သမ္မာတရားနှင့် သမ္မာတရားကို အမှန်တကယ် ဖော်ပြနိုင်သည့်သူတို့ကို သတိပြုမိနိုင်သည့်နည်းလမ်း

22.09.2019

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

ဘုရားသခင် ကိုယ်တော်တိုင်သည် အသက်ဖြစ်သည်၊ သမ္မာတရားလည်း ဖြစ်ပြီး၊ သူ၏အသက်နှင့် သမ္မာတရားသည် အတူယှဉ်တွဲ တည်ရှိကြ၏။ သမ္မာတရားကို ရရှိနိုင်စွမ်း မရှိသူများသည် မည်သည့်အခါတွင်မျှ အသက်ကို ရရှိလိမ့်မည် မဟုတ်။ သမ္မာတရား၏ လမ်းပြမှု၊ ပံ့ပိုးမှုနှင့် ထောက်ပံ့မှုမရှိဘဲနှင့်၊ သင်သည် ကျမ်းဟောင်းတရားများ၊ အယူဝါဒများနှင့် အားလုံးထက် သေခြင်းကိုသာ ရရှိလိမ့်မည် ဖြစ်သည်။ ဘုရားသခင်၏ အသက်သည် အစဉ်ရှိနေပြီး၊ သူ၏သမ္မာတရားနှင့် အသက်တို့သည် အတူယှဉ်တွဲတည်ရှိ၏။ သင်သည် သမ္မာတရား၏ အရင်းအမြစ်ကို ရှာမတွေ့နိုင်ပါက၊ အသက်၏အာဟာရကို ရရှိလိမ့်မည် မဟုတ်ပေ။ သင်သည် အသက်၏ ထောက်ပံ့မှုကို မရရှိနိုင်ပါက၊ ဧကန်မုချ သမ္မာတရား ရှိလိမ့်မည် မဟုတ်၊ ထို့ကြောင့် စိတ်ကူးစိတ်သန်းများနှင့် အယူအဆများမှအပ၊ သင်၏ခန္ဓာကိုယ် တစ်ခုလုံးသည် အသွေးအသား၊ သင်၏ နံစော်သော အသွေးအသားကလွဲ၍ မည်သည့်အရာမျှ ဖြစ်လိမ့်မည် မဟုတ်။ စာအုပ်တို့၏ စကားလုံးများသည် အသက်ဟု မယူဆသည်ကို သိလော့၊ သမိုင်းမှတ်တမ်းများကို သမ္မာတရားအဖြစ် ဂုဏ်ပြု၍ မရနိုင်သကဲ့သို့၊ အတိတ်၏ စည်းမျဉ်းစည်းကမ်းများသည် ဘုရားသခင်က ယခုပြောသော နှုတ်ကပတ်တော်များ၏ မှတ်တမ်းတစ်ခုအဖြစ် အသုံးမခံနိုင်ပေ။ ဘုရားသခင် ကမ္ဘာမြေသို့ ကြွလာပြီး၊ လူသားအလယ် နေထိုင်ချိန်တွင် ဖော်ပြသော အရာသည်သာ သမ္မာတရား၊ အသက်၊ ဘုရားသခင်၏ အလိုနှင့် သူ၏လက်ရှိ အမှုပြုသည့် နည်းလမ်း ဖြစ်၏။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နောက်ဆုံးသော ကာလ၏ ခရစ်တော်သည်သာ လူသားအား ထာဝရအသက်၏ လမ်းခရီးကို ပေးနိုင်သည်

သမ္မာတရားသည် ဘဝဆောင်ပုဒ်များ၏ အစစ်မှန်ဆုံးသော အရာဖြစ်ပြီး လူသားမျိုးနွယ်အားလုံးအကြား ထိုကဲ့သို့ဆောင်ပုဒ်များ၏ အမြင့်ဆုံးသောအရာဖြစ်သည်။ ယင်းမှာ ဘုရားသခင်က လူသားအပေါ် တောင်းဆိုချက်ဖြစ်ပြီး ဘုရားသခင်ကိုယ်တိုင် လုပ်ဆောင်သည့်အမှု ဖြစ်သောကြောင့် ယင်းကို ဘဝ၏ ဆောင်ပုဒ်ဟုခေါ်ခြင်း ဖြစ်သည်။ ယင်းမှာ တစ်စုံတစ်ရာမှ ကောက်ချက်ချထားသော ဆောင်ပုဒ်တစ်ခု မဟုတ်သလို၊ ကြီးမြတ်သောပုဂ္ဂိုလ်တစ်ဦးထံမှ နာမည်ကျော် ကိုးကားချက် တစ်ခုလည်း မဟုတ်ပေ။ ယင်းအစား၊ ၎င်းမှာ လူသားမျိုးနွယ်ဆီ ကောင်းကင်၊ မြေကြီးနှင့် အရာခပ်သိမ်းတို့၏ အရှင်သခင်ထံမှ မိန့်မြွက်ချက်ဖြစ်သည်။ လူသားမှ ကောက်ချက်ချထားသော စကားလုံးအချို့မဟုတ်ဘဲ၊ ဘုရားသခင်၏ ပင်ကိုအသက်ဖြစ်သည်။ ထို့ကြောင့် ယင်းကို ဘဝဆောင်ပုဒ်အပေါင်း၏ အမြင့်ဆုံးဟု ခေါ်ခြင်းဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်နှင့် သူ၏ အမှုကို သိရှိသူတို့သာ ဘုရားသခင်ကို ကျေနပ်စေနိုင်၏

သမ္မာတရားသည် လူ့လောကမှ လာသော်ငြားလည်း၊ လူတို့ အလယ်ရှိ သမ္မာတရားကို ခရစ်တော်က လက်ဆင့်ကမ်းပေးခြင်း ဖြစ်သည်။ ယင်းသည် ခရစ်တော်ထံမှ၊ ဆိုလိုသည်မှာ ဘုရားသခင် ကိုယ်တိုင်ထံမှ ပေါ်ပေါက်ခြင်းဖြစ်ပြီး၊ ဤသည်မှာ လူ တတ်နိုင်စွမ်းသော အရာတစ်ခု မဟုတ်ပေ။ သို့သော် ခရစ်တော်သည် သမ္မာတရားကိုသာ ထောက်ပံ့ပေးသည်။ လူသည် ၎င်း၏ သမ္မာတရားကို လိုက်စားခြင်း၌ အောင်မြင်မည်၊ မအောင်မြင်မည်ကို ဆုံးဖြတ်ရန် သူ ကြွလာခြင်း မဟုတ်ပေ။ ထို့ကြောင့် သမ္မာတရား၌ အောင်မြင်ခြင်း သို့မဟုတ် ရှုံးနိမ့်ခြင်းသည် လူ၏ လိုက်စားခြင်းကြောင့်သာ ဖြစ်သည်မှာ ယုတ္တိရှိပေသည်။ လူ၏သမ္မာတရား၌ အောင်မြင်ခြင်း သို့မဟုတ် ရှုံးနိမ့်ခြင်းသည် လုံးဝ ခရစ်တော်နှင့် မည်သို့မျှ သက်ဆိုင်ခြင်း မရှိဖူးဘဲ၊ ထိုအစား သူ၏ လိုက်စားခြင်းအားဖြင့်သာ သတ်မှတ်ခြင်း ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်ကိုယ်တိုင်အတွက် အရေးကိစ္စမဟုတ်ဘဲ၊ ဘုရားသခင်၏ အဖန်ဆင်းခံ သတ္တဝါများ ဆောင်ရွက်သင့်သည့် တာဝန်နှင့် တိုက်ရိုက် ဆက်နွှယ်သောကြောင့်၊ ဘုရားသခင် ကိုယ်တော်တိုင်ကို ခေါင်းခံစေဖို့ရန်အလို့ငှာ၊ လူ၏ ခရီးပန်းတိုင်နှင့် သူ၏ အောင်မြင်မှု သို့မဟုတ် ကျရှုံးမှုတို့ကို ဘုရားသခင်၏ ခေါင်းအပေါ်တွင် ပုံချထား၍ မရပေ။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အောင်မြင်မှု သို့မဟုတ် ရှုံးနိမ့်မှုသည် လူလျှောက်သော လမ်းကြောင်းအပေါ်တွင် မူတည်သည်

