ကျန်ခဲ့တဲ့ရက်ပိုင်းတွေက အစ်ကိုယုကျွန်မတို့ကို အနန္တတန်ခိုးရှင် ဘုရားသခင်အကြောင်း သက်သေခံခဲ့တာကို သင်းအုပ်ဆရာတွေနဲ့ အကြီးအကဲတွေသိသွားကြပြီ အခုသူတို့တွေက ရူးမိုက်တဲ့သူတွေလို ပြုမူနေကြပြီ သူတို့တွေက မိစ္ဆာဒိဌိအယူနဲ့ အလိမ်အညာတွေကို လိုက်လံဖြန့်ဝေနေပြီး အနန္တတန်ခိုးရှင်ဘုရားသခင်ကို ရှုတ်ချနေကြတယ် သူတို့တွေကဘုရားကျောင်းကိုပိတ်ထားလိုက်ပြီး စပြီးလိုက်လံနှောင့်ယှက်နေတယ် ပြီးတော့ အစ်ကိုယုရဲ့ဒေသနာကိုနားထောင်ဖို့ကြိုးစားနေတဲ့ ညီအစ်ကိုမောင်နှမတွေကို လည်း တားဆီးနေတယ် ကျွန်မတို့ကို သူတို့မျက်လုံးထဲမှာ ဆူးတွေလို့ပဲမြင်နေကြတာ မုန်းစရာအကောင်းဆုံးပဲ ပြီးတော့သူတို့ကပြောသေးတယ် အနန္တတန်ခိုးရှင်ဘုရားသခင်ကို ယုံကြည်လက်ခံတဲ့သူအားလုံးကို ဘုရားကျောင်းကနေနှင်ထုတ်မယ်တဲ့ အသင်းတော်ကတော့ ဂိုဏ်းနှစ်ဂိုဏ်းကွဲနေပြီ တစ်ချို့ညီအစ်ကိုတွေညီအစ်မတွေက ကျွန်မတို့နဲ့အတူ စစ်မှန်တဲ့လမ်းကို လေ့လာဆည်းပူးချင်ကြတယ် တခြားသူတွေကတော့ သင်းအုပ်ဆရာတွေနဲ့အကြီးအကဲတွေနောက်လိုက်ပြီး အရှေ့အရပ်မှလျှပ်ပြက်ခြင်းကို ဆန့်ကျင်ရှုတ်ချနေကြတယ် ပြီးတော့သူတို့တွေက ကျွန်မတို့ကို သူတို့ရဲ့ရန်သူတွေလိုဆက်ဆံကြတယ် အသင်းတော်က ရက်အနည်းငယ်လောက်အတွင်း ဘာလို့ဒီလောက်တောင် ပြောင်းလဲသွားတာလဲ။

09.06.2019

အဖြေ- အခုကျွန်တော်တို့ကြုံတွေ့နေရတဲ့အရာဟာ ဝိညာဉ်ရေးရာတိုက်ပွဲပဲ ကျွန်တော်ဒါကိုဘာဖြစ်လို့ပြောရတာလဲ တကယ်တော့ ဘုရားသခင်လူ့ဇာတိခံယူပြီး သူ့ရဲ့အမှုတော်တွေကိုလုပ်ဆောင်ဖို့ ပေါ်လာတိုင်း စာတန်ရဲ့ဆိုးယုတ်တဲ့အင်အားစုတွေက ဘုရားသခင်ကို အရူးအမူး ဆန့်ကျင်ရှုတ်ချတော့တာပါပဲ အဲ့ဒါကနေ ဝိညာဉ်ရေးရာစစ်ပွဲဆီ အလိုအလျောက်ဦးတည်သွားတယ် ပြီးတော့ ဘာသာရေးအသိုင်းအဝိုင်းမှာ ဂိုဏ်းကွဲမှုတွေ ထွက်ပေါ်လာတယ် အဲ့ဒါဟာ ကျေးဇူးတော်ခေတ်အတောအတွင်းကလိုပဲ သခင်ယေရှုရဲ့ရွေးနှုတ်ခြင်းအမှုက ဂျူးဘာသာယုံကြည်သူတစ်စုလုံးကို လှုပ်ခါစေခဲ့တာ လူတော်တော်များများက သူပြောခဲ့လုပ်ခဲ့တဲ့အရာတွေကြောင့် သခင်ယေရှုနောက်ကို စတင်ပြီးလိုက်ခဲ့ကြတယ် ဒါပေမဲ့ ဂျူးဘာသာခေါင်းဆောင်တွေကရော သူတို့တွေက သခင်ယေရှု နှုတ်တော်ထွက်စကားတွေနဲ့အလုပ်တွေရဲ့ တန်ခိုး သြဇာအာဏာ ကို မြင်တဲ့အခါ ကြောက်ရွံ့လာခဲ့ကြတယ် ဘာဖြစ်လို့လဲဆိုတော့ သခင်ယေရှုကို ဟောပြောခွင့် သူ့အမှုတော်တွေကိုဆောင်ရွက်ခွင့် ပေးလိုက်မယ်ဆိုရင် ယုံကြည်သူတွေအားလုံး သခင်ယေရှု နောက်လိုက်သွားမှာကို ရှင်းရှင်းလင်းလင်းသိနေကြလို့ပဲ ပြီးတော့ ဂျူးဘာသာယုံကြည်မှုလဲ မကြာခင်ပြိုလဲပျက်စီးသွားမှာစိုးလို့ပဲ အဲ့ဒါကြောင့်မို့လို့ ဂျူးဘာသာကိုကာကွယ်ဖို့နဲ့ သူတို့ရဲ့ရာထူးတွေ ထမင်းစားလက်မှတ်တွေ လုံခြုံစိတ်ချရဖို့ ယုံကြည်သူတွေကို သခင်ယေရှု ကိုလက်ခံတဲ့အမှုကနေတားဆီးနိုင်ဖို့ ဘာမဆိုလုပ်ခဲ့ကြတယ် ဒီအခြေအနေတွေအောက်မှာ ဘုရားသခင်ကိုယုံကြည်တဲ့သူတွေ ဂိုဏ်းအမျိုးမျိုး ကွဲလာခဲ့တယ် တစ်ချို့တွေက သမ္မာတရားကိုမုန်းတီးလာပြီး ဘုရားသခင်ရဲ့အမှုတော်တွေကို ဆန့်ကျင်ရှုတ်ချလာခဲ့တယ် သူတို့တွေက ဘုရားသခင်ရဲ့ရန်သူတွေဖြစ်လာခဲ့တယ် သူတို့ထဲကတစ်ချို့ကတော့ ထိုးထွင်းသိမြင်နိုင်စွမ်းမရှိကြပဲ အေးတိအေးစက်ပဲ လေ့လာအကဲခတ်သူတွေဖြစ်လာတယ် တစ်ချို့လူတွေလည်းရှိသေးတယ် သူတို့တွေက ဘုရားသခင်ရဲ့အသံတော်ကိုကြားပြီး သူ့ရဲ့အမှုတော်တွေကို လေ့လာမှတ်သားလက်ခံနိုင်ခဲ့ကြတယ် အဲ့ဒီလူတွေက ဘုရားသခင်ရဲ့အမှုတော်ကို အမှန်တကယ်နာခံတဲ့သူတွေဖြစ်ကြတယ် ဘာသာရေးအသိုင်းအဝိုင်းကလူတွေ ဘုရားသခင်ရဲ့အမှုတော်နဲ့ သဏ္ဍာန်ထင်ဟပ်ခြင်း ကို ကြုံတွေ့ရင်ဆိုင်ရတဲ့အခါ ဝိညာဉ်ရေးရာစစ်ပွဲတစ်ခု မလွဲမသွေဖြစ်ပေါ်လာတာပါပဲ ကွဲပြားတဲ့အစိတ်အပိုင်းတွေလည်း ပုံမှန်အားဖြင့်ဖြစ်ပေါ်လာတယ် သခင်ယေရှုရဲ့ နှုတ်ထွက်စကားတွေနဲ့အလုပ်တွေဟာ နှံ့ပြားကျော်ကြားနေတဲ့ ဂျူးဘာသာရေးဂိုဏ်းကို ပြန်ပြီး ထုနှက်ဖြိုဖျက်ပစ်တယ် အဲ့ဒါတွေက ဂျူးဘာသာကို လှစ်ဟခွဲခြားပစ်ခဲ့တယ် အဲဒါကျွန်တော်တို့ ရှင်းရှင်းလင်းလင်းမြင်စေမယ့် အရာတစ်ခုပဲဖြစ်တယ်။

အခု သခင်ယေရှုပြန်လည်ဆင်းကြွလာပြီး သူက အနန္တတန်ခိုးရှင်ဘုရားသခင် လူ့ဇာတိခံယူထားတယ်ဆိုတာကို လူတိုင်းသိပြီးနေပါပြီ အနန္တတန်ခိုးရှင်ဘုရားသခင် ဟာ လူသားတွေကို သန့်ရှင်းစေပြီးကယ်တင်နိုင်မယ့် အမှန်တရားအားလုံးကို ဖော်ပြခဲ့တယ် သူဟာ သူ့ရဲ့တရားစီရင်ခြင်းအလုပ်ကို သူ့အိမ်ကနေပဲစခဲ့ပြီး အဲ့ဒီအဖြစ်ဟာ ဘာသာရေးလောကကို ချောက်ချားစရာလှိုင်းတွေပို့လွှတ်လိုက်သလိုဖြစ်ခဲ့တယ် ဂိုဏ်းဂဏအမျိုးမျိုးက ကောင်းတဲ့သိုးတွေနဲ့ ဦးစီးသိုးတွေက အနန္တတန်ခိုးရှင်ဘုရားသခင် ရဲ့ နှုတ်တော်ထွက်စကားတွေဟာ သမ္မာတရားတွေဖြစ်ပြီး သြဇာအာဏာ နဲ့ပြည့်ဝတယ်ဆိုတာကို မြင်တွေ့ခဲ့ကြတယ် သူတို့တွေဟာ ဘုရားသခင်ရဲ့အသံတော်ကိုမှတ်မိပြီး အနန္တတန်ခိုးရှင်ဘုရားသခင် ထံ ပြန်လာခဲ့ကြတယ် အခု ဘာသာရေးအသိုင်းအဝိုင်းက သင်းအုပ်ဆရာတွေနဲ့အကြီးအကဲတွေ ကယောင်ချောက်ချားဖြစ်ကုန်ကြပြီ ယုံကြည်သူတွေ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့နှုတ်ကပတ်တော်ကို မြင်တွေ့ပြီး အနန္တတန်ခိုးရှင် ဘုရားသခင်ထံပြန်သွားမှာ သူတို့တွေကြောက်ရွံ့နေကြတယ် အဲ့ဒါကသူတို့ကို အထီးကျန်သွားသလိုဖြစ်စေလိမ့်မယ် အဲ့ဒါကြောင့်သူတို့ရဲ့ရာထူးတွေ ထမင်းစားလက်မှတ်တွေ ဘာသာရေးလောကအပေါ် ထာဝရထိန်းချုပ်ခွင့်တွေ စတာတွေကိုကာကွယ်ဖို့ သူတို့တွေဟာ အတူလက်တွဲကြပြီး ဇွဲနပဲကြီးကြီးနဲ့ အနန္တတန်ခိုးရှင်ဘုရားသခင်ကို ဆန့်ကျင်ရှုတ်ချကြတာပေါ့ သူတို့တွေဟာ ယုံကြည်သူတွေကို စစ်မှန်တဲ့လမ်းကိုရှာဖွေလေ့လာတဲ့အမှုကနေ တားမြစ်ကြတယ် အဲ့ဒါကလည်း နောက်ထပ်ဝိညာဉ်ရေးရာစစ်ပွဲဆီ ဦးတည်စေတယ် ဒါဟာ သမ္မာကျမ်းစာကပရောဖက်ပြုထားတာတွေ လုံးဝပြည့်စုံလာတာပဲ "မြေပေါ်သို့ ငြိမ်သက်ခြင်းကို စေလွှတ်အံ့သောငှါ ငါလာသည်ဟုမထင်ကြနှင့်။ ငြိမ်သက်ခြင်းကို စေလွှတ်အံ့သောငှါ ငါလာသည်မဟုတ်။ ထားကို စေလွှတ်အံ့သောငှါ ငါလာသတည်း။" (ရှင်မဿဲခရစ်ဝင် ၁၀:၃၄) "ငါသည်သိုးထိန်းတို့ တလက်၌နေ၏။ ငါ့သိုးများကို သူတို့၌ငါတောင်း၍ သိုးထိန်းအရာကို နှုတ်မည်။ သိုးထိန်း တို့သည် နောက်တဖန်ကိုယ်ကို မကျွေးမွေးရကြ။ ငါ့သိုးများကို သူတို့ပစပ်မှ ငါနှုတ်၍ နောက်တဖန် မကိုက် မစားရကြ။" (ယေဇကျေလအနာဂတ္တိကျမ်း ၃၄:၁၀) ဒီ ဝိညာဉ်ရေးရာတိုက်ပွဲအတွင်းမှာ ကျွန်တော်တို့တစ်ဦးချင်းစီဟာ ရွေးချယ်စရာတစ်ခုခုနဲ့ ရင်ဆိုင်တွေ့ဆုံရလိမ့်မယ် ဘုရားသခင်ရဲ့ထင်ဟပ်ပြခြင်းနဲ့ သမ္မာတရားကိုလိုလားတောင့်တသူတွေဟာ သူတို့ရှာဖွေလေ့လာမှုတွေကနေ နောက်ဆုံးသောကာလမှာ အနန္တတန်ခိုးရှင်ဘုရားသခင် ရဲ့လုပ်ဆောင်မှုတွေကနေ ဘုရားသခင်ရဲ့အသံတော်ကို ကြားရမှာဖြစ်ပြီး အနန္တတန်ခိုးရှင်ဘုရားသခင် ဟာ ဘုရားသခင်ရဲ့ထင်ဟပ်ပြခြင်းဖြစ်တဲ့ သခင်ယေရှုရဲ့ ပြန်လည်ဆင်းကြွလာခြင်းဆိုတာကို သိမြင်ယုံကြည်လာရလိမ့်မယ် သူတို့တွေဟာ ဘာသာရေးအသိုင်းအဝိုင်းက အန္တိခရစ်အင်အားစုတွေရဲ့ တားမြစ်ထိန်းချုပ်မှုတွေကို ချိုးဖြတ်ပြီးလွတ်မြောက်ရလိမ့်မယ် သူတို့တွေဟာ သန့်စင်ခြင်း ကယ်တင်ခြင်းနဲ့ ပြည့်စုံအောင်ပြုလုပ်ခြင်းတွေကို လက်ခံယူဖို့ ဘုရားသခင်ရဲ့ပလ္လင်တော်ရှေ့ကို ချီဆောင်ခြင်းခံခဲ့ရကြတယ် အဲ့ဒီလူတွေဟာ ဘုရားသခင် နောက်ဆုံးသောကာလမှာ စီရင်ပြုလုပ်ပေးမယ့် အောင်မြင်သောသူတွေ ဖြစ်ပါတယ် ဘာသာရေးခေါင်းဆောင်တွေနောက်လိုက်ပြီး အနန္တတန်ခိုးရှင်ဘုရားသခင် ကို ငြင်းပယ် ဆန့်ကျင်ရှုတ်ချတဲ့သူတွေကတော့ နောက်ဆုံးသောကာလမှာ ဘုရားသခင် ရဲ့သုတ်သင်ဖယ်ရှားခြင်းကိုခံရတဲ့ တောမြက်ပင် ပေါင်းပင်တွေ ဖြစ်ကြတယ် သူတို့တွေဟာ မယုံကြည်သူတွေနဲ့ အန္တိခရစ်တွေပဲဖြစ်တယ် သူတို့တွေဟာ အမှောင်ထုထဲကျရောက်နေတဲ့ ဘုရားသခင်ရဲ့စွန့်ပစ်ခြင်းခံထားရသူတွေ ဖြစ်တယ် အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ ရောက်ရှိလာခြင်းနဲ့လုပ်ဆောင်မှုတွေကနေ နောက်ဆုံးသောကာလမှာ ကြီးမားတဲ့ငတ်မွတ်ခေါင်းပါးမှုတွေ ဘာသာရေးလောကကို ယူဆောင်လာပြီး အရာရာဟာလှစ်ဟပြသခြင်းရှိလိမ့်မယ် ဂျုံပင်နဲ့တောမြက်ပင် သိုးနဲ့ဆိတ် ပညာရှိသူနဲ့မိုက်မဲသူ ကောင်းသောအစေခံနဲ့ ဆိုးယုတ်တဲ့အစေခံ စသဖြင့် ဝိညာဉ်ရေးရာတိုက်ပွဲကာလအတွင်း အမျိုးအစားခွဲခြားသတ်မှတ်မှုတွေဖြစ်ကြရမယ် အဲ့ဒီကနေ ဘုရားသခင်ရဲ့လုပ်ဆောင်မှုဉာဏ်ပညာနဲ့ သူ့ရဲ့အံ့ဖွယ်လက်ရာတော်တွေကို ကျွန်တော်တို့တွေ့နိုင်မယ်။

