သခင်၏ ပြန်ကြွလာခြင်းသည် အဘယ်ကြောင့် တိတ်တဆိတ် ဆင်းသက်ခြင်းဖြစ်သည့် လူ့ဇာတိခံယူခြင်းအပြင် မိုးတိမ်စီးကာ လူသိရှင်ကြား ဆင်းသက်ခြင်းတို့ ပါဝင်ရ ပါသနည်း။

08.01.2020

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ-

“ကြည့်ရှုလော့ သူခိုးကဲ့သို့ ငါလာ၏။” (ဗျာဒိတ်ကျမ်း ၁၆:၁၆)

“သန်းခေါင်ယံ၌ကြည့်ပါ။ မင်္ဂလာဆောင်လုလင်သည် လာပြီ။ ခရီးဦးကြိုပြုခြင်းငှာ ထွက်သွားကြကုန်ဟု ကြွေးကြော်လျှင်။” (ရှင်မဿဲခရစ်ဝင် ၂၅:၆)

“ကြည့်ရှုလော့၊ ငါသည်တံခါးရှေ့မှာရပ်၍ ခေါက်လျက်နေ၏။ အကြင်သူသည် ငါ၏အသံကို ကြား၍တံခါးကိုဖွင့်အံ့၊ ထိုသူရှိရာသို့ငါဝင်၍ သူနှင့်အတူ စားသောက်မည်။ သူသည်လည်းငါနှင့်အတူ စားသောက်ရလိမ့်မည်။” (ဗျာဒိတ်ကျမ်း ၃:၂၀)

“ထိုအချိန်နာရီကိုကား အဘယ်သူမျှမသိ။ ကောင်းကင်တမန်မသိ။ ငါ့ခမည်းတော်တပါးတည်းသာ သိ တော်မူ၏။” (ရှင်မဿဲခရစ်ဝင်ကျမ်း ၂၄:၃၆)

“ထိုအခါ လူသား၏နိမိတ်လက္ခဏာသည် ကောင်းကင်၌ထင်ရှားလိမ့်မည်။ မြေကြီးပေါ်မှာ လူအပေါင်း တို့သည် ငိုကြွေးမြည်တမ်းကြ၍၊ လူသားသည်ကြီးစွာသော ဘုန်းတန်ခိုးအာနုဘော်ကိုဆောင်လျက်၊ မိုဃ်းတိမ် ကိုစီး၍ ကြွလာတော်မူသည်ကိုမြင်ရကြလိမ့်မည်။” (ရှင်မဿဲခရစ်ဝင်ကျမ်း ၂၄:၃၀)

“ကြည့်ရှုလော့။ မိုးတိမ်နှင့်တကွ ကြွလာတော်မူသည်ဖြစ်၍၊ ကိုယ်တော်ကို ထိုးဖောက်သော သူတို့နှင့် ရှိသမျှသောသူတို့သည် ကိုယ်တော်ကို ရှုမြင်ရကြလိမ့်မည်။ မြေကြီးသားအမျိုးမျိုးရှိသမျှတို့သည် ကိုယ်တော်ကြောင့် ငိုကြွေးမြည်တမ်းရကြလိမ့်မည်။” (ဗျာဒိတ်ကျမ်း ၁:၇)

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

အချိန်သည် နီးကပ်လာပြီး ဘုရားသခင်၏နေ့ရက်သည် ရောက်လာပြီဖြစ်သည့်အတွက်၊ နောက်ဆုံးသောကာလ၏ အမှုသည် အားလုံးကို ၎င်းတို့၏ အမျိုးအစားအလိုက် ခွဲခြားရန်နှင့် ဘုရားသခင်၏ စီမံခန့်ခွဲမှုအစီအစဉ်ကို အပြီးသတ်ရန်ဖြစ်သည်။ ဘုရားသခင်သည် သူ၏နိုင်ငံတော်ထဲသို့ ဝင်ရောက်သူအားလုံး- တကယ့်အဆုံးတိုင် သူ့ကို သစ္စာစောင့်သိသူအားလုံးကို ဘုရားသခင် ကိုယ်တော်တိုင်၏ ခေတ်ထဲသို့ ဆောင်ကြဉ်း၏။ သို့သော် ဘုရားသခင် ကိုယ်တော်တိုင်၏ခေတ် မရောက်ရှိမီတွင်၊ ဘုရားသခင်၏ အမှုသည် လူသား၏လုပ်ဆောင်ချက်များကို စောင့်ကြည့်လေ့လာရန်၊ သို့မဟုတ် လူသား၏ဘဝကို စုံစမ်းရန် မဟုတ်ဘဲ၊ လူသား၏မနာခံမှုကို တရားစီရင်ရန်ဖြစ်၏၊ အကြောင်းမှာ ဘုရားသခင်သည် သူ၏ ပလ္လင်ရှေ့သို့ လာသူတိုင်းကို သန့်စင်ပေးမည် ဖြစ်သောကြောင့်တည်း။ ဤနေ့အထိ ဘုရားသခင်၏ ခြေလှမ်းများနောက် လိုက်လျှောက်ခဲ့သူ အားလုံးသည် ဘုရားသခင်၏ ပလ္လင်ရှေ့သို့ လာကြသူများ ဖြစ်ပြီး၊ ထိုသို့ဖြစ်သဖြင့်၊ ဘုရားသခင်၏ အမှုကို ယင်း၏နောက်ဆုံးအဆင့်တွင် လက်ခံသောလူ တစ်ဦးစီတိုင်းသည် ဘုရားသခင်၏ သန့်စင်စေခြင်းကို ခံရသည့်သူများ ဖြစ်ကြသည်။ တစ်နည်းအားဖြင့်ဆိုသော် ဘုရားသခင်၏အမှုကို ယင်း၏နောက်ဆုံးအဆင့်တွင် လက်ခံသူ အယောက်တိုင်းသည် ဘုရားသခင်၏ တရားစီရင်ခြင်းကို ခံရသည့်သူများဖြစ်ကြ၏။

............

