ကျွန်တော်ဆိုရင် မနေ့ညက အနန္တတန်ခိုးရှင်ဘုရားရဲ့နှုတ်ကပတ်တော်တွေကို ဖတ်တယ်၊ “ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံယူသည့် ဘုရားသခင်၏ကယ်တင်မှုကို ပို၍လိုအပ်သည်။” ဒါလေးက ဘုရားသခင်နှုတ်ကပတ်တော်ထဲက သိပ်ကောင်းတဲ့စာပိုဒ်တစ်ခုပါပဲ။ အရမ်းလက်တွေ့ကျတယ်၊ အရမ်းလည်း အရေးပါပါတယ်။ အကျင့်ပျက်နေတဲ့လူသားတွေဟာ ဘုရားသခင်ရဲ့လူ့ဇာတိခံပြီး ကယ်တင်ခြင်းကို ဘာကြောင့် မဖြစ်မနေရယူရမယ်ဆိုတာနဲ့ပတ်သက်ရင်၊ ဒါက လူတွေအနေနဲ့ အရေးတကြီး နားလည်ရမယ့် သမ္မာတရားရဲ့လက္ခဏာတစ်ခုပါပဲ။ ဒါနဲ့ပတ်သက်ပြီး ကျွန်တော်တို့ကို နောက်ထပ်ဆွေးနွေးပေးပါဦး။

21.06.2019

အဖြေ- “ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံယူသည့် ဘုရားသခင်၏ကယ်တင်မှုကို ပို၍လိုအပ်သည်” ဒီစာပိုဒ်ဟာ ဘုရားသခင်က လူ့ဇာတိခံပြီး အကျင့်ပျက်နေတဲ့လူတွေကို ကယ်တင်မယ့်အမှုတော်ရဲ့အဓိပ္ပယ်ကို သေချာရှင်းပြထားတာဖြစ်ပါတယ်။ အနန္တတန်ခိုးရှင်ဘုရားရဲ့နှုတ်ကပတ်တော်ကို ဖတ်ကြည့်ရအောင်။

အတိအကျအားဖြင့် စာတန်သည် လူသား၏ဇာတိပကတိအား ဖျက်ဆီးခဲ့ကာ၊ လူသားသည် ဘုရားသခင်က ကယ်တင်ရန်ရည်ရွယ်သူ ဖြစ်သဖြင့်၊ ဘုရားသခင်က ဇာတိပကတိခံယူ၍ စာတန်နှင့် တိုက်ပွဲဝင်ကာ လူသားကို ကိုယ်တိုင်လမ်းပြရမည် ဖြစ်သည်။ ဤသည်သာလျှင် သူ၏အမှုအတွက် အကျိုးရှိ၏။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူ၏သာမန်ဘဝကို နဂိုအတိုင်း ပြန်ဖြစ်လာစေခြင်းနှင့် သူ့ကို အံ့သြဖွယ်ကောင်းသော ခရီးပန်းတိုင်သို့ ခေါ်ဆောင်သွားခြင်း)

လူသား၏ ဇာတိခန္ဓာကို စာတန်မှ ဖျက်ဆီးခဲ့ပြီး၊ အဆုံးစွန်မျက်ကွယ်စေခဲ့ကာ ကြီးစွာဒုက္ခပေးခဲ့သည်။ ဘုရားသခင်သည် ဇာတိခန္ဓာထဲ၌ ကိုယ်တိုင်ကိုယ်ကျ အမှုလုပ်ဆောင်ခဲ့ရခြင်း၏ အခြေခံအကျဆုံး အကြောင်းရင်းမှာ သူ၏ကယ်တင်ခြင်းကို ခံရသည့်အရာသည် ဇာတိခန္ဓာရှိသော လူသားဖြစ်သောကြောင့်နှင့် စာတန်သည်လည်း လူသား၏ဇာတိခန္ဓာကို အသုံးပြုကာ ဘုရားသခင်၏ အမှုကို နှောင့်ယှက်သောကြောင့်ဖြစ်သည်။ စာတန်နှင့် တိုက်ပွဲသည် အမှန်စင်စစ် လူသားကို သိမ်းပိုက်သည့် အမှုဖြစ်ပြီး၊ တစ်ချိန်တည်းတွင် လူသားသည် ဘုရားသခင်၏ ကယ်တင်ခြင်းကို ခံရသည့်အရာလည်းဖြစ်သည်။ ဤနည်းဖြင့် လူ့ဇာတိခံယူထားသော ဘုရားသခင်၏ အမှုသည် မုချလိုအပ်သော အရာဖြစ်သည်။ စာတန်သည် လူသား၏ဇာတိခန္ဓာကို ဖျက်ဆီးခဲ့သည်၊ ဤသို့ဖြင့် လူသားသည် စာတန်၏ ပြယုဂ်တစ်ခုဖြစ်လာပြီး ဘုရားသခင်က အနိုင်ယူရမည့် အရာတစ်ခု ဖြစ်လာသည်။ ဤနည်းဖြင့် စာတန်နှင့် တိုက်ပွဲဝင်သည့်အမှုနှင့် လူသားမျိုးနွယ်ကို ကယ်တင်ခြင်းအမှုသည် ကမ္ဘာကြီးပေါ်တွင် ဖြစ်ပွားကာ စာတန်နှင့် တိုက်ပွဲဝင်ရန်အတွက် ဘုရားသခင်သည် လူသားတစ်ဦး ဖြစ်လာရခြင်းဖြစ်သည်။ ဤသည်မှာ အဆုံးစွန် လက်တွေ့ကျမှု၏ အမှုပင်တည်း။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံ ဘုရားသခင်၏ ကယ်တင်ခြင်းကို သာ၍လိုအပ်သည်)

လူ့ဇာတိခန္ဓာသည် အကြီးအကျယ် ဖျက်ဆီးခြင်းကို အများဆုံးခံခဲ့ရပြီး၊ ယင်းသည် ဘုရားသခင်ကို ဆန့်ကျင်သည့်အရာ ဖြစ်လာကာ ဘုရားသခင်၏တည်ရှိမှုကို ပို၍ပင် ပွင့်လင်းစွာ ဆန့်ကျင်၍ ငြင်းဆန်သည်။ ဤဖောက်ပြန်ပျက်စီးနေသော ဇာတိခန္ဓာသည် ပြောင်းလဲရန် အလွန်ပင်ခက်ခဲလှပြီး၊ ဇာတိခန္ဓာ၏ ဖောက်ပြန်ပျက်စီးနေသော စိတ်သဘောထားကို ကိုင်တွယ်ရန်၊ သို့မဟုတ် ပြောင်းလဲရန်လောက် ခက်ခဲသည့်အရာမရှိပေ။ စာတန်သည် လူ့ဇာတိခန္ဓာထဲသို့ နှောင့်ယှက်မှုများဖြင့် ဂြိုဟ်မွှေရန် ဝင်ရောက်လာပြီး၊ ဘုရားသခင်၏ အမှုကို နှောင့်ယှက်ရန် လူ့ဇာတိခန္ဓာကို အသုံးပြုကာ ဘုရားသခင်၏ အစီအစဉ်ကို ထိခိုက်စေခဲ့သဖြင့် လူသားသည် ဘုရားသခင်၏ရန်သူ၊ စာတန်ဖြစ်သွားသည်။ လူသားသည် ကယ်တင်ခံရရန်အတွက် သူသည် ပထမဆုံးအနေဖြင့် သိမ်းပိုက်ခြင်းကို ခံရမည်။ ဤအကြောင်းကြောင့် ဘုရားသခင်သည် အခက်အခဲကို ပိုင်နိုင်စွာ ဖြေရှင်းကာ သူပြုလုပ်ရန် ရည်ရွယ်သော အမှုကိုပြုရန် လူ့ဇာတိခံယူပြီး စာတန်ကို တိုက်ပွဲဝင်ခြင်းဖြစ်သည်။ သူ၏ရည်မှန်းချက်မှာ သူ့ကို ဆန့်ကျင်ပုန်ကန်သော စာတန်ကြောင့် ဖောက်ပြန်ပျက်စီးကာ ကျရှုံး၊ ပျက်သုဉ်းခဲ့ရသော လူသားမျိုးနွယ်ကို ကယ်တင်ရန်ဖြစ်သည်။ ဘုရားသခင်သည် လူသားကို သိမ်းပိုက်သည့် သူ၏အမှုအားဖြင့် စာတန်ကို အနိုင်ယူကာ တစ်ဆက်တည်းတွင် ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်ကို ကယ်တင်သည်။ ဤနည်းအားဖြင့် ဘုရားသခင်သည် တစ်ကြိမ်တည်းနှင့် ပြဿနာနှစ်ခုကို ဖြေရှင်းလေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံ ဘုရားသခင်၏ ကယ်တင်ခြင်းကို သာ၍လိုအပ်သည်)

