နောက်ဆုံးသော ကာလ တရားစီရင်ခြင်း အမှုတော်ကို လုပ်ဆောင်ဖို့ ဘုရားသခင်သည် လူသားအဖြစ် လူ့ဇာတိဖြစ်လာပြီဟု သင်တို့ သက်သေခံကြသည်၊ သို့သော် ဘာသာရေး သင်းအုပ်ဆရာများနှင့် အကြီးအကဲအများစုက သခင်ယေရှုသည် မိုးတိမ်များဖြှင့် ပြန်ကြွလာလိမ့်မည်ဟု ခံယူထားကြသည်။ ၎င်းတို့က ဤအရာကို “ခံတော်မူသောထိုယေရှုသည် သင်တို့မျက်မှောက်၌ ကောင်းကင်သို့ ကြွသွား တော်မူသည်နည်းတူ တဖန်ကြွလာတော်မူလတံ့။” (တမန်တော်ဝတ္ထု ၁:၁၁) “ကြည့်ရှုလော့။ မိုးတိမ်နှင့်တကွ ကြွလာတော်မူသည်ဖြစ်၍၊ ရှိသမျှသောသူတို့သည် ကိုယ်တော်ကို ရှုမြင်ရကြလိမ့်မည်။” (ဗျာဒိတ် ၁:ရ) ဟူသည့် သမ္မာကျမ်းချက်များပေါ် အဓိက အခြေပြုထားသည်။ ထို့အပြင်၊ ဘာသာရေး သင်းအုပ်ဆရာများနှင့် အကြီးအကဲများက မိုးတိမ်များဖြင့် ကြွမလာသည့် မည်သည့် သခင်ယေရှုမဆို အယောင်ဆောင်ဖြစ်ပြီး ငြင်းပယ်ရမည်ဟုလည်း ကျွန်ုပ်တို့ကို သွန်သင်သည်။ ထို့ကြောင့်၊ ဤအမြင်က သမ္မာကျမ်းစာနှင့် ကိုက်သည် မကိုက်သည်ကို ကျွန်ုပ်တို့ မသေချာကြပါ၊ ဤသို့သော သိနားလည်မှုမျိုးသည် မှန်ပါသလား၊ မမှန်ပါသလား။

11.12.2020

အဖြေ-

သခင်တိမ်ယံကဆင်းလာမည်ကိုစောင့်နေသည့်အချိန်တိုင်း လူများအပြောနှင့်အတွေးများကိုသာ အားကိုးနေ၍ မဖြစ်ပါ။ ဖာရိရှဲများက မေရှိယ ပြန်ရောက်လာမည့်အချိန်ကိုစောင့်ရင်း အမှားကြီးတခုကျူးလွန်ခဲ့ကြသည်။ သူတို့က ကြွရောက်ပြီး ဖြစ်သည့် သခင်ယေရှုကို လူများအပြောနှင့်အတွေးများတို့ဖြင့် တိုင်းဆခဲ့ကြ သည်။ အဆုံးမှာ သူတို့က သခင်ယေရှုကို ကားတိုင်ပေါ် တင်ခဲ့ကြသည်။ ဤသည်မှာ အမှန်တရား မဟုတ်ပါလား။ သခင့် ရောက်ရှိခြင်းကို စောင့်ဆိုင်းခြင်းသည် ကျွန်တော်တို့ ထင်သလောက် ရိုးရှင်းပါသလား။ သခင်ပြန်ကြွလာပြီး၊ ဇာတိပကတိ၌ သခင်ယေရှု ပြုခဲ့သည့် နည်းလမ်းအတိုင်း လူသားမျိုးနွယ် အကြား အမှုပြုပြီး၊ ကျွန်တော်တို့ တစ်ယောက်မှ သူ့ကို သတိမပြုမိပါက၊ ဖာရိရှဲများလုပ်ခဲ့သကဲ့သို့ ကျွန်တော်တို့က သူ့ကိုဝေဖန်ပြီး ပြစ်တင်ရှုတ်ချကြမလား၊ ပြီးလျှင် သူ့ကို ထပ်ပြီး ကားစင်တင်ကြမှာလား။ ဤသည်မှာ ဖြစ်နိုင်ချေ ရှိပါသလား။ သခင်ယေရှုက ပြန်လာမည်ဖြစ်ကြောင်း ကို ဗျာဒိတ်ထားခဲ့သည်၊ ပြီးလျှင့် ထိုအကြောင်းလည်း များစွာ ပြောခဲ့သည်၊ သို့သော်လည်း ကျွန်တော်တို့က သခင်ကတိမ်ယံများမှ ဆင်းလာမည် ဆိုသည့်ဗျာဒိတ် ကိုလက်ခံထားပြီး၊ သခင်ပြောသည့်တခြား ပို၍ အရေးကြီးသည် ဗျာဒိတ်များကိုရှာဖွေမနေတော့ပါ။ ဤသည်မှာ အလွယ်တကူ လမ်းမှားကို လျှောက်မိစေပြီး၊ သခင့် ချန်ထားရစ်ခြင်းကို ခံရမည်။ ကျမ်းစာထဲတွင် " မိုးတိမ်စီးပြီး ကြွလာမယ်" ဆိုသည့် ဗျာဒိတ်သာ ရှိသည် မဟုတ်ပါ။ သခင်က သူခိုးတစ်ယောက်ကဲ့သို့၊ တိတ်တဆိတ်ဆင်းလာမည်ဆိုသည့် ဗျာဒိတ်များရှိပါသေးသည်။ ဗျာဒိတ်ကျမ်း အခန်းကြီး ၁၆ အခန်းငယ် ၁၅မှာ “ကြည့်ရှုလော့ သူခိုးကဲ့သို့ ငါလာ၏။” ရှင်မဿဲခရစ်ဝင်ကျမ်း အခန်းကြီး ၂၅ အခန်းငယ် ၆မှာ “သန်းခေါင်ယံ၌ကြည့်ပါ။ မင်္ဂလာဆောင်လုလင်သည် လာပြီ။ ခရီးဦးကြိုပြုခြင်းငှာ ထွက်သွားကြကုန်ဟု ကြွေးကြော်လျှင်။” နှင့် ဗျာဒိတ်ကျမ်း ၃:၂၀- “ကြည့်ရှုလော့၊ ငါသည်တံခါးရှေ့မှာရပ်၍ ခေါက်လျက်နေ၏။ အကြင်သူသည် ငါ၏အသံကို ကြား၍တံခါးကိုဖွင့်အံ့၊ ထိုသူရှိရာသို့ငါဝင်၍ သူနှင့်အတူ စားသောက်မည်။ သူသည်လည်းငါနှင့်အတူ စားသောက်ရလိမ့်မည်။” ဤဗျာဒိတ်များက ဘုရားက လူသားအဖြစ် လူ့ဇာတိခံပြီး တိတ်ဆိတ်စွာ ဆင်းသက်လာမည်ဟု ညွှန်းဆိုနေပါသည်။ “သူခိုးကဲ့သို့” ဆိုသည်မှာ တိတ်တဆိတ်လျှို့ဝှက်ပြီးလာမည် ဟု ဖြစ်သည်။ ကျွန်တော်တို့က သူ့ကိုတွေ့ကြ၊ ကြားကြလျှင်ပင် ဘုရားသခင်ဖြစ်ကြောင်း သိကြမည်မဟုတ်ပါ၊ သခင်ယေရှု လူသားအဖြစ် လူ့ဇာတိခံယူခြင်း ကာလအတွင်းမှာ ပေါ်ထွန်းခဲ့ပြီး၊ သူ့အမှုကို ပြုခဲ့သည့် အချိန်ကကဲ့သို့ပင် ဖြစ်ပါသည်။ အပြင်ပန်းတွင် သခင်ယေရှုက သာမန် လူသား တစ်ယောက်သာ ဖြစ်ပြီး၊ သူက ဘုရားဖြစ်ကြောင်းကို မည်သူမှ မသိခဲ့ကြပါ၊ ထို့ကြောင့် သခင်ယေရှုက “သူခိုးကဲ့သို့” ဆိုသည့် စကားကို လူသား၏ ပေါ်ထွန်းမှု နှင့် အမှုတော်တို့ကို ပုံခိုင်းနှိုင်းပြခြင်း တစ်ခု အဖြစ် အသုံးပြုခဲ့သည်။ ဤသည်မှာ အရမ်းလိုက်လျောညီထွေ ဖြစ်လွန်းနေသည်။ အမှန်တရားကို မမြတ်နိုးတတ်သည့်သူများက ဇာတိခန္ဓာ နှင့်နှင့်သခင်မည်သို့စကားပြောပြီး၊ အမှုပြုပါစေ၊ သို့မဟုတ် သမ္မာတရားကို မည်မျှ ဖော်ပြပါစေ၊ သူတို့လက်မခံကြပါ။ ထိုအစား ဇာတိပကတိနှင့် ဘုရားသခင်ကို သာမန်လူတစ်ယောက်ကဲ့သို့ ဆက်ဆံကြသည်၊ ပြစ်တင်ရှုတ်ချပြီး စွန့်ခွာသွားကြသည်။ ထို့ကြောင့် သခင်ယေရှုက သူပြန်လာသည့်အချိန်တွင် “ကောင်းကင်တဘက်မှ ပြက်သောလျှပ်စစ်သည် ကောင်းကင်အနှံ့အပြား ထွန်းလင်းသကဲ့သို့၊ လူသားသည် မိမိနေ့ရက်၌ ဖြစ်တော်မူလတံ့။ ထိုသို့မဖြစ်မှီ သူသည် များစွာသောဆင်းရဲဒုက္ခကိုလည်းကောင်း၊ ယခုလူမျိုး၏ ငြင်းပယ်ခြင်းကိုလည်းကောင်း ခံရမည်။(လု ၁၇:၂၄-၂၅) ဟု ပရောဖက်ပြုခဲ့သည်။ သခင့်ပရောဖက်ပြုချက်အရ၊ ကိုယ်တော့် ပြန်ကြွလာခြင်းသည် “လူသား၏ ကြွလာခြင်း” ဖြစ်သည်။ “လူသား” ဆိုသည်မှာ ဇာတိပကတိ၌ ဘုရားသခင်ကို ညွှန်းဆိုသည်၊ ရှင်ပြန်ထမြောက်သည့် သခင်ယေရှု၏ ဝိညာဉ်ခန္ဓာက တိမ်များဖြင့် ဆင်းသက်လာပြီး လူပုံအလယ်တွင် ပေါ်ပေါက်မည် ဟု ဆိုခြင်း မဟုတ်ပါ။ ယင်းမှာ အဘယ့်ကြောင့် အမှန်တရား ဖြစ်ရသနည်း။ သခင်ယေရှု၏ ဝိညာဉ်ခန္ဓာကသာ တိမ်များဖြင့် လူပုံအလယ်တွင် ဆင်းသက်လာခဲ့ပါက၊ ယင်းမှာ အလွန့်အလွန်ပင် တန်ခိုးကြီးကာ၊ ကမ္ဘာကိုလည်း ထိတ်လန့်တုန်လှုပ်စေမည်။ လူတိုင်းက မြေပေါ်ဝပ်ဆင်းပြီး၊ မည်သူမှလည်း ခုခံဝံ့မည် မဟုတ်ပါ။ ထိုအခြေအနေတွင် ပြန်ကြွလာသည့် သခင်ယေရှုသည် ဆင်းရဲဒုက္ခများစွာ ကို ခံစားရဆဲဖြစ်ပြီး၊ ဤမျိုးဆက်၏ ငြင်းပယ်မှုကို ခံစားရဆဲ ဖြစ်မည်လား။ လုံးဝ မဟုတ်ပါ။ ထို့ကြောင့် သခင်ယေရှုက သူ၏ ပြန်ကြွလာခြင်းသည် “လူသား၏ ပြန်ကြွခြင်း” နှင့် “သူခိုးကဲ့သို့” ဟု ပရောဖက်ပြုခဲ့ခြင်းဖြစ်သည်။ အမှန်မှာမူ ယင်းက လူ့ဇာတိခံဘုရားသခင်သည် လူသားအနေဖြင့် တိတ်တဆိတ် ကြွလာခြင်းကို ဆိုပါသည်။

