လူအချင်းချင်းတွေရဲ့ဆက်ဆံရေးက အခုချိန်မှာ အလွန်ပျက်စီးလွယ်ပြီး ဒါတွေကို ဂရုတစိုက်ထိန်းသိမ်းထားရတယ်။ အကျိုးစီးပွားများကြောင့် အငြင်းပွားမှုများ၊ ရန်လိုမုန်းတီးမှုများ အချိန်မရွေးဖြစ်ပေါ်လာတတ်တယ်။ ဒါကြောင့် ဘယ်လိုလုပ်မှ လူအချင်းချင်းရဲ့ ဆက်ဆံရေးက ပုံမှန်ဖြစ်မလဲ။

18.05.2021

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

ပုံမှန်လူတို့၏ စိတ်နေသဘောထားများတွင် ကောက်ကျစ်စဥ်းလဲမှု သို့မဟုတ် လှည့်ဖြားမှုတို့ မရှိပေ၊ လူတို့သည် အချင်းချင်း တစ်ယောက် နှင့် တစ်ယောက် ပုံမှန်ဆက်ဆံရေး ရှိကြသည်၊ သူတို့သည် တစ်ဦးတည်း မရပ်တည်၊ သူတို့၏ အသက်တာများသည်လည်း သာမန်မျှသာ မဟုတ်သကဲ့သို့ ယိုယွင်းပျက်စီးမှုလည်း မရှိ။ ထိုနည်းတူစွာ ဘုရားသခင်သည် အားလုံးတို့အကြားတွင် ချီးမြှောက်ခံရသည်၊ သူ၏ နှုတ်ကပတ်တော်များသည်လည်း လူသားအလယ်တွင် စိမ့်ဝင်ပျံ့နှံ့သည်၊ ဘုရားသခင်၏ ကာကွယ်မှုနှင့် စောင့်ရှောက်မှု အောက်တွင် လူများသည် အချင်းချင်း တစ်ယောက်နှင့် တစ်ယောက် သဟဇာတဖြစ်လျက် နေထိုင်ကြသည်၊ စာတန်၏ နှောင့်ယှက်မှု မပါဘဲနှင့် ကမ္ဘာမြေကြီးသည်လည်း စည်းလုံးညီညွတ်မှုနှင့် ပြည့်လွှမ်းနေကာ၊ လူသားအလယ်တွင် ဘုရားသခင်၏ ဘုန်းတော်သည် အရေးကြီးဆုံး အရာအဖြစ် ရှိ၏။ ထိုကဲ့သို့သော လူများ သည် ကောင်းကင်တမန်များကဲ့သို့ ဖြစ်၏၊ ဖြူစင်သည်၊ အားမာန်ပြည့် လျက်ရှိသည်၊ ဘုရားသခင် အကြောင်းကို မည်သည့်အခါမျှ ညည်းညူ ပြောဆိုခြင်းမရှိဘဲ၊ ၎င်းတို့၏ လုံ့လအားလုံးကို ကမ္ဘာမြေကြီးပေါ်မှ ဘုရားသခင်၏ ဘုန်းတော်တစ်ခုတည်း အတွက်သာ ဆက်ကပ်အပ်နှံထားကြသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ “စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ” နှင့်သက်ဆိုင်သော နက်နဲမှုများကို အနက်ဖွင့်ဆိုချက်၊ အခန်း (၁၆)

သင့်တွင် ဘုရားသခင်နှင့် ပုံမှန် ဆက်ဆံရေးမရှိပါက၊ အခြားသူများနှင့် ဆက်ဆံရေးကို သင်မည်မျှပင် ထိန်းသိမ်းစေကာမူ၊ သင်သည် မည်မျှပင် အလုပ်ကြိုးစားစေကာမူ၊ သင်သည် မည်မျှပင် အားထုတ်စေကာမူ၊ အားလုံးသည် အသက်ရှင်ရေးအတွက် လူသား၏ သဘောတရား ခံယူချက်နှင့်သာ ပတ်သက်ပေမည်။ လူများက သင့်ကို ချီးမွမ်းကြရန် သင်သည် လူ့အမြင်နှင့် လူ့သဘောတရားခံယူချက်တို့အားဖြင့် လူသားများအလယ်တွင် သင်၏အနေအထားကို ထိန်းသိမ်းနေသည်၊ သို့သော် လူများနှင့် ပုံမှန်ဆက်ဆံရေးများကို ထူထောင်ရန် သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို လိုက်နာခြင်း မရှိပေ။ အကယ်၍ သင်သည် အခြားလူများနှင့် ပုံမှန် ဆက်ဆံရေးကို အာရုံမစိုက်ဘဲ ဘုရားသခင်နှင့် ပုံမှန် ဆက်ဆံရေးကိုသာ ထိန်းသိမ်းလျှင်၊ အကယ်၍ သင်သည် သင့်စိတ်နှလုံးကို ဘုရားသခင်အား ပေးအပ်ပြီး ကိုယ်တော်ကို နာခံရန်လိုလားလျှင်၊ အခြားသူများအားလုံးနှင့် သင်၏ ဆက်ဆံရေးသည် အလိုအလျောက် လျော်ကန်လာပေမည်။ ဤနည်းအားဖြင့် ထိုဆက်ဆံရေးများကို ဇာတိထဲ၌ မဟုတ်ဘဲ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာအုတ်မြစ်ပေါ်တွင် တည်ထောင်ထားပေသည်။ ဇာတိကူးလူးဆက်ဆံမှု လုံးဝနီးပါးမရှိသော်လည်း စိတ်ဝိညာဉ်၌ မိတ်သဟာယဖွဲ့မှု၊ အပြန်အလှန်မေတ္တာ၊ အပြန်အလှန်နှစ်သိမ့်မှုနှင့် အချင်းချင်း ထောက်ပံ့ပေးမှုတို့ ရှိသည်။ ၎င်းတို့အလုံးစုံကို ဘုရားသခင်ကို ကျေနပ်စေသောစိတ်နှလုံးကို အခြေခံ၍ လုပ်ဆောင်ခြင်းဖြစ်၏။ ယင်းဆက်ဆံရေးများကို လူသား၏ အသက်ရှင်ရေးအတွက် သဘောတရားခံယူချက်ပေါ်တွင် အားထားခြင်းဖြင့် ထိန်းသိမ်းထားသည် မဟုတ်ဘဲ၊ ၎င်းတို့သည် ဘုရားသခင်အတွက် ဝန်ကိုထမ်းရင်း အလွန်သဘာဝကျစွာ ဖြစ်ထွန်းလာခြင်းဖြစ်သည်။ ၎င်းသည် လူလုပ်အားထုတ်မှုများ မလိုအပ်ပေ။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်၏ အခြေခံစည်းမျဉ်းများနှင့်အညီ လက်တွေ့လုပ်ဆောင်ရန်သာ လိုအပ်သည်။ သင်သည် ဘုရားသခင်၏အလိုတော်ကို အရေးထားရန် လိုလိုလားလားရှိသလော။ ဘုရားသခင် ရှေ့မှောက်တွင် “အကြောင်းမဲ့သောသူ” ဖြစ်ရန် သင်လိုလိုလားလားရှိသလော။ သင့်စိတ်နှလုံးကို ဘုရားသခင်အား အကြွင်းမဲ့ပေးကာ လူများအလယ်တွင် သင့်အနေအထားကို ဥပေက္ခာပြုရန် သင်လိုလိုလားလား ရှိသလော။ သင်နှင့် အဆက်အသွယ်ရှိသူအားလုံးထဲတွင် သင်သည် မည်သူနှင့် အကောင်းဆုံး ဆက်ဆံရေးရှိသနည်း။ မည်သူနှင့် အဆိုးရွားဆုံး ဆက်ဆံရေး ရှိသနည်း။ လူတို့နှင့် သင်၏ဆက်ဆံရေးများသည် ပုံမှန်ဖြစ်သလော။ သင်သည် လူအားလုံးကို တန်းတူညီမျှ ဆက်ဆံသလော။ သင်၏ဆက်ဆံရေးအားလုံးကို သင်၏အသက်ရှင်ရေးအတွက် သဘောတရားခံယူချက်နှင့်အညီ ထိန်းသိမ်းထားသလော၊ သို့မဟုတ် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာ အုတ်မြစ်ပေါ်တွင် တည်ဆောက်ထားသလော။ လူတစ်ဦးသည် သူ၏စိတ်နှလုံးကို ဘုရားသခင်အား မပေးပါက သူ၏ဝိညာဉ်သည် ထူသွားသည်၊ ထုံသွားပြီး သတိမဲ့သွားသည်။ ထိုလူစားသည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဘယ်သောခါမျှ နားလည်မည် မဟုတ်သကဲ့သို့ ဘုရားသခင်နှင့်ပုံမှန် ဆက်ဆံရေးကို ဘယ်သောခါမျှ ရမည်မဟုတ်ပေ။ ထိုလူစား၏ စိတ်သဘောထားသည် ဘယ်သောခါမျှ ပြောင်းလဲမည်မဟုတ်ပေ။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်နှင့် ပုံမှန်ဆက်ဆံရေးတစ်ခုတည်ဆောက်ရန် အလွန်အရေးကြီး၏

လူအချင်းချင်း ပုံမှန်ဆက်ဆံရေးကို ထူထောင်ရာတွင် လူသား၏အားထုတ်မှုမှ မဟုတ်ဘဲ စိတ်နှလုံးကို ဘုရားသခင်အား ပေးခြင်းဟူသည့် အုတ်မြစ်ပေါ်တွင် ထူထောင်ထားသည်။ ၎င်းတို့၏စိတ်နှလုံးထဲတွင် ဘုရားသခင်မရှိပါက လူလူချင်း ဆက်ဆံရေးများသည် ဇာတိ၏ဆက်ဆံရေးများမျှသာ ဖြစ်သည်။ ယင်းဆက်ဆံရေးများသည် ပုံမှန်မဟုတ်ဘဲ၊ ရာဂနောက် စိတ်လွတ်လက်လွတ် လိုက်ပါသွားခြင်းဖြစ်သည်။ ဘုရားသခင် မုန်းတီးသော၊ ကိုယ်တော်စက်ဆုပ်သော ဆက်ဆံရေးများဖြစ်သည်။ သင့်ဝိညာဉ်တို့ထိခံရသည်ဟု သင်ပြောသော်လည်း၊ သင်သည် သင်နှစ်သက်သူ၊ သင်အထင်ကြီးသူ မည်သူမဆိုနှင့် အမြဲတစေ မိတ်သဟာယဖွဲ့လိုပြီး၊ အခြားသူတစ်ဦးက ရှာဖွေနေသော်လည်း၊ သင်က