သခင်၏ ပြန်ကြွလာခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာကျမ်းစာက၊ “ထိုအချိန်နာရီကိုကား၊ ခမည်းတော်မှတပါး အဘယ်သူမျှမသိ။ ကောင်းကင်တမန်များမသိ။ သားတော် လည်းမသိ။(ရှင်မာကုခရစ်ဝင် ၁၃:၃၂) ဟု ရှင်းလင်းစွာ ဖော်ပြသည်။ မည်သူမျှ သခင် လာမည့်အချိန်ကို မသိသော်လည်း၊ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်က သခင်ယေရှုသည် ပြန်ကြွလာနှင့်ပြီးဖြစ်သည်ဟု သက်သေခံနေသည်။ ဤအရာကို သင် အဘယ်သို့ သိသနည်း။

17.11.2021

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ-

“သန်းခေါင်ယံ၌ကြည့်ပါ။ မင်္ဂလာဆောင်လုလင်သည် လာပြီ။ ခရီးဦးကြိုပြုခြင်းငှာ ထွက်သွားကြကုန်ဟု ကြွေးကြော်လျှင်။” (ရှင်မဿဲခရစ်ဝင် ၂၅:၆)

“ကြည့်ရှုလော့၊ ငါသည်တံခါးရှေ့မှာရပ်၍ ခေါက်လျက်နေ၏။ အကြင်သူသည် ငါ၏အသံကို ကြား၍တံခါးကိုဖွင့်အံ့၊ ထိုသူရှိရာသို့ငါဝင်၍ သူနှင့်အတူ စားသောက်မည်။ သူသည်လည်းငါနှင့်အတူ စားသောက်ရလိမ့်မည်။” (ဗျာဒိတ်ကျမ်း ၃:၂၀)

“ငါ့သိုးတို့သည် ငါ့စကားသံကိုနားထောင်၍ ငါ့နောက်သို့လိုက်ကြ၏။ ထိုသိုးတို့ကို ငါသိ၏။” (ရှင်ယောဟန်ခရစ်ဝင် ၁၀:၂၇)

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

ငါတို့သည် ဘုရားသခင်၏ ခြေရာများကို ရှာဖွေနေကြသည့်အတွက်၊ ဘုရားသခင်၏အလို၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သူ၏မိန့်မြွက်ချက်များကို ငါတို့ရှာဖွေအပ်သည်၊ အဘယ်ကြောင့်ဆိုသော် ဘုရားသခင် မိန့်ကြားသည့် အသစ်သော နှုတ်ကပတ်တော်များရှိသော မည်သည့် နေရာ၌မဆို ဘုရားသခင်၏ အသံရှိပြီး၊ ဘုရားသခင်၏ ခြေလှမ်းများ ရှိသော မည်သည့်နေရာ၌မဆိုလည်း ဘုရားသခင်၏ လုပ်ဆောင်မှုများ ရှိသောကြောင့်ဖြစ်သည်။ ဘုရားသခင်၏ ဖော်ပြချက်ရှိသော နေရာတိုင်း၌ ဘုရားသခင်ပေါ်ထွန်းပြီး၊ ဘုရားသခင်ပေါ်ထွန်းသော နေရာတိုင်း၌ လမ်းခရီး၊ သမ္မာတရားနှင့် အသက်တို့ တည်ရှိသည်။ ဘုရားသခင်၏ ခြေရာများကို ရှာသောအခါ၌ “ဘုရားသခင်သည် လမ်းခရီးဖြစ်၏။ သမ္မာတရားလည်းဖြစ်၏။ အသက်လည်းဖြစ်၏။” ဟူသည့် နှုတ်ကပတ်တော်များကို သင်တို့ လျစ်လျူရှုခဲ့ကြသည်။ ထို့ကြောင့် များစွာသောလူတို့သည် သမ္မာတရားကို ရရှိသောအခါ၌ ပင်လျှင်၊ ဘုရားသခင်၏ ခြေရာများကို သူတို့ရှာတွေ့ပြီဟု မယုံကြည်ကြသည့်အပြင်၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းကို သာ၍ပင် အသိအမှတ် မပြုကြပေ။ အလွန်ပင် စိုးရိမ်ဖွယ်ကောင်းလှသော အမှားပေတကား။ ဘုရားသခင်၏ ပေါ်ထွန်းခြင်းကို လူတို့၏ အယူအဆများနှင့် ချိန်ညှိ၍ မရနိုင်ချေ၊ လူသား၏ စေခိုင်းချက်ကြောင့် ပေါ်ထွန်းသည့် ဘုရားသခင် လုံးဝမဟုတ်ပါ။ ဘုရားသခင်သည် မိမိ၏အလုပ်ကို လုပ်သောအခါ၌၊ မိမိကိုယ်ပိုင် ရွေးချယ်ချက်များနှင့် မိမိကိုယ်ပိုင်အစီအစဉ်များကို ချမှတ်သည်။ ထို့အပြင် သူ၌ မိမိကိုယ်ပိုင် ရည်ရွယ်ချက်များနှင့် မိမိကိုယ်ပိုင် နည်းစနစ်များ ရှိသည်။ မည်သည့်အလုပ်ကို သူလုပ်သည်ဖြစ်စေ၊ လူနှင့်တိုင်ပင်ဖို့ သို့မဟုတ် လူ့ထံမှ အကြံဉာဏ်တောင်းဖို့ မလိုအပ်ပေ၊ အယောက်စီတိုင်းကို သူ၏အလုပ်အကြောင်း အသိပေးဖို့လည်း သာ၍ပင် မလိုအပ်ပေ။ ဤသည်မှာ ဘုရားသခင်၏ စိတ်သဘောထား ဖြစ်သည့်အပြင် လူတိုင်း အသိအမှတ်ပြုသင့်သည့် အချက်ဖြစ်သည်။ ဘုရားသခင်၏ ပေါ်ထွန်းခြင်းကို သင်တို့မြင်တွေ့လိုလျှင်၊ ဘုရားသခင်၏ ခြေလှမ်းများနောက်သို့ လိုက်လိုလျှင်၊ ရှေးဦးစွာ သင်၏ ကိုယ်ပိုင် အယူအဆများကို ထားခဲ့ရမည်ဖြစ်သည်။ ဘုရားသခင်ကို သင်၏ ကိုယ်ပိုင် အကန့်အသတ်များထဲတွင် ထားပြီး သင်၏ကိုယ်ပိုင် အယူအဆများအတွင်း သူ့ကို ကန့်သတ် ထားရန်တို့ကို မဆိုထားနှင့်၊ ဘုရားသခင်ကို ဟိုအရာလုပ်၊ သည်အရာလုပ်ဟုပင် မတောင်းဆိုရပေ။ ထိုအစား ဘုရားသခင်၏ ခြေရာများကို သင်တို့ မည်သို့ရှာဖွေရမည်၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းကို မည်သို့ လက်ခံရမည်၊ ပြီးလျှင် ဘုရားသခင်၏ အသစ်သော အလုပ်ကို မည်သို့ နာခံရမည်တို့ကို သင့်ကိုယ်သင် တောင်းဆိုသင့်သည်၊ ဤသည်မှာ လူတို့ လုပ်ဆောင်သင့်သည့်အရာ ဖြစ်သည်။ လူသည် သမ္မာတရား မဟုတ်သည့်အပြင် သမ္မာတရားကိုလည်း မပိုင်ဆိုင်သောကြောင့် သူ့အနေဖြင့် ရှာဖွေကာ လက်ခံပြီး နာခံသင့်ပေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နောက်ဆက်တွဲ (၁)- ဘုရားသခင်၏ ပေါ်ထွန်းခြင်းသည် ခေတ်သစ်တစ်ခေတ်ကို အစပြုခဲ့၏

