ဘာသာရေး အသိုင်းအဝိုင်းထဲက လူအများစုက သင်းအုပ်ဆရာနှင့် အကြီးအကဲများကို သခင်က ရွေးချယ်ကာ ခန့်အပ်ထားခြင်းဖြစ်ပြီး၊ ၎င်းတို့သည် အသင်းတော်အတွင်း သခင့်ကို အစေခံကြသည့် လူများဖြစ်သည်ဟု ယုံကြည်ကြသည်၊ အကယ်၍ ဤသင်းအုပ်ဆရာများနှင့် အကြီးအကဲများနောက် ကျွန်ုပ်တို့ လိုက်ပြီး နာခံလျှင်၊ သခင့်ကို အမှန်တကယ် ကျွန်ုပ်တို့ နာခံပြီး နောက်လိုက်ခြင်းဖြစ်သည်။ လူသားကို နာခံခြင်းနှင့် လူနောက်လိုက်ခြင်းမှာ မည်သည့်အရာ အတိအကျ ဆိုလိုသည်ဆိုသည်နှင့် ဘုရားသခင်ကို နာခံခြင်းနှင့် နောက်လိုက်ခြင်းမှာ မည်သည့်အရာကို အတိအကျ ဆိုလိုသည်နှင့် ပတ်သက်၍၊ လူအများစုက သမ္မာတရား၏ ဤရှုထောင့်ကို နားမလည်ကြပါ။ ကျေးဇူးပြုပြီး ဤအရာပေါ် ဆွေးနွေးပေးပါ။

18.11.2021

အဖြေ-

ဘာသာတရားတွင် သင်းအုပ်ဆရာများနှင့် အကြီးအကဲများကို ဘုရားသခင်က ရွေးချယ်ပြီး၊ သတ်မှတ်ထားခြင်းဖြစ်သောကြောင့်၊ လူများက သူတို့ကို နာခံသင့်သည်ဟု တစ်ချို့လူများက ထင်မြင်ကြသည်။ ဤကဲ့သို့အမြင်က ကျမ်းစာထဲတွင် အခြေပြုထားခြင်း ရှိပါသလား။ ယင်းမှာ သခင့်၏ နှုတ်ကပတ်တော်အားဖြင့် သက်သေပြုထားပါသလား။ သန့်ရှင်းသော ဝိညာဉ်တော်၏ သက်သေခံချက်နှင့် သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုတော် အတည်ပြုချက် ရှိပါသလား။ အကယ်၍ အဖြေအားလုံးကမဟုတ်ပါ ဆိုလျှင်၊ သင်းအုပ်ဆရာများနှင့် အကြီးအကဲများက ဘုရားရွေးချယ်ပြီး သတ်မှတ်ခြင်းဖြစ်သည်ဆိုသည့် အများစုယုံကြည်မှုက သူတို့၏ အယူအဆနှင့် စိတ်ကူးစိတ်သန်းများမှ ထွက်ပေါ်လာခြင်း မဟုတ်ပါလား။ ယင်းကို တွေးကြည့်ပါစို့။ ပညတ်တော်ခေတ်တွင် မောရှေက ဘုရားသခင်အားဖြင့် ရွေးချယ်ပြီး ခန့်အပ်ခံခဲ့ရသည်။ ဤသည်မှာ ပညတ်တော်ခေတ်ထဲက ဂျူးခေါင်းဆောင်များ အားလုံးသည် ဘုရားသခင်က ရွေးချယ် သတ်မှတ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုလိုပါသလား။ ကျေးဇူးတော်ခေတ်တွင် သခင်ယေရှု၏ တမန်တော် ၁၂ ယောက်လုံးကို သခင်ယေရှု ကိုယ်တော်တိုင် ရွေးချယ်ပြီး၊ ခန့်အပ်ခဲ့ခြင်းဖြစ်သည်။ ဤသည်မှာ ကျေးဇူးတော်ခေတ်ထဲတွင် သင်းအုပ်ဆရာများနှင့် အကြီးအကဲများ အားလုံးကို သခင်ယေရှုက ကိုယ်တော်တိုင် ရွေးချယ် သတ်မှတ်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုလိုပါသလား။ လူများစွာက ချမှတ်ထားသည့် စည်းမျဉ်းများကို လိုက်နာချင်ကြပြီး၊ အမှန်တရားနှင့် ကိုက်ညီသည့် အချက်အလက်များကို မချဉ်းကပ်ချင်ကြပါ။ ရလဒ်အနေဖြင့် သူတို့သည် လူအား မျက်စိစုံမှိတ် ကိုးကွယ်ကြပြီး လူနောက်ကို လိုက်ကြသည်။ ဤနေရာတွင် ပြဿနာမှာ အဘယ်နည်း။ ကျွန်ုပ်တို့သည် ဤအမှုအရာများကို အဘယ့်ကြောင့် မခွဲခြားနိုင်ရ သနည်း။ ထိုအမှုအရာများအတွက် သမ္မာတရားကို ကျွန်တော်တို့ အဘယ့်ကြောင့် မရှာဖွေနိုင်သနည်း။

ဘုရားသခင်က သူ့အမှုတော်နှင့်အတူ ပူးပေါင်းလုပ်ဆောင်ဖို့ သူ့အမှုတော်၏ အဆင့်တိုင်းတွင် လူအချို့ကို ရွေးချယ်ပြီး၊ ခန့်အပ်ကြောင်း ကျမ်းစာထဲတွင် ရေးမှတ်ထားသည့်အရာကနေ ကျွန်ုပ်တို့မြင်နိုင်ပါသည်။ ဘုရားကိုယ်တိုင် ခန့်အပ်ပြီး၊ အသုံးပြုခံရသူအားလုံးက ဘုရားသခင်၏ နှုတ်ကပတ်တော် အားဖြင့် အတည်ပြုခြင်းခံရပါသည်၊ ဘုရားသခင်၏ နှုတ်ကပတ်တော် မဟုတ်လျှင်ပင်၊ အနည်းဆုံးတော့ ဝိညာဉ်တော်၏ အမှုတော်နှင့် ဆိုင်သည့် အတည်ပြုချက် ရှိပါသည်။ ပညတ်တော်ခေတ် အတွင်းမှာကဲ့သို့ပင် ဣသရေလများကို ဦးဆောင်ဖို့ ဘုရားသခင်က မောရှေကို ခန့်အပ်ခဲ့သည်၊ ယင်းကို ဘုရားနှုတ်ကပတ်တော်များက သက်သေပြုခဲ့သည်မှာ ယေဟောဝါ ဘုရားသခင် ပြောခဲ့သည့်အတိုင်း “ယခုတွင်လည်း ဣသရေလအမျိုးသားတို့ ငိုကြွေးသောအသံသည် ငါ့ထံသို့ တက်ရောက်၍၊ သူတို့ကို အဲဂုတ္တုလူတို့သည် ညှဉ်းဆဲခြင်းအမှုကိုလည်း ငါမြင်ရပြီ။ ထိုကြောင့် ယခုသွားလော့။ သင်သည် ငါ၏လူ ဣသရေလအမျိုးသားတို့ကို အဲဂုတ္တုပြည်မှ နှုတ်ဆောင် မည်အကြောင်း၊ သင့်ကိုဖါရောဘုရင်ထံသို့ ငါစေလွှတ်မည်ဟု မိန့်တော်မူ၏။(ထွက်မြောက်ရာကျမ်း ၃:၉-၁၀) ဟု ဖြစ်သည်။ ကျေးဇူးတော်ခေတ်တွင် သခင်ယေရှုက အသင်းတော်များကို ထိန်းကျောင်းဖို့ တမန်တော် ၁၂ ပါးကို ခန့်အပ်ခဲ့သည်၊ ဤသည်မှာလည်း သခင့် နှုတ်ကပတ်တော်များ အားဖြင့် သက်သေပြုထားပါသည်။ သခင်ယေရှုက ပေတရုကို ခန့်အပ်သည့်အချိန်တွင် ပြောခဲ့သကဲ့သို့ပင် ဖြစ်သည်၊ “ယောန၏သားရှိမုန်၊ သင်သည် ငါ့ကိုချစ်သလော” “ငါ၏သိုးတို့ကို ကျွေးမွေးလော့။(ရှင်ယောဟန်ခရစ်ဝင် ၂၁:၁၇)ကောင်းကင်နိုင်ငံတော်၏ သော့တို့ကိုလည်း သင့်အားငါပေးမည်။ သင်သည်မြေကြီးပေါ်မှာ ချည် နှောင်သမျှသည် ကောင်းကင်ဘုံ၌ချည်နှောင်လျက်ရှိလိမ့်မည်။ မြေကြီးပေါ်မှာ ဖြည်လွှတ်သမျှသည် ကောင်းကင်ဘုံ၌ ဖြည်လွှတ်လျက်ရှိလိမ့်မည်ဟု မိန့်တော်မူပြီးလျှင်။(ရှင်မဿဲခရစ်ဝင် ၁၆:၁၉) ဘုရားသခင် သတ်မှတ်ပြီး၊ အသုံးပြုသည့် လူများကို ဘုရားသခင်ကိုယ်တော်တိုင် တွေ့ရှိကြောင်း ကျွန်တော်တို့ မြင်နိုင်သည်၊ သက်သေအနေနှင့် ဘုရား၏ နှုတ်ကပတ်တော်နှင့် သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုတော် အတည်ပြုချက် ရှိသည်။ သူတို့၏အလုပ်အားလုံးကို ဘုရားသခင်က အတည်ပြုပေးသည်။ သူတို့အလုပ်နှင့် ခေါင်းဆောင်မှုကို နာခံခြင်းက ဘုရားသခင်ကို နာခံခြင်းပင် ဖြစ်သည်။ ဘုရားသခင်ခန့်အပ်ပြီး အသုံးပြုသည့်လူကို ကျွန်တော်တို့ အာခံပါက၊ ဘုရားသခင်ကို အာခံခြင်းဖြစ်ပြီး၊ ဘုရားသခင် ကျိန်ဆဲခြင်းနှင့် အပြစ်ပေးခြင်းကို ခံရမည်။ ပညတ်တော်ခေတ်ထဲကအတိုင်းပင်၊ ကောရ၊ ဒါသန် နှင့် သူတို့လူများက မောရှေကို အာခံခဲ့ကြသည်။ နောက်ဆုံးတွင် ဘာဖြစ်ခဲ့သနည်း။ သူတို့သည် ဘုရားသခင်၏ တိုက်ရိုက်အပြစ်ပေးခြင်းကို ခံခဲ့ရသည်။ ဘုရားသခင်က မြေကြီးကို ပွင့်စေပြီး သူတို့အားလုံးကို ဝါးမြိုစေခဲ့သည်။ ဤသည်မှာ ဖြစ်ရပ်မှန်တစ်ခုဆိုသည်ကို လူတိုင်းသိသည်။ ကျေးဇူးတော်ခေတ်တွင် သခင်ယေရှုအားဖြင့် ခန့်အပ်ခံရသည့် တမန်တော်များအားလုံး သခင့်နှုတ်ကပတ်တော်၏ အတည်ပြုချက် ရှိကြသည်။ သို့သော်လည်း ယနေ့ ဘာသာရေး သင်းအုပ်ဆရာများနှင့် အကြီးအကဲများက သခင့်အားဖြင့် ခန့်အပ်ခံကြရပါသလား။ သခင့် နှုတ်ကပတ်တော် အားဖြင့် အတည်ပြု ထားပါသလား။ သူတို့အများစုက ဓမ္မပညာကျောင်းကနေ ပျိုးထောင်ခံကြရပြီး၊ ဓမ္မပညာတွင် အောင်လက်မှတ်များ ရှိကြသည်။ သင်းအုပ်ဆရာဖြစ်လာဖို့ ဓမ္မပညာအောင်လက်မှတ်များကို မှီခိုခဲ့ကြသည်။ သန့်ရှင်းသော ဝိညာဉ်တော်က ကိုယ်တိုင်ကိုယ်ကျ သူတို့ဆီ သက်သေခံပြီး၊ အသုံးပြုခဲ့၍ မဟုတ်ပါ။ ဤသည်မှာ အမှန်တရား တစ်ခုသာ မဟုတ်ပါလား။ သင်းအုပ်တစ်ယောက်ယောက်ကို သန့်ရှင်းသော ဝိညာဉ်တော်က ကိုယ်တော်တိုင် သက်သေခံခြင်း ဒါမှမဟုတ် ခန့်အပ်ခြင်းကို ကျွန်တော်တို့ထဲက မည်သူက မြင်ခဲ့ သို့မဟုတ် ကြားခဲ့ကြသနည်း။ ယင်းမှာ မည်သည့်အခါမျှ မဖြစ်ပါ။ သူတို့က သခင့်အားဖြင့် တကယ်ခန့်အပ်ခံရခြင်းဆိုလျှင်၊ သန့်ရှင်းသော ဝိညာဉ်တော်၏ စစ်မှန်သည့် သက်သေခံချက်နှင့် မျက်မြင်သက်သေများ အနေဖြင့် ယုံကြည်သူများ သေချာပေါက် ရှိမည်ဖြစ်သည်။ ထို့ကြောင့် ဘာသာရေး သင်းအုပ်ဆရာများနှင့် အကြီးအကဲများအားလုံး သခင့်အားဖြင့် ခန့်အပ်ခံရခြင်းမဟုတ်ပါ။ ဤသည်မှာ သေချာပါသည်။ သခင်ယေရှုက သန့်ရှင်းသော ဝိညာဉ်တော်အားဖြင့် သန္ဓေတည်ခြင်းကနေ လာကြောင်းကို မယုံသည့် သင်းအုပ်ဆရာတချို့ပင် ရှိသည်ဟု ကျွန်ုပ်တို့ ကြားရသည်။ “သန့်ရှင်းသော ဝိညာဉ်တော်အားဖြင့် သန္ဓေတည်ခြင်း” က သိပ္ပံပညာဖြင့် အခြေအမြစ်ရှိပြီး၊ ကိုက်ညီသည်ဟု သူတို့ မထင်ကြပါ။ ထိုသို့သော လူများက ခရစ်တော်က ဘုရားသခင်၏ သရုပ်သကန် ဖြစ်ကြောင်း လက်ခံဖို့ ပို၍ပင် ဖြစ်နိုင်ချေ နည်းပါသည်။ ထိုကဲ့သို့သော သင်းအုပ်ဆရာများက သခင်ယေရှု အမှုပြုခဲ့သည့် အချိန်အတွင်းတွင် ရှိခဲ့လျှင်၊ သူတို့ သခင်ယေရှုကို ကျိန်းသေ လက်ခံခဲ့ကြမည် မဟုတ်ပါ။ သို့ပါက နောက်ဆုံးသောကာလ လူ့ဇာတိခံ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်ကို သူတို့ မည်သို့သဘောထားမည်နည်း။ သူတို့အားလုံးက ဂျူး ယဇ်ပရောဟိတ် အကြီးအကဲများ၊ ကျမ်းပြုဆရာများနှင့် ဖာရိရှဲများကဲ့သို့ ဖြစ်ပြီး၊ သခင်ယေရှုကို သဲသဲမဲမဲ ရှုတ်ချပြီး ဆန့်ကျင်နေကြမည်ဖြစ်သည်။ ဘုရားသခင်ကို စစ်မှန်စွာ နာခံသည့် ထိုကဲ့သို့သော သင်းအုပ်ဆရာများနှင့် အကြီးအကဲများ ရှိပါသလား။ သူတို့က လူ့ဇာတိခံဘုရားသခင်ကိုပင် မယုံသည့်အပြင်၊ လူ့ဇာတိခံဘုရား ဖော်ပြသည့် သမ္မာတရားများကိုလည်း အသိအမှတ်မပြု ကြပါ။ ဤလူများက အန္တိခရစ်များသာ မဟုတ်ပါလား။ သို့ပါက ဘာသာရေး သင်းအုပ်ဆရာများနှင့် အကြီးအကဲများအားလုံးက သခင့်အားဖြင့် ခန့်အပ်ခံရပြီး၊ အသုံးပြုခံရသူများဖြစ်သည် ဆိုသည့် အမြင်က ယုတ္တိရှိသေးပါသလား။ ဤသင်းအုပ်ဆရာများနှင့် အကြီးအကဲများက ဘုရားသခင်အားဖြင့် ခန့်အပ်ခံရပြီး၊ အသုံးပြုခံရသည်ဟု ကျွန်တော်တို့ မရမကပြောဆိုလျှင်၊ ယင်းမှာ ဘုရားသခင်ကို အသရေဖျက်ပြီး၊ ပြစ်မှားစော်ကားနေခြင်း မဟုတ်ပါလား။ ဤမယုံကြည်သူများနှင့် အန္တိခရစ်များကို ဘုရားသခင်က သူရွေးချယ်သည့်လူများကို ဦးဆောင်ဖို့ခန့်အပ်ပြီး သုံးပါမည်လား။ ထိုကဲ့သို့အမြင်က အဓိပ္ပါယ်မဲ့လွန်းပြီး၊ မှားလွန်း မနေပါလား။ ဤသည်မှာ အချက်အလက်များကို မလိမ့်တပတ် လုပ်ပြီး၊ အမှားနှင့် အမှန်ကို ရောထွေးစေခြင်း မဟုတ်ပါလား။

