အစိုးရဝါဒဖြန့်ချိရေး အချက်အလက်တွေအရတော့ အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်ကို ကျောင်းဆိုသူက တရုတ်ပြည်အရှေ့မြောက်ပိုင်းမှာ တည်ထောင်ခဲ့တယ်။ အသင်းတော်ကို သူက ဦးဆောင်တယ်။ ဒီလူက အသင်းတော်ရဲ့ယဇ်ပုရောဟိတ်ပဲ။ အသင်းတော်အဖွဲ့ဝင်တွေပြောတာတော့ သူ့ကို သန့်ရှင်းသောဝိညာဉ်တော်က အသုံးပြုခဲ့တယ်တဲ့။ သန့်ရှင်းသောဝိညာဉ်တော် အသုံးပြုတဲ့ ဒီလူရဲ့ဟောပြောမှုကို အသင်းဝင်တွေက ကြားနာကြတယ်။ အသင်းတော်ရဲ့အုပ်ချုပ်ရေးပိုင်းမှာလည်း သူ့စကားကို နားထောင်ကြတယ်။ မင်းတို့လို ယုံကြည်သူတွေက အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့နှုတ်ကပတ်တော်ကို ဖတ်တယ်။ သူ့နာမတော်ကို တိုင်တည်ပြီး၊ ဆုတောင်းတယ်။ နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ကို ကျမ်းရင်းဩဝါဒအဖြစ် မှတ်ယူတယ်။ ပြီးတော့ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ကို ဖြန့်ဝေကြတယ်။ ဒါပေမဲ့ အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်မှာ နောက်ဆုံးအဆုံးအဖြတ်ပေးနိုင်တဲ့သူက ဒီလူပဲ။ အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်ကို တကယ်တမ်း ဖန်တီးခဲ့တာက ဒီလူပဲဆိုတာ သေချာတယ်။ ဘာသာရေးအသိုင်းအဝိုင်းနဲ့ ပါတီရဲ့အဆိုအရတော့ ဒါက အဲဒီလူရဲ့အဖွဲ့ပဲတဲ့ ငါလည်း မှန်တယ်လို့ထင်တယ်။ နားလည်ကြလား။

19.12.2019

အဖြေ- စီစီပီက အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ကို လေ့လာနေတာကြာပြီ၊ လေ့လာလို့ရတဲ့အဖြေက အဲဒါတဲ့လား။ ဒါဆို ပြောပါဦး ခရစ်ယာန်သာသနာကို ဘယ်သူတည်ထောင်ခဲ့လဲ။ ကက်သလစ်ဂိုဏ်းကိုရော ဘယ်သူတည်ထောင်ခဲ့လဲ။ တည်ထောင်ခဲ့တဲ့သူက ပေါလု ဖြစ်နိုင်လား၊ ပေတရု ဖြစ်နိုင်လား။ ဂျူးဘာသာကိုရော ဘယ်သူတည်ထောင်ခဲ့လဲ။ မောရှေဖြစ်နိုင်လား၊ အားလုံးက ယုတ္တိမတန်နေဘူးလား။ အဖေတို့ ဘုရားမဲ့တွေက ဘုရားသခင်ရဲ့တည်ရှိမှုကို လက်မှမခံတာ။ ဘုရားသခင်ရဲ့လူ့ဇာတိခံခြင်းဆိုရင် ပိုတောင် လက်ခံမှာမဟုတ်ဘူး။ လူ့ဇာတိခံ ခရစ်တော်က သမ္မာတရားကို ဘယ်လောက်ပဲ ဖော်ပြပါစေ၊ အမှုတော်ကို ဘယ်လောက်ပဲ ပြီးမြောက်ခဲ့ပါစေ၊ ကယ်တင်ခြင်းကို လူသားမျိုးနွယ်ဆီ ဘယ်လောက်ပဲ ယူလာခဲ့ပါစေ၊ အဖေတို့အားလုံးက ကိုယ်တော့်ကို ပစ်ပယ်ရှုတ်ချဖို့ ကြိုးပမ်းကြမှာပဲ မဟုတ်ဘူးလား။ ခရစ်ယာန်ဘာသာ ဒါမှမဟုတ် ကက်သလစ်သာသနာကို လူသားတစ်ဦးက တည်ထောင်ခဲ့တာလို့ အဖေ ထင်နေလား။ ဒါတွေက လူသားရဲ့အဖွဲ့အစည်းတွေတဲ့လား။ ဒါက အဖေ့ရဲ့အကြီးဆုံး ယုတ္တိမတန်ခြင်းပဲ။ သခင်ယေရှုသာ အမှုတော်ပြုဖို့ မပေါ်ထွန်းခဲ့ရင်၊ ဘယ်သူကမှ သခင့်ကို ယုံကြည်ခဲ့ကြမှာမဟုတ်ဘူး။ သခင့်နောက် လိုက်ခဲ့ကြမှာမဟုတ်ဘူး။ ခရစ်ယာန်ဘာသာဆိုတာလည်း ရှိမှာမဟုတ်ဘူး။ ဒါ အမှန်တရားပဲမဟုတ်လား။ တမန်တော်တွေက ဘယ်လိုလုပ်ပြီး သူတို့ကိုယ်ပိုင်အသင်းတော်ကို ဖန်တီးနိုင်ခဲ့မှာလဲ။ ပေတရု ယောဟန်နဲ့ တခြားသော တမန်တော်တွေရဲ့ဦးဆောင်မှုအပေါ် လူတွေ လက်ခံကြတာကို၊ အခြေခံပြီး တမန်တော်တွေက ခရစ်ယာန်ဘာသာကို တည်ထောင်ခဲ့တယ်။ ဒါက လူတွေရဲ့အဖွဲ့အစည်းဖြစ်တယ်လို့ ပြောနိုင်သလား။ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ ပေါ်ထွန်းခြင်းနဲ့ အမှုတော်ကြောင့် အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်ဆိုတာ ပေါ်ပေါက်ခဲ့တာပါ။ အနန္တတန်ခိုးရှင် ဘုရားသခင် ဖော်ပြတဲ့ သမ္မာတရားများစွာထဲကနေ ဘုရားသခင်ရဲ့အသံကို လူတွေ ကြားကြပြီး၊ ဘုရားသခင်ရှေ့မှောက် ပြန်ရောက်ခဲ့ကြတယ်။ အသင်းတော်ကို ဖွဲ့စည်းခဲ့ကြတယ် အနန္တတန်ခိုးရှင်ဘုရားသခင် ပေါ်ထွန်းပြီးနောက်မှာ၊ ကိုယ်တော်က သန့်ရှင်းသောဝိညာဉ်တော်ရဲ့အသုံးပြုခြင်းခံရတဲ့ အဲဒီလူကို သက်သေခံခဲ့တယ်။ အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်ရဲ့ခေါင်းဆောင်ပေါ့ ပညတ်တော်ခေတ်က မောရှေလို ကျေးဇူးတော်ခေတ်က တမန်တော်တွေလိုပေါ့။ သူဟာလည်း သူ့တာဝန်ကို ထမ်းဆောင်ဖို့ ဘုရားသခင် ရွေးချယ်ထားတဲ့ လူတွေကို ရေလောင်း ဦးဆောင် လမ်းပြဖို့အတွက် ဘုရားသခင်ရဲ့အသုံးပြုခြင်းခံရတဲ့ လူသားပါပဲ။ အဖေတို့ ကွန်မြူနစ်ပါတီက ဘုရားသခင်ရဲ့အမှုတော်နဲ့ ဘုရားသခင် ဖော်ပြတဲ့ သမ္မာတရားအားလုံးကို ငြင်းဆန်တဲ့အပြင်၊ ဘုရားသခင်ရဲ့ ရွေးကောက်ခံရသူတွေ ကိုးကွယ်ကြတဲ့ လူ့ဇာတိခံဘုရားသခင်ကိုတောင် ငြင်းပယ်တယ်လေ။ အဖေတို့မှာ ဖုံးကွယ်ထားတဲ့ အကြောင်းရင်း ရှိတယ်မဟုတ်လား။ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ ပေါ်ထွန်းခြင်းသာ မရှိခဲ့ရင်၊ အနန္တတန်ခိုးရှင် ဘုရားသခင်အသင်းတော်လည်း မရှိနိုင်ပါဘူး။ ဒါက ငြင်းမရတဲ့အချက်ပဲ အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်ရဲ့ခရစ်ယာန်တွေက အနန္တတန်ခိုးရှင်ဘုရားသခင်ကို ဆုတောင်းကြမှန်း ပါတီက သိတယ် ဝတ်ပြုပွဲတွေမှာလည်း အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကိုပဲ ဖြန့်ဝေကြတယ်။ ဒါနဲ့များ ပါတီက ဘာလို့ ဒီ မုသားတွေအားလုံးကို ပြောနေသေးတာလဲ။ အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းသားတွေက အနန္တတန်ခိုးရှင် ဘုရားသခင်ကို ယုံကြည်ကြတာပါ။ ဘုရားရဲ့ရွေးကောက်ခံရသူတွေက အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့နှုတ်ကပတ်တော်နဲ့အညီ သန့်ရှင်းသောဝိညာဉ်တော်ရဲ့အသုံးပြုခြင်းခံရသူကို နာခံကြတယ်။ ဒါက အမှန်တကယ်ပါပဲ။

အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို အဖေကြားရရင်၊ နားလည်သွားမှာပါ။ အနန္တတန်ခိုးရှင်ဘုရားသခင်က ပြောတယ်၊ “ဘုရားသခင်၏ အသုံးပြုခြင်းခံရသောသူမှ ဆောင်ရွက်သည့် အလုပ်သည် ခရစ်တော် သို့မဟုတ် သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုတော်နှင့် ပူးပေါင်းဆောင်ရွက်ရန်ဖြစ်သည်။ ဤသူမှာ လူသားတို့အကြား ဘုရားသခင်၏ ချီးမြှောက်ခြင်း ခံထားရသူဖြစ်သည်၊ ဘုရားသခင်၏ ရွေးကောက်ခံထားရသူများ အားလုံးကို ဦးဆောင်ရန် သူရှိနေသည်၊ ထို့ပြင် သူသည် လူသားဖက်မှ ပူးပေါင်းဆောင်ရွက်မှုအလုပ်ကို လုပ်ဆောင်ရန်အလို့ငှာ ဘုရားသခင်၏ ချီးမြှောက်ခြင်း ခံထားရသူလည်းဖြစ်သည်။...ဘုရားသခင်၏ အသုံးပြုခြင်းကို ခံရသည့်သူမှာမူ ဘုရားသခင်၏ ပြင်ဆင်ပေးခြင်းကို ခံထားရသည့်သူဖြစ်ပြီး အစွမ်းအစအချို့ ပိုင်ဆိုင်ကာ လူ့သဘာဝရှိသောသူ ဖြစ်သည်။ သူသည် သန့်ရှင်းသောဝိညာဉ်တော်၏ ကြိုတင်၍ ပြင်ဆင်ပေးခြင်းနှင့် စုံလင်အောင်ပြုပေးခြင်းကို ခံထားရသူဖြစ်ပြီး သန့်ရှင်းသောဝိညာဉ်တော်၏ အပြည့်အဝဦးဆောင်ခြင်းကို ခံရသည်၊ ထို့ပြင် အထူးသဖြင့် သူ၏အလုပ်နှင့် ပတ်သက်လာလျှင် သူသည် သန့်ရှင်းသောဝိညာဉ်တော်၏ လမ်းညွှန်ပေးခြင်းနှင့် ဦးစီးကွပ်ကဲခြင်းကို ခံရသည်၊ ယင်းအကြောင်းကြောင့် ဘုရားသခင်၏ ရွေးကောက်ခံထားရသောသူများကို ဦးဆောင်ခြင်းလမ်းကြောင်းတွင် တိမ်းစောင်းသွေဖည်မှုများ မရှိတော့ပါ၊ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် သူ၏အမှုတော်ကို ဧကန်မုချ တာဝန်ယူလေ့ရှိပြီး သူကိုယ်တိုင်ပင် အမြဲတမ်း လုပ်ဆောင်၍ဖြစ်ပေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူသားကို ဘုရားသခင်၏ အသုံးပြုခြင်းနှင့် စပ်လျဉ်း၍) “နိုင်ငံတော်ခေတ်၌ ဘုရားသခင်၏ရွေးချယ်ခံရသူများလိုက်နာရမည့် အုပ်ချုပ်မှုဆိုင်ရာ အမိန့်တော် ဆယ်ရပ်” ထဲမှာ ခုနှစ်ခုမြောက် စီမံအုပ်ချုပ်ရေးဆိုင်ရာအမိန့်က အခုလိုဆိုပါတယ် “အသင်းတော်၏အမှုနှင့်ကိစ္စရပ်များတွင် ဘုရားသခင်ကိုနာခံခြင်းမှလွဲ၍ အရာခပ်သိမ်းတွင် သင်သည် သန့်ရှင်းသောဝိညာဉ်တော် အသုံးပြုသူ လူသား၏ ညွှန်ကြားချက်များကို လိုက်နာရမည်။ အနည်းငယ်ဆုံးသော ချိုးဖောက်မှုကိုပင် လက်မခံနိုင်ပါ။ သင်သည် လုံးဝလိုက်နာရမည်ဖြစ်ပြီး အမှန်အမှား ခွဲခြားစိတ်ဖြာခြင်း မပြုရ။ မှန်သည့်အရာ သို့မဟုတ် မှားသည့်အရာသည် သင်နှင့်မသက်ဆိုင်ပါ။ အကြွင်းမဲ့နာခံခြင်းသည်သာ သင်နှင့်သက်ဆိုင်ရမည်။” သန့်ရှင်းသောဝိညာဉ်တော်ရဲ့ အသုံးပြုခြင်းခံရသူရဲ့ခေါင်းဆောင်မှုကို ယုံကြည်သူတွေ လက်ခံတာက၊ ဘုရားသခင်ရဲ့နှုတ်ကပတ်တော်ကို လက်တွေ့ကျင့်သုံးတာဖြစ်သလို ဘုရားသခင်ကို နာခံတာပဲလေ။ အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်အကြောင်း လေ့လာတဲ့အချိန်မှာ ပါတီက အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ကို ဘာလို့ မဖတ်ခဲ့တာလဲ။ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ စီမံအုပ်ချုပ်ရေးဆိုင်ရာအမိန့် ၁၀ ခုကို ဘာလို့မတွေ့ကြတာလဲ။ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ထဲက ဘုရားသခင်ရွေးချယ်ထားတဲ့လူတွေဆီကနေ ဘာလို့မရှာခဲ့ကြလဲ။ ဘာဖြစ်လို့ သမ္မာတရားကို ဖြန့်ဝေခွင့် မပေးခဲ့တာလဲ။ အဖေက အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ကို မဖတ်ခဲ့တော့၊ ဘုရားရဲ့အမှုတော်ကို နားမလည်ဘဲ အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်ကို အပြင်ပန်းကနေ လေ့လာခဲ့တာပါ။ ဒီတော့ အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်ကို အဖေ ဘယ်လိုနားလည်နိုင်မှာလဲ။

ပါတီက ကျွန်တော်တို့အသင်းတော်ကို လူတွေရဲ့အသင်းအဖွဲ့ဆိုပြီး ဘာလို့ပြောနေတာလဲ။ လူ့ဇာတိခံ ဘုရားသခင်နဲ့ပတ်သက်ပြီး ဘာလို့ တစ်ခွန်းမှမပြောတာလဲ။ နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်အကြောင်းကိုလည်း ဘာလို့ တစ်ခွန်းမှမပြောတာလဲ။ စီစီပီ အကြောက်ဆုံးက အနန္တတန်ခိုးရှင်ဘုရားသခင် ဖော်ပြထားတဲ့ သမ္မာတရားပဲ။ ဘာလို့လဲဆိုတော့ အနန္တတန်ခိုးရှင်ဘုရားသခင်ကို ကိုးကွယ်သူအားလုံးက နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ကို သေချာဖတ်ပြီးတဲ့နောက်မှာ အနန္တတန်ခိုးရှင်ဘုရားသခင်ကို လက်ခံသွားကြမှန်း စီစီပီက သိတယ်လေ။ ဒီတော့ အနန္တတန်ခိုးရှင် ဘုရားသခင်အသင်းတော်ဆိုတာ တကယ်တော့ လူသားတစ်ယောက်က ဖန်တီးတဲ့အသင်းတော်ဆိုပြီး၊ လူတွေကို အာရုံလွှဲလိုက်တယ်။ ဒါမှ နောက်ဆုံးသောကာလ ခရစ်တော်ဖြစ်တဲ့ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ ပေါ်ထွန်းခြင်းကို ဖုံးကွယ်ထားလို့ရမယ်။ လူထုကလည်း အဲဒီလူကိုပဲ အာရုံစိုက်ကြလိမ့်မယ်လေ။ လူတွေ ဘုရားသခင်ကို မယုံကြည်အောင် မကိုးကွယ်အောင် တားဆီးဖို့ အစိုးရက ဒါကို လုပ်တာပါ။ အဲဒါကမှ သူတို့ရဲ့ရည်ရွယ်ချက်အစစ်ပဲ စီစီပီက အချက်အလက်တွေကို လိုရာဆွဲတယ်။ ဘုရားသခင် အမှုတော်ပြုဖို့ ပေါ်ထွန်းလာတဲ့ အသင်းတော်ကို လူတွေရဲ့အသင်းအဖွဲ့ဆိုပြီး ကြေညာတယ်။ ဒါက ဘုရားရဲ့အသင်းတော်ကို ဖိနှိပ်ညှဉ်းပန်းဖို့အတွက် စီစီပီရဲ့အကြောင်းပြချက်ပါပဲ။ စီစီပီက သိပ်ကို ကောက်ကျစ်ပြီး ယုတ်မာလွန်းတယ်။ သူတို့ပြောတာကို ဆန်းစစ်ရမယ်လေ။ သူတို့ကောလာဟလတွေကို နားထောင်လို့မဖြစ်ဘူး။

အိမ်တွင်းမှ လက်ဝဲပညာပေးဇာတ်လမ်းတစ်ပုဒ် ၏ ရုပ်ရှင် ဇာတ်ညွှန်း မှ

အရှေ့သို့- ငါက ညွှန့်ပေါင်းတပ်ဦးမှာ နှစ်ပေါင်းများစွာ လုပ်လာတာ၊ ဘာသာတရားတွေအများကြီးကို လေ့လာထားတယ်။ ခရစ်ယာန်၊ ကက်သလစ်၊ အော်သိုဒေါ့စ်၊ ဒီဘာသာတွေအားလုံးက ယေရှုကို ယုံကြည်တာချည်းပဲ။ ဒါပေမဲ့ မင်းတို့ရဲ့ အနန္တတန်ခိုးရှင် ဘုရားသခင်ကိုယုံကြည်မှုက မတူဘူး။ ပါတီမှတ်တမ်းတွေမှာ ဖော်ပြတာတော့ အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်ဟာ ခရစ်ယာန်ဘာသာ မဟုတ်ဘူးတဲ့။ မင်းတို့ကို ဂိုဏ်းခွဲတစ်ခုအဖြစ် အသိအမှတ်မပြုတဲ့ ခရစ်ယာန်ဂိုဏ်းခွဲ အမျိုးမျိုးဆီကို မင်းတို့က ခရစ်ယာန်အလံတော်အောက်ကနေ ဧဝံဂေလိတရား ဟောနေကြတာပဲ။ ငါကတော့ ဘယ်တော့မှ အနန္တတန်ခိုးရှင်ဘုရားသခင်ကို ယုံကြည်ခွင့်ပေးမှာ မဟုတ်ဘူး။ ခရစ်ယာန်ဘာသာပဲရမယ်။ အစိုးရရဲ့ နှိပ်ကွပ်မှုလည်း နည်းလိမ့်မယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ကိုယုံမိလို့ ထောင်ကျတယ်ဆိုရင်တော့ မင်းဘဝ ဒုက္ခရောက်ပြီပဲ။ အနန္တတန်ခိုးရှင်ဘုရားသခင်ကို ယုံတဲ့သူတွေ က နောက်ဆုံးသောကာလ ခရစ်တော်နောက်ကို လိုက်တယ်။ ခရစ်တော်ရဲ့တပည့်တော်တွေ တမန်တော်တွေ မှန်းလည်း ပါတီက သိတယ်။ ပါတီ အကြောက်ဆုံး ဖြစ်နေတာက နောက်ဆုံးသောကာလ ခရစ်တော်အားဖြင့် ဖော်ပြထားတဲ့ နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ ဆိုတဲ့စာအုပ်ရယ်၊ နောက်ဆုံးသောကာလ ခရစ်တော်နောက်ကို လိုက်တဲ့ အမာခံအုပ်စုရယ်ပဲ။ ခရစ်ယာန်သာသနာရဲ့ သမိုင်းကြောင်းကို ငါတို့လေ့လာပြီးပြီ။ ဂျူးတွေနဲ့ ရောမအင်ပါယာ အကြောက်ဆုံးဖြစ်ခဲ့တာလည်း ယေရှုရဲ့ တပည့်တော်တွေနဲ့ တမန်တော်တွေကိုပဲ။ ဒါကြောင့် အဲဒီလူတွေကို ဖမ်းမိတာနဲ့ ချက်ချင်း သတ်ပစ်ခဲ့တာလေ။ ဒီနေ့လို ခေတ်မျိုးမှာ နောက်ဆုံးသောကာလ ခရစ်တော် နောက်ကိုလိုက်တဲ့ ဒီအုပ်စုကို လုံးဝပိတ်ပင်ဖို့ အရေးယူ ဆောင်ရွက်တာတွေ မလုပ်ဘူးဆိုရင်၊ နှစ်အနည်းငယ် အတွင်းမှာ ဘာသာရေး အသိုင်းအဝိုင်း တစ်ခုလုံးကို သူတို့လက်အောက် သွတ်သွင်း လာလိမ့်မယ်။ တရုတ်ပြည်မှာရှိတဲ့ ခရစ်ယာန်ဂိုဏ်း တော်တော်များများလည်း အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော် လက်အောက်ကို ရောက်ကုန်ကြပြီ။ ဇောင်ယွမ်အမှုမှာ စီစီပီကသာ ကြံဖန်မကြိုးစားခဲ့ဘူးဆိုရင်၊ ကမ္ဘာပေါ်က ဘာသာရေး အသိုက်အဝန်းအားလုံး အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်အောက်ကို သွတ်သွင်းခံရတဲ့နေ့မျိုးက ရောက်ပြီးနေလောက်ပြီ။ ဘာသာရေးအသိုက်အဝန်းက အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်လက်အောက်ကို ရောက်မယ်ဆိုရင်၊ စီစီပီအစိုးရအတွက် သဘောတွေ့စရာ ဖြစ်လာမှာမဟုတ်ဘူး။ အဲဒါကြောင့် အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်ကို မြန်မြန်ဆန်ဆန်ပိတ်ပင်ဖို့အတွက် ဗဟိုကော်မတီက ရှိသမျှအင်အားကို တပ်ဖြန့်ဖို့ ဆုံးဖြတ်ခဲ့တာပဲ။ အရှေ့အရပ်မှလျှပ်ပြက်ခြင်း ပေါ်ပေါက်မှုက တရုတ်ပြည် တင်မကဘူး။ တစ်ကမ္ဘာလုံးကို လွှမ်းမိုးသွားတယ်ဆိုတာ မင်းတို့ သိဖို့လိုတယ်။ ဒီလိုဖြစ်လာမှတော့ စီစီပီက မင်းတို့တွေကို ဆန့်ကျင်တဲ့ ဖိနှိပ်မှုတိုက်ပွဲကြီးကို မလုပ်ဘဲ နေနိုင်ပါ့မလား။ ဘုရားသခင်ကို ယုံမှဖြစ်မယ် ဆိုလည်း၊ ခရစ်ယာန်ဘာသာပဲဖြစ်ရမယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်ကို မယုံနဲ့တော့ အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်ဆိုတာ ခရစ်ယာန်နဲ့မဆိုင်ဘူး။
နောက်တစ်ခုသို့- စစ်ဝေခူ (မြူနီစပယ်ယူနိုက်တက်ရှေ့တန်းတာဝန်ဌာန၏ ဝန်ကြီး)- ယေရှုနဲ့ အနန္တတန်ခိုးရှင်ဘုရားသခင် နှစ်ပါးလုံးက ခရစ်တော်ဖြစ်တယ်။ တစ်ပါးက အရင်ဖြစ်ပြီး နောက်တစ်ပါးက နောက်ဆုံးခရစ်တော်လို့ ပြောတယ်။ ငါတို့ပါတီက လက်မခံဘူး။ ကြွေးကြော်သံမှာလည်း 'လောကရဲ့ကယ်တင်သူဆိုတာ မရှိခဲ့ဘူး' လို့ပြောထားတယ်။ မင်းတို့က