ကျွန်တော်တို့အားလုံးနားလည်ပါပြီ အနန္တတန်ခိုးရှင်ဘုရားသခင် က နောက်ဆုံးသောကာလမှာသူ့ရဲ့ တရားစီရင်ခြင်းအမှုကိုဆောင်ရွက်ကတည်းက သူဟာ စာတန်စီစီပီအစိုးရနဲ့ ဘာသာရေးအသိုင်းအဝိုင်းက သင်းအုပ်ဆရာတွေ အကြီးအကဲတွေရဲ့ တယူသန်ဆန့်ကျင်မှုတွေနဲ့ ရက်စက်ကြမ်းကြုတ်တဲ့နှိပ်စက်မှုတွေ ကြုံခဲ့ရတယ် အကျင့်ပျက်နေတဲ့လူသားမျိုးနွယ်ထဲမှာ သမ္မာတရားကိုအမှန်တကယ်ချစ်မြတ်နိုးတဲ့လူတွေ အများကြီးမရှိပါဘူး အဲ့ဒီလိုပဲ ဘာသာရေးလောကကြီးတစ်ခုလုံးမှာ ဘုရားသခင်ရဲ့ရောက်ရှိလာခြင်းကို အမှန်တကယ်တမ်းတနေတဲ့လူတွေလည်း အများကြီးမရှိပါဘူး ဒါက သခင်ယေရှု ရဲ့ ဗျာဒိတ်တော်တွေ လုံးဝပြည့်စုံလာတာပဲဖြစ်တယ် "ကောင်းကင်တဘက်မှ ပြက်သောလျှပ်စစ်သည် ကောင်းကင်အနှံ့အပြား ထွန်းလင်းသကဲ့သို့၊ လူသား သည် မိမိနေ့ရက်၌ ဖြစ်တော်မူလတံ့။ ထိုသို့မဖြစ်မှီ သူသည် များစွာသောဆင်းရဲဒုက္ခကို၎င်း၊ ယခုလူမျိုး၏ ငြင်းပယ်ခြင်းကို၎င်း ခံရမည်။" (ရှင်လုကာခရစ်ဝင် ၁၇:၂၄-၂၅) ဒါပေမယ့်လည်း ဆိုးယုတ်တဲ့စီစီပီအစိုးရနဲ့ ဘာသာရေးအသိုင်းအဝိုင်းက ယုတ်ညံ့တဲ့ အန္တိခရစ်အင်အားစုတွေ ညှဥ်းပန်းနှိပ်စက်ရှုတ်ချနေပါစေ ဘုရားသခင်ဆီကထွက်ပေါ်လာတဲ့အရာတွေဟာ နောက်ဆုံးမှာအောင်မြင်မှုရမှာပါ ဒါဘာသံသယမှဖြစ်စရာမလိုပါဘူး ပြောရမယ်ဆိုရင် အနှစ်နှစ်ဆယ်အတွင်း အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ သတင်းကောင်း တရုတ် နိုင်ငံ တလွှားပြန့်နှံ့သွားပြီ အဲ့ဒီသတင်းကောင်းက ဒီနိုင်ငံမှာ ဟိုးအကြာကြီးကတည်းက အများသိထားတဲ့ ဗဟုသုတ တစ်ခုဖြစ်လာခဲ့တာ အနန္တတန်ခိုးရှင်ဘုရားသခင် ရဲ့နှုတ်ကပတ်တော်ဖြစ်တဲ့ "နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ပေါ်လာ၏" ဆိုတဲ့ပို့စ်ကို အင်တာနက်မှာဟိုးတုန်းကတည်းကတင်ထားတာ ဘုရားသခင်ရောက်ရှိလာခြင်းကိုမွတ်သိပ်ပြီး သမ္မာတရားကိုချစ်မြတ်နိုးတဲ့ နိုင်ငံတိုင်းနေရာတိုင်းက နောက်ထပ်နောက်ထပ်သောလူတွေဟာ နောက်ဆုံးသောကာလမှာ အနန္တတန်ခိုးရှင်ဘုရားသခင် ရဲ့လုပ်ဆောင်မှုတွေကိုလေ့လာဆည်းပူးဖို့ အွန်လိုင်းမှာရှာဖွေနေကြပါတယ် အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေနဲ့လုပ်ဆောင်မှုတွေဟာ အရှေ့အရပ်ကနေအနောက်အရပ်တိုင်အောင် လျှပ်ပြက်ခြင်းလိုပါပဲ ဒါဟာသခင်ယေရှုရဲ့ နှုတ်ထွက်စကားတွေ ပြည့်စုံလာတာပါပဲ "လျှပ်စစ်သည် အရှေ့မှပြက်၍အနောက်တိုင်အောင် ထွန်းလင်းသကဲ့သို့၊ လူသားသည် ကြွလာတော် မူလတံ့။" (ရှင်မဿဲခရစ်ဝင် ၂၄:၂၇) ဒါက အနန္တတန်ခိုးရှင်ဘုရားသခင် ရဲ့အမှုတော်ဟာ ရောက်ရှိလာခြင်းနဲ့ နောက်ဆုံးသောကာလမှာ ဘုရားသခင်ရဲ့ဆောင်ရွက်မှု၊ သခင်ယေရှုရဲ့ ဒုတိယအကြိမ်ကြွဆင်းလာတဲ့လုပ်ဆောင်မှု ဆိုတာ ကျွန်တော်တို့ကို ပြသနေပါတယ် ဘုရားသခင်ရောက်ရှိလာခြင်းနဲ့ လုပ်ဆောင်မှုရလဒ်တွေဟာ သူ့ကိုလူတွေ ပိုပိုပြီး လက်ခံလာတာ သူ့ရဲ့နှုတ်ကပတ်တော်တွေကိုပြန့်နှံ့စေတာ သူ့ကိုသက်သေခံမှုတွေဆောင်ယူလာတာ နဲ့အတူ တိုးတက်လာပါလိမ့်မယ် အချိန်နဲ့အချက်အလက်တွေက ဒါတွေအားလုံးကိုသက်သေပြပါလိမ့်မယ် ဒါဟာ သခင်ယေရှုရဲ့ အလုပ်တွေလိုပါပဲ အစကတော့ဒါဟာ ဘုရားသခင်ရဲ့အလုပ်လို့ ဘယ်သူကမှအသိအမှတ်မပြုကြပါဘူး ဒါပေမဲ့နောက်တော့ သတင်းကောင်းပြန့်နှံ့သွားတာနဲ့အမျှ အဲ့ဒါကို လူတွေ ပိုပိုပြီးစတင်လက်ခံလာကြတယ် နောက်ဆုံးသောကာလမှာ အဲ့ဒါကကမ္ဘာအဆုံးတိုင်ပြန့်နှံ့သွားတယ် အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့အလုပ်ကလည်း အတူတူပါပဲ အခု အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေ အတော်ကိုပြန့်နှံ့နေပြီး ပိုပိုများလာတဲ့လူတွေက ဒါဟာ ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေဆိုပြီး သိမှတ်လက်ခံလာကြပါပြီ ဒါက ဘုရားသခင်ရဲ့စကားတော်တွေဟာ ဘုန်းအာနုဘော်နဲ့ပြည့်စုံပြီး စာတစ်ကြောင်းချင်းစီ ပြီးပြည့်စုံရလိမ့်မယ်ဆိုတဲ့ လုံလောက်တဲ့သက်သေပဲ ဘုရားသခင်ရဲ့စကားတွေဟာ အရာရာကိုပြီးပြည့်စုံစေနိုင်ပါတယ်။

အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့နှုတ်ကပတ်တော်ထဲက စာပိုဒ်တစ်ခုကို ဖတ်ကြည့်ကြရအောင်- "စကြဝဠာတစ်ခွင်တွင် ငါသည် ငါ၏အမှု ထမ်းဆောင်လျှက်ရှိပြီး အရှေ့တိုင်းတွင် စဉ်ဆက်မပြတ် မိုးပျက်ကျနေလျက် တိုင်းနိုင်ငံအားလုံးနှင့် ဂိုဏ်းဂဏအားလုံးကို တုန်လှုပ်နေစေသည်။ လူသားအားလုံးကို ပစ္စုပ္ပန်သို့ လမ်းပြခဲ့သည်မှာ ငါ၏အသံဖြစ်သည်။ ငါ၏အသံဖြင့် လူသားအားလုံးကို အနိုင်ယူမည်။ လူသားအားလုံးကို ဤစမ်းချောင်းအတွင်း ကျစေပြီး ငါ၏ရှေ့မှောက် နာခံစေမည်။ အကြောင်းမူကား ကြာမြင့်စွာကတည်းက ငါ၏ဘုန်းတော်ကို ကမ္ဘာတစ်ခုလုံးထံမှ ငါပြန်လည်ရယူခဲ့ပြီး အရှေ့တိုင်းတွင် အသစ်တစ်ဖန် ထုတ်ဝေခဲ့ပြီ ဖြစ်သည်။ အဘယ်သူသည် ငါ၏ဘုန်းကိုမြင်ရရန် မတောင့်တသနည်း။ အဘယ်သူသည် ငါပြန်လာမည့် အချိန်ကို စိုးရိမ်ကြီးစွာ စောင့်၍ မနေသနည်း။ အဘယ်သူသည် ငါတစ်ဖန် ပြန်ပေါ်လာမည်ကို မတောင့်တ သနည်း။ အဘယ်သူသည် ငါ၏ ချစ်ခင်နှစ်လိုဖွယ် ကောင်းခြင်းကို အောက်မေ့တမ်းတခြင်း မရှိသနည်း။ အဘယ်သူသည် အလင်းသို့ မလာဘဲနေမည်နည်း။ အဘယ်သူသည် ခါနာန်ပြည်၏ ကြွယ်ဝမှုအကြောင်း မစဉ်းစားဘဲ နေမည်နည်း။ အဘယ်သူသည် ရွေးနုတ်မည့်သူ ပြန်လာမည်ကို မတောင့်တဘဲနေသနည်း။ ကြီးမြတ်သည့် အနန္တတန်ခိုးရှင်အား မမြတ်နိုးသူ အဘယ်သူနည်း။ ငါ၏အသံသည် ကမ္ဘာတစ်ဝန်း ပျံ့နှံ့သွားမည်။ ငါရွေးကောက်ထားသူများအား မျက်နှာချင်း ဆိုင်လျှက် နှုတ်ကပတ်တော်ကို ပိုမိုပြောကြားရန် ငါအလိုရှိသည်။ တောင်များနှင့် မြစ်များကို တုန်လှုပ်စေသည့် အစွမ်းကြီးသော မိုးချုန်းသံများကဲ့သို့ စကြဝဠာတစ်ခုလုံးနှင့် လူသားမျိုးနွယ်တို့အား ငါ၏ နှုတ်ကပတ်တော်ကို ငါပြောကြားသည်။ ထို့ကြောင့် ငါ၏ခံတွင်း အတွင်းရှိ နှုတ်ကပတ်တော်သည် လူသား၏ ရတနာဖြစ်ပြီး လူသားအားလုံး ငါ၏ နှုတ်ကပတ်တော်ကို ချစ်ခင် မြတ်နိုးသည်။ အရှေ့တိုင်းမှသည် အနောက်တိုင်းအထိ တစ်လျှောက်လုံး လျှပ်ပြက်သည်။ လူသားသည် ငါ၏ နှုတ်ကပတ်တော်ကို စွန့်လွှတ်ရန် ရွံမုန်းပြီး တစ်ချိန်တည်းတွင် မတွေးတတ်အောင် နက်နဲသည်ဟု မြင်သည်။ သို့သော် နှုတ်ကပတ်တော်တွင် ပျော်ပိုက်ခြင်းမှာ ပို၍များပါသည်။ မွေးကင်းစ ကလေးငယ် တစ်ဦးကဲ့သို့ လူသားအားလုံးသည် ဝမ်းမြောက်ပျော်ရွှင်လျက် ငါကြွလာမည့် အချိန်အတွက် ပျော်ပွဲရွှင်ပွဲများ ကျင်းပ နေကြပါသည်။ ငါ၏အသံအားဖြင့် ငါသည် လူသားအားလုံးကို ငါ၏ ရှေ့မှောက်သို့ ခေါ်ယူမည်။ ထိုအချိန်မှစ၍ လူသားတို့သည် ငါ့ကိုလာရောက် ဝတ်ပြုရန်အလို့ငှာ ငါသည် လူသားအမျိုးအနွယ်အကြား တရားဝင် ဝင်ရောက်မည်။ ဖြာထွက်လျက်ရှိသော ငါ၏ဘုန်းတန်ခိုးနှင့် ငါ၏ ခံတွင်းရှိ နှုတ်ကပတ်တော် အားဖြင့် လူသားအားလုံးကို ငါ၏ ရှေ့မှောက်လာစေပြီး အရှေ့တိုင်းမှ လျှပ်ပြက်ခြင်းများကို မြင်စေကာ ငါသည်လည်း အရှေ့တိုင်း၏ သံလွင်တောင်ပေါ်သို့ ဆင်းသက်ပြီဖြစ်ကြောင်း မြင်စေမည်။ ငါသည် ယုဒ လူမျိုးများ၏ သားအဖြစ် မဟုတ်တော့ဘဲ အရှေ့တိုင်း၏ လျှပ်ပြက်ခြင်းကဲ့သို့ မြေကြီးပေါ်သို့ ရောက်နေသည်မှာ ကြာပြီဖြစ်ကြောင်းကို ထိုသူတို့ တွေ့လိမ့်မည်။ အကြောင်းမူကား ငါသည် ကြာမြင့်စွာ ကတည်းက ရှင်ပြန်ထမြောက်ပြီးဖြစ်ပြီး လူသားမျိုးနွယ်အကြားမှ ထွက်ခွာလာပြီးနောက်၊ ဘုန်းတန်ခိုးဖြင့် လူသားတို့ အကြား ပြန်လည် ပေါ်ပေါက်လာခဲ့၏။ ငါသည် ယခုမတိုင်မီ မရေမတွက်နိုင်သော နှစ်ပေါင်းများစွာ ကတည်းက ဝတ်ပြုခံခဲ့ရသူဖြစ်ပြီး ယခုမတိုင်မီ နှစ်ပေါင်းများစွာက ဣသရေလအမျိုးတို့ စွန့်ပစ်ခဲ့သူ မွေးကင်းစလည်း ဖြစ်သည်။ ၎င်းအပြင် ငါသည် မျက်မှောက်ခေတ်၏ ဘုန်းကြီးသော အနန္တတန်ခိုးရှင် ဘုရားသခင်လည်းဖြစ်သည်။ ငါ၏ပလ္လင်ရှေ့မှောက် အားလုံးကိုလာစေလျက် ဘုန်းတန်ခိုးရှိသော ငါ၏ မျက်နှာကို ဖူးမျှော်ပါစေ။ ငါ့အသံကို ကြား၍ ငါ၏လုပ်ဆောင်ချက်တို့ကို ကြည့်ပါစေ။ ဤသည်မှာ ငါ၏အလိုဆန္ဒ တစ်ခုလုံးဖြစ်သည်။ ဤသည်မှာ ငါ့အစီအစဉ်၏ အဆုံးနှင့် အထွတ်အထိပ်ဖြစ်ပြီး ငါ့စီမံခန့်ခွဲမှု၏ ရည်ရွယ်ချက်လည်းဖြစ်သည်။ နိုင်ငံတိုင်း ငါ့ကို ဝတ်ပြုပါစေ။ ဘာသာစကားတိုင်း ငါ့ကို အသိအမှတ် ပြုပါစေ။ လူတိုင်း ငါ့ကိုယုံကြည်ပြီး လူမျိုးတိုင်း ငါ့ကို နာခံပါစေ။" (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ကောင်းကင်နိုင်ငံတော်၏ ဧဝံဂေလိတရားသည် စကြဝဠာတစ်ခွင်လုံး ပျံ့နှံ့သွားမည်ဟု ဟောပြောနေသည့် မိုးကြိုးသံ ခုနစ်ချက်မြည်ဟည်းသည်)

အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ကိုဖတ်တဲ့ ဘယ်သူမဆို အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေဟာ သမ္မာတရားဖြစ်ပြီး ဘုရားသခင်ရဲ့အသံဖြစ်တယ်ဆိုတာကို ဝန်ခံတယ် ဒါက အနန္တတန်ခိုးရှင်ဘုရားသခင်ဟာ သခင်ယေရှဒုတိယအကြိမ်ကြွလာခြင်းပဲ ဆိုတဲ့ လုံလောက်တဲ့သက်သေပဲလေ ကျွန်တော်တို့တွေဟာ သခင့်ကိုယုံကြည်ပြီး သခင့်ရဲ့နောက်ကိုလိုက်တဲ့သူတွေ ဖြစ်တာကြောင့် သခင်ယေရှုရဲ့ပြန်လည်ကြွလာခြင်းကို လက်ခံဖို့လိုတယ် ဒါမှ သိုးသငယ်ရဲ့ခြေရာနောက်ကိုလိုက်တဲ့လူ ဆိုတဲ့အဓိပ္ပါယ်ပေါ်လွင်မှာ လူတွေအနေနဲ့ သခင့်ကို ယုံကြည်တာ ဘယ်လောက်ပဲကြာခဲ့ပါစေ သခင်ပြန်လာတဲ့အခါ သခင့်ကို လက်မခံ ဒါမှမဟုတ် အသိအမှတ်မပြုရင် သူတို့တွေ သခင့်ရဲ့စွန့်ပစ်ခြင်းကို ခံရမှာပဲ သခင်ယေရှုရဲ့ပြန်လည်ဆင်းကြွလာခြင်းဟာ လူတွေကိုထင်ရှားစွာပြသပေးလိမ့်မယ် မင်္ဂလာဆောင် သတို့သားရဲ့အသံကို နားထောင်ပြီး လက်ခံနိုင်တဲ့သူတွေသာ ဉာဏ်ပညာရှိတဲ့အပျိုစင်တွေဖြစ်ကြတယ် သိုးသငယ်ရဲ့မင်္ဂလာ ညစာစားပွဲကို တက်ရောက်တဲ့သူတွေသာ ဘုရားသခင်ရဲ့ ခွင့်ပြုမှုအခွင့်အရေးကို ရရှိမှာဖြစ်ပြီး သန့်ရှင်းစေမှုနဲ့ ခရစ်တော်ရဲ့နိုင်ငံတော်ကို ဝင်စားရမှာဖြစ်တယ် တကယ်လို့လူတွေက သခင်ယေရှုရဲ့နာမတော်ကိုသာယုံကြည်ပြီး သူပြန်လည်ကြွရောက်လာတာကို လက်မခံဘူး ပြီးတော့ နောက်ဆုံးသောကာလ ခရစ်တော် ဖော်ပြတဲ့ သမ္မာတရားကို လက်မခံဘူးဆိုရင် သခင်ယေရှုက သူတို့ကိုဘယ်လိုလုပ်အသိအမှတ်ပြုမလဲ သခင်ယေရှုက သူတို့ကိုကျိန်းသေရှုတ်ချမှာဖြစ်ပြီး "သင်တို့ကို ငါအလျင်းမသိ၊ အဓမ္မအမှုကို ပြုသောသူတို့၊ ငါ့ထံမှ ဖယ်ကြဟု ထိုသူတို့အား အတည့်အလင်း။" (ရှင်မဿဲခရစ်ဝင် ၇:၂၃) သူတို့တွေဟာ ဖာရှိရှဲတွေရဲ့အဖြစ်မျိုးနဲ့တူလိမ့်မယ်။ သူတို့တွေက ယေဟောဝါဘုရားသခင်ရဲ့ နာမတော်ကိုသာယုံကြည်ပြီး သခင်ယေရှုရဲ့လူ့ဇာတိခံယူတာကို လက်ခံရမယ့်အစား သခင်ယေရှုကို ဆန့်ကျင်ရှုတ်ချတဲ့အဖြစ်ကိုပဲ တယူသန်ရွေးချယ်ခဲ့ကြတယ် သူတို့ရဲ့ ဘုရားသခင်အပေါ်ယုံကြည်မှုဟာ သူ့ရဲ့သဘောကျနှစ်သက်မှုကို ရယူနိုင်ပါ့မလား သူတို့ဟာ ဘုရားသခင်ရဲ့သဘောကျနှစ်သက်မှုကိုမရနိုင်တဲ့အပြင် သူ့ရဲ့ကျိန်ခြင်းနဲ့ အပြစ်ပေးခြင်းကိုပါခံခဲ့ရတယ် အဲ့ဒါကြောင့်မို့လို့ သခင့်ကိုယုံကြည်ကြတယ် ဒါပေမဲ့သူ့ရဲ့နာမတော်ကိုသာ စိတ်ထဲမှာထားကြတဲ့သူတွေ၊ ကောင်းကင်ဘုံက မရေရာတဲ့ဘုရားသခင်ကို ယုံကြည်ကြတယ် ဒါပေမဲ့ နောက်ဆုံးသောကာလက ဘုရားသခင်ရဲ့အလုပ်တွေကိုမနာခံကြတဲ့သူတွေ၊ ပြီးတော့ အနန္တတန်ခိုးရှင်ဘုရားသခင် နောက်ဆုံးသောကာလရဲ့ခရစ်တော် ဖော်ပြခဲ့တဲ့သမ္မာတရားကို လက်မခံကြတဲ့လူတွေ အဲ့ဒီလူတွေဟာ ဖာရိရှဲတွေနဲ့ တစ်ထေရာတည်းပဲ သူတို့တွေဟာဘုရားသခင်ရဲ့နာမတော်သက်သက်ကိုသာ ယုံကြည်ကြသူတွေသာ ဖြစ်ပြီး တကယ့်လက်တွေ့မှာတော့ သူတို့တွေဟာဘုရားသခင်ကို ဆန့်ကျင်သစ္စာဖာက်နေကြသူတွေပါ သူတို့အားလုံးကို ဘုရားသခင်စွန့်ပစ်လိမ့်မှာပဲဖြစ်တယ် သခင်ယေရှုရဲ့ ပြန်လည်ရောက်ရှိလာခြင်းက လူသားအားလုံးကိုထုတ်ဖော်ပြသ ပါလိမ့်မယ် ဒါဟာကျွန်တော်တို့တွေ ရှင်းရှင်းလင်းကိုနားလည်သဘောပေါက်ရမယ့်အရာပါ။

ဘုရားသခင်၌ ယုံကြည်ခြင်း ၏ ရုပ်ရှင် ဇာတ်ညွှန်း မှ

