သခင်က ကျွန်တော်တို့ကို ကောင်းကင်နိုင်ငံတော်ဆီ ခေါ်ဆောင်ဖို့ ပြန်ပြီးကြွလာမယ်လို့ ကတိပြုထားတယ် ဒါပေမဲ့ နောက်ဆုံးသောကာလမှာ တရားစီရင်ခြင်းအမှုကိုပြုဖို့အတွက် သခင်ဟာ လူ့ဇာတိခံယူထားပြီးပြီလို့ ခင်ဗျားတို့က သက်သေထူတယ် သမ္မာကျမ်းမှာတော့ သခင်ဟာ ကောင်းကင်ထက်ကနေ ဘုန်းကျက်သရေအပြည့်နဲ့ ကြွရောက်လာမယ်လို့ အရှင်းဆုံးဟောကိန်းထုတ်ထားတယ် ခင်ဗျားတို့သက်သေထူသလို သခင်က လူ့ဇာတိခံယူပြီးတဲ့အပြင်၊ လူတွေကြားထဲ တိတ်တဆိတ်ကြွရောက်နေပြီဆိုတာနဲ့ကျတော့ တော်တော်ကွဲလွဲနေတယ်

24.05.2019

အဖြေ- သခင်ဟာ လူတွေကို ကောင်းကင်နိုင်ငံဆီ ခေါ်ဆောင်ဖို့ ထပ်ပြီးကြွလာမယ့်အကြောင်း ကတိပေးခဲ့တယ်လို့ မစ္စတာလင်က ပြောတယ်နော် ဒါကတော့ သေချာပါတယ် ဘာကြောင့်လဲဆိုတော့ သခင်ဟာ သစ္စာစောင့်သိပါတယ်။ ပေးခဲ့တဲ့ကတိတော်တွေအတိုင်း တည်စေမှာပါပဲ ဒါပေမဲ့ ကျွန်တော်တို့ ပထမဆုံးရှင်းရှင်းလင်းလင်းဖြစ်ဖို့လိုတာရှိတယ် နောက်ဆုံးသောကာလမှာ တရားစီရင်ခြင်းအမှုကိုပြုဖို့အတွက် သခင်က လူ့ဇာတိခံပြီးပြန် ကြွလာတယ်ဆိုတာဟာ ကျွန်တော်တို့အနေနဲ့ ကောင်းကင်နိုင်ငံဆီ ဘယ်လိုချီဆောင်ခံရမလဲဆိုတာနဲ့ တိုက်ရိုက်ဆက်နွယ်တယ်ဆိုတာပါပဲ သမ္မာကျမ်းကို သေချာလေ့လာကြည့်ရင်၊ ဒီအချက်ရဲ့အထောက်အထားက ရှာဖို့မခက်ပါဘူး ဘုရားသခင် ဒုတိယအကြိမ်ပြန် ကြွလာခြင်းဟာ လူ့ဇာတိခံယူခြင်းဖြစ်တယ်ဆိုတာကို သမ္မာကျမ်းရဲ့စာပိုဒ်တော်တော်များများမှာ အရှင်းဆုံးဟောကိန်းထုတ်ထားပါတယ် ဥပမာပြရရင် "ထိုကြောင့် သင်တို့သည် ပြင်ဆင်လျက်နေကြလော့။ အကြောင်းမူကား၊ သင်တို့မထင်မှတ်သောအချိန် ၌ လူသားသည် ကြွလာလိမ့်မည်ဟု မိန့်တော်မူ၏။" (လုကာ ၁၂:၄၀) "ကောင်းကင်တဘက်မှ ပြက်သောလျှပ်စစ်သည် ကောင်းကင်အနှံ့အပြား ထွန်းလင်းသကဲ့သို့၊ လူသား သည် မိမိနေ့ရက်၌ ဖြစ်တော်မူလတံ့။ ထိုသို့မဖြစ်မှီ သူသည် များစွာသောဆင်းရဲဒုက္ခကို၎င်း၊ ယခုလူမျိုး၏ ငြင်းပယ်ခြင်းကို၎င်း ခံရမည်။" (လုကာ ၁၇:၂၄-၂၅) ဒီဟောကိန်းတွေထဲမှာ "လူသား" ဒါမှမဟုတ် "လူသားသည် ကြွလာလိမ့်မည်" လို့ပဲ ပြဆိုပါတယ် လူသား ဆိုတဲ့ အသုံးအနှုန်းဟာ လူအဖြစ်မွေးဖွားလာသူတစ်ယောက်နဲ့ သာမန်လူ့သဘာဝ ရှိတယ် ကိုပဲ ညွှန်းပါတယ် ဒါကြောင့် ဝိညာဉ်တော်ကို "လူသား"လို့ ခေါ်လို့မရပါဘူး ဥပမာ ယေဟောဝါဘုရားသခင်ဟာ ဝိညာဉ်တော်ဖြစ်တာကြောင့်၊ သူ့ကို "လူသား" လို့ ခေါ်လို့မရဘူး လူတချို့က ကောင်းကင်တမန်တွေ မြင်ဖူးခဲ့ကြတယ် ကာင်းကင်တမန်တော်တွေဆိုရင်လည်း ဝိညာဉ်သက်ရှိတွေဖြစ်လို့ သူတို့ကို "လူသား" လို့ခေါ်လို့မရပါဘူး လူရဲ့အသွင်အပြင်ရှိပေမယ့် နာမ်ပိုင်းဆိုင်ရာခန္ဓာကိုယ်တွေနဲ့ပေါင်းစပ်ထားသူတွေကိုလည်း "လူသား" လို့ မခေါ်နိုင်ပါဘူး လူ့ဇာတိခံယူခဲ့တဲ့ သခင်ယေရှုကို "လူသား" "ခရစ်တော်" အဖြစ် ခေါ်ခဲ့ကြတယ် ဘာကြောင့်လဲဆိုတော့ သူဟာ ဘုရားသခင်ဝိညာဉ်တော်ကနေ လူ့ဇာတိခံယူထားတာဖြစ်တဲ့အပြင် သာမန် ပုံမှန်လူတစ်ယောက်ဖြစ်လာပြီး၊ လူတွေနဲ့အတူ နေထိုင်ခဲ့တာဖြစ်ပါတယ် ဒါကြောင့် သခင်ယေရှုက "လူသား" ဒါမှမဟုတ် "လူသားသည် ကြွလာလိမ့်မည်" လို့ မိန့်ဆိုခဲ့တာဟာ ဘုရားသခင်အနေနဲ့ နောက်ဆုံးသောကာလမှာ လူ့ဇာတိခံယူပြီး ကြွလာလိမ့်မယ်ဆိုတာကို ရည်ညွှန်းခဲ့တာပါပဲ အထူးသဖြင့် ဒီလိုမိန့်ဆိုခဲ့တယ် "ထိုသို့မဖြစ်မီ သူသည် များစွာသောဆင်းရဲဒုက္ခကိုလည်းကောင်း၊ ယခုလူမျိုး၏ငြင်းပယ်ခြင်းကိုလည်းကောင်း ခံရမည်" ဒီမိန့်ဆိုချက်မှာဆိုရင် သခင်ဘုရား ပြန်ပြီးကြွရောက်တဲ့အခါ လူ့ဇာတိခံပြီးကြွလာမယ့်အကြောင်းကို အရှင်းဆုံးသက်သေပြပါတယ် တကယ်လို့ ဘုရားသခင်က လူ့ဇာတိခံပြီးကြွမလာဘဲ၊ နာမ်ဆိုင်ရာခန္ဓာကိုယ်တစ်ခုနဲ့ ကြွလာမယ်ဆိုရင်၊ ခုနပြောတဲ့ ဆင်းရဲဒုက္ခတွေကို ခံရမှာမဟုတ်ဘူးလေ ဒီမိန့်ဆိုချက်မှာပါတဲ့ ယခုလူမျိုး၏ငြင်းပယ်ခြင်းဆိုတာကိုလည်း ခံရတော့မှာမဟုတ်ဘူး။ ဒါတော့ သေချာတယ် ဒါကြောင့် သခင်ယေရှုဟာ လူ့ဇာတိခံပြီးပြန် ကြွလာတယ်ဆိုတာ သေချာတဲ့အပြင် နောက်ဆုံးသောကာလမှာ တရားစီရင်ခြင်းအမှုကိုလည်း လုပ်ဆောင်မှာပါ

