နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ထဲက အနန္တတန်ခိုးရှင် ဘုရားသခင် ဖော်ပြသည့် နှုတ်ကပတ်တော်များသည် ဘုရားသခင်၏ တကယ့်နှုတ်တော်မှ မိန့်မြွက်ချက်များဖြစ်သည်ဟု သင်တို့ သက်သေခံကြသည်၊ သို့သော် ထိုအရာများက သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းပေးခံရသည့် တစ်စုံတစ်ဦး၏ စကားများဖြစ်သည်ဟု ကျွန်ုပ်တို့ ယုံကြည်ကြသည်။ ထို့ကြောင့်၊ ကျွန်ုပ် ရှာဖွေချင်သည့်အရာမှာ၊ လူ့ဇာတိခံ ဘုရားသခင် ဖော်ပြသည့် နှုတ်ကပတ်တော်များနှင့် သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းပေးခြင်းနှင့်အတူ တစ်စုံတစ်ဦး ပြောဆိုသည့် စကားများကြားက ကွဲပြားခြားနားချက်မှာ အတိအကျ မည်သည့်အရာနည်း။

18.11.2021

အဖြေ-

အနန္တတန်ခိုးရှင် ဘုရားသခင် ဖော်ပြသောအရာအားလုံးသည် သမ္မာတရားဖြစ်ပြီး နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ သည် အမှန်တကယ် သခင်ယေရှု၏ ဒုတိယအကြိမ်ပြန်ကြွလာခြင်းဖြစ်သော အနန္တတန်ခိုးရှင် ဘုရားသခင်၏ မိန့်မြွတ်ချက်များဖြစ်သည်။ နှလုံးသားနှင့် စိတ်ဝိညာဉ်ရှိသော သူအားလုံးသည် သူ၏ နှုတ်ကပတ်တော်များကို မြင်သည်နှင့် စိတ်နှလုံးအကြွင်းမဲ့ လက်ခံပြီး ဘုရားသခင်၏ အသံတော်ဖြစ်သည်ဟု သိမှတ်ကာ ဘုရားသခင် ရှေ့မှောက်တွင် ဦးညွှတ်ကြလိမ့်မည်ဖြစ်သည်။ သို့သော်၊ နောက်ဆုံးသောကာလတွင် အနန္တတန်ခိုးရှင်ဘုရားသခင် ဖော်ပြသော နှုတ်ကပတ်တော်များသည် သန့်ရှင်းသော ဝိညာဉ်တော်၏ မှုတ်သွင်းခြင်းအားဖြင့် လူသားတစ်ဦးမှ ရေးသားထားသော စကားများသာ ဖြစ်သည်ဟု ယုံကြည်ကြသော လူအချို့ရှိသေးပြီး ၎င်းတို့သည် ယင်းကို ဘုရားသခင်၏ အမှန်တကယ် နှုတ်ကပတ်တော်များဖြစ်သည်ဟု မယုံကြည်ကြချေ။ ဤအရာက၊ ဘုရားသခင်၌ ကျွန်ုပ်တို့၏ ယုံကြည်ခြင်းသည် ဘုရားသခင်ကို သိကျွမ်းခြင်းဖြစ်ကြောင်း သေချာပေါက် မဆိုလိုခြင်း၊ ကျွန်ုပ်တို့သည် ဘုရားသခင်၏ စကားကို လူ့စကားမှ မခွဲခြားနိုင်ခြင်း၊ ထို့အပြင် သမ္မာတရားနှင့် ကိုက်ညီသော စကားများကို တကယ့်သမ္မာတရားမှ ရှင်းရှင်းလင်းလင်း မခွဲခြားနိုင်ကြခြင်းတို့ကို ပြသပါသည်။ အမှန်တွင်၊ သမ္မာတရားနှင့် ကိုက်ညီသော စကားများနှင့် တကယ့် သမ္မာတရားတို့အကြားတွင် အလွန် ပြတ်သားသော ခြားနားချက် ရှိပါသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်သည် သမ္မာတရားဖြစ်ပြီး ယင်းကို အဘယ်သူမျှ မငြင်းနိုင်ပါ၊ သို့သော် လူ့စကားမှာ အညှာတာဆုံးဆိုရလျှင် သမ္မာတရားနှင့် ကိုက်ညီရုံမျှသာ ရှိပါသည်။ တစ်စုံတစ်ဦးအနေဖြင့် သမ္မာတရားနှင့် ကိုက်ညီသော လူ၏ စကားများနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နှိုင်းယှဉ်ရမည်ဆိုလျှင်၊ အမှန်တကယ်ပင် ခြားနားချက် မရှိလိမ့်မည်လော။ ခြားနားချက်ကို သူအမှန်တကယ် မတွေ့နိုင်လိမ့်မည်လော။ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို တွေ့ကြုံပြီး သူ၏ နှုတ်ကပတ်တော်ကို သိကျွမ်းခြင်းရှိလျှင် တစ်စုံတစ်ဦးကို သမ္မာတရားပိုင်ဆိုင်သည်ဟု ဆို၍ရသလော။ သမ္မာတရားနှင့် ကိုက်ညီသော စကားများကို တစ်စုံတစ်ဦးက ပြောဆိုလျှင် သူသည် သမ္မာတရားကို ဖော်ပြနေသည်ဟု ဆိုလိုပါသလော။ လွန်ခဲ့သော ခေတ်ကာလများတွင် သန့်ရှင်းသူများက သမ္မာတရားနှင့် ကိုက်ညီသော အရာများစွာကို ပြောခဲ့ကြ၏၊ ထိုစကားများကို ဘုရားသခင်မှ ဖော်ပြသော နှုတ်ကပတ်တော်များနှင့် အသုံးအနှုန်းတန်းတူထားကာ ဆွေးနွေး၍ ရနိုင်သလော။ သမ္မာတရားကို အမှန်တကယ် သိနားလည်ပြီး သမ္မာတရားကို သိမှတ်သောသူတို့သည် သမ္မာတရားနှင့် ကိုက်ညီသော စကားများနှင့် သမ္မာတရားကိုယ်၌တို့အကြား အလွန်သိသာထင်ရှားသော ခြားနားချက်ရှိသည်ကို မြင်နိုင်သည်။ နှစ်ခုကို တစ်ခုတည်းအဖြစ် ပေါင်းစည်းသည်မှာ သမ္မာတရားကို နားမလည်သူများ သို့မဟုတ် ယင်းကို မသိမှတ်နိုင်သူများသာ ဖြစ်ကြသည်။ သမ္မာတရားနှင့် ကိုက်ညီသော စကားများကို သမ္မာတရားမှ ခွဲခြားဖို့ဆိုလျှင် မည်သည့်အရာက သမ္မာတရားဖြစ်သည်ကို ကျွန်ုပ်တို့ တိကျစွာ နားလည်သဘောပေါက်ရပါမည်။ သခင်၌ ယုံကြည်ခြင်းရှိသော ကျွန်ုပ်တို့သည် သူ၏ နှုတ်ကပတ်တော်များစွာကို ဖတ်ရှုပြီးဖြစ်သည်၊ သူ့နှုတ်ကပတ်တော်များ၏ သြဇာအာဏာနှင့် တန်ခိုးကို ကျွန်ုပ်တို့ အသိအမှတ်ပြုကြပြီး သခင့်နှုတ်ကပတ်တော်သည်သာ သမ္မာတရား ဖြစ်သည်ဟုလည်း ကျွန်ုပ်တို့ ခံစားရသည်။ သမ္မာတရားကို ကျွန်ုပ်တို့ ပြည်ဝစွာ လုံးဝ တွေ့ကြုံရလိမ့်မည်မဟုတ်ပါ၊ ကျွန်ုပ်တို့သည် သမ္မာတရားအပေါ် အတွေ့အကြုံ နှင့် နားလည်သဘောပေါက်ခြင်း မည်မျှပင် ရှိပါစေ သမ္မာတရားကို အပြည့်အဝ ပိုင်ဆိုင်သည် သို့မဟုတ် ဘုရားသခင်ကို အမှန်တကယ် သိနားလည်မှုရှိသည်ဟု ဘယ်သောအခါမျှ ကျွန်ုပ်တို့ ပြောဝံ့ကြလိမ့်မည်မဟုတ်ပေ။ ဘာသာရေး အသိုင်းအဝိုင်းအတွင်းတွင်၊ သမ္မာတရားကို ဘာသာပြန်ဝံ့သော သင်းအုပ်ဆရာများနှင့် အကြီးအကဲများရှိသည်၊ သို့သော် ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ၎င်းတို့ ဆန္ဒရှိသည်အတိုင်း အနက်မပြန်ဝံ့ကြချေ။ လူသားမျိုးနွယ်ကြားမှ အဘယ်သူမျှက ဘုရားသခင်၏ နှုတ်ကပတ်တော်ကို နားလည်သဘောပေါက်သည်ဟု မဆိုဝံ့ကြသလို သမ္မာတရားကို နားလည်သည်ဟုလည်း အဘယ်သူမျှ မဆိုဝံ့ကြပါ။ ဤအရာက သမ္မာတရား၏ အနှစ်သာရမှာ မယုံနိုင်အောင် နက်ရှိုင်းလှပြီး ဘုရားသခင်အားဖြင့်သာ ဖော်ပြနိုင်သည်ကို ပြသ ပါသည်။ ဘုရားသခင်၏ အမှုတော်ကို လူသည် တွေ့ကြုံသောအခါ သမ္မာတရားကို သိနားလည်မှု ပမာဏအချို့သာ ၎င်းတို့ရရှိနိုင်ကြသည်။ ယင်း၏ လက်တွေ့အရှိတရား အစိတ်အပိုင်းတစ်ခုထဲသို့ ဝင်ရောက်ကာ တစ်စုံတစ်ဦး မျှော်လင့်နိုင်သလောက်သာ ကောင်းမြတ်သည့် သမ္မာတရားနှင့် ကိုက်ညီသောအရာ အနည်းငယ်ကိုသာ ပြောဆိုနိုင်ကြသည်။ သို့သော်၊ ၎င်းင်းတို့သည် သမ္မာတရားကို ဘယ်သောအခါမျှ မပိုင်ဆိုင်နိုင်သလို မဖော်ပြနိုင်ကြပါ။ ဤသည်မှာ အမှန်တရားတစ်ခု ဖြစ်သည်။ လွန်ခဲ့သည့် ခေတ်ကာလများတွင်၊ သန့်ရှင်းသူများသည် သမ္မာတရားနှင့် ကိုက်ညီသောအရာများစွာကို ပြောခဲ့ကြသော်လည်း ထိုစကားများသည် သမ္မာတရားဖြစ်သည်ဟု အဘယ်သူမျှ ပြောဝံ့ခဲ့ကြလိမ့်မည်မဟုတ်ပါ။ သို့ဆိုလျှင် သမ္မာတရားဆိုသည်မှာ အတိအကျ အဘယ်အရာနည်း။ သမ္မာတရားကို ဘုရားသခင်အားဖြင့် ဖော်ပြခြင်းဖြစ်ပြီး ခရစ်တော်သာ သမ္မာတရား၊ လမ်းခရီးနှင့် အသက်ဖြစ်သည်။ ဘုရာသခင် ပြောဆိုသမျှတိုင်းသည် သမ္မာတရားဖြစ်သည်၊ ဘုရားသခင် ပြောဆိုသမျှတိုင်းသည် သူ၏ စိတ်သဘောထား၊ သူ၏ အရာအားလုံးနှင့် ဖြစ်ခြင်းတို့ကို ကိုယ်စားပြုပြီး သူ၏ စကားများက သူ၏အနန္တတန်ခိုးရှိခြင်းနှင့် ဉာဏ်ပညာတို့ဖြင့် ပြည့်ဝနေသည်။ ဘုရားသခင်သည် ကောင်းကင်၊ မြေကြီးနှင့် ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်းရန် သူ၏ နှုတ်ကပတ်တော်များကို အသုံးပြုခဲ့ပြီး လူသားမျိုးနွယ်၏ ကယ်တင်ခြင်းအဖို့ သူ၏အမှုအတော်အတွက် ဘုရားသခင်သည် သူ၏ နှုတ်ကပတ်တော်များကို အသုံးပြုပါသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များမှတဆင့် အရာခပ်သိမ်းတို့ကို ရရှိခြင်းဖြစ်သည်။ ဘုရားသခင်၏ အမှုတော်ကို တွေ့ကြုံရသော လူအားလုံးသည် ဘုရားသခင့်နှုတ်ကပတ်တော်များ၏ ကြီးမားသော ခွန်အားနှင့် အရာခပ်သိမ်းတတ်စွမ်းနိုင်ခြင်းကို မြင်နိုင်ကြပြီး ယင်းက ဘုရားသခင်သာ သမ္မာတရားကို ဖော်ပြနိုင်သည်ကို သက်သေပြသည်။ သမ္မာတရား၏ ကြီးမားသော ခွန်အားနှင့် ယင်း၏ ထာဝရတည်တံ့သော သဘာဝမှာ လူသားမျိုးနွယ်အဖို့ နားလည်နိုင်ရန် ခက်ခဲပြီး သမ္မာတရားသည်သာ ထာဝရဖြစ်ကာ ဘုရားသခင်နှင့်အတူ တည်ရှိသည်။ ယင်းသည် အစဉ်အမြဲ တည်တံ့ပြီး မပြောင်းလဲနိုင်ပေ။ လူသားမျိုးနွယ်သည် သမ္မာတရားကို ၎င်းတို့၏ အသက်အနေဖြင့် ရရှိလျှင် ထာဝရအသက်ကို ၎င်းတို့ ရရှိခဲ့ပြီးဖြစ်သည်။ လူသည် သမ္မာတရားကို အသက်အဖြစ် ရရှိဖို့ရန်အလို့ငှာ လူသားအပေါ် သမ္မာတရားကို ဘုရားသခင် နှင်းအပ်ခြင်း၏ အဓိပ္ပါယ်မှာ လွန်စွာ နက်ရှိုင်းလှ၏။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည့်အတိုင်းပင်- “လူ့စကားနှင့်ပြောဆိုသည့်သမ္မာတရားသည် လူသား၏ ဆောင်ပုဒ်မျှသာဖြစ်၏၊ လူသားသည် ၎င်းကို မည်သည့်အခါမျှ အပြည့်အဝ တွေ့ကြုံခံစားရလိမ့်မည် မဟုတ်၊ ထို့အပြင် လူသားသည် ၎င်းအပေါ်အားထားကာ အသက်ရှင်သင့်သည် ဟူသည်ကို မြင်တွေ့နိုင်၏။ သမ္မာတရားတစ်ချက်သည် လူသားတစ်ရပ်လုံးကို နှစ်ပေါင်းထောင်ပေါင်းများစွာ ရှင်သန်နေစေနိုင်သည်။

