ငါက ညွှန့်ပေါင်းတပ်ဦးမှာ နှစ်ပေါင်းများစွာ လုပ်လာတာ၊ ဘာသာတရားတွေအများကြီးကို လေ့လာထားတယ်။ ခရစ်ယာန်၊ ကက်သလစ်၊ အော်သိုဒေါ့စ်၊ ဒီဘာသာတွေအားလုံးက ယေရှုကို ယုံကြည်တာချည်းပဲ။ ဒါပေမဲ့ မင်းတို့ရဲ့ အနန္တတန်ခိုးရှင် ဘုရားသခင်ကိုယုံကြည်မှုက မတူဘူး။ ပါတီမှတ်တမ်းတွေမှာ ဖော်ပြတာတော့ အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်ဟာ ခရစ်ယာန်ဘာသာ မဟုတ်ဘူးတဲ့။ မင်းတို့ကို ဂိုဏ်းခွဲတစ်ခုအဖြစ် အသိအမှတ်မပြုတဲ့ ခရစ်ယာန်ဂိုဏ်းခွဲ အမျိုးမျိုးဆီကို မင်းတို့က ခရစ်ယာန်အလံတော်အောက်ကနေ ဧဝံဂေလိတရား ဟောနေကြတာပဲ။ ငါကတော့ ဘယ်တော့မှ အနန္တတန်ခိုးရှင်ဘုရားသခင်ကို ယုံကြည်ခွင့်ပေးမှာ မဟုတ်ဘူး။ ခရစ်ယာန်ဘာသာပဲရမယ်။ အစိုးရရဲ့ နှိပ်ကွပ်မှုလည်း နည်းလိမ့်မယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ကိုယုံမိလို့ ထောင်ကျတယ်ဆိုရင်တော့ မင်းဘဝ ဒုက္ခရောက်ပြီပဲ။ အနန္တတန်ခိုးရှင်ဘုရားသခင်ကို ယုံတဲ့သူတွေ က နောက်ဆုံးသောကာလ ခရစ်တော်နောက်ကို လိုက်တယ်။ ခရစ်တော်ရဲ့တပည့်တော်တွေ တမန်တော်တွေ မှန်းလည်း ပါတီက သိတယ်။ ပါတီ အကြောက်ဆုံး ဖြစ်နေတာက နောက်ဆုံးသောကာလ ခရစ်တော်အားဖြင့် ဖော်ပြထားတဲ့ နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ ဆိုတဲ့စာအုပ်ရယ်၊ နောက်ဆုံးသောကာလ ခရစ်တော်နောက်ကို လိုက်တဲ့ အမာခံအုပ်စုရယ်ပဲ။ ခရစ်ယာန်သာသနာရဲ့ သမိုင်းကြောင်းကို ငါတို့လေ့လာပြီးပြီ။ ဂျူးတွေနဲ့ ရောမအင်ပါယာ အကြောက်ဆုံးဖြစ်ခဲ့တာလည်း ယေရှုရဲ့ တပည့်တော်တွေနဲ့ တမန်တော်တွေကိုပဲ။ ဒါကြောင့် အဲဒီလူတွေကို ဖမ်းမိတာနဲ့ ချက်ချင်း သတ်ပစ်ခဲ့တာလေ။ ဒီနေ့လို ခေတ်မျိုးမှာ နောက်ဆုံးသောကာလ ခရစ်တော် နောက်ကိုလိုက်တဲ့ ဒီအုပ်စုကို လုံးဝပိတ်ပင်ဖို့ အရေးယူ ဆောင်ရွက်တာတွေ မလုပ်ဘူးဆိုရင်၊ နှစ်အနည်းငယ် အတွင်းမှာ ဘာသာရေး အသိုင်းအဝိုင်း တစ်ခုလုံးကို သူတို့လက်အောက် သွတ်သွင်း လာလိမ့်မယ်။ တရုတ်ပြည်မှာရှိတဲ့ ခရစ်ယာန်ဂိုဏ်း တော်တော်များများလည်း အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော် လက်အောက်ကို ရောက်ကုန်ကြပြီ။ ဇောင်ယွမ်အမှုမှာ စီစီပီကသာ ကြံဖန်မကြိုးစားခဲ့ဘူးဆိုရင်၊ ကမ္ဘာပေါ်က ဘာသာရေး အသိုက်အဝန်းအားလုံး အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်အောက်ကို သွတ်သွင်းခံရတဲ့နေ့မျိုးက ရောက်ပြီးနေလောက်ပြီ။ ဘာသာရေးအသိုက်အဝန်းက အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်လက်အောက်ကို ရောက်မယ်ဆိုရင်၊ စီစီပီအစိုးရအတွက် သဘောတွေ့စရာ ဖြစ်လာမှာမဟုတ်ဘူး။ အဲဒါကြောင့် အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်ကို မြန်မြန်ဆန်ဆန်ပိတ်ပင်ဖို့အတွက် ဗဟိုကော်မတီက ရှိသမျှအင်အားကို တပ်ဖြန့်ဖို့ ဆုံးဖြတ်ခဲ့တာပဲ။ အရှေ့အရပ်မှလျှပ်ပြက်ခြင်း ပေါ်ပေါက်မှုက တရုတ်ပြည် တင်မကဘူး။ တစ်ကမ္ဘာလုံးကို လွှမ်းမိုးသွားတယ်ဆိုတာ မင်းတို့ သိဖို့လိုတယ်။ ဒီလိုဖြစ်လာမှတော့ စီစီပီက မင်းတို့တွေကို ဆန့်ကျင်တဲ့ ဖိနှိပ်မှုတိုက်ပွဲကြီးကို မလုပ်ဘဲ နေနိုင်ပါ့မလား။ ဘုရားသခင်ကို ယုံမှဖြစ်မယ် ဆိုလည်း၊ ခရစ်ယာန်ဘာသာပဲဖြစ်ရမယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်ကို မယုံနဲ့တော့ အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်ဆိုတာ ခရစ်ယာန်နဲ့မဆိုင်ဘူး။

19.12.2019

အဖြေ- အနန္တတန်ခိုးရှင်ဘုရားသခင်အသင်းတော်အပေါ် ပါတီက ဖိနှိပ် ရတဲ့အကြောင်းရင်းကို အဖေ ပြောသွားတယ်နော်။ ဒါပေမဲ့ အဓိကခရစ်ယာန်ဂိုဏ်းတွေက ဘာလို့ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်အောက်ကို ဝင်ကုန်တယ်ဆိုတာ အဖေ သိလား။ ဘာလို့လဲဆိုတော့ ဂိုဏ်းဂဏ အားလုံးမှာရှိတဲ့သူအားလုံးက ဘုရားသခင်ရဲ့ အသံကို ကြားလိုက်ရလို့ပဲ။ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ ပေါ်ထွန်းခြင်းနဲ့ အမှုတော်ကို မြင်ရတဲ့အခါ သခင်ယေရှု ပြန်ကြွလာပြီဖြစ်မှန်း သုံးသပ်မိကြလို့ပါပဲ။ အဲဒါကြောင့် အားလုံးက အနန္တတန်ခိုးရှင်ဘုရားသခင်ဆီ ဦးလှည့်ကုန်ကြတာပေါ့။ ဒါဟာ ဘာသာရေးအသိုက်အဝန်းက ယုံကြည်သူတွေ မျှော်လင့်နေတဲ့ သတင်းကောင်းကြီးပဲလေ။ အဖေ၊ နောက်ဆုံးသောကာလရဲ့ခရစ်တော်က အမှုပြုဖို့ ပေါ်ထွန်းနေပါပြီ။ ခရစ်ယာန်ဘာသာရဲ့ ဂိုဏ်းဂဏတွေ အားလုံးက