လူတော်တော်များများက မေးပါတယ်။ ကျွန်တော်တို့ကို ကောင်းကင်နိုင်ငံဆီ ခေါ်ဆောင်ဖို့ ပြန်ပြီးကြွလာမယ့်အကြောင်း သခင်က ကတိပြုထားတယ်မဟုတ်လားဆိုတာမျိုး ပြန်ပြီးကြွလာတဲ့အခါ၊ တရားစီရင်ခြင်းအမှုကို ဘုရားသခင်ရဲ့အိမ်တော်ကနေ စလုပ်စရာလိုသေးလို့လားဆိုတာမျိုးပေါ့ တကယ်တော့ သခင်ဟာ မကောင်းမှုမှာကျော်လွှားနိုင်သူတွေကို ရွေးထုတ်ဖို့အတွက် တရားစီရင်ခြင်းအမှုကို လုပ်ဆောင်တာပါ တစ်နည်းပြောရရင် သူတော်စင်တွေကို ချီဆောင်ဖို့ပါ နောက်ဆုံးသောကာလမှာ သခင်ဘုရား ပြန် ကြွလာပြီး၊ တရားစီရင်ခြင်းအမှုကို ဘာကြောင့် လုပ်ကိုလုပ်မယ်ဆိုတာနဲ့ပတ်သက်ရင်၊ သမ္မာကျမ်းထဲမှာ အထောက်အထားအများကြီး ရှိပါတယ် နောက်ဆုံးသောကာလမှာ တရားစီရင်ခြင်းအမှုကိုပြုဖို့ ဘုရားသခင် ပြန် ကြွလာမယ်ဆိုတဲ့ ဒီဟောကိန်းကို သမ္မာကျမ်းထဲမှာ တခြားအကြောင်းအရာတွေထက် ပိုပြီးအတွေ့များပါတယ်။ သာဓကပေါင်း အနည်းဆုံး ၂၀၀ ကျော်တယ် တရားစီရင်ခြင်းအမှုအတွက် ဘုရားသခင်က လူ့ဇာတိခံမယ်လို့ ဟောကိန်းထုတ်တဲ့ ကျမ်းစာတွေလည်း အများကြီးရှိတယ် ဥပမာပြရရင် "ထာဝရဘုရားသည် လူမျိုးတို့တွင် တရားစီရင် ၍၊ များပြားသောသူတို့ကို ဆုံးမတော်မူသဖြင့်၊" (ဟေရှာယ ၂:၄) "အကြောင်းမူကား၊ မြေကြီးသားတို့ကို တရား စီရင်ခြင်းငှါ ကြွလာတော်မူ၏။ လောကာသားတို့ကို ဖြောင့်မတ်စွာ စီရင်၍၊ လူများကို ဟုတ်မှန်ခြင်းတရား အတိုင်း စီရင်ဆုံးဖြတ်တော်မူလတံ့။" (ဆာလံ ၉၈:၉) "ဘုရားသခင်ကိုကြောက်ရွံ့၍ ချီးမွမ်းကြလော့။ တရားစီရင်တော်မူသော အချိန်ရောက်လာပြီ။" (ဗျာဒိတ် ၁၄:၇) "အကြောင်းမူကား၊ ခန့်ထားတော်မူသော သူအားဖြင့် လောကီသားတို့ကို ဖြောင့်မတ်ခြင်းတရားနှင့် ညီလျော်စွာစစ်ကြောစီရင် မည့်နေ့ရက်ကို ချိန်းချက် တော်မူပြီ။" (တမန်တော်ဝတ္ထု ၁၇:၃၁) "သားတော်သည် လူသားဖြစ်သောကြောင့် တရားစီရင်ခြင်းအခွင့်ကိုလည်း အပ်ပေးတော်မူ၏။" (ယော ၅:၂၇) "ခမည်းတော်သည် အဘယ်သူကိုမျှ မတရားစီရင်တော်မမူ။ တရားစီရင်ခြင်းအခွင့်ရှိသမျှကို သားတော်အား အပ်ပေးတော်မူ၏။…" (ယော ၅:၂၃) "ငါ့ကိုပယ်၍ငါ့စကားကို နာမခံသောသူအားအပြစ်စီရင်သောသူရှိသေး၏။ ငါဟောပြောသော စကား ပင် နောက်ဆုံးသောနေ့၌ ထိုသူအားအပြစ်စီရင်လိမ့်မည်။" (ယော ၁၂:၄၈) "ဘုရားသခင်၏အိမ်တော်သားတို့ကို ရှေ့ဦးစွာစစ်ကြောစီရင်ရသော အချိန်ရှိပြီ။" (၁ပေ ၄:၁၇) တခြားသာဓကတွေ အများကြီးရှိပါသေးတယ် တရားစီရင်ခြင်းအမှုကိုပြုဖို့အတွက် ဘုရားသခင်ရဲ့လူ့ဇာတိခံခြင်းဟာ နောက်ဆုံးသောကာလမှာ သေချာပေါက်ဖြစ်လာမယ်ဆိုတာကို ဒီကျမ်းစာတွေက အရှင်းဆုံးပြနေပါတယ်