ယနေ့တွင် ဘုရားသခင်သည် အမှုသစ်လုပ်ဆောင်ပြီးပြီ ဖြစ်သည်။ ဤစကားများကို သင်လက်ခံကောင်း လက်ခံနိုင်မည် မဟုတ်သကဲ့သို့၊ သင့်အဖို့ ထူးဆန်းပုံပေါ်နိုင်သော်လည်း၊ ဘုရားသခင်၏ ရှေ့တွင် ဖြောင့်မတ်ခြင်းတရားအတွက် အမှန်တကယ် ဆာငတ်သောသူတို့သာ သမ္မာတရားကို ရရှိနိုင်ပြီး၊ အမှန်တကယ် ဘာသာတရား အလွန်ရိုသေ ကိုင်းရှိုင်းသော သူတို့သည်သာ သူ၏ ဉာဏ်ပွင့်လင်းစေခြင်းနှင့် လမ်းပြမှုကို ခံရနိုင်သည့်အတွက်၊ သင်၏ သဘာဝကျခြင်းကို မဖော်ထုတ်ရန် ငါအကြံပြုသည်။ အကျိုးရလဒ်များကို စကားများခြင်းနှင့် ယှဉ်ပြိုင်မှုဖြင့် မဟုတ်ဘဲ၊ တည်ကြည်သော ဆိတ်ငြိမ်မှုအားဖြင့် သမ္မာတရားကို ရှာဖွေခြင်းမှ ရရှိနိုင်ပေသည်။ “ယနေ့ ဘုရားသခင်သည် အမှုသစ် လုပ်ဆောင်ပြီးပြီ ဖြစ်သည်။” ဟု ငါပြောသောအခါ၊ ဘုရားသခင် လူ့ဇာတိအဖြစ်သို့ ပြန်လည် ကြွလာခြင်းကို ငါ ရည်ညွှန်းနေခြင်းဖြစ်သည်။ ဤစကားများက သင့်ကို စိတ်အနှောင့်အယှက် ပေးကောင်းပေးမည် မဟုတ်။ သင်သည် ယင်းတို့ကို စက်ဆုပ်ကောင်း စက်ဆုပ်မည်၊ သို့မဟုတ် ယင်းတို့သည် သင့်ဖို့ အလွန်စိတ်ဝင်စားဖွယ် ဖြစ်ကောင်း ဖြစ်မည်။ မည်သို့ပင်ဖြစ်စေ၊ ဘုရားသခင် ပေါ်ထွန်းသည်ကို အမှန်တကယ် တမ်းတသူတို့အားလုံးသည် ယင်းနှင့် ပတ်သက်၍ ချက်ချင်းရမ်းသန်း ကောက်ချက်ချသည်ထက်၊ ဤအမှန်တရားကို ရင်ဆိုင်နိုင်ပြီး သေသေချာချာ စေ့စေ့စပ်စပ် စစ်ဆေးနိုင်မည်ဟု ငါ မျှော်လင့်သည်။ ယင်းမှာ အမြော်အမြင်ရှိသည့် လူတစ်ဦး လုပ်ဆောင် သင့်သည့်အရာတစ်ခု ဖြစ်သည်။

ထိုသို့သောအရာကို စုံစမ်းရန် မခက်ခဲသော်လည်း၊ ငါတို့ တစ်ဦးချင်းစီအနေဖြင့် ဤသမ္မာတရားတစ်ရပ်ကိုသိရန် လိုအပ်ပေသည်- လူ့ဇာတိခံ ဘုရားသခင်ဖြစ်သော သူသည် ဘုရားသခင်၏ အနှစ်သာရကို ပိုင်ဆိုင်ရမည်ဖြစ်ပြီး၊ လူ့ဇာတိခံ ဘုရားသခင်ဖြစ်သော သူသည် ဘုရားသခင်၏ ဖော်ပြခြင်းကို ပိုင်ဆိုင်လိမ့်မည် ဖြစ်သည်။ ဘုရားသခင်သည် ဇာတိပကတိ ဖြစ်သွားသည့်အတွက် သူလုပ်ဆောင်ရန် ရည်ရွယ်သည့်အမှုကို သူ လုပ်ဆောင်မည်ဖြစ်ပြီး၊ ဘုရားသခင်သည် ဇာတိပကတိ ဖြစ်သွားသည့် အတွက်၊ သူ၏ဖြစ်ခြင်းကို ဖော်ပြမည်ဖြစ်ကာ လူသားထံ သမ္မာတရားကို ယူဆောင်လာနိုင်မည်၊ သူ့အပေါ် အသက်ကို အပ်နှင်းနိုင်မည်ဖြစ်ပြီး၊ သူ့အတွက် လမ်းခရီးကို ညွှန်ပြနိုင်မည်ဖြစ်သည်။ ဘုရားသခင်၏ အနှစ်သာရ မရှိသည့် ဇာတိပကတိသည် လူ့ဇာတိခံ ဘုရားသခင် တကယ် မဟုတ်ပေ။ ဤအရာနှင့် သက်ဆိုင်၍ သံသယဖြစ်ဖွယ် မရှိချေ။ ယင်းသည် လူ့ဇာတိခံ ဘုရားသခင်၏ ဇာတိပကတိ ဟုတ်မဟုတ် ဆိုသည်ကို လူသားက စုံစမ်းရန် ရည်ရွယ်ပါက၊ သူဖော်ပြသော စိတ်နေသဘောထားနှင့် သူပြောဆိုသော နှုတ်ကပတ်တော်များမှ ဤအရာကို အတည်ပြုရမည်ဖြစ်သည်။ ဆိုလိုသည်မှာ၊ ယင်းသည် လူ့ဇာတိခံ ဘုရားသခင်၏ ဇာတိပကတိ ဟုတ် မဟုတ် ဆိုသည်နှင့် မှန်ကန်သော လမ်းခရီး ဟုတ် မဟုတ် ဆိုသည်ကို အတည်ပြုရန်၊ သူ၏ အနှစ်သာရအရ ခွဲခြားရမည်ဖြစ်သည်။ ထို့ကြောင့် ယင်းသည် လူ့ဇာတိခံ ဘုရားသခင်၏ ဇာတိပကတိ ဟုတ် မဟုတ် ဆိုသည်ကို ဆုံးဖြတ်ရာတွင် သူ၏ အပြင်ပန်းသွင်ပြင်ထက် သူ၏အနှစ်သာရတွင် (သူ၏အမှု၊ သူ၏ မိန့်မြွက်ချက်များ၊ သူ၏စိတ်သဘောထားနှင့် အခြား ရှုထောင့်များစွာ) အဓိကအချက် တည်ရှိပေသည်။ အကယ်၍ လူတို့သည် သူ၏ အပြင်ပန်း သွင်ပြင်ကိုသာ စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးကာ အကျိုးဆက်အနေဖြင့် သူ၏ အနှစ်သာရကို သတိမမူမိပါက၊ ဤအရာက လူသည် မသိနားမလည်သကဲ့သို့ ပညာမဲ့ဖြစ်သည်ကို ပြပေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ကျမ်းဦးစကား

