သခင်ယေရှုသည် သနားကရုဏာနှင့်ပြည့်ဝပြီး ချစ်ခင်သော ဘုရားသခင်ဖြစ်သည်။ သခင်ယေရှု၏ အမည်နာမကို ကျွန်ုပ်တို့ ထိန်းသိမ်းပြီး သူ၏ လမ်းခရီးကို စောင့်ထိန်းသရွေ့၊ သူ ပြန်ကြွလာသည့်အခါ၊ ကျွန်ုပ်တို့ကို စွန့်ပစ်လိမ့်မည်မဟုတ်ဘဲ၊ ကောင်းကင်နိုင်ငံတော်ထဲသို့ ကျွန်ုပ်တို့ကို တိုက်ရိုက်ချီဆောင် လိမ့်မည်ဟု ကျွန်ုပ်တို့ ယုံကြည်ကြသည်။ ထိုသို့သော ယုံကြည်မှု က မမှန်ကန်ပါသလော။

07.01.2020

ဆီလျော်သော သမ္မာကျမ်းချက်များ-

“အကြောင်းမူကား၊ ငါသည်သန့်ရှင်းတော်မူသောကြောင့်၊ သင်တို့သည်လည်း သန့်ရှင်းခြင်းရှိကြလော့ ဟု ကျမ်းစာလာသတည်း။” (ရှင်ပေတရုသြဝါဒစာပဌမစောင် ၁:၁၆)

ယေရှုကလည်း၊ ငါအမှန်အကန်ဆို သည်ကား၊ ဒုစရိုက်ကို ပြုသမျှသောသူတို့သည် ဒုစရိုက်ကျွန်ဖြစ်၏။ ကျွန်သည်ကား အိမ်၌ အစဉ်အမြဲနေသည်မဟုတ်။ သားမူကား အစဉ်အမြဲနေ၏။” (ရှင်ယောဟန်ခရစ်ဝင် ၈:၃၃-၃၅)

“အသက်ပင်နှင့်ဆိုင်၍၊ မြို့တံခါးအတွင်းသို့ ဝင်အံ့သော ငှါ ပညတ်တော်တို့ကို ကျင့်သောသူတို့သည် မင်္ဂလာရှိကြ၏။” (ဗျာဒိတ်ကျမ်း ၂၂:၁၄)

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

မည်ကဲ့သို့သော လူမျိုးကို ငါ လိုချင်သည်ကို သင်သိရမည်။ မဖြူစင်သော သူများကို နိုင်ငံတော်အထဲသို့ ဝင်ရောက်ရန် အခွင့်မပြုထားပေ၊ မဖြူစင်သော သူများကို သန့်ရှင်းသောမြေအား အသရေဖျက်စေရန် အခွင့်မပြုထားပေ။ သင်သည် အလွန်များသော အလုပ်ကို လုပ်ဆောင်ပြီးဖြစ်ကာ နှစ်ပေါင်းများစွာ အလုပ်လုပ်ပြီး ဖြစ်ကောင်းဖြစ်နိုင်သော်လည်း၊ အဆုံး၌ သင်သည် မနှစ်မြို့ဖွယ်ရာ ညစ်ညူးနေဆဲ ဖြစ်ပါက၊ သင်သည် ငါ့နိုင်ငံတော်ထဲသို့ ဝင်ရောက်လိုသည်မှာ ကောင်းကင်ဘုံ၏ ဥပဒေသအဖို့ သည်းမခံနိုင်ဖွယ် ဖြစ်ပေလိမ့်မည်။ ကမ္ဘာလောကကို အုတ်မြစ်ချသည့် အချိန်မှသည် ယနေ့အထိ၊ ငါ့ကို မျက်နှာလို မျက်နှာရ ပြုကြသော ထိုသူများအား ငါ့နိုင်ငံတော်ထဲသို့ မည်သည့်အခါမျှ လွယ်ကူစွာ ဝင်ရောက်ခွင့် မပေးဖူးပေ။ ဤသည်မှာ ကောင်းကင်ဘုံဆိုင်ရာ စည်းမျဉ်း ဖြစ်ပြီး၊ မည်သူမျှ ချိုးဖောက်၍မရနိုင်။ သင်သည် အသက်အား ရှာဖွေရမည်။ ယနေ့ခေတ်တွင် ပြီးပြည့် စုံလင်စေခြင်း ခံရမည့် သူများသည် ပေတရုကဲ့သို့သော သူများ ဖြစ်ကြသည်။ ၎င်းတို့သည် မိမိတို့၏ ကိုယ်ပိုင် စိတ်သဘောထားတွင် ပြောင်းလဲမှုများကို ရှာဖွေသောသူများ ဖြစ်ကြပြီး၊ ဘုရားသခင်အား သက်သေခံရန်နှင့် ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါတစ်ဦး အနေဖြင့် ၎င်းတို့၏ တာဝန်ကို ထမ်းဆောင်ရန် လိုလားနေကြသူများ ဖြစ်သည်။ ဤကဲ့သို့သော လူများသာ စုံလင်စေခြင်း ခံရပေလိမ့်မည်။ အကယ်၍ သင်သည် ဆုလာဘ်များကိုသာ မျှော်လင့်ပြီး၊ သင်၏ကိုယ်ပိုင် အသက်စိတ်သဘောထားကို ပြောင်းလဲရန် မကြိုးစားပါက၊ သင်၏ အားထုတ်မှု အားလုံးသည် အချည်းနှီး ဖြစ်သွားလိမ့်မည်၊ ဤသည်မှာ ပြောင်းလဲ၍ မရနိုင်သော သမ္မာတရားတစ်ခု ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အောင်မြင်မှု သို့မဟုတ် ရှုံးနိမ့်မှုသည် လူလျှောက်သော လမ်းကြောင်းအပေါ်တွင် မူတည်သည်

ရွေးနုတ်ခြင်းခံရပြီးစဖြစ်ပြီး မပြောင်းလဲသေးသော၊ သို့မဟုတ် ဘုရားသခင်အားဖြင့် စုံလင်ခြင်းသို့ မရောက်သေးသော သင်တို့ကဲ့သို့ အပြစ်သားတစ်ဦးအနေဖြင့်၊ သင်သည် ဘုရားသခင်၏ စိတ်နှလုံးနှင့် ညီညွတ်နိုင်သလော။ လူဟောင်းအတိုင်း ရှိနေဆဲဖြစ်သည့် သင့်အတွက်၊ သင်သည် ယေရှုအားဖြင့် ကယ်တင်ခံခဲ့ရသည်ဆိုသည်နှင့် ဘုရားသခင်၏ ကယ်တင်ခြင်းကြောင့် သင်သည် အပြစ်သားအဖြစ် ယူဆမခံရသည်မှာ မှန်သော်လည်း၊ ဤအရာက သင်သည် အပြစ်မရှိသကဲ့သို့ မစင်ကြယ်သောသူ မဟုတ်သည်ကို သက်သေမပြပေ။ သင်သည် မပြောင်းလဲသေးပါက၊ မည်ကဲ့သို့ သန့်ရှင်းစင်ကြယ်ခြင်း ရှိနိုင်မည်နည်း။ အတွင်း၌ သင်သည် မစင်ကြယ်ခြင်း၊ အတ္တနှင့် ဆိုးရွားယုတ်မာခြင်းတို့ဖြင့် ပတ်ချာဝိုင်းနေသည့်တိုင်အောင် သင်သည် ယေရှုနှင့်အတူ ဆင်းသက်လိုနေဆဲဖြစ်သည်၊ သင်ထိုမျှ ကံကောင်းသလော။ သင်သည် ဘုရားသခင်၌ သင်၏ယုံကြည်ခြင်းတွင် အဆင့်တစ်ခု ချန်လှပ်မိပြီ ဖြစ်သည်။ သင်သည် ရွေးနုတ်ခြင်း ခံရရုံသာ ရှိသေးသော်လည်း၊ မပြောင်းလဲသေးပေ။ သင့်အတွက် ဘုရားသခင်၏ စိတ်နှလုံးနှင့် ညီညွတ်ရန်မှာ၊ ဘုရားသခင်သည် သင့်ကို ပြောင်းလဲစေခြင်းနှင့် သန့်စင်စေခြင်းအမှုကို ကိုယ်တိုင် လုပ်ရပေမည်။ သင်သည် ရွေးနုတ်ခြင်းသာ ခံရပါက၊ မွန်မြတ်သန့်ရှင်းခြင်းကို ရယူနိုင်စွမ်းရှိမည် မဟုတ်ပေ။ ဤနည်းဖြင့် သင်သည် ပြောင်းလဲခြင်းနှင့် စုံလင်စေခြင်း၏ အဓိကအဆင့်ဖြစ်သော လူကို စီမံခန့်ခွဲသည့် ဘုရားသခင်၏အမှုတွင် အဆင့်တစ်ဆင့်ကို သင်လွတ်သွားခဲ့သည့် အတွက် သင်သည် ဘုရားသခင်၏ ကောင်းမြတ်သော ကောင်းချီးများကို ဝေမျှရန် အရည်အသွေးပြည့်မီလိမ့်မည် မဟုတ်ပေ။ ထို့ကြောင့် ရွေးနုတ်ခံရပြီးစ အပြစ်သားတစ်ဦးဖြစ်သည့် သင်သည် ဘုရားသခင်၏ အမွေဥစ္စာကို တိုက်ရိုက်အမွေဆက်ခံနိုင်စွမ်း မရှိပေ။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အမည်နာမများနှင့် ကိုယ်ပိုင်လက္ခဏာတို့နှင့် ပတ်သက်၍

