မကောင်းဆိုးဝါးများ အပူးခံရခြင်း ဆိုသည်မှာ အဘယ်အရာဖြစ်ပြီး မကောင်းဆိုးဝါးများ အပူးခံရခြင်း၏ သရုပ်သကန်မှာ အဘယ်နည်း

18.11.2021

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

မျက်မှောက်ခေတ်အတွင်းတွင် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်အမှုများကို ပြသနိုင်သကဲ့သို့၊ နတ်ဆိုးများကိုလည်း နှင်ထုတ်နိုင်ပြီး၊ မကျန်းမာသူများကိုလည်း အနာငြိမ်းစေနိုင်ကာ နိမိတ်လက္ခဏာများစွာ ဆောင်ရွက်နိုင်သည့် လူတစ်ဦး ထွက်ပေါ်လာပါက၊ ဤလူက ၎င်းသည် ကြွလာပြီဖြစ်သော ယေရှုဖြစ်သည်ဟုဆိုလျှင်၊ ဤသည်မှာ ယေရှုကို အတုခိုးသည့် နတ်ဆိုးများက ဖြစ်ပေါ်စေသည့် အတုတစ်ယောက် ဖြစ်ပေမည်။ ဤအရာကို အမှတ်ရလော့။ ဘုရားသခင်သည် တူညီသော အမှုကို ထပ်မလုပ်ပေ။ ယေရှု၏ အမှုအဆင့်သည် ပြီးစီးနှင့်ပြီးသားဖြစ်ပြီး၊ ဘုရားသခင်သည် အမှု၏ထိုအဆင့်ကို မည်သည့်အခါတွင်မျှ တစ်ဖန် ဆောင်ရွက်မည် မဟုတ်ပေ။ ဘုရားသခင်၏ အမှုသည် လူသား၏ အယူအဆများနှင့် ညှိ၍မရနိုင်ပေ။ ဥပမာအားဖြင့် မေရှိယတစ်ဦး၏ ကြွလာခြင်းကို ဓမ္မဟောင်းကျမ်းက ကြိုတင်ဟောကိန်း ထုတ်ထားပြီး၊ ဤပရောဖက်ပြုချက်၏ အကျိုးဆက်မှာ ယေရှု၏ ကြွလာခြင်းဖြစ်ခဲ့သည်။ ဤအရာဖြစ်ပျက်နှင့်ပြီးဖြစ်လျက်၊ နောက်ထပ် မေရှိယတစ်ဦး ကြွလာရန်မှာ မှားယွင်းပေမည်။ ယေရှုသည် တစ်ကြိမ်ကြွလာနှင့်ပြီး ဖြစ်ကာ ဤအကြိမ်၌ ယေရှုနောက်တစ်ဖန် ကြွလာရန်မှာ မှားယွင်းပေမည်။ ခေတ်တိုင်းအတွက် နာမတစ်ခုရှိပြီး နာမ အသီးသီးသည် ထိုခေတ်၏ ဇာတ်ဆောင်စရိုက်ကို သရုပ်ဖော်ခြင်း ပါရှိလေသည်။ လူသား၏ အယူအဆများတွင်၊ ဘုရားသခင်သည် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို အမြဲပြသရမည်၊ မကျန်းမာသောသူများကို အမြဲ အနာငြိမ်းစေရမည်ဖြစ်ပြီး နတ်ဆိုးများကို အမြဲ နှင်ထုတ်ရမည်ဖြစ်ကာ၊ ယေရှုကဲ့သို့ အမြဲဖြစ်ရမည် ဖြစ်သည်။ သို့သော်လည်း ဤအကြိမ်တွင်၊ ဘုရားသခင်သည် ထိုသို့ လုံးဝမဟုတ်ပေ။ အကယ်၍ နောက်ဆုံးသော ကာလအတွင်းတွင် ဘုရားသခင်သည် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို ပြသနေဆဲဖြစ်ခဲ့ပါက၊ နတ်ဆိုးများကို ဆက်လက် မောင်းထုတ်နေဆဲဖြစ်ပြီး၊ မကျန်းမာသောသူများကို အနာငြိမ်းစေဆဲ ဖြစ်ခဲ့ပါက- သူသည် ယေရှုကဲ့သို့နည်းတူ အတိအကျ လုပ်ဆောင်ခဲ့မည်ဆိုပါက- ဘုရားသခင်သည် တူညီသော အလုပ်တစ်ခုကို ထပ်လုပ်နေခြင်း ဖြစ်မည်ဖြစ်သကဲ့သို့၊ ယေရှု ပြုခဲ့သော အမှုသည် မည်သည့်အရေးပါမှု သို့မဟုတ် မည်သည့်တန်ဖိုးမျှ ရှိမည် မဟုတ်ပေ။ ထို့ကြောင့် ဘုရားသခင်သည် ခေတ်တိုင်းတွင် အမှု၏ အဆင့်တစ်ခုကို ဆောင်ရွက်လေသည်။ သူ့အမှု၏ အဆင့်အသီးသီး ပြီးစီးသည်နှင့်တစ်ပြိုင်နက်၊ မကြာမီ နတ်ဆိုးများက ယင်းကို လိုက်တုကြပြီး၊ စာတန်သည် ဘုရားသခင်နောက် ထပ်ကြပ်မကွာ စတင် လိုက်သည့်နောက်တွင်၊ ဘုရားသခင်သည် မတူကွဲပြားသော နည်းစနစ်တစ်ခုကို ပြောင်းလဲလေသည်။ ဘုရားသခင်သည် သူ့အမှု၏ အဆင့်တစ်ဆင့်ကို ပြီးစီးသည်နှင့်တစ်ပြိုင်နက်၊ ယင်းကို နတ်ဆိုးများက လိုက်တုကြလေသည်။ ဤအရာနှင့်ပတ်သက်၍ သင်တို့ ရှင်းရှင်းလင်းလင်း ဖြစ်ရမည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ယနေ့ ဘုရားသခင်၏ အမှုကို သိခြင်း