ဘုရားသခင်ဟာ နောက်ဆုံးသောကာလမှာ လူ့ဇာတိခံယူရင်း၊ လူတွေကို တရားစီရင်ဖို့ သန့်စင်စေဖို့ ကယ်တင်ဖို့အတွက် တရားတော်တွေကို ဟောကြားမှာပါ ပြန်ပြီးကြွရောက်မယ့် သခင်ယေရှုရဲ့အသံတော်ကို ကြားနိုင်ပြီး၊ သူ့ကို ရှာဖွေ၊ လက်ခံနိုင်သူတွေအားလုံးဟာ ဉာဏ်ပညာနဲ့ပြည့်စုံတဲ့ကညာပျိုတွေဖြစ်တဲ့အပြင်၊ သိုးသငယ်ရဲ့မင်္ဂလာ ပွဲကိုလည်း သခင်ယေရှုနဲ့အတူ တက်ရောက်ခွင့်ရကြလိမ့်မယ် သခင်ယေရှုရဲ့ဟောကိန်းကို သက်သေထူတဲ့ ကျမ်းစာတစ်ခုရှိပါသေးတယ် "သန်းခေါင်ယံ၌ကြည့်ပါ။ မင်္ဂလာဆောင်လုလင်သည် လာပြီ။ ခရီးဦးကြိုပြုခြင်းငှါ ထွက်သွားကြကုန်ဟု ကြွေးကြော်လျှင်။" (ရှင်မဿဲ ၂၅:၆) ဉာဏ်ပညာနဲ့ပြည့်စုံတဲ့ကညာပျိုတွေဟာ သခင်ရဲ့အသံတော်ကို ကြားပြီး ကြိုဆိုဖို့ သွားကြတယ် နောက်ဆက်တွဲ သူတို့ ကြုံကြရတဲ့အရာကတော့ သူတို့တွေဟာ ချီဆောင်ခြင်းခံရပြီး၊ သခင်နဲ့ ဖူးတွေ့ခွင့်ရကြတယ် နောက်ဆုံးသောကာလမှာ လုပ်ဆောင်မယ့် ဘုရားသခင်ရဲ့တရားစီရင်ခြင်း၊ သန့်စင်ခြင်း၊ ပြီးပြည့်စုံစေခြင်းတွေကို သူတို့တွေက လက်ခံတယ် နောက်ဆုံးမှာ ဘုရားသခင်ရဲ့နုတ်ကပတ်တော်တွေအားဖြင့် တရားစီရင်မှုမှတဆင့်… သူတို့ရဲ့ပျက်စီးနေတဲ့စိတ်သဘောထားတွေက သန့်စင်သွားတယ်။ ပြီးတော့ မကောင်းမှုမှာကျော်လွှားနိုင်သူတွေအဖြစ် ပြီးပြည့်စုံသွားတယ် ကျွန်တော်တို့က သခင်ကတိတော်ထားတဲ့အတိုင်း ဖြစ်ချင်တယ်ဆိုရင်တော့ နောက်ဆုံးသောကာလခရစ်တော်ဖြစ်တဲ့ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ရှေ့တော်မှောက်ကို ဦးဆုံး မရောက်ရောက်အောင်ဝင်ရမယ် နောက်ဆုံးသောကာလမှာ ပြုလုပ်မယ့် ဘုရားသခင်ရဲ့ တရားစီရင်ခြင်းနဲ့ အပြစ်ပေးခြင်းကို လက်ခံရမယ်။ ဒါမှလည်း သန့်စင်ခြင်းနဲ့ ပြီးပြည့်စုံခြင်းကို ရလာမှာလေ ကျွန်တော်တို့က အဲဒီလိုမလုပ်ဘူးဆိုရင်တော့၊ ကောင်းကင်နိုင်ငံဆီ ချီဆောင်ခံရဖို့ အရည်အချင်းပြည့်မီမှာ မဟုတ်ဘူး အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တချို့ကို ဖတ်ကြည့်ရအောင် အနန္တတန်ခိုးရှင်ဘုရားသခင်ပြောသည်-
"နောက်ဆုံးကာလအတွင်းတွင် ယေရှုသည် ဆင်းသက်လာမည်ကိုသာ သင်သိသည်၊ သို့သော်လည်း အတိအကျအားဖြင့် သူမည်သို့ ဆင်းသက်လာမည်နည်း။ သင်ကဲ့သို့ အပြစ်သားတစ်ဦးသည် ရွေးနှုတ်ခြင်း ခံရပြီးစဖြစ်ပြီး မပြောင်းလဲသေး၊ သို့မဟုတ် ဘုရားသခင်အားဖြင့် ပြည့်စုံခြင်းသို့ မရောက်သေး သူအနေနှင့် သင်သည် ဘုရားသခင်၏ စိတ်နှလုံးနှင့် ညီနိုင်သလော။ လူဟောင်းအတိုင်း ရှိနေဆဲဖြစ်သည့် သင့်အတွက်ဆိုလျှင် သင့်ကို ယေရှုက ကယ်တင်ခဲ့သည်မှာ မှန်ပြီး ဘုရားသခင်၏ ကယ်တင်ခြင်းကြောင့် သင့်ကို အပြစ်သားအဖြစ် မရေတွက်သော်လည်း ၎င်းက သင်သည် အပြစ်ကင်းပြီး မသန့်ရှင်းသူမဟုတ်ကြောင်း သက်သေပြခြင်း မဟုတ်ပေ။ သင်သည် မပြောင်းလဲသေးပါက သင်သည် မည်ကဲ့သို့လျှင် သန့်ရှင်းစင်ကြယ်ခြင်း ရှိနိုင်မည်နည်း။ အတွင်းသဏ္ဌာန်အားဖြင့် သင်သည် မသန့်ရှင်းခြင်း၊ အတ္တနှင့် ညစ်ကျယ်ကျယ်ဖြစ်ခြင်းတို့ဖြင့် ဖွဲ့စည်းထားသည့်တိုင်အောင် သင်သည် ယေရှုနှင့်အတူ ဆင်းသက်လိုနေဆဲ ဖြစ်သည်၊ ယုတ္တိရှိလိုက်သည့် ဖြစ်ခြင်း။ သင်သည် သင်၏ ဘုရားသခင်ထံကို ယုံကြည်ခြင်းတွင် အဆင့်တစ်ခု ပျောက်ဆုံးနေသည်။ သင်သည် ရွေးနုတ်ခြင်း ခံရရုံသာ ရှိသေးသည်၊ သို့သော် သင်သည် မပြောင်းလဲသေး။ သင်သည် ဘုရားသခင်၏ စိတ်နှလုံးနှင့် ညီညွတ်ရန် လိုသေးသောကြောင့် ဘုရားသခင်သည် သင့်ကို ပြောင်းလဲရန်နှင့် သန့်စင်စေရန် အလုပ်တို့ကို ကိုယ်တိုင်လုပ်ရမည်။ သင်သည် အကယ်၍ ကယ်နုတ်ခြင်းကို ခံရရုံသာဖြစ်ပါက သင်သည် သန့်ရှင်းခြင်းကို