အနန္တတန်ခိုးရှင် ဘုရားသခင်သည် လက်ရှိ သူ၏ နောက်ဆုံးသော ကာလ တရားစီရင်ခြင်း အမှုတော်ကို လုပ်ဆောင်နေသည့် လူ့ဇာတိခံ ဘုရားသခင် ဖြစ်သည်ဟု သင်တို့ သက်သေခံကြသည်၊ သို့သော် ဘာသာရေး သင်းအုပ်ဆရာများနှင့် အကြီးအကဲများက အနန္တတန်ခိုးရှင် ဘုရားသခင်၏ အမှုတော်မှာ အမှန်တကယ် လူသား၏ အလုပ်ဖြစ်ပြီး၊ ယင်းအပြင်၊ သခင်ယေရှုကို မယုံကြည်သူ များစွာကလည်း ခရစ်ယာန်ဘာသာမှာ လူသားတစ်ဦးကို ယုံကြည်ခြင်းသာ ဖြစ်သည်ဟု ဆိုသည်။ ဘုရားသခင်၏ အမှုတော်နှင့် လူသား၏ လုပ်ဆောင်ချက်တို့ကြား ခြားနားချက်မှာ မည်သည့်အရာ အတိအကျဖြစ်သည်ကို ကျွန်ုပ်တို့ မပိုင်းခြားမသိမြင်နိုင်သေးပါ၊ ထို့ကြောင့် ကျေးဇူးပြုပြီး ဤအရာအပေါ် ကျွန်ုပ်တို့နှင့် ဆွေးနွေးပေးပါ။

18.11.2021

အဖြေ-

ဘုရားသခင်၏ အမှုတော်နှင့် လူသား၏ လုပ်ဆောင်မှုက လုံးဝ ခြားနားပါသည်။ အသေအချာ စူးစမ်းလေ့လာမည် ဆိုပါက ၎င်းကို မြင်နိုင်ပါသည်။ ဥပမာ၊ သခင်ယေရှု၏ မိန့်မြွက်ချက်နှင့် အမှုတော်နှင့် တမန်တော်များ၏ဖွင့်ဆိုချက်၊ လုပ်ဆောင်ချက်တို့ကို ကြည့်မည်ဆိုပါက ကွဲပြားမှုက အရမ်းသိသာကြောင်းကို မြင်ရမည် ဖြစ်သည်။ သခင်ယေရှု ဖွင့်ဆိုပြခဲ့သည့် နှုတ်ကပတ်တော်တိုင်းက သမ္မာတရားဖြစ်ပြီး၊ ဩဇာအာဏာ သက်ဝင်ပါသည်။ လျှို့ဝှက် နက်နဲမှုများစွာ ကိုလည်း ဖော်ထုတ်ပြနိုင်သည်။ ၎င်းတို့ အားလုံးက လူသားများ မလုပ်နိုင်သည့် အရာများ ဖြစ်ပါသည်။ ထို့ကြောင့်ပင် သခင်ယေရှုကို ဆည်းကပ်သူများ တကယ့်ကို အများကြီးရှိနေခြင်း ဖြစ်သည်။ တမန်တော်များ၏ လုပ်ဆောင်မှုမှာမူ ဧဝံဂေလိတရားကိုသာ ဖြန့်ဝေပေးနိုင်ပါသည်။ ဘုရားသခင်အတွက် သက်သေခံပြီး၊ အသင်းတော်ကို အထောက်အပံ့ပြုပေးနိုင်ရုံသာ ဖြစ်သည်။ ရလဒ်များကလည်း သိပ်ကို နည်းပါးပါသည်။ ဘုရားသခင်၏ အမှုတော်နှင့် လူသား၏ လုပ်ဆောင်မှု မည်သို့ခြားနားသည်မှာ အလွန် သိသာပါသည်။ သို့ပါက ကျွန်မတို့က ယင်းကို အဘယ့်ကြောင့် ထိုးဖောက်မမြင်နိုင်ရသနည်း။ အကြောင်းအရင်းမှာ အဘယ်နည်း။ အကျင့်ပျက်နေသည့်လူသားများက ဘုရားသခင်ကို မသိမြင်ဘဲ၊ သမ္မာတရား တစ်ခုမျှ မပိုင်ဆိုင်သောကြောင့် ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်၏ အမှု နှင့် လူ၏ အလုပ်အကြား ကွာခြားချက်ကို မသိရခြင်းဖြင့် ရလဒ်ထွက်ပေါ်လာခဲ့သည်၊ ပြီးလျှင် ထို့ကြောင့် လူ့ဇာတိခံယူထားသည့် ဘုရားသခင်၏ အမှုတော်ကို လူသား၏ လုပ်ဆောင်မှုအဖြစ် အလွယ်တကူ ယူဆကြခြင်းဖြစ်သည်။ ထို့ကြောင့် မိမိ ကြည်ညိုလေးစားသူ၏လုပ်ဆောင်မှု၊ မိစ္ဆာဝိညာဉ်များ၏ လုပ်ဆောင်မှု၊ ခရစ်တော် အတုအယောင်များနှင့် ပရောဖက်များ၏ လုပ်ဆောင်မှုတို့ကို ဘုရားသခင်၏လက်ခံလိုက်နာရမည့် အမှုတော်အဖြစ် အလွယ်တကူ ယူဆမိကြခြင်းဖြစ်သည်။ ဤသည်မှာ သမ္မာတရားခရီး လမ်းကနေ သွေဖည်ပြီး၊ ဘုရားသခင်ကို ဆန့်ကျင်ခြင်းဖြစ်သည်။ လူကို လေးစားကြည်ညိုခြင်း၊ စာတန်၏အမိန့်ကို နာခံခြင်း၊ စာတန်ကို ကိုးကွယ်ခြင်းဟု ယူဆရမည် ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ စိတ်နေသဘောထားကို ဆိုးဆိုးရွားရွားစော်ကားသည့် အမှုဖြစ်ပြီး၊ ဘုရားသခင်၏ ဒဏ်ခတ်ခြင်းကို ခံရမည်ဖြစ်သည်။ ဤကဲ့သို့ လူများက ကယ်တင်ခြင်းခံရမည့် အခွင့်အရေးကို ဆုံးရှုံးရမည်ဖြစ်သည်။ ထို့ကြောင့် ဤမေးခွန်းက သမ္မာတရားခရီးလမ်းကို စူးစမ်းရှာဖွေရာမှာ၊ ဘုရားသခင်၏ နောက်ဆုံးသောကာလ အမှုတော်ကို သိနားလည်ရန် အလွန် အရေးကြီးပါသည်။ အပြင်ပန်းကြည့်ပါက လူ့ဇာတိခံယူ ထားသည့် ဘုရားသခင်၏ အမှုတော်နှင့် ဘုရားသခင် အသုံးပြုသည့် လူသား၏ လုပ်ဆောင်မှု နှစ်ခုစလုံးက လူသားက လုပ်ဆောင် ပြောဆိုနေသကဲ့သို့ မြင်ရမည်ဖြစ်သည်။ သို့သော်လည်း အနှစ်သာရနှင့် လုပ်ဆောင်မှု၏သဘောသဘာဝမှာမူ ကမ္ဘာခြားသကဲ့သို့ ကွဲပြား ပါသည်။ ယနေ့တွင် အနန္တတန်ခိုးရှင် ဘုရားသခင်က ကြွရောက်လာပြီး၊ အလုံးစုံသော သမ္မာတရားများနှင့် လျှို့ဝှက်နက်နဲမှုများကို ဖော်ထုတ်ပြ ထားပါသည်။ ဘုရားသခင်၏အမှုတော်နှင့် လူသား၏ လုပ်ဆောင်မှုတို့ ခြားနားချက်ကိုလည်း ဖွင့်ဟပြထားပါသည်။ သို့ပါက ဘုရားသခင်၏ အမှုတော်နှင့် လူသား၏လုပ်ဆောင်မှုနှင့်ပတ်သက်၍ ကျွန်မတို့မှာ အသိပညာနှင့် ချင့်ချိန်နိုင်စွမ်းများ ရှိနေပါပြီ။ အနန္တတန်ခိုးရှင် ဘုရားသခင်၏နှုတ်ကပတ်တော်များကို ကြည့်ကြ ရအောင်။

အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “ဘုရားသခင် ကိုယ်တိုင်၏ အမှုတွင် လူသားမျိုးနွယ် အားလုံး၏အလုပ် ပါဝင်ပြီး ယင်းသည် ခေတ်တစ်ခုလုံး၏ အလုပ်ကိုလည်း ကိုယ်စားပြု၏၊ ဆိုလိုသည်မှာ ဘုရားသခင်ကိုယ်တိုင်၏ အလုပ်သည် သန့်ရှင်းသော ဝိညာဉ်တော် အလုပ်၏ အင်အားနှင့် လားရာတိုင်းကို ကိုယ်စားပြုပြီး၊ တမန်တော်များ၏ အလုပ်မှာမူ ဘုရားသခင်ကိုယ်တိုင်၏ အလုပ်နောက်တွင် ဖြစ်လာပြီး ယင်းမှ လိုက်လုပ်ခြင်းဖြစ်ကာ ခေတ်ကို မဦးဆောင်သကဲ့သို့၊ ခေတ်တစ်ခေတ်လုံးထဲက သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက် လားရာကိုလည်း ကိုယ်စားမပြုပေ။ ၎င်းတို့သည် စီမံခန့်ခွဲမှုအလုပ်နှင့် လုံးဝ သက်ဆိုင်ခြင်းမရှိသည့် လူလုပ်ဆောင်သင့်သည့် အလုပ်ကို လုပ်ကြခြင်းသာ ဖြစ်သည်။ ဘုရားသခင် ကိုယ်တိုင် လုပ်ဆောင်သည့် အမှုသည် စီမံခန့်ခွဲမှုအလုပ်အတွင်းရှိ စီမံကိန်းတစ်ခု ဖြစ်သည်။ လူသား၏ အလုပ်မှာ အသုံးပြုခြင်းခံရသော လူတို့ ဖြည့်ဆည်းသည့် တာဝန်သာဖြစ်ပြီး စီမံခန့်ခွဲမှုအလုပ်နှင့် ဆက်နွှယ်မှု မရှိပေ။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်၏ အမှုနှင့် လူသား၏အလုပ်)

လူ့ဇာတိခံ ဘုရားသခင်၏အမှုသည် ခေတ်သစ်တစ်ခေတ်ကို အစပြုပြီး၊ သူ၏အမှုကို ဆက်လက် လုပ်ဆောင်သူများသည် သူ၏အသုံးပြုခြင်းကို ခံရသောသူများဖြစ်သည်။ လူသားလုပ်ဆောင်သော အလုပ်အားလုံးသည် လူ့ဇာတိ၌ရှိသည့် ဘုရားသခင်၏ အမှုတော်အတွင်းတွင် ရှိပြီး၊ ဤနယ်ပယ်ကို လွန်၍ သွားနိုင်စွမ်း မရှိပေ။ အကယ်၍ လူ့ဇာတိခံ ဘုရားသခင်သည် သူ၏အမှုကို လုပ်ဆောင်ရန် မကြွလာခဲ့ပါက၊ လူသားသည် ခေတ်ဟောင်းကို အဆုံးသတ်သို့ ဆောင်ကြဉ်းနိုင်မည် မဟုတ်သကဲ့သို့၊ ခေတ်သစ်ကို ဖွင့်လှစ်ပေးနိုင်မည် မဟုတ်ပေ။ လူသားလုပ်ဆောင်သော အလုပ်သည် လူ့အနေဖြင့် လုပ်ဖို့ ဖြစ်နိုင်သည့် သူ့တာဝန်၏ အတိုင်းအတာအတွင်းမျှသာ ရှိပြီး၊ ဘုရားသခင်၏အမှုကို ကိုယ်စားမပြုပေ။ လူ့ဇာတိခံ ဘုရားသခင်သာ ကြွကာ သူလုပ်သင့်သောအမှုကို ပြီးစီးနိုင်ပြီး၊ သူ့အပြင် သူ့ကိုယ်စား မည်သူမျှ ဤအမှုကို မလုပ်ဆောင်နိုင်ပေ။ ဟုတ်ပေ၏၊ ငါပြောသော အရာသည် လူ့ဇာတိခံယူခြင်း အမှုနှင့် စပ်လျဉ်း၍ ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံ ဘုရားသခင်၏ ကယ်တင်ခြင်းကို သာ၍လိုအပ်သည်)

လူ့ဇာတိခံ ဘုရားသခင်ဖြစ်သော သူသည် ဘုရားသခင်၏ အနှစ်သာရကို ပိုင်ဆိုင်ရမည်ဖြစ်ပြီး၊ လူ့ဇာတိခံ ဘုရားသခင်ဖြစ်သော သူသည် ဘုရားသခင်၏ ဖော်ပြခြင်းကို ပိုင်ဆိုင်လိမ့်မည် ဖြစ်သည်။ ဘုရားသခင်သည် ဇာတိပကတိ ဖြစ်သွားသည့်အတွက် သူလုပ်ဆောင်ရန် ရည်ရွယ်သည့်အမှုကို သူ လုပ်ဆောင်မည်ဖြစ်ပြီး၊ ဘုရားသခင်သည် ဇာတိပကတိ ဖြစ်သွားသည့် အတွက်၊ သူ၏ဖြစ်ခြင်းကို ဖော်ပြမည်ဖြစ်ကာ လူသားထံ သမ္မာတရားကို ယူဆောင်လာနိုင်မည်၊ သူ့အပေါ် အသက်ကို အပ်နှင်းနိုင်မည်ဖြစ်ပြီး၊ သူ့အတွက် လမ်းခရီးကို ညွှန်ပြနိုင်မည်ဖြစ်သည်။ ဘုရားသခင်၏ အနှစ်သာရ မရှိသည့် ဇာတိပကတိသည် လူ့ဇာတိခံ ဘုရားသခင် တကယ် မဟုတ်ပေ။ ဤအရာနှင့် သက်ဆိုင်၍ သံသယဖြစ်ဖွယ် မရှိချေ။...