ထို့ကြောင့် လူသားက ပေါ်ထွန်းရန် နှင့် သူ့အမှုပြုရန် တိတ်တဆိတ် ဆင်းသက်လာခြင်း နှင့် ဘုရားသခင်က တိမ်များဖြင့် ဆင်းသက်ခြင်းဖြင့် လူပုံအလယ်ပေါ်ထွန်းခြင်းတို့ အကြားမှ ဆက်နွယ်မှုက အဘယ်နည်း။ ဤဖြစ်စဉ်က မည်သည့်အရာ ပါဝင်သနည်း။ ယင်းကို ရိုးရှင်းစွာ ဆွေးနွေးကြပါစို့။ နောက်ဆုံးသော ကာလတွင် ဘုရားသခင်သည် မိန့်မြွက်ဖို့ နှင့် ပြောဆိုဖို့၊ ဘုရားသခင်၏ အိမ်တော်မှ စသည့် တရားစီရင်ခြင်း အမှုကို ပြုဖို့၊ သူ့အသံတော်ကို ကြားသည့် လူများအားလုံးကို သန့်စင်ပြီး၊ စုံလင်စေဖို့၊ သူ့ပလ္လင်တော်ရှေ့သို့ ပြန်လာစေဖို့၊ နှင့် သူတို့ကို အောင်မြင်သူတစ်စုအဖြစ် ပြုဖို့ တို့အတွက် လူ့ဇာတိကို ခံယူပြီး၊ လူသားများအလယ်တွင် တိတ်တဆိတ် ဆင်းသက်လာသည်။ ထို့နောက် ဘုရားသခင်သည် ကြီးမားသော ကပ်ဘေးကြီးကို ဖြစ်စေကာ၊ နောက်ဆုံးသောကာလ၏ ဘုရားသခင့် တရားစီရင်ခြင်းကို လက်မခံသူများ အားလုံးကို စစ်ဆေးခြင်း နှင့် ပြစ်တင်ဆုံးမမည်။ နောက်တွင် ဘုရားသခင်က တိမ်များဖြင့် ဆင်းသက်လာပြီး လူပုံအလယ်တွင် ပေါ်ထွန်းမည်။ သို့ပါက ဗျာဒိတ်ကျမ်း ၁:၇မှ ပရောဖက်ပြုခြင်းကို ပြည့်ဝစေမည်။ “ကြည့်ရှုလော့။ မိုးတိမ်နှင့်တကွ ကြွလာတော်မူသည်ဖြစ်၍၊ ကိုယ်တော်ကို ထိုးဖောက်သော သူတို့နှင့် ရှိသမျှသောသူတို့သည် ကိုယ်တော်ကို ရှုမြင်ရကြလိမ့်မည်။ မြေကြီးသားအမျိုးမျိုးရှိသမျှတို့သည် ကိုယ်တော်ကြောင့် ငိုကြွေးမြည်တမ်းရကြလိမ့်မည်။” သခင်က တိမ်များဖြင့် ဆင်းသက်လာသည့်အချိန်တွင် သူ့ကို ထိုးဖောက်သူများသည် သူ့ကို မြင်တွေ့နိုင်ဆဲ ဖြစ်ပါသလား။ သူ့ကို ထိုးဖောက်သူများမှာ မည်သူနည်း။ သခင်ယေရှုကို ကားတိုင်တွင် သံမှိုစွဲသူများ ဖြစ်သည်ဟု အချို့က ဆိုကြသည်။ ယင်းမှာ အမှန်တရား ဖြစ်ပါသလား။ သခင်ယေရှုကို ကားတိုင်တင်ခဲ့ကြသူများသည် ဟိုးယခင်အချိန် ကတည်းက ဘုရားသခင်၏ ကျိန်ဆဲခြင်းနှင့် ဖျက်ဆီးခြင်းတို့ကို ခံခဲ့ရပြီး မဟုတ်ပါလား။ လက်တွေ့တွင်မူ နောက်ဆုံးသောကာလတွင် အမှုပြုရန် လူ့ဇာတိခံဘုရားသခင် က တိတ်တဆိတ် ဆင်းသက်လာသည့် ကာလအတွင်း ဘုရားသခင်၏ အသံတော်ကို မရှာဖွေကြသူများနှင့် အနန္တတန်ခိုးရှင် ဘုရားသခင်ကို ပြစ်တင်ရှုတ်ချပြီး၊ ခုခံသူများသည် သူ့ကို ထိုးဖောက်သူများ ဖြစ်ပါသည်။ ထိုအချိန်တွင် သူတို့ ခုခံပြီး ပြစ်တင်ရှုတ်ချခဲ့သည့် အနန္တတန်ခိုးရှင် ဘုရားသခင်သည် သူတို့နှစ်ပေါင်းများစွာ အသည်းအသန် စောင့်ဆိုင်းနေခဲ့သည့် ကယ်တင်ရှင် ယေရှု အမှန်အကန်ပင် ဖြစ်ကြောင်းကို တွေ့မြင်ရလိမ့်မည်။ သူတို့က သူတို့ရင်များကို ထုပြီး၊ ငိုကြွေးကာ၊ သူတို့သွားများကို ကြိတ်ပြီးအံခဲ ကြရလိမ့်မည်။ ဘုရားသခင်၏ အသံတော်ကို ကြားသည့် ပညာရှိသတို့သမီးများသာလျှင် သခင့်ပြန်ကြွလာခြင်းကို ကြိုဆိုရန်၊ သိုးသငယ်၏ မင်္ဂလာဆောင် ညလယ်စာစားပွဲကို တက်ရောက်ဖို့ ဘုရားသခင်၏ ပလ္လင်တော်ရှေ့သို့ ဆောင်ကြဉ်းခံဖို့အလို့ငှာ၊ အောင်မြင်သူ တစ်ယောက်အဖြစ် ဘုရားသခင်၏ စုံလင်စေခြင်းခံရဖို့ငှာ အခွင့်အလမ်းကို ရကြမည် ဖြစ်သည်။ ယင်းက ဗျာဒိတ်ကျမ်း ၁၄:၄ထဲမှ ပရောဖက်ပြုခြင်းကို ပြည့်စုံစေသည်။ “ထိုသူတို့သည် ကညာဖြစ်၍ မေထုန်အမှုနှင့် မညစ်ညူးသော သူဖြစ်ကြ၏။ သိုးသငယ် သွားလေ ရာရာအရပ်သို့ နောက်တော်၌ လိုက်သောသူဖြစ်ကြ၏။ လူတို့ အထဲကရွေးနှုတ်၍ ဘုရားသခင်နှင့် သိုးသငယ်အဖို့ အဦးသီးသော အသီးဖြစ်ကြ၏။” သခင်က တိမ်များဖြင့် ဆင်းသက်လာမည်ဆိုသည့် အယူအဆကို စွဲကိုင်ထားသော်လည်း၊ နောက်ဆုံးသောကာလ၏ ဘုရားသခင့် အမှုတော်ကို မရှာဖွေ၊ မစုံစမ်း သူများ အတွက်မှာမူ၊ သူတို့သည် မိုက်မဲသောသတို့သမီးများ အဖြစ် သတ်မှတ်ခံရမည်။ အထူးသဖြင့် အနန္တတန်ခိုးရှင်ဘုရားသခင်ကို အပြင်းအထန် ခုခံပြီး၊ ပြစ်တင်ရှုတ်ချသူများသည် နောက်ဆုံးသောကာလတွင် ဘုရားသခင်၏ အမှုတော်ဖြင့် ဖော်ထုတ်ခံရသည့် ဖာရိရှဲများနှင့် အန္တိခရစ်များ ဖြစ်သည်။ သူတို့အားလုံးသည် ဘုရားသခင်ကို တစ်ဖန်ပြန်လည် ကားတိုင်တင်ခဲ့သူများ ဖြစ်သည်။ ထိုလူများအားလုံးတို့သည် ကြီးမားသော ကပ်ဘေးကြီးထဲ ကျရောက်ပြီး၊ အပြစ်ဒဏ်ကို ခံရမည် ဖြစ်သည်။

ဖာရိရှဲများသည် မေရှိယ ကြွရောက်လာခြင်းကို မည်သို့စောင့်ဆိုင်းခဲ့ပုံ နှင့် သူတို့သည် သခင်ယေရှုကို ကားတိုင်တင်ခဲ့ရခြင်း အကြောင်းအရင်းတို့ကို ကြည့်ကြပါစို့။ အစတွင် ဂျူးဖာရိရှဲတို့က မေရှိယနှင့် ပတ်သက်ပြီး အယူအဆများနှင့် စိတ်ကူးများ အပြည့်ရှိကြသည်။ သူတို့က ကျမ်းစာဆိုင်ရာ ပရောဖက်ပြုခြင်းကို တွေ့ခဲ့သည်။ “အကြောင်းမူကား၊ ငါတို့အဘို့ သူငယ်ကို ဘွား မြင်၏။ ငါတို့အား သားကိုသနားတော်မူ၏။ ထိုသူသည် အုပ်စိုးခြင်း အာဏာစက်ရှိလိမ့်မည်။(ဟေရှား ၉:၆)အိုဗက်လင်ဧဖရတ်မြို့၊ အစိုးရသော ယုဒမြို့တို့ တွင် သင်သည် မြို့ငယ်မြို့ယုတ်ဖြစ်သော်လည်း၊ ဣသရေ လအမျိုးကို အုပ်စိုးရသော သခင်သည် ငါ့အဘို့ သင်၏ အထဲမှာ ပေါ်ထွန်းလတံ့။ ထိုသခင်သည် ရှေးကပ်ကမ္ဘာ မှစ၍ ပေါ်ထွန်းသော သခင်ဖြစ်၏။(မိ ၅:၂) သမ္မာကျမ်းစာ၏ နှုတ်ကပတ်တော်များ ပရောဖက်ပြုထားခြင်း နှင့် မေရှိယ၏ ကြွရောက်ခြင်းအတွက် ကြာမြင့်သော စိတ်ကူးယဉ်မှုမျိုးစုံ နှင့် ကောက်ချက်များ တို့ကို အခြေခံပြီး ဖာရိရှဲတို့က သခင်သည် မေရှိယဟု သေချာပေါက် ခေါ်မည် ဖြစ်ပြီး၊ ကြွယ်ဝသော မိသားစုတွင် မွေးဖွားလိမ့်မည်ဟု ဆုံးဖြတ်ခဲ့ကြသည်။ ထို့ထက်ပိုပြီးလျှင် သူသည် ဒါဝိဒ်ကဲ့သို့၊ ဣသရေလ၏ ဘုရင် ဖြစ်လာမည်၊ သူတို့ကို ရောမအစိုးရ၏ အုပ်စိုးမှုမှ ဖောက်ထွက်နိုင်အောင် ဦးဆောင်မည်။ ဣသရေလအများစုက ဤနည်းတိုင်း တွေးကောင်းတွေးခဲ့ကြမည်။ သို့သော်လည်း ဘုရားသခင်သည် သူတို့၏ အယူအဆများနှင့် စိတ်ကူးများအတိုင်း ဤပရောဖက်ပြုခြင်းများကို မဖြည့်ဆည်းခဲ့ပါ၊ ထို့ကြောင့် ဖာရိရှဲများက သခင်ယေရှုကို စွပ်စွဲမှုမျိုးစုံကို ရှာဖွေရန် ကြိုးစားပြီး၊ သခင်ယေရှုကို ပြစ်တင်ရှုတ်ချကာ၊ ပြစ်မှားစော်ကားခဲ့ကြသည်။ ထိုအချိန်က သခင်ယေရှုသည် သမ္မာတရားများစွာကို ဖော်ပြခဲ့ပြီး၊ အံ့ဖွယ်အမှုများစွာကို ပြုခဲ့သည့်အပြင်၊ ဘုရားသခင်၏ တန်ခိုးနှင့် သြဇာအာဏာကို အပြည့်အဝ ပြခဲ့သော်လည်း ဖာရိရှဲများက သခင်ယေရှု၏ နှုတ်ကပတ်တော်များ မည်မျှ နက်နဲသည် သို့မဟုတ် သူ့သြဇာအာဏာ မည်မျှကြီးမြတ်သည်ကို ဂရုမစိုက်ခဲ့ကြပါ။ ယင်းက သူတို့၏ အယူအဆများနှင့် စိတ်ကူးများတို့ဖြင့် မကိုက်ညီသမျှကာလပတ်လုံး၊ သူက ကြွယ်ဝသည့်မိသားစုမှ မမွေးဖွားဘဲ၊ သူ့ပေါ်ထွန်းမှုက မမြင့်မြတ်သည့်အပြင်၊ မခံ့ညား သမျှ ကာလပတ်လုံး၊ သူ့အမည်က မေရှိယ မဖြစ်သမျှ ကာလပတ်လုံး၊ သူတို့က ပြစ်တင်ရှုတ်ချပြီး ဆန့်ကျင်မည်သာ ဖြစ်သည်။ သူတို့၏ သမ္မာတရားကို မုန်းတီးသည့် သဘာဝကြောင့် သူတို့က သမ္မာတရားကို ဖော်ပြပြီး၊ ရွေးနှုတ်ခြင်းအမှုကို ပြုခဲ့သည် သခင်ယေရှုကို အဆုံးသတ်တွင် ကားတိုင်တွင် သံမှိုစွဲခဲ့သည်။ ဖာရိရှဲများက ရွံရှာဖွယ်ကောင်း ပါသလား။ သူတို့ ကျိန်ဆဲခံရသင့်ပါသလား။ သခင်ယေရှုကို ခုခံခြင်းနှင့် ပြစ်တင်ရှုတ်ချခြင်း၌ ဖာရိရှဲတို့၏ အပြစ်များသည် သူတို့၏ သမ္မာတရားကို စက်ဆုပ်ခြင်း၊ သမ္မာတရား မုန်းတီးခြင်း ဆိုးယုတ်သည့် သဘာဝကို ဖော်ပြပါသည်။ သူတို့နှလုံးသားများက မေရှိယက သူတို့ကို အပြစ်မှ ကယ်တင်ရန် စစ်မှန်သော မျှော်လင့်စောင့်စားခြင်း မရှိသော်လည်း၊ သူတို့သည် ကျွန်များကဲ့သို့ ဆင်းရဲဒုက္ခ နောက်ထပ် မခံစားရတော့ရန် ရောမအစိုးရ၏ အုပ်စိုးမှုအောက်မှ လွတ်မြောက်ရန် သူတို့ကို ကူညီမည့် ဂျူးတို့၏ ဘုရင်ကိုသာ စောင့်ဆိုင်းနေကြောင်း ကို ပြပါသည်။ သူတို့က မိမိကိုယ်ပိုင် ဆန္ဒများကို စိတ်ကျေနပ်စေပြီး သူတို့အဆင့်အတန်းကို ကာကွယ်လိုသောကြောင့် ဘုရားသခင်ကို ယုံကြည်ပြီး၊ မေရှိယ၏ ကြွရောက်ခြင်းကို စောင့်စားနေကြခြင်း ဖြစ်သည်။ ဖာရိရှဲများသည် မေရှိယ၏ ကြွလာခြင်းကို စောင့်ဆိုင်းရာတွင် မည်သည့်အမှားကို လုပ်မိခဲ့သနည်း။ သူတို့က ဘုရားသခင်၏ ကျိန်ဆဲခြင်းနှင့် ပြစ်ဒဏ်ပေးခြင်းကို အဘယ့်ကြောင့် ခံရသနည်း။ ဤသည်မှာ အမှန်ပင် တွေးစရာဖြစ်ပါသည်။ သခင်ယေရှုက သူ့အမှုကို ပြုရန် ပေါ်ထွန်းခဲ့သည့်အချိန်တွင် ဖာရိရှဲများက သခင်ယေရှုကို အဘယ့်ကြောင့် ခုခံပြီး၊ ပြစ်တင်ရှုတ်ချသနည်း။ ဤနေရာတွင် ဖာရိရှဲများ၏ မည်သည့် သဘာဝ နှင့် အနှစ်သာရကို ဖော်ပြခဲ့သနည်း။ ဤသည်တို့မှာ ဘုရားသခင်၏ ပေါ်ထွန်းမှုကို တောင့်တနေခဲ့ကြသည့် လူများ နားလည်သင့်သည့် ပြဿနာများ ဖြစ်သည်။ ကျွန်တော်တို့က ဤပြဿနာများကို ထိုးဖောက်မမြင်နိုင်ပါက၊ သခင်ယေရှုပြန်ကြွလာခြင်းကို လက်ခံရမည့် အချိန်ရောက်ပါက၊ ကျွန်တော်တို့သည် ဖာရိရှဲများကဲ့သို့ ဘုရားသခင်ကို ဆန့်ကျင်သည့် လမ်းကြောင်းတွင်သာ အဆုံးသတ်ကောင်း အဆုံးသတ်သွားနိုင်သည်။