ဘုရားသခင်သည် ဇာတိခန္ဓာဖြင့် အလုပ်လုပ်နေသည့်အခါ သူသည် စာတန်နှင့် ဇာတိခန္ဓာအားဖြင့် အမှန်တကယ် တိုက်ပွဲဝင်နေခြင်းဖြစ်သည်။ သူသည် ဇာတိခန္ဓာနှင့် အလုပ်လုပ်စဉ်တွင် သူသည် ဝိညာဉ်ရေးရာနယ်ပယ်၌ သူ၏အမှုကို လုပ်နေခြင်းဖြစ်ပြီး၊ ဝိညာဉ်ရေးရာနယ်ပယ်မှ သူ၏အမှုတစ်ခုလုံးကို ကမ္ဘာပေါ်တွင် စစ်မှန်လာစေရန် လုပ်ဆောင်သည်။ သိမ်းပိုက်ခြင်းခံရသောသူသည် သူ့ကိုမနာခံသော လူသားဖြစ်ပြီး၊ အနိုင်ယူခြင်းခံရမည့်သူသည် သူနှင့် ရန်ဘက်ဖြစ်သော စာတန်၏ပြယုဂ် (ဤသည်မှာလည်း လူသားပင်ဖြစ်၏) ဖြစ်သည်၊ ထို့ပြင် နောက်ဆုံး၌ ကယ်တင်ခြင်းခံရမည့်သူမှာလည်း လူသားပင်ဖြစ်သည်။ ဤနည်းအားဖြင့် ဖန်ဆင်းခံတစ်ဦး၏ အပြင်ပန်းသဏ္ဌာန်ရှိသည့် လူသားတစ်ဦးဖြစ်လာရန် သူ့အတွက် ပို၍ပင် လိုအပ်လာသည်၊ သို့မှသာ ဘုရားသခင်သည် စာတန်နှင့် စစ်မှန်သောတိုက်ပွဲကို ပြုနိုင်ကာ သူ့ကို မနာခံသော၊ သူကဲ့သို့ အပြင်ပန်းသဏ္ဌာန်ကို ပိုင်ဆိုင်ထားသော လူသားကို သိမ်းပိုက်၍၊ သူ့ကဲ့သို့ အပြင်ပန်းသဏ္ဌာန်ရှိပြီး စာတန်၏ အန္တရာယ်ပြုမှုကို ခံခဲ့ရသော လူသားတို့ကို ကယ်တင်နိုင်ပေမည်။ သူ၏ရန်သူမှာ လူသားဖြစ်သည်၊ သူသိမ်းပိုက်မည့်အရာမှာ လူသားဖြစ်ပြီး၊ သူ၏ကယ်တင်ခြင်းကို ခံရမည့်အရာမှာ သူဖန်ဆင်းခဲ့သော လူသားဖြစ်သည်။ ထို့ကြောင့် သူသည် လူသားဖြစ်လာရမည် ဖြစ်ပြီး ဤနည်းအားဖြင့် သူ၏အမှုသည်ပို၍ လွယ်ကူသွားသည်။ သူသည် စာတန်ကို ချေမှုန်းကာ လူသားမျိုးနွယ်ကို သိမ်းပိုက်နိုင်သည်၊ ထို့အပြင် လူသားမျိုးနွယ်ကိုလည်း ကယ်တင်နိုင်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံ ဘုရားသခင်၏ ကယ်တင်ခြင်းကို သာ၍လိုအပ်သည်)

အနန္တတန်ခိုးရှင်ဘုရားရဲ့နှုတ်ကပတ်တော်ကနေ ကျွန်တော်တို့ သိလိုက်ရပါပြီ အကျင့်ပျက်နေတဲ့လူတွေကို ဘုရားသခင်ရဲ့လူ့ဇာတိခံခြင်းနဲ့သာ ကယ်တင်ရမယ်ဆိုတဲ့အကြောင်းပြချက်ဟာ ဘာကြောင့်လဲဆိုတော့ လူတွေရဲ့ဇာတိပကတိကို မာရ်နတ်က လုံးဝလှည့်စားဖျက်ဆီးထားတာကြောင့်ပါပဲ။ လူသားအားလုံးက မာရ်နတ်ရဲ့ကြီးစိုးမှုအောက်မှာ နေထိုင်ကြပါတယ်၊ လူတွေဟာ ကောင်းခြင်း၊ ဆိုးခြင်း၊ လှခြင်း၊ ရုပ်ဆိုးခြင်းကို မခွဲခြားနိုင်ကြဘူး။ ကောင်းတဲ့သဘောနဲ့ မကောင်းတဲ့သဘောကြားက ခြားနားမှုကိုလည်း မသိကြဘူး။ သူတို့တွေက မာရ်နတ်ရဲ့အတွေးအခေါ်၊ နည်းဥပဒေသနဲ့ သဘောသဘာဝအတိုင်းပဲ နေထိုင်ကြတယ်၊ သူတို့တွေဟာ မောက်မာကြတယ်၊ ကိုယ့်ကိုယ်ကို အမှန်ထင်ကြတယ်၊ မဆင်မခြင်နဲ့ ဥပဒေမဲ့ကြတယ်။ သူတို့အားလုံးက မာရ်နတ်ရဲ့ပြယုဂ်တွေပါပဲ သူတို့တွေဟာ ဘုရားသခင်ကို ဆန့်ကျင်ဖို့အတွက်၊ မာရ်နတ်နဲ့ပူးပေါင်းပြီး အကျင့်ပျက်ယိုယွင်းလာကြတယ်။ သူတို့ကိုယ်သူတို့တော့ ဒါကိုသဘောမပေါက်ကြပါဘူး။ ဘုရားသခင်ဟာ အရာအားလုံးရဲ့ဖန်ဆင်းရှင်ဖြစ်ပါတယ်။ လူတွေရဲ့သဘောသဘာဝအစစ်အမှန်နဲ့၊ လူတွေ ဘယ်လောက်ထိ အကျင့်ပျက်နေပြီလဲဆိုတာကို ဘုရားသခင်ကသာ အလုံးစုံသိမှာပါ။ လူတွေရဲ့ဆိုးယုတ်တဲ့သဘာဝနဲ့ အကျင့်ပျက်စိတ်ထားတွေကို ဘုရားသခင်ကပဲ ခွဲခြားဖော်ထုတ်ပြနိုင်မှာပါ၊ လူတွေကို ဘယ်လိုနေထိုင်ပြုမူရမယ်ဆိုတာ ဘုရားသခင်ကပဲ ပြောပြနိုင်မှာပါ၊ ဘုရားသခင်ကသာ လူတွေကို သိမ်းပိုက် နိုင်မှာပါ၊ သန့်စင်နိုင်မှာပါ၊ ကယ်တင်နိုင်မှာပါ။ ဘုရားသခင်ကလွဲရင်၊ လူတွေရဲ့အကျင့်ပျက်မှုသဘောသဘာဝအမှန်ကို ဖန်ဆင်းခံလူတွေ ထိုးဖောက်မြင်နိုင်မှာမဟုတ်ပါဘူး လူပီသစွာ ဘယ်လိုပြုမူရမယ်ဆိုတာကိုလည်း၊ ဖန်ဆင်းခံလူအချင်းချင်း ညွှန်ပြနိုင်မှာမဟုတ်ပါဘူး။ ဒါကြောင့် ဘုရားသခင်က ဆိုးဆိုးဝါးဝါးအကျင့်ပျက်နေကြတဲ့လူတွေကို မာရ်နတ်ရဲ့လက်ကနေ လုယူပြီး ကယ်တင်ချင်တယ်ဆိုရင်၊ ဘုရားသခင်ကိုယ်တော်တိုင် လူ့ဇာတိခံပြီး၊ ဘုရားသခင်ရဲ့စိတ်သဘောထားနဲ့ သမ္မာတရားကို ဖော်ထုတ်ပြရမယ် လူတွေမှာ ရှိရမယ့် သမ္မာတရားအားလုံးကို ဟောကြားရမယ်၊ ဒီလိုနဲ့ လူတွေဟာ သမ္မာတရားကို နားလည်လာမယ်၊ ဘုရားသခင်ကို သိလာမယ်၊ မာရ်နတ်ရဲ့ယုတ်မာတဲ့အကြံအစည်တွေနဲ့ အမျိုးမျိုးသောအမှားအယွင်းတွေကို မြင်လာကြမယ်၊ ဒီလိုမှသာ လူတွေက မာရ်နတ်ကို ကျောခိုင်းပြီး၊ ဘုရားသခင်ရှေ့မှောက် ရောက်လာနိုင်ကြမှာပါ။ နောက်ပြီး ဘုရားသခင်ရဲ့လူ့ဇာတိခံခြင်းအမှုဟာ လူတွေမျိုးစုံကို ဖော်ထုတ်ပြပါတယ်။ ဘာကြောင့်လဲဆိုတော့ လူတွေအားလုံးက စိတ်ကြီးဝင်နေကြတဲ့အပြင်၊ အလျှော့မပေးတတ်ကြလို့ပါပဲ။ ဘုရားသခင်က သမ္မာတရားကိုဖော်ပြဖို့ လူ့ဇာတိခံတဲ့အခါ၊ လူတွေကလည်း သူတို့အယူအဆတွေနဲ့ တုံ့ပြန်ကြမှာသေချာတယ်။ ဆန့်ကျင်ကြမယ်၊ တိုက်ပွဲတွေနဲ့တောင် ပြန်တိုက်ကြမယ်။ ဒီလိုနဲ့ အကျင့်ပျက်လူသားတွေရဲ့ဆန့်ကျင်မှု၊ ဘုရားသခင်အပေါ် သစ္စာဖောက်မှုတွေက ထင်ထင်ရှားရှားပေါ်လာမယ် ဘုရားသခင်ကလည်း လူတွေကို သူတို့ကိုယ်တိုင်ဖော်ထုတ်ပြတဲ့ အကျင့်ပျက်မှုတွေ၊ စရိုက်အမှန်တွေအတိုင်း တရားစီရင်ခြင်းပြုမယ်။ ဒီလိုနည်းနဲ့မှသာ လူတွေအပေါ် ဘုရားသခင်ရဲ့သိမ်းပိုက်ခြင်း၊ သန့်စင်စေခြင်းနဲ့ ပြည့်စုံစေခြင်းတွေကို ချောချောမွေ့မွေ့ဆောင်ရွက်နိုင်မှာပါ။ ဘုရားသခင်ရဲ့နှုတ်ကပတ်တော်အားဖြင့် တရားစီရင်ခြင်းကတစ်ဆင့်၊ လူတွေကို ဖြည်းဖြည်းချင်း သိမ်းပိုက်မယ်၊ သန့်စင်စေမယ်။ လူတွေကို လုံးဝသိမ်းပိုက်နိုင်ပြီဆိုရင်၊ သူတို့က လူ့ဇာတိခံယူတဲ့ဘုရားသခင်ကို စပြီးနာခံလာတယ်၊ ဘုရားသခင်ရဲ့တရားစီရင်မှု၊ ဆုံးမမှုတွေကို စပြီးလက်ခံတယ်၊ နာခံတယ်။ ဘုရားသခင်ရဲ့အမှုတော်တွေကို နားလည်လာတယ်၊ သမ္မာတရားကို ရှာဖို့နဲ့ မာရ်နတ်ရဲ့အတွေးအခေါ်တွေ၊ စည်းမျဉ်းတွေအတိုင်း ဘယ်တော့မှမနေတော့ဖို့ စိတ်ပိုင်းဖြတ်တယ်။ လူတွေဟာ ဘုရားသခင်ရဲ့နှုတ်ကပတ်တော်နဲ့အညီ နေထိုင်လာပြီဆိုရင်၊ ဘုရားသခင်ဟာ မာရ်နတ်ကို လုံးဝအနိုင်ရသွားပါပြီ ဒီလိုလူသားတွေဟာ မာရ်နတ်အပေါ် အနိုင်ရလိုက်ခြင်းရဲ့အကျိုးအမြတ်တွေပါပဲ။ အချုပ်ပြောရရင်တော့ ဘုရားသခင်ဟာ အကျင့်ပျက်နေတဲ့လူတွေကို မာရ်နတ်ရဲ့လက်ကနေ လုယူတာဖြစ်ပါတယ်။ လူ့ဇာတိခံတဲ့ဘုရားသခင်ရဲ့အမှုတော်ကြောင့်သာ ဒီလိုရလဒ်မျိုးကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် လူတွေကိုကယ်တင်ဖို့အတွက် ဘုရားသခင်ရဲ့လူ့ဇာတိခံခြင်းဟာ မဖြစ်မနေလိုအပ်ပါတယ်၊ လူ့ဇာတိခံတဲ့ဘုရားသခင်ကသာ လူတွေကို သိမ်းပိုက်နိုင်မှာပါ၊ ကယ်တင်နိုင်မှာပါ။ ဘုရားသခင် အသုံးပြုတဲ့လူတွေကတော့ လူတွေကိုရွေးနုတ်ခြင်း၊ ကယ်တင်ခြင်းအမှုကို ဆောင်ရွက်နိုင်စွမ်းမရှိပါဘူး။