...လူ့ဇာတိခံ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် ခေတ်သစ်တစ်ခုကို ဖွင့်လှစ်သည်၊ လူသားမျိုးနွယ် အားလုံးကို လမ်းပြသည်၊ နက်နဲမှုများကို ထုတ်ဖော်ပြပြီး၊ ခေတ်သစ်တွင် လူသားလျှောက်လှမ်းရမည့် ဦးတည်ရာကို ပြသပေသည်။ လူသားရရှိသော အသိဉာဏ်ပွင့်လင်းခြင်းမှာ လက်တွေ့လုပ်ဆောင်ခြင်း သို့မဟုတ် အသိပညာအတွက် ရိုးရှင်းသော သွန်သင်မှုများသာ ဖြစ်သည်။ ယင်းက လူသားမျိုးနွယ်အားလုံးကို ခေတ်သစ်တစ်ခုထဲသို့ လမ်းပြနိုင်ခြင်းမရှိ၊ သို့မဟုတ် ဘုရားသခင်ကိုယ်တိုင်၏ နက်နဲမှုများကို ထုတ်ဖော်မပြနိုင်ပေ။ နောက်ဆုံး စာရင်းချုပ်လိုက်သောအခါ၊ ဘုရားသခင်သည် ဘုရားသခင်ဖြစ်ပြီး လူသည် လူဖြစ်သည်။ ဘုရားသခင်သည် ဘုရားသခင်၏ အနှစ်သာရရှိပြီး လူသည် လူ၏အနှစ်သာရ ရှိသည်။(နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ ကျမ်းဦးစကား)

လူ့ဇာတိခံ ဘုရားသခင်သည် ဘုရားသခင်၏ အသုံးပြုခြင်းခံရသော လူတို့နှင့် သိသိသာသာ ကွာခြားပေသည်။ လူ့ဇာတိခံ ဘုရားသခင်သည် ဘုရားသဘာဝ၏အမှုကို လုပ်ဆောင်နိုင်ပြီး၊ ဘုရားသခင်၏ အသုံးပြုခြင်းခံရသော လူတို့မှာမူ မလုပ်ဆောင်နိုင်ကြပေ။ ခေတ်ကာလအသီးသီး၏ အစတွင် ဘုရားသခင်၏ဝိညာဉ်တော်သည် လူသားကို အသစ်သော အစပြုခြင်းထဲသို့ ခေါ်ဆောင်ဖို့ရန် ကိုယ်တိုင်ကိုယ်ကျ စကားပြောပြီး ခေတ်သစ်ကို အစပြုလေသည်။ သူသည် စကားပြောခြင်း ပြီးဆုံးသောအခါ၊ ဤအရာက သူ၏ဘုရားသဘာဝအတွင်းရှိ ဘုရားသခင်၏အမှု ပြီးမြောက်သည်ကို ညွှန်ပြပေသည်။ ထို့နောက်တွင်၊ လူအားလုံးသည် မိမိတို့၏ အသက်တာ အတွေ့အကြုံများထဲသို့ ဝင်ရောက်ရန် ဘုရားသခင်၏ အသုံးပြုခြင်း ခံရသောသူတို့၏ ဦးဆောင်မှုနောက်ကို လိုက်ကြလေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူ့ဇာတိခံ ဘုရားသခင်နှင့် ဘုရားသခင် အသုံးပြုသောလူတို့ကြား ပဓာနကျသည့် ကွာခြားချက်)

ဘုရားသခင် ဖော်ပြသည့် အရာအားလုံးသည် ဘုရားသခင်ကိုယ်တိုင် ဖြစ်သည့်အရာဖြစ်ပြီး၊ ဤအရာကို လူသားက မရယူနိုင်ပေ- ဆိုလိုသည်မှာ ယင်းကို လူသား၏ တွေးခေါ်မှုက လက်လှမ်းမမီပေ။ သူသည် လူသားမျိုးနွယ်အားလုံးကို ဦးဆောင်ခြင်း အလုပ်အား ဖော်ပြပြီး ဤသည်မှာ လူသားအတွေ့အကြုံ၏ အသေးစိတ် အချက်အလက်များနှင့် ဆက်နွှယ်မှုမရှိဘဲ၊ ယင်းအစား သူ၏ကိုယ်ပိုင်စီမံခန့်ခွဲမှုနှင့် သက်ဆိုင်လေသည်။ လူသား ဖော်ပြသည့်အရာသည် သူ၏အတွေ့အကြုံ ဖြစ်သော်လည်း၊ ဘုရားသခင် ဖော်ပြသည်မှာ လူသား လက်လှမ်းမမီသည့် သူ၏ ရှိရင်းစွဲ စိတ်သဘောထားဖြစ်သော သူ၏ဖြစ်တည်မှု‌ ဖြစ်ပေသည်။ လူသား၏ အတွေ့အကြုံသည် ဘုရားသခင်၏ဖြစ်တည်မှုနှင့် သက်ဆိုင်၍ ဘုရားသခင်၏ဖော်ပြခြင်းအရ ဆည်းပူးရရှိသည့် ၎င်း၏ ထိုးထွင်းသိမြင်မှုနှင့် အသိပညာ ဖြစ်ပေသည်။ ထိုသို့သော ထိုးထွင်းသိမြင်မှုနှင့် အသိပညာတို့ကို လူသား၏ ဖြစ်တည်မှုဟု ခေါ်ပြီး၊ ၎င်းတို့၏ ဖော်ပြခြင်းနှင့် သက်ဆိုင်သည့် အခြေခံအကြောင်းရင်းမှာ၊ လူသား၏ မွေးရာပါ စိတ်သဘောထားနှင့် အရည်အချင်းတို့ ဖြစ်သည်- ဤသည်မှာ ယင်းတို့ကို လူသား၏ ဖြစ်တည်မှုဟုလည်း ခေါ်ဆိုရသည့် အကြောင်းရင်း ဖြစ်ပေသည်။...ဘုရားသခင်၏ လူ့ဇာတိခံ ခန္ဓာကပြောဆိုသော နှုတ်ကပတ်တော်များသည် ဝိညာဉ်တော်၏ တိုက်ရိုက်ဖော်ပြချက်ဖြစ်ပြီး ယင်းတို့သည် ဝိညာဉ်တော် လုပ်ဆောင်ပြီးသော အမှုကို ဖော်ပြလေသည်။ ယင်းကို ဇာတိခန္ဓာက မတွေ့ကြုံဖူး သို့မဟုတ် မမြင်ဖူးသော်လည်း၊ ဇာတိခန္ဓာ၏ အနှစ်သာရသည် ဝိညာဉ်တော် ဖြစ်သည့်အတွက် သူသည် သူ၏ဖြစ်ခြင်းကို ဖော်ပြဆဲဖြစ်ပြီး ဝိညာဉ်တော်၏ အလုပ်ကို သူ ဖော်ပြလေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်၏ အမှုနှင့် လူသား၏အလုပ်)

ဘုရားသခင်လုပ်ဆောင်သော အမှုသည် သူ၏ ဇာတိခန္ဓာ၏ အတွေ့အကြုံကို ကိုယ်စားပြုသည့်အရာ မဟုတ်ပေ။ လူလုပ်သော အလုပ်မှာ သူ၏အတွေ့အကြုံကို ကိုယ်စားပြုသည့်အရာ ဖြစ်သည်။ အယောက်တိုင်းသည် မိမိတို့၏ ကိုယ်ပိုင် အတွေ့အကြုံနှင့် ပတ်သက်၍ ပြောဆိုကြ၏။ ဘုရားသခင်သည် သမ္မာတရားကို တိုက်ရိုက်ဖော်ပြနိုင်သော်လည်း၊ လူသည် သမ္မာတရားကို သူ၏ တွေ့ကြုံခြင်းနှင့် ကိုက်ညီသည့် အတွေ့အကြုံကိုသာ ဖော်ပြနိုင်လေသည်။ ဘုရားသခင်၏အမှုသည် စည်းမျဉ်းများ မရှိသကဲ့သို့၊ အချိန် သို့မဟုတ် ပထဝီဝင် အကန့်အသတ်များအောက်တွင် မရှိပေ။ သူသည် သူ၏ဖြစ်ခြင်းကို အချိန်မရွေး၊ နေရာမရွေး ဖော်ပြနိုင်သည်။ သူ နှစ်သက်သည့်အတိုင်း သူအလုပ်လုပ်လေသည်။ လူ၏အလုပ်သည် သတ်မှတ်ချက်များနှင့် ဆက်စပ် စဉ်းစားရမည့် အခြေအနေများ ရှိ၏။ ထိုအရာများ မရှိပါက၊ သူသည် အလုပ်လုပ်နိုင်မည်မဟုတ်သကဲ့သို့၊ ဘုရားသခင်နှင့်သက်ဆိုင်သော သူ၏အသိပညာ သို့မဟုတ် သမ္မာတရားနှင့်သက်ဆိုင်သော သူ၏ အတွေ့အကြုံကို ဖော်ပြနိုင်မည်မဟုတ်ပေ။ တစ်စုံတစ်ရာသည် ဘုရားသခင်၏ ကိုယ်ပိုင်အမှုဖြစ်သည်၊ သို့မဟုတ် လူ၏အလုပ်ဖြစ်သည်ဆိုသည်ကို ပြောရန်၊ သင့်အနေဖြင့် ထိုနှစ်ခုကြားက ကွာခြားချက်များကို နှိုင်းယှဉ်ရုံနှိုင်းယှဉ်ရမည်ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်၏ အမှုနှင့် လူသား၏အလုပ်)

အကယ်၍ လူသားသည် ဤအမှုကို လုပ်ဆောင်ရမည်ဆိုပါက၊ အလွန်အကန့်အသတ်ရှိပေမည်- ယင်းသည် လူသားကို အခြေအနေ တစ်ခုထိ ခေါ်ဆောင်သွားနိုင်မည်ဖြစ်သော်လည်း၊ လူသားကို ထာဝရ ပန်းတိုင်သို့ ခေါ်ဆောင်နိုင်မည် မဟုတ်ပေ။ လူသားသည် လူသား၏ကံကြမ္မာကို မဆုံးဖြတ်နိုင်သကဲ့သို့၊ ထို့အပြင် လူသား၏ အလားအလာများနှင့် အနာဂတ် ပန်းတိုင်ကိုလည်း မသေချာစေနိုင်ပေ။ သို့ရာတွင် ဘုရားသခင် လုပ်ဆောင်သည့်အမှုသည် ကွဲပြားခြားနား၏။ သူသည် လူသားကို ဖန်ဆင်းခဲ့သည့်အတွက်၊ လူသားကို သူဦးဆောင်လမ်းပြ၏။ လူသားကို သူကယ်တင်သည့်အတွက်၊ သူသည် လူသားကို လုံးလုံးလျားလျား ကယ်တင်ပြီး လုံးဝ ရယူလိမ့်မည်။ သူသည် လူသားကို ဦးဆောင်သည့်အတွက်၊ လူသားကို သင့်လျော်သည့် ပန်းတိုင်သို့ ပို့ဆောင်လိမ့်မည်။ ပြီးလျှင် သူသည် လူသားကိုဖန်ဆင်းခဲ့ပြီး စီမံခန့်ခွဲသည့်အတွက်၊ လူသား၏ကံကြမ္မာနှင့် အလားအလာများအတွက် သူတာဝန်ယူရမည် ဖြစ်သည်။ ဤသည်မှာ ဖန်ဆင်းရှင် လုပ်ဆောင်သည့် အမှုဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူ၏သာမန်ဘဝကို နဂိုအတိုင်း ပြန်ဖြစ်လာစေခြင်းနှင့် သူ့ကို အံ့သြဖွယ်ကောင်းသော ခရီးပန်းတိုင်သို့ ခေါ်ဆောင်သွားခြင်း)

