သောဒုံမြို့သည် ဘုရားသခင်၏ အမျက်တော်ကို ထိပါးသည့်အတွက် လုံးလုံးလျားလျား ချေမှုန်းခံရသည်
သောဒုံမြို့သားများသည် ဤအစေခံနှစ်ယောက်ကို မြင်သည့်အခါ သူတို့ရောက်လာခြင်း၏ အကြောင်းရင်းကို မမေးခဲ့ကြသကဲ့သို့ ဘုရားသခင်၏အလိုတော်ကို...
ဘုရား၏ ပေါ်ထွန်းခြင်းကို တောင့်တသည့် ရှာဖွေသူများအားလုံးကို ကျွန်ုပ်တို့ကြိုဆိုပါသည်။
ပထမအနေဖြင့် သောဒုံမြို့ကို ဘုရားသခင်၏ ဖျက်ဆီးခြင်းအကြောင်း ဖော်ပြထားသည့် ကျမ်းပိုဒ်အချို့ကို ကြည့်ကြစို့။
ကမ္ဘာဦးကျမ်း ၁၉:၁-၁၁ ကောင်းကင်တမန်နှစ်ပါးတို့သည် ညဦးအချိန်၌ သောဒုံမြို့သို့ ရောက်လာ၏။ လောတသည် မြို့တံခါးဝ၌ ထိုင်လျက် သူတို့ကိုမြင်လျှင်၊ ခရီးဦးကြိုပြုခြင်းငှါထ၍၊ မြေ၌ ဦးညွှတ်ချလျက်၊ အကျွန်ုပ်သခင်တို့၊ ကိုယ်တော်တို့ ကျွန်၏အိမ်သို့ဝင်၍ တညဉ့်လုံးနေကြပါ။ ခြေကိုဆေးကြပါ။ နံနက်စောစောထ၍ ကြွသွားကြပါလော့ဟု ဆိုလေ၏။ ကောင်းကင်တမန်တို့က၊ ငါတို့သည်မဝင်၊ တညဉ့်လုံး လမ်း၌နေတော့မည်ဟု ဆိုသော်လည်း၊ ကျပ်ကျပ်သွေးဆောင်သောကြောင့်၊ တဖန် လောတနေရာသို့ လှည့်၍ သူ၏အိမ်သို့ဝင်ကြ၏။ လောတလည်း၊ သူတို့အဘို့ ပွဲလုပ်၍ တဆေးမပါသော မုန့်ကို ပေါင်းပြီးမှ၊ သူတို့သည်စားကြ၏။ ထိုသူတို့သည် မအိပ်မှီ၊ သောဒုံမြို့သား ယောက်ျားအကြီးအငယ်၊ အရပ်ရပ်ကလာသော သူအပေါင်းတို့သည် အိမ်ကို ဝိုင်း၍၊ လောတကို ဟစ်ခေါ်လျက် ယနေ့ညမှာ သင့်အိမ်သို့ ဝင်သော လူတို့သည် အဘယ်မှာရှိသနည်း။ ထိုသူတို့နှင့်ငါတို့သည် ဆက်ဆံလိုသည်ဖြစ်၍ ငါတို့ထံသို့ ထွက်စေလော့ဟု ဆိုကြ၏။ လောတသည်လည်း၊ တံခါးပြင်မှာ သူတို့ထံသို့ ထွက်၍၊ မိမိနောက်၌ တံခါးကို ပိတ်ပြီးလျှင်၊ ညီအစ်ကိုတို့၊ အဓမ္မအမှုကို ဤမျှလောက် မပြုကြပါနှင့်။ အကျွန်ုပ်၌ ယောက်ျားနှင့် မဆက်ဆံသော သမီးနှစ်ယောက်ရှိပါ၏။ သူတို့ကို သင်တို့ထံသို့ထုတ်ရသော အခွင့်ကိုပေးကြပါလော့။ သူတို့၌ ပြုချင်သမျှပြုကြပါလော့။ ဤလူတို့၌ အလျှင်းမပြုကြပါနှင့်။ အကြောင်းမူကား၊ သူတို့သည် အကျွန်ုပ်အိမ်မိုးအရိပ်ကို ခိုနေပါ၏ဟု တောင်းပန်သော်လည်း၊ သူတို့က ဆုတ်လော့ဟု ဆိုကြ၏။ တဖန်ကား၊ သင်သည် တည်းခိုခြင်းငှာသာ ရောက်လာသည်နှင့်၊ တရားသူကြီးလုပ်ရမည်လော။ ယခုမှာ ထိုသူတို့၌ ပြုသည်ထက်၊ သင်၌ သာ၍ဆိုးသောအမှုကို ပြုမည်ဟုဆိုလျက်၊ လောတကို ကျပ်ကျပ်ဖိ၍ တံခါးကိုလည်း ပေါက်ခွဲချိုးဖဲ့ခြင်းငှါ ချဉ်းလာကြ၏။ ထိုအခါ ကောင်းကင်တမန်တို့သည် လက်ကိုဆန့်၍၊ လောတကို မိမိတို့နေရာအိမ်အတွင်းသို့ ဆွဲသွင်းပြီးလျှင် တံခါးကို ပိတ်ကြ၏။ အိမ်တံခါးနားမှာ ရှိသောသူအကြီးအငယ်တို့ကို၊ မျက်စိကန်းစေခြင်းငှါ ဒဏ်ခတ်သဖြင့် သူတို့သည် တံခါးကိုရှာ၍ ပင်ပန်းခြင်းသို့ ရောက်ကြ၏။

ကမ္ဘာဦးကျမ်း ၁၉:၂၄-၂၅ ထိုအခါ ယေဟောဝါသည် သောဒုံမြို့နှင့် ဂေါမောရမြို့တို့အပေါ် မိုးကောင်းကင်ထဲက ယေဟောဝါထံမှ ကန့်နှင့် မီးမိုးကို ရွာချစေတော်မူ၏။ ထိုမြို့ကြီးများ၊ လွင်ပြင်များအားလုံး၊ မြို့ကြီးများ၌ နေထိုင်သောသူတို့နှင့် မြေပေါ်တွင် ပေါက်သောအပင်များကို ဖျက်ဆီးတော်မူ၏။
သောဒုံမြို့၏ ဆိုးသွမ်းမှုနှင့် ဖောက်ပြန်ပျက်စီးမှုက လူသားနှင့်ဘုရားသခင် နှစ်ဦးလုံးအတွက် စက်ဆုပ်ဖွယ်ကောင်းသည့် အဆင့်တစ်ခုကို ရောက်နေပြီဖြစ်ကြောင်းနှင့် ထို့အတွက်ကြောင့် ဘုရားသခင်၏အမြင်တွင် ဤမြို့သည် ဖျက်ဆီးခြင်းကို ခံရသင့်ကြောင်းကို ဤကျမ်းပိုဒ်များမှတစ်ဆင့် သိမြင်ဖို့ မခက်ခဲပေ။ သို့သော်လည်း ဖျက်ဆီးခြင်းမခံရမီတွင် မြို့ထဲ၌ မည်သည့်အရာများ ဖြစ်ပျက်ခဲ့သနည်း။ ဤဖြစ်ရပ်များမှ မည်သည့်အသိအမြင်ကို လူတို့ရယူနိုင်သနည်း။ ဤဖြစ်ရပ်များအပေါ်ရှိ ဘုရားသခင်၏ သဘောထားက သူ၏စိတ်သဘောထားနှင့်ပတ်သက်၍ လူတို့အား မည်သည်တို့ကို ပြသနည်း။ ဇာတ်လမ်းတစ်ခုလုံးကို နားလည်ရန်အလို့ငှာ ကျမ်းစာထဲ၌ မှတ်တမ်းတင်ထားသည့်အရာကို ဂရုတစိုက် ဖတ်ကြည့်ကြစို့...