ကယ်တင်ရှင် ပြန်လာဖို့ ဖာရိရှဲများ မည်သို့စောင့်ခဲ့သနည်း။ သူတို့ သခင်ယေရှုကို အဘယ့်ကြောင့် ကားစင်တင်ခဲ့သနည်း။ ဤမေးခွန်းများ၏အရင်းအမြစ်က မည်သည့်နေရာကနည်း။ အနန္တတန်ခိုးရှင် ဘုရားသခင် မည်သည့်အရာကို ပြောခဲ့ကြောင်း ကြည့်ကြပါစို့၊ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “ဖာရိရှဲတို့ ယေရှုကို ဆန့်ကျင်ခဲ့ကြခြင်း၏ အကြောင်းရင်းကို သင်တို့သိလိုသလော။ ဖာရိရှဲတို့၏ အနှစ်သာရကို သင်တို့သိလိုသလော။ သူတို့သည် မေရှိယအကြောင်း စိတ်ကူးယဉ်မှုများနှင့် ပြည့်နှက်နေခဲ့ကြသည်။ ထို့အပြင် မေရှိယလာမည်ဟုသာ သူတို့ယုံကြည်ခဲ့ပြီး အသက်တာ၏ သမ္မာတရားကို မရှာခဲ့ကြ။ ထို့ကြောင့် သူတို့သည် ယနေ့တိုင် မေရှိယကို စောင့်နေဆဲဖြစ်၏။ ထိုသူတို့သည် အသက်လမ်းကို မသိ၊ သမ္မာတရားလမ်းကိုလည်း မသိသောကြောင့် ဖြစ်၏။ ဤသို့ မိုက်မဲ၊ ခေါင်းမာ၍ အသိဉာဏ်ကင်းမဲ့သူတို့သည် ဘုရားသခင်၏ ကောင်းချီးမင်္ဂလာကို ခံစားရမည်ဟု သင်တို့ မည်သို့ဆိုနိုင်မည်နည်း။ မေရှိယကို သူတို့သည် မည်သို့မြင်နိုင်ကြမည်နည်း။ ထိုသူတို့သည် သန့်ရှင်းသောဝိညာဉ်တော်၏ အမှုဦးတည်ရာကို မသိသဖြင့် ယေရှုကို ဆန့်ကျင်ခဲ့ကြသည်။ ဤသည်မှာ ယေရှုပြောသည့် သမ္မာတရားလမ်းကို သူတို့မသိသောကြောင့်ဖြစ်၏။ ထို့အပြင် ထိုသူတို့သည် မေရှိယကို နားမလည်ခဲ့သောကြောင့်လည်း ဖြစ်၏။ ထို့အပြင် ထိုသူတို့သည် မေရှိယကို မည်သည့်အခါမျှ မြင်ဖူးခြင်းမရှိ၊ မေရှိယနှင့်အတူ မည်သည့်အခါမျှ အဖော်ပြုခြင်း မရှိခြင်းတို့ကြောင့် မေရှိယ၏အနှစ်သာရကို နည်းမျိုးစုံဖြင့် ဆန့်ကျင်နေစဉ်အခါပင် မေရှိယ၏ နာမအပေါ် အချည်းနှီးသော ချီးကျူးဂုဏ်ပြုမှုကိုပေးပြီး အမှားပြုခဲ့ကြ၏။ ဤဖာရိရှဲတို့သည် အနှစ်သာရအားဖြင့် ခေါင်းမာ၍ ဝင့်ဝါပြီး သမ္မာတရားကို နာခံခြင်းမရှိကြ။ ထိုသူတို့ ဘုရားသခင်ကို ယုံကြည်ခြင်း၏ အခြေခံသဘောတရားမှာ ကိုယ်တော်၏တရားတော် မည်မျှပင်လေးနက်သည်ဖြစ်စေ၊ ကိုယ်တော်၏သြဇာအာဏာ မည်မျှပင်မြင့်မားသည်ဖြစ်စေ၊ မေရှိယဟု သတ်မှတ်မခံရလျှင် ကိုယ်တော်သည် ခရစ်တော်မဟုတ် ဟူ၍ဖြစ်သည်။ ဤအမြင်များသည် ကြီးကျယ်လွန်း၍ ရယ်ဖွယ်ကောင်းသည် မဟုတ်လော။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ယေရှု၏ဝိညာဉ်ခန္ဓာကို သင်တွေ့မြင်သည့်အချိန်တွင် ဘုရားသခင်သည် ကောင်းကင်နှင့်မြေကြီးကို အသစ်တစ်ဖန် ပြုလုပ်ပြီးဖြစ်လိမ့်မည်) အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ပြီးနောက်၊ မေရှိယကို စောင့်ဆိုင်းရာတွင် သခင်ယေရှုကို ဖာရိရှဲများ၏ ဆန့်ကျင်မှုနှင့် ပတ်သက်သည့် အနှစ်သာရ နှင့် အရင်းအမြစ်တို့သည် ကျွန်တော်တို့အတွက် ယခုရှင်းလောက်ပြီ ဖြစ်သည်။ ထို့ကြောင့် သခင့်ပြန်ကြွလာခြင်းကို လက်ခံခြင်းနှင့် ပတ်သက်ပါက၊ လူများစွာတို့က သူတို့အယူအဆများနှင့် စိတ်ကူးများကို မှီခိုပြီး၊ သမ္မာတရားကို လိုက်စားခြင်းနှင့် ဘုရားသခင်၏ အသံတော်ကို နားထောင်ခြင်းတို့အစား သခင်က တိမ်များဖြင့် ဆင်းသက်လာသည်ကို လူမိုက်များကဲ့သို့ စောင့်နေကြသည်၊ သို့ပါက သူတို့သည် ဖာရိရှဲများ၏ ဘုရားသခင်ကို ဆန့်ကျင်ခြင်း လမ်းကြောင်းပေါ်တွင် လျှောက်နေကြခြင်း မဟုတ်ပါလား။ ထို့နောက် သူတို့၏ အကျိုးရလဒ်မှာ မည်သည့်အရာ ဖြစ်မည်ကို စောင့်ကြည့်ပါ။ လူတိုင်းသည် ဤအရာနှင့် ပတ်သက်ပြီး ယခုရှင်းကြပါပြီ။

