နိမိတ်လက္ခဏာများနှင့် အံ့ဖွယ်အမှုတို့သည် လူသားမျိုးနွယ်ကို ကယ်တင်နိုင်ခြင်း ရှိမရှိ

21.09.2019

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

နှစ်ထောင်ပေါင်းများစွာကြာသည့် ဘုရားသခင်၏ အစီအစဉ်တွင်၊ အမှု၏ အစိတ်အပိုင်းနှစ်ခုကို လူ့ဇာတိ၌ လုပ်ဆောင်လေသည်- ပထမပိုင်းသည် ကားစင်တင်ခံရခြင်း အမှုဖြစ်ပြီး၊ ယင်းအတွက် သူသည် ဘုန်းထင်ရှားလေသည်။ အခြားတစ်ခုမှာ နောက်ဆုံးသောကာလ၌ သိမ်းပိုက်ခြင်းနှင့် စုံလင်စေခြင်း အမှုဖြစ်သည်၊ ယင်းအတွက် သူသည် ဘုန်းထင်ရှား၏။ ဤသည်မှာ ဘုရားသခင်၏စီမံခန့်ခွဲမှု ဖြစ်ပေသည်။ သို့ဖြစ်၍ ဘုရားသခင်၏အမှု သို့မဟုတ် သင်တို့အဖို့ ဘုရားသခင်၏ စေခိုင်းချက်ကို ရိုးရှင်းသော ကိစ္စရပ်တစ်ခုအဖြစ် မမှတ်ယူနှင့်။ သင်တို့အားလုံးသည် ဘုရားသခင်၏ အတိုင်းထက်အလွန် ကြီးမြတ်လေးလံသော နိစ္စထာဝရဘုန်းအသရေ၏ အမွေစားအမွေခံများ ဖြစ်ကြပြီး၊ ဤအရာကို ဘုရားသခင်က အထူး စီမံထားခဲ့ပေသည်။ သူ၏ ဘုန်းအသရေ အစိတ်အပိုင်းနှစ်ခုထဲမှ၊ တစ်ခုသည် သင်တို့၌ ထင်ရှား၏။ ဘုရားသခင်၏ဘုန်းအသရေ အစိတ်အပိုင်းတစ်ခု၏ တစ်ရပ်လုံးကို သင်တို့၏အမွေဥစ္စာ ဖြစ်နိုင်ဖို့အလို့ငှာ သင်တို့အပေါ် အပ်နှင်းထားပြီးဖြစ်သည်။ ဤသည်မှာ သင်တို့ကို ဘုရားသခင် ချီးမြှောက်ခြင်းဖြစ်ပြီး အချိန်ကြာမြင့်စွာက သူ ခွဲခန့်မှတ်သားထားခဲ့သည့် အစီအစဉ်လည်းဖြစ်သည်။ အဆင်းနီသောနဂါးကြီး နေထိုင်ရာပြည်၌ ဘုရားသခင် လုပ်ဆောင်ပြီးဖြစ်သည့် အမှု၏ ကြီးမြတ်မှုကို ထောက်ဆလျှင်၊ ဤအမှုကို အခြားနေရာသို့ ရွှေ့ပြောင်းခဲ့မည်ဆိုပါက၊ ယင်းသည် အချိန်ကြာမြင့်စွာက ကြီးမားသည့် အကျိုးဖြစ်ထွန်းပြီးခဲ့မည် ဖြစ်သကဲ့သို့၊ လူသားက လိုလိုလားလား လက်ခံပြီးဖြစ်ပေမည်။ ထို့အပြင် ယေရှုလုပ်ဆောင်သည့် အမှု၏ အဆင့်သည် အစဉ်အလာတစ်ခုအဖြစ် အသုံးတော်ခံသည့်အတွက်၊ ဤအမှုသည် ဘုရားသခင်ကို ယုံကြည်သော အနောက်တိုင်း ဘုန်းတော်ကြီးများအတွက် လက်ခံရန် အလွန်လွယ်ကူလွန်းခဲ့ပေမည်။ သို့ဖြစ်၍ ဘုရားသခင်က ဘုန်းထင်ရှားခြင်းအမှု၏ ဤအဆင့်ကို အခြားနေရာ၌ စွမ်းဆောင်မရရှိနိုင်ခြင်း ဖြစ်သည်။ လူများ၏ ထောက်ပံ့ပေးခြင်းနှင့် တိုင်းနိုင်ငံများ၏ အသိအမှတ်ပြုခြင်းဖြင့် ယင်းသည် မတည်မြဲနိုင်ပေ။ ဤသည်မှာ ဤပြည်၌ အမှု၏ ဤအဆင့်က ကိုင်စွဲထားသည့် ထူးခြားသာလွန်သော အရေးပါမှု ဖြစ်သည်။ သင်တို့အကြားတွင် ဥပဒေ၏ အကာအကွယ်ပေးခြင်းခံရသည့် လူတစ်ဦးမျှမရှိပေ- ယင်းအစား၊ သင်တို့သည် ဥပဒေ၏ အပြစ်ပေးခြင်းကို ခံကြရ၏။ သာ၍ ခက်ခဲသည်မှာ လူတို့သည် သင်တို့ကို နားမလည်ကြပေ- သင်တို့၏ ဆွေမျိုးများ၊ သင်တို့၏ မိဘများ၊ သင်တို့၏ မိတ်ဆွေများ သို့မဟုတ် သင်တို့၏ လုပ်ဖော်ကိုင်ဖက်များ ဖြစ်စေ၊ ၎င်းတို့ထဲမှ မည်သူမျှ သင်တို့ကို နားမလည်ကြပေ။ ဘုရားသခင်က သင်တို့ကို “စွန့်ပစ်” သည့်အခါတွင်၊ ကမ္ဘာမြေပေါ်တွင် ဆက်လက် အသက်ရှင်ရန် သင်တို့အတွက် မဖြစ်နိုင်ပေ၊ သို့သော်ငြားလည်း လူတို့သည် ဘုရားသခင်နှင့် ဝေးကွာ၍မနေနိုင်ကြပေ၊ ယင်းမှာ လူတို့ကို ဘုရားသခင် သိမ်းပိုက်ခြင်းနှင့်ဆိုင်သော အရေးပါမှုဖြစ်ပြီး၊ ဘုရားသခင်၏ ဘုန်းအသရေ ဖြစ်သည်။ ယနေ့ သင်တို့ အမွေခံပြီးဖြစ်သည့်အရာသည် ခေတ်ကာလများတစ်လျှောက် တမန်တော်များနှင့် ပရောဖက်များ အမွေခံခဲ့ရသည့်အရာများထက် သာလွန်သကဲ့သို့၊ မောရှေနှင့် ပေတရုတို့ အမွေခံခဲ့ရသည့်အရာများထက်ပင် သာ၍ကြီးမားပေသည်။ ကောင်းချီးမင်္ဂလာများကို တစ်ရက် နှစ်ရက်အတွင်း မရရှိနိုင်ပေ။ ယင်းတို့ကို ကြီးမားသော စွန့်လွှတ်ခြင်းမှတစ်ဆင့် ရရှိရမည်ဖြစ်သည်။ ယင်းမှာ၊ သင်တို့သည် စစ်ဆေးခြင်း ကြုံရပြီးဖြစ်သည့် ချစ်ခြင်းမေတ္တာတစ်ခုကို ပိုင်ဆိုင်ရမည်၊ ကြီးမားသောယုံကြည်ခြင်းကို သင်တို့ ပိုင်ဆိုင်ရမည်ဖြစ်ပြီး၊ သင်တို့ ကြိုးပမ်းရရှိဖို့ ဘုရားသခင် တောင်းဆိုသည့် သမ္မာတရားများစွာ ရှိရမည်ဟု ဆိုလိုပေသည်။ ထို့အပြင်၊ သင်တို့သည် ချိုးနှိမ်ခြင်းကိုမခံဘဲ သို့မဟုတ် တိမ်းရှောင်ခြင်း မရှိဘဲ၊ တရားမျှတမှုဘက်သို့ လှည့်ရမည် ဖြစ်ပြီး၊ ဘုရားသခင်ကို ခိုင်မြဲပြီး မလျှော့သော ချစ်ခြင်းမေတ္တာ ရှိရမည်ဖြစ်သည်။ သင့်၌ စိတ်ပိုင်းဖြတ်ချက် ရှိရမည်၊ သင်တို့၏ အသက်စိတ်သဘောထား၌ ပြောင်းလဲမှုများ ဖြစ်ပေါ်ရမည်၊ သင်တို့၏ ဖောက်ပြန်ပျက်စီးခြင်းကို ကုစားရမည်၊ ဘုရားသခင်၏ စီစဉ်ညွှန်ကြားခြင်းများ အားလုံးကို ညည်းညူခြင်းမပြုဘဲ လက်ခံရမည်ဖြစ်ပြီး၊ သေသည်အထိ သင်တို့ နာခံရမည်ဖြစ်သည်။ ဤသည်မှာ သင်တို့ ရရှိသင့်သည့်အရာဖြစ်သည်၊ ဤသည်မှာ ဘုရားသခင်၏အမှု နောက်ဆုံးရည်မှန်းချက်ဖြစ်ပြီး၊ ဤလူစုကို ဘုရားသခင် တောင်းဆိုသည့်အရာ ဖြစ်သည်။ သူသည် သင်တို့ကို ပေးအပ်သည့်အတွက်၊ အပြန်အလှန်အားဖြင့် သင်တို့ကို ဧကန်မုချ တောင်းဆိုလိမ့်မည်ဖြစ်ပြီး၊ သင်တို့နှင့်သက်ဆိုင်၍ သင့်တော်သည့် တောင်းဆိုချက်များ ဧကန်မုချ သူ ပြုလိမ့်မည်ဖြစ်သည်။ ထို့ကြောင့်၊ ဘုရားသခင်ပြုသောအမှုတိုင်း၌ အကြောင်းရင်းရှိ၏၊ ယင်းမှာ ဘုရားသခင်သည် အသေးစိတ်နှင့် တိကျသော အမှုကို အဖန်အဖန် လုပ်ဆောင်ရသည့် အကြောင်းရင်း ဖြစ်သည်။ သင်တို့သည် ဘုရားသခင်၌ ယုံကြည်ခြင်းဖြင့် ပြည့်သင့်သည်မှာ ဤအရာကြောင့် ဖြစ်သည်။ တိုတိုပြောရလျှင်၊ သင်တို့အနေဖြင့် ဘုရားသခင်၏အမွေဥစ္စာကို ရရှိထိုက်လာနိုင်ကြဖို့အလို့ငှာ ဘုရားသခင်၏အမှုအားလုံးသည် သင်တို့အတွက် လုပ်ဆောင်ခြင်း ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်ကိုယ်တိုင်၏ ဘုန်းအသရေအတွက်ထက် သင်တို့၏ ကယ်တင်ခြင်းအတွက် ဖြစ်ပြီး၊ ညစ်ညူးသောပြည်တွင် အလွန် အကြီးအကျယ် ဖိစီးနှိပ်စက်ခံရပြီးဖြစ်သည့် ဤလူစုကို စုံလင်စေခြင်းအတွက် ဖြစ်သည်။ သင်တို့သည် ဘုရားသခင်၏အလိုကို နားလည်သင့်ကြပေသည်။ သို့ဖြစ်၍ မည်သည့်ထိုးထွင်းသိမြင်မှု သို့မဟုတ် အသိစိတ်မျှမရှိသည့် မသိနားမလည်သော လူများစွာကို ငါ တိုက်တွန်း၏- ဘုရားသခင်ကို မစမ်းကြနှင့်၊ ပြီးလျှင် နောက်ထပ်မခုခံကြတော့နှင့်။ ဘုရားသခင်သည် မည်သည့်လူသားကမျှ လုံးဝ မခံရပ်ဖူးသည့် ဆင်းရဲဒုက္ခကို ကြုံရနှင့်ပြီးဖြစ်သကဲ့သို့၊ လူသားကိုယ်စား သာ၍ပင် ကြီးမားသော အရှက်ကွဲခြင်းကို အချိန်ကြာမြင့်စွာက ခံရပ်ခဲ့ရပြီး ဖြစ်သည်။ အခြား မည်သည့်အရာကို သင် လက်မလွှတ်နိုင်သနည်း။ ဘုရားသခင်၏အလိုထက် အဘယ်အရာသည် သာ၍အရေးကြီးနိုင်မည်နည်း။ ဘုရားသခင်၏ချစ်ခြင်းမေတ္တာထက် အဘယ်အရာသည် သာ၍မြင့်မားနိုင်သနည်း။ ဤမသန့်ရှင်းသောပြည်၌ သူ၏အမှုကို ဆောင်ရွက်ရန် ဘုရားသခင်အတွက် ခက်ခဲလှပြီဖြစ်သည်။ အကယ်၍ ဤအရာအပြင် လူသားသည် သိလျက်နှင့် တမင်တကာ တစ်ဇွတ်ထိုး အပြစ်လွန်ကျူးပါက၊ ဘုရားသခင်၏အမှုသည် ရှည်ကြာသွားပေလိမ့်မည်။ တိုတိုပြောရလျှင်၊ ဤအရာသည် မည်သူ့အတွက်မျှ အကျိုးမဖြစ်၊ မည်သူ့ကိုမျှ အကျိုးမပြုပေ။ ဘုရားသခင်သည် အချိန်၏ ဘောင်ခတ်ခြင်း မခံရပေ။ သူ၏အမှုနှင့် သူ၏ဘုန်းအသရေတို့သည် ပထမဦးစားပေးဖြစ်သည်။ ထို့ကြောင့် မည်မျှ ကြာသည်ဖြစ်စေ၊ သူသည် သူ၏အမှုအတွက် မည်သည့်အဖိုးအခကိုမဆို ပေးလိမ့်မည်။ ဤသည်မှာ ဘုရားသခင်၏စိတ်သဘောထား ဖြစ်၏။ သူ၏အမှု မပြီးဆုံးမချင်း သူအနားယူလိမ့်မည်မဟုတ်။ သူ၏ဘုန်းအသရေ၏ ဒုတိယအပိုင်းကို