နောက်ဆုံးသော ကာလတွင် အမှုပြုဖို့ အဘယ်ကြောင့် ဘုရားသခင်သည် အမျိုးသမီးတစ်ဦးအဖြစ် လူ့ဇာတိခံခဲ့ပါသနည်း။ ဤအရာ၏ အဓိပ္ပါယ်မှာ အဘယ်နည်း။

11.01.2020

ဘုရားသခင်၏ နှုတ်ကပတ်တော်မှ အဖြေ-

ဘုရားသခင်လုပ်ဆောင်ခဲ့သည့် အမှုအဆင့်အသီးသီးတို့၌ ၎င်းတို့၏ကိုယ်ပိုင် လက်တွေ့ကျသော ရည်ရွယ်ချက်ရှိသည်။ ထိုစဉ်အချိန်က ယေရှုကြွလာခဲ့သောအခါ၊ သူသည် အမျိုးသားတစ်ဦး ဖြစ်ခဲ့သည်၊ ယခုတစ်ကြိမ် ဘုရားသခင်ကြွလာသောအခါမူ သူသည် အမျိုးသမီးတစ်ဦးဖြစ်သည်။ ဤအရာမှ ဘုရားသခင်သည် အမျိုးသားနှင့် အမျိုးသမီးနှစ်ဦးလုံးကို သူ၏အမှုအတွက် ဖန်ဆင်းခဲ့သည်ဆိုခြင်းကို သင်မြင်နိုင်သည်၊ ထို့ပြင် သူ့ထံတွင် ကျားမခွဲခြားခြင်း မရှိပေ။ သူ၏ဝိညာဉ်တော် ကြွလာသည့်အခါတွင် သူ့အနေဖြင့် သူနှစ်သက်သည့် မည်သည့်ဇာတိခန္ဓာကိုမဆို ခံယူနိုင်ပြီး သူ့ကို ကိုယ်စားပြုနိုင်သည့် ဇာတိခန္ဓာကို ခံယူနိုင်ပေသည်။ အမျိုးသားဖြစ်စေ၊ အမျိုးသမီးဖြစ်စေ ဘုရားသခင်ခံယူသော ဇာတိခန္ဓာဖြစ်နေသရွေ့၊ ယင်းသည် ဘုရားသခင်ကို ကိုယ်စားပြုနိုင်သည်။ အကယ်၍ ယေရှုကြွလာခဲ့သည့် အချိန်တွင် သူ့အနေဖြင့် အမျိုးသမီးအသွင်နှင့် ပေါ်လာခဲ့ပါလျှင်၊ တစ်နည်းအားဖြင့် အကယ်၍ သားယောက်ျားမဟုတ်ဘဲ သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ပဋိသန္ဓေတည်သော သမီးမိန်းကလေးဖြစ်ခဲ့လျှင် အမှု၏ထိုအဆင့်သည် ထပ်တူညီစွာ ပြီးပြည့်စုံခဲ့မည်ပင် ဖြစ်သည်။ အကယ်၍ ထိုကဲ့သို့သာ ဖြစ်ခဲ့မည်ဆိုပါက၊ အမှု၏ ယခုလက်ရှိအဆင့်ကို အမျိုးသားက ပြီးမြောက်အောင် လုပ်ဆောင်ရမည်ဖြစ်ပြီး၊ အမှုသည်လည်း ထပ်တူညီစွာပင် ပြီးမြောက်လာမည်ဖြစ်သည်။ အဆင့်အသီးသီးတွင် လုပ်ဆောင်ခဲ့သော အမှုသည် ညီတူညီမျှပင် အရေးပါသည်။ မည်သည့်အဆင့်၏ အမှုကမျှ ထပ်ကျော့မပြန်သကဲ့သို့ အခြားအဆင့်တစ်ခုနှင့်လည်း ကွဲပြားဆန့်ကျင်ခြင်း မရှိချေ။ ထိုအချိန်က ယေရှုသည် သူ၏အမှုကို လုပ်ဆောင်ရာ၌ တစ်ပါးတည်းသောသားတော်ဟူ၍ ခေါ်ဝေါ်သမုတ်ခြင်းကို ခံခဲ့ရသည်၊ ထို့ပြင် “သား” ဆိုသည့်အရာမှာ အမျိုးသားကို ညွှန်းဆိုနေခြင်းပင် ဖြစ်သည်။ သို့ဖြစ်လျှင် ဤအဆင့်တွင် အဘယ်ကြောင့် တစ်ပါးတည်းသောသားတော်သည် ဖော်ပြခြင်းမခံရသနည်း။ အဘယ်ကြောင့်ဆိုသော် အမှု၏လိုအပ်မှုများသည် ယခုအခါတွင် ယေရှုကဲ့သို့ မဟုတ်ဘဲ ကျားမပြောင်းလဲရန် လိုအပ်လာသောကြောင့်ဖြစ်သည်။ ဘုရားသခင်အတွက်မူ ကျားမကွဲပြားခြင်း မရှိပေ။ သူသည် သူ၏စိတ်ဆန္ဒရှိသည့်အတိုင်း သူ၏အမှုကို လုပ်ဆောင်သည်၊ ထို့ပြင် သူ၏အမှုကို လုပ်ဆောင်ရာတွင် သူသည် မည်သည့်ချုပ်နှောင်ကန့်သတ်မှုကိုမျှ မခံရဘဲ အထူးသဖြင့် လွတ်လပ်ပေသည်။ မည်သို့ပင်ဖြစ်စေကာမူ အမှု၏အဆင့်တိုင်းတွင် ၎င်းတို့၏ကိုယ်ပိုင်လက်တွေ့ကျသော ရည်ရွယ်ချက်ရှိသည်။ ဘုရားသခင်သည် နှစ်ကြိမ်နှစ်ခါ လူ့ဇာတိခံယူခဲ့သည်၊ ထို့ကြောင့် နောက်ဆုံးသောကာလတွင် သူ၏လူ့ဇာတိခံယူခြင်းသည် နောက်ဆုံးအကြိမ်ဖြစ်သည်မှာ ပြောစရာပင် မလိုပေ။ သူသည် သူ၏ဆောင်ရွက်ချက်များကို ထုတ်ဖော်ရန် ကြွလာခဲ့သည်။ အကယ်၍ ဤအဆင့်တွင် သူသည် လူသားတို့ မျက်မြင်တွေ့ရန်အလို့ငှာ အမှုကို ကိုယ်တိုင်ကိုယ်ကျ လုပ်ဆောင်ရန်အတွက် လူ့ဇာတိကို မခံယူခဲ့လျှင် လူသားတို့သည် သူတို့၏ အယူအဆများအတိုင်း ဘုရားသခင်သည် လူယောက်ျားသာဖြစ်သည်၊ လူမိန်းမ မဟုတ်ဟူသော အယူအဆကို ထာဝစဉ် လက်ကိုင်ထားမည်သာ ဖြစ်သည်။ ဤအရာများမတိုင်မီတွင် လူသားမျိုးနွယ်အားလုံးသည် ဘုရားသခင်မှာ အမျိုးသားသာလျှင် ဖြစ်နိုင်သည်၊ အမျိုးသမီးကို ဘုရားသခင်ဟု ခေါ်ဆို၍ မရနိုင်ဟူ၍ ယုံကြည်ထားကြသည်၊ အကြောင်းမှာ လူသားမျိုးနွယ်အားလုံးသည် ယောက်ျားများမှာ မိန်းမများအပေါ်တွင် အုပ်စိုးရသော အာဏာရှိသည်ဟု မှတ်ယူကြ၍ပင် ဖြစ်သည်။ ယောက်ျားများမှလွဲ၍ မည်သည့်အမျိုးသမီးမျှ အုပ်စိုးခြင်း အခွင့်အာဏာကို မခံယူထိုက်ဟူ၍ သူတို့ထင်မြင်ယူဆထားကြသည်။ ထိုမျှသာမက ယောက်ျားသည် မိန်းမတို့၏ ဦးခေါင်းဖြစ်ပြီး မိန်းမများသည် ယောက်ျားများကို နာခံရမည်ဖြစ်ကာ သူတို့ထက် သာလွန်နေ၍မရဟူ၍ပင် သူတို့ပြောကြသည်။ အတိတ်ကာလများက ယောက်ျားသည် မိန်းမ၏ဦးခေါင်းဖြစ်ရမည်ဟု ပြောခဲ့သောအချိန်တွင် ထိုစကားသည် မြွေ၏လှည့်ဖြားခြင်းကို ခံခဲ့ရသည့် အာဒံနှင့် ဧဝကို ရည်ညွှန်းပြောခဲ့ခြင်းဖြစ်ပြီး ကမ္ဘာဦးအစက ယေဟောဝါဖန်ဆင်းခဲ့သည့် လူယောက်ျားနှင့် လူမိန်းမကို ပြောခြင်းမဟုတ်ပေ။ မှန်ပေသည်၊ အမျိုးသားများသည် သူ၏မိသားစုကို ကျွေးမွေးထောက်ပံ့ရသကဲ့သို့ပင် အမျိုးသမီးများသည်လည်း သူတို့၏ အမျိုးသားများကို နာခံ၍ ချစ်ခင်ကြင်နာရမည် ဖြစ်သည်။ ဤအရာတို့မှာ လူသားမျိုးနွယ်က ကမ္ဘာကြီးပေါ်ရှိ သူတို့၏အသက်တာများတွင် လိုက်နာရမည့် ယေဟောဝါချမှတ်ထားသော စီရင်ထုံးဖွဲ့ချက်များနှင့် ဥပဒေသများပင်ဖြစ်သည်။ ယေဟောဝါသည် လူမိန်းမကို “ကိုယ့်ခင်ပွန်း၏ အလိုသို့လိုက်၍ သူ၏အုပ်စိုးခြင်းကိုလည်း ခံရမည်” ဟုပြောခဲ့သည်။ ထိုကဲ့သို့ သူပြောဆိုခဲ့သည်မှာ လူသားမျိုးနွယ်သည် (လူယောက်ျားနှင့် လူမိန်းမနှစ်ဦးလုံးကို ဆိုလိုသည်) ယေဟောဝါ၏ အုပ်စိုးမှုအောက်တွင် သာမန်အသက်တာဖြင့် အသက်ရှင်နိုင်ရန်ဖြစ်ပြီး ထိုသို့အားဖြင့် လူသားမျိုးနွယ်၏ အသက်တာများသည် ဖွဲ့စည်းတည်ဆောက်မှု ရှိနေရန်နှင့် သူတို့၏ သင့်လျော်ကောင်းမွန်သည့် စနစ်ကျနမှုမှ မကျဆင်းသွားရန်ဖြစ်သည်။ ထို့ကြောင့် ယေဟောဝါသည် ယောက်ျားနှင့် မိန်းမတို့ မည်သို့လုပ်ဆောင်ရမည်ဆိုသည်နှင့်ပတ်သက်၍ သင့်လျော်သည့် စည်းမျဉ်းဥပဒေများကို ချမှတ်ပေးခဲ့သည်၊ သို့သော်လည်း ဤအရာသည် လောကကမ္ဘာပေါ်တွင် အသက်ရှင်နေထိုင်ကြသည့် ဖန်ဆင်းခံသတ္တဝါများအတွက်သာဖြစ်ပြီး ဘုရားသခင်ခံယူသော ဇာတိခန္ဓာနှင့် သက်ဆိုင်ခြင်း လုံးဝမရှိချေ။ ဘုရားသခင်သည် သူဖန်ဆင်းထားသော အရာများနှင့် အဘယ်ကဲ့သို့ တူညီနေနိုင်မည်နည်း။ သူ၏နှုတ်ကပတ်တော်များသည် သူဖန်ဆင်းခဲ့သည့် လူသတ္တဝါများကိုသာ ရည်ညွှန်းထားခြင်းဖြစ်သည်၊ လူသားမျိုးနွယ်တို့အနေဖြင့် ပုံမှန်အသက်တာများကို ရှင်သန်နေထိုင်နိုင်ရန်အလို့ငှာ ယောက်ျားမိန်းမတို့အတွက် စည်းမျဉ်းများကို ဘုရားသခင်ထူထောင်ပေးခဲ့ခြင်းဖြစ်သည်။ အစအဦး၌ ယေဟောဝါသည် လူသားမျိုးနွယ်ကို ဖန်ဆင်းခဲ့သောအခါ၊ သူသည် လူနှစ်မျိုးကို ဖန်ဆင်းခဲ့သည်၊ ထိုနှစ်မျိုးမှာ အမျိုးသားနှင့် အမျိုးသမီးပင်ဖြစ်သည်၊ ထို့ကြောင့် သူခံယူသည့် ဇာတိခန္ဓာများလည်း အမျိုးသားနှင့် အမျိုးသမီးဟူ၍ ကွဲပြားသည်။ သူ့အနေဖြင့် သူ၏အမှုကို အာဒံနှင့် ဧဝတို့ကိုပြောခဲ့သည့် သူ၏နှုတ်ကပတ်တော်များအပေါ်တွင်မူတည်၍ ဆုံးဖြတ်ခဲ့ခြင်း မဟုတ်ပေ။ နှစ်ကြိမ်နှစ်ခါ လူ့ဇာတိကိုခံယူခြင်းသည် လူသားမျိုးနွယ်ကို ရှေးဦးစွာ သူဖန်ဆင်းခဲ့စဉ်အချိန်က သူ၏အတွေးနှင့်အညီပင် သတ်မှတ်ခဲ့ခြင်းဖြစ်သည်။ တစ်နည်းအားဖြင့်ဆိုသော်၊ ဘုရားသခင်သည် သူ၏နှစ်ကြိမ်လူ့ဇာတိခံယူသည့်အမှုကို အမျိုးသားနှင့် အမျိုးသမီးတို့အပေါ် အခြေခံ၍ ထိုသူတို့ ဖောက်ပြန်ဖျက်ဆီးခြင်း မခံရမီ ပြီးပြည့်စုံအောင် လုပ်ခဲ့ခြင်းဖြစ်သည်။ အကယ်၍သာ လူသားမျိုးနွယ်အနေဖြင့် မြွေ၏လှည့်ဖြားခြင်းကို ခံခဲ့ရပြီးသော အာဒံနှင့် ဧဝတို့ကို ယေဟောဝါပြောခဲ့သည့် နှုတ်ကပတ်တော်များကိုယူ၍ ယင်းတို့ကို ဘုရားသခင်၏ လူ့ဇာတိခံယူခြင်း အမှုအပေါ်၌ အသုံးချမည်ဆိုလျှင် ယေရှုသည်လည်း သူလုပ်ထိုက်သည့်အတိုင်း သူ၏ဇနီးမယားကို ချစ်ခဲ့ရလိမ့်မည် မဟုတ်လော။ ဤနည်းအားဖြင့်ဆိုလျှင် ဘုရားသခင်သည် ဘုရားသခင် ဖြစ်ပါဦးမည်လော။ ထိုကဲ့သို့ဖြစ်သည်ဆိုလျှင်လည်း သူ့အနေဖြင့် သူ၏အမှုကို ပြီးမြောက်အောင် လုပ်ဆောင်၍ ရနိုင်ပါဦးမည်လော။ အကယ်၍သာ ဘုရားသခင်ခံယူသော ဇာတိခန္ဓာသည် အမျိုးသမီးဖြစ်နေသည်မှာ မှားယွင်းသည်ဆိုလျှင် ဘုရားသခင်က လူမိန်းမကို ဖန်ဆင်းခဲ့ခြင်းမှာ အကြီးမားဆုံးသော မဟာအမှားကြီး ဖြစ်နေခဲ့လိမ့်မည် မဟုတ်လော။ လူသားတို့အနေဖြင့် ဘုရားသခင်သည် လူမိန်းမအသွင်ဖြင့် လူ့ဇာတိကိုခံယူခြင်းမှာ မှားယွင်းသည်ဟု ယုံကြည်နေဆဲဖြစ်လျှင် ထိမ်းမြားစုံဖက်ခြင်းကို မပြုခဲ့ဘဲ သူ၏ဇနီးမယားကို ချစ်၍မရနိုင်ခဲ့သော ယေရှုသည်လည်း ယခုလက်ရှိ လူ့ဇာတိခံယူခြင်းကဲ့သို့ပင် မှားယွင်းနေမည် မဟုတ်လော။ သင့်အနေဖြင့် ဧဝအား ယေဟောဝါပြောခဲ့သည့် နှုတ်ကပတ်တော်ကိုယူ၍ လက်ရှိအချိန်တွင်ရှိသည့် ဘုရားသခင်၏ လူ့ဇာတိခံယူခြင်း အမှန်တရားကို တိုင်းထွာသည့်အတွက် ကျေးဇူးတော်ကာလတွင် လူ့ဇာတိခံယူခဲ့သည့် သခင်ယေရှုကို အာဒံအား ယေဟောဝါပြောခဲ့သည့် နှုတ်ကပတ်တော်ကိုယူ၍ သင်သည် ဝေဖန်မည်ပင်ဖြစ်သည်။ ယင်းတို့မှာ တစ်ခုတည်းဖြစ်ပြီး တူညီကြသည် မဟုတ်လော။ သင့်အနေဖြင့် သခင်ယေရှုအား မြွေ၏လှည့်ဖြားမှုကို မခံရသည့် လူယောက်ျားကို အကြောင်းပြု၍ တိုင်းတာသည်ဆိုလျှင် သင့်အနေဖြင့် ယနေ့ကာလ လူ့ဇာတိကိုခံယူခြင်း၏ အမှန်တရားကိုမြွေ၏လှည့်ဖြားမှုကို ခံခဲ့ရသည့် လူမိန်းမကို အကြောင်းပြု၍ တိုင်းတာဆုံးဖြတ်ရမည်မဟုတ်။ ထိုသို့လုပ်ဆောင်လျှင် ထိုအရာသည် တရားလိမ့်မည် မဟုတ်ပေ။ ဘုရားသခင်ကို ထိုနည်းလမ်းဖြင့် တိုင်းတာခြင်းက သင်၌ ဆင်ခြင်တုံတရား ကင်းမဲ့ကြောင်း သက်သေပြသည်။ ယေဟောဝါသည် နှစ်ကြိမ်တိုင်တိုင် လူ့ဇာတိကို ခံယူစဉ်တွင် သူ့ဇာတိခန္ဓာ၏ မိန်းမဖြစ်ခြင်း၊ ယောက်ျားဖြစ်ခြင်းတို့သည် မြွေ၏လှည့်ဖြားခြင်းကို မခံရသည့် ယောက်ျား၊ မိန်းမတို့နှင့်သာ သက်ဆိုင်သည်။ မြွေ၏လှည့်ဖြားခြင်းကို မခံရသည့် လူယောက်ျားနှင့် မိန်းမတို့နှင့်အညီ နှစ်ကြိမ်တိုင် သူလူ့ဇာတိခံယူခဲ့ခြင်းဖြစ်သည်။ ယေရှု၏ လူယောက်ျားဖြစ်ခြင်းသည် မြွေ၏လှည့်ဖြားခြင်းကို ခံခဲ့ရသည့် အာဒံနှင့် တူညီနေသည်ဟု မထင်နှင့်။ လူယောက်ျားဖြစ်ခြင်းနှစ်ခုတို့သည် လုံးဝပတ်သက်ခြင်း မရှိသကဲ့သို့ ထိုသူနှစ်ဦးသည် လုံးဝခြားနားသည့် သဘာဝဗီဇနှစ်ခုရှိသည့် အမျိုးသားများဖြစ်ကြသည်။ ယေရှု၏ လူယောက်ျားဖြစ်ခြင်းမှာ သူသည် အမျိုးသမီးများအားလုံး၏ ဦးခေါင်းဖြစ်သော်လည်း အမျိုးသားများအားလုံး၏ ဦးခေါင်းမဟုတ်သည်ကို သက်သေပြခြင်းမျိုး မဟုတ်သည်မှာ သေချာသည် မဟုတ်လော။ သူသည် ယုဒလူမျိုးအားလုံးတို့၏ (အမျိုးသား၊ အမျိုးသမီး အားလုံးအပါအဝင်) ရှင်ဘုရင်မဟုတ်လော။ သူသည် ဘုရားသခင်ကိုယ်တော်တိုင်ဖြစ်တော်မူသည်၊ သူသည် မိန်းမအပေါင်းတို့၏ ဦးခေါင်းသာလျှင်မဟုတ်ဘဲ ယောက်ျားသားများ အားလုံးတို့၏ ဦးခေါင်းလည်းဖြစ်သည်။ သူသည် ဖန်ဆင်းခံသတ္တဝါများအားလုံးတို့၏ အရှင်သခင် ဖြစ်သကဲ့သို့ ထိုအရာများအားလုံးတို့၏ ဦးခေါင်းလည်းဖြစ်သည်။ ယေရှု၏ ယောက်ျားဖြစ်မှုသည် မိန်းမအားလုံးတို့၏ ဦးခေါင်းဖြစ်ခြင်း၏ အမှတ်အသားဖြစ်ကြောင်း သင်အဘယ်ကဲ့သို့ သတ်မှတ်နိုင်သနည်း။ ထိုအရာသည် ဘုရားသခင်ကို ပြစ်မှားခြင်းပင် ဖြစ်မည်မဟုတ်လော။ ယေရှုသည် ဖောက်ပြန်ဖျက်ဆီးခြင်း မခံရသည့် လူယောက်ျားတစ်ဦးပင် ဖြစ်သည်။ သူသည် ဘုရားသခင်ဖြစ်သည်၊ သူသည် ခရစ်တော်ဖြစ်ကာ၊ သူသည် အရှင်သခင်ဖြစ်သည်။ ထိုသူသည် မည်ကဲ့သို့သောနည်းဖြင့် ဖောက်ပြန်ဖျက်ဆီးခြင်း ခံရသည့် အာဒံနှင့် တူနိုင်ပါမည်နည်း။ ယေရှုသည် ဘုရားသခင်၏ အသန့်ရှင်းဆုံးသော ဝိညာဉ်တော်မှ ဝတ်ဆင်ထားသည့် ဇာတိခန္ဓာပင်ဖြစ်သည်။ သူသည် အာဒံ၏ လူယောက်ျားဖြစ်မှုကို ပိုင်ဆိုင်ထားသည့် ဘုရားသခင်ဖြစ်သည်ဟု သင့်အနေဖြင့် အဘယ်ကဲ့သို့ ပြောနိုင်သနည်း။ ထိုသို့ဆိုပါက၊ ဘုရားသခင်၏ လုပ်ဆောင်မှု အားလုံးသည် မှားယွင်းနေလိမ့်မည် မဟုတ်လော။ ယေဟောဝါသည် မြွေ၏လှည့်ဖြားခြင်းကို ခံခဲ့ရသည့် အာဒံ၏ယောက်ျားဖြစ်မှုနှင့် ဖွဲ့စည်းထားသော ယေရှု၏အထဲသို့ ပေါင်းစပ်နိုင်ခဲ့ပါမည်လော။ လက်ရှိကာလ၏ လူ့ဇာတိခံယူခြင်းသည် ယေရှုနှင့် လိင်အမျိုးအစားကွဲပြားသော်လည်း သဘောသဘာဝအရ ယေရှုနှင့်တူညီသည့် လူ့ဇာတိခံယူသော ဘုရားသခင်အမှု၏ အခြားသော သာဓကတစ်ခုပင် မဟုတ်လော။ မိန်းမသည် မြွေ၏လှည့်ဖြားခြင်းကို ပထမဦးဆုံး ခံခဲ့ရသည့်သူဖြစ်သောကြောင့် လူ့ဇာတိခံယူသော ဘုရားသခင်သည် အမျိုးသမီး မဖြစ်နိုင်ပါဟု သင့်အနေဖြင့် ပြောရဲသေးသလော။ မိန်းမသည် မသန့်ရှင်းဆုံးသောအရာနှင့် လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးခြင်း အရင်းအမြစ်ဖြစ်သည့်အတွက် ဘုရားသခင်သည် အမျိုးသမီးအဖြစ် လူ့ဇာတိခံယူရန် လုံးဝမဖြစ်နိုင်ဟု သင်ပြောရဲသေးသလော။ “မိန်းမတို့သည် ယောက်ျားများကို အမြဲတမ်းနာခံရမည်ဖြစ်ပြီး သူတို့သည် ဘုရားသခင်ကို တိုက်ရိုက်ကိုယ်စားပြုခြင်း၊ သို့မဟုတ် ထင်ရှားဖော်ပြခြင်းမျိုး မည်သည့်အခါမျှ မလုပ်ရ” ဟု သင်သည် ဆက်လက်၍ ပြောဝံ့သေးသလော။...

အကယ်၍ ယေရှု၏အမှုသည် ဤနောက်ဆုံးသောကာလ၏ အမှုအဆင့်က ဖြည့်စွက်မပေးဘဲ လုပ်ဆောင်ပြီးစီးခဲ့သည်ဆိုလျှင်၊ လူသားများသည် ယေရှုသာလျှင် ဘုရားသခင်၏ တစ်ပါးတည်းသောသားတော်ဖြစ်သည်၊ တစ်နည်းအားဖြင့်ဆိုသော်၊ ဘုရားသခင်တွင် သားတော်တစ်ပါးတည်းရှိသဖြင့်၊ ၎င်းနောက်မှ အခြားအမည်နာမတစ်ခုနှင့် ကြွလာသည့် မည်သူမဆိုသည် ဘုရားသခင်ကိုယ်တော်တိုင်ဖြစ်ရန် မဆိုထားနှင့်၊ ဘုရားသခင်၏ တစ်ပါးတည်းသောသားတော် မဖြစ်နိုင်ဟူသည့် အယူအဆကို ထာဝရဖက်တွယ်ထားကြလိမ့်မည်။ လူသားများတွင် ရှိနေသည့် အယူအဆတစ်ခုမှာ အပြစ်ဖြေရာယဇ်အဖြစ် အစေခံသောသူ၊ သို့မဟုတ် ဘုရားသခင်၏ကိုယ်စား တန်ခိုးကို ရရှိထားသောသူနှင့် လူသားမျိုးနွယ်အားလုံးကို ရွေးနုတ်သောသူ မည်သူမဆိုသည် ဘုရားသခင်၏ တစ်ပါးတည်းသော သားတော်ဖြစ်သည် ဟူ၍ပင်ဖြစ်သည်။ ကြွလာသောသူသည် လူယောက်ျားဖြစ်နေသရွေ့ ထိုသူအား ဘုရားသခင်၏ တစ်ဦးတည်းသော သားတော်နှင့် ဘုရားသခင်ကို ကိုယ်စားပြုသူအဖြစ် မှတ်ယူရမည်ဟု ယုံကြည်ကြသော လူအချို့ရှိသည်။ ယေရှုသည် ယေဟောဝါ၏ သားတော်ဖြစ်ပြီး တစ်ပါးတည်းသော သားတော်ဖြစ်သည်ဟူ၍ ပြောကြသော လူအချို့ပင်ရှိသည်။ ထိုသို့သောအယူအဆများမှာ လွန်ကဲလှသည် မဟုတ်ပေလော။ အကယ်၍သာ ဤလုပ်ဆောင်မှုအဆင့်သည် နောက်ဆုံးသောခေတ်တွင်မှ ဆောင်ရွက်၍ မပြီးလျှင် ဘုရားသခင်နှင့်ပတ်သက်၍ လူသားမျိုးနွယ် တစ်ရပ်လုံးသည် အမှောင်ထုအရိပ်အောက်တွင် ဖုံးကွယ်ထားခြင်းခံနေရမည် ဖြစ်သည်။ ဤကဲ့သို့သာ ဖြစ်ခဲ့မည်ဆိုလျှင်၊ ယောက်ျားသည် မိန်းမထက် မြင့်မြတ်သည်ဟု မိမိကိုယ်မိမိ တွေးထင်လိမ့်မည်ဖြစ်ပြီး၊ မိန်းမတို့သည်လည်း မည်သည့်အခါမျှ ခေါင်းဖော်ဝံ့လိမ့်မည် မဟုတ်ချေ၊ ထိုသို့ဆိုလျှင် မိန်းမတစ်ယောက်တစ်လေမျှ ကယ်တင်ခြင်း ခံရလိမ့်မည်လည်း မဟုတ်ပေ။ ဘုရားသခင်သည် ယောက်ျားတစ်ဦးဖြစ်သည်၊ ထို့ပြင် ဘုရားသခင်သည် မိန်းမများကို