သူသည် ခေတ်တစ်ခုတစ်လေရှိ အမှုကို ထပ်မလုပ်ပေ။ နောက်ဆုံးသောကာလ ရောက်ရှိပြီး ဖြစ်သည့်အတွက်၊ သူသည် နောက်ဆုံးသော ကာလတွင် သူလုပ်ဆောင်သော အမှုကို လုပ်ဆောင်လိမ့်မည်ဖြစ်ပြီး၊ နောက်ဆုံးသော ကာလတွင် သူ၏ စိတ်သဘောထားဖြစ်သည့် အလုံးစုံသော စိတ်သဘောထားကို ထုတ်ဖော်ပြလိမ့်မည်။ နောက်ဆုံးသော ကာလနှင့်သက်ဆိုင်၍ ပြောဆိုရာတွင်၊ ဤအရာမှာ ယေရှုက သင်တို့သည် ကပ်ဘေးကို ဧကန်မုချ ကြုံရမည်ဖြစ်ပြီး၊ ငလျင်လှုပ်ခြင်း၊ ငတ်မွတ်ခေါင်းပါးခြင်းနှင့် ကပ်ရောဂါတို့ကို ကြုံရလိမ့်မည်ဟု ပြောခဲ့သည့် သီးခြားခေတ် တစ်ခေတ်ကို ရည်ညွှန်းပေသည်၊ ယင်းက ဤသည်မှာ ခေတ်သစ် တစ်ခေတ်ဖြစ်ပြီး၊ အိုဟောင်းသော ကျေးဇူးတော်ခေတ် မဟုတ်တော့သည်ကို ပြသပေလိမ့်မည်။ အကယ်၍ လူများ ပြောသည့်အတိုင်း ဘုရားသခင်သည် မည်သည့်အခါမျှ မပြောင်းလဲ၊ သူ၏ စိတ်သဘောထားသည် အစဉ်အမြဲ သနားကြင်နာမှုနှင့် ချစ်ခြင်း ဖြစ်သည်၊ သူသည် လူသားကို ကိုယ်နှင့်အမျှ ချစ်ပြီး၊ လူတိုင်းကို ကယ်တင်ခြင်း ပေးကာ လူကို မည်သည့်အခါမျှ မမုန်းဟု ဆိုပါက၊ သူ၏အမှုသည် အဆုံးသို့ အစဉ် ရောက်နိုင်မည်လော။ ယေရှု ကြွလာခဲ့ပြီး အပြစ်သားအားလုံးအတွက် မိမိကိုယ်ကိုယ် စွန့်လွှတ်ရင်းနှင့် ယဇ်ပလ္လင်ထက်တွင် မိမိကိုယ်ကိုယ် ပူဇော်ရင်း၊ ကားတိုင်တွင် သံမှိုရိုက်ခံခဲ့ရချိန်တွင်၊ သူသည် ရွေးနုတ်ခြင်း အမှုကို ပြည့်စုံစေနှင့်ခဲ့ပြီးဖြစ်ကာ ကျေးဇူးတော်ခေတ်ကို အဆုံးသတ်စေခဲ့ပြီး ဖြစ်သည်။ သို့ဖြစ်ရာ ထိုခေတ်၏ အမှုကို နောက်ဆုံးသောကာလတွင် ထပ်လုပ်ခြင်း၏ ဆိုလိုချက်မှာ မည်သည့်အရာ ဖြစ်မည်နည်း။ တူညီသောအရာကို လုပ်ဆောင်ခြင်းသည် ယေရှု၏ အမှုကို ငြင်းပယ်ခြင်း ဖြစ်မည် မဟုတ်လော။ ဤအဆင့်တွင် သူ ကြွလာခဲ့ချိန်တွင် ဘုရားသခင်သည် ကားစင်တင်ခံရခြင်းအမှုကို မလုပ်ဆောင်ခဲ့ဘဲ၊ ချစ်ခင်ကာ သနားကြင်နာနေမြဲဖြစ်ပါက၊ သူသည် ခေတ်ကို အဆုံးသတ် နိုင်ပါမည်လော။ ချစ်မြတ်နိုးတတ်ပြီး သနားကြင်နာတတ်သော ဘုရားသခင်သည် ခေတ်ကို အဆုံးသတ် နိုင်ပါမည်လော။ ခေတ်ကို အဆုံးသတ်ခြင်းနှင့်ဆိုင်သည့် သူ၏ နောက်ဆုံး အမှုတွင်၊ ဘုရားသခင်၏ စိတ်သဘောထားသည် လူအားလုံးကို လူသိရှင်ကြား တရားစီရင်ရန်နှင့် သူ့ကို စစ်မှန်ရိုးသားသည့် စိတ်နှလုံးဖြင့် ချစ်သောသူတို့ကို စုံလင်စေရန်အလို့ငှာ မဖြောင့်မတ်သည့် အရာအားလုံးကို သူ ထုတ်ဖော်ပြသည့် ပြစ်တင်ဆုံးမခြင်း၊ တရားစီရင်ခြင်းနှင့်သက်ဆိုင်သည့် စိတ်သဘောထားတစ်ခု ဖြစ်သည်။ ဤသို့သော စိတ်သဘောထားသည်သာလျှင် ခေတ်ကို အဆုံးသတ်စေနိုင်သည်။ နောက်ဆုံးသော ကာလသည် ရောက်ရှိနှင့်ပြီ ဖြစ်သည်။ ဖန်ဆင်းခြင်းထဲက အရာအားလုံးသည် ၎င်းတို့၏ အမျိုးအစားအလိုက် ခွဲခြားခံရလိမ့်မည်ဖြစ်ပြီး၊ ၎င်းတို့၏ သဘာဝအပေါ် အခြေခံ၍ မတူကွဲပြားသော အမျိုးအစားများအဖြစ် ခွဲခြားခံရလိမ့်မည်။ ဤသည်မှာ ဘုရားသခင်က လူသားမျိုးနွယ်၏ အဆုံးသတ်နှင့် ၎င်းတို့၏ ပန်းတိုင်ကို ထုတ်ဖော်ပြသည့် အချိန် အခိုက်အတန့် ဖြစ်သည်။ အကယ်၍ လူတို့သည် ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းကို မကြုံကြရပါက၊ ၎င်းတို့၏ မနာခံမှုနှင့် မဖြောင့်မတ်မှုကို ဖော်ထုတ်ခြင်း နည်းလမ်းရှိလိမ့်မည် မဟုတ်ပေ။ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းမှတစ်ဆင့်သာ ဖန်ဆင်းခြင်း အားလုံး၏ အဆုံးသတ်သည် ထုတ်ဖော်ပြ ခံရနိုင်ပေသည်။ လူသည် ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်း ခံရသော အခါမှသာ သူ၏စရိုက်အမှန်ကို ပြသသည်။ မကောင်းမှု ပြုသူများကို မကောင်းသောသူများနှင့်အတူ၊ ကောင်းသောသူများကို ကောင်းသောသူများနှင့်အတူ ထားရှိလိမ့်မည်ဖြစ်ပြီး၊ လူသားမျိုးနွယ် အားလုံးသည် ၎င်းတို့၏ အမျိုးအစားအလိုက် ခွဲခြားခံရကြလိမ့်မည်။ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းမှတစ်ဆင့်၊ မကောင်းသော သူများသည် အပြစ်ဒဏ်ပေးခံရပြီး ကောင်းသောသူများသည် ဆုလာဘ်များရရှိကာ လူအားလုံးတို့သည် ဘုရားသခင်၏ အုပ်စိုးခြင်းကို ခံကြရဖို့အလို့ငှာ၊ ဖန်ဆင်းခြင်း အားလုံး၏ အဆုံးသတ်သည် ထုတ်ဖော်ပြခံရလိမ့်မည်။ ဤအမှုအားလုံးကို ဖြောင့်မတ်သော ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းမှတစ်ဆင့် ရရှိရပေမည်။ လူသား၏ ဖောက်ပြန်ပျက်စီးခြင်းသည် အမြင့်ဆုံးသို့ ရောက်ရှိပြီးဖြစ်ကာ သူ၏ မနာခံခြင်းသည် အလွန့်အလွန် ပြင်းထန်လာသောကြောင့်၊ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ အဓိကအားဖြင့် ပေါင်းစပ်ထားပြီး၊ နောက်ဆုံးသောကာလအတွင်းတွင် ထုတ်ဖော်ပြခံရသည့် ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားသည်သာ လူကို အပြည့်အဝ ပြောင်းလဲနိုင်ပြီး ပြည့်စုံစေနိုင်ပေသည်။ ဤစိတ်သဘောထားသည်သာ မကောင်းမှုကို ဖော်ထုတ်နိုင်ပြီး၊ ထိုသို့ဖြင့် မဖြောင့်မတ်သောသူအားလုံးကို ပြင်းထန်စွာ အပြစ်ပေးနိုင်သည်။ ထို့ကြောင့် ဤသို့သော စိတ်သဘောထားတစ်ခုသည် ခေတ်၏အရေးပါမှုနှင့် ပြည့်ဝပြီး၊ သူ့စိတ်သဘောထား၏ ထုတ်ဖော်ချက်နှင့် ဖော်ပြချက်သည် ခေတ်သစ် အသီးသီး၏ အမှုအတွက် ပေါ်လွင်ထင်ရှားလေသည်။ ယင်းမှာ ဘုရားသခင်သည် သူ၏စိတ်သဘောထားကို ထင်ရာမြင်ရာနှင့် အရေးပါမှုမရှိဘဲ ထုတ်ဖော်ပြသည် မဟုတ်ပေ။ အကယ်၍ နောက်ဆုံးသောကာလအတွင်း လူ၏အဆုံးသတ်ကို ထုတ်ဖော်ပြရာတွင် ဘုရားသခင်သည် လူသားကို ဖြောင့်မတ်သော တရားစီရင်မှု မခံရစေဘဲ၊ ယင်းထက် သည်းခံခြင်း၊ စိတ်ရှည်ခြင်းနှင့် ခွင့်လွှတ်ခြင်းတို့ကို သူ့အားပြသရင်းနှင့် ဖြောင့်မတ်သော တရားစီရင်မှု တစ်စက်မျှမရှိဘဲ သူ၏အပြစ်များ မည်မျှကြီးမားသည်ဖြစ်စေ လူသားကို အပြစ်လွှတ်ပေးရင်း၊ လူသားအပေါ် အဆုံးမဲ့ ကရုဏာနှင့် ချစ်ခြင်းမေတ္တာတို့ကို ချပေးသနားဆဲဖြစ်ပြီး သူ့အပေါ် ဆက်လက် ချစ်ခင်ပါက၊ ဘုရားသခင်၏ စီမံခန့်ခွဲမှုအားလုံးသည် မည်သည့်အချိန်တွင် အဆုံးသတ်ခြင်းသို့ ရောက်လိမ့်မည်နည်း။ ဤသို့သော စိတ်သဘောထားသည် လူတို့ကို လူသားမျိုးနွယ်၏ သင့်လျော်သော ပန်းတိုင်ထဲသို့ မည်သည့်အချိန်တွင်မှ ဦးဆောင်မည်နည်း။ ဥပမာအားဖြင့် အစဉ်အမြဲ ချစ်ခင်တတ်သော တရားသူကြီး၊ ကြင်နာသော မျက်နှာနှင့် နူးညံ့သော နှလုံးသားရှိသည့် တရားသူကြီးတစ်ဦးကို ကြည့်လော့။ သူသည် လူတို့ကို ၎င်းတို့ ကျူးလွန်ခဲ့သော ပြစ်မှုများ မည်သို့ပင်ရှိသည်ဖြစ်စေ ချစ်ပြီး ၎င်းတို့ မည်သူဖြစ်စေကာမူ သူသည် ၎င်းတို့ကို ချစ်ခင်ပြီး သည်းခံ‌လေသည်။ ထိုသို့ဆိုပါက၊ သူသည် မျှတသော တရားစီရင်ချက်ကို မည်သည့်အခါတွင်မှ ချမှတ်နိုင်မည်နည်း။ နောက်ဆုံးသောကာလအတွင်းတွင် ဖြောင့်မတ်သော တရားစီရင်မှု သည်သာ လူသားကို ၎င်းတို့၏ အမျိုးအစားအလိုက် ခွဲခြားနိုင်ပြီး၊ လူကို နယ်ပယ်သစ်သို့ ဆောင်ယူနိုင်ပေသည်။ ဤနည်းဖြင့် ခေတ်တစ်ခုလုံးသည် ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့နှင့်သက်ဆိုင်သည့် ဖြောင့်မတ်သော စိတ်သဘောထားမှတစ်ဆင့် အဆုံးသို့ ရောက်ရှိပေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင့်အမှုတော်၏ ရူပါရုံ (၃)

