ဘာသာရေး သင်းအုပ်ဆရာများနှင့် အကြီးအကဲများက သခင်ယေရှု လူ့ဇာတိ၌ ပြန်ကြွလာသည့် အကြောင်း မည်သည့် သက်သေခံချက်မဆို မှားယွင်းသည်ဟု ယုံကြည်သူများကို မကြာခဏ ဟောပြောကြ၏။ ဤအရာကို သမ္မာကျမ်းချက်များပေါ် ၎င်းတို့ အခြေခံကြလေသည်- “ထိုအခါ သူတပါးက ဤအရပ်၌ ခရစ်တော်ရှိသည်၊ ထိုအရပ်၌ရှိသည်ဟု ဆိုသော်လည်း မယုံကြနှင့်။ အကြောင်းမူကား၊ ခရစ်တော်၏ အယောင်ကိုဆောင်သောသူနှင့် မိစ္ဆာပရောဖက်တို့သည် ပေါ်လာ၍ ရွေးချယ်သောသူတို့ကိုပင် လှည့်ဖြားနိုင်လျှင် လှည့်ဖြား လောက်အောင် ကြီးစွာသောနိမိတ်လက္ခဏာ၊ အံ့ဖွယ်သောအမှုတို့ကို ပြကြလိမ့်မည်။” (မ ၂၄:၂၃-၂၄) ယခု စစ်မှန်သော ခရစ်တော်ကို အယောင်ဆောင်သောသူများမှ မည်သို့ ခွဲခြားသိမြင် သင့်သည်ကို ကျွန်ုပ်တို့ မသိပါ။ ဤမေးခွန်းကို သင် ရှင်းပြ ပေးနိုင်မလား။

18.11.2021

အဖြေ-

နောက်ဆုံးသောကာလမှာ ခရစ်တော်အတုအယောင်များနှင့် မိစ္ဆာ ပရောဖက်များ ရှိလာမည်ဖြစ်ကြောင်း သခင်ယေရှုကိုယ်တိုင် အမှန်တကယ် ဟောကိန်းထုတ်ခဲ့ပါသည်။ ဤသည်မှာ အမှန်ပင် ဖြစ်သည်။ သခင်ယေရှု ကိုယ်တိုင် အကြိမ်တော်တော်များများ သူပြန်လာမည့် အကြောင်းကို ရှင်းရှင်းလင်းလင်း ပရောဖက်ပြု ခဲ့ပါသည်။ ဤအရာကို ကျွန်မတို့ ယုံကြည်နိုင်မည် မဟုတ်ပါလား။ သခင်ယေရှု ပြန်လာခြင်းနှင့် ဆိုင်သည့် ပရောဖက်ပြုချက်များကို စိစစ်ကြသည့်အခါတွင် လူတော်တော် များများက ခရစ်တော် အတုအယောင်များ၊ မိစ္ဆာပရောဖက်များကို သတိထားဖို့ အတွက်ပဲ ဦးစားပေးကြပါသည်။ မင်္ဂလာ သတို့သား ရောက်လာခြင်းကို မည်သို့ကြိုဆိုမည်၊ မင်္ဂလာသတို့သား၏ အသံကို မည်သို့ နားထောင်မည်တို့ကိုမူ လုံးဝမစဉ်းစားကြပါ။ ဤနေရာတွင် ပြဿနာမှာ အဘယ်နည်း။ စားပိုးနင့်မည်ကို စိုး၍ မည်သည့်အရာမျှ မစားခြင်းနှင့် တူမနေ ပါလား။ ကိစ္စငယ်များကို ဂရုစိုက်လွန်းပြီး၊ ကိစ္စကြီးများ ကိုမူ မဖြေရှင်းတတ်သကဲ့သို့ ဖြစ်မနေပါလား။ အမှန်မှာမူ ကျွန်မတို့က ခရစ်တော် အတုအယောင်များနှင့် မိစ္ဆာပရောဖက်များကို မည်သို့ပင် သတိထားပါစေ၊ သခင် ပြန်လာခြင်းကို ကျွန်မတို့က မကြိုဆိုပါက၊ ဘုရားသခင်၏ ပလ္လင်တော်ရှေ့ကို မရောက်နိုင် ပါက၊ ကျွန်မတို့က ဘုရားသခင်၏ ဖယ်ရှားပစ်ပယ်ခြင်း ကိုခံရသည့် မိုက်မဲသည့် သတို့သမီးများပင်ဖြစ်သည်။ သခင့်အပေါ် ကျွန်မတို့ ယုံကြည်ခြင်းက လည်း လုံးဝပျက်စီးသွားပါသည်။ သခင် ပြန်လာခြင်းကို ကျွန်မတို့ ကြိုဆိုနိုင်၏၊ မကြိုဆိုနိုင်၏ ဆိုသည့်အချက်၏ သော့ချက်မှာမူ ကျွန်မတို့က ဘုရားသခင်၏အသံကို ကြားနိုင်၏၊ မကြားနိုင်၏ဆိုသည့် အချက်အပေါ် မူတည်ပါသည်။ ခရစ်တော်က သမ္မာတရား၊ လမ်းခရီးနှင့် အသက်ဖြစ်ကြောင်းကို အသိအမှတ်ပြု နေသရွေ့၊ ကျွန်မတို့အနေနှင့် ဘုရားသခင်၏အသံကို ခွဲခြားရာတွင် အခက်အခဲရှိမည်မဟုတ်ပါ။ သမ္မာတရားကို ကျွန်မတို့ မပိုင်းခြားတတ်ဘဲ၊ ဘုရားသခင်၏ အံ့ဖွယ်နိမိတ်လက္ခဏာများ အပေါ်မှာသာ အာရုံစိုက်နေမည်ပါက ခရစ်တော် အတုအယောင်များ၊ မိစ္ဆာပရောဖက်များ၏ လိမ်လည် လှည့်ဖြားခြင်းကို ခံရမည်မှာ သေချာပါသည်။ အကယ်၍ ကျွန်မတို့ မှန်ကန်သည့် လမ်းကို မရှာဖွေ၊ မစစ်ဆေး ပါက၊ ဘုရားသခင်၏ အသံတော်ကို ကျွန်မတို့ မည်သည့်အခါမျှ ကြားနိုင်မည် မဟုတ်ပါ။ ကျွန်မတို့က သေဖို့နှင့်၊ မိမိကိုယ်ကို ပျက်စီးဖို့ စောင့်နေကြသူများ မဟုတ်ပါလား။ ကျွန်မတို့က သခင့်၏ နှုတ်ကပတ်တော်များကို ယုံကြည်သည်။ ဘုရားသခင်၏သိုးများက ဘုရားသခင်၏အသံကို ကြားပါသည်။ အသိဉာဏ်နှင့်အရည်အချင်းရှိပြီး၊ ဘုရားသခင်၏ အသံတော်ကို ကြားနိုင်သူများက ခရစ်တော်အတုအယောင်များ၊ မိစ္ဆာပရောဖက် များ၏ လှည့်စားခြင်းကို ခံရမည်မဟုတ်ပါ။ ခရစ်တော် အတုအယောင်များနှင့် မိစ္ဆာပရောဖက်များမှာ သမ္မာတရား မရှိသည့်အတွက်၊ ဘုရားသခင်၏အမှုတော်ကို မလုပ်နိုင်ပါ။ ဤအရာသည် ကျွန်မတို့အနေနှင့် ပူပန်ရမည့် အရာမဟုတ်ပါ။ ရှုပ်ထွေးနေသူများ နှင့် ဦးနှောက်မရှိသည့်သူများကိုမူ ခရစ်တော် အတုအယောင်များ၊ မိစ္ဆာပရောဖက်များက လိမ်လည်လှည့်ဖြား နိုင်လိမ့်မည်။ ပညာရှိသည့် သတို့သမီးများကိုမူ ခရစ်တော် အတုအယောင်များနှင့် မိစ္ဆာပရောဖက်များ က လှည့်စားနိုင်မည်မဟုတ်။ အဘယ့်ကြောင့်နည်းဆိုသော် သူတို့က ဘုရားသခင်၏ ကာကွယ်မှုနှင့် ဂရုစိုက်မှု ရရှိ၍ဖြစ်သည်။ ဘုရားသခင်က လူသားကိုဖန်ဆင်းသည့်အခါ၊ ပညာရှိသတို့သမီး များက လူသားဝိညာဉ်ကို ရခဲ့ကြသည့် အတွက်၊ ဘုရားသခင်၏အသံတော်ကို ကြားနိုင်ခဲ့ကြပါသည်။ ထိုကဲ့သို့ပင် ဘုရားသခင်က အပ်နှင်းသည့်အတွက်၊ ဘုရားသခင်၏သိုးများက သူ့၏အသံတော်ကို ကြားကြပါသည်။ မိုက်မဲသည့် သတို့သမီးများကသာ သူတို့ကိုယ်သူတို့ ခရစ်တော် အတုအယောင်များ နှင့် မိစ္ဆာ ပရောဖက်များ၏ရန်ကနေ ကာကွယ်ဖို့ပဲ အာရုံစိုက်ပြီး၊ သခင် ပြန်လာခြင်းကို ရှာဖွေစူးစမ်းဖို့ လျစ်လျူရှု ကြပါသည်။ အကယ်၍ သခင် ပြန်လာခြင်းကိုကြိုဆိုဖို့ ဆန္ဒရှိပါက၊ ခရစ်တော် အတုအယောင်များနှင့် မိစ္ဆာပရောဖက်များ ၏ လှည့်စားခြင်းကို မခံချင် ပါက၊ ခရစ်တော် အတုအယောင်များက လူများကို မည်သို့လှည့်စားသည်ကို ကျွန်မတို့ နားလည်ထားရပါမည်။ အမှန်မှာမူ၊ သခင်ယေရှုက ကျွန်မတို့ကို ခရစ်တော်အတုအယောင်များနှင့် မိစ္ဆာပရောဖက်များ၏ အလေ့အထများ အကြောင်း ပြောထားပြီး သားပင် ဖြစ်ပါသည်။ သခင်ယေရှု ပြောခဲ့သည်မှာ- “ခရစ်တော်၏အယောင်ကိုဆောင်သောသူနှင့် မိစ္ဆာပရောဖက်တို့သည် ပေါ်လာ၍ ရွေးချယ်သောသူတို့ကိုပင် လှည့်ဖြားနိုင်လျှင် လှည့်ဖြားလောက်အောင် ကြီးစွာသောနိမိတ်လက္ခဏာ၊ အံ့ဖွယ်သောအမှုတို့ကို ပြကြလိမ့်မည်။(ရှင်မဿဲခရစ်ဝင် ၂၄:၂၄) သခင်ယေရှု၏နှုတ်ကပတ်တော်များကနေ ကျွန်မတို့ကို ညွှန်ပြသည်မှာ ခရစ်တော် အတုအယောင်များ၊ မိစ္ဆာပရောဖက်များက ဘုရားသခင် ရွေးကောက်ထားသည့်လူများကို လှည့်စားဖို့အတွက်၊ အံ့ဖွယ်နိမိတ် လက္ခဏာများ ဖော်ပြခြင်းကိုသာ အဓိကအားကိုးကြကြောင်း ဖြစ်သည်။ ဤသည်မှာ ခရစ်တော် အတုအယောင်များ၏ လူများကို လှည့်စားခြင်းမှာ အဓိကကျသည့် သရုပ်သကန်ဖြစ်သည်။ ဤနေရာတွင် ကျွန်မတို့ လုံးဝ နားလည်ထားရမှာက ခရစ်တော် အတုအယောင်များက လူများကို လှည့်စားဖို့ အတွက် အံ့ဖွယ်နိမိတ်လက္ခဏာများကို အဘယ့်ကြောင့် သုံးရသနည်း။ အဓိကမှာ ခရစ်တော် အတုအယောင်များနှင့် မိစ္ဆာ ပရောဖက်များတွင် သမ္မာတရား လုံးဝကင်းမဲ့ သောကြောင့်ဖြစ်သည်။ သဘောသဘာဝနှင့် အနှစ်သာရအရလည်း သူတို့က အဆုံးစွန်အထိ ဆိုးယုတ်သည့် မိစ္ဆာဝိညာဉ်များဖြစ်သည်။ ထို့ကြောင့် သူတို့က လူများကို လှည့်စားဖို့အတွက် အံ့ဖွယ် နိမိတ် လက္ခဏာများကို မှီခိုကြရပါသည်။ အကယ်၍ ခရစ်တော် အတုအယောင်များနှင့် မိစ္ဆာပရောဖက်များက သမ္မာတရားကို ပိုင်ဆိုင်သည်ပါက သူတို့က လူများကို လှည့်စား ဖို့အတွက် အံ့ဖွယ်နိမိတ်လက္ခဏာများကို သုံးမည်မဟုတ်ပါ။ ခရစ်တော် အတုအယောင်များနှင့် မိစ္ဆာပရောဖက်များက အံ့ဖွယ်နိမိတ်လက္ခဏာ များကို ပြခြင်းမှာ၊ ၎င်းတို့က ထိုမျှသာ လုပ်နိုင်သောကြောင့် ဖြစ်ပါသည်။ ယင်းကို ကျွန်မတို့ မမြင်နိုင်သေး ပါက၊ ကျွန်မတို့ကို သူတို့ လှည့်ဖြားဖို့ အလွန် လွယ်လိမ့်မည်။ ခရစ်တော်ကသာ သမ္မာတရား၊ လမ်းခရီးနှင့် အသက်ဖြစ်ပါသည်၊ သမ္မာတရားကို ဖော်ပြနိုင်ပြီး၊ လူများကို လမ်းပြပေးနိုင်၊ အသက်တာကို ပေးနိုင်သူက ခရစ်တော်ဆိုသည့် တစ်ဦးတည်းသာ ဖြစ်ပါသည်။ သမ္မာတရားကို ဖော်ပြနိုင်စွမ်း မရှိသူများက ခရစ်တော် ယောင်ဆောင်သူများ ဆိုသည်မှာ သေချာပါ သည်။ သူတို့က အတုအယောင်များ ဖြစ်သည်။ ဤသည်မှာ ခရစ်တော် အတုအယောင်များနှင့် မိစ္ဆာပရောဖက် များကို ခွဲခြားရာတွင် အခြေခံသဘောတရားပဲ ဖြစ်ပါသည်။ မှန်ကန်သည့်လမ်းကို ရှာဖွေသူများအားလုံးက ဘုရားသခင်၏အသံကို ရှာဖွေစိစစ်ရာတွင် ဤသဘောတရားကို လိုက်နာသင့်ပါသည်။ ဤကဲ့သို့ လုပ်သည့်သူ အတွက် မမှားနိုင်ပါ။