ရယူရန် စွမ်းဆောင်နိုင်လိမ့်မည် မဟုတ်ပေ။ ပြောင်းလဲခြင်းနှင့် စုံလင်ခြင်း၏ အဓိကအဆင့်ဖြစ်သော လူကို စီမံခန့်ခွဲသည့် ဘုရားသခင်၏ အလုပ်တွင် အဆင့်တစ်ဆင့်ကို လွတ်သွားခဲ့သည့်အတွက် ဤနည်းလမ်းအားဖြင့် သင်သည် ဘုရားသခင်၏ ကောင်းမြတ်သော ကောင်းချီးများကို ဝေမျှရန် အရည်အသွေးပြည့်မီလိမ့်မည် မဟုတ်ပေ။ သို့ဖြစ်ရာ ရွေးနုတ်ခြင်းကို မကြာသေးမီက ရရှိသော အပြစ်သားတစ်ဦးဖြစ်သည့် သင်သည် ဘုရားသခင်၏ အမွေအနှစ်ကို တိုက်ရိုက် အမွေဆက်ခံရန် စွမ်းဆောင်နိုင်မည်မဟုတ်ပေ။" နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အမည်နာမများနှင့် ကိုယ်ပိုင်လက္ခဏာတို့နှင့် ပတ်သက်၍ "နောက်ဆုံးသော ကာလ၏ ခရစ်တော်သည် အသက် ယူဆောင်လာ၍ အဓွန့်ရှည်စွာ တည်တံ့ကာ ထာဝရ တည်ရှိသော သမ္မာတရား၏ လမ်းခရီးကို ယူဆောင်လာ၏။ ဤသမ္မာတရားသည် လူသား အသက်ရရှိမည့် လမ်းကြောင်းဖြစ်၍ လူသားက ဘုရားသခင်ကို သိမည့် တစ်ခုတည်းသော လမ်းကြောင်းနှင့် ဘုရားသခင်က ခွင့်ပြုမည့် တစ်ခုတည်းသော လမ်းကြောင်းဖြစ်၏။ နောက်ဆုံးသောကာလတွင် ခရစ်တော်က ပေးသည့် အသက်၏ လမ်းခရီးကို သင်မရှာပါက သင်သည် ယေရှု၏ အတည်ပြုမှု မည်သည့်အခါမျှ ရမည်မဟုတ်ဘဲ ကောင်းကင်နိုင်ငံတော်၏ တံခါးကိုဝင်ရန် မည်သည့်အခါမျှ အရည်အချင်းမီမည် မဟုတ်ပါ။ အဘယ်ကြောင့်ဆိုသော် သင်သည် သမိုင်း၏ ရုပ်သေး အကျဉ်းသားပါ ဖြစ်သောကြောင့် ဖြစ်၏။" နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ "နောက်ဆုံးသော ကာလ၏ ခရစ်တော်သည်သာ လူသားအား ထာဝရအသက်၏ လမ်းခရီးကို ပေးနိုင်သည်" မှ "ခရစ်တော် ပြောဆိုခဲ့သည့် သမ္မာတရားကို အားကိုးခြင်းမရှိဘဲ အသက်ရရှိလိုသူတို့သည် ကမ္ဘာမြေကြီးပေါ်တွင် ရယ်စရာအကောင်းဆုံး သူများဖြစ်၍ ခရစ်တော် ယူဆောင်လာသည့် အသက်၏ လမ်းခရီးကို လက်မခံ သူတို့သည် စိတ်ကူးယဉ်၌ ပျောက်ဆုံးနေသူများ ဖြစ်ကြ၏။ ထို့ကြောင့် နောက်ဆုံးသောကာလ ခရစ်တော်ကို လက်မခံသူများသည် ဘုရားသခင်၏ လွန်စွာမုန်းတီးမှုကို ထာဝရခံရမည်ဖြစ်သည်ဟု ငါဆို၏။ ခရစ်တော်သည် နောက်ဆုံးသော ကာလတွင် နိုင်ငံတော်သို့ လူသား ဝင်ရောက်ရန် တံခါးပေါက်ဖြစ်၍ မည်သူမျှ ကျော်လွှား၍ မရနိုင်ပါ။ ခရစ်တော်ကို အမှီမပြုလျှင် မည်သူမျှ ဘုရားသခင်၏ စုံလင်စေခြင်းကို မခံရနိုင်ပါ။" နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ "နောက်ဆုံးသော ကာလ၏ ခရစ်တော်သည်သာ လူသားအား ထာဝရအသက်၏ လမ်းခရီးကို ပေးနိုင်သည်" မှ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေက ကောင်းကင်နိုင်ငံဆီ သွားရာလမ်းကို ညွှန်ပြပြီးသားပါ ကောင်းကင်နိုင်ငံတော်ဆီ ဝင်ပေါက်ဟာ နောက်ဆုံးသောကာလခရစ်တော်ပါပဲ လူတစ်ယောက်ဟာ နောက်ဆုံးသောကာလခရစ်တော်ရဲ့ တရားစီရင်ခြင်းအမှုကို မခံယူဘူးဆိုရင် သူဟာ သန့်စင်ခြင်း ပြီးပြည့်စုံခြင်း မရနိုင်သလို၊ ဘုရားသခင်ရဲ့နိုင်ငံတော်ဆီလည်း ဘယ်တော့မှ ဝင်ခွင့်ရမှာမဟုတ်ဘူး ဒါဟာ လူ့ဇာတိခံယူတဲ့ ဘုရားသခင်ကိုယ်တိုင် အထင်အရှားပြထားတဲ့ ဩဇာအာဏာပါပဲ နောက်ဆုံးသောကာလမှာ သခင်ဘုရား ဒုတိယအကြိမ်ပြန်ပြီးကြွရောက်တဲ့အခါ၊ တရားစီရင်ခြင်းအမှုကိုပြုဖို့အတွက် လူ့ဇာတိခံယူလိမ့်မယ်ဆိုတဲ့အချက်ကို ဒါက သက်သေပြပါတယ် ဘုရားသခင်ဟာ ဒီလောက်အထိကို ပြီးမြောက်အောင်မြင်နေပါပြီ နောက်ဆုံးသောကာလမှာ ပြုလုပ်မယ့် ဘုရားသခင်ရဲ့အမှုတော်ကို လက်မခံဘဲ၊ ကောင်းကင်နိုင်ငံတော်ဆီ ဝင်ခွင့်ရနိုင်မယ်လို့ ထင်နေတဲ့သူတွေ ရှိနေသေးတယ်ဆိုရင်တော့ ဒါဟာ သူတို့ရဲ့အယူအဆနဲ့ အတွေးမှားတွေရဲ့လက္ခဏာပါပဲ။ ဘယ်တော့မှ ဖြစ်လာမှာမဟုတ်ပါဘူး

