ကျွန်ုပ်တို့ သားသမီးတွေ ကျောင်းသွားဖို့ရန် ငွေရှာကာ ကြိုးစားခဲ့ရတယ်၊ သူက အနာဂတ်မှာ ကောင်းကောင်းရှိမယ်လို့ မျှော်လင့်ခဲ့တယ်၊ ဒါပေမယ့် ကလေးက ကျောင်းမှာကောင်းကောင်း စာမသင်ဘူး၊ ဘယ်လောက်ပဲကြိုးစားသင်ပေးရစေ သူတို့က ပြန်လည်ကြိုးစားခြင်းမရှိဘူး။ ဒီအတွက် ကျွန်ုပ် အရမ်းစိတ်သောကရောက်နေရတယ်၊ ဘယ်လိုမှန်ကန်စွာ ဆက်ဆံပြီး ဘယ်လိုပညာပေးရမယ်ဆိုတာမသိဘူး။

18.05.2021

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

ဘုရားသခင်သည် လူသားကံကြမ္မာ၏ တစ်ဦးတည်းသော အရှင်သခင်ဖြစ်သည်။ ထို့ကြောင့် လူသားအတွက် သူ့ကိုယ်ပိုင်ကံကြမ္မာကို ပြဋ္ဌာန်းဖို့ မဖြစ်နိုင်။ ယင်း၏ ပြင်ပသို့ ခြေလှမ်းဖို့ သူ့အတွက် မဖြစ်နိုင်ပေ။ လူတစ်ယောက်၏ အရည်အချင်းက မည်မျှပင် ကြီးမားပါစေ၊ အခြားလူများ၏ ကံကြမ္မာကို စီစဉ်ညွှန်ကြားဖို့၊ စီစဉ်ဖို့၊ ထိန်းချုပ်ဖို့ သို့မဟုတ် ပြောင်းလဲဖို့ မပြောနှင့်၊ မလွှမ်းမိုးနိုင်ပေ။ လူသားအတွက် အရာခပ်သိမ်းကို အတုမရှိသည့် ဘုရားသခင် ကိုယ်တိုင်သာ အုပ်စိုးပါသည်၊ လူသားကံကြမ္မာအပေါ် အချုပ်အခြာအာဏာကို စွဲကိုင်သည့် အတုမရှိသော သြဇာအာဏာကို သူသာလျှင် ပိုင်ဆိုင်သည့်အတွက်ကြောင့်ဖြစ်သည်။ ထို့ကြောင့် ဖန်ဆင်းရှင် သာလျှင် လူသား၏ အတုမရှိသည့် အရှင်သခင်ဖြစ်သည်။ ဘုရားသခင်၏ သြဇာအာဏာသည် ဖန်ဆင်းခံ လူသားမျိုးနွယ် အပေါ်သာမက မည်သည့်လူသားမျှ မမြင်နိုင်သည့် ဖန်ဆင်းခံ မဟုတ်သော အရာများအပေါ်၊ ကြယ်များအပေါ် စကြဝဠာ အပေါ်တွင် အချုပ်အခြာအာဏာကို စွဲကိုင်ထား၏။ ဤသည်မှာ ငြင်း၍မရသည့် အချက်၊ မည်သည့်လူသား သို့မဟုတ် မည်သည့်အမှုအရာကမျှ ပြောင်းလဲ၍မရသည့် အမှန်တကယ် တည်ရှိသော အချက်တစ်ခု ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၃)

ဖန်ဆင်းရှင်၏ ကြိုတင်သတ်မှတ်ခြင်းကလွဲပြီး ဘယ်အရာကမှ လူတစ်ယောက်၏ ကံကြမ္မာပေါ် ဆက်နွှယ်မှု မရှိသည့်အတွက်၊ မွေးဖွားခြင်းနှင့် ပြုစုပျိုးထောင်ခြင်းအပြင် ကလေးတစ်ယောက်၏ ဘဝတွင် မိဘ၏ တာဝန်ဝတ္တရားမှာ သူကြီးပြင်းဖို့ ကောင်းမွန်သည့် ပတ်ဝန်းကျင်ကို ပံ့ပိုးဖို့ဖြစ်ပါသည်။ လူတစ်ယောက်က မည်သို့အနာဂတ်မျိုး ရှိမည်ကို ဘယ်သူကမှ မထိန်းချုပ်နိုင်ပါ။ ယင်းကို အချိန်ကြာမြင့်စွာက ကြိုတင်သတ်မှတ်ပြီး ဖြစ်သကဲ့သို့ သူ့မိဘများကပင် သူ့ကံကြမ္မာကို မပြောင်းလဲနိုင်ပေ။ ကံကြမ္မာနှင့် ပတ်သက်သရွေ့၊ လူတိုင်းက အမှီအခိုကင်းကာ လူတိုင်း မိမိ၏ ကိုယ်ပိုင်ကံကြမ္မာ ရှိလေသည်။ ထို့ကြောင့် မည်သူ၏မိဘကမျှ တစ်ဦးတစ်ယောက်၏ ဘဝကံကြမ္မာကို တွန်းလှန်မပယ်ရှားနိုင် သို့မဟုတ် ဘဝတွင် သူပြုမှုလှုပ်ရှားသည့် အခန်းကဏ္ဍအပေါ် လွှမ်းမိုးမှုအနည်းငယ်ပင် အသုံးမပြုနိုင်ပေ။ လူတစ်ယောက်က သူမွေးဖွားခံရဖို့ သတ်မှတ်ထားသည့် မိသားစု၊ သူကြီးပြင်းသည့် ပတ်ဝန်းကျင်တို့သည် ဘဝတွင် မိမိတာဝန်ကို ဖြည့်ဆည်းခြင်း အတွက် ကြိုတင်သတ်မှတ်ချက်များထက် ဘာမျှမပိုပေ။ ထိုအရာများသည် လူတစ်ယောက်၏ ဘဝကံကြမ္မာကို သို့မဟုတ် လူတစ်ယောက်က မိမိ၏ တာဝန်ကို ပြီးမြောက်စေသည့် ကံတရားမျိုးအား မည်သည့်နည်းနှင့်မျှ မသတ်မှတ်ပေ။ ထို့ကြောင့် မည်သူ၏ မိဘကမျှ ကလေး၏ ဘဝတာဝန်ကို ပြီးမြောက်စေဖို့ ကူညီ၍မရ။ အလားတူ၊ မည်သူ၏ ဆွေမျိုးများကမျှ ဘဝတွင် သူ့အခန်းကဏ္ဍကို တာဝန်ယူဖို့ မကူညီနိုင်ပေ။ သူ့တာဝန်ကို သူမည်သို့ ပြီးမြောက်အောင် ပြုလုပ်သည်၊ သူ့အခန်းကဏ္ဍကို မည်သည့် ပတ်ဝန်းကျင်မျိုး၌ ဆောင်ရွက်သည် ဆိုသည့်အရာ များသည် သူ့ဘဝ ကံကြမ္မာအားဖြင့် လုံးဝ သတ်မှတ်ပြီးဖြစ်သည်။ တစ်ခြားနည်းနှင့်ပြောရလျှင်၊ ဖန်ဆင်းရှင်က ကြိုတင်သတ်မှတ် ထားသည့် လူတစ်ယောက်၏ တာဝန်ကို အခြား ဓမ္မဓိဋ္ဌာန်ကျသော အခြေအနေများကမျှ မလွှမ်းမိုးနိုင်ပါ။ လူအားလုံးက သူတို့၏ ကိုယ်ပိုင်တစ်ဦးချင်းစီ ကြီးပြင်းလာသည့် ပတ်ဝန်းကျင်၌ ရင့်ကျက်လာကြသည်၊ ထို့နောက် တဖြည်းဖြည်းနှင့် တစ်ဆင့်ပြီး တစ်ဆင့် ဘဝတွင် သူတို့၏ ကိုယ်ပိုင် လမ်းများပေါ် ခရီးစတင် လာကြပြီး ၎င်းတို့အတွက် ဖန်ဆင်းရှင်အားဖြင့် စီစဉ်ထားသည့် ကံတရားများကို ဖြည့်ဆည်းကြလေသည်။ ဖန်ဆင်းရှင်၏ ကြိုတင်ပြဋ္ဌာန်းခြင်းအတွက် ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာ အတွက်၊ အဖန်ဆင်းခံများအနေဖြင့် သူတို့၏ တာဝန် ဝတ္တရားတွေကို စတင်ဖြည့်ဆည်းသည့်နေရာဖြစ်သော ကျယ်ပြန့်လှသည့် လူသား သဘာဝ ပင်လယ်ထဲသို့ အလိုအလျောက်၊ အမှတ်တမဲ့ ဝင်ရောက်ကြလေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၃)

ဤလောကထဲသို့ ရောက်ရှိလာသူတိုင်း၌ တာဝန်တစ်ခုရှိကြသည်။ လူတစ်ဦးသည် ဤလောကထဲသို့ အလျင်းသင့်သလို ရောက်လာသည်မဟုတ်။ အစီအစဥ်မှားယွင်းမှုတစ်ခုလည်းမဟုတ်။ လူပုဂ္ဂိုလ်တစ်ဦးချင်းစီတိုင်း၏ လူ့လောကထဲသို့ရောက်ရှိလာရခြင်းသည် မည်သည့်အရာ သူတို့သင်ယူသည်ဖြစ်စေ သို့မဟုတ် ပြုလုပ်သည်ဖြစ်စေ ၎င်းတို့သည် ဤလောကထဲရှိ တာဝန်တစ်ခု၌ ပူးပေါင်းလုပ်ဆောင်ကြရန်ဖြစ်ပေသည်။ ထိုအရာသည် မည်သည့်တာဝန်ဖြစ်သနည်း။ သူတို့၏တာဝန်သည် အလုပ်တစ်ခုကို ပြီးစီးစေရန်နှင့် ဤလောကထဲ၌ အချို့သောလုပ်ဆောင်ချက်များ ထမ်းဆောင်ရန်ဖြစ်၏။ဥပမာ၊ လူနှစ်ဦးတို့သည် လက်ထပ်ခဲ့ကြပြီး ကလေးငယ်တစ်ဦးပိုင်ဆိုင်လာကြ၏။ ထိုလူသုံးဦးတို့သည် ပြည့်စုံသောမိသားစုတစ်ခု ပုံပေါ်စေ၏။ ဤမိသားစုထဲ၌ မိခင်သည် ဘာအတွက်အသက်ရှင်သနည်း။ သူမ၏တာဝန်ပြီးစီးစေဖို့ရန်နှင့် မိခင်တစ်ဦးအဖြစ် သူမ၏တာဝန်ဖြစ်သော သူမ၏ခင်ပွန်းသည်နှင့် ကလေးကိုကြည့်ရှုစောင့်ရှောက်ရန်၊ အိမ်ထောင်အား ဂရုစိုက်ဖို့ရန် သူမအသက်ရှင်ခြင်းဖြစ်သည်။ ဤအရာတို့သည် သူမအသက်ရှင်ရခြင်း၏အကြောင်းဖြစ်သည်။ သားသမီးတို့သည် ဤမိသားစုထဲ၌ ဘာအတွက် အသက်ရှင်သနည်း။ သားသမီးတို့သည် မည်သည့်တာဝန်အား ပူးပေါင်းလုပ်ဆောင်ရသနည်း။ သူတို့သည် သူတို့မိသားစု၏အမည်ကို ဆက်ထိန်းသိမ်းမည့် မိသားစု၏အနွယ်ဖြစ်ကြပြီး ဤမိသားစု၏ အနာဂတ်မျိုးဆက်အစိတ်အပိုင်းအဖြစ် ပူးပေါင်းပါဝင်ကြသည်။ ကလေးငယ်များရှိနေခြင်းသည် မိသားစုကိုပြည့်စုံစေပြီး မြဲမြံစေပါသည်။ မိသားစုကို ပြည့်စုံစေခြင်းသည် သားသမီးများ၏ ပထမတာဝန်ဖြစ်သည်။ ယောကျ်ားလေး သို့မဟုတ် မိန်ကလေးဖြစ်စေ မိသားစုအထဲ၌ သူတို့တာဝန်ရှိကြ၏။ သားသမီးများ၏ဘဝအတွက် သူတို့၏ကံကြမ္မာဘာဖြစ်မည်၊ လူမှုအဖွဲ့အစည်း၌ သူတို့ဘာသင်ယူရမည်၊ မည်သည့်နေရာတွင် သူတို့အလုပ်လုပ်မည်၊ သူတို့လုပ်ရမည့်အလုပ်၊ ဘုရားသခင်၏အိမ်ထောင်ထဲသို့ သူတို့ဝင်ရောက်သည့်အခါ သူတို့လုပ်ရမည့်တာဝန်၊ သူတို့၏ အထူးကျွမ်းကျင်မှုများနှင့် သူတို့ဘာလုပ်ရမည်နည်း စသည့် အဆင့်ဆင့်စီမံမှုများသည် ဘုရားသခင်ချမှတ်ထားသော အစီစဥ်များမဟုတ်ပေဘူးလော။ ကလေးတစ်ယောက်သည် သူ့ကိုယ်ပိုင်ရွေးချယ်မှုရှိသလော။ မိသားစုထဲသို့ သူတို့မွေးဖွားလာသည့်အချိန်မှစပြီး သူတို့၌ ရွေးချယ်မှုမရှိပေ။ အမှန်အားဖြင့် သူတို့ကံကြမ္မာ၏ မည်သည့်အဆင့်၌မဆို သူတို့၌ရွေးချယ်မှုရှိ၏။ ဤအရာအလုံးစုံတို့အား ဘုရားသခင်၏အစီအစဥ်အားဖြင့်ဖြစ်၏။ “ ဘုရားသခင်သည်အလုံးစုံတို့အား စီစဉ်ထားတော်မူ၏” ဟူသောဖော်ပြချက်တွင် အမှန်တရားပါရှိသည်။ ထို့နောက် ၎င်းသည် ဘာအတွက်လူတို့အသက်ရှင်ရသည်ဆိုသည်နှင့် သက်ဆိုင်သည်။...အမှန်အားဖြင့်ဆိုလျှင် လူတိုင်းသည် အတူတူပင်ဖြစ်ကြ၏။ သူတို့သည် ဘုရားသခင်၏အချုပ်အခြာအာဏာနှင့် သူ၏အစီအစဥ်များအတွက်ကြောင့် အသက်ရှင်ကြ၏။ လူပုဂ္ဂိုလ်တိုင်းသည် စစ်တုရင်ရုပ်တစ်ခုကဲ့သို့ဖြစ်ကြ၏။ သင့်အား ဘုရားသခင်ထားသည့်နေရာ၊ သင်သွားသည့်နေရာ၊ သင်လုပ်သည့်အရာနှင့် နေရာတစ်ခုတွင် မည်မျှကြာသည်အထိ သင်နေရသည် စသည့်အရာအားလုံးသည် ဘုရားသခင်အားဖြင့် စီစဥ်ညွှန်ကြားခဲ့ခြင်းဖြစ်၏။ ထို့ကြောင့် ဘုရားသခင်၏ စီစဥ်ညွှတ်ကြားချက်များအရ လူသားမျိုးနွယ်သည် မည်သူ့အတွက်အသက်ရှင်ကြသနည်း။ အမှန်ဆိုလျှင် ၎င်းတို့သည် ဘုရားသခင်၏အချုပ်အခြာအာဏာနှင့် သူ၏အစီအစဥ်များအတွက် အသက်ရှင်ကြ၏။ သူ၏စီမံခန့်ခွဲမှုအတွက် သူတို့အသက်ရှင်ကြပြီး သူတို့သည် မိမိတို့၏သခင်များမဟုတ်ကြချေ။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ဖန်ဆင်းခံသတ္တဝါတစ်ဦး၏တာဝန်အား ကောင်းစွာဆောင်ရွက်ခြင်းအားဖြင့်သာလျှင် လူတစ်ဦး၏ဘဝ တန်ဖိုးရှိစေ၏” မှ

မွေးဖွားခြင်း၊ အရွယ်ရောက်ခြင်းနှင့် အိမ်ထောင်ပြုခြင်း အားလုံးတို့သည် မတူညီသည့် စိတ်ပျက်မှုကို ပုံစံအမျိုးမျိုးနှင့် အဆင့်အမျိုးမျိုးဖြင့် ပေးလေသည်။ လူအချို့တို့က ၎င်းတို့မိသားစု သို့မဟုတ် ၎င်းတို့၏ ရုပ်ရည် အသွင်အပြင်တို့နှင့် ပတ်သက်ပြီး ကျေနပ်ခြင်းမရှိကြပေ။ တစ်ချို့က ၎င်းတို့မိဘများကို မကြိုက် နှစ်သက်ကြ။ တစ်ချို့က ၎င်းတို့ကြီးပြင်းလာသည့် ပတ်ဝန်းကျင် အပေါ်မှာ မကျေမနပ်ဖြစ်သည် သို့မဟုတ် မကျေနပ်ခြင်းများ ရှိကြသည်။ လူအများစုအတွက်၊ ဤစိတ်ညစ်စရာများ အားလုံး အလယ်တွင် အိမ်ထောင်ပြုခြင်းက မကျေနပ်စရာ အကောင်းဆုံး ဖြစ်သည်။ လူတစ်ယောက်က ၎င်း၏မွေးဖွားခြင်း၊ ရင့်ကျက်လာခြင်း၊ သို့မဟုတ် အိမ်ထောင်ပြုခြင်းတို့ဖြင့် မည်သို့ မကျေမနပ် ဖြစ်စေကာမူ၊ ဤအရာတွေကို ဖြတ်သန်းပြီးသည့်သူတိုင်းက တစ်ဦးတစ်ယောက်သည် မည်သည့်နေရာ၊ မည်သည့်အချိန်၌ မွေးသည်၊ မည်သို့ပုံစံရှိသည်၊ မိဘတွေက မည်သူတွေဖြစ်သည် ဆိုသည်နှင့် အိမ်ထောင်ဖက်က မည်သူဆိုသည်တို့ကို ရွေးချယ်၍ မရဘဲ ကောင်းကင်ဘုံ၏ အလိုကို ရိုးရိုးပဲ လက်ခံရမည်ဆိုသည်ကို သိကြလေသည်။ သို့သော် လူတို့အတွက် နောက်မျိုးဆက်ကို ပြုစုပျိုးထောင်ရန် အချိန်ရောက်လာသည့်အခါ ၎င်းတို့၏ သားသမီးများသည် ၎င်းတို့ဘဝ ပထမတစ်ဝက်၌ ကြုံတွေ့ခဲ့ရသည့် စိတ်ညစ်စရာများ အားလုံးအတွက် ပြန်လည်ဖြည့်ဆည်း ပေးလိမ့်မည်ဟု မျှော်လင့်ရင်း ၎င်းတို့၏ဘဝ ပထမတစ်ဝက်၌ ၎င်းတို့ အကောင်အထည်မဖော်နိုင်ခဲ့ကြသည့် ဆန္ဒအားလုံးကို သူတို့၏ မျိုးဆက်များအပေါ် လွဲချလိုက်သည်။ ထို့ကြောင့် လူတို့သည် ၎င်းတို့သားသမီးများနှင့် ပတ်သက်၍ စိတ်ကူးယဉ်မှု မျိုးစုံထဲ အရသာတွေ့နေကြလေသည်။ ၎င်းတို့သမီးများသည် အသက်ရှုမှားလောက်စရာ အလှပဂေးလေးများအဖြစ် ကြီးပြင်း လာမည်၊ ၎င်းတို့၏သားများက မြူးကြွားကြွရွ နှစ်လိုဖွယ် ကောင်းသော လူကြီးလူကောင်းများ ဖြစ်လာမည်၊ သူတို့၏ သမီးများသည် ယဉ်ကျေးဖွယ်ရာရှိပြီး ပါရမီရှိကာ၊ ၎င်းတို့၏ သားများသည် အလွန် တော်သည့်ကျောင်းသား၊ အားကစား ကြယ်ပွင့်များ ဖြစ်လာမည်၊ သူတို့၏သမီးများသည် နူးညံ့ သိမ်မွေ့မည်၊ မွန်မြတ်ပြီး စဉ်းစားဆင်ခြင်တတ်မည်၊ ၎င်းတို့၏ သားများက ဉာဏ်ထက်မြက်မည်၊ စွမ်းဆောင်ရည်ရှိပြီး အသိတရားရှိမည်ဆိုသည့် စိတ်ကူးယဉ်မှုများဖြစ်သည်။ သမီးများ ဖြစ်စေ သားများဖြစ်ပါစေ၊ ၎င်းတို့၏ မျိုးဆက်များက အသက်ကြီး သူများကို ရိုသေဖို့၊ ၎င်းတို့မိဘများကို ထောက်ထားဖို့၊ လူတိုင်းက ချစ်ခင်ပြီး ချီးမွမ်းခံရဖို့ မျှော်လင့်ကြသည်။ ဤအချိန်တွင် ဘဝမျှော်လင့်ချက် အသစ်ပေါက်ဖွားလာပြီး လူတို့၏ နှလုံးသား ထဲတွင် အသစ်သော စိတ်အားထက်သန်မှုများ နိုးဆွဖြစ်ပေါ် လေသည်။ ဤဘဝတွင် ၎င်းတို့က အစွမ်းမရှိ၊ မျှော်လင့်ချက် ကင်းမဲ့ကြောင်း၊ လူအုပ်ထဲမှ ထင်ပေါ်ဖို့ နောက်ထပ်အခွင့်အရေး၊ နောက်ထပ် မျှော်လင့်ချက်ရှိမည်မဟုတ်ကြောင်းနှင့် ၎င်းတို့၌ ရွေးချယ်စရာမရှိတော့ဘဲ သူတို့ကံကြမ္မာများကို လက်ခံရန်သာ ရှိတော့သည်ကို သိကြသည်။ ထို့ကြောင့် ၎င်းတို့သည် ၎င်းတို့၏ သားသမီးများက ၎င်းတို့၏ အိပ်မက်များကို ရရှိရန်၊ သူတို့၏ ဆန္ဒတွေကို အကောင်အထည်ဖော်ရန်၊ ၎င်းတို့၏ သားများ၊ သမီးများသည် မိသားစုနာမည်ထံ ဂုဏ်ကျက်သရေတွေ သယ်ဆောင်လာရန်၊ အရေးပါသူ၊ ချမ်းသာသူ သို့မဟုတ် ကျော်ကြားသူများဖြစ်လာရန် မျှော်လင့်ရင်းနှင့် ၎င်းတို့၏ မျှော်လင့်ချက်များ၊ ၎င်းတို့၏ အကောင်အထည်မဖော်ခဲ့ရသည့် အလိုဆန္ဒများနှင့် ပြည့်စုံမှုများအားလုံးကို နောက်မျိုးဆက်ဆီသို့ လွှဲချလိုက်ကြသည်။ အတိုချုပ်အနေနှင့် ၎င်းတို့ကလေးများ၏ အခွင့်အလမ်းများ တစ်ဟုန်ထိုးမြှင့်တက်လာခြင်းကို သူတို့ မြင်လိုကြသည်။ လူတို့၏ အစီအစဉ်များနှင့် စိတ်ကူးယဉ်မှုများက ပြည့်စုံသည်။ ၎င်းတို့တွင်ရှိသည့် သားသမီးအရေအတွက်၊ ၎င်းတို့ ကလေးများ၏ အသွင်အပြင်၊ အရည်အချင်းနှင့် ထိုကဲ့သို့သော အရာများကို ၎င်းတို့သတ်မှတ်၍ မရနိုင်၊ ၎င်းတို့ကလေးများ၏ ကံကြမ္မာက ၎င်းတို့လက်များ၌ လုံးဝ ရှိမနေသည်ကို ၎င်းတို့ မသိကြသလော။ လူသားများသည် ၎င်းတို့ကိုယ်ပိုင် ကံကြမ္မာ၏ အရှင်သခင်များ မဟုတ်ကြပေ။ သို့တိုင် ငယ်ရွယ်သည့် မျိုးဆက်များ၏ ကံကြမ္မာကို ပြောင်းလဲဖို့ မျှော်လင့်ကြသည်။ ၎င်းတို့၏ကံကြမ္မာများမှ ၎င်းတို့လွတ်မြောက်ဖို့ အစွမ်းမရှိကြပါ။ သို့တိုင် ၎င်းတို့၏ သားများ၊ သမီးများ၏ ကံကြမ္မာကို ထိန်းချုပ်ဖို့ ကြိုးစားကြ၏။ သူတို့သည် ၎င်းတို့ကိုယ်၎င်းတို့ ပိုပြီးခန့်မှန်းနေကြခြင်း မဟုတ်လော။ ဤကား လူသား၏ မိုက်မဲခြင်းနှင့် မသိနားမလည်ခြင်း မဟုတ်သလော။