ဘုရားသခင်သည် တိတ်ဆိတ်နေပြီး ငါတို့ထံ မည်သည့်အခါမျှ မပေါ်ထွန်းလေပြီ၊ သို့သော် သူ့အမှုသည် လုံးဝ မရပ်တန့်သေးပေ။ သူသည် ကမ္ဘာမြေကြီးတစ်ခုလုံးကို ကြည့်ရှုစစ်ဆေးပြီး အရာအားလုံးကို ကွပ်ကဲကာ လူသား၏ စကားအားလုံးနှင့် လုပ်ဆောင်ချက်အားလုံးကို ရှုမြင်သည်။ သူသည် မိမိ၏ စီမံခန့်ခွဲမှုကို တိတ်ဆိတ်စွာနှင့် သိသာထင်ရှားသော သက်ရောက်မှုများမရှိဘဲ၊ ဖြည်းဖြည်းမှန်မှန် လှုပ်ရှားသော အဆင့်များဖြင့် သူ၏အစီအစဉ်နှင့်အညီ ဦးစီးဦးရွက် ပြုသော်လည်း၊ သူ၏ခြေလှမ်းများသည် လူသားမျိုးနွယ်နှင့် ယခင်ထက် တစ်လှမ်းပြီးတစ်လှမ်း ပို၍ တိုးကာ နီးကပ်လာလျက် ရှိပြီး၊ သူ၏တရားပလ္လင်ကိုလည်း အလင်း၏မြန်နှုန်းဖြင့် စကြဝဠာ၌ ထိထိရောက်ရောက် အသုံးချသည်၊ ယင်းနောက်တွင် သူ၏ပလ္လင်သည် ငါတို့အလယ်သို့ ချက်ချင်း ဆင်းသက်လာပေသည်။ ယင်းသည် အံ့မခန်းသော ကြီးကျယ်ခမ်းနားလိုက်သည့် မြင်ကွင်းပါတကား၊ အင်မတန် ခန့်ညားပြီး တည်ကြည်သော ရင်ဖိုဖွယ်မြင်ကွင်းပါတကား။ ချိုးငှက်တစ်ကောင် ကဲ့သို့၊ ဟိန်းဟောက်သော ခြင်္သေ့တစ်ကောင်ကဲ့သို့ ဝိညာဉ်တော်သည် ငါတို့အလယ်သို့ ကြွလာသည်။ ဝိညာဉ်တော်သည် ဉာဏ်ပညာ ဖြစ်သည်၊ သူသည် ဖြောင့်မတ်ခြင်းဖြစ်ပြီး ဘုန်းအာနုဘော်ဖြစ်ကာ၊ သူသည် သြဇာအာဏာကို စွဲကိုင်ကာ ချစ်ခြင်းမေတ္တာ၊ သနားကရုဏာတို့နှင့်ပြည့်လျက်၊ ငါတို့အလယ်သို့ တိတ်တဆိတ် ကြွလာသည်။ သူ၏ ရောက်ရှိခြင်းကို မည်သူမျှ သတိမထားမိကြ၊ သူ၏ ရောက်ရှိခြင်းကို မည်သူမျှမကြိုဆိုကြသကဲ့သို့၊ ထို့အပြင်၊ သူ လုပ်ဆောင်တော့မည့် အရာအားလုံးကို မည်သူမျှ မသိကြချေ။ လူ၏အသက်တာသည် ယခင်ကဲ့သို့ ဆက်လက်ရှင်သန်သည် သူ့စိတ်နှလုံးသည် မပြောင်းလဲသကဲ့သို့၊ နေ့ရက်များသည် ထုံးစံအတိုင်း ကုန်လွန်လေသည်။ ဘုရားသခင်သည် ငါတို့ အလယ်တွင် အခြားလူများကဲ့သို့ လူတစ်ဦးအဖြစ်၊ နောက်လိုက်များထဲမှ အရေးမပါဆုံးသော သူတစ်ဦးနှင့် သာမန် ယုံကြည်သူတစ်ဦးအဖြစ် အသက်ရှင်သည်။ သူသည် သူ၏ ကိုယ်ပိုင်လိုက်စားမှုများ၊ ကိုယ်ပိုင် ရည်မှန်းချက်ပန်းတိုင်များ ရှိသည့်အပြင်၊ သာမန်လူများက မပိုင်ဆိုင်သည့် ဘုရားသဘောသဘာဝ ရှိသည်။ သူ၏ ဘုရားသဘောသဘာဝ တည်ရှိခြင်းကို မည်သူမျှ သတိမပြုမိသကဲ့သို့၊ သူ၏ အနှစ်သာရနှင့် လူသား၏ အနှစ်သာရတို့ကြား ခြားနားမှုကို မည်သူကမျှ မသိမြင်လေပြီ။ ငါတို့၏အမြင်၌ သူသည် မထင်ရှားသည့် ယုံကြည်သူတစ်ဦးသာ ဖြစ်သည့်အတွက် ငါတို့သည် ချုပ်တည်းခြင်း မရှိသကဲ့သို့ စိုးရွံ့ခြင်းမရှိဘဲ၊ သူနှင့်အတူ အသက်ရှင်ကြလေသည်။ သူသည် ငါတို့၏ လှုပ်ရှားမှုတိုင်းကို စောင့်ကြည့်ပြီး၊ ငါတို့၏ အတွေးများနှင့် စိတ်ကူးများအားလုံးသည် သူ၏ ရှေ့တွင် ဖွင့်ချထားလေသည်။ သူ၏တည်ရှိမှုကို မည်သူမျှ စိတ်မဝင်စားကြ၊ သူ၏ အလုပ်နှင့်ပတ်သက်သည့် မည်သည့်အရာကိုမျှ မည်သူမျှ စိတ်မကူးကြည့်ကြသကဲ့သို့၊ ထို့အပြင် သူ၏ ပင်ကိုလက္ခဏာနှင့် ပတ်သက်၍ မည်သူမျှ ရေးရေးမျှ မသိကြပေ။ ငါတို့ လုပ်ဆောင်သည့်အရာဟူသမျှမှာ သူသည် ငါတို့နှင့် ဘာမျှ မပတ်သက်သည့်အလား၊ ငါတို့၏ လိုက်စားမှုများကို ဆက်လက် ဆောင်ရွက်ခြင်း ဖြစ်ပေသည်...။