မိတ်သဟာယတစ်ချို့ပြုပြီးသည့်နောက် ယခု ကျွန်တော်တို့ အားလုံး ရှင်းသွားပါပြီ။ ဘုရားသခင် ခန့်အပ်ပြီး၊ အသုံးပြုသည့်လူ အားလုံးက ဘုရားကိုယ်တော်တိုင် သက်သေခံပြီး၊ အနည်းဆုံး သန့်ရှင်းသော ဝိညာဉ်တော် အမှုတော်၏ အတည်ပြုချက်နှင့် သက်ရောက်မှုများ ရှိကြသည်။ ပြီးလျှင် ဘုရားရွေးချယ်သည့်လူများကို ဘဝအထောက်အပံ့နှင့် မှန်ကန်သည့် ထိန်းကျောင်းမှု ရအောင် ကူညီပေးနိုင်ကြသည်။ ဘုရားသခင်က ဖြောင့်မတ်ပြီး သန့်ရှင်းခြင်းကြောင့်၊ ဘုရားခန့်အပ်ပြီး အသုံးပြုသည့် လူများအားလုံးက ဘုရားအလိုတော်နှင့် သေချာပေါက် ကိုက်ညီကြသည်။ သူတို့က သူတော်ကောင်း အယောင်ဆောင် ဖာရိရှဲများမဟုတ်ခြင်းမှာ သေချာသည်။ ထို့အပြင် သမ္မာတရားကို မုန်းတီးပြီး ဘုရားသခင်ကို ဆန့်ကျင်သည့် အန္တိခရစ်များလည်း မဟုတ်ပါ။ ဤသို့ဆိုလျှင် ယနေ့ဘာသာရေး သင်းအုပ် ဆရာများနှင့် ခေါင်းဆောင်များကို ကြည့်လိုက်ရအောင်။ အများစုက ဓမ္မကျောင်းများကနေ ပျိုးထောင်ခံလာကြခြင်းဖြစ်ပြီး၊ ဘုရားသခင် ကိုယ်တော်တိုင် ခန့်အပ်ပြီး အသုံးပြုခြင်း မဟုတ်ပေ။ ဓမ္မပညာနှင့် သမ္မာကျမ်းစာကိုသာ သူတို့ လေ့လာကြသည်။ သူတို့အလုပ်နှင့် တရားဟောခြင်းများက သမ္မာကျမ်းစာအသိပညာ၊ ဓမ္မပညာ သို့မဟုတ် ကျမ်းစာ ဇာတ်ကောင်များနှင့် ဇာတ်လမ်းများ၊ သမိုင်းဆိုင်ရာ နောက်ခံများ၊ စသည်တို့ကို ပြောသည့်အပေါ်သာ အာရုံစိုက်ထား ကြသည်။ သူတို့ လက်တွေ့လုပ်ဆောင်ခြင်းကလည်း ဘုရားသခင့် နှုတ်ကပတ်တော်များကို လက်တွေ့လုပ် ဘာသာရေး ဓလေ့များကို လက်တွေ့လုပ်ဆောင်ဖို့နှင့် စည်းမျဉ်းများကို လိုက်နာဖို့ သွန်သင်ပေးခြင်းပင်ဖြစ်သည်။ ဘုရား၏နှုတ်ကပတ်တော်များထဲမှ သမ္မာတရားကို မိတ်သဟာယပြုဖို့ လုံးဝအာရုံမစိုက်ကြသကဲ့သို့၊ ဘုရား၏ နှုတ်ကပတ်တော်များကို လက်တွေ့ လုပ်ဆောင်ဖို့ နှင့် တွေ့ကြုံခံစားဖို့၊ သို့မဟုတ် ဘုရား၏ ပညတ်ချက်များကို လိုက်နာဖို့ လူများကို ဦးဆောင်ခြင်း မပြုလုပ်ပါ။ မိမိကိုယ်ကို နှင့် အသက်တာဝင်ရောက်မှုတွင် စစ်မှန်သည့် အတွေ့အကြုံများကို သူတို့ ဘယ်လိုသိမြင်ကြောင်း လုံးဝ မဆွေးနွေးကြပါ။ ထို့အပြင် ဘုရားသခင်ကို အမှန်တကယ် သိကျွမ်းခြင်းကို လုံးဝ မဆွေးနွေးကြပါ။ ထိုကဲ့သို့သော အလုပ်နှင့် တရားဟောခြင်းသည် သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုတော်ကို ရနိုင်ပါသလား။ ထိုသို့သော အစေခံခြင်းက ဘုရား၏ ရည်ရွယ်ချက်များကို ဖြည့်ဆည်းပေးနိုင် ပါသလား။ ယင်းက သမ္မာတရားကို မှန်ကန်စွာ လက်တွေ့လုပ်ဆောင်ဖို့နှင့် ဘုရားကို ယုံကြည်ခြင်း လမ်းကြောင်း မှန်ထဲ ဝင်ရောက်ဖို့ ကျွန်တော်တို့ကို ဦးဆောင်နိုင်ပါသလား။ ဤနည်းနှင့် ကျမ်းစာကို ရှင်းလင်းခြင်းက သူတို့ကိုယ်ပိုင် လမ်းကြောင်းပေါ် သူတို့သွားနေပြီး၊ ဘုရားကို အာခံနေခြင်း မဟုတ်ပါလား။ အထူးသဖြင့် အနန္တတန်ခိုးရှင် ဘုရားသခင်က နောက်ဆုံးသောကာလ၏ သမ္မာတရားများကို ဖော်ပြနေပြီး၊ သူ့၏ တရားစီရင်ခြင်းအမှုကို ဆောင်ရွက်နေချိန်တွင် ဤဘာသာရေး ခေါင်းဆောင်များက အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များ အားလုံးက သမ္မာတရားဖြစ်ပြီး၊ လူများကို သန့်စင်၊ ကယ်တင်ပေးနိုင်သည်ကို ရှင်းရှင်းလင်းလင်း သိသော်ငြားလည်း၊ သူတို့ မရှာဖွေသကဲ့သို့၊ လက်လည်း လက်မခံကြပါ။ ပိုပြီး မနှစ်မြို့စရာကောင်းသည်မှာ ယုံကြည်သူများကို အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များ ဖတ်ခွင့်မပေးခြင်း သို့မှမဟုတ် ဘုရား၏ အသံတော်ကို နားထောင်ခွင့်မပေးခြင်းပင်ဖြစ်သည်။ သူတို့၏ အဆင့်အတန်းနှင့် အသက်မွေးဝမ်းကြောင်းကို ကာကွယ်ဖို့ အနန္တတန်ခိုးရှင် ဘုရားသခင်ကို အပြင်းအထန် အသရေဖျက်ပြီး၊ ရှုတ်ချကြသည်၊ ပြီးလျှင် ဧဝံဂေလိဆရာများကို ဖမ်းဆီးပြီး နှိပ်ကွပ်သည့်နေရာတွင် ဆိုးယုတ်သည့် အစိုးရ စီစီပီနှင့်ပင် ပူးပေါင်းကြသည်။ ဤသင်းအုပ်ဆရာများနှင့် အကြီးအကဲများ၏ လုပ်ရပ်များနှင့် အပြုအမူများက လွန်ခဲ့သည့်အချိန်တွင် သခင်ယေရှုကို အာခံခဲ့ကြသည့် ဖာရိရှဲများနှင့် မည်သို့များ ကွာခြားသနည်း။ ကျွန်တော်တို့ လမ်းမှန်ကို လက်ခံရာတွင် သူတို့က အတားအဆီးများသာ မဟုတ်ပါလား။ ဒီသမ္မာတရားကို မုန်းတီးပြီး ဘုရားကို ဆန့်ကျင်သည့်လူများက ဘုရားကခန့်အပ်ပြီး အသုံးပြုသူများ မည်သို့ ဖြစ်နိုင်မည်နည်း။ ဘုရားက သူရွေးချယ်သည့်လူများကို ဦးဆောင်ဖို့ ဘုရား၏အလိုတော်ကို ဆီးတားသည့် သမ္မာတရားကို မုန်းတီးသည့် ဤလူများကို ခန့်ထားမည်လား။ လုံးဝပင် မဟုတ်ပါ။ ယင်းမှာ အမှန်တရားပင်ဖြစ်သည်။

