စည်းမျဉ်းကို လိုက်နာခြင်းသည် အဘယ်အရာဖြစ်ပြီး စည်းမျဉ်းကို လိုက်နာခြင်းနှင့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းကြား ကွဲပြားခြားနားမှုများမှာ အဘယ်နည်း

06.12.2021

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

ယခု လူသားအနေဖြင့်ကြိုးပမ်းရမည်မှာ ယနေ့ လူသား၏ လက်တွေ့ အခြေအနေနှင့်အညီ၊ ပစ္စုပ္ပန်လူသား၏ အရည်အချင်းနှင့် လူသား၏ တကယ့် ဝိညာဉ်အသက်တာနှင့်အညီ ဖြစ်ပြီး၊ သင်သည် အယူဝါဒများကို လိုက်နာရန်မလိုအပ်ပေ။ ဤသည်မှာ အပြောင်းအလဲများကို သင်၏ စိတ်သဘောထားအဟောင်းဖြင့် ရယူနိုင်စေရန်နှင့် သင်၏ အယူအဆများကို သင့်အနေနှင့် ဖယ်ရှားနိုင်စေရန် အတွက်ဖြစ်သည်။ ပညတ်တော်များသည် စည်းကမ်းများ ဖြစ်သည်ဟု သင်ထင်သလော။ ၎င်းတို့မှာ လူသားနှင့်သက်ဆိုင်သည့် ပုံမှန် သတ်မှတ်ချက်များဖြစ်သည်ဟု ဆိုနိုင်သည်။ ၎င်းတို့သည် သင် လိုက်နာရမည့် စည်းကမ်းများ မဟုတ်ကြပေ။ ဆေးလိပ် မသောက်ရဆိုသည်ကို ဥပမာ အဖြစ် ကြည့်ကြစို့— ၎င်းမှာ စည်းကမ်းလော။ ၎င်းမှာ စည်းကမ်း မဟုတ်ပေ။ ၎င်းမှာ သာမန် လူသားက သတ်မှတ်ထားသည့်အရာဖြစ်သည်။ ၎င်းမှာ စည်းကမ်း မဟုတ်ဘဲ၊ လူသားမျိုးနွယ် တစ်ရပ်လုံးအတွက် ချမှတ်ထားသည့်အရာတစ်ခုဖြစ်သည်။ ယနေ့၊ ချမှတ်ထားကြသည့် တစ်ဒါဇင်ခန့်ရှိ ပညတ်တော်များသည်လည်း စည်းကမ်းများ မဟုတ်ကြဘဲ သာမန်လူသား ရရှိဖို့ရန် သတ်မှတ်ထားသည့်အရာ ဖြစ်သည်။ လူတို့သည် ယင်းကဲ့သို့သော အရာများကို အတိတ်က မပိုင်ဆိုင်ခဲ့၊ မသိရှိခဲ့ကြပေ၊ သို့ဖြစ်၍ လူတို့သည် ၎င်းတို့ကို ယနေ့ ရယူရန် လိုအပ်နေကြခြင်း ဖြစ်ပြီး၊ ၎င်းတို့ကို စည်းကမ်းများဟု လက်ခံ၍မရပေ။ ပညတ်များသည် စည်းကမ်းများနှင့် မတူကြပေ။ ငါပြောဆိုနေသည့် စည်းကမ်းများမှာ အခမ်းအနားများ၊ လုပ်ရိုးလုပ်စဉ်များ သို့မဟုတ် လူသား၏ သွေဖယ်နေသော သို့မဟုတ် မှားယွင်းနေသော အလေ့အထများကို ရည်ညွှန်း၏၊ ၎င်းတို့မှာ လူသားအား အကူအညီမပေးသလို၊ သူ့ကိုအကျိုးမပေးသည့် စည်းကမ်းချက်များ ဖြစ်ကြ၏၊ မည်သို့မျှ အဓိပ္ပာယ် မရှိသည့် ဆောင်ရွက်ပုံနည်းလမ်း ဖြစ်သည်။ ဤသည်မှာ စည်းကမ်းများ၏ စံနမူနာ ဖြစ်ပြီး၊ ယင်းကဲ့သို့သော စည်းကမ်းများမှာ လူသားအား မည်သည့် အကျိုးမျှ မပေးသည့်အတွက် စွန့်ပစ်ကြရမည်။ လူသားကို အကျိုးပြုသည့်အရာများသည့် လက်တွေ့ ကျင့်သုံးရမည့် အရာဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင့်အမှုတော်၏ ရူပါရုံ (၁)

ထိုသို့သော လက်တွေ့လုပ်ဆောင်မှုများက တစ်စုံတစ်ရာ သက်ရောက်မှုရှိသည် ဖြစ်စေ မရှိသည်ဖြစ်စေ သို့မဟုတ် စစ်မှန်သော သိနားလည်မှုဆီသို့ လမ်းပြသည်ဖြစ်စေ မပြသည်ဖြစ်စေ ပုံမှန်ဝိညာဉ်အသက်တာတွင် ဆုတောင်းခြင်း၊ ဓမ္မသီချင်းများ သီဆိုခြင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ခြင်း သို့မဟုတ် သူ၏ နှုတ်ကပတ်တော်များကို တွေးဆခြင်းတို့ သေချာပေါက် ပါဝင်သည်ဟု လူအများစုက ယုံကြည်ကြလေသည်။ ဤလူတို့သည် အပေါ်ယံ လုပ်ထုံးလုပ်နည်းများကို လိုက်နာရန်သာ အာရုံစိုက်ကြပြီး မိမိတို့၏ ရလဒ်များကို မစဉ်းစားကြချေ။ ၎င်းတို့သည် ဘာသာရေး