မရည်ရွယ်ပါဘဲလျက်၊ သန့်ရှင်းသော ဝိညာဉ်တော်သည် သူ “မှတစ်ဆင့်” နှုတ်ကပတ်တော်တစ်ပိုဒ်ကို ဖော်ပြသည်၊ ပြီးလျှင် အလွန်မျှော်လင့်မထားဟု ခံစားရသော်လည်း၊ ယင်းကို ဘုရားသခင် ထံမှလာသော မိန့်မြွက်ချက်တစ်ခုအဖြစ် ငါတို့ သတိပြုမိကြပြီး၊ ယင်းကို ဘုရားသခင်ထံမှ အသင့်လက်ခံကြသည်။ ယင်းမှာ အဘယ်ကြောင့်ဆိုသော် ဤနှုတ်ကပတ်တော်များကို မည်သူက ဖော်ပြသည်ဖြစ်စေ၊ ယင်းတို့သည် သန့်ရှင်းသော ဝိညာဉ်တော်ထံမှလာသရွေ့၊ ငါတို့အနေဖြင့် လက်ခံသင့်ပြီး ငြင်းပယ်၍မရနိုင်သောကြောင့် ဖြစ်သည်။ နောက်လာမည့် မိန့်မြွက်ချက်သည် ငါမှတစ်ဆင့်ဖြစ်နိုင်သကဲ့သို့ သင်မှတစ်ဆင့် သို့မဟုတ် အခြားတစ်စုံတစ်ဦးမှတစ်ဆင့် ဖြစ်နိုင်ပေသည်။ မည်သူမှတစ်ဆင့် ပြောသည်ဖြစ်စေ၊ အားလုံးသည် ဘုရားသခင်၏ ကျေးဇူးတော်ဖြစ်သည်။ သို့တိုင် မည်သို့ပင်ဖြစ်စေ ဤလူသည် ဘုရားသခင် တကယ့်ကို မဖြစ်နိုင်သကဲ့သို့၊ ငါတို့သည်လည်း ဤကဲ့သို့သော သာမန်လူတစ်ဦးကို ငါတို့၏ဘုရားသခင်အဖြစ် မည်သည့်နည်းနှင့်မျှ ရွေးချယ်မည် မဟုတ်သည့်အတွက်၊ မည်သူ ဖြစ်နေပါစေ၊ ဤလူကို ငါတို့အနေဖြင့် မကိုးကွယ်သင့်ပေ။ ငါတို့၏ ဘုရားသခင်သည် အလွန်ကြီးမြတ်ပြီး အလွန်ရိုသေအပ်ပေသည်။ ထိုသို့သော အလွန်မထင်ရှားသည့် လူတစ်ဦးက ဘုရားသခင်ကို မည်သို့ ကိုယ်စားပြုနိုင်မည်နည်း။ ထို့အပြင်၊ ဘုရားသခင် ကြွလာပြီး၊ ကောင်းကင်နိုင်ငံသို့ ငါတို့အား ပြန်ခေါ်သွားမည်ကို ငါတို့အားလုံး စောင့်ဆိုင်းနေကြသည်၊ ထို့ကြောင့် အလွန်မထင်ရှားသော သူတစ်ဦးက ထိုသို့သော အရေးကြီးပြီး ခက်ခဲကြမ်းတမ်းသည့် အလုပ်တာဝန်ကို မည်သို့ ထမ်းဆောင်နိုင်မည်နည်း။ အကယ်၍ သခင် တစ်ဖန် ကြွလာပါက၊ လူထုအားလုံးမြင်နိုင်ဖို့အလို့ငှာ ဖြူသောမိုးတိမ်ပေါ်၌ ဖြစ်ရပေမည်။ ယင်းသည် အလွန်ပင် ကျက်သရေရှိလိုက်မည့်ဖြစ်ခြင်းပါတကား။ သာမန်လူတစ်စု အကြားတွင် သူသည် တိတ်ဆိတ်စွာ မည်သို့ ပုန်းနေနိုင်မည်နည်း။

လူများအကြား၌ ကွယ်ဝှက်လျက် ငါတို့ကို ကယ်တင်ခြင်း အလုပ်သစ်အား လုပ်ဆောင်နေသူမှာ ဤသာမန်လူ ဖြစ်သည်။ သူသည် ငါတို့ကို မည်သည့် ရှင်းပြချက်မျှ မပေးသကဲ့သို့၊ အဘယ်ကြောင့် ကြွလာပြီးဖြစ်သည်ကိုလည်း ငါတို့ကို မပြောပြပေ၊ သို့သော် ဖြေးဖြေမှန်မှန် ခြေလှမ်းများနှင့် သူ၏အစီအစဉ်အတိုင်း သူလုပ်ရန်ရည်ရွယ်သည့် အမှုကိုသာ လုပ်ဆောင်လေသည်။ သူ၏ နှုတ်ကပတ်တော်များနှင့် မိန့်မြွက်ချက်များသည် ယခင်ထက်ပို၍ မကြာမကြာဖြစ်လာသည်။ နှစ်သိမ့်ခြင်း၊ တိုက်တွန်းခြင်း၊ အသိပေးခြင်းနှင့် သတိပေးခြင်းမှသည် အပြစ်တင်ခြင်းနှင့် ဆုံးမပဲ့ပြင်ခြင်းတို့အထိ၊ သိမ်မွေ့ကာ သာယာညင်းပျောင်းသော လေသံမှသည် ခက်ထန်၍ ဘုန်းအာနုဘော်ရှိသော နှုတ်ကပတ်တော်များအထိ- အားလုံးသည် လူသားအပေါ် ကရုဏာတရားကို ပေးအပ်ပြီး သူ့အထဲတွင် စိုးရိမ်ပူပန်ခြင်းကို သွတ်သွင်းပေးသည်။ သူပြောသမျှအရာတိုင်းသည် ငါတို့အတွင်းရှိ နက်နက်ရှိုင်းရှိုင်း ကွယ်ဝှက်ထားသည့် လျှို့ဝှက်ချက်များကို အရှိုက်ထိလေသည်။ သူ၏နှုတ်ကပတ်တော်များသည် ငါတို့၏ နှလုံးသားများကို စူးသည်၊ ငါတို့၏ စိတ်ဝိညာဉ်တို့ကို စူးပြီး၊ ငါတို့အနေဖြင့် မည်သည့်နေရာတွင် ပုန်းရမည်ကို နည်းနည်းမျှ မသိစေဘဲလျက်၊ မခံမရပ်နိုင်သော အရှက်ရခြင်းဖြင့် ငါတို့ကို ပြည့်စေသည်။ ဤလူ၏နှလုံးသားထဲ၌ရှိသော ဘုရားသခင်သည် အမှန်တကယ် ငါတို့ကို ချစ် မချစ်ဆိုသည်နှင့် သူသည် အတိအကျအားဖြင့် မည်သည့်အရာကို တိတ်တဆိတ် ဆောင်ရွက်နေသည်ကို ငါတို့ စတင် စူးစမ်းမိကြသည်။ ဤဆင်းရဲဒုက္ခများကို ကြံ့ကြံ့ခံပြီးမှသာ ငါတို့ ချီဆောင်ခြင်းခံရနိုင်ခြင်း ဖြစ်ကောင်း ဖြစ်မည်လော။ ငါတို့၏ ဦးခေါင်းများထဲတွင်၊ ငါတို့သည် လာမည့် ခရီးပန်းတိုင်နှင့် ငါတို့၏ အနာဂတ်ကံကြမ္မာအကြောင်းကို တွက်ချက်နေကြသည်။ သို့ဖြစ်စေကာမူ ယခင်ကဲ့သို့ ငါတို့အလယ်တွင် အမှုပြုရန် ဘုရားသခင် လူ့ဇာတိ ခံယူနှင့်ပြီးဖြစ်သည်ကို ငါတို့ထဲမှ မည်သူမျှ မယုံကြည်ကြပေ။ သူသည် ငါတို့နှင့်အတူ ထိုမျှအချိန်ကြာမြင့်စွာ အဖော်ပြုပေးပြီး ဖြစ်သော်လည်း၊ ငါတို့နှင့် မျက်နှာချင်းဆိုင်လျက် နှုတ်ကပတ်တော်များစွာကို ပြောဆိုနှင့်ပြီးဖြစ်သော်လည်း၊ ငါတို့သည် ထိုသို့သော သာမန်လူတစ်ယောက်ကို ငါတို့ အနာဂတ်၏ ဘုရားသခင်အဖြစ် လက်ခံရန် လိုလားလျက် မရှိသေးသကဲ့သို့၊ မထင်ရှားသော ဤလူထံ ငါတို့၏ အနာဂတ်နှင့် ကံကြမ္မာ၏ အခွင့်အာဏာကို အပ်နှံရန် သာ၍ပင် လိုလားခြင်း မရှိကြပေ။ ငါတို့သည် သူ့ထံမှ အသက်ရေ၏ အဆုံးမရှိသော အထောက်အပံ့တစ်ခုကို မွေ့လျော်ခံစားရပြီး၊ သူမှတစ်ဆင့် ငါတို့သည် ဘုရားသခင်နှင့် မျက်နှာချင်းဆိုင် အသက်ရှင်ရသည်။ သို့သော် ငါတို့သည် ကောင်းကင်ဘုံ၌ရှိသော သခင်ယေရှု၏ ကျေးဇူးတော်ကိုသာ ကျေးဇူးတင်နေကြပြီး၊ ဘုရား သဘောသဘာဝကို ပိုင်ဆိုင်သည့် ဤသာမန်လူ၏ ခံစားချက်များကိုမူ လုံးဝ မည်သို့မျှ အရေးမစိုက်ကြပေ။ သို့ဖြစ်စေကာမူ၊ သူသည် လူသားတို့၏ သူ့အား ပစ်ပယ်မှုကို အာရုံမခံစားနိုင်သည့်အလား၊ လူသား၏ ကလေးဆန်မှုနှင့် မသိနားမလည်မှုကို ထာဝရခွင့်လွှတ်ပေးနေပြီး၊ သူ့အပေါ် လူသား၏ အကြည်ညိုမရှိသည့် သဘောထားကို အစဉ်အမြဲ သည်းခံသည့်အလား၊ သူ၏အတွင်းအကျဆုံး နှလုံးသားကို ဖော်ပြလျက်နေရင်း၊ ယခင်ကကဲ့သို့၊ သူသည် နှိမ့်ချစွာဖြင့် လူ့ဇာတိတွင် ကွယ်ဝှက်လျက်၊ သူ၏ အမှုကို လုပ်ဆောင်လေသည်။