အနန္တတန်ခိုးရှင်ဘုရားသခင်က ခရစ်တော်အတုအယောင်တွေနှင့် မိစ္ဆာပရောဖက်တွေ၏အလေ့အထတွေကို ဖော်ထုတ်ပြထားပြီးသား ဖြစ်ပါသည်။ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်တချို့ကို ဖတ်ကြည့်ကြရအောင်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “နာမကျန်းသောသူများကို ကျန်းမာစေခြင်းနှင့် နတ်ဆိုးများကို နှင်ထုတ်ခြင်းသည် ကျေးဇူးတော်ခေတ်၏ အလုပ်ဖြစ်ပြီး၊ ရွေးနုတ်ခြင်းအလုပ်၏ ပထမအဆင့်လည်း ဖြစ်သည်၊ ယခုတွင် ဘုရားသခင်သည် လက်ဝါးကပ်တိုင်အားဖြင့် လူသားကို ကယ်တင်ခဲ့ပြီး ဖြစ်သောကြောင့်၊ သူသည် ထိုအလုပ်ကို မလုပ်ဆောင်တော့ပေ။ အကယ်၍ နောက်ဆုံးသော ကာလတွင် နာမကျန်းသောသူကို ကျန်းမာစေပြီး၊ နတ်ဆိုးများကို နှင်ထုတ်ကာ၊ လူသားအတွက် ကားစင်တင်ခံမည့် ယေရှုနှင့် အတူတူပင်ဖြစ်သော ‘ဘုရားသခင်’ တစ်ပါး ပေါ်ထွက်လာခဲ့မည် ဆိုပါက၊ သမ္မာကျမ်းစာထဲရှိ ဘုရားသခင်၏ ဖော်ပြချက်များနှင့် ထပ်တူထပ်မျှဖြစ်ပြီး လူသားအတွက် လက်ခံရန် လွယ်ကူသော်ငြားလည်း၊ ၎င်း၏ အနှစ်သာရအရ ဘုရားသခင်၏ ဝိညာဉ်တော်က ယူတင်ဝတ်ဆင်ထားသော ဇာတိပကတိ ဖြစ်လိမ့်မည် မဟုတ်ဘဲ၊ နတ်ဆိုးက ယူတင်ဝတ်ဆင်ထားသော ဇာတိပကတိသာလျှင် ဖြစ်လိမ့်မည်။ အကြောင်းမှာ သူပြီးပြည့်စုံစေခဲ့ပြီးသော အရာကို မည်သည့်အခါမျှ ထပ်မလုပ်သည်မှာ ဘုရားသခင် အလုပ်၏ အခြေခံသဘောတရား ဖြစ်သောကြောင့် ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင် ကိန်းဝပ်သော ဇာတိပကတိ၏ အနှစ်သာရ)မျက်မှောက်ခေတ်အတွင်းတွင် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်အမှုများကို ပြသနိုင်သကဲ့သို့၊ နတ်ဆိုးများကိုလည်း နှင်ထုတ်နိုင်ပြီး၊ မကျန်းမာသူများကိုလည်း အနာငြိမ်းစေနိုင်ကာ နိမိတ်လက္ခဏာများစွာ ဆောင်ရွက်နိုင်သည့် လူတစ်ဦး ထွက်ပေါ်လာပါက၊ ဤလူက ၎င်းသည် ကြွလာပြီဖြစ်သော ယေရှုဖြစ်သည်ဟုဆိုလျှင်၊ ဤသည်မှာ ယေရှုကို အတုခိုးသည့် နတ်ဆိုးများက ဖြစ်ပေါ်စေသည့် အတုတစ်ယောက် ဖြစ်ပေမည်။ ဤအရာကို အမှတ်ရလော့။ ဘုရားသခင်သည် တူညီသော အမှုကို ထပ်မလုပ်ပေ။ ယေရှု၏ အမှုအဆင့်သည် ပြီးစီးနှင့်ပြီးသားဖြစ်ပြီး၊ ဘုရားသခင်သည် အမှု၏ထိုအဆင့်ကို မည်သည့်အခါတွင်မျှ တစ်ဖန် ဆောင်ရွက်မည် မဟုတ်ပေ။...လူသား၏ အယူအဆများတွင်၊ ဘုရားသခင်သည် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို အမြဲပြသရမည်၊ မကျန်းမာသောသူများကို အမြဲ အနာငြိမ်းစေရမည်ဖြစ်ပြီး နတ်ဆိုးများကို အမြဲ နှင်ထုတ်ရမည်ဖြစ်ကာ၊ ယေရှုကဲ့သို့ အမြဲဖြစ်ရမည် ဖြစ်သည်။ သို့သော်လည်း ဤအကြိမ်တွင်၊ ဘုရားသခင်သည် ထိုသို့ လုံးဝမဟုတ်ပေ။ အကယ်၍ နောက်ဆုံးသော ကာလအတွင်းတွင် ဘုရားသခင်သည် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို ပြသနေဆဲဖြစ်ခဲ့ပါက၊ နတ်ဆိုးများကို ဆက်လက် မောင်းထုတ်နေဆဲဖြစ်ပြီး၊ မကျန်းမာသောသူများကို အနာငြိမ်းစေဆဲ ဖြစ်ခဲ့ပါက- သူသည် ယေရှုကဲ့သို့နည်းတူ အတိအကျ လုပ်ဆောင်ခဲ့မည်ဆိုပါက- ဘုရားသခင်သည် တူညီသော အလုပ်တစ်ခုကို ထပ်လုပ်နေခြင်း ဖြစ်မည်ဖြစ်သကဲ့သို့၊ ယေရှု ပြုခဲ့သော အမှုသည် မည်သည့်အရေးပါမှု သို့မဟုတ် မည်သည့်တန်ဖိုးမျှ ရှိမည် မဟုတ်ပေ။ ထို့ကြောင့် ဘုရားသခင်သည် ခေတ်တိုင်းတွင် အမှု၏ အဆင့်တစ်ခုကို ဆောင်ရွက်လေသည်။ သူ့အမှု၏ အဆင့်အသီးသီး ပြီးစီးသည်နှင့်တစ်ပြိုင်နက်၊ မကြာမီ နတ်ဆိုးများက ယင်းကို လိုက်တုကြပြီး၊ စာတန်သည် ဘုရားသခင်နောက် ထပ်ကြပ်မကွာ စတင် လိုက်သည့်နောက်တွင်၊ ဘုရားသခင်သည် မတူကွဲပြားသော နည်းစနစ်တစ်ခုကို ပြောင်းလဲလေသည်။ ဘုရားသခင်သည် သူ့အမှု၏ အဆင့်တစ်ဆင့်ကို ပြီးစီးသည်နှင့်တစ်ပြိုင်နက်၊ ယင်းကို နတ်ဆိုးများက လိုက်တုကြလေသည်။ ဤအရာနှင့်ပတ်သက်၍ သင်တို့ ရှင်းရှင်းလင်းလင်း ဖြစ်ရမည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ယနေ့ ဘုရားသခင်၏ အမှုကို သိခြင်း)ဘုရားသခင်၏ အမှုသည် အမြဲ သစ်လွင်ကာ မည်သည့်အခါမျှ အိုဟောင်းမသွားသကဲ့သို့၊ အမှုဟောင်းကို မည်သည့်အခါတွင်မျှ သူ ထပ်မံမလုပ်ဆောင်ဘဲ၊ ယင်းထက် ယခင်က လုံးဝ မလုပ်ဆောင်ဖူးသည့် အမှုကို တစ်ဟုန်ထိုး လုပ်ဆောင်သည့်အတွက်၊ ဘုရားသခင်၏ အမှုသည် မည်သည့်အခါတွင်မျှ လူသား၏ အယူအဆများနှင့် မကိုက်ညီပေ။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ မိမိ၏ အယူအဆများထဲ၌ ဘုရားသခင်ကို ဘောင်ခတ်ထားသော လူသားသည် ဘုရားသခင်၏ ဗျာဒိတ်တော်များကို မည်သို့ လက်ခံရရှိနိုင်မည်နည်း)