သူရရှိသည့်အချိန်မှသာ သူ၏အမှု အဆုံးသတ်လိမ့်မည်။ အကယ်၍ စကြဝဠာတစ်ခွင်လုံး၌ ဘုရားသခင်သည် သူ၏ဘုန်းထင်ရှားခြင်း ဒုတိယအပိုင်းကို မပြီးစီးပါက၊ သူ၏နေ့ရက်သည် မည်သည့်အခါမျှ ရောက်လာလိမ့်မည်မဟုတ်၊ သူ၏လက်သည် သူရွေးချယ်ခဲ့သည့် လူမျိုးများကို မည်သည့်အခါ၌မျှ စွန့်ခွာသွားမည်မဟုတ်၊ သူ၏ဘုန်းအသရေသည် ဣသရေလအပေါ်သို့ မည်သည့်အခါမျှ ဆင်းသက်မည်မဟုတ်သကဲ့သို့၊ သူ၏အစီအစဉ်သည် မည်သည့်အခါမျှ အဆုံးသတ်မည် မဟုတ်ပေ။ သင်တို့သည် ဘုရားသခင်၏အလိုကို တွေ့မြင်သင့်ကြပြီး၊ ဘုရားသခင်၏အမှုသည် ကောင်းကင်၊ မြေကြီးနှင့် အရာခပ်သိမ်းကို ဖန်ဆင်းခြင်းလောက် မရိုးရှင်းသည်ကို နားလည်သင့်ကြပေသည်။ ယင်းမှာ အဘယ့်ကြောင့်ဆိုသော် ယနေ့၏ အမှုသည် ဖောက်ပြန်ပျက်စီးစေခြင်း ခံရပြီးဖြစ်သော သူများ၊ အဆုံးစွန် အတိုင်းအတာအထိ ထုံအနေသောသူများ၏ ပြောင်းလဲခြင်း ဖြစ်သောကြောင့် ဖြစ်သည်၊ ယင်းသည် ဖန်ဆင်းခြင်းခံခဲ့ရသော်လည်း စာတန်၏စီမံပြုပြင်ခြင်း ခံခဲ့ရသောသူများအား သန့်စင်စေရန်ဖြစ်သည်။ ယင်းသည် အလင်း ဖန်ဆင်းခြင်း သို့မဟုတ် အပင်နှင့် တိရစ္ဆာန်တိုင်းကို ဖန်ဆင်းခြင်း ဖြစ်ဖို့မဆိုထားနှင့်၊ အာဒံ သို့မဟုတ် ဧဝကို ဖန်ဆင်းခြင်း မဟုတ်ပေ။ စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းခံရသော အရာများကို ဘုရားသခင်သည် သန့်စင်စေပြီး ယင်းတို့ကို အသစ် ရယူသည်။ ယင်းတို့သည် သူနှင့် သက်ဆိုင်သော အရာများဖြစ်သွားကြပြီး သူ၏ဘုန်းအသရေ ဖြစ်သွားကြသည်။ ဤအရာသည် လူသားစိတ်ကူးသကဲ့သို့မဟုတ်၊ ကောင်းကင်၊ မြေကြီးနှင့် ၎င်းတို့အထဲရှိ အရာရာတိုင်းကို ဖန်ဆင်းခြင်း သို့မဟုတ် စာတန်ကို အနက်ဆုံးသော တွင်းထဲသို့ ကျိန်ဆဲခြင်း အမှုလောက် မရိုးရှင်းပေ။ ထို့ထက်၊ ယင်းသည် လူသားကို ပြောင်းလဲစေခြင်း အမှု၊ အပျက်သဘော‌ဆောင်ပြီး သူနှင့်မသက်ဆိုင်သော အရာများအား အပြုသဘောဆောင်ပြီး သူနှင့်သက်ဆိုင်သော အရာများအဖြစ်သို့ ပြောင်းလဲစေခြင်းအမှု ဖြစ်သည်။ ဤအရာသည် ဘုရားသခင်အမှု၏ ဤအဆင့် နောက်ကွယ်မှ သမ္မာတရား ဖြစ်ပေသည်။ ဤအရာကို သင်တို့ နားလည်ရမည်ဖြစ်ပြီး ကိစ္စရပ်များကို ပေါ့ပြက်ပြက်လုပ်ခြင်းကို ရှောင်ကြဉ်ရမည်။ ဘုရားသခင်၏အမှုသည် သာမန် မည်သည့်အလုပ်နှင့်မျှ မတူပေ။ ယင်း၏ အံ့ဖွယ်ကောင်းခြင်းနှင့် ဉာဏ်ပညာသည် လူသား၏ဉာဏ်ဖြင့် မမီနိုင်ပေ။ ဘုရားသခင်သည် အမှု၏ဤအဆင့်အတွင်းတွင် အရာခပ်သိမ်းကို မဖန်ဆင်းဘဲ၊ ယင်းတို့ကို ဖျက်ဆီးခြင်းလည်း မပြုပေ။ ယင်းအစား၊ သူဖန်ဆင်းခဲ့သော အရာများကို ပြောင်းလဲစေပြီး စာတန်၏ ညစ်ညူးစေခြင်း ခံခဲ့ရသည့် အရာအားလုံးကို သန့်စင်စေ၏။ ဤသို့ဖြင့် ဘုရားသခင်သည် ကြီးမားသော လုပ်ငန်းကို အစပြုလေသည်၊ ယင်းသည် ဘုရားသခင် အမှု၏အရေးပါမှု တစ်ရပ်လုံးဖြစ်သည်။ ဤနှုတ်ကပတ်တော်များထဲ၌ သင်မြင်တွေ့ရသော ဘုရားသခင်၏အမှုသည် အမှန်တကယ်ပင် အလွန်ရိုးရှင်းသလော။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်၏အမှုသည် လူသားထင်သကဲ့သို့ ရိုးရှင်းပါသလော

နောက်ဆုံးသောကာလတွင် ဘုရားသခင်သည် လူသားကို စုံလင်စေရန် နှုတ်ကပတ်တော်ကို အဓိကအားဖြင့် အသုံးပြုသည်။ ဘုရားသခင်သည် လူသားကို ဖိနှိပ်ရန် သို့မဟုတ် လူသား ယုံကြည်လက်ခံ လာစေရန် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို အသုံးမပြုပေ။ ဤအရာက ဘုရားသခင်၏တန်ခိုးကို မထင်ရှားစေနိုင်ပေ။ အကယ်၍ ဘုရားသခင်သည် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကိုသာ ပြသပါက၊ ဘုရားသခင်၏ စစ်မှန်မှုကို ထင်ရှားစေဖို့ခက်မည်ဖြစ်ပြီး၊ ထိုသို့ဖြင့် လူသားကို စုံလင်စေဖို့ ဖြစ်နိုင်မည်မဟုတ်ပေ။ ဘုရားသခင်သည် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများအားဖြင့် လူသားကို မစုံလင်စေဘဲ၊ လူသားကို ရေလောင်းပေးရန်နှင့် ထိန်းကျောင်းရန် နှုတ်ကပတ်တော်ကို အသုံးပြုသည်၊ ယင်းနောက်တွင် လူသား၏ အကြွင်းမဲ့ နာခံခြင်းနှင့် ဘုရားသခင်နှင့်ဆိုင်သည့် လူသား၏အသိကို ရရှိပေသည်။ ဤသည်မှာ သူပြုသည့်အမှုနှင့် သူပြောသည့် နှုတ်ကပတ်တော်များ၏ ရည်မှန်းချက်ဖြစ်သည်။ ဘုရားသခင်သည် လူသားကို စုံလင်စေရန် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို ပြသခြင်း နည်းလမ်းအား အသုံးမပြုပေ- သူသည် လူသားကို စုံလင်စေဖို့ နှုတ်ကပတ်တော်များကို အသုံးပြုပြီး၊ အမျိုးမျိုးသော အမှုပြုနည်းများစွာကို အသုံးပြုလေသည်။ စစ်ဆေးခြင်းဖြစ်စေ၊ ကိုင်တွယ်ဖြေရှင်းခြင်း ဖြစ်စေ၊ ပြုပြင်ခြင်းဖြစ်စေ၊ နှုတ်ကပတ်တော်များကို ထောက်ပံ့ပေးခြင်းဖြစ်စေ၊ ဘုရားသခင်သည် လူကို စုံလင်စေဖို့နှင့် လူကို ဘုရားသခင်၏ အမှု၊ ဘုရားသခင်၏ ဉာဏ်ပညာနှင့် အံ့ဖွယ်ဖြစ်ခြင်းတို့နှင့်ဆိုင်သည့် သာ၍ ကြီးမားသော အသိပညာကို ပေးဖို့ရန် များစွာသော ရှုထောင့်အမျိုးမျိုးမှ စကားပြောဆိုလေသည်။ နောက်ဆုံးသောကာလ၌ ဘုရားသခင်သည် ခေတ်ကို အဆုံးသတ်ချိန်တွင် လူသားကို ပြည့်စုံစေသောအခါ၊ လူသားသည် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို မျှော်လင့်ဖို့ အရည်အချင်း ပြည့်မီပေလိမ့်မည်။ သင်သည် ဘုရားသခင်ကို သိကျွမ်းလာပြီး သူ မည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ ဘုရားသခင်ကို နာခံနိုင်သည့်အခါတွင်၊ သင်သည် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို မြင်သည့်အခါ၊ ဘုရားသခင်နှင့် ပတ်သက်သည့် မည်သည့်အယူအဆမျှ ရှိတော့မည် မဟုတ်ပေ။ ထိုအခိုက်အတန့်တွင် သင်သည် ဖောက်ပြန်ပျက်စီးပြီး ဘုရားသခင်ကို အကြွင်းမဲ့ နာခံနိုင်စွမ်းမရှိချေ- ဤအခြေအနေတွင် သင်သည် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို မြင်တွေ့ရန် အရည်အချင်း ပြည့်မီသည်ဟု သင်ထင်ပါသလော။ နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို ဘုရားသခင် ပြသည့်အချိန်တွင်၊ ယင်းမှာ လူသားကို ဘုရားသခင် အပြစ်ပေးသည့်အချိန်ဖြစ်ပြီး၊ ခေတ်ပြောင်းလဲသည့် အချိန်လည်း ဖြစ်သည့်အပြင်၊ ခေတ်အဆုံးသတ်သည့် အချိန်ဖြစ်သည်။ ဘုရားသခင်၏ အမှုကို ပုံမှန် ဆောင်ရွက်နေအချိန်တွင်၊ သူသည် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို မပြပေ။ နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို ပြသခြင်းသည် သူ့အတွက် အလွန် ရိုးရှင်းလွယ်ကူသော်လည်း၊ ယင်းမှာ ဘုရားသခင်၏ အမှုနှင့်ဆိုင်သည့် အခြေခံသဘောတရား မဟုတ်သကဲ့သို့၊ လူသားကို ဘုရားသခင်၏ စီမံခန့်ခွဲမှု ရည်မှန်းချက်လည်း မဟုတ်ပေ။ လူသားက နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို မြင်ပါက၊ ပြီးလျှင် ဘုရားသခင်၏ ဝိညာဉ်ခန္ဓာသည် လူသားထံ ပေါ်ထွန်းခဲ့မည်ဆိုပါက၊ လူအားလုံးသည် ဘုရားသခင်ကို ယုံကြည်ကြမည် မဟုတ်လော။ ကြီးစွာသော ဒုက္ခဆင်းရဲခြင်း အလယ်မှ လာသည့် အောင်မြင်သောသူများဖြစ်သည့်၊ အောင်မြင်သောသူ တစ်စုကို အရှေ့အရပ်မှ ရယူထားသည်ဟု ယခင်က ငါပြောပြီး ဖြစ်သည်။ ဤစကားများက မည်သည့်အရာကို ဆိုလိုပါသနည်း။ ယင်းတို့က ရယူခံရပြီးသော ဤသူတို့သည်သာ တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမမှု၊ ကိုင်တွယ်ဖြေရှင်းခြင်း၊ ပြုပြင်ခြင်းနှင့် စစ်ဆေးမှုမျိုးစုံကို