ငါတို့ သတိမထားမိလိုက်ဘဲနှင့်၊ မထင်ရှားသော ဤသူသည် ငါတို့ကို ဘုရားသခင်၏ အမှုနှင့်သက်ဆိုင်သည့် အဆင့်တစ်ခုပြီးတစ်ခုထဲသို့ ဦးဆောင်ကာ ခေါ်သွားပြီးဖြစ်သည်။ ငါတို့သည် မရေတွက်နိုင်သော စမ်းသပ်မှုများကို ကြုံရသည်၊ မရေတွက်နိုင်သော ပြစ်တင်ဆုံးမမှုများကို ခံရပြီး၊ သေခြင်းတရားဖြင့် စမ်းသပ်ခြင်း ခံရကြလေသည်။ ဘုရားသခင်၏ ဖြောင့်မတ်ပြီး ဘုန်းအာနုဘော် ရှိသော စိတ်သဘောထားကို ငါတို့ သိရှိကြသည်၊ သူ၏ ချစ်ခြင်းမေတ္တာနှင့် ကရုဏာတို့ကိုလည်း မွေ့လျော်ကြသည်၊ ဘုရားသခင်၏ ကြီးမားသော တန်ခိုးအာဏာနှင့် ဉာဏ်ပညာကို အသိအမှတ်ပြုလာကြသည်၊ ဘုရားသခင်၏ ချစ်ဖွယ်ကောင်းမှုကို မျက်မြင်တွေ့ကြရပြီး၊ လူသားကို ကယ်တင်ရန် ဘုရားသခင်၏ ထက်သန်သည့် ဆန္ဒကိုလည်း ရှုမြင်ကြရသည်။ ဤသာမန်လူ၏ နှုတ်ကပတ်တော်များတွင်၊ ငါတို့သည် ဘုရားသခင်၏ စိတ်သဘောထားနှင့် အနှစ်သာရကို သိလာကြသည်၊ ဘုရားသခင်၏ အလိုကို နားလည်လာကြသည်၊ လူ၏ သဘာဝနှင့် အနှစ်သာရကို သိလာကြသည်၊ ပြီးလျှင် ကယ်တင်ခြင်းနှင့် စုံလင်ခြင်းဆီသို့ သွားရာလမ်းခရီးကို မြင်လာကြလေသည်။ သူ၏ နှုတ်ကပတ်တော်များက ငါတို့ကို “သေ” စေပြီး၊ ငါတို့ကို “တစ်ဖန်ပြန်မွေးဖွား” စေသည်၊ သူ၏နှုတ်ကပတ်တော်များက ငါတို့ကို နှစ်သိမ့်မှု ယူဆောင်ပေးသည်၊ သို့သော် အပြစ်ရှိခြင်းနှင့် အကြွေးတင်ရှိခြင်း ခံစားချက်တို့ဖြင့်လည်း ငါတို့ကို ဖိစီးနှိပ်စက်ခံရစ်စေ၏။ သူ၏နှုတ်ကပတ်တော်များက ငါတို့အား ဝမ်းမြောက်ခြင်းနှင့် ငြိမ်သက်ခြင်းကို ဆောင်ကြဉ်းပေးသော်လည်း၊ အဆုံးမရှိသော နာကျင်မှုကိုလည်း ပေးသည်။ တစ်ခါတစ်ရံတွင် ငါတို့သည် သူ့လက်ထဲ၌ သတ်ဖို့ရာထားသော သိုးများကဲ့သို့ ဖြစ်၏၊ တစ်ခါတစ်ရံတွင် ငါတို့သည် သူ၏အမြတ်နိုးဆုံးနှင့် ဂုဏ်အယူဆုံး သူများကဲ့သို့ဖြစ်ပြီး သူ၏ နူးညံ့သော ချစ်ခြင်းမေတ္တာကို မွေ့လျော်ကြလေသည်။ တစ်ခါတစ်ရံတွင် ငါတို့သည် သူ၏ရန်သူကဲ့သို့ ဖြစ်ပြီး သူ၏စူးစိုက်ကြည့်ခြင်း အောက်တွင် သူ၏အမျက်ဒေါသဖြင့် ပြာမှုန့်ဖြစ်သွားကြသည်။ ငါတို့သည် သူ့အားဖြင့် ကယ်တင်ခံရသည့် လူသားမျိုးနွယ်ဖြစ်သည်၊ သူ၏အမြင်တွင် ငါတို့သည် လောက်ကောင်များ ဖြစ်ကြပြီး၊ နေ့ရောညပါ စိတ်ထက်သန်စွာ သူရှာဖွေဖို့ စိတ်ပိုင်းဖြတ်ထားသည့် ပျောက်သောသိုးသငယ်များ ဖြစ်ကြသည်။ သူသည် ငါတို့အပေါ် ကရုဏာပြည့်ဝသည်၊ ငါတို့ကို စက်ဆုပ်ရွံရှာသည်၊ ငါတို့ကို ချီးမြှောက်ပေးသည်၊ ငါတို့ကို နှစ်သိမ့်ပေးကာ တိုက်တွန်းသည်၊ သူသည် ငါတို့ကို လမ်းပြသည်၊ ငါတို့ကို အသိဉာဏ်ပွင့်လင်းစေသည်၊ ငါတို့ကို ပြစ်တင်ဆုံးမပြီး ပဲ့ပြင်သည်၊ ပြီးလျှင် သူသည် ငါတို့ကို ကျိန်ဆဲပင် ကျိန်ဆဲလေသည်။ သူသည် နေ့ရောညပါ ငါတို့နှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှု လုံးဝ မရပ်ပေ၊ နေ့ရောညပါ ငါတို့ကို ကာကွယ်စောင့်ရှောက်သည်၊ မည်သည့်အခါမျှ ငါတို့အနားမှ မခွာဘဲ ငါတို့အဖို့အလို့ငှာ အလွန်အမင်း ကြိုးစားပြီး ငါတို့အတွက် မည်သည့်အဖိုးအခကိုမဆို ပေးဆပ်သည်။ သေးငယ်ပြီး သာမန်ဖြစ်သော ဤဇာတိခန္ဓာ၏ မိန့်မြွက်ချက်များအတွင်း၌ ငါတို့သည် ဘုရားသခင်၏ အလုံးစုံကို မွေ့လျော်ကြရပြီး ဘုရားသခင်က ငါတို့အပေါ် အပ်နှင်းထားသည့် ခရီးပန်းတိုင်ကို ရှုမြင်ကြရပြီးဖြစ်သည်။ ဤသို့ဖြစ်လင့်ကစား၊ ဝင့်ဝါခြင်းသည် ငါတို့၏ စိတ်နှလုံးများ အတွင်းတွင် ဒုက္ခပြဿနာ လှုံ့ဆော်ပေးနေဆဲဖြစ်ပြီး၊ ဤသို့သော လူတစ်ဦးကို ငါတို့၏ ဘုရားသခင်အဖြစ် တက်ကြွစွာ လက်ခံရန် လိုလားခြင်းမရှိသေးပေ။ သူသည် ငါတို့ကို ပျော်မွေ့ရန် အလွန့်အလွန်များလှသည့် မန္နမုန့် ပေးပြီးဖြစ်သော်လည်း၊ ဤအရာထဲမှ မည်သည့်အရာကမျှ ငါတို့၏ နှလုံးသားများရှိ သခင်၏နေရာကို မယူနိုင်ပေ။ ငါတို့သည် ဤလူ၏ ထူးခြားသော ပင်ကိုလက္ခဏာနှင့် အဆင့်အတန်းကို အလွန် မလိုလားခြင်းဖြင့်သာ လက်ခံကြသည်။ သူ ဘုရားသခင်ဖြစ်သည်ကို ငါတို့အနေဖြင့် အသိအမှတ်ပြုပါရန် ငါတို့ကို တောင်းဆိုဖို့ သူ၏နှုတ်ကို မဖွင့်သရွေ့၊ သူသည် မကြာမီ ရောက်ရှိမည့် ဘုရားသခင်ဖြစ်သော်လည်း၊ ငါတို့သည် သူ့ကို ငါတို့အလယ်တွင် အချိန်ကြာမြင့်စွာကတည်းက အလုပ်လုပ်နေပြီး ဖြစ်သည့် ဘုရားသခင်အဖြစ် မိမိတို့သဘောနှင့်မိမိတို့ မည်သည့်အခါမျှ သဘောထားလိမ့်မည် မဟုတ်ပေ။