ဘုရားသခင်က လူ့ဇာတိခံပြီး၊ လူတွေကြားထဲမှာ နေထိုင်ရင်းနဲ့၊ လူတွေရဲ့အကျင့်ပျက်တဲ့သဘောသဘာ၀တွေကို ဖော်ထုတ်ပြမှသာ၊ လူတွေဟာ သန့်စင်နိုင်မယ်၊ ကယ်တင်ခံရနိုင်မယ်။ ကျွန်တော်တို့လို အကျင့်ပျက်လူသားတွေအတွက် အလိုအပ်ဆုံးဟာ ဘုရားသခင်ရဲ့လူ့ဇာတိခံခြင်းပါပဲ။ ကျွန်တော်တို့က အထက်ကောင်းကင်ဘုံတွေမှာ ရှိတဲ့ ဘုရားသခင်ကိုပဲ ယုံကြည်မယ်ဆိုရင် ဘာသာရေးလောကရဲ့အနှစ်သာရမပါတဲ့ သီအိုရီတွေကိုပဲ နားလည်ပြီး ဆွေးနွေးနေမယ်ဆိုရင်၊ ကျွန်တော်တို့အနေနဲ့ ဘုရားသခင်ကို ဘယ်တော့မှ သိနားလည်မှာမဟုတ်သလို၊ ကယ်တင်ခြင်းလည်း ခံရမှာမဟုတ်ပါဘူး။ လူဟာ ကယ်တင်ခြင်းခံရချင်တယ်ဆိုရင်၊ သူ့ကို တရားစီရင်ဖို့ သန့်စင်ပေးဖို့အတွက် ဘုရားသခင်က လူ့ဇာတိခံဖို့ အမှန်တကယ်လိုအပ်ပါတယ်။ လူ့ဇာတိခံတဲ့ဘုရားသခင်က လူတွေနဲ့ တုံ့ပြန်ဆက်ဆံရာမှာ၊ လူတွေကို ဘုရားသခင်အပေါ် မျက်မြင် သိနားလည်လာအောင် လုပ်ယူပါတယ်။ သမ္မာတရားကို အမှန်တကယ်ရှာဖွေသူတွေဟာ နောက်ဆုံးသောကာလခရစ်တော်ရဲ့ တရားစီရင်မှု၊ သန့်စင်စေမှုတွေကို လက်ခံတဲ့အတွက်၊ သူတို့တွေဟာ ပင်ကိုယ်အားဖြင့် ဘုရားသခင်ကို နာခံနိုင်စွမ်းရှိကြတယ်။ ရင်ထဲမှာ မြတ်နိုးနိုင်စွမ်း ရှိကြတယ် ပြီးတော့ မာရ်နတ်ရဲ့အုပ်စိုးမှုအောက်ကနေ ကယ်တင်ခံရနိုင်တယ်။ ဒါဟာ ဘုရားသခင်အတွက် လူတွေကိုကယ်တင်ဖို့၊ ပြည့်စုံစေဖို့ အကောင်းဆုံးနည်းလမ်း မဟုတ်ဘူးလား။ ဘုရားသခင်ဟာ လူ့ဇာတိခံယူလိုက်တဲ့အတွက်၊ ကျွန်တော်တို့ဟာ ဘုရားသခင်ကို မျက်မြင်ဖူးခွင့်ရဖို့၊ ကိုယ်တော်ရဲ့အမှုတော်နဲ့ တွေ့ကြုံရဖို့ အခွင့်အလမ်းကို ရသွားပါပြီ၊ ဘုရားသခင်ရဲ့တိကျတဲ့နှုတ်ကပတ်တော်ကို ရဖို့၊ ကိုယ်တော်တိုင် ထိန်းကျောင်းပျိုးထောင်ပေးတာကို ခံရဖို့ အခွင့်အလမ်းကိုလည်း ရသွားပါပြီ ဒါတွေကို ကြုံရတော့မှ ကျွန်တော်တို့ဟာ ဘုရားသခင်အပေါ် အားထားလာမယ်၊ နာခံလာမယ်၊ ကိုယ်တော်ကို အမှန်တကယ် ချစ်မြတ်နိုးလာပါမယ်။ လူတွေကိုကယ်တင်ခြင်းအမှုကို ပြုဖို့အတွက်၊ ဘုရားသခင်က လူ့ဇာတိမခံယူခဲ့ဘူးဆိုရင်၊ ဒီလိုလက်တွေ့ကျတဲ့ ရလဒ်ကို ရနိုင်မှာမဟုတ်ပါဘူး။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်- “ဇာတိခန္ဓာထဲရှိ ဘုရားသခင့်အမှု၏ အကောင်းဆုံးသောအရာမှာ တိကျမှန်ကန်သော နှုတ်ကပတ်တော်များနှင့် တိုက်တွန်းနှိုးဆော်မှုများ၊ သူ့နောက်သို့လိုက်သော လူသားမျိုးနွယ်အတွက် သူ၏တိကျမှန်ကန်သောအလိုတော် စသည်တို့ကို ဘုရားသခင်အနေဖြင့် ချန်ရစ်ထားနိုင်ခြင်းဖြစ်သည်၊ ထိုသို့အားဖြင့် ထိုအရာပြီးနောက်တွင် သူ၏နောက်လိုက်များသည် ဇာတိခန္ဓာထဲရှိ သူ၏အမှုအားလုံးနှင့် လူသားမျိုးနွယ် တစ်ရပ်လုံးအတွက် သူ၏အလိုတော်တို့အား ဤလမ်းကို လက်ခံသောသူတို့ထံ ပို၍တိကျမှန်ကန်စွာနှင့် ပို၍ရုပ်လုံးပေါ်စွာ လက်ဆင့်ကမ်းပေးနိုင်မည်ဖြစ်သည်။ လူတို့ကြားမှ ဇာတိခန္ဓာရှိသည့် ဘုရားသခင်၏အမှုသည်သာလျှင် ဘုရားသခင်၏ဖြစ်ခြင်းနှင့် လူသားတို့နှင့် အတူတကွနေထိုင်ခြင်း အစရှိသည့် အချက်တို့ကို စစ်မှန်စွာ အထမြောက်အောင် ဆောင်ရွက်နိုင်မည်ဖြစ်သည်။ ဤအမှုသည်သာလျှင် ဘုရားသခင်၏ မျက်နှာတော်ကိုကြည့်ရန်၊ ဘုရားသခင်၏ အမှုတော်ကို တွေ့ကြုံရရန်နှင့် ဘုရားသခင်၏ ကိုယ်ပိုင်နှုတ်ကပတ်တော်တို့ကို ကြားရန်ဖြစ်သည့် လူသား၏ စိတ်ဆန္ဒကို ဖြည့်ဆည်းနိုင်ပေမည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံ ဘုရားသခင်၏ ကယ်တင်ခြင်းကို သာ၍လိုအပ်သည်)ဖောက်ပြန်ပျက်စီးသော လူသားအတွက် အကြီးမားဆုံးသော တန်ဖိုးရှိသည့်အမှုမှာ တိကျမှန်ကန်သော နှုတ်ကပတ်တော်များ၊ လိုက်လျှောက်ရန် ရှင်းလင်းသော ပန်းတိုင်များကို ထောက်ပံ့ပေးသောအမှုဖြစ်ပြီး မြင်တွေ့နိုင်ကာ ထိတွေ့နိုင်သော အမှုဖြစ်သည်။ လက်တွေ့ကျသောအမှုနှင့် အချိန်မီလမ်းညွှန်မှုတို့သည်သာလျှင် လူသား၏အကြိုက်များနှင့် သင့်လျော်ပြီး၊ စစ်မှန်သောအမှုသာလျှင် လူကို သူ၏ ဖောက်ပြန်ပျက်စီး၍ စာရိတ္တပျက်ပြားသော စိတ်သဘောထားမှ ကယ်တင်နိုင်သည်။ ဤအရာကို လူ့ဇာတိခံယူသော ဘုရားသခင်အားဖြင့်သာလျှင် ရရှိနိုင်သည်၊ လူ့ဇာတိခံယူသော ဘုရားသခင်သာလျှင် လူသား၏ ယခင်က ဖောက်ပြန်ပျက်စီး၍ စာရိတ္တပျက်ပြားသော စိတ်သဘောထားမှ လူသားကို ကယ်တင်နိုင်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံ ဘုရားသခင်၏ ကယ်တင်ခြင်းကို သာ၍လိုအပ်သည်)ထို့ကြောင့် ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံယူသည့် ဘုရားသခင်၏ ကယ်တင်ခြင်းကို ပို၍လိုအပ်ပြီး၊ လူ့ဇာတိခံယူသော ဘုရားသခင်၏ တိုက်ရိုက်လုပ်ဆောင်မှုကို ပို၍လိုအပ်သည်။ လူသားမျိုးနွယ်သည် လူ့ဇာတိခံယူသော ဘုရားသခင်မှ မိမိတို့ကို ထိန်းကျောင်းရန်၊ ပံ့ပိုးရန်၊ ရေလောင်းပေးရန်၊ ကျွေးမွေးရန်၊ တရားစီရင်ရန်နှင့် ပြစ်တင်ဆုံးမရန်တို့ကို လိုအပ်သည်၊ ထို့အပြင် လူသားသည် လူ့ဇာတိခံယူသော ဘုရားသခင်ထံမှ ပို၍များသော ကောင်းချီးနှင့် ပို၍ကြီးမားသော ရွေးနုတ်ခြင်းတို့ကို လိုအပ်သည်။ ဇာတိခန္ဓာရှိသည့် ဘုရားသခင်သာလျှင် လူသား၏ ယုံကြည်စိတ်ချရသူ၊ လူသား၏သိုးထိန်း၊ လူသားအတွက် အမြဲရှိနေသော အကူအညီဖြစ်နိုင်ပြီး၊ ဤအရာအားလုံးသည် ယနေ့နှင့် ယခင်အတိတ်ကာလများမှ လူ့ဇာတိခံယူခြင်းကို လိုအပ်မှုဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံ ဘုရားသခင်၏ ကယ်တင်ခြင်းကို သာ၍လိုအပ်သည်)