အနန္တတန်ခိုးရှင်ဘုရားသခင်၏နှုတ်ကပတ်တော်များက ဘုရားသခင်၏ အမှုတော်နှင့် လူသား၏ လုပ်ဆောင်မှုကြားက ခြားနားချက်ကို အလွန် ရှင်းလင်းသွားစေပါသည်။ လူ့ဇာတိခံ ဘုရားသခင်နှင့် ဘုရားသခင် အသုံးပြုသည့် လူများ၏အနှစ်သာရက ခြားနားသောကြောင့် သူတို့ လုပ်ဆောင်ချက်များကလည်း အလွန်ခြားနား ပါသည်။ လူ့ဇာတိခံ ဘုရားသခင်က အပြင်ပန်းက ကြည့်ပါက သာမန်လူတစ်ယောက်ကဲ့သို့ ဖြစ်သည်။ သို့သော်လည်း သူက လူ့ဇာတိမှာ ပေါ်ပေါက်လာသည့် ဘုရားသခင်၏ဝိညာဉ်တော် ဖြစ်ပါသည်။ ထို့ကြောင့် ကိုယ်တော်က ဘုရား၏ သဘာဝ အနှစ်သာရ ရှိပြီး၊ ဘုရားသခင်၏ဩဇာအာဏာ၊ အနန္တတန်ခိုးတော်နှင့် ဉာဏ်ပညာကို ပိုင်ဆိုင်သည်။ ထို့ကြောင့် လူ့ဇာတိခံ ဘုရားသခင်က သူ့၏အမှုတော်မှာ သမ္မာတရားများကို တိုက်ရိုက်ဖော်ပြနိုင်စွမ်း ရှိပါသည်။ ပြီးလျှင် ဘုရားသခင်၏ ဖြောင့်မတ်သည့် စိတ်နေသဘောထားနှင့် ဘုရားသခင်၏ အရာအားလုံးနှင့်ဖြစ်ခြင်း ကိုလည်း ဖော်ပြနိုင်သည်။ ခေတ်ဟောင်းတစ်ခုကို အဆုံးသတ်ပြီး ခေတ်သစ်တစ်ခုကို စတင်နိုင်သည်။ ဘုရားသခင်၏ ရည်ရွယ်ချက် များနှင့် ဘုရားသခင်၏ လူသားအပေါ် သတ်မှတ်ချက်များကို ဖော်ပြရင်း၊ ဘုရားသခင် စီမံခန့်ခွဲမှုအစီအစဉ်၏ နက်နဲမှုများအားလုံးကိုလည်း ထုတ်ဖော်ပြ နိုင်ပါသည်။ လူ့ဇာတိခံ ဘုရားသခင် ဖော်ပြသည့် နှုတ်ကပတ်တော် အားလုံးက သမ္မာတရားများဖြစ်ပြီး၊ ၎င်းတို့က လူသား၏အသက်တာ ဖြစ်နိုင်သကဲ့သို့၊ လူသား၏ဘဝအစီအစဉ်ကိုလည်း ပြောင်းလဲပေး နိုင်ပါသည်။ လူ့ဇာတိခံ ဘုရားသခင်၏အမှုတော်က လူများကို သိမ်းပိုက်နိုင်သည်၊ သန့်စင်နိုင်သည်။ စာတန်၏လွှမ်းမိုးမှုကနေ ကယ်တင်ပေး နိုင်ပါသည်။ ပြီးလျှင် လူသားများကို လှပသည့် ခရီးဆုံးတစ်ခုဆီ ပို့ဆောင်ပေးနိုင်သည်။ ဤအမှုတော်၏ အကျိုးတရားက မည်သည့်လူသားမျှ လုပ်ဆောင်နိုင်ခြင်း မရှိပါ။ လူ့ဇာတိခံယူထားသည့် ဘုရားသခင်၏ အမှုတော်က ဘုရားသခင် ကိုယ်တော်တိုင်၏ အမှုတော် ဖြစ်သည်။ မည်သူကမျှ အစားထိုး၍ မရပါ။ အခြားတစ်ဖက်မှာမူ ဘုရားသခင်အသုံးပြုသည့် လူသား၏ အနှစ်သာရက လူသား ဖြစ်ပါသည်။ သူတို့မှာ လူသားဆန်မှုသာရှိပြီး၊ ခရစ်တော်၏ဘုရားသဘာဝ အနှစ်သာရကို မပိုင်ဆိုင်ပါ။ ထို့ကြောင့် သူတို့က သမ္မာတရားများ ကိုဖြစ်စေ၊ ဘုရားသခင်၏ စိတ်နေသဘောထားနှင့် ဘုရားသခင်၏ အရာအားလုံးနှင့်ဖြစ်ခြင်းကို ဖြစ်စေ မဖော်ပြနိုင်ပါ။ ဘုရားသခင်၏ မိန့်မြွက်ချက်များနှင့် အမှုတော်ကို အခြေခံပြီး၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ် သူတို့ဘာသာ နားလည်ထားသည့် အသိဉာဏ်နှင့် ဆက်သွယ်ပြောဆို နိုင်ကြသည်။ သို့မဟုတ် သူတို့ကိုယ်ပိုင် အတွေ့အကြုံများ၊ သက်သေခံချက်များကို ပြောဆိုနိုင်ကြသည်။ သူတို့၏အသိဉာဏ်နှင့် သက်သေခံချက်များ ကလည်း သူတို့၏ ကိုယ်ပိုင်နားလည်မှု၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ် သူတို့၏ ကိုယ်ပိုင် အမြင်များကို ကိုယ်စားပြုသည်။ သူတို့ အသိပညာအဆင့်အတန်း မည်မျှမြင့်မားပါစေ၊ သူတို့စကားများက မည်မျှ တိကျပါစေ သူတို့ပြောသည့်အရာများကို သမ္မာတရားဟု မဆိုနိုင်ပါ။ ဤထက်ပိုပြောရပါက ဘုရားသခင်၏နှုတ်ကပတ်တော်များဟု မဆိုနိုင်ပါ။ ထို့ကြောင့် ဤသည်မှာ လူသား၏အသက်တာ မဖြစ်နိုင်ပါ။ လူသားကို ကူညီထောက်ပံ့ပြုပြင်ပေးမည့် အရာတစ်ခုသာ ဖြစ်နိုင်ပါသည်။ လူများကို သန့်စင်ခြင်း၊ ကယ်တင်ခြင်းနှင့် စုံလင်စေခြင်းဆိုသည့် ရလဒ်များကိုလည်း မစွမ်းဆောင်နိုင်ပါ။ ထို့ကြောင့် ဘုရားသခင် အသုံးပြုသည့် လူများက ဘုရားသခင် ကိုယ်တိုင်ပြုသည့် အမှုတော်ကို မဆောင်ရွက်နိုင်ပါ။ လူသားတာဝန် ပြည့်မြောက်ဖို့ အတွက် ဘုရားသခင်နှင့် ပေါင်းစည်းဆောင်ရွက် နိုင်စွမ်းသာ ရှိပါသည်။

ဘုရားသခင်၏ အမှုတော်နှင့် လူသား၏ လုပ်ဆောင်ချက်အကြား ခြားနားချက်နှင့် ပတ်သက်လာပါက အားလုံးအတွက် ပိုပြီး ရှင်းရှင်းလင်းလင်းမြင်နိုင်အောင် ကျွန်မတို့ အစစ်အမှန်ဥပမာတစ်ခု ပေးနိုင်ပါသည်။ ကျေးဇူးတော်ခေတ်မှာ သခင်ယေရှုက နောင်တတရား အကြောင်းကို “နောင်တရကြလော့၊ ကောင်းကင်နိုင်ငံတော်သည် တည်လုနီးပြီ။” ကောင်းကင်ဘုံနိုင်ငံတော်၏လျှို့ဝှက်နက်နဲမှုများကို ထုတ်ဖော်ပြခြင်း ဖြစ်ပါသည်။ ပြီးလျှင် ကိုယ်တော်က လူများကို ရွေးနှုတ်ခြင်းအမှုကို ပြုရင်း၊ လူများ၏ အပြစ်ကို ပေးဆပ်သည့်အနေနှင့် ကားစင်မှာ စီရင်ခြင်းခံခဲ့သည်။ ဤသည်မှာ လူများကို အပြစ်ကနေ ဝန်ခံနောင်တရစေခြင်းဖြစ်ပြီး၊ လူများ၏အပြစ်များကို ခွင့်လွှတ်ပေးခြင်း ဖြစ်ပါသည်။ လူများကို ပညတ်တော် ကျိန်စာနှင့် အပြစ်သားဘဝကနေ ကျေအေးလွတ်မြောက်စေခြင်း ဖြစ်ပါသည်။ သို့မှသာ ဘုရားသခင်၏ ရှေ့မှောက်ကို သွားရောက်ဆုတောင်းလို့၊ ဘုရားသခင်နှင့် စိတ်ချင်း ဆက်သွယ်ခွင့် ရှိလာခြင်းဖြစ်သည်။ ဘုရားသခင်၏ ကြွယ်ဝသည့် ကျေးဇူးတော်နှင့် သမ္မာတရားများကို ခံစားဝမ်းမြောက်ခွင့် ရှိလာကြခြင်းဖြစ်သည်။ ဘုရားသခင်၏ သနားကရုဏာတော် ပြည့်ဝလှသည့် စိတ်နေသဘောထားကိုလည်း မြင်တွေ့စေခြင်း ဖြစ်ပါသည်။ သခင်ယေရှု၏အမှုတော်က ကျေးဇူးတော်ခေတ်ကို စတင်စေခဲ့ပြီး၊ ပညတ်တော်ခေတ်ကို အဆုံးသတ်စေခဲ့ခြင်းဖြစ်သည်။ ဤသည်မှာ ကျေးဇူးတော်ခေတ်အတွက် ဘုရားသခင်၏အမှုတော် တစ်စိတ်တစ်ပိုင်း ဖြစ်သည်။ သခင်ယေရှုက သူ့၏အမှုတော်ကို ပြီးမြောက်သွားသည့် နောက်တွင် သူ့၏တမန်တော်များက သခင်ယေရှု၏ မိန့်မြွက်ချက်များနှင့် အမှုတော်ကို အခြေခံပြီး၊ ကိုယ်တော့် နှုတ်ကပတ်တော်များကို လိုက်နာကျင့်ကြံဖို့အတွက် ဘုရားသခင် ရွေးချယ်ထားသည့် လူများကို ဦးဆောင်လမ်းပြခဲ့ပါသည်။ ကိုယ်တော် ကယ်တင်ခြင်းအကြောင်း သက်သေခံချက်များကို ဖြန့်ဝေပေးရင်း ကမ္ဘာကြီးတစ်ခုလုံးက လူများကို ရွေးနှုတ်ကယ်တင် ပေးသည့် ဧဝံဂေလိတရားကိုလည်း ပျံ့နှံ့စေခဲ့ခြင်းဖြစ်သည်။ ဤသည်မှာ ကျေးဇူးတော်ခေတ်က တမန်တော်များ၏လုပ်ဆောင်ချက် ဖြစ်သည်။ ဘုရားသခင် အသုံးပြုသည့် လူများ၏လုပ်ဆောင်ချက်ဆိုလည်း ဟုတ်သည်။ ဤသည်မှာ သခင်ယေရှု၏အမှုတော်နှင့် တမန်တော်များ၏ လုပ်ဆောင်ချက်ကြားက အနှစ်သာရအရ ခြားနားချက်ကို မြင်စေပါသည်။ နောက်ဆုံးသောကာလ၏ လူ့ဇာတိခံ အနန္တတန်ခိုးရှင်ဘုရားသခင်က လူများကို သန့်စင်ကယ်တင်ဖို့အတွက် အလုံးစုံသောသမ္မာတရားများကို ဖော်ပြခဲ့ပါသည်။ ဘုရားသခင်၏ အနှစ်ခြောက်ထောင် စီမံခန့်ခွဲမှု အစီအစဉ်၏နက်နဲမှုများကို ထုတ်ဖော်ပြခြင်း ဖြစ်သကဲ့သို့၊ တရားစီရင်ခြင်း အမှုကို ဘုရားသခင်၏ အိမ်တော်ကနေ စတင် ဆောင်ရွက်ခြင်းလည်း ဖြစ်ပါသည်၊ လူများကို စာတန်၏ဖျက်ဆီး လွှမ်းမိုးမှုကနေ အလုံးစုံကယ်တင်ပေးခြင်းလည်း ဖြစ်ပါသည်၊ ဘုရားသခင်၏ဖြောင့်မတ်ခြင်း၊ ဘုန်းအာနုဘော်၊ အမျက်တော် နှင့် စော်ကား၍မရနိုင်သည့် စိတ်သဘောထားတို့ကိုလည်း လူများကို မြင်စေသည်၊ သို့မှသာ ဖောက်ပြန်ပျက်စီးသည့် လူသားမျိုးနွယ်များသည် အပြစ်ကနေ လွတ်မြောက်နိုင်ပြီး၊ သန့်စင်မှုကို ရနိုင်မည်၊ ပြီးလျှင် ဘုရားသခင်၏ ရယူခြင်းကို ခံရမည် ဖြစ်သည်။ အနန္တတန်ခိုးရှင် ဘုရားသခင်၏အမှုတော်က နိုင်ငံတော်ခေတ်ကို စတင်စေခြင်းဖြစ်ပြီး၊ ကျေးဇူးတော်ခေတ်ကို အဆုံးသတ်စေခဲ့ခြင်း ဖြစ်သည်။ ဤသည်မှာ နိုင်ငံတော်ခေတ်အတွက် ဘုရားသခင်၏ အမှုတော်ဖြစ်သည်။ အနန္တတန်ခိုးရှင်ဘုရားသခင်၏အမှုတော်နှင့် နှုတ်ကပတ်တော်ကို အခြေခံထားသည့် ဘုရားသခင် အသုံးပြုသည့် လူများ၏ လုပ်ဆောင်ချက်က ဘုရားသခင် ရွေးချယ်ထားသည့် လူများကို ရေလောင်း လမ်းပြပေးတာဖြစ်ပါသည်။ ဘုရားသခင် နှုတ်ကပတ်တော်များ၏ စစ်မှန်မှုထဲ ဝင်ရောက်အောင်၊ ဘုရားသခင်ကို ယုံကြည်ခြင်း လမ်းကြောင်းမှန်ထဲ ဝင်ရောက်အောင် ဦးဆောင် လမ်းပြပေးခြင်း ဖြစ်ပါသည်။ အနန္တတန်ခိုးရှင်ဘုရားသခင်၏ နိုင်ငံတော်တည်ခြင်း ဧဝံဂေလိတရားကို ဖြန့်ဝေရင်း သက်သေခံပေးခြင်းဖြစ်သည်။ ဤသည်မှာ နိုင်ငံတော်ခေတ်မှာ ဘုရားသခင် အသုံးပြုသည့်လူများ၏လုပ်ဆောင်ချက် ဖြစ်သည်။ ဘုရားသခင် လူ့ဇာတိခံယူသည့် နှစ်ကြိမ်စလုံး၏အမှုတော်က ခေတ်တစ်ခုကို စတင်ပြီး ခေတ်တစ်ခုကို အဆုံးသတ်ပေးသည့် အမှုတော်ဖြစ်ကြောင်းကို ဤအရာက ပြဆိုပါသည်။ ၎င်းတို့က လူသားအားလုံးအတွက် ရည်ရွယ်ခြင်း ဖြစ်သည်။ ပြီးလျှင် ဤသည်မှာ ဘုရားသခင်၏ စီမံခန့်ခွဲမှုအစီအစဉ်ကို ပြည့်စုံစေသည့် အမှုတော်အဆင့် တစ်ခုလည်း ဖြစ်ပါသည်။ ဤသည်မှာ လူများကို ရွေးနှုတ်ပေးသည့် ကယ်တင်ပေးသည့် အမှုတော် ဖြစ်သည်။ လူများကို သန့်စင်ပြီး ကယ်တင်ပေးသည့် အမှုတော်မှာ ဘုရားသခင်ကသာ သမ္မာတရားကို ဖော်ပြနိုင်ကြောင်းကို ဘုရားသခင် လူ့ဇာတိခံယူသည့် နှစ်ကြိမ်စလုံး၏ အမှုတော်က အတည်ပြုပေးနေပါသည်။ ဘုရားသခင်၏ အမှုတော်ကို မည်သည့်လူသားတစ်ဦးကမှ မလုပ်ဆောင်နိုင်ပါ။ လူ့ဇာတိ ခံယူထားသည့် ဘုရားသခင်ကသာ ဘုရားသခင်၏ အမှုတော်ကို ဆောင်ရွက်နိုင်ပါသည်။ ထို့ကြောင့် ဘုရားသခင် လူ့ဇာတိခံယူသည့် နှစ်ကြိမ်လုံးမှာ၊ ခရစ်တော်သည် သမ္မာတရား၊ လမ်းခရီးနှင့် အသက်ဖြစ်သည်ဟု သက်သေခံခြင်း ဖြစ်ပါသည်။ လူ့ဇာတိ ခံယူထားသည့် ဘုရားသခင်မှ တစ်ပါး၊ အခြားမည်သူကမျှ ဘုရားသခင် ကိုယ်တိုင်၏ အမှုတော်ကို ဆောင်ရွက်နိုင်မည် မဟုတ်ပါ။ ခေတ်သစ်များကို စတင်ဖို့၊ ခေတ်ဟောင်းများကို အဆုံးသတ်ဖို့ ဆောင်ရွက် နိုင်မည်မဟုတ်ပါ။ ထို့အပြင် လူသားကို ကယ်တင်ဖို့ မည်သည့်နည်းနှင့်မှ ဆောင်ရွက်နိုင်မည် မဟုတ်ပါ။ ဘုရားသခင် အသုံးပြုသည့် လူများ၏ လုပ်ဆောင်ချက်က ဘုရားသခင် ရွေးချယ်ထားသည့်လူများကို ဦးဆောင်လမ်းပြဖို့နှင့် လူသားတာဝန်ကို ပြည့်မြောက်စေဖို့လောက်သာ ဘုရားသခင်၏ အမှုတော်နှင့် ချိတ်ဆက် နိုင်ခြင်းဖြစ်သည်။ လူသားက နှစ်ပေါင်းမည်မျှ ဆောင်ရွက်ခဲ့သည် ဖြစ်စေ၊ မိန့်ဆိုမှုများ မည်မျှ များခဲ့သည်ဖြစ်စေ၊ သူတို့ လုပ်ဆောင်ချက်က အပြင်ပန်းကြည့်ပါက မည်မျှ ကြီးကျယ်သည် ဖြစ်စေ၊ အနှစ်သာရမှာမူ လူသား၏ လုပ်ဆောင်ချက်မျှသာ ဖြစ်ပါသည်။ ဤသည်မှာ အမှန်တရား ဖြစ်သည်။ ဤသည်မှာ လူ့ဇာတိခံ ဘုရားသခင်၏အမှုတော် နှင့် ဘုရားသခင် အသုံးပြုသည့်လူများ၏ လုပ်ဆောင်ချက်ကြားက အဓိကခြားနားချက် ဖြစ်သည်။

