တကယ်လို့ အရှေ့အရပ်က လျှပ်ပြက်ခြင်းက လမ်းမှန်ဆိုရင်၊ ညီအစ်ကို မောင်နှမတို့ရဲ့ အတည်ပြုချက်နဲ့ပတ်သက်တဲ့ အခြေခံက ဘာလဲ။ သခင်ယေရှုက ငါတို့ကို ရွေးနှုတ်ခဲ့တဲ့အတွက်၊ သူ့ကိုယုံကြည်တယ်၊ ဒါပေမဲ့ အရှေ့အရပ်က လျှပ်ပြက်ခြင်း က လမ်းမှန်ဆိုတာကို အတည်ပြုဖို့ဘာကို သုံးလဲ။

18.11.2021

အဖြေ- ဒီအချက်မှာ၊ အနန္တတန်ခိုးရှင်ဘုရားသခင် ဘာပြောလဲ ဆိုတာမြင်ဖို့ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ထဲက ကျမ်းပိုဒ် နှစ်ပိုဒ်ဖတ်ရအောင်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “မှန်သောလမ်းကို ရှာခြင်း၌ အခြေခံအကျဆုံးနိယာမမှာ မည်သည့်အရာနည်း။ သင့်အနေဖြင့် ဤလမ်း၌ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ရှိမရှိ၊ ဤစကားလုံးများက သမ္မာတရားကို ဖော်ပြခြင်းများ ဖြစ်မဖြစ်၊ ယင်းက အဘယ်သူကို သက်သေခံသည်နှင့် သင့်ကို မည်သည့်အရာ ဆောင်ကြဉ်းပေးနိုင်သည်တို့ကို ကြည့်ရမည် ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်နှင့် သူ၏ အမှုကို သိရှိသူတို့သာ ဘုရားသခင်ကို ကျေနပ်စေနိုင်၏)

ထိုသို့သောအရာကို လေ့လာရန် မခက်ခဲပါ။ သို့သော် ငါတို့ တစ်ဦးချင်းစီသည် ဤသမ္မာတရားကို သိရန်လိုအပ်သည်၊ ဘုရားသခင်၏ လူ့ဇာတိခံယူခြင်းဖြစ်သော သူသည် ဘုရားသခင်၏ အနှစ်သာရ ရှိမည် ဖြစ်ပြီး ဘုရားသခင်၏ လူ့ဇာတိခံယူခြင်းဖြစ်သော သူသည် ဘုရားသခင် ၏ ဖော်ပြခြင်းကိုလည်း စွဲကိုင်ထားမည်ဖြစ်သည်။ ဘုရားသခင်သည် လူ့ဇာတိခံယူသည့်အတွက် သူပြုရမည့်အမှုကို လုပ်ဆောင်မည်ဖြစ်ပြီး၊ ဘုရားသခင်သည် လူ့ဇာတိခံယူသည့်အတွက် သူ၏ဖြစ်ခြင်းကို ဖော်ပြမည်ဖြစ်ကာ လူသားတို့ဆီသို့ သမ္မာတရားကို သယ်ဆောင်လာမည်၊ လူသားတို့အပေါ် အသက်တာကို အပ်နှင်းမည်၊ လူသားတို့အား လမ်းခရီးကို ပြမည်ဖြစ်သည်။ ဘုရားသခင်၏ အနှစ်သာရ မပါဝင်သော ဇာတိပကတိသည် လူ့ဇာတိခံယူသော ဘုရားသခင် မဟုတ်သည်မှာ မုချဖြစ်၏၊ ဤသည်ကို သံသယဖြစ်ဖွယ် မရှိချေ။ ဘုရားသခင် ခံယူ ထားသော လူ့ဇာတိ ဟုတ်မဟုတ် စစ်ဆေးရန်အတွက် လူသားတို့သည် သူဖော်ပြသော စိတ်နေသဘောထားနှင့် သူပြောဆိုသော နှုတ်ကပတ်တော်များမှ စိစစ်ဆုံးဖြတ်ရပေမည်။ ဆိုလိုသည်မှာ ဘုရားသခင် ခံယူထားသော လူ့ဇာတိဟုတ်မဟုတ်၊ မှန်ကန်သော လမ်းခရီး ဟုတ်မဟုတ်ကို သူ၏အနှစ်သာရကိုကြည့်၍ ဆုံးဖြတ်ရမည်။ ထို့အတွက်ကြောင့် လူ့ဇာတိခံယူသော ဘုရားသခင်၏ ဇာတိပကတိ ဟုတ်မဟုတ် ဆုံးဖြတ်ရာ၌က သူ၏အပြင်ပန်းပုံသဏ္ဌာန်ထက် သူ၏အနှစ်သာရ (သူ၏အမှု၊ သူ၏နှုတ်ကပတ်တော်များ၊ သူ၏စိတ်နေ သဘောထားနှင့် အခြားသောအရာများစွာ) ကို ဂရုပြုရမည်မှာ အဓိကဖြစ်သည်။(နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ ကျမ်းဦးစကား)

