ဘုရားသခင်၌ ယုံကြည်ခြင်းနှင့် ဘာသာတရား၌ ယုံကြည်ခြင်းတို့ကြား ကွဲပြားခြားနားမှုများမှာ အဘယ်နည်း

06.12.2021

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

ဘာသာတရား၌ ယုံကြည်မှုသည် အဘယ်နည်း။ ဘုရားသခင်၌ ယုံကြည်မှုသည် အဘယ်နည်း။ ဘာသာတရား၏ တွေ့နေကျဖြစ်ပြီး သိသာပေါ်လွင်သော အင်္ဂါရပ်များမှာ အဘယ်နည်း။ လူတို့သည် ဘာသာတရား၌ ယုံကြည်မှုကို ယေဘုယျအားဖြင့် မည်သို့အဓိပ္ပာယ်ဖွင့်ဆိုသနည်း။ ဘာသာတရားကို ယုံကြည်မှုတွင် အပြုအမူပြောင်းလဲခြင်းများ ပါဝင်၏၊ အခြားသူများနှင့် ခိုက်ရန်ဖြစ်ပွားခြင်း၊ အခြားသူများကို ကျိန်ဆဲခြင်း၊ မှားယွင်းစွာပြုမူခြင်း၊ အခြားသူများကို အမြတ်ထုတ်ခြင်း၊ အခြားသူများကို အခွင့်အရေးယူခြင်းနှင့် အသေးအဖွဲခိုးမှုများနှင့် ပစ္စည်းကို မတရားသိမ်းယူခြင်းကဲ့သို့သော အပြုအမူများ ပြောင်းလဲခြင်း ပါဝင်ပေသည်။ ယင်းသည် အများအားဖြင့် အပြုအမူပြောင်းလဲခြင်းများကို ရည်ညွှန်းသည်။ တစ်စုံတစ်ဦးသည် ဘာသာတရားကို ယုံကြည်သည့်အခါ၊ ၎င်းတို့သည် လိမ္မာဖို့၊ လူကောင်းတစ်ဦးဖြစ်ဖို့ ကြိုးစားကြသည်။ ဤသည်တို့မှာ အပြင်ပန်း အပြုအမူများ ဖြစ်သည်။ ဘာသာတရားကို စိတ်ဓာတ်ရေးရာ အထောက်အပံ့အဖြစ်ရော အဘယ်သို့နည်း။ စိတ်နယ်ပယ်အတွက်ရော အဘယ်သို့နည်း။ ယုံကြည်ခြင်းဖြင့်၊ တစ်ဦးတစ်ယောက်၌ စိတ်ပိုင်းဆိုင်ရာ အထောက်အပံ့တစ်ခု ရှိပေသည်။ ထို့ကြောင့် ဘာသာတရားအား ယုံကြည်မှုကို ဤသို့အဓိပ္ပာယ်ဖွင့်နိုင်သည်- လိမ္မာခြင်းနှင့် စိတ်ပိုင်းဆိုင်ရာ အထောက်အပံ့ရှိခြင်း- ထို့ထက်ဘာမျှမပို။ ၎င်းတို့ယုံကြည်သောသူ အမှန်တကယ် တည်ရှိခြင်း ရှိမရှိဆိုသည်နှင့် သူသည် အတိအကျ မည်သည့်အရာဖြစ်ပြီး ၎င်းတို့ကို သူမည်သည့်အရာ တောင်းဆိုသည်တို့ကဲ့သို့သော အသေးစိတ်အချက်များနှင့် ပတ်သက်လာသည့်အခါ၊ လူတို့သည် ကောက်ချက်နှင့် ၎င်းတို့၏ စိတ်ကူးထင်မြင်မှုကို အသုံးပြုကြလေသည်။ ထိုသို့သော အခြေခံအကြောင်းရင်းဖြင့် ယုံကြည်မှုကို ဘာသာတရားအား ယုံကြည်မှုဟု ခေါ်ဆိုသည်။ ဘာသာတရား၌ ယုံကြည်မှုသည် အဓိကအားဖြင့် အပြုအမူ ပြောင်းလဲခြင်းကို လိုက်စားရှာဖွေခြင်းနှင့် စိတ်ဓာတ်ရေးရာ အထောက်အပံ့ ရှိခြင်းတို့ကို ဆိုလိုသော်လည်း၊ ယင်းသည် လူတစ်ဦး၏ အသက်တာလမ်းကြောင်းတွင် ပြောင်းလဲမှုတစ်ခုတလေ ဖြစ်ပေါ်စေသလော။ လူတစ်ဦးအသက်တာ၏ လမ်းကြောင်း၊ ရည်ရွယ်ချက်၊ သို့မဟုတ် ဦးတည်ချက်တို့တွင် အပြောင်းအလဲ အနည်းငယ်မျှ မရှိသကဲ့သို့၊ ထိုသူအသက်ရှင်သည့် အခြေခံအကြောင်းရင်းတွင်လည်း အပြောင်းအလဲ မရှိချေ။ ပြီးလျှင် ဘုရားသခင်၌ ယုံကြည်ဖို့ဆိုသည်မှာ အဘယ်နည်း။ သူ့ကို ယုံကြည်ခြင်းအဖြစ် ဘုရားသခင်သည် မည်သည့်အရာကို သတ်မှတ်ကာ တောင်းဆိုသနည်း။ (သူ၏အချုပ်အခြာအာဏာ၌ ယုံကြည်ခြင်းဖြစ်ပါသည်။) ယင်းမှာ သူတည်ရှိကြောင်းကို ယုံကြည်ခြင်းနှင့် သူ၏အချုပ်အခြာအာဏာကို ယုံကြည်ခြင်း ဖြစ်သည်- ဤသည်မှာ အခြေခံအကျဆုံး ဖြစ်သည်။ ဘုရားသခင်သည် သူ့ကို ယုံကြည်ခြင်းတွင် လူတို့အား