သမ္မာတရားသည် ပုံသေကားကျ မဟုတ်သကဲ့သို့ နိယာမတစ်ခုလည်း မဟုတ်ပေ။ ယင်းသည် အသေမဟုတ်ပေ- ယင်းကိုယ်၌က အသက် ဖြစ်သည်၊ အသက်ရှင်သော အရာတစ်ခုဖြစ်ပြီး၊ ယင်းမှာ ဖန်ဆင်းခံတစ်ဦးက ဘဝတွင် လိုက်နာရမည့် စည်းကမ်းဖြစ်ကာ၊ ဘဝတွင် လူသားတစ်ဦး ရှိထားရမည့် စည်းမျဉ်း ဖြစ်သည်။ ဤသည်မှာ သင့်အနေဖြင့် အတွေ့အကြုံမှတဆင့် ဖြစ်နိုင်သမျှ များများ နားလည်ရမည့် အရာတစ်ခု ဖြစ်သည်။ သင့်အတွေ့အကြုံတွင် မည်သည့်အဆင့်ကို သင်ရောက်ရှိသည်ဖြစ်စေ၊ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော် သို့မဟုတ် သမ္မာတရားမှ ခွဲခြား၍မရနိုင်သကဲ့သို့၊ ဘုရားသခင်၏ စိတ်သဘောထားနှင့်သက်ဆိုင်သည့် သင်နားလည်သော အရာနှင့် ဘုရားသခင်၏ အရာအားလုံးနှင့်ဖြစ်ခြင်းနှင့်သက်ဆိုင်သည့် သင်သိသောအရာ အားလုံးကို ဘုရားသခင်၏ နှုတ်ကပတ်တော်၌ ဖော်ပြထားပေသည်။ ထိုအရာများသည် သမ္မာတရားနှင့် ခွဲခြား၍မရအောင် ဆက်နွှယ်ထား၏။ ဘုရားသခင်၏ စိတ်သဘောထားနှင့် သူ၏ အရာအားလုံးနှင့်ဖြစ်ခြင်းတို့သည် ယင်းတို့ကိုယ်၌က သမ္မာတရားဖြစ်ကြလေသည်။ သမ္မာတရားသည် ဘုရားသခင်၏ စိတ်သဘောထားနှင့် သူ၏ အရာအားလုံးနှင့်ဖြစ်ခြင်းတို့၏ စစ်မှန်သော သရုပ်သကန်တစ်ခု ဖြစ်သည်။ ယင်းက ဘုရားသခင်၏ အရာအားလုံးနှင့်ဖြစ်ခြင်းကို ခိုင်ခံ့စေပြီး သူ၏ အရာအားလုံးနှင့် ဖြစ်ခြင်းနှင့်သက်ဆိုင်သည့် ရှင်းလင်းသော ထုတ်ပြန်ချက်တစ်ခုကို ပြုလုပ်လေသည်။ ယင်းက ဘုရားသခင် ကြိုက်နှစ်သက်သည့်အရာ၊ သူ မနှစ်သက်သည့်အရာ၊ သင့်ကို သူက လုပ်ဆောင်စေလိုသည့်အရာနှင့် သင့်ကို သူက လုပ်ဆောင်ရန် ခွင့်မပြုသည့်အရာ၊ မည်သည့်လူတို့ကို သူစက်ဆုပ်ပြီး မည်သည့်လူတို့ထံ၌ ဝမ်းမြောက်ခြင်းကို သူ ရရှိသည်ဆိုသည်တို့ကို သာ၍ ရိုးရိုးစင်းစင်း ပြောပြလေသည်။ ဘုရားသခင်ဖော်ပြသော သမ္မာတရားများနောက်ကွယ်တွင် လူတို့သည် သူ၏ သာယာမှု၊ ဒေါသ၊ ဝမ်းနည်းခြင်း၊ ပျော်ရွှင်ခြင်းအပြင် သူ၏အနှစ်သာရတို့ကို မြင်နိုင်သည်- ဤသည်မှာ သူ၏စိတ်သဘောထားနှင့် သက်ဆိုင်သည့် ထုတ်ဖော်ခြင်း ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၃)

သမ္မာတရားသည် အပြုသဘောဆောင်သည့် အရာခပ်သိမ်း၏ စစ်မှန်မှု ဖြစ်သည်။ ယင်းက လူ၏အသက်ဖြစ်နိုင်သကဲ့သို့၊ သူ ခရီးနှင်ရာ ဦးတည်ချက်လည်း ဖြစ်နိုင်သည်။ ယင်းက ၎င်းတို့၏ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဖယ်ရှားဖို့၊ ဘုရားသခင်ကို ကြောက်ပြီး မကောင်းမှုကို ရှောင်ကြဉ်လာဖို့၊ ဘုရားသခင်ကို ရိုသေပြီး အရည်အချင်းပြည့်သော ဖန်ဆင်းခံသတ္တဝါတစ်ဦး ဖြစ်လာဖို့၊ ဘုရားသခင်က ချစ်ပြီး သူ၏လက်ခံမှု ရသည့်သူတစ်ဦး ဖြစ်လာဖို့ ဖြစ်စေနိုင်သည်။ ယင်း၏ အဖိုးတန်မှုကို ထောက်ပါက၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သမ္မာတရားတို့နှင့် စပ်လျဉ်း၍ မည်သည့် သဘောထားနှင့် အမြင်ရှုထောင့်တို့ ရှိသင့်သနည်း။ ယင်းက အတော်အတန် သိသာထင်ရှားပေသည်။ ဘုရားသခင်ကို အမှန်တကယ် ယုံကြည်ပြီး သူ့အတွက် ရိုသေလေးမြတ်သော နှလုံးသားရှိသည့် သူများအတွက်၊ သူ၏နှုတ်ကပတ်တော်များသည် ၎င်းတို့၏ အသက်သွေးဖြစ်သည်။ လူသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တန်ဖိုးထားသင့်ပြီး ယင်းတို့ကို စားသောက်သင့်သည်၊ ပြီးလျှင် ပျော်မွေ့သင့်သည်၊ ပြီးလျှင် ယင်းတို့ကို ၎င်း၏အသက်အဖြစ်၊ ၎င်း၏လမ်းခရီးကို ရှေ့ဆက် လျှောက်ရာတွင် ဦးတည်ချက်အဖြစ်၊ ၎င်း၏ အသင့်ဖြစ်သော အကူအညီနှင့် အထောက်အပံ့အဖြစ် လက်ခံသင့်သည်။ လူသည် သမ္မာတရား၏ ထွက်ဆိုချက်များနှင့် သတ်မှတ်ချက်များနှင့်အညီ ရှင်သန်ကာ၊ လက်တွေ့လုပ်ဆောင်ပြီး တွေ့ကြုံသင့်သည်၊ ပြီးလျှင် ယင်းကို လေ့လာ၊ ခွဲခြမ်းစိတ်ဖြာကာ၊ ထင်ကြေးပေးပြီး သံသယ ရှိခြင်းတို့ထက် ၎င်းနှင့်ပတ်သက်၍ ယင်း၏ တောင်းဆိုမှုများ၊ သမ္မာတရားက ၎င်းအား ပေးအပ်သည့် ထွက်ဆိုချက်နှင့် သတ်မှတ်ချက် တစ်ခုချင်းစီကို ကျိုးနွံနာခံသင့်သည်။ သမ္မာတရားသည် လူ၏အရံသင့် အကူအညီ၊ ၎င်း၏အရံသင့် အထောက်အပံ့ဖြစ်ပြီး ၎င်း၏အသက် ဖြစ်နိုင်သည်နှင့်အညီ၊ ၎င်းသည် ရှင်သန်ဖို့၊ ဘုရားသခင်၏တောင်းဆိုမှုများကို ဖြည့်ဆည်းလာဖို့၊ သူ့ကို ကြောက်ပြီး မကောင်းမှုကို ရှောင်ကြဉ်ဖို့ နှင့် လက်တွေ့လုပ်ဆောင်မှု အခြေခံသဘောတရားများကို နားလည်ပြီး ဘုရားသခင်ကို ကျိုးနွံနာခံခြင်းကို စွမ်းဆောင်ရရှိရင်း၊ လက်တွေ့လုပ်ဆောင်ရမည့် လမ်းကြောင်းကို ၎င်း၏နေ့စဉ်အသက်တာတွင် ရှာဖွေဖို့၊ သမ္မာတရားကို ကိုးစားရမည် ဖြစ်သည့်အတွက်၊ လူသည် သမ္မာတရားကို တန်ဖိုးအရှိဆုံးအရာအဖြစ် သဘောထားသင့်သည်။ လူသည် ၎င်း၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဖယ်ရှားဖို့၊ ကယ်တင်ခြင်းခံရပြီး၊ အရည်အချင်းရှိသည့် ဖန်ဆင်းခံသတ္တဝါတစ်ဦး ဖြစ်လာဖို့ကိုလည်း သမ္မာတရားအပေါ် ကိုးစားရမည်။

အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၌ “၎င်းတို့သည် သမ္မာတရားကို စက်ဆုပ်ရွံရှာသည်၊ အခြေခံသဘောတရားများကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ပြီး ဘုရားသခင့်အိမ်တော်၏ စီစဉ်မှုများကို အလေးမထားပေ (၇)” မှ

ဘုရားသခင် ကိုယ်တိုင်သည် သမ္မာတရားကို ပိုင်ဆိုင်ပြီး၊ သူသည် သမ္မာတရား၏ ရင်းမြစ်ဖြစ်သည်။ အပြုသဘောဆောင်သော အရာတိုင်းနှင့် သမ္မာတရားတိုင်းသည် ဘုရားသခင်ထံမှ လာသည်။ အရာခပ်သိမ်းနှင့် ဖြစ်ရပ်အားလုံးတို့၏ မှန်ခြင်း မှားခြင်းအပေါ် ဘုရားသခင်သည် တရားစီရင်နိုင်သည်။ ဖြစ်ပျက်ပြီးသည့် အရာများ၊ ယခုဖြစ်ပျက်နေသည့် အရာများနှင့် လူသား မသိသေးသည့် အနာဂတ်အရာများအပေါ် ဘုရားသခင်သည် တရားစီရင်နိုင်သည်။ သူသည် ခပ်သိမ်းသောအရာတို့၏ မှန်ခြင်းမှားခြင်းအပေါ် စီရင်ချက်ချနိုင်သည့် တစ်ပါးတည်းသော တရားသူကြီး ဖြစ်သည်။ ဆိုလိုသည်မှာ အရာခပ်သိမ်း၏ မှန်ခြင်း မှားခြင်းကို ဘုရားသခင်သာလျှင် စီရင်နိုင်သည်။ ခပ်သိမ်းသောအရာတို့အတွက် စည်းကမ်းများကို သူသိသည်။ ဤသည်မှာ သမ္မာတရား၏ ပြယုဂ်ဖြစ်ပြီး ဘုရားသခင် ကိုယ်တိုင်သည် သမ္မာတရား၏ အနှစ်သာရကို ပိုင်ဆိုင်သည်ဟု ဆိုလိုသည်။ အကယ်၍ လူသားသည် သမ္မာတရားကို နားလည်သဘောပေါက်ပြီး စုံလင်ခြင်းကို ရရှိပြီး ဖြစ်ပါက သူသည် သမ္မာတရား၏ပြယုဂ်နှင့် သက်ဆိုင်သေးသလော။ လူသားသည် စုံလင်စေခြင်းခံရသောအခါ ဘုရားသခင် ယခု လုပ်ဆောင်သမျှနှင့် သူတောင်းဆိုသမျှအပေါ် မှန်ကန်တိကျသော အကဲဖြတ်မှုတစ်ခု ရှိလေသည်။ ထို့အပြင် လက်တွေ့လုပ်ဆောင်ရန် မှန်ကန်တိကျသော နည်းလမ်းတစ်ခု ရှိလေသည်။ လူသားသည် ဘုရားသခင်၏အလိုတော်ကိုလည်း နားလည်သဘောပေါက်ပြီး အမှန်နှင့်အမှားကို သိ၏။ သို့တိုင် ဘုရားသခင် ပြောပြမှသာ သိနိုင်သော၊ လူတို့အဖို့ အလှမ်းမမီသည့် အမှုအရာအချို့ ရှိနေသည်- လူသားသည် ယခုတိုင် မသိသေးသည့်အရာများ၊ ဘုရားသခင် လူသားအား မပြောသေးသည့်အရာများကို မသိနိုင်ဘဲ၊ လူသားသည် ခန့်မှန်းချက်များ မလုပ်နိုင်ပေ။ ထို့အပြင် လူသားသည် ဘုရားသခင်ထံမှ သမ္မာတရားကိုရကာ သမ္မာတရား စစ်မှန်မှုကို ပိုင်ဆိုင်ပြီး၊ သမ္မာတရားများစွာ၏ အနှစ်သာရကို သိရှိကာ၊ အမှန်နှင့်အမှားကိုလည်း ပြောနိုင်စွမ်းရှိပါက၊ သူသည် အရာခပ်သိမ်းကို ထိန်းချုပ်ကာ အုပ်စိုးနိုင်သော အစွမ်းရှိမည် မဟုတ်ပေ။ ယင်းသည် ခြားနားချက် ဖြစ်သည်။ ဖန်ဆင်းခံ သတ္တဝါများသည် သမ္မာတရားကို သမ္မာတရား၏ ရင်းမြစ်မှသာလျှင် အမြဲရရှိနိုင်သည်။ သမ္မာတရားကို လူသားထံမှ ၎င်းတို့ ရနိုင်သလော။ လူသည် သမ္မာတရားဖြစ်သလော။ လူသည် သမ္မာတရားကို ပေးနိုင်သလော။ မပေးနိုင်ပေ၊ ပြီးလျှင် ယင်းသည် ခြားနားချက်ဖြစ်သည်။ သင်သည် သမ္မာတရားကို ရရှိရုံရရှိနိုင်သည်၊ မပံ့ပိုးပေးနိုင်ပေ- သင့်ကို သမ္မာတရား၏ပြယုဂ်ဟု ခေါ်ဆိုနိုင် သလော။ သမ္မာတရား ပြယုဂ်၏ အနှစ်သာရဆိုသည်မှာ ဘယ်အရာ အတိအကျဖြစ်သနည်း။ ယင်းမှာ သမ္မာတရားကိုပံ့ပိုးသော ရင်းမြစ်၊ ခပ်သိမ်းသော အရာများအပေါ် အုပ်စိုးမှုနှင့် အချုပ်အခြာအာဏာ၏ ရင်းမြစ်ဖြစ်ပြီး၊ အရာခပ်သိမ်းနှင့် ဖြစ်ရပ်အားလုံးကို အကဲဖြတ်သော စံနှုန်းများနှင့် စည်းကမ်းများလည်းဖြစ်သည်။ ဤသည်မှာ သမ္မာတရား၏ပြယုဂ်ပေတည်း။

အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၌ “၎င်းတို့သည် အခြားသူများအား သမ္မာတရား သို့မဟုတ် ဘုရာသခင်ကို မနာခံစေဘဲ၊ ၎င်းတို့ကိုသာ နာခံစေသည် (၃)” မှ

ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် သမ္မာတရားဖြစ်သည်။ ထိုနှုတ်ကပတ်တော်များသည် လူသားမျိုးနွယ် ရပ်တည်သင့်သည့် အခြေခံအုတ်မြစ်နှင့် ဥပဒေသတို့ဖြစ်ပြီး၊ လူသားမျိုးနွယ်မှ အစပြုဖြစ်ပေါ်လာသည့် သက်ဝင်ယုံကြည်မှု ဆိုသောအရာများသည် ဘုရားသခင်၏ ပြစ်တင်ရှုတ်ချခြင်း ခံရလေသည်။ ထိုအရာများကို သူလက်သင့်မခံပေ၊ သူ၏ မိန့်မြွက်ချက်များ၏ ဇာစ်မြစ် သို့မဟုတ် အခြေခံ အကြောင်းအရင်း ဖြစ်ဖို့ဆိုသည်မှာ ပို၍ နည်းသေးပေသည်။ ဘုရားသခင်သည် သူ၏ နှုတ်ကပတ်တော်များအားဖြင့် သူ၏စိတ်သဘောထားနှင့် သူ၏ အနှစ်သာရတို့ကို ဖော်ပြသည်။ သူ့၌ ဘုရားသခင်၏ အနှစ်သာရရှိသည့်အတွက်၊ ဘုရားသခင်၏ ဖော်ပြချက်အားဖြင့် ဖြစ်ပေါ်စေခဲ့သည့် နှုတ်ကပတ်တော်များအားလုံးသည် သမ္မာတရား ဖြစ်ပြီး သူသည် အပြုသဘောဆောင်သည့် အရာအားလုံး၏ လက်တွေ့အရှိတရား ဖြစ်သည်။ ဤဖောက်ပြန်ပျက်စီးသည့် လူသားမျိုးနွယ်သည် ထိုနှုတ်ကပတ်တော်များကို မည်သည့် နေရာထားပါစေ၊ သို့မဟုတ် မည်သို့ သတ်မှတ်ပါစေ၊ သို့မဟုတ် မည်သို့ ရှုမြင်ပါစေ၊ သို့မဟုတ် မည်သို့ နားလည်ပါစေ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် သမ္မာတရား ဖြစ်သည်ဆိုသည့်အချက်က မည်သည့်အခါမျှ မပြောင်းလဲပေ။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မည်မျှ ပြောကြားပြီးဖြစ်ပါစေ၊ ဤဖောက်ပြန်ပျက်စီးပြီး အပြစ်ရှိသော လူသားမျိုးနွယ်သည် ယင်းတို့ကို မည်မျှ ပြစ်တင်ရှုတ်ချပြီး ငြင်းပယ်ပါစေ၊ ယင်းမှာ ပြောင်းလဲ၍မရနိုင်ဟူသည် အမှန်တရားက ဆက်လက်တည်ရှိနေသည်။ ဤအခြေအနေများ၌ပင်၊ လူသားမျိုးနွယ်တို့ တန်ဖိုးထားသည့် ယဉ်ကျေးမှုနှင့် ထုံးတမ်းအစဉ်အလာများ ဆိုသည့်အရာများသည် အပြုသဘောဆောင်သည့် အရာများ ဖြစ်မလာနိုင်ဘဲ၊ သမ္မာတရားလည်း ဖြစ်မလာနိုင်ပေ။ ဤသည်မှာ မပြောင်းလဲနိုင်ပေ။ ပြောင်းလဲမှုများ သို့မဟုတ် အချိန်ကုန်လွန်သွားခြင်းတို့ကြောင့် လူသားမျိုးနွယ်၏ ထုံးတမ်းအစဉ်အလာ ရိုးရာယဉ်ကျေးမှုနှင့် ဖြစ်တည်မှုနည်းလမ်းတို့သည် သမ္မာတရား ဖြစ်လာလိမ့်မည် မဟုတ်ဘဲ၊ လူသားမျိုးနွယ်၏ ပြစ်တင်ရှုတ်ချခြင်း သို့မဟုတ် မေ့လျော့တတ်ခြင်းတို့ကြောင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် လူတို့၏ စကားများ ဖြစ်လာလိမ့်မည် မဟုတ်ပေ။ ဤအနှစ်သာရသည် လုံးဝ ပြောင်းလဲလိမ့်မည် မဟုတ်ပေ။ သမ္မာတရားသည် အမြဲတမ်း သမ္မာတရားဖြစ်သည်။ ဤ၌ မည်သည့် အမှန်တရား တည်ရှိသနည်း။ လူသားမျိုးနွယ် အကျဉ်းရုံးထားသည့် ဆိုရိုးများအားလုံးသည် စာတန်၌ အစပြုလာလေသည်- ၎င်းတို့သည် လူတို့၏ စိတ်ကူးများနှင့် အယူအဆများ ဖြစ်သည်၊ လူတို့၏ သွေးဆူခြင်းမှပင် ပေါ်ပေါက်လာ၍ အပြုသဘောဆောင်သည့် အရာများနှင့် လုံးလုံးလျားလျား မသက်ဆိုင်ပေ။ သို့သော်ငြားလည်း ဘုရားသခင်၏ နှုတ်ကပတ်တော်များကမူ ဘုရားသခင်၏ အနှစ်သာရနှင့် အဆင့်အတန်းတို့နှင့် သက်ဆိုင်သော ဖော်ပြချက်များ ဖြစ်သည်။ သူသည် ဤနှုတ်ကပတ်တော်များကို မည်သည့် အကြောင်းရင်းအတွက် ဖော်ပြလေသနည်း။ ထိုနှုတ်ကပတ်တော်များသည် သမ္မာတရား ဖြစ်သည်ဟု ငါ အဘယ့်ကြောင့် ပြောသနည်း။ အကြောင်းအရင်းမှာ ဘုရားသခင်သည် အရာခပ်သိမ်း၏ ဥပဒေသများ၊ အခြေခံ သဘောတရားများ၊ အရင်းအမြစ်များ၊ အနှစ်သာရများ၊ အဖြစ်မှန်များနှင့် နက်နဲမှုများ အားလုံးတို့ကို အုပ်စိုးပြီး၊ ၎င်းတို့ကို ဘုရားသခင်၏ လက်ထဲတွင် ဆုပ်ကိုင်ထားသည်၊ ပြီးလျှင် ဘုရားသခင် တစ်ပါးတည်းသာလျှင် ယင်းတို့၏မူလဇစ်မြစ်ကို သိထားသည်။ သူသည် ၎င်းတို့၏ မူလဇာစ်မြစ်များနှင့် ၎င်းတို့၏ အရင်းအမြစ်များသည် အမှန်တကယ် မည်သည့်အရာ ဖြစ်သည်တို့ကို သိထားသည်။ ထို့ကြောင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၌ ထုတ်ဖော်ပြထားသည့် အရာခပ်သိမ်း၏ အဓိပ္ပာယ်သတ်မှတ်ချက်များသာလျှင် အမှန်ကန် အတိကျဆုံး ဖြစ်ပြီး၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များအတွင်းရှိ လူသားမျိုးနွယ် အတွက် သတ်မှတ်ချက်များသာလျှင် လူသားမျိုးနွယ်အတွက် တစ်ခုတည်းသော စံနှုန်း- လူသားမျိုးနွယ် ဘဝရပ်တည်သင့်သည့် တစ်ခုတည်းသော မှတ်ကျောက်များဖြစ်လေသည်။ မည်သို့ပင်ဖြစ်စေကာမူ၊ လူသားမျိုးနွယ်တည်ရှိဖို့ အသုံးပြုသည့် ဥပဒေများသည် တစ်ဖက်တွင် အရာခပ်သိမ်းကို ဘုရားသခင် အုပ်စိုးသည်ဆိုသည့် အချက်ကို ချိုးဖောက်ခြင်းမှ ဆင်းသက်လာပြီး၊ အခြားတစ်ဖက်တွင် အရာခပ်သိမ်း၏ ဥပဒေသများအပေါ် ဘုရားသခင်၏ အချုပ်အခြာစိုးမိုးသည်ဆိုသည့် အချက်ကို ချိုးဖောက်ခြင်းတစ်ခုမှ ဆင်းသက်လာသည်။ ယင်းတို့သည် လူသား၏စိတ်ကူးများနှင့် အယူအဆများမှလာပြီး စာတန်ထံမှလည်း လာသည်။ စာတန်သည် မည်သည့်အခန်းကဏ္ဍမှ ပါဝင်သနည်း။ ပထမဦးစွာ စာတန်သည် သမ္မာတရားကို တူအောင်တုသည်။ ဒုတိယအနေဖြင့် ၎င်းက ဘုရားသခင်၏ အရာခပ်သိမ်းကို ဖန်ဆင်းခြင်းနှင့်သက်ဆိုင်သည့် အခြေခံသဘောတရားများနှင့် ဥပဒေသများအားလုံးကို ဖျက်ဆီးကာ၊ နှောင့်ယှက်ပြီး နင်းခြေသည်။ ထို့ကြောင့် စာတန်ထံမှ လာသည့်အရာများသည် ၎င်း၏အနှစ်သာရနှင့် အတိအကျ ကိုက်ညီပြီး စာတန်၏ ဆိုးညစ်သော ရည်ရွယ်ချက်များ၊ စုံစမ်းသွေးဆောင်ခြင်းများနှင့် အယောင်ဆောင်မှုများအပြင်၊ စာတန်၏ မည်သည့်အခါမျှ မပြောင်းလဲသည့် ရည်ရွယ်ချက်တို့ဖြင့် ပြည့်နှက်နေသည်။ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်က ယင်းတို့ကို ထိုးထွင်းသိမြင်နိုင်သည်ဖြစ်စေ မသိမြင်နိုင်သည်ဖြစ်စေ၊ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်က ယင်းတို့ကို လက်ခံသည့် အတိုင်းအတာမည်မျှ ရှိပါစေ၊ ပြီးလျှင် ဖောက်ပြန်ပျက်စီးသည့် လူသားမျိုးနွယ် ယင်းတို့ကို ကြည်ညိုကာ၊ ယင်းတို့ကို ကိုးကွယ်ပြီး ယင်းတို့ကို ဟောကြားသည့် ခေတ်ကာလအတွင်း တည်တံ့မှု မည်မျှရှိသည်ဖြစ်စေ၊ ပြီးလျှင် လူမည်မျှကလည်း ယင်းတို့ကို ကြည်ညိုကာ၊ ကိုးကွယ်ပြီး၊ ဟောကြားသည်ဖြစ်စေ၊ ဤအရာများသည် မည်သည့်အခါမျှ သမ္မာတရားဖြစ်လာလိမ့်မည် မဟုတ်ပေ။ ယင်းတို့၏ အနှစ်သာရ၊ ဇာစ်မြစ်နှင့် အရင်းအမြစ်တို့သည် စာတန်ဖြစ်ကာ၊ ဘုရားသခင်၏ ရန်သူတော်ဖြစ်ပြီး သမ္မာတရားကို ရန်လိုသည့် စာတန် ဖြစ်သည့်အတွက်၊ ယင်းတို့သည် မည်သည့်အခါမျှ သမ္မာတရား ဖြစ်လာလိမ့်မည် မဟုတ်ပေ၊ ပြီးလျှင် အပျက်သဘောဆောင်သည့် အရာများအဖြစ် ဆက်လက်တည်ရှိလိမ့်မည်။ ယင်းတို့ကို ယှဉ်ကြည့်ရန် သမ္မာတရားမရှိသည့်အခါတွင်၊ ယင်းတို့က ကောင်းမြတ်ပြီး၊ အပြုသဘောဆောင်သည်ဟု ဟန်ဆောင်ကောင်း ဟန်ဆောင်နိုင်သည်၊ သို့ရာတွင် ယင်းတို့ကို စိစစ်ပြီး ဖော်ထုတ်ဖို့ သမ္မာတရားကို အသုံးပြုသည့်အခါတွင်၊ ယင်းတို့သည် ပျော့ကွက် ကင်းမဲ့ခြင်း မရှိပေ။ ယင်းတို့သည် ခိုင်မာစွာ မရပ်တည်နိုင်ပေ၊ ပြီးလျှင် ယင်းတို့သည် လျင်မြန်စွာ ပြစ်တင်ရှုတ်ချခံရကာ၊ ဖော်ထုတ်ခံရပြီး ဘေးဖယ်ခံရသည့် အရာများဖြစ်သည်။ ဘုရားသခင် ဖော်ပြသည့် သမ္မာတရားသည် ဘုရားသခင် ဖန်ဆင်းထားသည့် လူသားမျိုးနွယ်၏ သာမန်လူ့သဘာဝ၏ လိုအပ်ချက်များနှင့် အတိအကျ ကိုက်ညီသည်၊ သို့သော်လည်း စာတန်က လူသားကို ပေးသည့်အရာသည် ထိုလိုအပ်ချက်များကို အတိအကျ ချိုးဖောက်လျက်ရှိသည်။ ယင်းက ပုံမှန်လူတစ်ယောက်ကို မူမမှန် ဖြစ်စေသည်၊ လွန်ကြူးစေသည်၊ သဘောထားကျဉ်းမြောင်းစေသည်၊ မာနထောင်လွှားစေသည်၊ မိုက်မဲစေသည်၊ ဆိုးယုတ်စေသည်၊ မာကြောစေသည်၊ ရက်စက်စေသည်၊ ပြီးလျှင် အားလုံးထက်ပို၍ မခံမရပ်နိုင်လောက်အောင် မာနထောင်လွှားစေသည်။ တစ်ချိန်ချိန်တွင် ထိုသူသည် ၎င်းတို့မည်သူမှန်းပင် မသိတော့ဘဲ၊ စိတ်ရူးသွပ်လာသည်။ ၎င်းတို့သည် ပုံမှန်လူများဖြစ်ဖို့ ငြင်းဆန်ကြလင့်ကစား၊ ပုံမှန်မဟုတ်သည့် လူသားများအဖြစ်လည်း ပြုမူရပေမည်။ ၎င်းတို့သည် သာမန် လူတစ်ယောက်ဖြစ်ဖို့ ငြင်းဆန်သော်လည်း၊ ထိုအစား သာလွန်သော လူသားတစ်ယောက် ဖြစ်လာဖို့ကို မရမကတောင်းဆိုသည်၊ ထိုသို့ဖြင့် လူများ၏ လူ့သဘာဝသည် မူမမှန်တော့ဘဲ၊ ထိုသို့ဖြင့် ၎င်းတို့၏ ပင်ကိုစရိုက်သည် မူမမှန်တော့ပေ။ သမ္မာတရားသည် လူများကို သာမန်လူ့သဘာဝ၏ အခြေခံသဘောတရားများနှင့် ဥပဒေသများနှင့် ဘုရားသခင် ပြဌာန်းပေးပြီးဖြစ်သည့် အခြေခံသဘောတရားများ အားလုံးတို့နှင့်အညီ ပင်ကိုစရိုက်အားဖြင့် သာ၍ အသက်ရှင်စေနိုင်သည်၊ သို့သော် စာတန်၏ ဆိုရိုးများနှင့် ဥပဒေသများဟုဆိုသော ဤအရာများသည် လူများကို ၎င်းတို့၏ ပင်ကိုစရိုက်များအား ချိုးဖောက်စေကာ၊ ဘုရားသခင် ထုတ်ပြန်ကြေညာပြီး ပြဌာန်းထားသည့် ဥပဒေသများမှ ရုန်းထွက်လွတ်မြောက်ဖို့ ကြိုးစားစေသည့်အရာများ၊ ပြီးလျှင် သာမန်လူ့သဘာဝဖြင့် လူများ မလုပ်ဆောင်သင့်သည့်၊ ပြီးလျှင် ၎င်းတို့ မတွေးသင့်သည့် လွန်ကြူးသော အမှုအရာများ လုပ်ဆောင်လျက်၊ သာမန်လူ့သဘာဝ၏ လမ်းကြောင်းကိုပင် စွန့်ပစ်စေနိုင်သည့်အရာ အတိအကျ ဖြစ်ပေသည်။

အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၌ “၎င်းတို့သည် မိမိတို့ကိုယ်ကိုယ် ထင်ရှားကျော်ကြားမှု ရစေဖို့... ၎င်းတို့၏တာဝန်ကို ထမ်းဆောင်ခြင်းဖြစ်သည်။... (၁)” မှ

သမ္မာတရားသည် ဘုရားသခင်ကိုယ်တော်တိုင်၏ အသက် ဖြစ်၏။ ယင်းသည် သူ၏စိတ်သဘောထား၊ သူ၏ အနှစ်သာရနှင့် သူ့အထဲက ခပ်သိမ်းသောအရာတို့ကို ကိုယ်စားပြုသည်။ အတွေ့အကြုံအနည်းငယ် ရှိခြင်းသည် သမ္မာတရား ပိုင်ဆိုင်ခြင်း ဖြစ်သည်ဟု သင်ဆိုပါက၊ သင်သည် ဘုရားသခင်၏ စိတ်သဘောထားကို ကိုယ်စားပြုနိုင်သလော။ သင့်အနေဖြင့် သမ္မာတရား၏ ရှုထောင့်တစ်ခုခု သို့မဟုတ် တစ်ဘက်ဘက်နှင့် ဆိုင်သည့် အတွေ့အကြုံ သို့မဟုတ် အလင်းတစ်စုံတစ်ရာ ရှိကောင်း ရှိနိုင်သော်လည်း၊ အခြားသူများကို ထိုအရာဖြင့် သင် အစဉ်အမြဲ မထောက်ပံ့ပေးနိုင်ပေ၊ ထို့ကြောင့် သင် ရရှိပြီးဖြစ်သည့် ဤအလင်းသည် သမ္မာတရားမဟုတ်ပေ။ ယင်းမှာ လူတို့ လက်လှမ်းမီနိုင်သည့် အဆင့်တစ်ခုမျှသာ ဖြစ်သည်။ ယင်းသည် လူတစ်ဦး ပိုင်ဆိုင်သင့်သည့် သင့်တော်သော အတွေ့အကြုံနှင့် သင့်တော်သော သိနားလည်မှု သက်သက်ဖြစ်သည်- သမ္မာတရားနှင့်ဆိုင်သည့် တကယ့်အတွေ့အကြုံနှင့် အသိပညာတစ်ချို့ ဖြစ်သည်။ ဤအလင်း၊ ဉာဏ်အလင်းပေးခြင်းနှင့် အတွေ့အကြုံနှင့်ဆိုင်သော သိနားလည်ခြင်းတို့သည် မည်သည့်အခါမျှ သမ္မာတရားကို အစားမထိုးနိုင်ပေ။ လူအားလုံးသည် ဤသမ္မာတရားကို လုံးလုံးလျားလျား တွေ့ကြုံခဲ့ရပြီး ၎င်းတို့၏ အတွေ့အကြုံနှင့်ဆိုင်သော သိနားလည်မှုအားလုံးကို အတူတကွစုပေါင်းခဲ့လျှင်ပင်၊ ယင်းသည် ထိုသမ္မာတရားတစ်ခု၏ နေရာကို ယူနိုင်လိမ့်ဦးမည် မဟုတ်။ အတိတ်က ပြောခဲ့ပြီးသည်နှင့်အညီ၊ “ငါသည် လူ့လောကအတွက် ဤအရာကို ဆိုရိုးတစ်ခုနှင့် အကျဉ်းချုပ်မည်- လူသားတို့အကြားတွင် ငါ့ကို ချစ်သောသူ တစ်ယောက်မျှမရှိပေ။” ဤသည်မှာ သမ္မာတရား၏ထွက်ဆိုချက် ဖြစ်၏၊ ယင်းသည် အသက်၏ စစ်မှန်သောအနှစ်သာရ ဖြစ်သည်။ ဤသည်မှာ အမှုအရာများထဲမှ အလေးနက်ဆုံးအရာ ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်ကိုယ်တော်တိုင်၏ ဖော်ပြချက်တစ်ခု ဖြစ်သည်။ သင်သည် ထိုအရာကို ဆက်လက် တွေ့ကြုံခံစားနိုင်ပြီး သုံးနှစ်ကြာ သင် ကြုံတွေ့ခံစားပါက သင်၌ ထိုအရာနှင့် သက်ဆိုင်သော အပေါ်ယံ သိနားလည်မှုတစ်ခု ရှိလိမ့်မည်။ သင်သည် ထိုအရာကို ခုနှစ်နှစ် သို့မဟုတ် ရှစ်နှစ်ကြာ ကြုံတွေ့ပါက ထိုအရာနှင့် သက်ဆိုင်သည့် သိနားလည်မှု သင် သာ၍ရရှိလိမ့်မည်၊ သို့သော် သင်ရရှိသည့် မည်သည့် သိနားလည်မှုမဆိုသည် သမ္မာတရား၏ထွက်ဆိုချက်တစ်ခုကို ဘယ်သောအခါမျှ အစားထိုးနိုင်လိမ့်မည် မဟုတ်ပေ။ ထိုအရာကို နှစ်အနည်းငယ် တွေ့ကြုံပြီးနောက်၊ အခြားလူတစ်ဦးသည် သိနားလည်မှုအနည်းငယ်မျှ ရရှိကောင်း ရရှိလိမ့်မည်၊ ထို့နောက် ထိုအရာကို ဆယ်နှစ်ကြာ ကြုံတွေ့ပြီးနောက် အနည်းငယ် သာ၍ နက်နဲသော သိနားလည်မှု ရရှိလိမ့်မည်ဖြစ်ပြီး၊ ထို့နောက် တစ်သက်တာ တွေ့ကြုံပြီးနောက်တွင် နောက်ထပ် သိနားလည်မှုအချို့ကို ရရှိကြလိမ့်မည်၊ သို့သော် သင်တို့ ရရှိသည့် သိနားလည်မှုကို သင်တို့နှစ်ဦးလုံးက ပေါင်းစပ်ပါက၊ ထိုအခါတွင်ပင် သင်တို့နှစ်ဦးစလုံး၌ နားလည်မှုမည်မျှ၊ အတွေ့အကြုံမည်မျှ၊ ထိုးထွင်းသိမြင်မှုမည်မျှ၊ အလင်းမည်မျှ၊ သို့မဟုတ် ပုံသက်သေမည်မျှ ပိုင်ဆိုင်ပါစေ- ထိုအရာအားလုံးသည် သမ္မာတရား၏ ယင်းထွက်ဆိုချက်တစ်ခုကို အစားမထိုးနိုင်သေးပေ။ တစ်နည်းဆိုရလျှင်၊ လူသား၏ဘဝသည် အစဉ်အမြဲပင် လူသား၏ဘဝသာ ဖြစ်လိမ့်မည်ဖြစ်ပြီး၊ သင်၏ နားလည်သဘောပေါက်ခြင်းသည် သမ္မာတရား၊ ဘုရားသခင်၏ ရည်ရွယ်ချက်များ၊ သူ၏ သတ်မှတ်ချက်များနှင့် မည်မျှပင် ကိုက်ညီနိုင်ပါစေ၊ ယင်းသည် မည်သည့်အခါမျှ သမ္မာတရားအတွက် အစားထိုးနိုင်မည် မဟုတ်ဟု ငါဆိုလို၏။ သမ္မာတရားကို လူတို့ ရရှိပြီဟုဆိုခြင်းမှာ လက်တွေ့အရှိတရားအချို့ကို ၎င်းတို့ ပိုင်ဆိုင်သည်၊ သမ္မာတရားနှင့်သက်ဆိုင်သော သိနားလည်မှုအချို့ ၎င်းတို့ ရရှိပြီ၊ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲသို့ စစ်မှန်သော ဝင်ရောက်မှုအချို့ ရရှိပြီ၊ ၎င်းတို့နှင့်ပတ်သက်၍ စစ်မှန်သောအတွေ့အကြုံအချို့ ၎င်းတို့ ရှိကြပြီး၊ ဘုရားသခင်၌ ၎င်းတို့၏ယုံကြည်ခြင်းသည် လမ်းမှန်ပေါ်၌ ရှိသည်ကို ဆိုလိုသည်။ ဘုရားသခင်ထံမှ ထွက်ဆိုချက်တစ်ခုမျှသည် လူတစ်ဦးအတွက် တစ်သက်တာလုံး ကြုံတွေ့ရန် လုံလောက်ပေသည်၊ လူတို့သည် ထိုအရာကို အသက်တာများစွာ သို့မဟုတ် ထောင်စုနှစ်ပေါင်း များစွာပင် အတွေ့အကြုံရမည် ဆိုလျှင်ပင်၊ ၎င်းတို့သည် သမ္မာတရားတစ်ခုကို လုံးဝနှင့် စေ့စေ့စပ်စပ် ကြုံတွေ့နိုင်လိမ့်ဦးမည် မဟုတ်ပေ။ လူတို့သည် အပေါ်ယံ နှုတ်ကပတ်တော်အနည်းငယ်ကို နားလည်ရုံမျှ နားလည်ကြသော်လည်း၊ သမ္မာတရားကို ရရှိပြီးဖြစ်သည်ဟု ၎င်းတို့ အခိုင်အမာဆိုကြပါက၊ ယင်းသည် လုံးဝ အကြွင်းမဲ့ အဓိပ္ပာယ်မရှိသောစကား ဖြစ်မည်မဟုတ်လော။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သမ္မာတရားဆိုသည်မှာ အမှန်တကယ် မည်သည့်အရာဖြစ်ကြောင်း သင် သိသလော။” မှ

