၄။ ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံယူသည့် ဘုရားသခင်၏ကယ်တင်မှုကို ပို၍လိုအပ်သည်
ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-ဘုရားသခင်၏ဝိညာဉ်တော်ကို လူသားက ထိတွေ့နိုင်ခြင်း၊ မြင်နိုင်ခြင်း မရှိသကဲ့သို့၊ လူသားသည်...
ဘုရား၏ ပေါ်ထွန်းခြင်းကို တောင့်တသည့် ရှာဖွေသူများအားလုံးကို ကျွန်ုပ်တို့ကြိုဆိုပါသည်။
အဖြေ- အဖေ၊ ပါတီက ဘုရားသခင်ကို ဘာလို့အမြဲတမ်းရန်လိုနေတာလဲ၊ ကျွန်တော်နားမလည်ဘူး။ ပြီးတော့ ဘာလို့အမြဲတမ်း ငြင်းပယ်နေတာလဲ။ အထူးသဖြင့် လူ့ဇာတိခံ ခရစ်တော်ကို ဘာလို့မုန်းတီးနေတာလဲ။ သခင်ယေရှုနဲ့ အနန္တတန်ခိုးရှင်ဘုရားသခင်ကို ဘာလို့ သာမန်လူဆိုပြီး သတ်မှတ်တာလဲ။ ခရစ်တော်ရဲ့ဘုရားဖြစ်ခြင်း အနှစ်သာရကို ဘာလို့ ငြင်းပယ်တာလဲ။ အဖေတို့ကွန်မြူနစ်တွေအကုန်လုံးက ဘုရားမဲ့တွေပါ။ ဘုရားသခင်ကိုမယုံကြဘူး။ ဘုရားသခင်ရဲ့ လူ့ဇာတိခံယူခြင်းနောက်ကွယ်က နက်နဲမှုကို အဖေတို့ ဘယ်လိုလုပ် သိနိုင်မှာလဲ။ သခင်ယေရှု လူ့ဇာတိခံတဲ့အချိန်မှာ သူ့ရဲ့ပေါ်ထွန်းခြင်းက လူသားတစ်ယောက် အဖြစ်နဲ့ပဲ မဟုတ်ဘူးလား။ သူက စကားတစ်ခွန်းတည်းနဲ့ သေသူကို ပြန်ရှင်စေသလို၊ လေနဲ့ လှိုင်းတွေကိုလည်း ငြိမ်သက်စေခဲ့တယ်။ လူပေါင်း ၅ဝဝဝ ကို သူက မုန့်ငါးလုံး၊ ငါးနှစ်ကောင်နဲ့ ကျွေးနိုင်တယ်။ အဲဒါက ဘုရားသခင်ရဲ့တန်ခိုးနဲ့ အာဏာ မဟုတ်ခဲ့ဘူးလား။ ကိုယ်တွင်းမှာ ဘုရားသခင်ရဲ့ဝိညာဉ်တော်သာ မရှိရင်၊ လူတစ်ယောက်က ဒီလိုအံ့ဖွယ်အမှုတွေ စွမ်းဆောင်နိုင်ပါ့မလား။ သခင်ယေရှု ကားစင်တင်ခံခဲ့တယ်ဆိုတာ အဲဒီကတစ်ဆင့် လူတွေကို ရွေးနုတ်မယ်ဆိုတဲ့ ဘုရားသခင်ရဲ့ဆန္ဒကြောင့်ပါ။ သခင်ယေရှုက သေခြင်းကနေ ထမြောက်ပြီး ကောင်းကင်ကို တက်သွားတာလည်း ဘုရားသခင်ရဲ့ အနန္တတန်ခိုးပဲလေ။ အဖေ၊ သမ္မာတရားကို ဖော်ပြပြီး ဘုရားသခင်ရဲ့အမှုကို ပြုနိုင်တဲ့လူကို အဖေက ခရစ်တော်အဖြစ် ဘုရားသခင်ကိုယ်တိုင်အဖြစ် အသိအမှတ်မပြုဘူး။ ဒါဆို လူ့ဇာတိခံ ခရစ်တော်အပြင် အခြားတစ်ယောက်ယောက်က သမ္မာတရားကို ဖော်ပြပြီး၊ ဘုရားသခင်ရဲ့အမှုကို ပြုနိုင်ပါတယ်လို့ အဖေ မြင်တဲ့လူရှိရင် ပြောပါဦး။ လူတွေ ယုံသည်ဖြစ်စေ မယုံသည်ဖြစ်စေ ဘုရားသခင်က လူ့ဇာတိခံယူပြီး၊ လူသားမျိုးနွယ်အားလုံးကို ကယ်တင်ခြင်းအတွက် သမ္မာတရားကို ဖော်ပြထားပါပြီ။ သမ္မာတရားကို မုန်းတီး စက်ဆုပ်သူတွေသာ ခရစ်တော်ကို ငြင်းပယ်ဆန့်ကျင်လိမ့်မယ်။ သမ္မာတရားကို ချစ်မြတ်နိုးသူအားလုံးက ဘုရားသခင်ရဲ့အမှုတော်ကို လက်ခံလိုက်နာနိုင်ကြမှာပဲ။ သခင်ယေရှု အမှုတော်ပြုခဲ့တာကို ပြန်စဉ်းစားကြည့်ရင်၊ လူ့ဇာတိခံ သခင်ယေရှုကို ဂျူးဘာသာရေး