ထိုသူကိုမနှစ်သက်ဘဲ၊ သင်သည် ထိုသူအပေါ် အမြင်ပင်စောင်းကာ၊ ၎င်းနှင့်မဆက်ဆံပါက၊ ယင်းအချက်က သင်သည် ခံစားချက်များ၏ သက်ရောက်မှုရှိပြီး ဘုရားသခင်နှင့် ပုံမှန်ဆက်ဆံရေး အလျင်းမရှိကြောင်း နောက်ထပ် သက်သေပင်ဖြစ်၏။ သင်သည် ဘုရားသခင်ကို လှည့်စားရန်နှင့် သင်ကိုယ်တိုင်၏ အကျည်းတန်မှုကို ဖုံးအုပ်ရန် ကြိုးစားနေသည်။ သင်သည် သိနားလည်မှုအချို့ကို ဝေမျှနိုင်သော်လည်း မှားယွင်းသော ရည်ရွယ်ချက်များကို ထားရှိပါက၊ သင်လုပ်သမျှ အရာရာတိုင်းသည် လူ့စံနှုန်းများအရသာ ကောင်းမွန်နေသည်။ ဘုရားသခင်က သင့်ကို ချီးမွမ်းမည် မဟုတ်ပေ။ သင်သည် ဘုရားသခင်၏ ဝန်နှင့်အညီမဟုတ်ဘဲ ဇာတိနှင့်အညီသာ ပြုမူနေသည်။ အကယ်၍ သင်သည် ဘုရားသခင်ရှေ့တွင် သင့်စိတ်နှလုံးကို ငြိမ်သက်အောင်ပြုနိုင်လျှင်၊ ဘုရားသခင်ကို ချစ်သောသူအားလုံးနှင့် ပုံမှန်ဆက်ဆံရေး ရှိမည်ဆိုလျှင်၊ ထိုအခါမှသာ သင်သည် ဘုရားသခင်၏ အသုံးပြုမှုအတွက် သင့်တော်ပေသည်။ ဤနည်းအားဖြင့် သင်သည် အခြားသူများနှင့် မည်သို့ပင် ပေါင်းသင်းသည်ဖြစ်စေ၊ အသက်ရှင်ရေးအတွက် သဘောတရားခံယူချက်နှင့်အညီ မဟုတ်ဘဲ ဘုရားသခင်ရှေ့တွင် ကိုယ်တော်၏ဝန်ကို အရေးထားသော နေထိုင်နည်းဖြင့် အသက်ရှင်ခြင်း ဖြစ်လိမ့်မည်။ သင်တို့ထဲတွင် ထိုသို့သောလူ ဘယ်နှစ်ဦးရှိသနည်း။ အခြားသူများနှင့်သင်၏ ဆက်ဆံရေးများသည် အမှန်တကယ် လျော်ကန်သလော။ ၎င်းတို့ကို မည်သည့်အခြေခံအုတ်မြစ်ပေါ်တွင် တည်ဆောက်ထားသနည်း။ သင့်ထဲ၌ အသက်ရှင်ရေးအတွက် သဘောတရားခံယူချက်များ မည်မျှရှိသနည်း။ ၎င်းတို့ကို စွန့်ပယ်ပြီးပြီလော။ သင်၏ စိတ်နှလုံးသည် ဘုရားသခင်ကို လုံးလုံးလျားလျား အားမကိုးနိုင်လျှင် သင်သည် ဘုရားသခင်နှင့်မသက်ဆိုင်ပေ၊ သင်သည် စာတန်ထံမှလာပြီး၊ အဆုံးတွင် သင့်ကို စာတန်ထံပြန်ပို့လိမ့်မည်။ သင်သည် ဘုရားသခင်၏ လူထဲမှ တစ်ဦးဖြစ်ရန် မထိုက်တန်ပေ။ ဤအရာအားလုံးသည် သင်၏ အသေအချာ စဉ်းစားသုံးသပ်မှု လိုအပ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်နှင့် ပုံမှန်ဆက်ဆံရေးတစ်ခုတည်ဆောက်ရန် အလွန်အရေးကြီး၏

ဘုရားသခင်နှင့် သင်၏ဆက်ဆံရေး ပုံမှန်ဖြစ်လာသည့်အခါ သင်သည် လူများနှင့်လည်း ပုံမှန်ဆက်ဆံရေးများ ရှိလိမ့်မည်။ အရာအားလုံးကို ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ အခြေခံအုတ်မြစ်အပေါ်တွင် တည်ဆောက်ထားသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်လော့၊ ထို့နောက် ဘုရားသခင်၏ သတ်မှတ်ချက်များကို လက်တွေ့လုပ်ဆောင်လော့၊ သင်၏အမြင်များကို အမှန်ပြင်ပြီး၊ ဘုရားသခင်ကို ဆန့်ကျင်ဖို့ သို့မဟုတ် အသင်းတော်ကို နှောင့်ယှက်ဖို့ တစ်စုံတစ်ရာ လုပ်ဆောင်ခြင်းအား ရှောင်ရှားလော့။ သင်၏ ညီအစ်ကိုမောင်နှမများ၏ အသက်တာများကို အကျိုးမပြုသည့် မည်သည့်အရာကိုမျှ မလုပ်ဆောင်နှင့်၊ အခြားသူများကို အထောက်အကူမပြုသည့် မည်သည့်အရာကိုမျှ မပြောနှင့်၊ ပြီးလျှင် ရှက်ဖွက်ကောင်းသော မည်သည့်အရာကိုမျှ မလုပ်ဆောင်နှင့်။ သင် လုပ်သမျှတိုင်းတွင် တရားမျှတပြီး