ဓလေ့များထဲ နေထိုင်ကြသူများဖြစ်ပြီး၊ အသင်းတော်အတွင်း နေထိုင်သူများ မဟုတ်ကြသကဲ့သို့ ဘုရားသခင်၏ နိုင်ငံတော်သားများ သာ၍ပင် မဟုတ်ကြချေ။ ၎င်းတို့၏ ဆုတောင်းပတ္ထနာများ၊ ဓမ္မသီချင်း သီဆိုခြင်းနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ခြင်းအားလုံးသည် စည်းမျဉ်းလိုက်နာခြင်းသာဖြစ်သည်၊ မလုပ်မနေရ လုပ်ဆောင်ခြင်းဖြစ်ပြီး ရေပန်းစားမှုများကို အမီလိုက်ဖို့ လုပ်ဆောင်ခြင်းဖြစ်ကာ လိုအင်ဆန္ဒရှိခြင်းမှ လုပ်ဆောင်ခြင်း မဟုတ်သကဲ့သို့ စိတ်နှလုံးမှ လုပ်ဆောင်ခြင်း မဟုတ်ချေ။ ဤလူတို့ မည်မျှ ဆုတောင်းပါစေ သို့မဟုတ် သီဆိုပါစေ၊ ၎င်းတို့ လက်တွေ့လုပ်ဆောင်သည့်အရာသည် စည်းမျဉ်းများနှင့် ဘာသာရေး ဓလေ့များသာ ဖြစ်သည့်အတွက် ၎င်းတို့၏ အားထုတ်မှုများက မည်သည့်အကျိုးမျှ ဖြစ်ထွန်းလိမ့်မည်မဟုတ်။ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အမှန်တကယ် လက်တွေ့လုပ်ဆောင်ခြင်း မရှိကြ။ ၎င်းတို့သည် မိမိတို့ အဘယ်သို့ လက်တွေ့လုပ်ဆောင်သည်ဆိုသည်နှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လိုက်လျှောက်ဖို့ စည်းမျဉ်းများအဖြစ် ၎င်းတို့ အဘယ်သို့ သဘောထားကြသည်တို့အပေါ် ရေးကြီးခွင်ကျယ် လုပ်ခြင်းကိုသာ အာရုံစိုက်ကြလေသည်။ ထိုသို့သော လူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင် နေကြခြင်း မဟုတ်ချေ။ ၎င်းတို့သည် ဇာတိပကတိကိုသာ အလိုဖြည့်နေကြပြီး အခြားသူများ မြင်ဖို့ရန်သာ ဆောင်ရွက် နေကြလေသည်။ ဤဘာသာရေးထုံးတမ်းနှင့် စည်းမျဉ်းများသည် လူသားထံမှလာသည်၊ ဘုရားသခင်ထံမှလာခြင်း မဟုတ်ပေ။ ဘုရားသခင်သည် စည်းမျဉ်းများကို လိုက်နာခြင်းမရှိသကဲ့သို့ မည်သည့် စည်းမျဉ်းကိုမျှ လိုက်နာရခြင်းလည်း မရှိပေ။ ယင်းထက်၊ သူသည် နေ့စဉ် လက်တွေ့ကျသော အလုပ်များကို ပြီးမြောက်လျက် အသစ်သောအရာများကို လုပ်ဆောင်သည်။ နေ့စဉ် နံနက်ခင်း ဝတ်ပြုအစီအစဉ်တက်ရခြင်း၊ ညနေခင်း ဆုတောင်းခြင်း၊ အစာမစားမီ ကျေးဇူးတော်ချီးမွမ်းဆုတောင်းခြင်း၊ အရာရာ၌ ကျေးဇူးတော် ချီးမွမ်းခြင်းကဲ့သို့သော အလေ့အထများဖြင့် မိမိတို့ကိုယ်ကိုယ် ကန့်သတ်ထားသော ကိုယ်ပိုင်မူ သုံးရပ်သုံး အသင်းတော်ထဲက လူများကဲ့သို့ပင်၊ ၎င်းတို့ မည်မျှလုပ်ဆောင်သည်ဖြစ်စေ၊ ၎င်းတို့ မည်မျှ ကြာကြာ လုပ်ဆောင်ပါစေ သန့်ရှင်းသောဝိညာဉ်တော် အလုပ်လုပ်ခြင်း ၎င်းတို့၌ ရှိမည်မဟုတ်ပေ။ လူတို့သည် စည်းမျဉ်းများအလယ် အသက်ရှင်ပြီး သူတို့၏ စိတ်နှလုံးများသည် လက်တွေ့လုပ်ဆောင်မှု နည်းစနစ်များအပေါ် အာရုံစိုက်သည့်အခါ၊ ၎င်းတို့၏ စိတ်နှလုံးကို စည်းမျဉ်းများနှင့် လူသားအယူအဆတို့က နေရာယူထားသောကြောင့် သန့်ရှင်းသော ဝိညာဉ်တော် အလုပ်မလုပ်နိုင်ချေ၊ သို့ဖြစ်ရာ ဘုရားသခင်သည် ၎င်းတို့အပေါ် ကြားဝင်ပြီး အလုပ်မလုပ်နိုင်သကဲ့သို့ ၎င်းတို့သည် စည်းမျဉ်းများ၏ ထိန်းချုပ်မှုအောက်တွင်သာ ဆက်လက်အသက်ရှင်နိုင်ကြလေသည်။ ထိုသို့သောလူတို့သည် ဘုရားသခင်၏ ချီးမွမ်းခြင်းကို ရနိုင်စွမ်း အစဉ်ထာဝရ မရှိချေ။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ပုံမှန်ဝိညာဉ်ရေးရာ အသက်တာနှင့် စပ်လျဉ်း၍

