဆိုလျှင် တရုတ်ကွန်မြူနစ်ပါတီနှင့် ဘာသာရေး လောက ပြောသည့်အရာအပေါ် ချင့်ချိန်နိုင်စွမ်းကို ကျွန်ုပ်တို့ မည်သို့ ရှိနိုင်သနည်း။

18.11.2021

ကိုးကားရန်အတွက် တရားဟောချက်နှင့် မိတ်သဟာယပြုခြင်း ကောက်နုတ်ချက်များ-

တရုတ်ကွန်မြူနစ်ပါတီသည် ဘုရားမဲ့ နိုင်ငံရေး ပါတီတစ်ခု ဖြစ်သည်။ ၎င်းတို့ ဘုရားသခင်ကို ယုံကြည်ကြသလော။ မယုံကြည်ကြပေ။ မည်သူ့ကို ၎င်းတို့ ယုံကြည်ကြသနည်း။ စာတန်ဝါဒ ခေါင်းဆောင် မာ့စ်ကို ၎င်းတို့ ယုံကြည်ကြသည်။ သို့ဆိုလျှင် တရုတ်ကွန်မြူနစ်ပါတီသည် စာတန်ဝါဒသမား ဖြစ်သည်။ သဘာဝအားဖြင့် စာတန်ဝါဒသည် ဘုရားသခင်၏ အသင်းတော်ကို တစ်ဟုန်ထိုး ဆန့်ကျင်ပြီး ရှုတ်ချနေသည့် ဘုရားသခင်၏ အသင်းတော်ကို အဆုံးစွန် စက်ဆုပ်ရွံရှာလေသည်။ တရုတ်ကွန်မြူနစ်ပါတီ၏ သမိုင်းကို ကြည့်ကြပါစို့။ စတင် တည်ထောင်ကတည်းက၊ တရုတ်ကွန်မြူနစ်ပါတီသည် မာ့စ်ကွန်မြူနစ် မူဝါဒကြေညာစာတမ်းကို ကိုးကွယ်ပြီး အမွန်အမြတ်ထားပြီး ဖြစ်သည်။ တရုတ်ကွန်မြူနစ်ပါတီသည် ဘုရားမဲ့ စစ်စစ် ဖြစ်သည်။ ဘုရားသခင်ကို ၎င်းတို့ အသိအမှတ် မပြုဘဲ၊ စာတန်နှင့် မာ့စ်၊ နတ်ဆိုးများ၏ ရှင်ဘုရင်ကို ကိုးကွယ်ကြသည်၊ မာ့စ်၏ စကားများကို အမှန်တရားအဖြစ် အမြတ်တနိုး ထိန်းသိမ်းကြသောကြောင့် ဘုရားသခင်ကို ၎င်းတို့ ဆန့်ကျင်ကာ ဘုရားသခင်၏ အမှုတော်ကို ရှုတ်ချသည်မှာ သဘာဝကျပေသည်။ တရုတ်ကွန်မြူနစ်ပါတီသည် ခရစ်ယာန်ဘာသာကို အစွန်းရောက်ဂိုဏ်းတစ်ခုကဲ့သို့၊ ကျမ်းစာကို “အစွန်းရောက် စာပေ” ကဲ့သို့ အမြဲ ရှုတ်ချပြီး ဖြစ်သည်။ ဤသည်ကို သင် မည်သို့ တွေးထင်ပါသနည်း။ သင်၏ အမြင်တွင် စီစီသည် မည်သည့် အဖွဲ့အစည်းမျိုးသာ ဖြစ်သနည်း။ အပြုသဘောဆောင်သလော၊ အပျက်သဘောဆောင်သလော။ ထိုသို့သော ကိစ္စရပ်များ သင့်အဖို့ ရှင်းသွားပါက၊ တရုတ်ကွန်မြူနစ်ပါတီ၏ အယူလွဲများ၊ အတွေးမှားများနှင့် ရှင်းလင်းသော မုသားများကို မည်သို့ ချဉ်းကပ်ရမည်ကို သင် အလိုအလျောက် သိလိမ့်မည်။ ဘုရားသခင်၏ အမှုတော်တွင် ဘာသာရေးလောကက အမြဲ ဆောင်ရွက်လေပြီးသော အခန်းကဏ္ဍကို ယခု ကြည့်ကြပါစို့။ ဘာသာရေးလောကသည် ဘုရားသခင်၏ အမှုတော်မှ ထွက်ပေါ်လာခဲ့သော်လည်း၊ အမှု၏ အသစ်သော အဆင့်ကို ဘုရားသခင် လုပ်ဆောင်ပြီးသည့် အကြိမ်တိုင်းတွင်၊ ဘာသာရေး လောကသည် ဘုရားသခင်ကို ဆန့်ကျင်သည့် အခန်းကဏ္ဍတစ်ခုကို ယူထားပြီးဖြစ်ကာ ယင်း၏ ခေါင်းဆောင်များက ဘုရားသခင်ကို ဆန့်ကျင်သူများ တဖြည်းဖြည်း ဖြစ်လာကြပြီး ဖြစ်သည်။ ဥပမာအားဖြင့်၊ သခင်ယေရှု ပေါ်ထွန်းပြီး သူ၏ အမှုတော်ကို ဆောင်ရွက်ခဲ့သည့် ပညတ်တော်ခေတ် အကုန်တွင်၊ ယုဒဘာသာ၏ ခေါင်းဆောင်များက သူ့ကို ဆန့်ကျင်ကာ ရှုတ်ချဖို့ တတ်နိုင်သမျှ အားထုတ်ခဲ့ကြပြီး နောက်ဆုံးတွင် သူ့ကို ကားတိုင်တွင် သံမှိုစွဲခံစေခဲ့ပြီး ဖြစ်သည်။ သခင်ယေရှု၏ ရွေးနုတ်ခြင်း ဧဝံဂေလိတရား ပျံ့နှံ့သည်နှင့်အမျှ၊ ယုဒဘာသာ၏ နောက်လိုက်အများစုသည် သခင်ယေရှုကို ဆန့်ကျင်ခဲ့ကြသည်။ ယနေ့ခေတ်တွင်ပင်၊ သခင်ယေရှုကို ၎င်းတို့ ဆက်လက် ဆန့်ကျင်ကာ ရှုတ်ချကြသည်။ ဤသည်မှာ အမှန်မဟုတ်ပါလား။ နောက်ဆုံးသော ကာလအတွင်းတွင်၊ အနန္တတန်ခိုးရှင် ဘုရားသခင်သည် ပေါ်ထွန်းပြီးဖြစ်ကာ သူ၏ အမှုတော်ကို ဆောင်ရွက်နေသည်။ သမ္မာတရားများစွာ သူ မိန့်မြွက်ပြီးဖြစ်ကာ နိုင်ငံတော်ခေတ်ကို ဖွင့်ပေးလိုက်ပြီးဖြစ်သည်။ ယုဒဘာသာက သခင်ယေရှုကို ဆန့်ကျင်ကာ ရှုတ်ချသည့်အတိုင်းပင်၊ ဘာသာရေး အသိုင်းအဝိုင်းတစ်ခုလုံးက အနန္တတန်ခိုးရှင် ဘုရားသခင်ကို ဆန့်ကျင်ကာ ရှုတ်ချခဲ့သည်။ နှစ်ခုလုံးက သမ္မာတရားကို ဖော်ပြသည့် ခရစ်တော်ကို ကားတိုင်တွင် သံမှိုစွဲဖို့ မစောင့်နိုင်အောင်ဖြစ်ကြသည်။ ဤအချက်များက ဘာသာရေး လောကသည် ဘုရားသခင်ကို ဆန့်ကျင်ပြီး အန္တိခရစ်များ၏ ထိန်းချုပ်မှု အောက်တွင် ရှိသည်ကို ညွှန်ပြပေသည်။ ထို့ကြောင့် ယနေ့ခေတ်တွင်၊ တရုတ်ကွန်မြူနစ်ပါတီနှင့် ဘာသာရေးလောကက အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ကို အယူလွဲသည့် အစွန်းရောက် ဂိုဏ်းတစ်ခုအဖြစ် ရှုတ်ချနေသည်ကို မြင်သည့်အခါ ဤအရာကို အရှိအတိုင်း သင် မြင်နိုင်ပါသလား။