အစဉ် မနှစ်သက်ဘဲ သူတို့အား ကယ်တင်ခြင်းကို ပေးသနားမည်မဟုတ်ဟု လူတို့က အမြဲယုံကြည်ကြသည်။ ဤသို့သာဆိုလျှင် ယေဟောဝါဖန်ဆင်းခဲ့ပြီး ဖောက်ပြန်ဖျက်ဆီးခြင်း ခံခဲ့ရသည့် လူမိန်းမများအနေဖြင့် ကယ်တင်ခံရမည့် အခွင့်အရေးကို ဘယ်သောအခါမျှ မရရှိနိုင်မည်မှာ မှန်နေလိမ့်မည်မဟုတ်လော။ ထို့နောက် ယေဟောဝါအနေဖြင့် လူမိန်းမကိုဖန်ဆင်းခဲ့ခြင်း၊ ဧဝကို ဖန်ဆင်းခဲ့ခြင်းသည် အဓိပ္ပာယ်မရှိ ဖြစ်သွားလိမ့်မည် မဟုတ်လော။ ပြီးလျှင် လူမိန်းမသည် ထာဝရကာလတိုင် ပျက်စီးသွားမည် မဟုတ်လော။ ထိုအကြောင်းကြောင့် နောက်ဆုံးသောကာလရှိ အမှု၏အဆင့်ကို လူမိန်းမကိုသာ မဟုတ်ဘဲ လူသားမျိုးနွယ် အားလုံးကို ကယ်တင်နိုင်ရန်အတွက် လုပ်ဆောင်ရမည်ဖြစ်သည်။ အကယ်၍ ဘုရားသခင်သည် အမျိုးသမီးအဖြစ် လူ့ဇာတိခံယူခဲ့မည်ဆိုပါလျှင် ယင်းမှာ လူမိန်းမကို ကယ်တင်ရန်အလို့ငှာသာ ဖြစ်လိမ့်မည်ဟု တစ်ဦးဦးက တွေးထင်ပါလျှင် ထိုသူမှာ ဧကန်စင်စစ် မိုက်မဲသောသူပင် ဖြစ်လိမ့်မည်။

...ယေရှုနှင့် ငါသည် ဝိညာဉ်တော် တစ်ပါးတည်းမှလာသည်။ ငါတို့နှစ်ဦးသည် ဇာတိခန္ဓာအားဖြင့် ဆက်စပ်မှုမရှိသော်လည်း ငါတို့၏ဝိညာဉ်များမှာမူ တစ်လုံးတစ်ဝတည်းပင်ဖြစ်သည်။ ငါတို့လုပ်ဆောင်သည့် အကြောင်းအရာနှင့် ငါတို့လုပ်ဆောင်သော အမှုသည် တူညီမှုမရှိသော်လည်း ငါတို့၏ အနှစ်သာရသည် အတူတူပင်ဖြစ်သည်။ ငါတို့၏ ဇာတိခန္ဓာတို့သည် ခြားနားသော ပုံသဏ္ဌာန်များကို ဆောင်သော်လည်း ထိုအရာသည် ခေတ်ကာလ၏ အပြောင်းအလဲနှင့် ငါတို့အမှု၏ တောင်းဆိုမှုတို့ မတူညီခြင်းကြောင့်ဖြစ်သည်။ ငါတို့၏ အမှုတော်များသည် တူညီမှုမရှိပေ၊ ထို့ကြောင့် ငါတို့ဖော်ဆောင်လာသော အမှုနှင့် လူသားကို ငါတို့ထုတ်ဖော်ပြသသော စိတ်သဘောထားသည်လည်း ခြားနားလေသည်။ ထိုအကြောင်းကြောင့် ယနေ့ လူသားများမြင်သောအရာနှင့် နားလည်သောအရာသည် အတိတ်ကကဲ့သို့ မဟုတ်တော့ချေ၊ ယင်းသို့ဖြစ်ရခြင်းမှာ ခေတ်ကာလ အပြောင်းအလဲကြောင့်ဖြစ်သည်။ သူတို့၏ လိင်အမျိုးအစားနှင့် သူတို့ဇာတိခန္ဓာများ၏ ပုံသဏ္ဌာန်သည် ကွဲပြားလျက်ရှိကာ သူတို့သည် မိသားစုတစ်ခုတည်းတွင် သာမက၊ အချိန်ကာလတစ်ခုတည်းတွင် မွေးဖွားလာခြင်း မဟုတ်လင့်ကစား သူတို့၏ဝိညာဉ်များသည် တစ်ပါးတည်းပင်ဖြစ်သည်။ သူတို့၏ဇာတိခန္ဓာများသည် မျိုးရိုး၊ သို့မဟုတ် ရုပ်ပိုင်းဆိုင်ရာအရ မည်သည့်သွေးသားတော်စပ်မှုမျိုးမျှ မရှိလင့်ကစား သူတို့သည် မတူညီသော အချိန်ကာလနှစ်ခုအတွင်း ဘုရားသခင်ခံယူထားသော ဇာတိခန္ဓာများ ဖြစ်သည်ဆိုသည့် အချက်ကိုမူ ငြင်းပယ်၍မရပေ။ သူတို့သည် တူညီသောသွေးသားမျိုးရိုးမှ မဟုတ်သည့်အပြင် လူတို့၏ဘုံဘာသာစကား တစ်ခုတည်းကို အတူမပြောသော်လည်း (တစ်ဦးသည် ယုဒလူမျိုးတို့၏ ဘာသာစကားကိုပြောသည့် အမျိုးသားဖြစ်ပြီး၊ နောက်တစ်ဦးသည် တရုတ်ဘာသာစကားကိုသာ ပြောသည့် အမျိုးသမီးဖြစ်သည်) သူတို့သည် ဘုရားသခင် ခံယူထားသည့် ဇာတိခန္ဓာများဖြစ်သည် ဆိုသည့်အချက်မှာ ငြင်းမရနိုင်သည့် အမှန်တရားပင်ဖြစ်သည်။ ဤအကြောင်းရင်းများကြောင့် သူတို့သည် မတူညီသည့် နိုင်ငံများတွင်နေထိုင်ပြီး သူတို့တစ်ဦးစီ လုပ်သင့်လုပ်ထိုက်သည့် အမှုကို မတူကွဲပြားသည့် အချိန်အပိုင်းအခြားတို့တွင် လုပ်ဆောင်ခြင်းဖြစ်သည်။ သူတို့၏ဝိညာဉ်သည် အတူတူပင်ဖြစ်ပြီး၊ သူတို့သည် တူညီသော အနှစ်သာရတို့ကို ပိုင်ဆိုင်ကြသော်ငြားလည်း သူတို့ဇာတိခန္ဓာများ၏ အပြင်ပန်းသဏ္ဌာန်တို့အကြားတွင် တူညီမှုများဟူ၍ ဘာဆိုဘာမျှ မရှိပေ။ သူတို့၌ တူညီသော လူ့သဘာဝသာ ရှိကြသည်၊ သို့သော်လည်း သူတို့ဇာတိခန္ဓာများ၏ အပြင်ရုပ်သဏ္ဌာန်ပိုင်းဆိုင်ရာနှင့် သူတို့မွေးဖွားလာသည့် အခြေအနေများအရဆိုပါက သူတို့သည် တစ်ဦးနှင့်တစ်ဦး မတူညီကြပေ။ ထိုအရာများသည် သူတို့၏ သက်ဆိုင်ရာအမှု၊ သို့မဟုတ် သူတို့အပေါ်ထားရှိသော လူသား၏သိခြင်းအပေါ် အကျိုးသက်ရောက်မှုမရှိပေ၊ အကြောင်းမှာ နောက်ဆုံးပိတ်ခြုံငုံဆန်းစစ်သော် သူတို့သည် တူညီသော ဝိညာဉ်တော်ပင်ဖြစ်ပြီး မည်သည့်အရာကမျှ သူတို့ကို ခွဲခြား၍မရနိုင်သောကြောင့် ဖြစ်သည်။ သူတို့သည် သွေးသားအရ ဆက်စပ်မှုမရှိသော်လည်း သူတို့၏ဖြစ်တည်မှု တစ်ခုလုံးသည် သူတို့၏ဝိညာဉ်တော်များ၏ စောင့်ရှောက်မှုအောက်တွင် ရှိနေပြီး၊ ထိုအရာသည် သူတို့ကို မတူညီသောအချိန်ကာလများတွင် မတူညီသောအမှုကို ခွဲခန့်ပေးပြီး၊ သူတို့၏ ဇာတိခန္ဓာများကိုလည်း မတူညီသော မျိုးရိုးများသို့ ခွဲခန့်ပေးသည်။ ယေဟောဝါ၏ ဝိညာဉ်တော်သည် ယေရှုဝိညာဉ်တော်၏ ဖခင်မဟုတ်သကဲ့သို့၊ ယေရှု၏ ဝိညာဉ်တော်သည်လည်း ယေဟောဝါဝိညာဉ်တော်၏ သားမဟုတ်ပေ၊ သူတို့သည် တစ်လုံးတစ်ဝတည်းပင် ဖြစ်ကြပြီး တူညီသောဝိညာဉ်တော်ပင် ဖြစ်သည်။ ထိုနည်းတူစွာပင် ယနေ့ကာလ၏ လူ့ဇာတိခံယူသော ဘုရားသခင်နှင့် ယေရှုသည် သွေးသားအားဖြင့် ဆက်စပ်မှုမရှိသော်လည်း၊ သူတို့သည် တစ်လုံးတစ်ဝတည်း ဖြစ်ကြသည်။ အကြောင်းမှာ သူတို့၏ ဝိညာဉ်များသည်လည်း တစ်ပါးတည်း ဖြစ်သောကြောင့်ဖြစ်သည်။ ဘုရားသခင်သည် သနားခြင်းနှင့် ချစ်ခင်ကြင်နာခြင်းအမှုကို လုပ်ဆောင်နိုင်သကဲ့သို့ လူသားတို့အပေါ် ဖြောင့်မတ်သော တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်း အမှုကိုလည်း လုပ်ဆောင်နိုင်ပြီးလျှင်၊ လူသားများအပေါ် ကျိန်ဆဲသောအမှုကိုလည်း ပြုနိုင်သည်၊ အဆုံးတွင် သူသည် ကမ္ဘာလောကကြီးကို ဖျက်ဆီးခြင်းနှင့် ဆိုးယုတ်သောသူများကို အပြစ်ဒဏ်ခတ်ခြင်း အမှုကို လုပ်ဆောင်နိုင်သည်။ ထိုအရာများအားလုံးကို သူကိုယ်တိုင်လုပ်ဆောင်သည် မဟုတ်လော။ ဤသည်မှာ ဘုရားသခင်၏ အတိုင်းအဆမဲ့တန်ခိုးပင် မဟုတ်သလော။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူ့ဇာတိခံယူခြင်းနှစ်ကြိမ်သည် လူ့ဇာတိခံယူခြင်း၏ ရည်ရွယ်ချက်ကို ပြည့်စုံစေသည်

ဘုရားသခင်၏ ဉာဏ်ပညာ၊ ဘုရားသခင်၏ အံ့ဖွယ်ဖြစ်ခြင်း၊ ဘုရားသခင်၏ ဖြောင့်မတ်ခြင်းနှင့် ဘုရားသခင်၏ ဘုန်းအာနုဘော်သည် မည်သည့်အခါမျှ ပြောင်းလဲမည်မဟုတ်ပေ။ သူ၏ အနှစ်သာရ၊ သူ၏အရာအားလုံးနှင့် ဖြစ်ခြင်းသည် မည်သည့်အခါမျှ ပြောင်းလဲမည်မဟုတ်ပေ။ သို့သော်လည်း သူ၏ အမှုအတွက်မူ၊ သူသည် အစဉ်အမြဲ အသစ်ဖြစ်ပြီး မည်သည့်အခါမျှ အိုဟောင်းခြင်း မရှိသည့်အတွက်၊ ယင်းသည် ရှေ့သို့ ဦးတည်ချက်တစ်ခုဖြင့် အစဉ်အမြဲ တိုးတက်နေသည်၊ အစဉ်အမြဲ ပိုမို နက်ရှိုင်းနေပေသည်။ ခေတ်တိုင်းတွင် ဘုရားသခင်သည် နာမ အသစ်ကို ခံယူသည်၊ ခေတ်တိုင်းတွင် သူသည် အမှုသစ်ကို လုပ်ဆောင်ပြီး၊ ခေတ်တိုင်းတွင် သူသည် သူ၏ ဖန်ဆင်းခြင်းများကို သူ၏ အသစ်သော အလိုနှင့် အသစ်သော စိတ်သဘောထားကို မြင်ခွင့်ပေးလေသည်။ အကယ်၍ ခေတ်သစ်တွင် လူများသည် ဘုရားသခင်၏ စိတ်သဘောထားသစ် ဖော်ပြချက်ကို မမြင်နိုင်ကြပါက၊ ၎င်းတို့သည် သူ့ကို ကားတိုင်တွင် သံမှိုဖြင့် ထာဝရ ရိုက်နှက်မိကြမည် မဟုတ်လော။ ထိုသို့ လုပ်ဆောင်ခြင်းဖြင့်၊ ၎င်းတို့သည် ဘုရားသခင်ကို အဓိပ္ပာယ် သတ်မှတ်လိုက်မည် မဟုတ်လော။ ဘုရားသခင်သည် ယောက်ျားတစ်ဦး အဖြစ်သာ လူ့ဇာတိ ခံယူလာခဲ့ပါက၊ လူများသည် သူ့ကို ယောက်ျားအဖြစ်၊ လူယောက်ျားများ၏ ဘုရားသခင်အဖြစ်၊ သတ်မှတ်လိုက်ကြမည် ဖြစ်ပြီး၊ သူ့ကို မိန်းမများ၏ ဘုရားသခင်အဖြစ် မည်သည့်အခါမျှ ယုံကြည်မည် မဟုတ်ပေ။ ထိုအခါ ယောက်ျားများက