ဘာသာရေး ထုံးတမ်းအစဉ်အလာ မည်မျှကို သင် စောင့်ထိန်းသနည်း။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို အကြိမ်မည်မျှ ဆန့်ကျင်ကာ မိမိအလိုအတိုင်း လိုက်လျှောက်ခဲ့သနည်း။ ဘုရားသခင်၏ ဝန်ထုပ်ဝန်ပိုးများကို အမှန်တကယ် အရေးထားကာ သူ၏အလိုတော် ဖြည့်ဆည်းဖို့ ကြိုးစားခြင်းကြောင့်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်အား အကြိမ်မည်မျှ သင် လက်တွေ့လုပ်ဆောင်ခဲ့ဖူးသနည်း။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နားလည်ကာ နားလည်သည့်အလျောက် လက်တွေ့လုပ်ဆောင်သင့်၏။ သင်၏အပြုအမူများနှင့် လုပ်ရပ်များအားလုံး၌ ကိုယ်ကျင့်တရား ကောင်းမွန်လော့။ ဤသည်မှာ စည်းမျဉ်းများကို လိုက်နာခြင်း သို့မဟုတ် စိတ်မပါ့တပါနှင့် အပေါ်ယံဗန်းပြ လုပ်ဆောင်ခြင်းကို မဆိုလို။ ယင်းထက် ဤသည်မှာ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်အတိုင်း အသက်ရှင်နေထိုင်ခြင်းကို ဆိုလိုသည်။ ဤကဲ့သို့ လက်တွေ့လုပ်ဆောင်ခြင်းသည်သာလျှင် ဘုရားသခင်ကို ကျေနပ်စေသည်။ ဘုရားသခင်ကို ကျေနပ်စေသော မည်သည့်လုပ်ဆောင်ပုံနည်းလမ်းမဆို စည်းမျဉ်းတစ်ခု မဟုတ်ဘဲ၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း ဖြစ်သည်။ လူအချို့သည် လူအများက သူတို့အပေါ် အာရုံစိုက်အောင် လုပ်ခြင်းကို ခုံမင်ကြသည်။ ၎င်းတို့၏ ညီအစ်ကိုမောင်နှမများ ရှေ့တွင် ၎င်းတို့သည် ဘုရားသခင်၏ အကြွေးတင်ရှိကြောင်းကို ပြောနိုင်သည်။ သို့သော် နောက်ကွယ်တွင်မူ ထိုသူတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းမရှိဘဲ၊ လုံးလုံးလျားလျား ခြားနားစွာ ပြုမူကြသည်။ ဤသူတို့သည် ဘာသာရေးကိုင်းရှိုင်းသော ဖာရိရှဲများ မဟုတ်လော။ ဘုရားသခင်ကို အမှန်တကယ် ချစ်ပြီး သမ္မာတရား ရှိသောသူတစ်ဦးသည် ဘုရားသခင်ကို သစ္စာစောင့်သိသူ ဖြစ်သော်လည်း၊ အပြင်ပန်း၌ ထိုကဲ့သို့ ဖော်ပြလေ့မရှိပေ။ ထိုကဲ့သို့သောသူသည် အခြေအနေများ ပေါ်ပေါက်လာချိန်တွင် သမ္မာတရားကို လက်တွေ့လုပ်ဆောင်လိုပြီး ၎င်း၏အသိစိတ်ကို ဆန့်ကျင်ကာ ပြောဆိုခြင်း သို့မဟုတ် ပြုမူခြင်းကို ပြုလုပ်လေ့ မရှိပေ။ ထိုကဲ့သို့သောသူသည် အရေးကိစ္စများ ပေါ်လာချိန်တွင် ဉာဏ်ပညာကို ပြသပြီး၊ အခြေအနေများ မည်သို့ပင် ဖြစ်နေပါစေ သူ၏လုပ်ရပ်များ၌ ကိုယ်ကျင့်တရား ကောင်းမွန်၏။ ဤကဲ့သို့သောသူသည် စစ်မှန်သော အစေခံခြင်း ပေးနိုင်သောသူ ဖြစ်သည်။ ဘုရားသခင်ကို အကြွေးတင်ရှိကြောင်း စိတ်ထဲကမပါဘဲ ပြောသူတချို့ ရှိသည်။ ၎င်းတို့သည် သူတစ်ပါးထက် သာသည့်ဟန်ဆောင်ကာ သနားဖွယ်ယောင်ဆောင်လျက် ပူပန်သောကဖြင့် မျက်မှောင်ကုတ်ကာ မိမိတို့၏ နေ့ရက်များကို ကုန်လွန်ကြသည်။ စက်ဆုပ်ရွံရှာဖွယ် ကောင်းလိုက်လေခြင်း။ “သင်၌ ဘုရားသခင်၏အကြွေး မည်သို့တင်ရှိသနည်း။ ပြောပြပါ။” ဟု သူတို့အား မေးခဲ့လျှင် သူတို့သည် အာစေးမိသွားမည် ဖြစ်သည်။ သင်သည် ဘုရားသခင်အပေါ် အမှန်တကယ် သစ္စာစောင့်သိလျှင်၊ ယင်းအကြောင်းကို အပြင်ပန်းအားဖြင့် မပြောနှင့်။ ယင်းအစား တကယ့် လက်တွေ့လုပ်ဆောင်မှု နည်းလမ်းဖြင့် ဘုရားသခင်အပေါ် သင်ချစ်ခြင်းအား ပြသလော့၊ ပြီးလျှင် စစ်မှန်သော နှလုံးသားဖြင့် သူ့ထံ ဆုတောင်းလော့။ နှုတ်အားဖြင့်နှင့် ဝတ်ကျေတမ်းကျေသာ ဘုရားသခင်နှင့် ဆက်ဆံသူများသည် ကြောင်သူတော်များသာ ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူတစ်ဦးသည် ယုံကြည်ခြင်း၌ စစ်မှန်မှုကို အဓိကထားရမည်၊ ဘာသာရေး ထုံးတမ်းဓလေ့၌ ပါဝင်လုပ်ဆောင်ခြင်းသည် ယုံကြည်ခြင်းမဟုတ်

ယခင်က လူတို့ တွေ့ကြုံခဲ့သော နည်းလမ်းများတွင် သွေဖည်မှုမြောက်မြားစွာနှင့် အဓိပ္ပာယ်မဲ့ခြင်းတို့ပင် ရှိခဲ့သည်။ ၎င်းတို့သည် ဘုရားသခင့်သတ်မှတ်ချက်များ၏ စံနှုန်းကို အမှန်တကယ် နားမလည်ခဲ့သောကြောင့် လူတို့၏အတွေ့အကြုံတို့ လွဲချော်ခဲ့သည့် ကဏ္ဍများစွာ ရှိခဲ့သည်။ လူတို့အား ဘုရားသခင်၏ သတ်မှတ်ချက်မှာ ၎င်းတို့အနေဖြင့် သာမန်လူ့သဘာဝကို အသက်ရှင်နေထိုင်နိုင်ရန်ဖြစ်သည်။ ဥပမာ၊ အစားအစာနှင့် အဝတ်အထည်နှင့်စပ်လျဉ်း၍ လူတို့အနေဖြင့် မျက်မှောက်ခေတ် နေပုံထိုင်ပုံများကို လိုက်ရန်၊ ဝတ်စုံနှင့် လည်စည်းတို့ကို ဝတ်ဆင်ရန်၊ မော်ဒန်ပန်းချီ အနုပညာကို အနည်းငယ်လေ့လာရန်မှာ ကျေနပ်ဖွယ်ရာဖြစ်ပြီး ၎င်းတို့၏အားလပ်ချိန်တွင် ၎င်းတို့သည် ဝိဇ္ဇာပညာ၊ ယဉ်ကျေးမှုနှင့် ဖျော်ဖြေတင်ဆက်မှုတို့ကို ခံစားပျော်မွေ့နိုင်သည်။ ၎င်းတို့သည် အမှတ်တရဓာတ်ပုံအချို့ ရိုက်နိုင်ပြီး အသုံးဝင်သော အသိပညာအချို့ကို ဖတ်ရှုရရှိနိုင်သည်၊ ထို့အပြင် အတန်အသင့်ကောင်းသော လူနေမှုပတ်ဝန်းကျင်တစ်ခုကို ပိုင်ဆိုင်နိုင်သည်။ ဤသည်တို့မှာ သာမန်လူ့သဘာဝနှင့်ဆိုင်သော ဘဝတစ်ခုနှင့် လိုက်လျောညီထွေဖြစ်သည့်အရာများ အလုံးစုံဖြစ်သော်လည်း လူတို့က ၎င်းတို့ကို ဘုရားသခင် အလွန်မုန်းတီးသောအရာများအဖြစ် ရှုမြင်ကြပြီး သူတို့သည် ထိုအရာများကို ပြုလုပ်ခြင်းမှ မိမိကိုယ်ကိုယ် ချုပ်တည်းထားကြသည်။ ၎င်းတို့၏ လက်တွေ့ကျင့်သုံးမှုမှာ စည်းမျဉ်းအနည်းငယ်ကို လိုက်နာနေခြင်းသာ ပါဝင်ပြီး ယင်းက မြောင်းရေကဲ့သို့ မကြည်လင်သည့်အပြင် လုံးလုံးအဓိပ္ပာယ်ကင်းမဲ့သော ဘဝတစ်ခုဆီသို့ ဦးတည်ခေါ်ဆောင်သွားလေသည်။ အမှန်အားဖြင့် ဘုရားသခင်သည် လူတို့အား အမှုအရာများကို ဤနည်းဖြင့်ပြုရန်အလို့ငှာ မည်သည့်အခါမျှ မတောင်းဆိုခဲ့ပေ။ လူခပ်သိမ်းတို့သည် ၎င်းတို့၏ကိုယ်ပိုင် စိတ်သဘောထားများကို လျှော့လိုကြပြီး ဘုရားသခင်နှင့် ၎င်းတို့၏ဆက်နွှယ်မှုသည် တစ်နည်းနည်းဖြင့် ပြတ်သွားမည်ကို ကြီးစွာသောကြောက်ရွံ့မှုဖြင့် ဘုရားသခင်နှင့် သာ၍နီးစေရန် ၎င်းတို့၏စိတ်ဝိညာဉ်များထဲတွင် အစဉ်မပြတ် ဆုတောင်းခြင်း၊ ၎င်းတို့၏စိတ်ထဲတွင် ဘုရားသခင်ရည်ရွယ်သည့် အရာအပေါ် အဆက်မပြတ်စဉ်းစားခြင်း၊ ၎င်းတို့၏မျက်လုံးများသည် ထိုထိုဤဤတို့ကို အဆက်မပြတ် စောင့်ကြည့်ခြင်းတို့ကို ပြုလျက်ရှိကြသည်။ ဤအရာအားလုံးမှာ လူတို့သည် မိမိဘာသာဖြစ်လာပြီဟူသည့် သုံးသပ်ချက်များဖြစ်ပြီး၊ ၎င်းတို့မှာ လူတို့က မိမိကိုယ်ကိုယ်မိမိအတွက် ချမှတ်သည့်စည်းမျဉ်းများ ဖြစ်သည်။ အကယ်၍ သင်သည် သင်၏ကိုယ်ပိုင် သဘာဝ အနှစ်သာရကို မသိပါက၊ ထို့ပြင် သင့်ကိုယ်ပိုင် လက်တွေ့ကျင့်သုံးမှုမှာ မည်သည့်အဆင့်သို့ ရောက်နိုင်ကြောင်းကို သင်နားလည်သဘောပေါက်ခြင်း မရှိပါက ဘုရားသခင် လူ့အပေါ် မည်သည့်စံနှုန်းများကို အတိအကျ သတ်မှတ်ကြောင်း သင်သေချာဖို့ နည်းလမ်းရှိလိမ့်မည် မဟုတ်သည့်အပြင်၊ သင်သည် တိကျမှန်ကန်သော လက်တွေ့ကျင့်သုံးမှုလည်း ပိုင်ဆိုင်လိမ့်မည် မဟုတ်ပေ။ လူသားအပေါ် ဘုရားသခင်တောင်းဆိုသည့်အရာ အတိအကျမှာ အဘယ်အရာဖြစ်သည်ကို သင်နားမလည်နိုင်သဖြင့်၊ သင်၏စိတ်သည် အစဉ်အမြဲ လှုပ်ရှားထကြွလျက်ရှိကာ၊ ဘုရားသခင်၏ ရည်ရွယ်ချက်များကို ခွဲခြမ်းစိတ်ဖြာရင်း သင် အပူအတပြင်းစဉ်းစားပြီး သန့်ရှင်းသောဝိညာဉ်တော်၏ တိုက်တွန်းခြင်းနှင့် ဉာဏ်အလင်းပေးခြင်းခံရဖို့ နည်းလမ်းတစ်ခုခုကို ရှာဖွေရင်း သင် စမ်းတဝါးဝါးလုပ်လေသည်။ ရလဒ်အနေဖြင့်၊ လိုက်လျောညီထွေသည်ဟု သင်ယုံကြည်သည့် လက်တွေ့ကျင့်သုံးမှု နည်းလမ်းအချို့ကို သင်ရရှိလာသည်။ လူသားအပေါ် ဘုရားသခင် တောင်းဆိုသည့်အရာမှာ မည်သည့်အရာ အတိအကျဖြစ်ကြောင်းကို အမှန်တကယ် သင်လုံးဝမသိပေ၊ သင်၏ကိုယ်ပိုင် လက်တွေ့ကျင့်သုံးမှုများတစ်စုံကို သင် ပေါ့ပြက်ပြက်လုပ်ဆောင်လျက် ရလဒ်အတွက် စိုးစဉ်းမျှသာ သင်ဂရုစိုက်ပြီး သင်၏ ကျင့်သုံးမှုထဲတွင် သွေဖည်မှုများနှင့် အမှားအယွင်းများ ရှိမရှိကို ပို၍ပင် ဂရုမစိုက်ပေ။ ဤနည်းဖြင့် သင်၏ လက်တွေ့ကျင့်သုံးမှုမှာ ပင်ကိုအားဖြင့် တိကျမှန်ကန်မှု ကင်းမဲ့ပြီး မူမရှိပါပေ။ အထူးသဖြင့် ယင်း၌ ကင်းမဲ့သည်မှာ ပုံမှန်လူသား၏ ဆင်ခြင်တုံတရားနှင့် အသိစိတ်အပြင် ဘုရားသခင်၏ချီးကျူးခြင်းနှင့် သန့်ရှင်းသောဝိညာဉ်တော်၏ အတည်ပြုထောက်ခံခြင်းတို့ပင် ဖြစ်သည်။ သင့်ကိုယ်ပိုင်လမ်းကို လျှောက်ရုံမျှလျှောက်ရန် ၎င်းက လုံးလုံးလျားလျား လွန်စွာလွယ်ကူလာသည်။ ဤလက်တွေ့လုပ်ဆောင်မှုမျိုးမှာ စည်းမျဉ်းများကို လိုက်နာရုံမျှသာလိုက်နာနေခြင်း သို့မဟုတ် သင့်ကိုယ်သင် ကန့်သတ်ရန်နှင့် သင့်ကိုယ်သင် ထိန်းချုပ်ရန်အတွက် ဝန်ထုပ်ဝန်ပိုးကို တမင်တကာ ယူဆောင်နေခြင်းဖြစ်သည်။ သို့သော်လည်း သင်သည် သင်၏ လက်တွေ့ကျင့်သုံးမှုကို တစ်သဝေမတိမ်းလုပ်ဆောင်သည် သင်ထင်မှတ်ပြီး၊ သင်၏ လက်တွေ့ကျင့်သုံးမှုအများစုမှာ မလိုအပ်သောဖြစ်စဉ်များ သို့မဟုတ် စောင့်ထိန်းမှုများပါဝင်သည်ကို မသိပေ။ အခြေခံအားဖြင့် မိမိတို့၏စိတ်သဘောထားများ၌ ပြောင်းလဲခြင်းမရှိ၊ အသစ်သောအသိအမြင်နှင့် အသစ်သောဝင်ရောက်မှု မရှိဘဲ ဤကဲ့သို့ နှစ်ပေါင်းများစွာ လက်တွေ့လုပ်ဆောင်သောသူ များစွာရှိကြသည်။ အမှုမဲ့အမှတ်မဲ့ဖြင့် မလျော်ကန်သော၊ လူသားမဆန်သော အမှုအရာများကို ကျူးလွန်ကာ လူတို့ကို ပြင်းပြင်းထန်ထန်စဉ်းစားပြီး လုံးဝခေါင်းခြောက်စေသော နည်းလမ်းများဖြင့် ပြုမူသည့် အကြိမ်များစွာရှိသည့် အဆင့်အထိပင်လျှင် ၎င်းတို့သည် ယခင်အမှားမျိုးများကို ပြန်လည်ကျုးလွန်ပြီး ၎င်းတို့၏ ရိုင်းစိုင်းကြမ်းကြုတ်သော သဘာဝများကို အပြည့်အဝ ပြလုပ်ခဲ့ကြသည်။ ဤကဲ့သို့သော လူတို့မှာ စိတ်သဘောထားပြောင်းလဲခြင်းကို တွေ့ကြုံပြီးပြီဟု ပြောနိုင်ပါသလော။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လက်တွေ့လုပ်ဆောင်ခြင်း (၁)