ဂုဏ်သိက္ခာရှိကာ သင်၏ လုပ်ရပ်တိုင်းက ဘုရားသခင်၏ ရှေ့မှောက်၌ တင့်တယ်သည်ကို သေချာစေလော့။ တစ်ခါတစ်ရံတွင် ဇာတိပကတိသည် အားနည်းကောင်း အားနည်းနိုင်သော်လည်း၊ ပုဂ္ဂိုလ်ရေး အကျိုးအမြတ်အတွက် လောဘမကြီးဘဲ ဘုရားသခင်၏မိသားစု အကျိုးများကို သင် ဦးစားပေးနိုင်ရမည်ဖြစ်ပြီး၊ တရားသဖြင့် လုပ်ဆောင်နိုင်ရမည်။ ဤနည်းလမ်းဖြင့် သင်လက်တွေ့လုပ်ဆောင်နိုင်ပါက ဘုရားသခင်နှင့် သင်၏ဆက်ဆံရေးသည် ပုံမှန်ဖြစ်ပေလိမ့်မည်။

သင် လုပ်သည့်အရာတိုင်းတွင်၊ သင်၏ ရည်ရွယ်ချက်များ မှန်သည်၊ မမှန်သည်ကို သင် ဆန်းစစ်ရမည်။ ဘုရားသခင်၏ သတ်မှတ်ချက်များအတိုင်း သင်လုပ်ဆောင်နိုင်ပါက ဘုရားသခင်နှင့် သင်၏ဆက်ဆံရေး ပုံမှန်ဖြစ်ပေသည်။ ဤသည်မှာ အနိမ့်ဆုံး စံနှုန်းဖြစ်သည်။ သင်၏ ရည်ရွယ်ချက်များကို ဆန်းစစ်လော့၊ ပြီးလျှင် မမှန်ကန်သော ရည်ရွယ်ချက်များ ထွက်ပေါ်သည်ကို ရှာတွေ့ပါက၊ ထိုအရာများကို ကျောခိုင်းနိုင်ပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်အညီ လုပ်ဆောင်နိုင်စွမ်းရှိလော့။ ထိုသို့ဖြင့် သင်သည် ဘုရားသခင်၏ ရှေ့မှောက်တွင် မှန်ကန်သောသူတစ်ဦး ဖြစ်လာလိမ့်မည်၊ အပြန်အလှန်အားဖြင့် ယင်းသည် ဘုရားသခင်နှင့် သင်၏ဆက်ဆံရေး ပုံမှန်ဖြစ်သည်ကို ပြသပြီး၊ သင်လုပ်ဆောင်သမျှတို့သည် သင် ကိုယ်တိုင်အတွက် မဟုတ်၊ ဘုရားသခင်အတွက် ဖြစ်သည်ကို ပြပေသည်။ သင် လုပ်ဆောင်သမျှနှင့် ပြောဆိုသမျှတွင်၊ သင်၏စိတ်နှလုံးကို တည့်မှန်အောင်ထားနိုင်ပြီး၊ သင်၏ လုပ်ရပ်များတွင် ဖြောင့်မတ်နိုင်စွမ်းရှိလော့၊ ပြီးလျှင် သင့်စိတ်ခံစားမှုများ၏ ဦးဆောင်မှုကို မခံနှင့်၊ သို့မဟုတ် သင်ကိုယ်တိုင်၏ အလိုအတိုင်း မလုပ်ဆောင်နှင့်။ ဤသည်တို့မှာ ဘုရားသခင်ကို ယုံကြည်သူများ မိမိတို့ကိုယ်ကိုယ် ပြုမူနေထိုင်ရမည့် အခြေခံစည်းမျဉ်းများဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်နှင့် သင်၏ ဆက်ဆံရေး မည်သို့ရှိသနည်း

သင်မည်သည့်အုပ်စုတွင်ရှိပါစေ၊ သင်သည် လူများကြားတွင် တည်ရှိသည့် မစ္ဆရိယစိတ်၊ အငြင်းပွားမှု၊ သရော်ခြင်းနှင့် သေးသိမ်စေခြင်းတို့နှင့် လူများက အချင်းချင်း ဆက်ဆံကြရာတွင် အသုံးပြုလေ့ရှိသည့် နာကျင်စေမှုအမျိုးမျိုးနှင့် နည်းနိဿယ အမျိုးမျိုးတို့ကို အောင်မြင်ကျော်လွှားနိုင်ပါက၊ သင်သည် ယင်းတို့ကို သတိပြုမိနိုင်ပြီး၊ ဤအရာများအားဖြင့် အုပ်စိုးခြင်း မခံရဘဲ၊ စိတ်ပြင်းပြမှု၊ သဘာဝကျမှု သို့မဟုတ် စာတန်ဆန်သော ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား တစ်ခုတို့ ပြန်မဖြစ်ဘဲ၊ ယင်းတို့ကို မှန်ကန်စွာ ချဉ်းကပ်နိုင်ပါက၊ အခြားလူများနှင့် သင်၏ ဆက်ဆံရေးသည် ပုံမှန်ဖြစ်လာပြီး သင်သည် အခြားသူများနှင့် တစ်လုံးတစ်ဝတည်း သဟဇာတ ဖြစ်နိုင်လိမ့်မည် ဖြစ်သည်။ သင်သည် သာမန်လူတစ်ဦးနှင့် သဟဇာတဖြစ်စွာ သင့်မြတ်နိုင်ပြီး၊ အခြားလူများနှင့် ရှိနေစဉ် မည်သည့်လူ၊ အဖြစ်အပျက် သို့မဟုတ် အမှုအရာတို့အားဖြင့်မျှ နှောင့်ယှက်ခြင်း