ယခုဆိုလျှင် အနန္တတန်ခိုးရှင်ဘုရားသခင်၏ ကောင်းကင်နိုင်ငံတော် ဧဝံဂေလိတရား က တရုတ်ပြည်မကြီးမှာ ပျံနှံ့နေခဲ့သည်မှာ အနှစ် ၂၀ရှိပြီ။ ၎င်းက ဘာသာတရားများ နှင့် ဂိုဏ်းဂဏအမျိုးမျိုးကို ပျံ့နှံ့ခဲ့သည်မှာ ကြာပြီဖြစ်သည်။ ထိုကာလအတွင်း တရုတ်ကွန်မြူနစ်အစိုးရ၏ အသည်းအသန် ဖိနှိပ်ခြင်းနှင့် ဖြိုခွဲဖျက်ဆီးခြင်းတို့အပြင်၊ တရုတ်ကွန်မြူနစ်ပါတီ သတင်းဌာန၏ ဝါဒဖြန့်ခြင်းများကြောင့် အနန္တတန်ခိုးရှင် ဘုရားသခင်သည် လူတိုင်းသိသည့် အမည်နာမတစ်ခု ဖြစ်ခဲ့ပြီ။ နောက်ပိုင်းတွင် အနန္တတန်ခိုးရှင်ဘုရားသခင် ဖော်ပြသည့် သမ္မာတရားများနှင့် အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်မှ ထုတ်လုပ်သည့် ဗီဒီယိုများနှင့် ရုပ်ရှင် မျိုးစုံတို့ကိုလည်း အွန်လိုင်းတွင် တဖြည်းဖြည်းချင်း ထုတ်လွှင့်ပြသခဲ့ပြီး၊ ကမ္ဘာအနှံ့ ပျံ့နှံ့ခဲ့သည်။ ဘာသာရေး အသိုင်းအဝိုင်းမှ လူများက ဘုရားသခင် ကြွခဲ့ပြီ ဖြစ်ကြောင်း သက်သေခံကြသည်။ ဤသည်မှာ သခင်ယေရှု၏ ပရောဖက်ပြုခြင်းကို ပြည့်စုံစေသည်။ “သန်းခေါင်ယံ၌ကြည့်ပါ။ မင်္ဂလာဆောင်လုလင်သည် လာပြီ။ ခရီးဦးကြိုပြုခြင်းငှာ ထွက်သွားကြကုန်ဟု ကြွေးကြော်လျှင်။(မ ၂၅:၆) သို့ပါက ဘာသာရေး သင်းအုပ်ဆရာများနှင့် အကြီးအကဲများသည် နောက်ဆုံးသောကာလတွင် အနန္တတန်ခိုးရှင်ဘုရားသခင်၏ အမှုကို အသည်းအသန် ပြစ်တင်ရှုတ်ချပြီး ဆန့်ကျင်နေကြဆဲ ဖြစ်သနည်း။ သမ္မာကျမ်းစာထဲတွင် သခင်ပြန်ကြွလာခြင်းအကြောင်း ပရောဖက်ပြုခြင်း များစွာ ရှိသောကြောင့် သူတို့သည် အဘယ့်ကြောင့် သခင်က တိမ်များဖြင့် ဆင်းသက်လာမည့်အကြောင်း ပရောဖက်ပြုခြင်းကိုသာ အလွန် စွဲလမ်းနေကြသနည်း။ သူတို့သည် သခင့်ကြွလာခြင်းနှင့် ပတ်သက်သည့် သက်သေခံချက်များ ရှိကြောင်း ကြားသိရသည့်အခါတွင် အဘယ့်ကြောင်း လုံးဝ မရှာဖွေကြသနည်း။ အနန္တတန်ခိုးရှင်ဘုရားသခင်က သမ္မာတရားများစွာကို ဖော်ပြကြောင်း သိရသည့်အချိန်၊ ဘုရားသခင့်အမှုတော်၏ စစ်မှန်မှုကို သူတို့မြင်ရသည့်အချိန်တွင် သူတို့က နောက်ဆုံးသောကာလ၏ ဘုရားသခင့်အမှုတော်ကို ဆန့်ကျင်ခြင်းနှင့် ပြစ်တင်ရှုတ်ချခြင်း များတွင် သူတို့၏ အယူအဆများနှင့် စိတ်ကူးများကိုသာ အဘယ့်ကြောင့် ခေါင်းမာမာနှင့် စွဲကိုင်ထားကြသနည်း။ ဤလူများသည် သမ္မာတရားကို ချစ်ပြီး၊ သခင့် ကြွရောက်ခြင်းကို အမှန်တကယ် စောင့်မျှော်နေသူများ ဟုတ်ရောဟုတ်ပါရဲ့လား။ သူတို့က ပညာရှိသော သတို့သမီးများလား သို့မဟုတ် ပညာမဲ့သော သတို့သမီးများလား။ သူတို့က ပညာရှိသော သတို့သမီးများဖြစ်ပြီး၊ သခင့်ပြန်ကြွလာခြင်းကို အမှန်တကယ် စောင့်ဆိုင်းနေကြပါက၊ သူတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားပြီး၊ ကောင်းကင်နိုင်ငံတော် ဧဝံဂေလိတရား ကြီးပွားတိုးတက်နေသည်ကို မြင်ရသည့်အခါတွင် သူတို့ ဆက်ပြီး ခေါင်းမာမာနှင့် ပြစ်တင်ရှုတ်ချကာ၊ ဆန့်ကျင်နေဖို့ လိုပါသေးလား။ ဤသည်မှာ သခင် ပေါ်ထွန်းရန် သူတို့ ရိုးသားစွာ စောင့်မျှော်တမ်းတခြင်း ဖြစ်နေမလား။ အဆုံးသတ်တွင် ပွင့်လင်းစွာ ပြောရမည် ဆိုပါက၊ သခင့်ကို သူတို့ ယုံကြည်ခြင်း နှင့် သခင်ယေရှု ပြန်ကြွလာခြင်းအတွက် စောင့်ဆိုင်းခြင်းတို့သည် အတုအယောင်သာ ဖြစ်သည်၊ သို့သော်လည်း သူတို့က ကောင်းကြီးမင်္ဂလာခံစားရရန် နှင့် ကောင်းကင်နိုင်ငံတော်သို့ ဝင်ရောက်ရန် တောင့်တကြသည်မှာမူ စစ်မှန်ပါသည်။ သခင့်ကို သူတို့ယုံကြည်ခြင်းသည် သမ္မာတရားကို လိုက်စားပြီး၊ အသက် ရရှိရန် မဟုတ်ပါ၊ သူတို့က သမ္မာတရားကို ရရှိပြီး၊ အပြစ်မှလွတ်မြောက်ရန် မဟုတ်ပါ။ သူတို့ အလေးအထားဆုံး အရာမှာ အဘယ်နည်း။ ယင်းမှာ သခင်က သူတို့ကို ကောင်းကင်နိုင်ငံတော်ကို တိုက်ရိုက်ချီဆောင်ပြီး၊ ဇာတိပကတိ၏ ဆင်းရဲဒုက္ခမှလွတ်မြောက်စေကာ၊ ကောင်းကင်နိုင်ငံတော်၏ ကောင်းကြီးမင်္ဂလာများကို ခံစားရစေရန် ကြွလာသည့်အချိန် ဖြစ်သည်။ ဤသည်မှာ သူတို့ ဘုရားသခင်ကို ယုံကြည်ခြင်း၏ စစ်မှန်သည့် ရည်ရွယ်ချက် ဖြစ်သည်။ ဤရည်ရွယ်ချက်မှ လွဲပြီး၊ လူသားမျိုးနွယ်ကို ကယ်တင်ရန် သမ္မာတရားကို ဖော်ပြသည့် အနန္တတန်ခိုးရှင်ဘုရားသခင်ကို ငြင်းပယ်ရန် သူတို့မှာ မည်သည့် အကြောင်းပြချက် ရှိဦးမည်နည်း။ ကျွန်တော်တို့ တွေးကြည့်နိုင်ပါသည်။ တစ်စုံတစ်ယောက်က သမ္မာတရားကို ချစ်ပြီး၊ ဘုရားသခင် ပေါ်ထွန်းရန် အမှန်တကယ် တောင့်တပါက၊ သခင်ကြွလာသည့်အကြောင်းကို သူတို့ကြားရသည့်အချိန်တွင် သူတို့ မည်ကဲ့သို့ ပြုမူမည်နည်း။ သူတို့က ယင်းကို နားမထောင်၊ မကြည့်၊ မဆက်သွယ်ဘဲ နေမည်လား။ သူတို့က မျက်စိစုံမှိတ်ကာ ငြင်းဆန်၊ ပြစ်တင်ရှုတ်ချပြီး၊ ဆန့်ကျင်မလား။ လုံးဝမဟုတ်ပါ။ ဘုရားသခင်၏ ပေါ်ထွန်းခြင်းကို ရိုးသားစွာ တောင့်တပြီး၊ ဘုရားသခင်၏ ကြွရောက်ခြင်းကို ရိုးသားစွာ ကြိုဆိုသည့် လူတစ်ယောက်က စစ်မှန်သည့် အလင်း ပေါ်ထွန်းခြင်း၊ သမ္မာတရား နှင့် ဖြောင့်မတ်ခြင်းတို့က သူတို့နှလုံးသားကို အုပ်စိုးခြင်း တို့အတွက် မျှော်လင့်စောင့်စားကြသည်။သူတို့က လူသားမျိုးနွယ်ကို ကယ်တင်ပြီး၊ လူများက သန့်စင်ခံရပြီး၊ ဘုရားသခင်၏ ရယူခြင်းတို့ကို ခံရဖို့ အပြစ်က လုံးလုံးလျားလျား လွတ်မြောက်နိုင်ဖို့ရာ ကူညီရန် ဘုရားသခင်ကြွလာခြင်းကို စောင့်မျှော်နေကြသည်။ သို့သော်လည်း သခင် တိမ်များနှင့် ကြွလာခြင်းကိုသာ စောင့်ဆိုင်းပြီး၊ အနန္တတန်ခိုးရှင်ဘုရားသခင်ကို ငြင်းဆန်ကာ၊ ပယ်ကြသူများ၊ အထူးသဖြင့် မိမိတို့၏ အဆင့်အတန်းနှင့် အသက်မွေးမှုတို့ကို ကာကွယ်ရန် အတွက် အနန္တတန်ခိုးရှင်ဘုရားသခင်ကို အသည်းအသန် ပြစ်တင်ရှုတ်ချပြီး ဆန့်ကျင်သူ ဘာသာရေးခေါင်းဆောင်များ အားလုံးသာလျှင် သမ္မာတရားကို ရွံရှာပြီး၊ မုန်းတီးသူများ ဖြစ်သည်။ သူတို့က နောက်ဆုံးသောကာလ၏ ဘုရားသခင့်အမှုတော်အားဖြင့် ဖော်ထုတ်ခံရသည့် မယုံကြည်သူများနှင့် အန္တိခရစ်များ အားလုံးတို့ဖြစ်သည်။ ဇာတိပကတိ၌ ဘုရားသခင်သည် သူ့ကယ်တင်ခြင်းအမှုတော်ကို စုံလင်စေပြီးနောက်၊ ထိုလူများသည် နှစ်တစ်ထောင်အတွင်း တစ်ကြိမ်သာ ဖြစ်သည့် ကပ်ဘေးကြီးထဲသို့ ကြရောက်မည်၊ ငိုကြွေးကာ၊ သူတို့သွားများကို ကြိတ်ကြမည်။ ထို့နောက်တွင် လူပုံအလယ်တွင် သခင်တိမ်ဖြင့် ကြွဆင်းလာမည် ဆိုသည့် ပရောဖက်ပြုခြင်းသည်လည်း လုံးလုံးလျားလျား ပြည့်စုံလိမ့်မည်။ “ကြည့်ရှုလော့။ မိုးတိမ်နှင့်တကွ ကြွလာတော်မူသည်ဖြစ်၍၊ ကိုယ်တော်ကို ထိုးဖောက်သော သူတို့နှင့် ရှိသမျှသောသူတို့သည် ကိုယ်တော်ကို ရှုမြင်ရကြလိမ့်မည်။ မြေကြီးသားအမျိုးမျိုးရှိသမျှတို့သည် ကိုယ်တော်ကြောင့် ငိုကြွေးမြည်တမ်းရကြလိမ့်မည်။(ဗျာ ၁:၇)