ခံပြီးသည့်နောက်တွင် အမှန်တကယ် နာခံကြသည်ဟု ဆိုလိုပေသည်။ ဤလူများ၏ ယုံကြည်မှုသည် မရေမရာနှင့် စိတ်ကူး သက်သက်မဟုတ်ဘဲ စစ်မှန်လေသည်။ ၎င်းတို့သည် မည်သည့် နိမိတ်လက္ခဏာများ၊ အံ့သြဖွယ်ရာများနှင့် သဘာဝလွန် ဖြစ်ရပ်များကိုမျှ မမြင်ရသေးပေ။ ၎င်းတို့သည် ခက်ခဲသော ကျမ်းဟောင်းတရားများနှင့် အယူဝါဒများ သို့မဟုတ် နက်နဲသော ထိုးထွင်းသိမြင်မှုများအကြောင်း မပြောကြပေ။ ယင်းအစား ၎င်းတို့သည် လက်တွေ့အရှိတရားနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ ပြီးလျှင် ဘုရားသခင်၏ လက်တွေ့အရှိတရားနှင့်ဆိုင်သည့် စစ်မှန်သော အသိပညာတို့ ရှိကြသည်။ ထိုသို့သော လူစုသည် ဘုရားသခင်၏ တန်ခိုးကို မြင်သာအောင် လုပ်နိုင်စွမ်း သာ၍ရှိသည် မဟုတ်လော။ နောက်ဆုံးသော ကာလအတွင်း ဘုရားသခင်၏ အမှုသည် စစ်မှန်သော အမှုဖြစ်သည်။ ယေရှု၏ ခေတ်အတောအတွင်းတွင်၊ ယေရှုသည် လူသားကို စုံလင်စေရန်မဟုတ်ဘဲ၊ လူသားကို ရွေးနုတ်ဖို့ ကြွလာခဲ့ပေသည်၊ ထို့ကြောင့် သူသည် လူတို့ သူ့နောက်ကိုလိုက်စေရန် နိမိတ်လက္ခဏာအချို့ကို ပြသခဲ့လေသည်။ သူသည် အဓိကအားဖြင့် ကားစင်တင်ခံရခြင်း အမှုကို ပြည့်စုံစေဖို့ ကြွလာခဲ့သည့်အတွက်၊ နိမိတ်လက္ခဏာများ ပြခြင်းသည် သူ၏အမှုတော်၏ အစိတ်အပိုင်း တစ်ခု မဟုတ်ခဲ့ပေ။ ထိုသို့သော နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများသည် သူ၏အမှုကို ထိရောက်စေရန် လုပ်ဆောင်သည့် အလုပ်ဖြစ်ခဲ့သည်။ ယင်းတို့သည် အပိုအလုပ်ဖြစ်ခဲ့ပြီး၊ ခေတ်တစ်ခေတ်လုံး၌ အမှုကို ကိုယ်စားမပြုခဲ့ပေ။ ဓမ္မဟောင်း ပညတ်တော်ခေတ်အတွင်းတွင်၊ ဘုရားသခင်သည်လည်း နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများ ပြခဲ့သည်- သို့သော် ယနေ့ ဘုရားသခင် လုပ်ဆောင်သော အမှုသည် စစ်မှန်သော အလုပ်ဖြစ်ပြီး ယခုတွင် သူသည် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို ဧကန်မုချ ပြမည်မဟုတ်ပေ။ အကယ်၍ နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို သူပြခဲ့ပါက၊ သူ၏ တကယ့်အမှုသည် ဖရိုဖရဲ ဖြစ်သွားမည် ဖြစ်ပြီး သူသည် နောက်ထပ် မည်သည့်အလုပ်ကိုမျှ လုပ်ဆောင်နိုင်မည် မဟုတ်ပေ။ ဘုရားသခင်သည် လူသားကို စုံလင်စေရန် နှုတ်ကပတ်တော်ကို အသုံးပြုဖို့ ပြောသော်လည်း၊ နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကိုလည်း ပြသခဲ့ပါက၊ ယင်းက လူသားသည် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်ခြင်း ရှိ မရှိဆိုသည်ကို ရှင်းလင်းသွားစေနိုင်မည်လော။ ထို့ကြောင့် ဘုရားသခင်သည် ထိုသို့သောအရာများကို မလုပ်ဆောင်ခြင်း ဖြစ်သည်။ လူသား၏အတွင်းတွင် ဘာသာတရား အလွန်များလှ၏။ ဘုရားသခင်သည် လူသားအတွင်းရှိ ဘာသာရေး အယူအဆများအားလုံးနှင့် သဘာဝလွန် အမှုအရာများကို ထုတ်ပစ်ဖို့နှင့် ဘုရားသခင်၏ လက်တွေ့အရှိတရားကို လူသားအား သိစေဖို့၊ နောက်ဆုံးသောကာလတွင် ကြွလာပြီးဖြစ်သည်။ စိတ်ကူးသက်သက်ဖြစ်ပြီး စိတ်ကူးယဉ်ဖန်တီးထားသော ဘုရားသခင်တစ်ပါး၏ ပုံရိပ်ကို- တစ်နည်းအားဖြင့် လုံးဝ မတည်ရှိသည့် ဘုရားသခင်တစ်ပါး၏ပုံရိပ်ကို ဖယ်ရှားရန် ဘုရားသခင် ကြွလာပြီးဖြစ်သည်။ ထို့ကြောင့် ယခု တန်ဖိုးရှိသည့် တစ်ခုတည်းသော အရာမှာ သင့်အတွက် လက်တွေ့အရှိတရားနှင့်ဆိုင်သည့် အသိပညာတစ်ခု ရှိဖို့ ဖြစ်သည်။ သမ္မာတရားသည် အရာရာကို ကျော်လွန်၏။ ယနေ့တွင် သမ္မာတရား မည်မျှကို သင် ပိုင်ဆိုင်သနည်း။ နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို ပြသောသူအားလုံးသည် ဘုရားသခင် ဖြစ်ပါ၏လော။ ဆိုးယုတ်သော