ဘုရားသခင်ဟာ အကျင့်ပျက်နေတဲ့လူတွေကို ကယ်ဖို့အတွက် လူ့ဇာတိခံယူတဲ့အခါ၊ ဘုရားသခင်ရဲ့တောင်းဆိုမှုတွေ၊ ကိုယ်တော့်အလိုတော်တွေ၊ ကိုယ်တော့်စိတ်သဘောထားနဲ့ အရာအားလုံးနှင့်ဖြစ်ခြင်းတွေကို လူတွေဆီ ရှင်းရှင်းလင်းလင်း ပြောပြဖို့အတွက် လူတွေရဲ့ဘာသာစကားကိုပဲ အသုံးပြုပါတယ်။ ဒါကြောင့် လူတွေဟာ ကြိုးစားပမ်းစားလိုက်ရှာစရာမလိုတော့ဘဲ၊ ဘုရားသခင်ရဲ့အလိုတော်ကို ရှင်းရှင်းလင်းလင်း နားလည်နိုင်တယ်၊ ဘုရားသခင်ရဲ့တောင်းဆိုမှုတွေနဲ့ သူတို့ကျင့်သုံးရမယ့် လမ်းစဉ်ကိုလည်း သိနိုင်တယ်။ ဘုရားသခင်အပေါ် လက်တွေ့ကျတဲ့နားလည်မှုနဲ့ အသိကိုလည်း သူတို့အနေနဲ့ ရနိုင်တယ်။ ကျေးဇူးတော်ခေတ်မှာ ရှင်ပေတရုက သခင်ယေရှုကို မေးခဲ့သလိုပါပဲ၊ “သခင်၊ ညီအစ်ကိုသည် အကျွန်ုပ်ကိုပြစ်မှား၍ အကျွန်ုပ်သည် သူ၏ အပြစ်ကို ဘယ်နှစ်ကြိမ်လွှတ်ရပါအံ့နည်း။ ခုနှစ်ကြိမ်မြောက်အောင် လွှတ်ရပါအံ့လောဟု မေးလျှောက်သော်။” (မဿဲ ၁၈:၂၁) သခင်ယေရှုက ရှင်ပေတရုကို အရှင်းဆုံးပဲမိန့်ခဲ့ပါတယ် “ခုနှစ်ကြိမ်မြောက်အောင်လွှတ်ရမည် ငါမဆို။ အကြိမ်ခုနှစ်ဆယ် ခုနှစ်လီမြောက်အောင် လွှတ်ရမည် ငါဆို၏။(မဿဲ ၁၈:၂၂) လူ့ဇာတိခံတဲ့သခင်ယေရှုဟာ လူတွေကို ဘယ်အချိန် ဘယ်နေရာမှာမဆို လက်တွေ့အကျဆုံး အရှင်းဆုံးအထောက်အပံ့ကို ပေးရင်း၊ လမ်းပြခဲ့တယ်ဆိုတာ၊ ဒီမိန့်ဆိုချက်မှာ ကျွန်တော်တို့ မြင်နိုင်ပါတယ်။ နောက်ဆုံးသောကာလမှာ အနန္တတန်ခိုးရှင်ဘုရားဟာ လူတွေကြားမှာ လူ့ဇာတိခံယူလိုက်ပါပြီ၊ လူတွေရဲ့တကယ့်အခြေအနေမှန်ကို ဖြေရှင်းဖို့ သမ္မာတရားကို ဖော်ပြပေးနေပါတယ်၊ လူတွေကို အထောက်အပံ့ဖြစ်စေဖို့အတွက် ဘုရားသခင်ရဲ့စိတ်သဘောထားနဲ့ ဘုရားသခင်ရဲ့အရာအားလုံးနှင့်ဖြစ်ခြင်းကို ဖော်ပြပေးနေပါတယ်၊ ဘုရားသခင်အပေါ်ထားတဲ့ လူတွေရဲ့ယုံကြည်မှုထဲက မတိကျမှုတွေ၊ မတွေးမှားတွေကို ထောက်ပြပေးနေပါတယ်၊ ဘုရားသခင်ရဲ့အလိုတော်နဲ့ တောင်းဆိုမှုတွေကို အသိပေးနေပါတယ်၊ လက်တွေ့အကျဆုံး၊ အတိကျဆုံး ဘဝအထောက်အပံ့နဲ့ အာဟာရကို လူတွေဆီ ပေးကမ်းနေပါတယ်။ ဥပမာ ကျွန်တော်တို့ဟာ ကိုယ့်ကိုယ်ကိုယ်မသိလိုက်ဘဲ၊ ဘုရားသခင်ကို ဆန့်ကျင်ပုန်ကန်ပြီး နေထိုင်မိတဲ့အခါ၊ ဘုရားသခင်ရဲ့နှုတ်ကပတ်တော်က ကျွန်တော်တို့ကို ချက်ချင်းဖော်ထုတ်ပြပြီး၊ တရားစီရင်ပါတယ်၊ ကျွန်တော်တို့ရဲ့ဆိုးယုတ်တဲ့သဘာဝဟာ ဘုရားသခင်ကိုဆန့်ကျင်နေမှန်း နှုတ်ကပတ်တော်ကတစ်ဆင့် မြင်စေပါတယ်။ ကျွန်တော်တို့က တစ်ကိုယ်ရေ ရလိုမှုတွေအတွက် ဘုရားသခင်ကိုဆည်းကပ်ပြီး၊ ဒါကိုလည်း ကိုယ့်ဘာသာ မှန်တယ်လို့ထင်နေတဲ့အခါ၊ ဘုရားသခင်က ကျွန်တော်တို့ရဲ့ချို့ယွင်းချက်တွေကို ဖော်ထုတ်ပြတယ်။ ဘုရားသခင်ကိုဆည်းကပ်သူတွေဟာ ဘယ်လိုယုံကြည်မှုတွေ ကိုင်စွဲရမယ်ဆိုတာကို ပြောပြတယ်။ ဘုရားသခင်ရဲ့တရားစီရင်ခြင်းအမှုအပေါ် ကျွန်တော်တို့က သိမြင်နားလည်မှု လွဲနေတဲ့အခါမှာလည်း၊ လူတွေကို ကယ်တင်မယ့် တရားစီရင်မယ့် လေးနက်တဲ့ရည်ရွယ်ချက်တွေကို ဘုရားသခင်ရဲ့နှုတ်ကပတ်တော်က သတိပေးပါတယ်၊ ဘုရားသခင်အပေါ် နားလည်မှုလွဲမှားနေတာတွေကို ဖြေရှင်းပေးပါတယ်။ ဘုရားသခင်ရဲ့ရွေးချယ်ခြင်းခံရသူအားလုံးဟာ သူတို့ကို လူ့ဇာတိခံတဲ့ဘုရားသခင်က အမြဲတမ်းအထောက်အပံ့ပေးနေမှန်း ခံစားမိနေကြပါပြီ လိုက်ပြီး ရှာဖွေနေစရာမလိုတော့ပါဘူး။ ကျွန်တော်တို့လုပ်ဖို့လိုတာက ဘုရားသခင်ရဲ့လက်တွေ့အကျဆုံးအထောက်အပံ့ကို ရဖို့အတွက်၊ အနန္တတန်ခိုးရှင်ဘုရားရဲ့နှုတ်ကပတ်တော်ကို ပိုပြီးဖတ်ကြဖို့ပါပဲ။ ဘုရားသခင် ဖော်ပြတဲ့နှုတ်ကပတ်တော်ကတစ်ဆင့်၊ ဘုရားသခင်ရဲ့အလိုတော်၊ ကိုယ်တော်ရဲ့စိတ်သဘောထားနဲ့ ဘုရားသခင်ရဲ့အရာအားလုံးနှင့်ဖြစ်ခြင်းတွေကို ကျွန်တော်တို့အနေနဲ့ အမှန်တကယ် နားလည်လာပါတယ် ဒီလိုနားလည်လာရာကနေ၊ စစ်မှန်တဲ့ဘဝတစ်ခုကို ဘယ်လိုနေထိုင်သွားမလဲဆိုတာကို ထပ်ပြီးသိလာတယ် မာရ်နတ်ရဲ့ယုတ်မာတဲ့အကြံအစည်တွေကို ဘယ်လိုမြင်အောင်ကြည့်မလဲဆိုတာကိုလည်း သင်ယူတတ်လာတယ်၊ ကျွန်တော်တို့ဟာ မာရ်နတ်ကြောင့် ဘယ်လောက်အထိ ပျက်စီးနေကြပြီလဲဆိုတာကို ရှင်းရှင်းလင်းလင်း မြင်လာတယ်၊ အဲဒီကတစ်ဆင့်၊ မာရ်နတ်ရဲ့မကောင်းတဲ့လွှမ်းမိုးမှုနဲ့ ကျွန်တော်တို့အပြစ်တွေကို ဖြည်းဖြည်းချင်း ဖယ်ရှားတတ်လာတယ်။ အဲဒီအတွက် ရလဒ်ကတော့၊ ဘဝအပေါ်ထားတဲ့ ကျွန်တော်တို့သဘောထားက ပြောင်းလဲသွားတယ်။ သမ္မာတရားရဲ့စစ်မှန်မှုကိုလည်း နားလည်လာရင်း၊ လမ်းကြောင်းမှန်ကို စပြီးလျှောက်လာကြပါတယ်။ ဒါတွေအားလုံးဟာ ဘုရားသခင်ရဲ့လူ့ဇာတိခံခြင်းကြောင့် ဖြစ်လာတာတွေပါ။