သူ၏ အနှစ်ခြောက်ထောင် စီမံခန့်ခွဲမှု အစီအစဉ် အဆုံးမသတ်မီ- လူ အတန်းအစား အသီးသီး၏ အဆုံးသတ်ကို သူ ထုတ်ဖော်မပြမီတွင်- ကမ္ဘာပေါ်ရှိ ဘုရားသခင်၏အမှုသည် ကယ်တင်ခြင်းအတွက် ဖြစ်လိမ့်မည်။ ယင်း၏ ရည်ရွယ်ချက်မှာ သူ့ကိုချစ်သော သူများကို စုံလင်စေရန်- လုံးလုံးလျားလျား ထိုသို့ဖြစ်စေရန်- သက်သက် ဖြစ်ပြီး၊ သူ၏အုပ်စိုးမှုအောက် ကျိုးနွံနာခံခြင်းအဖြစ်သို့ ဆောင်ကြဉ်းရန် ဖြစ်သည်။ ဘုရားသခင်က လူတို့ကို မည်သို့ ကယ်တင်သည်ဖြစ်စေ၊ ယင်းကို ၎င်းတို့အား ၎င်းတို့၏ အိုဟောင်းသော ဆိုးယုတ်သည့် သဘောသဘာဝမှ လွတ်မြောက်စေခြင်းအားဖြင့်သာ လုပ်ဆောင်ခြင်း ဖြစ်သည်။ ဆိုလိုသည်မှာ ၎င်းတို့အား အသက်ကို ရှာဖွေစေခြင်းဖြင့် သူက ၎င်းတို့ကို ကယ်တင်ခြင်း ဖြစ်သည်။ အကယ်၍ ၎င်းတို့သည် ထိုသို့ မလုပ်ဆောင်ကြပါက၊ ဘုရားသခင်၏ ကယ်တင်ခြင်းကို လက်ခံနိုင်ကြလိမ့်မည် မဟုတ်ပေ။ ကယ်တင်ခြင်းသည် ဘုရားသခင်ကိုယ်တော်တိုင်၏ အမှုဖြစ်ပြီး၊ အသက်ကို ရှာဖွေခြင်းသည် ကယ်တင်ခြင်းကို လက်ခံရန်အလို့ငှာ လူသားက ဆောင်ရွက်ရမည့် အရာတစ်ခု ဖြစ်သည်။ လူ၏အမြင်တွင်၊ ကယ်တင်ခြင်းသည် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာ ဖြစ်ပြီး ဘုရားသခင်၏ ချစ်ခြင်းမေတ္တာသည် ပြစ်တင်ဆုံးမခြင်း၊ တရားစီရင်ခြင်းနှင့် ကျိန်ဆိုခြင်းတို့ မဖြစ်နိုင်ပေ။ ကယ်တင်ခြင်းသည် ချစ်ခြင်းမေတ္တာ၊ သနားကရုဏာ၊ ထို့အပြင် စိတ်သက်သာမှုပေးသည့် နှုတ်ကပတ်တော်များအပြင် ဘုရားသခင် အပ်နှင်းသည့် အကန့်အသတ်မဲ့ ကောင်းချီးမင်္ဂလာများ ပါဝင်ရမည် ဖြစ်သည်။ ဘုရားသခင်က လူကို ကယ်တင်သည့်အခါတွင် ၎င်းတို့အနေဖြင့် မိမိတို့၏ စိတ်နှလုံးများကို ဘုရားသခင်အား ပေးနိုင်ကြဖို့အလို့ငှာ၊ ၎င်းတို့ကို ကောင်းချီးမင်္ဂလာများနှင့် ကျေးဇူးတော်တို့ဖြင့် တို့ထိခြင်းအားဖြင့် ထိုသို့လုပ်ဆောင်သည်ဟု လူတို့က ယုံကြည်ကြသည်။ ယင်းမှာ လူအား သူ၏တို့ထိခြင်းသည် ၎င်းတို့အား သူ၏ ကယ်တင်ခြင်း ဖြစ်သည်ဟု ဆိုရပေမည်။ ဤကယ်တင်ခြင်းမျိုးကို အပေးအယူ ပြုလုပ်ခြင်းအားဖြင့် လုပ်ဆောင်ထားခြင်း ဖြစ်သည်။ ဘုရားသခင်က ၎င်းတို့ကို အဆတစ်ရာ ပေးသနားသောအခါမှသာ လူသည် ဘုရားသခင်၏ နာမရှေ့မှောက်သို့ ကျိုးနွံနာခံလာလိမ့်မည်ဖြစ်ပြီး သူ့အတွက် ကောင်းစွာကြိုးပမ်း လုပ်ဆောင်ကာ သူ့ထံ ဘုန်းအသရေ ဆောင်ကြဉ်းမည် ဖြစ်သည်။ ဤသည်မှာ လူသားမျိုးနွယ်အတွက် ဘုရားသခင် ရည်ရွယ်သည့်အရာ မဟုတ်ပေ။ ဘုရားသည် ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်ကို ကယ်တင်ဖို့အလို့ငှာ ကမ္ဘာမြေပေါ်သို့ အမှုပြုရန်ကြွလာပြီဖြစ်သည်။ ဤအရာတွင် မုသားမပါပေ။ မုသား ပါရှိခဲ့ပါက၊ သူသည် သူ၏အမှုကို ပြုရန် ကိုယ်တိုင် သေချာပေါက် ကြွလာမည် မဟုတ်ပေ။ အတိတ်တွင် သူ၏ ကယ်တင်ခြင်းနည်းလမ်းတွင် အဆုံးစွန်သော ချစ်ခြင်းမေတ္တာနှင့် သနားကရုဏာကို ပြသခြင်း ပါဝင်ခဲ့သည်မှာ သူသည် လူသားမျိုးနွယ် တစ်ရပ်လုံးအတွက် အလဲအလှယ်အနေဖြင့် သူ၏ အရာအားလုံးကို စာတန်အား ပေးအပ်ခဲ့သည်အထိ ဖြစ်သည်။ လက်ရှိသည် အတိတ်နှင့် မည်သို့မျှ မတူပေ။ ယနေ့ သင်တို့အပေါ် အပ်နှင်းသော ကယ်တင်ခြင်းသည် အသီးသီးကို အမျိုးအစားအလိုက် ခွဲခြားခြင်း အတောအတွင်းဖြစ်သည့် နောက်ဆုံးသောကာလနှင့်ဆိုင်သည့် အချိန်ကာလတွင် ဖြစ်ပေါ်ပေသည်။ သင်တို့၏ ကယ်တင်ခြင်း နည်းလမ်းမှာ ချစ်ခြင်းမေတ္တာ၊ သို့မဟုတ် သနားခြင်းကရုဏာ မဟုတ်ဘဲ၊ လူသားအနေဖြင့် ပို၍စေ့စေ့စပ်စပ် ကယ်တင်ခံရနိုင်စေရန်အလို့ငှာ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သင်တို့သည် အဆင့်အတန်းနှင့်ဆိုင်သော ကောင်းချီးမင်္ဂလာများကို ဘေးဖယ်ပြီး လူသားထံ ကယ်တင်ခြင်းကို ဆောင်ကြဉ်းဖို့ ဘုရားသခင်၏ အလိုကို နားလည်သင့်၏