ဘုရားသခင်သည် သူ၏ စိတ်နှလုံးကို ဖွင့်ဟစဉ် တစ်ချိန်တည်းတွင် ငါတို့ အဘယ်အရာလုပ်သင့်သည်ဆိုသည်နှင့်ပတ်သက်၍ ငါတို့ကို ဆိုဆုံးမဖို့ နည်းလမ်းမျိုးစုံနှင့် ရှုထောင့်မျိုးစုံကို အသုံးပြုရင်း သူ၏ မိန့်မြွက်ချက်များကို ဆက်လက် မိန့်ကြားလေသည်။ သူ၏ နှုတ်ကပတ်တော်များသည် အသက် အစွမ်းတန်ခိုးကို သယ်ဆောင်သည်၊ ငါတို့ လျှောက်လှမ်းသင့်သည့် လမ်းခရီးကို ပြသပြီး၊ သမ္မာတရားက မည်သည့်အရာဖြစ်သည်ကို ငါတို့အား နားလည်နိုင်စေလေသည်။ သူ၏နှုတ်ကပတ်တော်များက ငါတို့ကို စတင်ဆွဲဆောင်လာသည်၊ သူ၏ စကားပြောသည့် လေသံနှင့် ပြောဟန်တို့ကို ငါတို့ စတင်အာရုံစိုက်ကြပြီး မသိစိတ်၏ စေ့ဆော်မှုအရ သာမညောင်ည ဖြစ်သော ဤလူ၏ အတွင်းကျကျ ခံစားချက်များ၌ စတင် စိတ်ဝင်စားကြသည်။ သူသည် ငါတို့ကိုယ်စား အပင်ပန်းခံကြိုးစားသည်၊ ငါတို့အတွက်ကြောင့် အအိပ်ပျက်ခံပြီး၊ အစားပျက်ခံသည်၊ ငါတို့အတွက် ငိုကြွေးသည်၊ သက်ပြင်းချသည်၊ ငါတို့အတွက် နာမကျန်းဖြစ်လျက် ညည်းညူသည်၊ ငါတို့၏ ခရီးပန်းတိုင်နှင့် ငါတို့၏ ကယ်တင်ခြင်းအတွက် အရှက်ကွဲခြင်းကိုခံသည်၊ ပြီးလျှင် ငါတို့၏ ထုံထိုင်းခြင်းနှင့် ပုန်ကန်ခြင်းက သူ၏နှလုံးသားမှ မျက်ရည်များနှင့် သွေးများကို ကျစေသည်။ ဤသို့သော ဖြစ်ခြင်းနှင့် ရှိခြင်းသည် မည်သည့် သာမန်လူနှင့်မျှ မသက်ဆိုင်သကဲ့သို့၊ ဖောက်ပြန်ပျက်စီးသော မည်သည့်လူသားတစ်ဦးကမျှ မပိုင်ဆိုင်နိုင်ပေ သို့မဟုတ် မရရှိနိုင်ပေ။ မည်သည့် သာမန်လူကမျှ မပိုင်ဆိုင်သည့် သည်းခံခြင်းနှင့် စိတ်ရှည်ခြင်းကို သူပြသပြီး သူ့မေတ္တာသည် ဖန်ဆင်းခံသတ္တဝါ တစ်ဦးတစ်ယောက်ကိုမျှ မအပ်နှင်းထားသည့် မေတ္တာဖြစ်သည်။ သူမှအပ မည်သူကမျှ ငါတို့၏ အတွေးအားလုံးကို မသိနိုင်၊ သို့မဟုတ် ငါတို့၏ သဘာဝနှင့် အနှစ်သာရတို့နှင့် သက်ဆိုင်သည့် ထိုသို့သော ရှင်းလင်းကာ ပြည့်စုံသည့် သဘောပေါက်မှု မရှိနိုင်ပေ၊ သို့မဟုတ် လူသားမျိုးနွယ်၏ ပုန်ကန်မှုနှင့် ဖောက်ပြန်ပျက်စီးမှုကို တရားမစီရင်နိုင်ပေ၊ သို့မဟုတ် ကောင်းကင်ဘုံရှိ ဘုရားသခင်၏ကိုယ်စား ငါတို့ကို စကားပြောပြီး ငါတို့၏အလယ်၌ ယခုကဲ့သို့ အလုပ်မလုပ်နိုင်ပါ။ သူမှအပ မည်သူကမျှ ဘုရားသခင်၏ ဩဇာအာဏာ၊ ဉာဏ်ပညာနှင့် ဂုဏ်သိက္ခာတို့ဖြင့် အပ်နှင်းခြင်းမခံရပေ။ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင်၏ အရာအားလုံးနှင့် ဖြစ်ခြင်းတို့သည် သူ့အထဲ၌ အလုံးစုံ ပေါ်ထွက်လာသည်။ သူမှအပ မည်သူကမျှ ငါတို့အား လမ်းခရီးကို မပြနိုင်သကဲ့သို့ အလင်းကို မဆောင်ကြဉ်းပေးနိုင်ပေ။ သူမှအပ မည်သူကမျှ ဖန်ဆင်းခြင်းမှ ယနေ့အထိ ဘုရားသခင်က ဖွင့်ပြခြင်း မရှိသော နက်နဲမှုများကို ငါတို့အား ထုတ်ဖော်မပြသနိုင်ပေ။ သူမှအပ မည်သူကမျှ ငါတို့ကို စာတန်၏ကျေးကျွန်ဘဝနှင့် ငါတို့၏ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားမှ မကယ်တင်နိုင်ပေ။ သူသည် ဘုရားသခင်ကို ကိုယ်စားပြုသည်။ သူသည် ဘုရားသခင်၏ အတွင်းကျကျ နှလုံးသား၊ ဘုရားသခင်၏ တိုက်တွန်းမှုများနှင့် လူသားမျိုးနွယ်အပေါ် ဘုရားသခင်၏ တရားစီရင်ခြင်း နှုတ်ကပတ်တော်များကို ဖော်ပြလေသည်။ သူသည် ခေတ်သစ်တစ်ခေတ်၊ ကာလသစ်တစ်ခုကို အစပြုပြီးဖြစ်ကာ ကောင်းကင်သစ်နှင့် မြေကြီးသစ်၊ ပြီးလျှင် အမှုသစ်ကို ဖွင့်လှစ်ပြီဖြစ်သကဲ့သို့၊ မရေရာမှုတွင် ငါတို့ အသက်ရှင်နေထိုင်ခဲ့သည့် အသက်တာကို အဆုံးသတ်ပေးရင်းနှင့် ငါတို့၏ ဖြစ်တည်မှု တစ်ခုလုံးအား ကယ်တင်ခြင်းသို့ သွားရာလမ်းကြောင်းကို အပြည့်အဝ ရှင်းရှင်းလင်းလင်း မြင်နိုင်စေလျက်၊ ငါတို့ထံသို့ မျှော်လင့်ခြင်းကို ယူဆောင်ပြီးဖြစ်သည်။ သူသည် ငါတို့၏ ဖြစ်တည်မှုတစ်ခုလုံးကို သိမ်းပိုက်ပြီး ဖြစ်ကာ ငါတို့၏ နှလုံးသားများကို ရရှိပြီးဖြစ်သည်။ ထိုအခိုက်အတန့်မှစ၍၊ ငါတို့၏စိတ်များသည် သတိရှိလာပြီဖြစ်သကဲ့သို့၊ ငါတို့၏ စိတ်ဝိညာဉ်များသည် ပြန်လည်အသက်ဝင်လာသည်ဟု ထင်ရသည်။ ငါတို့အလယ်၌ အသက်ရှင်ပြီး၊ ငါတို့၏ ငြင်းပယ်ခြင်းကို အချိန်ကြာမြင့်စွာကတည်းက ခံခဲ့ရပြီးသူဖြစ်သည့် သာမန်ဖြစ်သည့် မထင်ရှားသော ဤလူသည်- နိုးနေသည်ဖြစ်စေ အိပ်မက်မက်နေသည်ဖြစ်စေ ငါတို့၏အတွေးများထဲ၌ အမြဲရှိပြီး၊ နေ့ရောညပါ ငါတို့တောင့်တနေသော သခင်ယေရှု ဖြစ်သည် မဟုတ်လော။ သူဖြစ်ပေသည်။ အကယ်စင်စစ် သူဖြစ်၏။ သူသည် ငါတို့၏ ဘုရားသခင်ဖြစ်သည်။ သူသည် သမ္မာတရား၊ လမ်းခရီးနှင့် အသက်ဖြစ်သည်။ သူသည် ငါတို့ကို တစ်ဖန် အသက်ရှင်နိုင်စေပြီး၊ အလင်းကို တွေ့မြင်နိုင်စေကာ ငါတို့၏ စိတ်နှလုံးများကို ပျံ့လွင့်ခြင်းမှ ရပ်တန့်စေပြီး ဖြစ်သည်။ ငါတို့သည် ဘုရားသခင်၏ အိမ်တော်သို့ ပြန်လာကြပြီးဖြစ်သည်၊ ငါတို့သည် သူ၏ပလ္လင်ရှေ့သို့ ပြန်လာကြပြီးဖြစ်သည်၊ ငါတို့သည် သူနှင့် မျက်နှာချင်းဆိုင် တွေ့ကြရပေပြီ၊ သူ၏မျက်နှာထားကို ငါတို့ မျက်မြင်တွေ့ပြီး ဖြစ်သကဲ့သို့၊ ရှေ့၌ရှိသောလမ်းကိုလည်း မြင်တွေ့ပြီးဖြစ်သည်။ ဤအချိန်တွင်၊ ငါတို့၏ စိတ်နှလုံးများသည် သူ၏ သိမ်းပိုက်ခြင်းကို လုံးဝ ခံရကြသည်။ သူမည်သူ ဖြစ်သည်ကို ငါတို့ သံသယမဝင်တော့ပေ၊ သူ့အမှုနှင့် သူ၏ နှုတ်ကပတ်တော်ကို ငါတို့မဆန့်ကျင်တော့သကဲ့သို့၊ သူ၏ရှေ့၌ ငါတို့သည် လဲကျပျပ်ဝပ်ကြ၏။ ငါတို့၏ ကျန်ရှိနေသော အသက်တာ၌ ဘုရားသခင်၏ ခြေရာများနောက်သို့ လိုက်ဖို့နှင့် သူ၏ စုံလင်စေခြင်းကို ခံရဖို့၊ ပြီးလျှင် သူ၏ကျေးဇူးတော်ကို ပြန်လည်ပေးဆပ်ဖို့နှင့် ငါတို့အတွက် သူ၏ချစ်ခြင်းမေတ္တာကို ပြန်လည်ပေးဆပ်ဖို့၊ ပြီးလျှင် သူ၏ စီစဉ်ညွှန်ကြားမှုနှင့် စီစဉ်မှုများကို နာခံဖို့နှင့် သူ၏ အမှုနှင့်အတူ ပူးပေါင်းလုပ်ဆောင်ရန်၊ ပြီးလျှင် ငါတို့ကို သူပေးအပ်ထားသည့် အရာကို ပြည့်စုံစေရန် တတ်နိုင်သည့်အရာရာတိုင်းကို လုပ်ဆောင်ဖို့ထက် မည်သည့် အရာကိုမျှ ငါတို့ ဆန္ဒမရှိပေ။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နောက်ဆက်တွဲ (၄)- ဘုရားသခင်၏ တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမမှု၌ ဘုရားသခင်၏ ပေါ်ထွန်းခြင်းကို ရှုမြင်ခြင်း