နောက်တစ်ခုသို့- ကျမ်းစာထဲမှာ အစိုးရရဲ့အုပ်စိုးခြင်းကို ဝန်ခံရမယ်လို့ ရှင်ပေါလုက ပြောထားတယ်လေ ရှင်ပေါလုပြောတဲ့အတိုင်းကျွန်တော်တို့လိုက်လျှောက်မယ်ဆိုရင် လက်ရှိအစိုးရရဲ့ပြောစကားတွေကို အမြဲနားထောင်ရတော့မှာပေါ့ ဒါပေမဲ့ ဘုရားမဲ့ဝါဒီ စီစီပီက ဘုရားသခင်ရဲ့ ရန်သူ တစ်ယောက်လို ဘုရားတရား ကိုင်းရှိုင်းတဲ့ သူတွေကို ညှဥ်းပန်းနှိပ်စက်နေတာ စီစီပီက ကျွန်တော်တို့ကို သခင့်ကို ယုံကြည်တဲ့ အမှုကနေ တားဆီးနေရုံတင် မကဘူး ဘုရားသခင်ရဲ့ သတင်းကောင်းကို ဖြန့်ဝေနေတဲ့သူတွေကိုလည်း ဖမ်းဆီးပြီး ညှဥ်းပန်းနှိပ်စက်နေတာ ဒါကို ကျွန်တော်တို့တွေ လိုက်နာပြီး ဘုရားသခင်ကို မယုံကြည်ဘူး ဒါမှမဟုတ် သတင်းကောင်းကို မဖြန့်ဝေဘူးဆိုရင် စာတန်နဲ့ ဘက်ပေါင်းပြီး သခင့်ကို ဆန့်ကျင်ရာ သစ္စာဖောက်ရာ မကျဘူးလား ဒါဆိုကျွန်တော်တို့တွေက ပျက်စီးမှုဆီ ဦးတည်နေတဲ့သူတွေလို ဖြစ်လာမနေဘူးလား ကျွန်တော် ဒါကိုသဘောမပေါက်ဘူး အစိုးရရဲ့အုပ်စိုးမှုကို ဘယ်လိုသဘောထားရမလဲ ဆိုတာနဲ့ ပတ်သက်လာရင် ဘုရားသခင်ရဲ့ အလိုတော်နဲ့အညီ ကျွန်တော်တို့ ဘာတွေလုပ်ရမှာလဲ။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၃။ လူတို့၏ အသက်တာများသည် လျှပ်တစ်ပြက်၊ နှစ်အနည်းငယ်အတွင်း ကုန်လွန်သွားသည်။ ပြန်ကြည့်လျက်၊ ၎င်းတို့သည် ၎င်းတို့၏ အသက်တာများကို ပြန်လည်သတိရမိကြသည်- ကျောင်းသွားရင်း၊ အလုပ်လုပ်ရင်း၊ အိမ်ထောင်ပြုရင်း၊ သားသမီးများရှိရင်း၊ သေခြင်းကို စောင့်ဆိုင်းရင်း၊ ၎င်းတို့၏ အသက်တာများတစ်ခုလုံးသည် လူသား တည်ရှိမှု၏ မှန်ကန်သော ဦးတည်ချက်နှင့် ရည်မှန်းချက်များ လုံးဝ ကင်းမဲ့ပြီး ရှင်သန်ခြင်းတွင် မည်သည့် တန်ဖိုး သို့မဟုတ် အဓိပ္ပါယ်မျှ မရှာတွေ့နိုင်ဘဲလျက်၊ မိသားစု၊ ငွေကြေး၊ အဆင့်အတန်း၊ အခွင့်အလမ်းနှင့် သိက္ခာတရားအတွက် မအားမလပ် ဟိုဟိုသည်သည် ပြေးလွှားရင်း ကုန်လွန်ခဲ့ကြသည်။ ထို့ကြောင့် လူတို့သည် မျိုးဆက် တစ်ဆက်ပြီးတစ်ဆက် ဤ နာကျင်စရာဖြစ်ပြီး အနှစ်မဲ့သည့် နည်းလမ်းဖြင့် အသက်ရှင်ကြလေသည်။ လူတို့၏ အသက်တာများသည် အဘယ်ကြောင့် အလွန် နာကျင်ဖွယ်ဖြစ်ပြီး အနှစ်မဲ့ပါသနည်း။ ပြီးလျှင် လူသား တည်ရှိခြင်း၏ နာကျင်မှုနှင့် အနှစ်မဲ့ခြင်းတို့ကို မည်သို့ ဖြေရှင်းနိုင်သနည်း။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-လူသားတို့ ကြံ့ကြံ့ခံကြရသည့် မွေးဖွားခြင်း၊ သေဆုံးခြင်း၊ ဖျားနာခြင်းနှင့် အိုမင်းသောအသက်အရွယ်တို့မှ...

၄။ ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံယူသည့် ဘုရားသခင်၏ကယ်တင်မှုကို ပို၍လိုအပ်သည်

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-ဘုရားသခင်၏ဝိညာဉ်တော်ကို လူသားက ထိတွေ့နိုင်ခြင်း၊ မြင်နိုင်ခြင်း မရှိသကဲ့သို့၊ လူသားသည်...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။