ညီအစ်ကို မောင်နှမတို့၊ စစ်မှန်တဲ့လမ်းဖြစ်နေသရွေ့တော့၊ အဲဒါကဘုရားသခင် ကိုယ်တိုင်ကိုယ်ကျ ပြီးမြောက်ခဲ့တဲ့ အမှုတော်ကနေ လာတာပဲဖြစ်တယ်။ ဘုရားသခင်ရဲ့ ကိုယ်ပိုင်အလုပ်ဖြစ်လို့၊ သမ္မာတရား ရဲ့ ဖော်ပြခြင်း နဲ့ သန့်ရှင်းသောဝိညာဉ်တော်ရဲ့ အလုပ် အသေအချာကို ရှိလိမ့်မယ်။ ကျွန်တော်တို့ အရှေ့အရပ်က လျှပ်ပြက်ခြင်းက လမ်းမှန် ဆိုတာ သက်သေခံခဲ့ကြပြီး၊ အနန္တတန်ခိုးရှင်ဘုရားသခင်က ယုံမှားဖွယ် ရာမရှိ လူဇာတိခံသော ဘုရားသခင်ဖြစ်တယ်၊ ဘာဖြစ်လို့လဲဆိုတော့ အနန္တတန်ခိုးရှင်ဘုရားသခင်က သမ္မာတရားရှုထောင့်အများအပြားကို ဖော်ပြဖို့ လာခဲ့တာဖြစ်ပြီး၊ လူသားကို တရားစီရင်ပြီး သန့်စင်စေဖို့ အလုပ်တွေကို လုပ်ဆောင်ခဲ့တယ်၊ နောက်ဆုံးသော ကာလမှာ ဘုရားသခင်ရဲ့ အလုပ် အစီအစဉ်တွေဖြစ်တဲ့ လူသားကို သန့်စင်စေပြီး ကယ်တင်ဖို့ အစီအစဉ်ကို ဖြည့်ဆည်းပေးဖို့ ဖြစ်တယ်။

အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “ဤတစ်ကြိမ် ဘုရားသခင် လူ့ဇာတိခံယူသောအခါ၊ သူ၏အမှုမှာ အဓိကအားဖြင့် ပြစ်တင်ဆုံးမခြင်း နှင့် တရားစီရင်ခြင်းမှတစ်ဆင့် သူ၏ စိတ်နေသဘောထားကို ဖော်ပြရန်ဖြစ်သည်။ ယင်းကို အခြေခံအုတ်မြစ်အဖြစ် အသုံးပြုပြီး သမ္မာတရားကို လူတို့ထံသို့ ပိုမိုဆောင်ကြဉ်းပေးကာ လက်တွေ့ ကျင့်ဆောင်ရန် နည်းလမ်းများ ပိုမိုပြသပေးသည်၊ ဤသို့ဖြင့် လူသားကို သိမ်းပိုက်ရန်နှင့် လူသား၏ ဖောက်ပြန်သော စိတ်သဘောထားမှ လူသားကိုကယ်တင်ရန် သူ၏ ရည်မှန်းချက်တို့ကို ဖြစ်မြောက်စေပါသည်။ ဤသည်မှာ နိုင်ငံတော်ခေတ်တွင် ဘုရားသခင့်အမှု၏ နောက်ခံ အကြောင်းရင်းများ ဖြစ်ပါသည်။(နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ ကျမ်းဦးစကား)

တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းဆိုင်ရာ ဤအလုပ်မှတစ်ဆင့် လူသည် သူ့ကိုယ်အတွင်းတွင်ရှိသော ညစ်ညူးပြီး ဖောက်ပြန်သည့် အရာများကို အပြည့်အဝသိလာလိမ့်မည်ဖြစ်သည်၊ ထို့ပြင် သူသည် လုံးလုံးပြောင်းလဲနိုင်ကာ သန့်စင်လာလိမ့်မည်။ ထိုနည်းလမ်းအားဖြင့်သာ လူသည် ဘုရားသခင်၏ ပလ္လင်တော်ရှေ့မှာက်သို့ ပြန်လာရန် ထိုက်တန်နိုင်ပေသည်။ လူသားသည် သန့်ရှင်းပြီး ပြောင်းလဲအောင် ပြုခံရနိုင်ရန်အလို့ငှာ ယနေ့မျက်မှောက်တွင် အလုပ်အားလုံးကို လုပ်ဆောင်ပြီးစီးခဲ့ခြင်းဖြစ်သည်၊ နှုတ်ကပတ်တော်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်း တို့အားဖြင့်သာမက စစ်ဆေးခြင်းအားဖြင့်လည်း လူသားသည် သူ၏ ဖောက်ပြန်ပျက်စီးခြင်းကို ဖယ်ထုတ်နိုင်ပြီး သန့်ရှင်းအောင်ပြုခြင်းကို ခံရနိုင်သည်။ ဤအဆင့်ရှိ အလုပ်ကို ကယ်တင်ခြင်းအလုပ်ဟု ယူဆမည့်အစား သန့်ရှင်းစင်ကြယ်စေခြင်း အလုပ်ဟု ပြောခြင်းက ပိုမိုသင့်တော်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူ့ဇာတိခံယူခြင်း၏ နက်နဲရာအချက် (၄))