ဘုရားသခင်က အမြဲတမ်း အသစ်ဖြစ်ပြီး၊ မည်သည့်အခါမျှ ဟောင်းနွမ်းမသွားကြောင်း၊ ပြီးလျှင် အမှုတော်တစ်ခုတည်းကို မည်သည့်အခါမျှ ထပ်မလုပ်ကြောင်း၊ အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များက ကျွန်မတို့ကို ရှင်းရှင်းလင်းလင်း ပြောနေ ပါသည်။ ဤသည်မှာ ယေရှုက အမှုတော်ပြုဖို့ လာစဉ်ကကဲ့သို့ ဖြစ်သည်။ သူက ကျေးဇူးတော်ခေတ်ကို ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်ပြီး၊ ပညတ်တော်ခေတ်ကို ကုန်ဆုံးစေခဲ့ပါသည်။ သူက ရွေးနှုတ်ခြင်း အမှုတော်၏အဆင့်တစ်ခုကို ဆောင်ရွက်ခဲ့တာဖြစ်ပြီး၊ လူများကို အပြစ်ကနေ ကယ်တင်ခဲ့ပါသည်။ သူ့၏အမှုတော် ထိရောက်စေ ဖို့အတွက်၊ အံ့ဖွယ်နိမိတ် လက္ခဏာတချို့ကိုလည်း ပြသခဲ့ပါသည်။ နောက်ဆုံးသောကာလတွင် အနန္တတန်ခိုးရှင် ဘုရားသခင် ကြွရောက်လာပါပြီ။ သူက နိုင်ငံတော်ခေတ်ကို ဖွင့်လှစ်ပေးပြီး၊ ကျေးဇူးတော်ခေတ်ကို အဆုံးသတ်စေခဲ့ပါပြီ။ သို့သော် သခင်ယေရှု ပြုခဲ့သည့်အမှုတော်ကို ကိုယ်တော်က ထပ်ပြီးမဆောင်ရွက်ပါ။ ထိုအစား သခင်ယေရှု၏ ရွေးနှုတ်ခြင်း အမှုအပေါ် အခြေခံပြီး၊ တရားစီရင်ခြင်းအမှုတော်ကို ဘုရားသခင်၏ အိမ်တော်ကနေ စတင်ဆောင်ရွက်ပါသည်။ ကိုယ်တော်က လူများကို သန့်စင်စေခြင်းနှင့် ကယ်တင်ခြင်းအတွက် အလုံးစုံသော သမ္မာတရားများကို ဖော်ပြပါသည်။ လူများ၏အပြစ်နှင့် ဆိုးယုတ်သည့် စိတ်သဘောထား၏ ရင်းမြစ်ကို ဖြေရှင်းပေးဖို့ဖြစ်သကဲ့သို့၊ လူများအနေနှင့် ဘုရားသခင်အားဖြင့် ရရှိခြင်းခံရအောင်၊ စာတန်၏လွှမ်းမိုးမှုအောက်ကနေ အလုံးစုံကယ်တင် ပေးဖို့လည်း ဖြစ်ပါသည်။ သို့ပါက ခရစ်တော်အတုအယောင်များ ကရော။ သူတို့ကမူ ခရစ်တော်ယောင်ဆောင်ကြသည့် မိစ္ဆာဝိညာဉ်များ ဖြစ်သည်၊ သူတို့က ခေတ်သစ်တစ်ခု ဖွင့်လှစ်ခြင်းအမှုကို လုပ်နိုင်စွမ်း မရှိသကဲ့သို့၊ ခေတ်ဟောင်းတစ်ခုကိုလည်း အဆုံးသတ်နိုင်စွမ်း မရှိပါ။ သူတို့က မစဉ်းစား မချင့်ချိန်တတ်သူများကို လှည့်စားဖို့အတွက် ရိုးရှင်းသည့် နိမိတ်လက္ခဏာတချို့ကို ပြသရင်းနှင့် သခင်ယေရှုကို တုပဖို့သာတတ်နိုင်ပါသည်။ သို့သော် ယေရှု ပြုလုပ်ခဲ့သည့် သေသူကို ရှင်ပြန်ထမြောက်စေခြင်း၊ မုန့်ငါးလုံးနှင့် လူငါးထောင်ကျွေးခြင်း၊ လေနှင့်ပင်လယ်ကို ဆုံးမခြင်းတို့ကိုမူသူတို့ တုပနိုင်စွမ်းမရှိကြပါ။ ယင်းတို့မှာ သူတို့အနေနှင့် လုံးဝလုပ်နိုင်စွမ်း မရှိသော အရာများ ဖြစ်ပါသည်။ အမှန်မှာမူ ခရစ်တော်အတုအယောင်များက ဆိုးယုတ်ပါ သည်။ သူတို့က မိစ္ဆာဝိညာဉ်များဖြစ်ပြီး၊ သမ္မာတရား လည်း လုံးဝ ကင်းမဲ့ပါသည်။ ထို့ကြောင့်လည်း လူများကို လှည့်စားဖို့အတွက် အံ့ဖွယ်နိမိတ်လက္ခဏာများကို မှီခိုနေကြရပါသည်။ သို့မဟုတ် ပါကလည်း သူတို့က ဘုရားသခင် နှုတ်ကပတ်တော်များ ၏လေသံနှင့် တစ်ခါက ဘုရားသခင် မိန့်ဆိုခဲ့သည့် ရိုးရှင်းသည့် နှုတ်ကပတ်တော်များကို တုပရင်းနှင့်သာ လူများကို လှည့်စားပြီး သတိပေးပါသည်။

စစ်မှန်သည့်ခရစ်တော်နှင့် ခရစ်တော် အတုအယောင်တို့ ကို မည်သို့ခွဲခြားမလဲဆိုသည့် သမ္မာတရားနှင့်ပတ်သက်ပါက အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်တချို့ကို ဖတ်ကြည့် ကြရအောင်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “လူ့ဇာတိခံယူသော ဘုရားသခင်ကို ခရစ်တော်ဟုခေါ်သည်၊ ထို့ကြောင့် လူတို့ကို သမ္မာတရား ပေးနိုင်သော ခရစ်တော်ကို ဘုရားသခင်ဟု ခေါ်၏။ သူသည် ဘုရားသခင်၏ အနှစ်သာရ ပိုင်ဆိုင်ပြီး၊ သူ၏ အမှုတွင် လူသားက မရရှိနိုင်သည့် ဘုရားသခင်၏ စိတ်သဘောထားနှင့် ဉာဏ်ပညာတို့ ပိုင်ဆိုင်သည့်အတွက်၊ ဤအရာနှင့်ပတ်သက်၍ လွန်ကဲသောအရာတစ်ခုမျှ မရှိပေ။ မိမိတို့ကိုယ်ကိုယ် ခရစ်တော်ဟု ခေါ်သော်လည်း၊ ဘုရားသခင်၏အမှုကို မလုပ်ဆောင်နိုင်သော သူတို့သည် လူလိမ်များ ဖြစ်၏။ ခရစ်တော်သည် ကမ္ဘာမြေကြီးပေါ်ရှိ ဘုရားသခင်၏ သရုပ်သကန်ဖြစ်ရုံသာမက၊ ဘုရားသခင်က လူသားအလယ် သူ၏အမှုကို ဆောင်ရွက်ပြီး၊ ပြည့်စုံစေသည်နှင့်အမျှ သူခံယူသော အထူးလူ့ဇာတိလည်း ဖြစ်၏။ ဤဇာတိခန္ဓာကို မည်သည့်လူသားမဆိုက အစားထိုး၍ မရနိုင်ဘဲ၊ ကမ္ဘာမြေပေါ်တွင် ဘုရားသခင်၏အမှုကို ပြည့်စုံလုံလောက်စွာ တာဝန်ယူ ထမ်းဆောင်နိုင်ပြီး ဘုရားသခင်၏ စိတ်သဘောထားကို ဖော်ပြနိုင်ကာ၊ ဘုရားသခင်ကို ကောင်းစွာ ကိုယ်စားပြုနိုင်သကဲ့သို့၊ လူသားကို အသက်ဖြင့် ထောက်ပံ့ပေးနိုင်သော ဇာတိခန္ဓာ တစ်ခုဖြစ်၏။ ၎င်းတို့သည် ခရစ်တော်ဖြစ်သည်ဟု အခိုင်အမာ ဆိုကြသော်လည်း၊ ခရစ်တော်၏ အနှစ်သာရထဲမှ မည်သည့်အရာမျှ မပိုင်ဆိုင်ကြသည့်အတွက်၊ အနှေးနှင့်အမြန်၊ ခရစ်တော်၏ အယောင်ကိုဆောင်သော သူအားလုံးတို့သည် ကျရှုံးကြလိမ့်မည်။ ထို့ကြောင့် ခရစ်တော်၏ စစ်မှန်မှုကို လူသားက သတ်မှတ်၍ မရနိုင်ဘဲ၊ ဘုရားသခင် ကိုယ်တိုင်က တာဝန်ယူကာ ဆုံးဖြတ်ထားခြင်းဖြစ်သည်ဟု ငါပြောရပေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နောက်ဆုံးသော ကာလ၏ ခရစ်တော်သည်သာ လူသားအား ထာဝရအသက်၏ လမ်းခရီးကို ပေးနိုင်သည်) အနန္တတန်ခိုးရှင်ဘုရားသခင်၏နှုတ်ကပတ်တော်များကနေ ကျွန်မတို့ ရှင်းရှင်းလင်းလင်း မြင်နိုင်သည်မှာ ခရစ်တော်က ဘုရားသခင် လူ့ဇာတိခံယူခြင်း ဖြစ်ပြီး၊ သူက လူ့ဇာတိတွင်ပေါ်ပေါက်လာသည့် ဘုရားသခင်၏ ဝိညာဉ်ဖြစ်သည်။ တစ်နည်းပြောရရင် ဘုရားသခင်၏ အရာအားလုံးနှင့်ဖြစ်ခြင်း၊ ဘုရားသခင်၏ စိတ်နေသဘောထားအပါအဝင်၊ ဘုရားသခင် ပိုင်ဆိုင်သမျှအရာအားလုံး ဖြစ်ပါသည်။ ဘုရားသခင်၏ ဉာဏ်ပညာက လူ့ဇာတိတွင် ပေါ်ပေါက်လာခြင်းဖြစ်ပါသည်။ ခရစ်တော်က ဘုရား၏သဘောသဘာဝ အနှစ်သာရ ရှိသကဲ့သို့၊ သမ္မာတရား၏ ပြယုဂ်လည်း ဖြစ်ပါသည်။ သူက နေရာတိုင်းတွင် လူများကို အထောက်အပံ့ပေးဖို့၊ ထိန်းကျောင်းဖို့အတွက် သမ္မာတရားကို အမြဲတမ်း ဖော်ပြနိုင်ပါသည်။ ခရစ်တော်ကသာ လူများကို ရွေးနှုတ်ခြင်း၊ ကယ်တင်ခြင်းအမှုကို ပြုနိုင်ပါသည်။ ဤသည်မှာ ဘယ်သူမျှ မတုပနိုင်သကဲ့သို့၊ ဘယ်သူမှလည်း မငြင်းနိုင်ပါ။ တစ်ဖက်မှာလည်း ခရစ်တော် အတုအယောင်များက မိစ္ဆာဝိညာဉ်များ ပူးကပ်နေသူများ ဖြစ်သည်။ သူတို့က လွန်လွန်ကဲကဲ မောက်မာကြသကဲ့သို့၊ ယုတ္တိလည်း မတန်ကြပါ။ အနှစ်သာရအရ သူတို့က မိစ္ဆာဝိညာဉ်များ၊ နတ်ဆိုးများဖြစ်သည်။ ထို့ကြောင့် မည်သို့ အံ့ဖွယ်နိမိတ်လက္ခဏာများ လုပ်ပြပါစေ၊ သို့မဟုတ် ကျမ်းစာကို မည်သို့ပင် အနက်ပြန်လွဲပါစေ၊ သို့မဟုတ် လေးနက်သည့် အသိပညာနှင့် အယူအဆအကြောင်း မည်သို့ပင် ပြောပါစေ၊ သူတို့က လူများကို လှည့်စားခြင်း၊ ထိခိုက်စေခြင်း၊ ပျက်စီးစေခြင်းသာ ရှိပါသည်။ သူတို့လုပ်သမျှက လူများကို စာရိတ္တမြှင့်တင်ပေးခြင်း တစ်ခုမှမရှိပါ။ သူတို့လုပ်သမျှက လူများ၏ နှလုံးသားများ ပိုပြီးမှောင်မိုက်သွားစေဖို့ဖြစ်သည်။ နောက်ဆုံးတွင် စာတန်၏ဝါးမျိုခြင်း ခံရအောင်၊ လူများကို လျှောက်စရာလမ်း မရှိသည့်အဖြစ်နှင့် ထားခဲ့ကြပါသည်။ ဤကဲ့သို့ မြင်နိုင်ပါသေးသည်။ ခရစ်တော် အတုအယောင်များနှင့် မိစ္ဆာပရောဖက်များက စာတန်ကနေ ဆင်းသက် ဝင်စားလာခြင်းဖြစ်ပြီး၊ သူတို့က ဘုရားသခင်၏အမှုတော်ကို နှောင့်ယှက်တားဆီးဖို့ ရောက်လာသည့် မိစ္ဆာနတ်ဆိုးများဖြစ်သည်။ ထို့ကြောင့် သူတို့က လှည့်စား ပျက်စီးစေသည့်လူများ မည်မျှပင်များပါစေ၊ သူတို့လည်း မကြာခင်တွင် ပြိုလဲလိမ့်မည်၊ ပျက်စီးကြပါလိမ့်မည်။ အဘယ့်ကြောင့်ဆိုသော် သူတို့တွင် သမ္မာတရားဆိုသည်မှာ တစ်စက်ကလေးမျှ မရှိသောကြောင့် ဖြစ်သည်။ ကျွန်မတို့က စစ်မှန်သည့် ခရစ်တော်နှင့် ခရစ်တော် အတုအယောင်များကြား မည်သို့ခွဲခြားရမည် ဆိုသည့် သမ္မာတရားကို အမှန်တကယ် နားလည်ပါက၊ ခရစ်တော်အတုအယောင်များ၏ လှည့်စားခံရမည်ကိုလည်း ကြောက်သည့် အတွက် ဘုရားသခင်၏အသံကို ကြားဖို့၊ သို့မဟုတ် ဘုရားသခင် ပေါ်ထွန်းခြင်းကို ကြိုဆိုဖို့အတွက် ကျွန်မတို့က မည်သို့မှ ငြင်းဆန်နိုင်မည်မဟုတ်ပါ။

နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ မှ

အနန္တတန်ခိုးရှင်ဘုရားသခင်က နောက်ဆုံးသောကာလ၏ တရားစီရင်ခြင်းအမှုကို ဆောင်ရွက်ဖို့အတွက် သမ္မာတရားများကို စတင်ဖော်ပြခဲ့ချိန် ကစပြီး၊ လူသားများက နိုင်ငံတော်ခေတ် ကာလထဲကို ဝင်ရောက်ခဲ့ပါပြီ။ နိုင်ငံတော်ခေတ်က စတင်နေပါပြီ အကယ်၍ ကျွန်မတို့၏ ဘုရားသခင်အပေါ်ယုံကြည်မှုက ကျေးဇူးတော်ခေတ်တွင်ပဲ ပိတ်မိနေသေးသည်ပါက၊ ကျွန်မတို့ နောက်ကျကျန်နေခဲ့ပါပြီ။ ဘုရားသခင်၏အမှုတော်တွင်လည်း ဖယ်ကြဉ်ခံထားရပါပြီ။ နောက်ဆုံးသောကာလတွင် ဘုရားသခင်၏ အိမ်တော်မှနေ စတင်သည့် တရားစီရင်ခြင်းအမှုကို ဆောင်ရွက်ဖို့အတွက်၊ ကိုယ်တော်ရှင်က လျှို့ဝှက်ပြီးကြွရောက်သည့် အချိန်တွင် ခရစ်တော်အတုအယောင်များ၊ လှည့်ဖြားသူတွေ များစွာသည်လည်း တစ်ချိန်တည်းတွင် ရှောင်လွှဲ၍ မရအောင် ပေါ်လာကြမည် ဖြစ်သည်။ ဘုရားသခင်၏အမှုတော်ကို လိုက်ပြီးနှောင့်ယှက်ကြခြင်း ဖြစ်သည်။ ထို့ကြောင့် ခရစ်တော်အတုအယောင်များ ပေါ်ပေါက်လာချိန်တွင် ဘုရားသခင်က လျှို့ဝှက်စွာနှင့် ရောက်ရှိနေခဲ့ပြီးပါပြီ။ ကျွန်မတို့သာ မသိခြင်း ဖြစ်ပါသည်။ ဤအချိန်တွင် ကျွန်မတို့က ဘုရားသခင်၏ နောက်ဆုံးသောကာလအမှုတော်ကို မိမိအသိစိတ်နှင့်မိမိ ရှာဖွေစုံစမ်းသင့်ပါသည်။ သို့သော် သခင်ဒုတိယအကြိမ်ပြန်လာခြင်းနှင့် ပတ်သက်၍၊ ခရစ်တော် အတုအယောင်များကို သတိနှင့်တားဆီးခြင်း ကသာ အရေးကြီးဆုံး အလုပ်လို့ ယူဆကြသူများ အများကြီး ရှိနေပါသေးသည်။ သခင် ဒုတိယအကြိမ်ပြန်လာတာကို မည်သို့ လက်ခံမည်၊ ဘုရားသခင်၏ အသံကို နားထောင်ပြီး၊ ပညာဉာဏ် ကြီးသည့် ကညာပျိုများ ဖြစ်အောင် မည်သို့နေမည် တို့ကိုမူ ဂရုမစိုက်ကြပါ။ သူတို့၏ကိုယ်ပိုင်အယူအဆများ၊ စိတ်ကူးများ ကိုသာဖက်တွယ်ထားကြသည်။ လူ့ဇာတိခံယူခြင်းအားဖြင့် သခင်ယေရှု ပြန်လာသည်ဆိုသည့် သက်သေခံချက်အားလုံးကို မှားသည်ဟု ထင်မြင်နေကြသည်။ အမှန်မှာမူ သူတို့က သခင်ယေရှု ဟောခဲ့သည့် ပညာဉာဏ်နည်းသည့်ကညာပျိုများ မဟုတ်ပါလား။ ဤသည်မှာ ပြန်လည်ကြွရောက်သည့် သခင်ယေရှုကို ပြစ်တင်ရှုတ်ချတာ မဟုတ်ပါလား။ သခင်ယေရှု ပြန်လာခြင်းကို သူတို့ ယုံကြည်ကြ ပါသလား။ ဤသည်မှာ သခင်ယေရှု၏ ဒုတိယအကြိမ် ပြန်လာခြင်းကို ငြင်းပယ်နေတာ မဟုတ်ပါလား။