ဆိုးညစ်သော ဝိညာဉ်များ၏ ဝင်ပူးခြင်းကို ခံရပြီး “ငါသည် ဘုရားဖြစ်သည်” ဟု အာပေါင်အာရင်းသန်သန် ကြွေးကြော်ကြသူ အချို့ ရှိ၏။ သို့ရာတွင် သူတို့သည် မိမိတို့ကိုယ်စားပြုသည့်အရာတွင် မှားယွင်းကြသည့်အတွက် အဆုံး၌ ထုတ်ဖော်ခြင်းကို ခံကြရသည်။ သူတို့သည် စာတန်ကို ကိုယ်စားပြုပြီး၊ သန့်ရှင်းသော ဝိညာဉ်တော်သည် သူတို့ကို အရေးမထားပေ။ သင်သည် မိမိကိုယ်ကိုယ်မည်မျှပင် မြင့်မားစွာ ချီးမြှောက်သည်ဖြစ်စေ၊ သို့မဟုတ် မည်မျှပင် ပြင်းပြင်းထန်ထန် ဟစ်ကြွေးသည်ဖြစ်စေ၊ သင်သည် ဖန်ဆင်းခံတစ်ဦး ဖြစ်နေဆဲဖြစ်ပြီး၊ စာတန်နှင့် သက်ဆိုင်သောသူ ဖြစ်သည်။ “ငါသည် ဘုရားသခင်ဖြစ်သည်၊ ငါသည် ဘုရားသခင်၏ ချစ်တော်မူသော သားတော်ဖြစ်သည်” ဟု ဘယ်သောအခါမျှ ငါမဟစ်ကြွေးပေ။ သို့သော် ငါပြုသည့်အမှုသည် ဘုရားသခင်၏ အမှုဖြစ်၏။ ငါဟစ်အော်ဖို့ လိုသလော။ ချီးမြှောက်ခြင်း မလိုအပ်ပေ။ ဘုရားသခင်သည် သူ၏အလုပ်ကို သူကိုယ်တိုင်လုပ်ပြီး၊ လူသားက သူ့ကို အဆင့်အတန်းတစ်ခု နှင်းအပ်ပေးရန်၊ သို့မဟုတ် ချီးမြှောက်သည့် ဂုဏ်ပုဒ်တစ်ခုပေးရန် မလိုအပ်ပေ။ သူ၏ အမှုက သူ၏ ကိုယ်ပိုင်လက္ခဏာနှင့် အဆင့်အတန်းကို ကိုယ်စားပြုပေသည်။ ဗတ္တိဇံမခံမီတွင် ယေရှုသည် ဘုရားသခင်ကိုယ်တော်တိုင် မဟုတ်ခဲ့လေသလော။ သူသည် လူ့ဇာတိခံယူထားသည့် ဘုရားသခင် မဟုတ်ခဲ့လေသလော။ သူသည် သက်သေကို ရရှိပြီးနောက်မှသာ ဘုရားသခင်၏ တစ်ပါးတည်းသောသားတော် ဖြစ်လာခဲ့သည်ဟု ပြော၍မရနိုင်သည်ကား ဧကန်မုချ ဖြစ်၏။ သူသည် မိမိ၏အမှုကို မစတင်မီ အချိန်ကြာမြင့်စွာကတည်းက၊ ယေရှုဟု အမည်တွင်သည့် လူတစ်ဦး ရှိခဲ့သည် မဟုတ်လော။ သင်သည် အသစ်သော လမ်းကြောင်းများကို မဆောင်ကြဉ်းနိုင် သို့မဟုတ် ဝိညာဉ်တော်ကို ကိုယ်စားမပြုနိုင်ပေ။ သင်သည် ဝိညာဉ်တော်၏ အလုပ် သို့မဟုတ် သူပြောသည့် နှုတ်ကပတ်တော်များကို သင်မဖော်ပြနိုင်။ ဘုရားသခင် ကိုယ်တော်တိုင်၏အမှုကို သင် မလုပ်ဆောင်နိုင်သကဲ့သို့ ဝိညာဉ်တော်၏ အလုပ်ကို သင်မလုပ်နိုင်ပေ။ ဘုရားသခင်၏ ဉာဏ်ပညာ၊ အံ့ဖွယ်ရာနှင့် ဉာဏ်မမီနိုင်မှုများ၊ ပြီးလျှင် လူသားကို ဘုရားသခင် ပြစ်တင်ဆုံးမသည့် စိတ်သဘောထား အလုံးစုံ- ဤအရာအားလုံးသည် သင်၏ ဖော်ပြနိုင်စွမ်းကို ကျော်လွန်သည်။ သို့ဖြစ်ရာ ဘုရားသခင်ဖြစ်သည်ဟု အခိုင်အမာဆိုရန် ကြိုးစားခြင်းသည် အချည်းနှီး ဖြစ်လိမ့်မည်၊ သင်သည် နာမည်သာရှိပြီး မည်သည့် အနှစ်သာရမျှ ရှိလိမ့်မည်မဟုတ်။ ဘုရားသခင် ကိုယ်တော်တိုင် လာပြီးဖြစ်သော်လည်း၊ မည်သူမျှ သူ့ကိုမမှတ်မိပေ၊ သို့သော် သူသည် သူ၏အလုပ်ကို ဆက်လက်လုပ်ဆောင်ပြီး၊ ဝိညာဉ်တော်ကို ကိုယ်စားပြုခြင်းကိုလည်း ဆက်လက် လုပ်ဆောင်သည်။ သင့်အနေဖြင့် သူ့ကို လူသားဟုခေါ်သည်ဖြစ်စေ ဘုရားသခင်ဟု ခေါ်သည်ဖြစ်စေ၊ သခင်ဟုခေါ်သည်ဖြစ်စေ ခရစ်တော်ဟု ခေါ်သည်ဖြစ်စေ၊ သို့မဟုတ် သူ့ကို အစ်မဟု ခေါ်သည်ဖြစ်စေ၊ အရေးမကြီးပေ။ သို့သော်လည်း သူပြုသည့်အမှုမှာ ဝိညာဉ်တော်၏ အလုပ်ဖြစ်ပြီး၊ ဘုရားသခင် ကိုယ်တော်တိုင်၏ အလုပ်ကို ကိုယ်စားပြုသည်။ လူသားက သူ့ကို ခေါ်ဆိုသည့် အမည်နာမကို သူဂရုမစိုက်ပေ။ ထိုအမည်နာမသည် သူ၏အလုပ်ကို အဆုံးအဖြတ်ပေးနိုင်သလော။ သင်သူ့ကို မည်သို့ခေါ်သည်ဖြစ်စေ၊ ဘုရားသခင်နှင့် ပတ်သက်သရွေ့ သူသည် ဘုရားသခင်၏ဝိညာဉ်တော်၏ လူ့ဇာတိခံ ကိုယ်ခန္ဓာ ဖြစ်သည်။ သူသည် ဝိညာဉ်တော်ကို ကိုယ်စားပြုပြီး ဝိညာဉ်တော်၏ထောက်ခံမှုကို ရသည်။ အကယ်၍ သင်သည် ခေတ်သစ်တစ်ခုအတွက် လမ်းခရီး မဖန်တီးနိုင်ပါက၊ ခေတ်ဟောင်းကို အဆုံးမသတ်နိုင်ပါက၊ ခေတ်သစ်ကို မဖွင့်လှစ်ပေးနိုင်ပါက၊ အသစ်သော အလုပ်ကို မလုပ်ဆောင်နိုင်ပါက၊ သင့်ကို ဘုရားသခင်ဟု ခေါ်၍မရပေ။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူ့ဇာတိခံယူခြင်း၏ နက်နဲရာအချက် (၁)