တရားစီရင်ခြင်းအမှုသည် ဘုရားသခင်ကိုယ်တိုင်၏အမှု ဖြစ်၏။ ထို့ကြောင့် ယင်းအား ဘုရားသခင်ကိုယ်တော်တိုင် ဆောင်ရွက် ရမည်မှာ ဟုတ်ပေသည်။ သူ့အစား၊ လူသားက အစားထိုး၍ ဆောင်ရွက် မပေးနိုင်ပေ။ တရားစီရင်ခြင်းသည် လူသားမျိုးနွယ်ကို သိမ်းပိုက်ဖို့ သမ္မာတရားကို အသုံးပြုခြင်း ဖြစ်သည့်အတွက်၊ လူသားအလယ် ဤအမှုကို ဆောင်ရွက်ရန် ဘုရားသခင်သည် လူ့ဇာတိခံ ပုံသဏ္ဌာန်ဖြင့် ပေါ်ထွန်းဦးမည်မှာ မေးစရာမလိုချေ။ ဆိုလိုသည်မှာ နောက်ဆုံးသောကာလတွင် ခရစ်တော်သည် ကမ္ဘာလောကအနှံ့ရှိ လူတို့ကို သွန်သင်ရန် သမ္မာတရားကို အသုံးပြုမည်ဖြစ်ပြီး၊ သမ္မာတရားအားလုံးကို သူတို့အား သိစေမည်။ ဤသည်မှာ ဘုရားသခင်၏ တရားစီရင်ခြင်း အမှုဖြစ်၏။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ခရစ်တော်သည် တရားစီရင်ခြင်း အမှုကို သမ္မာတရားဖြင့် ဆောင်ရွက်၏

နောက်ဆုံးသောကာလတွင် ဘုရားသခင်သည် လူသားကို စုံလင်စေရန် နှုတ်ကပတ်တော်ကို အဓိကအားဖြင့် အသုံးပြုသည်။ ဘုရားသခင်သည် လူသားကို ဖိနှိပ်ရန် သို့မဟုတ် လူသား ယုံကြည်လက်ခံ လာစေရန် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို အသုံးမပြုပေ။ ဤအရာက ဘုရားသခင်၏တန်ခိုးကို မထင်ရှားစေနိုင်ပေ။ အကယ်၍ ဘုရားသခင်သည် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကိုသာ ပြသပါက၊ ဘုရားသခင်၏ စစ်မှန်မှုကို ထင်ရှားစေဖို့ခက်မည်ဖြစ်ပြီး၊ ထိုသို့ဖြင့် လူသားကို စုံလင်စေဖို့ ဖြစ်နိုင်မည်မဟုတ်ပေ။ ဘုရားသခင်သည် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများအားဖြင့် လူသားကို မစုံလင်စေဘဲ၊ လူသားကို ရေလောင်းပေးရန်နှင့် ထိန်းကျောင်းရန် နှုတ်ကပတ်တော်ကို အသုံးပြုသည်၊ ယင်းနောက်တွင် လူသား၏ အကြွင်းမဲ့ နာခံခြင်းနှင့် ဘုရားသခင်နှင့်ဆိုင်သည့် လူသား၏အသိကို ရရှိပေသည်။ ဤသည်မှာ သူပြုသည့်အမှုနှင့် သူပြောသည့် နှုတ်ကပတ်တော်များ၏ ရည်မှန်းချက်ဖြစ်သည်။ ဘုရားသခင်သည် လူသားကို စုံလင်စေရန် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို ပြသခြင်း နည်းလမ်းအား အသုံးမပြုပေ- သူသည် လူသားကို စုံလင်စေဖို့ နှုတ်ကပတ်တော်များကို အသုံးပြုပြီး၊ အမျိုးမျိုးသော အမှုပြုနည်းများစွာကို အသုံးပြုလေသည်။ စစ်ဆေးခြင်းဖြစ်စေ၊ ကိုင်တွယ်ဖြေရှင်းခြင်း ဖြစ်စေ၊ ပြုပြင်ခြင်းဖြစ်စေ၊ နှုတ်ကပတ်တော်များကို ထောက်ပံ့ပေးခြင်းဖြစ်စေ၊ ဘုရားသခင်သည် လူကို စုံလင်စေဖို့နှင့် လူကို ဘုရားသခင်၏ အမှု၊ ဘုရားသခင်၏ ဉာဏ်ပညာနှင့် အံ့ဖွယ်ဖြစ်ခြင်းတို့နှင့်ဆိုင်သည့် သာ၍ ကြီးမားသော အသိပညာကို ပေးဖို့ရန် များစွာသော ရှုထောင့်အမျိုးမျိုးမှ စကားပြောဆိုလေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အရာအားလုံးကို ဘုရားသခင်၏ နှုတ်ကပတ်တော်ဖြင့် စွမ်းဆောင်ရရှိသည်

ကားတိုင်ပေါ်တွင် သံမှို ရိုက်နှက်ခြင်း ခံခဲ့ရသည်မှာ ယေရှု၏ ဇာတိပကတိပင် ဖြစ်ပြီး၊ အပြစ်ဖြေရာယဇ်အနေနှင့် ပေးအပ်ခဲ့သော သူ၏ ဇာတိပကတိ ဖြစ်သည်၊ သူစာတန်ကို အနိုင်ယူပြီး လူသားကို လက်ဝါးကပ်တိုင်မှ အပြည့်အ၀ ကယ်တင်ခဲ့ခြင်းမှာလည်း သာမန်လူ့သဘာဝရှိသော ဇာတိပကတိ အားဖြင့်ပင် ဖြစ်သည်။ ထို့အပြင် ဒုတိယအကြိမ် လူ့ဇာတိခံယူသော ဘုရားသခင်သည် သိမ်းပိုက်သော အလုပ်ကို ထမ်းဆောင်ပြီး စာတန်ကို အနိုင်ယူခြင်းမှာလည်း ပြီးပြည့်စုံသော ဇာတိပကတိ အနေနှင့်ပင် ဖြစ်သည်။ လုံး၀ သာမန်ဖြစ်ပြီး စစ်မှန်သော ဇာတိပကတိသာလျှင် သိမ်းပိုက်ခြင်း အလုပ်တစ်ခုလုံးကို ထမ်းဆောင်နိုင်မည်ဖြစ်ပြီး အစွမ်းထက်သော သက်သေခံချက်ပေးနိုင်မည်ဖြစ်သည်။ ဆိုလိုသည်မှာ၊ သဘာဝလွန်သော အံ့သြဖွယ်ရာများနှင့် ထုတ်ဖော်ခြင်းများမှတစ်ဆင့် မဟုတ်ဘဲ၊ ဇာတိပကတိထဲရှိ ဘုရားသခင်၏ စစ်မှန်ခြင်းနှင့် သာမန်သဘောမှတစ်ဆင့်သာ လူသားအား သိမ်းပိုက်ခြင်းကို ထိထိရောက်ရောက် လုပ်နိုင်ခဲ့ခြင်းဖြစ်သည်။ ဤလူ့ဇာတိခံယူသော ဘုရားသခင်၏ အမှုတော်မှာ စကားပြောရန်ဖြစ်ပြီး၊ ဤနည်းဖြင့် လူသားကို သိမ်းပိုက်ပြီး စုံလင်စေရန် ဖြစ်သည်၊ တစ်နည်းဆိုရလျှင်၊ ဇာတိပကတိထဲတွင် ပြီးပြည့်မြောက်သော ဝိညာဉ်တော်၏ အလုပ်၊ ဇာတိပကတိ၏ တာဝန်မှာ စကားပြောရန်ဖြစ်ပြီး ဤနည်းအားဖြင့် လူသားကို လုံး၀သိမ်းပိုက်၊ ဖွင့်ပြကာ စုံလင်စေပြီး ပယ်ရှင်းရန်ပင် ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင် ကိန်းဝပ်သော ဇာတိပကတိ၏ အနှစ်သာရ

လူ့ဇာတိ၌ ဘုရားသခင် ရောက်ရှိခြင်းသည် အဓိကအားဖြင့် ဘုရားသခင်၏ စစ်မှန်သော လုပ်ဆောင်မှုများကို လူသားတို့အား တွေ့မြင်နိုင်စေရန်၊ ပုံပန်းသဏ္ဌာန်မဲ့သည့် ဝိညာဉ်တော်အဖို့ အသွေးအသား ပုံသဏ္ဌာန် ပေးရန်နှင့် သူ့ကို လူတို့အား မြင်တွေ့ခွင့်နှင့် ထိတွေ့ခွင့် ပေးရန် ရည်ရွယ်ပေသည်။ ဤနည်းဖြင့်၊ သူ၏ စုံလင်စေခြင်းခံရသူများသည် သူ့ကို အသက်ရှင်နေထိုင်ကြလိမ့်မည်၊ သူ၏ ရယူခြင်း ခံရလိမ့်မည် ဖြစ်ပြီး၊ သူ၏ စိတ်နှလုံးနှင့် ညီညွတ်ကြလိမ့်မည် ဖြစ်သည်။ အကယ်၍ ဘုရားသခင်သည် ကောင်းကင်ဘုံတွင်သာ စကားပြောပြီး၊ မြေကြီးပေါ်သို့ အမှန်တကယ် ကြွလာခြင်း မရှိခဲ့ပါက၊ လူတို့သည် ဘုရားသခင်ကို သိနိုင်စွမ်း ရှိကြဦးမည် မဟုတ်ပေ။ ၎င်းတို့သည် အနှစ်မဲ့သော သီအိုရီကို အသုံးပြုလျက် ဘုရားသခင်၏ လုပ်ဆောင်ချက်များကို ဟောပြောရုံ ဟောပြောနိုင်ကြလိမ့်မည် ဖြစ်ပြီး၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်တွေ့အရှိတရားအဖြစ် ရှိကြလိမ့်မည် မဟုတ်ပေ။ ဘုရားသခင်သည် အဓိကအားဖြင့် သူရယူမည့် သူများအတွက် နမူနာနှင့် စံပြအဖြစ် ပြုမူဆောင်ရွက်ရန် မြေကြီးပေါ်သို့ ကြွလာပြီ ဖြစ်သည်။ ထိုသို့ဖြင့်သာ၊ လူတို့သည် ဘုရားသခင်ကို အမှန်တကယ် သိရှိနိုင်သည်၊ ဘုရားသခင်ကို တို့ထိနိုင်ပြီး၊ သူ့ကို မြင်နိုင်ကာ၊ ထိုအခါမှသာ ၎င်းတို့သည် ဘုရားသခင်၏ ရယူခြင်း အမှန်တကယ် ခံရနိုင်ပေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လက်တွေ့ကျသော ဘုရားသခင်သည် ဘုရားသခင် ကိုယ်တော်တိုင် ဖြစ်သည်ကို သင်သိသင့်သည်