—အထက်အရပ်မှ မိတ်သဟာယပြုခြင်း

“ရှဲကျောက်” မှာ မည်သည့်အရာ ဖြစ်သနည်း။ ယင်းသည် စစ်မှန်သည့် ဘာသာရေး ယုံကြည်မှုအား မရည်ညွှန်းသည်မှာ သံသယထားစရာမရှိပေ။ စစ်မှန်သည့် ဘာသာရေး ယုံကြည်မှုသည် ဘုရားသခင်၏ အမှုတော်မှ ပေါက်ဖွားပြီး၊ ရှဲကျောက်မှာမူ စစ်မှန်သော လမ်းခရီးကို လုံးဝ ဆန့်ကျင်ပေသည်၊ ယင်းသည် စာတန်နှင့် ဝိညာဉ်ဆိုးအမျိုးမျိုးတို့အားဖြင့် လူတို့ လှည့်စားခံရခြင်း၏ ရလဒ်တစ်ခု ဖြစ်သည် - ဤအရာနှင့် ပတ်သက်၍ သံသယဖြစ်စရာ မရှိပေ။ ဖောက်ပြန်ပျက်စီးသည့် လူသားမျိုးနွယ်သည် သမ္မာတရား ကင်းမဲ့သည့်အတွက်၊ ဘာသာတရားတစ်ခုကို ရှဲကျောက် သို့မဟုတ် သမားရိုးကျအဖြစ် သတ်မှတ်ရန် မည်သည့် နိုင်ငံ၊ မည်သည့် အဖွဲ့ကမျှ အရည်အချင်းမပြည့်မီသကဲ့သို့၊ အခွင့်လည်း မရှိပေ။ ခရစ်တော်သည်သာ သမ္မာတရား၊ လမ်းခရီးနှင့် အသက်ဖြစ်ပြီး ရှဲကျောက်ကို ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ် အခြေခံ၍သာ ဆုံးဖြတ်နိုင်ပေသည်။ အခြေခံအဖြစ် ဘုရားသခင်၏ နှုတ်ကပတ်တော်များ မရှိဘဲနှင့်၊ အရည်အချင်းအရ စိစစ်သတ်မှတ်ခြင်းသည်ပင် မမှန်ကန်ပေ။ အထူးသဖြင့် တရုတ်ကွန်မြူနစ်ပါတီသည် ရှဲကျောက်၊ စာတန်ဝါဒနှင့် သက်ဆိုင်သည် - ယင်းသည် စစ်မှန်သော ဘာသာရေး ယုံကြည်မှုတစ်ခုကို ရှုတ်ချဖို့ သာ၍ပင် အရည်အချင်း အပြည့်မီပေ။ တရုတ်ကွန်မြူနစ်ပါတီသည် ခရစ်ယာန်ဘာသာကို ရှဲကျောက်အဖြစ် အမြဲ ရှုတ်ချပြီးဖြစ်ကာ ခရစ်ယာန် အဖွဲ့အချို့ကို ရှဲကျောက်အဖြစ် ရှုတ်ချပြီး ဖြစ်သည်၊ ယင်းမှာ လုံးဝ အဓိပ္ပာယ်မဲ့ပေသည်။ တရုတ်ကွန်မြူနစ်ပါတီသည် အခြေခံအားဖြင့် သမ္မာတရားနှင့် ဘုရားသခင်ကို မုန်းတီးသောကြောင့်၊ ယင်းသည် အပြုသဘောဆောင်သော အရာများနှင့် စစ်မှန်သော ဘာသာရေး ယုံကြည်မှုများကို ရှဲကျောက်အဖြစ် ရှုတ်ချလေသည်။ သမားရိုးကျ ဘာသာတရားသည် မည်သည့်အရာ ဖြစ်သနည်း၊ ပြီးလျှင် ရှဲကျောက်သည် မည်သည့်အရာနည်း။ အတိအကျဆိုရလျှင်၊ စစ်မှန်သော ဘုရားသခင်ကို ယုံကြည်သည့် အသင်းတော်အားလုံးသည် သမားရိုးကျ ဖြစ်သည်။ မမှန်သော နတ်ဘုရားများ၊ နတ်ဆိုးများ၊ စာတန်နှင့် မကောင်းဆိုးဝါးများကို ယုံကြည်သည့် အရာအားလုံးသည် ရှဲကျောက် ဖြစ်ပြီး၊ ဘုရားမဲ့ဝါဒနှင့် ဆင့်ကဲပြောင်းလဲမှုတို့ကဲ့သို့သော ဘုရားကို ခုခံသည့် အယူလွဲများနှင့် အတွေးမှားများကို ဟောပြောသည့်သူအားလုံးသည် ရှဲကျောက် ဖြစ်သည်။ အားလုံး သိထားသည့်အတိုင်း၊ ကွန်မြူနစ်ပါတီကို ဂျာမန်နိုင်ငံသား မာ့စ်က ဖန်တီးခဲ့ခြင်း ဖြစ်သည်။ မာ့စ်သည် နတ်ဆိုး စာတန်အဖြစ် အခိုင်အမာဆိုထားသည့် အတိအလင်း ဝန်ခံထားသော စာတန်ဝါဒီတစ်ဦး ဖြစ်သည်။ ဤမကောင်းဆိုးဝါး စစ်စစ်က ဖန်တီးထားသည့် ကွန်မြူနစ်ပါတီသည် အဘယ်သို့ သမားရိုးကျ ဖြစ်နိုင်မည်နည်း။ ကွန်မြူနစ်ပါတီသည် ရုန့်ကြမ်းသော တော်လှန်ရေးကို အမြဲ ထောက်ခံအားပေးပြီးဖြစ်သည်။ ၎င်းတို့သည် လူသားမျိုးနွယ်နှင့်ဆိုင်သည့် သားသတ်သမားများဖြစ်ပြီး ဘုရားမဲ့စစ်စစ်များ ဖြစ်သည်။ ကွန်မြူနစ် ကြေညာစာတမ်းတွင်၊ မာ့စ်က၊ “တစ္ဆေတစ်ကောင်က ဥရောပကို ခြောက်လှန့်နေသည် - ကွန်မြူနစ်ဝါဒ တစ္ဆေ” ဟု ဆိုထားသည်။ ယနေ့ခေတ်တွင်၊ ဤတစ္ဆေသည် တရုတ်ကွန်မြူနစ်ပါတီထဲတွင် သရုပ်ထင်လေသည်။ ဖောက်ပြန်ရေးဝါဒီဖြစ်သော တရုတ်ကွန်မြူနစ်ပါတီသည် သိသိသာသာ အခိုင်အမာ သွတ်သွင်းထားသည့် ရှဲကျောက် ဖြစ်ပေသည်။ တရုတ်ကွန်မြူနစ်ပါတီသည် မိမိမှာ စာတန်နတ်ဆိုးဖြစ်သည်ဟု လူသိရှင်ကြား ဝန်ခံဝံ့ခဲ့သည့် ယင်း၏ တည်ထောင်သူ မာ့စ်ထက် သာ၍ ကောက်ကျစ်ပေသည်။ တရုတ်ကွန်မြူနစ်ပါတီက ဤအရာကို မပြောဝံ့ပေ။ တရုတ်ကွန်မြူနစ်ပါတီသည် အချက်အလက်များကို မမှန်မကန်ပြောခြင်းနှင့် အပျက်သဘောဆောင်ခြင်းကို အပြုသဘောဆောင်ခြင်းအဖြစ်သို့ ပြောင်းရာတွင် ကျွမ်းကျင်သည်၊ ယင်းသည် အယောင်ဆောင်ခြင်း၊ လှည့်ဖြားခြင်းနှင့် အပြစ်ကို ပြစ်တင်မောင်းမဲသည့် နတ်ဆိုးဖြစ်ခြင်းတွင် ဆရာသခင် ဖြစ်သည်၊ အမှန်ကို အမှား၊ ဆိုးယုတ်မှုအဖြစ်သို့ ပြောင်းနိုင်ပြီး ဆိုးယုတ်မှုကို အမှန်အဖြစ်သို့ ပြောင်းလဲနိုင်လေသည်။ တရုတ်ကွန်မြူနစ်ပါတီ ကိုယ်နှိုက်က သိသာထင်ရှားစွာ ဆိုးယုတ်ပြီး ဖောက်ပြန်ရေး ဝါဒီဖြစ်သော်လည်း၊ အပြုသဘောဆောင်ပြီး မျှတသည့်အရာ တစ်ခုကဲ့သို့ အယောင်ဆောင်ကာ မိမိကိုယ်ကို ကြီးမြတ်ကာ၊ ကျက်သရေရှိပြီး မှန်ကန်သကဲ့သို့ အမွှမ်းတင်ဖို့ တတ်နိုင်သမျှ လုပ်ဆောင်လေသည်။ ယင်းမှာ တရုတ်ကွန်မြူနစ်ပါတီ အမြဲ အသုံးပြုသည့် နည်းစနစ်များ ဖြစ်သည်။ တရုတ်ကွန်မြူနစ်ပါတီသည် အပြစ်ကို ပြစ်တင်မောင်းမဲသည့် နတ်ဆိုးဖြစ်ခြင်း၏ ဆရာသခင်တစ်ပါး ဖြစ်သည်။ လူသားမျိုးနွယ်ကို လှည့်ဖြားခြင်း၊ လှည့်စားခြင်း၊ ကစားခြင်း၊ ဖောက်ပြန်ပျက်စီးစေခြင်းနှင့် သတ်ဖြတ်ရာတွင် လောကရှိ မည်သည့်အရာမျှ တရုတ်ကွန်မြူနစ်ပါတီထက် သာ၍ မကျွမ်းကျင်ပေ။ တရုတ်ကွန်မြူနစ်ပါတီကသာ သမားရိုးကျ ဘာသာတရား တစ်ခုကို ရှဲကျောက်အဖြစ် သတ်မှတ်နိုင်သည် - သို့သော် အမှန်တွင်၊ တရုတ်ကွန်မြူနစ်ပါတီသည် တကယ့် ရှဲကျောက်၊ နောက်ဆုံးသော ကာလ၏ စာတန်ဝါဒီ စစ်စစ်၊ အရိုးစွဲနေသော မကောင်းဆိုးဝါး တစ်သိုက်၊ ကမ္ဘာ့ အဆိုးယုတ်ဆုံး၊ အန္တရာယ် ပေးတတ်သော ဖောက်ပြန်ရေးဝါဒီနှင့် အကြမ်းဖက် အဖွဲ့အစည်း ဖြစ်သည်။ ဤသည်တို့မှာ လက်ခံထားကြသည့် အချက်များဖြစ်ပြီး အနည်းငယ်မျှ မမှားယွင်းပေ။

ထို့အပြင်၊ ဘာသာတရားတစ်ခု သို့မဟုတ် အသင်းတော်တစ်ခုက ရှဲကျောက် ဟုတ်မဟုတ် ဆိုသည်ကို ယုံကြည်ခြင်းရှိသည့် သူတိုင်းနှင့် အားလုံးနှင့်သက်ဆိုင်သည့် စံနှုန်းများအပေါ် အခြေပြု၍ လောကလူများ အားလုံးက အကဲဖြတ်သင့်ပေသည် - ဤအရာသည်သာ တရားမျှတသည်။ တရုတ်ကွန်မြူနစ်ပါတီ ရေးဆွဲပြုစုထားသည့် အခြေခံဥပဒေအပေါ် လုံးဝဥဿုံ အခြေခံ၍ မည်သည့် ဘာသာတရားက ရှဲကျောက်ဖြစ်သည်ကို ဆုံးဖြတ်ခြင်းက အတော်အတန် ရယ်ဖွယ်ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် တရုတ်ကွန်မြူနစ်ပါတီသည် ပင်ကိုအားဖြင့် ဘုရားမဲ့ဝါဒီ ဖြစ်သောကြောင့်၊ ဘုရားသခင်ကို သိဖို့မဆိုထားနှင့်၊ ဘုရားသခင်၏ တည်ရှိခြင်းကို လုံးဝ မသိမှတ်သောကြောင့်၊ ပြီးလျှင် ယင်းက ဘုရားသခင်ကို ဆန့်ကျင်ပြီး ဘုရားသခင်၏ ရန်သူဖြစ်သောကြောင့် ဖြစ်သည်၊ ထို့ကြောင့် ယင်းသည် ဘုရားသခင်ကို ယုံကြည်သည့် အဖွဲ့တစ်ခုတစ်လေ သို့မဟုတ် အသင်းတော်များကို ရာဇဝတ်သားပမာ ဆက်ဆံရန် အရည်အချင်းပြည့်မီဖို့ မဆိုထားနှင့်၊ ဘုရားသခင်၌ ယုံကြည်ခြင်းနှင့်ဆိုင်သည့် ကိစ္စရပ်များအပေါ် မှတ်ချက်ပေးဖို့ အရည်အချင်း အပြည့်မီပေ။ အမှန်တွင်၊ တရုတ်ကွန်မြူနစ်ပါတီ၏ ဘုရားမဲ့ဝါဒနှင့် အခြေခံဥပဒေတို့က တရုတ်ကွန်မြူနစ်ပါတီအား ခရစ်ယာန်ဘာသာနှင့် အခြားသော ဘာသာရေး အဖွဲ့အချို့ အပါအဝင်၊ ဘုရားသခင်ကို ယုံကြည်သည့် အဖွဲ့အားလုံး သို့မဟုတ် အသင်းတော်များကို ရှဲကျောက်အဖြစ် အမည်တပ်စေသည်။ ယင်းသည် ကျမ်းစာကိုလည်း ရှဲကျောက် စာပေအဖြစ် ပွင့်ပွင့်လင်းလင်း တံဆိပ်တပ်သည်။ ဤသည်တို့မှာ အများလက်ခံထားကြသည့် အချက်များ ဖြစ်သည်။ တရုတ်ပြည်မတွင် အာဏာရယူကတည်းက၊ တရုတ်ကွန်မြူနစ်ပါတီသည် ဘုရားသခင်ကို ယုံကြည်သည့်သူများအား ထိန်းချုပ်ဖို့၊ ဖိနှိပ်ဖို့နှင့် နှိပ်စက်ပြီး ၎င်းတို့၏ ဘာသာရေး လွတ်လပ်ခွင့်ကို ပိတ်ပင်ဖို့ ရက်စက်သော နည်းစနစ် အမျိုးမျိုးကို အသုံးပြုပြီးဖြစ်သည်။ တရုတ်ကွန်မြူနစ်ပါတီကို ကိုးကွယ်ကာ နာခံပြီး ယင်း၏ အုပ်စိုးမှုကို ဆက်လက်ခံကာ အစေခံဖို့အလို့ငှာ၊ အသင်းတော်များအပေါ် ဖိအားပေးဖို့၊ ဘုရားသခင်ကို ယုံကြည်သူများအား ခြိမ်းခြောက်ဖို့နှင့် ဘုရားသခင်ကို ကိုးကွယ်ခြင်းနှင့် နောက်လိုက်ခြင်းမှ လူတို့ကို တားဆီးဖို့ လူထု သဘောထား၊ နိုင်ငံရေးနှင့် တရားရေးရာ နည်းလမ်းများကို ယင်းက အသုံးပြုသည်။ တရုတ်ကွန်မြူနစ်ပါတီအား တရုတ်လူမျိုးများ၏ အစားအစာနှင့် အဝတ်အထည်များကို ထောက်ပံ့ပေးသည့် “မိဘများ” အဖြစ်၊ ပြည်သူ၏ ပျော်ရွှင်မှုကို တရုတ်ကွန်မြူနစ်ပါတီက အပ်နှင်းသည်ဟူ၍လည်း ယင်းက ကြေညာလေသည်။ ယင်းသည် အမှန်တကယ် အရှက်မဲ့ကာ ကျိုးကြောင်းဆီလျော်မှု အားလုံးကို ကျော်လွန်ပေသည်။ သိသာထင်ရှားစွာပင်၊ တရုတ်ကွန်မြူနစ်ပါတီသည် ဆိုးယုတ်သော ပါတီ၊ ရှဲကျောက် ဖြစ်သည်။ ၎င်းတို့သည် ဖက်ဆစ်သမားများထက် သာ၍ ဖက်ဆစ်ဆန်သည်။ ယနေ့ခေတ် လောကတွင်၊ ဘုရားသခင်ကို ဆန့်ကျင်ရာ၌ ဆိုးယုတ်သော တရုတ်ကွန်မြူနစ်ပါတီထက် အခြား မည်သည့် အဖွဲ့အစည်းမျှ သာ၍ တစ်ဖက်စွန်းမရောက်သကဲ့သို့၊ မယုတ်မာပေ။ ယင်း၏ အမြတ်ထုတ်ရာတွင်၊ လှည့်ဖြားခြင်းနှင့် ယင်း၏ လူထုကို ဖိနှိပ်ရာတွင် တရုတ်ကွန်မြူနစ်ပါတီထက် အခြား မည်သည့် အဖွဲ့အစည်းမျှ သာ၍ မရက်စက်သကဲ့သို့၊ အခြား မည်သည့် အဖွဲ့အစည်းမျှ သာ၍ များသော လူတို့ကို မသတ်ဖြတ်၊ မထိခိုက်စေပေ။ တရုတ်ကွန်မြူနစ်ပါတီသည် ကောင်းကင်ဘုံ၏ အမျက်နှင့် ပြည်သူ၏ မကျေမချမ်းမှုတို့ကို အချိန်ကြာမြင့်စွာကတည်းက ထိုက်ထိုက်တန်တန် ရရှိထားပြီး ဖြစ်သည်။ ထို့ကြောင့် အာဏာ သိမ်းပိုက်ဖို့ အလိမ်အညာများ၊ လှည့်ဖြားမှုနှင့် အကြမ်းဖက်မှုတို့ကို အသုံးပြုသည့် ဤတရားမဝင် အစိုးရသော ပါတီသည် မည်သည့် ဘာသာတရား၊ အသင်းတော်က သမားရိုးကျဖြစ်ပြီး မည်သည်က ရှဲကျောက်ဖြစ်သည်ကို မှတ်ချက်ပြုဖို့ အရည်အချင်း မပြည့်မီပေ။ တရုတ်ကွန်မြူနစ်ပါတီသည် နိုင်ငံတကာ သဘောတူညီချက်အချို့ လက်မှတ်ရေးထိုးကောင်း‌ ရေးထိုးပြီး ဖြစ်နိုင်သော်လည်း၊ ဤသည်မှာ တရုတ်လူမျိုးများကို လှည့်ဖြားကာ နိုင်ငံတကာ အသိုင်းအဝိုင်းကို လှည့်စားသည့် နည်းလမ်းတစ်ခုသာ ဖြစ်သည်။ အမှန်တွင်၊ ယင်းသည် ဤသဘောတူညီချက်များကို လိုက်နာဖို့မဆိုထားနှင့်၊ မည်သည့်အရာကိုမျှ အသိအမှတ်မပြု၊ လက်မခံဖူးပေ။ တရုတ်နိုင်ငံ အခြေခံဥပဒေသည် အမှန်တွင် ဥပဒေတစ်ခု လုံးဝ မဟုတ်ပေ။ ယင်းကို တရုတ်လူမျိုးများအတွက် ဖန်တီးခဲ့ခြင်းဖြစ်ပြီး၊ ၎င်းတို့ကို ကန့်သတ်ကာ ချုပ်နှောင်ဖို့ တန်ဆာပလာတစ်ခု ဖြစ်သည်။ တရုတ်ကွန်မြူနစ်ပါတီ ကိုယ်နှိုက်က ဥပဒေကို လုံးဝ မလိုက်နာပါ။ ကွန်မြူနစ်ပါတီ၏ အာဏာရှင် စနစ်အောက်ရှိ နိုင်ငံတစ်ခုတွင်၊ ဥပဒေ မရှိပါ။ ၎င်း၏ အာဏာမှာ ဥပဒေအထက်တွင် ရှိသည်ဟု ဆိုနိုင်ပေသည်။ တရုတ်ကွန်မြူနစ်ပါတီ အရာရှိများနှင့် ရဲများသည် ၎င်းတို့က ဥပဒေဖြစ်ကြောင်းနှင့် ၎င်းတို့ ပြောသည့်အရာက ဥပဒေဖြစ်ကြောင်း လူသိရှင်ကြား ထွက်ဆိုကြပြီး ဖြစ်သည်၊ ယင်းမှာ တရုတ်ကွန်မြူနစ်ပါတီအား ဥပဒေကိုရော၊ ကောင်းကင်ဘုံကိုပါ လုံးဝ လျစ်လျူရှုခြင်းသို့ ဆိုက်ရောက်စေပြီး ဖြစ်သည့် အရာ ဖြစ်သည်။ ယနေ့ခေတ်တွင်၊ တရုတ်ကွန်မြူနစ်ပါတီသည် ဘုရားသခင်ကို