မည်သည့်အရာကို တောင်းဆိုသနည်း။ ယင်းသည် မည်သည့်အရာနှင့် ဆက်နွှယ်သနည်း။ (ရိုးသားသော လူများဖြစ်ခြင်း၊ ပုံမှန်လူ့သဘာဝရှိခြင်း၊ သမ္မာတရားကို လိုက်စားခြင်း၊ စိတ်သဘောထားပိုင်းဆိုင်ရာ အသွင်ပြောင်းလဲခြင်းကို လိုက်စားခြင်းနှင့် ဘုရားသခင်ကို သိရှိဖို့ ကြိုးစားခြင်းတို့ ဖြစ်ပါသည်။) ပြီးလျှင် လူတို့၏ စကားများ၊ အပြုအမူတို့နှင့် စပ်လျဉ်း၍ ၎င်းတို့ကို တစ်ခုတလေ တောင်းဆိုထားသလော။ (ကျွန်ုပ်တို့၏ အပြင်ပန်း အပြုအမူအရ၊ ဘုရားတရားကိုင်းရှိုင်းကာ အကျင့်မပျက်ဖို့ရန်နှင့် ပုံမှန်လူ့သဘာဝကို အသက်ရှင်နေထိုင်ရန် ကျွန်ုပ်တို့ကို တောင်းဆိုထားပါသည်။) အပြင်ပန်းအားဖြင့် အခြေခံ မြင့်မြတ်သော သင့်တင့်လျောက်ပတ်ခြင်း ရှိရန်နှင့် ပုံမှန်လူ့သဘာဝကို အသက်ရှင်နေထိုင်ရန် တောင်းဆိုထားသည်။ ပြီးလျှင် ဘုရားသခင်၌ ယုံကြည်ခြင်း၏ အဓိပ္ပာယ်ဖွင့်ဆိုချက်မှာ အဘယ်နည်း။ ဘုရားသခင်၌ ယုံကြည်ခြင်းသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နာခံခြင်းဖြစ်သည်။ ယင်းမှာ ဘုရားသခင်ပြောဆိုထားသည့် နှုတ်ကပတ်တော်များအတိုင်း တည်ရှိရန်၊ အသက်ရှင်ရန်နှင့် မိမိ၏ တာဝန်ကို ထမ်းဆောင်ရန်အပြင် လူ့သဘာဝနှင့်ဆိုင်သည့် လုပ်ဆောင်ချက်များအားလုံးတွင် ပါဝင်လုပ်ဆောင်ရန် ဖြစ်သည်။ ဤအရာက သွယ်ဝိုက်ညွှန်းဆိုသည်မှာ ဘုရားသခင်၌ ယုံကြည်ဖို့သည် ဘုရားသခင်နောက်လိုက်ဖို့၊ သင့်ကို ဘုရားသခင် လုပ်ဆောင်စေသည့်အတိုင်း လုပ်ဆောင်ဖို့နှင့် ဘုရားသခင်က သင့်ကို အသက်ရှင်စေသည့်အတိုင်း အသက်ရှင်ဖို့ဖြစ်သည်။ ဘုရားသခင်၌ ယုံကြည်ဖို့သည် သူ့လမ်းကို လိုက်ဖို့ဖြစ်သည်။ ထိုသို့လုပ်ဆောင်ရာတွင်၊ လူတို့အသက်တာများ၏ ရည်မှန်းချက်နှင့် ဦးတည်ချက်တို့သည် ဘာသာတရား၌ ယုံကြည်သော လူတို့၏အသက်တာများနှင့် လုံးဝကွာခြားသည် မဟုတ်လော။ ဘုရားသခင်၌ ယုံကြည်မှုတွင် မည်သည့်အရာ ပါဝင်သနည်း။ လူတို့သည် ပုံမှန်လူ့သဘာဝကို အသက်ရှင်နေထိုင်သင့်သည်။ ၎င်းတို့ကို ဘုရားသခင်က မည်သည့်အရာ လုပ်ဆောင်ဖို့ စေခိုင်းသည်ဖြစ်စေ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ၎င်းတို့နာခံသင့်သည်။ ပြီးလျှင် ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များအတိုင်း လက်တွေ့လုပ်ဆောင်သင့်သည်။ ဤအရာများအားလုံးတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များ ပါဝင်ပေသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် မည်သည့်အရာ ဖြစ်သနည်း။ (သမ္မာတရား ဖြစ်ပါသည်။) ဘုရားသခင်၌ ယုံကြည်မှုတွင် သမ္မာတရားပါဝင်သည်။ ယင်းသည် အသက်တာ၏ အရင်းအမြစ်နှင့် မှန်ကန်သော လမ်းကြောင်း ဖြစ်သည်။ ယင်း၌ အသက်တာတွင် လူတို့လျှောက်လှမ်းသည့် လမ်းကြောင်း ပါဝင်သည်။ ဘာသာတရား၌ ယုံကြည်မှုတွင် ဤအရာတစ်ခုတလေ ပါဝင်သလော။ မပါဝင်ပေ။ ဘာသာတရား၌ ယုံကြည်ဖို့၊ အပြင်ပန်းအားဖြင့် ကောင်းမွန်စွာ ပြုမူရုံမျှ၊ မိမိကိုယ်ကို ချုပ်တည်းရုံမျှ၊ စည်းမျဉ်းများကို လိုက်နာရုံမျှနှင့် စိတ်ဓာတ်ရေးရာ အထောက်အပံ့တစ်ခု ရှိခြင်းမျှသည် အဆင်ပြေသည်။ အကယ်၍ တစ်ဦးတစ်ယောက်သည် ကောင်းကောင်းမွန်မွန် ပြုမူပြီး၊ စိတ်အထောက်အပံ့နှင့် အထောက်အကူတစ်ခု ရှိပါက၊ အသက်တာ၌ ၎င်းတို့၏ လမ်းကြောင်းသည် ပြောင်းလဲသလော။ (မပြောင်းလဲပါ။) လူအချို့က၊ “ဘာသာတရား၌ ယုံကြည်ခြင်းနှင့် ဘုရားသခင်၌ ယုံကြည်ခြင်းသည် တူညီသော အရာဖြစ်သည်” ဟု ပြောကြသည်။ သို့ဆိုလျှင်၊ ၎င်းတို့သည် ဘုရားသခင်နောက် လိုက်ကြသလော။ ဘာသာတရား၌ ယုံကြည်မှုသည် အပြုအမူဆိုင်ရာ အပြောင်းအလဲကို လိုက်စားခြင်းမျှဖြစ်သည်၊ စိတ်ဓာတ်ရေးရာ အထောက်အပံ့ကို လိုက်စားရှာဖွေခြင်းထက် ဘာမျှမပိုသကဲ့သို့၊ ယင်း၌ မည်သည့်သမ္မာတရားမျှ မပါဝင်ပေ။ အကျိုးဆက်အနေဖြင့်၊ ဤလူတို့၏ စိတ်သဘောထားများတွင် မည်သည့်ပြောင်းလဲမှုမျှ မရှိနိုင်ပေ။ ၎င်းတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်စွမ်းမရှိကြ၊ သို့မဟုတ် ခြေခြေမြစ်မြစ်ရှိသည့် အပြောင်းအလဲတစ်ခုတလေကိုမျှ မတတ်စွမ်းနိုင်ကြသကဲ့သို့ ၎င်းတို့၌ ဘုရားသခင်နှင့်ဆိုင်သည့် စစ်မှန်သော အသိပညာ မရှိကြချေ။ တစ်စုံတစ်ဦးသည် ဘာသာတရား၌ ယုံကြည်သည့်အခါ၊ ၎င်းတို့၏အပြုအမူက မည်မျှကောင်းမွန်သည်ဖြစ်စေ၊ ၎င်းတို့၏ စိတ်ဓာတ်ရေးရာ အထောက်အပံ့က မည်မျှခိုင်မာပါစေ၊ ၎င်းတို့သည် ဘုရားသခင်နောက် လိုက်ကြသလော။ (မလိုက်ကြပါ။) သို့ဆိုလျှင် ၎င်းတို့သည် မည်သူ့နောက်ကို လိုက်ကြသနည်း။ ၎င်းတို့သည် စာတန်နောက်ကို လိုက်ကြပေသည်။ ပြီးလျှင် ၎င်းတို့၏ အသက်တာများတွင် ၎င်းတို့အသက်ရှင်နေထိုင်သည့်အရာ၊ လိုက်စားရှာဖွေသည့်အရာ၊ စိတ်ဆန္ဒရှိသည့်အရာ၊ လက်တွေ့လုပ်ဆောင်ပြီး မှီခိုသည့်အရာ၏ အခြေခံအကြောင်းရင်းမှာ အဘယ်နည်း။ ထိုအခြေခံအကြောင်းရင်းသည် စာတန်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားနှင့် သူ၏အနှစ်သာရလုံးလုံး ဖြစ်သည်။ ၎င်းတို့၏ ပြုမူနေထိုင်ပုံနှင့် အခြားသူများကို ဆက်ဆံပုံသည် စာတန်၏ ရှင်သန်နေထိုင်ခြင်းဆိုင်ရာ ဆင်ခြင်တွေးခေါ်မှု၊ ဒဿနအမြင်တို့နှင့် ကိုက်ညီနေပေသည်။ ၎င်းတို့ပြောမျှအရာရာသည် သမ္မာတရား စိုးစဉ်းမျှ မပါသည့် မုသားတစ်ခုဖြစ်သည်။ ၎င်းတို့သည် ၎င်းတို့၏ ဆိုးယုတ်သော စိတ်သဘောထားများတွင် အပြောင်းအလဲ အနည်းငယ်မျှ မစွမ်းဆောင်မရရှိသေးသကဲ့သို့၊ ၎င်းတို့နောက်လိုက်သည်မှာ စာတန်ဖြစ်နေဆဲဖြစ်သည်။ ၎င်းတို့၏ ဘဝအမြင်၊ တန်ဖိုးများ၊ အမှုအရာများကို ကိုင်တွယ်ခြင်း နည်းလမ်းများနှင့် ၎င်းတို့လုပ်ရပ်များ၏ အခြေခံမူများသည် ၎င်းတို့၏ ဆိုးယုတ်သော သဘာဝနှင့်ဆိုင်သည့် ဖော်ပြချက်များသာ ဖြစ်သည်။ ၎င်းတို့၏ အပြင်ပန်း အပြုအမူတွင် သေးငယ်သော အပြောင်းအလဲတစ်ခုသာ ရှိထား၏။ ၎င်းတို့၏ အသက်တာလမ်းကြောင်း၊ ၎င်းတို့အသက်ရှင်ပုံ၊ သို့မဟုတ် ၎င်းတို့၏ အမြင်တွင် အပြောင်းအလဲ အနည်းငယ်မျှ မရှိသေးပေ။ သင်သည် ဘုရားသခင်ကို အမှန်တကယ် ချစ်ပါက၊ ဘုရားသခင်၌ နှစ်အချို့ကြာ ယုံကြည်ပြီးနောက်တွင် သင့်အထဲ၌ မည်သည့်အပြောင်းအလဲများ အမှန်တကယ် ဖြစ်ပေါ်ပြီးပြီနည်း။ သင့်အသက်တာ၏ အခြေခံအုတ်မြစ်သည် အပြောင်းအလဲတစ်ခုကို ကြုံရ၏။ မည်သည့် အခြေခံအကြောင်းရင်းပေါ်တွင် သင်အသက်ရှင်သနည်း။ နေ့စဉ် သင်လုပ်ဆောင်ကာ ပြောဆိုသည့်အရာကို မည်သည့်အရာက အုပ်စိုးသနည်း။ ယင်းသည် မည်သည့်အရာပေါ်တွင်သာ အခြေပြုထားသနည်း။ (ယင်းသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သမ္မာတရားအပေါ်သာ အခြေခံထားပါသည်။) ဥပမာအားဖြင့်၊ သင်သည် မုသား ပြောကောင်းပြောတော့မည်မဟုတ်- ဤအရာ၏ အခြေခံအကြောင်းရင်းမှာ အဘယ်နည်း။ သင်သည် ထိုနည်းလမ်းဖြင့် အဘယ်ကြောင့် စကားမပြောတော့သနည်း။ (ဘုရားသခင်သည် ယင်းကို မနှစ်သက်သောကြောင့် ဖြစ်ပါသည်။) ထိုနည်းလမ်းဖြင့် သင်စကားမပြော၊ သို့မဟုတ် မဆောင်ရွက်တော့သည့် အခြေခံအကြောင်းရင်းရှိပြီး ယင်းအခြေခံအကြောင်းရင်းမှာ ဘုရားသခင်၏ နှုတ်ကပတ်တော်၊ ဘုရားသခင်စေခိုင်းသည့်အရာနှင့် သမ္မာတရားတို့ ဖြစ်သည်။ သို့ဆိုလျှင် ထိုသို့သော လူတစ်ဦး၌ တူညီသော အသက်တာလမ်းကြောင်း ရှိသလော။ အကျဉ်းချုပ်မှာ ဤသို့ဖြစ်၏- ဘာသာတရား၌ ယုံကြည်မှုသည် မည်သည့်အရာဖြစ်သနည်း။ ပြီးလျှင် ဘုရားသခင်၌ ယုံကြည်မှုသည် မည်သည့်အရာဖြစ်သနည်း။ လူတို့သည် ဘာသာတရား၌ ယုံကြည်ကြချိန်တွင် စာတန်နောက် လိုက်ကြ၏။ ၎င်းတို့သည် ဘုရားသခင်၌ ယုံကြည်ကြချိန်တွင် ဘုရားသခင်နောက် လိုက်ကြသည်။ ယင်းမှာ ကွာခြားချက် ဖြစ်သည်။ ယနေ့တွင်၊ သင်သည် ဘုရားသခင်၏အိမ်တော်၌ သင်၏တာဝန်ကို ထမ်းဆောင်သည်။ သင်သည် ဘာသာတရား၌ ယုံကြည်သလော၊ သို့မဟုတ် ဘုရားသခင်၌ ယုံကြည်သလော။ ကွာခြားချက်မှာ အဘယ်နည်း။ ဤအရာသည် မည်သည့်အရာအပေါ် မူတည်သနည်း။ ယင်းသည် သင်လျှောက်လှမ်းသည့် လမ်းကြောင်းအပေါ် မူတည်ပေသည်။ သင်လိုက်စားရှာဖွေသည့်အရာက ကောင်းမွန်သော အပြုအမူ၊ စိတ်ပိုင်းဆိုင်ရာရာ အထောက်အပံ့တစ်ခု၊ စည်းမျဉ်းများကို လေးစားလိုက်နာခြင်းနှင့် ကိုယ်ရေးကိုယ်တာ အကျိုးအမြတ်အတွက် အကြံအစည်များဖြစ်ပါက၊ ပြီးလျှင် သင်သည် သမ္မာတရားကို စိုးစဉ်းမျှပင် မလိုက်စားမရှာဖွေဘဲ၊ သဘောကောင်းပုံရသူတစ်ဦးမျှ ဖြစ်ပြီး၊ သင်၏ သဘာဝ အနှစ်သာရ၊ သို့မဟုတ် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတွင် အနည်းမျှ ပြောင်းလဲမှု မရှိပါက၊ သင်သည် ဘာသာတရား၌ ယုံကြည်ပေသည်။ ဘုရားသခင်၌ ယုံကြည်သူတို့သည် ဘုရားသခင်ဖော်ပြသည့် သမ္မာတရားအားလုံးကို လက်ခံနိုင်ကြသည်။ ၎င်းတို့သည် သမ္မာတရားနှင့်အညီ မိမိတို့ကိုယ်ကို သုံးသပ်ဆင်ခြင်ပြီး သိရှိလာနိုင်ကြသကဲ့သို့၊ အမှန်တကယ် နောင်တရနိုင်ကာ နောက်ဆုံးတွင်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များအားဖြင် အသက်ရှင်နိုင်သည်၊ ဘုရားသခင်ကို နာခံနိုင်ပြီး ဘုရားသခင်ကို ကိုးကွယ်နိုင်လေသည်- ထိုသို့သော လူတို့သာ ဘုရားသခင်၌ စစ်မှန်သော ယုံကြည်သူများ ဖြစ်ကြသည်။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ဘာသာတရား၌ ယုံကြည်မှုသည် ကယ်တင်ခြင်းသို့ မည်သည့်အခါတွင်မျှ ဆိုက်ရောက်စေမည်မဟုတ်” မှ