ဘုရားသခင်သည် တရုတ်ပြည်မတွင် သို့မဟုတ် ဟောင်ကောင်နှင့် ထိုင်ဝမ်ရှိ တစ်နယ်တည်းသားများ၏ စကားများအရ “ကုန်းတွင်းပိုင်း” တွင် လူ့ဇာတိခံယူ၏။ ဘုရားသခင်သည် အထက်ကောင်းကင်မှ မြေကြီးသို့ ကြွလာခဲ့ချိန်တွင်၊ ဤသည်မှာ ဘုရားသခင်သည် ဖုံးကွယ်ခြင်းအောက်တွင် ပြန်ကြွလာခြင်း၏ စစ်မှန်သော အဓိပ္ပာယ်ဖြစ်သည့်အတွက်၊ ကောင်းကင်နှင့် မြေကြီးပေါ်ရှိ မည်သူမျှ ဤအရာကို မသိခဲ့ပေ။ သူသည် လူ့ဇာတိ၌ အချိန်ကြာမြင့်စွာ အမှုပြုကာ အသက်ရှင်နေခဲ့ပြီးဖြစ်သော်လည်း၊ မည်သူမျှ မသိကြလေပြီ။ ဤနေ့ထိတိုင်ပင် မည်သူမျှ သတိမပြုမိကြပေ။ ဤသည်မှာ ထာဝရ ပုစ္ဆာတစ်ရပ်အဖြစ် ဆက်လက်တည်ရှိကောင်း တည်ရှိပေမည်။ ဤအကြိမ် ဘုရားသခင်၏ လူ့ဇာတိခံလာခြင်းသည် မည်သည့်လူကမျှ သိလာနိုင်သည့် အရာတစ်ခု မဟုတ်ပေ။ ဝိညာဉ်တော်၏ အလုပ် သက်ရောက်မှုသည် မည်မျှ ကျယ်ပြန့်ပြီး တန်ခိုးကြီးမားသည်ဖြစ်စေ၊ ဘုရားသခင်သည် မည်သည့်အရာကိုမျှ လုံးဝ မထုတ်ဖော်ဘဲ၊ အမြဲ မထုံတက်သေး နေလေသည်။ သူ့အမှု၏ ဤအဆင့်သည် ကောင်းကင် နယ်ပယ်တွင် ဖြစ်ပျက်နေခဲ့သည့်အလားဖြစ်သည်ဟု ဆိုနိုင်၏။ ယင်းသည် မျက်လုံးရှိသူတို့အားလုံး မြင်ရန် သိသာထင်ရှား သော်လည်း၊ ၎င်းကို မည်သူမျှသတိမပြုမိပေ။ ဘုရားသခင်သည် သူ့အမှု၏ ဤအဆင့်ကို ပြီးစီးသည့်အခါ၊ လူသားမျိုးနွယ်အားလုံးသည် ၎င်းတို့၏ ပုံမှန်သဘောထားကို ပြောင်းလဲ ပြီး ၎င်းတို့၏ ရှည်လျားသော အိပ်မက်မှ နိုးထကြလိမ့်မည်။ ဘုရားသခင်သည် တစ်ချိန်က၊ “လူ့ဇာတိအဖြစ် ဤတစ်ကြိမ် လာရခြင်းမှာ ကျား၏ သားရဲတွင်းထဲသို့ ကျခြင်းနှင့်အလားတူသည်။” ဟု ပြောသည်ကို ငါမှတ်မိသည်။ ဤအရာက ဆိုလိုသည်မှာ ဘုရားသခင်၏အမှု ဤအချီတွင် ဘုရားသခင် လူ့ဇာတိခံလာသည့်အပြင်၊ အဆင်းနီသော နဂါးကြီး၏ နေထိုင်ရာအရပ်တွင် မွေးဖွားလေသည်၊ ဤအကြိမ် ကမ္ဘာမြေကြီးသို့ လာခြင်းအားဖြင့် သူသည် ပြင်းထန်သော အန္တရာယ်ကို ယခင်ထက် သာ၍ပင် ရင်ဆိုင်ရသည်ဟု ဆိုလိုပေသည်။ သူ ရင်ဆိုင်ရသည့် အရာများမှာ ဓားများ၊ သေနတ်များ၊ တင်းပုတ်များနှင့် အသင်းအဖွဲ့များ ဖြစ်၏။ သူရင်ဆိုင်ရသည်မှာ စုံစမ်းနှောင့်ယှက်ခြင်း ဖြစ်၏၊ သူ ရင်ဆိုင်ရသည်မှာ သတ်ဖြတ်မည့်အကြံဖြင့် ပြည့်နေသည့် မျက်နှာများထားရှိသည့် လူအုပ်များ ဖြစ်ကြ၏။ သူသည် အချိန်မရွေး အသတ်ခံရမည့် အန္တရာယ် ရှိသည်။ ဘုရားသခင်သည် သူနှင့်အတူ အမျက်ဒေါသ ယူဆောင်ရင်း ကြွလာခဲ့၏။ သို့ရာတွင် သူသည် စုံလင်ခြင်းအမှုကို လုပ်ဆောင်ဖို့အလို့ငှာ ကြွလာခဲ့သည်၊ ယင်းမှာ သူသည် ရွေးနုတ်ခြင်းအမှုပြီးနောက် ဆက်လက် လုပ်ဆောင်သည့် သူ၏အမှု ဒုတိယအပိုင်းကို ဆောင်ရွက်ဖို့အလို့ငှာ သူ ကြွလာသည်ဟု ပြောရပေမည်။ သူ့အမှု၏ ဤအဆင့်အတွက် ဘုရားသခင်သည် အစွမ်းကုန်တွေးခေါ်မှုနှင့် ဂရုစိုက်ခြင်းတို့ကို ပေးအပ်မြှုပ်နှံကာ မိမိကိုယ်ကိုယ် နှိမ့်ချစွာ ကွယ်ဝှက်လျက် သူ၏ပင်ကိုလက္ခဏာကို မည်သည့်အခါမျှ ကြွားလုံးထုတ်ခြင်း မရှိဘဲ၊ စုံစမ်းနှောင့်ယှက်ခြင်း၏ တိုက်ခိုက်မှုများကို ရှောင်ရှားရန် စိတ်ကူးကြံစည်၍ရနိုင်သမျှ နည်းလမ်းတိုင်းကို အသုံးပြုနေ၏။...မိုးလင်းသည့်အခါ၊ လူသားမျိုးနွယ် အမြောက်အမြားက သတိမထားလိုက်မိဘဲနှင့်၊ ဘုရားသခင်သည် မြေကြီးပေါ်သို့ ကြွလာခဲ့ပြီး၊ လူ့ဇာတိ၌ သူ၏ဘဝကို စတင်ခဲ့၏။ လူတို့သည် ဤအခိုက်အတန့် ရောက်လာခြင်းကို မသိခဲ့ပေ။ ၎င်းတို့အားလုံး အိပ်မောကျကောင်း အိပ်မောကျနေနိုင်သည်။ ဂရုစိုက်လျက် နိုးနေသောသူ အများအပြား စောင့်ခဲ့ကောင်း စောင့်ခဲ့နေနိုင်ပြီး၊ များစွာသောသူတို့သည် ကောင်းကင်ဘုံရှိ ဘုရားသခင်ကို တိတ်ဆိတ်စွာ ဆုတောင်းခဲ့ကောင်း ဆုတောင်းနေနိုင်သည်။ သို့ရာတွင် ဤလူများအားလုံးထဲတွင် တစ်ဦးတစ်ယောက်ကမျှ ဘုရားသခင် ကမ္ဘာမြေကြီးပေါ်သို့ ရောက်ရှိနှင့်ပြီးဖြစ်သည်ကို မသိခဲ့ကြချေ။ ဘုရားသခင်သည် သူ၏အမှုကို သာ၍ ချောမွေ့စွာ ဆောင်ရွက်ဖို့ အလို့ငှာနှင့် သာ၍ ကောင်းမွန်သော ရလဒ်များကို ရရှိရန်၊ ပြီးလျှင် သာ၍များပြားသော စုံစမ်းနှောင့်ယှက်ခြင်းများကိုလည်း ရှောင်ရှားရန် ဤသို့ အမှုပြုခဲ့ပေသည်။ လူ၏ နွေဦးကာလ အိပ်စက်ခြင်း အဆုံးသတ်သည့်အချိန်တွင်၊ ဘုရားသခင်သည် ကမ္ဘာမြေကြီးပေါ် သူ၏ ခြေဦးတည့်ရာသွားခြင်းနှင့် တည်းခိုနေခြင်းဘဝကို အဆုံးသတ်လျက် ဘုရားသခင်၏အမှုသည် အချိန်ကြာမြင့်စွာက ပြီးစီးလိမ့်မည် ဖြစ်ပြီး၊ သူသည် ထွက်ခွာလိမ့်မည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အမှုတော်နှင့် ဝင်ရောက်ခြင်း (၄)