ထိုည၌ လောတသည် ဘုရားသခင်ထံမှ သတင်းစကားပို့ဆောင်သူနှစ်ယောက်ကို ကြိုဆိုပြီး သူတို့အတွက် စားသောက်ပွဲတစ်ခုကို ပြင်ဆင်ပေးခဲ့သည်။ ညစာစားပြီးနောက် သူတို့မလှဲခင်တွင် တစ်မြို့လုံးအနှံ့မှ လူများက လောတ၏အိမ်ကို ဝိုင်းထားပြီး လောတကို အော်ခေါ်ကြလေသည်။ ကျမ်းစာထဲ၌ သူတို့၏ပြောထားချက်များကို ဤသို့မှတ်တမ်းတင်ထားသည်။ “ယနေ့ညမှာ သင့်အိမ်သို့ ဝင်သောလူတို့သည် အဘယ်မှာရှိသနည်း။ ထိုသူတို့နှင့်ငါတို့သည် ဆက်ဆံလိုသည်ဖြစ်၍ ငါတို့ထံသို့ ထွက်စေလော့။” ဤစကားလုံးများကို မည်သူပြောခဲ့သနည်း။ မည်သူ့ကို သူတို့ပြောခဲ့သနည်း။ ၎င်းတို့သည် လောတကြားရန်ရည်ရွယ်ပြီး လောတ၏အိမ်အပြင်ဘက်မှ အော်ခေါ်သည့် သောဒုံမြို့သားတို့၏ စကားလုံးများဖြစ်သည်။ ဤစကားလုံးများကို ကြားရသည့်အခိုက် မည်သို့ခံစားရသနည်း။ ဒေါသအမျက် ခြောင်းခြောင်းထွက်သလော။ ဤစကားလုံးများက သင့်ကို အော်ဂလီဆန်စေသလော။ ဒေါသစိတ်များနှင့် သင်တနုံ့နုံ့ဖြစ်နေသလော။ ဤစကားလုံးများက စာတန်၏သဘောနှင့် ပြည့်နေသည်မဟုတ်လော။ ၎င်းတို့မှတစ်ဆင့် ဤမြို့၏ ကောက်ကျစ်ဆိုးယုတ်မှုနှင့် မှောင်မိုက်မှုကို သင်ခံစားရနိုင်သလော။ ဤလူတို့၏ စကားလုံးများမှတစ်ဆင့် သူတို့အပြုအမူများ၏ လူမဆန်မှုနှင့် ရက်စက်မှုကို သင်ခံစားသိရှိနိုင်သလော။ သူတို့၏အပြုအမူများမှတစ်ဆင့် သူတို့၏ဖောက်ပြန်ပျက်စီးခြင်း အတိမ်အနက်ကို သင်ခံစားသိရှိနိုင်သလော။ သူတို့ပြောဆိုသည့် အကြောင်းအရာများမှတစ်ဆင့် သူတို့၏ဆိုးသွမ်းသည့် သဘာဝနှင့် ရိုင်းစိုင်းကြမ်းကြုတ်သည့် စိတ်သဘောထားများက သူတို့ကိုယ်တိုင် မထိန်းချုပ်နိုင်သည့်အဆင့်အထိ ရောက်ရှိနေပြီးဖြစ်သည်ကို မြင်ဖို့ မခက်ခဲပေ။ လောတမှလွဲ၍ ဤမြို့ထဲရှိ ကျန်သည့်လူတိုင်းသည် စာတန်နှင့် ဘာမျှမကွာပေ။ အခြားလူတစ်ဦးကို မြင်ရုံနှင့်ပင် ဤလူတို့က ထိုသူကို အန္တရာယ်ပြုပြီး ဝါးမျိုချင်ကြသည်။...ဤအရာတို့သည် မြို့၏ ထိတ်လန့်စရာ၊ ကြောက်စရာ သဘာဝနှင်ဆိုင်သည့် ခံစားချက်ကို ပေးရုံမျှမက မြို့တစ်ဝိုက်ရှိ သေမင်း၏ ရောင်ဝါလက္ခဏာကိုလည်း ပေးသည့်အပြင် ထိုမြို့၏ ဆိုးသွမ်းမှုနှင့် သွေးသံရဲရဲဖြစ်မှုနှင့်ဆိုင်သည့် ခံစားချက်ကိုလည်း ပေးသည်။