တစ်စုံတစ်ဦးသည် သမ္မာတရားအား လက်တွေ့လုပ်ဆောင်နေခြင်း ရှိမရှိကို ဆုံးဖြတ်ပေးသည့် စံသတ်မှတ်ချက်မှာ အဘယ်နည်း။ ယင်းမှာ ၎င်းတို့သည် သမ္မာတရား စစ်မှန်မှုကို ပိုင်ဆိုင်လာကြခြင်း ဖြစ်သည်။ လူတစ်ဦးသည် သမ္မာတရား စစ်မှန်မှုကို ပိုင်ဆိုင်ခြင်းရှိမရှိ ဆုံးဖြတ်ပေးသည့် စံသတ်မှတ်ချက်မှာ အဘယ်နည်း။ ဤသည်မှာ ပြဿနာများကို သင် ကြုံရသည့်အခါတွင် သင့်စိတ်နှလုံး၌ ဘုရားသခင်အပေါ် ထားရှိသော စိတ်သဘောထားအပေါ်နှင့် သင်၌ ကိုယ့်ကိုယ်ကိုယ် တိကျစွာ သို့မဟုတ် နက်ရှိုင်းစွာ သိကျွမ်းမှု ရှိမရှိအပေါ်တွင် မူတည်သည်။ အချို့လူတို့သည် ပြဿနာများ ကြုံတွေ့ရသည့်အခါတွင် အပေါ်ယံဖြစ်သော၊ ယေဘုယျဆန်သော အရာများကို ပြောဆိုကြသည်။ ဤသည်မှာ ၎င်းတို့သည် သမ္မာတရားစစ်မှန်မှုကို ပိုင်ဆိုင်ခြင်းမရှိ ဆိုသည်ကို ပြသည်။ သမ္မာတရားစစ်မှန်မှုကို ပိုင်ဆိုင်ခြင်း မရှိသည့်သူများသည် ပြဿနာတစ်ခုကြုံရသည့်အခါ သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်စွမ်း ရှိသလော။ မရှိပေ။ ၎င်းတို့သည်- “ငါ ဤပြဿနာကို ကြုံရပြီ။ ဘုရားသခင်ကိုသာ ငါ နာခံလိုက်မည်။” ဟူ၍ ပြောကောင်းပြောဆိုနိုင်သည်။ ဤသို့ဆိုလျှင် ဤပြဿနာ၌ သင်အဘယ်ကြောင့် ဘုရားသခင်ကို နာခံရသနည်း။ သင် လိုက်လျှောက်သော အခြေခံသဘောတရားမှာ မှန်ကန်သည်။ သို့သော် သင်သည် သင်၏ ခံစားချက်များအတိုင်း ပြုမူကောင်း ပြုမူနိုင်သည်။ ဤသည်မှာ သင့်ကိုယ်တိုင် နှိုင်းဆချင့်ချိန်ပြီး ဆုံးဖြတ်သော၊ အမှုအရာများကို လုပ်ဆောင်သည့် နည်းလမ်းတစ်ခု ဖြစ်သည်။ သင်က “ငါ ဘုရားသခင်ကို နာခံခြင်းသာ ပြုလုပ်သည်။ အခြားမည်သည့်အရာမှ မပြော၊ သို့မဟုတ် မလုပ်ဆောင်။” ဟု ပြောသည်။ သို့သော် သင်၏စိတ်နှလုံးတွင် “ဤအရာများသည် မည်သည့် အကြောင်းကြောင့် ဖြစ်သနည်း။ ဘုရားသခင် လုပ်ဆောင်ခဲ့သည့်အရာမှာ မှားယွင်းသည်။” ဟု အစဉ် တွေးတောလျက်ရှိသည်။ ဘုရားသခင်သည် အဘယ်ကြောင့် ဤပုံစံဖြင့် ပြုမူသည်ကို သင် နားမလည်ပေ။ သို့တိုင်အောင် နာခံရန်အတွက် သင့်ကိုယ်သင် ဆက်လက်ပြောဆိုလျက်ရှိပြီး အမှန်တကယ်တွင်မူ သင်၏ စိတ်နှလုံးတွင် စစ်မှန်သော နာခံခြင်း မရှိပေ။ သင်သည် နာခံခြင်းရှိသကဲ့သို့ အပြင်ပန်းတွင် မည်သည့်အရာမှ မပြော၊ မလုပ်ပုံမျှသာရှိပြီး အမှန်တကယ်တွင် ဤကဲ့သို့သော နာခံခြင်းသည် စည်းကမ်း လိုက်နာနေခြင်းသာဖြစ်ပြီး၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း မဟုတ်ပေ။ သင့်အတွင်း၌ရှိသော ထို နာခံခြင်းမရှိသည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၏ လမ်းကြောင်းကို သင် ပြောင်းပြန်လှည့်ပြီး- “ဤပြဿနာကို ငါမြင်ပြီး နားလည်သည်။ ဘုရားသခင်၏ စိတ်နှလုံးကို ငါ နားလည်သည်။ ဘုရားသခင်က အဘယ်ကြောင့် ဤအရာကို ပြုလုပ်လိုသည်ကို ငါ သိသည်။ ငါ ဒုက္ခခံရသည်ဖြစ်စေ၊ အားနည်းနေသည်ဖြစ်စေ သို့မဟုတ် လဲကျ၍ မထနိုင်သည်ဖြစ်စေ၊ သို့မဟုတ် ဝမ်းနည်းနေသည်ဖြစ်စေ ဘုရားသခင်အား ငါ နာခံမည်။ အကြောင်းမှာ ဘုရားသခင် လုပ်ဆောင်သည့်အရာမှာ ကောင်းမွန်သည်၊ ဘုရားသခင် လုပ်ဆောင်သည့်အရာရာတိုင်းမှာ မှန်ကန်သည်၊ ထို့အပြင် ဘုရားသခင်သည် မည်သည့်အရာကိုမျှ မှားယွင်းစွာ လုပ်ဆောင်ခြင်းမရှိနိုင် ဆိုသည်တို့ကို ငါ သိသောကြောင့်ဖြစ်သည်” ဟု ပြောရမည်။ ဤသည်မှာ အမှန်တကယ် လုပ်ဆောင်ရန် ရည်ရွယ်ချက်လုံးဝမရှိဘဲ “ဘုရားသခင်ကိုသာ ငါ နာခံလိုက်မည်။” ဟု ပြောခြင်းနှင့် မတူပေ။ အပေါ်ယံတွင် ထို “နာခံခြင်း” သည် မည်သည့် မနာခံခြင်းနည်းလမ်းများနှင့်မျှ ဖော်ပြခြင်း မရှိပေ။ သို့သော် သင်၏ စိတ်နှလုံးအတွင်းတွင် ပြင်းထန်သော မုန်တိုင်းများနှင့် ဘုရားသခင်အပေါ် အထင်လွဲမှုများစွာရှိပြီး မကျေနပ်ချက်များရှိသည်။ ဤသည်မှာ အမှန်တကယ်တွင် သင်၏အတွင်း၌ ပုန်းကွယ်နေသော အနာစိမ်းတစ်ခု ဖြစ်သည်။ သင်၏အရေပြားသည် အပြင်ပန်းတွင် ကောင်းမွန်သော်လည်း အတွင်းတွင် အနှေးနှင့်အမြန် ပေါက်ထွက်လာမည့် ရောဂါတစ်ခု ရှိသည်။ ဤ ပုံစံဖြင့် သင် နှစ်မည်မျှနာခံခဲ့သည် သို့မဟုတ် အကြိမ်မည်မျှနာခံခဲ့သည် ဆိုသည်မှာ အရေးမကြီးပေ။ အဆုံးတွင် သင့်၌ ဘုရားသခင်အပေါ် စစ်မှန်သည့် ယုံကြည်မှု မရှိဆဲဖြစ်သလို ဘုရားသခင်အပေါ် စစ်မှန်သော နားလည်မှုလည်း မရှိပေ။ ဤသည်မှာ ဘာကိုဆိုလိုသနည်း။ ဤသည်မှာ သင်က စည်းကမ်းများကို လိုက်နာခြင်းအားဖြင့် နာခံသည်၊ သင် အကြိမ်ရေမည်မျှ နာခံသည်ဖြစ်စေ စည်းကမ်းများကို လိုက်နာနေခြင်းသာဖြစ်သည်၊ သင်၏ ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားသည် မပြောင်းလဲသေး သို့မဟုတ် မဖြေရှင်းရသေးဟူ၍ အဓိပ္ပာယ်ရသည်။ သင် ကြုံတွေ့ရသည့် ပြဿနာများမှတစ်ဆင့် သင်ကိုယ်တိုင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအား သိမြင်မှုကို သင် ရရှိရမည်။ ပြီးလျှင် ဘုရားသခင် လုပ်ဆောင်သည့်အရာအပေါ် နားလည်မှုရှိရမည်။ သိကျွမ်းရမည်။ စဉ်းစားဆင်ခြင်မှုရှိရမည်။ ထိုမှသာ စစ်မှန်သော နာခံခြင်း၊ တစ်နည်းအားဖြင့် လိုလိုလားလားဖြင့် နာခံခြင်းကို သင် ရရှိနိုင်မည်။ ဤအဆင့်ကို ရောက်ရှိမှသာ သင်၏ စိတ်သဘောထား၌ အမှန်တကယ် ပြောင်းလဲခြင်းတစ်ခုကို သင် ရရှိမည်ဖြစ်သည်။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ“သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း ဆိုသည်မှာ အဘယ်နည်း။” မှ

သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းဆိုသည်မှာ အဘယ်နည်း။ သင်သည် အမှုအရာတစ်ခုကို လုပ်ဆောင်သည့်အခါ၊ အလုပ်တစ်ခု ပြီးမြောက်သောအခါ သို့မဟုတ် တာဝန်တစ်ခု ထမ်းဆောင်သည့်အခါ၊ ထိုအမှုအရာနှင့်ပတ်သက်၍ ပြောမည်ဆိုလျှင် သမ္မာတရားကို လက်တွေ့လုပ်ဆောင်သည့် နည်းလမ်းဖြင့် မည်သို့လုပ်ဆောင်သနည်း။ သမ္မာတရားအား လက်တွေ့လုပ်ဆောင်ခြင်းမဟုတ်သော နည်းဖြင့် မည်သို့လုပ်ဆောင်သနည်း။ သမ္မာတရားအား လက်တွေ့မလုပ်ဆောင်ခြင်းသည် သမ္မာတရားနှင့် ဆက်စပ်မှု မရှိပေ။ သင်သည် သင့်တာဝန်ကို ထမ်းဆောင်နေခြင်း ဖြစ်ကောင်းဖြစ်နိုင်သည်။ သို့သော် သမ္မာတရားနှင့် ပတ်သက်မှု သိပ်မရှိပေ။ ယင်းသည် ကောင်းမွန်သော အပြုအမူ အမျိုးအစားတစ်ခုသာဖြစ်ပြီး ကောင်းမှုတစ်ခုအဖြစ်လည်း ဆိုနိုင်သည်။ သို့သော် ဤအရာနှင့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း