သမ္မာတရားကို အသိအမှတ်မပြုဘဲ ဘုရားသခင် တစ်ပါးတည်းကို အသိအမှတ်ပြုခြင်းနှင့်သက်ဆိုင်သည့် ပြဿနာ၏ သဘောသဘာဝ နှင့် အကျိုးဆက်များ

25.03.2019

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

လူ့ဇာတိခံ ဘုရားသခင်ကို မယုံကြည်သောသူ မည်သူမဆိုသည်- ဆိုလိုသည်မှာ မြင်တွေ့နိုင်သော ဘုရားသခင် သို့မဟုတ် သူ၏အမှုနှင့် နှုတ်ကပတ်တော်တို့ကို မယုံကြည်သကဲ့သို့၊ ယင်းအစား ကောင်းကင်ဘုံရှိ မမြင်နိုင်သော ဘုရားသခင်ကို ကိုးကွယ်သူ မည်သူမဆိုသည်- ၎င်းတို့၏စိတ်နှလုံးတွင် ဘုရားသခင် မရှိသည့် လူတစ်ဦး ဖြစ်သည်။ ထိုသို့သော လူများသည် ဘုရားသခင်ကို ပုန်ကန်ပြီး ခုခံတတ်ကြသည်။ ၎င်းတို့သည် သမ္မာတရားကို ထည့်မတွက်နှင့်ဦး၊ လူ့သဘာဝနှင့် ဆင်ခြင်တုံတရားတို့ ချို့တဲ့ကြသည်။ ထို့အပြင် ဤလူများအတွက်၊ မြင်တွေ့နိုင်ပြီး လက်ဆုပ်လက်ကိုင် ပြ၍ရသည့် ဘုရားသခင်ကို အခြားအရာများထက် ပို၍ပင် ယုံကြည်၍ မရနိုင်သော်လည်း၊ မမြင်တွေ့နိုင်သကဲ့သို့ လက်ဆုပ်လက်ကိုင် ပြ၍မရသည့် ဘုရားသခင်ကို အယုံကြည်ရဆုံးနှင့် ဝမ်းမြောက်ဝမ်းသာ အဖြစ်စေဆုံး ဖြစ်သည်ဟု ၎င်းတို့ ယူဆကြလေသည်။ ၎င်းတို့ ရှာဖွေသည်မှာ ဘုရားသခင်၏ အလို ဖြစ်ဖို့မဆိုထားနှင့်၊ တကယ့် အမှန်တရား မဟုတ်သကဲ့သို့ အသက်၏ မှန်ကန်သော အနှစ်သာရလည်း မဟုတ်ပေ။ ယင်းထက် ၎င်းတို့သည် စိတ်လှုပ်ရှားမှုကို ရှာဖွေကြသည်။ ၎င်းတို့၏ ကိုယ်ပိုင် ဆန္ဒများကို ဖြည့်ဆည်း အပေးနိုင်ဆုံးသော မည်သည့် အရာများမဆိုသည် ယုံမှားဖွယ်ရာမလိုဘဲ၊ ၎င်းတို့ ယုံကြည်သည့်အရာနှင့် ၎င်းတို့ လိုက်စားသည့်အရာ ဖြစ်သည်။ ၎င်းတို့သည် ၎င်းတို့၏ ကိုယ်ပိုင် ဆန္ဒများကို ဖြည့်ဆည်းရန်အလို့ငှာ ဘုရားသခင်ကို ယုံကြည်ခြင်းသာ ဖြစ်ပြီး သမ္မာတရားကို ရှာဖွေရန် မဟုတ်ပေ။ ထိုသို့သော လူများသည် မကောင်းမှုပြုသူများ မဟုတ်ပါလော။ ၎င်းတို့သည် မိမိတို့ကိုယ်ကိုယ် အလွန်အမင်း ယုံကြည်စိတ်ချကြပြီး ကောင်းကင်ဘုံရှိ ဘုရားသခင်သည် ၎င်းတို့ကိုယ်တိုင်ကဲ့သို့သော အလွန် “ကောင်းမွန်သည့် လူများ” ကို ဖျက်ဆီးလိမ့်မည်ဟု လုံးဝ မယုံကြည်ကြပေ။ ယင်းအစား ၎င်းတို့သည် ဘုရားသခင်က ၎င်းတို့ကို ကျန်ရှိရန် ခွင့်ပြုမည်ဖြစ်သည့်အပြင်၊ ဘုရားသခင်အတွက် အမှုအရာများစွာကို လုပ်ဆောင်ပြီးဖြစ်သကဲ့သို့ သူ့အပေါ် အတော်အတန် “သစ္စာစောင့်သိမှု” ကို ပြသခဲ့ခြင်းတို့အတွက် ၎င်းတို့ကို ရက်ရက်ရောရော ဆုလာဘ် ပေးသနားမည်ဟု ယုံကြည်ကြလေသည်။ အကယ်၍သာ ၎င်းတို့သည် မြင်တွေ့နိုင်သော ဘုရားသခင်ကိုလည်း လိုက်စားခဲ့ကြမည်ဆိုပါက၊ ၎င်းတို့၏ ဆန္ဒများ ပြည့်မီသည်နှင့်တစ်ပြိုင်နက်၊ ချက်ချင်း ဘုရားသခင်ကို ပြန်လည် တိုက်ခိုက်ကြလိမ့်မည် သို့မဟုတ် ယမ်းပုံမီးကျ ဖြစ်ကြလိမ့်မည်ဖြစ်သည်။ ၎င်းတို့သည် မိမိတို့ ကိုယ်တိုင်၏ အလိုဆန္ဒများကို ဖြည့်ဆည်းရန်သာ အမြဲကြိုးပမ်းကြသည့် စက်ဆုပ်ဖွယ်ကောင်းသော လူများအဖြစ် မိမိတို့ကိုယ်ကိုယ် ပြသကြလေသည်။ ၎င်းတို့သည် သမ္မာတရားကို လိုက်စားရာတွင် ဂုဏ်သိက္ခာရှိသောသူများ မဟုတ်ကြပေ။ ထိုသို့သောလူများသည် ခရစ်တော်နောက်ကို လိုက်သည့် ဆိုးယုတ်သော လူများဟု ခေါ်ဆိုသည့်လူများ ဖြစ်သည်။ သမ္မာတရားကို မရှာဖွေသောသူတို့သည် သမ္မာတရားကို ယုံကြည်ဖို့ မဖြစ်နိုင်သကဲ့သို့၊ မြင်တွေ့နိုင်သော ဘုရားသခင်၏ မည်သည့် အမှု သို့မဟုတ် နှုတ်ကပတ်တော်များကိုမျှ မယုံကြည်ကြသည့်အတွက်၊ ၎င်းတို့သည် လူသားမျိုးနွယ်၏ အနာဂတ် ရလဒ်ကို သာ၍ပင် မသိမြင်နိုင်ကြပေ- ပြီးလျှင် ဤသည်မှာ လူသားမျိုးနွယ်၏ အနာဂတ် ခရီးပန်းတိုင်ကို မယုံကြည်နိုင်ခြင်း ပါဝင်ပေသည်။ ထို့ကြောင့် ၎င်းတို့သည် မြင်တွေ့နိုင်သော ဘုရားသခင်နောက် လိုက်ကြလျှင်ပင်၊ မကောင်းမှုကို ကျူးလွန်ကြဆဲ ဖြစ်ပြီး သမ္မာတရားကို လုံးဝ မရှာဖွေကြသကဲ့သို့၊ ငါ တောင်းဆိုသော သမ္မာတရားကိုလည်း လက်တွေ့မလုပ်ဆောင်ကြပေ။ ၎င်းတို့ ဖျက်ဆီးခံရလိမ့်မည်ကို မယုံကြည်သော ထိုလူတို့သည် ဆန့်ကျင်ဖက်အားဖြင့် တကယ့်ကို ဖျက်ဆီးခြင်းခံရမည့် သူများ ဖြစ်သည်။ ၎င်းတို့အားလုံးသည် သူတို့ကိုယ်သူတို့ အလွန် လိမ္မာပါးနပ်သူများဟု ယုံကြည်ကြပြီး ၎င်းတို့သည် သူတို့ကိုယ်သူတို့ သမ္မာတရားကို လက်တွေ့လုပ်ဆောင်သူများဟု ယုံကြည်ကြသည်။ ၎င်းတို့သည် ၎င်းတို့၏ မကောင်းသော လုပ်ရပ်များကို သမ္မာတရားအဖြစ် ယူဆကြသောကြောင့်၊ ယင်းကို မြတ်နိုးတန်ဖိုး ထားကြသည်။ ထိုသို့သော ဆိုးယုတ်သည့် လူများသည် မိမိကိုယ်ကိုယ် အလွန် ယုံကြည်စိတ်ချကြသည်။ ၎င်းတို့သည် သမ္မာတရားကို အယူဝါဒအဖြစ် မှတ်ယူကြပြီး၊ ၎င်းတို့၏ မကောင်းမှုလုပ်ရပ်များကို သမ္မာတရားအဖြစ် မှတ်ယူကြသော်လည်း၊ နောက်ဆုံးတွင် ၎င်းတို့စိုက်ပျိုးသည့်အရာကိုသာ ၎င်းတို့ ရိတ်သိမ်းနိုင်ကြပေသည်။ လူများသည် မိမိကိုယ်ကိုယ် ပို၍ယုံကြည်စိတ်ချပြီး သာ၍ မာန်မာန ထောင်လွှားလေလေ၊ သမ္မာတရားကို ၎င်းတို့ ပို၍ မရရှိနိုင်လေဖြစ်သည်။ ကောင်းကင်ဘုံရှိ ဘုရားသခင်ကို လူတို့အနေဖြင့် ပိုမိုယုံကြည်လေ၊ ဘုရားသခင်ကို ၎င်းတို့ ပို၍ ခုခံကြလေ ဖြစ်သည်။ ဤလူများသည် အပြစ်ပေးခံရမည့်သူများ ဖြစ်သည်။ လူသားမျိုးနွယ်က ငြိမ်သက်ခြင်းချမ်းသာထဲသို့ မဝင်ရောက်မီ၊ လူအမျိုးအစား အသီးသီးသည် အပြစ်ပေးခံရမည် သို့မဟုတ် ဆုလာဘ်ချီးမြှင့်ခံရမည်ဆိုသည်ကို သမ္မာတရားကို ၎င်းတို့ ရှာဖွေခြင်း ရှိမရှိ၊ ဘုရားသခင်ကို ၎င်းတို့ သိကျွမ်းခြင်း ရှိမရှိဆိုသည်နှင့် မြင်တွေ့နိုင်သော ဘုရားသခင်ကို ၎င်းတို့ ကျိုးနွံနာခံနိုင်ခြင်း ရှိမရှိ ဆိုသည်တို့နှင့်အညီ ဆုံးဖြတ်လိမ့်မည် ဖြစ်သည်။ မြင်တွေ့နိုင်သော ဘုရားသခင်ကို အစေခံပြီးဖြစ်သော်လည်း၊ သူ့ကို မသိသကဲ့သို့ ကျိုးနွံမနာခံသောသူတို့သည် သမ္မာတရား ကင်းမဲ့ကြသည်။ ထိုသို့သော လူများသည် မကောင်းမှုပြုသူများ ဖြစ်ပြီး၊ မကောင်းမှုပြုသူများသည် ဧကန်အမှန် အပြစ်ပေးခံကြရလိမ့်မည်။ ထို့အပြင် ၎င်းတို့သည် ၎င်းတို့၏ ဆိုးယုတ်သော လုပ်ရပ်အတိုင်း အပြစ်ဒဏ် ပေးခံကြရလိမ့်မည်။ လူသားအတွက် ဘုရားသခင်သည် ယုံကြည်ရမည့်သူ ဖြစ်ပြီး၊ သူသည် ၎င်းတို့၏ နာခံမှုနှင့်လည်း ထိုက်တန်သည်။ မရေရာသကဲ့သို့ မမြင်တွေ့နိုင်သော ဘုရားသခင်ကိုသာ ယုံကြည်သူတို့သည် ဘုရားသခင်ကို မယုံကြည်သူများ ဖြစ်ကြပြီး၊ ဘုရားသခင်ကို ကျိုးနွံမနာခံနိုင်ကြသူများ ဖြစ်သည်။ ဘုရားသခင်၏ သိမ်းပိုက်ခြင်းအမှု ပြီးဆုံးသွားသည့် အချိန်တွင် ဤလူတို့သည် မြင်တွေ့နိုင်သော ဘုရားသခင်ကို မယုံကြည်နိုင်သေးသကဲ့သို့၊ လူ့ဇာတိ၌ မြင်တွေ့နိုင်သော ဘုရားသခင်ကို ဆက်လက်၍ မနာခံဘဲ ခုခံနေပါက၊ ဤ “မရေရာသောသူများ” သည် ယုံမှားဖွယ်ရာ မရှိ၊ ဖျက်ဆီးခြင်းခံရမည့် အရာများ ဖြစ်လာကြလိမ့်မည်။ ယင်းမှာ သင်တို့ထဲမှ အချို့သော သူများကဲ့သို့သာ ဖြစ်သည်- လူ့ဇာတိခံ ဘုရားသခင်ကို နှုတ်အားဖြင့် အသိအမှတ် ပြုသော်လည်း၊ လူ့ဇာတိခံ ဘုရားသခင်ကို ကျိုးနွံနာခံခြင်းနှင့်ဆိုင်သည့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ခြင်း မရှိသောသူ မည်သူမဆိုသည် နောက်ဆုံးတွင် ဖယ်ရှားခံရပြီး ဖျက်ဆီးခံရမည့် အရာများ ဖြစ်လာကြလိမ့်မည်။ ထို့အပြင် သူဖော်ပြသည့် သမ္မာတရားကို စားသောက်သော်လည်း၊ မရေရာ၍ မမြင်တွေ့နိုင်သော ဘုရားသခင်ကိုလည်း ရှာဖွေရင်း၊ မြင်တွေ့နိုင်သော ဘုရားသခင်ကို နှုတ်အားဖြင့် အသိအမှတ်ပြုသူ မည်သူမဆိုသည် အနာဂတ်တွင် သာ၍ပင် ဖျက်ဆီးခံရဖို့ အလားအလာ ရှိလိမ့်မည်။ ဤလူများထဲမှ မည်သူမျှသည် ဘုရားသခင်၏အမှု ပြီးစီးသည့်နောက် လာမည့် အနားယူခြင်း အချိန်ကာလရောက်သည်အထိ ကျန်ရှိနိုင်လိမ့်မည် မဟုတ်သကဲ့သို့၊ ထိုသို့သော လူများနှင့်အလားတူသည့် သူတစ်ဦးတစ်ယောက်မျှသည် ထိုအနားယူခြင်း အချိန်ကာလတွင် မကျန်ရှိနိုင်ပေ။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်နှင့် လူသားသည် ငြိမ်သက်ခြင်းချမ်းသာထဲသို့ အတူတကွ ဝင်ရောက်ကြလိမ့်မည်