အနန္တတန်ခိုးရှင် ဘုရားသခင် မည်သည့်အရာ မိန့်ကြားခဲ့သည်ကိုကြည့်ကြရအောင်- “သမ္မာတရားကို လက်မခံသော်လည်း ဖြူသောမိုးတိမ်ပေါ်မှ ယေရှုကြွလာသည်ကို ကြောင်းကျိုးမမြင် စောင့်သူတို့သည် သန့်ရှင်းသောဝိညာဉ်တော်ကို ပြစ်မှားမည်မှာသေချာပြီး ထိုသူတို့သည် ပျက်စီးခြင်းသို့ရောက်မည့် အမျိုးအစားဖြစ်၏။ သင်တို့သည် ယေရှု၏ကျေးဇူးတော်ကိုသာ လိုလား၍ ပျော်ရွှင်ဖွယ်ရာ ကောင်းကင်ဘုံကိုသာ ခံစားလိုကြသော်လည်း ယေရှုပြောသော နှုတ်ကပတ်တော်များကို မည်သည့်အခါကမျှ နာခံခဲ့ခြင်းမရှိဘဲ သူလူ့ဇာတိသို့ တစ်ဖန်ကြွလာချိန်တွင် သူထုတ်ဖော်ပြောခဲ့သည့် သမ္မာတရားကို မည်သည့်အခါမျှ လက်ခံရရှိခြင်း မရှိခဲ့ပေ။ ဖြူသောမိုးတိမ်ပေါ်မှ ယေရှုတစ်ဖန်ကြွလာသည့်အချက်အတွက် အလဲအလှယ်အဖြစ် သင်တို့ မည်သည့်အရာကို ခိုင်မြဲစွာ ကိုင်ဆွဲထားမည်နည်း။ အပြစ်များ ကြိမ်ဖန်များစွာကျူးလွန်၍ ထပ်တလဲလဲ အပြစ်ဝန်ခံသည့် သင်တို့၏ ရိုးဖြောင့်မှုလော။ ဖြူသောမိုးတိမ်ပေါ်မှ တစ်ဖန်ကြွလာသည့်ယေရှုအတွက် သင်တို့ မည်သည့်အရာကို ဆက်ကပ်ပူဇော်မည်နည်း။ သင်တို့ကိုယ်သင်တို့ချီးမြှောက်သည့် နှစ်ပေါင်းများစွာသော အလုပ်ကိုလော။ တစ်ဖန်ပြန်ကြွလာသည့် ယေရှုအနေဖြင့် သင်တို့အပေါ် ယုံကြည်စိတ်ချစေရန် သင်တို့မည်သည့်အရာကို ကိုင်ဆွဲထားမည်နည်း။ မည်သည့်သမ္မာတရားကိုမျှ လိုက်နာခြင်းမရှိသည့် သင်တို့၏ ဝင့်ဝါသောသဘာဝလော။

