ငါက ညွှန့်ပေါင်းတပ်ဦးမှာ နှစ်ပေါင်းများစွာ လုပ်လာတာ၊ ဘာသာတရားတွေအများကြီးကို လေ့လာထားတယ်။ ခရစ်ယာန်၊ ကက်သလစ်၊ အော်သိုဒေါ့စ်၊ ဒီဘာသာတွေအားလုံးက ယေရှုကို ယုံကြည်တာချည်းပဲ။ ဒါပေမဲ့ မင်းတို့ရဲ့ အနန္တတန်ခိုးရှင် ဘုရားသခင်ကိုယုံကြည်မှုက မတူဘူး။ ပါတီမှတ်တမ်းတွေမှာ ဖော်ပြတာတော့ အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်ဟာ ခရစ်ယာန်ဘာသာ မဟုတ်ဘူးတဲ့။ မင်းတို့ကို ဂိုဏ်းခွဲတစ်ခုအဖြစ် အသိအမှတ်မပြုတဲ့ ခရစ်ယာန်ဂိုဏ်းခွဲ အမျိုးမျိုးဆီကို မင်းတို့က ခရစ်ယာန်အလံတော်အောက်ကနေ ဧဝံဂေလိတရား ဟောနေကြတာပဲ။ ငါကတော့ ဘယ်တော့မှ အနန္တတန်ခိုးရှင်ဘုရားသခင်ကို ယုံကြည်ခွင့်ပေးမှာ မဟုတ်ဘူး။ ခရစ်ယာန်ဘာသာပဲရမယ်။ အစိုးရရဲ့ နှိပ်ကွပ်မှုလည်း နည်းလိမ့်မယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ကိုယုံမိလို့ ထောင်ကျတယ်ဆိုရင်တော့ မင်းဘဝ ဒုက္ခရောက်ပြီပဲ။ အနန္တတန်ခိုးရှင်ဘုရားသခင်ကို ယုံတဲ့သူတွေ က နောက်ဆုံးသောကာလ ခရစ်တော်နောက်ကို လိုက်တယ်။ ခရစ်တော်ရဲ့တပည့်တော်တွေ တမန်တော်တွေ မှန်းလည်း ပါတီက သိတယ်။ ပါတီ အကြောက်ဆုံး ဖြစ်နေတာက နောက်ဆုံးသောကာလ ခရစ်တော်အားဖြင့် ဖော်ပြထားတဲ့ နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ ဆိုတဲ့စာအုပ်ရယ်၊ နောက်ဆုံးသောကာလ ခရစ်တော်နောက်ကို လိုက်တဲ့ အမာခံအုပ်စုရယ်ပဲ။ ခရစ်ယာန်သာသနာရဲ့ သမိုင်းကြောင်းကို ငါတို့လေ့လာပြီးပြီ။ ဂျူးတွေနဲ့ ရောမအင်ပါယာ အကြောက်ဆုံးဖြစ်ခဲ့တာလည်း ယေရှုရဲ့ တပည့်တော်တွေနဲ့ တမန်တော်တွေကိုပဲ။ ဒါကြောင့် အဲဒီလူတွေကို ဖမ်းမိတာနဲ့ ချက်ချင်း သတ်ပစ်ခဲ့တာလေ။ ဒီနေ့လို ခေတ်မျိုးမှာ နောက်ဆုံးသောကာလ ခရစ်တော် နောက်ကိုလိုက်တဲ့ ဒီအုပ်စုကို လုံးဝပိတ်ပင်ဖို့ အရေးယူ ဆောင်ရွက်တာတွေ မလုပ်ဘူးဆိုရင်၊ နှစ်အနည်းငယ် အတွင်းမှာ ဘာသာရေး အသိုင်းအဝိုင်း တစ်ခုလုံးကို သူတို့လက်အောက် သွတ်သွင်း လာလိမ့်မယ်။ တရုတ်ပြည်မှာရှိတဲ့ ခရစ်ယာန်ဂိုဏ်း တော်တော်များများလည်း အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော် လက်အောက်ကို ရောက်ကုန်ကြပြီ။ ဇောင်ယွမ်အမှုမှာ စီစီပီကသာ ကြံဖန်မကြိုးစားခဲ့ဘူးဆိုရင်၊ ကမ္ဘာပေါ်က ဘာသာရေး အသိုက်အဝန်းအားလုံး အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်အောက်ကို သွတ်သွင်းခံရတဲ့နေ့မျိုးက ရောက်ပြီးနေလောက်ပြီ။ ဘာသာရေးအသိုက်အဝန်းက အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်လက်အောက်ကို ရောက်မယ်ဆိုရင်၊ စီစီပီအစိုးရအတွက် သဘောတွေ့စရာ ဖြစ်လာမှာမဟုတ်ဘူး။ အဲဒါကြောင့် အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်ကို မြန်မြန်ဆန်ဆန်ပိတ်ပင်ဖို့အတွက် ဗဟိုကော်မတီက ရှိသမျှအင်အားကို တပ်ဖြန့်ဖို့ ဆုံးဖြတ်ခဲ့တာပဲ။ အရှေ့အရပ်မှလျှပ်ပြက်ခြင်း ပေါ်ပေါက်မှုက တရုတ်ပြည် တင်မကဘူး။ တစ်ကမ္ဘာလုံးကို လွှမ်းမိုးသွားတယ်ဆိုတာ မင်းတို့ သိဖို့လိုတယ်။ ဒီလိုဖြစ်လာမှတော့ စီစီပီက မင်းတို့တွေကို ဆန့်ကျင်တဲ့ ဖိနှိပ်မှုတိုက်ပွဲကြီးကို မလုပ်ဘဲ နေနိုင်ပါ့မလား။ ဘုရားသခင်ကို ယုံမှဖြစ်မယ် ဆိုလည်း၊ ခရစ်ယာန်ဘာသာပဲဖြစ်ရမယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်ကို မယုံနဲ့တော့ အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်ဆိုတာ ခရစ်ယာန်နဲ့မဆိုင်ဘူး။

18.11.2021

အဖြေ- အနန္တတန်ခိုးရှင်ဘုရားသခင်အသင်းတော်အပေါ် ပါတီက ဖိနှိပ် ရတဲ့အကြောင်းရင်းကို အဖေ ပြောသွားတယ်နော်။ ဒါပေမဲ့ အဓိကခရစ်ယာန်ဂိုဏ်းတွေက ဘာလို့ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်အောက်ကို ဝင်ကုန်တယ်ဆိုတာ အဖေ သိလား။ ဘာလို့လဲဆိုတော့ ဂိုဏ်းဂဏ အားလုံးမှာရှိတဲ့သူအားလုံးက ဘုရားသခင်ရဲ့ အသံကို ကြားလိုက်ရလို့ပဲ။ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ ပေါ်ထွန်းခြင်းနဲ့ အမှုတော်ကို မြင်ရတဲ့အခါ သခင်ယေရှု ပြန်ကြွလာပြီဖြစ်မှန်း သုံးသပ်မိကြလို့ပါပဲ။ အဲဒါကြောင့် အားလုံးက အနန္တတန်ခိုးရှင်ဘုရားသခင်ဆီ ဦးလှည့်ကုန်ကြတာပေါ့။ ဒါဟာ ဘာသာရေးအသိုက်အဝန်းက ယုံကြည်သူတွေ မျှော်လင့်နေတဲ့ သတင်းကောင်းကြီးပဲလေ။ အဖေ၊ နောက်ဆုံးသောကာလရဲ့ခရစ်တော်က အမှုပြုဖို့ ပေါ်ထွန်းနေပါပြီ။ ခရစ်ယာန်ဘာသာရဲ့ ဂိုဏ်းဂဏတွေ အားလုံးက အနန္တတန်ခိုးရှင် ဘုရားသခင်ဆီ နောက်ဆုံးမှာ ဦးလှည့်ကြလိမ့်မယ်။ ဒါက ခေတ်ရဲ့ရေစီးဆိုလည်းဟုတ်တယ်။ ဒါကိုကြည့်ရင် ဘုရားသခင်ရဲ့အမှုဟာ ခရစ်ယာန်ဘာသာ အပြင် အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်ကိုလည်း ဖြစ်ပေါ်စေခဲ့မှန်း သိသာပါတယ်။ ခရစ်ယာန်ဘာသာက ကျေးဇူးတော်ခေတ်ရဲ့အသင်းတော် ဖြစ်သလို အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ကလည်း နိုင်ငံတော်ခေတ်ရဲ့ အသင်းတော်ပါပဲ။ နှစ်ခုစလုံးက ခရစ်ယာန်ဘာသာနဲ့ သက်ဆိုင်တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ဟာ ခရစ်ယာန်ဘာသာရဲ့အစိတ်အပိုင်းဆိုတာကို ပါတီက ဘာလို့ ငြင်းပယ်တာလဲ။ တရုတ်ကွန်မြူနစ်ပါတီက သမ္မာတရားကို မုန်းပြီး ဘုရားသခင်ကို အာခံတဲ့ ဘုရားမဲ့နိုင်ငံရေးပါတီပဲ။ သူတို့က ခရစ်ယာန်ဘာသာ အကြောင်း ဘာများသိလို့လဲ။ ဘယ်အသင်းတော်က ခရစ်ယာန်ဘာသာဖြစ်တယ်။ ဘယ်အသင်းတော်က မဖြစ်ဘူးဆိုတာ ဆုံးဖြတ်ဖို့ သူတို့မှာ ဘာအရည်အချင်း ရှိလို့လဲ။ စီစီပီက ခရစ်ယာန်ဘာသာအကြောင်း ဘာမှမသိဘဲနဲ့ ဘုရားသခင်ရဲ့အသင်းတော်ကို သူတို့မို့ ရှုတ်ချရဲတယ်။ နားမလည်တာကို နားလည်သလိုလုပ်နေတဲ့ ပါတီရဲ့လုပ်ရပ်က ရှက်စရာပဲ မဟုတ်လား။ ခရစ်ယာန်ဘာသာဟာ လူ့ဇာတိခံ သခင်ယေရှုရဲ့ပေါ်ထွန်းခြင်းနဲ့ အမှုတော်တို့ကနေ စတင်ပေါ်ပေါက်လာခဲ့တယ်။ သခင်ယေရှုက ခရစ်တော်ဆိုတော့ သူ့ကိုယုံကြည်တဲ့ အသင်းတော်တွေဟာ ခရစ်ယာန်ဘာသာနဲ့ သက်ဆိုင်တယ်။ သခင်ယေရှုက သူ ပြန်လာမယ်လို့ ကတိပြုခဲ့သလို၊ သခင်ယေရှု ပြန်ကြွလာခဲ့ပါပြီ။ သူက အခု လူ့ဇာတိခံ အနန္တတန်ခိုးရှင်ဘုရားသခင်ပါပဲ။အနန္တတန်ခိုးရှင် ဘုရားသခင်က နောက်ဆုံးသောကာလရဲ့ ခရစ်တော်ပဲ အနန္တတန်ခိုးရှင်ဘုရားသခင်ကို ယုံကြည်သူဟာ ခရစ်တော်ကို ယုံကြည်သူပဲလေ။ ခရစ်တော်ကို ယုံကြည်သူအပေါင်းဟာ ခရစ်ယာန်ဘာသာနဲ့ သက်ဆိုင်တယ်။ သခင်ယေရှုနဲ့ အနန္တတန်ခိုးရှင် ဘုရားသခင် နှစ်ပါးလုံးဟာ မတူညီတဲ့အချိန်တွေမှာ လူ့ဇာတိခံယူတဲ့ ဘုရားသခင်ပါပဲ။ သခင်ယေရှုနဲ့ အနန္တတန်ခိုးရှင် ဘုရားသခင် နှစ်ပါးလုံးကို ယုံကြည်တာက ခရစ်ယာန်ဘာသာပါပဲ။ အခုလက်ရှိမှာ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်က ခရစ်ယာန်ဘာသာပဲ။ ပိုပြီးတိတိကျကျပြောရရင် နောက်ဆုံးသောကာလမှာ အနန္တတန်ခိုးရှင် ဘုရားသခင်ကို ယုံကြည်ခြင်းကပဲ ခရစ်ယာန်ဘာသာစစ်စစ်ဖြစ်တယ်။ နောက်ဆုံးသောကာလ ခရစ်တော်ဖြစ်တဲ့ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ပေါ်ထွန်းခြင်းက ကျေးဇူးတော်ခေတ်ကို အဆုံးသတ်ပေးပြီး နိုင်ငံတော်ခေတ်ကို အစပြုပေး တာကြောင့်ပါပဲ။ နောက်ဆုံးသောကာလ ခရစ်တော်ဖြစ်တဲ့ အနန္တတန်ခိုးရှင်ဘုရားသခင်နောက်ကို လိုက်တဲ့သူတွေသာ သိုးသငယ်ရဲ့နောက်ကို လိုက်တာပါ။ နောက်ဆုံးသောကာလ ခရစ်တော်ရဲ့ အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်က ပိုပြီး လက်တွေ့ကျတဲ့ ခရစ်ယာန်ဘာသာဖြစ်ပါတယ်။

အိမ်တွင်းမှ လက်ဝဲပညာပေးဇာတ်လမ်းတစ်ပုဒ် ၏ ရုပ်ရှင် ဇာတ်ညွှန်း မှ

နောက်တစ်ခုသို့- အစိုးရဝါဒဖြန့်ချိရေး အချက်အလက်တွေအရတော့ အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်ကို ကျောင်းဆိုသူက တရုတ်ပြည်အရှေ့မြောက်ပိုင်းမှာ တည်ထောင်ခဲ့တယ်။ အသင်းတော်ကို သူက ဦးဆောင်တယ်။ ဒီလူက အသင်းတော်ရဲ့ယဇ်ပုရောဟိတ်ပဲ။ အသင်းတော်အဖွဲ့ဝင်တွေပြောတာတော့ သူ့ကို သန့်ရှင်းသောဝိညာဉ်တော်က အသုံးပြုခဲ့တယ်တဲ့။ သန့်ရှင်းသောဝိညာဉ်တော် အသုံးပြုတဲ့ ဒီလူရဲ့ဟောပြောမှုကို အသင်းဝင်တွေက ကြားနာကြတယ်။ အသင်းတော်ရဲ့အုပ်ချုပ်ရေးပိုင်းမှာလည်း သူ့စကားကို နားထောင်ကြတယ်။ မင်းတို့လို ယုံကြည်သူတွေက အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့နှုတ်ကပတ်တော်ကို ဖတ်တယ်။ သူ့နာမတော်ကို တိုင်တည်ပြီး၊ ဆုတောင်းတယ်။ နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ကို ကျမ်းရင်းဩဝါဒအဖြစ် မှတ်ယူတယ်။ ပြီးတော့ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ကို ဖြန့်ဝေကြတယ်။ ဒါပေမဲ့ အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်မှာ နောက်ဆုံးအဆုံးအဖြတ်ပေးနိုင်တဲ့သူက ဒီလူပဲ။ အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်ကို တကယ်တမ်း ဖန်တီးခဲ့တာက ဒီလူပဲဆိုတာ သေချာတယ်။ ဘာသာရေးအသိုင်းအဝိုင်းနဲ့ ပါတီရဲ့အဆိုအရတော့ ဒါက အဲဒီလူရဲ့အဖွဲ့ပဲတဲ့ ငါလည်း မှန်တယ်လို့ထင်တယ်။ နားလည်ကြလား။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။