ခရစ်တော်အတုနှင့် အစစ်ကို လူတစ်ယောက် ခွဲခြားပုံမှာ သူ့ရင်ထဲမှာ သမ္မာတရား ရှိမရှိဆိုသည်နှင့် ဖော်ပြပါသည်။ ပြီးတော့ သူက ပညာဉာဏ်ကြီးသည့်ကညာပျိုလား၊ ပညာဉာဏ်နည်းသည့် ကညာပျိုလားဆိုတာကို ဖော်ပြနိုင်ဖို့ အကောင်းဆုံး နည်းလမ်းဖြစ်သည်။ တချို့က ကျမ်းစာထဲက ဒီစာပိုဒ်လေးကို ခရစ်တော် လူ့ဇာတိခံယူခြင်းနှင့် ပြန်လာခြင်းကို ငြင်းဆိုရာမှာ အသုံးပြုကြသည်။ သူတို့က မိမိကိုယ်ကို ဉာဏ်နည်းကြောင်း ပြနေခြင်းသာ ဖြစ်သည်။ ခရစ်တော်အတုနှင့် ခရစ်တော်အစစ်ကို ခွဲခြားဖို့၊ လူတစ်ယောက်မှာ ပထမဆုံး ခရစ်တော်၏ အနှစ်သာရကို သိရပါသည်။ သခင်ယေရှုက လူ့ဇာတိခံယူသည့် ခရစ်တော်ဖြစ်ကြောင်း အားလုံး သိကြသည်။ ပြီးလျှင် ခရစ်တော်က ဘုရားသခင် လူ့ဇာတိခံယူတာဖြစ်ကြောင်း သိကြသည်။ တစ်နည်းပြောရလျှင် ကောင်းကင်ဘုံက ဘုရားသခင်က လူတွေကြားမှာ အမှုဆောင်ရွက်ဖို့ လူသားအဖြစ် လူ့ဇာတိခံယူခြင်း ဖြစ်သည်။ ခရစ်တော်က ဘုရားသခင် ဝိညာဉ်တော်၏ လူ့ဇာတိခံယူခြင်းဖြစ်ပြီး၊ ဘုရားဖြစ်ခြင်းအနှစ်သာရကို ပိုင်ဆိုင်ပါသည်။ ဘုရားသခင်၏ အနန္တတန်ခိုးနှင့် ဉာဏ်ပညာ၊ ဘုရားသခင်၏ စိတ်နေသဘောထား၊ ပြီးလျှင် ဘုရားသခင်၏ ပိုင်ဆိုင်မှု၊ ဘုရားသခင်၏ ဝိဉာဉ်တော်ဖြစ်မှု၊ ဤအရာများအားလုံးက ခရစ်တော်မှာ ရုပ်လုံးပေါ်လာသည်။ ခရစ်တော်က သမ္မာတရား၊ လမ်းခရီးနှင့် အသက် ဖြစ်ပါသည်။ ထို့ကြောင့် ကျွန်မတို့ သံသယကင်းနိုင်တာက ခရစ်တော်က ဝေဝါးသည့် ဘုရားသခင်မဟုတ်ပါ၊ ဖမ်းဆုပ်မရသည့် စိတ်ကူးယဉ် ဇာတ်ကောင် မဟုတ်ပါ။ ခရစ်တော်က စစ်မှန်ပြီး လက်တွေ့ကျသည်၊ ကျွန်မတို့လူသားများ ယုံကြည်အားထား နိုင်ပါသည်။ ခရစ်တော်က ကျွန်မတို့ ယုံကြည်သိရှိ နိုင်သည့် လက်တွေ့ကျသည့် ဘုရားသခင် ဖြစ်ပါသည်။ သခင်ယေရှုက လူများကြားတွင် ထင်ထင်ရှားရှားနှင့် ရှင်သန်ရောက်ရှိ နေသကဲ့သို့ပင်ဖြစ်သည်။ လူသားများကြားတွင် ဦးဆောင်သွန်သင် ညွှန်ကြားနေသကဲ့သို့ ဖြစ်သည်။ ယခုဆိုလျှင် ခရစ်တော်၏ အနှစ်သာရကို သိပြီ၊ ခရစ်တော်အစစ်နှင့် ခရစ်တော်အတုကို ခွဲခြားရသည်မှာ အလွန်လွယ်ကူကြောင်းလည်း သိပြီ။ အနန္တတန်ခိုးရှင်ဘုရားသခင် နှုတ်ကပတ်တော်တွေ၏ စာပိုဒ်လေး တစ်ခုကို ကြည့်ရအောင်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “ထိုသို့သောအရာကို စုံစမ်းရန် မခက်ခဲသော်လည်း၊ ငါတို့ တစ်ဦးချင်းစီအနေဖြင့် ဤသမ္မာတရားတစ်ရပ်ကိုသိရန် လိုအပ်ပေသည်- လူ့ဇာတိခံ ဘုရားသခင်ဖြစ်သော သူသည် ဘုရားသခင်၏ အနှစ်သာရကို ပိုင်ဆိုင်ရမည်ဖြစ်ပြီး၊ လူ့ဇာတိခံ ဘုရားသခင်ဖြစ်သော သူသည် ဘုရားသခင်၏ ဖော်ပြခြင်းကို ပိုင်ဆိုင်လိမ့်မည် ဖြစ်သည်။ ဘုရားသခင်သည် ဇာတိပကတိ ဖြစ်သွားသည့်အတွက် သူလုပ်ဆောင်ရန် ရည်ရွယ်သည့်အမှုကို သူ လုပ်ဆောင်မည်ဖြစ်ပြီး၊ ဘုရားသခင်သည် ဇာတိပကတိ ဖြစ်သွားသည့် အတွက်၊ သူ၏ဖြစ်ခြင်းကို ဖော်ပြမည်ဖြစ်ကာ လူသားထံ သမ္မာတရားကို ယူဆောင်လာနိုင်မည်၊ သူ့အပေါ် အသက်ကို အပ်နှင်းနိုင်မည်ဖြစ်ပြီး၊ သူ့အတွက် လမ်းခရီးကို ညွှန်ပြနိုင်မည်ဖြစ်သည်။ ဘုရားသခင်၏ အနှစ်သာရ မရှိသည့် ဇာတိပကတိသည် လူ့ဇာတိခံ ဘုရားသခင် တကယ် မဟုတ်ပေ။ ဤအရာနှင့် သက်ဆိုင်၍ သံသယဖြစ်ဖွယ် မရှိချေ။ ယင်းသည် လူ့ဇာတိခံ ဘုရားသခင်၏ ဇာတိပကတိ ဟုတ်မဟုတ် ဆိုသည်ကို လူသားက စုံစမ်းရန် ရည်ရွယ်ပါက၊ သူဖော်ပြသော စိတ်နေသဘောထားနှင့် သူပြောဆိုသော နှုတ်ကပတ်တော်များမှ ဤအရာကို အတည်ပြုရမည်ဖြစ်သည်။ ဆိုလိုသည်မှာ၊ ယင်းသည် လူ့ဇာတိခံ ဘုရားသခင်၏ ဇာတိပကတိ ဟုတ် မဟုတ် ဆိုသည်နှင့် မှန်ကန်သော လမ်းခရီး ဟုတ် မဟုတ် ဆိုသည်ကို အတည်ပြုရန်၊ သူ၏ အနှစ်သာရအရ ခွဲခြားရမည်ဖြစ်သည်။ ထို့ကြောင့် ယင်းသည် လူ့ဇာတိခံ ဘုရားသခင်၏ ဇာတိပကတိ ဟုတ် မဟုတ် ဆိုသည်ကို ဆုံးဖြတ်ရာတွင် သူ၏ အပြင်ပန်းသွင်ပြင်ထက် သူ၏အနှစ်သာရတွင် (သူ၏အမှု၊ သူ၏ မိန့်မြွက်ချက်များ၊ သူ၏စိတ်သဘောထားနှင့် အခြား ရှုထောင့်များစွာ) အဓိကအချက် တည်ရှိပေသည်။ အကယ်၍ လူတို့သည် သူ၏ အပြင်ပန်း သွင်ပြင်ကိုသာ စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးကာ အကျိုးဆက်အနေဖြင့် သူ၏ အနှစ်သာရကို သတိမမူမိပါက၊ ဤအရာက လူသည် မသိနားမလည်သကဲ့သို့ ပညာမဲ့ဖြစ်သည်ကို ပြပေသည်။(နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ ကျမ်းဦးစကား)