ဘုရားသခင်ဟာ အမှုတော်ကိုပြုဖို့၊ နှုတ်ကပတ်တော်ကို ဖော်ပြဖို့အတွက် လူ့ဇာတိခံယူပြီးပါပြီ၊ လူတွေကို ဘဝအတွက် လက်တွေ့အကျဆုံးအထောက်အပံ့နဲ့ အာဟာရကိုလည်း ပေးနေတယ်။ လူ့ဇာတိခံတဲ့ဘုရားသခင်ရဲ့တရားစီရင်ခြင်းအမှုအပေါ် လူတွေမှာ အယူအဆတွေအများကြီး ဖြစ်နေတာတောင်၊ ဘုရားသခင်ဟာ လူတွေအတွက် ဘဝရဲ့လမ်းစဉ်နဲ့ ထာဝရတည်မြဲတဲ့ကယ်တင်ခြင်းကို ယူဆောင်လာပါပြီ၊ လူတွေကလည်း ကိုယ်တော်ကို အားထားနေကြပါပြီ။ အနန္တတန်ခိုးရှင်ဘုရားရဲ့နှုတ်ကပတ်တော်ထဲက နောက်တစ်ပိုဒ်ကို ဖတ်ကြည့်ကြရအောင်၊

ဇာတိခန္ဓာနှင့် သူလုပ်ဆောင်ခဲ့သောအမှုတို့ကို စိတ်ကူးရန်၊ သို့မဟုတ် တိုင်းတာရန် နည်းလမ်းမရှိပေ၊ အကြောင်းမှာ သူ၏ဇာတိခန္ဓာသည် မည်သည့်လူသား၏ဇာတိခန္ဓာနှင့်မျှ တူညီမှုမရှိခြင်းကြောင့်ဖြစ်သည်၊ အပြင်ဘက် ပုံပန်းသဏ္ဌာန်သည် ဆင်တူသော်လည်း၊ အနှစ်သာရခြင်း မတူညီပေ။ ဘုရားသခင်၏ ဇာတိခန္ဓာသည် လူတို့ကြားတွင် ဘုရားသခင်နှင့်ပတ်သက်သော အယူအဆများစွာကို ဖြစ်ပေါ်စေသည်၊ သို့ရာတွင် သူ၏ဇာတိခန္ဓာသည် လူသားကို အသိပညာများစွာ ရရှိလာစေရန်လည်း ခွင့်ပြုနိုင်ပြီး၊ ထိုသို့တူညီသော အပြင်ပန်းသဏ္ဌာန် ပိုင်ဆိုင်ထားသည့် မည်သည့်လူကိုမဆိုပင် သိမ်းပိုက်နိုင်သည်။ အကြောင်းမှာ သူသည် သာမန်လူသားတစ်ယောက်သာမဟုတ်ဘဲ၊ လူသား၏အပြင်ပန်းသဏ္ဌာန်ရှိသော ဘုရားသခင်ဖြစ်ပြီး၊ မည်သူမျှ သူ့ကို အပြည့်အဝသဘောပေါက်ခြင်း၊ သို့မဟုတ် နားလည်ခြင်း မရှိနိုင်သောကြောင့် ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံ ဘုရားသခင်၏ ကယ်တင်ခြင်းကို သာ၍လိုအပ်သည်)

