အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များစွာကို ငါတို့ ဖတ်ရှုပြီးဖြစ်သည်။ ၎င်းတို့သည် ဩဇာအာဏာနှင့် တန်ခိုးတို့ ပိုင်ဆိုင်ပြီး ဘုရားသခင်၏ အသံတော် ဧကန်အမှန်ဖြစ်ကြပါသည်။ သို့သော် သင်းအုပ်ဆရာများနှင့် အကြီးအကဲများက သမ္မာကျမ်းစာထဲတွင်၊ “ခရစ်တော်၏ ကျေးဇူးအားဖြင့် သင်တို့ကို ခေါ်တော်မူသောသူနှင့် ဤမျှလောက်မြန်မြန်ခွာ၍ သင်တို့သည်အခြားသော ဧဝံဂေလိတရားကို ခံယူကြရသောကြောင့် ငါသည်အံ့ဩခြင်းရှိ၏။ ထိုဧဝံဂေလိတရားသည် ဧဝံဂေလိတရားမဟုတ်။ သင်တို့ကို နှောက်ယှက်၍ ခရစ်တော်၏ ဧဝံ ဂေလိတရားကို မှောက်လှန်ချင်သောသူ အချို့ရှိကြ၏။ သို့သော်လည်း၊ သင်တို့အားငါဟောပြောသော ဧဝံဂေလိတရားမှတပါး အခြားသော ဧဝံဂေလိတရားကို ဟောပြောသော်၎င်း၊ ကောင်းကင်ဘုံမှလာသော ကောင်းကင်တမန်ပြောသော်၎င်း၊ ဟောပြောသောသူသည် ကျိန်တော်မူခြင်းကို ခံစေ။” (ဂလာတိ ၁:၆-၈) ဟု ရေးသားထားသည်ဟု ဆိုကြသည်။ ပေါလုပြောထားသည့် ဤနှုတ်ကပတ်တော်များအတိုင်း လိုက်နာရင်း၊ သင်းအုပ်ဆရာများနှင့် အကြီးအကဲများက အနန္တတန်ခိုးရှင် ဘုရားသခင်၌ ကျွန်ုပ်တို့၏ ယုံကြည်မှုသည် သခင်ယေရှု၏ နာမတော်မှ၊ ပြီးလျှင် သခင်ယေရှု၏ လမ်းခရီးမှ သွေဖည်သည်ဟု ဆိုကြသည်။ ကျွန်ုပ်တို့က အခြားသော ဧဝံဂေလိတရားကို ယုံကြည်ကြပြီး၊ ဤသည်မှာ ယုံကြည်မှုကို စွန့်ပယ်ခြင်း၊ သခင့်ကို သစ္စာဖောက်ခြင်းတစ်ခုဖြစ်သည်ဟု ဆိုကြသည်။ ၎င်းတို့ ပြောသည့်အရာ မှားသည်ဟု ကျွန်ုပ်တို့ ခံစားရသော်လည်း၊ ၎င်းတို့ မည်သည့်နည်းလမ်းတွင် မှားယွင်းသည်ကို ကျွန်ုပ်တို့ သေချာမပြောနိုင်ကြပါ။ ကျေးဇူးပြုပြီး ဤအရာနှင့်ပတ်သက်၍ ကျွန်ုပ်တို့နှင့်အတူ မိတ်သဟာယပြုပေးပါ။

07.12.2021

အဖြေ-

ပေါလု၏ ဤစကားများကို အခြေခံ၍ သင်းအုပ်ဆရာများနှင့် အကြီးအကဲများသည် အနန္တတန်ခိုးရှင်ဘုရားသခင်ကို ယုံကြည်ခြင်းသည် သခင်ယေရှု၏ နာမတော်ကို လက်မခံခြင်း၊ အခြားသော ဧဝံဂေလိတရားကို ယုံကြည်ခြင်း၊ သခင့်ကို သစ္စာဖောက်ခြင်းဖြစ်သည်ဟု ပြောဆိုကြသည်။ သို့သော် ပေါလု၏ စကားများအပေါ် ၎င်းတို့၏ အနက်အဓိပ္ပာယ်ဖွင့်ခြင်းမှာ မှန်ကန်သလော။ သမ္မာကျမ်းစာကို ဖတ်ပြီးနောက်တွင် လူများစွာတို့သည် သမ္မာတရားကို