မခံရပါက၊ သင်၏အနေအထားသည် ပုံမှန်ဖြစ်ပြီး သင်သည် ဘုရားသခင်၏ရှေ့မှောက်တွင် အသက်ရှင် လိမ့်မည်။ လူများရှိသည့် မည်သည့်နေရာမဆို အငြင်းပွားမှုများ ရှိကြသည်။ အငြင်းပွားမှုများရှိသည့်အခါ၊ သင်သည် သမ္မာတရားအားဖြင့် မရှင်သန်ပါက၊ ယင်းတို့၏ ဆွဲဆောင်ခြင်းကို သင်ခံရလိမ့်မည်။ အငြင်းပွားမှုတွင် မည်သည့်အရာ ပါဝင်သနည်း။ သဘောထားကွဲလွဲခြင်း၊ မစ္ဆရိယစိတ်ပွားခြင်း၊ အမုန်းတရား၊ အထင်သေးခြင်း၊ ယှဉ်ပြိုင်ခြင်း၊ အချင်းချင်း ဝေဖန်ကောက်ချက်ချခြင်း၊ မြင့်မားသော ရာထူးများအတွက် အချင်းချင်း ယှဉ်ပြိုင်တုပခြင်း၊ အထုံပါရမီများ၊ စွမ်းဆောင်ရည်များ၊ ပုံပန်းသဏ္ဌာန်များ၊ အလှအပ၊ အစွမ်းအစ၊ ဂုဏ်ဒြပ်၊ ဂုဏ်သတင်း၊ အခန်းကဏ္ဍများ၊ မည်သူ့စကားက ဩဇာသက်ရောက်မှုပိုရှိသည်၊ မည်သူက ပို၍အသုံးဝင်သည်၊ ပြီးလျှင် မည်သူက ပို၍ စိတ်ဓာတ်ကြံ့ခိုင်သည်တို့ဖြစ်သည်။ သင်သည် ဤအရာများ၌ အခြားသူများဖြင့် သင့်ကိုယ်သင် နှိုင်းယှဉ်ခြင်း၊ ဤအငြင်းပွားမှုများတွင် ပါဝင်ပတ်သက်ခြင်း၊ ပုံမှန်ဝိညာဉ်ရေးရာ အသက်တာတစ်ခုကို မရှင်သန်နိုင်ခြင်းတို့နှင့် ဘုရားသခင်ရှေ့မှောက်တွင် ပုံမှန် ငြိမ်းချမ်းမှု မရှိနိုင်ခြင်းတို့ဖြင့် တစ်နေ့လုံးကုန်ဆုံးလေသည်။ သင်၏စိတ်နှလုံးထဲတွင် သင်သည် ဤအငြင်းပွားမှုများ၊ ခိုက်ရန်ဖြစ်မှုများနှင့် စကားများခြင်းများဖြင့် မကြာခဏ စိတ်လှုပ်ရှားနေသည်၊ ယင်းက သင် တစ်ယောက်တည်းသာ ထိခိုက်စေမည် မဟုတ်ဘဲ၊ သူတစ်ပါးကိုလည်း ထိခိုက်စေသောကြောင့်၊ သင်သည် ဘုရားသခင် ရှေ့မှောက်သို့ မည်သည့်အခါမျှ လာနိုင်လိမ့်မည် မဟုတ်ပေ။ တစ်စုံတစ်ယောက်က သင့်အား ရက်စက်သော အရာတစ်စုံတစ်ခု ပြောသည့်အခါ၊ သင်သည် အပျက်သဘောဆောင်လာမည်။ တစ်စုံတစ်ဦးက သင့်ထက် အထုံပါရမီ ပို၍ရှိသည့်အခါ၊ သင့်ထက် သာ၍မြင့်မားသော အစွမ်းအစ ရှိသည့်အခါ၊ ပြီးလျှင် သင့်ထက် သာ၍ ဇဝနဉာဏ် ရှိသည့်အခါ၊ သင်သည် ကသိကအောက်နိုင်ပြီး ၎င်းတို့နှင့် ယှဉ်ပြိုင်ဖို့ ဆန္ဒရှိသည်။ သနားစရာကောင်းသော ခြေကုန်လက်ပန်း ကျပြီး နာကျင်ဖွယ် ရှင်သန်နည်း တစ်ခုပေတကား။ ပြီးလျှင် ဤသည်က ဝိညာဉ်ရေးရာ အသက်တာကို ဝင်ရောက်စွက်ဖက်ခြင်း မရှိလေသလော။ သင်သည် ဤသည်မှ ထွက်ပေါက်ကို ရှာမတွေ့ပါက၊ သင်၏ အသက်တာသည် ဆုံးရှုံးမှုကို မကြာခဏ ခံစားရလိမ့်မည်။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သမ္မာတရား စစ်မှန်မှုသို့ ဝင်ရောက်ခြင်းနှင့်သက်ဆိုင်သည့် လက်တွေ့လုပ်ဆောင်မှုအတွက် ပဓာနအကျဆုံး အခြေခံသဘောတရား” မှ

လူနှစ်ဦးသည် ကောင်းစွာသင့်မြတ်လိုပါက၊ ၎င်းတို့ အချင်းချင်း ၎င်းတို့၏ပြဿနာများနှင့် လျှို့ဝှက်ချက်များကို ပြောပြရမည်။ ဤသည်မှာ အတူတကွ သဟဇာတဖြစ်စွာ အလုပ်လုပ်မည့်လူနှစ်ဦးကြားတွင် သာ၍ပင် လိုအပ်လေသည်။ တစ်ခါတစ်ရံတွင်၊ လူနှစ်ဦး အပြန်အလှန် ဆက်ဆံသည့်အခါ၊ ၎င်းတို့သည် ထိပ်တိုက်ဆန့်ကျင်မှုများ ဖြစ်ကြသည်၊ သို့မဟုတ် ၎င်းတို့၏မိသားစု ပတ်ဝန်းကျင်များ၊ နောက်ခံသမိုင်းကြောင်းများ သို့မဟုတ် စီးပွားရေးအခြေအနေများ မကိုက်ညီကြပေ။ သို့ရာတွင် ဤလူနှစ်ဦးသည် ၎င်းတို့အချင်းချင်း ၎င်းတို့၏ ပြဿနာများနှင့် လျှို့ဝှက်ချက်များကို ပြောပြနိုင်ပြီး ၎င်းတို့၏ အရေးကိစ္စများနှင့်ပတ်သက်၍ လုံးလုံး ရင်ဖွင့်နိုင်ကာ၊ မုသားများ သို့မဟုတ် လှည့်စားခြင်း တစ်ခုမျှ မရှိဘဲ ဆွေးနွေးပြောဆိုသကဲ့သို့၊ ၎င်းတို့အချင်းချင်း ၎င်းတို့၏စိတ်နှလုံးများကို ဖွင့်ပြနိုင်ပါက၊ ဤနည်းဖြင့် ၎င်းတို့သည် စစ်မှန်သော မိတ်ဆွေများ ဖြစ်လာနိုင်သည်၊ ယင်းက ရင်းနှီးသော မိတ်ဆွေများ ဖြစ်လာဖို့ကို ဆိုလိုသည်။ အခြားသူတစ်ဦး၌ အခက်အခဲရှိသည့်အခါ၊ ၎င်းတို့က သင့်ကိုရှာပြီး မည်သူ့ကိုမျှ မရှာခြင်း ဖြစ်ကောင်း ဖြစ်လိမ့်မည်။ သင်သည် ၎င်းတို့အား အပြစ်ဖော် ဆုံးမလျှင်ပင်၊ သင်သည် စိတ်ရင်းအမှန်နှလုံးသားတစ်ခုဖြင့် ရိုးသားသောလူတစ်ယောက် ဖြစ်သည်ကို ၎င်းတို့က သိသောကြောင့်၊ သင်သည် အမှန်တကယ် ပြောသည်ကို ၎င်းတို့ သိကြသည်။ သင်တို့သည် ထိုသို့သောလူများ ဖြစ်နိုင်သလော။ သင်တို့သည် ထိုသို့သော လူများ ဖြစ်သလော။ မဟုတ်ပါက၊ သင်တို့သည် ရိုးသားသောလူများ မဟုတ်ပေ။ သင်သည် အခြားသူများနှင့် အပြန်အလှန် ဆက်ဆံသည့်အခါ၊ ၎င်းတို့ကို သင်၏စစ်မှန်သော စိတ်နှလုံးနှင့် မှန်ကန်မှုဖြင် ဦးစွာ သိမြင်သိမှတ်ရမည်။ အခြားသူများနှင့်ဆက်သွယ်ပြောဆိုပြီး အတူတကွ အလုပ်လုပ်ရာ၌ တစ်စုံတစ်ဦး၏ စကားများသည် ဝတ်ကျေတမ်းကျေဖြစ်သည်၊ စကားကြီးစကားကျယ်များ ဖြစ်သည်၊ အာလာပသလ္လာပ ဖြစ်သည်၊ မြှောက်လုံးပင့်လုံးများ ဖြစ်သည်၊ တာဝန်မဲ့ပြီး စိတ်ကူးသက်သက် ဖြစ်သည်ဆိုပါက သို့မဟုတ် ၎င်းတို့သည် အခြားသူများ၏ အခွင့်အရေးပေးခြင်း ရရှိရန် ကြိုးစားဖို့သက်သက်သာ ပြောပါက၊ ၎င်းတို့၏ စကားများသည် ရိုးသားမှုကင်းမဲ့လေသည်၊ ပြီးလျှင် ၎င်းတို့သည် အနည်းငယ်မျှပင် မရိုးသားကြပေ။ ထိုအခြားသူများသည် မည်သူဖြစ်ပါစေ၊ ဤသည်မှာ ၎င်းတို့၏ အခြားသူများနှင့် အပြန်အလှန်ဆက်ဆံသည့် ပုံစံဖြစ်သည်။ ထိုသို့သောသူတစ်ဦးသည် ရိုးသားသော နှလုံးသား ရှိသလော။ ဤသည်မှာ ရိုးသားသော လူတစ်ဦး မဟုတ်ပေ။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ရိုသားခြင်းအားဖြင့်သာ စစ်မှန်သော လူသားပုံသဏ္ဌာန်ကို အသက်ရှင်နေထိုင်နိုင်သည်” မှ

လူများက စာတန်၏ အလွန်နက်ရှိုင်းစွာ ဖျက်ဆီးခြင်းကို ခံရပြီးဖြစ်ကာ၊ ၎င်းတို့သည် သမ္မာတရားကို နားလည်သဘောပေါက်မှု တစ်ခုတစ်လေ ကင်းမဲ့ကြသောကြောင့်၊ လူအမျိုးမျိုးကို သည်းခံခြင်းအား လက်တွေ့လုပ်ဆောင်ဖို့ လိုအပ်ပေသည်- ပြီးလျှင် ငါ၏ နှစ်များစွာ သည်းခံခြင်းက ငါ့ကို မည်သည့်အရာ ဆုံးရှုံးနစ်နာစေပြီး ဖြစ်သနည်း။ ငါသည် အားလုံးကို သည်းခံသည်။ ငါသည် အားလုံးကို သည်းခံပြီး မည်သည့်အခါမျှ မကြမ်းတမ်းပေ။ ငါသည် စကားပြောခြင်းကို သိမ်မွေ့စွာ လမ်းညွှန်ပြရင်း၊ ၎င်းတို့ကို သတိမူမိစေရင်း၊ အမှုအရာများ၏ နောက်ကွယ်မှ အကြောင်းအရင်းကို ၎င်းတို့အား နားလည်သဘောပေါက်စေရင်း၊ လူများနှင့် တိုင်ပင်ဆွေးနွေးပြီး