ယနေ့တွင်၊ ငါသည် ကမ္ဘာမြေပေါ်၌ နေထိုင်ပြီး၊ လူသားအလယ် နေထိုင်၏။ လူတို့သည် ငါ၏အမှုကို တွေ့ကြုံခံစားကြရပြီး၊ ငါ၏ မိန့်မြွက်ချက်များကို စောင့်ကြည့်ကြရကာ၊ ၎င်းတို့အနေဖြင့် ငါ့ထံမှ အသက်ကို ရရှိနိုင်ကြဖို့အလို့ငှာနှင့် ထိုသို့ဖြင့် ၎င်းတို့ နင်းလျှောက်နိုင်သည့် လမ်းကြောင်းတစ်ခုကို ရရှိကြဖို့အလို့ငှာ၊ ဤအရာနှင့်အတူ ငါသည် ငါ၏ နောက်လိုက်အသီးသီးအပေါ် သမ္မာတရားများအားလုံးကို အပ်နှင်း၏။ အကြောင်းမှာ၊ ငါသည်ဘုရားသခင်၊ အသက်ကို ပေးသူဖြစ်၏။ ငါ့အမှု၏ နှစ်ကာလများစွာအတွင်းတွင် လူတို့သည် များစွာ ရရှိကြပြီးဖြစ်ကာ များစွာ စွန့်လွှတ်ကြပြီးဖြစ်သည်၊ သို့သော် ၎င်းတို့သည် ငါ့ကို အမှန်တကယ် မယုံကြည်ကြဟု ငါ ပြောဆဲ ဖြစ်သည်။ အကြောင်းမှာ၊ လူတို့သည် ငါဘုရားသခင်ဖြစ်သည်ကို ၎င်းတို့၏ နှုတ်များဖြင့် အသိအမှတ်ပြုရုံမျှပြုကြသော်လည်း၊ ငါပြောဆိုသော သမ္မာတရားများကို ၎င်းတို့ သဘောမတူကြသည့်အပြင်၊ ၎င်းတို့ကို ငါ စေခိုင်းသည့် သမ္မာတရားများကို လက်တွေ့လုပ်ဆောင်ခြင်း မရှိကြချေ။ ယင်းမှာ လူတို့သည် ဘုရားသခင်၏ တည်ရှိခြင်းကိုသာ အသိအမှတ်ပြုကြသော်လည်း၊ သမ္မာတရား၏ တည်ရှိခြင်းကို အသိအမှတ်မပြုကြ။ လူတို့သည် ဘုရားသခင်၏ တည်ရှိခြင်းကို အသိအမှတ်ပြုကြသော်လည်း၊ အသက်၏ တည်ရှိခြင်းကို အသိအမှတ်မပြုကြ။ လူတို့သည် ဘုရားသခင်၏နာမကို အသိအမှတ်ပြုကြသော်လည်း သူ၏ အနှစ်သာရကို အသိအမှတ်မပြုကြဟု ဆိုလိုသည်။ ၎င်းတို့သည် ငါ့ကိုလှည့်ဖြားဖို့ သာယာသော စကားများကိုသာ အသုံးပြုကြသည့်အတွက်၊ ငါသည် ၎င်းတို့ကို ၎င်းတို့၏စိတ်အားထက်သန်မှုအတွက် စက်ဆုပ်ရွံရှာ၏။ ၎င်းတို့ထဲမှ မည်သူမျှ ငါ့ကို အမှန်တကယ် မကိုးကွယ်ကြချေ။ သင်တို့၏ စကားများသည် မြွေ၏သွေးဆောင်ဖြားယောင်းခြင်း ပါရှိ၏။ ထို့အပြင်၊ ယင်းတို့သည် ကောင်းကင်တမန်မင်း၏ ကြေငြာချက်သဖွယ် လွန်လွန်ကဲကဲ စိတ်ကြီးဝင်ကြလေသည်။ ထို့အပြင်၊ သင်တို့၏ လုပ်ဆောင်ချက်များသည် အလွန်ဆိုးဝါးသော အတိုင်းအတာတစ်ခုထိ စုတ်ပြတ်ကာ ပေါက်ပြဲနေသည်။ သင်တို့၏ လွန်ကြူးသော စိတ်ဆန္ဒများနှင့် တပ်မက်သော ရည်ရွယ်ချက်များသည် နားကြားပြင်းကပ်စရာ ဖြစ်ကြသည်။ သင်တို့အားလုံးသည် ငါ၏အိမ်တွင် ပိုးဖလံများ၊ စက်ဆုပ်ရွံ့ရှာခြင်းဖြင့် စွန့်ပစ်ရမည့်အရာဝတ္ထုများ ဖြစ်သွားကြပြီးဖြစ်သည်။ အကြောင်းမှာ သင်တို့ထဲမှ မည်သူမျှ သမ္မာတရားကို မချစ်ပေ။ ထိုအစား၊ သင်တို့သည် ကောင်းချီးမင်္ဂလာ ခံစားရန်၊ ကောင်းကင်ဘုံသို့ တက်ရန်၊ ကမ္ဘာမြေပေါ်၌ ခရစ်တော်က သူ၏ တန်ခိုးအာဏာ ကိုင်စွဲခြင်းနှင့်ဆိုင်သည့် ခမ်းနားသော ရူပါရုံကို ရှုမြင်ရန် ဆန္ဒရှိကြပေသည်။ သို့သော်၊ သင်တို့ကဲ့သို့ ဘုရားသခင် အဘယ်အရာဖြစ်သည်ကို မသိလေသူ၊ အလွန်အမင်း ဖောက်ပြန်ပျက်စီးနေသောသူ တစ်ဦးတစ်ယောက်သည် ဘုရားသခင်၏နောက်လိုက်ခြင်းငှာ အဘယ်သို့ ထိုက်တန်နိုင်မည်ကို သင်တို့ တွေးကြဖူးပါသလော။ ကောင်းကင်ဘုံသို့ သင်တို့ အဘယ်သို့ တက်ရောက်နိုင်ကြမည်နည်း။ ထိုသို့သော ခမ်းနားသည့် မြင်ကွင်းများ၊ ၎င်းတို့၏ ထည်ဝါမှုတွင် အစဉ်အလာမရှိသည့် မြင်ကွင်းများကို ရှုမြင်ခြင်းငှာ သင်တို့ အဘယ်သို့ ထိုက်တန်နိုင်ကြမည်နည်း။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ခေါ်တော်မူသောသူအများရှိသော်လည်း ရွေးကောက်တော်မူသောသူနည်း၏

ငါ့ရှေ့တွင် သင်တို့၏နှစ်ပေါင်းများစွာ အပြုအမူသည် ယခင်က ငါတစ်ကြိမ်တစ်ခါမျှ မရဖူးသော အဖြေကို ငါ့အား ပေးခဲ့ပြီး ဤအဖြေ၏ မေးခွန်းမှာ- “သမ္မာတရားနှင့် စစ်မှန်သော ဘုရားသခင် ရှေ့တွင် လူသား၏ သဘောထားသည် အဘယ်နည်း။” ဟူ၍ ဖြစ်သည်။ လူသားအဖို့ ငါဆက်ကပ်သော အားထုတ်မှုများသည် လူသားအတွက် ငါ၏ချစ်ခြင်းမေတ္တာ၏ အနှစ်သာရကို သက်သေပြပြီး၊ ငါ၏ရှေ့မှောက်က လူသား၏ လုပ်ရပ်တိုင်းသည် သမ္မာတရားအပေါ် ၎င်း၏ စက်ဆုပ်ရွံရှာမှုနှင့် ငါ့ကို ဆန့်ကျင်ခြင်းတို့၏ အနှစ်သာရကို သက်သေပြပေသည်။ အချိန်တိုင်း၊ ငါသည် ငါ့နောက်သို့ လိုက်သောသူ အားလုံးအတွက် စိတ်ပူပန်၏၊ သို့ရာတွင် ငါ့နောက်လိုက်သူများသည် ငါ၏နှုတ်ကပတ်တော်များကို မည်သည့်အခါတွင်မျှ လက်ခံနိုင်ခြင်း မရှိကြပေ။ ၎င်းတို့သည် ငါ၏အကြံပေးချက်များကိုပင် လက်မခံနိုင်ကြ။ ဤသည်မှာ ငါ့ကို အားလုံးထဲမှ ဝမ်းအနည်းစေဆုံးသော အရာ ဖြစ်သည်။ ငါ၏သဘောထားသည် စစ်မှန်ပြီး ငါ၏နှုတ်ကပတ်တော်များသည် နူးညံ့သော်လည်း၊ မည်သူမျှ ငါ့ကို နားမလည်နိုင်ဖူးကြသည့်အပြင်၊ ငါ့အား မည်သူမျှ လက်မခံနိုင်ဖူးကြပေ။ အယောက်တိုင်းသည် ၎င်းတို့အား ငါပေးအပ်သည့် အလုပ်ကို မိမိတို့၏ ကိုယ်ပိုင် စိတ်ကူးများအတိုင်း လုပ်ဆောင်ဖို့ ကြိုးစားကြသည်။ ၎င်းတို့အား ငါ တောင်းဆိုသည့်အရာကို မေးမြန်းဖို့ မဆိုထားနှင့်၊ ငါ၏ ရည်ရွယ်ချက်များကို ၎င်းတို့ မရှာဖွေကြပေ။ ၎င်းတို့သည် ငါ့ကို ဆန့်ကျင်ပုန်ကန်ကြစဉ်တွင်၊ ငါ့ကို သစ္စာစောင့်သိစွာ အစေခံကြောင်း အခိုင်အမာဆိုကြသေး၏။ များစွာသောသူတို့သည် ၎င်းတို့ လက်မခံနိုင်သည့် သမ္မာတရားများ သို့မဟုတ် ၎င်းတို့ လက်တွေ့မကျင့်သုံးနိုင်သည့် သမ္မာတရားများသည် သမ္မာတရားများ မဟုတ်ဟု ယုံကြည်ကြသည်။ ထိုသို့သော လူသားများတွင်၊ ငါ၏သမ္မာတရားများသည် ငြင်းပယ်ခံရကာ ဘေးဖယ်ထားခံရသည့် အရာတစ်ခု ဖြစ်လာသည်။ တစ်ချိန်တည်းတွင်၊ ငါ့ကို ဘုရားသခင်အဖြစ် လူတို့သည် စကားဖြင့် အသိအမှတ်ပြုသော်လည်း၊ သမ္မာတရား၊ လမ်းခရီး သို့မဟုတ် အသက်မဟုတ်သည့် အပြင်လူတစ်ဦးအဖြစ်လည်း ငါ့ကို ယုံကြည်ကြလေသည်။ ဤအမှန်တရားကို မည်သူမျှ မသိပေ- ငါ၏ နှုတ်ကပတ်တော်များသည် ထာဝရမပြောင်းလဲသော သမ္မာတရား ဖြစ်၏။ ငါသည် လူသားအတွက် အသက်နှင့်ဆိုင်သည့် အထောက်အပံ့ဖြစ်ပြီး လူသားမျိုးနွယ်အတွက် တစ်ဦးတည်းသော လမ်းပြ ဖြစ်သည်။ ငါ၏ နှုတ်ကပတ်တော်များ၏ တန်ဖိုးနှင့် အဓိပ္ပာယ်သည် ၎င်းတို့ကို လူသားမျိုးနွယ်က အသိအမှတ်ပြု၊ မပြု သို့မဟုတ် လက်ခံခြင်း ရှိ၊ မရှိ ဆိုသည့်အရာဖြင့် သတ်မှတ်ထားခြင်း မဟုတ်ဘဲ၊ နှုတ်ကပတ်တော်များ ကိုယ်တိုင်၏ အနှစ်သာရဖြင့် သတ်မှတ်ထားခြင်း ဖြစ်သည်။ ဤကမ္ဘာပေါ်မှ လူတစ်ဦးကမျှ ငါ၏နှုတ်ကပတ်တော်များကို လက်မခံနိုင်လျှင်ပင်၊ မည်သည့်လူသားမျှ ငါ၏နှုတ်ကပတ်တော်များ၏ တန်ဖိုးနှင့် လူသားမျိုးနွယ်အား ၎င်းတို့၏မစမှုကို ခန့်မှန်း၍မရနိုင်ပေ။ သို့ဖြစ်၍၊ ငါ၏ နှုတ်ကပတ်တော်များကို ပုန်ကန်သော၊ ချေပ ပြောဆိုသော သို့မဟုတ် လုံးဝ အထင်သေးသော လူများစွာနှင့် ရင်ဆိုင်ရသည့်အခါ၊ ငါ၏ ရပ်တည်မှုသည်- အချိန်နှင့် အမှန်တရားများသည် ငါ၏ သက်သေဖြစ်ပြီး ငါ၏ နှုတ်ကပတ်တော်များသည် သမ္မာတရား၊ လမ်းခရီးနှင့် အသက် ဖြစ်သည်ကို ပြသပါစေဟူ၍သာ ဖြစ်သည်။ ၎င်းတို့သည် ငါပြောသမျှအားလုံး မှန်ကန်သည်၊ ယင်းမှာ လူသားအနေဖြင့် ဖြည့်ဆည်းထားသင့်သည့်အရာ ဖြစ်သည်၊ ထို့အပြင် လူသားက လက်ခံသင့်သည့်အရာဖြစ်သည်ကို ပြသပါစေ။ ငါ၏ နှုတ်ကပတ်တော်များကို အပြည့်အဝ လက်မခံနိုင်သော သူများ၊ ငါ၏ နှုတ်ကပတ်တော်များကို လက်တွေ့မကျင့်သုံးနိုင်သူများ၊ ငါ၏ နှုတ်ကပတ်တော်များထဲတွင် ရည်ရွယ်ချက်တစ်ခုကို ရှာမတွေ့နိုင် သူများနှင့် ငါ၏နှုတ်ကပတ်တော်များကြောင့် ကယ်တင်ခြင်းကို မရရှိနိုင်သူများသည် ငါ့နှုတ်ကပတ်တော်များအားဖြင့် ပြစ်တင်ရှုတ်ချခြင်းခံ ရပြီးဖြစ်သည့်အပြင် ငါ၏ ကယ်တင်ခြင်းကို ဆုံးရှုံးပြီးသောသူများ ဖြစ်ကာ ငါ၏ တုတ်သည် ၎င်းတို့ထံမှ မည်သည့်အခါတွင်မျှ သွေဖည်မည် မဟုတ်ပေ- ဟူသည့် အမှန်တရားကို ငါ့နောက်လိုက်သော သူအားလုံးအား ငါ သိရှိစေမည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သင်တို့၏ လုပ်ဆောင်ချက်များကို သင်တို့ သုံးသပ်ဆင်ခြင်သင့်သည်

ဘုရားသခင်သည် ဤအမှုအားလုံးကို လုပ်ဆောင်ထားပြီးဖြစ်ကာ လူတို့သည် ယင်းကို တွေ့ကြုံထားကြပြီးဖြစ်သကဲ့သို့ ဘုရားသခင်၏ အမှုနှင့်သက်ဆိုင်သော ဤအဆင့်များအားလုံးကို ၎င်းတို့၏ကိုယ်ပိုင် မျက်လုံးများဖြင့် မျက်မြင်ကြုံရပြီး ဖြစ်သည်။ လူတို့အနေဖြင့် ယင်းကို မည်သည့်နည်းလမ်းဖြင့် ကြည့်သည်ဖြစ်စေ၊ ဘုရားသခင်ဆောင်ရွက်သည့် အမှုနှင့် သူပြောဆိုသည့် နှုတ်ကပတ်တော်များကို လူသားက မသင်္ကာဖြစ်ရမည် မဟုတ်သကဲ့သို့ သံသယဝင်ရမည်လည်း မဟုတ်ပေ။ ဤအသွေးအသားခန္ဓာက မည်မျှသာမန်ဖြစ်ပြီး ပုံမှန်ဖြစ်သည်ဖြစ်စေ၊ လူတို့အဖို့ ယင်းသည် မည်သို့ပင် သာမညောင်ညဖြစ်ပုံရသည်ဖြစ်စေ၊ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သမ္မာတရားအဖြစ် လက်ခံဆဲ ဖြစ်ရပေမည်။ အချို့က၊ “ကိုယ်တော်၏ဇာတိပကတိသည် အလွန်အရေးမပါသကဲ့သို့ သာမန်ဖြစ်၏၊ ကိုယ်တော်ဖြစ်သည့် ဇာတိအဖြစ်တော်သည် ကျွန်ုပ်တို့ထဲတွင် နာခံမှု၊ သို့မဟုတ် လေးစားမှုကို လှုံ့ဆော်နိုင်စွမ်း အလွန်မရှိသကဲ့သို့ ကျွန်ုပ်တို့အဖို့ သာ၍ကြီးမားသော အကျိုးကျေးဇူး တစ်ခုတလေမျှ မရှိနိုင်သောကြောင့်၊ ကိုယ်တော့်ကို သာမန်လူတစ်ဦးအဖြစ် ကျွန်ုပ်တို့ သဘောထားသင့်သည်” ဟု ပြောကြသည်။ ထိုသို့သော အမြင်တစ်ခုကို မည်သို့သဘောရသနည်း။ အခြားသူများက၊ “ကိုယ်တော်လုပ်ဆောင်ပြီးဖြစ်သည့် အရာများထဲမှ အချို့သည် ကျွန်ုပ်တို့ကို လက်ခံယုံကြည်ခြင်းမရှိ ဖြစ်စေရစ်သည်၊ ကျွန်ုပ်တို့ကို အယူအဆများ ပေးထားပြီးဖြစ်ကာ ကျွန်ုပ်တို့အဖို့ နားမလည်နိုင်စရာ ဖြစ်သည်၊ ကျွန်ုပ်တို့အဖို့ လက်မခံနိုင်ဖွယ်ဖြစ်သော အရာများအချို့ ကိုယ်တော်ပြောဆိုထားသောကြောင့်၊ ကိုယ်တော်သည် ကောင်းကင်ဘုံရှိ ဘုရားသခင်ကို ကိုယ်စားမပြုနိုင်ပေ- ထို့ကြောင့် ကိုယ်တော့်ကို ကျွန်ုပ်တို့ အဆုံးထိတိုင် တိုက်ခိုက်ရမည်။ ဧဝံဂေလိတရားကို ဖြန့်ဝေဖို့ ကျွန်ုပ်တို့ကို ကိုယ်တော်စေခိုင်းပါက၊ ကျွန်ုပ်တို့ဖြန့်ဝေမည်မဟုတ်၊ ကျွန်ုပ်တို့၏ တာဝန်ကို ထမ်းဆောင်ဖို့ ကျွန်ုပ်တို့ကို ကိုယ်တော်စေခိုင်းပါက၊ ကျွန်ုပ်တို့ ထမ်းဆောင်မည်မဟုတ်သကဲ့သို့၊ ကိုယ်တော်၏စကားများကို အသက်နှင့် သမ္မာတရားအဖြစ် လက်ခံဖို့ ကျွန်ုပ်တို့ကို ကိုယ်တော်တောင်းဆိုပါက၊ ကျွန်ုပ်တို့ လက်ခံမည်မဟုတ်ပါ။ ကိုယ်တော်ဖြစ်သည့် ဇာတိအဖြစ်တော်ကို ကျွန်ုပ်တို့ အဆုံးထိတိုင် တိုက်ခိုက်ရမည်- ကိုယ်တော့်အနေဖြင့် ကျွန်ုပ်တို့ကို မည်သည့်အရာ လုပ်ဆောင်နိုင်သည်ကို ကြည့်စို့” ဟု ပြောကြသည်။ သမ္မာတရားကို လုံးဝလက်မခံသော ဤလူများ၏ စိတ်နှလုံးများထဲတွင်၊ ဘုရားသခင်၏အမှုကို ငြင်းပယ်ဖို့၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များက သမ္မာတရားဖြစ်သည်ကို ငြင်းပယ်ဖို့၊ သူ၏လူ့ဇာတိခံ ခန္ဓာကို ငြင်းပယ်ဖို့ ထောင်ချီသော၊ သောင်းချီသော အကြောင်းပြချက်များ ရှိလေသည်။ သို့သော် ၎င်းတို့အဖို့ သိပ်ရှင်းလင်းမည်မဟုတ်သည့် အရာတစ်ခုရှိ၏- ၎င်းတို့၌ မည်သည့် အကြောင်းပြချက်များစွာ ရှိသည်ဖြစ်စေ၊ ဤသမ္မာတရားများကို ၎င်းတို့ လက်မခံကြပါက၊ ၎င်းတို့ ကယ်တင်ခံရလိမ့်မည်မဟုတ်။ ငါဖြစ်သည့် ဇာတိအဖြစ်တော်၊ သို့မဟုတ် ဘုရားသခင်၏ အမှုကို သင်လက်မခံသကဲ့သို့ ဘုရားသခင်၏ ဤနှုတ်ကပတ်တော်များကို အသိအမှတ်မပြုပါက၊ ယင်းမှာ အဆင်ပြေ၏- သို့သော် ဤနှုတ်ကပတ်တော်များကို သမ္မာတရားအဖြစ် ခံယူပြီး ယင်းတို့ကို သင်လက်တွေ့လုပ်ဆောင်ပါက၊ အလုံးစုံ ရိုးသားမှုဖြင့် ဤအရာကို သင့်အား ငါပြော၏- သင်သည် မည်သည့်အခါတွင်မျှ ကယ်တင်ခံရလိမ့်မည်မဟုတ်သကဲ့သို့ ကောင်းကင်နိုင်ငံတော်၏ တံခါးကို တစ်ကြိမ်တစ်ခါမျှ ဖြတ်သန်းရလိမ့်မည်မဟုတ်။ အကြောင်းမှာ သင်သည် ဘုရားသခင်၏ ဤနှုတ်ကပတ်တော်များ၊ ဤသမ္မာတရားများနှင့် အမှုပြုသော ဤဇာတိအဖြစ်တော်၊ ဤခရစ်တော်ကို တိမ်း‌ရှောင်ပါက၊ အယူဝါဒမည်မျှကို သင်နားလည်သည်ဖြစ်စေ၊ သို့မဟုတ် အလုပ်မည်မျှကို သင်လုပ်ဆောင်ထားသည်ဖြစ်စေ၊ မည်သည့်အရာကိုမျှ သင်ရရှိလိမ့်မည်မဟုတ်။ သင်သည် အမှိုက်တစ်စသာ ဖြစ်သည်။ သင်၏တာဝန်ကို မည်သူ၏အောင်လံအောက်တွင် သင်ထမ်းဆောင်သည်ဖြစ်စေ၊ မည်သည့်အမည်နာမအောက်တွင် ဘုရားသခင်ကို သင်ယုံကြည်သည်ဖြစ်သည်၊ သင်ကယ်တင်မခံရနိုင်ပေ။ သင့်အနေဖြင့် ကယ်တင်မခံရနိုင်ပါက၊ မည်သည့်ကောင်းချီးမင်္ဂလာများကို သင်ရရှိနိုင်သနည်း။ လူအချို့က ကောင်းကင်ဘုံ၏ ဘုရားသခင်နှင့် ပြိုင်ဆိုင်ကြ၏၊ အချို့က မြေကြီးပေါ်ရှိ ဘုရားသခင်နှင့် ပြိုင်ဆိုင်ကြ၏၊ အချို့က ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မဟုတ်မမှန်ကြောင်း ငြင်းဆိုကြပြီး အချို့က သမ္မာတရားကို မဟုတ်မမှန်ကြောင်း ငြင်းဆိုကြသည်- သို့သော် ၎င်းတို့သည် ၎င်းတို့၏ကိုယ်ပိုင် ခရီးပန်းတိုင်ကို မဟုတ်မမှန်ကြောင်း မည်သည့်အခါမျှ မငြင်းဆိုကြပေ။ ဤသည်မှာ ဆိုးယုတ်သည် မဟုတ်လော။ ဤလူဆိုးများသည် အလွန်စက်ဆုပ်စရာ ဖြစ်၏၊ ၎င်းတို့အယောက်တိုင်းသည် ဆိုးယုတ်၏။ ၎င်းတို့သည် မယုံကြည်သူများ၊ အချောင်သမားများ၊ အရှက်မရှိသည့် လူများသာ ဖြစ်ကြပြီး ဤသည်မှာ အန္တိခရစ်များ၏ အနှစ်သာရ ဖြစ်သည်။

အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၌ “၎င်းတို့သည် မိမိတို့ကိုယ်ကိုယ် ထင်ရှားကျော်ကြားမှု ရစေဖို့...၎င်းတို့၏တာဝန်ကို ထမ်းဆောင်ခြင်းဖြစ်သည်။... (၆)” မှ