ဒါပေမဲ့ ကျွန်တော် နားမလည်တာက သခင်ဟာ လူ့ဇာတိခံပြီး တကယ်ပဲကြွလာခဲ့ပြီဆိုရင် သမ္မာကျမ်းထဲမှာ သခင်က ကောင်းကင်ထက်ကနေ ကြွလာလိမ့်မယ်ဆိုတဲ့ စာပိုဒ်တွေက ဘာဖြစ်လို့အများကြီးပါနေတာလဲ ဒါကိုကော ခင်ဗျားတို့ ဘယ်လိုရှင်းပြမလဲ သခင်ဟာ ကောင်းကင်ထက်ကနေ ဘုန်းကျက်သရေအပြည့်နဲ့ ကြွလာမယ့်အကြောင်း ဟောကိန်းထုတ်ထားတာတွေက သမ္မာကျမ်းထဲမှာ တော်တော်လေးပါတယ်ဆိုတဲ့အချက်ကို ခင်ဗျားက ထောက်ပြတယ်နော်။ ဒါက မှန်ပါတယ် ဒါပေမဲ့ သခင်ဟာ တိတ်တဆိတ် ကြွလာမယ့်အကြောင်း ဟောကိန်းထုတ်ပြတဲ့ကျမ်းပိုဒ်တွေက သမ္မာကျမ်းထဲမှာ ပိုပြီးတော့များပါတယ် ဥပမာ "သူခိုးကဲ့သို့ ငါလာ၏။" (ဗျာ ၁၆:၁၅) "သင်တို့ မထင်မမှတ်သော အချိန်နာရီ၌ လူသားသည်ကြွလာလိမ့်မည်။" (မဿဲ ၂၄:၄၄) "ထိုအချိန်နာရီကိုကား၊ ခမည်းတော်မှတပါးအဘယ်သူမျှမသိ။ ကောင်းကင်တမန်များမသိ။ သားတော် လည်းမသိ။" (မာကု ၁၃:၃၂) ခင်ဗျားတို့တွေ့တဲ့အတိုင်းပါပဲ၊ သခင်ပြန် ကြွလာမယ့်နည်းလမ်းက နှစ်ခုရှိနေတယ် တစ်ခုက လူသိရှင်ကြားဖြစ်တယ်၊ တစ်ခုကတော့ လျှို့ဝှက်တယ် ကျွန်တော်တို့ ဒီနေ့ သက်သေခံခဲ့ကြတဲ့ နောက်ဆုံးသောကာလမှာ လူ့ဇာတိခံယူမယ့် အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ တရားစီရင်ခြင်းအမှုဟာ လျှို့ဝှက်ပြီး ပြန် ကြွလာမယ့် သခင်ရဲ့အမှုတော်ပါပဲ ဘုရားသခင်ဟာ လူတွေကြားထဲမှာ သာမန်လူတစ်ယောက်ရဲ့ပုံစံနဲ့ လူ့ဇာတိခံယူလိုက်တာဖြစ်တဲ့အတွက် သူဟာ လျှို့ဝှက်ပြီး ပေါ်ထွန်းတာဖြစ်ပါတယ် သူဟာ ဘုရားသခင်ဖြစ်ကြောင်း ဘယ်သူမှ အတတ်မပြောနိုင်သလို၊ မည်သူမည်ဝါဖြစ်ကြောင်းကိုလည်း ဘယ်သူမှ မသိနိုင်ပါဘူး လူသားကိုယ်တိုင် အမှုတော်ကိုစတင်ပြီး၊ ဟောကြားချိန်မှသာ၊ အသံတော်ကို ခွဲခြားနိုင်သူတွေအနေနဲ့ ဘယ်သူဖြစ်ကြောင်း သိလာကြမှာပါ အသံတော်ကို မခွဲခြားနိုင်သူတွေကတော့ သူ့ကို သာမန်လူတစ်ယောက်အဖြစ် ဆက်ဆံပြီး၊ ငြင်းပယ်ကြမှာ သေချာပါတယ် သခင်ယေရှု လူ့ဇာတိခံယူခဲ့တဲ့ အချိန်တုန်းကလိုပဲပေါ့။ အပြင်ပန်း အသွင်အပြင်မှာက သာမန်ပျမ်းမျှလူတစ်ယောက်လို ဖြစ်နေတယ်လေ ဒါကြောင့် လူအများစုက သူ့ကို ငြင်းပယ်ခဲ့ကြတယ်၊ ဆန့်ကျင်ကြတယ်၊ ရှုတ်ချခဲ့ကြတယ် ဒါပေမဲ့ တချို့ကတော့ သခင်ယေရှုရဲ့မိန့်ဆိုချက်တွေ အမှုတော်တွေကတစ်ဆင့် သူ့ကို ဘုရားသခင် ပေါ်ထွန်းခြင်းဆိုပြီး၊ လူ့ဇာတိခံယူတဲ့ ခရစ်တော်အဖြစ် အသိအမှတ်ပြုနိုင်ခဲ့ကြတယ် အခုချိန်မှာ အနန္တတန်ခိုးရှင်ဘုရားသခင်က သူ့ရဲ့အမှုတော်ကိုပြုဖို့၊ လူတွေကို ကယ်တင်ဖို့၊ လျှို့ဝှက်ပြီးကြွရောက်ရမယ့်အဆင့်ကို ရောက်ပါပြီ လောလောဆယ်မှာတော့ လူတွေကို တရားစီရင်ဖို့၊ သန့်စင်စေဖို့၊ ပြည့်စုံစေဖို့အတွက် နှုတ်ကပတ်တော်တွေကို ဖော်ထုတ်နေမှာပါ ဒီလိုအခြေအနေမျိုးမှာ လူတွေအနေနဲ့ သခင်ကို အများရှေ့မှာ ကောင်းကင်ထက်ကနေ ကြွလာတာမျိုး မြင်ကြရမှာမဟုတ်ဘူး မကောင်းမှုမှာကျော်လွှားနိုင်သူတွေကို ရွေးထုတ်ပြီးတဲ့အချိန် ပြီးတော့ ဘုရားသခင် လူ့ဇာတိခံယူပြီး၊ လူတွေကြားထဲ လျှို့ဝှက်ပြီး ကြွရောက်မှု ပြီးမြောက်ချိန်ရောက်မှသာ ကပ်ဘေးတွေက ကမ္ဘာကြီးပေါ် ကျရောက်လာလိမ့်မယ်။ ဘုရားသခင်ကလည်း လူမျိုးအားလုံးရဲ့ရှေ့မှာ ထင်ထင်ရှားရှားကိုယ်ထင်ပြရင်း လိမ္မာသူတွေကို ဆုလာဘ်ချီးမြှင့်မယ်။ ဆိုးသူတွေကိုတော့ အပြစ်ပေးပါလိမ့်မယ် သခင်ဟာ အားလုံးရဲ့ရှေ့မှာ ကမ္ဘာမြေပေါ် ဆင်းသက်လာမယ်ဆိုတဲ့ ဟောကိန်းတွေက အဲဒီအချိန်မှာမှ အမှန်တကယ်ဖြစ်လာမှာပါ "ထိုအခါ လူသား၏နိမိတ်လက္ခဏာသည် ကောင်းကင်၌ထင်ရှားလိမ့်မည်။ မြေကြီးပေါ်မှာ လူအပေါင်း တို့သည် ငိုကြွေးမြည်တမ်းကြ၍၊ လူသားသည်ကြီးစွာသော ဘုန်းတန်ခိုးအာနုဘော်ကိုဆောင်လျက်၊ မိုဃ်းတိမ် ကိုစီး၍ ကြွလာတော်မူသည်ကိုမြင်ရကြလိမ့်မည်။" (မဿဲ ၂၄:၃၀) "ကြည့်ရှုလော့။ မိုဃ်းတိမ်နှင့်တကွ ကြွလာတော်မူသည်ဖြစ်၍၊ ကိုယ်တော်ကို ထိုးဖောက်သော သူတို့နှင့် ရှိသမျှသောသူတို့သည် ကိုယ်တော်ကို ရှုမြင်ရ ကြလိမ့်မည်။ မြေကြီးသားအမျိုးမျိုးရှိသမျှတို့သည် ကိုယ်တော်ကြောင့် ငိုကြွေးမည်တမ်းရကြလိမ့်မည်။" (ဗျာဒိတ် ၁:၇) သခင်ဟာ လူမျိုးအားလုံးရဲ့ရှေ့မှာ မိုးတိမ်ကိုစီးရင်း ကြွလာတာကို လူတွေ မြင်ရတဲ့အခါ၊ သဘောတရားအရဆိုရင် လူတွေအနေနဲ့ အရမ်းကို ပျော်ရွှင်သွားသင့်တာမဟုတ်လား ဒါပေမဲ့ "မြေကြီးပေါ်မှ လူအပေါင်းတို့သည် ငိုကြွေးမြည်တမ်းကြ၍" လို့ ဆိုထားတယ်။ ဒါက ဘာကြောင့်လဲ ဘာကြောင့်လဲဆိုတော့ ဘုရားသခင်ဟာ နောက်ဆုံးမှာ လူအများရှေ့ကို ထွက်ပြလိုက်ပြီဆိုတာနဲ့ လူ့ဇာတိခံယူပြီး လူတွေကြားထဲ လျှို့ဝှက်ကြွရောက်ရင်း ဆောင်ရွက်နေတဲ့ ကယ်တင်ခြင်းအမှုဟာ ပြီးမြောက်သွားပြီဆိုတဲ့သဘောဖြစ်လို့ပါပဲ အဲဒီနောက်မှာမှ ဘုရားသခင်ဟာ လိမ္မာသူတွေကို ဆုချသလို၊ ဆိုးသွမ်းသူတွေကို အပြစ်ပေးမယ့်အမှုတော်ကို စပြီးလုပ်ဆောင်မှာပါ အဲဒီအချိန်မှာမှ ဘုရားသခင်ရဲ့လျှို့ဝှက်အမှုတော်ကို ငြင်းပယ်ခဲ့သူတွေအားလုံးဟာ ကယ်တင်ခြင်းခံရမယ့်အခွင့်အရေးကို လုံးဝဆုံးရှုံးသွားကြလိမ့်မယ် ဒါ့အပြင် ကိုယ်တော်ကို ထိုးဖောက်ခဲ့သူတွေရှိမယ် တစ်နည်းပြောရရင် နောက်ဆုံးသောကာလခရစ်တော်ဖြစ်တဲ့ အနန္တတန်ခိုးရှင်ဘုရားသခင်ကို ဆန့်ကျင်ရှုတ်ချခဲ့သူတွေပေါ့လေ သူတို့တွေ ဆန့်ကျင်ရှုတ်ချမိခဲ့သူဟာ ဒုတိယအကြိမ်ကြွရောက်လာတဲ့ သခင်ယေရှုမှန်း သိသွားကြတော့ သူတို့တွေခမျာ ရင်ဘတ်စည်တီးရင်း အော်ဟစ်မငိုကြွေးဘဲ နေနိုင်ကြပါတော့မလား ဒါကြောင့် "မြေကြီးပေါ်မှ လူအပေါင်းတို့သည် ငိုကြွေးမြည်တမ်းကြ၍" ဆိုတာ ဒီမြင်ကွင်းပါပဲ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့နှုတ်ကပတ်တော်ထဲက နောက်ထပ်စာပိုဒ်တစ်ခုကို ဖတ်ကြည့်ရအောင်