သန့်ရှင်းသော ဝိညာဉ်တော်သည် ၎င်းတို့အထဲ၌ တစ်ချိန်လုံး အလုပ်လုပ်နေသည်ဟု အချို့သော လူများက ပြောကြသည်။ ဤသည်မှာ မဖြစ်နိုင်ပေ။ အကယ်၍ ၎င်းတို့က သန့်ရှင်းသော ဝိညာဉ်တော်သည် ၎င်းတို့နှင့်အတူ အစဉ်အမြဲ ရှိနေသည်ဟု ပြောမည်ဆိုပါက၊ ယင်းသည် လက်တွေ့ကျပေလိမ့်မည်။ အကယ်၍ ၎င်းတို့က ၎င်းတို့၏ တွေးခေါ်ခြင်းနှင့် အသိစိတ်တို့သည် အချိန်တိုင်း ပုံမှန်ဖြစ်နေသည်ဟု ပြောမည်ဆိုပါက ယင်းသည်လည်း လက်တွေ့ကျနေမည်ဖြစ်ပြီး သန့်ရှင်းသော ဝိညာဉ်တော်သည် ၎င်းတို့နှင့်အတူ ရှိနေကြောင်းကို ယင်းက ပြသပေလိမ့်မည်။ အကယ်၍ သန့်ရှင်းသောဝိညာဉ်တော်သည် ၎င်းတို့အတွင်း၌ အစဉ်အမြဲ အလုပ်လုပ်နေကာ၊ ဘုရားသခင်၏ ဉာဏ်အလင်းပေးခြင်းနှင့် သန့်ရှင်းသောဝိညာဉ်တော်၏ တို့ထိခြင်းကို တစ်ချိန်လုံး ခံစားနေရပြီး၊ အချိန်တိုင်းတွင် အသစ်သော အသိပညာရရှိသည်ဟု ပြောပါက၊ ဤသည်မှာ မည်သည့်နည်းနှင့်မျှ ပုံမှန်မဟုတ်ချေ။ ဤသည်မှာ လုံးလုံးလျားလျား သဘာဝလွန်အရာ ဖြစ်သည်။ ယင်းသို့သော လူများသည် နတ်ဆိုးများ ဖြစ်ကြသည်မှာ သံသယ စိုးစဉ်းမျှ ဖြစ်စရာမလိုချေ။ ဘုရားသခင်၏ဝိညာဉ်တော် လူ့ဇာတိထဲသို့ ကြွလာသောအခါတွင်ပင်၊ သူစားရမည့် အချိန်များနှင့် အနားယူရမည့် အချိန်များ ရှိပေသည်၊ လူသားများဆိုလျှင် ဆိုဖွယ်ရာ မရှိပြီ။ နတ်ဆိုးများ၏ စွဲကပ်ခြင်းခံရပြီးသူများသည် ဇာတိပကတိ၏အားနည်းချက် မရှိသည့်ပုံ ပေါက်လေသည်။ ၎င်းတို့သည် အရာခပ်သိမ်းကို စွန့်လွှတ်ရန်နှင့် စွန့်ပစ်ရန် တတ်စွမ်းနိုင်ပြီး၊ ၎င်းတို့သည် စိတ်ခံစားချက်များ ကင်းမဲ့ကြကာ ညှဉ်းဆဲခြင်းကို ကြံ့ကြံ့ခံခြင်းငှာ တတ်နိုင်စွမ်းရှိပြီးလျှင် စိုးစဉ်းမျှ မောပန်းနွမ်းနယ်ခြင်းကို မခံစားရဘဲရှိသည်မှာ ၎င်းတို့သည် ဇာတိပကတိကို လွန်မြောက် သွားသည့်အလားပင် ဖြစ်သည်။ ဤသည်မှာ အလွန်အမင်း သဘာဝလွန်သည် မဟုတ်သလော။ နတ်ဆိုးများ၏ အလုပ်သည် သဘာဝလွန် ဖြစ်၏၊ ထိုသို့သောအရာများကို မည်သည့်လူသားမျှ ရရှိအောင် မစွမ်းဆောင်နိုင်ချေ။ ထိုးထွင်းသိမြင်မှု ကင်းမဲ့သောသူများက ယင်းသို့သောလူများကို မြင်သည့်အခါ အားကျကြ၏- ထိုသူတို့သည် ဘုရားသခင်ကို ယုံကြည်ခြင်း၌ အလွန့်အလွန် အားမာန်ရှိပြီး ကြီးမားသော ယုံကြည်ခြင်းရှိကာ အားနည်းချက်၏လက္ခဏာ စိုးစဉ်းမျှကို မည်သည့်အခါမှ မပြကြဟု ၎င်းတို့က ပြောဆိုကြသည်။ စင်စစ်တွင်မူ ယင်းတို့သည် နတ်ဆိုးအလုပ်၏ သရုပ်သကန်များချည်းသာ ဖြစ်ကြ၏။ အဘယ်ကြောင့်ဆိုသော် သာမန်လူတို့တွင် မလွဲဧကန်ပင် လူသား၏ အားနည်းချက်များ ရှိကြသောကြောင့် ဖြစ်သည်၊ ဤသည်မှာ သန့်ရှင်းသော ဝိညာဉ်တော်၏ မျက်မှောက်တော် ရှိသောသူများ၏ ပုံမှန်အခြေအနေ ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လက်တွေ့လုပ်ဆောင်ခြင်း (၄)

မည်သည့် ပြဿနာမျှ မပေါ်ပေါက်ချိန်တွင် အတော်အတန် ပုံမှန်ဖြစ်ကာ၊ အတော်အတန် ပုံမှန်အားဖြင့် စကားပြောဆိုပြီး ဆွေးနွေးသည့်၊ ပုံမှန်ဟု ထင်ရပြီး၊ ဆိုးရွားသောအရာ တစ်စုံတစ်ခုမျှ မလုပ်ဆောင်သည့် လူအချို့ ရှိသည်။ သို့သော် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဝတ်ပြုစည်းဝေးပွဲတွင် ဖတ်ရှုသည့်အခါ၊ သမ္မာတရားကို မိတ်သဟာယပြုသည့်အခါ၊ ၎င်းတို့သည် ရုတ်ခြည်း ထူးထူးကဲကဲ စတင် ပြုမူလာသည်။ အချို့သည် နားထောင်ဖို့ သည်းမခံနိုင်ပေ၊ အချို့သည် ငိုက်မျဉ်းလာပြီး အချို့က ၎င်းတို့သည် စိတ်ညစ်ပြီး နောက်ထပ် နားထောင်ဖို့ ဆန္ဒမရှိဟု ပြောလျက်၊ ပျို့အန်ချင်သလိုဖြစ်ကြသည်။ ၎င်းတို့သည် နားလည်သဘောပေါက်မှု လုံးလုံးမရှိပေ၊ ဤနေရာတွင် မည်သည့်အရာ အမှန်တကယ် ဖြစ်ပျက်နေသနည်း။ ၎င်းတို့သည် နတ်ဆိုးစွဲခံရပြီးဖြစ်သည်။ ၎င်းတို့ နတ်ဆိုးစွဲခံပြီးသည့်အချိန်တွင်၊ “ယင်းကို ကျွန်ုပ် မကြားလိုပါ။” ဟု ၎င်းတို့က အဘယ့်ကြောင့် ဆက်ပြောနေကြသနည်း။ တစ်ခါတစ်ရံတွင် လူများသည် ဤနေရာတွင် မည်သည့်အရာ ဖြစ်နေသည်ကို နားမလည်နိုင်ကြဘဲ၊ နတ်ဆိုးအတွက်မူ ယင်းမှာ သိသာရှင်းလင်းလှပေသည်။ ဤသည်မှာ အန္တိခရစ်များအတွင်းရှိ ဝိညာဉ်ဖြစ်သည်။ ၎င်းတို့သည် သမ္မာတရားအပေါ် အဘယ်ကြောင့် အလွန်ရန်လိုသည်ကို သင်က ၎င်းတို့အား မေးပြီး ၎င်းတို့က ရန်မလိုပါဟု ပြောသည်၊ ပြီးလျှင် ၎င်းတို့သည် ဤအရာကို အသိအမှတ်ပြုဖို့ စွဲစွဲမြဲမြဲ ငြင်းဆန်ကြသည်။ သို့ရာတွင် ၎င်းတို့၏ စိတ်နှလုံးထဲတွင် ၎င်းတို့သည် သမ္မာတရားအား မချစ်သည်ကို ၎င်းတို့ သိကြပေသည်။ ဘုရားသခင်၏နှုတ်ကပတ်တော်များကို မဖတ်သည့်အခါ၊ ၎င်းတို့သည် အခြားသူများနှင့် ထိတွေ့ဆက်ဆံလျှင် ပုံမှန်ဖြစ်ပုံရသည်။ ၎င်းတို့အတွင်း၌ မည်သည့်အရာရှိသည်ကို သင်သိမည် မဟုတ်ပေ။ ၎င်းတို့က ဘုရားသခင်၏နှုတ်ကပတ်တော်များကို ကြိုးစားပြီး ဖတ်ရှုသည့်အခါ၊ “ယင်းကို ကျွန်ုပ် မကြားလိုပါ။” ဆိုသည့် စကားများ ထွက်လာသည်။ ၎င်းတို့၏ သဘာဝသည် ဖော်ထုတ်ခြင်းခံရပြီးဖြစ်ကာ၊ ဤသည်မှာ ၎င်းတို့ဖြစ်သည့်အရာ ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များက ၎င်းတို့အား ဆွပေးလိုက်သလော၊ သို့မဟုတ် ၎င်းတို့အား ထုတ်ဖော်လိုက်သလော သို့မဟုတ် ၎င်းတို့၏ အရှိုက်ကို ထိုးနှက်လိုက်သလော။ အထက်မှ အရာထဲမှ တစ်ခုမျှ မဟုတ်ပေ။ ဖြစ်လိုက်သည့်အရာမှာ လူတိုင်း ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုနေသည့်အခါတွင်၊ ၎င်းတို့က ယင်းကို ၎င်းတို့ မကြားလိုဟု ပြောကြသည်။ ၎င်းတို့သည် မဆိုးညစ်သလော။ ဆိုးညစ်သည်ဆိုသည်မှာ အဘယ်ကို ဆိုလိုသနည်း။ ယင်းမှာ သိသာမြင်သာသော အကြောင်းပြချက် လုံးဝမရှိဘဲ၊ အကြောင်းအရင်းကိုပင် မသိဘဲ တစ်စုံတစ်ခုအပေါ်နှင့် အပြုသဘောဆောင်သည့် အမှုအရာများအပေါ် အလွန်ရန်လိုခြင်းကို ဆိုလိုသည်။ ၎င်းတို့က “ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကျွန်ုပ် ကြားသည်နှင့် တစ်ပြိုင်နက်၊ ထိုစကားများ ထွက်ပေါ်လာသည်။ ဘုရားသခင်ကို သက်သေခံချက်ကို ကျွန်ုပ် ကြားလျှင်ကြားချင်း၊ ကျွန်ုပ်သည် မနှစ်သက်ခြင်းကို ခံစားရပြီး၊ အဘယ်ကြောင့်ဟူသည်ကိုပင် ကျွန်ုပ် မသိပေ။ သမ္မာတရားကို ရှာဖွေသည့်သူ သို့မဟုတ် သမ္မာတရားကို ချစ်သည့်သူ တစ်စုံတစ်ယောက်ကို ကျွန်ုပ် တွေ့သည့်အခါ၊ ၎င်းတို့အား ကျွန်ုပ် စိန်ခေါ်လိုသည်၊ ၎င်းတို့အား ကျွန်ုပ် အမြဲ ဆူလိုသည်၊ ၎င်းတို့၏ နောက်ကွယ်တွင် ၎င်းတို့ကို ထိခိုက်စေမည့် အရာတစ်ခု လုပ်ဆောင်လိုသည်၊ ကျွန်ုပ်သည် ၎င်းတို့ကို သတ်ဖြတ်လိုသည်။” ဟု အမှန်တကယ် ပြောလိုကြသည်။ ဤသည်ကို ပြောခြင်းအားဖြင့် ၎င်းတို့သည် ဆိုးညစ်ကြသည်။

အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၌ “၎င်းတို့သည် ဆိုးယုတ်ကာ တစိမ့်စိမ့်နှင့် အန္တရာယ်ပေးတတ်ပြီး လှည့်စားတတ်သည် (၁)” မှ

ဤကဲ့သို့ ဝရုန်းသုန်းကားနိုင်သည့် အန္တိခရစ်တစ်အုပ်ကို သင်တို့တွေ့ဖူးသလော။ သင်သည် ၎င်းတို့အကြားတွင် ရှိနေသည့်အခါ အဘယ်အရာကို ခံစားရသနည်း။ အပြင်ပန်းတွင် ၎င်းတို့သည် လုံးလုံးနူးညံ့သိမ်မွေ့ခြင်း ရှိပုံရသည်— သို့သော်လည်း သမ္မာတရားနှင့် ဘုရားသခင်၏အလိုတော်တို့ကို ၎င်းတို့နှင့် သင်မိတ်သဟာယပြုသည့်အခါ ၎င်းတို့ပြသသည့် သဘောထားသည် ၎င်းတို့၏အပြင်ပန်း နူးညံ့သိမ်မွေ့ခြင်းနှင့် လုံးလုံးဆန့်ကျင်နေသည်၊ တစ်နည်းဆိုရလျှင် ၎င်းတို့သည် အလွန်အမင်း ပစ်ပစ်ခါခါငြင်းပယ်ပြီး လုံးလုံးစိတ်မဝင်စားကြ။ ၎င်းတို့နှင့် သမ္မာတရားကို သင်မိတ်သဟာယ ပြုသည့်အခါ ၎င်းတို့က သင့်ကို အပြင်လူတစ်ဦးအဖြစ် ခံစားကြရသည်၊ ပြီးလျှင် အသင်းတော်၏အလုပ်ကို သင်မိတ်သဟာယပြုသည့်အခါ ၎င်းတို့က သာ၍ပင် ထိုသို့ခံစားရလေသည်။ အသင်းတော်၏ အလုပ်နှင့်သက်ဆိုင်သည့် အထူးအသေးစိတ်အချက်အလက်များ လုပ်ဆောင်ပြီးခြင်း ရှိမရှိနှင့် ယင်းတို့ကို မည်မျှကောင်းစွာ လုပ်ဆောင်ထားကြောင်းကို သင်မိတ်သဟာယပြုသည့်အခါ ၎င်းတို့က စတင်ငိုက်မျဉ်းလာနိုင်ပြီး မကောင်းဆိုးဝါး ပုံသဏ္ဌာန်ကို ထုတ်ဖော်ပြလာနိုင်သည်၊ ၎င်းတို့က မိမိတို့၏ဦးခေါင်းများကို ကုတ်ပြီး နားကလော်ကြသည်၊ သန်းဝေကြသည်၊ မျက်ရည်ဝဲကြသည်၊ နှာပင်ချေကောင်း ချေနိုင်ပေသည်။ ဤသည်မှာ နတ်ဆိုးစွဲခြင်း မဟုတ်လော။ သမ္မာတရားကို သင်မိတ်သဟာယ ပြုသည်နှင့်တစ်ပြိုင်နက် ၎င်းတို့၏ မကောင်းဆိုးဝါး ပုံသဏ္ဌာန်သည် အဘယ့်ကြောင့် ပေါ်ထွက်လာသနည်း။ ၎င်းတို့တစ်ဦးချင်းစီ၌ ၎င်းတို့၏စိတ်နှလုံးများတွင် မေတ္တာများများစားစား မရှိသလော။ သမ္မာတရားအကြောင်းကို သင်စတင်မိတ်သဟာယပြုသည့်အခါ ၎င်းတို့က အဘယ်သို့များ စိတ်ပါဝင်စားခြင်း မရှိတော့သနည်း။ ထိုနည်းအားဖြင့် ၎င်းတို့သည် ထုတ်ဖော်ခြင်း မခံရသလော။ အပြင်ပန်း လုပ်ငန်းဆောင်တာများကို လုပ်ဆောင်ခြင်းအပေါ် ၎င်းတို့၌ ကြီးစွာသော စိတ်ထက်သန်မှုနှင့် သန္နိဋ္ဌာန်တို့ မရှိသလော။ ၎င်းတို့၌ သန္နိဋ္ဌာန်ရှိပါက ၎င်းတို့သည် စစ်မှန်မှုကို မပိုင်ဆိုင်သလော။ ၎င်းတို့၌ စစ်မှန်မှုရှိပါက သမ္မာတရားကို လူတို့မိတ်သဟာယပြုသည်ကို ကြားသည့်အခါ ၎င်းတို့ပျော်သင့်သည်၊ ယင်းကို ၎င်းတို့ တမ်းတသင့်သည်။ သို့ဆိုလျှင် နတ်ဆိုးစွဲသည့် ဖြစ်ရပ်က အဘယ့်ကြောင့် ပေါ်ပေါက်လာရသနည်း။ ဤအရာက ၎င်းတို့၏ ပုံမှန်နူးညံ့သိမ်မွေ့ခြင်းသည် လုံးလုံး အတုအယောင်ဖြစ်သည်ကို သက်သေပြသည်— သမ္မာတရားက ၎င်းတို့ကို ဖော်ထုတ်လိုက်လေပြီ။

အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၌ “၎င်းတို့သည် ဘုရားသခင်၏အိမ်တော်ကို မိမိတို့၏ကိုယ်ပိုင် အိမ်ရာအဖြစ် သဘောထားကြ၏” မှ

ညီအစ်ကိုမောင်နှမတို့ ပိုင်းခြားသိမြင်မှုရရှိပြီး လက်တွေ့ကျသော သင်ခန်းစာကို သင်ယူရရှိရန်အတွက် နတ်ဆိုးပူးနေသောသူတစ်ယောက်ကို ၎င်းတို့ကြား၌ နေစေရန် ဘုရားသခင်က စီစဉ်ခဲ့သည်။ အစတွင် ဤလူ၏ပြောဆိုပုံ၊ လုပ်ကိုင်ပုံတို့သည် ပုံမှန်ဖြစ်ပြီး ကျိုးကြောင်းဆင်ခြင်ပုံမှာလည်း ထို့အတူပင်ဖြစ်သည်။ ပြဿနာပြုတတ်သည့်ပုံစံ လုံးဝမရှိပေ။ သို့သော် ထိတွေ့ဆက်ဆံသောအချိန်ကာလတစ်ခုအထိ ကြာပြီးနောက်တွင် သူပြောသမျှက အဓိကအချက်နှင့် သက်ဆိုင်ပုံမရသည်ကို ညီအစ်ကိုမောင်နှမများက ရှာဖွေတွေ့ရှိလိုက်ရသည်။ သူပြောသမျှက တောင်မကျ မြောက်မကျဖြစ်နေခြင်း ဖြစ်သည်။ နောက်ပိုင်းတွင် “သဘာဝလွန်” အကြောင်းအရာအချို့ ဖြစ်ပေါ်လာသည်။ သူသည် ဤအရာ၊ ထိုအရာကို မြင်ခဲ့ရသည် သို့မဟုတ် ဘုရားသခင်က ဤအရာကို သူ့ထံ ဖွင့်ပြသည်ဟု ညီအစ်ကိုမောင်နှမများအား အစဉ်သဖြင့် ပြောပြသည်။ ဥပမာ တစ်ရက်တွင် ပေါက်စီလုပ်ရမည်ဟု ဘုရားသခင်က သူ့ကို ဖွင့်ပြသည်၊ သူလုပ်ကို လုပ်ခဲ့ရသည်၊ ဤသို့ဖြင့် နောက်တစ်နေ့တွင် တိုက်တိုက်ဆိုင်ဆိုင်ပင် သူအပြင်သွားဖို့ လိုလာသည်၊ ထို့ကြောင့် ပေါက်စီများကို သူယူသွားပြီး တခြားမည်သည့်အစားအစာကိုမျှ လုပ်ဖို့ရန် မလိုအပ်တော့ပေ။ နောက်တစ်နေ့တွင် တောင်ဘက်သို့ သွားရမည်၊ ခြောက်မိုင်အကွာတွင် လူတစ်ယောက်က သူ့ကို စောင့်နေသည်ဟု