ခေါင်းဆောင်တွေက အရူးအမူးဆန့်ကျင်ခဲ့ကြတယ်။ ယုဒလူတွေ ကလည်း သခင်ယေရှုကို ပစ်ပယ်ခဲ့တယ်။ ဒါပေမဲ့ လူသားတွေအပေါ် သခင်ယေရှုရဲ့ရွေးနုတ်ခြင်းဆိုတဲ့ အမှန်တရားကတော့ ပျံ့နှံ့နေတုန်းပဲ။ ကမ္ဘာအနှံ့မှာလည်း သခင်ယေရှုကို ယုံကြည်ကြတယ်။ နေရာတိုင်းမှာ ခရစ်ယာန်အသင်းတော်တွေ ရှိတယ်။ ဒီနေ့ခေတ်မှာ လူပေါင်းနှစ်ဘီလျံကျော်က သခင်ယေရှုကို ယုံကြည်တယ်။ ဒါက သခင်ယေရှုဟာ ခရစ်တော်ဖြစ်ပြီး ကယ်တင်ရှင်ဖြစ်တယ်ဆိုတာ သက်သေပြဖို့ လုံလောက်ပါတယ်။ ငြင်းပယ်နေလို့ မထူးပါဘူး။ နောက်ဆုံးသောကာလမှာ လူ့ဇာတိခံ အနန္တတန်ခိုးရှင်ဘုရားသခင်ဟာ လူသားမျိုးနွယ် သန့်စင်ရေးနဲ့ ကယ်တင်ရေးအတွက် သမ္မာတရားအားလုံးကို ဖော်ပြခဲ့သလို၊ တရားစီရင်ခြင်းအမှုကိုလည်း ဘုရားသခင်ရဲ့အိမ်တော်ကနေ အစပြုခဲ့ပါပြီ။ သူ့အမှုတော်ကို ပြုနေစဉ်အတွင်း၊ သူဟာ တရုတ်ကွန်မြူနစ်ပါတီနဲ့ ဘာသာရေးအသိုက်အဝန်းထဲက အန္တိခရစ်အင်အားစုတွေရဲ့ ဆန့်ကျင်ရှုတ်ချ တာတွေကို ခံခဲ့ရတယ်။ ဒါပေမဲ့ နှစ် ၂၀ သာသာအတွင်းမှာ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နိုင်ငံတော်ဧဝံဂေလိတရားက တရုတ်ပြည်အနှံ့ လွှမ်းမိုးနေပါပြီ။ အနန္တတန်ခိုးရှင် ဘုရားသခင်က ဒီတရုတ်ပြည်မ ကြီးထဲမှာပဲ အဦးသီးသော အသီးတွေဖြစ်တဲ့ အောင်နိုင်သူအုပ်စုကို တကယ်ပြုလုပ်ခဲ့ပြီးပါပြီ။ အခုဆို အနန္တတန်ခိုးရှင်ဘုရားသခင် ဖော်ပြထားတဲ့ နှုတ်ကပတ်တော်နဲ့ အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်က ထုတ်တဲ့ ရုပ်ရှင် ဗီဒီယိုမျိုးစုံက အွန်လိုင်းမှာ ရှိနေပြီ။ နောက်ဆုံးသောကာလအတွင်း အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ အမှုတော်ကို လူတွေက ပိုပိုပြီးလေ့လာကြတယ်။ လူသားဆိုရင် ဒါတွေကို လုပ်နိုင်မယ်လို့ အဖေ ထင်လား။ ဒါမျိုးဆိုတာ သန့်ရှင်းသောဝိညာဉ်တော်ရဲ့ အမှုတော်လမ်းညွှန်မှုနဲ့သာ ဖြစ်နိုင်မယ်။ ဒီလောကမှာ သမ္မာတရားကို ဖော်ပြနိုင်ပြီး လူသားတွေကို သိမ်းပိုက် ကယ်တင်နိုင်တဲ့အမှု ပြုနိုင်တဲ့သူကို အဖေ ပြောကြည့်လေ။ ဘယ်သူကများ လူသားတစ်ရပ်လုံးအထိ ပျံ့နှံ့အောင် ဆောင်ရွက်နိုင်လို့လဲ။ လူ့ဇာတိခံ ခရစ်တော်ကလွဲလို့ ဘယ်သူမှ ဒါမျိုးမလုပ်နိုင်ဘူး။ ဒါက ဘုရားသခင်နှုတ်ကပတ်တော်ရဲ့ တန်ခိုးနဲ့ ဩဇာအာဏာကို မြင်စေသလို၊ ဘုရားသခင်ရဲ့ အနန္တဉာဏ်ပညာနဲ့ အံ့ဖွယ်လုပ်ဆောင်ချက်တွေကိုလည်း မြင်စေပါတယ်။ အနန္တတန်ခိုးရှင်ဘုရားသခင်ဆိုတာ နောက်ဆုံးသောကာလရဲ့ ခရစ်တော်ဖြစ်တဲ့ လူ့ဇာတိခံ ဘုရားသခင်ရဲ့ပေါ်ထွန်းခြင်းပဲ။