ယုဒပြည်၌ ယေရှုအမှုပြုခဲ့ချိန်တွင် ပွင့်လင်းစွာ သူ လုပ်ဆောင်ခဲ့သည်၊ သို့သော် ယခုတွင် ငါသည် သင်တို့အလယ်တွင် တိတ်တဆိတ် အမှုပြုကာ စကားပြောသည်။ မယုံကြည်သူများသည် ယင်းကို လုံးဝ သတိမပြုမိကြချေ။ သင်တို့အလယ် ငါ၏အမှုသည် အပြင်ဘက်၌ ရှိသူများအဖို့ ပိတ်ထားလျက်ရှိသည်။ ဤနှုတ်ကပတ်တော်များ၊ ပြစ်တင်ဆုံးမခြင်းများနှင့် တရားစီရင်မှုများကို သင်တို့သာ သိကြပြီး အခြားသောသူများက မသိကြပေ။ ဤအမှုအားလုံးကို သင်တို့အလယ်တွင် ဆောင်ရွက်ခြင်းဖြစ်ပြီး၊ သင်တို့အဖို့သာ ဖွင့်ဟထားပေသည်။ အချိန်မကျသေးသည့်အတွက် ယင်းကို မယုံကြည်သူများထဲမှ မည်သူမျှ မသိပေ။ ဤနေရာ၌ရှိသော လူများသည် ပြစ်တင်ဆုံးမခြင်းများကို ကြံ့ကြံ့ခံပြီးနောက် စုံလင်စေခြင်းခံရရန် နီးစပ်ကြသော်လည်း၊ အပြင်တွင်ရှိကြသူများက ဤအရာနှင့်ပတ်သက်၍ မည်သည့်အရာကိုမျှ မသိကြချေ။ ဤအမှုသည် အလွန် ကွယ်ဝှက်လွန်းလှပေသည်။ ၎င်းတို့အဖို့၊ ဘုရားသခင် လူ့ဇာတိခံယူသည်မှာ ဖုံးကွယ်ထားလျက်ရှိသော်လည်း၊ ဤရေစီးကြောင်းအတွင်း၌ ရှိသောသူများအဖို့မူ သူသည် ဖွင့်ဟထားသည်ဟု ပြော၍ရပေသည်။ ဘုရားသခင်၌ အရာအားလုံး ဖွင့်ထားသော်လည်း၊ အရာအားလုံး ထုတ်ဖော်ပြထားသော်လည်း၊ အရာအားလုံး လွတ်လပ်သော်လည်း၊ ဤအရာသည် သူ့ကို ယုံကြည်သော သူများအတွက်သာ မှန်ကန်ပေသည်။ ကျန်သောသူများ ဖြစ်သည့် မယုံကြည်သူများနှင့် ပတ်သက်သရွေ့၊ မည်သည့်အရာကိုမျှ အသိပေးခြင်း မရှိပေ။ သင်တို့အလယ်နှင့် တရုတ်ပြည်တွင် လတ်တလော လုပ်ဆောင်လျက်ရှိသည့် အမှုသည် ၎င်းတို့ မသိစေဖို့၊ တင်းတင်းကြပ်ကြပ် ပိတ်ထားလျက်ရှိသည်။ ဤအမှုကို ၎င်းတို့ သိရှိလာခဲ့ပါလျှင်လည်း၊ ၎င်းတို့ လုပ်မည့်အရာ ဟူသမျှမှာ ယင်းကို ရှုတ်ချပြီး ညှဉ်းပန်းနှိပ်စက်ခြင်းကို ခံစေဖို့သာ ဖြစ်ပေသည်။ ယင်းကို ၎င်းတို့ ယုံကြည်ကြမည် မဟုတ်ပေ။ ဤခေတ်နောက်အကျန်ဆုံးနေရာဖြစ်သည့် အဆင်းနီသော နဂါးကြီး၏ တိုင်းနိုင်ငံတွင် အလုပ်လုပ်ရန်မှာ လွယ်ကူသည့် အလုပ် မဟုတ်ပေ။ ဤအမှုကို လူပုံအလယ်တွင် ထားမည်ဆိုပါက၊ ဆက်လက်လုပ်ဆောင်ရန် ဖြစ်နိုင်မည် မဟုတ်ချေ။ အမှု၏ ဤအဆင့်ကို ဤနေရာတွင် တကယ်ကို ဆောင်ရွက်၍မရနိုင်ပေ။ ဤအလုပ်ကို လူပုံအလယ်တွင် ဆောင်ရွက်ခဲ့မည်ဆိုပါက၊ ယင်းကို ရှေ့ဆက်လုပ်ဆောင်ရန် ၎င်းတို့ မည်သို့ခွင့်ပြုနိုင်မည်နည်း။ ဤအရာက အမှုကို သာ၍ ကြီးမားသည့်အန္တရာယ်အောက်သို့ ရောက်ရှိစေမည်မဟုတ်လော။ ဤအမှုကို ဖုံးကွယ်ထားခြင်းမရှိဘဲ၊ ယင်းထက် မကျန်းမာသူများကို အံ့ဘနန်း ကျန်းမာစေပြီး နတ်ဆိုးများကိုလည်း နှင်ထုတ်ခဲ့သည့် ယေရှု၏အချိန်ကာလကဲ့သို့ ဆောင်ရွက်မည်ဆိုပါက၊ ယင်းကို နတ်ဆိုးများက အချိန်ကြာမြင့်စွာက “အကျဉ်းသား” ဖြစ်စေပြီးဖြစ်မည် မဟုတ်လော။ ၎င်းတို့သည် ဘုရားသခင်၏ တည်ရှိခြင်းကို သည်းခံနိုင်ကြမည်လော။ ယခုတွင် တရားဇရပ်များထဲသို့ တရားဟောရန်နှင့် ဩဝါဒပေးရန် ဝင်ရောက်မည် ဆိုပါက၊ ငါသည် အချိန်ကြာမြင့်စွာက အစိတ်စိတ်အမြွှာအမြွှာ ပစ်ပေါက်ခံရပြီးဖြစ်မည် မဟုတ်လော။ ဤအရာ ဖြစ်အပျက်ခဲ့ပါက၊ ငါ၏အမှုကို မည်သို့ ဆက်လက် ဆောင်ရွက်နိုင်မည်နည်း။ နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို ပွင့်လင်းစွာ လုံးဝ မပြသသည့် အကြောင်းရင်းမှာ ဖုံးကွယ်ခြင်းအတွက် ဖြစ်သည်။ ထို့ကြောင့်၊ မယုံကြည်သူများအဖို့ ငါ၏အမှုကို မြင်၍မရ၊ သိ၍မရ၊ သို့မဟုတ် ရှာဖွေတွေ့ရှိ၍လည်း မရပေ။ အမှု၏ ဤအဆင့်ကို ကျေးဇူးတော်ခေတ်တွင် ယေရှုလုပ်ခဲ့သည်နည်းတူ လုပ်ဆောင်ခဲ့မည် ဆိုပါက၊ ယခုကဲ့သို့ အလွန် တည်တည်ငြိမ်ငြိမ် ရှိနိုင်မည် မဟုတ်ပါ။ ထို့ကြောင့်၊ ဤကဲ့သို့ လျှို့ဝှက်စွာ အလုပ်လုပ်ခြင်းသည် သင်တို့နှင့် အမှုအဖို့ တစ်ပေါင်းတစ်စည်းတည်း အကျိုးရှိလေသည်။ ကမ္ဘာမြေပေါ်တွင် ဘုရားသခင်၏အမှု အဆုံးသတ်လာသည့်ချိန်တွင်၊ ဆိုလိုသည်မှာ ဤလျှိုဝှက်သောအမှု နိဂုံးချုပ်သည့် အချိန်တွင်၊ အမှု၏ ဤအဆင့်သည် လူပုံအလယ် ဗြုန်းခနဲ ဖြစ်ပွားလိမ့်မည်။ တရုတ်ပြည်တွင် အောင်မြင်သူတစ်စုရှိသည်ကို အားလုံး သိကြလိမ့်မည်။ လူ့ဇာတိခံလာသည့် ဘုရားသခင်သည် တရုတ်ပြည်တွင် ရှိပြီး သူ၏အမှုသည် အဆုံးသို့ ရောက်ရှိပြီး ဖြစ်သည်ကို အားလုံး သိကြလိမ့်မည်။ ထိုအခါမှသာ လူသားက တဖြည်းဖြည်း သဘောပေါက်လိမ့်မည်- တရုတ်ပြည်သည် အဘယ်ကြောင့် မကျဆင်းသေးသနည်း သို့မဟုတ် မပြိုလဲသေးသနည်း။ လက်စသတ်တော့ ဘုရားသခင်သည် သူ၏အမှုကို တရုတ်ပြည်တွင် ကိုယ်တိုင်ကိုယ်ကျ ဆောင်ရွက်နေပြီး လူတစ်စုကို အောင်မြင်သူများအဖြစ် စုံလင်စေပြီး ဖြစ်ပေသည်။