ဘာသာရေးအသိုင်းအဝိုင်းထဲက အဓိပ္ပါယ်မဲ့သည့် လူတချို့က စည်းမျဉ်းများ ဖန်တီးဖို့ ကျမ်းစာထဲက စကားများကို မကြာခဏ တလွဲ သုံးကြသည်။ သူတော်ကောင်းအယောင်ဆောင် ဖာရိရှဲများနှင့် ဘာသာရေးသင်းအုပ်များအားလုံးက ဘုရားသခင် ခန့်ထားပြီး၊ အသုံးပြုခံရခြင်း ဖြစ်သည်ဟု သူတို့ အခိုင်အမာပြောဆိုကြသည်။ ဤသည်မှာ ဘုရားသခင်ကို ပြင်းပြင်းထန်ထန် အာခံပြီး၊ စော်ကားခြင်းသာ မဟုတ်ပါလား။ လူများစွာက မည်သို့ ခွဲခြားရမှန်း မသိကြပါ။ သူတို့ သခင့်ကို ယုံကြည်သော်လည်း၊ မချီးမြှောက်ကြပါ။ ထိုအစား ဆုကျေးဇူးများ၊ အဆင့်အတန်းနှင့် အာဏာများကို ထောက်ခံကြပြီး၊ သင်းအုပ်ဆရာများနှင့် အကြီးအကဲများကိုလည်း မျက်စိစုံမှိတ် ယုံကြည် ကိုးကွယ်ကြသည်။ တစ်ယောက်ယောက်က သန့်ရှင်းသော ဝိညာဉ်တော်ရှိပြီး သမ္မာတရား၏ စစ်မှန်မှုရှိ မရှိ ဆိုသည်ကို သူတို့ မပိုင်းခြားနိုင်ကြပါ။ တစ်ယောက်ယောက်က သင်းအုပ် အောင်လက်မှတ် ရှိပြီး၊ ဆုကျေးဇူးရှိမည်၊ ပြီးတော့ ကျမ်းစာကို ဆန်းစစ်နိုင်သည်ဆိုလျှင်၊ သူတို့ကို ဘုရားက အတည်ပြုပြီး ခန့်အပ်ခြင်းဖြစ်ပြီး၊ သူတို့ကို နာခံသင့်သည်ဟု အလွယ်တကူ တွေးကြသည်။ တချို့လူများက ပို၍ပင် အဓိပ္ပါယ်မဲ့ကြပြီး၊ သင်းအုပ်ဆရာများနှင့် အကြီးအကဲများကို ယုံကြည်ခြင်းသည် ဘုရားကို ယုံကြည်ခြင်းဖြစ်ပြီး သင်းအုပ်ဆရာများနှင့် အကြီးအကဲများကို အာခံပြီး ရှုတ်ချခြင်းက ဘုရားကို အာခံခြင်းဖြစ်သည်ဟု တွေးကြသည်။ ကျွန်ုပ်တို့သည် ထိုကဲ့သို့သော အယူအဆများနှင့်အညီ သွားလျှင်၊ ကျမ်းစာနှင့် အားလုံးရင်းနှီးပြီးကျမ်းစာကို တခြားလူများအား မကြာခဏ ရှင်းပြ တတ်သော်လည်း သခင်ယေရှု ပေါ်ထွန်းပြီး၊ အမှုပြု ခဲ့သည့်အချိန်တွင်၊ သူ့ကို အာခံပြီး ရှုတ်ချကာ၊ နောက်ဆုံး ကားစင်ပင်တင်ခဲ့ကြသည့် ဂျူးလူမျိုး ယဇ်ပရောဟိတ်အကြီးအကဲ၊ ကျမ်းတတ်ဆရာနှင့် ဖာရိရှဲများအတိုင်း သွားကြမည်ဆိုလျှင်၊ သူတို့က ဘုရားခန့်အပ်ခံရပြီး၊ အသုံးပြုခံခဲ့သည့် လူများ ဖြစ်ပါသလား။ အကယ်၍များ တစ်ယောက်ယောက်က သခင်ယေရှုကို အာခံပြီး၊ ရှုတ်ချရာတွင် ဂျူးခေါင်းဆောင်များနောက်ကို လိုက်လျှင်၊ သူတို့က ဘုရားသခင်ကို နာခံနေခြင်းဟု ဆိုလိုပါသလား။ ဂျူးခေါင်းဆောင်များကို ငြင်းပယ်ပြီး၊ သခင်ယေရှုနောက်လိုက်သည့် လူများကို ဘုရားသခင်ကို အာခံနေခြင်းပင် ဖြစ်သည်ဟု သင်တို့ ပြောမည်လား။ ဤသည်မှာ “သင်းအုပ်ဆရာများနှင့် အကြီးအကဲများကို နာခံခြင်းက ဘုရားကို နာခံခြင်းဖြစ်ပြီး၊ သင်းအုပ်ဆရာများနှင့် အကြီးအကဲများကို အာခံပြီးရှုတ်ချခြင်းက ဘုရားကို အာခံခြင်းဖြစ်သည်” ဆိုသည့် အမြင်က အရမ်း အဓိပ္ပါယ်မဲ့ပြီး၊ မှားနေခြင်းကို ပြသည်။ အကယ်၍ ဘာသာရေး သင်းအုပ်ဆရာများနှင့် အကြီးအကဲများက ဘုရားကို အာခံပြီး၊ သူတို့ဦးဆောင်သည့်လမ်းကြောင်းက သမ္မာတရားကို ဖောက်ဖျက်သလို ဘုရားသခင်ကို ဆန့်ကျင်သည်ဆိုလျှင်၊ ဘုရားသခင်ဘက်တွင် ကျွန်တော်တို့ရပ်တည်ပြီး၊ သူတို့ကို ထုတ်ဖော်ရမည်၊ ငြင်းပယ်ရမည် ဖြစ်ကြောင်းခြင်း ကျွန်တော်တို့ ဘုရားသခင်ကို ယုံကြည်သူများ ရှင်းလင်းစွာ သိထားသင့်ပါသည်။ ယင်းမှာ ဘုရားသခင်ကို နာခံခြင်းစစ်စစ်သာ ဖြစ်သည်။ ဤသည်မှာ အလင်းအတွက် အမှောင်ကို စွန့်ပယ်ပြီး၊ ဘုရား၏ ရည်ရွယ်ချက်များကို ဖြည့်ဆည်းပေးခြင်း ပင်ဖြစ်သည်။ ထို့ကြောင့် သင်းအုပ်ဆရာများနှင့် အကြီးအကဲများကို မည်သို့ ကိုင်တွယ်ရမည် ဖြစ်ကြောင်းခြင်းနှင့် ပတ်သက်လာလျှင် သမ္မာတရားကို ကျွန်တော်တို့ ရှာဖွေပြီး၊ ဘုရားသခင်၏ ရည်ရွယ်ချက်များကို နားလည်သင့်ပါသည်။ သင်းအုပ်ဆရာများနှင့် အကြီးအကဲများသာ သမ္မာတရားကို ချစ်မြတ်နိုးပြီး၊ ရှာဖွေသူများဆိုလျှင်၊ သူတို့တွင် သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုတော် အသေအချာ ရှိမည်ဖြစ်ပြီး၊ ဘုရား၏ နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ပြီး တွေ့ကြုံခံစားဖို့၊ ဘုရားကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ဖို့၊ ကျွန်တော်တို့ကို ဦးဆောင်နိုင်မည်ဖြစ်သည်သာ ဖြစ်သည်။ ထိုသို့သော လူများကို လေးစားပြီး လိုက်နာခြင်းက ဘုရား၏ ရည်ရွယ်ချက်များနှင့် ကိုက်ညီပါသည်။ အကယ်၍ သူတို့က သမ္မာတရားကို မချစ်ပဲ၊ ကြွားဝါဖို့နှင့် မိမိကိုယ်ကို တည်ဆောက်ဖို့၊ သူတို့ကို ကျွန်တော်တို့က ကိုးကွယ်ပြီး၊ နာခံဖို့ ကျမ်းစာအသိပညာနှင့် ဓမ္မပညာဆိုင်ရာ သဘောတရားများကို ရှင်းပြဖို့အတွက်သာ ဂရုစိုက်နေပြီး၊ ဘုရားသခင်ကို မချီးမြှောက်ပါက၊ သက်သေလည်း မခံပါက၊ ကျွန်တော်တို့ကို ဘုရား၏ နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ဖို့နှင့် တွေ့ကြုံခံစားဖို့ ဦးမဆောင်ပါက၊ သူတို့က ဘုရားသခင်က ရှုတ်ချပြီး ကျိန်ဆဲခံရသည့် လူများဖြစ်ပြီး၊ သူတို့ကို ကိုးကွယ် လိုက်နာပြီး နာခံနေဦးမည်ဆိုလျှင် ဘုရားသခင်ကို ကျွန်တော်တို့ ဆန့်ကျင်နေလိမ့်မည်။ ဤသည်မှာ ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် လုံးဝ ဆန့်ကျင်နေမည်ဖြစ်သည်။

နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ မှ

ဘုရားသခင်ကို နာခံခြင်းနှင့် ဘုရားသခင် နောက်လိုက်လျှောက်ခြင်းမှာ အဘယ်သို့အတိအကျရှိသနည်း။ ဤသမ္မာတရားရှုထောင့်နှင့် ပတ်သက်၍၊ ဦးစွာ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော် စာပိုဒ်တစ်ပိုဒ်ကို ဖတ်ကြပါစို့။ “ဘုရားသခင်နောက်လိုက်ရာတွင် အဓိက အရေးကြီးသောအရာမှာ အရာရာတိုင်းသည် ယနေ့ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်အညီ ဖြစ်သင့်ခြင်း ဖြစ်သည်။ သင်သည် အသက်ထဲသို့ ဝင်ရောက်ခြင်းကို သင် အားထုတ်နေသည်ဖြစ်စေ၊ သို့မဟုတ် ဘုရားသခင်၏ အလိုကို ဖြည့်ဆည်းခြင်းအား အားထုတ်နေသည်ဖြစ်စေ၊ အရာရာတိုင်းသည် ယနေ့ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဗဟိုပြုသင့်ပေသည်။ အကယ်၍ သင်မိတ်သဟာယ ဖွဲ့သောအရာနှင့် အားထုတ်သော အရာတို့မှာ ယနေ့ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဗဟိုမပြုပါက၊ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် စိမ်းသောသူတစ်ဦး ဖြစ်ပြီး၊ သန့်ရှင်းသော ဝိညာဉ်တော်၏လုပ်ဆောင်ချက် လုံးဝ ကင်းမဲ့ပေသည်။ ဘုရားသခင် အလိုရှိသောအရာမှာ သူ၏ခြေလှမ်းများ နောက်လိုက်လျှောက်ကြသော လူများဖြစ်သည်။ ယခင်က သင် နားလည်ခဲ့သော အရာများသည် မည်သို့ နှစ်သက်ဖွယ်ဖြစ်ပြီး ဖြူစင်သည်ဖြစ်စေ၊ ဘုရားသခင်က ယင်းကို အလိုမရှိသကဲ့သို့၊ သင်သည် ထိုသို့သောအရာများကို သင် ဘေးဖယ် မထားနိုင်ပါက၊ ယင်းတို့သည် သင်၏ အနာဂတ် ဝင်ရောက်မှုအတွက် ကြီးမားသော အဟန့်အတား တစ်ခု ဖြစ်လိမ့်မည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ လက်ရှိ အလင်းနောက်သို့ လိုက်လျှောက်နိုင်သူ အားလုံးသည် မင်္ဂလာရှိကြ၏။ အတိတ်ကာလများ၏ လူတို့သည်လည်း ဘုရားသခင်၏ ခြေလှမ်းများနောက် လိုက်လျှောက်ခဲ့ကြသည်၊ သို့သော် ယနေ့ထိတိုင် ၎င်းတို့ မလိုက်လျှောက်နိုင်ခဲ့ကြချေ။ ဤသည်မှာ နောက်ဆုံးသောကာလ လူများ၏ ကောင်းချီးမင်္ဂလာ ဖြစ်သည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ လက်ရှိ အလုပ်နောက်သို့ လိုက်လျှောက်နိုင်သောသူများနှင့် ဘုရားသခင်က ၎င်းတို့ကို ဦးဆောင်သည့် မည်သည့်နေရာသို့မဆို ဘုရားသခင် နောက်လိုက်ကြသည့် ဘုရားသခင်၏ ခြေလှမ်းများနောက်သို့ လိုက်လျှောက်နိုင်သော ထိုသို့သောသူများ- ဤသည်တို့မှာ ဘုရားသခင်၏ ကောင်းချီးပေးခြင်း ခံစားရသည့် လူများ ဖြစ်သည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ လက်ရှိ အလုပ်နောက်သို့ မလိုက်လျှောက်သော သူများသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်ဆိုင်သော အမှုထဲသို့ မဝင်ရောက်ကြသေးသကဲ့သို့၊ ၎င်းတို့ မည်မျှ အလုပ်လုပ်သည်ဖြစ်စေ၊ သို့မဟုတ် ၎င်းတို့၏ ဒုက္ခဆင်းရဲများ မည်မျှ ကြီးမားသည်ဖြစ်စေ၊ သို့မဟုတ် ၎င်းတို့ မည်မျှ ဟိုဟိုသည်သည် အလုပ်များသည်ဖြစ်စေ၊ ထိုအရာထဲမှတစ်ခုမျှ ဘုရားသခင်အဖို့ အဓိပ္ပာယ် တစ်ခုတစ်လေမျှ မရှိသကဲ့သို့၊ သူသည် ၎င်းတို့ကို ချီးကျူးလိမ့်မည် မဟုတ်။...