မရှာဖွေကြပေ။ ထိုအချိန်ကာလရှိ အခြေအနေကို သတိမပြုမိကြပေ။ ၎င်းတို့သည် တည်တံ့မှုမရှိစွာ အလျင်အမြန် စည်းမျဉ်းများကို လုံးဝ ကျိုးကြောင်းဆင်ခြင်မှုကင်းမဲ့စွာ ပြဌာန်းသတ်မှတ်ကြသည်။ ယင်းက လူတို့အား အလွယ်တကူ လှည့်စားပြီး လမ်းလွဲစေသည်။ သင်းအုပ်ဆရာများနှင့် အကြီးအကဲများသည် သမ္မာကျမ်းစာအား အခြေအနေအချိန်အခါကို ထည့်သွင်းစဉ်းစားခြင်းမရှိဘဲ ကိုးကားလျှင် မှန်သောလမ်းကို စုံစမ်းစစ်ဆေးနေသည့်သူများအကြားတွင် မရေရာမှု ပျိုးထောင်ပေးရန် လွယ်ကူသည်။ အမှန်တကယ်တွင် ပေါလု၏ စကားများ၌ အခြေအနေအချိန်အခါတစ်ခုရှိသည်။ ကျေးဇူးတော်ခေတ်တွင် ဧဝံဂေလိတရားတစ်ခုသာရှိသည်။ သခင်ယေရှု၏ ရွေးနှုတ်ခြင်းအမှု ဧဝံဂေလိတရားဖြစ်သည်။ သခင်ယေရှု၏ ဧဝံဂေလိတရားနှင့် မတူညီသော ဧဝံဂေလိတရားများဖြစ်သည့် အခြားသောလမ်းခရီးတို့ကို လူတို့က ဖြန့်ဝေကြသောအခါတွင် ဤသည်တို့မှာ လူတို့ကို လှည့်ဖြားသည့် ဧဝံဂေလိတရားများဖြစ်သော “အခြား ဧဝံဂေလိတရားများ” ဖြစ်ခဲ့ပေသည်။ သခင်ယေရှု၏ နာမတော်ကို လက်ခံပြီးနောက် အခြားဧဝံဂေလိတရားနောက်သို့လိုက်ကြရန် လှည့်စားခံရသည့် သူတို့သည် သခင့်ကို သစ္စာဖောက်ခဲ့ကြသည်။ ဤစကားတို့ကို ပေါလုက ပြောဆိုသည့်အချိန်တွင် ဘုရားသခင်သည် နောက်ဆုံးသောကာလအမှုတော်ကို မလုပ်ဆောင်ရသေးသကဲ့သို့ နောက်ဆုံးသောကာလ ဧဝံဂေလိတရားကို ဟောကြားသည့်သူ တစ်ဦးတစ်ယောက်မျှ မရှိခဲ့ချေ။ ဤသို့ဆိုလျှင် ပေါလုပြောဆိုသည့် “အခြားဧဝံဂေလိတရား”သည် နောက်ဆုံးသောကာလတွင် သခင်ပြန်ကြွလာခြင်း ဧဝံဂေလိတရား သေချာပေါက်မဟုတ်ဘဲ သခင်ယေရှု ပေါ်ထွန်းပြီး သူ၏အမှုကို ဆောင်ရွက်နေချိန််တွင် ထွက်ပေါ်လာခဲ့ကြသော အယောင်ဆောင်ခရစ်တော်များမှ ဟောကြားသည့် ဧဝံဂေလိတရားများဖြစ်သည်မှာ ရှင်းပေသည်။ ထိုအချိန်ကာလ၏ မည်သည့်သမိုင်းကြောင်းလေ့လာမှုကမဆို ထိုသို့သောအခြေအနေကို အသေအချာ ထုတ်ဖော်ပြပေလိမ့်မည်။ အမှန်တကယ်တွင် ပေါလုသည် အနန္တတန်ခိုးရှင်ဘုရားသခင်ဖြစ်သော ပြန်ကြွလာသည့် သခင်ယေရှု၏ နောက်ဆုံးသောကာလ ဧဝံဂေလိတရားကို လူတို့က လက်ခံလျှင် ၎င်းတို့သည် သခင့်အား သစ္စာဖောက်ခြင်းဖြစ်လိမ့်မည်ဟု ပြောဝံ့ရန်မဆိုထားနှင့်၊ သခင်ယေရှုပြန်ကြွလာသောအခါ နိုင်ငံတော်ဧဝံဂေလိတရားကို ဟောကြားခြင်းသည် မှားယွင်းသည်ဟု မည်သည့်အခါမျှ မပြောဆိုခဲ့ပေ။ သို့တိုင်အောင် ဘာသာရေးအသိုင်းအဝိုင်းမှ သင်းအုပ်ဆရာများနှင့် အကြီးအကဲများသည် အနန္တတန်ခိုးရှင်ဘုရားသခင်၏ နောက်ဆုံးသောကာလအမှုတော်ကို ရှုတ်ချရန်အတွက် ကျေးဇူးတော်ခေတ် အသင်းတော်များအပေါ် ပေါလု၏စကားများကို အသုံးပြုကြသည်။ ဤအခြင်းအရာတွင် ၎င်းတို့သည် သမ္မာကျမ်းစာကို မှားယွင်းစွာ အနက်အဓိပ္ပာယ်ဖွင့်ပြီး အခြေအနေအချိန်အခါကို ထည့်သွင်းစဉ်းစားခြင်းမရှိဘဲ ကိုးကားနေခြင်းဖြစ်ကာ ဤသည်မှာ အမှန်ပင် အဓိပ္ပာယ်မရှိဖြစ်ပြီး ကျိုးကြောင်းမညီညွတ်ပေ။ ထင်ရှားစွာဖြင့် သင်းအုပ်ဆရာများနှင့် အကြီးအကဲများသည် လူတို့ကို လှည့်စားရန်၊ မှန်သောလမ်းကို လူတို့က ရှာခြင်း၊ စုံစမ်းစစ်ဆေးခြင်းတို့ကို တားဆီးရန် ကြိုးစားနေကြသည်။ ၎င်းတို့ပြောသကဲ့သို့ ဖြစ်သည်ဆိုလျှင် သခင်ယေရှုသည် အလုပ်လုပ်ရန်အတွက် ကမ္ဘာမြေပေါ်သို့ ကြွလာခဲ့သောအခါ၊ ယေဟောဝါကို ယုံကြည်သောသူများစွာသည် သခင်ယေရှု၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်ကို ရှုမြင်ပြီးနောက် သခင်ယေရှုနောက်ကို စတင်လိုက်လျှောက်ကြပြီး သခင်၏ကယ်တင်ခြင်းကို လက်ခံခဲ့ကြသောအခါတွင် သခင်ယေရှုနောက်သို့လိုက်သော ဤလူတို့သည် ယေဟောဝါကို သစ္စာဖောက်ပြီး ယုံကြည်မှုကို စွန့်လွှတ်နေခြင်းဖြစ်ကြမည်လော။ သိသာထင်ရှားစွာပင်၊ ၎င်းတို့သည် ယေဟောဝါကို သစ္စာဖောက်ခြင်းမဟုတ်ဘဲ ဘုရားသခင်၏ခြေလှမ်းများ နောက်ကိုလိုက်ခြင်းဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်အပေါ် သစ္စာရှိနေကြခြင်းဖြစ်သည်။ သို့သော်ငြားလည်း ပညတ်တရားကို ခေါင်းမာစွာ ဖက်တွယ်ထားပြီး သခင်ယေရှု၏ ကယ်တင်ခြင်းကို လက်မခံသောသူတို့သည် ယေဟောဝါ၏ အမည်နာမကို ထိန်းသိမ်းပုံပေါ်ကောင်း ပေါ်နိုင်သော်လည်း၊ ဘုရားသခင်၏အမြင်တွင် ၎င်းတို့သည် သူ့အား ပုန်ကန်ပြီး သူ၏အမှုတော်သစ်ကို ဆန့်ကျင်ကြသည်။ ၎င်းတို့သည် ဘုရားသခင် အတိတ်ကာလက လုပ်ဆောင်ခဲ့သောအမှုကိုသာ ထိန်းသိမ်းထားခဲ့ကြပြီး ဘုရားသခင်၏ခြေလှမ်းများနောက်သို့ မလိုက်လျှောက်ကြသကဲ့သို့၊ ဘုရားသခင်၏ လက်ရှိ နှုတ်ကပတ်တော်များနှင့် အမှုတော်ကို လက်ခံခြင်း၊ သို့မဟုတ် လိုက်နာခြင်းမရှိကြပေ။ ယုံကြည်မှုကို အမှန်တကယ်စွန့်လွှတ်သူများ၊ ဘုရားသခင်၏ မုန်းတီးစက်ဆုပ်ခြင်း၊ ငြင်းပယ်ခြင်းကို ခံရသူများမှာ ၎င်းတို့ဖြစ်သည်။