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၃)

သားသမီးများနှင့်ပတ်သက်၍မူ၊ မိဘအားလုံးက ၎င်းတို့၏ သားသမီးများ ပို၍အဆင့်မြင့်သော ပညာရေးကိုရပြီး ၎င်းတို့သည် တစ်နေ့တစ်ချိန်တွင် အောင်မြင်ကာ၊ လူ့အသိုင်းအဝိုင်းထဲတွင် နေရာတစ်ခု ရသည်သာမက ပုံမှန်ဝင်ငွေနှင့် သြဇာလွှမ်းမိုးမှု နှစ်မျိုးစလုံးရှိ၍ ထိုနည်းဖြင့် ၎င်းတို့သည် မိသားစုမျိုးရိုးကို ဂုဏ်ပြုနိုင်မည်ဟု မျှော်လင့်ကြသည်။ အယောက်တိုင်း၌ ဤသဘောထား ရှိကြသည်။ “သားသည် နဂါးတစ်ကောင် ဖြစ်လာ၍၊ သမီးသည် ဖီးနစ်ငှက်တစ်ကောင် ဖြစ်လာရန်” မျှော်လင့်ခြင်းမှာ မှန်သောရှုထောင့် ဖြစ်သလော။ အယောက်တိုင်းသည် ၎င်းတို့၏ သားသမီးများ ဘွဲ့များရပြီးနောက် လူအုပ်ထဲတွင် ထင်ပေါ်ကျော်ကြားလိမ့်မည်ဟု ထင်ကြ၍ ဂုဏ်သတင်းကြီးသော တက္ကသိုလ်တစ်ခု၌ တက်ရောက်ကာ အဆင့်မြင့် လေ့လာ့ဆည်းပူးမှုများ လိုက်စားစေလိုကြသည်။ ဤအရာမှာ အဘယ်ကြောင့်နည်းဟူမူကား အယောက်တိုင်းသည် ၎င်းတို့၏ စိတ်နှလုံးထဲတွင် “အခြားအရာများကို လေ့လာလိုက်စားခြင်း၏ တန်ဖိုးမှာ သေးငယ်သည်၊ စာအုပ်စာပေများကို လေ့လာခြင်းသည် ၎င်းတို့အားလုံးအနက် အကောင်းတကာ့ အကောင်းဆုံးဖြစ်သည်” ဟု ယုံကြည်ကြ၍ အသိပညာကို ကိုးကွယ်ကြခြင်းကြောင့် ဖြစ်သည်။ ထိုမျှမက မျက်မှောက်ခေတ် လူ့အသိုင်းအဝိုင်းထဲမှ ယှဉ်ပြိုင်မှုမှာ အထူးသဖြင့် ပြင်းထန်ပြီး ဘွဲ့တစ်ခု မရှိပါက စားပွဲပေါ်တွင် အစားအစာကို တင်နိုင်ရန်ပင် သင်၌ အာမခံချက် မရှိပေ။ ဤသည်မှာ ၎င်းနှင့်ပတ်သက်၍ အယောက်တိုင်း တွေးပုံတွေးနည်း ဖြစ်သည်- ဘွဲ့တစ်ခုတည်းက တစ်ဦးတစ်ယောက်၏ အနာဂတ်နှင့် အသက်မွေးမှုကို ဆုံးဖြန်နိုင်သည့်အလား ဖြစ်သည်။ ဤသည်မှာ လူတိုင်းက ၎င်းတို့၏ သားသမီးများနှင့်သက်ဆိုင်သည့် ၎င်းတို့၏ တောင်းဆိုချက်များတွင် သာ၍ မြင့်မားသည့် ပညာရေးနှင့် သာ၍ မြင့်မားသည့် သင်ယူလေ့လာရေး တက္ကသိုလ်ထဲသို့ ဝင်ခွင့်ပြုခြင်းကို ပထမဦးစားပေးအဖြစ် ပြုလုပ်ရသည့် အကြောင်းရင်း ဖြစ်သည်။ လက်တွေ့အရှိတရားတွင်၊ လူတို့ လိုက်စားသည့် ထိုပညာရေးများ၊ ၎င်းတို့ ဆည်းပူးသည့် ထိုအသိပညာနှင့် ၎င်းတို့၏ အတွေးများမှာ ဘုရားသခင်နှင့် သမ္မာတရားကို အားလုံး ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်ပေသည်။ ယင်းတို့ကို ဘုရားသခင်က စက်ဆုပ်ကာ ရှုတ်ချလေသည်။ လူသား၏ ရှုထောင့်အမြင်မှာ အဘယ်နည်း။ ယင်းမှာ အသိပညာနှင့် ပညာရေးမရှိဘဲ လူတစ်ဦးသည် ဤလူမှုအဖွဲ့အစည်းနှင့် ဤလောကပေါ်တွင် ရပ်တည်ရန် ခြေထောက်မရှိသကဲ့သို့ အရေးပါမှု လျော့နည်းသော လူတစ်ဦး၊ လူမွဲတစ်ဦး ဖြစ်သည်ဟူ၍ ဖြစ်သည်။ သင်၏ အမြင်တွင်၊ အသိပညာ မရှိသည့်သူ မည်သူမဆို၊ ဗဟုသုတမကြွယ်ဝသောသူ မည်သူမဆို၊ သို့မဟုတ် အလွန် ပညာမတတ်သူသည် သင် အထင်သေးကာ ကဲ့ရဲ့ပြီး