လူ့ဝိညာဉ်များကို ဝါးမျိုလိုသော ဆန္ဒရိုင်းများနှင့် ပြည့်နေသည့် လူများဖြစ်ကြကုန်သော လူမဆန်သည့် လူရမ်းကားတစ်သိုက်နှင့် မျက်နှာချင်းဆိုင်ရသည့်အခါ လောတက မည်သို့တုံ့ပြန်ခဲ့သနည်း။ ကျမ်းစာအရ “ညီအစ်ကိုတို့၊ အဓမ္မအမှုကို ဤမျှလောက် မပြုကြပါနှင့်။ အကျွန်ုပ်၌ ယောက်ျားနှင့် မဆက်ဆံသော သမီးနှစ်ယောက်ရှိပါ၏။ သူတို့ကို သင်တို့ထံသို့ထုတ်ရသော အခွင့်ကိုပေးကြပါလော့။ သူတို့၌ ပြုချင်သမျှပြုကြပါလော့။ ဤလူတို့၌ အလျှင်းမပြုကြပါနှင့်။ အကြောင်းမူကား၊ သူတို့သည် အကျွန်ုပ်အိမ်မိုးအရိပ်ကို ခိုနေပါ၏။” ဤစကားလုံးများအားဖြင့် လောတဆိုလိုသည့်အရာမှာ ဤသို့ဖြစ်သည်။ သတင်းစကားပို့ဆောင်သူများကို ကာကွယ်ဖို့ သူသည် သူ့သမီးနှစ်ဦးကို စွန့်လွှတ်ဖို့ ဆန္ဒရှိနေခဲ့သည်။ ယုတ္တိတန်တန် မည်သို့ပင်တွက်ချက်ကြည့်ကြည့် ဤလူများသည် လောတ၏သတ်မှတ်ချက်များကို သဘောတူပြီး သတင်းစကားပို့ဆောင်သူနှစ်ဦးကို လွှတ်ထားခဲ့လိုက်သင့်သည်။ စင်စစ်အားဖြင့် သတင်းစကားပို့ဆောင်သူများသည် သူတို့နှင့် ဘာမျှမသက်ဆိုင်သည့်အပြင် သူတို့၏အကျိုးစီးပွားများကို တစ်ခါမျှ မထိခိုက်ဖူးကြသော စင်စစ်လူစိမ်းများပင် ဖြစ်သည်။ သို့သော်လည်း သူတို့၏ ဆိုးသွမ်းသည့်သဘာဝ၏ တွန်းအားပေးမှုကြောင့် သူတို့သည် ဤကိစ္စကို အသာမထားလိုက်ကြဘဲ ထိုအစား သူတို့၏အားထုတ်မှုများကို ပို၍ပင် အရှိန်မြှင့်လိုက်ကြသည်။ ဤနေရာ၌ သူတို့၏ခွန်းကြီးခွန်းငယ်စကားများခြင်း နောက်တစ်ခုက ဤလူများ၏ ရက်စက်သည့် သဘာဝအမှန်ကို အသေအချာ တိုး၍သိမြင်စေနိုင်သည်သာမက တစ်ချိန်တည်းမှာပင် ဘုရားသခင်အနေဖြင့် ဤမြို့ကို အဘယ်ကြောင့်ဖျက်ဆီးချင်သည်ဆိုသည့် အကြောင်းရင်းကိုလည်း လူတို့အား သဘောပေါက်ပြီး နားလည်စေသည်။