ဘုရားသခင်ကို ယုံကြည်ခြင်းနှင့် ဘာသာတရားနှင့် ဘာသာရေး ကိုင်းရှိုင်းခြင်းကို ယုံကြည်ခြင်းတို့ကြား ကွဲပြားခြားနားချက်မှာ အဘယ်နည်း။ အကြင်မည်သောသူ၌ အသက်မွေးဝမ်းကျောင်း မရှိသောကြောင့်၊ ၎င်းတို့သည် နေအိမ်၌ အခက်အခဲများ ရှိနေနိုင်သောကြောင့် ဘာသာတရားကို ယုံကြည်ခြင်းဖြစ်ကြောင်း လူတိုင်းက ထင်မြင်ကြသည်။ သို့မဟုတ်ပါက ထိုသူတို့အနေဖြင့် မှီခိုအားထားရာ တစ်ခုခုကို ရှာဖွေလိုသောကြောင့်၊ ဝိညာဉ်ရေးရာ အာဟာရ ရှာဖွေလိုသောကြောင့်ဖြစ်ကြောင်း ထင်မြင်ကြသည်။ ဘာသာတရားကို ယုံကြည်ခြင်းသည် လူများကို ကျေးဇူးပြုတတ်စေဖို့၊ အခြားသူများကို ကူညီစေဖို့၊ အခြားသူများကို ကြင်နာစေဖို့၊ မွန်မြတ်သောအကျင့်များ စုစည်းရရှိအောင် ကုသိုလ်ကောင်းမှုများ ပို၍လုပ်စေဖို့၊ လူသတ်မှု၊ သို့မဟုတ် မီးရှို့မှု မကျူးလွန်စေဖို့၊ ဆိုးသည့်အရာများ မလုပ်စေဖို့၊ လူများကို ရိုက်နှက်ခြင်း၊ သို့မဟုတ် ဆဲဆိုခြင်း မပြုဖို့၊ မခိုးဖို့၊ သို့မဟုတ် မလုယက်ဖို့နှင့် မလှည့်စားဖို့၊ သို့မဟုတ် မလိမ်ညာဖို့တို့မျှကိုသာ ဖြစ်စေလေ့ရှိသည်။ ဤသည်မှာ လူတိုင်း၏စိတ်ထဲတွင်ရှိသည့် “ဘာသာတရားကို ယုံကြည်ခြင်း” အယူအဆဖြစ်သည်။ ယနေ့ သင်တို့၏စိတ်နှလုံးများတွင် ဘာသာတရားကို ယုံကြည်ခြင်းနှင့် သက်ဆိုင်သည့် အယူအဆ မည်မျှရှိသနည်း။ ဤအတွေးများ ရှိခြင်းက ဘာသာတရားကိုယုံကြည်ခြင်း ဟုတ်မဟုတ်ကို သင်တို့သိနိုင်သလော။ ယုံကြည်မှုရှိခြင်း အခြေအနေနှင့် ဘာသာတရားကို ယုံကြည်ခြင်း အခြေအနေတို့ကြား ကွဲပြားခြားနားချက် ရှိသလော။ ဘာသာတရားကို ယုံကြည်ခြင်းနှင့် ဘုရားသခင်ကို ယုံကြည်ခြင်းတို့ကြား ကွဲပြားခြားနားချက်မှာ အဘယ်နည်း။ ဘုရားသခင်ကို သင်စတင်ယုံကြည်ခဲ့သည့်အခါက၊ ဘာသာတရားကို ယုံကြည်ခြင်းနှင့် ဘုရားသခင်ကို ယုံကြည်ခြင်းတို့သည် တူညီသည်ဟု သင်ခံစားခဲ့ရကောင်း ခံစားခဲ့ရနိုင်သည်။ သို့ရာတွင် ယနေ့ ဘုရားသခင်ကို ငါးနှစ်ကျော် ယုံကြည်ပြီးသည့်နောက် ယုံကြည်မှုရှိခြင်းသည် အမှန်တကယ် မည်သည့်အရာသာ ဖြစ်သည်ဟု သင်ထင်သနည်း။ ဘာသာတရားကို ယုံကြည်ခြင်းနှင့် ကွဲပြားခြားနားမှုတစ်စုံတစ်ရာ ရှိသလော။ ဘာသာတရားကို ယုံကြည်ခြင်းသည် တစ်စုံတစ်ဦး၏ ဝိညာဉ်ထံ ပျော်ရွှင်မှုနှင့် နှစ်သိမ့်မှုကို ဆောင်ကြဉ်းပေးဖို့ ထုံးတမ်းဓလေ့ အချို့အား လိုက်နာခြင်းကို ဆိုလိုသည်။ မည်သည့်လမ်းကြောင်းကို လူတို့လျှောက်သည်၊ မည်သည့် နည်းလမ်းဖြင့် လူတို့နေထိုင်သည်၊ သို့မဟုတ် ၎င်းတို့၏ အသက်တာများကို မည်သို့ရှင်သန်နေထိုင်သည်ဟူသည့် မေးခွန်းများနှင့် ယင်းက မဆက်နွှယ်ပေ။ ဆိုလိုသည်မှာ သင်၏ စိတ်နှလုံးထဲ၌၊ သင်၏အတွင်းကမ္ဘာထဲ၌ မည်သည့်ပြောင်းလဲမှုမျှ မရှိ။ သင်သည် သင်သာ ဖြစ်နေဆဲဖြစ်ပြီး သင်၏သဘာဝနှင့် အနှစ်သာရတို့သည် ယခင်အတိုင်းသာ ဆက်ရှိနေသည်။ သင်သည် ဘုရားသခင်ထံမှလာသည့် သမ္မာတရားများကို လက်ခံထားခြင်း မရှိသကဲ့သို့ ယင်းတို့ကို သင်၏အသက်အဖြစ် မပြုလုပ်ထားဘဲ၊ ကောင်းမှုကုသိုလ်အချို့ကို