သင်တို့၏ သစ္စာစောင့်သိမှုသည် စကားဖြင့်သာ ဖြစ်၏၊ သင်တို့၏အသိသည် ဉာဏ်နှင့်သာဆိုင်ပြီး အယူအဆနှင့်သာဆိုင်၏၊ သင်တို့၏ အားထုတ်မှုများသည် ကောင်းကင်ဘုံ၏ ကောင်းချီးမင်္ဂလာများ ရရှိခြင်းအတွက်ဖြစ်သည်၊ ထို့ကြောင့် သင်တို့၏ယုံကြည်ခြင်းသည် မည်သည့်အရာကဲ့သို့ ဖြစ်ရမည်နည်း။ ယနေ့တွင်ပင်၊ သင်တို့သည် သမ္မာတရား၏ စကားတစ်လုံး စီတိုင်းကို နားမထောင်ကြပေ။ ဘုရားသခင်က မည်သည့်အရာဖြစ်သည်ကို သင်တို့မသိ၊ ခရစ်တော်က မည်သည့်အရာဖြစ်သည်ကို သင်တို့မသိ၊ ယေဟောဝါကို မည်သို့ကြည်ညိုရမည်ကို သင်တို့မသိ၊ သန့်ရှင်းသောဝိညာဉ်တော်၏ လုပ်ဆောင်ချက်ထဲသို့ မည်သို့ဝင်ရောက် ရမည်ကို သင်တို့မသိကြသကဲ့သို့၊ ဘုရားသခင်ကိုယ်တိုင်၏ အမှုနှင့် လူသား၏လှည့်ဖြားမှုများကြား မည်သို့ခွဲခြားရမည်ကို သင်တို့ မသိကြချေ။ သင်၏ အတွေးနှင့် မကိုက်ညီသော ဘုရားသခင် ဖော်ပြသည့် သမ္မာတရား၏ နှုတ်ကပတ်တော်တစ်ခုတစ်လေကို ရှုတ်ချရန်သာ သင်သိသည်။ သင်၏ နှိမ့်ချမှုသည် အဘယ်မှာနည်း။ သင်၏ နာခံမှုသည် အဘယ်မှာနည်း။ သင်၏သစ္စာစောင့်သိမှုသည် အဘယ်မှာနည်း။ သင်၏ သမ္မာတရားရှာဖွေလိုစိတ်သည် အဘယ်မှာနည်း။ ဘုရားသခင်အတွက် သင်၏ကြည်ညိုမှုသည် အဘယ်မှာနည်း။ နိမိတ် လက္ခဏာများကြောင့် ဘုရားသခင်ကို ယုံကြည်သောသူများသည် ဖျက်ဆီးခံရမည့် အမျိုးအစား ဧကန်မုချ ဖြစ်ကြသည်ဟု သင်တို့ကို ငါပြော၏။ လူ့ဇာတိအဖြစ်သို့ ပြန်ကြွလာပြီးဖြစ်သော ယေရှု၏နှုတ်ကပတ်တော်များကို ရရှိနိုင်စွမ်းမရှိသူများသည် ငရဲ၏သားသမီးများ၊ ကောင်းကင်တမန်မင်း၏ သားစဉ်မြေးဆက်များ၊ ထာဝရပျက်စီးခြင်း ခံရမည့် အမျိုးအစား ဧကန်မုချ ဖြစ်ပေသည်။ ငါပြောသည့် အရာကို များစွာသော လူတို့သည် ဂရုမစိုက်ဘဲနေကောင်းနေနိုင်သည်၊ သို့သော် ယေရှုသည် ဖြူသောမိုးတိမ်စီးကာ ကောင်းကင်ဘုံမှ ဆင်းသက်လာသည်ကို သင်တို့မျက်စိဖြင့်တွေ့သည့်အခါ၊ ဤသည်မှာ ဖြောင့်မတ်ခြင်း၏နေမင်း လူသိရှင်ကြား ပေါ်ထွက်လာခြင်းဖြစ်လိမ့်မည်ဟု သန့်ရှင်းသူများဟုဆိုသော ယေရှု၏နောက်သို့ လိုက်သူတိုင်းကို ငါပြောလိုသေး၏။ သင့်အတွက် ထိုအချိန်သည် အလွန်စိတ်လှုပ်ရှားဖွယ် ကောင်းသည့်အချိန်တစ်ခု ဖြစ်ကောင်းဖြစ်နိုင်သည်၊ သို့သော် ယေရှု ကောင်းကင်ဘုံမှ ဆင်းသက်သည်ကို သင် မျက်မြင်ကြုံတွေ့ချိန်သည် အပြစ်ပေးခံရရန် သင် ငရဲသို့ ဆင်းသည့်အချိန်လည်း ဖြစ်သည်ကို သင်သိသင့်သည်။ ယင်းသည် ဘုရားသခင်၏ စီမံခန့်ခွဲမှုအစီအစဉ် အဆုံးသတ်ချိန် ဖြစ်လိမ့်မည်ဖြစ်ပြီး ဘုရားသခင်က ကောင်းသောသူများကို ဆုလာဘ်ချီးမြှင့်ကာ ဆိုးယုတ်သောသူများကို အပြစ်ပေးသည့်အချိန် ဖြစ်လိမ့်မည်။ အကြောင်းမှာ သမ္မာတရား၏ ဖော်ပြချက်သာရှိသည့် အချိန်တွင်၊ လူသည် နိမိတ်လက္ခဏာများကို မမြင်မီ ဘုရားသခင်၏ တရားစီရင်ခြင်း အမှု ပြီးဆုံးပြီးဖြစ်လိမ့်မည် ဖြစ်သောကြောင့်တည်း။ သမ္မာတရားကိုလက်ခံပြီး၊ နိမိတ်လက္ခဏာများကို မရှာဖွေသကဲ့သို့၊ ထိုသို့ဖြင့် သန့်စင်ခံရပြီးသူများသည် ဘုရားသခင်၏ပလ္လင်ရှေ့သို့ ပြန်လာကြပြီး ဖြစ်လိမ့်မည်ဖြစ်ကာ ဖန်ဆင်းရှင်၏ ထွေးပိုက်မှုထဲသို့ ဝင်ရောက်ရပြီးဖြစ်လိမ့်မည်။ “ဖြူသော မိုးတိမ်မစီးသည့် ယေရှုသည် ယေရှု အယောင်ဆောင်သောသူ ဖြစ်သည်” ဟု မလျှော့တမ်း ယုံကြည်ကြသူများသည်သာ ထာဝရအပြစ်ဒဏ်ပေးခြင်း ခံရမည်ဖြစ်သည်၊ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် နိမိတ် လက္ခဏာများပြသော ယေရှု၌သာ ယုံကြည်ကြပြီး၊ ပြင်းထန်သည့် တရားစီရင်မှုကို ကြေညာကာ စစ်မှန်သော အသက်လမ်းခရီးကို ထုတ်ပြန်သော ယေရှုကို အသိအမှတ်မပြုကြသောကြောင့် ဖြစ်သည်။ ထို့ကြောင့် ယေရှုသည် ဖြူသောမိုးတိမ်စီးကာ လူပုံအလယ်တွင် ပြန်ကြွလာချိန်တွင် ၎င်းတို့ကို ကိုင်တွယ်ဖြေရှင်းသည်သာ ဖြစ်နိုင်ပေသည်။ ၎င်းတို့သည် ခေါင်းမာလွန်း၏။ မိမိတို့ကိုယ်ကိုယ် ယုံကြည်စိတ်များလွန်းသည်၊ မာနထောင်လွှားလွန်းကြလေသည်။ ထိုသို့သော ကိုယ်ကျင့်တရားပျက်သူများကို ယေရှုက မည်သို့ဆုလာဘ်ချီးမြှင့်နိုင်မည်နည်း။ ယေရှု၏ ပြန်ကြွလာခြင်းသည် သမ္မာတရားကို လက်ခံနိုင်စွမ်းရှိသူများအတွက် ကြီးမားသည့် ကယ်တင်ခြင်းတစ်ရပ် ဖြစ်သော်လည်း သမ္မာတရားကို လက်ခံနိုင်စွမ်းမရှိသူများအတွက် ယင်းမှာ ပြစ်ဒဏ်စီရင်ခြင်း၏ လက္ခဏာတစ်ရပ်ဖြစ်သည်။ သင်တို့သည် မိမိတို့၏ ကိုယ်ပိုင်လမ်းကြောင်းကို ရွေးချယ်သင့်ပြီး၊ သန့်ရှင်းသော ဝိညာဉ်တော်ကို မပြစ်မှားမစော်ကားသင့်သကဲ့သို့ သမ္မာတရားကို မငြင်းပယ်သင့်ပေ။ သင်တို့သည် မသိနားမလည်သူနှင့် မာနထောင်လွှားသူ တစ်ဦး မဖြစ်သင့်ဘဲ၊ သန့်ရှင်းသောဝိညာဉ်တော်၏ လမ်းပြမှုကို နာခံပြီး၊ သမ္မာတရားကို တောင့်တကာ ရှာဖွေသူများ ဖြစ်သင့်ပေသည်။ ဤနည်းဖြင့်သာ သင်တို့သည် အကျိုးရှိလိမ့်မည်။ ဘုရားသခင်အား ယုံကြည်မှုလမ်းကြောင်းကို သတိဖြင့်လျှောက်ရန် သင်တို့ကို ငါအကြံပြု၏။ မြန်မြန်ဆန်ဆန် ကောက်ချက်များမချလိုက်နှင့်။ ထို့အပြင် ဘုရားသခင်၌ သင်တို့၏ ယုံကြည်မှုတွင် သာမန်ကာလျှံကာဖြစ်ကာ စာနာ ထောက်ထားမှု မကင်းမဲ့စေနှင့်။ အနည်းဆုံးအနေဖြင့် ဘုရားသခင်ကို ယုံကြည်သောသူတို့သည် စိတ်နှိမ့်ချပြီး ရိုသေလေးမြတ်မှု ရှိရမည်ဖြစ်သည်ကို သင်တို့သိသင့်သည်။ သမ္မာတရားကို ကြားပြီးဖြစ်သော်လည်း၊ နှာခေါင်းရှုံ့သောသူတို့သည် မိုက်မဲပြီး၊ အသိဉာဏ် ကင်းမဲ့ကြ၏။ သမ္မာတရားကို ကြားပြီးဖြစ်သော်လည်း၊ သတိမမူဘဲ အမြန် ကောက်ချက်ချသူများ သို့မဟုတ် ရှုတ်ချသူများသည် မာနထောင်လွှားမှုဖြင့် ဒုက္ခရောက်ကြရလေသည်။ ယေရှုကို ယုံကြည်သူ မည်သူမျှသည် အခြားသူများအား ကျိန်ဆဲရန် သို့မဟုတ် ရှုတ်ချရန် မသင့်တော်ပေ။ သင်တို့အားလုံးသည် အသိစိတ်ရှိပြီး သမ္မာတရားကို လက်ခံသူ တစ်စုံတစ်ဦး ဖြစ်သင့်ပေသည်။ သမ္မာတရားလမ်း အကြောင်းကို ကြားခြင်းနှင့် အသက်နှင့်ဆိုင်သော နှုတ်ကပတ်တော်ကို ဖတ်ရှုခြင်းဖြင့်၊ ဤစကားလုံး ၁၀,၀၀၀ အနက် စကားတစ်လုံးသာလျှင် သင်၏လက်ခံယုံကြည်ချက်များ၊ သမ္မာကျမ်းစာတို့နှင့် ကိုက်ညီသည်ဟု သင် ယုံကြည်ကောင်းယုံကြည်မည်ဖြစ်ပြီး၊ သို့ဆိုပါက ဤစကားလုံးများထဲမှ ၁၀,၀၀၀ မြောက်သောစကားလုံးကို သင် ဆက်လက်ရှာဖွေသင့်ပေသည်။ သင့်ကို နှိမ့်ချမှုရှိရန်၊ မိမိကိုယ်ကိုယုံကြည်စိတ် မလွန်ကဲရန်နှင့် မိမိကိုယ်ကို လွန်ကဲစွာ မချီးမြှောက်ရန် ငါ အကြံပြုသေး၏။ သင်၏နှလုံးသားက ဘုရားသခင်အတွက် အင်မတန် နည်းပါးသော ရိုသေလေးမြတ်မှု ရှိခြင်းဖြင့်၊ သင်သည် သာ၍ကြီးမားသော အလင်းကိုရလိမ့်မည်။ သင်သည် ဤနှုတ်ကပတ်တော်များကို သေချာစွာစစ်ဆေးပြီး ထပ်သလဲလဲ တွေးဆပါက၊ ၎င်းတို့ သမ္မာတရား ဟုတ်မဟုတ်ဆိုသည်နှင့် ၎င်းတို့ အသက်ဟုတ်မဟုတ်ဆိုသည်တို့ကို သင်နားလည်လိမ့်မည်။ ဝါကျအနည်းငယ်ကိုသာ ဖတ်လျက်၊ လူအချို့က “ဤသည်မှာ သန့်ရှင်းသော ဝိညာဉ်တော်၏ အသိဉာဏ်ပွင့်လင်းစေခြင်းအချို့ထက် ဘာမျှမပိုပါ။” သို့မဟုတ် “ဤသည်မှာ လူတို့အားလှည့်ဖြားရန် လာသည့် ခရစ်တော်၏ အယောင်ကိုဆောင်သောသူဖြစ်၏။” ဟု ဆိုရင်း၊ ဤနှုတ်ကပတ်တော်များကို ကြောင်းကျိုးမမြင်ဘဲ ရှုတ်ချကောင်းရှုတ်ချကြပေမည်။ ထိုသို့သောအရာများကို ပြောသူတို့သည် မသိနားမလည်မှုဖြင့် မျက်စိကန်းကြပေသည်။ သင်သည် ဘုရားသခင်၏အမှုနှင့် ဉာဏ်ပညာကို အလွန်နည်းပါးစွာ နားလည်ပြီး၊ အစမှပြန်စရန် သင့်ကို ငါ အကြံပြု၏။ နောက်ဆုံးကာလထဲက ခရစ်တော်၏အယောင်ကို ဆောင်သောသူများ ပေါ်ထွက်ခြင်းကြောင့် သင်တို့သည် ဘုရားသခင် ဖော်ပြသော နှုတ်ကပတ်တော်များကို ကျိုးကြောင်းမမြင်ဘဲ မရှုတ်ချရ၊ ပြီးလျှင် သင်တို့သည် လှည့်ဖြားမှုကို ကြောက်ရွံ့သောကြောင့် သန့်ရှင်းသော ဝိညာဉ်တော်ကို ပြစ်မှားစော်ကားသော သူတစ်ဦး မဖြစ်ရ။ ယင်းသည် လွန်စွာ သနားဖွယ်ကောင်းမည် မဟုတ်လော။ များစွာစစ်ဆေးပြီးသည့်နောက် ဤနှုတ်ကပတ်တော်များသည် သမ္မာတရားမဟုတ်၊ လမ်းခရီးမဟုတ်သကဲ့သို့ ဘုရားသခင်၏ ဖော်ပြချက်မဟုတ်ဟု သင်ယုံကြည်ဆဲ ဖြစ်ပါက၊ သင်သည် နောက်ဆုံးတွင် အပြစ်ပေးခံရလိမ့်မည်ဖြစ်ပြီး၊ ကောင်းချီးမင်္ဂလာများ မရှိဘဲ ဖြစ်လိမ့်မည်။ ထိုသို့ အလွန် သိသိသာသာနှင့် ရှင်းလင်းစွာ ပြောဆိုထားသည့် သမ္မာတရားကို သင်လက်မခံနိုင်ပါက၊ သင်သည် ဘုရားသခင်၏ကယ်တင်ခြင်းနှင့် မသင့်တော်သည် မဟုတ်လော။ သင်သည် ဘုရားသခင်၏ပလ္လင်တော်ရှေ့ ပြန်လာရလောက်အောင် ကောင်းချီးမခံစားရသော သူတစ်ဦး ဖြစ်သည် မဟုတ်လော။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ယေရှု၏ဝိညာဉ်ခန္ဓာကို သင်တွေ့မြင်သည့်အချိန်တွင် ဘုရားသခင်သည် ကောင်းကင်နှင့်မြေကြီးကို အသစ်တစ်ဖန် ပြုလုပ်ပြီးဖြစ်လိမ့်မည်