ဤသို့လျှင် သူတို့ဘာထပ်ပြောခဲ့ကြသနည်း။ သမ္မာကျမ်းစာ၏ ဖော်ပြချက်အရ “သူတို့က ဆုတ်လော့ဟု ဆိုကြ၏။ တဖန်ကား၊ သင်သည် တည်းခိုခြင်းငှာသာ ရောက်လာသည်နှင့် တရားသူကြီးလုပ်ရမည်လော။ ယခုမှာ ထိုသူတို့၌ ပြုသည်ထက်၊ သင်၌ သာ၍ဆိုးသောအမှုကို ပြုမည်ဟုဆိုလျက်၊ လောတကို ကျပ်ကျပ်ဖိ၍ တံခါးကိုလည်း ပေါက်ခွဲချိုးဖဲ့ခြင်းငှါ ချဉ်းလာကြ၏။” သူတို့သည် အဘယ်ကြောင့် လောတ၏တံခါးကို ချိုးဖျက်ချင်ကြသနည်း။ အကြောင်းရင်းမှာ သူတို့သည် ထိုသတင်းစကားပို့ဆောင်သူနှစ်ယောက်ကို အန္တရာယ်ပြုရန် စိတ်လောနေကြ၍ပင် ဖြစ်သည်။ ဤသတင်းစကားပို့ဆောင်သူနှစ်ယောက်က သောဒုံမြို့ကို ဘာလာလုပ်ကြသနည်း။ ထိုမြို့ကို သူတို့ရောက်လာခြင်း၏ ရည်ရွယ်ချက်က လောတနှင့် သူ၏မိသားစုကို ကယ်ဖို့ရန်ဖြစ်သည်။ သို့သော်လည်း သူတို့သည် အာဏာပိုင် ရာထူးများကို ထမ်းဆောင်ရန် ရောက်လာခြင်းဖြစ်သည်ဟု မြို့သားများက တလွဲထင်မြင်ခဲ့သည်။ မြို့သားများက သတင်းစကားပို့ဆောင်သူနှစ်ယောက်၏ ရည်ရွယ်ချက်ကို မေးမြန်းခြင်းမရှိဘဲ ထိုသူနှစ်ယောက်ကို ရက်ရက်စက်စက် အန္တရာယ်ပြုချင်သည့် သူတို့၏ဆန္ဒကို မှန်းဆချက်သက်သက်အပေါ်တွင်သာ အခြေခံထားခဲ့ကြသည်။ သူတို့နှင့် လုံးဝဥဿုံ ဘာမျှမသက်ဆိုင်သည့် လူနှစ်ယောက်ကို သူတို့က အန္တရာယ်ပြုချင်ခဲ့ကြသည်။ ဤမြို့မှလူများသည် သူတို့၏လူ့သဘာဝနှင့် ကျိုးကြောင်းဆင်ခြင်မှုတို့ကို လုံးဝဆုံးရှုံးသွားပြီဆိုသည်မှာ ရှင်းပေသည်။ သူတို့၏ စိတ်မနှံ့မှုနှင့် ရိုင်းစိုင်းမှုအဆင့်က လူသားကို အန္တရာယ်ပြုပြီး ဝါးမျိုသည့် စာတန်၏ ရက်စက်သော သဘာဝနှင့် ဘာမျှမကွာခြားတော့ပေ။
ဤလူတို့ကို လက်လွှဲပေးရန် လောတထံမှ သူတို့တောင်းဆိုသည့်အခါ လောတက ဘာလုပ်ခဲ့သနည်း။ ကျမ်းစာအရ လောတက သူတို့ကို မလွှဲပြောင်းပေးခဲ့ကြောင်းကို ငါတို့သိရသည်။ လောတက ဘုရားသခင်၏ ဤသတင်းစကားပို့ဆောင်သူနှစ်ယောက်ကို သိသလော။ မည်သို့သိပါမည်နည်း။ သို့သော်လည်း အဘယ်ကြောင့် သူသည် ဤလူတို့ကို ကယ်တင်နိုင်ခဲ့သနည်း။ သူ့အနေဖြင့် သူတို့ဘာလာလုပ်သည်ကို သိခဲ့သလော။ သူတို့လာရခြင်း၏ အကြောင်းရင်းကို သူမသိသော်ငြားလည်း သူတို့က ဘုရားသခင်၏ အစေခံများဖြစ်သည့်အကြောင်းကိုမူ သူသိခဲ့၏။ ထို့ကြောင့် သူတို့ကို သူ၏အိမ်ထဲသို့ ဝင်ခိုင်းခဲ့ခြင်းဖြစ်သည်။ ဘုရားသခင်၏ ဤအစေခံများကို လောတက “အရှင်” ဟုခေါ်နိုင်သည့်အချက်က သူသည် အခြားသော သောဒုံမြို့သားများကဲ့သို့ မဟုတ်ဘဲ ဘုရားသခင်၏ ပုံမှန်နောက်လိုက်တစ်ယောက်ဖြစ်ကြောင်းကို ပြသည်။ ထို့ကြောင့် ဘုရားသခင်၏ သတင်းစကားပို့ဆောင်သူများက သူ့ထံသို့ လာသည့်အခါ ဤအစေခံနှစ်ယောက်ကို လက်ခံဖို့ သူ့အသက်ကို သူအရဲစွန့်ခဲ့ခြင်းဖြစ်သည်။ ထို့အပြင် ဤအစေခံနှစ်ယောက်ကို ကာကွယ်ရန်အလို့ငှာ သူ၏သမီးနှစ်ယောက်ကိုလည်း အလဲအလှယ်အဖြစ် သူကမ်းလှမ်းပေးခဲ့၏။ ဤသည်မှာ လောတ၏ ဖြောင့်မတ်သော လုပ်ရပ်ပင်ဖြစ်သည်။ ယင်းသည် လောတ၏သဘာဝ အနှစ်သာရတို့၏ ရှင်းလင်းမြင်သာသော ဖော်ပြချက်တစ်ခု ဖြစ်သည့်အပြင် ဘုရားသခင်က လောတကို ကယ်တင်ဖို့ရန် သူ၏အစေခံများကို စေလွှတ်ခဲ့ရခြင်း၏ အကြောင်းရင်းလည်း ဖြစ်သည်။ အန္တရာယ်နှင့် ရင်ဆိုင်ရသည့်အခါ လောတသည် ဘာကိုမျှ ငဲ့ကွက်မနေဘဲ ဤအစေခံနှစ်ယောက်ကို ကာကွယ်ပေးခဲ့သည်။ အစေခံများ ဘေးကင်းရေးအတွက် သူ့သမီးနှစ်ယောက်နှင့်ပင် လဲလှယ်ဖို့ သူကြိုးစားခဲ့သည်။ လောတမှလွဲ၍ ဤကဲ့သို့ လုပ်မည့်သူ မြို့ထဲ၌ အခြားတစ်ဦးတလေ ရှိသလော။ အချက်အလက်များက သက်သေပြထားသည့် အတိုင်းပင် မရှိပေ၊ မရှိခဲ့ချေ။ ထို့ကြောင့် လောတမှလွဲ၍ သောဒုံမြို့ထဲရှိ လူတိုင်းသည် ဖျက်ဆီးခြင်းခံရမည့် ပစ်မှတ်ဖြစ်ပြီး ယင်းက သူတို့နှင့် ထိုက်တန်ကြောင်းကို ပြောနေစရာမလိုတော့ပေ။
—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၂)
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။
သောဒုံမြို့သားများသည် ဤအစေခံနှစ်ယောက်ကို မြင်သည့်အခါ သူတို့ရောက်လာခြင်း၏ အကြောင်းရင်းကို မမေးခဲ့ကြသကဲ့သို့ ဘုရားသခင်၏အလိုတော်ကို...
ကမ္ဘာဦးကျမ်း ၁၈:၂၆ ယေဟောဝါက၊ ငါသည် သောဒုံမြို့တွင် ဖြောင့်မတ်သူ အယောက် ငါးဆယ်ကို မြို့တွင်း၌ ရှာတွေ့လျှင်၊ သူတို့ဖို့အလို့ငှာ...
ဘုရားသခင်၏ ဖြောင့်မတ်သည့် စိတ်သဘောထားအကြောင်းကို အကြမ်းဖျင်းနားလည်သွားကြပြီဖြစ်၍ အပြစ်တရား၏မြို့အနေနှင့် ဘုရားသခင်မြင်ခဲ့သော အရပ်ဖြစ်သည့်...
ဘုရားသခင်၏ မိန့်ကြားချက်၊ အတွေးများနှင့် လုပ်ဆောင်ချက်များ၏ ဤဥပမာများကို နားလည်ခြင်းအားဖြင့် လူသား၏ထိပါးစော်ကားခြင်းကို သည်းခံမည်မဟုတ်သော...