မိတ်သဟာယပြုသည်၊ ပြီးလျှင် ငါလည်း ၎င်းတို့အားလုံးအပေါ် ထိုသို့ ပြုမူသည်။ ငါမည်သည့်အရာကို ပြောသည်ဖြစ်စေ တစ်ခုမျှ အလုပ်မဖြစ်ပါက၊ ငါ သူတို့ကို လွှတ်ပေးလိုက်သည်။ အခြားသူများက သင့်ကို အရေးမထားသည့်အခါတွင်၊ သင်သည် အစော်ကားခံရပြီး ကြီးစွာသော သိက္ခာကျခြင်း အချို့ ခံရပြီးဖြစ်သည်ဟု ခံစားရသည်အထိ သင့်ကိုယ်သင် အလွန် အလေးမထားလေနှင့်။ ယင်းက အရေးမကြီးပေ။ အရေးကြီးသည့်အရာမှာ သင်မည်သည့်အရာကို ပြုပါစေ၊ ဘုရားသခင် ရှေ့မှောက်တွင် သင်လုပ်ဆောင်သည်။ သင်သည် ဘုရားသခင်၏ စစ်ကြောခြင်းကို ခံရမည်။ သင် လုပ်ဆောင်သမျှသည် သူတစ်ပါးအတွက် အကျိုးဖြစ်ထွန်းရမည်။ သင်တို့အဖို့၊ ဤသည်မှာ အနည်းငယ် ခက်ခဲသော သတ်မှတ်ချက် တစ်ခုဖြစ်ပုံရနိုင်သော်လည်း၊ ယင်းမှာ လူများသည် ထိုလူ့သဘာဝနှင့် ဝိညာဉ်ရင့်ကျက်မှုတို့ ကင်းမဲ့သောကြောင့် ဖြစ်သည်။ အားလုံးထက်ပို၍ ဘုရားသခင် ရှေ့မှောက်တွင် သင်ရှင်သန်သည်နှင့်အညီ ပုံမှန်အခြေအနေတစ်ခုကို မည်သို့ ထိန်းသိမ်းရမည်ကို သင်ဆင်ခြင်တွေးတောရမည်။ သဘာဝကျခြင်း နှင့် စိတ်ပြင်းပြခြင်းတို့ ပွင့်အံထွက် လာခါနီးဆဲဆဲ ဖြစ်သည့်အခါ၊ သင်သည် မည်သည့်အရာကို လုပ်ဆောင်ရမည်နည်း။ ဘုရားသခင်၏ ရှေ့မှောက်သို့ အမြန်သွား၍ သူ၏နာမတော်ကို အော်ခေါ်လော့။ သင်သည် သူနာမတော်ကို အော်ခေါ်သည့်အခါ၊ သင်၏ ဒေါသနှင့် မကျေမချမ်းဖြစ်ခြင်းတို့ ပြေပျောက်ပြီး ပျောက်ကွယ်သွားသည်။ ယင်းတို့က မည်သည့်နေရာသို့ ရောက်သွားသနည်း။ သင်သည် သင်၏စိတ်ထဲမှ ထူးခြားသည့် အတွေးအခေါ်များနှင့် သဘောတရားများကို အဘယ့်ကြောင့် ရုတ်ခြည်း ပြန်ပြောင်း သတိမရနိုင်ရသနည်း။ မည်သည့်အရာ ဖြစ်ပျက်နေသနည်း။ ဘုရားသခင်က သင့်ကို ငြိမ်းချမ်းမှုနှင့် ဝမ်းမြောက်ခြင်းပေးရင်း၊ သင်၏စိတ်နှလုံးကို နည်းနည်းချင်း နှစ်သိမ့်ရင်း၊ စာတန် ဆောင်ရွက်သည့် အမှုအရာများနှင့် လူများ၏ စိတ်ထဲမှ ကျိုးကြောင်းပြချက်များနှင့် စိတ်ပြင်းပြမှုများကို ဖယ်ရှားရှင်းလင်း လိုက်သည်၊ ပြီးလျှင် သင်က “ယခုတွင်ပင် ငါသည် အဘယ်သို့များ အလွန် စိတ်လိုက်မာန်ပါ ပြုနိုင်ခဲ့ရသနည်း။ ငါသည် အဘယ်သို့များ အလွန် မိုက်မဲနိုင်ခဲ့သနည်း။ အလွန် စဉ်းစားဉာဏ်မရှိသလော။ ယင်းက မည်သည့် အရေးပါမှု ရှိသနည်း။ ငါ အလွန် စိတ်ဆိုးမိသည်— ငါသည် ဘုရားသခင်ကို အော်ခေါ်ပြီး သူက ငါ့ကို ကူညီကာ ခွန်အားပေးခဲ့သည်မှာ ကောင်းသည့်အရာတစ်ခု ဖြစ်လေသည်။ ဘုရားသခင်သည် ငါ့နောက်ကျောမှ ငါ့ကို အမှန်တကယ် ပံ့ပိုးကူညီနေခဲ့သည်။ သူက ငါ့ကို ကွယ်ကာပြီး သူ့ကို ဆန့်ကျင်အပြစ်ကျူးလွန်ခြင်းမှ ငါ့အား တားဆီးခဲ့သည်။ သူ၏ကျေးဇူးတော်ကို ငါအမှန်တကယ် ခံစား၍ရနိုင်လေသည်။” ဟု သင့်ကိုယ်သင် ပြောသည်။ ဘုရားသခင်၏သည်းခံခြင်း၊ ချစ်ခြင်းမေတ္တာနှင့် သနားကရုဏာတို့က ကန့်သတ်ချက်မရှိပေ၊ ပြီးလျှင် လူများသည် ယင်းတို့ကို တောင်းလျှောက်ဖို့နှင့် လက်ခံဖို့ ဘုရားသခင် ရှေ့မှောက်သို့ လာရန် သင်ယူရမည်။ သင်၌ ယုံကြည်မှုနှင့် ရိုးသားမှု