နောက်ဆုံးသောကာလရဲ့ အနန္တတန်ခိုးရှင်ဘုရားသခင်က သမ္မာတရားကို ဖော်ပြပြီး၊ သူ့ရဲ့ အလုပ်ဖြစ်တဲ့ လူသားကို တရား စီရင်ခြင်းနဲ့ သန့်စင်စေခြင်းတို့ကို ဆောင်ရွက်မယ်၊ ဘုရားသခင်ကို သိကျွမ်းခြင်းနဲ့ ကယ်တင်ခြင်းကို ရရှိဖို့ လူအတွက် လိုအပ်တဲ့ သမ္မာတရားအားလုံးကို ဖော်ပြပြီး၊ လူသားမျိုးနွယ် အတွက် လျှို့ဝှက်နက်နဲတဲ့ ဘုရားသခင်ရဲ့ စီမံခန့်ခွဲမှု အစီအစဉ်အားလုံးကို ဖွင့်ပြမယ်။ ဥပမာအားဖြင့်၊ ဘုရားသခင်ရဲ့ နှစ် ၆၀ဝ၀ စီမံခန့်ခွဲမှု အစီအစဉ်ရဲ့ ရည်ရွယ်ချက်၊ ဘုရားသခင်ရဲ့ လုပ်ဆောင်မှု စည်းမျဉ်း စည်းကမ်း၊ သူ့ရဲ့ အမှုတော်အဆင့် သုံးဆင့် ရဲ့ အတွင်းပိုင်း အကြောင်းအရာ လျှို့ဝှက် နက်နဲခြင်း နဲ့ ဘုရားသခင် လူ့ဇာတိခံယူခြင်း ရဲ့ အဓိပ္ပါယ်၊ ဒီနေ့အထိ လူသားမျိုးနွယ် တိုးတက်လာပုံနဲ့ လူသားရဲ့ အနာဂါတ် ပန်းတိုင်လမ်း၊ သမ္မာကျမ်းစာရဲ့ သမ္မာတရား၊ ဘုရားသခင် နာမတွေရဲ့ အဓိပ္ပါယ်နဲ့ အစရှိသဖြင့်က လူသားမျိုးနွယ် ဉာဏ်မမှီ တော့တဲ့ ပဟေဠိဆန်တဲ့ အကြောင်းအရာတွေ အားလုံးပဲ။ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်က လူသားမျိုးနွယ်ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ အနှစ်သာရနဲ့ သူတို့ ဖောက်ပြန်ပျက်စီးခြင်းရဲ့ အရင်းအမြစ်တွေကို သိသိသာသာ မြင်သာအောင်လုပ်ပေးတယ်။ ဒါကြောင့်၊ လူမှာ ကိုယ်ပိုင် ဖောက်ပြန်ပျက်စီးတဲ့ အကျည်းတန်မှု ရဲ့ အသိပညာအစစ်ရှိတယ်၊ ဥပမာအားဖြင့်၊ စိတ်ကြီးဝင်တာ၊ တစ်ကိုယ်ကောင်းဆန်တာနဲ့ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ရဲ့ ပြင်းထန်တဲ့ တရားစီရင်ခြင်း ကြားမှာ စက်ဆုပ် အထင်အမြင်သေးစရာ ကောင်းတဲ့ သဘာဝ တို့ဖြစ်တယ်။ ပြီးတော့ လူက သမ္မာတရားကို နားလည်ပြီး၊ ဘုရားသခင်ရဲ့ ဖြောင့်မတ်သော စိတ်သဘောထားကို စစ်မှန်တဲ့နားလည်မှုနဲ့ ဘုရားသခင်ကို ကြောက်ရွံ့တဲ့နှလုံးသားကို ပျိုးထောင်ရမယ်။ သူတို့ အသက်တာစိတ်သဘောထားက ကွဲပြားတဲ့ ပမာဏအတိုင်း အားလုံး ပြောင်းလဲနေပြီး၊ သူတို့က နေ့မှာ အပြစ်လုပ်ပြီး ညမှာဝန်ချတတ်တဲ့ အကျင့်ပျက် အခြေအနေကနေ တဖြည်းဖြည်း လွတ်မြောက်လာကြတယ်။ ဒါက အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့အမှုတော်က စစ်မှန်တဲ့လမ်းဆိုတာကို အပြည့်အဝ သက်သေပြလိုက်တာပဲ၊ ပြီးတော့ အဲဒီ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်က သမ္မာတရား၊ လမ်းခရီးနဲ့ အသက်ဖြစ်တယ် အာဏာနဲ့ တန်ခိုးအပြည့်နဲ့ဖြစ်ပြီး လူကို အသေအချာသန့်စင်စေပြီး ကယ်တင်နိုင်တယ်။ အဲလိုမှမဟုတ်ရင်၊ ဘုရားသခင်ကလွဲလို့ ဘယ်သူ ကများ လူကို အပြစ်ရဲ့ကျွန်အဖြစ်ကနေ လွတ်မြောက်ဖို့ ကူညီပေး နိုင်မှာလဲ။ ဘုရားသခင်ကလွဲလို့ ဘယ်သူကများ နှစ်ထောင်ပေါင်း များစွာက မြုပ်နေတဲ့ လျို့ဝှက်နက်နဲမှုတွေကို ဖွင့်ပြနိုင် မှာလဲ။