သမ္မာတရားသည် ဘုရားသခင်ကိုယ်တော်တိုင်၏ အသက် ဖြစ်၏။ ယင်းသည် သူ၏စိတ်သဘောထား၊ သူ၏ အနှစ်သာရနှင့် သူ့အထဲက ခပ်သိမ်းသောအရာတို့ကို ကိုယ်စားပြုသည်။(ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သမ္မာတရားဆိုသည်မှာ အမှန်တကယ် မည်သည့်အရာဖြစ်ကြောင်း သင် သိသလော။”)

သမ္မာတရားသည် ဘဝဆောင်ပုဒ်များ၏ အစစ်မှန်ဆုံးသော အရာဖြစ်ပြီး လူသားမျိုးနွယ်အားလုံးအကြား ထိုကဲ့သို့ဆောင်ပုဒ်များ၏ အမြင့်ဆုံးသောအရာဖြစ်သည်။ ယင်းမှာ ဘုရားသခင်က လူသားအပေါ် တောင်းဆိုချက်ဖြစ်ပြီး ဘုရားသခင်ကိုယ်တိုင် လုပ်ဆောင်သည့်အမှု ဖြစ်သောကြောင့် ယင်းကို ဘဝ၏ ဆောင်ပုဒ်ဟုခေါ်ခြင်း ဖြစ်သည်။ ယင်းမှာ တစ်စုံတစ်ရာမှ ကောက်ချက်ချထားသော ဆောင်ပုဒ်တစ်ခု မဟုတ်သလို၊ ကြီးမြတ်သောပုဂ္ဂိုလ်တစ်ဦးထံမှ နာမည်ကျော် ကိုးကားချက် တစ်ခုလည်း မဟုတ်ပေ။ ယင်းအစား၊ ၎င်းမှာ လူသားမျိုးနွယ်ဆီ ကောင်းကင်၊ မြေကြီးနှင့် အရာခပ်သိမ်းတို့၏ အရှင်သခင်ထံမှ မိန့်မြွက်ချက်ဖြစ်သည်။ လူသားမှ ကောက်ချက်ချထားသော စကားလုံးအချို့မဟုတ်ဘဲ၊ ဘုရားသခင်၏ ပင်ကိုအသက်ဖြစ်သည်။ ထို့ကြောင့် ယင်းကို ဘဝဆောင်ပုဒ်အပေါင်း၏ အမြင့်ဆုံးဟု ခေါ်ခြင်းဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်နှင့် သူ၏ အမှုကို သိရှိသူတို့သာ ဘုရားသခင်ကို ကျေနပ်စေနိုင်၏)

သမ္မာတရားသည် လူ့လောကမှ လာသော်ငြားလည်း၊ လူတို့ အလယ်ရှိ သမ္မာတရားကို ခရစ်တော်က လက်ဆင့်ကမ်းပေးခြင်း ဖြစ်သည်။ ယင်းသည် ခရစ်တော်ထံမှ၊ ဆိုလိုသည်မှာ ဘုရားသခင် ကိုယ်တိုင်ထံမှ ပေါ်ပေါက်ခြင်းဖြစ်ပြီး၊ ဤသည်မှာ လူ တတ်နိုင်စွမ်းသော အရာတစ်ခု မဟုတ်ပေ။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အောင်မြင်မှု သို့မဟုတ် ရှုံးနိမ့်မှုသည် လူလျှောက်သော လမ်းကြောင်းအပေါ်တွင် မူတည်သည်)