ခုခံခြင်းအတွက် ဘုရားသခင်၏ အပြစ်ပေးခြင်း ခံရလျက် ရှိသည်။ တရုတ်ကွန်မြူနစ်ပါတီကို ဖျက်ဆီးရန် ဘုရားသခင်သည် ကပ်ဘေးမျိုးစုံကို ပေါ်ပေါက်စေပြီ ဖြစ်သည်။ တရုတ်လူမျိုးများက တရုတ်ကွန်မြူနစ်ပါတီ ပြောသည့်အရာကို မယုံကြတော့ပေ၊ အဘယ့်ကြောင့်ဆိုသော် တရုတ်ကွန်မြူနစ်ပါတီပြောသည့်အရာမှာ အတွေးမှားနှင့် အယူလွဲ၊ အချက်အလက်များကို မလိမ့်တစ်ပတ် လုပ်ခြင်း၊ အမှန်တရားကို မှောက်လှန်ခြင်း၊ ဆင်ခြင်တုံတရားအားလုံး ကင်းမဲ့ခြင်းသာ ဖြစ်သောကြောင့်၊ လူတို့ကို လှည့်ဖြား၊ မလှုပ်မယှက်ဖြစ်ပြီး ကြိုးကိုင်ခြယ်လှယ်သည့် ဆိုးယုတ်သော စကားများသာ ဖြစ်သောကြောင့် ဖြစ်သည်။

—အထက်အရပ်မှ မိတ်သဟာယပြုခြင်း

ကိုးကားရန် အတွက် လူ၏ မိတ်သဟာယပြုခြင်း-

“အရှေ့အရပ်မှ လျှပ်ပြက်ခြင်း” ဟူသည့် ဝေါဟာရမှာ သခင်ယေရှု၏ ပရောဖက်ပြုချက်များထဲမှ တစ်ခုထံမှ လာပါသည် - “လျှပ်စစ်သည် အရှေ့မှပြက်၍အနောက်တိုင်အောင် ထွန်းလင်းသကဲ့သို့၊ လူသားသည် ကြွလာတော် မူလတံ့။(ရှင်မဿဲခရစ်ဝင် ၂၄:၂၇) ဘုရားသခင်၏ အသံတော်ကို ကြားပြီး အရှေ့အရပ်မှ လျှပ်ပြက်ခြင်းကို လက်ခံသောသူတို့သည် သူ၏ ပလ္လင်တော်ရှေ့မှောက် ချီမခြင်းခံရပြီးဖြစ်သော်လည်း၊ အရှေ့အရပ်မှ လျှပ်ပြက်ခြင်းအား ငြင်းပယ်သောသူတို့သည် ယင်းကို အယူလွဲအဖြစ် ရှုတ်ချဖို့ အစွမ်းကုန် လုပ်ဆောင်ကြလေသည်။ ဤသည်မှာ အံ့ဩစရာ မဟုတ်ပါ။ ဘုရားသခင်၏ အမှုတော်ကို ခုခံကာ ရှုတ်ချနေသည့် ဘာသာရေး ခေါင်းဆောင်များ၏ ရှည်လျားသော သမိုင်းတစ်ခု ရှိပါသည်။ သခင်ယေရှုက အမှုပြုဖို့ ကြွလာခဲ့ချိန် ကျေးဇူးတော်ခေတ်တွင်၊ ဂျုးယုံကြည်ခြင်း၏ ယဇ်ပရောဟိတ်မင်းများ၊ ကျမ်းတတ်ပုဂ္ဂိုလ်များနှင့် ဖာရိရှဲတို့သည် သခင်ယေရှုကို ခုခံရင်းနှင့် နှိပ်စက်ညှဉ်းပန်းရင်း သူ၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်ကို အယူလွဲအ‌ဖြစ် ရှုတ်ချခဲ့ကြသည်။ ၎င်းတို့နှင့် သခင်ယေရှုကြားတွင် ရန်လိုမှု မရှိပါ၊ သို့ဆိုလျှင် အဘယ်ကြောင့် သူ့ကို ၎င်းတို့ အရူးအမူး ခုံခံကာ ရှုတ်ချခဲ့ကြပါသနည်း။ အမှုတော်ကို လုပ်ဆောင်ခြင်း၊ တရားဟောခြင်းနှင့် နိမိတ်လက္ခဏာများနှင့် အံ့ဖွယ်ရာများစွာ ဆောင်ရွက်ခြင်းအားဖြင့်၊ သခင်ယေရှုက ယုဒပြည်တစ်လျှောက်လုံး အုတ်အော်သောင်းတင်း ဖြစ်သွားစေခဲ့ပြီး၊ ယုဒလူမျိုးများစွာက သူ့နောက် စတင် လိုက်ခဲ့ကြသည်ကို ကျမ်းစာနှင့် အကျွမ်းဝင်သူတိုင်းက သိပေသည်။ ဤအရာက ထိပ်ပိုင်း ယုဒခေါင်းဆောင်များကို စိတ်အနှောင့်အယှက် ကြီးကြီးမားမား ဖြစ်စေခဲ့သည်။ သခင်ယေရှုကို ဆက်လက် အမှုပြုကာ ဟောပြောခွင့် ပေးထားပါက၊ ယုဒယုံကြည်သူအားလုံးက သူ့နောက်လိုက်ပြီး ယုဒဘာသာ ပြိုလဲသွားမည်ကို ၎င်းတို့ ကောင်းကောင်း သိခဲ့ကြသည်။ မည်သူမျှ ထိုခေါင်းဆောင်များကို ကိုးကွယ်မည်မဟုတ်သကဲ့သို့၊ နောက်လိုက်တော့မည် မဟုတ်ပေ။ ၎င်းတို့၏ အဆင့်အတန်းနှင့် အသက်မွေးဝမ်းကျောင်းတို့ ရှိတော့မည် မဟုတ်။ ဤအရာများကို ထိန်းသိမ်းဖို့ အားထုတ်မှုတစ်ခုအနေဖြင့်၊ သခင်ယေရှုကို ဆန့်ကျင်လျက် ၎င်းတို့ တတ်နိုင်သမျှအရာတိုင်းကို အသုံးပြုခဲ့ကြပြီး သူ့ကို ကားတိုင်တွင် သံမှိုစွဲခဲ့ကြသည်။ သခင်ယေရှု၏ တမန်တော်များက သူ၏ ဧဝံဂေလိတရားအား ဖြန့်ဝေချိန်တွင်၊ ထိုခေါင်းဆောင်များက သခင်ယေရှု၏ အမှုတော်မှာ အယူလွဲ ဖြစ်သည်ဟု ဆိုရင်း ၎င်းတို့ကို ဖမ်းဆီးကာ နှိပ်စက်ဖို့ ဆက်လက် လုပ်ဆောင်ခဲ့ကြသည်။ ဤအရာမှ စစ်မှန်သော လမ်းခရီးသည် ဘာသာရေး အသိုင်းအဝိုင်းထဲက ခေါင်းဆောင်များထံမှ ငြင်းပယ်ခြင်းနှင့် ရှုတ်ချခြင်းဆီသို့ မလွဲမသွေ ဦးတည်မည်ဖြစ်သည်ကို ကျွန်ုပ်တို့ တွေ့နိုင်ပေသည်။