အရေးမပါသူကဲ့သို့ ဆက်ဆံသောသူ တစ်စုံတစ်ဦး ဖြစ်သည်။ ဤသည်မှာ ထိုသို့ ဖြစ်သည် မဟုတ်လော။ သင်၏ ရှုထောင့်အမြင်နှင့် အကြောင်းပြချက်တို့ ကိုယ်၌က မမှန်ကန်ပေ။ သင်တို့သည် မိမိတို့၏ သားသမီးများအား ကျောင်းသို့သွားရန်နှင့် ကောင်းမွန်သော အနာဂတ်တစ်ခု ရှိကြဖို့အလို့ငှာ သာ၍ မြင့်မားသည့် ပညာရေးတစ်ခုကို ရရှိကြဖို့ ပြုစုပျိုးထောင်ကြသည်၊ သို့သော်လည်း ၎င်းတို့သည် ယင်းကဲ့သို့ ပညာရေးမျိုးကို ရရှိပြီးနောက်တွင် အဆိပ်အတောက် မည်မျှနှင့် စာတန်၏ အတွေးအခေါ်နှင့် အယူအဆမည်မျှတို့သည် ၎င်းတို့အထဲ၌ သွတ်သွင်းခြင်း ခံရလိမ့်မည်ကို သင် တွေးခဲ့သလော။ လူတို့သည် ဤအရာများကို မတွေးကြပေ။ ၎င်းတို့ သားသမီးများက သာ၍ မြင့်မားသည့် သင်ကြားရေး တက္ကသိုလ်တစ်ခုကို တက်ရောက်ပါက၊ ၎င်းတို့ အောင်မြင်လိမ့်မည်ဖြစ်ပြီး မိမိတို့၏ ဘိုးဘေးများကို ဂုဏ်ပြုကြလိမ့်မည်ဟုသာ ၎င်းတို့ သိကြသည်။ အကျိုးဆက်အနေဖြင့်၊ တစ်ရက်ရောက်သောအခါမှ သင်၏ သားသမီးများ ပြန်လာပြီး သင်သည် သူတို့အား ဘုရားသခင်ကို ယုံကြည်ရန် ပြောသောအခါ ရွံ့မုန်းမှုကို ၎င်းတို့ ပြကြသည်။ သမ္မာတရား အကြောင်းကို ၎င်းတို့အား သင် ပြောပြီးသောအခါ ၎င်းတို့က သင်သည် မိုက်မဲကြောင်း ဆိုကာ သင့်ကို ရယ်မောကြ၍ သင် ပြောသောအရာတို့ကို သရော်ကြမည်။ ထိုအချိန်၌ သင်သည် သင်၏ သားသမီးများကို ထိုကဲ့သို့ ပညာရေးကို ရစေရန် ထိုကျောင်းများသို့ စေလွှတ်ခဲ့ခြင်းမှာ လမ်းမှားကို ရွေးချယ်မိခြင်းဖြစ်ကြောင်း သင် တွေးမိလိမ့်မည်၊ သို့သော်လည်း နောင်တရရန် အလွန်အချိန်နှောင်းလိမ့်မည်။ ထိုအတွေးများနှင့် အမြင်များသည် လူတစ်ဦးထဲသို့ ဝင်ရောက်ပြီးဖြစ်ကာ ၎င်းတို့ထဲတွင် အမြစ်တွယ်ပြီး ပုံသွင်းခံရသည်နှင့်တစ်ပြိုင်နက်၊ ယင်းတို့ကို ညတွင်းချင်း ဖယ်ရှား၍ မရနိုင် သို့မဟုတ် ပြောင်းလဲ၍မရနိုင်ပေ။ ထိုသို့သော အခြေအနေတစ်ခုကို ၎င်းတို့ မပြောင်းလဲနိုင်သကဲ့သို့ ၎င်းတို့ ယခု ရှိကြသည့် ထိုသို့သော အတွေးများကို သင် မကုစားနိုင်ပေ၊ ပြီးလျှင် သင်သည် ၎င်းတို့၏ အတွေးများနှင့် အမြင်များမှ အမှုအရာများကို နုတ်ပစ်၍မရနိုင်ပေ။ “ ကျွန်ုပ်၏ ကလေးများကို သူတို့၏ အခြေခံပညာရေးနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များအား မည်သို့ ဖတ်ရှုကာ နားလည်ရမည်ဆိုသည်တို့ကို သင်ယူရန်သာ ကျောင်းသို့ ပို့မည်။ ထို့နောက်တွင်၊ ဘုရားသခင်ကို ယုံကြည်ခြင်းအပေါ် ၎င်းတို့အား ကျွန်ုပ် အာရုံစိုက်စေမည်ဖြစ်ပြီး၊ အသုံးဝင်သည့် အသက်မွေးဝမ်းကျောင်းပညာအချို့ကိုလည်း ၎င်းတို့ လေ့လာကြလိမ့်မည်။ ၎င်းတို့အနေဖြင့် ဘုရားသခင်၏ အိမ်တော်၌ မိမိတို့၏ တာဝန်ကို ထမ်းဆောင်နိုင်သည့် ကောင်းမွန်သော အရည်အချင်းနှင့် လူ့သဘာဝ ရှိသည့် လူများ ဖြစ်သင့်သည်မှာ သာ၍ ကောင်းပေသည်။ သို့သော်၊ မိမိတို့၏ တာဝန်ကို ၎င်းတို့ မထမ်းဆောင်နိုင်ပါက၊ ၎င်းတို့သည် မိမိတို့ကိုယ်ကိုယ်နှင့် မိမိတို့ မိသားစုကို လောကတွင် ထောက်ပံ့ဖို့ နည်းလမ်းတစ်ခု ရှိကြလိမ့်မည်ဖြစ်ပြီး ယင်းသည် လုံးလောက်ပေမည်။ အရေးကြီးသည်မှာ ၎င်းတို့သည် ဘုရားသခင်၏ အိမ်တော်ထဲတွင် သူ့ထံမှ လာသည့်အရာကို လက်ခံသည်ကို မြင်တွေ့ရခြင်းနှင့် လူမှုအဖွဲ့အစည်းဖြင့် ၎င်းတို့အား ညစ်ညမ်းခွင့်နှင့် ဆေးဆိုးခွင့် မပြုခြင်း ဖြစ်သည်”ဟု ပြောသောသူ မည်သူမျှ မရှိပေ။ ၎င်းတို့၏ သားသမီးများနှင့်ပတ်သက်လာပါက ဘုရားသခင် သတ်မှတ်ထားသော သဘောထားများနှင့် အတွေးအခေါ်များကို အကြွင်းမဲ့ လက်ခံရန် သို့မဟုတ် ဘုရားသခင် သတ်မှတ်ထားသော လူအမျိုးအစား ဖြစ်ရန်အတွက် ၎င်းတို့ကို ဘုရားသခင်ရှေ့သို့ ခေါ်ဆောင်လာရန် မည်သူမျှ လိုလိုလားလားမရှိကြချေ။ လူတို့သည် ဤအရာကို မလုပ်လိုကြသည့်အပြင် လုပ်ရန် သတ္တိ မရှိကြပေ။ အကယ်၍ ၎င်းတို့ ထိုသို့ပြုပါက ၎င်းတို့၏ သားသမီးများသည် ဝမ်းစာမရှာဖွေနိုင်မည် သို့မဟုတ် လူ့အသိုင်းအဝိုင်းထဲတွင် အနာဂတ်တစ်ခု မရှိကို စိုးရိမ်ကြသည်။ ဤသဘောထားသည် မည်သည့်အရာကို အတည်ပြုသနည်း။ လူသားမျိုးနွယ်သည် သမ္မာတရား သို့မဟုတ် ဘုရားသခင်အပေါ် စိတ်ဝင်စားခြင်း၊ စိတ်ချယုံကြည်မှုနှင့် ထိုမျှမက စစ်မှန်သော ယုံကြည်ခြင်း မရှိကြောင်းကို အတည်ပြုသည်။ ဤလောကမှ ထွက်ခွာသောလူများသည် ဆက်လက်ရှင်သန်နိုင်လိမ့်မည် မဟုတ်ဟုတွေးလျက်၊ လူသားမျိုးနွယ် မျှော်ကြည့်ပြီး ၎င်းတို့၏ စိတ်နှလုံးထဲ၌ ကိုးကွယ်သောအရာမှာ ဤလောကပင် ဖြစ်နေသေးသည်။ ကမ္ဘာလောကကို သင် နောက်ချန်ထားရစ်ပြီး ဘုရားသခင်အပေါ် မှီခိုပါက၊ သင် အသက်ရှင်နိုင်သည်ဟု၊ ဘုရားသခင်က သင့်အား အသက်ရှင်ခွင့်ပေးမည့် အသက်သွေးကြောတစ်ခု ပေးလိမ့်မည်ဟု ပြောဆိုရန် သင် ယုံကြည်ခြင်း မရှိပေ။ ဤအရာကို ပြောဆိုရန် သင်သည် သိနားလည်ခြင်း သို့မဟုတ် သတ္တိ မရှိချေ။ ဤစကားများက ထိုသို့ သင် အမှန်တကယ် လက်တွေ့လုပ်ဆောင်ဖို့ တောင်းဆိုရန် မရည်ရွယ်ဘဲ၊ ထိုသို့ သင် လက်တွေ့လုပ်ဆောင်က ဤပြဿနာများကို မဖြေရှင်းမီ၊ ထိုသို့သော အတွေးများနှင့် အမြင်များက သင့်အထဲတွင် ပုံသွင်းခံရနှင့်ပြီးဖြစ်ကာ သင်၏ စကားနှင့် လုပ်ဆောင်ချက်တိုင်းကို ထိန်းချုပ်နေသည်ဟု ပြောဆိုရန် ဖြစ်သည်။ ယင်းတို့က အနာဂတ်တွင် သင်မည်သို့ ပြုမူမည်ဆိုသည်နှင့် ဤပြဿနာများအား သင် မည်သို့ ကိုင်တွယ်မည်ဆိုသည်တို့ကို ဆုံးဖြတ်နိုင်ပေသည်။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သင်၏လွဲမှားသောအယူအဆကြောင့် ပေါ်ပေါက်သည့်အမြင်များကို သတိပြုခြင်းဖြင့်သာ သင့်ကိုယ်သင် သိနိုင်မည်” မှ

လူအတော်များများသည် ဘုရားသခင်ကို ယုံကြည်ကာ၊ အပြင်ပန်းတွင် အလွန် ဝိညာဉ်ရေးရာပြည့်စုံသည့် အသွင်ပေါက်သော်လည်း၊ မိဘများက သားသမီးများအပေါ်နှင့် သားသမီးများက မိဘများ အပေါ်ထားသည့် အမြင်ရှုထောင့်များနှင့် သဘောထားများ နှင့်စပ်လျဉ်း၍၊ ၎င်းတို့သည် သမ္မာတရား၏ဤရှုထောင့်ကို မည်သို့ လက်တွေ့လုပ်ဆောင်ရမည် နှင့်ပတ်သက်၍လည်းကောင်း၊ ဤအရေးကိစ္စများကို ကိုင်တွယ်ခြင်းနှင့် ဖြေရှင်းခြင်းတွင် မည်သည့် အခြေခံသဘောတရားများကို ကျင့်သုံးသင့်သည် နှင့်ပတ်သက်၍လည်းကောင်း သိနားလည်နိုင်စွမ်း ရှိကြပေ။ မိဘများ၏အမြင်တွင် မိဘများသည် အစဉ် မိဘဖြစ်ပြီး သားသမီးသည် သားသမီးသာဖြစ်သည်။ ထိုသို့ဖြင့် မိဘနှင့် သားသမီးအကြား