နောက်ဆုံးသောကာလတွင် ခရစ်တော်သည် လူသားကို သွန်သင်ရန်၊ လူသား၏အနှစ်သာရကို ဖော်ထုတ်ရန်နှင့် လူသား၏ အပြုအမူများနှင့် စကားလုံးများကို စိတ်ဖြာလေ့လာရန် အမျိုးမျိုးသော သမ္မာတရားများကို အသုံးပြု၏။ ဤနှုတ်ကပတ်တော်များသည် လူသား၏တာဝန်၊ လူသားသည် ဘုရားသခင်ကို မည်သို့နာခံသင့်ပုံ၊ လူသားသည် ဘုရားသခင်ကို မည်သို့သစ္စာရှိသင့်ပုံ၊ လူသားသည် သာမန်လူ့သဘာဝကို မည်သို့ အသက်ရှင်နေထိုင်သင့်ပုံအပြင်၊ ဘုရားသခင်၏ ဉာဏ်ပညာနှင့် စိတ်သဘောထား စသည်တို့ကဲ့သို့သော အမျိုးမျိုးသော သမ္မာတရားများ ပါဝင်သည်။ ဤနှုတ်ကပတ်တော်များ အားလုံးသည် လူသား၏အနှစ်သာရနှင့် သူ၏ဖောက်ပြန်ပျက်စီးနေသော စိတ်သဘောထားတို့ကို ဦးတည်ထား ပေသည်။ အထူးသဖြင့်၊ ဘုရားသခင်ကို လူသားက မည်သို့ ပစ်ပယ်သည်ကို ဖော်ထုတ်ပြသည့် နှုတ်ကပတ်တော်များမှာ လူသားသည် စာတန်၏ပြယုဂ်နှင့် ဘုရားသခင်ကိုဆန့်ကျင်သည့်ရန်သူအင်အား တစ်ခု မည်သို့ဖြစ်သည်နှင့် စပ်လျဉ်း၍ ပြောဆိုထားပေသည်။ သူ၏တရားစီရင်ခြင်းအမှုကို ဆောင်ရွက်ရာတွင်၊ ဘုရားသခင်သည် လူသား၏သဘာဝကို စကားလုံးအနည်းငယ်မျှဖြင့် ရှင်းလင်းရုံမျှ ရှင်းလင်းစေသည် မဟုတ်။ သူသည် ရေရှည်နှင့်ပတ်သက်၍ ဖော်ထုတ်သည်၊ ကိုင်တွယ်ဖြေရှင်းပြီး၊ ပြုပြင်လေသည်။ ဤဖော်ထုတ်ခြင်း၊ ကိုင်တွယ်ဖြေရှင်းခြင်းနှင့် ပြုပြင်ပေးခြင်း နည်းလမ်းများကို သာမန်စကားလုံးများဖြင့် အစားထိုး၍မရနိုင်ဘဲ၊ လူသားတွင် လုံးဝကင်းမဲ့နေသော သမ္မာတရားဖြင့် အစားထိုးနိုင်ပေသည်။ ဤသို့သော နည်းလမ်းများကိုသာ တရားစီရင်မှုဟု ခေါ်ဆိုနိုင်သည်။ ဤတရားစီရင်မှုမျိုးမှတစ်ဆင့်သာ လူသားသည် ထိန်းချုပ်ခံရနိုင်ပြီး၊ ဘုရားသခင်ထံ ကျိုးနွံနာခံခြင်းအဖြစ်သို့ လုံးလုံးလျားလျား သိမ်းသွင်းစည်းရုံးခံရနိုင်သည့်အပြင်၊ ဘုရားသခင်နှင့် ပတ်သက်သည့် စစ်မှန်သော အသိပညာကို ရရှိနိုင်ပေသည်။ တရားစီရင်ခြင်းက ဖြစ်ပေါ်စေသည့်အရာမှာ ဘုရားသခင်၏မျက်နှာအစစ်အမှန်နှင့် သူကိုယ်တိုင်၏ ပုန်ကန်မှုနှင့်ပတ်သက်သည့် အမှန်တရားကို လူသားက သိနားလည်ခြင်း ဖြစ်သည်။ တရားစီရင်ခြင်းအမှုသည် ဘုရားသခင်၏ အလို၊ ဘုရားသခင်အမှု၏ ရည်ရွယ်ချက်နှင့် လူသား နားမလည်နိုင်သော နက်နဲမှုများတို့နှင့် ပတ်သက်သည့် များပြားလှသော သိနားလည်မှုကို လူသားအား ရရှိခွင့်ပေးသည်။ ယင်းသည် လူသားကို သူ၏ ဖောက်ပြန်ပျက်စီးသော အနှစ်သာရနှင့် သူ၏ ဖောက်ပြန်ပျက်စီးမှု အရင်းအမြစ်များကို သတိပြုကာ သိရှိခွင့်ပေးသည့်အပြင် လူသား၏ အကျည်းတန်မှုကို သိရခွင့် ပေးလေသည်။ ဤအကျိုးသက်ရောက်မှုအားလုံးတို့ကို တရားစီရင်ခြင်း အမှုက ဖြစ်ပေါ်စေခြင်းဖြစ်သည်၊ အကြောင်းမှာ ဤအမှု၏ အနှစ်သာရသည် ဘုရားသခင်၌ ယုံကြည်ခြင်းရှိသူများ အားလုံးထံသို့ ဘုရားသခင်၏သမ္မာတရား၊ လမ်းခရီးနှင့် အသက်တို့ကို အမှန်တကယ် ဖွင့်ပြပေးသည့် အမှု ဖြစ်သောကြောင့် ဖြစ်သည်။ ဤအမှုသည် ဘုရားသခင် လုပ်ဆောင်သော တရားစီရင်ခြင်းအမှု ဖြစ်၏။ အကယ်၍ သင်သည် ဤသမ္မာတရားများကို အရေးကြီးသကဲ့သို့ မမှတ်ယူပါက၊ ယင်းတို့ကို မည်သို့ ရှောင်ရှားရမည်ကိုသာ သို့မဟုတ် ထိုအရာများ မပါဝင်သည့် အသစ်သော ထွက်ပေါက်တစ်ခုကို မည်သို့ ရှာဖွေရမည်ကိုသာ သင် တွေးတောပါက၊ သင်သည် အလွန်ဆိုးရွားသော အပြစ်သား တစ်ဦးဖြစ်သည်ဟု ငါပြော၏။ သင်သည် ဘုရားသခင်၌ ယုံကြည်မှု ရှိသော်လည်း၊ သမ္မာတရား သို့မဟုတ် ဘုရားသခင်၏ အလိုကို မရှာဖွေသကဲ့သို့၊ သင့်ကို ဘုရားသခင်နှင့် သာ၍ နီးကပ်စေသည့် လမ်းခရီးကိုလည်း မနှစ်သက်ပါက၊ သင်သည် တရားစီရင်မှုကို ရှောင်တိမ်းရန် ကြိုးစားနေသူ တစ်ဦးဖြစ်ပြီး၊ သင်သည် ဖြူသောပလ္လင်ကြီးမှ ထွက်ပြေးနေသော ရုပ်သေးရုပ်တစ်ရုပ်နှင့် သစ္စာဖောက်တစ်ဦး ဖြစ်သည်ဟု ငါပြောသည်။ ဘုရားသခင်သည် သူ၏ မျက်စိအောက်မှ လွှဲရှောင်သော ပုန်ကန်သူ မည်သူ့ကိုမျှ ချမ်းသာပေးလိမ့်မည် မဟုတ်။ ထိုသို့သောလူတို့သည် သာ၍ ပြင်းထန်သော အပြစ်ဒဏ်ကိုပင် ရရှိကြလိမ့်မည်။ တရားစီရင်ခြင်းခံရဖို့ ဘုရားသခင်၏ ရှေ့မှောက်သို့ လာသည့်အပြင် သန့်စင်ခံရပြီးဖြစ်သောသူတို့သည် ဘုရားသခင်၏ နိုင်ငံတော်တွင် အစဉ်အမြဲ အသက်ရှင်ရလိမ့်မည်။ ဤသည်မှာ အနာဂတ်နှင့် သက်ဆိုင်သော အရာတစ်ခု ဖြစ်သည်မှာ မှန်ပေ၏။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ခရစ်တော်သည် တရားစီရင်ခြင်း အမှုကို သမ္မာတရားဖြင့် ဆောင်ရွက်၏