ဘုရားသခင်က သူ့အမှုကို ပြုဖို့နဲ့ သမ္မာတရားကို ဖော်ပြဖို့အတွက် လူ့ဇာတိခံပြီးပါပြီ။ အဲဒါကို လူ့ရဲ့ အလိုဆန္ဒအရ ပြောင်းပစ်လို့မရဘူး။ ဘုရားသခင်ရဲ့ လူ့ဇာတိခံခြင်းကို လက်ခံသည်ဖြစ်စေ၊ ငြင်းပယ်သည်ဖြစ်စေ အမှုတော်ကို ရပ်တန့်လို့မရဘူး. အနန္တတန်ခိုးရှင်ဘုရားသခင်က ပြောတယ်၊ "ဘုရားသခင်၏အလုပ်သည် အားပါးတရ တဟုန်ထိုးတက်နေသော လှိုင်းလုံးများကဲ့သို့ ဖြစ်သည်။ မည်သူတစ်ဦးတစ်ယောက်ကမျှ သူ့ကို မထိန်းချုပ်နိုင်သကဲ့သို့ မည်သူကမျှလည်း သူ၏ခြေလှမ်းများကို မရပ်တန့်စေနိုင်ပါ။ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို သေချာနားထောင်သောသူများနှင့် ဘုရားသခင်ကို ဆာငတ်လျက် ရှာဖွေသောသူများသည်သာ ဘုရားသခင်၏ ခြေလှမ်းများနောက်သို့ လိုက်နိုင်မည်ဖြစ်ပြီး သူ၏ကတိတော်များကို ရရှိမည်ဖြစ်သည်။ ထိုသို့မဟုတ်သူများမှာမူ ပြင်းထန်သော ဘေးဒုက္ခကို တွေ့ကြုံခံစားရမည်ဖြစ်ပြီး အပြစ်ဒဏ်ကျခံထိုက်ပေသည်။" (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နောက်ဆက်တွဲ (၂)- လူသားမျိုးနွယ်တစ်ရပ်လုံး၏ ကံကြမ္မာအပေါ် ဘုရားသခင် တာဝန်ယူဦးဆောင်သည်) နောက်ဆုံးသောကာလ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ တရားစီရင်ခြင်းအမှုက မကြာခင်ပြီးမြောက်တော့မှာဆိုတော့၊ ကပ်ဘေးကြီးကျဖို့က လက်တစ်ကမ်းရောက်နေပြီ။ ဘုရားသခင်ကို ဆန့်ကျင်ပစ်ပယ်သူအားလုံး ပျက်စီးခြင်းရောက်မှာပဲ။ အဲဒီအချိန်ရောက်မှ အနန္တတန်ခိုးရှင် ဘုရားသခင်ကို လက်ခံမယ်ဆိုရင်၊ အချည်းနှီးပဲ၊ အရမ်းနောက်ကျ သွားလိမ့်မယ်။ နောက်ဆုံးသောကာလမှာ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ တရားစီရင်မှုကိုရပြီး၊ သန့်စင်ခြင်း စုံလင်ခြင်းဖြစ်နေသူတွေသာ ကပ်ဘေးကြီးကို လွတ်မြောက်ပြီး၊ ဘုရားသခင်ရဲ့နိုင်ငံတော်ဆီ ဝင်ရောက်နိုင်တယ်။
အိမ်တွင်းမှ လက်ဝဲပညာပေးဇာတ်လမ်းတစ်ပုဒ် ၏ ရုပ်ရှင် ဇာတ်ညွှန်း မှ
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။
ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-ဘုရားသခင်၏ဝိညာဉ်တော်ကို လူသားက ထိတွေ့နိုင်ခြင်း၊ မြင်နိုင်ခြင်း မရှိသကဲ့သို့၊ လူသားသည်...
ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-တရားစီရင်ခြင်းအမှုသည် ဘုရားသခင်ကိုယ်တိုင်၏အမှု ဖြစ်၏။ ထို့ကြောင့် ယင်းအား ဘုရားသခင်ကိုယ်တော်တိုင်...
ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-လူသားတို့ ကြံ့ကြံ့ခံကြရသည့် မွေးဖွားခြင်း၊ သေဆုံးခြင်း၊ ဖျားနာခြင်းနှင့် အိုမင်းသောအသက်အရွယ်တို့မှ...
ကိုးကားရန် သမ္မာကျမ်းပိုဒ်များ-“ထိုကြောင့် သင်တို့သည် ပြင်ဆင်လျက်နေကြလော့။ အကြောင်းမူကား၊ သင်တို့မထင်မှတ်သောအချိန် ၌ လူသားသည်...