သမ္မာတရားနှင့် ကိုက်ညီသော လူ့စကားများသည် သမ္မာတရားဖြစ်သည်ဟု အဘယ်ကြောင့် ဆို၍မရနိုင်သနည်း။ အဘယ့်ကြောင့်ဆိုသော်၊ သမ္မာတရားနှင့် ကိုက်ညီသော လူ့စကားများသည် သမ္မာတရားနှင့် သက်ဆိုင်သည့် ၎င်းတို့၏ အတွေ့အကြုံနှင့် အသိပညာတို့ကိုမျှသာ ကိုယ်စားပြုပြီး သန့်ရှင်းသော ဝိညာဉ်တော် အမှုတော်၏ ရလဒ်ဖြစ်သောကြောင့်ဖြစ်သည်။ သန့်ရှင်းသောဝိညာဉ်တော်သည် လူများအား ဉာဏ်အလင်းဖွင့်ပြီး သမ္မာတရားကို တဖြည်းဖြည်းချင်းနားလည်ကာ သမ္မာတရား၏ စစ်မှန်မှုသို့ ဝင်ရောက်စေရန်အတွက် ဦးဆောင်လမ်းပြရန် လူတို့၏ လက်ရှိအချိန်တွင်ရှိသော တကယ့်ဝိညာဉ်အသက်တာနှင့်အညီ အလုပ်လုပ်သည်။ သန့်ရှင်းသောဝိညာဉ်တော်သည် လူတို့အား ဉာဏ်အလင်းဖွင့်ပြသည့် အခါတိုင်းတွင် သမ္မာတရားအလင်းကို တစ်စိတ်တစ်ပိုင်းသိနားလည်မှုနှင့် သမ္မာတရား၏ လက်တွေ့ အရှိတရားနှင့်သက်ဆိုင်သော အသိပညာအနည်းငယ်မျှကိုသာ ပေးသည်။ သန့်ရှင်းသော ဝိညာဉ်တော်သည် လူကို သမ္မာတရား၏ အနှစ်သာရကို ဘယ်သောအခါမျှ အဆင့်တစ်ဆင့်တည်းဖြင့် အားလုံး အပြည့်အဝ ထောက်ပံ့လိမ့်မည်မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် လူသည် ယင်းကို ရရှိနိုင်လိမ့်မည်မဟုတ်သလို တွေ့ကြုံခံစား နိုင်လိမ့်မည် မဟုတ်ပေ။ လူပြောသည့် သမ္မာတရားနှင့် ကိုက်ညီသော အရာမှာ သမ္မာတရားအပေါ်တွင် အလွန်တိမ်ပြီး ကန့်သတ်ထားသော နားလည်မှုနှင့် အတွေ့အကြုံသာဖြစ်သည်။ ဤအရာသည် သမ္မာတရား၏ အနှစ်သာရနှင့် အလွန်ဝေးကွာပါသည်။ ထို့ကြောင့် သမ္မာတရားဟု ပြော၍မရပါ။ လူကပြောသောအရာသည် သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းဖွင့်ပေးခြင်းနှင့် အလင်းပြမှုအားဖြင့် မှုတ်သွင်းခံရပြီး သမ္မာတရားနှင့် အပြည့်အဝ ကိုက်ညီလျှင်ပင် ယင်းသည် လူ၏ စိတ်ဓါတ်မြှင့်တင်ရေးနှင့် အကျိုးကျေးဇူးအတွက်သာ ဖြစ်ပြီး လူ၏ အသက်မဖြစ်နိုင်ပါ၊ စင်စစ်အားဖြင့် သမ္မာတရားသည် လူ၏ ထာဝရအသက်ဖြစ်နိုင်သည်။ ဤသည်မှာ လူက သမ္မာတရား၏ အနှစ်သာရကို အပြည့်အဝ မတွေ့ကြုံနိုင်သလို သမ္မာတရား၏ ပုံသဏ္ဌာန်အတိုင်း ဘယ်သောအခါမျှ အပြည့်အဝ အသက်မရှင်နိုင် သောကြောင့်ဖြစ်သည်။ လူသည် သမ္မာတရား ပုံသဏ္ဌာန်၏ သေးငယ်သော အစိတ်အပိုင်းလေးကိုသာ အသက်ရှင်နိုင်ပြီး ယင်းမှာ အမှန်တကယ်တွင် အတော် ကောင်းမွန်ပါသည်။ သမ္မာတရားသည် ထာဝရ လူ၏ အသက်ဖြစ်နိုင်ပြီး လူကို ထာဝရအသက် ပေးနိုင်သော်လည်း လူသားမျိုးနွယ်သည် သမ္မာတရားနှင့် ကိုက်ညီသော စကားများကို ပြောဆိုသောအခါ ယင်းမှာ ၎င်းတို့၏ စိတ်ဓါတ်မြှင့်တင်မှုနှင့် အချိန်ကာလတစ်ခုသာ ကြာရှည်ခံမည့် သက်ရောက်မှုတို့ကို အထောက်အကူပေးရန် ယာယီနည်းလမ်း တစ်ခုသာ ဖြစ်သည်၊ ထို့ကြောင့် ဤသို့သော စကားများသည် လူ၏ ထာဝရအသက်မဖြစ်နိုင်ပါ။ ဤသည်မှာ သမ္မာတရားနှင့် ကိုက်ညီသော စကားများနှင့် သမ္မာတရားကိုယ်၌ကြားက ကျိုးကြောင်းခိုင်မာသော ကွာခြားချက်ဖြစ်သည်။ ဤအရာမှ၊ လူ၏ ပြောကြားချက်သည် သန့်ရှင်းသော ဝိညာဉ်တော်အားဖြင့် ဉာဏ်အလင်းပေးခြင်းခံရပြီး သမ္မာတရားနှင့် ကိုက်ညီလျှင်ပင် ယင်းကို သမ္မာတရားဟု ဆို၍ မရသေး ကြောင်း ကျွန်ုပ်တို့သိမြင်နိုင်သည်။ ဤအရာသည် အဖြစ်မှန်ုဖြစ်ပြီး အသက်တာ အတွေ့အကြုံရှိသောသူတို့သည် ဤအရာကို လေ့လာသင်ယူပြီး ခံစားနိုင်ကြသည်။

ရုပ်ရှင်ဇာတ်ညွှန်း မေးခွန်းများအတွက် အဖြေများ မှ

သမ္မာတရားနှင့် ကိုက်ညီသော လူ၏ စကားနှင့် လူ့ဇာတိ၌ ဘုရားသခင်အားဖြင့် ဖော်ပြသော စကားတို့အကြား ပိုင်းခြားဖို့ ဆိုလျှင်၊ ဘုရားသခင်သည် ဘုရား၏ အနှစ်သာရရှိပြီး လူသည် လူသား၏ အနှစ်သာရရှိသည်ကို ပထမဦးစွာ ကျွန်ုပ်တို့ ရှင်းလင်းစွာသိရမည်။ ဘုရားသခင်၏ စကားသည် ဘုရားအသက်၏ ထုတ်ဖော်ပြချက်ဖြစ်ပြီး ဘုရားသခင်၏ စိတ်သဘောထားနှင့် ဆိုင်သော ဖော်ပြချက် တစ်ခုဖြစ်သည်၊ လူ့စကားများကမူ လူသား၏ အနှစ်သာရကို ထုတ်ဖော်ပြပါသည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ တိုက်ရိုက် ဖော်ပြမှုများသည်သာ သမ္မာတရားဖြစ်ပြီး ထိုဖော်ပြမှုများသည်သာ ဘုရားသခင်၏ နှုတ်ကပတ်တော်ဖြစ်သည်။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် ဘုရားအသက်၏ အနှစ်သာရသည် တမူထူးခြားပြီး မည်သည့်လူသားကမျှ မပိုင်ဆိုင်သောကြောင့် ဖြစ်သည်။ သို့သော်၊ ဘုရားသခင်အားဖြင့် အသုံးပြုသော လူများနှင့် သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်မှု ရှိကြသော လူတို့သည် သမ္မာတရားနှင့် ကိုက်ညီသော စကားများကို ပြောဆိုနိုင်ကြပြီး ယင်းက အခြားသူများကို အကျိုးပြုနိုင်သည်။ ဤသည်မှာ သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းပေးခြင်းနှင့် အလင်းပြခြင်းတို့မှ လာပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်ထဲက သမ္မာတရားကို လူ၏ တွေ့ကြုံခြင်းနှင့် သိနားလည်ခြင်းတို့မှလည်း လာပါသည်။ သို့သော်၊ ဤသည်မှာ သန့်ရှင်းသော ဝိညာဉ်တော်၏ တိုက်ရိုက်ဖော်ပြခြင်း မဟုတ်ပါ၊ ထို့ကြောင့် ယင်းသည် ဘုရားသခင်၏ နှုတ်ကပတ်တော် မဟုတ်ပါ။

အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “သမ္မာတရားသည် ဘဝဆောင်ပုဒ်များ၏ အစစ်မှန်ဆုံးသော အရာဖြစ်ပြီး လူသားမျိုးနွယ်အားလုံးအကြား ထိုကဲ့သို့ဆောင်ပုဒ်များ၏ အမြင့်ဆုံးသောအရာဖြစ်သည်။ ယင်းမှာ ဘုရားသခင်က လူသားအပေါ် တောင်းဆိုချက်ဖြစ်ပြီး ဘုရားသခင်ကိုယ်တိုင် လုပ်ဆောင်သည့်အမှု ဖြစ်သောကြောင့် ယင်းကို ဘဝ၏ ဆောင်ပုဒ်ဟုခေါ်ခြင်း ဖြစ်သည်။ ယင်းမှာ တစ်စုံတစ်ရာမှ ကောက်ချက်ချထားသော ဆောင်ပုဒ်တစ်ခု မဟုတ်သလို၊ ကြီးမြတ်သောပုဂ္ဂိုလ်တစ်ဦးထံမှ နာမည်ကျော် ကိုးကားချက် တစ်ခုလည်း မဟုတ်ပေ။ ယင်းအစား၊ ၎င်းမှာ လူသားမျိုးနွယ်ဆီ ကောင်းကင်၊ မြေကြီးနှင့် အရာခပ်သိမ်းတို့၏ အရှင်သခင်ထံမှ မိန့်မြွက်ချက်ဖြစ်သည်။ လူသားမှ ကောက်ချက်ချထားသော စကားလုံးအချို့မဟုတ်ဘဲ၊ ဘုရားသခင်၏ ပင်ကိုအသက်ဖြစ်သည်။ ထို့ကြောင့် ယင်းကို ဘဝဆောင်ပုဒ်အပေါင်း၏ အမြင့်ဆုံးဟု ခေါ်ခြင်းဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်နှင့် သူ၏ အမှုကို သိရှိသူတို့သာ ဘုရားသခင်ကို ကျေနပ်စေနိုင်၏)