အနန္တတန်ခိုးရှင်ဘုရားသခင်၏နှုတ်ကပတ်တော်များက ဘုရားသခင်၏ အမှုတော်နှင့် လူသား၏လုပ်ဆောင်ချက်ကြားက ကြီးမားသည့်ခြားနားချက်ကို သိမြင်စေလိုက်ခြင်းဖြစ်သည်။ လူ့ဇာတိခံ ဘုရားသခင်က အမှုတော်ကိုပြုသည့်အတွက်၊ သူက သမ္မာတရားများကို ဖော်ပြနိုင်သည်။ ဘုရားသခင်၏ စိတ်သဘာဝ နှင့် ဘုရားသခင်၏ အရာအားလုံးနှင့်ဖြစ်ခြင်းကိုလည်း ဖော်ပြနိုင်ကြောင်း ကို ကျွန်မတို့ အခုမှ သိကြပါပြီ။ ဘုရားသခင်၏အမှုတော်ကို လက်ခံတွေ့ကြုံပါက၊ ကျွန်မတို့က သမ္မာတရားကို နားလည်နိုင်လာမည်ဖြစ်သည်။ ဘုရားသခင်၏ သန့်ရှင်း ဖြောင့်မတ်သည့် စိတ်သဘောထား၊ ဘုရားသခင်၏ အနှစ်သာရ၊ လူများကိုကယ်တင်ခြင်းဖြစ်သည့် ဘုရားသခင်၏ ရည်ရွယ်ချက်များ၊ လူများကိုကယ်တင်ဖို့အတွက် ဘုရားသခင်၏ နည်းနာများ၊ လူများအပေါ်ထားသည့် ဘုရားသခင်၏ မေတ္တာ စသည်တို့ကိုလည်း ပို၍ နားလည်နိုင်လာမည်ဖြစ်သည်။ တစ်ချိန်တည်းမှာ စာတန်ကြောင့် ပျက်စီးနေသည့် ကျွန်မတို့၏ အနှစ်သာရ၊ သဘာဝနှင့် စစ်မှန်မှုကိုလည်း နားလည်နိုင်စွမ်း ရှိလာမည် ဖြစ်ပါသည်။ ဤနည်းအားဖြင့် အကျင့်ပျက်နေသည့် ကျွန်မတို့၏ စိတ်သဘောထားက သန့်စင်ပြောင်းလဲနိုင်မှာဖြစ်ပြီး ဘုရားသခင်ထံ စစ်မှန်သည့်ကြောက်ရွံ့ရိုသေမှုကို ဖြစ်ပေါ်စေနိုင် သကဲ့သို့၊ ဘုရားသခင်၏ ကယ်တင်ခြင်းကိုလည်း ရရှိနိုင်မည်ဖြစ်သည်။ သို့သော်လည်း လူသား၏ လုပ်ဆောင်ချက်နှင့် ဘုရားသခင်၏အမှုတော်မှာမူ လုံးဝ ကွဲပြားပါသည်။ လူသားက သမ္မာတရားကို မဖော်ပြနိုင်သည့်အပြင်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သူတို့၏ ကိုယ်ပိုင် အတွေ့အကြုံများနှင့် အသိဉာဏ်အပေါ်မှာသာ အခြေခံပြီး ဆွေးနွေးနိုင်၍ ဖြစ်သည်။ ဤသည်မှာ သမ္မာတရားနှင့် ကိုက်ညီသည့်တိုင် ဘုရားသခင် ရွေးချယ်ထားသူများကို ကူညီထောက်ပံ့ လမ်းပြပေးရုံလောက်သာ တတ်နိုင်၍ ဖြစ်ပါသည်။ ဤသည်မှာ မည်သည့်အရာကိုပြလဲဆိုပါက လူတစ်ယောက်က ဘုရားသခင်၏ လက်ခံမှု ရရှိခဲ့ပါက သူတို့၏လုပ်ဆောင်ချက်က ဘုရားသခင်၏အမှုတော်ကို ချိတ်ဆက် ဆောင်ရွက်ဖို့ နှင့် လူသားတာဝန်ကို ပြည့်မြောက်စေဖို့သာ ဖြစ်ကြောင်းကို ဖော်ပြနေပါသည်။ အကယ်၍ လူတစ်ယောက်က ဘုရားသခင်က အသုံးပြုသည့် လူမဟုတ်၊ ထိုလူမှာ သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက် မရှိပါက၊ ထိုသို့သော လူများက လူသား၏အစွမ်းအစ၊ ပါရမီနှင့် ကျော်ကြားမှုကို မြှင့်တင်သူ သက်သက်သာ ဖြစ်ပါသည်။ သမ္မာကျမ်းစာကို ရှင်းပြသည့်တိုင် သမ္မာကျမ်းစာထဲက လူသား၏ စကားများကို ချီးမြှောက်နေခြင်းသာ ဖြစ်ပါသည်။ ဤသည်မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အစားထိုးပြီး၊ ချွတ်ချော်သွားစေပါသည်။ ဤကဲ့သို့ လူများ၏လုပ်ဆောင်ချက်က ဖာရိရှဲများ၏ လုပ်ဆောင်ချက်သာဖြစ်ပြီး၊ ဘုရားသခင်ကို ဆန့်ကျင်သည့်လုပ်ဆောင်ချက် ဖြစ်သည်။ လူသား၏ လုပ်ဆောင်ချက်က အဓိကအားဖြင့် ဤအခြေအနေနှစ်ရပ်ထဲမှာ ကျရောက်ပါသည်။ လူသား၏လုပ်ဆောင်ချက်နှင့် ဘုရားသခင်၏ အမှုတော်ကြားမှာ မည်သို့ အကြီးမားဆုံးခြားနားချက် ရှိရှိ၊ ဤသည်မှာ လူသား၏ လုပ်ဆောင်ချက်သာ ဖြစ်ပါက လူသားကို သန့်စင်ကယ်တင်ပေးမည့်် အကျိုးရလဒ် ရှိမည် မဟုတ်ပါ။ ဘုရားသခင်၏ အမှုတော်မှာမူ သမ္မာတရားကို ဖော်ပြနိုင်ပြီး လူသားကို သန့်စင်ကယ်တင်ပါသည်။ ဤသည်မှာ အမှန်တရားဖြစ်ပါသည်။ ဤနေရာတွင် ကျွန်မတို့ အဓိကပြောနေသည့်အချက်မှာမူ ဘုရားသခင်၏ အမှုတော်နှင့် ဘုရားသခင် အသုံးပြုသူများ၏ လုပ်ဆောင်ချက်ကြားက ခြားနားချက် ဖြစ်ပါသည်။ ဘုရားသခင်က အသုံးပြုခြင်းမရှိသည့် ဘာသာရေး ခေါင်းဆောင်များ၏ ဆောင်ရွက်ချက်များ မှာမူ အခြားကိစ္စတစ်ခု ဖြစ်ပါသည်။