ငါ၏ နှုတ်ကပတ်တော်များသည် ထာဝရမပြောင်းလဲသော သမ္မာတရား ဖြစ်၏။ ငါသည် လူသားအတွက် အသက်နှင့်ဆိုင်သည့် အထောက်အပံ့ဖြစ်ပြီး လူသားမျိုးနွယ်အတွက် တစ်ဦးတည်းသော လမ်းပြ ဖြစ်သည်။ ငါ၏ နှုတ်ကပတ်တော်များ၏ တန်ဖိုးနှင့် အဓိပ္ပာယ်သည် ၎င်းတို့ကို လူသားမျိုးနွယ်က အသိအမှတ်ပြု၊ မပြု သို့မဟုတ် လက်ခံခြင်း ရှိ၊ မရှိ ဆိုသည့်အရာဖြင့် သတ်မှတ်ထားခြင်း မဟုတ်ဘဲ၊ နှုတ်ကပတ်တော်များ ကိုယ်တိုင်၏ အနှစ်သာရဖြင့် သတ်မှတ်ထားခြင်း ဖြစ်သည်။ ဤကမ္ဘာပေါ်မှ လူတစ်ဦးကမျှ ငါ၏နှုတ်ကပတ်တော်များကို လက်မခံနိုင်လျှင်ပင်၊ မည်သည့်လူသားမျှ ငါ၏နှုတ်ကပတ်တော်များ၏ တန်ဖိုးနှင့် လူသားမျိုးနွယ်အား ၎င်းတို့၏မစမှုကို ခန့်မှန်း၍မရနိုင်ပေ။ သို့ဖြစ်၍၊ ငါ၏ နှုတ်ကပတ်တော်များကို ပုန်ကန်သော၊ ချေပ ပြောဆိုသော သို့မဟုတ် လုံးဝ အထင်သေးသော လူများစွာနှင့် ရင်ဆိုင်ရသည့်အခါ၊ ငါ၏ ရပ်တည်မှုသည်- အချိန်နှင့် အမှန်တရားများသည် ငါ၏ သက်သေဖြစ်ပြီး ငါ၏ နှုတ်ကပတ်တော်များသည် သမ္မာတရား၊ လမ်းခရီးနှင့် အသက် ဖြစ်သည်ကို ပြသပါစေဟူ၍သာ ဖြစ်သည်။ ၎င်းတို့သည် ငါပြောသမျှအားလုံး မှန်ကန်သည်၊ ယင်းမှာ လူသားအနေဖြင့် ဖြည့်ဆည်းထားသင့်သည့်အရာ ဖြစ်သည်၊ ထို့အပြင် လူသားက လက်ခံသင့်သည့်အရာဖြစ်သည်ကို ပြသပါစေ။ ငါ၏ နှုတ်ကပတ်တော်များကို အပြည့်အဝ လက်မခံနိုင်သော သူများ၊ ငါ၏ နှုတ်ကပတ်တော်များကို လက်တွေ့မကျင့်သုံးနိုင်သူများ၊ ငါ၏ နှုတ်ကပတ်တော်များထဲတွင် ရည်ရွယ်ချက်တစ်ခုကို ရှာမတွေ့နိုင် သူများနှင့် ငါ၏နှုတ်ကပတ်တော်များကြောင့် ကယ်တင်ခြင်းကို မရရှိနိုင်သူများသည် ငါ့နှုတ်ကပတ်တော်များအားဖြင့် ပြစ်တင်ရှုတ်ချခြင်းခံ ရပြီးဖြစ်သည့်အပြင် ငါ၏ ကယ်တင်ခြင်းကို ဆုံးရှုံးပြီးသောသူများ ဖြစ်ကာ ငါ၏ တုတ်သည် ၎င်းတို့ထံမှ မည်သည့်အခါတွင်မျှ သွေဖည်မည် မဟုတ်ပေ- ဟူသည့် အမှန်တရားကို ငါ့နောက်လိုက်သော သူအားလုံးအား ငါ သိရှိစေမည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သင်တို့၏ လုပ်ဆောင်ချက်များကို သင်တို့ သုံးသပ်ဆင်ခြင်သင့်သည်