ဘုရားသခင် တိုက်ရိုက် ဖော်ပြသည့် အရာ မှန်သမျှသည် သမ္မာတရားဖြစ်သည်၊ သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းပေးခြင်း အားလုံးမှာမူ သမ္မာတရားနှင့် ကိုက်ညီရုံမျှသာ ရှိသည်။ ဤသည်မှာ သန့်ရှင်းသော ဝိညာဉ်တော်က လူများကို သူတို့ တစ်ဦးချင်းစီ၏ ဝိညာဉ်အသက်တာနှင့် လျော်ညီစွာ ဉာဏ်အလင်းပေးပြီး၊ ၎င်းတို့ထံ သမ္မာတရားကို တိုက်ရိုက် မဖော်ပြနိုင်သောကြောင့် ဖြစ်သည်။ ဤသည်မှာ သင်နားလည်သဘောပေါက်ရမည့် အရာတစ်ခုဖြစ်သည်။ အချို့သောသူများသည် ထိုးထွင်းသိမြင်မှုအချို့ကို ရရှိ၍ သမ္မာတရား၏ နှုတ်ကပတ်တော်များမှ ၎င်းတို့၏ အတွေ့အကြုံများကို အခြေခံ၍ နားလည် သဘောပေါက်မှု အချို့ကို ရရှိခဲ့ပါက ဤသည်ကို သမ္မာတရားဟု ထည့်တွက်၍ရသလော။ အကောင်းဆုံး အနေဖြင့် ငါတို့ပြောနိုင်သည်မှာ ၎င်းတို့တွင် သမ္မာတရားအပေါ် နားလည် သဘောပေါက်မှု အချို့ရှိသည်ဟူ၍ ဖြစ်၏။ သန့်ရှင်းသောဝိညာဉ်တော် ဉာဏ်အလင်းပေးသည့် နှုတ်ကပတ်တော်ခပ်သိမ်းသည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ကိုယ်စားပြုခြင်း မရှိဘဲ၊ သမ္မာတရားကိုလည်း ကိုယ်စားပြုခြင်း မရှိ၊ ၎င်းတို့သည် သမ္မာတရားနှင့် သက်ဆိုင်ခြင်းလည်း မရှိပေ။ ထိုသူတို့တွင် သမ္မာတရားအပေါ် နားလည်မှု အချို့နှင့် သန့်ရှင်းသောဝိညာဉ်တော်၏ ဉာဏ်အလင်း အချို့ ရှိသည်ဟုသာ ဆိုနိုင်၏။...လူတိုင်းသည် သမ္မာတရားကို တွေ့ကြုံခံစားနိုင်သော်လည်း ၎င်းတို့အတွေ့အကြုံ၏ အခြေအနေများမှာမူ ကွဲပြားလိမ့်မည်ဖြစ်ကာ၊ တူညီသော သမ္မာတရားထံမှ လူတစ်ဦးစီ ရရှိလိုက်သည့်အရာမှာ ကွဲပြား၏။ သို့သော် လူတိုင်း၏ နားလည်သဘောပေါက်မှုကို ပေါင်းစပ်လိုက်ပြီးသော်မှ သင်သည် ဤသမ္မာတရားတစ်ခုကို အပြည့်အဝ ရှင်းပြနိုင်ဦးမည် မဟုတ်ပေ။ သမ္မာတရားသည် ဤမျှ လေးနက်၏။ သင်ရရှိခဲ့ပြီးဖြစ်သည့်အရာ ခပ်သိမ်းနှင့် သင်၏ နားလည်သဘောပေါက်မှုခပ်သိမ်းတို့သည် သမ္မာတရားအတွက် အစားထိုးသည့်အရာ တစ်ခု မဖြစ်နိုင်ဟု ငါအဘယ်ကြောင့် ဆိုသနည်း။ သင်၏နားလည်သဘောပေါက်မှုကို သင်သည် အခြားသူများနှင့် ဆွေးနွေးသည့်အခါ ၎င်းတို့သည် နှစ်ရက်၊ သုံးရက်မျှ စဉ်းစားပြီးနောက် ဤသည်ကို တွေ့ကြုံခံစားပြီးသွားကြလိမ့်မည် ဖြစ်သော်လည်း လူတစ်ဦးသည် တစ်သက်တာလုံးတွင်ပင် သမ္မာတရားကို အပြည့်အဝ တွေ့ကြုံခံစားနိုင်မည် မဟုတ်ပေ။ လူအားလုံးအတူတကွပင် ဤသည်ကို သေချာစွာ တွေ့ကြုံခံစားနိုင်မည် မဟုတ်ပေ။ ထို့ကြောင့် သမ္မာတရားသည် အလွန်လေးနက်ကာ သမ္မာတရားကို အပြည့်အဝ၊ ရှင်းလင်းစွာပြောဆိုရေးအတွက် စကားလုံးများကို အသုံးပြုနိုင်ခြင်းရှိမည် မဟုတ်၊ လူ့စကားနှင့်ပြောဆိုသည့်သမ္မာတရားသည် လူသား၏ ဆောင်ပုဒ်မျှသာဖြစ်၏၊ လူသားသည် ၎င်းကို မည်သည့်အခါမျှ အပြည့်အဝ တွေ့ကြုံခံစားရလိမ့်မည် မဟုတ်၊ ထို့အပြင် လူသားသည် ၎င်းအပေါ်အားထားကာ အသက်ရှင်သင့်သည် ဟူသည်ကို မြင်တွေ့နိုင်၏။ သမ္မာတရားတစ်ချက်သည် လူသားတစ်ရပ်လုံးကို နှစ်ပေါင်းထောင်ပေါင်းများစွာ ရှင်သန်နေစေနိုင်သည်။

သမ္မာတရားသည် ဘုရားသခင်ကိုယ်တော်တိုင်၏ အသက် ဖြစ်၏။ ယင်းသည် သူ၏စိတ်သဘောထား၊ သူ၏ အနှစ်သာရနှင့် သူ့အထဲက ခပ်သိမ်းသောအရာတို့ကို ကိုယ်စားပြုသည်။ အတွေ့အကြုံအနည်းငယ် ရှိခြင်းသည် သမ္မာတရား ပိုင်ဆိုင်ခြင်း ဖြစ်သည်ဟု သင်ဆိုပါက၊ သင်သည် ဘုရားသခင်၏ စိတ်သဘောထားကို ကိုယ်စားပြုနိုင်သလော။ သင့်အနေဖြင့် သမ္မာတရား၏ ရှုထောင့်တစ်ခုခု သို့မဟုတ် တစ်ဘက်ဘက်နှင့် ဆိုင်သည့် အတွေ့အကြုံ သို့မဟုတ် အလင်းတစ်စုံတစ်ရာ ရှိကောင်း ရှိနိုင်သော်လည်း၊ အခြားသူများကို ထိုအရာဖြင့် သင် အစဉ်အမြဲ မထောက်ပံ့ပေးနိုင်ပေ၊ ထို့ကြောင့် သင် ရရှိပြီးဖြစ်သည့် ဤအလင်းသည် သမ္မာတရားမဟုတ်ပေ။ ယင်းမှာ လူတို့ လက်လှမ်းမီနိုင်သည့် အဆင့်တစ်ခုမျှသာ ဖြစ်သည်။ ယင်းသည် လူတစ်ဦး ပိုင်ဆိုင်သင့်သည့် သင့်တော်သော အတွေ့အကြုံနှင့် သင့်တော်သော သိနားလည်မှု သက်သက်ဖြစ်သည်- သမ္မာတရားနှင့်ဆိုင်သည့် တကယ့်အတွေ့အကြုံနှင့် အသိပညာတစ်ချို့ ဖြစ်သည်။ ဤအလင်း၊ ဉာဏ်အလင်းပေးခြင်းနှင့် အတွေ့အကြုံနှင့်ဆိုင်သော သိနားလည်ခြင်းတို့သည် မည်သည့်အခါမျှ သမ္မာတရားကို အစားမထိုးနိုင်ပေ။ လူအားလုံးသည် ဤသမ္မာတရားကို လုံးလုံးလျားလျား တွေ့ကြုံခဲ့ရပြီး ၎င်းတို့၏ အတွေ့အကြုံနှင့်ဆိုင်သော သိနားလည်မှုအားလုံးကို အတူတကွစုပေါင်းခဲ့လျှင်ပင်၊ ယင်းသည် ထိုသမ္မာတရားတစ်ခု၏ နေရာကို ယူနိုင်လိမ့်ဦးမည် မဟုတ်။...တစ်နည်းဆိုရလျှင်၊ လူသား၏ဘဝသည် အစဉ်အမြဲပင် လူသား၏ဘဝသာ ဖြစ်လိမ့်မည်ဖြစ်ပြီး၊ သင်၏ နားလည်သဘောပေါက်ခြင်းသည် သမ္မာတရား၊ ဘုရားသခင်၏ ရည်ရွယ်ချက်များ၊ သူ၏ သတ်မှတ်ချက်များနှင့် မည်မျှပင် ကိုက်ညီနိုင်ပါစေ၊ ယင်းသည် မည်သည့်အခါမျှ သမ္မာတရားအတွက် အစားထိုးနိုင်မည် မဟုတ်ဟု ငါဆိုလို၏။ သမ္မာတရားကို လူတို့ ရရှိပြီဟုဆိုခြင်းမှာ လက်တွေ့အရှိတရားအချို့ကို ၎င်းတို့ ပိုင်ဆိုင်သည်၊ သမ္မာတရားနှင့်သက်ဆိုင်သော သိနားလည်မှုအချို့ ၎င်းတို့ ရရှိပြီ၊ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲသို့ စစ်မှန်သော ဝင်ရောက်မှုအချို့ ရရှိပြီ၊ ၎င်းတို့နှင့်ပတ်သက်၍ စစ်မှန်သောအတွေ့အကြုံအချို့ ၎င်းတို့ ရှိကြပြီး၊ ဘုရားသခင်၌ ၎င်းတို့၏ယုံကြည်ခြင်းသည် လမ်းမှန်ပေါ်၌ ရှိသည်ကို ဆိုလိုသည်။ ဘုရားသခင်ထံမှ ထွက်ဆိုချက်တစ်ခုမျှသည် လူတစ်ဦးအတွက် တစ်သက်တာလုံး ကြုံတွေ့ရန် လုံလောက်ပေသည်၊ လူတို့သည် ထိုအရာကို အသက်တာများစွာ သို့မဟုတ် ထောင်စုနှစ်ပေါင်း များစွာပင် အတွေ့အကြုံရမည် ဆိုလျှင်ပင်၊ ၎င်းတို့သည် သမ္မာတရားတစ်ခုကို လုံးဝနှင့် စေ့စေ့စပ်စပ် ကြုံတွေ့နိုင်လိမ့်ဦးမည် မဟုတ်ပေ။(ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သမ္မာတရားဆိုသည်မှာ အမှန်တကယ် မည်သည့်အရာဖြစ်ကြောင်း သင် သိသလော။”)