ဘုရားသခင်ကို ယောက်ျားများကဲ့သို့ တူညီသော လိင်ရှိသည်၊ ဘုရားသခင်သည် ယောက်ျားများ၏ ခေါင်းဆောင်ဖြစ်သည်ဟု ယူဆကြပေမည်- သို့သော် မိန်းမများနှင့်သက်ဆိုင်၍ မည်သည့်အရာ ဖြစ်သနည်း။ ယင်းသည် မမျှတပေ။ ယင်းသည် ဦးစားပေးဆက်ဆံမှု ဖြစ်သည် မဟုတ်လော။ ဤကိစ္စရပ်သည် မှန်ကန်ပါက၊ ဘုရားသခင် ကယ်တင်သော သူအားလုံးတို့သည် သူကဲ့သို့ ယောက်ျားများသာ ဖြစ်မည်ဖြစ်ပြီး၊ မိန်းမတစ်ဦးတစ်ယောက်မျှ ကယ်တင်ခံရမည် မဟုတ်ပေ။ ဘုရားသခင်က လူသားမျိုးနွယ်ကို ဖန်ဆင်းခဲ့ချိန်တွင်၊ သူသည် အာဒံကို ဖန်ဆင်းခဲ့ပြီး ဧဝကို ဖန်ဆင်းခဲ့သည်။ သူသည် အာဒံ တစ်ဦးတည်းကိုသာ မဖန်ဆင်းခဲ့ဘဲ၊ ယောက်ျားနှင့် မိန်းမနှစ်ဦးလုံးကို သူ၏ သဏ္ဌာန်အတိုင်း ပြုလုပ်ခဲ့သည်။ ဘုရားသခင်သည် ယောက်ျားများ၏ ဘုရားသခင်သာ မဟုတ်...မိန်းမများ၏ ဘုရားသခင်လည်း ဖြစ်သည်။ ဘုရားသခင်သည် နောက်ဆုံးသောကာလတွင် အမှု၏ အသစ်သော အဆင့်တစ်ခုသို့ ဝင်ရောက်သည်။ သူသည် သူ၏စိတ်သဘောထားကို ပို၍ပင် ဖော်ပြလိမ့်မည်ဖြစ်ပြီး၊ ယင်းသည် ယေရှု၏ အချိန်ကာလနှင့် သက်ဆိုင်သည့် ကရုဏာတရားနှင့် ချစ်ခြင်းမေတ္တာတို့ ဖြစ်လိမ့်မည်မဟုတ်ပေ။ အမှုသစ်ကို လက်ရှိ လုပ်ဆောင်နှင့်ပြီ ဖြစ်သည့်အတွက်၊ ဤအမှုသစ်သည် စိတ်သဘောထားအသစ်နှင့်အတူ ပါရှိလိမ့်မည်။ ထို့ကြောင့်၊ ဤအမှုကို ဝိညာဉ်တော်က လုပ်ဆောင်ခဲ့ပါက- ဘုရားသခင်သည် လူ့ဇာတိကို မခံယူခဲ့ဘဲ၊ ယင်းအစား လူသည် သူနှင့်ဆက်သွယ်ဖို့ နည်းလမ်း မရှိခဲ့စေဖို့အလို့ငှာ ဝိညာဉ်တော်က မိုးကြိုးမှတစ်ဆင့် တိုက်ရိုက် စကားပြောခဲ့ပါက၊ လူသည် သူ၏စိတ်သဘောထားကို သိနိုင်ပါမည်လော။ အမှုကို လုပ်ဆောင်ခဲ့သည်မှာ ဝိညာဉ်တော် တစ်ပါးတည်းဖြစ်ပါက၊ လူသည် ဘုရားသခင်၏ စိတ်သဘောထားကို သိရှိလာဖို့ ဖြစ်နိုင်မည် မဟုတ်ပေ။ ဘုရားသခင် လူ့ဇာတိခံယူလချိန်တွင်၊ နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာပြီး သူက သူ၏စိတ်သဘောထား အလုံးစုံကို လူ့ဇာတိမှတစ်ဆင့် ဖော်ပြသည့်အခါတွင်သာ၊ လူတို့သည် ဘုရားသခင်၏ စိတ်သဘောထားကို မိမိတို့၏ ကိုယ်ပိုင်မျက်စိများဖြင့် ရှုမြင်နိုင်ကြလိမ့်မည်ဖြစ်သည်။ ဘုရားသခင်သည် လူများအလယ်တွင် အမှန်တကယ်နှင့် စစ်မှန်စွာ အသက်ရှင်သည်။ သူသည် အမှန်တကယ်ရှိ၏။ လူသည် သူ၏စိတ်သဘောထားကို အမှန်တကယ် ထိတွေ့နိုင်သည်၊ သူ၏အရာအားလုံးနှင့် ဖြစ်ခြင်းကို ထိတွေ့နိုင်သည်။ ဤနည်းဖြင့်သာ လူသည် သူ့ကို အမှန်တကယ် သိရှိလာနိုင်သည်။ တစ်ချိန်တည်းတွင် “ဘုရားသခင်သည် ယောက်ျားများ၏ ဘုရားသခင်ဖြစ်သလို မိန်းမများ၏ ဘုရားသခင်လည်းဖြစ်သည်။” ဆိုသည့် အမှုကိုလည်း ဘုရားသခင် ပြီးပြည့်စုံစေပြီးဖြစ်ကာ လူ့ဇာတိ၌ သူ၏ အမှုအလုံးစုံကို ပြီးမြောက်စေပြီးဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင့်အမှုတော်၏ ရူပါရုံ (၃)

အရှေ့သို့- သခင်ယေရှုသည် လူ့ဇာတိခံ ဘုရားသခင် ဖြစ်၏၊ ဤသည်မှာ ငြင်း၍မရနိုင်ပါ။ ယခု သင်က အနန္တတန်ခိုးရှင် ဘုရားသခင်သည် လူ့ဇာတိ၌ ပြန်ကြွလာသည့် သခင်ယေရှုဖြစ်သည်ဟု သက်သေခံသည်၊ သို့သော် ဘာသာရေး သင်းအုပ်ဆရာများနှင့် အကြီးအကဲများက သင် ယုံကြည်သည့်အရာမှာ လူသားသာဖြစ်သည်၊ သင် အလှည့်ဖြားခံရသည်ဟု ပြောကြသည်။ ဤအရာကို ကျွန်ုပ်တို့ သဘောမပေါက်နိုင်ပါ။ သခင်ယေရှု လူ့ဇာတိဖြစ်လာခဲ့ပြီး ရွေးနုတ်ခြင်း အမှုပြုဖို့ ကြွလာခဲ့သည့် ထိုအချိန်တုန်းက၊ ဂျူးလူမျိုး ဖာရိရှဲများသည်လည်း သူ့ကို ယုံကြည်သောသူ မည်သူမဆိုသည် လှည့်ဖြားခံရခြင်းဖြစ်သည်ဟု ဆိုရင်း သူသည် လူတစ်ဦးသာဖြစ်သည်ဟု ဆိုခဲ့ကြ၏။ ထို့ကြောင့်၊ ဘုရားသခင်၏ လူ့ဇာတိခံယူခြင်းနှင့် စပ်လျဉ်းသည့် ဤသမ္မာတရား ရှုထောင့်ကို ကျွန်ုပ်တို့ ရှာဖွေချင်ပါသည်။ လူ့ဇာတိခံယူခြင်းမှာ အတိအကျ မည်သည့်အရာနည်း၊ ပြီးလျှင် လူ့ဇာတိခံယူခြင်း၏ အနှစ်သာရမှာ အဘယ်နည်း။ ကျေးဇူးပြု၍ ဤအရာအပေါ် ကျွန်ုပ်တို့နှင့် ဆွေးနွေးပါ။