ကျေးဇူးတော်ခေတ်တွင် သခင်ယေရှု ကြွလာစဉ်က ပြောခဲ့ သည်မှာ- “ငါသည်လမ်းခရီးဖြစ်၏။ သမ္မာတရားကိုလည်းဖြစ်၏။ အသက်သည်လည်းဖြစ်၏။(ရှင်ယောဟန်ခရစ်ဝင် ၁၄:၆) ဟု ဖြစ်သည်။ သခင်ယေရှုက သမ္မာတရားအများအပြားကို ဖော်ပြခဲ့ပါသည်။ သနားကရုဏာနှင့် ပြည့်ဝသည့် စိတ်နေသဘောထားကိုလည်း ဖော်ပြခဲ့သည်။ ပြီးလျှင် ဘုရားသခင်၏ လူသားများအပေါ် ရွေးနှုတ်ခြင်းအမှုတော်ကိုလည်း ပြီးမြောက်စေခဲ့သည်။ သခင်ယေရှု၏အမှုတော်၊ ဖွင့်ဟချက်များနှင့် သူ ဖော်ပြခဲ့သည့် စိတ်နေသဘောထားများက ခရစ်တော်က သမ္မာတရား၊ လမ်းခရီးနှင့်အသက်ဖြစ်ကြောင်း၊ လုံးလုံးလျားလျား သက်သေခံ နေသည်။ နောက်ဆုံးသောကာလတွင်တော့ အနန္တတန်ခိုးရှင် ဘုရားသခင် ကြွရောက်လာပြီး၊ မိန့်ဆိုခဲ့ပါသည်- “ငါ၏ နှုတ်ကပတ်တော်များသည် သမ္မာတရား၊ အသက်နှင့် လမ်းခရီးဖြစ်၏။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၁၂)) အနန္တတန်ခိုးရှင်ဘုရားသခင်က နှုတ်ကပတ်တော် သန်းပေါင်းများစွာကို ဖော်ပြထားသကဲ့သို့၊ စာစောင်ကိုလည်း ဖွင့်ခဲ့ပြီးပါပြီ။ ဖြောင့်မတ်ခြင်း အဓိကဖြစ်သည့် စိတ်သဘောထားကို ဖော်ပြနေခြင်းဖြစ်သကဲ့သို့၊ နောက်ဆုံးသောကာလ၏ တရားစီရင်ခြင်း အမှုကို ဆောင်ရွက် နေခြင်းလည်း ဖြစ်ပါသည်။ အနန္တတန်ခိုးရှင် ဘုရားသခင်၏ တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်းနှင့် အကျင့်ပျက်လူသားများကို ကယ်တင်ခြင်းများကလည်း ခရစ်တော်က သမ္မာတရား၊ လမ်းခရီးနှင့် အသက်ဖြစ်ကြောင်းကို ထပ်ပြီး သက်သေခံနေ ပြန်သည်။ နောက်ဆုံးသောကာလတွင် တရားစီရင်ခြင်း အမှုကို ဆောင်ရွက်ဖို့၊ ကိုယ်တော် ပြန်လာလိမ့်မည်ဖြစ်ကြောင်းကို သခင်ယေရှုက ဟိုးအရင်ကတည်းက ဗျာဒိတ်ပေးထားခဲ့ပါသည်။ ထိုကဲ့သို့ ဆောင်ရွက်ရာတွင်လည်း လူသားအဖြစ်နှင့် လူ့ဇာတိခံ လိမ့်မည်၊ လူသား၏ အသွင်ကိုယူပြီး၊ လူသားတွေ၏ကမ္ဘာကို ကြွရောက်လာမည်၊ အသင်းတော်တွေကို မိန့်ဆိုပြမည် တို့ဖြစ်ပါသည် အနန္တတန်ခိုးရှင် ဘုရားသခင်၏အမှုတော်က သခင်ယေရှု၏ ဒုတိယအကြိမ် ပြန်လည်ကြွရောက်ခြင်း ဗျာဒိတ်ကို ပြည့်စုံစေခဲ့ပါပြီ။ ဤသည်မှာ ကျွန်မတို့ကို မည်သည့်အရာကိုမြင်နိုင်စေသလဲဆိုလျှင် လူ့ဇာတိ ခံယူသည့် စစ်မှန်သောခရစ်တော်က သမ္မာတရားများနှင့် ဘုရားသခင်၏ စိတ်သဘောထားကို ဖော်ပြဖို့၊ ကြွလာနိုင်သည်။ ဘုရားသခင်၏ နောက်ဆုံးသောကာလ တရားစီရင်ခြင်းအမှုကို ဆောင်ရွက်နိုင်သည်။ လူများကို သိမ်းပိုက်နိုင်သည်၊ ကယ်တင်နိုင်သည်၊ သန့်စင်နိုင်သည် တို့ဖြစ်သည်။ ထို့အပြင် ဘုရားသခင်၏အလိုတော်ကို ဆောင်ရွက်ပြီး၊ ဘုရားသခင်ကို သက်သေခံပြနိုင်ပါသည်။ ခရစ်တော်က သမ္မာတရား၊ လမ်းခရီးနှင့် အသက်ဖြစ်သည်။ ကိုယ်တော် ဖော်ပြသည့် သမ္မာတရားများ အားလုံးက အကျင့်ပျက်နေသည့် လူသားများ အားလုံးကို မလွဲမသွေ အလုံးစုံသိမ်းပိုက်လိမ့်မည်။ ဘုရားသခင်အပေါ် စစ်မှန်စွာ ယုံကြည်သူ အားလုံးကိုလည်း ဘုရားသခင်၏ပလ္လင်တော်ရှေ့ ခေါ်ဆောင်နိုင် လိမ့်မည်။ ခရစ်တော်က ဘုရားသခင်၏ နောက်ဆုံးသောကာလ အမှုတော်ကို အမှန်တကယ် ပြီးမြောက်စေမည် ဖြစ်သည်။ ယင်းမှာ သေချာသည်။

ခရစ်တော်အတုအယောင်များက ခရစ်တော်ယောင်ဆောင်သည့် မိစ္ဆာဝိညာဉ်များဖြစ်သည်။ သူတို့က လှည့်စားသူများဖြစ်သည်။ ခရစ်တော် အတုအယောင်အများစုက မိစ္ဆာဝိညာဉ် ပူးကပ်နေသူများ ဖြစ်သည်။ မိစ္ဆာဝိညာဉ် မပူးကပ်လျှင်ပင်၊ သူတို့က မိမိကိုယ်ကို အရမ်းအထင်ကြီးနေသည့် ယုတ္တိမရှိသည့် နတ်မိစ္ဆာများဖြစ်ပါသည်။ ထို့ကြောင့်ပင် သူတို့က ခရစ်တော် ယောင်ဆောင်ကြခြင်း ဖြစ်သည်။ ခရစ်တော် ယောင်ဆောင်သည့် အမှုက သန့်ရှင်းသောဝိညာဉ်တော်ကို စော်ကားမှုဖြစ်ပြီး၊ ဒဏ်ခတ်ခံရမည်မှာ အသေအချာဖြစ်သည်။ ခရစ်တော် အတုအယောင်များ၏အနှစ်သာရက မိစ္ဆာဝိညာဉ်များသာ ဖြစ်သောကြောင့် ခရစ်တော်အတုအယောင် များက သမ္မာတရား လုံးဝ မရှိသည့်၊ မိစ္ဆာစစ်စစ်များ ဖြစ်ပါသည်။ ထို့ကြောင့် ခရစ်တော်အတုများ၏ စကားအားလုံးက မုသားနှင့် အလိမ်အညာများ သာဖြစ်ပြီး၊ လူများယုံကြည်လာအောင် မစွမ်းဆောင်နိုင်ပါ။ ခရစ်တော် အတုအယောင်များ ပြောသမျှ လုပ်သမျှများက စစ်ဆေးစမ်းသပ် မခံနိုင်ပါ။ ထို့အပြင် အွန်လိုင်း ပေါ်တင်ပြီး လူများအားလုံး စုံစမ်းစစ်ဆေးခြင်းကို ခံယူနိုင်ရဲသည့် သတ္တိလည်း မရှိပါ။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် ခရစ်တော် အတုအယောင်များနှင့် မိစ္ဆာ ဝိညာဉ်များက အမှောင်ကမ္ဘာနှင့် သာဆိုင်ပြီး၊ နေ့၏ အလင်းရောင်ကို ခံနိုင်ရည်မရှိလို့ဖြစ်သည် သူတို့တတ်နိုင်သည်မှာ သာမန်ကာလျှံကာ နိမိတ်လက္ခဏာတချို့ကို လုပ်ပြခြင်းမျှသာဖြစ်သည်။ နေရာအနှံ့တွင် အမှောင်ရိပ်ထဲ ရောက်နေသည့် အသိဉာဏ်နည်းသူများကို လှည့်ဖြားဖို့ ဖြစ်သည်။ ထို့ကြောင့် သေချာတာက ခရစ်တော်ဟု မိမိကိုယ်ကို ပြောပြီး၊ လူများကိုလှည့်စားဖို့အတွက် သာမန်ကာလျှံကာ နိမိတ်လက္ခဏာများ ကိုသာ အားကိုးနေသူတိုင်းက ခရစ်တော် အတုအယောင်များ ဖြစ်ပါသည်။ နောက်ဆုံးသောကာလ၏ ခရစ်တော်ဖြစ်သည့် အနန္တတန်ခိုးရှင်ဘုရားသခင် ဖော်ပြသည့် သမ္မာတရားအားလုံးကို အွန်လိုင်းတွင် တင်ထားပြီးပြီဖြစ်သည့်အတွက် လူသားအားလုံး ပွင့်လင်းစွာ တွေ့မြင်နိုင်သည်။ ဘုရားသခင်ကို စစ်မှန်စွာ ယုံကြည်ပြီး၊ သမ္မာတရားကို ချစ်မြတ်နိုးသူအားလုံးက မှန်ကန်သည့်လမ်းခရီးကို စုံစမ်းရှာဖွေနေကြပါသည်။ သူတို့ တစ်ယောက်ချင်းစီက ဘုရားသခင်၏ နှုတ်ကပတ်တော်များ အားဖြင့် တရားစီရင်ခြင်း၊ သန့်စင်ခြင်း၊ စုံလင်စေခြင်းကို လက်ခံဖို့အတွက် အနန္တတန်ခိုးရှင် ဘုရားသခင်၏ ပလ္လင်တော်ရှေ့ကို ပြန်ပြီးသွားရောက်နေကြပါပြီ။ ဤသည်မှာ အားလုံး လက်ခံထားကြသည့် အချက်ဖြစ်သည်။ ခရစ်တော်အတုအယောင်များ ပြောသမျှ လုပ်သမျှများက လူ့ဇာတိခံယူထားသည့် ခရစ်တော်နှင့် လုံးဝကွဲပြား နေပါသည်။ သမ္မာတရားကို နားလည်သူများ အတွက်မူ မြင်ဖို့ သိပ်လွယ်ပါသည်။ ထို့ကြောင့် ခရစ်တော်၏သမ္မာတရား၊ လမ်းခရီးနှင့် အသက်ဖြစ်ခြင်းဆိုသည့် စံနှုန်းကို အခြေခံပြီး၊ ခရစ်တော်အစစ်နှင့် ခရစ်တော် အတုအယောင်များကို ခွဲခြားခြင်းက အတိကျဆုံး နည်းလမ်းဖြစ်ပါသည်။ ဘုရားသခင်၏သိုးများက ဘုရားသခင်၏ အသံကို နားထောင်ကြသည်လို့ သခင်ယေရှုက တစ်ခါက ပြောခဲ့သည်။ ပညာဉာဏ်ကြီးသည့် ကညာပျိုများက ဘုရားသခင်၏ အသံကို ကြားနိုင်ပါသည်။ ပညာဉာဏ်ကြီးသည့်ကညာပျိုများက မင်္ဂလာဆောင် သတို့သား၏စကားသံထဲက သမ္မာတရားကိုလည်း ရှာဖွေနိုင်ကြပါ လိမ့်မည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်ထဲကနေ ဘုရားသခင်၏ စိတ်သဘောထားကို ရှာဖွေနိုင်ကြလိမ့်မည်။ ဘုရားသခင်၏ အရာအားလုံးနှင့်ဖြစ်ခြင်းကိုလည်း သိမြင်နိုင်ကြ လိမ့်မည်။ ပြီးလျှင်ဘုရားသခင်၏ရည်ရွယ်ချက်များကိုလည်း မြင်နိုင်ကြ ပါလိမ့်မည်။ ဤသို့နှင့် သူတို့က ဘုရားသခင်၏အမှုတော်ကို လက်ခံနိုင်လာပြီး၊ ဘုရားသခင်၏ပလ္လင်တော်ရှေ့ ပြန်လာကြလိမ့်မည်။ သို့ပါက ပညာဉာဏ်နည်းသည့် ကညာပျိုများက အဘယ့်ကြောင့် မင်္ဂလာဆောင်သတို့သား၏စကားသံကို မကြားနိုင်သနည်း။ ပညာဉာဏ် နည်းသည့် ကညာပျိုများက သမ္မာတရားဆိုသည်မှာ မည်သည့်အရာ ဖြစ်ကြောင်း မသိမြင်နိုင်သောကြောင့်၊ ပညာမဲ့ကြပါသည်။ ဘုရားသခင်၏ အသံကို မခွဲခြားနိုင်ပဲ၊ စည်းမျဉ်းများကိုသာ လိုက်နာနိုင် ကြသည်။ ထို့ကြောင့် သူတို့က ဘုရားသခင်၏ နောက်ဆုံးသောကာလ အမှုတော်အားဖြင့် ဖော်ထုတ်ခံရပြီး ဖယ်ရှားခံရလိမ့်မည်။

နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ မှ

နောက်ဆုံးသောကာလ၏ ဘုရားသခင့်အမှုတော်ကို ကြုံရသော ကျွန်ုပ်တို့အားလုံးသည် အချက်တစ်ခုကို ရှင်းရှင်းလင်းလင်း မြင်ကြရသည်- စာတန်နှင့် ဆိုးညစ်သော ဝိညာဉ်မျိုးစုံတို့သည် လူတို့ကို လှည့်ဖြားရန်အတွက် ဘုရားသခင်၏ အမှုတော်ကို အတုခိုးပြီး အယောင်ဆောင်ရန် ဘုရားသခင့် အမှုတော်၏ အဆင့်သစ်တိုင်းအပေါ် ထပ်ကြပ်မခွာလိုက်လျက်ရှိသည်။ သခင်ယေရှုက နာမကျန်းဖြစ် သူများကို အနာငြိမ်းစေပြီး နတ်ဆိုးများကို နှင်ထုတ်သည်၊ စာတန်နှင့် ဆိုးညစ်သော ဝိညာဉ်တို့သည်လည်း မကျန်းမာသူများကို အနာရောဂါ ငြိမ်းစေပြီး နတ်ဆိုးများကို နှင်ထုတ်ကြသည်။ သန့်ရှင်းသော ဝိညာဉ်တော်က အခြားသော ဘာသာစကားများ ပြောဆိုခြင်း ဆုကျေးဇူးကို အပ်နှင်းပြီး ဆိုးညစ်သော ဝိညာဉ်များကလည်း အဘယ်သူမျှ နားမလည်သော “ဘာသာစကားများ” ဆိုသည့်အရာဖြင့် စကားပြောဆိုရန် လူတို့ကို ကြိုးကိုင်ခြယ်လှယ်ကြလေသည်။ သို့သော်၊ ဝိညာဉ်ဆိုးများက လူတို့၏ လိုအပ်ချက်များကို ဖြည့်ဆည်းရန် လုံးဝမရပ်တန့်ကြသော်လည်း၊ လူတို့ကို လှည့်ဖြားရန် သဘာဝလွန် လုပ်ဆောင်ချက်များကို ဆောင်ရွက်ကြသော်လည်း စာတန်နှင့် ဝိညာဉ်ဆိုးများသည် သမ္မာတရားကို နည်းနည်းမျှ မပိုင်ဆိုင်ကြချေ။ ဤသည်မှာ လူတို့အပေါ် သမ္မာတရားကို ၎င်းတို့ ဘယ်သောအခါမျှ နှင်းအပ်နိုင်လိမ့်မည်မဟုတ်သည့် အကြောင်းရင်း ဖြစ်သည်။ ဤအချက်အပေါ် အခြေခံပြီး စစ်မှန်သော ခရစ်တော်ကို အယောင်ဆောင်များမှ ခွဲခြားနိုင်ပါသည်။