‘သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက် နောက်သို့ လိုက်လျှောက်ခြင်း’ ဆိုသည်မှာ ယနေ့ ဘုရားသခင်၏ အလိုကို နားလည်ခြင်း၊ ဘုရားသခင်၏ လက်ရှိ သတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်နိုင်ခြင်း၊ ယနေ့၏ ဘုရားသခင်ကို နာခံကာ လိုက်လျှောက်နိုင်ခြင်းနှင့် ဘုရားသခင်၏ အသစ်လွင်ဆုံးသော မိန့်မြွက်ချက်များနှင့်အညီ ဝင်ရောက်ခြင်းတို့ကို ဆိုလိုသည်။ ဤသည်သာ သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်နောက်သို့ လိုက်လျှောက်ပြီး၊ သန့်ရှင်းသော ဝိညာဉ်တော်၏ ရေစီးကြောင်းတွင် ရှိသောသူတစ်ဦး ဖြစ်သည်။ ထိုသို့သော လူများသည် ဘုရားသခင်၏ ချီးမွမ်းမှုကို ရရှိနိုင်စွမ်းနှင့် ဘုရားသခင်ကို မြင်တွေ့နိုင်စွမ်း ရှိသည်သာမက၊ ဘုရားသခင်၏ နောက်ဆုံးအမှုမှတစ်ဆင့် ဘုရားသခင်၏ စိတ်သဘောထားကိုလည်း သိရှိနိုင်ပြီး၊ လူတို့၏ အယူအဆများနှင့် မနာခံမှု၊ ပြီးလျှင် လူတို့၏ သဘာဝနှင့် အနှစ်သာရတို့ကို သူ၏ နောက်ဆုံးအမှုမှ သိရှိနိုင်ပေသည်။ ထို့အပြင် ၎င်းတို့၏ အစေခံမှုအတွင်းတွင်၊ ၎င်းတို့သည် ၎င်းတို့၏ စိတ်သဘောထားထဲက ပြောင်းလဲမှုများကို တဖြည်းဖြည်း ရရှိနိုင်ကြလေသည်။ ဤကဲ့သို့သော လူများသာ ဘုရားသခင်ကို ရရှိနိုင်သူများနှင့် မှန်သောလမ်းခရီးကို စစ်မှန်ရိုးသားစွာ တွေ့ရှိပြီးသောသူများ ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်၏ အသစ်ဆုံးသောအမှုကို သိပြီး သူ၏ ခြေလှမ်းများနောက် လိုက်လော့) ဘုရားသခင်၏ နောက်သို့လိုက်ခြင်းဆိုသည်မှာ အဓိကအားဖြင့် ဘုရားသခင်၏ လက်ရှိအမှုတော်နောက်ကို လိုက်ခြင်း၊ ဘုရားသခင်၏ လက်ရှိ နှုတ်ကပတ်တော်များကို ဆက်ကပ်ခြင်းနှင့် လက်တွေ့လုပ်ဆောင်ခြင်း၊ ဘုရားသခင်၏ ပညတ်ချက်များကို စောင့်ထိန်းနိုင်ခြင်း၊ အကြောင်းကိစ္စအားလုံးတွင် ဘုရားသခင်၏ အလိုတော်ကို ရှာဖွေခြင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့် အညီ လက်တွေ့လုပ်ဆောင်ခြင်း၊ သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်မှုနှင့် ဦးဆောင်လမ်းပြမှုကို လုံးဝဆက်ကပ်အပ်နှံခြင်းတို့ကို ရည်ညွှန်းပါသည်။ နောက်ဆုံးတွင်၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ပြီး ဘုရားသခင်၏ အလိုတော်ကို လိုက်လျှောက်သော လူတစ်ဦးဖြစ်လာခြင်းကို ရည်ညွှန်းပါသည်။ ဤသို့သော လူမျိုးသည်သာ ဘုရားသခင်၏ နောက်လိုက်ဖြစ်ပြီး ဘုရားသခင်၏ ကယ်တင်ခြင်းကို ရရှိသောသူတစ်ဦးဖြစ်သည်။ ကျွန်ုပ်တို့၏ ယုံကြည်ခြင်းတွင် သမ္မာကျမ်းစာအပေါ် မီခိုပြီး သမ္မာကျမ်းစာကို ချီးမြှောက်သော်လည်း လက်တွေ့အရှိတရားတွင် ကျွန်ုပ်တို့၏ လက်တွေ့လုပ်ဆောင်မှုနှင့် အတွေ့အကြုံမှာ သမ္မာကျမ်းစာမှ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဆက်ကပ်အပ်နှံခြင်းနှင့် လက်တွေ့လုပ်ဆောင်ခြင်းအစား၊ သမ္မာကျမ်းစာထဲက လူသားတို့၏ စကားများနှင့် သွန်သင်ချက်များအရ ဖြစ်လျှင်၊ ဘုရားသခင်၏ ရည်ရွယ်ချက်များကို ကျွန်ုပ်တို့ သဘောပေါက်နားလည်ခြင်းမရှိပဲ ယင်းအစား ဘာသာရေး အခမ်းအနားများနှင့် စည်းမျဉ်းများကိုသာ လိုက်နာစောင့်ထိန်းလျှင်၊ ဤသည်မှာ လူနောက်လိုက်နေခြင်းဖြစ်သည်။ ကျွန်ုပ်တို့သည် သမ္မာကျမ်းစာထဲမှ လူတို့၏ စကားများကို ဘုရားသခင်၏ နှုတ်ကပတ်တော်များကဲ့သို့ လိုက်လျှောက်၍ လက်တွေ့လုပ်ဆောင်ပြီး သခင်ယေရှုကိုတော့ ပြယုဂ်တစ်ခုမျှအဖြစ်သာ ယူဆလျင် သူ၏ စကားများကို လျစ်လျူရှုကာ သူ၏ ပညတ်ချက်များကို လိုက်လျှောက်ရန် မည်သည့်အရာမျှ မလုပ်ဆောင်လျှင်၊ ကျွန်ုပ်တို့သည် သူတော်ကောင်းအယောင်ဆောင် ဖာရိရှဲများကဲ့သို့ပင် ဧကန်မုချ သခင်ယေရှုအားဖြင့် ပြုပြင်ခံရပြီး ကျိန်ဆဲခံရကြလိမ့်မည်ဖြစ်သည်။ သခင်၌ယုံကြည်ခြင်းရှိသော်လည်း ဝိညာဉ်ရေးရာ ကျော်ကြားသူများ သို့မဟုတ် သင်းအုပ်ဆရာများနှင့် အကြီးအကဲများကို မျက်စိကန်းစွာ ကိုးကွယ်ကြသော လူများစွာရှိသည်၊ ၎င်းတို့သည် ဖာရိရှဲများကို ကြည်ညိုကြလေသည်။ ၎င်းတို့ အပေါ်ကို မည်သည့် အမှုအရာ ကျရောက်ပါလေ့စေ၊ ဦးဆောင်လမ်းပြမှုကို ရှာဖွေရန် သင်းအုပ်ဆရာများနှင့် အကြီးအကဲများထံသို့ ပြေးသွားကြသည်၊ မှန်သောလမ်းကို လေ့လာစုံစမ်းရာတွင်လည်း ထပ်တူ ၎င်းတို့ လုပ်ဆောင်ကြ၏။ ရလဒ်အနေဖြင့်၊ ၎င်းတို့သည် သူတော်ကောင်း အယောင်ဆောင် ဖာရိရှဲများနှင့် ဘာသာရေး ခေါင်းဆောင်များအားဖြင့် လှည့်ဖြားခံရပြီး လွဲမှားစွာဦးဆောင်ခြင်းခံရကြကာ ဘုရားသခင်ကို အာခံသည့် လမ်းကြောင်းပေါ် စတင်သက်ဆင်းမိကြသည်။ ဤအရာများသည် ဘုရားသခင်အစား လူနောက်လိုက်လျှောက်ခြင်း၏ အကျိုးဆက်များနှင့် အဆုံးသတ်များဖြစ်သည်။ ဘုရားသခင်နောက်ကို အမှန်တကယ် လိုက်လျှောက်ရန် တစ်ခုတည်းသောလမ်းမှာ သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုတော်နောက်လိုက်လျှောက်ခြင်း၊ ဘုရားသခင်၏ လက်ရှိ နှုတ်ကပတ်တော်များကို လိုက်လျှောက်ခြင်း၊ သန့်ရှင်းသော ဝိညာဉ်တော် အမှုတော်၏ ခြေရာများနောက် လိုက်လျှောက်ခြင်းနှင့် ကျွန်ုပ်တို့၏ တာဝန်များကို ဖြည့်ဆည်းရန် အကောင်းဆုံးပေးဆပ်ခြင်းတို့အပေါ် ကျွန်ုပ်တို့၏ ယုံကြည်ခြင်းကို အဓိက အခြေပြုရန် ဖြစ်သည်။ အထူးသဖြင့် နောက်ဆုံးသောကာလတွင် ဘုရားသခင်သည် သူ၏ တရားစီရင်ခြင်း အမှုတော်ကို လုပ်ဆောင်သည့်အခါတွင် ဘာသာရေးလောကသည် သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်ကို ဆုံးရှုံးခဲ့ပြီဖြစ်ပြီး ခြောက်ကပ်လာခဲ့ပြီဖြစ်သည်။ မှန်ကန်သောလမ်းကို ကျွန်ုပ်တို့ မဖြစ်မနေ ရှာရသောအခါ၊ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ အာရုံကို အသင်းတော်များအတွက် သန့်ရှင်းသော ဝိညာဉ်တော်၏ နှုတ်ကပတ်တော်များကို ရှာဖွှေခြင်းဆီသို့ ပို၍ပင် လှည့်ကြရပါမည်၊ ကျွန်ုပ်တို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ မိန့်မြွက်ချက်များနှင့် သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုတော်တို့ကို ရှာဖွေကြရပါမည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ နှုတ်ကပတ်တော်နှင့် အမှုတော်တို့ကို ကျွန်ုပ်တို့ မရှာလျှင်၊ ဘုရားသခင်၏ အသံတော်ကို ကျွန်ုပ်တို့ မကြားနိုင်လျှင်၊ လက်ရှိ ဘုရားနှုတ်ကပတ်တော်များ၏ အာဟာရကို ရယူရန် မတတ်နိုင်လျှင်၊ ကျွန်ုပ်တို့သည် ပယ်ရှားခံရလိမ့်မည်၊ အမှောင်ထဲသို့ လိမ့်ကျရင်း၊ ငိုကြွေးကာ အံသွားခဲကြိတ်ကြလျက်၊ နောက်ဆုံးသောကာလ ဘုရားသခင်၏ အမှုတော်ကာလအတွင်းတွင် ဖယ်ရှားခံရကြလိမ့်မည်ဖြစ်သည်။ ဘုရားသခင်နောက်ကို အမှန်တကယ်လိုက်ပြီး ဆက်ကပ်အပ်နှံသော သူတို့သည် ကိုယ်တော်အားဖြင့် ဘယ်သောအခါမျှ စွန့်ပစ်ခံရလိမ့်မည် မဟုတ်ပါ။ သင်းအုပ်ဆရာများနှင့် အကြီးအကဲများကို ကိုးကွယ်သော သူတို့သည် လူကိုဆက်ကပ်အပ်နှံခြင်းဖြစ်ပြီး လူ၏ နောက်လိုက်များ ဖြစ်ကြသည်။ ဤလူတို့သည် ဘုရားသခင်၏ အမှုတော်အားဖြင့် နောက်ဆုံးတွင် ဖော်ထုတ်ခံရပြီး ဖယ်ရှားခံရလိမ့်မည်။

ကျွန်ုပ်တို့၏ နှုတ်များမှ ဘုရားသခင်ကို ကျွန်ုပ်တို့ ယုံကြည်ရမည်၊ ဘုရားသခင်နောက်ကို လိုက်ရမည်ဖြစ်ပြီး သူ့ကို ဆက်ကပ် အပ်နှံရမည်ဟု ကြွေးကြော်ကြသော်လည်း လက်တွေ့အရှိတရားတွင် ဖြစ်သောအရာမှာ မတူပေ။ ဤအရာကို ကျေးဇူးတော်ခေတ်တွင် ဂျူးဘာသာယုံကြည်မှုရှိသောသူတို့က ပေတရုနှင့် ယောဟန်တို့ လုပ်ဆောင်ပုံနှင့် ဆန့်ကျင်စွာ သခင်ယေရှုကို ဆက်ဆံခဲ့သည့် နည်းလမ်းမှ ကျွန်ုပ်တို့ ရှင်းလင်းစွာ မြင်နိုင်သည်။ သခင်ယေရှုသည် သူ၏ အသစ်သောအမှုတော်ကို ဆောင်ရွက်ခဲ့သည်၊ သမ္မာတရားကို ထုတ်ပြန်ခဲ့ပြီး နောင်တလမ်းကို ဆောင်ကြဉ်းခဲ့သော်လည်း ထိုအချိန်က ဂျူးလူမျိုးအများစုက ယဇ်ပရောဟိတ်အကြီးအကဲများနှင့် ဖာရိရှဲတို့၏ သွန်သင်ချက်များကိုသာ နားထောင်ခဲ့ကြသည်။ သခင်ယေရှု၏ အမှုတော်နှင့် နှုတ်ကပတ်တော်များကို လက်မခံခဲ့ကြပါ၊ ရလဒ်အနေဖြင့် သခင်ယေရှု၏ ကယ်တင်ခြင်းကို သူတို့ ဆုံးရှုံးခဲ့သည်။ အမည်ခံအားဖြင့် ဘုရားသခင်ကို သူတို့ယုံကြည်ကြ၏၊ သို့သော် အမှန်တကယ်တွင် ၎င်းတို့သည် ယဇ်ပရောဟိတ်အကြီးအကဲများ၊ ကျမ်းပြုဆရာများနှင့် ဖာရိရှဲများကို ယုံကြည်ခဲ့ကြသည်။ သို့သော်၊ ပေတရု၊ မဿဲ၊ ဖိလ္လပိ နှင့် အခြားသူများက သခင်ယေရှု၏ နှုတ်ကပတ်တော်များက သြဇာအာဏာနှင့် တန်ခိုးရှိပြီး ၎င်းတို့သည် သမ္မာတရားဖြစ်သည်ကို မြင်ခဲ့ကြသည်။ သခင်ယေရှု၏ နှုတ်ကပတ်တော်များနှင့် အမှုတော်တို့သည် ဘုရားသခင်ထံမှာ လာသည်ကို သူတို့ မြင်ခဲ့ကြပြီး သူ့နောက်ကို နီးကပ်စွာ လိုက်ခဲ့ကြသည်။ ဖာရိရှဲတို့၏ ထိန်းချုပ်မှုကို ၎င်းတို့ လုံးဝ မခံခဲ့ကြရပဲ ဘုရားသခင်နောက်ကို အမှန်တကယ် လိုက်ပြီး နာခံသောသူများ ဖြစ်ခဲ့ကြသည်။ နောက်ဆုံးသောကာလတွင်၊ ဘုရာသခင်နောက်ကို အမှန်တကယ်လိုက်လျှောက်ပြီး ဆက်ကပ်အပ်နှံဖို့ တစ်ခုတည်းသော နည်းလမ်းမှာ အနန္တတန်ခိုးရှင် ဘုရားသခင်၏ တရားစီရင်ခြင်း အမှုတော်ကို လက်ခံကာ ဆက်ကပ်အပ်နှံဖို့ဖြစ်ပြီး ဤအရာက ဗျာဒိတ်ကျမ်းတွင် တွေ့ရသော ပရောဖက်ပြုချက်ဖြစ်သည့်၊ “သိုးသငယ် သွားလေ ရာရာအရပ်သို့ နောက်တော်၌ လိုက်သောသူဖြစ်ကြ၏။(ဗျာဒိတ်ကျမ်း ၁၄:၄) ဆိုသည့်အရာကို ပြည့်စုံစေသည်။ လက်ရှိတွင်၊ ဘာသာရေးလောကထဲရှိ ခေါင်းဆောင်များသည် ဂျူးလူမျိုးဖာရိရှဲတို့၏ အခန်းကဏ္ဍတွင် သရုပ်ဆောင်နေကြပြီး ကျမ်းစာထဲရှိ လူ၏ စကားများကို