နောက်တစ်ခုသို့- နောက်ဆုံးသော ကာလ၏ ဘုရားသခင်သည် အမျိုးသမီးတစ်ဦးအဖြစ် လူ့ဇာတိခံပြီးဖြစ်သည်ဟု သင်က သက်သေခံသည်။ ယင်းကို ကျွန်ုပ်တို့ လက်မခံနိုင်ပါ။ ယေရှုက ကောင်းကင်ဘုံရှိ ဘုရားသခင်ကို ဖခမည်းတော်ဟု ခေါ်ဆိုခဲ့သည်ဟု ကျမ်းစာထဲတွင် ရေးသားထား၏။ ဖခင်များနှင့် သားများသည် ယောက်ျားဖြစ်သည် မဟုတ်လော။ သမ္မာကျမ်းစာက၊ “မိန်းမ၏ခေါင်းကား ယောက်ျားဖြစ်သည်ကို၎င်း။” (ကောရိန္သု သြဝါဒစာပဌမစောင် ၁၁:၃) ထို့ကြောင့် အမျိုးသမီးများသည် ဩဇာအာဏာမရှိကြပါ၊ ထို့ကြောင့် နောက်ဆုံးသော ကာလ၏ ဘုရားသခင်သည် အမျိုးသမီးတစ်ဦးအဖြစ် လူ့ဇာတိခံပြီးဖြစ်သည်ဟု အဘယ်ကြောင့် သင် ဆိုသနည်း။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

“ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံယူသည့် ဘုရားသခင်၏ကယ်တင်မှုကို ပို၍လိုအပ်သည်” ဟူသော အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကျွန်ုပ် ဖတ်ရပါသည်။ ဤသည်မှာ အလွန်ကောင်းပြီး၊ အလွန်လက်တွေ့ကျကာ အလွန်အရေးကြီးသော ဘုရားသခင်၏ နှုတ်ကပတ်တော် ကျမ်းတစ်ပိုဒ်ဖြစ်သည်ဟု ကျွန်ုပ် ထင်သည်။ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်အနေဖြင့် ဘုရားသခင့် လူ့ဇာတိခံယူခြင်း၏ ကယ်တင်ခြင်းကို အဘယ်ကြောင့် လက်ခံရရှိရမည်နှင့် စပ်လျဉ်း၍၊ ဤသည်မှာ လူသားက အရေးတကြီး နားလည်ရမည် သမ္မာတရား ရှုထောင့်တစ်ခု ဖြစ်ပါသည်။ ကျေးဇူးပြုပြီး ဤအရာနှင့် ပတ်သက်၍ ကျွန်ုပ်တို့နှင့် အနည်းငယ်ပို၍ ဆွေးနွေးပေးပါ။

အဖြေ- “ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံ ဘုရားသခင်၏ ကယ်တင်ခြင်းကို သာ၍လိုအပ်သည်” ဤစာပိုဒ်က ဘုရားသခင်က လူ့ဇာတိခံပြီး...

သခင်ယေရှုသည် ဘုရားသခင်၏ လူ့ဇာတိခံယူခြင်း ဖြစ်သည်ကို ကျွန်ုပ်တို့အားလုံး သိကြပါသည်။ သူ၏ အမှုတော်ကို ပြည့်စုံစေလျက်၊ သူသည် ကားစင်တင်ခံခဲ့ရပြီးနောက်၊ သူ၏ တပည့်တော်များအားလုံးရှေ့ ပေါ်ထွန်းလျက် ရှင်ပြန်ထမြောက်ခဲ့ပြီး၊ သူ၏ ဘုန်းသရေရှိသော ဝိညာဉ်ခန္ဓာဖြင့် ကောင်းကင်သို့ တက်ကြွသွားခဲ့သည်။ သမ္မာကျမ်းစာက၊ “အို ဂါလိလဲလူတို့၊ အဘယ်ကြောင့် ကောင်းကင်သို့ ကြည့်မျှော်လျက် နေကြသနည်း။ သင်တို့နှင့်ခွာ၍ ကောင်းကင်သို့ဆောင်ယူခြင်းကို ခံတော်မူသော ထိုယေရှုသည် သင်တို့မျက်မှောက်၌၊ ကောင်းကင်သို့ ကြွသွားတော်မူသည်နည်းတူ တစ်ဖန်ကြွလာတော်မူလတ္တံ့။” (တမန်တော်ဝတ္တု ၁:၁၁) ဟု ဆိုသကဲ့သို့ပင် ဖြစ်သည်။ ထို့ကြောင့်၊ သခင် တစ်ဖန်ပြန်ကြွလာသည့်အခါ၊ ယင်းမှာ လူသားထံ ပေါ်ထွန်းသော သူ၏ ရှင်ပြန်ထမြောက်သည့် ဝိညာဉ်ခန္ဓာဖြစ်လိမ့်မည်ဟု သမ္မာကျမ်းစာက အတည်ပြုပါသည်။ နောက်ဆုံးသောကာလတွင်၊ ဘုရားသခင်သည် တရားစီရင်ခြင်းအမှုကို လုပ်ဆောင်ဖို့ရန် အဘယ်ကြောင့် လူသား၏ အသွေးအသားပုံသဏ္ဍာန်ဖြင့် လူ့ဇာတိခံယူခဲ့ပါသနည်း။ သခင်ယေရှု၏ ရှင်ပြန်ထမြောက်သော ဝိညာဉ်ခန္ဓာနှင့် လူသားအဖြစ် သူ၏ လူ့ဇာတိခံယူခြင်းတို့ကြား ကွဲပြားခြားနားချက်မှာ အဘယ်နည်း။

အဖြေ- ပြန်ကြွလာသည့်သခင်က သူ၏ဝိညာဏကိုယ်နှင့်သာ ထင်ရှားပြ လိမ့်မည်ဟု ယုံကြည်သူအများစုက ယုံကြည်ကြ ပါသည်၊ ယင်းမှာ ထမြောက်ပြီးသည့်နောက်...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။