လူ့ဇာတိခံ ဘုရားသခင်က သူ၏ အမှုတော်ကို ဤတစ်ကြိမ်တွင် စတင်ခဲ့ချိန်တွင်၊ သူသည် အချိန်ခဏကြာ နှိမ့်နှိမ့်ချချနှင့် ကွယ်ဝှက်နေခဲ့ပြီး၊ သူ၏ နှုတ်ကပတ်တော်များ အမြင့်ဆုံးရောက်ရှိပြီး လူတို့အားလုံးကို သိမ်းပိုက်ခဲ့ချိန်ကို စောင့်စားခဲ့သည်။ ထို့နောက်တွင်မှ၊ သန့်ရှင်းသော ဝိညာဉ်တော်က ခရစ်တော်ကို သက်သေခံခဲ့ခြင်း ဖြစ်သည်။ ခရစ်တော်က ဘယ်သောအခါမျှ သူသည် ခရစ်တော် ဖြစ်သည်ဟု မျက်နှာစေ့စေ့ကြည့်ပြီး မည်သူတစ်ဦး တစ်ယောက်ကိုမျှ မပြောခဲ့ဖူးပါ။ သူသည် အခြားသူများအား ဟောပြောရန် သူ၏ နေရာကို ခရစ်တော်အနေဖြင့် ဘယ်သောအခါမျှ မသုံးခဲ့ဖူးပါ။ သူသည် လူတို့၏ အသက်တာများထဲတွင် လိုအပ်သော ပံ့ပိုးမှုကို ထောက်ပံ့ပေးရာ၌ မိမိကိုယ်ကို အပြည့်အဝ နှစ်မြှုပ်ရင်း၊ သမ္မတရားကို ဖော်ပြရင်းနှင့် လူတို့၏ စိတ်သဘောထားများကို ပြောင်းလဲရာ၌ဖြစ်ပေါ်သော အခက်အခဲများကို ဖြေရှင်းပေးရင်း နှိမ့်နှိမ့်ချချနှင့် ကွယ်ဝှက်၍ နေခဲ့သည်။ ခရစ်တော်သည် ဘယ်သောအခါမှ မကြွားဝါခဲ့ဖူးပါ၊ သူသည် အမြဲ နှိမ့်ချပြီး ကွယ်ဝှက်ခဲ့သည်။ ဤသည်မှာ မည်သည့် ဖန်ဆင်းခံ သတ္တဝါကမျှ နှိုင်းယှဉ်မရနိုင်သော အရေးပါလှသည့်အရာ ဖြစ်သည်။ ခရစ်တော်သည် လူတို့က သူ့ကို နာခံရန်နှင့် သူ့နောက်လိုက်ရန် သူ၏ နေရာနှင့် အဆင့်အတန်းကို လုံးဝ မသုံးခဲ့ပါ။ ယင်းထက်၊ လူတို့က ဘုရားသခင်ကို သိကျွမ်းခြင်းအား ရရှိပြီး ဘုရားသခင်ကို နာခံကာ ဘုရားသခင်အားဖြင့် ရယူခံရစေဖို့အလို့ငှာ လူသားမျိုးနွယ်ကို တရားစီရင်ရန်၊ ပြစ်တင်ဆုံးမရန်နှင့် ကယ်တင်ရန် သမ္မာတရားကို ဖော်ပြလေသည်။ ဤအရာမှ ဘုရားသခင်သည် အမှန်တကယ် ဂုဏ်အသရေရှိသောသူ ဖြစ်သည်မှာ ရှင်းပေသည်။ ဇာတိပကတိ၌ ပေါ်ပေါက်လာသော ဘုရားဝိညာဉ်တော်နှင့်အတူ သူသည် နှိမ့်ချပြီး ကွယ်ဝှက်သော ပုံစံဖြင့် သူ၏ အမှုတော်ကို ဆောင်ရွက်သည်။ သူသည် လောကထဲ၌ လူသားများ ကြုံတွေ့ရတတ်သည့် ဒုက္ခဝေဒနာအားလုံးကို တစ်စက်မျှ ညည်းညူခြင်းမရှိဘဲ မိမိကိုယ်တိုင် တွေ့ကြုံခဲ့ရသည်။ ခရစ်တော်ဖြစ်သည်နှင့်အညီ၊ သူသည် မိမိကိုယ်ကို မကြွားဝါ သို့မဟုတ် မချီးမွမ်းပါ၊ သူသည် သေချာပေါက် မတင်စီးသလို မိမိကိုယ်ကို မှန်သည်ဟုပင်လျှင် မသတ်မှတ်ခဲ့ပါ။ သူသည် ဘုရားဖြစ်ခြင်း ဂုဏ်ကျက်သရေနှင့် သန့်ရှင်းခြင်းတို့ကို လုံးလုံးလျားလျား ဖြာထွက် စေခဲ့သည်။ ဤအရာက သူ၏ မယှဉ်သာလှစွာ ဂုဏ်အသရေရှိသော အသက်တာ အနှစ်သာရနှင့် သူသည် ချစ်ခြင်းမေတ္တာ၏ ပြယုဂ် အတိအကျဖြစ်သည်တို့ကို ဖော်ထုတ်ပြသလေသည်။ အယောင်ဆောင် ခရစ်တော်နှင့် ဝိညာဉ်ဆိုးတို့ ဆောင်ရွက်ခဲ့ကြသည့် အမှုမှာ ခရစ်တော် ဆောင်ရွက်ခဲ့သည့် အမှုတော်ကို ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်ပါသည်။ ဝိညာဉ်ဆိုးများက ၎င်းတို့ ကိုယ်တိုင်သည် ခရစ်တော်ဖြစ်သည်ဟု အခိုင်အမာဆိုရန် အမြဲ လျင်မြန်ကြသည်။ အကယ်၍ သင်တို့က ၎င်းတို့ကို နားမထောင်လျှင် ကောင်းကင်နိုင်ငံထဲသို့ ဝင်နိုင်ကြ လိမ့်မည်မဟုတ်ဟု ၎င်းတို့ အခိုင်အမာ ဆိုကြသည်။ အခြားသူများက ၎င်းတို့ကို မြင်ရန်၊ သူတို့လုပ်နိုင်သမျှသော အရာရာတိုင်းကို လုပ်ဆောင်ကြသည်၊ ၎င်းတို့သည် လေလုံးထွားကြပြီး ကြွားဝါကြကာ မိမိတို့ကိုယ်ကိုယ် ချီးမွမ်းကြသည် သို့မဟုတ် လူတို့ကို လှည့်ဖြားရန် အချို့သော နိမိတ်လက္ခဏာများကို ဆောင်ရွက်ကြသည်။ ၎င်းတို့ကို လက်ခံရန် လူတို့ လှည့်ဖြားခံရပြီးနောက်၊ လူတို့သည် သမ္မာတရား၏ ပံ့ပိုးမှု ကင်းမဲ့သည်မှာ အချိန်ကြာပြီဖြစ်သောကြောင့် အသံတစ်ချက် မထွက်ဘဲ ပြိုလဲခြင်းဖြင့် အဆုံးသတ်ကြပါလိမ့်မည်။ အယောင်ဆောင် ခရစ်တော်များသည် သမ္မာတရား၊ လမ်းခရီး သို့မဟုတ် အသက် မဟုတ်ကြသောကြောင့် ဤအရာနှင့် သက်ဆိုင်၍ ဥပမာများစွာ ရှိသည်။ ထို့ကြောင့်၊ လမ်းကြောင်းကို ၎င်းတို့ မပိုင်ဆိုင်ကြချေ။ ၎င်းတို့နောက်သို့ လိုက်ကြသောသူတို့သည် အနှေးနှင့်အမြန် အရှက်ရကြလိမ့်မည်၊ သို့သော် ထိုအချိန်တွင် ၎င်းတို့ လှည့်ပြန်ဖို့ ကြိုးစားကြလျှင်၊ အလွန် နောက်ကျသွားလိမ့်မည် ဖြစ်သည်။ ဤသည်မှာ ခရစ်တော် တစ်ဦးတည်းသည်သာ သမ္မာတရား၊ လမ်းခရီးနှင့် အသက်ဖြစ်သည်ကို သေချာမှုနှင့်အတူ ဆုံးဖြတ်ထားရန်မှာ အရေးအကြီးဆုံးသောအရာ ဖြစ်ရခြင်းအကြောင်းရင်းဖြစ်သည်။ ခရစ်တော် အယောင်အဆောင်များ ၌ဖြစ်စေ၊ ဝိညာဉ်ဆိုးများ၌ဖြစ်စေ မည်သည့်သမ္မာတရားမျှ လုံးဝ မရှိကြပါ။ ၎င်းတို့ မည်မျှ ပြောဆိုကြပါလေ့စေ၊ စာအုပ်မည်မျှ ရေးကြပါလေ့စေ ယင်းတို့ထဲတွင် သမ္မာတရားတစ်ခုတစ်လေမျှ ရှိလိမ့်မည်မဟုတ်ပေ- ဤသည်မှာ အကြွင်းမဲ့ဖြစ်သည်။ ခရစ်တော် တစ်ဦးတည်းသာ သမ္မာတရားကို ဖော်ပြနိုင်သည်။ ဤအချက်အပေါ် မခြေခံပြီး သိမြင်မှုရှိခြင်းမှာ အရေးပါဆုံးဖြစ်သည်။ ထို့အပြင်၊ ခရစ်တော်သည် လူတို့က သူ့ကို လက်ခံရန် သို့မဟုတ် အသိအမှတ်ပြုရန် ဘယ်သောအခါမျှ အတင်းအကျပ် မလုပ်ပါ။ သူ့ကို ယုံကြည်သော သူတို့သည် သမ္မာတရားကို ပို၍၊ ပို၍ ရှင်းလင်းစွာ မြင်လာနိုင် လိမ့်မည်ဖြစ်ပြီး လမ်းခရီးမှာ ပို၍၊ ပို၍အလင်းပေးခြင်း ခံရလိမ့်မည် ဖြစ်သည်။ ဤအရာက ခရစ်တော်သည် သမ္မာတရားဖြစ်သောကြောင့် ခရစ်တော်တစ်ဦးတည်းကသာ လူကို ကယ်တင်နိုင်သည်ကို သက်သေပြ နေသည်။ ခရစ်တော်အယောင်ဆောင်များသည် သူ့ကို တုပပြီး အနည်းငယ်သောအရာများကိုသာ ပြောနိုင်သည်၊ အမှန်နှင့်အမှားကို လိုရာဆွဲပြောပြီး မည်သည့် သမ္မာတရားမျှ မပါဝင်သည့် စကားများကိုသာ ပြောနိုင်ကြသည်။ ၎င်းတို့သည် လူသားတို့ထံ မှောင်မိုက်မှု၊ ကပ်ဘေးနှင့် ဝိညာဉ်ဆိုးများ၏ အလုပ်ကိုသာ ယူဆောင် လိမ့်မည်။ သင်သည် အယောင်ဆောင် ခရစ်တော်နောက်လိုက်လျှင် လုံးဝ ကယ်တင်ခံရလိမ့်မည်မဟုတ်ဘဲ စာတန်အားဖြင့် ပိုမို ဖောက်ပြန်ပျက်ဆီးခြင်း ခံရရုံသာ ရှိလိမ့်မည်။ သင်တို့သည် အရေအတွက်တိုးပွားလာပြီး သင်တို့ ပျက်စီးသွားသည်အထိ ပိုမို ဉာဏ်ထိုင်းသွားလိမ့်မည်။ ခရစ်တော်အယောင်ဆောင်များနောက် လိုက်ကြသူများသည် သူခိုးတို့၏ လှေပေါ် တက်မိသော မျက်မမြင် တစ်ဦးကဲ့သို့ ဖြစ်သည်- မိမိကိုယ်ကို ပျက်စီးရာပျက်စီးကြောင်း ရောက်စေသည်။

ကျမ်းဦးစကားမှ ခရစ်တော်အယောင် ဆောင်သူများနှင့် အန္တိခရစ်များ၏ လှည့်ဖြားမှုများကို ခွဲခြမ်းလေ့လာသုံးသပ်ခြင်းအထိ

အရှေ့သို့- လတ်တလောတွင် ကမ္ဘာလောကအနှံ့အပြားအရှိ အမျိုးမျိုးသော ဘာသာရေး အသိုင်းအဝိုင်းများတွင် ခရစ်တော်၏ အယောင်ကိုဆောင်သောသူများ၏ လှည့်ဖြားခြင်း အဖြစ်အပျက်များစွာ ရှိလေသည်။ ဤလှည့်ဖြားခြင်းကို အမှန်တကယ် မည်သည့်အရာဖြစ်သည်ဆိုသည့်အရာအတွက် မမြင်နိုင်ဘဲနှင့်၊ လူများစွာတို့သည် ခရစ်တော် အယောင်ကိုဆောင်သောသူများနောက် လိုက်ကြပြီးဖြစ်ကာ၊ ထိုသို့ဖြင့် သခင်ယေရှု၏ အရောဖက်ပြုချက်ဖြစ်သည့်- “ထိုအခါ သူတပါးက ဤအရပ်၌ ခရစ်တော်ရှိသည်၊ ထိုအရပ်၌ရှိသည်ဟု ဆိုသော်လည်း မယုံကြနှင့်။ အကြောင်းမူကား၊ ခရစ်တော်၏အယောင်ကိုဆောင်သောသူနှင့် မိစ္ဆာပရောဖက်တို့သည် ပေါ်လာ၍ ရွေးချယ်သောသူတို့ကိုပင် လှည့်ဖြားနိုင်လျှင် လှည့်ဖြားလောက်အောင် ကြီးစွာသောနိမိတ်လက္ခဏာ၊ အံ့ဖွယ်သောအမှုတို့ကို ပြကြလိမ့်မည်။” (ရှင်မဿဲခရစ်ဝင် ၂၄:၂၃-၂၄) ဆိုသည့်အရာကို ပြည့်စုံစေကြလေသည်။ ထို့ကြောင့် သခင်၏ ကြွလာခြင်းအဖြစ် သက်သေခံသူ မည်သူမဆိုသည် မလွဲမသွေ ခရစ်တော်အယောင်ကို ဆောင်သောသူတစ်ဦးဖြစ်သည်ဟု ကျွန်ုပ်တို့ ယုံကြည်ပြီး ၎င်းတို့ကို ရှာဖွေပြီး စုံစမ်းစစ်ဆေးဖို့ရန် မလိုအပ်ပါ။ ဤသို့ ယုံကြည်ဖို့ရန် ကျွန်ုပ်တို့ မှားယွင်းကြပါသလား။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

စစ်မှန်သော ခရစ်တော်နှင့် ခရစ်တော်၏ အယောင်ကို ဆောင်သောသူတို့ကို ခွဲခြားသိမြင်ခြင်းနှင့်သက်ဆိုင်သည့် သမ္မာတရားများ

၁) ခရစ်တော် အယောင်ဆောင်သောသူတစ်ဦးကို မည်သို့ ခွဲခြားနိုင်သနည်း၊ ပြီးလျှင် သူ၏ ဝိသေသလက္ခဏာများမှာ အဘယ်နည်း ကိုးကားရန် သမ္မာကျမ်းပိုဒ်များ-...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။