အရှေ့သို့- ကျမ်းစာထဲတွင်၊ “သခင်ဘုရားသည် ကြွေးကြော်ခြင်း၊ ကောင်းကင်တမန်မင်းအသံပေးခြင်း၊ ဘုရားသခင်၏ တံပိုးတော် ကို မှုတ်ခြင်းနှင့်တကွ၊ ကောင်းကင်ဘုံမှ ကိုင်တိုင် ဆင်းသက်တော်မူ၍၊ ခရစ်တော်၌ သေလွန်သောသူတို့သည် အဦးထမြောက်ကြလိမ့်မည်။” (သက်သာလောနိတ် ဩဝါဒစာ ပဋ္ဌမစောင် ၄: ၁၆) ဟု ရေးသားထားသည်။ သင်က သခင်ယေရှု ပြန်ကြွလာပြီဖြစ်သည်ဟု သက်သေခံသည်၊ သို့သော် ကောင်းကင်တမန်မင်း၏ အော်ဟစ်ခြင်း သို့မဟုတ် အသံ၊ သို့မဟုတ် ဘုရားသခင်၏ တန်ပိုးတော်ကို ကျွန်ုပ်တို့ မကြားရသေးသကဲ့သို့၊ သေလွန်ပြီးသော သန့်ရှင်းသူတို့ တစ်ဖန် ထမြောက်ကြသည်ကိုလည်း ကျွန်ုပ်တို့ မရှုမြင်ရသေးပါ။ သို့ဆိုလျှင် ယင်းသည် သခင် ပြန်ကြွလာပြီးဖြစ်သည်ကို မည်သို့ သက်သေပြနိုင်မည်နည်း။
နောက်တစ်ခုသို့- သခင်သည် လူ့ဇာတိခံလာပြီးဖြစ်သည်၊ ကမ္ဘာမြေသို့ တိတ်တဆိတ် ဆင်းသက်ကာ ဘုရားသခင်၏ အိမ်တော်မှအစပြုသည့် တရားစီရင်ခြင်းအမှုကို ဆောင်ရွက်နေသည်ဟု သင်တို့ သက်သေခံကြသည်။ ဤသည်မှာ အဘယ်သို့ ဖြစ်နိုင်သနည်း။ သမ္မာကျမ်းစာက တိကျစွာ ပရောဖက်ပြုသည်မှာ၊ “ထိုအခါ လူသား၏နိမိတ်လက္ခဏာသည် ကောင်းကင်၌ထင်ရှားလိမ့်မည်။ မြေကြီးပေါ်မှာ လူအပေါင်း တို့သည် ငိုကြွေးမြည်တမ်းကြ၍၊ လူသားသည်ကြီးစွာသော ဘုန်းတန်ခိုးအာနုဘော်ကိုဆောင်လျက်၊ မိုဃ်းတိမ် ကိုစီး၍ ကြွလာတော်မူသည်ကိုမြင်ရကြလိမ့်မည်။” (ရှင်မဿဲခရစ်ဝင်ကျမ်း ၂၄:၃၀) “ကြည့်ရှုလော့။ မိုးတိမ်နှင့်တကွ ကြွလာတော်မူသည်ဖြစ်၍၊ ကိုယ်တော်ကို ထိုးဖောက်သော သူတို့နှင့် ရှိသမျှသောသူတို့သည် ကိုယ်တော်ကို ရှုမြင်ရကြလိမ့်မည်။ မြေကြီးသားအမျိုးမျိုးရှိသမျှတို့သည် ကိုယ်တော်ကြောင့် ငိုကြွေးမြည်တမ်းရကြလိမ့်မည်။” (ဗျာဒိတ်ကျမ်း ၁:၇) ဟူ၍ ဖြစ်သည်။ သခင်ပြန်ကြွလာချိန်တွင်၊ သူသည် မိုးတိမ်များဖြင့် ပြန်ကြွလာသင့်ပြီး လူအားလုံးထံ ပွင့်ပွင့်လင်းလင်း ပေါ်ထွန်းသင့်သည်ဟု ကျွန်ုပ်တို့ ယုံကြည်ကြသည်။ သို့သော် သင်က သခင်သည် လူ့ဇာတိခံလာနှင့်ပြီးဖြစ်ကာ ကမ္ဘာမြေပေါ်သို့ တိတ်တဆိတ် ဆင်းသက်နှင့်ပြီးဖြစ်သည်ဟု သက်သေခံသည်၊ ယင်းသည် ကျွန်ုပ်တို့၏ နားလည်မှုမှ လုံးဝ ကွဲပြားခြားနားပေသည်။ ဤနေရာတွင် မည်သည့်အရာ ဖြစ်နေပါသနည်း။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