နောက်ဆုံးသော ကာလတွင်၊ လူ့ဇာတိခံ အနန္တတန်ခိုးရှင် ဘုရားသခင်က လူသားမျိုးနွယ်ကို သန့်စင်ကာ ကယ်တင်ဖို့ သမ္မာတရား အားလုံးကို ဖော်ပြပြီး ဖြစ်ကာ ဘုရားအိမ်တော်၌ အစပြုသည့် တရားစီရင်ခြင်း အမှုကိုလည်း လုပ်ဆောင်ပြီး ဖြစ်သည်။ ထိုနည်းတူ၊ သူသည် ဘာသာရေး ခေါင်းဆောင်များထံမှ ခုခံခြင်းနှင့် ရှုတ်ချခြင်းတို့ကို ခံရပြီး ဖြစ်သည်။ ဤအရာက ကျမ်းစာထဲတွင် သခင်ယေရှု ပြောခဲ့သည့်အရာကို ပြည့်စုံစေသည် - “ကောင်းကင်တစ်ဘက်မှ ပြက်သောလျှပ်စစ်သည် ကောင်းကင်အနှံ့အပြား ထွန်းလင်းသကဲ့သို့၊ လူသားသည် မိမိနေ့ရက်၌ ဖြစ်တော်မူလတ္တံ့။ ထိုသို့မဖြစ်မှီ သူသည် များစွာသောဆင်းရဲဒုက္ခကို၎င်း၊ ယခုလူမျိုး၏ ငြင်းပယ်ခြင်းကို၎င်း ခံရမည်။(ရှင်လုကာခရစ်ဝင် ၁၇:၂၄-၂၅) ဤနေရာတွင်၊ “ထိုသို့မဖြစ်မှီ သူသည် များစွာသောဆင်းရဲဒုက္ခကို၎င်း၊ ယခုလူမျိုး၏ ငြင်းပယ်ခြင်းကို၎င်း ခံရမည်။” ဟူသည်က သခင့်၏ ပြန်ကြွလာခြင်းနှင့် နောက်တစ်ဖန် လူသား၏ ရှုတ်ချခံရခြင်းနှင့် ငြင်းပယ်ခံရခြင်းတို့ကို ရည်ညွှန်းပါသည်။ ဤနှုတ်ကပတ်တော်များက အနန္တတန်ခိုးရှင် ဘုရားသခင်အပေါ် ဘာသာရေး လောက၏ သင်းအုပ်ဆရာများနှင့် အကြီးအကဲများ၏ ပိုင်စိုးပိုင်နင်း ရှုတ်ချခြင်းကို အမှန်တကယ် ထင်ဟပ်စေသည်၊ မဟုတ်ပါလား။ အနန္တတန်ခိုးရှင် ဘုရားသခင်၏ မိန့်မြွက်ချက်များ အားလုံးမှာ သမ္မာတရားဖြစ်ပြီး၊ ယင်းတို့က သူ၏ စီမံခန့်ခွဲမှု အစီအစဉ်၏ နက်နဲမှုအားလုံးကို ထုတ်ဖော်ပြပြီး ဖြစ်သည်။ ဤအရာတွင် - သူ၏ အနှစ်ခြောက်ထောင် စီမံခန့်ခွဲမှု အစီအစဉ်၊ သူ၏ အမှုအဆင့်သုံးဆင့် ရည်ရွယ်ချက်၊ သူ၏ လူ့ဇာတိခံယူခြင်း နက်နဲမှုနှင့် အဓိပ္ပာယ်၊ ယခုထိ လူသားမျိုးနွယ် တိုးတက်ပြီးဖြစ်ပုံနှင့် လူသားမျိုးနွယ်၏ အနာဂတ် ခရီးပန်းတိုင် ဟူသကဲ့သို့သော - သမ္မာတရားအားလုံး ပါဝင်သည်။ သူ၏ ပေါ်ထွန်းခြင်းကို တောင့်တပြီး ဖြစ်သည့် လူများစွာတို့သည် အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များက ဩဇာအာဏာနှင့် တန်ခိုးပါရှိသည်ကို မြင်ကြရပြီး ဖြစ်သည်။ ယင်းတို့အားလုံး သမ္မာတရားဖြစ်သည်ကို ၎င်းတို့ မြင်ကြပြီး ဖြစ်ကာ အနန္တတန်ခိုးရှင် ဘုရားသခင်က ပြန်ကြွလာသည့် သခင်ယေရှုဖြစ်သည်ကို အသိအမှတ်ပြုကာ တစ်ဦးပြီးတစ်ဦး သူ့ထံသို့ လှည့်ကြပြီး ဖြစ်သည်။ သို့ဆိုလျှင် ဘုရားသခင်ကို နှစ်များစွာ အစေခံပြီးဖြစ်သည့် ဘာသာရေးလောက၏ သင်းအုပ်ဆရာများနှင့် ခေါင်းဆောင်များသည် နောက်ဆုံးသော ကာလတွင် အဘယ်ကြောင့် သခင်ယေရှု၏ ပြန်ကြွလာခြင်းကို လက်မခံဘဲ ထိုအစား သူ့ကို အရူးအမူ ခုခံကာ ရှုတ်ချကြသနည်း။ အမှန်တွင်၊ ၎င်းတို့ များစွာသည် အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ကြပြီးဖြစ်ကာ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းသားများ၏ တရားဒေသနာများကို ကြားကြပြီး ဖြစ်သည်။ ၎င်းတို့ အများစုက အနန္တတန်ခိုးရှင် ဘုရားသခင်၏ စကားများမှာ ဩဇာအာဏာနှင့် တန်ခိုးရှိပြီး သမ္မာတရား ဖော်ပြချက်များသာ ဖြစ်သည်ကို သိမှတ်ကြသော်လည်း အသင်းတော်ကို အယူလွဲအဖြစ် ရှုတ်ချဖို့ မိမိတို့ကိုယ်ပိုင် အသိစိတ်များကို ဆန့်ကျင်ကြဆဲ ဖြစ်သည်။ အကြောင်းမှာ သူ၏ စကားများ မည်မျှ တန်ခိုးကြီးမားသည်မှာ - ဘာသာရေး လောကတစ်ခုလုံး သိမ်းပိုက်ရလောက်အောင် တန်ခိုးကြီးမားပြီး- စစ်မှန်သော ယုံကြည်ခြင်းရှိသည့် ထိုလူတို့ကို အနန္တတန်ခိုးရှင် ဘုရားသခင်၏ နောက်ဆုံးသော ကာလ အမှုတော်အား လက်ခံခြင်းမှ မတားဆီးပါက၊ ဘာသာရေး လောကတစ်ခုလုံး တစ်စစီ ပြိုလဲသွားမည်ကို မြင်ကြသောကြောင့် ဖြစ်သည်။ ထို့နောက်တွင်၊ ထိုသင်းအုပ်ဆရာများနှင့် အကြီးအကဲများကို