ကယ်တင်ရှင်ခရစ်တော် ကြွရောက်လာတာကို သက်သေခံကြတယ်။ ဒီတော့ ပါတီက မင်းတို့ကို မရှုတ်ချဘဲနေမလား။ ငါတို့အမြင်မှာတော့ ခရစ်ယာန်တွေယုံကြည်တဲ့ ယေရှုဆိုတာ သာမန်လူပဲ။ လက်ဝါးကပ်တိုင်ပေါ်မှာ သံနဲ့တောင်အရိုက်ခံရတယ်။ ဂျူးတွေကလည်း သူ့ကို ခရစ်တော်လို့ လက်မခံခဲ့ကြဘူး။ ဒါ အမှန်ပဲမဟုတ်လား။ မင်းတို့ သက်သေခံကြတဲ့ နောက်ဆုံးသောကာလရဲ့ လူ့ဇာတိခံ အနန္တတန်ခိုးရှင် ဘုရားသခင်ကလည်း သာမန်လူပဲ။ သူ့မှာ မျိုးရိုးနာမည်နဲ့ ကိုယ်ပိုင်နာမည်ရှိတယ်လို့ ပါတီမှတ်တမ်းတွေမှာ ဖော်ပြတယ်။ ဒါလည်း အမှန်ပဲလေ။ ဒီလိုသာမန်လူက ခရစ်တော်ပါ။ ဘုရားသခင်ရဲ့ပေါ်ထွန်းခြင်းပါဆိုပြီး မင်းတို့က ဘာကြောင့် သက်သေခံကြတာလဲ။ ယုံစရာကိုမရှိဘူး။ နောက်ဆုံးသောကာလမှာ အနန္တတန်ခိုးရှင်ဘုရားသခင် ဆောင်ရွက်ထားတဲ့ တရားစီရင်ခြင်းအမှုနဲ့ ဖော်ပြထားတဲ့ သမ္မာတရားကို မင်းတို့ ဘယ်လိုပဲ သက်သေခံနေပါစေ၊ ဒီလူက ဘုရားသခင်ဆိုတာကို ငါတို့ပါတီက လက်ခံမှာမဟုတ်ဘူး။ မင်းတို့လည်း ယေရှုကို ယုံကြတဲ့ ခရစ်ယာန်တွေ ကက်သလစ်တွေ အရှေ့ပိုင်းအော်သိုဒေါ့စ်တွေလိုပဲ လူကို ဘုရားသခင်ဆိုပြီး ယုံနေကြတယ်။ ဒါက တကယ်ကို ပညာမဲ့တာ မဟုတ်ဘူးလား။ ဘုရားသခင်ဆိုတာရယ်၊ ဘုရားရဲ့ပေါ်ထွန်းခြင်းနဲ့ အမှုတော်ဆိုတာတွေ ရယ်က အတိအကျအားဖြင့် ဘာလဲ။ သမ္မာတရားကို ဖော်ပြပြီး ဘုရားသခင်ရဲ့အမှုကို လုပ်ဆောင်ရုံလောက်နဲ့ စစ်မှန်တဲ့ ဘုရားသခင်ရဲ့ပေါ်ထွန်းခြင်းပါလို့ ဆိုလိုတာလား။ ငါတို့တော့ ဘယ်တော့မှလက်မခံဘူး။ ဘုရားသခင်သာ တရုတ်ကွန်မြူနစ်ပါတီနဲ့ သူ့ကိုဆန့်ကျင်သူတွေကို ပျက်စီးခြင်းရောက်စေတာမျိုး အံ့ဖွယ်တွေလုပ်ပြ နိုင်ရင်တော့၊ ငါတို့ကလည်း သူ့ကိုစစ်မှန်တဲ့ ဘုရားသခင်လို့ သတ်မှတ်လိုက်မယ်။ တကယ်လို့ ဘုရားသခင်က ကောင်းကင်မှာ ပေါ်လာမယ်။ ပြီးတော့ လူသားမျိုးနွယ်တစ်ခုလုံး ထိတ်လန့်စေမဲ့ မိုးခြိမ်းသံလို မြည်ဟည်းသံကြီး လုပ်ပြတယ်ဆိုရင်တော့၊ အဲဒါက ဘုရားသခင်ရဲ့ပေါ်ထွန်းခြင်း ဖြစ်လိမ့်မယ်။ ဒါဆို စီစီပီကလည်း သူ့ကိုအသိအမှတ်ပြုမှာပဲ။ အဲဒီလိုမှမဟုတ်ရင်တော့ ဘုရားသခင်ရှိတယ် ဆိုတာကို ပါတီက ဘယ်တော့မှလက်ခံမှာမဟုတ်ဘူး။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၁။ သင်က သခင်ယေရှု ပြန်ကြွလာပြီးဖြစ်ကာ သူသည် သူ၏ အမှုတော်ကို ဆောင်ရွက်ဖို့ လူ့ဇာတိခံလာပြီးဖြစ်သည်ဟု သက်သေခံသည်။ ဤသည်မှာ အဘယ်သို့ ဖြစ်နိုင်သနည်း။ သမ္မာကျမ်းစာက၊ “အိုဂါလိလဲလူတို့၊ အဘယ်ကြောင့်ကောင်းကင်သို့ ကြည့်မျှော်လျက်နေကြသနည်း။ သင်တို့နှင့်ခွါ၍ ကောင်းကင်သို့ဆောင်ယူခြင်းကို ခံတော်မူသောထိုယေရှုသည် သင်တို့မျက်မှောက်၌ ကောင်းကင်သို့ ကြွသွား တော်မူသည်နည်းတူ တဖန်ကြွလာတော်မူလတံ့။” (တမန်တော်ဝတ္ထု ၁:၁၁) ဟု ဆိုပါသည်။ သခင်ယေရှုက ကားစင်တင်ခံရခြင်းအမှု ပြီးစီးပြီးနောက်တွင်၊ သူသည် သေရာမှ ထမြောက်ခဲ့ပြီး သူ၏ တပည့်တော်များထံ ကိုယ်ထင်ပြခဲ့သည်။ သူသည် ဘုန်းကြီးသည့် ဝိညာဉ်ခန္ဓာတစ်ခု ဖြစ်လာခဲ့ပြီး ကောင်းကင်သို့ တက်ကြွသွားခဲ့သည်။ သခင်ယေရှု ပြန်ကြွလာသည့်အခါလည်း၊ သူသည် သေရာမှထမြောက်ခဲ့သည့် ဝိညာဉ်ခန္ဓာတစ်ခုအဖြစ် ကျွန်ုပ်တို့ထံ ပေါ်ထွန်းသင့်သည်။ သင်က ဘုရားသခင်သည် နောက်ဆုံးသော ကာလတွင် လူသားအဖြစ် လူ့ဇာတိခံလာကာ ပေါ်ထွန်းပြီး အမှုပြုရမည်ဟု အဘယ်ကြောင့် ပြောပါသနည်း။

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ-“ထိုကြောင့် သင်တို့သည် ပြင်ဆင်လျက်နေကြလော့။ အကြောင်းမူကား၊ သင်တို့မထင်မှတ်သောအချိန် ၌ လူသားသည်...

၃။ လူတို့၏ အသက်တာများသည် လျှပ်တစ်ပြက်၊ နှစ်အနည်းငယ်အတွင်း ကုန်လွန်သွားသည်။ ပြန်ကြည့်လျက်၊ ၎င်းတို့သည် ၎င်းတို့၏ အသက်တာများကို ပြန်လည်သတိရမိကြသည်- ကျောင်းသွားရင်း၊ အလုပ်လုပ်ရင်း၊ အိမ်ထောင်ပြုရင်း၊ သားသမီးများရှိရင်း၊ သေခြင်းကို စောင့်ဆိုင်းရင်း၊ ၎င်းတို့၏ အသက်တာများတစ်ခုလုံးသည် လူသား တည်ရှိမှု၏ မှန်ကန်သော ဦးတည်ချက်နှင့် ရည်မှန်းချက်များ လုံးဝ ကင်းမဲ့ပြီး ရှင်သန်ခြင်းတွင် မည်သည့် တန်ဖိုး သို့မဟုတ် အဓိပ္ပါယ်မျှ မရှာတွေ့နိုင်ဘဲလျက်၊ မိသားစု၊ ငွေကြေး၊ အဆင့်အတန်း၊ အခွင့်အလမ်းနှင့် သိက္ခာတရားအတွက် မအားမလပ် ဟိုဟိုသည်သည် ပြေးလွှားရင်း ကုန်လွန်ခဲ့ကြသည်။ ထို့ကြောင့် လူတို့သည် မျိုးဆက် တစ်ဆက်ပြီးတစ်ဆက် ဤ နာကျင်စရာဖြစ်ပြီး အနှစ်မဲ့သည့် နည်းလမ်းဖြင့် အသက်ရှင်ကြလေသည်။ လူတို့၏ အသက်တာများသည် အဘယ်ကြောင့် အလွန် နာကျင်ဖွယ်ဖြစ်ပြီး အနှစ်မဲ့ပါသနည်း။ ပြီးလျှင် လူသား တည်ရှိခြင်း၏ နာကျင်မှုနှင့် အနှစ်မဲ့ခြင်းတို့ကို မည်သို့ ဖြေရှင်းနိုင်သနည်း။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-လူသားတို့ ကြံ့ကြံ့ခံကြရသည့် မွေးဖွားခြင်း၊ သေဆုံးခြင်း၊ ဖျားနာခြင်းနှင့် အိုမင်းသောအသက်အရွယ်တို့မှ...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။