လူ့ဇာတိခံသည့် ဘုရားသခင်သည် သူ၏အမှုကို ကိုယ်တိုင်ကိုယ်ကျ ဆောင်ရွက်ချိန်တွင်၊ ဤကာလအတွင်းတွင် သူ့နောက်လိုက်သော လူတစ်စုထံသို့သာ မိမိကိုယ်မိမိ ပြပြီး ဖန်ဆင်းခံ သတ္တဝါအားလုံးထံသို့ မပြပေ။ သူသည် သူ၏ အမှု အဆင့်တစ်ဆင့်ကို စုံလင်စေရန်သာ လူ့ဇာတိ ခံယူခဲ့ပြီး၊ သူ၏ ပုံသဏ္ဌာန်ကို လူသားထံပြရန်အတွက် မဟုတ်ပေ။ သို့သော်လည်း သူ၏အမှုကို သူကိုယ်တိုင် ဆောင်ရွက်ရမည် ဖြစ်သောကြောင့်၊ ဇာတိခန္ဓာဖြင့် ထိုသို့ လုပ်ဆောင်ရန် သူ့အတွက် လိုအပ်ပေသည်။ ဤအမှု အဆုံးသတ်သည့်အခါ၊ သူသည် လူ့လောကမှ ထွက်ခွာလိမ့်မည် ဖြစ်သည်။ လာမည့်အမှု၏ လမ်းကို အတားအဆီးဖြစ်စေမိမည် စိုးသည့်အတွက် သူသည် လူသားမျိုးနွယ်အလယ်တွင် ရေရှည် ရှိမနေနိုင်ပေ။ အကြောင်းမှာ ဘုရားသခင်၏ ပုံသဏ္ဌာန်ကို သူ၏စိတ်သဘောထားမှတစ်ဆင့်သာ ပြသ၍ရနိုင်ပြီး သူ၏ လူ့ဇာတိခံ ခန္ဓာ၏ ပုံသဏ္ဌာန်က အစားထိုး၍ မရနိုင်သည့်အတွက် လူအမြောက်အများထံ သူ ထင်ရှားစေသည်မှာ သူ၏ဖြောင့်မတ်သော စိတ်သဘောထားနှင့် သူ၏လုပ်ဆောင်မှုများ အားလုံးဖြစ်ကာ၊ သူ လူ့ဇာတိနှစ်ကြိမ်ခံယူချိန်က ပုံသဏ္ဌာန်မဟုတ်ပေ။ သူ၏ ဇာတိခန္ဓာ ပုံသဏ္ဌာန်ကို လူအရေအတွက် အကန့်အသတ်တစ်ခု ဆီသို့သာ၊ လူ့ဇာတိ၌ သူအလုပ်လုပ်နေစဉ် သူ့နောက်ကိုလိုက်သော သူများထံသို့သာ ပြသလေသည်။ ဤသည်မှာ ယခု ဆောင်ရွက်နေသော အမှုကို လျှို့ဝှက်စွာလုပ်ဆောင်ရသည့် အကြောင်းရင်း ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူ့ဇာတိခံယူခြင်း၏ နက်နဲရာအချက် (၂)

ယနေ့တွင် ဘုရားသခင်သည် ဖာရိရှဲများနှင့် ပတ်သက်ခြင်းမရှိသကဲ့သို့၊ ကမ္ဘာလောကကိုလည်း သိခွင့်မပေးပေ၊ ပြီးလျှင် သူသည် တစ်ဖန် ကားစင်တင်ခံရလိမ့်မည် မဟုတ်သည့်အတွက် သူ့ကိုသိသောသူများမှာ သူ့နောက်သို့ လိုက်သော သင်တို့သာဖြစ်သည်။ ကျေးဇူးတော် ခေတ်အတွင်းတွင်၊ ယေရှုသည် သူ၏ ဧဝံဂေလိ အလုပ်အတွက် တိုင်းပြည်တစ်လျှောက်လုံး ပွင့်လင်းစွာ တရားဟောကြားခဲ့သည်။ ကိုယ်တော်သည် ကားစင်တင်ခံရခြင်း အမှုအတွက် ဖာရိရှဲများနှင့် ပတ်သက်ခဲ့သည်။ အကယ်၍ သူသည် ဖာရိရှဲများနှင့် မပတ်သက်ခဲ့ဘဲ၊ အာဏာရှိသော သူများက သူ့ကို မည်သည့်အခါကမျှ မသိရှိခဲ့ပါက၊ သူသည် မည်သို့ စီရင်ခံရပြီးနောက် သစ္စာဖောက်ခံရကာ ကားတိုင်တွင် သံမှိုရိုက်နှက်ခံရနိုင်မည်နည်း။ သို့ဖြစ်ရာ သူသည် ကားစင်တင်ခံရခြင်း အမှုအတွက် ဖာရိရှဲများနှင့် ပတ်သက်ခဲ့သည်။ ယနေ့တွင် ဖြားယောင်း သွေးဆောင်ခြင်းကို ရှောင်ရှားရန်အလို့ငှာ သူသည် သူ၏ အမှုကို တိတ်တဆိတ် လုပ်ဆောင်လေသည်။ ဘုရားသခင်၏ လူ့ဇာတိခံယူခြင်း နှစ်ကြိမ်တွင်၊ အမှုနှင့် အရေးပါမှုမှာ ကွာခြားပြီး အပြင်အဆင်သည်လည်း ခြားနားသည်၊ ထို့ကြောင့် သူလုပ်ဆောင်သည့် အမှုသည် မည်သို့ လုံးဝ တူညီနိုင်မည်နည်း။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင့်အမှုတော်၏ ရူပါရုံ (၃)

နိမိတ် လက္ခဏာများကြောင့် ဘုရားသခင်ကို ယုံကြည်သောသူများသည် ဖျက်ဆီးခံရမည့် အမျိုးအစား ဧကန်မုချ ဖြစ်ကြသည်ဟု သင်တို့ကို ငါပြော၏။ လူ့ဇာတိအဖြစ်သို့ ပြန်ကြွလာပြီးဖြစ်သော ယေရှု၏နှုတ်ကပတ်တော်များကို ရရှိနိုင်စွမ်းမရှိသူများသည် ငရဲ၏သားသမီးများ၊ ကောင်းကင်တမန်မင်း၏ သားစဉ်မြေးဆက်များ၊ ထာဝရပျက်စီးခြင်း ခံရမည့် အမျိုးအစား ဧကန်မုချ ဖြစ်ပေသည်။ ငါပြောသည့် အရာကို များစွာသော လူတို့သည် ဂရုမစိုက်ဘဲနေကောင်းနေနိုင်သည်၊ သို့သော် ယေရှုသည် ဖြူသောမိုးတိမ်စီးကာ ကောင်းကင်ဘုံမှ ဆင်းသက်လာသည်ကို သင်တို့မျက်စိဖြင့်တွေ့သည့်အခါ၊ ဤသည်မှာ ဖြောင့်မတ်ခြင်း၏နေမင်း လူသိရှင်ကြား ပေါ်ထွက်လာခြင်းဖြစ်လိမ့်မည်ဟု သန့်ရှင်းသူများဟုဆိုသော ယေရှု၏နောက်သို့ လိုက်သူတိုင်းကို ငါပြောလိုသေး၏။ သင့်အတွက် ထိုအချိန်သည် အလွန်စိတ်လှုပ်ရှားဖွယ် ကောင်းသည့်အချိန်တစ်ခု ဖြစ်ကောင်းဖြစ်နိုင်သည်၊ သို့သော် ယေရှု ကောင်းကင်ဘုံမှ ဆင်းသက်သည်ကို သင် မျက်မြင်ကြုံတွေ့ချိန်သည် အပြစ်ပေးခံရရန် သင် ငရဲသို့ ဆင်းသည့်အချိန်လည်း ဖြစ်သည်ကို သင်သိသင့်သည်။ ယင်းသည် ဘုရားသခင်၏ စီမံခန့်ခွဲမှုအစီအစဉ် အဆုံးသတ်ချိန် ဖြစ်လိမ့်မည်ဖြစ်ပြီး ဘုရားသခင်က ကောင်းသောသူများကို ဆုလာဘ်ချီးမြှင့်ကာ ဆိုးယုတ်သောသူများကို အပြစ်ပေးသည့်အချိန် ဖြစ်လိမ့်မည်။ အကြောင်းမှာ သမ္မာတရား၏ ဖော်ပြချက်သာရှိသည့် အချိန်တွင်၊ လူသည် နိမိတ်လက္ခဏာများကို မမြင်မီ ဘုရားသခင်၏ တရားစီရင်ခြင်း အမှု ပြီးဆုံးပြီးဖြစ်လိမ့်မည် ဖြစ်သောကြောင့်တည်း။ သမ္မာတရားကိုလက်ခံပြီး၊ နိမိတ်လက္ခဏာများကို မရှာဖွေသကဲ့သို့၊ ထိုသို့ဖြင့် သန့်စင်ခံရပြီးသူများသည် ဘုရားသခင်၏ပလ္လင်ရှေ့သို့ ပြန်လာကြပြီး ဖြစ်လိမ့်မည်ဖြစ်ကာ ဖန်ဆင်းရှင်၏ ထွေးပိုက်မှုထဲသို့ ဝင်ရောက်ရပြီးဖြစ်လိမ့်မည်။ “ဖြူသော မိုးတိမ်မစီးသည့် ယေရှုသည် ယေရှု အယောင်ဆောင်သောသူ ဖြစ်သည်” ဟု မလျှော့တမ်း ယုံကြည်ကြသူများသည်သာ ထာဝရအပြစ်ဒဏ်ပေးခြင်း ခံရမည်ဖြစ်သည်၊ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် နိမိတ် လက္ခဏာများပြသော ယေရှု၌သာ ယုံကြည်ကြပြီး၊ ပြင်းထန်သည့် တရားစီရင်မှုကို ကြေညာကာ စစ်မှန်သော အသက်လမ်းခရီးကို ထုတ်ပြန်သော ယေရှုကို အသိအမှတ်မပြုကြသောကြောင့် ဖြစ်သည်။ ထို့ကြောင့် ယေရှုသည် ဖြူသောမိုးတိမ်စီးကာ လူပုံအလယ်တွင် ပြန်ကြွလာချိန်တွင် ၎င်းတို့ကို ကိုင်တွယ်ဖြေရှင်းသည်သာ ဖြစ်နိုင်ပေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ယေရှု၏ဝိညာဉ်ခန္ဓာကို သင်တွေ့မြင်သည့်အချိန်တွင် ဘုရားသခင်သည် ကောင်းကင်နှင့်မြေကြီးကို အသစ်တစ်ဖန် ပြုလုပ်ပြီးဖြစ်လိမ့်မည်