နောက်ထပ် မည်သူမျှ ကိုးကွယ်၊ နောက်လိုက်ကြတော့မည်မဟုတ်ပေ။ မိမိတို့၏ အဆင့်အတန်းနှင့် မိမိတို့၏ အသက်မွေးဝမ်းကြောင်းများကို ထိန်းသိမ်းဖို့အလို့ငှာ၊ အနန္တတန်ခိုးရှင် ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်တို့ကို ၎င်းတို့ အရူးအမူး ဝေဖန်ကာ ရှုတ်ချကြပြီး အသင်းတော်ကို အယူလွဲအဖြစ် လူသိရှင်ကြား စွပ်စွဲရှုတ်ချကြသည်။ ၎င်းတို့၏ ပန်းတိုင်မှာ သခင်ယေရှု ပြန်ကြွလာပြီးဖြစ်သည်၊ ပေါ်ထွန်းပြီးဖြစ်ကာ အမှုပြုပြီးဖြစ်သည်ကို ဖုံးကွယ်ဖို့နှင့် ယုံကြည်သူများကို စစ်မှန်သော လမ်းခရီးကို ရှာဖွေခြင်းနှင့် ဘုရားသခင်၏ ရှေ့မှောက် လာခြင်းမှ တားဆီးဖို့ ဤအရာကို အသုံးပြုရန် ဖြစ်သည်။ ထိုအစား ဤအကြီးအကဲများနှင့် သင်းအုပ်ဆရာများသည် ဘာသာရေး လောကအပေါ် အစဉ်ထာဝရ ထိန်းချုပ်မှုရှိခြင်းတည်းဟူသော မိမိတို့၏ စက်ဆုပ်ဖွယ် ပန်းတိုင်ကို ရရှိအောင်မြင်ဖို့အလို့ငှာ ယုံကြည်သူများအား သူတို့ကို အစဉ် ကိုးကွယ်ကာ သူတို့နောက် လိုက်စေချင်ကြလေသည်။ အနန္တတန်ခိုးရှင် ဘုရားသခင်ကို ၎င်းတို့ ရှုတ်ချခြင်းနှင့် ခုခံခြင်းတို့၏ အရင်းအမြစ်သည် သခင်ယေရှုကို ဆန့်ကျင်ခဲ့သည့် ဂျူးလူမျိုးဖာရိရှဲတို့၏ အရင်းအမြစ်နှင့် တူညီသည်မှာ သိသာထင်ရှားပေသည်။ ယင်းကို သမ္မာတရားအား စက်ဆုပ်၊ မုန်းတီးကာ ဘုရားသခင်ကို ဆန့်ကျင်ခုခံခြင်းနှင့်ဆိုင်သည့် ၎င်းတို့၏ ဆိုးယုတ်သော သဘာဝက လုံးဝ လွှမ်းမိုးထားသည်။ ဘာသာရေး အသိုင်းအဝိုင်းများထဲက ဤသင်းအုပ်ဆရာများနှင့် အကြီးအကဲများက ဘုရားသခင်ကို ယုံကြည်ကာ အစေခံကြစဉ်တွင်၊ သူ့ကို ၎င်းတို့ မကြောက်ရွံ့ကြသည်ကို အချက်အလက်များက လုံလောက်စွာ သက်သေပြပါသည်။ ၎င်းတို့သည် ဖာရိရှဲစစ်စစ်များ ဖြစ်သည်။ ၎င်းတို့အားလုံးသည် ဘုရားသခင်၏ နောက်ဆုံးသော ကာလ အမှုတော်အားဖြင့် ဖော်ထုတ်ခံရသည့် အန္တိခရစ်များ ဖြစ်ကြပေသည်။

သခင်ယေရှု၏ အမှုတော်သည် အယူလွဲအဖြစ် ထိုအချိန်က ယုဒခေါင်းဆောင်များအားလုံး၏ ရှုတ်ချခြင်းခံခဲ့ရသော်လည်း၊ သူ၏ ဧဝံဂေလိတရားမှာ ကမ္ဘာ့နေရာအနှံ့သို့ ပျံ့နှံ့ဆဲဖြစ်ပြီး သာ၍ များသည်ထက်များသော လူတို့၏ လက်ခံခြင်း ခံခဲ့ရသည်။ ယခုတွင်၊ ဘာသာရေး လောကတစ်ခုလုံးက သူ့ကို စစ်မှန်သော ဘုရား အဖြစ့််လည်းကောင်း၊ သူ၏ အမှုတော်ကို မှန်သော လမ်းခရီးအဖြစ်လည်းကောင်း အသိအမှတ်ပြုကြပေသည်။ နောက်ဆုံးသော ကာလတွင်၊ ထိုနည်းတူ ဘာသာရေး သင်းအုပ်ဆရာများနှင့် အကြီးအကဲများသည် အနန္တတန်ခိုးရှင် ဘုရားသခင်၏ အမှုတော်ကို အယူလွဲအဖြစ် ရှုတ်ချနေကြသည်။ တရုတ်နိုင်ငံတွင် သူ ပေါ်ထွန်းကာ စတင်အမှုပြုကတည်းက ဆယ်စုနှစ် နှစ်ခုကျော်မျှရှိပြီးဖြစ်ကာ ယခုတွင် နိုင်ငံတော် ဧဝံဂေလိသည် လူသန်းနှင့်ချီအား အနန္တတန်ခိုးရှင် ဘုရားသခင် ရှေ့မှောက်သို့ ဆောင်ကြဉ်းရင်း၊ တရုတ်ပြည်မ တစ်လျှောက်လုံး၌ ပျံ့နှံ့ပြီး ဖြစ်သည်။ ယခုတွင် နိုင်ငံများစွာ၌ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ခွဲများ တည်ထောင်လျက်၊ ယင်းသည် အလင်း၏ အမြန်နှုန်းဖြင့် ကမ္ဘာလောက တစ်ခုလုံး အနှံ့ ယခု တိုးချဲ့နေပေသည်။ ဤအရာမှ၊ မှန်သော လမ်းခရီးက အမြဲ မှန်သော လမ်းခရီး ဖြစ်လိမ့်မည်မှာ သိသာပေသည်။ ယင်းသည် အယူလွဲအဖြစ် ဘာသာရေး အသိုင်းအဝိုင်းများထဲ ခေါင်းဆောင်များအားလုံး၏ ရှုတ်ချခြင်း ခံရလျှင်ပင်၊ နောက်ဆုံးတွင် လူသားမျိုးနွယ်တစ်ရပ်လုံး၏ အသိအမှတ်ပြုကာ လက်ခံခြင်း ခံရလိမ့်မည်ဖြစ်သည်။ ဘုရားသခင်၏ ပေါ်ထွန်းခြင်း၊ အမှုတော်နှင့်ဆိုင်သော အမှန်တရားများကို မည်သူမျှ မှားယွင်းကြောင်း မချေပနိုင်သကဲ့သို့ သူ၏ အမှုတော်ကို မတားဆီးနိုင်ပေ။ ဤသည်မှာ ဘုရားသခင်၏ အတုမရှိ ဩဇာအာဏာ ဖြစ်သည်။