ဘုရားသခင်၏ အမှုတော်နှင့် လူသား၏ ဆောင်ရွက်ချက်က ထိုမျှအထိ သိသိသာသာ ခြားနားမှုရှိပါသည်။ သို့ပါက ကျွန်တော်တို့က ဘုရားသခင်ကို ယုံကြည်နေသည့် အချိန်တွင် အဘယ့်ကြောင့် လူသားကို လိုက်နာကိုးကွယ်နေဆဲ ဖြစ်ရသနည်း။ သူတို့ ကိုးကွယ်သူများ၏ လုပ်ဆောင်ချက်ကို ဘုရားသခင်၏အမှုတော်အဖြစ် လက်ခံသူများ အဘယ့်ကြောင့် အများကြီးရှိနေသေးသနည်း။ ဝိညာဉ်ရေးရာ အထင်ကရပုဂ္ဂိုလ်များ၊ ဘာသာရေးခေါင်းဆောင်များ၏ လုပ်ဆောင်ချက် ကဲ့သို့ပင် ဖြစ်သည်။ ခရစ်တော်အတုအယောင်များ၊ မိစ္ဆာဝိညာဉ်များ၏ လှည့်ဖြားမှုကိုလည်း ဘုရားသခင်၏အမှုတော်အဖြစ် လက်ခံသူများ အဘယ့်ကြောင့် ရှိနေသနည်း။ အဖြေက ကျွန်တော်တို့က သမ္မာတရားကို မပိုင်ဆိုင်ဘဲ၊ ဘုရားသခင်၏ အမှုတော်နှင့် လူသား၏ လုပ်ဆောင်ချက်ကို ခွဲခြားနိုင်စွမ်း မရှိသောကြောင့် ဖြစ်သည်။ လူ့ဇာတိခံယူထားသည့် ဘုရားသခင်၏ အနှစ်သာရနှင့် လူသား၏ အနှစ်သာရကို ကျွန်တော်တို့ မသိ။ ပြီးလျှင် သမ္မာတရားကို မည်သို့ ခွဲခြားစိစစ်ရမည်၊ မည်သည့်အရာများက သမ္မာတရားနှင့်ကိုက်ညီသည် တို့ကိုလည်း မသိကြပါ။ ဘုရားသခင်၏အသံနှင့် လူသား၏ ဖွင့်ဆိုချက်များကို ခွဲခြားသိမြင်နိုင်ခြင်း မရှိကြပါ။ ထို့အပြင် ကျွန်တော်တို့ အားလုံးက စာတန်၏ဖျက်ဆီးခြင်း ခံထားရပြီး၊ အသိပညာနှင့် အစွမ်းအစများကို ကိုးကွယ်နေမိကြသည်။ ထို့ကြောင့် လူသားဆီကလာသည့် သမ္မာကျမ်းစာလာ အသိဉာဏ်များ၊ ဘာသာရေးကျင့်ထုံးများနှင့် ဓမ္မပညာ အယူအဆများကို သမ္မာတရားအဖြစ် အလွယ်တကူ လက်ခံမိကြ ခြင်းဖြစ်သည်။ သမ္မာတရားနှင့် မသက်ဆိုင်သည့်၊ လူသားဆီကလာသည့် ဤအရာများကို လက်ခံခြင်းက ကျွန်တော်တို့အသိဉာဏ်ကို တိုးကောင်း တိုးစေနိုင်သော်လည်း ကျွန်တော်တို့ ဘဝအသက်တာအတွက်မူ မည်သို့အထောက်အပံ့မှ မပေးပါ။ ထို့အပြင် ဘုရားသခင်ကို သိမြင်ကြောက်ရွံ့ခြင်းဆိုသည့် အကျိုးတရားများကိုလည်း ရနိုင်မည် မဟုတ်ပါ။ ဤသည်မှာ ငြင်းမရသည့် အမှန်တရား ဖြစ်ပါသည်။ ထို့ကြောင့် လူသားက မည်မျှ အလုပ်လုပ်ပါစေ၊ မည်မျှ ပြောဆိုပါစေ၊ မည်မျှ ကြာမြင့်အောင် လုပ်ဆောင်ပါစေ၊ သူ့အလုပ်က မည်မျှ ကြီးကျယ်ပါစေ ဤသည်မှာ လူသားကို သန့်စင်ကယ်တင်ပေးမည့်် ရလဒ်ကို ပြည့်မြောက်စေမည် မဟုတ်ပါ။ လူသား၏ ဘဝမှာမူ ပြောင်းလဲမည် မဟုတ်ပါ။ ဤသည်မှာ လူသား၏ လုပ်ဆောင်ချက်က ဘုရားသခင်၏ အမှုတော်ကို မည်သည့်အခါမျှ အစားထိုးနိုင်မည် မဟုတ်ကြောင်း ပြနေပါသည်။ ဘုရားသခင်၏ အမှုတော်ကသာ လူသားကို ကယ်တင်နိုင်ပါသည်။ ဘုရားသခင်၏ အမှုတော် သက်တမ်းက မည်မျှပင် တိုတောင်းသည်ဖြစ်စေ၊ ကိုယ်တော် ဖွင့်ဟပြသည့် နှုတ်ကပတ်တော်များက မည်မျှပင် အကန့်အသတ် ရှိသည်ဖြစ်စေ၊ ခေတ်တစ်ခုကို စတင်ပြီး၊ ခေတ်တစ်ခုကို အဆုံးသတ် ပေးနိုင်ဆဲသာ ဖြစ်သည်။ လူများကို ရွေးနှုတ်ကယ်တင်ခြင်းဆိုသည့် အကျိုးတရား များကို ရနိုင်ဆဲ ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ အမှုတော်နှင့် လူသား၏ လုပ်ဆောင်ချက်ကြားက သိသာသည့် ခြားနားချက် ဖြစ်ပါသည်။ ဘုရားသခင်၏အမှုတော်နှင့် လူသား၏လုပ်ဆောင်ချက် ကြားက ခြားနားချက်ကို ကျွန်တော်တို့ နားလည်သည့်အချိန်ကျမှသာ လူသားကို မျက်စိစုံမှိတ်လိုက်နာ ကိုးကွယ်ခြင်းက ကင်းလွတ်ပြီး ခရစ်တော် အတုအယောင်များနှင့် အန္တိခရစ်များ၏ ထိန်းချုပ် လှည့်ဖြားမှုကို သိရှိငြင်းပယ်လာနိုင်မည် ဖြစ်ပါသည်။ ဤနည်းနှင့် ကျွန်တော်တို့က အနန္တတန်ခိုးရှင် ဘုရားသခင်၏နောက်ဆုံးသောကာလ အမှုတော်ကို လက်ခံ နာခံနိုင်လာပြီး၊ ဘုရားသခင်၏ကယ်တင်ခြင်းကို ရရှိဖို့အတွက်၊ ဘုရားသခင်၏တရားစီရင်ခြင်း၊ သန့်စင်ခြင်းများကို ရလာနိုင်မည် ဖြစ်ပါသည်။ လူသားက ဘုရားသခင်၏ အမှုတော်နှင့် လူသား၏ လုပ်ဆောင်ချက်ကို မခွဲခြားနိုင်ပါက ခရစ်တော် အတုအယောင်များနှင့် အန္တိခရစ်များ၏ ထိန်းချုပ်လှည့်ဖြားမှုကနေ လွတ်မြောက်နိုင်မည် မဟုတ်ပါ။ သို့ဖြစ်၍နှင့် ကျွန်တော်တို့က ဘုရားသခင်ကို အမည်ခံသဘော ယုံကြည်ခြင်းသာဖြစ်ပြီး လက်တွေ့မှာမူ လူသားကို ယုံကြည်နေခြင်း၊ လူသားနောက်ကို လိုက်နေခြင်း၊ ကိုးကွယ်နေခြင်း ဖြစ်သည်။ တစ်နည်းပြောရပါက စံပြုထားသည့် လူများကို ကိုးကွယ်နေခြင်းဖြစ်သည်။ ဤသည်မှာ ဘုရားသခင်ကို ဆန့်ကျင်၊ သစ္စာဖောက်ဖျက်ခြင်း ဖြစ်ပါသည်။ ကျွန်တော်တို့ လမ်းခရီးများ၏ အမှားကို သိမြင်ဖို့ ငြင်းပယ်နေဆဲဖြစ်ပါက အဆုံးတစ်နေ့မှာ ဘုရားသခင်၏ ဒဏ်ခတ်ခြင်းကိုခံရပြီး၊ ဘုရားသခင်၏ စိတ်နေသဘောထားကို စော်ကားခြင်းအမှုအတွက် ဘုရားသခင်၏ ဖယ်ရှားသုတ်သင်ခြင်းကို ခံရမည် ဖြစ်ပါသည်။

နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ မှ

ဘုရားအမှုတော်နှင့် လူ့အလုပ်ကြား ကျွန်တော်တို့ မခွဲခြားနိုင်ပါက သို့မဟုတ် ဘုရားအသုံးပြုသည့်လူများနှင့် ထိုသူတော်ကောင်း အယောင်ဆောင် ဖာရိရှဲများကြား မခွဲခြားနိုင်ပါက၊ ကျွန်တော်တို့က လူများကို ကိုးကွယ်ခြင်း နှင့် လူနောက်လိုက် ခြင်းများ ဖြစ်တတ်ပြီး လမ်းမှန်ကနေ အလွယ်တကူ သွေဖည်သွားမည်ဖြစ်သည်။ ယင်းမှာ သခင်ယေရှု သူ့အမှုတော်ကို ပြုဖို့ ကြွလာခဲ့စဉ်ကကဲ့သို့ ဖြစ်သွားလိမ့်မည်။ ဂျူးဘာသာထဲက ဘုရားရွေးချယ်ထားသည့် လူအားလုံးက သူ့ကို စွန့်ပယ်ရင်း၊ သူတော်ကောင်း အယောင်ဆောင် ဖာရိရှဲများနောက် လိုက်သွားကြသည်။ နောက်ဆုံးသောကာလမှာ၊ အနန္တတန်ခိုးရှင် ဘုရားသခင်က တရားစီရင်ခြင်း အမှုတော်ကို လုပ်ဆောင်ပါသည်။ ဘာသာရေး လောကထဲမှာ သင်းအုပ်များနှင့် ခေါင်းဆောင်များ ခေတ်သစ် ဖာရိရှဲများက နောက်ဆုံးသောကာလ၏ ခရစ်တော်ကို စွန့်ပယ်ကြအောင် ဦးဆောင်ရင်းနှင့် လူများအများကြီးကို လှည့်ဖြားသည်။ ထိန်းချုပ်ပြီး ချုပ်ချယ်ကြသည်။ ဤသည်မှာ ကျွန်တော်တို့ သင်ယူရမည့် ဆိုးရွားသည့် သင်ခန်းစာ ဖြစ်သည်။ ဘုရားသခင်နောက်ကို လိုက်ဖို့ ဘာသာရေး ခေါင်းဆောင်များ၏ အနှစ်သာရကို သိမြင်နိုင်ရမည်။ တစ်နည်းဆိုရပါက သူတို့က သူတော်ကောင်းယောင်ဆောင် ဖာရိရှဲများသာဖြစ်သည်။ သူတို့က သူတို့၏ အယူအဆများ၊ စိတ်ကူးများ၊ ကျိုးကြောင်းဆီလျော်သည့် တွေးခေါ်မြော်မြင်မှုများနှင့်အညီ ကျမ်းစာကို အနက်ပြန်ရင်း သူတို့၏ဆုကျေးဇူးများ ပင်ကိုစွမ်းရည်များအားဖြင့် အလုပ်လုပ် ကြသည်။ သူတို့ တကယ်ဟောသည့်အရာ များက ဓမ္မပညာနှင့် ဆိုင်သည့် သီအိုရီများနှင့် ကျမ်းစာဆိုင်ရာ လေ့လာမှုများ ဖြစ်သည်။ သူတို့က ဘုရား၏ နှုတ်ကပတ်တော်များကို ချီးမြှောက်ပြီး သက်သေခံမည့််အစား ကျမ်းစာထဲက လူများ၏ စကားများကို အနက်ပြန်ခြင်းနှင့် ဟောပြောခြင်းကို အရေးစိုက်ကြသည်။ သူတို့က သခင့်ကို ပြယုဂ်သာသာအဖြစ်ကို ရောက်စေရင်းနှင့် သခင်ယေရှု၏ စကားများကို အစားထိုးဖို့ လူများ၏စကားများကို အသုံးပြုကြသည်။ ဤသည်မှာ ဘုရားသခင်၏ အလိုတော်နှင့် လုံးဝ ဆန့်ကျင်ခြင်း ဖြစ်သည်။ ဘုရားသခင်အပေါ် ဖာရိရှဲများ၏ ဆန့်ကျင်မှု အဓိကအပိုင်းက ဤနေရာတွင် တည်နေခြင်းဖြစ်သည်။ ဘာသာရေး သမားများက ဖာရိရှဲများ၏ ခေါင်းဆောင်မှုထဲ အလှည့်ခံရပြီး သူတို့နောက်ကို စုံလုံးကန်း လိုက်ကြသည်။ သူတို့က ဘုရားသခင်ကို နှစ်ပေါင်းများစွာ ယုံကြည်လာသော်လည်း၊ သမ္မာတရား သို့မဟုတ် မည်သို့ အသက်အာဟာရကိုမှ လုံး၀ မရကြပါ။ အဖြစ်နိုင်ဆုံးမှာ သမ္မာကျမ်းစာနှင့် ဆိုင်သည့် အသိပညာတချို့နှင့် ဓမ္မပညာဆိုင်ရာ သီအိုရီများကို ရဖို့လောက်သာ သူတို့ မျှော်လင့်နိုင်သည်။ သူတို့က ပို၍ မာနထောင်လွှားလာသည်။ မိမိကိုယ်ကိုယ် မှန်သည်ထင်ပြီး စိတ်သဘောထားမှာလည်း ပမာမခန့်နှင့် ဘုရားကို ကြောက်ရွံ့မှု နည်းနည်းလေးမှ မရှိကြ။ တဖြည်းဖြည်းနှင့် ဘုရားသခင်က သူတို့၏စိတ်နှလုံးများထဲတွင် သူ့၏အနေအထား ဆုံးရှုံးသွားသည်။ ပြီးလျှင် သူတို့ဘာသာ မသိလိုက်ဘဲ ဘုရားသခင်ကို ဆန့်ကျင်သည့် ဖာရိရှဲများ၏ လမ်းကို လျှောက်မိကြသည်။ အထူးသဖြင့်၊ သမ္မာကျမ်းစာကို အဆက်အစပ်မရှိယူပြီး တလွဲအနက်ပြန်သည့် ဘာသာရေးသမားများနှင့် ပုဂ္ဂိုလ်ကျော်များ အများကြီး ရှိသည်။ လူများကို လှည့်စားဖို့ ထောင်သွင်းဖို့ ခြယ်လှယ်ဖို့အတွက် လူ့အယူအဆများ စိတ်ကူးများနှင့် ကိုက်ညီပြီး သူတို့၏ ရည်မှန်းချက်များနှင့် စိတ်ဆန္ဒကို ကျေနပ်စေသည့် အယူလွဲမှားမှုများ အတွေးမှားများကို ဖြန့်ကြသည်။ ဤအယူလွဲမှားမှုများနှင့် အတွေးမှားများကို ဘုရား၏ နှုတ်ကပတ်တော်၊ သမ္မာတရားဟု သဘောထားသည့် လူများအများကြီး ရှိကြသည်။ သူတို့က လမ်းကြောင်းမှားဆီကို ဦးဆောင်လမ်းပြ ခံရခြင်းဖြစ်သည်။ ဤဘာသာရေးသမားများနှင့် နာမည်ကျော်များဟု ခေါ်ကြသူများက ဘုရားသခင်က သူ့၏နောက်ဆုံးသောကာလ တရားစီရင်ခြင်း အမှုတော်ကတစ်ဆင့် ဖော်ထုတ်ထားသည့် အန္တိခရစ်များ ဖြစ်ပါသည်။ ဤ ဘာသာရေးခေါင်းဆောင်ဆိုသူများနှင့် ဝိညာဉ်ရေးရာ ပုဂ္ဂိုလ်များ၏ အလုပ်က သန့်ရှင်းသော ဝိညာဉ်တော်ဆီက လာခြင်းမဟုတ်မှန်း သက်သေပြဖို့ ဤအချက်များက လုံလောက်ပါသည်။ အမှန်မှာမူ တကယ်တမ်းတော့ ၎င်းတို့မှာ ကျွန်တော်တို့ကို လှည့်စားနေသည့် အန္တရာယ်ပေးနေသည့် ဖာရိရှဲများနှင့် အန္တိခရစ်များ ဖြစ်သည်။ သူတို့အားလုံးက ဘုရားကို ဆန့်ကျင်ရပ်တည်ပြီး သစ္စာဖောက် ကြသည်။ ဘုရားကို ကားတိုင်မှာ နောက်တစ်ကြိမ် သံမှိုရိုက်သည့် သူများက သူတို့ ဖြစ်သည်။ ဘုရားက သူတို့ကို ကျိန်ဆဲထားပါပြီ။

နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ မှ

ဘုရားသခင်၏ အမှုတော်နှင့် လူသား၏ အလုပ်တို့အကြား အဓိက ခြားနားချက် သုံးချက်ရှိသည်။ ပထမခြားနားချက်မှာ ဘုရားသခင်၏ အမှုတော်တွင် ခေတ်ကာလများကို စတင်ခြင်းနှင့် အဆုံးသတ်ခြင်း ပါဝင်သည်။ ထို့ကြောင့် သူ၏အမှုတော်သည် လူသားမျိုးနွယ် တစ်ရပ်လုံးကို ဦးတည်သည်။ ယင်းက နိုင်ငံတစ်ခု၊ လူအမျိုးအနွယ် တစ်ခု၊ သို့မဟုတ် အချို့လူတစ်စုကိုသာ ပစ်မှတ်ထားသည် မဟုတ်ပါ။ ယင်းသည် လူသားမျိုးနွယ်တစ်ရပ်လုံးအတွက်ဖြစ်သည်။ ဘုရားသခင်၏ အမှုတော်အားလုံးက လူသားမျိုးနွယ်တစ်ရပ်လုံးအပေါ် မလွှဲမရှောင်သာ သက်ရောက်သည်။ ဤသည်မှာ ဘုရားသခင်၏ အမှုတော်နှင့် လူသား၏အလုပ်တို့အကြား အကြီးမားဆုံးသော ခြားနားချက် တည်ရှိရာနေရာဖြစ်သည်။ ကျေးဇူးတော်ခေတ်တွင် ဘုရားသခင်သည် သခင်ယေရှုအဖြစ် လူ့ဇာတိခံယူခဲ့ပြီး လူသားမျိုးနွယ်အား ရွေးနှုတ်ခြင်းအမှုတော်၏ အဆင့်တစ်ဆင့်ကို ဆောင်ရွက်ခဲ့သည်။ ရွေးနှုတ်ခြင်းအမှုတော်ကို ပြည့်စုံစေရင်း ကားတိုင်တွင် သခင်ယေရှု သံမှိုရိုက်နှက်ခံရပြီးနောက် သန့်ရှင်းသော ဝိညာဉ်တော်သည် ဘုရားသခင်၏ ရွေးချယ်ခံလူတို့ကို သခင်ယေရှုအား သက်သေခံရန် စတင်ဦးဆောင်လမ်းပြခဲ့ပြီး နောက်ဆုံးတွင် လူသားမျိုးနွယ်တစ်ရပ်လုံး အနှံ့အပြားတွင် သူ၏အမှုတော်ကို ဖြန့်ဖြူး ခဲ့ပေသည်။ သခင်ယေရှု၏ ရွေးနှုတ်ခြင်း ဧဝံဂေလိတရားသည် မြေကြီးစွန်းတိုင်အောင် ဤနည်းအတိုင်း ပျံ့နှံ့ခဲ့သည်- ယင်းက ဤအရာမှာ ဘုရားသခင်၏ အမှုတော်ဖြစ်ကြောင်း သက်သေပြ ပေသည်။ အကယ်၍ ဤအရာသည် လူ၏အလုပ်ဖြစ်ခဲ့လျှင် မြေကြီးစွန်း တိုင်အောင် လုံးဝပျံ့နှံ့လိမ့်မည် မဟုတ်ပေ။ ကျေးဇူးတော်ခေတ်နှင့် နိုင်ငံတော်ခေတ်တို့ကို အနှစ်နှစ်ထောင်က ခြားထားသည်။ ထိုအနှစ်နှစ်ထောင်တစ်လျှောက် ခေတ်ကာလစတင်ခြင်း အမှုတော်ကို လုပ်ဆောင်နိုင်ခဲ့သည့်သူကို အဘယ်သူကမျှ မမြင်ခဲ့ကြပါ။ ထို့အပြင် ကမ္ဘာ့တိုင်းနိုင်ငံများအားလုံးထံ အနှံ့အပြား ပျံ့နှံ့မည့် အထူးအမှုတော်မျိုး တစ်ခုတလေကို လုပ်ဆောင်နိုင်သူ မည်သူမျှ မရှိခဲ့ပါ။ ဘုရားသခင်သည် တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်း အမှုတော်ကို ဆောင်ရွက်ရန် နောက်ဆုံးသောကာလတွင် လူ့ဇာတိကို ခံယူသည်အထိ ဤအရာနှင့်သက်ဆိုင်သည့် ထိုသို့သောသာဓက မရှိခဲ့ပါ။ ဘုရားသခင့်အမှုတော်၏ ရှေ့ပြေးအဆင့်သည် တရုတ်ပြည်တွင် အောင်မြင်မှုကို ရရှိနှင့်ပြီးဖြစ်သည်- ဘုရားသခင်၏ စီမံကိန်းကြီးသည် ပြီးပြည့်စုံနှင့်ပြီဖြစ်ပြီး သူ၏အမှုတော်သည် ကမ္ဘာအရပ်ရပ်သို့ တိုးချဲ့ရန် စတင်ခဲ့ပြီဖြစ်သည်။ ဤနည်းဖြင့် ဘုရားသခင်၏ အမှုတော်သည် လူသားမျိုးနွယ်အားလုံးကို ဦးတည်သည်ဟု ကျွန်ုပ်တို့ နောက်ထပ် အတည်ပြုနိုင်ပေသည်။ ဘုရားသခင်သည် နိုင်ငံတစ်နိုင်ငံတွင် သူ၏စမ်းသပ်သည့်အမှုတော်ကို စတင်ခဲ့ပြီး ယင်းက အောင်မြင်စွာ ပြီးမြောက်ပြီးနောက်တွင် ဘုရားသခင်၏ အမှုတော်သည် လူသားမျိုးနွယ်အားလုံးကို လက်လှမ်းမီဖို့ရန် စတင်ချဲ့ထွင်လာ လေသည်။ ဤသည်မှာ ဘုရားသခင်၏ အမှုတော်နှင့် လူသား၏ အလုပ်တို့အကြားက အကြီးမားဆုံးသော ကွာခြားချက်ဖြစ်သည်။...

ဘုရားသခင်၏ အမှုတော်နှင့် လူသား၏အလုပ်တို့အကြား ဒုတိယ ကွာခြားချက်မှာ ဘုရားသခင်၏ အမှုတော်သည် ဘုရားသခင်၏ ဖြစ်ခြင်းကို ဖော်ပြခြင်းဖြစ်သည်။ ယင်းသည် ဘုရားသခင်၏ စိတ်သဘောထားကို လုံးလုံးလျားလျား ကိုယ်စားပြုသောအရာ ဖြစ်သည်။ ဘုရားသခင်ဖော်ပြသည့် အရာရာတိုင်းသည် သမ္မာတရား၊ လမ်းခရီးနှင့် အသက်တို့ လုံးလုံးလျားလျား ဖြစ်လေသည်။ ဘုရားသခင်၏ အမှုတော်ကို တွေ့ကြုံရသူအားလုံးသည် ဘုရားသခင်၏ ဖြောင့်မတ်ခြင်း၊ သန့်ရှင်းခြင်း၊ အနန္တတန်ခိုးရှိခြင်း၊ ဉာဏ်ပညာ၊ အံ့ဖွယ်ဖြစ်ခြင်းနှင့် ဉာဏ်မမီနိုင်အောင်နက်နဲခြင်းတို့ကို သတိပြုမိ ကြသည်။ လူသား၏အလုပ်က ဖော်ပြသောအရာမှာ လူ၏ အတွေ့အကြုံနှင့် သိနားလည်မှုတို့ဖြစ်သည်- ယင်းသည် လူသား၏ လူ့သဘာဝကို ကိုယ်စားပြုလေသည်။ လူ့အနေဖြင့် အလုပ် မည်ရွေ့မည်မျှကို လုပ်ဆောင်ပါလေ့စေ၊ သို့မဟုတ် ယင်းသည် မည်မျှကြီးမားပါလေ့စေ မည်သည့်အရာကမျှ သမ္မာတရား လုံးဝမဖြစ်နိုင်ချေ။ ယင်းသည် လူ၏သိနားလည်မှု၊ သို့မဟုတ် သမ္မာတရားနှင့် သက်ဆိုင်သည့် အတွေ့အကြုံသာ ဖြစ်ပေလိမ့်မည်- ထိုအရာသည် လုံးလုံးလျားလျား သမ္မာတရားဖြစ်သည်၊ သို့မဟုတ် သမ္မာတရားကို ကိုယ်စားပြုသည်ဟု လုံးဝပြော၍ မရနိုင်ပါ။...

ဘုရားသခင်၏ အမှုတော်နှင့် လူသား၏ အလုပ်တို့အကြား ကွာခြားချက်နှင့်ဆိုင်သော တတိယကဏ္ဍမှာ ဘုရားသခင်၏ အမှုတော်သည် လူတို့ကို သိမ်းပိုက်ရန်၊ လူတို့ကို ပြောင်းလဲစေရန်၊ ၎င်းတို့၏ စိတ်သဘောထားများကို ပုံသဏ္ဌာန်ပြောင်းလဲစေပြီး စာတန်၏ လွှမ်းမိုးမှုမှ လွတ်မြောက်စေရန် တန်ခိုးစွမ်းအား ရှိသည်။ လူသည် ဘုရားသခင်၏ နှုတ်ကပတ်တော်အပေါ် သိနားလည်မှုနှင့် အတွေ့အကြုံတို့ မည်မျှရှိပါလေ့စေ သူ၏အလုပ်သည် လူတို့ကို မကယ်တင်နိုင်ပါ။ ထို့အပြင် အခြားလူတစ်ဦး၏ စိတ်သဘောထားကို ထိုအရာက မပြောင်းလဲပေးနိုင်ပါ။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်၏ နှုတ်ကပတ်တော်သည် သမ္မာတရားဖြစ်ပြီး သမ္မာတရားကသာလျှင် လူတစ်ဦး၏ အသက်ဖြစ်နိုင်သောကြောင့် ဖြစ်သည်။ လူ၏စကားမှာမူ အလွန်ဆုံးဆိုလျှင် သမ္မာတရားနှင့် ကိုက်ညီသည့် သိနားလည်မှုတစ်ခုသာဖြစ်သည်။ ယင်းက ခေတ္တခဏသာ အခြားသူများကို ကူညီနိုင်ပြီး တည်ဆောက်ပေး နိုင်သော်လည်း တစ်စုံတစ်ဦး၏ အသက်ကား မဖြစ်နိုင်ပါ။ ယင်းမှာ ဘုရားသခင်၏ အမှုတော်သည် လူကို ကယ်တင်နိုင်ပြီး လူသား၏ အလုပ်သည် အခြားမည်သူတစ်ဦးတစ်ယောက်ကိုမျှ ကယ်တင်ခြင်းကို ထောက်ပံ့ပေးနိုင်စွမ်းမရှိရသည့် အကြောင်းရင်းဖြစ်သည်။ ဘုရားသခင်၏ အမှုတော်က လူတို့၏ စိတ်သဘောထားများကို ပုံသဏ္ဌာန်ပြောင်းလဲပေးနိုင်စဉ်တွင် လူသား၏အလုပ်သည် မည်သူ့၏ စိတ်သဘောထားကိုမျှ ပြောင်းလဲပေးခြင်းငှာ မစွမ်းနိုင်ပါ။ အတွေ့အကြုံရှိသူ အားလုံးသည် ဤအရာကို ရှင်းလင်းစွာ တွေ့မြင်နိုင်ပေသည်။ အခြေခံအားဖြင့် တစ်စုံတစ်ဦး၌ သန့်ရှင်းသော ဝိညာဉ်တော်၏အမှု မည်မျှပင်ရှိပါလေ့စေ သူသည် လူတို့အကြားတွင် နှစ်များစွာ အလုပ်လုပ်နေခဲ့ပြီး ဖြစ်လျှင်ပင် သူ၏အလုပ်သည် ၎င်းတို့၏ စိတ်သဘောထားများထဲ၌ ပုံသဏ္ဌာန်ပြောင်းလဲမှုတစ်ခုကို မရရှိနိုင်ပါ။ ယင်းသည် ပြည့်စုံသည့်၊ စစ်မှန်သည့် ကယ်တင်ခြင်းကို ၎င်းတို့ရရှိစေရန် ကူညီခြင်းငှာ မစွမ်းနိုင်ပါ။ ဤသည်မှာ အကြွင်းမဲ့ဖြစ်သည်။ ဘုရားသခင်၏ အမှုတော်သာ ဤအရာကို လုပ်ဆောင်နိုင်သည်။ အကယ်၍ လူသည် သမ္မာတရားကို သူ၏တွေ့ကြုံမှုနှင့် လေ့လာလိုက်စားမှုတွင် ကောင်းမွန်စွာ လုပ်ဆောင်လျှင် သန့်ရှင်းသော ဝိညာဉ်တော်၏အမှုကို သူရရှိနိုင်လိမ့်မည်ဖြစ်ပြီး သူ၏အသက်တာ စိတ်သဘောထားထဲတွင် ပုံသဏ္ဌာန်ပြောင်းလဲမှုကို ရရှိပါလိမ့်မည်။ သူသည် သူ၏ကိုယ်ပိုင်ဖောက်ပြန်ပျက်စီးသည့် အနှစ်သာရနှင့် ဆိုင်သော စစ်မှန်သည့် သိနားလည်မှုတစ်ခုကို ရရှိပါလိမ့်မည်။ နောက်ဆုံးတွင် သူသည် စာတန်၏ လွှမ်းမိုးမှုမှ မိမိကိုယ်ကို လွတ်မြောက်စေနိုင်လိမ့်မည်ဖြစ်ပြီး ဘုရားသခင်ထံမှ ကယ်တင်ခြင်းကို ရရှိနိုင်ပါလိမ့်မည်။ ဤသည်မှာ ဘုရားသခင်၏ အမှုတော်နှင့် လူသား၏ အလုပ်အကြားက အကြီးမားဆုံးသော ခြားနားချက် ဖြစ်သည်။

