ဘုရားသခင်သည် သောဒုံမြို့ကို ဖျက်ဆီးရမည်
ကမ္ဘာဦးကျမ်း ၁၈:၂၆ ယေဟောဝါက၊ ငါသည် သောဒုံမြို့တွင် ဖြောင့်မတ်သူ အယောက် ငါးဆယ်ကို မြို့တွင်း၌ ရှာတွေ့လျှင်၊ သူတို့ဖို့အလို့ငှာ...
ဘုရား၏ ပေါ်ထွန်းခြင်းကို တောင့်တသည့် ရှာဖွေသူများအားလုံးကို ကျွန်ုပ်တို့ကြိုဆိုပါသည်။
သောဒုံမြို့သားများသည် ဤအစေခံနှစ်ယောက်ကို မြင်သည့်အခါ သူတို့ရောက်လာခြင်း၏ အကြောင်းရင်းကို မမေးခဲ့ကြသကဲ့သို့ ဘုရားသခင်၏အလိုတော်ကို ဖြန့်ဝေဖို့ သူတို့ရောက်လာကြခြင်း ဟုတ်မဟုတ်ကိုလည်း မမေးခဲ့ကြပေ။ ဆန့်ကျင်ဘက်အနေနှင့် သူတို့သည် လူအုပ်ကြီးဖွဲ့လိုက်ပြီး ရှင်းပြချက်ကို မစောင့်ဘဲ ဤအစေခံနှစ်ယောက်ကို အမိဖမ်းဖို့ရန် ခွေးရိုင်းများ၊ သို့မဟုတ် ရက်စက်သည့် ဝံပုလွေများကဲ့သို့ ရောက်လာခဲ့ကြသည်။ ဤကိစ္စများ ဖြစ်ပျက်နေချိန်တွင် ဘုရားသခင်က စောင့်ကြည့်နေခဲ့သလော။ ဤလူသားအပြုအမူမျိုး၊ ဤဖြစ်ရပ်မျိုးနှင့် ပတ်သက်၍ ဘုရားသခင်က သူ့စိတ်နှလုံး၌ မည်သည့်အရာကို စဉ်းစားနေခဲ့သနည်း။ ဘုရားသခင်က ဤမြို့ကို ဖျက်ဆီးဖို့ ဆုံးဖြတ်ခဲ့သည်။ သူသည် တွန့်ဆုတ်လိမ့်မည်မဟုတ်၊ သို့တည်းမဟုတ် စောင့်နေလိမ့်မည် မဟုတ်သကဲ့သို့ ဆက်၍စိတ်ရှည်သည်းခံနေမည်လည်း မဟုတ်ပေ။ သူ၏နေ့ရက် ရောက်လာလေပြီ။ ထို့ကြောင့် သူလုပ်လိုသည့် အလုပ်ကို သူစတင်တော့သည်။ ထို့ကြောင့် ကမ္ဘာဦးကျမ်း ၁၉:၂၄-၂၅ ၌ ပြောထားသည်။ “ထိုအခါ ယေဟောဝါသည် သောဒုံမြို့နှင့် ဂေါမောရမြို့တို့အပေါ် မိုးကောင်းကင်ထဲက ယေဟောဝါထံမှ ကန့်နှင့် မီးမိုးကို ရွာချစေတော်မူ၏။ ထိုမြို့ကြီးများ၊ လွင်ပြင်များအားလုံး၊ မြို့ကြီးများ၌ နေထိုင်သောသူတို့နှင့် မြေပေါ်တွင် ပေါက်သောအပင်များကို ဖျက်ဆီးတော်မူ၏။” ဤကျမ်းပိုဒ်နှစ်ပိုဒ်က ဤမြို့ကို ဘုရားသခင်ဖျက်ဆီးသည့် နည်းလမ်းကိုလည်းကောင်း၊ ဘုရားသခင်ဖျက်ဆီးသည့် အရာများကိုလည်းကောင်း လူတို့အား ပြောပြသည်။ ရှေးဦးစွာ၊ ဘုရားသခင်က ဤမြို့ကို မီးနှင့် လောင်ကျွမ်းစေပုံ၊ မီး၏အတိုင်းအတာက လူအားလုံးနှင့် မြေပြင်မှာပေါက်သည့် အရာအားလုံးကို ဖျက်ဆီးဖို့ လုံလောက်ပုံတို့ကို သမ္မာကျမ်းစာ၌ ပြန်လည်ဖော်ပြထားသည်။ ဆိုလိုသည်မှာ မိုးကောင်းကင်မှကျလာသည့် မီးသည် မြို့ကို ဖျက်ဆီးရုံသာမကဘဲ မြို့ထဲရှိ လူအားလုံးနှင့် သက်ရှိအရာအားလုံးကိုလည်း ဘာတစ်ခုမျှ မကျန်ရစ်တော့သည်အထိ ဖျက်ဆီးခဲ့သည်။ မြို့ကို ဖျက်ဆီးပြီးသည့်နောက် မြေပြင်၌ သက်ရှိအရာ ကင်းမဲ့သွား၏။ ရှင်သန်တက်ကြွခြင်း မရှိတော့သကဲ့သို့ သက်ရှိလက္ခဏာများလည်း မရှိတော့ပေ။ မြို့သည် လွင်တီးခေါင်ပြင်ဖြစ်လာပြီး သုသာန်တစပြင်ပမာ တိတ်ဆိတ်မှုနှင့် ပြည့်နေသည့် ဟင်းလင်းပြင်ဖြစ်သွားခဲ့သည်။ ဤအရပ်၌ ဘုရားသခင်ကို ဆန့်ကျင်ပြီး ကျူးလွန်သည့် ကောက်ကျစ်ဆိုးယုတ်သော လုပ်ဆောင်ချက်များ ရှိတော့မည်မဟုတ်၊ သတ်ဖြတ်ခြင်းများ၊ သို့တည်းမဟုတ် သွေးစွန်းခြင်းများ ရှိတော့မည်မဟုတ်။