လူ့ဇာတိခံယူသော ဘုရားသခင်၏ အမှုကြောင့် ဘုရားသခင်သည် လူသားတို့ တွေ့မြင်၊ ထိတွေ့နိုင်သည့် လက်ဆုပ်လက်ကိုင်ပြနိုင်သော ပုံသဏ္ဌာန်ရှိသည့် ဇာတိခန္ဓာဖြစ်လာခြင်းဖြစ်သည်။ သူသည် ပုံသဏ္ဌာန်မရှိသော ဝိညာဉ်တော်မဟုတ်ဘဲ လူသားအနေဖြင့် ထိတွေ့ဆက်သွယ်ကာ တွေ့မြင်နိုင်သော ဇာတိခန္ဓာဖြစ်သည်။ သို့ရာတွင် လူတို့ယုံကြည်သည့် ဘုရားအများစုသည် ပုံသဏ္ဌာန်ကင်းမဲ့သော၊ ဇာတိခန္ဓာမရှိသည့် နတ်ဘုရားများဖြစ်ပြီး၊ ၎င်းတို့မှာ စိတ်ကြိုက်ပုံသဏ္ဌာန်နှင့်လည်း ဖြစ်နေသည်။ ဤသို့ဖြင့် လူ့ဇာတိခံယူသော ဘုရားသခင်သည် ဘုရားသခင်ကို ယုံကြည်သောသူ အများစု၏ ရန်သူဖြစ်လာပြီး ဘုရားသခင်၏ လူ့ဇာတိခံယူခဲ့သည်ဟူသော အချက်ကို လက်မခံနိုင်သည့် သူများသည်လည်း ထိုနည်းတူပင် ဘုရားသခင်၏ ရန်ဘက်များဖြစ်လာကြသည်။… လူအများစုသည် ဤဇာတိခန္ဓာကြောင့် ဘုရားသခင်၏ ရန်သူများဖြစ်လာကြသော်လည်း ဘုရားသခင်သည် သူ၏အမှုကို အဆုံးသတ်သောအခါ သူ့ကိုဆန့်ကျင်သောသူများသည် သူ၏ရန်သူဖြစ်ခြင်းမှ ရပ်တန့်ရုံတင်မကဘဲ ဆန့်ကျင်ဘက်အနေဖြင့် သူ၏သက်သေများ ဖြစ်လာလိမ့်မည်။ သူတို့သည် ဘုရားသခင်၏ သိမ်းပိုက်ခြင်းခံရသော သက်သေများ၊ သူနှင့်သဟဇာတရှိပြီး သူနှင့်ခွဲ၍မရသော သက်သေများဖြစ်လာလိမ့်မည်။ ဘုရားသခင်သည် လူသားကို ဇာတိခန္ဓာဖြင့် လုပ်ဆောင်သော သူ့အမှု၏ အရေးကြီးမှုကို သိရှိစေပြီး၊ လူသားသည်လည်း သူ၏တည်ရှိမှု၌ ထိုဇာတိခန္ဓာ၏ အရေးပါပုံကို နားလည်လာကာ၊ လူ့အသက်တာကြီးထွားမှု၌ ဘုရားသခင်၏ စစ်မှန်သောတန်ဖိုးကို သိလာလိမ့်မည်၊ ထို့အပြင် ဤဇာတိခန္ဓာသည် လူသားတို့ခွဲခွာရန် မစွမ်းသာသော ဘဝ၏သက်စမ်းရေဖြစ်လာမည်ဟု သိလာလိမ့်မည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံ ဘုရားသခင်၏ ကယ်တင်ခြင်းကို သာ၍လိုအပ်သည်)

လူတွေကို ကယ်တင်ဖို့ ပြည့်စုံစေဖို့အတွက် နောက်ဆုံးသောကာလ လူ့ဇာတိခံခြင်းမှာ ဘုရားသခင်ဟာ သာမန်လူသားတစ်ယောက်ရဲ့အသွင်ကို ယူထားတဲ့အပြင်၊ ကိုယ်တော်ဟာ တန်ခိုးပြာဋိဟာတွေ ပြမှာမဟုတ်သလို၊ သာမန်ထက်သာလွန်တဲ့ အရည်အသွေးတွေ အရှိန်အဝါတွေလည်း မပိုင်ဆိုင်ပါဘူး ဒါ့အပြင် ကိုယ်တော်ဟာ လူတွေရဲ့အယူအဆတွေ၊ သူတို့ရဲ့ငြင်းပယ်မှုတွေနဲ့၊ ဆန့်ကျင်မှုတွေရဲ့ပစ်မှတ်လည်း ဖြစ်နေပါတယ်၊ ဒီလိုတွေ ရှိပေမယ့်၊ ခရစ်တော် ဖော်ပြတဲ့သမ္မာတရားနဲ့ ဆောင်ရွက်မယ့် တရားစီရင်ခြင်းအမှုတော်ကြောင့် လူတွေအနေနဲ့ ဘုရားသခင်နှုတ်ကပတ်တော်ရဲ့အထောက်အပံ့ကို ရသွားကြပါတယ်။ သမ္မာတရားကိုလည်း ရသွားနိုင်တဲ့အပြင်၊ ဘုရားသခင် ပေါ်ထွန်းခြင်းကိုလည်း မြင်ခွင့်ရသွားကြပါတယ်။ ကျွန်တော်တို့ဟာ ဘုရားသခင်ရဲ့လူသားအသွင်ကို မမြင်ကြသေးပေမယ့်၊ ကိုယ်တော်ရဲ့ပင်ကိုယ်စိတ်သဘောထားနဲ့ သန့်ရှင်းတဲ့ဂုဏ်တော်ကိုတော့ မြင်ပြီးကြပါပြီ၊ ဒါဟာ ကိုယ်တော်ရဲ့လူသားအသွင်ကို မြင်ရတာမျိုးနဲ့ အတူတူပါပဲ။ ကျွန်တော်တို့လူတွေကြားမှာ ရောက်ရှိနေတဲ့ဘုရားသခင်ကို ကျွန်တော်တို့အနေနဲ့ အမှန်တကယ်မြင်ပြီးကြပါပြီ။ ကိုယ်တော့်ပလ္လင်တော်ရှေ့ကို ချီဆောင်ခံလိုက်ရပြီလို့လည်း ခံစားမိကြပါတယ်၊ ဘုရားသခင်ရဲ့အမှုတော်ကို ဘုရားသခင်နဲ့အတူ တွေ့ကြုံနေကြပါပြီ။ ပလ္လင်တော်ဆီက စီးဆင်းလာတဲ့ အသက်ရေစင်ရဲ့အထောက်အပံ့ကိုလည်း ကျေနပ်နေမိကြပါပြီ။ ဘုရားသခင်အပေါ် အမှန်တကယ်ချစ်မြတ်နိုးပြီး နာခံလာကြတယ်။ ဘုရားသခင်ရဲ့အမှုတော်ကို အခုလောက်အထိ သိနားလည်သွားကြပြီဆိုရင် နောက်ဆုံးသောကာလရဲ့ခရစ်တော်ဟာ အကျင့်ပျက်လူသားတွေအတွက် အကြီးဆုံးသောကယ်တင်ခြင်းပါပဲ။ ဘုရားသခင်ကိုသိနိုင်ဖို့နဲ့ ဘုရားသခင်ရဲ့ချီးမွမ်းမှုကိုရဖို့အတွက် တစ်ခုတည်းသောလမ်းဟာ ကိုယ်တော်ပါပဲ။ အနန္တတန်ခိုးရှင်ဘုရားရဲ့နှုတ်ကပတ်တော်ထဲက နောက်ထပ်စာတစ်ပိုဒ်ကို ဖတ်ကြည့်ရအောင်။

အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်- “ယခုတစ်ကြိမ်မှာ ဘုရားသခင်သည် ဝိညာဉ်ခန္ဓာကိုယ်ထဲမှာ မဟုတ်ဘဲ အလွန်သာမညကျသော ခန္ဓာကိုယ်ထဲတွင် လုပ်ဆောင်ရန် ကြွဆင်းလာသည်။ ၎င်းမှာ ဘုရားသခင်၏ ဒုတိယအကြိမ် လူ့ဇာတိခံယူသည့် ခန္ဓာကိုယ်ဖြစ်ရုံသာမက ဘုရားသခင်ပြန်ကြွလာသည့် ခန္ဓာကိုယ်လည်း ဖြစ်ပါသေးသည်။ ၎င်းမှာ အလွန်သာမညကျသော ဇာတိခန္ဓာဖြစ်သည်။ သူ့အထဲတွင် အခြားသူတို့နှင့် မတူသည့်အရာတစ်ခုကိုမျှ သင်မမြင်နိုင်သော်လည်း၊ ယခင်က တစ်ခါမျှ မကြားဖူးသည့် သမ္မာတရားများကို သင်ကြားရနိုင်သည်။ ယင်းကဲ့သို့ မထင်မရှားသည့် ဇာတိခန္ဓာသည် ဘုရားသခင်ထံမှ သမ္မာတရားဆိုင်ရာ နှုတ်ကပတ်တော်များအားလုံး၏ ပြယုဂ်ဖြစ်ပြီး၊ နောက်ဆုံးသောကာလတွင် ဘုရားသခင်၏အမှုကို ထမ်းဆောင်သောအရာဖြစ်ကာ၊ လူသားများ သိရှိလာရန်အလို့ငှာ လူသားတို့အတွက် ဘုရားသခင်၏ စိတ်သဘောထားတစ်ရပ်လုံးကို ဖော်ပြမှုလည်းဖြစ်သည်။ သင်သည် ကောင်းကင်ဘုံရှိ ဘုရားသခင်ကိုမြင်ရဖို့ စိတ်ပြင်းပြမနေခဲ့သလော။ သင်သည် ကောင်းကင်ဘုံရှိ ဘုရားသခင်ကို သိနားလည်ဖို့ စိတ်ပြင်းပြမနေခဲ့သလော။ သင်သည် လူသားမျိုးနွယ်၏ ခရီးဆုံးပန်းတိုင်ကိုမြင်ရဖို့ စိတ်ပြင်းပြမနေခဲ့သလော။ သူသည် မည်သည့်လူသားကမျှ သင့်ကို ပြောပြနိုင်စွမ်းမရှိခဲ့သည့် ဤလျှို့ဝှက်ချက်များ အားလုံးကို သင့်အားပြောပြပြီး၊ သင်နားမလည်သည့် သမ္မာတရားများကိုပင် သင့်အားပြောပြဦးမည် ဖြစ်သည်။ သူသည် ဘုရားသခင့်နိုင်ငံတော်အတွင်းသွားရာ သင်၏တံခါးဝဖြစ်ပြီး ခေတ်သစ်ထဲသို့ သင့်ကိုလမ်းပြမည့်သူဖြစ်သည်။… နောက်ဆုံးသောကာလတွင် ဘုရားသခင်၏အမှုက ကောင်းကင်ဘုံရှိ ဘုရားသခင်သည် မြေကြီးပေါ်ရှိ လူသားများအကြား၌ နေထိုင်နေခြင်းကို လူသားတို့အား မြင်တွေ့စေလျက် လူသားအနေဖြင့် ဘုရားသခင်အား သိရှိလာစေရန်၊ နာခံရန်၊ ရိုသေလေးမြတ်ရန်နှင့် မေတ္တာထားရှိရန် သူ့ကိုထောက်ကူပေးဖို့ဖြစ်သည်။ ဤအကြောင်းကြောင့် သူသည် ဒုတိယအကြိမ် လူ့ဇာတိကို ခံယူရန် ပြန်ကြွဆင်းလာခဲ့ခြင်းပင် ဖြစ်သည်။ ယနေ့တွင် လူသားက မြင်နေရသည့် ဘုရားသခင်သည် လူသားကဲ့သို့ပင်၊ နှာခေါင်းတစ်ပေါက်နှင့် မျက်လုံးနှစ်လုံးပါသည့် ဘုရားသခင်၊ မထူးခြားသော ဘုရားသခင်ဖြစ်သည်မှာ မှန်သော်လည်း၊ နောက်ဆုံးမှာတော့ ထိုလူသားသာ မရှိခဲ့လျှင်၊ ကောင်းကင်နှင့် မြေကြီးတို့သည် အကြီးအကျယ် ပြောင်းလဲသွားကြမည်ဖြစ်ကြောင်း၊ ထိုလူသားသာ မရှိခဲ့လျှင်၊ ကောင်းကင်သည် မှောင်မည်းလာမည်ဖြစ်ပြီး၊ မြေကြီးသည် ကမောက်ကမဖြစ်လာလျက်၊ လူသားမျိုးနွယ် တစ်ရပ်လုံးသည် မွတ်သိပ်ကာ ကပ်ဘေးဆိုက်လာမည်ဖြစ်ကြောင်းကို ဘုရားသခင်က ပြသပေးမည် ဖြစ်သည်။ နောက်ဆုံးသောကာလတွင် လူ့ဇာတိခံယူသော ဘုရားသခင်၏ ကယ်တင်ခြင်း မရှိလျှင်၊ ဘုရားသခင်သည် လူသားမျိုးနွယ်တစ်ရပ်လုံးကို ရှေးကတည်းက ငရဲပြည်၌ ဖျက်ဆီးခဲ့ပြီးဖြစ်မည်ကို သူပြသပေးမည်ဖြစ်သည်၊ ဤဇာတိခန္ဓာသာ မရှိလျှင်၊ သင်တို့သည် အပြစ်သားများနှင့် အလောင်းကောင်များ၏ အကြီးအကဲအဖြစ် ထာဝရ ရှိနေကြမည်ဖြစ်သည်။ ထိုဇာတိခန္ဓာသာ မရှိလျှင်၊ လူသားမျိုးနွယ်တစ်ရပ်လုံးသည် ကပ်ဘေးကြီးကို မလွဲဧကန် ရင်ဆိုင်လာရမည်ဖြစ်ပြီး နောက်ဆုံးသောကာလတွင် လူသားမျိုးနွယ်အပေါ် ဘုရားသခင်၏ ပိုပြီးပြင်းထန်သည့် ဒဏ်ခတ်မှုမှ လွတ်မြောက်ရန် ခဲယဉ်းမည်ကို သင်တို့သိသင့်သည်။ ယင်းသာမညဇာတိခန္ဓာသာ မမွေးခဲ့ပါက၊ သင်တို့အားလုံးသည် မည်သို့ပင်ရှာကြံကြစေကာမူ အသက်ရှင်၍လည်း မရနိုင်၊ သေ၍လည်း မရနိုင်သည့် အခြေအနေကို ရင်ဆိုင်ကြရမည်၊ ထိုဇာတိခန္ဓာသာ မရှိလျှင်၊ သင်တို့သည် ယနေ့တွင် သမ္မာတရားကို ရယူနိုင်ကြမည် မဟုတ်ဘဲ ဘုရားသခင်၏ ပလ္လင်ရှေ့မှောက်ကို ရောက်လာနိုင်ကြမည် မဟုတ်ပေ။ စင်စစ်အားဖြင့် သင်တို့သည် သင်တို့၏ ကြီးလေးလှသည့် အပြစ်များကြောင့် ဘုရားသခင်၏ အပြစ်ဒဏ်ပေးခြင်းကိုခံကြရလိမ့်မည်။ သင်တို့သိပါ၏လော။ ဘုရားသခင်က လူ့ဇာတိသို့ ပြန်လာခဲ့ခြင်းကြောင့်သာ မဟုတ်လျှင်၊ မည်သူ၌မျှ ကယ်တင်ခံရမည့် အခွင့်အလမ်းရှိခဲ့မည် မဟုတ်ပေ၊ ထို့ပြင် ဤဇာတိခန္ဓာ၏ ကြွလာခြင်း မရှိခဲ့လျှင်၊ ဘုရားသခင်သည် ခေတ်ဟောင်းကို အဆုံးသတ်ပစ်ခဲ့သည်မှာ ကြာလှပြီးဖြစ်လိမ့်မည်။ သို့ဖြစ်လျှင်၊ သင်တို့သည် ဘုရားသခင်၏ ဒုတိယအကြိမ် လူ့ဇာတိခံယူမှုကို ငြင်းပယ်နိုင်တုန်းပင်လော။ သင်တို့သည် ယင်းသာမညလူသားထံမှ ကြီးမားစွာ အကျိုးခံစားရနိုင်သည်ဖြစ်လေရာ၊ သင်တို့သည် သူ့ကို အဘယ်ကြောင့် အလွယ်တကူ လက်မခံလိုကြသနည်း။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သင်သိခဲ့သလော ဘုရားသခင်သည် လူသားများကြား၌ ကြီးမားသောအမှုကို ပြုခဲ့ပြီးပြီ)

သင်တို့ထံတွင် ယနေ့ ရှိသမျှအားလုံးသည် ယင်းဇာတိခန္ဓာ၏ ကျေးဇူးကြောင့်ပင် ဖြစ်သည်။ သင်တို့ထံတွင် အသက်ရှင်နေထိုင်ခွင့် ရှိနေခြင်းသည် ဘုရားသခင်က လူ့ဇာတိထဲ၌ နေထိုင်နေ၍ပင် ဖြစ်သည်။ ယင်းကဲ့သို့ ကံကောင်းမှုအားလုံးကို ရရှိခဲ့မှုက ထိုသာမည လူသားကြောင့် ဖြစ်သည်။ ထိုမျှမကသေး အဆုံးတွင် လူမျိုးတိုင်းသည် ထိုသာမည လူသားကို ဝတ်ပြုကြမည်ဖြစ်သကဲ့သို့ ထိုမထင်မရှားလူသားကို ကျေးဇူးတင်ရုံသာမက နာခံကြမည်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် လူသားမျိုးနွယ်တစ်ရပ်လုံးကို ကယ်တင်ပေးမည့် သမ္မာတရား၊ အသက်နှင့် လမ်းခရီးကို ယူဆောင်ပေးခဲ့ပြီး ဘုရားသခင်နှင့် လူသားအကြားက ပဋိပက္ခကို ပြေလည်စေလျက် ဘုရားသခင်နှင့် လူသားကို ပိုမိုရင်းနှီးစေပြီး ဘုရားသခင်နှင့် လူသားအကြားတွင် အတွေးအခေါ်များကို ဆက်သွယ်ဖလှယ်ရန် လုပ်ဆောင်ပေးခဲ့သည်မှာ ထိုသူပင် ဖြစ်သောကြောင့်ဖြစ်သည်။ ဘုရားသခင်၏ ဘုန်းတန်ခိုး သာ၍ကြီးထွားလာအောင် လုပ်ဆောင်ပေးခဲ့သည်မှာလည်း ထိုသူပင်ဖြစ်သည်။ ထိုကဲ့သို့သော သာမညလူသားသည် သင့်အနေနှင့် ယုံကြည်ပြီး ကြည်ညိုထိုက်သူ မဟုတ်သလော။ ယင်းကဲ့သို့သော သာမည ဇာတိခန္ဓာကို ခရစ်တော်ဟူ၍ မခေါ်ဆိုထိုက်ပေသလော။ ထိုသာမည လူသားသည် လူများအကြား၌ ဘုရားသခင်၏ပြယုဂ် မဖြစ်နိုင်သလော။ လူသားမျိုးနွယ်ကို ကပ်ဘေးမှ ချမ်းသာရာရရန် ကူပေးသည့် ထိုသာမညလူသားကို ချစ်မြတ်နိုးလျက် စွဲကိုင်ထားရန် မထိုက်တန်သလော။ သင်တို့က သူ၏နှုတ်မှ မိန့်ကြားခဲ့သည့် သမ္မာတရားများကို ငြင်းပယ်လျက် သင်တို့အကြား၌ သူ၏နေထိုင်မှုကို စက်ဆုပ်ကြမည်ဆိုလျှင် သင်တို့၏ ကံကြမ္မာမှာ မည်သို့များ ဖြစ်လာမည်နည်း။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သင်သိခဲ့သလော ဘုရားသခင်သည် လူသားများကြား၌ ကြီးမားသောအမှုကို ပြုခဲ့ပြီးပြီ)

