ကျွန်ုပ်တို့ နားလည်ကြသည့်အတိုင်းဆိုပါက၊ ဂုဏ်သတင်းကြီးသည့် နိုင်ငံတကာ ဘာသာရေး ကျွမ်းကျင်သူများနှင့် ပါရမီရှိသူများ အချို့သည် အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ကို ပေါ်ထွန်းစရှိသည့် ခရစ်ယာန်အသင်းတော်တစ်ပါးဖြစ်သည်ဟု သတိပြုမိကြပြီးဖြစ်သည်။ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်နှင့် ရိုးရာအစဉ်အလာ ခရစ်ယာန်ဘာသာတို့ကြား ခြားနားချက်မှာ အဘယ်နည်း။

07.12.2021

အဖြေ-

လူ့ဇာတိခံသခင်ယေရှု၏ ရွေးနှုတ်ခြင်းအမှုပြီးနောက်တွင် ခရစ်ယာန်ဘာသာတရား ဖြစ်တည်လာသည်။ ကျေးဇူးတော်ခေတ်နှင့် သက်ဆိုင်သည်မှာ ခရစ်ယာန်အသင်းတော်ဖြစ်သည်။ နောက်ဆုံးသောကာလတွင် အနန္တတန်ခိုးရှင်ဘုရားသခင်သည် ကျေးဇူးတော်ခေတ်ကို အဆုံးသတ်ပြီး နိုင်ငံတော်ခေတ်ကို စတင်လျက် ကြွရောက်လာပြီဖြစ်သည်။ ပြီးလျှင် သခင်ယေရှု၏ ရွေးနှုတ်ခြင်းအမှု၏ အခြေခံအုတ်မြစ်အပေါ်တွင် သူသည် သမ္မာတရားကို ဖော်ပြပြီး ဘုရားအိမ်တော်မှစတင်သည့် တရားစီရင်ခြင်းအမှုကို ဆောင်ရွက်လျက်ရှိသည်။ ခရစ်ယာန်ဂိုဏ်းဂဏများအားလုံးတွင် သမ္မာတရားကို ချစ်ပြီး သခင်ပေါ်ထွန်းခြင်းကို တောင့်တသောသူများစွာသည် အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုပြီး ဘုရားသခင်၏အသံတော်ကို အသိအမှတ်ပြုလာခဲ့ကြသည်။ အနန္တတန်ခိုးရှင်ဘုရားသခင်သည် သခင်ယေရှုပြန်ကြွလာခြင်းဖြစ်သည်ဟု ၎င်းတို့က အခိုင်အမာလက်ခံယုံကြည်လာခဲ့ပြီး တစ်ဦးချင်းစီက အနန္တတန်ခိုးရှင်ဘုရားသခင်ကို လက်ခံကာ သိုးသူငယ်၏ ခြေလှမ်းများနောက်သို့ လိုက်ခဲ့ကြသည်။ ဤအခြင်းအရာမှ အနန္တတန်ခိုးရှင်ဘုရားသခင်အသင်းတော် ဖြစ်ပေါ်လာခဲ့သည်။ ထို့ကြောင့် အနန္တတန်ခိုးရှင်ဘုရားသခင်အသင်းတော်နှင့် ခရစ်ယာန်ဘာသာတရားသည် ဘုရားသခင်ပေါ်ထွန်းခြင်းနှင့် အလုပ်လုပ်ခြင်း၌ ၎င်းတို့နှစ်ခုလုံး ဖြစ်ပေါ်လာခြင်းဖြစ်သည်။ သို့သော် ခရစ်ယာန်ဘာသာတရားသည် ကျေးဇူးတော်ခေတ်ကာလအတွင်း သခင်ယေရှု၏ ရွေးနှုတ်ခြင်းအမှု၏ ရလဒ်တစ်ခုဖြစ်ပြီး အနန္တတန်ခိုးရှင်ဘုရားသခင်အသင်းတော်ကမူ တရားစီရင်ခြင်းအမှုကို ဆောင်ရွက်ရန်အတွက် နောက်ဆုံးသောကာလတွင် ဘုရားသခင် လူ့ဇာတိခံယူသည့်အခါတွင် ဖြစ်ပေါ်လာသည်။ ယင်းသည် နိုင်ငံတော်ခေတ်၏ ခရစ်ယာန် အသင်းတော်တစ်ခုဖြစ်သည်။ အသင်းတော်နှစ်ခုလုံးသည် ဘုရားသခင် ပေါ်ထွန်းပြီး အလုပ်လုပ်ရန်အတွက် လူ့ဇာတိခံယူခြင်းမှ ပေါ်ပေါက်လာခြင်းဖြစ်ပြီး မတူညီသော ခေတ်များတွင်သာ ပေါ်ပေါက်ခြင်းဖြစ်သည်။ ခရစ်ယာန်ဘာသာတရားသည် ကျေးဇူးတော်ခေတ်၏ အသင်းတော်ဖြစ်ပြီး အနန္တတန်ခိုးရှင်ဘုရားသခင်အသင်းတော်သည် ဘုရားသခင် ကိုယ်တိုင်၏ အလုပ်နှင့် မိန့်မြွက်ချက်များအားဖြင့် ဦးဆောင်လမ်းပြသည့်၊ နိုင်ငံတော််ခေတ်၏ အသင်းတော်တစ်ခုဖြစ်သည်။ တစ်ဖက်တွင် ခရစ်ယာန်ဘာသာတရားသည် ဘုရားသခင်၏ ခြေလှမ်းများနောက်သို့ အမီမလိုက်သောကြောင့် သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်ကို ဆုံးရှုံးခဲ့ရပြီး ယင်းသည် ဘုရားသခင်၏ နောက်ဆုံးသောကာလအမှုတော်ကို ဆန့်ကျင်ပြီး ရှုတ်ချသည်။ ယင်းသည် ဘုရားသခင်က ရှုတ်ချပြီး စွန့်ပစ်ခံရသော အသင်းတော်တစ်ခုဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်သည် ခရစ်ယာန်ဘာသာတရားအား ဘုရားသခင်၏ ဖြစ်တည်မှုအဖြစ် အသိအမှတ်မပြုဘဲ ဘုရားသခင်အား ဆန့်ကျင်ရှုတ်ချသည့်အရာတစ်ခုအဖြစ်သာ အသိအမှတ်ပြုသည်။ ဤသို့ဆိုလျှင် ဤနှစ်ခုကြားတွင် နှိုင်းယှဉ်၍ မရပေ။ သခင်ယေရှုသည် လွန်ခဲ့သည့်နှစ်နှစ်ထောင်က ကောင်းကင်ဘုံသို့ တက်သွားခဲ့သည်။ ကမ္ဘာမြေပေါ်တွင် မရှိ။ ခရစ်ယာန်ဘာသာတရားရှိ လူတို့သည် သခင်ယေရှု၏ အမည်နာမတော်၌ ယုံကြည်ကြသော်လည်း သခင်ယေရှုအားဖြင့် ထိန်းကျောင်းလမ်းပြခြင်း၊ သို့မဟုတ် ရေလောင်းခြင်းခံရဖို့မဆိုထားနှင့်။ သခင်ယေရှုအား မည်သည့်အခါမျှ မတွေ့ဖူးသကဲ့သို့ သခင်၏ နှုတ်ကပတ်တော်များအား လက်တွေ့လုပ်ဆောင်ခြင်း၊ သို့မဟုတ် တွေ့ကြုံခြင်းအပေါ် အလေးမထားကြပေ။ ၎င်းတို့သည် သခင်ယေရှုကို လုံးဝ သိကျွမ်းမှုမရှိသည့်အပြင် သူ၏ဝိညာဉ်တော်ကိုလည်း မသိကြပေ။ ထို့ကြောင့် ခရစ်ယာန်အသင်းတော်သည် ကောင်းကင်ဘုံရှိ မရောရာသော၊ စိတ်ကူးသက်သက်ဖြစ်သော ဘုရားကိုသာ ယုံကြည်ကြပြီး နောက်ဆုံးသောကာလ၏ လူ့ဇာတိခံခရစ်တော်ကို မယုံကြည်ပေ။ ထို့ကြောင့် ထိုကဲ့သို့သောအသင်းတော်သည် မှန်ကန်သော ခရစ်ယာန်ဘာသာမဟုတ်ပေ။ ယင်းသည် ဗုဒ္ဓဘာသာ၊ သို့မဟုတ် တာအိုဘာသာတို့နှင့် မကွာခြားသည့် ဘာသာရေးအုပ်စုတစ်ခုအဖြစ်သို့ ကျဆင်းသွားပြီးဖြစ်ကာ ဘုရားသခင်၏အသင်းတော်တစ်ခုမဟုတ်ပေ။ ထို့ကြောင့် သခင်ယေရှု ပြန်ကြွလာခြင်းနှင့် ကောင်းကင်ဘုံသို့ ချီဆောင်ခံရခြင်းအား ခရစ်ယာန်ဘာသာ၏ တောင့်တမှုသည် စိတ်ကူးယဉ်စစ်စစ်သာဖြစ်သည်။ ခရစ်ယာန်ဘာသာတရားထဲတွင် အနန္တတန်ခိုးရှင်ဘုရားသခင်ကို