အကြားတွင် အနည်းငယ် အလှမ်းကွာဝေးမှု ရှိနေသေးသည်။ ၎င်းတို့သည် ကွာခြားကြသည်။ ဤသို့ဆိုလျှင် မည်သည့်အရာပေါ်တွင် အခြေခံ၍ ၎င်းတို့ကို ခွဲခြားနိုင်သနည်း။ သင်သည် ဤအမှုအရာကို လုပ်ဆောင်သည့်အခါ တိကျသော အတိုင်းအတာနှင့် တိကျသော စည်းမျဉ်းတို့ကို ထိန်းသိမ်းရသည်။ ဤအရာများထဲမှ တစ်ခုမှာ ဘုရားသခင်၏အိမ်တော်၏ အကျိုးအမြတ်တို့အပေါ် ဆုံးရှုံးမှုမဖြစ်ပေါ်စေခြင်း ဖြစ်သည်။ အခြားတစ်ခုမှာ သင်သည် ပုံမှန် စားသောက်၊ အိပ်စက်ရန် မတတ်နိုင်ဘဲ အနည်းငယ်ပို၍ နေရာအနှံ့ အပြေးအလွှားသွားလာပြီး အနည်းငယ် ဒုက္ခခံခြင်းဖြစ်သည်။ ဤအရာအားလုံးတို့ကို သင် ပြီးမြောက်အောင်မြင်ခဲ့ပြီး တင်းကျပ်သော စံများကို သသင်အဖို့ အသုံးမပြုပါက၊ သင့်တာဝန်ကို ကျေနပ်ဖွယ်ရာ ပြီးမြောက်နိုင်ဖို့ လိုဦးမည်ဖြစ်သည်။ သို့ရာတွင် အခြားအရာတစ်ခုရှိသေးသည်- ဤအမှုအရာကို လုပ်ဆောင်သည့်အခါ သင့်စိတ်အတွင်းတွင် မည်သည့် ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားရှိသည်ကို ဖော်ထုတ်ပြီး ရှာဖွေတွေ့ရှိပြီးပြီလော။ ဆိုလိုသည်မှာ ဤပြဿနာကို သင် ကြုံတွေ့သည့်အခါတွင် သင့်စိတ်အတွင်း၌ ဘုရားသခင် ကျေနပ်မှုမရှိသည့် မည်သည့် စိတ်ကူးများ၊ အမှုအရာများရှိသည်ကို ဖော်ထုတ်ပြီး ရှာဖွေတွေ့ရှိပြီးပြီလော။ ဤတာဝန်ကို ထမ်းဆောင်ခြင်းနှင့် ဤအမှုအရာကို လုပ်ဆောင်ခြင်းတို့မှတစ်ဆင့် သင့်ကိုယ်သင် နားလည်မှုအသစ်တစ်ခု ရရှိသလော။ ပြီးလျှင် သင် လက်တွေ့လုပ်ဆောင်သင့်ပြီး ဝင်ရောက်သင့်သည့် သမ္မာတရားတစ်ခုခု တွေ့ပြီလော။ (ဤသို့ဖြစ်ခြင်းမှာ ရှားသည်။ တစ်ခါတစ်ရံတွင် ကျွန်ုပ်၏ မာနထောင်လွှားမှုအား အပေါ်ယံနားလည်မှုမျှသာ ရရှိပြီး ရှေ့ဆက်မသွားတော့ပေ။) ဤသို့ဆိုလျှင် အချိန်အများစု၌ သင်သည် ပုံသေဖြစ်သော၊ သီအိုရီပိုင်းဆိုင်ရာဖြစ်သော နားလည်မှုတစ်ခုရှိပြီး စစ်မှန်သည့် နားလည်မှုမရှိပေ။ သင်သည် သမ္မာတရားကို မလိုက်စားလျှင် အလွန်ပင် မှားယွင်းသော သို့မဟုတ် ကောက်ကျစ်သောအရာတစ်ခုကိုမျှ သင် မလုပ်လျှင်ပင်၊ အဓိက အခြေခံသဘောတရားများကို သင် မချိုးဖောက်ဘဲ အပြင်ပန်း၌ သင်သည် လူသားဆန်မှု အနည်းငယ်ရှိသည့် လူကောင်းတစ်ယောက်ပုံစံရှိလျှင်ပင် သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း မရှိသေးသလို မည်သည့်သမ္မာတရားကိုမျှ သင် မရရှိသေးပေ။ သင်၏ “အမှားတစ်ခုမျှ မလုပ်ရသေးခြင်း” နှင့် အပြင်ပန်းတွင် လူသားဆန်မှုရှိသည့် သူတစ်ဦးပုံစံ ရှိခြင်းသည် သမ္မာတရားနှင့် ကိုက်ညီမှုရှိခြင်း သို့မဟုတ် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် မတူညီပေ။ ဤအရာနှင့် သမ္မာတရားအား လက်တွေ့လုပ်ဆောင်ခြင်းကြားတွင် ကွာဟမှုတစ်ခု၊ ခြားနားမှုတစ်ခုရှိသည်။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ“သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း ဆိုသည်မှာ အဘယ်နည်း။” မှ

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Leave a Reply

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။