ရှိသမျှကာလပတ်လုံး၊ ဘုရားသခင်က သင့်အား ဤအရာများကို ပေးလိမ့်မည်၊ ပြီးလျှင် ယင်းတို့ အားလုံးကို စွမ်းဆောင်ရရှိဖို့ သင့်အား ကူညီလိမ့်မည်။ လူသား တစ်ယောက်သည် ထိုသို့သောအရာများကို မလုပ်ဆောင် နိုင်သော်လည်း၊ ဘုရားသခင်က လုပ်ဆောင်နိုင်သည်။ ထို့ကြောင့် မည်သည့်အရာမျှ မလုပ်ဆောင်မီ ယင်းသည် အမှန်တကယ် လိုအပ်ခြင်း ရှိမရှိကို သင်သည် ပထမဦးစွာ တွေးရမည်။ သင်သည် ယင်းကို သေချာမစဉ်းစားရသေးပါက၊ သင်သည် ငြိမ်းချမ်းနေဖို့ သေချာပါစေ။ သင်လုပ်ဆောင်သမျှ အရာများအားလုံး မတိုင်မီ သင်၏စိတ်ပြင်းပြမှု ပွင့်အံမထွက်လာမီ၊ သင့်ကိုယ်သင် တည်ငြိမ်စေရမည်၊ ဘုရားသခင်၏ နာမတော်ကို အော်ခေါ်ပြီး သင် လုပ်ဆောင်နေသည့် အရာသည် သူ၏အလိုတော်နှင့် ကိုက်ညီခြင်းရှိမရှိကို တွေးလော့။ သင်လုပ်ဆောင်နေသည့် အရာသည် ဘုရားသခင်အဖို့ စိတ်ကျေနပ်ဖွယ်ရာ မဟုတ်ပါက၊ သင်၏ စိတ်ပြင်းပြမှုကို နည်းနည်းချင်း ယဉ်ပါးစေဖို့ သင့်ကို ကူညီလိမ့်မည် ဖြစ်ပြီး၊ ဤအခြေအနေကို ဖြေရှင်းပေးလိမ့်မည်။ ဤသည်က သင့်အတွက် အကျိုးအဖြစ်ထွန်းသလော။ လူများသည် ၎င်းတို့အတူတကွ ရှိသည့်အခါ အလွန် ပေကတ်ကတ်နိုင်ပါက၊ ၎င်းတို့၏ အစောဆုံး ဆက်ဆံရေး အခြေအနေကို ပြန်ရောက်ဖို့ ၎င်းတို့အတွက် ခက်ခဲလိမ့်မည် ဖြစ်သောကြောင့် သင်သည် ထွက်ပေါက်ရှာခါနီးသည့်အခါ၊ သဘာဝကျခြင်းနှင့် စိတ်ပြင်းပြခြင်းတို့က သင့်ထံမှ ပွင့်အံထွက်ခါနီး ဖြစ်သည့်အခါ၊ ပြီးလျှင် ဤသဘာဝကျခြင်းနှင့် စိတ်ပြင်းပြခြင်းတို့က အခြားသူများကို ထိခိုက်စေတတ်သည့်အခါ၊ သင်သည် ခဏတာ စဉ်းစားခဲ့ပြီး ဘုရားသခင်ထံ သာ၍ ဆုတောင်းပါက သာ၍ကောင်းလိမ့်မည်။ အသင်းတော်မှ ညီအစ်ကိုမောင်နှမများ သို့မဟုတ် သင့်မိသားစုဝင်များ- သင်သည် ၎င်းတို့အားလုံးနှင့် သင့်မြတ်ဖို့ လိုအပ်သည်။ ဤသည်မှာ အနည်းဆုံး လိုအပ်ချက် ဖြစ်သည်။ တစ်စုံတစ်ဦးသည် ဤဆက်ဆံရေးများကို ဖြေရှင်းပြီးသည့်အခါ၊ ၎င်းတို့၏ ဝိညာဉ်ရင့်ကျက်မှုသည် ရင့်ကျက်လာပြီး ၎င်းတို့သည် လုပ်ငန်းဆောင်တာများကို အမှန်တကယ် လက်ခံ ဆောင်ရွက်နိုင်စွမ်း ရှိပြီး တာဝန်ယူနိုင်စွမ်း ရှိလာလိမ့်မည်၊ ပြီးလျှင် ၎င်းတို့သည် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ကို လက်ခံနိုင်လိမ့်မည်။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သမ္မာတရား စစ်မှန်မှုသို့ ဝင်ရောက်ခြင်းနှင့်သက်ဆိုင်သည့် လက်တွေ့လုပ်ဆောင်မှုအတွက် ပဓာနအကျဆုံး အခြေခံသဘောတရား” မှ

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

စစ်မှန်သောဆုတောင်းခြင်းဆိုသည်မှာ အဘယ်နည်း။ ဆုတောင်းခြင်းအားဖြင့် ကျွန်ုပ်တို့သည်ဘုရားသခင်နှင့် စစ်မှန်သော မိတ်သဟာယဖွဲ့ခြင်းကို မည်သို့ရရှိနိုင်သနည်း။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ- စစ်မှန်သော ဆုတောင်းခြင်းဆိုသည်မှာ အဘယ်နည်း။ ယင်းမှာ သင်၏နှလုံးသားထဲ ရှိသည့်အရာကို ဘုရားသခင်အား...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။