အနန္တတန်ခိုးရှင် ဘုရားသခင်ဆီ နောက်ဆုံးမှာ ဦးလှည့်ကြလိမ့်မယ်။ ဒါက ခေတ်ရဲ့ရေစီးဆိုလည်းဟုတ်တယ်။ ဒါကိုကြည့်ရင် ဘုရားသခင်ရဲ့အမှုဟာ ခရစ်ယာန်ဘာသာ အပြင် အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်ကိုလည်း ဖြစ်ပေါ်စေခဲ့မှန်း သိသာပါတယ်။ ခရစ်ယာန်ဘာသာက ကျေးဇူးတော်ခေတ်ရဲ့အသင်းတော် ဖြစ်သလို အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ကလည်း နိုင်ငံတော်ခေတ်ရဲ့ အသင်းတော်ပါပဲ။ နှစ်ခုစလုံးက ခရစ်ယာန်ဘာသာနဲ့ သက်ဆိုင်တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ဟာ ခရစ်ယာန်ဘာသာရဲ့အစိတ်အပိုင်းဆိုတာကို ပါတီက ဘာလို့ ငြင်းပယ်တာလဲ။ တရုတ်ကွန်မြူနစ်ပါတီက သမ္မာတရားကို မုန်းပြီး ဘုရားသခင်ကို အာခံတဲ့ ဘုရားမဲ့နိုင်ငံရေးပါတီပဲ။ သူတို့က ခရစ်ယာန်ဘာသာ အကြောင်း ဘာများသိလို့လဲ။ ဘယ်အသင်းတော်က ခရစ်ယာန်ဘာသာဖြစ်တယ်။ ဘယ်အသင်းတော်က မဖြစ်ဘူးဆိုတာ ဆုံးဖြတ်ဖို့ သူတို့မှာ ဘာအရည်အချင်း ရှိလို့လဲ။ စီစီပီက ခရစ်ယာန်ဘာသာအကြောင်း ဘာမှမသိဘဲနဲ့ ဘုရားသခင်ရဲ့အသင်းတော်ကို သူတို့မို့ ရှုတ်ချရဲတယ်။ နားမလည်တာကို နားလည်သလိုလုပ်နေတဲ့ ပါတီရဲ့လုပ်ရပ်က ရှက်စရာပဲ မဟုတ်လား။ ခရစ်ယာန်ဘာသာဟာ လူ့ဇာတိခံ သခင်ယေရှုရဲ့ပေါ်ထွန်းခြင်းနဲ့ အမှုတော်တို့ကနေ စတင်ပေါ်ပေါက်လာခဲ့တယ်။ သခင်ယေရှုက ခရစ်တော်ဆိုတော့ သူ့ကိုယုံကြည်တဲ့ အသင်းတော်တွေဟာ ခရစ်ယာန်ဘာသာနဲ့ သက်ဆိုင်တယ်။ သခင်ယေရှုက သူ ပြန်လာမယ်လို့ ကတိပြုခဲ့သလို၊ သခင်ယေရှု ပြန်ကြွလာခဲ့ပါပြီ။ သူက အခု လူ့ဇာတိခံ အနန္တတန်ခိုးရှင်ဘုရားသခင်ပါပဲ။အနန္တတန်ခိုးရှင် ဘုရားသခင်က နောက်ဆုံးသောကာလရဲ့ ခရစ်တော်ပဲ အနန္တတန်ခိုးရှင်ဘုရားသခင်ကို ယုံကြည်သူဟာ ခရစ်တော်ကို ယုံကြည်သူပဲလေ။ ခရစ်တော်ကို ယုံကြည်သူအပေါင်းဟာ ခရစ်ယာန်ဘာသာနဲ့ သက်ဆိုင်တယ်။ သခင်ယေရှုနဲ့ အနန္တတန်ခိုးရှင် ဘုရားသခင် နှစ်ပါးလုံးဟာ မတူညီတဲ့အချိန်တွေမှာ လူ့ဇာတိခံယူတဲ့ ဘုရားသခင်ပါပဲ။ သခင်ယေရှုနဲ့ အနန္တတန်ခိုးရှင် ဘုရားသခင် နှစ်ပါးလုံးကို ယုံကြည်တာက ခရစ်ယာန်ဘာသာပါပဲ။ အခုလက်ရှိမှာ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်က