သမ္မာတရားနှင့် ကိုက်ညီသော လူ၏ စကားများနှင့် ဘုရားသခင်၏ စကားတို့အကြား ခြားနားမှုနှင့် ပတ်သက်သမျှတွင်၊ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်တို့တွင် အလွန်ရှင်းလင်းသော ဖြေရှင်းချက်ကို ပေးထားသည်။ သမ္မာတရားသည် ဘုရားသခင်ထံမှ လာ၏၊ ယင်းကို ခရစ်တော်မှတဆင့် ဖော်ပြပြီး သန့်ရှင်းသော ဝိညာဉ်တော်၏ တိုက်ရိုက်ဖော်ပြချက်လည်း ဖြစ်ကာ ဘုရားသခင် ပြောသမျှ အရာတိုင်းသည် သမ္မာတရားဖြစ်သည်။ သမ္မာတရားသည် ဘုရားသခင်ကိုယ်တော်တိုင်၏ တကယ့်အသက်ဖြစ်သည်၊ ယင်းသည် ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားနှင့်ဆိုင်သော ဖော်ပြခြင်းတစ်ခုဖြစ်ပြီး ဘုရားသခင်၏ အရာအားလုံးနှင့် ဖြစ်ခြင်းကို ထုတ်ဖော်ပြခြင်းဖြစ်သည်၊ ယင်းသည် အပြုသဘောဆောင်သော အရာများ၏ လက်တွေ့အရှိတရားဖြစ်ပြီး ဘုရားသခင့် ကိုယ်ပိုင် အသက်၏ အနှစ်သာရကို ကိုယ်စားပြုပါသည်။ သို့သော်၊ ဘုရားသခင်အားဖြင့် အသုံးပြုခြင်းခံရသော လူများနှင့် သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်မှုရှိသော လူတို့သည် သမ္မာတရားနှင့် ညီသော စကားများကို ပြောဆိုနိုင်ကြသည်။ ဤအရာသည် သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းပေးခြင်းနှင့် အလင်းပြခြင်းတို့မှ လာပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်ထဲက သမ္မာတရားကို လူ၏ တွေ့ကြုံခြင်းနှင့် သိနားလည်ခြင်းတို့မှလည်း လာပါသည်။ သမ္မာတရားနှင့် ညီသော ဤစကားများက လူ၏ အတွေ့အကြုံနှင့် သိနားလည်မှုတို့ကို ကိုယ်စားပြုပါသည်။ ၎င်းတို့သည် လူက ဝင်ရောက်ခြင်းရရှိပြီးသော သမ္မာတရား၏ လက်တွေ့ အရှိတရားဖြစ်ပြီး ဘုရားသခင့်အမှုတော်၏ ရလဒ်တစ်ခုလည်း ဖြစ်သည်။ လူ၏ သမ္မာတရားကို နားလည်ခြင်းက အဘယ်မျှလောက် နက်သည်၊ တိမ်သည် သို့မဟုတ် ဘုရားသခင်ကို အဘယ်မျှ ကောင်းစွာသိသည်တို့မှာ အရေးမကြီးပါ၊ လူသားမျိုးနွယ်အားဖြင့် ပြောဆိုသော အရာခပ်သိမ်းတို့သည် ၎င်းတို့ လူသားအသက်တာများ၏ အနှစ်သာရကို ထုတ်ဖော်ပြပါသည်။ အဘယ်ကြောင့်ဆိုသော်၊ လူမှ ပြောဆိုသည့် သမ္မာတရားနှင့် ကိုက်ညီသော စကားများသည် သမ္မာတရား၏ နက်ရှိုင်းမှုမှ အလွန်ဝေးကွာသောကြောင့်ဖြစ်ပြီး လူပြောသောအရာကို သမ္မာတရားဟု ခေါ်ဆိုမရနိုင်ပါ။ သမ္မာတရားနှင့် ကိုက်ညီသော စကားများနှင့် တကယ့် သမ္မာတရားတို့အကြားတွင် ရှိရင်းစွဲ နှင့် အလွန်များပြားသော ခြားနားချက်များ ရှိသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်သည် သမ္မာတရားဖြစ်သည်၊ ဘုရားသခင်၏ အသက်အနှစ်သာရဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်၏နှုတ်ကပတ်တော်သည် ထာဝရတည်တံ့ပြီး မပြောင်းလဲပါ။ သခင်ယေရှု ပြောခဲ့သည့်အတိုင်း- “ကောင်းကင်နှင့် မြေကြီး မတည်သော်လည်း ငါ့စကား တည်လိမ့်မည်။(ရှင်လုကာခရစ်ဝင် ၂၁:၃၃) ဟု ပြောသကဲ့သို့ပင် ဖြစ်သည်။ အနန္တတန်ခိုးရှင် ဘုရားသခင်ကလည်း- “ငါ၏ နှုတ်ကပတ်တော်များသည် ထာဝရမပြောင်းလဲသော သမ္မာတရား ဖြစ်၏။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သင်တို့၏ လုပ်ဆောင်ချက်များကို သင်တို့ သုံးသပ်ဆင်ခြင်သင့်သည်) ဟု ဆိုထားပါသည်။ ဤသည်မှာ ပညတ်တော်ခေတ်တွင် ပညတ်တော် ဆယ်ပါးကို ဘုရားသခင်က ထုတ်ပြန်ကြေညာခဲ့သကဲ့သို့ ဖြစ်သည်၊ နှစ်ထောင်ပေါင်းများစွာ ကုန်လွန်ခဲ့သော်လည်း၊ မည်သို့ပင်ဆိုစေကာမူ ယနေ့တွင် ၎င်းတို့ကို လူသားမျိုးနွယ်က လိုက်နာ စောင့်ထိန်းကြ ဆဲပဲဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် သမ္မာတရားဖြစ်ပြီး အပြုသဘောဆောင်သော အရာများ၏ လက်တွေ့ရှိတရားဖြစ်သောကြောင့်၊ ယင်းသည် အချိန်၏ စမ်းသပ်မှုကို ကြံ့ကြံ့ခံနိုင်သောကြောင့် ဖြစ်ပြီး ထာဝရကာလတစ်ခုလုံး ဆက်လက် တည်လိမ့်ဦးမည်ဖြစ်သည်။ သို့သော်၊ လူ၏ စကားများသည် သမ္မာတရားမဟုတ်သောကြောင့် ထာဝရ တည်တံ့လိမ့်မည်မဟုတ်ပေ။ လူသားသမိုင်း၏ တိုးတက်မှုမှ ကျွန်ုပ်တို့ မြင်နိုင်ပါသည်၊ သိပ္ပံပညာ သုတေသနနှင့် ဥပဒေ ကဏ္ဍတွင်ဖြစ်စေ၊ လူမှုဗေဒဆိုင်ရာ သီအိုရီများတွင်ဖြစ်စေ၊ အချိန်တစ်ခုအတွင်း လူ၏ စကားများသည် ပယ်ရှင်း ခံရကြသည် သို့မဟုတ် စွန့်ပစ်ခံရသည် သို့မဟုတ် မျက်စိတမှိတ်အတွင်းမှာပင် ခေတ်မမှီတော့သောအရာပင် ဖြစ်လာ ခဲ့သည်။ လူက ပြောသော စကားများမှာ သမ္မာတရားနှင့် ကိုက်ညီလျှင်ပင်၊ ၎င်းတို့သည် ခေတ္တခဏအနေနှင့်သာ ကျွန်ုပ်တို့ကို အထောက်အကူဖြစ်နိုင်သည်၊ ကျွန်ုပ်တို့အတွက် ထောက်ပံ့ပေးပြီး ကျွန်ုပ်တို့ကို အားပေးနိုင်သည်။ ၎င်းတို့သည် ကျွန်ုပ်တို့၏ အသက် မဖြစ်နိုင်ပါ။ လူ၏ စကားများသည် လူ၏ အသက်မဖြစ်နိုင်ဟု အဘယ်ကြောင့် ကျွန်ုပ်တို့ ဆိုကြသနည်း။ အဘယ်ကြောင့်ဆိုသော် လူ၏ စကားများသည် သမ္မာတရားနှင့် ကိုက်ညီနိုင်သော်လည်း ယင်းသည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို လူက တွေ့ကြုံခြင်းနှင့် သိနားလည်ခြင်းမျှသာ ဖြစ်သည်။ ယင်းသည် သမ္မာတရား၏ အနှစ်သာရမှ အလွန်ဝေးကွာပြီး သမ္မာတရားကို မည်သည့်နည်းနှင့်မျှ ကိုယ်စားမပြုနိုင်သလို သမ္မာတရား လုပ်ဆောင်သည့် လူ့အသက် ဖြစ်ခြင်းတည်းဟူသော သက်ရောက်မှုလည်း မရှိပါ။ ယင်းက ခေတ္တယာယီသာ ကျွန်ုပ်တို့ကို ကူညီနိုင်ပြီး စိတ်ဓါတ်မြှင့်တင်ရေးနှင့် အားပေးမှုတို့ကိုသာ ပေးနိုင်သည်။ ထို့ကြောင့်၊ သမ္မာတရားနှင့် ကိုက်ညီသော လူ၏ စကားများသည် သမ္မာတရားမဟုတ်သလို လူ၏ အသက်လည်း မဖြစ်နိုင်ပါ။ ထိုသို့ဆိုလျှင်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်သည်သာ လူ၏ အသက်ဖြစ်နိုင်သည်မှာ အဘယ်သို့နည်း။ ဘုရားသခင်၏ စကားသည် သမ္မာတရားဖြစ်ပြီး အပြုသဘောဆောင်သော အရာများ၏ လက်တွေ့အရှိတရား ဖြစ်သောကြောင့် ကျွန်ုပ်တို့လူသားများသည် ပြည့်ဝစွာ မတွေ့ကြုံနိုင်သလို သမ္မာတရားအသီးသီးသည် လူသားမျိုးနွယ်အဖို့ မကုန်နိုင်မခမ်းနိုင်ဖြစ်သည်။ ထာဝရကာလကို ကျွန်ုပ်တို့ တွေ့ကြုံခံစား နိုင်မည်ဆိုလျှင်ပင် သမ္မာတရားကို ကျွန်ုပ်တို့ အပြည့်အဝ ပိုင်ဆိုင်သည် သို့မဟုတ် သမ္မာတရားကို အပြည့်အဝ ရရှိခဲ့ပြီဟု မပြောဝံ့သေးပါ။ ဤသည်မှာ အမှန်တရားတစ်ခု ဖြစ်သည်။ ထို့အပြင်၊ သမ္မာတရားသည် လူသားမျိုးနွယ်ကို သန့်စင်နိုင်သည်၊ ကယ်တင်နိုင်ပြီး စုံလင်စေ နိုင်သည်။ အသက်ရှင်ရန် သမ္မာတရားပေါ် မှီခိုခြင်းအားဖြင့်၊ စစ်မှန်သော လူသား၏ ပုံသဏ္ဍာန်ကို ကျွန်ုပ်တို့ အသက်ရှင်နိုင်ပြီး၊ သမ္မာတရား၏ ပုံရိပ်အတိုင်း ကျွန်ုပ်တို့ အသက်ရှင်နိုင်သည်၊ ထိုသို့အားဖြင့် ဘုရားသခင်ကို သိရှိလာနိုင်သည်၊ အပ်နှံလာနိုင် လာသည်၊ ဘုရားသခင်ကို ကိုးကွယ်နိုင်ပြီး ဘုရားသခင်နှင့်အတူ သဟဇာတဖြစ်လာနိုင်ကြသည်၊ ယင်းမှာ လူသားမျိုးနွယ်ကို ပထမဦးဆုံး သူဖန်ဆင်းခဲ့ချိန်က ဘုရားသခင်၏ ရည်ရွယ်ချက် ဖြစ်သည်။ သမ္မာကျမ်းစာက၊ “တဖန်ဘုရားသခင်က ငါတို့ပုံသဏ္ဍာန်နှင့်အညီ တသဏ္ဍန်တည်း လူကို ဖန်ဆင်းကြစို့။(ကမ္ဘာဦးကျမ်း ၁:၂၆) ဟု ဆိုထားသည့်အတိုင်းပင် ဖြစ်သည်။ လူသားမျိုးနွယ်ကို ဖန်ဆင်းရာတွင် ဘုရားသခင်၏ ရည်ရွယ်ချက်မှာ လူသားမျိုးနွယ်ကို ရုပ်ခန္ဓာပေးဖို့သာ မဟုတ်ဘဲ၊ အဓိကအားဖြင့် လူသားမျိုးနွယ်ကို အသစ်သော အသက်ကို အပ်နှင်းဖို့ဖြစ်သည်။ ဤအသစ်သော အသက်သည် သမ္မာတရား ဖြစ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်ဖြစ်သည်။ သမ္မာတရားသည် ကျွန်ုပ်တို့၏ အသက်ဖြစ်လာသောအခါ၊ ကျွန်ုပ်တို့ အသက်တာ၏ လက်တွေ့ အရှိတရားဖြစ်လာသောအခါ၊ သမ္မာတရား၏ ပုံရိပ်အတိုင်း အသက်ရှင်သည့်အခါတွင်ဖြစ်ပြီး စစ်မှန်သည့်လူသား ပုံသဏ္ဌာန်အဖြစ် အသက်ရှင်နေထိုင်သည့်အခါတို့တွင် လူသားမျိုးနွယ်အား ဖန်ဆင်းခြင်းတွင် ဘုရားသခင်၏ ရည်ရွယ်ချက်အား ကျွန်ုပ်တို့ ဖြည့်ဆည်းပြီး ဖြစ်လိမ့်မည်။ ထို့ကြောင့်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့် သမ္မာတရားသည်သာ လူ၏ ထာဝရအသက်ဖြစ်နိုင်သည်ဟု ကျွန်ုပ်တို့ ဆိုရခြင်းဖြစ်သည်။ ဘုရားသခင်အားဖြင့် အသုံးပြုခံရသော လူတို့သည် သမ္မာတရားကို တွေ့ကြုံခြင်းနှင့် သိနားလည်မှုအချို့ ရှိကောင်းရှိနိုင်ပြီး သမ္မာတရားနှင့် ကိုက်ညီသော တစ်စုံတစ်ကို ၎င်းတို့ ပြောကောင်း ပြောနိုင်ကြလိမ့်မည်ဖြစ်သော်လည်း ဤသည်မှာ သန့်ရှင်းသော ဝိညာဉ်တော် လုပ်ဆောင်မှု၏ ရလဒ်တစ်ခုသာ ဖြစ်သည်။ ယင်းသည် ဘုရားသခင်၏ ကယ်တင်ခြင်းနှင့် လူကို ဘုရားသခင်၏ စုံလင်စေခြင်းဖြစ်သည်။ ဘုရားသခင် အသုံးပြုခြင်းခံရသော လူတို့၏ သမ္မာတရားနှင့် ကိုက်ညီသည့် စကားများ သို့မဟုတ် ၎င်းင်းတို့၏ ဘုရားသခင်ကို အမှန်တကယ်သိနားလည်ခြင်းသည် သမ္မာတရား၏ အနှစ်သာရကို ၎င်းတို့ ပိုင်ဆိုင်သည်ဟု မဆိုလိုသကဲ့သို့ ဘုရားသခင်၏ အသက်အား ပိုင်ဆိုင်ခြင်းကိုလည်း ကိုယ်စားမပြုပါ။ ယင်းအစား၊ ထိုအရာက ၎င်းတို့သည် သမ္မာတရားကို ရယူခဲ့ကြပြီး ထိုသမ္မာတရားသည် ၎င်းတို့ အသက်တာများ၏ လက်တွေ့ အရှိတရားဖြစ်လာခဲ့ပြီ ဟူ၍သာ ပြသပါသည်။ ဤသည်မှာ လူသည် သမ္မာတရားမဟုတ်သောကြောင့်ဖြစ်ပြီး သမ္မာတရားကို အမှန်တကယ် ပိုင်ဆိုင်သည်ဟု ၎င်းတို့ ပြောဝံ့ကြလိမ့်မည်မဟုတ်ပါ။ ထို့ကြောင့် လူ၏ စကားများသည် သမ္မာတရားနှင့် မည်မျှ ကိုက်ညီပါလေ့စေ၊ သို့မဟုတ် ၎င်းတို့က ကျွန်ုပ်တို့ကို မည်မျှ စိတ်ဓါတ်မြှင့်တင်နိုင်ပါလေ့စေ၊ ၎င်းတို့ကို သမ္မာတရားဖြစ်သည်ဟု ပြော၍မရနိုင်ပါ၊ ထို့အပြင် ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော် မဟုတ်ပါ။

နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ မှ

ဘုရားအသုံးပြုသည့်လူများက ပြောသည့် သမ္မာတရားနှင့် ကိုက်ညီသည့် စကားများက အဘယ့်ကြောင့် သမ္မာတရား မဟုတ်ကြောင်းကို သိချင်ပါက၊ သမ္မာတရားက အမှန်တကယ် မည်သည့်အရာဖြစ်ကြောင်းကို ကျွန်တော်တို့ ပထမဆုံး ရှင်းရှင်းလင်းလင်းဖြစ်ရပါမည်။ သမိုင်းတစ်လျှောက်လုံးမှာ သမ္မာတရား မည်သည့်အရာ ဖြစ်ကြောင်းကို အမှန်တကယ် မည်သူမျှ မသိကြပါ။ ကျေးဇူးတော်ခေတ်မှာ သခင်ယေရှုက ဤလောကထဲကို ကြွလာခဲ့ချိန်မှာ၊ “ငါသည်လမ်းခရီးဖြစ်၏။ သမ္မာတရားကိုလည်းဖြစ်၏။ အသက်သည်လည်းဖြစ်၏။(ရှင်ယောဟန်ခရစ်ဝင် ၁၄:၆) ဟု ပြောခဲ့သည်။ သို့သော်လည်း သမ္မာတရား၏ အဓိပ္ပာယ်အမှန်ကို မည်သူမျှ နားမလည်ကြသေးပါ။ နောက်ဆုံးသော ကာလ၏ ခရစ်တော်ဖြစ်သည့် အနန္တတန်ခိုးရှင် ဘုရားသခင် ရောက်ရှိ လာချိန်မှသာ ထို သမ္မာတရား၏ နက်နဲမှုများက လူသားမျိုးနွယ်ထံသို့ အပြည့်အဝ ထုတ်ဖော်ပြခံရခြင်း ဖြစ်သည်။

ဤအကြောင်းနှင့် ပတ်သက်ပြီး အနန္တတန်ခိုးရှင် ဘုရားသခင် မည်သည့်အရာ ပြောထားသည်ကို ကြည့်ကြရအောင- “သမ္မာတရားသည် လူ့လောကမှ လာသော်ငြားလည်း၊ လူတို့ အလယ်ရှိ သမ္မာတရားကို ခရစ်တော်က လက်ဆင့်ကမ်းပေးခြင်း ဖြစ်သည်။ ယင်းသည် ခရစ်တော်ထံမှ၊ ဆိုလိုသည်မှာ ဘုရားသခင် ကိုယ်တိုင်ထံမှ ပေါ်ပေါက်ခြင်းဖြစ်ပြီး၊ ဤသည်မှာ လူ တတ်နိုင်စွမ်းသော အရာတစ်ခု မဟုတ်ပေ။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အောင်မြင်မှု သို့မဟုတ် ရှုံးနိမ့်မှုသည် လူလျှောက်သော လမ်းကြောင်းအပေါ်တွင် မူတည်သည်)