...နိမိတ်လက္ခဏာများကြောင့် ဘုရားသခင်ကို ယုံကြည်သောသူများသည် ပျက်စီးခြင်းသို့ ဧကန်အမှန် ရောက်မည့်အမျိုးအစားဖြစ်ကြောင်း သင်တို့ကို ငါပြော၏။ လူ့ဇာတိသို့ တစ်ဖန်ပြန်၍ ကြွလာသော ယေရှု၏နှုတ်ကပတ်တော်များကို လက်မခံနိုင်သူများသည် ငရဲ၏သားသမီးများ၊ ကောင်းကင်တမန်မင်း၏ သားစဉ်မြေးဆက်များဖြစ်သည်မှာ သေချာပြီး ၎င်းတို့သည် ထာဝရပျက်စီးခြင်းသို့ ရောက်မည့်အမျိုးအစားဖြစ်သည်။ ငါပြောသည့်အရာများကို များစွာသောလူတို့သည် ဂရုမစိုက်ဘဲနေကောင်းနေနိုင်သည်။ သို့သော် ဖြူသောမိုးတိမ်ပေါ်မှနေ၍ ယေရှုသည် ကောင်းကင်ဘုံမှဆင်းသက်လာသည်ကို သင်တို့မျက်စိဖြင့်တွေ့သည့်အခါ ဤသည်မှာ ဖြောင့်မတ်ခြင်း၏နေမင်း လူသိရှင်ကြားပေါ်ထွက်လာခြင်းဖြစ်၏ဟု သန့်ရှင်းသူများဟုဆိုသော ယေရှု၏နောက်သို့ လိုက်သူတိုင်းကို ငါပြောလိုသေး၏။ သင့်အတွက် ထိုအချိန်သည် အလွန်စိတ်လှုပ်ရှားဖွယ်ကောင်းသည့်အချိန် ဖြစ်ကောင်းဖြစ်နိုင်သည်။ သို့သော် ယေရှုကောင်းကင်ဘုံမှ ဆင်းသက်သည်ကို သင်တွေ့ချိန်သည် အပြစ်ဒဏ်ပေးခံရရန် သင်ငရဲသို့ဆင်းချိန်ဖြစ်ကြောင်းကိုလည်း သင်သိသင့်သည်။ ဤအချိန်သည် ဘုရားသခင်၏စီမံခန့်ခွဲမှုအစီအစဉ် အဆုံးသတ်ချိန်ကို ကြေညာပြီး ဘုရားသခင်မှ ကောင်းသောသူများကို ဆုချ၍ စဉ်းလဲသူများကို အပြစ်ပေးချိန် ဖြစ်လိမ့်မည်။ အကြောင်းမှာ သမ္မာတရားကို ဖော်ပြချက်သာရှိသည့် အချိန်ဖြစ်သော၊ လူသားသည် နိမိတ်လက္ခဏာများကို မမြင်မီတွင် ဘုရားသခင်၏ တရားစီရင်ခြင်းအမှုသည် ပြီးဆုံးခဲ့ပြီးဖြစ်လိမ့်မည် ဖြစ်သောကြောင့်တည်း။ သမ္မာတရားကိုလက်ခံ၍ နိမိတ်လက္ခဏာများကို ရှာဖွေခြင်းမရှိသဖြင့် သန့်စင်ခြင်းခံရပြီးသူများသည် ဘုရားသခင်၏ပလ္လင်တော်ရှေ့သို့ တစ်ဖန်ပြန်ရောက်ပြီး ဖန်ဆင်းရှင်၏ ထွေးပိုက်မှုသို့ ဝင်ရောက်ရမည်။ ‘ဖြူသောမိုးတိမ်မစီးသည့် ယေရှုသည် မှားယွင်းသော ယေရှုဖြစ်သည်’ ဟု မလျှော့တမ်းယုံကြည်သူများသည်သာ ထာဝရအပြစ်ဒဏ်ပေးခြင်း ခံရမည်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ထိုသူတို့သည် နိမိတ်လက္ခဏာများပြသော ယေရှုကိုသာယုံကြည်ကြကာ ပြင်းထန်သည့်တရားစီရင်မှုကို ကြွေးကြော်၍ စစ်မှန်သော အသက်လမ်းကို ထုတ်ပေးသော ယေရှုကိုကား အသိအမှတ်မပြုကြသောကြောင့်ဖြစ်သည်။ ထို့ကြောင့် ယေရှုသည် ဖြူသောမိုးတိမ်ပေါ်မှ ပွင့်လင်းစွာ တစ်ဖန်ကြွလာချိန်မှ ထိုသူတို့ကို ကိုင်တွယ်ဖြေရှင်းနိုင်မည် ဖြစ်သည်။ ထိုသူတို့သည် ခေါင်းမာလွန်း၏။ မိမိကိုယ်ကိုယုံကြည်စိတ်များလွန်းပြီး ဝင့်ဝါလွန်းကြသည်။ ဤမျှကိုယ်ကျင့်တရားပျက်ယွင်းနေသူများကို ယေရှုအနေဖြင့် မည်သို့ဆုချနိုင်မည်နည်း။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ယေရှု၏ဝိညာဉ်ခန္ဓာကို သင်တွေ့မြင်သည့်အချိန်တွင် ဘုရားသခင်သည် ကောင်းကင်နှင့်မြေကြီးကို အသစ်တစ်ဖန် ပြုလုပ်ပြီးဖြစ်လိမ့်မည်)

နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ မှ

အရှေ့သို့- သခင်ယေရှု ပြန်ကြွလာပြီဟု သင်တို့ပြောသည်၊ သို့ဆိုလျှင် သူ့ကို ကျွန်ုပ်တို့ အဘယ်ကြောင့် မမြင်ရသေးသနည်း။ တွေ့မြင်ခြင်းသည် ယုံကြည်ခြင်းဖြစ်ပြီး တစ်ဆင့်စကားမှာ ယုံကြည်စိတ်ချ၍မရနိုင်ပါ။ ကျွန်ုပ်တို့ သူ့ကို မမြင်ရသေးလျှင်၊ ယင်းက သူ ပြန်မကြွလာသေးဟု ဆိုလိုပေမည်၊ သူ့ကို ကျွန်ုပ်မြင်သည့်အခါ ကျွန်ုပ်ယုံမည်။ သခင်ယေရှု ပြန်ကြွလာပြီဟု သင် ပြောကြသည်၊ သို့ဆိုလျှင် ယခု သူ အဘယ်မှာနည်း။ မည်သည့်အမှုကို သူ လုပ်ဆောင်နေသနည်း။ မည်သည့် နှုတ်ကပတ်တော်များကို သခင်က ပြောဆိုပြီးပြီနည်း။ ဤအရာများကို သက်သေခံခြင်းမှတဆင့် သင် ရှင်းလင်းစေနိုင်ပြီးနောက်တွင် ကျွန်ုပ်ယုံကြည်ပါမည်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

သခင်က ကျွန်တော်တို့ကို ကောင်းကင်နိုင်ငံတော်ဆီ ခေါ်ဆောင်ဖို့ ပြန်ပြီးကြွလာမယ်လို့ ကတိပြုထားတယ် ဒါပေမဲ့ နောက်ဆုံးသောကာလမှာ တရားစီရင်ခြင်းအမှုကိုပြုဖို့အတွက် သခင်ဟာ လူ့ဇာတိခံယူထားပြီးပြီလို့ ခင်ဗျားတို့က သက်သေထူတယ် သမ္မာကျမ်းမှာတော့ သခင်ဟာ ကောင်းကင်ထက်ကနေ ဘုန်းကျက်သရေအပြည့်နဲ့ ကြွရောက်လာမယ်လို့ အရှင်းဆုံးဟောကိန်းထုတ်ထားတယ် ခင်ဗျားတို့သက်သေထူသလို သခင်က လူ့ဇာတိခံယူပြီးတဲ့အပြင်၊ လူတွေကြားထဲ တိတ်တဆိတ်ကြွရောက်နေပြီဆိုတာနဲ့ကျတော့ တော်တော်ကွဲလွဲနေတယ်

အဖြေ- သခင်ဟာ လူတွေကို ကောင်းကင်နိုင်ငံဆီ ခေါ်ဆောင်ဖို့ ထပ်ပြီးကြွလာမယ့်အကြောင်း ကတိပေးခဲ့တယ်လို့ မစ္စတာလင်က ပြောတယ်နော် ဒါကတော့ သေချာပါတယ်...

သခင်၏ ပြန်ကြွလာခြင်းသည် အဘယ်ကြောင့် တိတ်တဆိတ် ဆင်းသက်ခြင်းဖြစ်သည့် လူ့ဇာတိခံယူခြင်းအပြင် မိုးတိမ်စီးကာ လူသိရှင်ကြား ဆင်းသက်ခြင်းတို့ ပါဝင်ရ ပါသနည်း။

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ- “ကြည့်ရှုလော့ သူခိုးကဲ့သို့ ငါလာ၏။” (ဗျာဒိတ်ကျမ်း ၁၆:၁၆) “သန်းခေါင်ယံ၌ကြည့်ပါ။ မင်္ဂလာဆောင်လုလင်သည် လာပြီ။...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။