ခရစ်ယာန်ဘာသာပဲ။ ပိုပြီးတိတိကျကျပြောရရင် နောက်ဆုံးသောကာလမှာ အနန္တတန်ခိုးရှင် ဘုရားသခင်ကို ယုံကြည်ခြင်းကပဲ ခရစ်ယာန်ဘာသာစစ်စစ်ဖြစ်တယ်။ နောက်ဆုံးသောကာလ ခရစ်တော်ဖြစ်တဲ့ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ပေါ်ထွန်းခြင်းက ကျေးဇူးတော်ခေတ်ကို အဆုံးသတ်ပေးပြီး နိုင်ငံတော်ခေတ်ကို အစပြုပေး တာကြောင့်ပါပဲ။ နောက်ဆုံးသောကာလ ခရစ်တော်ဖြစ်တဲ့ အနန္တတန်ခိုးရှင်ဘုရားသခင်နောက်ကို လိုက်တဲ့သူတွေသာ သိုးသငယ်ရဲ့နောက်ကို လိုက်တာပါ။ နောက်ဆုံးသောကာလ ခရစ်တော်ရဲ့ အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်က ပိုပြီး လက်တွေ့ကျတဲ့ ခရစ်ယာန်ဘာသာဖြစ်ပါတယ်။

အိမ်တွင်းမှ လက်ဝဲပညာပေးဇာတ်လမ်းတစ်ပုဒ် ၏ ရုပ်ရှင် ဇာတ်ညွှန်း မှ

အရှေ့သို့- စစ်ဝေခူ (မြူနီစပယ်ယူနိုက်တက်ရှေ့တန်းတာဝန်ဌာန၏ ဝန်ကြီး)- ယေရှုနဲ့ အနန္တတန်ခိုးရှင်ဘုရားသခင် နှစ်ပါးလုံးက ခရစ်တော်ဖြစ်တယ်။ တစ်ပါးက အရင်ဖြစ်ပြီး နောက်တစ်ပါးက နောက်ဆုံးခရစ်တော်လို့ ပြောတယ်။ ငါတို့ပါတီက လက်မခံဘူး။ ကြွေးကြော်သံမှာလည်း 'လောကရဲ့ကယ်တင်သူဆိုတာ မရှိခဲ့ဘူး' လို့ပြောထားတယ်။ မင်းတို့က ကယ်တင်ရှင်ခရစ်တော် ကြွရောက်လာတာကို သက်သေခံကြတယ်။ ဒီတော့ ပါတီက မင်းတို့ကို မရှုတ်ချဘဲနေမလား။ ငါတို့အမြင်မှာတော့ ခရစ်ယာန်တွေယုံကြည်တဲ့ ယေရှုဆိုတာ သာမန်လူပဲ။ လက်ဝါးကပ်တိုင်ပေါ်မှာ သံနဲ့တောင်အရိုက်ခံရတယ်။ ဂျူးတွေကလည်း သူ့ကို ခရစ်တော်လို့ လက်မခံခဲ့ကြဘူး။ ဒါ အမှန်ပဲမဟုတ်လား။ မင်းတို့ သက်သေခံကြတဲ့ နောက်ဆုံးသောကာလရဲ့ လူ့ဇာတိခံ အနန္တတန်ခိုးရှင် ဘုရားသခင်ကလည်း သာမန်လူပဲ။ သူ့မှာ မျိုးရိုးနာမည်နဲ့ ကိုယ်ပိုင်နာမည်ရှိတယ်လို့ ပါတီမှတ်တမ်းတွေမှာ ဖော်ပြတယ်။ ဒါလည်း အမှန်ပဲလေ။ ဒီလိုသာမန်လူက ခရစ်တော်ပါ။ ဘုရားသခင်ရဲ့ပေါ်ထွန်းခြင်းပါဆိုပြီး မင်းတို့က ဘာကြောင့် သက်သေခံကြတာလဲ။ ယုံစရာကိုမရှိဘူး။ နောက်ဆုံးသောကာလမှာ အနန္တတန်ခိုးရှင်ဘုရားသခင် ဆောင်ရွက်ထားတဲ့ တရားစီရင်ခြင်းအမှုနဲ့ ဖော်ပြထားတဲ့ သမ္မာတရားကို မင်းတို့ ဘယ်လိုပဲ သက်သေခံနေပါစေ၊ ဒီလူက