ဘုရားသခင်တစ်ပါးတည်းကပဲ သမ္မာတရား၊ လမ်းခရီး၊ အသက်ဖြစ်တယ်။ ဘုရားသခင်တစ်ပါးတည်းကပဲ လူကို ထာဝရ အသက်လမ်းကို အပ်နှင်းနိုင်တယ် ခရစ်တော်ရဲ့ နောက်ဆုံးသော ကာလကဖော်ပြတဲ့ သမ္မာတရားတွေကို လက်ခံခြင်းတစ်ခုတည်းနဲ့ပဲ ထာဝကယ်တင်ခြင်းကို ရနိုင်တယ်။ ကျွန်တော်တို့ နောက်တစ်ခေါက် လောက် အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ကို ကြည့်ရ အောင်။

အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “ဘုရားသခင် ကိုယ်တိုင်သည် အသက်ဖြစ်၏။ သမ္မာတရားလည်းဖြစ်၍ သူ၏ အသက်နှင့် သမ္မာတရားတို့ အတူယှဉ်လျက် တည်ရှိကြ၏။ သမ္မာတရား ကို ရရှိနိုင်စွမ်း မရှိသူများသည် မည်သည့်အခါမျှ အသက်ကို ရရှိလိမ့်မည် မဟုတ်။ သမ္မာတရား၏ လမ်းပြမှု၊ ပံ့ပိုးမှုနှင့် ထောက်ပံ့မှုမရှိလျှင် သင်သည် ကျမ်းဟောင်းတရားများ၊ အယူဝါဒများအပြင် သေခြင်းကိုသာ ရရှိလိမ့်မည် ဖြစ်သည်။ ဘုရားသခင်၏ အသက်သည် အစဉ်ရှိနေ၍ သူ၏သမ္မာတရားနှင့် အသက်တို့သည် အတူယှဉ်လျက်တည်ရှိ၏။ သင်သည် သမ္မာတရား၏ အရင်းအမြစ်ကို ရှာမတွေ့နိုင်ပါက သင်သည် အသက်၏အာဟာရကို ရရှိလိမ့်မည် မဟုတ်ပေ။ သင်သည် အသက်၏ ထောက်ပံ့မှုကို မရရှိနိုင်ပါက သင့်တွင် သမ္မာတရားရှိမည် မဟုတ်သည်မှာ သေချာသဖြင့် စိတ်ကူးယဉ်မှုများနှင့် အတွေးအခေါ်များမှလွဲ၍ သင်၏ ခန္ဓာကိုယ် တစ်ခုလုံးသည် သင်၏နံစော်သော အသွေးအသားမှအပ မည်သည့်အရာမျှ ဖြစ်လိမ့်မည် မဟုတ်။ စာအုပ်တို့၏ စကားလုံးများသည် အသက်မဟုတ်ကြောင်းကို သိထားပါ။ သမိုင်းမှတ်တမ်းများကို သမ္မာတရား အဖြစ် တခမ်းတနား ဂုဏ်မပြုနိုင်ပါ။ ထို့အပြင် အတိတ်မှ အယူဝါဒများသည် ဘုရားသခင်က ပစ္စုပ္ပန်တွင်ပြောသော နှုတ်ကပတ်တော်များအဖြစ် ဆောင်ရွက်နိုင်ခြင်း မရှိပါ။ ဘုရားသခင် ကမ္ဘာမြေကြီးသို့ လာ၍ လူသားအကြား နေထိုင်သည့်အခါတွင် ဖော်ထုတ်သော အရာသည်သာ သမ္မာတရား၊ အသက်၊ ဘုရားသခင်၏ အလိုနှင့် သူ၏လက်ရှိ အမှုဆောင်နည်း ဖြစ်၏။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နောက်ဆုံးသော ကာလ၏ ခရစ်တော်သည်သာ လူသားအား ထာဝရအသက်၏ လမ်းခရီးကို ပေးနိုင်သည်)