မည်သည့်အရာက တရားစီရင်မှု ဖြစ်ပြီး မည်သည့်အရာက သမ္မာတရား ဖြစ်သည်ကို ယခု သင်နားလည်သလော။ သင်နားလည်ပါက၊ တရားစီရင်ခံရခြင်းအဖြစ်ကို ကျိုးနွံစွာ နာခံဖို့ သင့်ကို ငါ တိုက်တွန်း၏၊ သို့မဟုတ်ပါက သင်သည် ဘုရားသခင်၏ ချီးကျူးခံရမည့် သို့မဟုတ် သူ၏နိုင်ငံတော်ထဲသို့ သူ၏ ခေါ်ဆောင်ခြင်းကို ခံရမည့် အခွင့်အရေးကို မည်သည့်အခါတွင်မျှ ရလိမ့်မည် မဟုတ်ပေ။ တရားစီရင်ခြင်းကိုသာ လက်ခံသော်လည်း၊ မည်သည့်အခါမျှ သန့်စင်မခံရနိုင်သော သူတို့သည်၊ ဆိုလိုသည်မှာ တရားစီရင်ခြင်းအမှု အလယ်၌ ထွက်ပြေးသောသူများသည် ဘုရားသခင်၏ စက်ဆုပ်မှုနှင့် ငြင်းပယ်မှုကို ထာဝရ ခံကြရလိမ့်မည်။ ၎င်းတို့သည် ဘုရားသခင်ကို သစ္စာဖောက်ခဲ့ပြီးဖြစ်ကာ ပုန်ကန်ခဲ့ကြပြီးဖြစ်သည့်အတွက်၊ ၎င်းတို့၏ အပြစ်များသည် ဖာရိရှဲတို့၏ပြစ်များထက် သာလွန်များပြားကာ၊ သာ၍ ဆိုးရွားလေသည်။ အစေခံခြင်းကို လုပ်ဆောင်ရန်ပင် မထိုက်တန်သည့် ထိုသို့သောလူများသည် သာ၍ ပြင်းထန်သော အပြစ်ဒဏ်၊ ထို့အပြင် ထာဝရတည်တံ့သည့် အပြစ်ဒဏ်တစ်ခုကို ရရှိမည်ဖြစ်သည်။ ဘုရားသခင်သည် သူ့ကို တစ်ချိန်က စကားဖြင့် သစ္စာစောင့်သိမှု ပြခဲ့ကြသော်လည်း၊ ထို့နောက် သစ္စာဖောက်သွားသော မည်သည့်သစ္စာဖောက်ကိုမျှ ချမ်းသာပေးလိမ့်မည် မဟုတ်ပေ။ ဤကဲ့သို့သော လူတို့သည် စိတ်၊ ဝိညာဉ်နှင့် ကိုယ်ခန္ဓာတို့၏ အပြစ်ဒဏ်ပေးခြင်းမှတစ်ဆင့် ဒဏ်ခတ်မှုကို ရရှိကြလိမ့်မည်။ ဤသည်မှာ ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်နေသဘောထား၏ တိကျစွာ ဖွင့်ပြခြင်းတစ်ခု ဖြစ်သည် မဟုတ်လော။ ဤသည်မှာ လူသားကို တရားစီရင်ခြင်းနှင့် ထုတ်ဖော်ခြင်းတို့တွင် ဘုရားသခင်၏ ရည်ရွယ်ချက် ဖြစ်သည် မဟုတ်လော။ ဘုရားသခင်သည် တရားစီရင်ရာ အချိန်ကာလအတောအတွင်းတွင် ဆိုးယုတ်သော လုပ်ဆောင်ချက်မျိုးစုံကို ဆောင်ရွက်သူအားလုံးကို ဆိုးယုတ်သော ဝိညာဉ်များ သောင်းကျန်းသည့် နေရာတစ်ခုဆီသို့ လွှဲအပ်ပြီး၊ ဤဆိုးယုတ်သော ဝိညာဉ်များကို ၎င်းတို့၏ အသွေးအသားခန္ဓာအား စိတ်ကြိုက်ဖျက်ဆီးခွင့် ပေးကာ၊ ထိုလူတို့၏ ခန္ဓာကိုယ်များသည် အလောင်းကောင်အပုပ်နံ့ ထုတ်လွှတ်လေသည်။ ယင်းမှာ ၎င်းတို့နှင့် သင့်တော်သော ဒဏ်ခတ်ခြင်း ဖြစ်သည်။ ဘုရားသခင်သည် သစ္စာမရှိသော အယောင်ဆောင်ယုံကြည်သူများ၊ အယောင်ဆောင် တမန်တော်များနှင့် အယောင်ဆောင် အမှုတော်ဆောင်များ အယောက်စီ၏ အပြစ်များ တစ်ခုစီတိုင်းကို ၎င်းတို့၏ မှတ်တမ်းစာအုပ်များထဲတွင် ရေးမှတ်၏။ ထို့နောက် အချိန်ကျသောအခါတွင်၊ ၎င်းတို့အနေဖြင့် မည်သည့်အခါတွင်မျှ လူမဝင်စားနိုင်ဖို့နှင့် မည်သည့်အခါတွင်မျှ အလင်းကို တစ်ဖန် မမြင်နိုင်ကြဖို့အလို့ငှာ၊ သူသည် ညစ်ညမ်းသော ဝိညာဉ်များအား ၎င်းတို့၏ ခန္ဓာတစ်ခုလုံးကို စိတ်ကြိုက် ဖျက်ဆီးရမ်းကားစေခွင့် ပြုလျက်၊ ၎င်းတို့ကို ဤညစ်ညမ်းသော ဝိညာဉ်များအလယ်သို့ ပစ်လိုက်သည်။ ၎င်းတို့သည် ယုတ်မာသူတို့၏ တိုက်တွန်းခြင်းသို့ လိုက်ကြပြီး ၎င်းတို့၏ ဖရိုဖရဲ ဖြစ်နေသော ဝရုန်းသုန်းကား လူအုပ်တွင် ပါဝင်ဖို့အလို့ငှာ၊ အချိန်တစ်ခုကြာ အစေခံခြင်း ပြုကြသော်လည်း၊ အဆုံးတိုင် သစ္စာစောင့်သိနေနိုင်စွမ်း မရှိကြသည့် သူတော်ကောင်းအယောင်ဆောင်များကို ဘုရားသခင်သည် ယုတ်မာသူတို့ အထဲတွင် ထည့်တွက်၏။ နောက်ဆုံးတွင် ဘုရားသခင်သည် ၎င်းတို့ကို အမြစ်ဖြတ် ချေမှုန်းလိမ့်မည်။ ခရစ်တော်ကို မည်သည့်အခါတွင်မျှ သစ္စာမစောင့်သိခဲ့သည့် သို့မဟုတ် မိမိတို့၏ခွန်အားဖြင့် မည်သည့်အခါတွင်မျှ ကူညီပံ့ပိုးခြင်းမရှိသော သူတို့ကို ဘုရားသခင်သည် ဖယ်ထုတ်၍ ဂရုပြုခြင်းမရှိဘဲ၊ ခေတ်အပြောင်းအလဲတွင် ၎င်းတို့အားလုံးကို အမြစ်ဖြတ် ချေမှုန်းလိမ့်မည်။ ၎င်းတို့သည် ဘုရားသခင်၏ နိုင်ငံတော်ထဲသို့ ဝင်ရာလမ်းကိုရရှိရန် မဆိုထားနှင့်၊ ကမ္ဘာမြေပေါ်တွင်ပင် တည်ရှိတော့မည် မဟုတ်ပေ။ ဘုရားသခင်အပေါ် မည်သည့်အခါတွင်မျှ စိတ်ရင်းမမှန်ခဲ့ကြဘဲ၊ သူ့ကို ဝတ်ကျေတမ်းကျေ ဆက်ဆံရန် အခြေအနေဖြင့် တွန်းအားပေးခြင်းခံရသူတို့သည် ဘုရားသခင်၏လူတို့အတွက် အစေခံသောသူတို့အထဲတွင် ထည့်တွက်ခြင်းခံရကြ၏။ ထိုသို့သော လူများထဲမှ အရေအတွက် အနည်းငယ်သာ ရှင်ကျန်ရစ်မည် ဖြစ်သော်လည်း၊ အများစုသည် အစေခံခြင်းကို လုပ်ဆောင်ရန်ပင် အရည်အချင်း မပြည့်မီကြသော သူတို့နှင့်အတူ ပျက်စီးကြရလိမ့်မည်။ နောက်ဆုံးတွင်၊ ဘုရားသခင်နှင့် စိတ်သဘောတူညီသူများ၊ ဘုရားသခင်၏ လူများနှင့်သားများ၊ ပြီးလျှင် ယဇ်ပရောဟိတ်များအဖြစ် ဘုရားသခင်က ကြိုတင်ခွဲခန့် မှတ်သားထားသော သူများအားလုံးကို ဘုရားသခင်သည် သူ၏နိုင်ငံတော်ထဲသို့ ဆောင်ကြဉ်းလိမ့်မည်။ ၎င်းတို့သည် ဘုရားသခင်၏အမှု၏ အကျိုးရလဒ် ဖြစ်လိမ့်မည်။ ဘုရားသခင် ချမှတ်ထားသော အမျိုးအစားတစ်ခုတစ်လေထဲတွင် သတ်မှတ်ခြင်း မခံရနိုင်သောသူများကိုမူ မယုံကြည်သူများအထဲတွင် ထည့်တွက်ခြင်း ခံရလိမ့်မည်- ပြီးလျှင် ၎င်းတို့၏ရလဒ် အဘယ်အရာ ဖြစ်မည်ကို သင်တို့အနေဖြင့် ဧကန်မုချ စိတ်ကူးကြည့်နိုင်သည်။ ငါပြောသင့်သည့် အရာအားလုံးကို သင်တို့အား ငါပြောနှင့်ပြီး ဖြစ်သည်။ သင်တို့ရွေးချယ်သောလမ်းမှာ သင်တို့၏ ရွေးချယ်မှု ချည်းသက်သက်သာ ဖြစ်သည်။ သင်တို့နားလည်သင့်သည့်အရာမှာ ဤသို့ဖြစ်၏- ဘုရားသခင်၏အမှုသည် သူ့ကို မီအောင် မလိုက်နိုင်သောသူ မည်သူမဆိုကို လုံးဝ မစောင့်ဆိုင်းသကဲ့သို့၊ ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားသည် မည်သည့် လူသားကိုမျှ သနားညှာတာမှု မပြပေ။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ခရစ်တော်သည် တရားစီရင်ခြင်း အမှုကို သမ္မာတရားဖြင့် ဆောင်ရွက်၏

နောက်ဆုံးသောကာလ၏ ခရစ်တော်သည် အသက် ယူဆောင်လာပြီး၊ အဓွန့်ရှည်စွာ တည်တံ့ကာ ထာဝရတည်ရှိသော သမ္မာတရား၏ လမ်းခရီးကို ယူဆောင်လာ၏။ ဤသမ္မာတရားသည် လူသားက အသက်ရရှိသည့် လမ်းကြောင်းဖြစ်ပြီး၊ လူသားက ဘုရားသခင်ကို သိမည့် တစ်ခုတည်းသော လမ်းကြောင်းနှင့် ဘုရားသခင်၏ လက်ခံခြင်းခံရမည့် တစ်ခုတည်းသော လမ်းကြောင်းဖြစ်၏။ နောက်ဆုံးသောကာလ၏ ခရစ်တော်ပေးသည့် အသက်၏လမ်းခရီးကို သင်မရှာဖွေပါက၊ သင်သည် သမိုင်း၏ ရုပ်သေးရုပ်ရော အကျဉ်းသားပါ ဖြစ်သည့်အတွက်၊ ယေရှု၏ လက်ခံမှုကို မည်သည့်အခါမျှ သင် ရရှိမည်မဟုတ်သကဲ့သို့၊ ကောင်းကင်နိုင်ငံတော်၏ တံခါးကိုဝင်ရန် မည်သည့်အခါမျှ အရည်အချင်းမီမည် မဟုတ်ပေ။ စည်းမျဉ်းစည်းကမ်းများ၊ ကျမ်းဟောင်းတရားများ၏ ထိန်းချုပ်မှုခံရပြီး၊ သမိုင်း၏ ချုပ်နှောင်မှုခံရသူများသည် မည်သည့်အခါတွင်မျှ အသက်ကို ရရှိနိုင်လိမ့်မည် မဟုတ်သကဲ့သို့၊ အသက်၏ ထာဝရလမ်းခရီးကို ရရှိနိုင်မည် မဟုတ်ပေ။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် ထိုသူတို့အားလုံးသည် ပလ္လင်မှ စီးဆင်းသည့် အသက်ရေ ဖြစ်မည့်အစား နှစ်ပေါင်းထောင်ပေါင်းများစွာ တစ်နေရာတည်းတွင် ရှိနေသော နောက်ကျိသည့် ရေများ ဖြစ်ကြသောကြောင့် ဖြစ်၏။ အသက်ရေဖြင့် ထောက်ပံ့မှု မခံရသောသူတို့သည် လူသေကောင်များ၊ စာတန်၏ ကစားစရာများနှင့် ငရဲ၏သားများအဖြစ် ထာဝရရှိနေကြလိမ့်မည်။ သို့ဖြစ်ပါက ၎င်းတို့သည် ဘုရားသခင်ကို မည်သို့ ရှုမြင်နိုင်မည်နည်း။ သင်သည် အတိတ်ကို ဖက်တွယ်ရန်သာ ကြိုးစားပါက၊ တည်ငြိမ်စွာ ရပ်နေခြင်းဖြင့် အမှုအရာများကို ၎င်းတို့ရှိနေသည့်အတိုင်း ထိန်းသိမ်းရန်သာ ကြိုးစားပြီး၊ ပိုနေမြဲ ကျားနေ‌မြဲ အခြေအနေကို ပြောင်းလဲရန်နှင့် သမိုင်းကို စွန့်ပစ်ရန် မကြိုးစားပါက၊ သင်သည် ဘုရားသခင်ကို အမြဲဆန့်ကျင်နေမည် မဟုတ်လော။ ဘုရားသခင် အမှု၏ အဆင့်များသည်- တလိပ်လိပ်တက်နေသော လှိုင်းတံပိုးများနှင့် မြည်ဟည်းနေသော မိုးချုန်းသံကဲ့သို့- ကြီးမားကျယ်ပြန့်ကာ တန်ခိုးကြီးသော်လည်း၊ သင်သည် ပျက်စီးခြင်းကို မလှုပ်မယှက် စောင့်ဆိုင်းရင်း၊ သင်၏မိုက်မဲမှုကို ဖက်တွယ်ရင်းနှင့် မည်သည့်အရာမျှ မလုပ်ဆောင်ဘဲနေရင်း ထိုင်နေသည်။ ဤနည်းဖြင့်၊ သိုးသငယ်၏ ခြေလှမ်းနောက် လိုက်သူတစ်ဦးအဖြစ် သင့်ကို မည်သို့ယူဆ၍ရနိုင်မည်နည်း။ သင် ဖက်တွယ်ထားသော ဘုရားသခင်သည် အစဉ်အသစ်ဖြစ်ကာ၊ မည်သည့်အခါမျှ အိုဟောင်းခြင်းမရှိသည့် ဘုရားသခင်အဖြစ် သင် မည်သို့ မှန်ကန်ကြောင်းပြနိုင်မည်နည်း။ သင်၏ အဝါရောင် သန်းနေသော စာအုပ်များ၏ စကားလုံးများသည် သင့်ကို ခေတ်သစ်တစ်လျှောက် မည်သို့ သယ်ဆောင်သွားနိုင်မည်နည်း။ ဘုရားသခင့်အမှု၏ အဆင့်များကို ရှာဖွေရန် ယင်းတို့သည် သင့်ကို မည်သို့ဦးဆောင်နိုင်မည်နည်း။ ပြီးလျှင် ၎င်းတို့သည် သင့်ကို ကောင်းကင်သို့ မည်သို့ခေါ်ဆောင်သွားနိုင်မည်နည်း။ သင်၏ လက်ထဲတွင် သင်ကိုင်စွဲသည့်အရာမှာ သင့်ကို ယာယီဖြေသိမ့်မှုသာ ပေးနိုင်သည့် ကျမ်းဟောင်းတရားများသာဖြစ်သည်၊ အသက် ပေးနိုင်စွမ်းရှိသည့် သမ္မာတရားများ မဟုတ်ပေ။ သင်ဖတ်သည့် သမ္မာကျမ်းများမှာ သင်၏နှုတ်ကိုသာ ကြွယ်ဝစေနိုင်ပြီး၊ သင့်ကို စုံလင်စေခြင်းဆီသို့ ဦးဆောင်လမ်းပြပေးနိုင်သော လမ်းကြောင်းများဖြစ်ဖို့ မဆိုထားနှင့်၊ လူ့အသက်တာကို သိရှိရန် သင့်ကို ကူညီနိုင်သည့် ဉာဏ်ပညာနှင့်ဆိုင်သော စကားများပင် မဟုတ်ပေ။ ဤကွာဟချက်သည် သင့်ကို ပြန်လည်သုံးသပ်ရန် အကြောင်းတရား မပေးပါသလော။ ယင်းသည် အတွင်းတွင် ပါရှိသည့် နက်နဲမှုများကို သင့်အား နားလည်စေပါသလော။ သင်သည် ဘုရားသခင်ကို သင့်ဘာသာ တွေ့ဆုံရန် မိမိကိုယ်ကိုယ် ကောင်းကင်ဘုံသို့ ပို့ဆောင်နိုင်သလော။ ဘုရားသခင်၏ ကြွလာခြင်းမရှိဘဲနှင့်၊ သင်သည် ဘုရားသခင်နှင့် မိသားစုပျော်ရွှင်မှုကို မွေ့လျော်ခံစားရန် သင့်ကိုယ်သင် ကောင်းကင်ဘုံထဲသို့ ခေါ်ဆောင်သွားနိုင်သလော။ သင်သည် ယခု စိတ်ကူးယဉ် နေသေးသလော။ သို့ဆိုပါက စိတ်ကူးယဉ်ခြင်းကို ရပ်တန့်ပြီး၊ ယခု မည်သူအမှုပြုနေသည်ကို ကြည့်ရန်- နောက်ဆုံးသောကာလတွင် လူသားကို ကယ်တင်ခြင်းအမှုအား ယခု မည်သူ ဆောင်ရွက်နေသည်ကို မြင်ရန် ကြည့်ဖို့- ငါအကြံပြု၏။ သင် ထိုသို့မလုပ်ဆောင်ပါက၊ သမ္မာတရားကို မည်သည့်အခါတွင်မျှ သင် ရရှိလိမ့်မည်မဟုတ်သကဲ့သို့၊ အသက်ကို မည်သည့်အခါတွင်မျှ ရရှိလိမ့်မည် မဟုတ်ပေ။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နောက်ဆုံးသော ကာလ၏ ခရစ်တော်သည်သာ လူသားအား ထာဝရအသက်၏ လမ်းခရီးကို ပေးနိုင်သည်

လူ့ဇာတိခံ ဘုရားသခင်ကို မယုံကြည်သောသူ မည်သူမဆိုသည်- ဆိုလိုသည်မှာ မြင်တွေ့နိုင်သော ဘုရားသခင် သို့မဟုတ် သူ၏အမှုနှင့် နှုတ်ကပတ်တော်တို့ကို မယုံကြည်သကဲ့သို့၊ ယင်းအစား ကောင်းကင်ဘုံရှိ မမြင်နိုင်သော ဘုရားသခင်ကို ကိုးကွယ်သူ မည်သူမဆိုသည်- ၎င်းတို့၏စိတ်နှလုံးတွင် ဘုရားသခင် မရှိသည့် လူတစ်ဦး ဖြစ်သည်။ ထိုသို့သော လူများသည် ဘုရားသခင်ကို ပုန်ကန်ပြီး ခုခံတတ်ကြသည်။ ၎င်းတို့သည် သမ္မာတရားကို ထည့်မတွက်နှင့်ဦး၊ လူ့သဘာဝနှင့် ဆင်ခြင်တုံတရားတို့ ချို့တဲ့ကြသည်။ ထို့အပြင် ဤလူများအတွက်၊ မြင်တွေ့နိုင်ပြီး လက်ဆုပ်လက်ကိုင် ပြ၍ရသည့် ဘုရားသခင်ကို အခြားအရာများထက် ပို၍ပင် ယုံကြည်၍ မရနိုင်သော်လည်း၊ မမြင်တွေ့နိုင်သကဲ့သို့ လက်ဆုပ်လက်ကိုင် ပြ၍မရသည့် ဘုရားသခင်ကို အယုံကြည်ရဆုံးနှင့် ဝမ်းမြောက်ဝမ်းသာ အဖြစ်စေဆုံး ဖြစ်သည်ဟု ၎င်းတို့ ယူဆကြလေသည်။ ၎င်းတို့ ရှာဖွေသည်မှာ ဘုရားသခင်၏ အလို ဖြစ်ဖို့မဆိုထားနှင့်၊ တကယ့် အမှန်တရား မဟုတ်သကဲ့သို့ အသက်၏ မှန်ကန်သော အနှစ်သာရလည်း မဟုတ်ပေ။ ယင်းထက် ၎င်းတို့သည် စိတ်လှုပ်ရှားမှုကို ရှာဖွေကြသည်။ ၎င်းတို့၏ ကိုယ်ပိုင် ဆန္ဒများကို ဖြည့်ဆည်း အပေးနိုင်ဆုံးသော မည်သည့် အရာများမဆိုသည် ယုံမှားဖွယ်ရာမလိုဘဲ၊ ၎င်းတို့ ယုံကြည်သည့်အရာနှင့် ၎င်းတို့ လိုက်စားသည့်အရာ ဖြစ်သည်။ ၎င်းတို့သည် ၎င်းတို့၏ ကိုယ်ပိုင် ဆန္ဒများကို ဖြည့်ဆည်းရန်အလို့ငှာ ဘုရားသခင်ကို ယုံကြည်ခြင်းသာ ဖြစ်ပြီး သမ္မာတရားကို ရှာဖွေရန် မဟုတ်ပေ။ ထိုသို့သော လူများသည် မကောင်းမှုပြုသူများ မဟုတ်ပါလော။ ၎င်းတို့သည် မိမိတို့ကိုယ်ကိုယ် အလွန်အမင်း ယုံကြည်စိတ်ချကြပြီး ကောင်းကင်ဘုံရှိ ဘုရားသခင်သည် ၎င်းတို့ကိုယ်တိုင်ကဲ့သို့သော အလွန် “ကောင်းမွန်သည့် လူများ” ကို ဖျက်ဆီးလိမ့်မည်ဟု လုံးဝ မယုံကြည်ကြပေ။ ယင်းအစား ၎င်းတို့သည် ဘုရားသခင်က ၎င်းတို့ကို ကျန်ရှိရန် ခွင့်ပြုမည်ဖြစ်သည့်အပြင်၊ ဘုရားသခင်အတွက် အမှုအရာများစွာကို လုပ်ဆောင်ပြီးဖြစ်သကဲ့သို့ သူ့အပေါ် အတော်အတန် “သစ္စာစောင့်သိမှု” ကို ပြသခဲ့ခြင်းတို့အတွက် ၎င်းတို့ကို ရက်ရက်ရောရော ဆုလာဘ် ပေးသနားမည်ဟု ယုံကြည်ကြလေသည်။ အကယ်၍သာ ၎င်းတို့သည် မြင်တွေ့နိုင်သော ဘုရားသခင်ကိုလည်း လိုက်စားခဲ့ကြမည်ဆိုပါက၊ ၎င်းတို့၏ ဆန္ဒများ ပြည့်မီသည်နှင့်တစ်ပြိုင်နက်၊ ချက်ချင်း ဘုရားသခင်ကို ပြန်လည် တိုက်ခိုက်ကြလိမ့်မည် သို့မဟုတ် ယမ်းပုံမီးကျ ဖြစ်ကြလိမ့်မည်ဖြစ်သည်။ ၎င်းတို့သည် မိမိတို့ ကိုယ်တိုင်၏ အလိုဆန္ဒများကို ဖြည့်ဆည်းရန်သာ အမြဲကြိုးပမ်းကြသည့် စက်ဆုပ်ဖွယ်ကောင်းသော လူများအဖြစ် မိမိတို့ကိုယ်ကိုယ် ပြသကြလေသည်။ ၎င်းတို့သည် သမ္မာတရားကို လိုက်စားရာတွင် ဂုဏ်သိက္ခာရှိသောသူများ မဟုတ်ကြပေ။ ထိုသို့သောလူများသည် ခရစ်တော်နောက်ကို လိုက်သည့် ဆိုးယုတ်သော လူများဟု ခေါ်ဆိုသည့်လူများ ဖြစ်သည်။ သမ္မာတရားကို မရှာဖွေသောသူတို့သည် သမ္မာတရားကို ယုံကြည်ဖို့ မဖြစ်နိုင်သကဲ့သို့၊ မြင်တွေ့နိုင်သော ဘုရားသခင်၏ မည်သည့် အမှု သို့မဟုတ် နှုတ်ကပတ်တော်များကိုမျှ မယုံကြည်ကြသည့်အတွက်၊ ၎င်းတို့သည် လူသားမျိုးနွယ်၏ အနာဂတ် ရလဒ်ကို သာ၍ပင် မသိမြင်နိုင်ကြပေ- ပြီးလျှင် ဤသည်မှာ လူသားမျိုးနွယ်၏ အနာဂတ် ခရီးပန်းတိုင်ကို မယုံကြည်နိုင်ခြင်း ပါဝင်ပေသည်။ ထို့ကြောင့် ၎င်းတို့သည် မြင်တွေ့နိုင်သော ဘုရားသခင်နောက် လိုက်ကြလျှင်ပင်၊ မကောင်းမှုကို ကျူးလွန်ကြဆဲ ဖြစ်ပြီး သမ္မာတရားကို လုံးဝ မရှာဖွေကြသကဲ့သို့၊ ငါ တောင်းဆိုသော သမ္မာတရားကိုလည်း လက်တွေ့မလုပ်ဆောင်ကြပေ။ ၎င်းတို့ ဖျက်ဆီးခံရလိမ့်မည်ကို မယုံကြည်သော ထိုလူတို့သည် ဆန့်ကျင်ဖက်အားဖြင့် တကယ့်ကို ဖျက်ဆီးခြင်းခံရမည့် သူများ ဖြစ်သည်။ ၎င်းတို့အားလုံးသည် သူတို့ကိုယ်သူတို့ အလွန် လိမ္မာပါးနပ်သူများဟု ယုံကြည်ကြပြီး ၎င်းတို့သည် သူတို့ကိုယ်သူတို့ သမ္မာတရားကို လက်တွေ့လုပ်ဆောင်သူများဟု ယုံကြည်ကြသည်။ ၎င်းတို့သည် ၎င်းတို့၏ မကောင်းသော လုပ်ရပ်များကို သမ္မာတရားအဖြစ် ယူဆကြသောကြောင့်၊ ယင်းကို မြတ်နိုးတန်ဖိုး ထားကြသည်။ ထိုသို့သော ဆိုးယုတ်သည့် လူများသည် မိမိကိုယ်ကိုယ် အလွန် ယုံကြည်စိတ်ချကြသည်။ ၎င်းတို့သည် သမ္မာတရားကို အယူဝါဒအဖြစ် မှတ်ယူကြပြီး၊ ၎င်းတို့၏ မကောင်းမှုလုပ်ရပ်များကို သမ္မာတရားအဖြစ် မှတ်ယူကြသော်လည်း၊ နောက်ဆုံးတွင် ၎င်းတို့စိုက်ပျိုးသည့်အရာကိုသာ ၎င်းတို့ ရိတ်သိမ်းနိုင်ကြပေသည်။ လူများသည် မိမိကိုယ်ကိုယ် ပို၍ယုံကြည်စိတ်ချပြီး သာ၍ မာန်မာန ထောင်လွှားလေလေ၊ သမ္မာတရားကို ၎င်းတို့ ပို၍ မရရှိနိုင်လေဖြစ်သည်။ ကောင်းကင်ဘုံရှိ ဘုရားသခင်ကို လူတို့အနေဖြင့် ပိုမိုယုံကြည်လေ၊ ဘုရားသခင်ကို ၎င်းတို့ ပို၍ ခုခံကြလေ ဖြစ်သည်။ ဤလူများသည် အပြစ်ပေးခံရမည့်သူများ ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်နှင့် လူသားသည် ငြိမ်သက်ခြင်းချမ်းသာထဲသို့ အတူတကွ ဝင်ရောက်ကြလိမ့်မည်

ပိုများသော လူများ အပြစ်ပေးခံရဖို့ ဘုရားသခင် အလိုမရှိပေ၊ ယင်းအစား ပိုများသော လူများ ကယ်တင်ခံရဖို့နှင့် ပိုများသော လူများက သူ၏ ခြေလှမ်းများကို အမီလိုက်ပြီး သူ၏ နိုင်ငံတော်ထဲသို့ ဝင်ရောက်ရန် သူ မျှော်လင့်သည်။ သို့သော် လူတို့က မိမိတို့၏ အမှားများကို သိမှတ်ဖို့ ငြင်းပယ်လျှင်၊ နှိမ့်ချသော စိတ်နှလုံးဖြင့် သမ္မာတရားကို လက်မခံနိုင်လျှင်၊ ယင်းအစား ချစ်တီးခေါင်း သန်းရှာကဲ့သို့ လုပ်ဆောင်ရင်း၊ အပြစ်အနာအဆာကို ရှာတွေ့ဖို့ ကြိုးစားရင်းနှင့် သူတို့ အမှန်တကယ် နားမလည်သည့်အခါ နားလည်သယောင်ဆောင်ပါက၊ အဆုံးတွင် ဆုံးရှုံးသူများ ဖြစ်ကြမည်။ ဘုရားသခင်၏ အမှုတော်က မည်သူ့ကိုမျှ မစောင့်ပေ။ သူ၏ ကယ်တင်ခြင်းက မည်သူ့အပေါ်ကိုမဆို အလျဉ်းသင့်သလို ပစ်လိုက်ဖို့ အမှိုက်တစ်စကဲ့သို့ မဟုတ်ပေ။ ထို့ထက် ယင်းတွင် ရည်မှန်းချက်တစ်ခုနှင့်အတူ ရွေးချယ်မှုဖြင့် ချိန်ရွယ်မှုရှိသည်။ ယင်းကို ချစ်မြတ်နိုးရန် သင် မသိလျှင်၊ သင့်အတွက် စောင့်ကြိုနေသည့် တစ်ခုတည်းသော အရာမှာ ဘုရားသခင်၏ ဖြောင့်မတ်သော တရားစီရင်ခြင်းနှင့် ပြစ်ဒဏ်ပေးခြင်း ဖြစ်လိမ့်မည်။ ဘုရားသခင်က လူအားလုံးကို တရားသဖြင့် ဆက်ဆံသည်၊ သင်၏အသက်အရွယ် မည်မျှဖြစ်စေ၊ သင် မည်မျှ ဝါရင့်ပါစေ သို့မဟုတ် ဆင်းရဲဒုက္ခ မည်မျှ ဖြတ်သန်းခဲ့ရပါစေ၊ ဤအရာများကို ရင်ဆိုင်ရာတွင် ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထား ထာဝရ မပြောင်းလဲပေ။ ဘုရားသခင်သည် မည်သူ့ကိုမျှ အထင်ကြီးစွာ မဆက်ဆံသလို မည်သူကိုမျှ သူ မျက်နှာသာမပေးပေ။ လူတို့အပေါ် သူ၏ သဘောထားမှာ အရာခပ်သိမ်းတို့ကို စွန့်လွှတ်လျက် သမ္မာတရားနှင့် သူ၏ အမှုတော်သစ်ကို သူတို့ လက်ခံနိုင်သည်၊ လက်မခံနိုင်သည် ဆိုသည့်အပေါ် အခြေခံသည်။ သူ၏ အမှုတော်ကို သင်ရရှိနိုင်ပြီး သူဖော်ပြသည့် သမ္မာတရားကို ရရှိနိုင်လျှင်၊ ဘုရားသခင်၏ ကယ်တင်ခြင်းကို သင်ရရှိနိုင်လိမ့်မည်။ ဘုရားသခင်ကို သတ်မှတ်ချက်များ ချမှတ်ရင်း၊ သင်၏ ဝါရင့်အဆင့်အတန်းအပေါ် မာနထားပြီး သင်၏ ဝါရင့်မှုကို ကြွားလုံးထုတ်လျှင်၊ သင်သည် ဘုရားသခင်၏ ကယ်တင်ခြင်းမှ ငြင်းဆိုခံရလိမ့်မည်ဖြစ်သည်။ ခရစ်တော်ကို လက်မခံနိုင်ခဲ့ကြဘဲ မေရှိယကိုသာ စောင့်မျှော်ခဲ့ကြသည့် ဂျူးလူမျိုးများကဲ့သို့ပင်၊ နောက်ဆုံးတွင် သူတို့အပေါ် ကျရောက်သည့်အရာက ဘုရားသခင်၏ ကျိန်ဆဲခြင်းနှင့် အမျက်ဒေါသတို့ပင် ဖြစ်သည်၊ ဤအရာသည် လူတိုင်း မြင်ရသည့် အမှန်တရားတစ်ခုဖြစ်သည်။...ကျွန်ုပ်တို့သည် ဘုရားသခင်၏ အမှုတော်နှင့် သူ၏ စီမံခန့်ခွဲမှုတို့နှင့် ပတ်သက်၍ ချက်ချင်း ရမ်းသန်းကောက်ချက် မချရပေ၊ သို့မဟုတ်ပါက ကျွန်ုပ်တို့ ရရှိမည့်အရာက ဘုရားသခင်၏ ကတိတော်များမဟုတ်ဘဲ၊ ယင်းထက် သူ၏ အမျက်တော်၊ ကျိန်ဆဲခြင်းများနှင့် အပြစ်ဒဏ်ပေးခြင်းတို့ဖြစ်လိမ့်မည်ဖြစ်ပြီး တစ်သက်တာ တမ်းတခဲ့ခြင်းက အချည်းနှီးဖြစ်သွားလိမ့်မည်။ အတိတ်က အတွေ့အကြုံများ၏ နာကျင်မှုမှ သင်ခန်းစားယူရလျှင်၊ ကျွန်ုပ်တို့ သာ၍ပင် လုပ်ဆောင်ရမည့်အရာမှာ ကျွန်ုပ်တို့ထံမှ ဘုရားသခင်၏ ကယ်တင်ခြင်း တစ်စတစ်စ လက်လွှတ်မဆုံးရှုံးစေဖို့နှင့် မမျှော်လင့်သည့်အချိန်တွင် ကျွန်ုပ်တို့အပေါ် ဘုရားသခင်၏ ကျိန်ဆဲခြင်း ကျရောက်မှုမှ ရှောင်ရှားဖို့ရန်အလို့ငှာ၊ ကျွန်ုပ်တို့အပေါ် ဘုရားသခင် ပေးအပ်သည့် လမ်းပြမှုတစ်ခုစီတိုင်းနှင့် အခွင့်အရေးတိုင်းကို မြဲမြဲ စွဲကိုင်ထားရန်ဖြစ်သည်။ ဘုရားသခင်၏ ကြွလာခြင်းကို ကျွန်ုပ်တို့ စိတ်ရှည်ရှည်နှင့် သတိရှိရှိ စောင့်ဆိုင်းရမည်၊ ကျွန်ုပ်တို့ မမမျှော်လင့်ဘဲ ကြုံလာသည့် ဧဝံဂေလိတရားကို ဂရုတစိုက် ချဉ်းကပ်ရမည်၊ ကျွန်ုပ်တို့ကို ယုံကြည်ခြင်းဖြင့် ခိုင်ခံ့စေဖို့ ဘုရားသခင်ထံ ဆုတောင်းရမည်ဖြစ်ပြီး ဘုရားသခင်၏ ပေါ်ထွန်းခြင်းကို ကျွန်ုပ်တို့ မျက်မြင်ကြုံကြရသည့် အချိန်ကာလအထိတိုင်၊ ကျွန်ုပ်တို့ ကြုံရသည့် လူပုဂ္ဂိုလ်၊ ကိစ္စရပ်နှင့် အရာဝတ္ထု အမျိုးအစားတိုင်းကို ခွဲခြားသိမြင်နိုင်ဖို့အလို့ငှာ ကျွန်ုပ်တို့အပေါ် ဝိညာဉ်ရေး အမြင်များကို ပေးသနားဖို့ ဘုရားသခင်ထံ ဆုတောင်းရမည်။