သမ္မာတရားသည် ဘဝဆောင်ပုဒ်များ၏ အစစ်မှန်ဆုံးသော အရာဖြစ်ပြီး လူသားမျိုးနွယ်အားလုံးအကြား ထိုကဲ့သို့ဆောင်ပုဒ်များ၏ အမြင့်ဆုံးသောအရာဖြစ်သည်။ ယင်းမှာ ဘုရားသခင်က လူသားအပေါ် တောင်းဆိုချက်ဖြစ်ပြီး ဘုရားသခင်ကိုယ်တိုင် လုပ်ဆောင်သည့်အမှု ဖြစ်သောကြောင့် ယင်းကို ဘဝ၏ ဆောင်ပုဒ်ဟုခေါ်ခြင်း ဖြစ်သည်။ ယင်းမှာ တစ်စုံတစ်ရာမှ ကောက်ချက်ချထားသော ဆောင်ပုဒ်တစ်ခု မဟုတ်သလို၊ ကြီးမြတ်သောပုဂ္ဂိုလ်တစ်ဦးထံမှ နာမည်ကျော် ကိုးကားချက် တစ်ခုလည်း မဟုတ်ပေ။ ယင်းအစား၊ ၎င်းမှာ လူသားမျိုးနွယ်ဆီ ကောင်းကင်၊ မြေကြီးနှင့် အရာခပ်သိမ်းတို့၏ အရှင်သခင်ထံမှ မိန့်မြွက်ချက်ဖြစ်သည်။ လူသားမှ ကောက်ချက်ချထားသော စကားလုံးအချို့မဟုတ်ဘဲ၊ ဘုရားသခင်၏ ပင်ကိုအသက်ဖြစ်သည်။ ထို့ကြောင့် ယင်းကို ဘဝဆောင်ပုဒ်အပေါင်း၏ အမြင့်ဆုံးဟု ခေါ်ခြင်းဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်နှင့် သူ၏ အမှုကို သိရှိသူတို့သာ ဘုရားသခင်ကို ကျေနပ်စေနိုင်၏)

လူ့စကားနှင့်ပြောဆိုသည့်သမ္မာတရားသည် လူသား၏ ဆောင်ပုဒ်မျှသာဖြစ်၏၊ လူသားသည် ၎င်းကို မည်သည့်အခါမျှ အပြည့်အဝ တွေ့ကြုံခံစားရလိမ့်မည် မဟုတ်၊ ထို့အပြင် လူသားသည် ၎င်းအပေါ်အားထားကာ အသက်ရှင်သင့်သည် ဟူသည်ကို မြင်တွေ့နိုင်၏။ သမ္မာတရားတစ်ချက်သည် လူသားတစ်ရပ်လုံးကို နှစ်ပေါင်းထောင်ပေါင်းများစွာ ရှင်သန်နေစေနိုင်သည်။

သမ္မာတရားသည် ဘုရားသခင်ကိုယ်တော်တိုင်၏ အသက် ဖြစ်၏။ ယင်းသည် သူ၏စိတ်သဘောထား၊ သူ၏ အနှစ်သာရနှင့် သူ့အထဲက ခပ်သိမ်းသောအရာတို့ကို ကိုယ်စားပြုသည်။(ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သမ္မာတရားဆိုသည်မှာ အမှန်တကယ် မည်သည့်အရာဖြစ်ကြောင်း သင် သိသလော။”)

အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များကနေ ကျွန်တော်တို့ မြင်နိုင်သည်မှာ သမ္မာတရားဆိုသည်မှာ ဘုရားသခင် ဆီကလာပြီး ခရစ်တော်၏ ဖော်ပြချက်ကနေ လာခြင်းဖြစ်ကြောင်း ဖြစ်ပါသည်။ ဆိုလိုသည်မှာ ဘုရားသခင် ပြောသည့်စကားအားလုံးက သမ္မာတရားဖြစ်ပါသည်။ ဤသည်မှာ သမ္မာတရားက ဘုရားအသက်၏ အနှစ်သာရ၊ ဘုရား၏ စိတ်သဘောထား၊ ဘုရား၏ အရာအားလုံးနှင့် ဖြစ်ခြင်းနှင့် အပြုသဘောဆောင်သည့် အရာအားလုံး၏ လက်တွေ့အရှိတရား ဖြစ်သောကြောင့် ပင်တည်း။ သမ္မာတရားက ထာဝရဖြစ်ပြီး မည်သည့်အခါမျှ ပြောင်းလဲမည်မဟုတ်ပါ။ ဘုရား၏ နှုတ်ကပတ်တော်များမှာ သြဇာအာဏာနှင့် တန်ခိုးပါရှိသည်။ ၎င်းတို့က လူကို သန့်စင် ကယ်တင်ပြီး စုံလင်စေနိုင်သည်။ ပြီးလျှင် လူ၏ ထာဝရအသက် ဖြစ်နိုင်သည်။ ထို့ကြောင့် ဘုရားသခင် ဖော်ပြသည့် နှုတ်ကပတ်တော် အားလုံးက သမ္မာတရားဖြစ်ပါသည်။ ဘုရား၏ အမှုတော်၊ ထုတ်ဖော်ပြခြင်းများနှင့် သူတင်ကူး စီမံထားခြင်းများ အားလုံးက သမ္မာတရားဖြစ်သည်။ လူသားအနေနှင့် ထိန်းသိမ်းပြီး စောင့်ထိန်း လိုက်နာဖို့အတွက် ဘုရားသခင်က အမိန့်ပေး ချမှတ်ထားသည့် စည်းမျဉ်းများ လူသားဆီက သူ တောင်းဆိုခြင်းများ လူသားကို အသက်ရှင်နေထိုင်ဖို့ အမိန့်ပေးခြင်းများ အားလုံးက သမ္မာတရားဖြစ်ပါသည်။ အပြုသဘောဆောင်သည့် အရာအားလုံး၏ လက်တွေ့အရှိတရား ဖြစ်ပါသည်။ ထို့ကြောင့် ဘုရားပြောသည့် စကားတစ်လုံးတိုင်းမှာ ရှာဖွေရမည့် သမ္မာတရားရှိသည်။ သူ့အမှုတော် အဆင့်တိုင်းမှာ သမ္မာတရားများစွာကို ဘုရားသခင်က ဖော်ပြထားပါသည်။ ကျွန်တော်တို့ လူသားများအပေါ် ဘုရားသခင် ပေးသနားသည့် တန်ဖိုးရှိသည့် အသက်က ဤသမ္မာတရားများထဲမှာ ရှိပါသည်။

