သောဒုံမြို့၏ ထပ်ခါထပ်ခါ ရန်လိုခြင်းနှင့် အတိုက်အခံပြုခြင်းတို့ကို ခံရပြီးနောက် ဘုရားသခင်သည် ထိုမြို့ကို လုံးလုံးလျားလျား အမြစ်ဖြတ်သုတ်သင်သည်

16.03.2019

ဘုရားသခင်၏ ဖြောင့်မတ်သည့် စိတ်သဘောထားအကြောင်းကို အကြမ်းဖျင်းနားလည်သွားကြပြီဖြစ်၍ အပြစ်တရား၏မြို့အနေနှင့် ဘုရားသခင်မြင်ခဲ့သော အရပ်ဖြစ်သည့် သောဒုံမြို့ကို ပြန်အာရုံစိုက်ကြစို့။ ဤမြို့၏အနှစ်သာရကို နားလည်ခြင်းအားဖြင့် ဘုရားသခင်က ဤမြို့ကို အဘယ်ကြောင့်ဖျက်ဆီးချင်ခဲ့သည့်အကြောင်းနှင့် အဘယ်ကြောင့် လုံးလုံးဖျက်ဆီးပစ်ခဲ့သည့်အကြောင်းတို့ကို သိနိုင်သည်။ ဤအချက်မှတစ်ဆင့် ဘုရားသခင်၏ ဖြောင့်မတ်သည့် စိတ်သဘောထားကို သိလာနိုင်သည်။

လူသား၏ရှုထောင့်မှကြည့်လျှင် သောဒုံမြို့သည် လူသား၏ဆန္ဒနှင့် လူသား၏ကောက်ကျစ်ဆိုးယုတ်မှုတို့ကို အပြည့်အဝဖြည့်ဆည်းပေးနိုင်သည့် မြို့တစ်မြို့ဖြစ်သည်။ ညစဉ်ရက်ဆက် တေးဂီတ၊ အကအခုန်တို့နှင့် ညှို့ခေါ်ပြီး ဖမ်းစားလျက် ဤမြို့၏ ကြွယ်ဝခြင်းက လူတို့ကို စွဲမက်ခြင်းနှင့် ရူးသွပ်ခြင်းတို့ ဖြစ်စေခဲ့သည်။ ထိုမြို့၏ ကောက်ကျစ်ဆိုးယုတ်မှုက လူတို့၏နှလုံးသားကို တိုက်စားခဲ့ပြီး လူတို့ကို အကျင့်ပျက်ပြားသွားအောင် ဖမ်းစားခဲ့သည်။ ထိုမြို့သည် မသန့်ရှင်းဘဲ ဆိုးယုတ်သည့် ဝိညာဉ်များ သွားလာရမ်းကားနေသည့် မြို့တစ်မြို့ဖြစ်ခဲ့သည်။ ထိုမြို့သည် အပြစ်တရားအပြင် သတ်ဖြတ်ခြင်းတို့နှင့် ပြည့်လျှံနေခဲ့ပြီး လေထုသည်လည်း သွေးနံ့၊ အပုပ်နံ့တထောင်းထောင်းနှင့် ထူထပ်သိပ်သည်းနေခဲ့သည်။ ထိုမြို့သည် လူတို့ကို ကျောချမ်းစေသည့် မြို့တစ်မြို့၊ အထိတ်တလန့် ပြန်ထွက်ပြေးစေသည့် မြို့တစ်မြို့ဖြစ်သည်။ အမျိုးသားဖြစ်စေ၊ အမျိုးသမီးဖြစ်စေ၊ လူငယ်ဖြစ်စေ၊ လူအိုဖြစ်စေ ထိုမြို့ထဲရှိ မည်သူကမျှ မှန်သော လမ်းခရီးကို မရှာဖွေခဲ့ကြပေ။ မည်သူကမျှ အလင်းကို မတောင့်တခဲ့ကြ၊ သို့တည်းမဟုတ် အပြစ်လုပ်ရန် ငြင်းဆန်ဖို့ ဆန္ဒမရှိခဲ့ကြပေ။ သူတို့သည် စာတန်၏ထိန်းချုပ်မှုအောက်၊ စာတန်၏ဖောက်ပြန်ပျက်စီးမှုနှင့် လှည့်စားမှုတို့အောက်၌ အသက်ရှင်နေထိုင်ခဲ့ကြသည်။ သူတို့၏လူ့သဘာဝ ပျောက်ဆုံးသွားခဲ့သည်။ သူတို့၏အသိစိတ် ပျောက်ဆုံးသွားခဲ့သည်။ ထို့အပြင် လူသား၏ မူလဖြစ်တည်မှုပန်းတိုင် ပျောက်ဆုံးသွားခဲ့သည်။ ဘုရားသခင်ကို အတိုက်အခံပြုသည့် မရေမတွက်နိုင်သော ဆိုးသွမ်းလုပ်ရပ်များကို သူတို့ကျူးလွန်ခဲ့ကြသည်။ ဘုရားသခင်၏လမ်းညွှန်မှုကို သူတို့ငြင်းဆန်ပြီး သူ၏အလိုတော်ကို ဆန့်ကျင်ခဲ့ကြသည်။ ဤလူများ၊ ဤမြို့နှင့် မြို့ထဲ၌ရှိသည့် သက်ရှိအရာတိုင်းကို ပျက်စီးခြင်းလမ်းသို့ တစ်ဆင့်ပြီးတစ်ဆင့် သယ်ယူသွားသည်မှာ သူတို့၏ ဆိုးသွမ်းလုပ်ရပ်များပင်ဖြစ်သည်။

ဤကျမ်းပိုဒ်နှစ်ပိုဒ်တွင် သောဒုံမြို့သားတို့၏ ဖောက်ပြန်ပျက်စီးခြင်း အတိုင်းအတာနှင့်ပတ်သက်၍ အသေးစိတ်အချက်အလက်အားလုံးကို မှတ်တမ်းမတင်ထားဘဲ ထိုအစား မြို့ထဲကို ဘုရားသခင်၏အစေခံနှစ်ယောက် ရောက်လာပြီးနောက်ပိုင်း သူတို့အပေါ် မြို့သားတို့၏ အပြုအမူများကိုသာ မှတ်တမ်းတင်ထားသော်ငြားလည်း သောဒုံမြို့သားတို့ ဖောက်ပြန်ပျက်စီးကာ ကောက်ကျစ်ဆိုးယုတ်ပြီး ဘုရားသခင်ကို ဆန့်ကျင်ခဲ့ကြသော အတိုင်းအတာကို ဖွင့်ပြသည့် ရိုးရှင်းသော အချက်အလက်တစ်ခုရှိသည်။ ဤအချက်နှင့် မြို့သားတို့၏ စရိုက်အမှန်နှင့် အနှစ်သာရအမှန်သည်လည်း ဖော်ထုတ်ခြင်းကို ခံခဲ့ရသည်။ ဤလူတို့သည် ဘုရားသခင်၏ သတိပေးချက်ကို လက်မခံခဲ့ရုံသာမကဘဲ သူ၏ပြစ်ဒဏ်ခတ်မှုကိုလည်း မကြောက်ရွံ့ခဲ့ကြပေ။ ဆန့်ကျင်ဘက်အနေနှင့် ဘုရားသခင်၏ဒေါသကို သူတို့အထင်အမြင်သေးခဲ့ကြသည်။ သူတို့သည် ဘုရားသခင်ကို မျက်ကန်းတောတိုး ခုခံခဲ့ကြသည်။ ဘုရားသခင်က မည်သည့်အရာကို လုပ်ခဲ့သည်ဖြစ်စေ၊ သို့မဟုတ် မည်သို့လုပ်ခဲ့သည်ဖြစ်စေ သူတို့၏ရက်စက်သည့် သဘာဝက ပို၍သာ ပြင်းထန်လာသည့်အပြင် သူတို့သည် ဘုရားသခင်ကို အကြိမ်ကြိမ်အခါခါ ဆန့်ကျင်ခဲ့ကြသည်။ သောဒုံမြို့သားတို့သည် ဘုရားသခင်၏တည်ရှိမှု၊ သူ၏လာရောက်မှု၊ သူ၏ပြစ်ဒဏ်ခတ်မှုနှင့် ထိုထက်ပို၍ သူ၏သတိပေးချက်ကို ရန်လိုခဲ့ကြသည်။ သူတို့သည် အလွန့်အလွန် မာနထောင်လွှားခဲ့ကြသည်။ ဝါးမျိုပြီး အန္တရာယ်ပြု၍ရသည့် လူအားလုံးကို သူတို့သည် ဝါးမျိုပြီး အန္တရာယ်ပြုခဲ့ကြကာ ဘုရားသခင်၏ အစေခံတို့ကိုလည်း ထိုအတိုင်းပင် သူတို့ဆက်ဆံခဲ့ကြသည်။ သောဒုံမြို့သားတို့ ကျူးလွန်ခဲ့ကြသည့် ဆိုးသွမ်းလုပ်ရပ်အားလုံးနှင့်ပတ်သက်လာလျှင် ဘုရားသခင်၏အစေခံတို့ကို အန္တရာယ်ပြုခြင်းက ပြဿနာထုထည်ကြီး၏ တစ်စွန်းတစ်စမျှသာ ရှိသေးသည်။ ထို့ပြင် ထိုနည်းဖြင့် သူတို့ဖွင့်ပြခဲ့သည့် သူတို့၏ဆိုးယုတ်သော သဘာဝသည် စင်စစ်အားဖြင့် အပြောကျယ်သော ပင်လယ်ပြင်ကြီးထဲမှ ရေတစ်စက်မျှလောက်သာ ရှိသေးသည်။ ထို့ကြောင့် ဘုရားသခင်သည် သူတို့ကို မီးနှင့်ဖျက်ဆီးဖို့ ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ ဘုရားသခင်အနေဖြင့် မြို့ကိုဖျက်ဆီးရန် ရေလွှမ်းမိုးခြင်းကို အသုံးမပြုသကဲ့သို့ ဟာရီကိန်းမုန်တိုင်း၊ ငလျင်၊ ဆူနာမီ၊ သို့မဟုတ် အခြားနည်းလမ်းတို့ကိုလည်း အသုံးမပြုခဲ့ပေ။ ဤမြို့ကို ဖျက်ဆီးဖို့ရန် ဘုရားသခင်က မီးကိုအသုံးပြုခဲ့ခြင်းသည် အဘယ်အရာကိုညွှန်ပြသနည်း။ ၎င်းသည် မြို့၏အကြွင်းမဲ့ပျက်စီးခြင်းကို ဆိုလိုသည်။ မြို့သည် ကမ္ဘာပေါ်မှ၊ ထို့ပြင် တည်ရှိခြင်းမှ လုံးဝပျောက်ကွယ်သွားသည်ဟု ဆိုလိုသည်။ ဤနေရာတွင် “ဖျက်ဆီးခြင်း” ဆိုသည်မှာ မြို့၏အသွင်သဏ္ဌာန်နှင့် ဖွဲ့စည်းတည်ဆောက်ပုံ၊ သို့မဟုတ် အပြင်ပိုင်းအသွင်အပြင်ကိုသာ ရည်ညွှန်းခြင်း မဟုတ်ဘဲ မြို့ထဲရှိ လူတို့၏ဝိညာဉ်များသည် လုံးလုံးလျားလျား အမြစ်ဖြတ်သုတ်သင်ခံရပြီး ဆက်လက်မတည်ရှိတော့ဟု ရည်ညွှန်းသည်။ ရိုးရိုးပြောရလျှင် မြို့နှင့်ဆက်စပ်နေသည့် လူအားလုံး၊ အဖြစ်အပျက်အားလုံးနှင့် အကြောင်းအရာအားလုံးက ဖျက်ဆီးခံခဲ့ရသည်။ ထိုမြို့သားတို့အတွက် နောက်ဘဝ၊ သို့မဟုတ် ပြန်လည်မွေးဖွားလာခြင်း ရှိမည်မဟုတ်ပေ။ ဘုရားသခင်သည် သူ၏ဖန်ဆင်းရာဖြစ်သည့် လူသားမျိုးနွယ်မှ သူတို့ကို ထာဝရကာလတိုင် အမြစ်ဖြတ်သုတ်သင်ခဲ့သည်။ မီးကိုအသုံးပြုခြင်းက ဤနေရာ၌ အပြစ်တရား၏ အဆုံးသတ်ကို ရည်ညွှန်းပြီး