သခင့်အပေါ် ကျွန်ုပ်တို့၏ ယုံကြည်ခြင်းသည် ကျွန်ုပ်တို့၏အပြစ်များခွင့်လွှတ်ခြင်းခံရသည်ဟု အဓိပ္ပာယ်ရသော်လည်း နေ့တွင် အပြစ်ပြုပြီးညတွင် အပြစ်များကို ဝန်ခံသည့် အခြေအနေတွင် ကျွန်ုပ်တို့ ရှင်သန်ဆဲဖြစ်သည်ကို သခင့်ကို ယုံကြည်သောကျွန်ုပ်တို့က လေးနက်စွာ အသိအမှတ်ပြုကြသည်။ ကျွန်ုပ်တို့၏ ဆိုးယုတ်သော သဘာဝတို့၏ထိန်းချုပ်ခြင်းကိုခံရပြီး မာနထောင်လွှားခြင်းနှင့် စိတ်ကြီးဝင်ခြင်း၊ ကောက်ကျစ်ခြင်းနှင့် လှည့်ဖြားခြင်း၊ တစ်ကိုယ်ကောင်းဆန်ခြင်းနှင့် ယုတ်ညံ့ခြင်းတို့ကဲ့သို့သော ဆိုးယုတ်သောစိတ်သဘောထားများကို ကျွန်ုပ်တို့ မကြာခဏ ထုတ်ဖော်ပြကြသည်။ ကျွန်ုပ်တို့သည် လိမ်ညာပြီး အပြစ်မပြုဘဲ မနေနိုင်ကြပေ၊ ဘုရားသခင်အား ပုန်ကန်ပြီး ဆန့်ကျင်ကြပြီး၊ အပြစ်တရား၏ အချုပ်အနှောင်များမှ ကျွန်ုပ်တို့ မလွတ်မြောက်ကြသေးပေ။ မသန့်ရှင်းသောသူတို့သည် သခင်နှင့် မဆုံတွေ့နိုင်ပေ။ ဘုရားသခင်သည် သန့်ရှင်းမြင့်မြတ်သည်။ ထို့ကြောင့် ဘုရားသခင်သည် စာတန်၏စိတ်သဘောထားများနှင့် ပြည့်လျှံနေသောသူများ၊ သူ့အား ပုန်ကန်ဆန့်ကျင်တတ်သောသူများကို သူ၏နိုင်ငံတော်ထဲသို့ဝင်ရန် မည်သို့ ဝင်ခွင့်ပြုနိုင်မည်နည်း။ ထို့ကြောင့် နောက်ဆုံးသောကာလ၏ နိုင်ငံတော်ခေတ်ရောက်ရှိလာခြင်းနှင့်အတူ အနန္တတန်ခိုးရှင်ဘုရားသခင်သည် သခင်ယေရှု၏အမှုတော်၏ အခြေခံအုတ်မြစ်အပေါ်တွင် ပို၍အသစ်ဖြစ်သော၊ ပို၍မြင့်မားသော အမှုတော်အဆင့်တစ်ခုကို ဆောင်ရွက်သည်။ ယင်းသည် နောက်ဆုံးသောကာလအတွင်းတွင် လူသားအား တရားစီရင်ခြင်းနှင့် သန့်စင်ခြင်းအမှုဖြစ်သည်။ ဤအမှုတော်အဆင့်တွင်၊ ဘုရားသခင်သည် လူသားအား ဘုရားသခင်၏ အပြီးသတ်သန့်စင်ခံရခြင်းနှင့် ကယ်တင်ခြင်းတို့ကို ခံရနိုင်စေကာ လူသားအား ဘုရားသခင်၏နိုင်ငံတော်အတွင်းသို့ ခေါ်ဆောင်ရင်း၊ လူသား၏ အပြစ်ပြုသော သဘာဝနှင့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဖြေရှင်းရန် သမ္မာတရားကို