ဆက်ဆံရေးသည် ကိုင်တွယ်ဖြေရှင်းဖို့ အလွန် ခက်ခဲလာလေသည်။ အမှန်တွင် အမှုအရာများစွာတွင် မိဘများသည် မိဘအဖြစ် ၎င်းတို့၏အခြေအနေကို ပြောင်းလဲဖို့ ငြင်းဆန်ကြသည်။ ၎င်းတို့က မိမိတို့ကိုယ်ကိုယ် လူကြီးသူမအဖြစ် အမြဲ မြင်ကြပြီး သားသမီးများသည် ၎င်းတို့၏ မိဘများကို အချိန်ပြည့် နားထောင်ရမည်ဖြစ်ကာ၊ ဤအချက်သည် မည်သည့်အခါမျှ မပြောင်းလဲဟု ၎င်းတို့က တွေးထင်ကြသည်။ ဤသည်က ၎င်းတို့၏ သားသမီးများထံမှ အစဉ် အတိုက်အခံပြုခြင်းဆီသို့ ဦးတည်ပေးသည်။ ထိုသို့သော အမြင်ရှုထောင့်မျိုးသည် နှစ်ဖက်လုံးကို စိတ်မချမ်းမြေ့ဖြစ်စေကာ၊ စိတ်ပျက်စေပြီး ခြေကုန်လက်ပန်းကျသွားစေသည်။ ဤသည်မှာ သမ္မာတရားကို နားမလည်ခြင်း၏ သရုပ်သကန်တစ်ခု မဟုတ်သလော။ လူများသည် သမ္မာတရားကို နားမလည်သည့်အခါ၊ ၎င်းတို့သည် အဆင့်အတန်းအားဖြင့် အမြဲ ဘောင်ခတ်ခြင်း ခံကြရသည်။ ၎င်းတို့သည် အကျိုးဆက်အနေဖြင့် ဒုက္ခမခံရဘဲ မည်သို့ ရှိနိုင်သနည်း။ သို့ဆိုလျှင် ထိုသို့သော အခြေအနေများတွင် သမ္မာတရားကို မည်သို့ လက်တွေ့လုပ်ဆောင်ရမည်နည်း။ (သင့်ကိုယ်သင် လက်လွှတ်လိုက်ခြင်းအားဖြင့် ဖြစ်သည်။) လက်လွှတ်လိုက်ခြင်း ဆိုသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ စစ်မှန်စွာ လက်လွှတ်ဖို့အလို့ငှာ၊ ဤအရေးကိစ္စကို မည်သည့် အမြင်ရှုထောင့်မျိုးနှင့် သဘောထားမျိုးဖြင့် သင် ကိုင်တွယ်သင့်သနည်း။ ဤလက်လွှတ်ခြင်းကို သင်မည်သို့ အကောင်အထည် ဖော်သနည်း။ ယင်းမှာ အမှန်တကယ်တွင် အလွန်ပင် ရိုးရှင်းလှသည်။ သင်သည် သာမန်လူတစ်ယောက် ဖြစ်ရမည် ဖြစ်ပြီး၊ အဆင့်အတန်းအားဖြင့် ဘောင်ခတ်ခြင်း မခံရပေ။ သင်၏ သားသမီးများနှင့် သင်၏အခြား မိသားစုဝင်များကို သာမန်ညီအစ်ကိုများ သို့မဟုတ် ညီအစ်မများအား သင် ဆက်ဆံမည့်အတိုင်း ဆက်ဆံလော့။ သင်သည် ၎င်းတို့အပေါ် တာဝန်တစ်ခုရှိပြီး ၎င်းတို့နှင့် သွေးသားတော်စပ်မှုတစ်ခု ရှိသော်ငြားလည်း၊ မည်သို့ပင်ဖြစ်စေကာမူ သင်ရှိသင့်သည့် အဆင့်နှင့် အမြင်ရှုထောင့်သည် မိတ်ဆွေများ သို့မဟုတ် သာမန် ညီအစ်ကိုများနှင့် ညီအစ်မများဖြင့် ရှိသင့်သည့် အဆင့်နှင့် အမြင်ရှုထောင့်တို့နှင့် တူညီသည်။ သင်သည် မိဘတစ်ဦး၏ အဆင့်တွင် လုံးဝ မရပ်တည်ရဘဲ၊ သင်၏သားသမီးများကို ဘောင်မခတ်ရပေ၊ ၎င်းတို့ကို မချုပ်ချယ်ရပေ သို့မဟုတ် ၎င်းတို့နှင့်ပတ်သက်သည့်အရာအားလုံးကို ထိန်းချုပ်ဖို့ မကြိုးစားရပေ။ ၎င်းတို့အား တန်းတူရည်တူများအဖြစ် သင် ဆက်ဆံသင့်သည်။ ၎င်းတို့ကို အမှားပြုလုပ်ဖို့၊ အမှားများပြောဖို့၊ ကလေးဆန်ပြီး မရင့်ကျက်သော အရာများ လုပ်ဆောင်ဖို့နှင့် မိုက်မဲသောအရာများ လုပ်ဆောင်ဖို့ သင် ခွင့်ပြုသင့်သည်။ မည်သည့်အရာ ဖြစ်စေကာမူ သင်သည် ၎င်းတို့နှင့်ထိုင်ပြီး အေးအေးဆေးဆေး စကားပြောသင့်သည်၊ ပြီးလျှင် သမ္မာတရားကို ရှာဖွေသင့်သည်။ ဤနည်းဖြင့် သင်သည် မှန်ကန်သော သဘောထားဖြင့် ၎င်းတို့ကို စကားပြောလိမ့်မည်ဖြစ်ပြီး ပြဿနာသည် ပြေလည်သွားလိမ့်မည်။

ဘုရားသခင်၏ မိတ်သဟာယဖွဲ့ခြင်း မှ

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။