အသက်တာထဲ ဝင်ရောက်ခြင်းအပေါ် မိတ်သဟာယဖွဲ့ခြင်းနှင့် တရားဟောချက်များ မှ

ဘုရားသခင်၏ အမှုတော်နှင့် လူ၏ အလုပ်ကြား အကြီးမားဆုံးသော ကွာခြားချက်မှာ ဘုရားသခင်သည် ခေတ်များကို စတင်နိုင်သလို၊ အဆုံးသတ်ပေးနိုင်သည်ဟူသော အချက်တွင် တည်နေသည်။ ယင်းအမှုကို ဘုရားသခင် ကိုယ်တော်တိုင်သာ လုပ်ဆောင်နိုင်ပြီး၊ လူသားများက မလုပ်နိုင်ချေ။ ယင်းမှာ အဘယ်ကြောင့်နည်း။ အဘယ်ကြောင့်ဆိုသော် လူသားများသည် သမ္မာတရားကို မပိုင်ဆိုင်ကြသကဲ့သို့၊ ၎င်းတို့သည် သမ္မာတရားလည်း မဟုတ်သောကြောင့် ဖြစ်သည်။ ဘုရားသခင်သာ သမ္မာတရား ဖြစ်သည်။ လူတို့၏ စကားများသည် သမ္မာတရားနှင့် မည်မျှ နီးကပ်စွာ ကိုက်ညီပါစေ၊ ၎င်းတို့၏ ဟောပြောမှုသည် မည်မျှ မြင့်မားပါစေ၊ သို့မဟုတ် ၎င်းတို့ မည်မျှ နားလည် သဘောပေါက်ပါစေ၊ ယင်းသည် ဘုရားသခင်၏ နှုတ်ကပတ်တော်တို့နှင့် သမ္မာတရားကို အနည်းငယ် တွေ့ကြုံခြင်းနှင့် သိကျွမ်းခြင်းထက် မပိုချေ။ ယင်းသည် ဘုရားသခင်၏ အမှုတော်ကို ကြုံရခြင်းအားဖြင့် ၎င်းတို့ ရရှိခဲ့ကြသော ကန့်သတ်ထားသည့် အရာတစ်ခုသာ ဖြစ်သည်။ ယင်းသည် မှန်ကန်တိကျသော သမ္မာတရား မဟုတ်ချေ။ ထို့ကြောင့် လူတစ်ဦးသည် သမ္မာတရားကို မည်မျှ သဘောပေါက်သည်ဖြစ်စေ၊ ခေတ်များကို စတင်ခြင်းနှင့် အဆုံးသတ်ခြင်းအမှုကို သူသည် မလုပ်ဆောင်နိုင်ပါ။ ဤသည်မှာ လူသားများ၏ အနှစ်သာရအားဖြင့် အဆုံးအဖြတ် ပေးထားခြင်း ဖြစ်သည်။...

လူသား၏ အရာအားလုံးနှင့် ဖြစ်ခြင်းအပြင် သူ၏ လူ့သဘာဝသည် အဘယ်မျှ မြင့်မားပါစေ သို့မဟုတ် ကောင်းမွန်ပါစေ၊ ယင်းသည် သာမန် လူ့သဘာဝအတွင်း ပိုင်ဆိုင်ရမည့် အကန့်အသတ်ရှိသော အရာတစ်ခုဖြစ်သည်။ ဤအရာသည် ဘုရားသခင်၏ အရာအားလုံးနှင့် ဖြစ်ခြင်းကိုလည်းကောင်း၊ ဘုရားသခင် ဖော်ပြသော သမ္မာတရား၏ စစ်မှန်မှုကိုလည်းကောင်း နှိုင်းယှဉ်၍ မရနိုင်ပါ။ ယင်းသည် ကောင်းကင်နှင့် မြေကြီးကြားက ခြားနားမှု ဖြစ်လေသည်။ ထို့ကြောင့် လူသည် ဘုရားသခင်၏ အမှုတော်ကို မလုပ်ဆောင်နိုင်ပါ။...သင် လုပ်သည့်အလုပ် မည်မျှပင် ကြီးမြတ်ပါစေ၊ သင်သည် နှစ်ပေါင်း မည်မျှ အလုပ်လုပ်ပါစေ၊ သင်သည် လူ့ဇာတိခံ ဘုရားသခင်ထက်ပို၍ နှစ်ပေါင်း မည်မျှ လုပ်ဆောင်ထားပါစေ၊ သို့မဟုတ် သူ မိန့်မြွက်ထားသည်တို့ထက် သင်က ပို၍ ပြောဆိုထားပါစေ၊ သင် ဖော်ပြသောအရာသည် လူသား၏ အရာအားလုံးနှင့် ဖြစ်ခြင်းထက် မပိုချေ။ ယင်းသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သမ္မာတရားတို့အပေါ် လူသား၏ အတွေ့အကြုံနှင့် အသိပညာ အစိတ်အပိုင်းငယ်လေးတစ်ခုမျှသာ ဖြစ်သည်။ ယင်းသည် လူတစ်ဦး၏ တကယ့်အသက် မဖြစ်နိုင်ပါ။ ထို့ကြောင့် တစ်စုံတစ်ဦးက တရားဒေသနာ မည်မျှဟောပါစေ၊ အခြားသူများက ၎င်းတို့၏ တရားဒေသနာကို မည်မျှနက်ရှိုင်းသည်ဟု တွေးထင်ပါစေ၊ ၎င်းတို့ မည်မျှ အလုပ်လုပ်ဆောင်ပါစေ၊ ၎င်းတို့ ဖော်ပြသော မည်သည့်အရာမျှ သမ္မာတရားကို မပိုင်ဆိုင်သည့်အပြင်၊ သမ္မာတရား၏ အမှန်ကန် အတိကျဆုံးသော ဖော်ပြချက်လည်း မဟုတ်ချေ။ ယင်းတို့သည် လူသားမျိုးနွယ်အားလုံးကို ရှေ့သို့ ဦးဆောင်နိုင်ဖို့ဆိုသည်မှာ ပို၍ပင် မဖြစ်နိုင်ပေ။ အကယ်၍ လူတစ်ဦး၏ စကားများသည် သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းပေးခြင်းနှင့် အလင်းပြခြင်းတို့ ပါရှိလျှင်ပင်၊ ယင်းတို့သည် လူတို့ကို စာရိတ္တမြှင့်တင်ခြင်းနှင့် အာဟာရ အနည်းအကျဉ်းသာ ဆောင်ကြဉ်းပေးနိုင်သည်။ ယင်းတို့ လုပ်ဆောင်နိုင်သမျှမှာ လူတို့အတွက် အနည်းငယ်မျှသော အကူအညီကို အချိန်ကာလတစ်ခုစာ ဆောင်ကြဉ်းပေးခြင်းဖြစ်ပြီး၊ ထို့ထက် မပိုပါ။ ဤသည်မှာ လူ၏ အလုပ်မှတစ်ဆင့် ရရှိနိုင်သောအရာ ဖြစ်သည်။ သို့ဆိုလျှင် လူ၏ အလုပ်သည် ဘုရားသခင်၏ အမှုတော်ကဲ့သို့ တူညီသော ရလဒ်များကို အဘယ်ကြောင့် မရရှိနိုင်ပါသနည်း။ ယင်းမှာ လူ၏ အနှစ်သာရက သမ္မာတရား မဟုတ်သောကြောင့် ဖြစ်သည်၊ လူ၏ အနှစ်သာရသည် သာမန်လူ့သဘာဝတွင် ရှိသော၊ ဖြစ်သော အချို့အရာမျှကိုသာ ပိုင်ဆိုင်လေသည်။ ယင်းသည် ဘုရားသခင်၏ အရာအားလုံးနှင့် ဖြစ်ခြင်းမှ လွန်စွာ ကွာခြားသကဲ့သို့၊ ဘုရားသခင် ဖော်ပြသော သမ္မာတရားနှင့်လည်း လွန်စွာ ကွာခြားလေသည်။ တစ်နည်းအားဖြင့်၊ လူသည် ဘုရားသခင်၏ အမှုတော်မှ သွေဖည်၍၊ သန့်ရှင်းသော ဝိညာဉ်တော်သည်လည်း အလုပ်ကို ရပ်စဲလျှင်၊ လူ၏ အလုပ်သည် အခြားသူတို့အပေါ် ပို၍ ပို၍ အကျိုးကျေးဇူး နည်းပါးလိမ့်မည်ဖြစ်ပြီး၊ လူတို့သည် တဖြည်းဖြည်းဖြင့် မည်သည့် လမ်းကြောင်းမျှ ရှိကြလိမ့်မည်မဟုတ်ပေ။ ဘုရားသခင်၏ အမှုတော်ကသာ ရရှိနိုင်ပြီး၊ လူ၏ အလုပ်က ဘယ်သောအခါမျှ မရနိုင်သော သိသာသည့် ရလဒ်အနည်းငယ် ရှိပါသည်။ လူသည် မည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ၊ ယင်းသည် လူတို့၏ အသက်တာ စိတ်သဘောထားကို မပြောင်းလဲပေးနိုင်ပါ။ လူသည် မည်သည့်အရာကို လုပ်ဆောင်ပါစေ၊ ယင်းသည် လူတို့အား ဘုရားသခင်ကို အမှန်တကယ် သိရှိဖို့ သို့မဟုတ် သန့်စင်ခံရဖို့ အခွင့်မပေးနိုင်ချေ။ ဤသည်မှာ အကြွင်းမဲ့ ဖြစ်သည်။ အချို့က၊ “အဲဒါ ဘာကြောင့်လဲဆိုရင် သူတို့ အလုပ်လုပ်တဲ့အချိန်က သိပ်မကြာလို့ပါ” ဟု ဆိုတတ်ကြသည်။ ယင်းသည် တကယ်ကို မမှန်ကန်ပါ။ ရှည်ကြာသော အချိန်ကာလပင်လျှင် အလုပ်ဖြစ်လိမ့်မည် မဟုတ်ပါ။ လူသား၏ အလုပ်သည် လူတို့အား ဘုရားသခင်အပေါ် သိကျွမ်းမှုကို ရရှိစေနိုင်ပါသလော။ သင်သည် အခြားသူများကို နှစ်ပေါင်းမည်မျှ ဦးဆောင်ပါလေ့စေ၊ ၎င်းတို့အား ဘုရားသခင်ကို သိကျွမ်းခြင်းဆီသို့ သင် မဦးဆောင်နိုင်ပါ။ ဥပမာအနည်းငယ်ကို ဆင်ခြင်ကြည့်ကြပါစို့။ ပေါလု၏ အလုပ်သည် လူတို့အား ဘုရားသခင်ကို သိရှိဖို့ အခွင့်ပေးနိုင်ပါသလော။ ဓမ္မသစ်ကျမ်းထဲက တမန်တော်တို့၏ ထိုစာစောင်များအားလုံးသည် လူတို့ကို ဘုရားသခင်အား သိခွင့်ပေးနိုင်ကြပါသလော။ ဓမ္မဟောင်းကျမ်းထဲက ဘုရားသခင်၏ ပရောဖက်များနှင့် အစေခံများစွာတို့၏ အလုပ်သည် လူတို့ကို ဘုရားသခင်အား သိခွင့်ပေးနိုင်ပါသလော။ ယင်းတို့အားလုံးသည် ဘာမျှ မလုပ်ပေးနိုင်ပါ။ လူသား၏ အလုပ်အားဖြင့် ရရှိနိုင်သော ရလဒ်များသည် အလွန်အမင်း အကန့်အသတ်ရှိပေသည်။ ၎င်းတို့ လုပ်ဆောင်နိုင်သမျှမှာ ဘုရားသခင် အမှုတော်၏ အချိန်ကာလတစ်ခုကို ထိန်းသိမ်းထားကြခြင်း ဖြစ်သည်။...လူသား၏ အလုပ်သည် လူတို့အား ဘုရားသခင်ကို သိဖို့ မကူညီနိုင်ပါ၊ လူသား၏ အလုပ်သည် လူ၏ စိတ်သဘောထားကို မပြောင်းလဲနိုင်သကဲ့သို့၊ လူသား၏ အလုပ်သည် လူတို့အား သန့်စင်ခြင်းကို ရရှိဖို့ မကူညီနိုင်ပါ။ ဤသည်မှာ သက်သေဖြစ်သည်။ နောက်ဆုံးသောကာလအတွင်း ဘုရားသခင်၏ အမှုတော်မှာ အဘယ်သို့နည်း။ ဘုရားသခင်၏ အမှုတော်ကို ကြုံကြရသည့် ဘုရားသခင် ရွေးချယ်ထားသော လူတို့ထံမှ သက်သေခံချက် များစွာသည် ပိုပိုပြီး ရှိနေပါသည်။ လူများစွာတို့သည် သိမ်းပိုက်ခြင်း ခံထားကြရပြီး၊ ဘုရားသခင်နောက် လိုက်ရန် အရာရာတိုင်းကို စွန့်ပစ်ထားကြ ပြီဖြစ်သည်။ များစွာသော လူတို့သည် ထူးကဲသော သက်သေများကို ခံခဲ့ကြပြီး၊ များစွာသော လူတို့သည် ၎င်းတို့၏ ကိုယ်ရေးကိုယ်တာ အတွေ့အကြုံများအပေါ် သက်သေခံသည့် ဆောင်းပါးများကို ရေးသားထားကြပြီဖြစ်သည်။ သက်သေခံချက် မျိုးစုံ ရှိကြပေသည်။ ဘုရားသခင်၏ အမှုတော်ကို ရှစ်နှစ် သို့မဟုတ် ဆယ်နှစ် တွေ့ကြုထားကြသည့် လူအချို့သည် အလွန်အံ့သြဖွယ်ရာ သက်သေခံချက်များရှိကြသည်။ အချို့မှာ သုံးနှစ် သို့မဟုတ် ငါးနှစ်မျှအကြာတွင်ပင် အံ့ဖွယ်သက်သေခံချက်များ ရှိကြလေသည်။ အကယ်၍ သက်သေခံချက်အချို့ ရှိထားကြသော ဤလူတို့သည် ဆယ်နှစ် သို့မဟုတ် အနှစ်နှစ်ဆယ်စာ ပိုပြီး အတွေ့အကြုံရှိကြလျှင်၊ မည်ကဲ့သို့သော သက်သေမျိုး ဖြစ်လိမ့်မည်နည်း။ ပို၍ ထူးကဲပြီး၊ ပို၍ ဂုဏ်ကျက်သရေ ရှိလိမ့်မည်လော။ ဤသည်မှာ ဘုရားသခင်၏ အမှုတော်မှတစ်ဆင့် ရရှိသော အရာလော။ ယင်းသည် လူသား၏ ရာစုနှစ်တစ်ခုစာ သို့မဟုတ် ထောင်စုနှစ်တစ်ခုစာ အလုပ်၏ ရလဒ်ကို ကျော်လွန်သည့် ဘုရားသခင်၏ ဆယ်စုနှစ်တစ်ခုစာမျှသော အလုပ်၏ရလဒ် ဖြစ်သည်။ ဤအရာသည် မည်သည်ကို သရုပ်ဖော်ပြသနည်း။ ယင်းမှာ ဘုရားသခင်၏ အမှုတော်ကသာ ကယ်တင်ခြင်း၊ ပြောင်းလဲခြင်းနှင့် လူ၏ စုံလင်ခြင်းတို့ကို ရရှိနိုင်၍၊ လူသား၏ အလုပ်သည် မည်သည့် အချိန်ပမာဏရှိသည်ဖြစ်စေ ထိုသို့သော ရလဒ်များကို မရရှိနိုင်ခြင်း ဖြစ်သည်။ လူသား၏ အလုပ်သည် နောက်ဆုံးတွင် မည်သည့်ရလဒ် ဖြစ်ပေါ်စေနိုင်သနည်း။ အခြားသူများက ထိုပုဂ္ဂိုလ်အား လေးစားကြည်ညိုခြင်း၊ ထောက်ခံခြင်းနှင့် အတုယူခြင်းတို့သာ ရှိပေမည်။ အလွန်ဆုံးဆိုသော် လူတို့သည် အနည်းငယ်မျှ ပိုမိုကောင်းမွန်စွာ ပြုမူကောင်းပြုမူ လာနိုင်ပြီး၊ ယင်းထက် မပိုပါ။ ၎င်းတို့၏ အသက်တာ စိတ်သဘောထား ပြောင်းလဲမှုတစ်ခုကို မရရှိနိုင်ပါ။ ဘုရားသခင်ကို ကျိုးနွံနာခံခြင်းနှင့် ဘုရားသခင်အား သိကျွမ်းခြင်းတို့ကို မရရှိနိုင်ပါ။ ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် ဆိုးညစ်မှုကို ရှောင်ကြဉ်ခြင်းတို့အား မရရှိနိုင်သလို၊ စစ်မှန်သော သန့်စင်ခြင်းမှတစ်ဆင့် ဘုရားသခင်အား မြင်ခြင်းကိုလည်း မရရှိနိုင်ပါ။ ဤ အဓိကအချက်များတွင် မည်သည့် ရလဒ်များကိုမှ မရရှိနိုင်ပါ။