ယေရှု၏အမှုသာ မရှိခဲ့လျှင် လူသားမျိုးနွယ်သည် လက်ဝါးကပ်တိုင်မှ အောက်ကို ဆင်းလာနိုင်ခဲ့မည် မဟုတ်ချေ၊ ယနေ့၏ လူ့ဇာတိခံယူမှု မရှိလျှင်လည်း လက်ဝါးကပ်တိုင်မှ အောက်ကို ဆင်းလာခဲ့ကြသူတို့ကို ဘုရားသခင်က မည်သည့်အခါမျှ ချီးကျူးမည် မဟုတ်သကဲ့သို့ ထိုသူတို့သည် ခေတ်သစ်ထဲကိုလည်း ဝင်ရောက်နိုင်မည် မဟုတ်ပေ။ ထိုသာမညလူသား၏ ကြွဆင်းလာခြင်းသာ မရှိခဲ့ပါက သင်တို့ထံတွင် ဘုရားသခင်၏ မျက်နှာတော်အစစ်အမှန်ကို ရှုမြင်ရန် အခွင့်အလမ်း၊ သို့မဟုတ် အရည်အချင်း မည်သည့်အခါမျှ ရှိလာခဲ့မည် မဟုတ်ပေ၊ အကြောင်းမှာ သင်တို့အားလုံးသည် ဖျက်ဆီးပစ်ခံခဲ့ကြရမည်မှာ ကြာလှပြီဖြစ်ခဲ့၍ဖြစ်သည်။ ဘုရားသခင်၏ ဒုတိယအကြိမ် လူ့ဇာတိခံယူသူ ကြွဆင်းလာခဲ့ခြင်းကြောင့် ဘုရားသခင်သည် သင်တို့ကို ခွင့်လွှတ်ပေးလျက် ကရုဏာကို ပြသပေးခဲ့ခြင်းဖြစ်သည်။ မည်သို့ပင်ဖြစ်စေ အဆုံး၌ ငါသည် သင်တို့အတွက် ချန်ထားပေးခဲ့ချင်သည့် နှုတ်ကပတ်တော်များမှာ ဤအရာများဖြစ်သည်- လူ့ဇာတိခံယူသော ဘုရားသခင်ဖြစ်သည့် ထိုသာမညလူသားသည် သင်တို့အတွက် အလွန်ကို အရေးပါသူပင် ဖြစ်သည်။ ထိုအချက်ကမှ လူသားများအကြား၌ ဘုရားသခင်လုပ်ဆောင်ပေးခဲ့ပြီဖြစ်သည့် ကြီးမားသည့်အရာဖြစ်ပေ၏။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သင်သိခဲ့သလော ဘုရားသခင်သည် လူသားများကြား၌ ကြီးမားသောအမှုကို ပြုခဲ့ပြီးပြီ)

မှန်ကန်သော ကိုးကွယ်ခြင်း၏နက်နဲသောအရာ ၏ ရုပ်ရှင် ဇာတ်ညွှန်းမှ

အရှေ့သို့- နောက်ဆုံးသော ကာလ၏ ဘုရားသခင်သည် အမျိုးသမီးတစ်ဦးအဖြစ် လူ့ဇာတိခံပြီးဖြစ်သည်ဟု သင်က သက်သေခံသည်။ ယင်းကို ကျွန်ုပ်တို့ လက်မခံနိုင်ပါ။ ယေရှုက ကောင်းကင်ဘုံရှိ ဘုရားသခင်ကို ဖခမည်းတော်ဟု ခေါ်ဆိုခဲ့သည်ဟု ကျမ်းစာထဲတွင် ရေးသားထား၏။ ဖခင်များနှင့် သားများသည် ယောက်ျားဖြစ်သည် မဟုတ်လော။ သမ္မာကျမ်းစာက၊ “မိန်းမ၏ခေါင်းကား ယောက်ျားဖြစ်သည်ကို၎င်း။” (ကောရိန္သု သြဝါဒစာပဌမစောင် ၁၁:၃) ထို့ကြောင့် အမျိုးသမီးများသည် ဩဇာအာဏာမရှိကြပါ၊ ထို့ကြောင့် နောက်ဆုံးသော ကာလ၏ ဘုရားသခင်သည် အမျိုးသမီးတစ်ဦးအဖြစ် လူ့ဇာတိခံပြီးဖြစ်သည်ဟု အဘယ်ကြောင့် သင် ဆိုသနည်း။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၄။ ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံယူသည့် ဘုရားသခင်၏ကယ်တင်မှုကို ပို၍လိုအပ်သည်

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-ဘုရားသခင်၏ဝိညာဉ်တော်ကို လူသားက ထိတွေ့နိုင်ခြင်း၊ မြင်နိုင်ခြင်း မရှိသကဲ့သို့၊ လူသားသည်...

၃။ လူတို့၏ အသက်တာများသည် လျှပ်တစ်ပြက်၊ နှစ်အနည်းငယ်အတွင်း ကုန်လွန်သွားသည်။ ပြန်ကြည့်လျက်၊ ၎င်းတို့သည် ၎င်းတို့၏ အသက်တာများကို ပြန်လည်သတိရမိကြသည်- ကျောင်းသွားရင်း၊ အလုပ်လုပ်ရင်း၊ အိမ်ထောင်ပြုရင်း၊ သားသမီးများရှိရင်း၊ သေခြင်းကို စောင့်ဆိုင်းရင်း၊ ၎င်းတို့၏ အသက်တာများတစ်ခုလုံးသည် လူသား တည်ရှိမှု၏ မှန်ကန်သော ဦးတည်ချက်နှင့် ရည်မှန်းချက်များ လုံးဝ ကင်းမဲ့ပြီး ရှင်သန်ခြင်းတွင် မည်သည့် တန်ဖိုး သို့မဟုတ် အဓိပ္ပါယ်မျှ မရှာတွေ့နိုင်ဘဲလျက်၊ မိသားစု၊ ငွေကြေး၊ အဆင့်အတန်း၊ အခွင့်အလမ်းနှင့် သိက္ခာတရားအတွက် မအားမလပ် ဟိုဟိုသည်သည် ပြေးလွှားရင်း ကုန်လွန်ခဲ့ကြသည်။ ထို့ကြောင့် လူတို့သည် မျိုးဆက် တစ်ဆက်ပြီးတစ်ဆက် ဤ နာကျင်စရာဖြစ်ပြီး အနှစ်မဲ့သည့် နည်းလမ်းဖြင့် အသက်ရှင်ကြလေသည်။ လူတို့၏ အသက်တာများသည် အဘယ်ကြောင့် အလွန် နာကျင်ဖွယ်ဖြစ်ပြီး အနှစ်မဲ့ပါသနည်း။ ပြီးလျှင် လူသား တည်ရှိခြင်း၏ နာကျင်မှုနှင့် အနှစ်မဲ့ခြင်းတို့ကို မည်သို့ ဖြေရှင်းနိုင်သနည်း။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-လူသားတို့ ကြံ့ကြံ့ခံကြရသည့် မွေးဖွားခြင်း၊ သေဆုံးခြင်း၊ ဖျားနာခြင်းနှင့် အိုမင်းသောအသက်အရွယ်တို့မှ...

၃။ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နောက်ဆုံးသော ကာလအမှုတော်ကို ကျွန်ုပ်တို့ လက်ခံပါက၊ ထာဝရအသက်လမ်းခရီးကို ကျွန်ုပ်တို့ ရရှိဖို့အလို့ငှာ မည်သည့်အရာကိုသာ ကျွန်ုပ်တို့ လိုက်စားသင့်သနည်း။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-နောက်ဆုံးသောကာလ ခရစ်တော်သည် လူသားကို သွန်သင်ရန်၊ လူသား၏အနှစ်သာရကို ဖော်ထုတ်ရန်နှင့် လူသား၏...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။