ချီးမြှောက်ဖို့ရန် တတ်နိုင်သမျှ ကြိုးပမ်းအားထုတ် ကြသော်လည်း သခင်ယေရှု၏ နှုတ်ကပတ်တော်များအပေါ် သစ္စာပျက်ကြလေသည်။ ပို၍အဓိပ္ပါယ်မဲ့စွာပင်၊ ၎င်းတို့သည် နောက်ဆုံးသောကာလထဲက ဘုရားသခင်ပြုသော အမှုကို ရှုတ်ချဖို့ရန် ကျမ်းချက်များကို အဆက်အစပ်မရှိ ကိုးကားခြင်းအားဖြင့် ကျမ်းစာကို အမြတ်ထုတ်ကြသည်။ ၎င်းတို့သည် ယုံကြည်သူများကို လှည့်ဖြားရန်၊ မျက်ကန်းဖြစ်စေရန် နှင့် ထိန်းချုပ်ရန် ဤအရာကို လုပ်ဆောင်ကြသည်။ ဥပမာအားဖြင့် သခင်ယေရှုက၊ “ကောင်းကင်ဘုံ၌ ရှိတော်မူသော ငါ့ခမည်းတော်၏အလိုကို ဆောင်သောသူသာလျှင် ဝင်ရလိမ့်မည်(ရှင်မဿဲခရစ်ဝင် ၇:၂၁) ကောင်းကင်နိုင်ငံတော် ဝင်ရလိမ့်မည်ဟု ရှင်းလင်းစွာ ဖော်ပြခဲ့ပါသည်။ သို့တိုင်၊ ဘာသာရေးလောကထဲက ခေါင်းဆောင်များကြားတွင်၊ ယုံကြည်မှုထဲတွင် လူတစ်ယောက် လုပ်ဆောင်ဖို့ လိုအပ်သည့်အရာ အားလုံးမှာ ကြိုးစားလုပ်ဆောင်ဖို့ဖြစ်ပြီး သူ့အနေဖြင့် ကောင်းကင်နိုင်ငံထဲသို့ ဝင်နိုင်လိမ့်မည်ဖြစ်ပြီး ကောင်းကင်နိုင်ငံမှာ အင်အားဖြင့် အမိအရဖမ်းဆုပ်နိုင်သောအရာဖြစ်သည်ဟု ဆိုကြသည်။ သခင်ယေရှုက ကျွန်ုပ်တို့ကို၊ “သင်၏ဘုရားသခင် ထာဝရဘုရားကို ကိုးကွယ်ရမည်၊(ရှင်မဿဲခရစ်ဝင် ၄:၁၀) ဟု တောင်းဆိုထားပါသည်။ သို့သော်လည်း ဝိညာဉ်ရေးရာ ကျော်ကြားသူများဟု ခေါ်ဆိုသောသူ အချို့က ယုံကြည်သူများကို အဘယ်သို့ ဘုရားဖြစ်လာရမည် သို့မဟုတ် ရှင်ဘုရင်ဖြစ်ဖို့ရန် အဘယ်သို့ ကြိုးစားရမည်နှင့် တိုင်းနိုင်ငံအားလုံးနှင့် လူမျိုးအားလုံးအပေါ် အာဏာစွဲကိုင်ခြင်းတို့ကို ရှာဖွေရန် ဦးဆောင်ကြသည်၊ ယင်းမှာ လုံးလုံးလျားလျား အဓိပ္ပါယ်မဲ့သော အရာဖြစ်သည်။ ဘာသာရေးလောကထဲရှိ ခေါင်းဆောင်များသည် နာမည်အရ သခင်အတွက် အလုပ်လုပ်ကြပြီး တရားဒေသနာများကို ဟောပြောကြသည်၊ သို့သော် လက်တွေ့အရှိတရားတွင်၊ ၎င်းတို့သည် လူ၏ သွန်သင်ချက်များကို ဖြန့်နေကြကာ ၎င်းတို့၏ ကိုယ်ပိုင် စိတ်ကူးများကို ကျွန်ုပ်တို့အတွက် လိုက်နာရမည့် သမ္မာတရားအဖြစ် မြှင့်တင်ကြသည်။ ၎င်းတို့သည် သူတော်ကောင်းယောင်ဆောင် ဖာရိရှဲများကဲ့သို့သာ ဖြစ်ပြီး လမ်းခရီးကို ဦးဆောင်ရန် ကြိုးစားသော မျက်ကန်းဖြစ်ကြသည်။ ၎င်းတို့သည် ကိုယ်တော်နှင့်အတူ တန်းတူရပ်တည်ရင်း ခရစ်တော်ကို အာခံပြီး ဆန့်ကျင်ရန် ကြိုးစားနေကြသည်။ ၎င်းတို့သည် သီးခြား လွတ်လပ်သော နိုင်ငံတော်ကို ဖန်တီးရန် လုပ်ဆောင်နေကြသော အန္တိခရစ်များ ဖြစ်ကြသည်။ သစ္စာရှိသူ ကျွန်ုပ်တို့သည် ဘာသာရေးလောက၏ ခေါင်းဆောင်များနှင့် ကျော်ကြားသူများနောက်ကို စတင်လိုက်သည်နှင့် တပြိုင်နက်၊ ကျွန်ုပ်တို့ ကိုယ်ပိုင်လမ်းကြောင်းကို စတင် လျှောက်လှမ်းခြင်းဖြစ်ပြီး သခင့်၏ လမ်းကြောင်းမှ သွေဖည်ခြင်း ဖြစ်သည်။ ဤသည်မှာ သခင့်ကို အာခံခြင်းနှင့် သစ္စာဖောက်ခြင်းတို့၏ အလွန်ဆိုးရွားသော ဖြစ်ရပ်ဖြစ်သည်။ ကျွန်ုပ်တို့ နောင်တမရလျှင်၊ ဘုရားသခင်အားဖြင့် ဖယ်ရှားခံရပြီး သုတ်သင်ပယ်ရှင်းခြင်း ခံရကြမည်ဖြစ်သည်။

နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ မှ

အရှေ့သို့- သမ္မာကျမ်းစာထဲတွင်၊ ပေါလုက၊ “အစိုရသော မင်းအာဏာစက်၏ အုပ်စိုးခြင်းကို လူတိုင်းဝန်ခံစေ။ အကြောင်းမူကား၊ ဘုရားသခင်၏ အခွင့်မရှိလျှင်၊ မင်းအာဏာစက်မရှိ။” (ရောမဩဝါဒစာ ၁၃:၁-၂) “ထိုကြောင့် သင်တို့သည် ကိုယ်ကို သတိနှင့် ကြည့်ရှုကြလော့။ ဘုရားသခင်သည် မိမိအသွေးနှင့် ဝယ်တော်မူသောအသင်းတော်ကို လုပ်ကျွေးစေခြင်းငှါ၊ သန့်ရှင်းသောဝိညာဉ်တော်သည် သင်တို့ကို အအုပ်အချုပ် ခန့်ထားတော်မူသော သိုးစုတစုလုံးကိုလည်း သတိနှင့် ကြည့်ရှုကြလော့။” (တမန်တော်ဝတ္ထု ၂၀:၂၈) ဟု ဆိုထားသည်။ ဘာသာရေးလောကထဲရှိ လူအများစုသည် သင်းအုပ်ဆရာများနှင့် အကြီးအကဲများကို သခင်က ခန့်ထားခြင်းဖြစ်ပြီး ၎င်းတို့သည် အသင်းတော်များထဲတွင် သခင့်ကို အစေခံကြသည်ဟူသည့် ၎င်းတို့၏ ယုံကြည်မှုတွင် ပေါလု၏ စကားများကို လိုက်နာကြလေသည်။ ၎င်းတို့က သင်းအုပ်ဆရာများနှင့် အကြီးအကဲများကို နားထောင်ကာ နာခံသောသူတို့သည် သခင့်ကို နာခံကာ လိုက်လျှောက်သူများဖြစ်ပြီး၊ သင်းအုပ်ဆရာများ၏ စကားများကို နားထောင်ဖို့ဆိုသည်မှာ သခင်၏ စကားများကို နားထောင်ဖို့ဖြစ်သည်ဟု ယုံကြည်ကြလေသည်။ ဤသည်မှာ သခင်၏ အလိုတော်နှင့် ကိုက်ညီပါသလား။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Leave a Reply

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။