အနန္တတန်ခိုးရှင်ဘုရားသခင်ပြောသည်- "ငါပြောသည့်အရာများကို များစွာသောလူတို့သည် ဂရုမစိုက်ဘဲနေကောင်းနေနိုင်သည်။ သို့သော် ဖြူသောမိုးတိမ်ပေါ်မှနေ၍ ယေရှုသည် ကောင်းကင်ဘုံမှဆင်းသက်လာသည်ကို သင်တို့မျက်စိဖြင့်တွေ့သည့်အခါ ဤသည်မှာ ဖြောင့်မတ်ခြင်း၏နေမင်း လူသိရှင်ကြားပေါ်ထွက်လာခြင်းဖြစ်၏ဟု သန့်ရှင်းသူများဟုဆိုသော ယေရှု၏နောက်သို့ လိုက်သူတိုင်းကို ငါပြောလိုသေး၏။ သင့်အတွက် ထိုအချိန်သည် အလွန်စိတ်လှုပ်ရှားဖွယ်ကောင်းသည့်အချိန် ဖြစ်ကောင်းဖြစ်နိုင်သည်။ သို့သော် ယေရှုကောင်းကင်ဘုံမှ ဆင်းသက်သည်ကို သင်တွေ့ချိန်သည် အပြစ်ဒဏ်ပေးခံရရန် သင်ငရဲသို့ဆင်းချိန်ဖြစ်ကြောင်းကိုလည်း သင်သိသင့်သည်။ ဤအချိန်သည် ဘုရားသခင်၏စီမံခန့်ခွဲမှုအစီအစဉ် အဆုံးသတ်ချိန်ကို ကြေညာပြီး ဘုရားသခင်မှ ကောင်းသောသူများကို ဆုချ၍ စဉ်းလဲသူများကို အပြစ်ပေးချိန် ဖြစ်လိမ့်မည်။ အကြောင်းမှာ သမ္မာတရားကို ဖော်ပြချက်သာရှိသည့် အချိန်ဖြစ်သော၊ လူသားသည် နိမိတ်လက္ခဏာများကို မမြင်မီတွင် ဘုရားသခင်၏ တရားစီရင်ခြင်းအမှုသည် ပြီးဆုံးခဲ့ပြီးဖြစ်လိမ့်မည် ဖြစ်သောကြောင့်တည်း။ သမ္မာတရားကိုလက်ခံ၍ နိမိတ်လက္ခဏာများကို ရှာဖွေခြင်းမရှိသဖြင့် သန့်စင်ခြင်းခံရပြီးသူများသည် ဘုရားသခင်၏ပလ္လင်တော်ရှေ့သို့ တစ်ဖန်ပြန်ရောက်ပြီး ဖန်ဆင်းရှင်၏ ထွေးပိုက်မှုသို့ ဝင်ရောက်ရမည်။ "ဖြူသောမိုးတိမ်မစီးသည့် ယေရှုသည် မှားယွင်းသော ယေရှုဖြစ်သည်" ဟု မလျှော့တမ်းယုံကြည်သူများသည်သာ ထာဝရအပြစ်ဒဏ်ပေးခြင်း ခံရမည်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ထိုသူတို့သည် နိမိတ်လက္ခဏာများပြသော ယေရှုကိုသာယုံကြည်ကြကာ ပြင်းထန်သည့်တရားစီရင်မှုကို ကြွေးကြော်၍ စစ်မှန်သော အသက်လမ်းကို ထုတ်ပေးသော ယေရှုကိုကား အသိအမှတ်မပြုကြသောကြောင့်ဖြစ်သည်။ ထို့ကြောင့် ယေရှုသည် ဖြူသောမိုးတိမ်ပေါ်မှ ပွင့်လင်းစွာ တစ်ဖန်ကြွလာချိန်မှ ထိုသူတို့ကို ကိုင်တွယ်ဖြေရှင်းနိုင်မည် ဖြစ်သည်။ ထိုသူတို့သည် ခေါင်းမာလွန်း၏။ မိမိကိုယ်ကိုယုံကြည်စိတ်များလွန်းပြီး ဝင့်ဝါလွန်းကြသည်။ ဤမျှကိုယ်ကျင့်တရားပျက်ယွင်းနေသူများကို ယေရှုအနေဖြင့် မည်သို့ဆုချနိုင်မည်နည်း။ သမ္မာတရားကို လက်ခံနိုင်စွမ်းမရှိသူများအတွက် ဤသည်မှာ ပြစ်ဒဏ်စီရင်ခြင်း၏ လက္ခဏာတစ်ရပ်ဖြစ်သည်။ သင်တို့သည် မိမိလမ်းကြောင်း မိမိရွေးရမည်ဖြစ်ပြီး သန့်ရှင်းသော ဝိညာဉ်တော်ကို ပြစ်မှားပြောဆိုခြင်းနှင့် သမ္မာတရားကို ငြင်းပယ်ခြင်းတို့ မပြုရ။ သင်တို့သည် အသိဉာဏ်ကင်းမဲ့သူနှင့် ဝင့်ဝါသူများ မဖြစ်ရ။ သို့သော် သန့်ရှင်းသောဝိညာဉ်တော်၏ လမ်းပြမှုကို လိုက်နာ၍ သမ္မာတရားကို တမ်းတကာ ရှာဖွေသူများ ဖြစ်ရမည်။ ဤနည်းဖြင့်သာ သင့်အတွက် အကျိုးရှိမည်။"