ဘုရားသခင်သည် အဘယ်ကြောင့် ဤမြို့ကို လုံးလုံးလျားလျား မီးရှို့ပစ်ချင်ခဲ့သနည်း။ ဤနေရာ၌ အဘယ်အရာကို သင်တို့တွေ့နိုင်သနည်း။ ဘုရားသခင်သည် သူ့ကိုယ်ပိုင်ဖန်ဆင်းရာများဖြစ်သည့် လူသားမျိုးနွယ်နှင့် သဘာဝတို့ ဤကဲ့သို့ဖျက်ဆီးခံရခြင်းကို ကြည့်ရက်နိုင်ပါ့မည်လော။ မိုးကောင်းကင်မှ ကျရောက်လာသည့် မီးမှတစ်ဆင့် ယေဟောဝါဘုရားသခင်၏ ဒေါသကို သင်သိမြင်နိုင်လျှင် သူဖျက်ဆီးသည့် ပစ်မှတ်များနှင့် ဤမြို့ချေမှုန်းခံရသည့် အတိုင်းအတာတို့ကို အကဲဖြတ်၍ သူ၏အမျက်မှာ မည်မျှကြီးမားကြောင်းကို သိမြင်ဖို့ မခက်ခဲပေ။ မြို့တစ်မြို့ကို ဘုရားသခင်စက်ဆုပ်သည့်အခါ သူ၏အပြစ်ဒဏ်ခတ်မှုကို ထိုမြို့အပေါ်သို့ သူကျရောက်စေမည်ပင်ဖြစ်သည်။ မြို့တစ်မြို့ကို ဘုရားသခင်ရွံရှာသည့်အခါ လူတို့အား သူ၏ဒေါသကို အသိပေးလျက် ထပ်တလဲလဲ သတိပေးချက်များကို သူထုတ်ပြန်လိမ့်မည်။ သို့သော်လည်း မြို့တစ်မြို့ကို အဆုံးသတ်ရန်နှင့် ဖျက်ဆီးရန် ဘုရားသခင်ဆုံးဖြတ်သည့်အခါ ဆိုလိုသည်မှာ သူ၏အမျက်ဒေါသနှင့် ဘုန်းအာနုဘော်တို့သည် ထိပါးခြင်းကို ခံရသောအခါ သူသည် နောက်ထပ်ပြစ်ဒဏ်ခတ်ခြင်းများ၊ သို့မဟုတ် သတိပေးခြင်းများကို ပြုလုပ်တော့မည်မဟုတ်ပေ။ ထိုအစား ထိုမြို့ကို သူတိုက်ရိုက်ဖျက်ဆီးလိမ့်မည်။ ထိုမြို့ လုံးလုံးလျားလျား ပျောက်ကွယ်သွားအောင် သူလုပ်လိမ့်မည်။ ဤသည်မှာ ဘုရားသခင်၏ ဖြောင့်မတ်သည့် စိတ်သဘောထားပင်ဖြစ်လေသည်။
—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၂)
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။
ကမ္ဘာဦးကျမ်း ၁၈:၂၆ ယေဟောဝါက၊ ငါသည် သောဒုံမြို့တွင် ဖြောင့်မတ်သူ အယောက် ငါးဆယ်ကို မြို့တွင်း၌ ရှာတွေ့လျှင်၊ သူတို့ဖို့အလို့ငှာ...
စာတန်သည် လူတို့ကို လှည့်စားခြင်းဖြင့် သူ၏ဂုဏ်သတင်းကို တည်ဆောက်ပြီး သူ့ကိုယ်သူ တရားမျှတခြင်း၏ ဦးစီးခေါင်းဆောင်တစ်ဦးနှင့်...
ပထမအနေဖြင့် သောဒုံမြို့ကို ဘုရားသခင်၏ ဖျက်ဆီးခြင်းအကြောင်း ဖော်ပြထားသည့် ကျမ်းပိုဒ်အချို့ကို ကြည့်ကြစို့။ ကမ္ဘာဦးကျမ်း ၁၉:၁-၁၁...
ဘုရားသခင်၏ မိန့်ကြားချက်၊ အတွေးများနှင့် လုပ်ဆောင်ချက်များ၏ ဤဥပမာများကို နားလည်ခြင်းအားဖြင့် လူသား၏ထိပါးစော်ကားခြင်းကို သည်းခံမည်မဟုတ်သော...