ဖော်ပြလေသည်။ ဤသည်မှာ သမ္မာကျမ်းစာ၏ ပရောဖက်ပြုချက်များကို ပြည့်စုံစေသည်။ “သင်တို့အား ငါပြောစရာ စကားအများ ရှိသော်လည်း၊ သင်တို့သည် ယခုမခံနိုင်ကြ။ သမ္မာတရားနှင့်ပြည့်စုံသော ထိုဝိညာဉ်တော်သည် ရောက်လာသောအခါ၊ သမ္မာတရားကို သင်တို့အား အကြွင်းမဲ့ သွန်သင်ပြလိမ့်မည်။ ထိုဝိညာဉ်တော်သည် ကိုယ်အလိုအလျောက်ဟောပြောမည်မဟုတ်။ ကြားသမျှတို့ကို ဟောပြောလိမ့်မည်။ နောင်လာလတ္တံ့သောအရာတို့ကိုလည်း သင်တို့အား ဖော်ပြလိမ့်မည်။” (ရှင်ယောဟန်ခရစ်ဝင် ၁၆:၁၂-၁၃) “ငါ့ကိုပယ်၍ငါ့စကားကို နာမခံသောသူအားအပြစ်စီရင်သောသူရှိသေး၏။ ငါဟောပြောသော စကား ပင် နောက်ဆုံးသောနေ့၌ ထိုသူအားအပြစ်စီရင်လိမ့်မည်။(ရှင်ယောဟန်ခရစ်ဝင် ၁၂:၄၈)ဘုရားသခင်၏အိမ်တော်သားတို့ကို ရှေ့ဦးစွာစစ်ကြော စီရင်ရသော အချိန်ရှိပြီ။” (ရှင်ပေတရုသြဝါဒစာပဌမစောင် ၄:၁၇) ထို့ကြောင့် အနန္တတန်ခိုးရှင်ဘုရားသခင်၏ နောက်ဆုံးသောကာလအမှုတော်ကို လက်ခံသောသူတို့သည် သခင်ယေရှုအား သစ္စာဖောက်ခြင်းမဟုတ်ပေ၊ သို့မဟုတ် ယုံကြည်မှုကို စွန့်လွှတ်ခြင်းမဟုတ်ပေ။ ဤအစား ၎င်းတို့သည် ဘုရားသခင်၏အသံတော်ကိုကြားပြီး သိုးသူငယ်၏ခြေလှမ်းများနောက်သို့ လိုက်ကြသည်။ ဤသို့သောသူတို့သည်သာ ဉာဏ်ပညာရှိသောသတို့သမီးများဖြစ်ကြပြီး ဤသူတို့သည် ဘုရားသခင်၏ စားသောက်ပွဲသို့တက်ရောက်ရန် ဘုရားသခင်ရှေ့မှောက်သို့ ချီဆောင်ခံရသောသူများဖြစ်သည်။

အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “လူသည် ဘုရားသခင်ကို ယုံကြည်သည့်အတွက်၊ သူသည် ဘုရားသခင်၏ ခြေလှမ်းများကို နီးကပ်စွာ တစ်လှမ်းပြီး တစ်လှမ်း၊ လိုက်လျှောက်ရမည်။ သူသည် “သိုးသငယ်သွားလေရာရာ အရပ်သို့ လိုက်” သင့်သည်။ ဤလူများသည်သာ မှန်သော လမ်းခရီးကို ရှာဖွေသည့် လူများဖြစ်သည်၊ ၎င်းတို့သာ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို သိသောသူများ ဖြစ်ကြလေသည်။ ကျမ်းဟောင်းတရားများနှင့် အယူဝါဒများကို မျက်စိစုံမှိတ် လိုက်လျှောက်သော လူတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်အားဖြင့် ပယ်ရှားခြင်းကို ခံရသည့် သူများဖြစ်ကြသည်။ အချိန်ကာလအသီးသီးတွင်၊ ဘုရားသခင်သည် အမှုသစ်ကို စတင်လိမ့်မည် ဖြစ်ပြီး၊ အချိန်ကာလ အသီးသီးတွင်၊ လူသားအလယ် အသစ်သော စတင်မှု တစ်ခု ရှိလိမ့်မည်။ ၎င်းတို့နှင့် သက်ဆိုင်ရာ ခေတ်များကိုသာ အကျိုးသက်ရောက်မှု ရှိသည့် “ယေဟောဝါသည် ဘုရားသခင်ဖြစ်သည်” နှင့် “ယေရှုသည် ခရစ်တော်ဖြစ်သည်” ဟူသည့် အမှန်တရားများကိုသာ လူသားက လိုက်နာပါက၊ လူသားသည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို ဘယ်သောအခါမျှ အမီလိုက်နိုင်လိမ့်မည် မဟုတ်သကဲ့သို့၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို ထာဝရ ရရှိနိုင်စွမ်း ရှိလိမ့်မည် မဟုတ်ပေ။ ဘုရားသခင် မည်သို့ အမှုပြုသည်ဖြစ်စေ၊ လူသားသည် သံသယ စိုးစဉ်းမျှမရှိဘဲ လိုက်လျှောက်ပြီး၊ နီးကပ်စွာ လိုက်လျှောက်လေသည်။ ဤနည်းဖြင့် လူသားသည် သန့်ရှင်းသော ဝိညာဉ်တော်၏ ဖယ်ရှားခြင်းကို မည်သို့ ခံရနိုင်မည်နည်း။ ဘုရားသခင် မည်သည့် အရာကို လုပ်ဆောင်သည်ဖြစ်စေ၊ ယင်းသည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ဖြစ်သည်ကို လူသားက သေချာပြီး၊ မည်သည့်သံသယမျှ မရှိဘဲ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို ပူးပေါင်းဆောင်ရွက်ကာ၊ ဘုရားသခင်၏ သတ်မှတ်ချက်များကို ပြည့်မီအောင် ကြိုးစားသရွေ့၊ သူသည် အဘယ်သို့ အပြစ်ဒဏ်ပေး ခံရနိုင်မည်နည်း။ ဘုရားသခင်၏ အမှုသည် ဘယ်သောအခါမျှ ရပ်တန့်သွားခြင်းမရှိ၊ သူ၏ ခြေလှမ်းများသည် ဘယ်သောအခါမျှ ရပ်နားခြင်း မရှိသကဲ့သို့၊ သူ၏ စီမံခန့်ခွဲခြင်း အမှု ပြီးပြည့်စုံခြင်း မတိုင်မီတွင်၊ သူသည် အမြဲ အလုပ်များကာ ဘယ်သောအခါမျှ မရပ်တန့်ချေ။ သို့သော် လူသားက ကွဲပြား၏- သန့်ရှင်းသော ဝိညာဉ်တော်၏ အနည်းငယ်သော အလုပ်ကိုသာ ရရှိပြီးဖြစ်လျက်၊ သူသည် ယင်းကို ဘယ်သောအခါမျှ ပြောင်းလဲလိမ့်မည်မဟုတ်သည့်အလား သဘောထားလေသည်။ အသိပညာ အနည်းငယ် ရရှိပြီးဖြစ်လျက်၊ သူသည် ရှေ့ထွက်ကာ ဘုရားသခင်၏ သာ၍သစ်လွင်သော အမှု၏ ခြေလှမ်းများနောက် မလိုက်ပေ။ ဘုရားသခင်၏ အမှုအနည်းငယ်ကိုသာ မြင်ရပြီးဖြစ်လျက်၊ သူသည် ဘုရားသခင်ကို သီးသန့် သစ်သားရုပ်ပုံတစ်ခုအဖြစ် ချက်ချင်းသရုပ်ဖော်ပြီး၊ သူ့ရှေ့တွင် သူမြင်ရသည့် ဤပုံသဏ္ဌာန်ဖြင့် ဘုရားသခင်သည် အမြဲ ရှိနေလိမ့်မည်၊ အတိတ်က ဤကဲ့သို့ ဖြစ်ခဲ့ပြီး၊ အနာဂတ်တွင်လည်း ထိုသို့ အမြဲ ဖြစ်နေလိမ့်မည်ဟု သူ ယုံကြည်လေသည်။ အပေါ်ယံ အသိပညာ တစ်ခုကိုသာ ရရှိပြီးဖြစ်လျက်၊ လူသည် အလွန် မာနထောင်လွှားသည်မှာ သူ့ကိုယ်သူ မေ့လျော့ပြီး တကယ်ကို မတည်ရှိသည့် ဘုရားသခင်၏ စိတ်သဘောထားနှင့် ဖြစ်တည်ခြင်းတို့ကို လက်လွတ်စပယ် စတင် ကြေညာလေသည်၊ ပြီးလျှင် သန့်ရှင်းသော ဝိညာဉ်တော် အလုပ်၏ အဆင့်တစ်ခုနှင့်ပတ်သက်၍ သေချာလာလျက်၊ ဘုရားသခင်၏ အမှုသစ်ကို ကြေညာသည်မှာ မည်သည့်လူစားမျိုးဖြစ်စေ၊ လူသည် ယင်းကို လက်မခံပေ။ ဤသည်တို့မှာ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်သစ်ကို လက်မခံနိုင်သည့် လူများ ဖြစ်ကြသည်။ ၎င်းတို့သည် အလွန် ရှေးရိုးစွဲကြပြီး၊ အသစ်သော အရာများကို လက်ခံနိုင်စွမ်း မရှိကြချေ။ ထိုသို့သော လူများသည် ဘုရားသခင်ကို ယုံကြည်သော်လည်း၊ ငြင်းပယ်ကြသူများလည်း ဖြစ်သည်။ ဣသရေလလူမျိုးတို့သည် “ယေဟောဝါကိုသာ ယုံကြည်ပြီး ယေရှုကို မယုံကြည်ကြ” သည်မှာ မှားယွင်းခဲ့ကြသည်ဟု လူတို့က ယုံကြည်ကြသည်၊ သို့သော် လူအများစုသည် “ယေဟောဝါကိုသာ ယုံကြည်ပြီး ယေရှုကို ငြင်းပယ်” သကဲ့သို့၊ “မေရှိယ၏ ပြန်ကြွလာခြင်းကို တောင့်တသော်လည်း၊ ယေရှုဟုခေါ်သည့် မေရှိယကို ဆန့်ကျင်သည့်” အခန်းကဏ္ဍကို ဆောင်ရွက်နေကြလေသည်။ ထိုအခါ ထိုလူတို့သည် သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်တစ်ဆင့်တစ်ခုကို လက်ခံပြီးသည့်နောက်၊ စာတန်၏ အုပ်စိုးမှုအောက်တွင် အသက်ရှင်ကြဆဲ ဖြစ်ပြီး၊ ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများကို မရရှိကြသေးသည်မှာ မထူးဆန်းပေ။ ဤသည်ကား လူသား၏ ပုန်ကန်မှု ရလဒ် ဖြစ်သည် မဟုတ်ပေလော။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်၏ အမှုနှင့် လူ၏လက်တွေ့လုပ်ဆောင်မှု)

ဘုရားသခင်သည် အစဉ် အသစ်ဖြစ်ပြီး မည်သည့်အခါမျှ မဟောင်းနွမ်းဆိုသည်ကို၊ လူသားမျိုးနွယ်အပေါ် သူ၏ ကယ်တင်ခြင်းအမှုသည် ရှေ့ဆက်ခြင်းမှ မည်သည့်အခါမျှမရပ်တန့်သည်ကို အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များက ကျွန်ုပ်တို့အား ပြသည်။ ခေတ်သစ်တွင် ကျွန်ုပ်တို့သည် ဘုရားသခင်၏ အတိတ်ကာလအမှုတော်ကို ဖက်တွယ်ထားဆဲဖြစ်ပြီး ဘုရားသခင်၏ အမှုတော်အသစ်ကို လက်ခံရန် ငြင်းဆန်လျှင် ကျွန်ုပ်တို့သည် ဘုရားသခင်ကို ယုံကြည်သော်လည်း ဘုရားသခင်ကို ဆန့်ကျင်သည့်သူများ၊ သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်အားဖြင့် ဖယ်ရှင်းခံရသူများ အလွန်လွယ်ကူစွာ ဖြစ်လာကြလိမ့်မည်။ လွန်ခဲ့သော ရာစုနှစ်များတွင်၊ ဖာရိရှဲတို့သည် ဓမ္မဟောင်းခေတ်ရှိ ဘုရားသခင်၏ အမှုတော်အပေါ် ဖက်တွယ်ထားသောကြောင့်၊ သခင်ယေရှု၏ အမှုတော်ကို ဆန့်ကျင်ရှုတ်ချခဲ့ပြီး အလွန်ဆိုးရွားသောအပြစ်တစ်ခုဖြစ်သည့် ကားတိုင်တွင် သံနှင့်ရိုက်ခဲ့သောကြောင့် ၎င်းတို့သည် ဘုရားသခင်၏ ကျိန်ခြင်းအမင်္ဂလာများနှင့် အပြစ်ဒဏ်ကို ခံကြရသည်။ ဤသို့ဆိုလျှင် ယခုအခါ ကျွန်ုပ်တို့သည် ဘုရားသခင်၏ နောက်ဆုံးသောကာလ တရားစီရင်ခြင်းအမှုကို မည်သို့ချဉ်းကပ်သင့်သနည်း။ ဤအရာကို ကျွန်ုပ်တို့အားလုံး ဂရုတစိုက် စဉ်းစားသုံးသပ်သင့်သည်။

အရှေ့သို့- ယနေ့တွင်၊ ဘာသာရေးလောကထဲရှိ လူများစွာတို့သည် သင်းအုပ်ဆရားများ၏ ဟောပြောမှုများတွင် အလင်းမရှိဟု ခံစားကြရသည်။ ယုံကြည်သူများ၏ ယုံကြည်ခြင်း တစ်စတစ်စ လျော့ပါးနေသည်ကို ၎င်းတို့ မြင်ကြပြီး လူတို့သည် ရုပ်ပိုင်းဆိုင်ရာ ပျော်ရွှင်မှုများကိုသာ ဆွေးနွေးကြပြီး လောက၏ ရေပန်းစားမှုများနောက် လိုက်ကြကာ၊ အချို့သည် အသင်းတော်များထဲတွင် စီးပွားရေးလုပ်ငန်းများပင် လုပ်ဆောင်ကြလေသည်။ ၎င်းတို့ အသင်းတော်သည် မှားယွင်းသည့် အသင်းတော်တစ်ပါး ဖြစ်ကာ သခင် ပြန်ကြွလာသည့်အခါတွင် သူ၏ စွန့်ပစ်ခြင်း ခံကြရမည်ကို ၎င်းတို့ စိုးရိမ်မိကြလေသည်။ သို့သော် ၎င်းတို့အနေဖြင့် သမ္မာကျမ်းစာ ပြိုင်ပွဲများ၊ သန့်ရှင်းသော ပွဲတော်နှင့် ပွဲတော်အမျိုးမျိုးကို ကျင်းပခြင်းများကဲ့သို့ စည်ကားသည့် ပွဲများ ကျင်းပကြသောကြောင့် ၎င်းတို့၏ အသင်းတော်များသည် မှားယွင်းသော အသင်းတော်များ ဖြစ်နိုင်မည်မဟုတ်ဟု ယုံကြည်ကြသူများလည်း ရှိလေသည်။ သို့ဆိုလျှင် မှားယွင်းသည့် အသင်းတော်များကို ကျွန်ုပ်တို့ မည်သို့ ပိုင်းခြားသိမြင် သင့်သနည်း။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။