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ယေရှု၏ဝိညာဉ်ခန္ဓာကို သင်တွေ့မြင်သည့်အချိန်တွင် ဘုရားသခင်သည် ကောင်းကင်နှင့်မြေကြီးကို အသစ်တစ်ဖန် ပြုလုပ်ပြီးဖြစ်လိမ့်မည်

အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေအရ ကျွန်တော်တို့ နားလည်ထားတာကတော့ နောက်ဆုံးသောကာလမှာ ဘုရားသခင်က လူ့ဇာတိခံပြီး လူတွေကြားထဲ လျှို့ဝှက်ဆင်းသက်မယ့်အမှုတော်ဟာ လူတွေကိုပြီးပြည့်စုံစေခြင်းအမှုမှာ အရေးကြီးတဲ့အဆင့်ပါပဲ ဘုရားသခင်ရဲ့အနှစ်ခြောက်ထောင်အစီအမံထဲမှာ၊ ဒီအမှုတော်ဟာ ဘုရားသခင်အနေနဲ့ လူတွေကို ပြည့်စုံအောင်လုပ်ပေးနိုင်ဖို့အတွက် တကယ့်ကိုရှားရှားပါးပါးအခါအခွင့်တစ်ခု ဖြစ်ပါတယ် ဘုရားသခင်ရဲ့လျှို့ဝှက်အမှုတော်ကို လက်ခံပြီး၊ ပြည့်စုံခြင်းရသွားသူတွေအားလုံးဟာ ဘုရားသခင်ရဲ့အထူးကျေးဇူးတော်ကို ရသွားကြတဲ့အပြင်၊ မင်္ဂလာ အရှိဆုံးသူတွေပါပဲ ကျွန်တော်တို့က ဒီလိုရှားပါးလွန်းတဲ့အခါအခွင့်ကို တန်ဖိုးမထားဘဲ မကောင်းမှုမှာကျော်လွှားနိုင်သူတွေကို ရွေးထုတ်မယ့် ဘုရားသခင်ရဲ့အမှုတော်ကိုပါ လွဲချော်မယ်ဆိုရင်တော့ ကျွန်တော်တို့အနေနဲ့ နောင်တအကြီးအကျယ်ရပြီး၊ အံသွားခဲကြိတ် ငိုကြွေးမြည်တမ်းနေကြရဖို့ပဲ ရှိပါတယ်