ဝိညာဉ်များသည်လည်း နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို ပြနိုင်ကြသည်၊ ၎င်းတို့အားလုံးသည် ဘုရားသခင် ဖြစ်ပါ၏လော။ ဘုရားသခင်၌ လူသား၏ ယုံကြည်မှုတွင်၊ နိမိတ်လက္ခဏာများနှင့် အံ့ဖွယ်ရာများထက်၊ လူသားရှာဖွေသော အရာမှာ သမ္မာတရားဖြစ်ပြီး၊ သူ လိုက်စားသောအရာမှာ အသက်ဖြစ်ပေသည်။ ဤသည်မှာ ဘုရားသခင်ကို ယုံကြည်သော သူအားလုံး၏ ရည်မှန်းချက်ပန်းတိုင် ဖြစ်သင့်ပေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အရာအားလုံးကို ဘုရားသခင်၏ နှုတ်ကပတ်တော်ဖြင့် စွမ်းဆောင်ရရှိသည်

နောက်ဆုံးသောကာလ၏ အမှုတွင်၊ နှုတ်ကပတ်တော်သည် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်အမှုများ၏ ထင်ရှားပြသခြင်းထက် ပိုမို တန်ခိုးကြီးမားပြီး၊ နှုတ်ကပတ်တော်၏ သြဇာအာဏာသည် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်အမှုများ၏ သြဇာအာဏာကို ကျော်လွန်သည်။ နှုတ်ကပတ်တော်သည် လူသား၏ စိတ်နှလုံးထဲ နက်ရှိုင်းစွာ မြှုပ်နှံထားသော ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများ အားလုံးကို ဖော်ထုတ်သည်။ သင်သည် မိမိဘာသာ ထိုအရာများကို သတိပြုမိဖို့ ဖြစ်နိုင်မည်မဟုတ်။ ယင်းတို့ကို နှုတ်ကပတ်တော်မှတစ်ဆင့် သင့်ရှေ့၌ ဖွင့်ချထားသည့်အခါတွင်၊ သင်သည် အလိုအလျောက် ယင်းတို့ကို ရှာတွေ့လာလိမ့်မည်။ ထိုအရာများကို သင်သည် ငြင်းပယ်နိုင်မည် မဟုတ်သကဲ့သို့၊ သင်သည် လုံးဝဥဿုံ လက်ခံယုံကြည်လိမ့်မည်။ ဤသည်ကား နှုတ်ကပတ်တော်၏ သြဇာအာဏာ မဟုတ်လော။ ဤသည်မှာ ယနေ့ နှုတ်ကပတ်တော်၏ အမှုက ရရှိသည့် ရလဒ် ဖြစ်သည်။ သို့ဖြစ်ရာ လူသားသည် သူ၏အပြစ်များမှ အပြည့်အဝ ကယ်တင်ခံရသည်မှာ အနာရောဂါ ငြိမ်းစေခြင်းနှင့် နတ်ဆိုးများကို နှင်ထုတ်ခြင်းတို့မှတစ်ဆင့် မဟုတ်သကဲ့သို့၊ နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်အမှုများကို ထင်ရှားပြသခြင်းအားဖြင့်လည်း သူသည် အပြည့်အဝ စုံလင်စေခြင်း မခံရနိုင်ပေ။ အနာရောဂါ ငြိမ်းစေခြင်းနှင့် နတ်ဆိုးများကို နှင်ထုတ်ရန် ဩဇာအာဏာသည် လူအား ကျေးဇူးတော်ကိုသာ ပေးနိုင်သည်၊ သို့သော် လူသား၏ ဇာတိပကတိသည် စာတန်နှင့် သက်ဆိုင်ဆဲ ဖြစ်ပြီး၊ လူ့အတွင်းတွင် ဖောက်ပြန်ပျက်စီးသော ဆိုးယုတ်သည့် စိတ်သဘောထား ကျန်ရှိနေဆဲဖြစ်သည်။ တစ်နည်းအားဖြင့်ဆိုသော်၊ သန့်ရှင်းစေခြင်း မခံရသေးသောအရာသည် အပြစ်နှင့် ညစ်ညူးမှုတို့နှင့် နှီးနွှယ်ဆဲ ဖြစ်ပေသည်။ လူသားသည် နှုတ်ကပတ်တော်၏ ဆောင်ကြဉ်းမှုဖြင့် သန့်စင်စေခြင်းခံရသည့် နောက်မှသာ သူသည် ဘုရားသခင်၏ ရယူခြင်းကို ခံရနိုင်ပြီး သန့်ရှင်းစင်ကြယ်စေခြင်း ခံရလာနိုင်ပေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူ့ဇာတိခံယူခြင်း၏ နက်နဲရာအချက် (၄)

ယနေ့တွင် နောက်ဆုံးသောကာလ၌ ဘုရားသခင် ပြီးမြောက်သည်မှာ အဓိကအားဖြင့် “နှုတ်ကပတ်တော် လူ့ဇာတိခံယူသည်” ဟူသည့် အချက်ဖြစ်သည်ကို သင်တို့အားလုံးအဖို့ ရှင်းရှင်းလင်းလင်း ဖြစ်သင့်ပေသည်။ ကမ္ဘာမြေပေါ်က သူ၏ တကယ့်အမှုမှတစ်ဆင့်၊ လူသားက သူ့ကို သိရန်နှင့် သူနှင့် ထိတွေ့ဆက်ဆံရန်၊ ပြီးလျှင် သူ၏ တကယ့် လုပ်ဆောင်ချက်များကို မြင်ရန် သူ လုပ်ဆောင်ခဲ့သည်။ သူသည် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို ပြနိုင်သကဲ့သို့၊ ထိုသို့ သူမလုပ်ဆောင်နိုင်သော အချိန်များလည်း ရှိသည်ကို ဘုရားသခင်သည် လူသားအား ရှင်းရှင်းလင်းလင်း တွေ့မြင်စေသည်။ ဤသည်မှာ ခေတ်အပေါ် မူတည်ပေသည်။ ဤအရာမှ ဘုရားသခင်သည် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို ပြသနိုင်စွမ်း မရှိဘဲ၊ ယင်းအစား လုပ်ဆောင်ရမည့် အမှုနှင့် အညီ၊ ပြီးလျှင် ခေတ်နှင့်အညီ သူ၏ အမှုပြုခြင်း နည်းလမ်းအား ပြောင်းလဲသည်ကို သင် မြင်နိုင်ပေသည်။ အမှု၏ လတ်တလောအဆင့်တွင်၊ သူသည် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို မပြသပေ။ ယေရှုခေတ်၌ နိမိတ်လက္ခဏာအချို့နှင့် အံ့သြဖွယ်ရာအချို့ကို သူပြသခဲ့သည်မှာ ထိုခေတ်၌ သူ၏အမှုသည် မတူကွဲပြားသောကြောင့် ဖြစ်သည်။ ယနေ့တွင် ဘုရားသခင်သည် ထိုအမှုကို မလုပ်ဆောင်သကဲ့သို့၊ လူအချို့က နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို သူ ပြသနိုင်စွမ်းမရှိဟု ယုံကြည်ကြသည် သို့မဟုတ်ပါက နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို သူမပြလျှင်၊ ဘုရားသခင် မဟုတ်ဟု ၎င်းတို့ တွေးထင်ကြလေသည်။ ယင်းမှာ အတွေးမှားတစ်ခု မဟုတ်လော။ ဘုရားသခင်သည် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို ပြသနိုင်သော်လည်း၊ သူသည် မတူကွဲပြားသောခေတ်တွင် အမှုပြုနေခြင်းဖြစ်သောကြောင့်၊ ထိုကဲ့သို့သောအမှုကို သူ မလုပ်ဆောင်ပေ။ ဤသည်မှာ မတူကွဲပြားသော ခေတ်ဖြစ်သောကြောင့်၊ ဘုရားသခင်က ပေါ်လွင်စေသည့် လုပ်ဆောင်ချက်သည်လည်း မတူကွဲပြားလေသည်။ ဘုရားသခင်၌ လူသား၏ယုံကြည်ခြင်းသည် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများ၌ ယုံခြင်းမဟုတ်သကဲ့သို့၊ နိမိတ်လက္ခဏာများ၌လည်း ယုံခြင်းမဟုတ်ဘဲ၊ အသစ်သောခေတ်အတွင်း သူ၏ စစ်မှန်သော အမှုကို ယုံကြည်ခြင်း ဖြစ်သည်။ ဘုရားသခင်၏ အမှုပြုသည့် နည်းဟန်မှတစ်ဆင့် လူသားသည် ဘုရားသခင်ကို သိလာပြီး ဤအသိပညာက လူ၏အထဲ၌ ယုံကြည်မှု၊ ဆိုလိုသည်မှာ ဘုရားသခင်၏အမှုနှင့် လုပ်ဆောင်ချက်များ၌ ယုံကြည်မှုကို ဖြစ်ပေါ်စေသည်။ အမှု၏ဤအဆင့်တွင်၊ ဘုရားသခင်သည် အဓိကအားဖြင့် စကားပြောဆိုသည်။ နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို မြင်ရဖို့ မစောင့်ဆိုင်းနှင့်။ တစ်ခုတစ်လေကိုမျှ သင်တွေ့ရလိမ့်မည် မဟုတ်။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် သင်သည် ကျေးဇူးတော်ခေတ်အတွင်းတွင် မွေးဖွားခဲ့ခြင်း မဟုတ်သောကြောင့် ဖြစ်သည်။ သင်‌ မွေးဖွားခဲ့ပါက၊ နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို မြင်တွေ့နိုင်ပြီး ဖြစ်ပေမည်၊ သို့သော် သင်သည် နောက်ဆုံးသောကာလအတွင်း မွေးဖွားခဲ့သောကြောင့်၊ ဘုရားသခင်၏ စစ်မှန်မှုနှင့် ပုံမှန်ဖြစ်မှုတို့ကိုသာ သင် တွေ့နိုင်သည်။ နောက်ဆုံးသောကာလအတွင်းတွင် သဘာဝလွန်ယေရှုကို မြင်တွေ့ရဖို့ မမျှော်လင့်နှင့်။ သင်သည် မည်သည့် ပုံမှန် လူသားနှင့်မျှ မကွဲပြားသည့် လက်တွေ့ကျသော လူ့ဇာတိခံ ဘုရားသခင်ကိုသာ မြင်နိုင်ပေသည်။ ခေတ်အသီးသီးတွင်၊ ဘုရားသခင်သည် မတူကွဲပြားသော လုပ်ဆောင်ချက်များကို ပေါ်လွင်စေသည်။ ခေတ်အသီးသီးတွင်၊ သူသည် ဘုရားသခင်၏ လုပ်ဆောင်ချက်များထဲမှ တစ်စိတ်တစ်ဒေသကို ပေါ်လွင်စေပြီး၊ ခေတ်အသီးသီး၏ အမှုသည် ဘုရားသခင်၏ စိတ်သဘောထား၏ တစ်စိတ်တစ်ဒေသနှင့် ဘုရားသခင်၏ လုပ်ဆောင်ချက်များ၏ တစ်စိတ်တစ်ဒေသကို ကိုယ်စားပြုလေသည်။ ဘုရားသခင် ပေါ်လွင်စေသည့် လုပ်ဆောင်ချက်သည် သူ အမှုပြုသည့် ခေတ်နှင့်အတူ ခြားနား၏၊ သို့သော် ယင်းတို့အားလုံးသည် လူသားအား သာ၍ နက်ရှိုင်းသည့် ဘုရားသခင်နှင့် ပတ်သက်သော အသိပညာ၊ သာ၍ စစ်မှန်ကာ လက်တွေ့ကျသော ဘုရားသခင်၌ ယုံကြည်မှုကို ပေးလေသည်။ လူက ဘုရားသခင်၏ လုပ်ဆောင်ချက်များ အားလုံးကြောင့်၊ ဘုရားသခင်သည် အလွန်အံ့ဖွယ်၊ အလွန်ကြီးမြတ်သောကြောင့်၊ သူသည် အနန္တတန်ခိုးရှိပြီး နားလည်၍မရနိုင်သောကြောင့်၊ ဘုရားသခင်ကို ယုံကြည်ခြင်း ဖြစ်သည်။ အကယ်၍ သူသည် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို ပြနိုင်ပြီး၊ မကျန်းမာသောသူများကို အနာငြိမ်းစေကာ နတ်ဆိုးများကို နှင်ထုတ်နိုင်သောကြောင့် ဘုရားသခင်ကို သင် ယုံကြည်ပါက၊ သင်၏အမြင်သည် မှားယွင်းပြီး၊ လူအချို့က “ဝိညာဉ်ဆိုးများသည်လည်း ထိုသို့သော အရာများကို လုပ်ဆောင်နိုင်သည် မဟုတ်လော။” ဟု သင့်ကို ပြောကြလိမ့်မည်။ ဤသည်မှာ ဘုရားသခင်၏ပုံရိပ်ကို စာတန်၏ပုံရိပ်နှင့် ရောထွေးခြင်း ဖြစ်သည် မဟုတ်လော။ ယနေ့တွင် ဘုရားသခင်၌ လူသား၏ ယုံကြည်မှုမှာ သူ၏ များစွာသော လုပ်ဆောင်ချက်များ၊ သူလုပ်ဆောင်သည့် အမှု၏ ကြီးမားသော ပမာဏနှင့် သူပြောဆိုသည့် နည်းလမ်းများစွာကြောင့် ဖြစ်သည်။ ဘုရားသခင်သည် လူသားကို သိမ်းပိုက်ရန်နှင့် စုံလင်စေရန် သူ၏မိန့်မြွက်ချက်များကို အသုံးပြုသည်။ လူသားက ဘုရားသခင်ကို သူ၏ လုပ်ဆောင်ချက်များစွာကြောင့် ယုံကြည်ခြင်းဖြစ်ပြီး၊ သူသည် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို ပြနိုင်သောကြောင့် မဟုတ်ပေ။ လူတို့သည် ဘုရားသခင်ကို သူ၏ လုပ်ဆောင်ချက်များအား မျက်မြင်တွေ့ခြင်းအားဖြင့်သာ သိရှိလေသည်။ ဘုရားသခင်၏ တကယ့် လုပ်ဆောင်ချက်များ၊ သူမည်သို့အမှုပြုသည်၊ မည်သည့် ဉာဏ်ပညာ ရှိသော နည်းစနစ်ကို သူ အသုံးပြုသည်၊ သူမည်သို့စကားပြောဆိုပြီး လူသားကို မည်သို့စုံလင်စေသည်တို့ကို သိရှိခြင်းအားဖြင့်သာ- ဤသွင်ပြင်လက္ခဏာများကို သိရှိခြင်းအားဖြင့်သာ- သင်သည် မည်သည့်အရာကို သူနှစ်သက်သည်၊ မည်သည့်အရာကို သူ စက်ဆုပ်ရွံရှာသည်ဆိုသည်နှင့် လူသားအပေါ် သူမည်သို့အမှုပြုသည် ဆိုသည်တို့ကို သိလျက်၊ ဘုရားသခင်၏ စစ်မှန်မှုကို သဘောပေါက်နိုင်ပြီး သူ၏ စိတ်သဘောထားကို နားလည်နိုင်ပေသည်။ ဘုရားသခင်၏ ကြိုက်သည့်အရာများနှင့် မကြိုက်နှစ်သက်သည့်အရာများကို သိနားလည်ခြင်းအားဖြင့်၊ သင်သည် အပြုသဘောဆောင်သောအရာနှင့် အပျက်သဘောဆောင်သော အရာတို့အကြား ခွဲခြားနိုင်ကာ၊ ဘုရားသခင်နှင့်ပတ်သက်သည့် သင်၏အသိပညာမှတစ်ဆင့် သင်၏ အသက်တာတွင် တိုးတက်မှုရှိပေသည်။ တိုတိုပြောရလျှင်၊ သင်သည် ဘုရားသခင်၏ အမှုနှင့်ပတ်သက်သည့် အသိပညာကို ရရှိရမည် ဖြစ်ပြီး၊ ဘုရားသခင်ကို ယုံကြည်ခြင်းနှင့်ပတ်သက်သည့် သင်၏အမြင်ကို မှန်မှန်ကန်ကန် ထားရှိရမည် ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ယနေ့ ဘုရားသခင်၏ အမှုကို သိခြင်း

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်နောက်လိုက်ခြင်းနှင့် လူသားနောက်လိုက်ခြင်းသည် အဘယ်နည်း

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ- ဘုရားသခင်နောက်လိုက်ရာတွင် အဓိက အရေးကြီးသောအရာမှာ အရာရာတိုင်းသည် ယနေ့ ဘုရားသခင်၏...

ခရစ်တော် အယောင်ဆောင်သောသူတစ်ဦးကို မည်သို့ ခွဲခြားနိုင်သနည်း၊ ပြီးလျှင် သူ၏ ဝိသေသလက္ခဏာများမှာ အဘယ်နည်း

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ- “ထိုအခါ သူတပါးက ဤအရပ်၌ ခရစ်တော်ရှိသည်၊ ထိုအရပ်၌ရှိသည်ဟု ဆိုသော်လည်း မယုံကြနှင့်။ အကြောင်းမူကား၊...

သမ္မာတရားနှင့် သမ္မာတရားကို အမှန်တကယ် ဖော်ပြနိုင်သည့်သူတို့ကို သတိပြုမိနိုင်သည့်နည်းလမ်း

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ- ဘုရားသခင် ကိုယ်တော်တိုင်သည် အသက်ဖြစ်သည်၊ သမ္မာတရားလည်း ဖြစ်ပြီး၊ သူ၏အသက်နှင့် သမ္မာတရားသည်...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။