ဘုရားသခင်ဆိုတာကို ငါတို့ပါတီက လက်ခံမှာမဟုတ်ဘူး။ မင်းတို့လည်း ယေရှုကို ယုံကြတဲ့ ခရစ်ယာန်တွေ ကက်သလစ်တွေ အရှေ့ပိုင်းအော်သိုဒေါ့စ်တွေလိုပဲ လူကို ဘုရားသခင်ဆိုပြီး ယုံနေကြတယ်။ ဒါက တကယ်ကို ပညာမဲ့တာ မဟုတ်ဘူးလား။ ဘုရားသခင်ဆိုတာရယ်၊ ဘုရားရဲ့ပေါ်ထွန်းခြင်းနဲ့ အမှုတော်ဆိုတာတွေ ရယ်က အတိအကျအားဖြင့် ဘာလဲ။ သမ္မာတရားကို ဖော်ပြပြီး ဘုရားသခင်ရဲ့အမှုကို လုပ်ဆောင်ရုံလောက်နဲ့ စစ်မှန်တဲ့ ဘုရားသခင်ရဲ့ပေါ်ထွန်းခြင်းပါလို့ ဆိုလိုတာလား။ ငါတို့တော့ ဘယ်တော့မှလက်မခံဘူး။ ဘုရားသခင်သာ တရုတ်ကွန်မြူနစ်ပါတီနဲ့ သူ့ကိုဆန့်ကျင်သူတွေကို ပျက်စီးခြင်းရောက်စေတာမျိုး အံ့ဖွယ်တွေလုပ်ပြ နိုင်ရင်တော့၊ ငါတို့ကလည်း သူ့ကိုစစ်မှန်တဲ့ ဘုရားသခင်လို့ သတ်မှတ်လိုက်မယ်။ တကယ်လို့ ဘုရားသခင်က ကောင်းကင်မှာ ပေါ်လာမယ်။ ပြီးတော့ လူသားမျိုးနွယ်တစ်ခုလုံး ထိတ်လန့်စေမဲ့ မိုးခြိမ်းသံလို မြည်ဟည်းသံကြီး လုပ်ပြတယ်ဆိုရင်တော့၊ အဲဒါက ဘုရားသခင်ရဲ့ပေါ်ထွန်းခြင်း ဖြစ်လိမ့်မယ်။ ဒါဆို စီစီပီကလည်း သူ့ကိုအသိအမှတ်ပြုမှာပဲ။ အဲဒီလိုမှမဟုတ်ရင်တော့ ဘုရားသခင်ရှိတယ် ဆိုတာကို ပါတီက ဘယ်တော့မှလက်ခံမှာမဟုတ်ဘူး။
နောက်တစ်ခုသို့- ဒါပေမဲ့ အစိုးရမှတ်တမ်းတွေကို ဖတ်ကြည့်တော့၊ အနန္တတန်ခိုးရှင် ဘုရားသခင်ကို ယုံကြည်သူတချို့ဟာ ဧဝံဂေလိတရားဟောဖို့ သူတို့မိသားစုကို စွန့်လွှတ်ကြလိမ့်မယ်တဲ့။ တချို့ဆို အိမ်ထောင်မပြုဘဲ တစ်သက်လုံးနေသွားကြတယ် ပြောတယ်။ ထပ်ပြီးပြောထားတာက အစိုးရက အနန္တတန်ခိုးရှင်ဘုရားသခင်အပေါ် ယုံကြည်တဲ့တစ်ဖွဲ့ကို ဖမ်းပြီးရင်၊ နောက်တစ်ဖွဲ့ကို သတ်ဖြတ်ဖို့ ကြိုးစားတယ်တဲ့။ ပြီးတော့ "ပိတ်ပင်မှု မအောင်မြင်သရွေ့ တပ်ဖွဲ့တွေကို မရုပ်သိမ်းဘူး" ဆိုလားပဲ။ အနန္တတန်ခိုးရှင် ဘုရားသခင် ယုံကြည်သူတော်တော်များများ အဖမ်းခံရ၊ ထောင်ချခံရ၊ ဒဏ်ရာရကြပြီး၊ ဒုက္ခိတတောင် ဖြစ်ကြရတယ်။ တချို့ဆိုရင် သူတို့အလုပ်ပါဆုံးရှုံးပြီး၊ မိသားစုတွေ ပြိုကွဲကုန်တယ်ပြောတယ်။ အဲဒီလိုဖြစ်ရတာ ယုံကြည်သူတွေက သူတို့မိသားစုကို ဂရုမစိုက်ကြလို့ပဲတဲ့။ မင်းတို့ ဒါတွေကို တကယ်လို့ထင်လား။ အိမ်ထောင်မပြုဘဲနေတာတို့၊ မိသားစုကို စွန့်လွှတ်တာတို့ မလုပ်ရဘူးနော်။ မင်းတို့ယုံကြည်ခြင်းက ဒီလိုမျိုးဆိုရင်တော့၊ အနန္တတန်ခိုးရှင် ဘုရားသခင်ကို မယုံဖို့ အမေ တောင်းပန်ချင်တယ်။ ဒီဆန္ဒကိုတော့ ကျေးဇူးပြုပြီး အရေးစိုက်ပေးကြပါ။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၃။ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နောက်ဆုံးသော ကာလအမှုတော်ကို ကျွန်ုပ်တို့ လက်ခံပါက၊ ထာဝရအသက်လမ်းခရီးကို ကျွန်ုပ်တို့ ရရှိဖို့အလို့ငှာ မည်သည့်အရာကိုသာ ကျွန်ုပ်တို့ လိုက်စားသင့်သနည်း။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-နောက်ဆုံးသောကာလ ခရစ်တော်သည် လူသားကို သွန်သင်ရန်၊ လူသား၏အနှစ်သာရကို ဖော်ထုတ်ရန်နှင့် လူသား၏...

၁။ သင်က သခင်ယေရှု ပြန်ကြွလာပြီးဖြစ်ကာ သူသည် သူ၏ အမှုတော်ကို ဆောင်ရွက်ဖို့ လူ့ဇာတိခံလာပြီးဖြစ်သည်ဟု သက်သေခံသည်။ ဤသည်မှာ အဘယ်သို့ ဖြစ်နိုင်သနည်း။ သမ္မာကျမ်းစာက၊ “အိုဂါလိလဲလူတို့၊ အဘယ်ကြောင့်ကောင်းကင်သို့ ကြည့်မျှော်လျက်နေကြသနည်း။ သင်တို့နှင့်ခွါ၍ ကောင်းကင်သို့ဆောင်ယူခြင်းကို ခံတော်မူသောထိုယေရှုသည် သင်တို့မျက်မှောက်၌ ကောင်းကင်သို့ ကြွသွား တော်မူသည်နည်းတူ တဖန်ကြွလာတော်မူလတံ့။” (တမန်တော်ဝတ္ထု ၁:၁၁) ဟု ဆိုပါသည်။ သခင်ယေရှုက ကားစင်တင်ခံရခြင်းအမှု ပြီးစီးပြီးနောက်တွင်၊ သူသည် သေရာမှ ထမြောက်ခဲ့ပြီး သူ၏ တပည့်တော်များထံ ကိုယ်ထင်ပြခဲ့သည်။ သူသည် ဘုန်းကြီးသည့် ဝိညာဉ်ခန္ဓာတစ်ခု ဖြစ်လာခဲ့ပြီး ကောင်းကင်သို့ တက်ကြွသွားခဲ့သည်။ သခင်ယေရှု ပြန်ကြွလာသည့်အခါလည်း၊ သူသည် သေရာမှထမြောက်ခဲ့သည့် ဝိညာဉ်ခန္ဓာတစ်ခုအဖြစ် ကျွန်ုပ်တို့ထံ ပေါ်ထွန်းသင့်သည်။ သင်က ဘုရားသခင်သည် နောက်ဆုံးသော ကာလတွင် လူသားအဖြစ် လူ့ဇာတိခံလာကာ ပေါ်ထွန်းပြီး အမှုပြုရမည်ဟု အဘယ်ကြောင့် ပြောပါသနည်း။

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ-“ထိုကြောင့် သင်တို့သည် ပြင်ဆင်လျက်နေကြလော့။ အကြောင်းမူကား၊ သင်တို့မထင်မှတ်သောအချိန် ၌ လူသားသည်...

Leave a Reply

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။