လက်ခံသောသူတို့သည် ဘုရားသခင်ရှေ့သို့ ချီမြှောက်ခြင်းခံရသည့် ဉာဏ်ပညာရှိသော သတို့သမီးများဖြစ်ကြသည်။ သို့ရာတွင် လူအများစုသည် ဘုရားသခင်၏ နောက်ဆုံးသောကာလ တရားစီရင်ခြင်းအမှုကို လက်မခံကြပေ။ ၎င်းတို့သည် သမ္မာကျမ်းစာမှ ကျမ်းဟောင်း တရားများကိုသာ ပြောဆိုကြပြီး ဘာသာရေးစည်းမျဉ်းများ၊ အခမ်းအနားများကိုသာ ဖက်တွယ်ထားကြသည်။ ၎င်းတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ လက်ရှိအလုပ်ကို အမီမလိုက်နိုင်ကြဘဲ ယင်းအစား ဘုရားသခင်၏ နောက်ဆုံးသောကာလ အမှုတော်ကို ဆန့်ကျင်ရှုတ်ချရန် အစွမ်းကုန် ကြိုးစားရာ၌ စီစီပီ၏ ဆိုးယုတ်သော အုပ်ချုပ်မှုစနစ်နောက်သို့ လိုက်ကြသည်။ ဤလူတို့သည် မိုက်မဲသော သတို့သမီးများဖြစ်ကြပြီး ဘုရားသခင်၏ မုန်းတီးစက်ဆုပ်ခြင်း၊ ငြင်းပယ်ခြင်း၊ ဖယ်ရှားခြင်းကို ခံရနှင့်ပြီးဖြစ်သည်။ ဘုရားသခင်က ၎င်းတို့ကို အသိအမှတ်မပြုပေ။ ၎င်းတို့သည် အမည်ခံ “ခရစ်ယာန်”များသာ ဖြစ်ပြီး အမည်ခံမျှသာ ကြာရှည်စွာ ပိုင်ဆိုင်ထားခဲ့သော ခရစ်ယာန်ဘာသာ၏ အနှစ်သာရကို ၎င်းတို့ ဆုံးရှုံးခဲ့ပြီးဖြစ်သည်။

အနန္တတန်ခိုးရှင်ဘုရားသခင် ပေါ်ထွန်းပြီး စတင်အလုပ်လုပ်သောအချိန်တွင်၊ ဘုရားသခင်၏ နောက်ဆုံးသောကာလအမှုတော်ကို လက်ခံခဲ့သော လူတစ်စုအပေါ် အာရုံစိုက်ရန် ဘုရားသခင်သည် စကြာဝဠာတစ်ခုလုံး၏ ဝိညာဉ်တော်၏အလုပ်ကို ရုတ်သိမ်းနှင့်ပြီးဖြစ်သည်။ အနန္တတန်ခိုးရှင် ဘုရားသခင်အား ဆုတောင်းလျက်၊ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များအား စားသောက်လျက်ဖြင့် အနန္တတန်ခိုးရှင် ဘုရားသခင်အသင်းတော်၏ ခရစ်ယာန်များသည် သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်မှုကို ရရှိပြီးဖြစ်ကာ ဘုရားသခင်၏ ကြွယ်ဝသော အသက်ထောက်ပံ့မှုကို လက်ခံရရှိပြီးဖြစ်သည်။ ၎င်းတို့သည် အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်တို့ကို လက်တွေ့လုပ်ဆောင်ပြီး တွေ့ကြုံခံစားကြသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို တွေ့ကြုံခံစားကြသည်။ ၎င်းတို့သည် သမ္မာတရားအပေါ် တိုးပွားနေသည့် နားလည်မှုတစ်ခု ရှိကြသည်၊ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးမှုသည် သန့်စင်ခြင်းခံရလျက်ရှိသည်။ ၎င်းတို့၏ စိတ်သဘောထားသည် ပြောင်းလဲလျက်ရှိသည်။ ပြီးလျှင် ဘုရားသခင်၏ ကယ်တင်ခြင်းကို ၎င်းတို့ရရှိကြပြီး ကပ်ဘေးဒုက္ခများမတိုင်မီ ဘုရားသခင်၏ စုံလင်ခြင်းခံရသော အောင်မြင်သူအုပ်စုဖြစ်လာကြသည်။ သို့ရာတွင် ခရစ်ယာန်ဘာသာတရား၌ အနည်းငယ်မျှသောလူတို့သည်သာ ဘုရားသခင်၏ အသံတော်ကို ကြားသော ဉာဏ်ပညာရှိသည့် သတို့သမီးများဖြစ်ကြပြီး အနန္တတန်ခိုးရှင်ဘုရားသခင်ကို လက်ခံကာ သိုးသူငယ်၏ မင်္ဂလာစားပွဲ၌ ထိုင်ကြရသည်။ခရစ်ယာန်ဘာသာရှိ လူအများစုသည် ဘုရားအမှုတော်၏ ခြေရာများနောက်သို့ လိုက်ရန်မတတ်နိုင်ကြရုံသာမက အနန္တတန်ခိုးရှင် ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်ကို ဆန့်ကျင်ရှုတ်ချရာတွင် ဘာသာရေးလောက၏ ဆိုးယုတ်သော အင်အားစုများဖြစ်သည့် အန္တိခရစ်နောက်သို့ လိုက်ကြဆဲဖြစ်သည်။ ၎င်းတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို အချိန်ကြာမြင့်စွာက ဆုံးရှုံးကြပြီး ဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်၏ မုန်းတီးစက်ဆုပ်ခြင်းနှင့် ငြင်းပယ်ခြင်းကို ခံရပြီးဖြစ်ကာ ခါးသီးသောမျက်ရည်များကျကာ အံသွားခဲကြိတ်လျက်၊ ကပ်ဘေးထဲသို့ ကျဆင်းသွားကြပြီးဖြစ်သည်။

နောက်တစ်ခုသို့- သခင်၏ ပြန်ကြွလာခြင်းနှင့် စပ်လျဉ်းသည့် သမ္မာကျမ်းစာထဲရှိ ပရောဖက်ပြုချက်များသည် ယခုတွင် အားလုံး အဓိကအားဖြင့် ပြည့်စုံကြပြီးဖြစ်ကာ သခင်သည် ဤနေရာတွင် ကောင်းကောင်း ရှိနှင့်ပြီးဖြစ်နိုင်သည်။ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်က အနန္တတန်ခိုးရှင် ဘုရားသခင်သည် သခင်ယေရှု၏ ပြန်ကြွလာခြင်းဖြစ်သည်ဟု အွန်လိုင်းတွင် လူသိရှင်ကြား သက်သေခံနေကြပြီး၊ သခင့်ကို အမှန်တကယ် ယုံကြည်ပြီး ဘုရားသခင်၏ ပေါ်ထွန်းခြင်းကို တမ်းတကြသည့် ဘာသာတရားများနှင့် ဂိုဏ်ဂဏများအားလုံးမှ လူများစွာတို့သည် အနန္တတန်ခိုးရှင် ဘုရားသခင်ထံ ပြန်လာကြပြီးဖြစ်သည်။ အနန္တတန်ခိုးရှင် ဘုရားသခင်ည် ဘုရားသခင်၏ ပေါ်ထွန်းခြင်း ဖြစ်သည်၊ မဖြစ်သည်ဆိုသည်ကိုသာ ကျွန်ုပ်တို့ သိချင်ပါသည်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

အသင်းတော်များသည် ဘာသာတရားများအဖြစ် ပြောင်းလဲသွားရသည်မှာ အဘယ်ကြောင့်နည်း။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ- ဘုရားသခင်၏အိမ်တော်ဆိုသည်မှာ မည်သည့်အရာအတိအကျ ဖြစ်သနည်း။ ယင်းကို သဘောတရားအရ သတ်မှတ်ရပါက...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။