ထိုအရပ်၌ အပြစ်တရားကို ဟန့်တားလိုက်ကြောင်း ရည်ညွှန်းသည်။ ဤအပြစ်တရားက ဆက်တည်ရှိတော့မည် မဟုတ်သကဲ့သို့၊ ဆက်ပျံ့နှံ့တော့မည်လည်း မဟုတ်ပေ။ စာတန်၏ကောက်ကျစ်ဆိုးယုတ်မှုက သူ့ကိုပြုစုပျိုးထောင်ပေးနေသည့် မြေဆီလွှာအပြင် သူနေဖို့နှင့် အသက်ရှင်ဖို့ နေရာတစ်နေရာကို ပေးအပ်ခဲ့သည့် သင်္ချိုင်းလည်း ပျောက်ဆုံးသွားပြီဟု ဆိုလိုသည်။ ဘုရားသခင်နှင့် စာတန်၏စစ်ပွဲ၌ မီးကို ဘုရားသခင်အသုံးပြုခြင်းက စာတန်ကို အမှတ်အသားလုပ်ခဲ့သည့် သူ၏အောင်ပွဲအမှတ်တံဆိပ်ပင် ဖြစ်သည်။ သောဒုံမြို့၏ ပျက်စီးခြင်းသည် လူသားကို ဖောက်ပြန်ပျက်စီးစေပြီး ဝါးမျိုခြင်းအားဖြင့် ဘုရားသခင်ကို ဆန့်ကျင်ရန်ဖြစ်သော စာတန်၏ရည်မှန်းချက်ရှိ ကြီးကျယ်သည့် ခြေလှမ်းမှားတစ်ခုဖြစ်သည်။ ထိုနည်းတူစွာပင် ၎င်းသည် လူသားမျိုးနွယ်၏ ကြီးထွားရင့်သန်လာမှု၌ လူသားအနေဖြင့် ဘုရားသခင်၏ လမ်းညွှန်မှုကို ငြင်းဆန်ပြီး မကောင်းမှုဒုစရိုက်ကို စိတ်လွတ်ကိုယ်လွတ် မွေ့လျော်ခဲ့သောအချိန်၏ ရှက်စရာကောင်းသည့် သင်္ကေတတစ်ခုလည်း ဖြစ်သည်။ ထို့အပြင် ၎င်းသည် ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထား၏ စစ်မှန်သော ထုတ်ဖော်ပြချက်ဆိုင်ရာ မှတ်တမ်းတစ်ခုဖြစ်သည်။

မိုးကောင်းကင်မှ ဘုရားသခင် စေလွှတ်လိုက်သည့် မီးသည် သောဒုံမြို့ကို ပြာများအဖြစ် ပြောင်းပစ်လိုက်သည့်အခါ “သောဒုံ” ဟုခေါ်သည့်မြို့သည် ထို့နောက်တွင် မြို့ထဲရှိအရာခပ်သိမ်း မတည်ရှိတော့သကဲ့သို့ မတည်ရှိတော့ရန် ရည်ရွယ်သည်။ ထိုမြို့သည် ဘုရားသခင်၏ အမျက်နှင့် ဘုန်းအာနုဘော်ထဲ၌ ပျောက်ဆုံးသွားလျက် ဘုရားသခင်၏ ဒေါသအားဖြင့် ဖျက်ဆီးခံခဲ့ရသည်။ ဘုရားသခင်၏ ဖြောင့်မတ်သည့် စိတ်သဘောထားကြောင့် သောဒုံမြို့သည် ၎င်းနှင့်ထိုက်တန်သည့် အပြစ်ဒဏ်ခတ်မှုနှင့် ၎င်းဖြစ်ထိုက်သော နိဂုံးကို ရရှိခဲ့သည်။ သောဒုံမြို့၏တည်ရှိမှု အဆုံးသတ်ရခြင်းက ၎င်း၏ကောက်ကျစ်ဆိုးယုတ်မှုကြောင့်ဖြစ်ပြီး ဤမြို့နှင့် ဤမြို့ထဲ၌နေထိုင်ခဲ့သည့် လူတိုင်း၊ သို့မဟုတ် မြို့ထဲ၌ ပေါက်ဖွားလာခဲ့သည့် သက်ရှိအရာမှန်သမျှကို ဘယ်တော့မျှ မကြည့်ရှုလိုတော့သည့် ဘုရားသခင်၏ဆန္ဒကြောင့်လည်းဖြစ်သည်။ “ဤမြို့ကို ဘယ်တော့မျှ မကြည့်ရှုလိုတော့သည့်” ဘုရားသခင်၏ဆန္ဒသည် သူ၏အမျက်ဒေါသဖြစ်သည့်အပြင် သူ၏ဘုန်းအာနုဘော်လည်းဖြစ်သည်။ မြို့၏ဆိုးသွမ်းမှုနှင့် အပြစ်တရားတို့သည် သူ့ကို ဒေါသထွက်စေကာ ရွံရှာ၍ စက်ဆုပ်စေပြီး ထိုမြို့ကိုလည်းကောင်း၊ ထိုမြို့ထဲက လူမှန်သမျှ၊ သို့မဟုတ် သက်ရှိအရာမှန်သမျှတို့ကိုလည်းကောင်း လုံးဝမမြင်ချင်တော့အောင် ပြုလိုက်ခြင်းတို့ကြောင့် ဘုရားသခင်သည် ထိုမြို့ကို မီးလောင်ကျွမ်းစေခဲ့ခြင်း ဖြစ်သည်။ မြို့သည် လောင်ကျွမ်းပြီးသွားသောအခါ ပြာများသာ ကျန်ရစ်ခဲ့ပြီး ဘုရားသခင်၏အမြင်တွင် ထိုမြို့သည် အမှန်တကယ် မတည်ရှိတော့ပေ။ ဤမြို့နှင့်ပတ်သက်သည့် သူ၏မှတ်ဉာဏ်များသည်ပင်လျှင် မရှိတော့ပေ၊ ဖျောက်ဖျက်ခံလိုက်ရလေသည်။ ဤသည်မှာ မိုးကောင်းကင်မှ စေလွှတ်လိုက်သည့် မီးသည် သောဒုံတစ်မြို့လုံးကိုသာ ဖျက်ဆီးခဲ့ခြင်းမဟုတ်၊ မြို့ထဲရှိ အပြစ်တရားနှင့် ပြည့်နေသည့် လူတို့ကိုသာ ဖျက်ဆီးခဲ့ခြင်းမဟုတ်၊ မြို့ထဲရှိ အပြစ်တရားနှင့်စွန်းထင်းနေသည့် အရာအားလုံးတို့ကိုသာ ဖျက်ဆီးခဲ့ခြင်းမဟုတ်ဘဲ ထိုအရာများထက်ကျော်လွန်၍ ထိုမီးသည် ဘုရားသခင်ကို ဆန့်ကျင်သည့် လူသားမျိုးနွယ်၏ ကောက်ကျစ်ဆိုးယုတ်မှုနှင့် ခုခံမှုတို့နှင့်ဆိုင်သော မှတ်ဉာဏ်များကိုလည်း ဖျက်ဆီးခဲ့သည်ဟု ဆိုလိုသည်။ ဤသည်မှာ မြို့ကို ဘုရားသခင်လောင်ကျွမ်းစေခြင်း၏ ရည်ရွယ်ချက်ဖြစ်သည်။

ဤလူသားမျိုးနွယ်သည် လွန်လွန်ကဲကဲ ဖောက်ပြန်ပျက်စီးလာခဲ့သည်။ ဘုရားသခင်က မည်သူဖြစ်သည်၊ သို့မဟုတ် သူတို့အနေဖြင့် မည်သည့်နေရာမှ လာသည်ဆိုခြင်းကို ဤလူတို့မသိခဲ့ကြပေ။ သူတို့အား ဘုရားသခင်အကြောင်းကို သင်ပြောလျှင် သူတို့သည် တိုက်ခိုက်ပြီး အသရေဖျက်ကြမည်ဖြစ်ကာ ဘုရားတရားကို ပုတ်ခတ်ပြောဆိုကြလိမ့်မည်။ ဘုရားသခင်၏ အစေခံများက ဘုရားသခင်၏ သတိပေးချက်ကို