နောက်ဆုံးသောကာလ၏ ခရစ်တော်သည် အသက်ယူဆောင်လာ၍ အဓွန့်ရှည်စွာ တည်တံ့ကာ ထာဝရတည်ရှိသော သမ္မာတရား၏ လမ်းခရီး ကို ယူဆောင်လာ၏။ ဤသမ္မာတရားသည် လူသား အသက်ရရှိမည့် လမ်းကြောင်းဖြစ်၍ လူသားက ဘုရားသခင်ကိုသိမည့် တစ်ခုတည်းသော လမ်းကြောင်းနှင့် ဘုရားသခင်က လက်ခံမည့် တစ်ခုတည်းသော လမ်းကြောင်းဖြစ်၏။ နောက်ဆုံးသောကာလတွင် ခရစ်တော်ပေးသည့် အသက်၏လမ်းခရီးကို သင်မရှာပါက သင်သည် ယေရှု၏အတည်ပြုမှုကို မည်သည့်အခါမျှ ရမည်မဟုတ်ဘဲ ကောင်းကင်နိုင်ငံတော်၏ တံခါးကိုဝင်ရန် မည်သည့်အခါမျှ အရည်အချင်းမီမည် မဟုတ်ပါ။ အဘယ်ကြောင့်ဆိုသော် သင်သည် သမိုင်း၏ရုပ်သေးနှင့် အကျဉ်းသားပါ ဖြစ်သောကြောင့်ဖြစ်၏။ စည်းမျဉ်းစည်းကမ်းများ၊ ကျမ်းဟောင်း တရားများ၏ ထိန်းချုပ်ခံနေရသူများနှင့် သမိုင်း၏ ထိတ်တုံးခတ်ခံ နေရသူများသည် မည်သည့်အခါမျှ အသက်ကို ရရှိနိုင်စွမ်းမည် မဟုတ်ဘဲ မည်သည့်အခါမျှ ထာဝရအသက်၏ လမ်းခရီးကို ရနိုင်မည် မဟုတ်ပါ။ ဤသည်မှာ ထိုသူတို့၌ရှိသမျှမှာ ပလ္လင်တော်မှစီးဆင်းလာသည့် အသက်ရေအစား နှစ်ထောင်ပေါင်းများစွာ စွဲကပ်ထားသည့် နောက်ကျိ သောရေများ ဖြစ်ကြသောကြောင့်ဖြစ်၏။ အသက်ရေကို မရရှိသောသူ တို့သည် လူသေကောင်များ၊ စာတန်၏ ကစားစရာများနှင့် ငရဲ၏သားများ အဖြစ် ထာဝရရှိနေကြလိမ့်မည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နောက်ဆုံးသော ကာလ၏ ခရစ်တော်သည်သာ လူသားအား ထာဝရအသက်၏ လမ်းခရီးကို ပေးနိုင်သည်)

အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေနဲ့ သူ့ရဲ့ အမှုတော်တွေက နောက်ဆုံးသောကာလမှာ ဘုရားသခင်က လူကို အပ်နှင်းမဲ့ ကယ်တင်ခြင်းပဲ။ အဲဒါက နောက်ဆုံးသောကာလမှာ လူအတွက် ဘုရားသခင်ရဲ့ ကယ်တင်ခြင်းရမဲ့ တစ်ခုတည်းသော လမ်းပဲ။ သမ္မာကျမ်းစာကပြောတာက၊ ဘုရားသခင်ထံမှလာတဲ့အရာက တိုးပွား ခြင်းရှိပြီး၊ လူဆီကလာတဲ့အရာက ဆုတ်ယုတ်ခြင်းရှိမယ်တဲ့။ အခုအချိန် ဆိုရင် အနန္တတန်ခိုးရှင်ဘုရားသခင်က သူ့ရဲ့အလုပ်ကို စတင်ခဲ့ ကတည်းက နှစ်ပေါင်း (၂၀)ကျော်ရှိခဲ့ပြီ။ ဘာသာရေး လောက တစ်ခုလုံးနဲ့ ဆိုးညစ်တဲ့ တရုတ်ကွန်မြူနစ်ပါတီရဲ့ အပြင်းအထန် ခုခံတာတွေနဲ့ ဖိနှိပ်မှုတွေရှိပေမဲ့ ဘုရားသခင်ရဲ့ နိုင်ငံတော်ဧဝံဂေလိဟာ မရပ်တံ့နိုင်တဲ့ မဆုတ်မနစ်ရွေ့လျားနေတဲ့ လှိုင်းလိုပါပဲ။ ဒါက အခု တရုတ်နိုင်ငံပြည်မကြီး ပြန့်နှံ့ရုံပဲမကဘူး၊ တစ်ကမ္ဘာလုံးက နိုင်ငံအတော် များများကိုပါရောက်နေပြီ။ ဒါက အခု နိုင်ငံအားလုံးနဲ့ ဘာသာတရား အားလုံးကို ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ကျက်နေပြီ။ ဘုရားသခင်ရဲ့ ပေါ်ထွန်းခြင်းကို ပိုပို ဆာငတ်နေတဲ့လူတွေက အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့အိမ်တော်ကို တစ်ယောက်ပြီးတစ်ယောက်လာကြတယ်။ စဉ်ဆက်မပြတ်တဲ့ ဖိနှိပ်မှုတွေရှိနေပေမဲ့ လူသားအားလုံးအတွက် အနန္တတန်ခိုးရှင်ဘုရားသခင် နိုင်ငံတော်ရဲ့ ဧဝံဂေလိသတင်းစကား လျင်လျင်မြန်မြန် ပြန့်နှံ့ရတဲ့ အချက်ကတော့ သန့်ရှင်းသော ဝိညာဉ်တော်လုပ်ဆောင်မှုရဲ့ မချိုးဖြတ်နိုင်တဲ့ သက်သေပဲဖြစ်ပြီး၊ အပြည့်အဝသက်သေပြချက်ဖြစ်တဲ့ “ဘုရားသခင်ဆီကလာတာတွေက တိုးပွားခြင်းရှိ” တယ်ဆိုတာကို ပြည့်ပြည့်ဝဝ သက်သေပြနေပြီး၊ လူသားမျိုးနွယ် အတွက် အနန္တတန်ခိုးရှင်ဘုရားသခင်က သခင်ယေရှု ဒုတိယ အကြိမ်ကြွလာခြင်း ရဲ့ သက်သေပြချက်လည်းဖြစ်တယ်။ အရှေ့အရပ်ကလျှပ်ပြက်ခြင်းက စစ်မှန်တဲ့လမ်းဖြစ်တယ်။

ကျော့ကွင်းကို ထိုးဖောက်ကျော်လွန်ခြင်း ၏ ရုပ်ရှင် ဇာတ်ညွှန်း မှ

အောက်ခြေမှတ်စု(များ)-

က။ မူရင်းစာသားမှာ “အနေနှင့်” ဖြစ်သည်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

အနန္တတန်ခိုးရှင် ဘုရားသခင်သည် ပြန်ကြွလာသည့် သခင်ယေရှုဖြစ်သည်ကို မည်သို့ အမှန်တကယ် သေချာနိုင်ပါ သနည်း။

ဆီလျော်သော သမ္မာကျမ်းချက်များ- “သင်တို့အား ငါပြောစရာ စကားအများ ရှိသော်လည်း၊ သင်တို့သည် ယခုမခံနိုင်ကြ။ သမ္မာတရားနှင့်ပြည့်စုံသော...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။