ဘုရားသခင် အမှုတော်၏ လက္ခဏာသွင်ပြင်တစ်ခုမှာ ယင်းမှတစ်ဆင့် ဘုရားသခင်၏ အရာအားလုံးနှင့် ဖြစ်ခြင်းကို ကျွန်ုပ်တို့ ရှာဖွေတွေ့ရှိနိုင်သည်၊ ဘုရားသခင်၏ စိတ်သဘောထားကိုလည်း တွေ့မြင်နိုင်သလို၊ သူ၏ ဉာဏ်ပညာနှင့် အနန္တတန်ခိုးတို့ကို သိရှိနိုင်ခြင်း ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များမှတစ်ဆင့် တိုက်ရိုက်ရရှိနိုင်သော အရာဖြစ်သည်။ အခြားသော လက္ခဏာသွင်ပြင် တစ်ခုမှာ ဘုရားသခင်၏ နှုတ်ကပတ်တော်သည် လူသား၏ အသက်ဖြစ်နိုင်လေသည်။ ကျွန်ုပ်တို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို စစ်မှန်သော တွေ့ကြုံခြင်းနှင့် သိနားလည်ခြင်းတို့ ရှိသောအခါ၊ ကျွန်ုပ်တို့အတွင်းတွင် ဘုရားသခင်အား ကြောက်ရွံ့ ကြည်ညိုသော စိတ်နှလုံးသားတစ်ခု ပေါက်ဖွားလိမ့်မည်ဖြစ်ပြီး၊ ထိုအခါ သူ့နှုတ်ကပတ်တော်၏ အားဖြည့်ပေးနိုင်သော အသက်ရေကို ကျွန်ုပ်တို့ မပြတ်တမ်း စုပ်ယူနိုင်ကြလိမ့်မည်။ ထို့ပြင် ယင်းအဖြစ်သည် ကျွန်ုပ်တို့အတွင်းတွင် အမြစ်တွယ်သောကြောင့်၊ ကျွန်ုပ်တို့အား ဘုရားသခင်က အမြဲတမ်း အလိုရှိသည်ဟူသော သက်သေခံချက်ဖြင့် ကျွန်ုပ်တို့ အသက်ရှင်နေထိုင်လာနိုင်လိမ့်မည်။ ဆိုလိုသည်မှာ သူ၏ နှုတ်ကပတ်တော်သည် ကျွန်ုပ်တို့၏ တကယ့်အသက် ဖြစ်လာလိမ့်မည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်သည် ကျွန်ုပ်တို့၏ မကုန်ခမ်းနိုင်သော အကန့်အသတ်မရှိသော အသက်စမ်းရေဖြစ်သည်။ သို့ဆိုလျှင် လူသား၏ အလုပ်မှာ အဘယ်သို့ဖြစ်သနည်း။ လူတစ်ယောက်၏ စကားများက မည်မျှပင် မှန်ကန်ပါစေ သို့မဟုတ် သမ္မာတရားနှင့် မည်မျှ ကိုက်ညီပါစေ၊ ယင်းတို့သည် အခြားသူများအတွက် အသက်တာစစ်စစ်အဖြစ် အသုံးမခံနိုင်ချေ။ ယင်းတို့သည် ယာယီ အကူအညီနှင့် စာရိတ္တမြှင့်တင်ပေးခြင်းကိုသာ ထောက်ပံ့ပေးနိုင်သည်။ ယခု ဤအရာကို သင် မြင်နိုင်သည် မဟုတ်လော။ ဤသည်မှာ လူ၏ အလုပ်နှင့် ဘုရားသခင်၏ အမှုတော်ကြားက ခြားနားချက် ဖြစ်သည် မဟုတ်လော။ တစ်နည်းဆိုရလျှင် လူက ဖော်ပြသောအရာသည် သူ ဖြစ်သောအရာမျှသာ ဖြစ်၍၊ ဘုရားသခင် ဖော်ပြသောအရာသည် သူ၏ ဖြစ်ခြင်းအရာအားလုံးပင် ဖြစ်သည်။ လူက လုပ်နိုင်သမျှမှာ အခြားသူတို့အတွက် အနည်းငယ်မျှသော အကျိုးနှင့် စိတ်ဓါတ်မြှင့်တင်ခြင်းကို ဆောင်ကြဉ်းပေးခြင်း ဖြစ်ပြီး၊ လူသားထံ ဘုရားသခင် ယူဆောင်ပေးသော အရာမှာမူ အသက်တာအတွက် ထာဝရ အာဟာရဖြစ်သည်၊ ကွဲပြားခြားနားမှုများမှာ ထိုသို့ ကြီးမားလှသည်။ ကျွန်ုပ်တို့သည် လူသားထံမှ စွန့်ခွာလျှင်၊ ဆက်၍ သွားနိုင်ဆဲဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော် မရှိလျှင်မူ၊ အသက်၏ မြစ်ဖျားခံရာကို ကျွန်ုပ်တို့ ဆုံးရှုံးကြလိမ့်မည်။ ထို့ကြောင့် ဘုရားသခင်က- “ခရစ်တော်သည် သမ္မာတရား၊ လမ်းခရီးနှင့် အသက်ဖြစ်သည်” ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် ကျွန်ုပ်တို့၏ ရတနာ၊ ကျွန်ုပ်တို့၏ အသက်သွေးကြောဖြစ်ပြီး၊ အားလုံးအဖို့ မရှိမဖြစ်သောအရာ ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်အတူ၊ ကျွန်ုပ်တို့ အသက်တာများတွင် ဦးတည်ချက် ရှိကြသည်။ ကျွန်ုပ်တို့ အသက်တာများအတွက် ရည်မှန်းချက် ရှိကြသည့်အပြင်၊ ရှင်သန်ရေးအတွက် အသက်၏ အာဟာရ နှင့် အခြေခံသဘောတရားများလည်း ရှိကြလေသည်။

အထက်အရပ်မှ မိတ်သဟာယပြုခြင်း မှ

နောက်တစ်ခုသို့- နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ထဲက အနန္တတန်ခိုးရှင် ဘုရားသခင် ဖော်ပြသည့် နှုတ်ကပတ်တော်များသည် ဘုရားသခင်၏ တကယ့်နှုတ်တော်မှ မိန့်မြွက်ချက်များဖြစ်သည်ဟု သင်တို့ သက်သေခံကြသည်၊ သို့သော် ထိုအရာများက သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းပေးခံရသည့် တစ်စုံတစ်ဦး၏ စကားများဖြစ်သည်ဟု ကျွန်ုပ်တို့ ယုံကြည်ကြသည်။ ထို့ကြောင့်၊ ကျွန်ုပ် ရှာဖွေချင်သည့်အရာမှာ၊ လူ့ဇာတိခံ ဘုရားသခင် ဖော်ပြသည့် နှုတ်ကပတ်တော်များနှင့် သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းပေးခြင်းနှင့်အတူ တစ်စုံတစ်ဦး ပြောဆိုသည့် စကားများကြားက ကွဲပြားခြားနားချက်မှာ အတိအကျ မည်သည့်အရာနည်း။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Leave a Reply

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။