ဖြန့်ဖို့ရန် ရောက်လာကြသည့်အခါတွင်ပင် ဖောက်ပြန်ပျက်စီးသည့် ဤလူတို့သည် နောင်တရသည့် လက္ခဏာများကို မပြရုံသာမကဘဲ သူတို့၏ ဆိုးသွမ်းသည့် အပြုအမူများကို မစွန့်လွှတ်ခဲ့ကြပေ။ ဆန့်ကျင်ဘက်အနေနှင့် သူတို့သည် ဘုရားသခင်၏ အစေခံတို့ကို မျက်နှာပြောင်တိုက်၍ အန္တရာယ်ပြုခဲ့ကြသည်။ သူတို့ထုတ်ဖော်ကာ ဖွင့်ပြသည့်အရာများသည် ဘုရားသခင်အပေါ် လွန်လွန်ကဲကဲ ရန်လိုခြင်းနှင့်ပတ်သက်သည့် သူတို့၏သဘာဝ အနှစ်သာရတို့ပင်ဖြစ်သည်။ ဖောက်ပြန်ပျက်စီးသည့် ဤလူတို့၏ ဘုရားသခင်ကို ခုခံမှုသည် သူတို့၏ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဖွင့်ပြခြင်းထက်ပိုကြောင်း တွေ့ရသည်၊ ယင်းခုခံမှုသည် အမှန်တရားကို နားလည်မှုမရှိခြင်းမှ အရင်းခံလာသည့် အသရေဖျက်မှု၊ သို့မဟုတ် လှောင်ပြောင်မှုဖြစ်ရပ်တစ်ခုထက် ပိုသကဲ့သို့ပင်ဖြစ်သည်။ မိုက်မဲခြင်း၊ သို့မဟုတ် ပညာမဲ့ခြင်းတို့ကြောင့် သူတို့၏ ဆိုးသွမ်းသည့် အပြုအမူ ဖြစ်ပေါ်လာခြင်းမဟုတ်ပေ။ ဤလူများသည် လှည့်ဖြားခံထားရခြင်းကြောင့် ဤကဲ့သို့ပြုမူကြခြင်းမဟုတ်ပေ။ ထို့ပြင် လှည့်စားခံထားရခြင်းကြောင့်လည်း မုချမဟုတ်ပေ။ သူတို့၏အပြုအမူသည် ဘုရားသခင်ကို ပြောင်ပြောင်တင်းတင်း အရှက်မရှိ မကြောက်မရွံ့ မုန်းတီးပြီး ဆန့်ကျင်ကာ ဆူပူသောင်းကျန်းသည့်အဆင့်ကို ရောက်နေခဲ့ချေပြီ။ ဤကဲ့သို့ လူသားအပြုအမူမျိုးက ဘုရားသခင်ကို အမျက်ထွက်စေပြီး ထိပါးခြင်း မပြုရမည့် စိတ်သဘောထားဖြစ်သော သူ၏စိတ်သဘောထားကိုလည်း အမျက်ထွက်စေမည်မှာ ယုံမှားဖွယ်ရာမရှိပေ။ ထို့ကြောင့် ဘုရားသခင်သည် သူ၏အမျက်ဒေါသနှင့် သူ၏ဘုန်းအာနုဘော်တို့ကို တိုက်ရိုက်ပင် ပွင့်ပွင့်လင်းလင်း ထုတ်လွှတ်လိုက်ခြင်းဖြစ်သည်။ ဤသည်မှာ သူ၏ဖြောင့်မတ်သည့် စိတ်သဘောထားဆိုင်ရာ အမှန်တကယ် ထုတ်ဖော်ပြချက်ပင်ဖြစ်သည်။ အပြစ်တရားနှင့် ပြည့်လျှံနေသည့်မြို့ကို ရင်ဆိုင်ရပြီးနောက် ထိုမြို့ကို တတ်နိုင်သမျှ အမြန်ဆုံးနည်းလမ်းနှင့် ဖျက်ဆီးရန်၊ ထိုမြို့ထဲရှိ လူများနှင့် သူတို့၏အပြစ်အလုံးစုံကို အပြည့်စုံဆုံးနည်းလမ်းနှင့် အမြစ်ဖြတ်သုတ်သင်ရန်၊ မြို့သားများ မတည်ရှိတော့အောင်ပြုရန်နှင့် ထိုအရပ်ရှိ အပြစ်တရားကို ထပ်ဆင့်မပွားအောင် တားဆီးရန် ဘုရားသခင်ဆန္ဒရှိခဲ့သည်။ ဤကဲ့သို့လုပ်ရန် အမြန်ဆုံးနှင့် အပြည့်စုံဆုံးနည်းလမ်းမှာ မီးနှင့် လောင်ကျွမ်းစေခြင်းပင် ဖြစ်သည်။ သောဒုံမြို့သားများအပေါ် ဘုရားသခင်၏ သဘောထားသည် စွန့်ပစ်ခြင်း၊ သို့မဟုတ် လျစ်လျူရှုခြင်းတို့ မဟုတ်ခဲ့ပေ။ ထိုအစား သူသည် ဤလူတို့ကို အပြစ်ဒဏ်ခတ်ဖို့၊ ရိုက်ချဖို့နှင့် လုံးလုံးလျားလျား ဖျက်ဆီးဖို့ရန် သူ၏အမျက်ဒေါသ၊ ဘုန်းအာနုဘော်နှင့် သြဇာအာဏာကို အသုံးပြုခဲ့သည်။ သူတို့အပေါ်ထားသည့် ဘုရားသခင်၏ သဘောထားသည် ရုပ်ပိုင်းဆိုင်ရာကို ဖျက်ဆီးသည့် သဘောထားသာမကဘဲ ထာဝရ အမြစ်ဖြတ်သုတ်သင်ခြင်းဖြစ်သော ဝိညာဉ်ကို ဖျက်ဆီးသည့် သဘောထားလည်းဖြစ်သည်။ ဤသည်မှာ “မတည်ရှိတော့” ဟူသော စကားလုံးအားဖြင့် ဘုရားသခင်ဆိုလိုသောအရာ၏ သွယ်ဝိုက်အဓိပ္ပာယ်အမှန် ဖြစ်လေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၂)

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်ကို ခေါင်းမာမာနှင့် ဆန့်ကျင်သည့်အတွက် လူသားသည် ဘုရားသခင်၏ အမျက်ဒေါသအားဖြင့် ဖျက်ဆီးခံရသည်

ပထမအနေဖြင့် သောဒုံမြို့ကို ဘုရားသခင်၏ ဖျက်ဆီးခြင်းအကြောင်း ဖော်ပြထားသည့် ကျမ်းပိုဒ်အချို့ကို ကြည့်ကြစို့။ ကမ္ဘာဦးကျမ်း ၁၉:၁-၁၁...

သောဒုံမြို့သည် ဘုရားသခင်၏ အမျက်တော်ကို ထိပါးသည့်အတွက် လုံးလုံးလျားလျား ချေမှုန်းခံရသည်

သောဒုံမြို့သားများသည် ဤအစေခံနှစ်ယောက်ကို မြင်သည့်အခါ သူတို့ရောက်လာခြင်း၏ အကြောင်းရင်းကို မမေးခဲ့ကြသကဲ့သို့ ဘုရားသခင်၏အလိုတော်ကို...

စာတန်သည် ကြင်နာတတ်ကာ တရားမျှတပြီး မွန်မြတ်သည်ဟု မြင်ရသော်လည်း စာတန်အနှစ်သာရမှာ ရက်စက်ပြီး ကောက်ကျစ်ဆိုးယုတ်၏

စာတန်သည် လူတို့ကို လှည့်စားခြင်းဖြင့် သူ၏ဂုဏ်သတင်းကို တည်ဆောက်ပြီး သူ့ကိုယ်သူ တရားမျှတခြင်း၏ ဦးစီးခေါင်းဆောင်တစ်ဦးနှင့်...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။