နောက်တစ်ခုသို့- ငါက ညွှန့်ပေါင်းတပ်ဦးမှာ နှစ်ပေါင်းများစွာ လုပ်လာတာ၊ ဘာသာတရားတွေအများကြီးကို လေ့လာထားတယ်။ ခရစ်ယာန်၊ ကက်သလစ်၊ အော်သိုဒေါ့စ်၊ ဒီဘာသာတွေအားလုံးက ယေရှုကို ယုံကြည်တာချည်းပဲ။ ဒါပေမဲ့ မင်းတို့ရဲ့ အနန္တတန်ခိုးရှင် ဘုရားသခင်ကိုယုံကြည်မှုက မတူဘူး။ ပါတီမှတ်တမ်းတွေမှာ ဖော်ပြတာတော့ အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်ဟာ ခရစ်ယာန်ဘာသာ မဟုတ်ဘူးတဲ့။ မင်းတို့ကို ဂိုဏ်းခွဲတစ်ခုအဖြစ် အသိအမှတ်မပြုတဲ့ ခရစ်ယာန်ဂိုဏ်းခွဲ အမျိုးမျိုးဆီကို မင်းတို့က ခရစ်ယာန်အလံတော်အောက်ကနေ ဧဝံဂေလိတရား ဟောနေကြတာပဲ။ ငါကတော့ ဘယ်တော့မှ အနန္တတန်ခိုးရှင်ဘုရားသခင်ကို ယုံကြည်ခွင့်ပေးမှာ မဟုတ်ဘူး။ ခရစ်ယာန်ဘာသာပဲရမယ်။ အစိုးရရဲ့ နှိပ်ကွပ်မှုလည်း နည်းလိမ့်မယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ကိုယုံမိလို့ ထောင်ကျတယ်ဆိုရင်တော့ မင်းဘဝ ဒုက္ခရောက်ပြီပဲ။ အနန္တတန်ခိုးရှင်ဘုရားသခင်ကို ယုံတဲ့သူတွေ က နောက်ဆုံးသောကာလ ခရစ်တော်နောက်ကို လိုက်တယ်။ ခရစ်တော်ရဲ့တပည့်တော်တွေ တမန်တော်တွေ မှန်းလည်း ပါတီက သိတယ်။ ပါတီ အကြောက်ဆုံး ဖြစ်နေတာက နောက်ဆုံးသောကာလ ခရစ်တော်အားဖြင့် ဖော်ပြထားတဲ့ နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ ဆိုတဲ့စာအုပ်ရယ်၊ နောက်ဆုံးသောကာလ ခရစ်တော်နောက်ကို လိုက်တဲ့ အမာခံအုပ်စုရယ်ပဲ။ ခရစ်ယာန်သာသနာရဲ့ သမိုင်းကြောင်းကို ငါတို့လေ့လာပြီးပြီ။ ဂျူးတွေနဲ့ ရောမအင်ပါယာ အကြောက်ဆုံးဖြစ်ခဲ့တာလည်း ယေရှုရဲ့ တပည့်တော်တွေနဲ့ တမန်တော်တွေကိုပဲ။ ဒါကြောင့် အဲဒီလူတွေကို ဖမ်းမိတာနဲ့ ချက်ချင်း သတ်ပစ်ခဲ့တာလေ။ ဒီနေ့လို ခေတ်မျိုးမှာ နောက်ဆုံးသောကာလ ခရစ်တော် နောက်ကိုလိုက်တဲ့ ဒီအုပ်စုကို လုံးဝပိတ်ပင်ဖို့ အရေးယူ ဆောင်ရွက်တာတွေ မလုပ်ဘူးဆိုရင်၊ နှစ်အနည်းငယ် အတွင်းမှာ ဘာသာရေး အသိုင်းအဝိုင်း တစ်ခုလုံးကို သူတို့လက်အောက် သွတ်သွင်း လာလိမ့်မယ်။ တရုတ်ပြည်မှာရှိတဲ့ ခရစ်ယာန်ဂိုဏ်း တော်တော်များများလည်း အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော် လက်အောက်ကို ရောက်ကုန်ကြပြီ။ ဇောင်ယွမ်အမှုမှာ စီစီပီကသာ ကြံဖန်မကြိုးစားခဲ့ဘူးဆိုရင်၊ ကမ္ဘာပေါ်က ဘာသာရေး အသိုက်အဝန်းအားလုံး အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်အောက်ကို သွတ်သွင်းခံရတဲ့နေ့မျိုးက ရောက်ပြီးနေလောက်ပြီ။ ဘာသာရေးအသိုက်အဝန်းက အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်လက်အောက်ကို ရောက်မယ်ဆိုရင်၊ စီစီပီအစိုးရအတွက် သဘောတွေ့စရာ ဖြစ်လာမှာမဟုတ်ဘူး။ အဲဒါကြောင့် အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်ကို မြန်မြန်ဆန်ဆန်ပိတ်ပင်ဖို့အတွက် ဗဟိုကော်မတီက ရှိသမျှအင်အားကို တပ်ဖြန့်ဖို့ ဆုံးဖြတ်ခဲ့တာပဲ။ အရှေ့အရပ်မှလျှပ်ပြက်ခြင်း ပေါ်ပေါက်မှုက တရုတ်ပြည် တင်မကဘူး။ တစ်ကမ္ဘာလုံးကို လွှမ်းမိုးသွားတယ်ဆိုတာ မင်းတို့ သိဖို့လိုတယ်။ ဒီလိုဖြစ်လာမှတော့ စီစီပီက မင်းတို့တွေကို ဆန့်ကျင်တဲ့ ဖိနှိပ်မှုတိုက်ပွဲကြီးကို မလုပ်ဘဲ နေနိုင်ပါ့မလား။ ဘုရားသခင်ကို ယုံမှဖြစ်မယ် ဆိုလည်း၊ ခရစ်ယာန်ဘာသာပဲဖြစ်ရမယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်ကို မယုံနဲ့တော့ အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်ဆိုတာ ခရစ်ယာန်နဲ့မဆိုင်ဘူး။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Leave a Reply

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။