သခင်၏ ပြန်ကြွလာခြင်းသည် အဘယ်ကြောင့် တိတ်တဆိတ် ဆင်းသက်ခြင်းဖြစ်သည့် လူ့ဇာတိခံယူခြင်းအပြင် မိုးတိမ်စီးကာ လူသိရှင်ကြား ဆင်းသက်ခြင်းတို့ ပါဝင်ရ ပါသနည်း။

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ- “ကြည့်ရှုလော့ သူခိုးကဲ့သို့ ငါလာ၏။” (ဗျာဒိတ်ကျမ်း ၁၆:၁၆) “သန်းခေါင်ယံ၌ကြည့်ပါ။ မင်္ဂလာဆောင်လုလင်သည် လာပြီ။...

သခင်ယေရှုက သူတစ်ဖန် ကြွလာမည်ဖြစ်ကြောင်း ပြောခဲ့သည်၊ ထို့ကြောင့် နောက်ဆုံးသောကာလတွင် သူ တကယ် ပြန်ကြွလာသည့်အခါ၊ လူများထံသို့ မည်သည့်နည်းလမ်းဖြင့် သူ ပေါ်ထွန်းမည်နည်း။

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ- “ကြည့်ရှုလော့ သူခိုးကဲ့သို့ ငါလာ၏။ အဝတ် အချည်းစည်းနှင့် သွားလာ၍ သူတပါးရှေ့၌ ရှက်စရာ အကြောင်း မရှိစေခြင်းငှာ...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။