ယခုတစ်ကြိမ်တွင်မူ ဘုရားသခင်သည် ဝိညာဏခန္ဓာကိုယ်အားဖြင့် မဟုတ်ဘဲ အလွန်သာမညကျသော ခန္ဓာကိုယ်အားဖြင့် အမှုပြုရန် ကြွလာသည်။ ထို့ပြင် ယင်းမှာ ဘုရားသခင်၏ ဒုတိယအကြိမ် လူ့ဇာတိခံယူသည့် ခန္ဓာကိုယ်ဖြစ်ရုံသာမက၊ ဇာတိအသွေးအသားသို့ ဘုရားသခင်ပြန်ကြွလာသည့် ခန္ဓာကိုယ်လည်း ဖြစ်သည်။ ယင်းမှာ အလွန်သာမညကျသော ဇာတိခန္ဓာဖြစ်သည်။ သူ့အား အခြားသူတို့အနက် ပေါ်လွင်ထင်ရှားစေသည့် အရာတစ်ခုကိုမျှ သင်မမြင်နိုင်သော်လည်း၊ ယခင်က မကြားသိခဲ့ရသည့် သမ္မာတရားများကို သူ့ထံမှ သင်ရရှိနိုင်သည်။ ဤအရေးမပါသော ဇာတိခန္ဓာသည် ဘုရားသခင်ထံမှ သမ္မာတရား၏ နှုတ်ကပတ်တော်များအားလုံးကို သရုပ်ထင်စေသည့်အရာ၊ နောက်ဆုံးသော ကာလတွင် ဘုရားသခင်၏အမှုကို ထမ်းဆောင်သောအရာနှင့်၊ လူသားက နားလည်ရန်အတွက် ဘုရားသခင်၏ စိတ်သဘောထားတစ်ရပ်လုံးကို ဖော်ပြသောအရာလည်း ဖြစ်သည်။ သင်သည် ကောင်းကင်ဘုံရှိ ဘုရားသခင်ကိုမြင်ရဖို့ ဆန္ဒကြီးစွာ မရှိသလော။ သင်သည် ကောင်းကင်ဘုံရှိ ဘုရားသခင်ကို သိနားလည်ဖို့ ဆန္ဒကြီးစွာ မရှိသလော။ သင်သည် လူသားမျိုးနွယ်၏ ခရီးဆုံးပန်းတိုင်ကို မြင်ရဖို့ ဆန္ဒကြီးစွာ မရှိသလော။ သူသည် မည်သည့်လူသားကမျှ သင့်ကို ပြောပြနိုင်စွမ်းမရှိခဲ့သည့် ဤလျှို့ဝှက်ချက်များ အားလုံးကို သင့်အားပြောပြမည်ဖြစ်ပြီး၊ သင်နားမလည်သည့် သမ္မာတရားများကိုလည်း သင့်အား သူပြောမည်ဖြစ်သည်။ သူသည် နိုင်ငံတော်အတွင်းဝင်ရောက်ရာ သင်၏ တံခါးဝဖြစ်ပြီး ခေတ်သစ်ထဲသို့ ဝင်ရောက်ရာ သင်၏လမ်းပြရှင်ဖြစ်သည်။ ထိုကဲ့သို့သော သာမန်ဇာတိခန္ဓာသည် ဉာဏ်မမီနိုင်သည့် များစွာသော နက်နဲရာများကို ဆုပ်ကိုင်ထားသည်။ သူ၏လုပ်ဆောင်ချက်များမှာ သင့်အတွက် နားမလည်နိုင်စရာ ဖြစ်နိုင်သော်လည်း၊ သူလုပ်ဆောင်သည့် အမှု၏ ပန်းတိုင်တစ်ခုလုံးမှာ သူသည် လူတို့ယုံကြည်သကဲ့သို့ ရိုးရိုးဇာတိခန္ဓာ မဟုတ်သည်ကို သင့်အား မြင်ခွင့်ပေးရန်အတွက် လုံလောက်သည်။ အကြောင်းမှာ သူသည် ဘုရားသခင်၏အလိုတော်နှင့် နောက်ဆုံးသောကာလ၌ လူသားမျိုးနွယ်ထံ ဘုရားသခင်ပြသသည့် ဂရုစိုက်မှုကို ကိုယ်စားပြုလေသည်။ သင်သည် ကောင်းကင်နှင့် မြေကြီးကို တုန်လှုပ်စေပုံရသည့် သူ၏ နှုတ်ကပတ်တော်များကို မကြားနိုင် သို့မဟုတ် ဟုန်းဟုန်းတောက်နေသော မီးလျှံများနှင့်တူသည့် သူ၏မျက်လုံးများကို မမြင်နိုင်သော်လည်း၊ ထို့ပြင် သင်သည် သူ၏သံလှံတံ၏ ဆုံးမပဲ့ပြင်မှုကို မခံစားရနိုင်သော်ငြားလည်း၊ သင်သည် သူ၏နှုတ်ကပတ်တော်များမှနေ၍ ဘုရားသခင်သည် အမျက်ဒေါသ ထွက်သည်ကို ကြားနိုင်ပြီး ဘုရားသခင်သည် လူသားတို့အပေါ် သနားခြင်းကရုဏာကို ပြနေကြောင်း သိနိုင်သည်။ သင်သည် ဘုရားသခင်၏ ဖြောင့်မတ်သည့် စိတ်သဘောထားနှင့် သူ၏ဉာဏ်ပညာကို မြင်တွေ့နိုင်သည့်အပြင် လူသားမျိုးနွယ် တစ်ရပ်လုံး အတွက် ဘုရားသခင်၏ အရေးတယူရှိမှုကို နားလည်သဘောပေါက် နိုင်သည်။ နောက်ဆုံးသောကာလတွင် ဘုရားသခင်၏အမှုသည် မြေကြီးပေါ်ရှိ လူသားများကြားတွင် နေထိုင်လျက်ရှိသော ကောင်းကင်ဘုံရှိ ဘုရားသခင်ကို လူသားအား မြင်တွေ့ခွင့်ပေးရန်၊ ထို့ပြင် လူသားအနေဖြင့် ဘုရားသခင်အား သိရှိရန်၊ နာခံရန်၊ ကြောက်ရွံ့ရန်နှင့် ချစ်ရန်အတွက် ထောက်ကူပေးဖို့ဖြစ်သည်။ ဤအကြောင်းကြောင့် သူသည် ဒုတိယအကြိမ် လူ့ဇာတိကို ခံယူရန် ပြန်ကြွဆင်းလာခဲ့ခြင်းပင် ဖြစ်သည်။ သည်ကနေ့တွင် လူသားက မြင်ရသည်မှာ လူသားနှင့်တူညီသော ဘုရားသခင်၊ နှာခေါင်းတစ်ခုနှင့် မျက်လုံးနှစ်လုံးပါသည့် ဘုရားသခင်၊ ထို့ပြင် ထူးခြားမှုမရှိသော ဘုရားသခင်ဖြစ်သော်လည်း၊ နောက်ဆုံးတွင် ဤလူသားသာ မတည်ရှိခဲ့လျှင် ကောင်းကင်နှင့် မြေကြီးသည် ကြီးမားသော အပြောင်းအလဲကို ကြုံရမည်ဖြစ်ကြောင်း၊ ဤလူသားသာ မတည်ရှိခဲ့လျှင် ကောင်းကင်သည် မှောင်မည်းလာကာ၊ မြေကြီးသည် ပရမ်းပတာ အခြေအနေထဲ ကျရောက်သွားမည်ဖြစ်ပြီး၊ လူသားမျိုးနွယ် တစ်ရပ်လုံးသည် မွတ်သိပ်ခြင်းနှင့် ကပ်ဆိုးများအလယ်တွင် နေထိုင်ရမည်ဖြစ်ကြောင်း ဘုရားသခင်က သင်တို့ကို ပြသမည်ဖြစ်သည်။ နောက်ဆုံးသောကာလတွင် လူ့ဇာတိခံယူသော ဘုရားသခင်သည် သင်တို့ကို ကယ်တင်ရန် ကြွမလာခဲ့လျှင် ဘုရားသခင်သည် လူသားမျိုးနွယ် တစ်ရပ်လုံးကို လွန်ခဲ့သောအချိန်ကပင် ငရဲပြည်၌ ဖျက်ဆီးခဲ့ပြီးဖြစ်ကြောင်း သင်တို့ကို သူပြသမည်ဖြစ်သည်။ ဤဇာတိခန္ဓာသာ မတည်ရှိခဲ့လျှင်၊ သင်တို့သည် အဓိကအပြစ်သားများ အစဉ်အမြဲ ဖြစ်ကြမည်ဖြစ်ပြီး၊ အလောင်းကောင်များ အမြဲတမ်း ဖြစ်ကြမည်ဖြစ်သည်။ ဤဇာတိခန္ဓာသာ မတည်ရှိခဲ့လျှင်၊ လူသားမျိုးနွယ် တစ်ရပ်လုံးသည် မရှောင်လွှဲနိုင်သော ဘေးဒုက္ခကို ရင်ဆိုင်ရမည်ဖြစ်ပြီး နောက်ဆုံးသောကာလတွင် လူသားမျိုးနွယ်အပေါ် ဘုရားသခင် စီရင်ချမှတ်မည့် ပို၍ပင် ပြင်းထန်သော အပြစ်ဒဏ်ပေးခြင်းမှ လွတ်မြောက်ရန် မဖြစ်နိုင်ကြောင်း တွေ့ရှိရမည်ကို သင်တို့သိသင့်သည်။ ဤသာမန်ဇာတိခန္ဓာသာ မမွေးဖွားခဲ့ပါက၊ သင်တို့အားလုံးသည် အသက်မရှင်နိုင်ဘဲ ရှင်ခြင်းအတွက် တောင်းဆိုပြီး၊ အသက်မသေနိုင်ဘဲ သေခြင်းအတွက် ဆုတောင်းရမည့် အခြေအနေတစ်ခု၌ ရောက်ရှိကြမည်ဖြစ်သည်။ ဤဇာတိခန္ဓာသာ မတည်ရှိလျှင် သင်တို့သည် ယနေ့တွင် သမ္မာတရားကို ရယူနိုင်ကြမည် မဟုတ်သည့်အပြင်၊ ဘုရားသခင်၏ ပလ္လင်တော်ရှေ့ ရောက်လာနိုင်ကြမည် မဟုတ်ဘဲ၊ ထို့ထက် သင်တို့သည် သင်တို့၏ ကြီးလေးသော အပြစ်များကြောင့် ဘုရားသခင်၏ အပြစ်ဒဏ်ပေးခြင်းကို ခံကြရမည်။ သင်တို့သိခဲ့ပါ၏လော၊ ယင်းမှာ ဇာတိခန္ဓာသို့ ဘုရားသခင်၏ပြန်လာခြင်း မရှိခဲ့လျှင်၊ မည်သူ၌မျှ ကယ်တင်ခြင်း၌ မည်သူမျှ အခွင့်အလမ်း ရှိခဲ့မည်မဟုတ်ပေ၊ ထို့ပြင် ဤဇာတိခန္ဓာ၏ ကြွလာခြင်း မရှိခဲ့လျှင်၊ ဘုရားသခင်သည် ခေတ်ဟောင်းကို လွန်ခဲ့သောအချိန်ကပင် အဆုံးသတ်ခဲ့ပြီး ဖြစ်လိမ့်မည်။ သို့ဖြစ်လျှင် သင်တို့သည် ဘုရားသခင်၏ ဒုတိယအကြိမ် လူ့ဇာတိခံယူခြင်းကို ငြင်းပယ်နိုင်သေးသလော။ သင်တို့သည် ဤသာမညလူသားထံမှ အလွန်များပြားသော အကျိုးကျေးဇူးများကို ရရှိနိုင်သည်ဖြစ်ရာ သင်တို့သည် သူ့ကို အဘယ်ကြောင့် ဝမ်းပန်းတသာ လက်မခံကြသနည်း။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သင်သိခဲ့သလော ဘုရားသခင်သည် လူသားများကြား၌ ကြီးမားသောအမှုကို ပြုခဲ့ပြီးပြီ

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

နိမိတ်လက္ခဏာများနှင့် အံ့ဖွယ်အမှုတို့သည် လူသားမျိုးနွယ်ကို ကယ်တင်နိုင်ခြင်း ရှိမရှိ

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ- နှစ်ထောင်ပေါင်းများစွာကြာသည့် ဘုရားသခင်၏ အစီအစဉ်တွင်၊ အမှု၏ အစိတ်အပိုင်းနှစ်ခုကို လူ့ဇာတိ၌...

ဘုရားသခင်နောက်လိုက်ခြင်းနှင့် လူသားနောက်လိုက်ခြင်းသည် အဘယ်နည်း

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ- ဘုရားသခင်နောက်လိုက်ရာတွင် အဓိက အရေးကြီးသောအရာမှာ အရာရာတိုင်းသည် ယနေ့ ဘုရားသခင်၏...

ခရစ်တော် အယောင်ဆောင်သောသူတစ်ဦးကို မည်သို့ ခွဲခြားနိုင်သနည်း၊ ပြီးလျှင် သူ၏ ဝိသေသလက္ခဏာများမှာ အဘယ်နည်း

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ- “ထိုအခါ သူတပါးက ဤအရပ်၌ ခရစ်တော်ရှိသည်၊ ထိုအရပ်၌ရှိသည်ဟု ဆိုသော်လည်း မယုံကြနှင့်။ အကြောင်းမူကား၊...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။