ဘုရားသခင်က သူ့၏ လူ့ဇာတိခံယူခြင်း နှစ်ကြိမ်အတွင်း ဖော်ပြသည့်အရာများအားလုံးက သမ္မာတရား ဖြစ်ပါသည်။ ကျေးဇူးတော်ခေတ်ထဲက သခင်ယေရှု၏ စကားများကဲ့သို့ပင် သူ၏ စကားများက လူသားမျိုးနွယ်ကို ဘုရားသခင်၏ စိတ်သဘောထား၊ ချစ်ခြင်းမေတ္တာ နှင့် သန့်ရှင်းသည့် အနှစ်သာရကို သက်သေ ခံခွင့်ပေးသည်။ ၎င်းတို့ကဘုရားသခင်ကို သိရှိဖို့ ကျွန်တော်တို့ကို ကူညီပေးသည့် အဖိုးတန် သမ္မာတရားများအားလုံးဖြစ်ပါသည်။ သခင်ယေရှု၏ ချစ်ခြင်းမေတ္တာ၊ ကရုဏာ၊ သည်းခံခြင်းနှင့် လူသားမျိုးနွယ်အပေါ် ခွင့်လွှတ်ခြင်းအပြင်၊ လူသားအနေနှင့် ဘုရားသခင်ကို သူတို့၏ စိတ် နှလုံး ဝိညာဉ် အားလုံးနှင့် ချစ်ဖို့၊ သူတို့ကိုယ်သူတို့ ချစ်သကဲ့သို့၊ သူတို့နှင့် စပ်ဆိုင်သူများကို ချစ်ဖို့ လောက၏အလင်းနှင့် လောက၏ဆားဖြစ်ဖို့ဆိုသည့် သခင်ယေရှုက တောင်းဆိုခြင်းများ အားလုံးက အပြုသဘောဆောင်သည့် အရာများဖြစ်ပါသည်။ ၎င်းတို့က သမ္မာတရားဖြစ်ပါသည်။ ၎င်းတို့က ကျွန်တော်တို့ ပိုင်ဆိုင်ရမည့်် အသက်၏ လက်တွေ့အရှိတရားလည်း ဖြစ်ပါသည်။ နောက်ဆုံးသောကာလ ခရစ်တော်ဖြစ်သည့် အနန္တတန်ခိုးရှင်ဘုရားသခင်က ကြွရောက်နေပါပြီ။ လူသားမျိုးနွယ်ကို တရားစီရင်ခြင်း သန့်စင်ခြင်း နှင့် စုံလင်စေခြင်းဆိုသည့် သမ္မာတရားအားလုံးကို သူက ဖော်ပြပါသည်။ ဤသမ္မာတရားများက နိုင်ငံတော်ခေတ်မှာ လူသားက ပိုင်ဆိုင်လာရမည့်် အသက်၏ လက်တွေ့အရှိတရား ဖြစ်ပါသည်။ နောက်ဆုံးသောကာလ၏ ခရစ်တော်က ဖြောင့်မတ်ခြင်း ဘုန်းအာနုဘော် အမျက်ဒေါသနှင့် ပုန်ကန်ပြစ်မှားမှုကို သည်းမခံခြင်း ဆိုသည့် ဘုရား၏ စိတ်သဘောထားကို ကျွန်တော်တို့ဆီ ထုတ်ဖော်ပြပါသည်။ လူသားမျိုးနွယ်ကို ကယ်တင်ဖို့ ဘုရားသခင်၏ စီမံခန့်ခွဲမှုအစီအစဉ်နှင့် ဆိုင်သည့် နက်နဲမှုများ ဘုရားအမှုတော် အဆင့်သုံးဆင့်၏ နက်နဲမှုများ၊ အမှုတော်အဆင့်အသီးသီး၏ ဂုဏ်ဒြပ်နှင့် အတွင်းပိုင်း သမ္မာတရားအပြင် သူ၏ လူ့ဇာတိခံယူခြင်းဆိုင်ရာ နက်နဲမှု၊ နောက်ဆုံးသော ကာလ တရားစီရင်ခြင်း အမှုတော်ကို ဘုရားသခင်က မည်သို့ လုပ်ဆောင် ကြောင်းနှင့်၊ ခရစ်တော်၏နိုင်ငံတော်က မည်သည့်အရာဖြစ်ကြောင်း တို့ကို သူက ထုတ်ဖော်ပြပါသည်။ လူအမျိုးအစား တစ်ဦးစီတိုင်း၏ ကံကြမ္မာကို ဘုရားက မည်သို့ ထုတ်ဖော်ပြသည်၊ ဘုရားက လူကောင်းကို မည်သို့ ဆုပေးပြီး၊ ဆိုးညစ်သူကို မည်သို့ အပြစ်ပေးကြောင်းတို့ကို သူက ဖွင့်ပြပါသည်။ ဘုရား၏ ဖြောင့်မတ်ခြင်း အဓိပ္ပာယ်၊ ဘုရား၏ သန့်ရှင်းခြင်း အဓိပ္ပါယ်နှင့် နှစ်သက်မှု၊ ဒေါသ၊ ဝမ်းနည်းမှုနှင့် ဝမ်းမြောက်ခြင်းဆိုသည့် ဘုရားစိတ်သဘောထား၏ သင်္ကေတ အဓိပ္ပာယ် တို့ကိုလည်း သူက ထုတ်ဖော်ပြပါသည်။ မည်သည့်အရာက ဖြောင့်မတ်ကြောင်း၊ မည်သည့်အရာက ဆိုးညစ်ကြောင်း၊ မည်သည့်အရာက အပြုသဘောဆောင်ပြီး၊ မည်သည့်အရာက အပျက်သဘော ဆောင်ကြောင်း တို့နှင့် စာတန်အားဖြင့် လူသား၏ ဖောက်ပြန်ပျက်စီးခြင်း အနှစ်သာရနှင့် အမှန်တရားများကို သူက ထုတ်ဖော်ပြသည်။ ဘုရားသခင်ကို မည်သို့ ကြောက်ရွံ့ရိုသေပြီး မကောင်းမှုကို မည်သို့ ရှောင်ရမည်။ စစ်မှန်သည့်အသက်ဆိုသည်မှာ မည်သည့်အရာဖြစ်ကြောင်း နှင့် မည်သို့ အဓိပ္ပါယ်ရှိရှိ အသက်ရှင်ရမည့်အကြောင်း စသည်တို့ကို အနန္တတန်ခိုးရှင် ဘုရားသခင်က လူကို ပြသပါသည်။ အနန္တတန်ခိုးရှင်ဘုရားသခင်က ကျွန်တော်တို့ သိနားလည်နိုင်လာစေဖို့အတွက် ဤကဲ့သို့ သမ္မာတရားများနှင့် နက်နဲမှုများအားလုံးကို ကျွန်တော်တို့ဆီ ထုတ်ဖော်ပြထားပါပြီ။ သို့မှသာ ကျွန်တော်တို့က ဘုရားကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်လာကြမည်။ ဘုရားကို နာခံပြီး ကိုးကွယ်လာကြလိမ့်မည်။ အနန္တတန်ခိုးရှင် ဘုရားသခင်၏ သမ္မာတရားက လူသားမျိုးနွယ် ပိုင်ဆိုင်သင့်သည့် ထာဝရ အသက်လမ်း ဖြစ်ပါသည်။ ဘုရားသခင်၏ သမ္မာတရားအားလုံးကို လက်ခံယုံကြည်ပြီး၊ ၎င်းတို့အားဖြင့် အသက်ရှင်သူများက ထာဝရအသက်ကို ရမည်ဖြစ်သည်။ မည်သည့် သမ္မာတရားကိုမှ လက်မခံသည့်လူများမှာမူ ဧကန်မုချ ပျက်စီးပါလိမ့်မည်။ ထို့ကြောင့် နောက်ဆုံးသောကာလမှာ အနန္တတန်ခိုးရှင် ဘုရားသခင် ဖော်ပြသည့် သမ္မာတရားများအားလုံးက နောက်ဆုံးသောကာလမှာ ခေတ်တစ်ခေတ်ကို အဆုံးသတ်ခြင်းနှင့် ခေတ်သစ်ကို အစပျိုးခြင်းဆိုသည့် ဘုရားသခင်၏ အမှုတော် ဖြစ်ပါသည်။ ဘုရားသခင် အသုံးပြုသည့် လူများက ဘုရားက ကယ်တင်ပြီး စုံလင်စေသူများ ဖြစ်သည်။ ဘုရား၏ အမှုတော်ထဲမှာ သူတို့၏ တာဝန်က ဘုရား၏ အမှုတော်နှင့် အတူပူးပေါင်းလုပ်ဆောင်ဖို့နှင့် ဘုရားရွေးချယ်ထား သူများကို ဦးဆောင်ဖို့ ဖြစ်သည်။ ထို့ကြောင့် သမ္မာတရားနှင့်ကိုက်ညီသည့် သူတို့ ပြောဆိုသည့် မည်သို့ စကားမျိုးမဆိုက သန့်ရှင်းသောဝိညာဉ်တော် အမှုတော်၏ အသီးအပွင့်များ ဖြစ်ပါသည်။ ဤစကားများက ကျွန်တော်တို့အဖို့ အကျိုးပြုသော်လည်း၊ ၎င်းတို့ကို သမ္မာတရားလို့ မခေါ်နိုင်ပါ။ ဘုရား၏ နှုတ်ကပတ်တော်အဖြစ် ယူ၍မရပါ။ အကြောင်းမှာ လူ့စကားများက သမ္မာတရားနှင့်ဆိုင်သည့် သူတို့၏ အသိပညာနှင့် အတွေ့အကြုံများ ကနေ လာခြင်းဖြစ်ပြီး လူသား၏ရှုထောင့် စိတ်ကူးနှင့် သိနားလည်မှုများကို ကိုယ်စားပြုနိုင်သကဲ့သို့ လူသား၏ မစင်ကြယ်မှုများနှင့် မလွဲမရှောင်သာ ရောနှောနေမည်။ ထို့အပြင် သမ္မာတရားနှင့်ပတ်သက်သည့် လူ၏အသိပညာနှင့် အတွေ့အကြုံ များက အကန့်အသတ်ရှိသည်။ သမ္မာတရား၏စစ်မှန်မှုထဲကို မည်မျှ ဝင်ရောက်ပါစေ၊ သူက သမ္မာတရား၏ အနှစ်သာရကို သရုပ်ထင်စေသည်ဟု မဆိုနိုင်သေးသကဲ့သို့ သမ္မာတရားကို အပြည့်အဝ အသက်ရှင်နေထိုင်သည် ဟု ပြော၍မရနိုင်ပါ။ ထို့ကြောင့် သူ အသက်ရှင် နေထိုင်ထားသည့် သမ္မာတရား၏ အကန့်အသတ် ရှိသည့် စစ်မှန်မှုတချို့ကို သူက ဖော်ပြခဲ့သည့်တိုင်၊ သူ့စကားများက သမ္မာတရားနှင့် ကိုက်ညီရုံ ကိုက်ညီခြင်းဖြစ်သည်။ ၎င်းတို့ကို သမ္မာတရားနှင့် တူညီသည့် အဆင့်အတန်းမှာ ထားရမှာမဟုတ်ပါ။ လူ့ဇာတိခံ ဘုရားသခင်၏ နှုတ်ကပတ်တော်များကသာ သမ္မာတရားဖြစ်ပါသည်။ တစ်နည်းပြောရပါက ဘုရားသခင်ကသာ သမ္မာတရား၏ အနှစ်သာရ ကို ပိုင်ဆိုင်ပြီး ဘုရားသခင်က သမ္မာတရားဖြစ်သည် ဟု ဆိုရမည်။ ကျွန်တော်တို့က ဘုရားကို နှစ်များ မည်မျှများများ ယုံကြည်ထားပါစေ၊ ဘုရားရှေ့မှာ ကျွန်တော်တို့က အမြဲတမ်း ကလေးသူငယ်များသာ ဖြစ်ပါသည်။ ဘုရား၏ ပုံသဏ္ဌာန်ကို ကျွန်တော်တို့ လုံး၀ အသက်ရှင်မနေထိုင်နိုင်ပါ။ ထို့ကြောင့် ဘုရားအသုံးပြုသည့်လူများ သို့မဟုတ် သန့်ရှင်းသော ဝိညာဉ်တော်၏အလုပ် ရှိသည့်လူများ၏ စကားများကို သမ္မာတရားနှင့် ကိုက်ညီသည့် စကားများအဖြစ် ယူ၍ရနိုင်ပါသည်။ ၎င်းတို့ကို သမ္မာတရားသက်သက်အဖြစ် မှတ်ယူ၍မရနိုင်ပါ။ ဤသည်မှာ ငြင်း၍ မရသည့် အချက်ဖြစ်ပါသည်။ လူ့စကားများကို သမ္မာတရားဟု ကျွန်တော်တို့ ခေါ်သည့်အခါမှာ ကျွန်တော်တို့က ဘုရားကို ဆန့်ကျင်ပြီး ပြစ်မှား စော်ကားနေကြခြင်းဖြစ်သည်။

နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ မှ

အရှေ့သို့- အနန္တတန်ခိုးရှင် ဘုရားသခင်သည် လက်ရှိ သူ၏ နောက်ဆုံးသော ကာလ တရားစီရင်ခြင်း အမှုတော်ကို လုပ်ဆောင်နေသည့် လူ့ဇာတိခံ ဘုရားသခင် ဖြစ်သည်ဟု သင်တို့ သက်သေခံကြသည်၊ သို့သော် ဘာသာရေး သင်းအုပ်ဆရာများနှင့် အကြီးအကဲများက အနန္တတန်ခိုးရှင် ဘုရားသခင်၏ အမှုတော်မှာ အမှန်တကယ် လူသား၏ အလုပ်ဖြစ်ပြီး၊ ယင်းအပြင်၊ သခင်ယေရှုကို မယုံကြည်သူ များစွာကလည်း ခရစ်ယာန်ဘာသာမှာ လူသားတစ်ဦးကို ယုံကြည်ခြင်းသာ ဖြစ်သည်ဟု ဆိုသည်။ ဘုရားသခင်၏ အမှုတော်နှင့် လူသား၏ လုပ်ဆောင်ချက်တို့ကြား ခြားနားချက်မှာ မည်သည့်အရာ အတိအကျဖြစ်သည်ကို ကျွန်ုပ်တို့ မပိုင်းခြားမသိမြင်နိုင်သေးပါ၊ ထို့ကြောင့် ကျေးဇူးပြုပြီး ဤအရာအပေါ် ကျွန်ုပ်တို့နှင့် ဆွေးနွေးပေးပါ။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။