မှန်ကန်သော ကိုးကွယ်ခြင်း၏နက်နဲသောအရာ ၏ ရုပ်ရှင် ဇာတ်ညွှန်း မှ

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

နောက်ဆုံးသောကာလထဲက ဘုရားသခင်၏ အမှုတော်သည် အဘယ်ကြောင့် သန့်ရှင်းသော ဝိညာဉ်တော်၏ နည်းလမ်းမှ တဆင့် မလုပ်ဆောင်ရပါသနည်း။ ဘုရားသခင်သည် အဘယ်ကြောင့် သူ့အမှုတော်ကို လုပ်ဆောင်ဖို့ လူ့ဇာတိ၌ ကြွလာရပါသနည်း။

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ- “ပြီးလျှင် သူက၊ ကိုယ်တော်ကို အကျွန်ုပ် အသနားခံပါ၏၊ ကိုယ်တော်၏ ဘုန်းအသရေကို ကျွန်ုပ်အား ပြတော်မူပါဟု ဆို၏။...

သခင်၏ ပြန်ကြွလာခြင်းသည် အဘယ်ကြောင့် တိတ်တဆိတ် ဆင်းသက်ခြင်းဖြစ်သည့် လူ့ဇာတိခံယူခြင်းအပြင် မိုးတိမ်စီးကာ လူသိရှင်ကြား ဆင်းသက်ခြင်းတို့ ပါဝင်ရ ပါသနည်း။

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ- “ကြည့်ရှုလော့ သူခိုးကဲ့သို့ ငါလာ၏။” (ဗျာဒိတ်ကျမ်း ၁၆:၁၆) “သန်းခေါင်ယံ၌ကြည့်ပါ။ မင်္ဂလာဆောင်လုလင်သည် လာပြီ။...

သခင်ယေရှုက သူတစ်ဖန် ကြွလာမည်ဖြစ်ကြောင်း ပြောခဲ့သည်၊ ထို့ကြောင့် နောက်ဆုံးသောကာလတွင် သူ တကယ် ပြန်ကြွလာသည့်အခါ၊ လူများထံသို့ မည်သည့်နည်းလမ်းဖြင့် သူ ပေါ်ထွန်းမည်နည်း။

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ- “ကြည့်ရှုလော့ သူခိုးကဲ့သို့ ငါလာ၏။ အဝတ် အချည်းစည်းနှင့် သွားလာ၍ သူတပါးရှေ့၌ ရှက်စရာ အကြောင်း မရှိစေခြင်းငှာ...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။