ဘုရားသခင်က သူ့ကို အိပ်မက်ထဲတွင် ဖွင့်ပြသည်။ သူ ထွက်ရှာခဲ့သည်။ ထိုနေရာတွင် လမ်းပျောက်နေသော ယေရှုကို ယုံကြည်သူတစ်ယောက် ရှိနေလေသည်။ ထိုယုံကြည်သူအား ဘုရားသခင်၏ နောက်ဆုံးသောကာလ အမှုတော်ကို သူသက်သေခံပြီး ထိုသူကလည်း လက်ခံ၏။ သူသည် ဖွင့်ပြမှုများကို အစဉ်သဖြင့် ရရှိနေသည်။ အသံတစ်သံကို အမြဲကြားနေရသည်။ သဘာဝလွန်အရာများက အစဉ်ဖြစ်ပျက်နေသည်။ နေ့စဉ် မည်သည့်အရာကို စားမည်၊ ဘယ်ကိုသွားမည်၊ ဘာလုပ်မည်၊ ဘယ်သူနှင့် ဆက်ဆံမည်တို့နှင့် ပတ်သက်လျှင် သာမန်လူသားဘဝ၏ နိယာမများကို သူမလိုက်လျှောက်သကဲ့သို့ အခြေခံအဖြစ် သို့မဟုတ် စည်းမျဉ်းအဖြစ် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို မရှာဖွေပေ။ မိတ်သဟာယပြုရန်အတွက် လူတို့ကိုလည်း မရှာဖွေပေ။ ယင်းအစား အသံတစ်ခု သို့မဟုတ် ဖွင့်ပြခြင်း သို့မဟုတ် အိပ်မက်တစ်ခုကိုသာ အစဉ်စောင့်နေခဲ့သည်။ ဤလူပုဂ္ဂိုလ်မှာ ပုံမှန်ဟုတ်ပါသလား။ (မဟုတ်ပါ။) အချို့လူတို့သည် သူ့အား ထိုးထွင်းမြင်နိုင်ပြီး “ဤလူသည် အဝတ်အစားမပါ၊ ဖိုသီဖတ်သီနှင့် လမ်းပေါ်၌ လျှောက်ပြေးနေခြင်းမျိုး မရှိကောင်း မရှိနိုင်သော်ငြားလည်း ဤအရာများက ဝိညာဉ်ဆိုး၏ လက္ခဏာများဖြစ်သည်” ဟု ပြောကြသည်။ သူ၏ပြဿနာ ပေါ်ပေါက်လာပြီး ရူးနှမ်းနှမ်းပြောဆိုလျှက်ဖြင့် အမှန်တကယ်ပင် လမ်းပေါ်တွင် အဝတ်အစားမပါ၊ ဖိုသီဖတ်သီနှင့် ပြေးသည့်နေ့မတိုင်ခင်တွင် ညီအစ်ကို မောင်နှမတို့က တဖြည်းဖြည်းချင်း သူ့အကြောင်းကို အသေအချာ စတင် သိမြင်လာကြသည်။ နတ်ဆိုးက ပေါ်လာခဲ့ပြီဖြစ်သည်။ အကြောင်းအရာများက နောက်ဆုံးတွင် ပေါ်လွင်လာပြီဖြစ်သည်။ ဤသို့ဆိုလျှင် ဤအချိန်ကာလတွင် ညီအစ်ကိုမောင်နှမတို့က သူ့ကို ထိုးထွင်းမြင်နိုင်ပါသလား။ ဝိညာဉ်ဆိုးဆိုသည်မှာ အဘယ်နည်း၊ ဝိညာဉ်ဆိုး၏ လုပ်ဆောင်မှုဆိုသည်မှာ အဘယ်နည်း၊ လူတို့အပေါ် ဝိညာဉ်ဆိုး၏ လုပ်ဆောင်မှု လက္ခဏာများမှာ အဘယ်နည်း ဆိုသည်တို့ကို ၎င်းတို့ သိမြင်မှု ရခဲ့ကြသလော။ (ရခဲ့ကြပါသည်။) အချို့လူတို့ကတော့ ထိုးထွင်းသိမြင်မှုကို ရရှိမည်မှာ သေချာသည်။ အချို့လူတို့မှာ သူ၏ လှည့်စားမှုကို ခံရနိုင်ခြေရှိပြီး သူ ပွင့်ထွက်လာသောအခါမှသာ သူ၏သရုပ်မှန်ကို မြင်ကြသည်။ သို့သော် သူတို့သည် လှည့်စားခံရသည်ဖြစ်စေ၊ သူ့ကို ထိုးထွင်းမြင်နိုင်သည်ဖြစ်စေ ဘုရားသခင်က ဤ ပတ်ဝန်းကျင်ကို မစီစဉ်ခဲ့လျှင် ဝိညာဉ်ဆိုး၏ လုပ်ဆောင်မှုက မည်သည့်အရာဖြစ်သည်ကို လူတွေ ရှင်းလင်းစွာ သိနိုင်ပါမည်လား။ (မသိနိုင်ပါ။) ဤသို့ဆိုလျှင် ဘုရားသခင်က ဤပတ်ဝန်းကျင်ကို စီစဉ်ပြီး ဤအရာတို့ကို လုပ်ဆောင်ခြင်း၏ အရေးပါမှုနှင့် ရည်ရွယ်ချက်သည် အဘယ်နည်း။ လူတို့သည် လက်တွေ့ကျသော ပိုင်းခြားသိမြင်မှု ရှိလာပြီး သင်ခန်းစာတစ်ခုကို သင်ယူရရှိစေရန်၊ ဤသို့သော လူအမျိုးအစားကို ခွဲခြားဖော်ထုတ်နိုင်ရန် ဖြစ်သည်။ ဆရာတစ်ယောက်က သင်ခန်းစာတစ်ခုကို သင်သကဲ့သို့ ဝိညာဉ်ဆိုး၏ လုပ်ဆောင်မှုသည် အဘယ်သို့ဖြစ်သည်ဆိုသည်ကို ဧကန်အမှန် လေ့ကျင့်ခြင်းနှင့် လက်တွေ့လုပ်ဆောင်ခြင်းတို့ မပါဘဲ လူတို့အား ပြောပြရုံသာဖြစ်ပါက လူတို့သည် သီအိုရီနှင့် စကားလုံးများကိုသာ ရရှိလိမ့်မည်။ မျက်စိဖြင့် တပ်အပ်မြင်လျက်၊ နားနှင့် ဆတ်ဆတ်ကြားလျက် သင် ကိုယ်တိုင် မျက်မြင် ကြုံတွေ့ရသောအခါမှသာ ဝိညာဉ်ဆိုး၏ လုပ်ဆောင်မှုသည် အဘယ်သို့ဖြစ်သည်၊ အသေးစိတ်လက္ခဏာများက အဘယ်သို့ဖြစ်သည်ဆိုသည်ကို သင် ရှင်းရှင်းလင်းလင်း ရှင်းပြနိုင်သည်။ ထို့နောက်တွင် ထိုသို့သော လူတို့ကို ထပ်မံ ကြုံတွေ့သောအခါ ၎င်းတို့ကို သင် ခွဲခြားသိရှိနိုင်ပြီး ငြင်းပယ်နိုင်လိမ့်မည်။ ထိုကဲ့သို့သော ကိစ္စရပ်များကို သင် သင့်လျော်စွာ ကိုင်တွယ်နိုင်လိမ့်မည်။

အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၌ “ဘုရားသခင် တည်ရှိမှုကို မယုံကြည်ကြဘဲ ခရစ်တော်၏ အနှစ်သာရကို ငြင်းပယ်သည် (၁)” မှ

အသင်းတော်တိုင်း၌ အသင်းတော်ကို ဒုက္ခပေးသူများ သို့မဟုတ် ဘုရားသခင်၏အမှုတော်၌ စွက်ဖက်သော သူများရှိသည်။ ၎င်းတို့အားလုံးသည် ရုပ်ဖျက်ကာ ဘုရားသခင်၏ အိမ်တော်ကို ထိုးဖောက်ဝင်ရောက်သည့် စာတန်များဖြစ်သည်။ ထိုကဲ့သို့သော လူတို့သည် သရုပ်ဆောင်ကောင်းကြ၏။ ငါ၏ ရှေ့မှောက်သို့ ပျပ်ဝပ်ကာ၊ စုတ်ပြတ်လျက် ခွေးဝဲစားများကဲ့သို့ အသက်ရှင်ရင်းနှင့် မိမိတို့၏ ရည်ရွယ်ချက်များ အထမြောက်စိမ့်သောငှာ သူတို့၏ “အစွမ်းကုန်” ဆက်ကပ်ကြလျက် ကြီးမားသော ချစ်ကြောက်ရိုသေမှုဖြင့် လာကြသော်လည်း၊ ညီအစ်ကို မောင်နှမများရှေ့တွင် ၎င်းတို့၏ အကျည်းတန်သည့်ဘက်ကို ပြကြလေသည်။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်သော လူများကို ၎င်းတို့မြင်သောအခါ၊ ထိုးနှက်ကြပြီး တွန်းဖယ်ကြလေသည်။ သူတို့ကိုယ်တိုင်ထက် ခံ့ညားလောက်သော လူတို့ကို မြင်သောအခါ၊ မြှောက်ပင့်ပြီး မျက်နှာလုပ်တတ်ကြသည်။ အသင်းတော်ထဲတွင် ၎င်းတို့ အထိန်းအကွပ်မဲ့ကြလေသည်။ အသင်းတော်အများစုတွင် ထိုသို့သော “ဒေသခံ ဗိုလ်ကျသူများ”၊ ထိုသို့သော “ခိုင်းဖတ်များ” သည် အသင်းတော် အများစု၌ ရှိသည်ဟု ပြော၍ရသည်။ ၎င်းတို့သည် တစ်ဦးကိုတစ်ဦး မျက်စိမှိတ်ပြကာ လျှို့ဝှက် အချက်ပြကြလျက်၊ အတူတကွ ဆိုးယုတ်လှစွာ ပြုမူကြပြီး၊ ၎င်းတို့ထဲမှ မည်သူမျှ သမ္မာတရားကို လက်တွေ့မလုပ်ဆောင်ကြချေ။ အဆိပ်အများဆုံးရှိသောသူသည် “မကောင်းဆိုးဝါးခေါင်းဆောင်” ဖြစ်ပြီး ဂုဏ်ဒြပ် အမြင့်ဆုံးဖြစ်သည့် သူသည် ဦးဆောင်ကာ ၎င်းတို့၏အလံကို လေထဲတွင် လွှင့်ထူပြီး သယ်ဆောင်လေသည်။ ဤလူများသည် ၎င်းတို့၏ အပျက်သဘောကို ဖြန့်ဝေလျက်၊ သေခြင်းတရားကို ထုတ်လွှတ်လျက်၊ မိမိတို့ သဘောရှိ လုပ်ဆောင်လျက်၊ မိမိတို့ သဘောရှိ ပြောဆိုလျက်နှင့် ၎င်းတို့ကို တားဆီးရန် မည်သူမျှ မဝံ့ရဲကြဘဲ၊ အသင်းတော်တွင် ဆူပူရမ်းကား ကြလေသည်။ ၎င်းတို့သည် စာတန်၏ စိတ်သဘောထားများဖြင့် ပြည့်လျှံကြလေသည်။ ဆူပူလှုပ်ရှားမှုကို ၎င်းတို့ ဖြစ်စေသည်နှင့် တစ်ပြိုင်နက် သေခြင်းတရား၏ အငွေ့အသက်တစ်ခုသည် အသင်းတော်ထဲကို ဝင်ရောက်လာသည်။ အသင်းတော်အတွင်း သမ္မာတရားကို လက်တွေ့ဆောင်ရွက်သောသူများသည် စွန့်ပစ်ခြင်းခံရပြီး သူတို့၏ ရှိသမျှ အစွမ်းကုန် မကြိုးစားနိုင်ကြသော်လည်း အသင်းတော်ကို နှောင့်ယှက်၍ အသင်းတော်အတွင်း သေခြင်းတရားကို ပြန့်စေသော သူများသည် စည်းလွတ်ဘောင်လွတ် ဖြစ်နေကြ၏၊ ထို့အပြင် လူအများစုက သူတို့နောက်သို့ လိုက်ကြသည်။ ဤကဲ့သို့သော အသင်းတော်မျိုးသည် အကယ်ပင် စာတန်၏ ထိန်းချုပ်မှုအောက်၌ရှိပြီး နတ်ဆိုးသည် သူတို့၏ဘုရင်ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သမ္မာတရားကို လက်တွေ့မလုပ်ဆောင်သောသူများကို သတိပေးချက်