ခရစ်တော်ပြောဆိုခဲ့သည့် သမ္မာတရားကို အားကိုးခြင်းမရှိဘဲ အသက်ရရှိလိုသူတို့သည် ကမ္ဘာမြေပေါ်တွင် အဓိပ္ပာယ်မရှိဆုံးသော လူများဖြစ်ပြီး၊ ခရစ်တော်ယူဆောင်လာသည့် အသက်၏လမ်းခရီးကို လက်မခံသောသူတို့သည် စိတ်ကူးယဉ်အိပ်မက်ထဲတွင် ပျောက်ဆုံးကြပေသည်။ ထို့ကြောင့် နောက်ဆုံးသောကာလ ခရစ်တော်ကို လက်မခံသူများသည် ဘုရားသခင်၏ စက်ဆုပ်ရွံရှာမှုကို ထာဝရခံရမည်ဖြစ်သည်ဟု ငါဆို၏။ ခရစ်တော်သည် နောက်ဆုံးသော ကာလအတွင်းတွင် နိုင်ငံတော်သို့ လူသားဝင်ရောက်ရန် တံခါးပေါက်ဖြစ်ပြီး၊ သူ့ကို ရှောင်ကွင်းသွားနိုင်သူ မည်သူမျှမရှိပေ။ ခရစ်တော်ကို အမှီမပြုလျှင် မည်သူမျှ ဘုရားသခင်၏ စုံလင်စေခြင်းကို မခံရနိုင်ပေ။ သင်သည် ဘုရားသခင်ကို ယုံကြည်သောကြောင့်၊ သူ၏နှုတ်ကပတ်တော်များကို လက်ခံရမည်ဖြစ်ပြီး သူ၏လမ်းခရီးကို နာခံရမည်ဖြစ်သည်။ သမ္မာတရားကို လက်ခံနိုင်စွမ်းမရှိဘဲနှင့် အသက်၏ထောက်ပံ့မှုကို လက်ခံနိုင်စွမ်းမရှိဘဲ၊ ကောင်းချီးမင်္ဂလာ ရရှိရေးကိုသာ သင် စဉ်းစား၍မရပေ။ သူ့ကို စစ်မှန်စွာ ယုံကြည်သူအားလုံးသည် အသက်ဖြင့် ထောက်ပံ့ခံရဖို့အလို့ငှာ၊ ခရစ်တော်သည် နောက်ဆုံးသောကာလအတွင်း ကြွလာခြင်း ဖြစ်သည်။ သူ၏အမှုသည် ခေတ်အဟောင်းကို အဆုံးသတ်ခြင်းနှင့် ခေတ်သစ်တစ်ခုထဲသို့ ဝင်ရောက်ခြင်းအတွက် ဖြစ်ပြီး၊ သူ၏ အမှုသည် ခေတ်အသစ်ထဲသို့ ဝင်ရောက်မည့်သူအားလုံး လျှောက်ရမည့် လမ်းကြောင်းဖြစ်၏။ သင်သည် သူ့ကို အသိအမှတ်ပြုနိုင်စွမ်း မရှိဘဲ၊ ယင်းအစား သူ့ကို ပြစ်တင်ရှုတ်ချပါက၊ ပြစ်မှားစော်ကားပါက၊ သို့မဟုတ် ညှဉ်းပန်းနှိပ်စက်ခြင်းပင် ပြုပါက၊ သင်သည် ထာဝရလောင်ကျွမ်းခံရဖို့ သေချာပြီး၊ ဘုရားသခင်၏ နိုင်ငံတော်ထဲသို့ မည်သည့်အခါမျှ ဝင်ရောက်ရလိမ့်မည် မဟုတ်ပေ။ အကြောင်းမှာ ဤခရစ်တော်ကိုယ်တော်တိုင်သည် သန့်ရှင်းသော ဝိညာဉ်တော်၏ ဖော်ပြချက်၊ ဘုရားသခင်၏ ဖော်ပြချက်၊ ဘုရားသခင်က ကမ္ဘာမြေကြီးတွင် သူ၏အမှုကို ဆောင်ရွက်ရန် တာဝန်ပေး စေခိုင်းထားသူ ဖြစ်သောကြောင့် ဖြစ်သည်။ ထို့ကြောင့် နောက်ဆုံးသောကာလ ခရစ်တော် လုပ်ဆောင်ခဲ့သည့် အရာအားလုံးကို သင်လက်မခံနိုင်ပါက၊ သင်သည် သန့်ရှင်းသော ဝိညာဉ်တော်ကို ပြစ်မှားစော်ကားသည်ဟု ငါပြောရပေသည်။ သန့်ရှင်းသော ဝိညာဉ်တော်ကို ပြစ်မှားစော်ကားသူတို့ ခံရမည့် ပြစ်ဒဏ်ခတ်ခြင်းမှာ အားလုံးအဖို့ ပကတိအတိုင်း ရှင်းနေပြီးဖြစ်သည်။ သင်သည် နောက်ဆုံးသောကာလ ခရစ်တော်ကို ဆန့်ကျင်ပါက၊ နောက်ဆုံးသော ကာလ ခရစ်တော်ကို သင် ပစ်ပယ်ပါက၊ သင်၏ ကိုယ်စား အကျိုးဆက်များကို ခံစားပေးမည့်သူ တစ်ဦးမျှရှိလိမ့်မည်မဟုတ်ဟုလည်း ငါသင့်ကို ပြော၏။ ထို့အပြင် ယနေ့မှစ၍ သင်သည် ဘုရားသခင်၏ လက်ခံမှုကိုရရှိရန် နောက်ထပ်အခွင့်အရေး ရှိမည် မဟုတ်ပေ။ သင်သည် မိမိကိုယ်ကိုယ် ရွေးနုတ်ရန် ကြိုးစားလျှင်ပင်၊ ဘုရားသခင်၏မျက်နှာကို မည်သည့်အခါတွင်မျှ တစ်ဖန် မြင်ရလိမ့်မည် မဟုတ်။ အဘယ်ကြောင့်ဆိုသော် သင်ဆန့်ကျင်သည်မှာ လူသားတစ်ဦးမဟုတ်၊ သင် ပစ်ပယ်သည်မှာ မဆိုစလောက်သတ္တဝါတစ်ဦးဦး မဟုတ်ဘဲ ခရစ်တော်ဖြစ်သောကြောင့် ဖြစ်၏။ ဤအရာ၏ အကျိုးဆက်များသည် မည်သည်တို့ ဖြစ်လိမ့်မည်ကို သင်သိပါသလော။ သင်သည် သေးငယ်သည့် အမှားတစ်ခု ပြုမိပြီးဖြစ်လိမ့်မည်မဟုတ်ဘဲ၊ အလွန်စက်ဆုပ်ရွံရှာ ဖွယ်ကောင်းသော ပြစ်မှုတစ်ရပ် ကျူးလွန်မိပြီး ဖြစ်ပေလိမ့်မည်။ ထို့ကြောင့် သမ္မာတရားသည်သာ သင့်ကို အသက် ဆောင်ကြဉ်းပေးနိုင်ပြီး၊ သမ္မာတရားမှလွဲ၍ မည်သည့်အရာကမျှ သင့်ကို ပြန်လည်မွေးဖွားမပေးနိုင်သကဲ့သို့၊ ဘုရားသခင်၏မျက်နှာကို တစ်ဖန် ရှုမြင်ခွင့် မပေးနိုင်သည့်အတွက်၊ သမ္မာတရား ရှေ့မှောက်တွင် ကြမ်းကြုတ်သည့် တုန့်ပြန်မှုများမပြုရန် သို့မဟုတ် အရေးမထားသည့် ဝေဖန်မှုများ မလုပ်ရန် အယောက်တိုင်းကို ငါအကြံပြု၏။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နောက်ဆုံးသော ကာလ၏ ခရစ်တော်သည်သာ လူသားအား ထာဝရအသက်၏ လမ်းခရီးကို ပေးနိုင်သည်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ခရစ်တော်၏ ဘုရားသဘောသဘာဝ အနှစ်သာရကို သိရှိသည့်နည်းလမ်း

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ- လူ့ဇာတိခံ ဘုရားသခင်ကို ခရစ်တော်ဟုခေါ်ပြီး ခရစ်တော်သည် ဘုရားသခင်၏ ဝိညာဉ်တော်က ဆင်မြန်းထားသည့်...

ခရစ်တော်သည် ဘုရားသခင်၏သားတော်လော၊ သို့မဟုတ် ဘုရားသခင် ကိုယ်တော်တိုင်လော။

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ- “ယေရှုက၊ ငါသည်လမ်းခရီးဖြစ်၏။ သမ္မာတရားကိုလည်းဖြစ်၏။ အသက်သည်လည်းဖြစ်၏။ ငါ့ကို အမှီ မပြုလျှင် အဘယ်သူမျှ...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။