...ဖာရိရှဲတို့၏ အသိပညာနှင့် အပြင်ပန်း အပြုအမူတို့က သခင်ယေရှုနှင့် သူတို့၏ ဆက်ဆံရေးကို အဖတ်မဆယ်ခဲ့ပေ။ ဆန့်ကျင်ဘက်အနေဖြင့်၊ ယင်းက သူတို့ကို ထိခိုက်စေခဲ့ပြီး၊ သခင်ယေရှုကို ရှုတ်ချဖို့ သူတို့ကို စေ့ဆော်ခဲ့သည်မှာ သူတို့ စိတ်နှလုံးထဲရှိ ဘုရားသခင်၏ ပုံသဏ္ဍာန် နှင့်အတူ၊ သူတို့၏ အသိပညာနှင့် အယူအဆများ ဖြစ်ခဲ့သည်။ သူတို့ကို လှည့်စားခဲ့သည်မှာ ကြွလာနှင့်ပြီးဖြစ်သည့် မေရှိယကို မသိမှတ်ဘဲ သခင်ယေရှုကို ရှုတ်ချဖို့ရန်အလို့ငှာ သက်သေအထောက်အထားကို ရှာတွေ့ဖို့နှင့် ခြေကုပ်တစ်ခု ရရှိနိုင်ဖို့ တတ်နိုင်သမျှ သူတို့ကို လုပ်ဆောင်စေရင်း သူတို့၏ ဝိညာဉ်ရေး မျက်စိများကို ဖုံးထားသည့် သူတို့၏ စိတ်ကူးများနှင့် စိတ်များဖြစ်ကြသည်။ ဤသည်မှာ ဘုရားသခင်၏ ပစ္စုပ္ပန်ကာလ လက်တွေ့ကျသော အမှုတော်ကို ရှုတ်ချဖို့ ဘုရားသခင်၏ နဂိုမူလ အမှုတော်ကို ထိန်းသိမ်းခြင်းဟူသည့် ဆင်ခြေတစ်ခုကို အသုံးပြုခြင်းဖြစ်သော သူတို့၏ အကျည်းတန်သည့် စရိုက်ဖြစ်သည်။ မှန်ပေ၏၊ ဤသည်မှာ မှန်သော လမ်းခရီးကို သူတို့ လိုက်နာစောင့်ထိန်းနေကြပြီး ဘုရားသခင်ရှေ့တွင် သူတို့၏ စင်ကြယ်ခြင်းကို ထိန်းသိမ်းနေကြပြီး၊ သူတို့က ဘုရားသခင်ကို သစ္စာရှိနေကြသည်ဟု တွေးရင်း၊ ယခင်က လုံးဝ သူတို့မကြားဖူးခဲ့သည့် သမ္မာတရားများကို တိုင်းတာပြီး ရှုတ်ချရန် အယူဝါဒဟောင်းများနှင့် စည်းမျဉ်းများကို အသုံးပြုခြင်းတည်းဟူသော မည်သည့်ခေတ်တွင်မဆို အသက်ရှင်သည့် လူတို့ လုပ်ဆောင်တတ်သည့် အမှားတစ်ခု ဖြစ်သည်။ သို့သော် အမှန်တရားများမှာ အဘယ်နည်း။ ဘုရားသခင်သည် သူ၏ စီမံခန့်ခွဲမှုကို ဆက်လက်လုပ်ဆောင်ရင်း၊ အမြဲဆန်းသစ်ပြီး လုံးဝ မအိုဟောင်းသည့် သူ၏ အမှုတော်သစ်ကို ဆက်လက် လုပ်ဆောင်နေသည်။ လူတို့ရော အဘယ်သို့ရှိကြသနည်း။ သူတို့ကိုယ်သူတို့ ချီးကျူးရင်း၊ မာနထောင်လွှားမှုဖြင့် ပြည့်လျှမ်းလျက်၊ ဘုရားသခင်က သူတို့ကို မည်သည့်အခါမျှ စွန့်ပစ်မည်မဟုတ်၊ သူတို့ကို မည်သည့်အခါမျှ နှိပ်စက်မည်မဟုတ်ဟု ယုံကြည်သည့် သဘောထားတစ်ခုနှင့်အတူ သူတို့အပေါ် ဘုရားသခင်က ဆုလာဘ်များ ပေးသနားဖို့အတွက် စောင့်ဆိုင်းရင်း၊ ဘုရားသခင်၏ ထုတ်ဖော်ခြင်း အလုံးစုံဟု သူတို့ထင်သည့် အသုံးမဝင်တော့သော အရာများကို အမြဲ တင်းတင်းဆုပ်ကိုင်ထားကြလေသည်။ ရလဒ်မှာ အဘယ်နည်း။ ဘုရားသခင်က သူတို့အပေါ် ဆုလာဘ်များ ပေးသနားလိမ့်မည်ဟု စောင့်ဆိုင်းကြသူများက ဘုရားသခင်၏ အသစ်သော အမှုတော်၏ ပယ်ရှင်းခြင်းခံရပြီး၊ ပိုမို၍ပင်များပြားသော လူတို့မှာ ဘုရားသခင်၏ ပြစ်ဒဏ်ပေးခြင်းထဲသို့ ကျရောက်သွားစဉ်၊ ခေတ်သစ်၏ ပိုမိုများပြားသော လူတို့က သူ့နောက်လိုက်ပြီး သူ၏ အသစ်သော အမှုတော်ကို လက်ခံရင်းဖြင့် ဘုရားသခင်၏ အမှုတော်က အနှောင့်အယှက်မခံရဘဲ ရှေ့ဆက်သည်။ သူတို့၏ ပြစ်ဒဏ်ပေးခြင်း စတင်သည့်အခိုက်တွင်၊ ဘုရားသခင်ကို ယုံကြည်သော ၎င်းတို့၏ အသက်တာများမှာ ပြီးဆုံးသွားပြီး၊ ၎င်းတို့၏ ဆုံးခန်းနှင့် သူတို့၏ ခရီးပန်းတိုင်တို့က အဆုံးသို့ ရောက်လာခဲ့သည်။ ဤသည်မှာ မည်သူမျှ မြင်ရန်ဆန္ဒမရှိသည့် အရာတစ်ခုဖြစ်သော်လည်း ယင်းက ကျွန်ုပ်တို့၏ မျက်စိရှေ့တွင် အမှုမဲ့အမှတ်မဲ့ ဖြစ်ပျက်လေသည်။ ထို့ကြောင့် ဤသည်မှာ ဘုရားသခင်၏ စိတ်သဘောထားက အလွန် မငဲ့ညှာတတ်လွန်းသောကြောင့်လော၊ သို့မဟုတ် လူတို့၏ ရှာဖွေခြင်းက မှားယွင်းသလော။ လူသားမျိုးနွယ်သည် မိမိတို့ကိုယ်ကိုယ် လုံးလုံးလျားလျား ဆန်းစစ်ရန် တကယ် မထိုက်သလော။

အနန္တတန်ခိုးရှင် ဘုရားသခင်ကို ဆန့်ကျင်ခြင်းအတွက် ပြစ်ဒဏ်ပေးခြင်းနှင့်ဆိုင်သော ဂန္တဝင် သာဓကများ နိဂုံးစကား မှ

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။