အသင်းတော်၌ရှိသော လူများစွာတို့သည် ထိုးထွင်းသိမြင်မှု မရှိကြပေ။ လှည့်ဖြားမှု တစ်ခုခု ဖြစ်သောအခါ သူတို့သည် စာတန်ဘက်က မမျှော်လင့်ဘဲ ရပ်တည်ကြသည်။ သူတို့သည် စာတန်၏အစေအပါးများဟု အခေါ်ခံ ရသောအခါ သာ၍ပင် စိတ်ဆိုးကြသည်။ ၎င်းတို့ ပိုင်းခြားသိမြင်မှုမရှိဟု လူတို့ ပြောကောင်း ပြောနိုင်သော်လည်း၊ ၎င်းတို့သည် သမ္မာတရား မရှိသည့်ဘက်တွင် အမြဲရပ်တည်ကြသည်၊ အရေးကြီးသည့်အချိန်တွင် သမ္မာတရားဘက်၌ ၎င်းတို့ ဘယ်သောအခါမျှ မရပ်တည်ကြ၊ သမ္မာတရားအတွက် ဘယ်သောအခါမျှ ရပ်တည်ခြင်းမရှိသလို၊ ချေပပြောဆိုခြင်းလည်း မရှိကြချေ။ ၎င်းတို့သည် အမှန်တကယ်ပင် ပိုင်းခြားသိမြင်မှု ကင်းမဲ့ကြပါသလော။ ၎င်းတို့သည် အဘယ်ကြောင့် စာတန်၏ဘက်တွင် မမျှော်လင့်ဘဲ ရပ်တည်မိကြသနည်း။ သမ္မာတရားကို အားပေးသည့်အနေဖြင့် မျှတကာ အကျိုးသင့် အကြောင်းသင့်ရှိသော စကားတစ်လုံးပင် အဘယ်ကြောင့် မည်သည့်အခါမျှ မပြောကြသနည်း။ ၎င်းတို့၏တဒင်္ဂ စိတ်ရှုပ်ထွေးမှု၏ အကျိုးဆက်အနေဖြင့် ဤအခြေအနေ အမှန်တကယ် ဖြစ်ပေါ်ခဲ့ပြီလော။ လူတို့သည် ပိုင်းခြားသိမြင်မှု နည်းလေလေ သမ္မာတရားဘက်၌ ရပ်တည်ဖို့ရန် မတတ်နိုင်လေလေ ဖြစ်သည်။ ဤအရာက မည်သည်ကို ပြသနည်း။ ပိုင်းခြားသိမြင်မှု မရှိသောသူများသည် မကောင်းမှု ချစ်မြတ်နိုးကြောင်းကို ပြသည် မဟုတ်လော။ ၎င်းတို့သည် စာတန်၏ သစ္စာရှိသော သားသမီးများဖြစ်သည်ကို ပြသည်မဟုတ်လော။ ၎င်းတို့သည် အဘယ်ကြောင့် စာတန်ဘက်၌ အမြဲရပ်တည်နိုင်ပြီး စာတန်နှင့် စိတ်တူကိုယ်တူ ရှိကြသနည်း။ ၎င်းတို့၏ စကားလုံးတိုင်းနှင့် အပြုအမူတိုင်း၊ ပြီးလျှင် ၎င်းတို့၏ မျက်နှာအမူအရာများ အားလုံးသည် ၎င်းတို့သည် သမ္မာတရားကို ချစ်သောသူမျိုးထဲက မဟုတ်ဘဲ ယင်းထက် သမ္မာတရားကို ရွံရှာမုန်းတီးသော လူများဖြစ်သည်ကို သက်သေပြဖို့ လုံလောက်ပေသည်။ စာတန်ဘက်တွင် ၎င်းတို့ ရပ်တည်နိုင်ခြင်းက၊ စာတန်အတွက် တိုက်ခိုက်ပေးရင်း မိမိတို့၏ ဘဝများကုန်ဆုံးသည့် ထိုသေးနုပ်သော နတ်ဆိုးများကို စာတန်က အမှန်တကယ် ချစ်မြတ်နိုးသည်ကို သက်သေပြရန် လုံလောက်ပေသည်။ ဤအချက်များ အားလုံးက အလွန်ပင် ရှင်းလင်းလှသည် မဟုတ်လော။ အကယ်၍ သင်သည် သမ္မာတရားကို ချစ်မြတ်နိုးသော လူတစ်ယောက် ဧကန်အမှန် ဖြစ်သည်ဆိုပါက သမ္မာတရားကို လက်တွေ့လုပ်ဆောင်သောသူများကို အဘယ်ကြောင့် အလေးထားမှု သင်မရှိရသနည်း။ ထို့အပြင် သမ္မာတရားကို လက်တွေ့မကျင့်သုံးသောသူများ၏ အကြည့်တစ်ချက်နှင့်ပင် သင်သည် အဘယ်ကြောင့် ထိုသူတို့နောက်သို့ ချက်ချင်း လိုက်ရသနည်း။ ဤသည်မှာ မည်သို့သော ပြဿနာမျိုးနည်း။ သင်၌ ပိုင်းခြားသိမြင်မှု ရှိသည် မရှိသည်ကို ငါဂရုမစိုက်။ သင်သည် မည်မျှ ကြီးမားသော အဖိုးအခ ပေးခဲ့သည်ကို ငါဂရုမစိုက်။ သင်၏ အင်အားက မည်မျှကြီးမားသည်ဆိုခြင်းကို ငါဂရုမစိုက်သကဲ့သို့ သင်သည် နယ်ခံဗိုလ်ကျသူလော သို့တည်းမဟုတ် အလံကိုင်သော ခေါင်းဆောင်လော ဆိုသည်ကို ငါဂရုမစိုက်။ အကယ်၍ သင်၏ အင်အားများက ကြီးမားသည်ဆိုလျှင် ထိုအရာသည် စာတန့်ခွန်အား၏ အကူအညီကြောင့်သာ ဖြစ်သည်။ အကယ်၍ သင်၏ ဂုဏ်ဒြပ်က မြင့်မားပါက ထိုအရာသည် သင်၏ဘေးပတ်လည်၌ သမ္မာတရား လက်တွေ့မလုပ်ဆောင်သောသူများ အင်မတန် များသောကြောင့်သာ ဖြစ်သည်။ အကယ်၍ သင်သည် နှင်ထုတ်မခံရသေးပါက ထိုသို့ဖြစ်ရခြင်း၏ အကြောင်းရင်းမှာ ယခုအချိန်သည် နှင်ထုတ်သော အလုပ်လုပ်ရမည့် အချိန်မဟုတ်၍ ဖြစ်သည်။ ထိုအစား ယခုအချိန်သည် ဖယ်ရှားသော အလုပ်လုပ်ရမည့် အချိန်ဖြစ်သည်။ သင့်ကို ယခုနှင်ထုတ်ဖို့ အလျင်မလိုသေးပေ။ သင် သုတ်သင်ဖယ်ရှင်းခံရပြီးသည့်နောက် သင့်ကို ငါအပြစ်ပေးမည့်နေ့ သက်သက်ကိုသာ ငါ စောင့်နေခြင်း ဖြစ်သည်။ သမ္မာတရားကို လက်တွေ့မလုပ်ဆောင်သော မည်သူမဆို သုတ်သင်ဖယ်ရှင်းခြင်းခံရပေမည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သမ္မာတရားကို လက်တွေ့မလုပ်ဆောင်သောသူများကို သတိပေးချက်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။