အောက်ခြေမှတ်စု(များ)-

၁။ “၎င်းတို့၏ ပုံမှန်သဘောထားကို ပြောင်းလဲ” သည် ဘုရားသခင်နှင့် ပတ်သက်သည့် လူတို့၏ အယူအဆများနှင့် အမြင်များသည် ဘုရားသခင်ကို ၎င်းတို့ သိရှိသည်နှင့် ပြောင်းလဲသွားပုံကို ရည်ညွှန်း၏။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

နောက်ဆုံးသောကာလထဲက ဘုရားသခင်၏ အမှုတော်သည် အဘယ်ကြောင့် သန့်ရှင်းသော ဝိညာဉ်တော်၏ နည်းလမ်းမှ တဆင့် မလုပ်ဆောင်ရပါသနည်း။ ဘုရားသခင်သည် အဘယ်ကြောင့် သူ့အမှုတော်ကို လုပ်ဆောင်ဖို့ လူ့ဇာတိ၌ ကြွလာရပါသနည်း။

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ- “ပြီးလျှင် သူက၊ ကိုယ်တော်ကို အကျွန်ုပ် အသနားခံပါ၏၊ ကိုယ်တော်၏ ဘုန်းအသရေကို ကျွန်ုပ်အား ပြတော်မူပါဟု ဆို၏။...

သခင်ယေရှု ပြန်ကြွလာပြီဟု သင်တို့ပြောသည်၊ သို့ဆိုလျှင် သူ့ကို ကျွန်ုပ်တို့ အဘယ်ကြောင့် မမြင်ရသေးသနည်း။ တွေ့မြင်ခြင်းသည် ယုံကြည်ခြင်းဖြစ်ပြီး တစ်ဆင့်စကားမှာ ယုံကြည်စိတ်ချ၍မရနိုင်ပါ။ ကျွန်ုပ်တို့ သူ့ကို မမြင်ရသေးလျှင်၊ ယင်းက သူ ပြန်မကြွလာသေးဟု ဆိုလိုပေမည်၊ သူ့ကို ကျွန်ုပ်မြင်သည့်အခါ ကျွန်ုပ်ယုံမည်။ သခင်ယေရှု ပြန်ကြွလာပြီဟု သင် ပြောကြသည်၊ သို့ဆိုလျှင် ယခု သူ အဘယ်မှာနည်း။ မည်သည့်အမှုကို သူ လုပ်ဆောင်နေသနည်း။ မည်သည့် နှုတ်ကပတ်တော်များကို သခင်က ပြောဆိုပြီးပြီနည်း။ ဤအရာများကို သက်သေခံခြင်းမှတဆင့် သင် ရှင်းလင်းစေနိုင်ပြီးနောက်တွင် ကျွန်ုပ်ယုံကြည်ပါမည်။

အဖြေ- နောက်ဆုံးသောကာလတွင် ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်တို့သည် သခင်ယေရှုပရောဖက်ပြုခဲ့သည့် အတိုင်းပင် ဖြစ်သည်။...

နောက်ဆုံးသော ကာလ တရားစီရင်ခြင်း အမှုတော်ကို လုပ်ဆောင်ဖို့ ဘုရားသခင်သည် လူသားအဖြစ် လူ့ဇာတိဖြစ်လာပြီဟု သင်တို့ သက်သေခံကြသည်၊ သို့သော် ဘာသာရေး သင်းအုပ်ဆရာများနှင့် အကြီးအကဲအများစုက သခင်ယေရှုသည် မိုးတိမ်များဖြှင့် ပြန်ကြွလာလိမ့်မည်ဟု ခံယူထားကြသည်။ ၎င်းတို့က ဤအရာကို “ခံတော်မူသောထိုယေရှုသည် သင်တို့မျက်မှောက်၌ ကောင်းကင်သို့ ကြွသွား တော်မူသည်နည်းတူ တဖန်ကြွလာတော်မူလတံ့။” (တမန်တော်ဝတ္ထု ၁:၁၁) “ကြည့်ရှုလော့။ မိုးတိမ်နှင့်တကွ ကြွလာတော်မူသည်ဖြစ်၍၊ ရှိသမျှသောသူတို့သည် ကိုယ်တော်ကို ရှုမြင်ရကြလိမ့်မည်။” (ဗျာဒိတ် ၁:ရ) ဟူသည့် သမ္မာကျမ်းချက်များပေါ် အဓိက အခြေပြုထားသည်။ ထို့အပြင်၊ ဘာသာရေး သင်းအုပ်ဆရာများနှင့် အကြီးအကဲများက မိုးတိမ်များဖြင့် ကြွမလာသည့် မည်သည့် သခင်ယေရှုမဆို အယောင်ဆောင်ဖြစ်ပြီး ငြင်းပယ်ရမည်ဟုလည်း ကျွန်ုပ်တို့ကို သွန်သင်သည်။ ထို့ကြောင့်၊ ဤအမြင်က သမ္မာကျမ်းစာနှင့် ကိုက်သည် မကိုက်သည်ကို ကျွန်ုပ်တို့ မသေချာကြပါ၊ ဤသို့သော သိနားလည်မှုမျိုးသည် မှန်ပါသလား၊ မမှန်ပါသလား။

အဖြေ- သခင်တိမ်ယံကဆင်းလာမည်ကိုစောင့်နေသည့်အချိန်တိုင်း လူများအပြောနှင့်အတွေးများကိုသာ အားကိုးနေ၍ မဖြစ်ပါ။ ဖာရိရှဲများက မေရှိယ...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။