ပြုထားခြင်းမျှသာဖြစ်သည်၊ သို့မဟုတ် အခမ်းအနားများနှင့် စည်းမျဉ်းများကို လိုက်နာထားခြင်းမျှသာ ဖြစ်သည်။ ဘာသာတရားကို ယုံကြည်ခြင်းနှင့် ဆက်နွှယ်သည့် လှုပ်ရှားမှုအချို့၌ သင်ပါဝင်ဆောင်ရွက်ထားခြင်းမျှသာဖြစ်သည်— ဤအရာသာဖြစ်သည်၊ ထိုမျှသာဖြစ်၏။ သို့ဆိုလျှင် ဘုရားသခင်ကို ယုံကြည်ခြင်းက မည်သည့်အရာကို ညွှန်းဆိုသနည်း။ ယင်းက ဤလောကတွင် သင်ရှင်သန်နေထိုင်သည့်နည်းလမ်း ပြောင်းလဲသွားခြင်းကို ဆိုလိုသည်၊ ယင်းက သင့်တည်ရှိမှု၏ တန်ဖိုးနှင့် အသက်တာရှိ သင့်ပန်းတိုင်များတွင် ပြောင်းလဲမှုတစ်ခု ရှိနှင့်ပြီးဖြစ်သည်ဟု ဆိုလိုသည်။ မိမိ၏ဘိုးဘေးများကို ဂုဏ်ပြုခြင်း၊ လူအုပ်ကြားတွင် ထင်ပေါ်ခြင်း၊ အဆင်ပြေသည့် ဘဝတစ်ခုရှိခြင်းနှင့် ကျော်ကြားမှုနှင့် ကြွယ်ဝမှုအတွက် ကြိုးစားအားထုတ်ခြင်းတို့ကဲ့သို့ အမှုအရာများအတွက် ယခင်က သင်ရှင်သန်ခဲ့သည်။ ယနေ့ သင်သည် ဤအရာများကို စွန့်လွှတ်ပြီး ဖြစ်သည်။ သင်သည် စာတန်နောက်ကို မလိုက်တော့ဘဲ၊ ယင်းကို စွန့်လွှတ်ဖို့၊ ဤဆိုးယုတ်သော လားရာကို စွန့်လွှတ်ဖို့ ဆန္ဒရှိသည်။ သင်သည် ဘုရားသခင်နောက်ကို လိုက်နေကာ သင်လက်ခံသည့် အရာသည် သမ္မာတရားဖြစ်ပြီး သင်လျှောက်သည့် လမ်းကြောင်းသည် သမ္မာတရားကို လိုက်စားသည့် လမ်းကြောင်း ဖြစ်သည်။ သင့်အသက်တာ၏ ဦးတည်ချက်သည် လုံးလုံး ပြောင်းလဲသွားပြီ ဖြစ်သည်။ ယင်းက အသက်တာကို ကွဲပြားခြားနားစွာ ချဉ်းကပ်ခြင်း၊ ကွဲပြားသော ရှင်သန်နေထိုင်နည်း ရှိခြင်း၊ ဖန်ဆင်းရှင်နောက်ကို လိုက်ခြင်းနှင့် ဖန်ဆင်းရှင်၏ စည်းမျဉ်းနှင့် စီစဉ်မှုများကို လက်ခံခြင်းနှင့် ကျိုးနွံနာခံခြင်း၊ ဖန်ဆင်းရှင်၏ ကယ်တင်ခြင်းကို လက်ခံခြင်းနှင့် နောက်ဆုံးတွင် စစ်မှန်သည့် ဖန်ဆင်းခံတစ်ဦး ဖြစ်လာခြင်းတို့ဖြစ်သည်။ ဤသည်မှာ သင်၏ရှင်သန်နေထိုင်နည်းကို ပြောင်းလဲခြင်း မဟုတ်လော။ ယင်းမှာ ယခင်က သင်၏လိုက်စားခြင်း၊ ရှင်သန်နေထိုင်နည်းနှင့် သင်လုပ်ခဲ့သမျှ အရာအားလုံး၏ နောက်ကွယ်မှ စေ့ဆော်ချက်များ၊ ရည်ရွယ်ချက်များနှင့် လုံးလုံးဆန့်ကျင်ဘက်ဖြစ်သည်— ယင်းတို့အားလုံးသည် လုံးလုံးလျားလျား ဆန့်ကျင်ကွဲလွဲ၏၊ ရေးရေးမျှပင် မတူပေ။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “လူတို့ အသက်ရှင်ဖို့ မှီခိုနေခဲ့ကြသည့် အရာအတိအကျ” မှ

ဘုရားသခင်၌ ယုံကြည်ခြင်းကို ဖော်ပြဖို့ အရိုးရှင်းဆုံးသော နည်းလမ်းမှာ ဘုရားသခင်တစ်ပါးရှိသည်ကို ယုံကြည်ခြင်းနှင့် ဤအခြေခံအုတ်မြစ်ပေါ်တွင် သူ့နောက်လိုက်ခြင်း၊ သူ့ကိုနာခံခြင်း၊ သူ၏အုပ်စိုးမှု၊ စီစဉ်ညွှန်ကြားမှုနှင့် အစီအစဉ်များကို လက်ခံခြင်း၊ သူ၏နှုတ်ကပတ်တော်များကို နားထောင်ခြင်း၊ သူ၏နှုတ်ကပတ်တော်များနှင့်အညီ အသက်ရှင်ခြင်း၊ သူ၏နှုတ်ကပတ်တော်များနှင့်အညီ အရာရာကို လုပ်ဆောင်ခြင်း၊ စစ်မှန်သော ဖန်ဆင်းခံသတ္တဝါတစ်ဦး ဖြစ်ခြင်းနှင့် သူ့ကို ကြောက်ရွံ့ကာ မကောင်းမှုကို ရှောင်ကြဉ်ခြင်းတို့ ဖြစ်သည်။ ဤအရာသည်သာ ဘုရားသခင်၌ စစ်မှန်သော ယုံကြည်မှု ဖြစ်သည်။ ဘုရားသခင်နောက်လိုက်ဖို့မှာ ဤအရာကို ဆိုလိုသည်။ ဘုရားသခင်နောက်လိုက်သည်ဟု သင်ပြောသော်လည်း၊ သင်၏စိတ်နှလုံးတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သင်မလက်ခံသကဲ့သို့ သူ၏အုပ်စိုးမှု၊ စီစဉ်ညွှန်ကြားမှုများနှင့် အစီအစဉ်များကို သင်လက်မခံပေ။ သင်သည် ဘုရားသခင်လုပ်ဆောင်သည့်အရာအပေါ် အယူအဆများ အမြဲရှိပြီး၊ သူလုပ်ဆောင်သည့်အရာကို သင်အမြဲနားလည်မှုလွဲကာ ယင်းနှင့်ပတ်သက်၍ အမြဲစောဒကတက်ပါက၊ သင်သည် အမြဲမကျေမနပ်ဖြစ်ပြီး၊ သူလုပ်ဆောင်သည့်အရာကို သင်၏အယူအဆများနှင့် စိတ်ကူးထင်မြင်မှုများ အသုံးပြုရင်း အမြဲအကဲဖြတ်ကာ ချဉ်းကပ်ပါက၊ သင်၌ သင်၏ကိုယ်ပိုင်သိနားလည်မှုများ အမြဲရှိပါက- ဤအရာက ပြဿနာဖြစ်စေလိမ့်မည်။ သင်သည် ဘုရားသခင်၏အမှုကို တွေ့ကြုံနေခြင်း မဟုတ်သကဲ့သို့ သင်၌ သူ့နောက် အမှန်တကယ် လိုက်ရန် နည်းလမ်းမရှိပေ။ ယင်းမှာ ဘုရားသခင်၌ ယုံကြည်ခြင်း မဟုတ်ပေ။

ဘုရားသခင်၌ ယုံကြည်ခြင်းသည် အတိအကျ မည်သည့်အရာ ဖြစ်သနည်း။ ဘာသာတရား၌ ယုံကြည်ခြင်းသည် ဘုရားသခင်၌ ယုံကြည်ခြင်းနှင့် ညီမျှသလော။ ဘာသာတရားကို လူတို့ယုံကြည်ကြချိန်တွင်၊ ၎င်းတို့သည် စာတန်နောက်လိုက်ကြ၏။ ဘုရားသခင်ကို ၎င်းတို့ယုံကြည်ကြသည့်အခါမှသာ ၎င်းတို့သည် ဘုရားသခင်နောက်လိုက်ပြီး၊ ခရစ်တော်နောက်လိုက်ကြသူတို့သည်သာ ဘုရားသခင်ကို အမှန်တကယ် ယုံကြည်ပေသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မိမိ၏အသက်အဖြစ် မည်သည့်အခါတွင်မျှ လက်ခံလိမ့်မည်မဟုတ်သည့်သူတစ်ဦးသည် ဘုရားသခင်ကို ယုံကြည်သောလူတစ်ဦး ဖြစ်သလော။ ဘုရားသခင်ကို နှစ်ပေါင်းမည်မျှကြာ သင်ယုံကြည်လာပြီးသည်ဖြစ်စေ၊ ယင်းသည် အသုံးမဝင်ပေ။ ၎င်းတို့၏ ယုံကြည်ခြင်းတွင် ဘာသာရေး ဓလေ့များ၌ အမြဲပါဝင်သော်လည်း သမ္မာတရားကို လက်တွေ့မလုပ်ဆောင်သောသူ တစ်စုံတစ်ဦးသည် ဘုရားသခင်ကို ယုံကြည်သူတစ်ဦး မဟုတ်သကဲ့သို့၊ ဘုရားသခင်သည် ၎င်းတို့ကို အသိအမှတ်မပြုပေ။ သင့်ကို ဘုရားသခင်က မည်သည့်အခြေခံအကြောင်းရင်းအပေါ် အသိအမှတ်ပြုသနည်း။ သင့်ကို သူ၏အသိအမှတ်ပြုခြင်းသည် သူ၏သတ်မှတ်ချက်များအတိုင်း ကိစ္စရပ်များအားလုံး၌ သင်ပြုမူဆောင်ရွက်ခြင်း ရှိမရှိဆိုသည့်အပေါ် အခြေခံပေသည်။ သူ၏အသိအမှတ်ပြုခြင်းကို သူ၏နှုတ်ကပတ်တော်များနှင့်အညီ ပေးသည်၊ သင်၏အပြင်ပန်းအပြုအမူ၌ ပြောင်းလဲမှုများ မည်မျှရှိသည်၊ သို့မဟုတ် သူ့အတွက် အလုပ်များရင်း အချိန်မည်မျှ သင်ကုန်ဆုံးသည်ဆိုသည်တို့အပေါ် မဟုတ်ဘဲ၊ သင်လျှောက်လှမ်းသည့် လမ်းကြောင်းနှင့် သမ္မာတရားကို သင်လိုက်စားခြင်းရှိမရှိဆိုသည်တို့အပေါ် အခြေခံပေသည်။ ဘုရားသခင်ကို ၎င်းတို့ယုံကြည်သည်ဟု ပြောပြီး ဘုရားသခင်အတွက် ချီးမွမ်းခြင်းစကားများ ပြောဆိုသောသူများစွာ ရှိသည်- သို့သော် ၎င်းတို့၏ စိတ်နှလုံးများတွင်၊ ၎င်းတို့သည် ဘုရားသခင်ပြောဆိုသည့် နှုတ်ကပတ်တော်များကို မချစ်ကြသကဲ့သို့ သမ္မာတရားကို စိတ်မဝင်စားကြချေ။ ၎င်းတို့၏စိတ်နှလုံးများထဲတွင်၊ စာတန်၏ ဒဿနအမြင်များနှင့် အပြင်လောက၏ အယူဝါဒအမျိုးမျိုးဖြင့် ၎င်းတို့အသက်ရှင်မှသာ ၎င်းတို့ပုံမှန်ဖြစ်လိမ့်မည်ဖြစ်ပြီး၊ မိမိတို့ကိုယ်ကို ကာကွယ်နိုင်ကြမည်ဟု ထင်မြင်ယူဆကြကာ၊ ဤကဲ့သို့ အသက်ရှင်ခြင်းသည်သာ ဤလောကထဲတွင် ၎င်းတို့၏ အသက်တာများကို တန်ဖိုးရှိစေလိမ့်မည်ဟု အမြဲထင်မြင်ယူဆကြလေသည်။ ဤသည်မှာ ဘုရားသခင်ကို ယုံကြည်ပြီး သူ့နောက်လိုက်သူ တစ်စုံတစ်ဦး ဖြစ်သလော။ ကျော်ကြားသည့်၊ ကြီးမြတ်သော ပုဂ္ဂိုလ်များ၏ ဆိုရိုးစကားများအားလုံးသည် အထူးသဖြင့် ဒဿနိကဆန်ပြီး၊ လူတို့ကို အထူးသဖြင့် လှည့်ဖြားနိုင်စွမ်းရှိကြသည်။ ယင်းတို့ကို သမ္မာတရားအဖြစ် သင်သဘောထားပြီး နီတိများအဖြစ် သင်လိုက်နာသော်လည်း၊ ရိုးသားသော လူတစ်ဦးဖြစ်ဖို့၊ သင်၏ကိုယ်ပိုင်၊ သတ်မှတ်ထားသည့် နေရာကို လုံးဝတွယ်ကပ်ပြီး ဖန်ဆင်းခံ သတ္တဝါတစ်ဦး၏ တာဝန်ကို ထမ်းဆောင်ကာ၊ တည်ကြည်ခိုင်မာမြဲဖြစ်နေဖို့ သင့်ကို တောင်းဆိုသည့် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ ဘုရားသခင်၏ သာမန်အဖြစ်ဆုံးသော နှုတ်ကပတ်တော်များနှင့် ပတ်သက်လာသည့်အခါ- သင်သည် ယင်းတို့ကို လက်တွေ့လုပ်ဆောင်နိုင်စွမ်းမရှိသကဲ့သို့ ယင်းတို့ကို သမ္မာတရားအဖြစ် သင်သဘောမထားပါက၊ သင်သည် ဘုရားသခင်၏ နောက်လိုက် မဟုတ်ပေ။ သူ၏နှုတ်ကပတ်တော်များကို သင် လက်တွေ့လုပ်ဆောင်ထားပြီးဖြစ်သည်ဟု သင်ပြောကောင်းပြောနိုင်သော်လည်း၊ ဘုရားသခင်က သင့်အား သမ္မာတရားအတွက် မရမနေ တိုက်တွန်းပြီး၊ “မည်သည့်အရာကို သင်လက်တွေ့လုပ်ဆောင်ပြီးပြီနည်း။ သင်လက်တွေ့လုပ်ဆောင်သည့် နှုတ်ကပတ်တော်များကို မည်သူပြောဆိုခဲ့သနည်း။ သင်လိုက်နာစောင့်ထိန်းသည့် ကိုယ်ကျင့်တရားများ၏ အခြေခံအကြောင်းရင်းမှာ အဘယ်နည်း” ဟု မေးလျှင် မည်သို့ဖြစ်မည်နည်း။ ထိုအခြေခံအကြောင်းရင်းသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ မဟုတ်ပါက၊ ယင်းသည် စာတန်၏စကားများ ဖြစ်သည်။ သင်အသက်ရှင်နေထိုင်သည့်အရာမှာ စာတန်၏ စကားများဖြစ်သော်လည်း၊ သမ္မာတရားကို သင်လက်တွေ့လုပ်ဆောင်ကာ ဘုရားသခင်ကို စိတ်ကျေနပ်စေသည်ဟု သင်ပြောနေဆဲဖြစ်သည်၊ ဤသည်မှာ ဘုရားသခင်ကို ပြစ်မှားစော်ကားခြင်း မဟုတ်လော။ ဘုရားသခင်က လူတို့အနေဖြင့် ရိုးသားသင့်သည်ဟု ပြောသော်လည်း၊ ရိုးသားခြင်းတွင် မည်သည့်အရာ ပါဝင်သည်၊ ရိုးသားမှုကို မည်သို့လက်တွေ့လုပ်ဆောင်သင့်မည်၊ သို့မဟုတ် ၎င်းတို့ အသက်ရှင်နေထိုင်ပြီး ထုတ်ဖော်ပြသည့်အရာများထဲမှ မည်သည့်အရာက မရိုးသား၊ မည်သည့်အရာက ရိုးသားသည်ဆိုသည်တို့ကို မတွေးဆသောသူများ ရှိလေသည်။ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲက သမ္မာတရား၏ အနှစ်သာရကို မချင့်ချိန်မစဉ်းစားကြဘဲ၊ မယုံကြည်သူများ၏ စာအုပ်များကို ရှာကာ ယင်းကို ဖတ်ရှုပြီးနောက် ၎င်းတို့က၊ “ဤသည်တို့မှာ ကောင်းမွန်သော စကားများဖြစ်သည်- ဘုရားသခင်၏ နှုတ်ကပတ်တော်များထက်ပင် ကောင်းသည်။ ‘မာယာကင်းသောလူများ အမြဲအောင်မြင်သည်’- ယင်းမှာ ဘုရားသခင်ပြောခဲ့သည့်အရာနှင့် တူညီသည် မဟုတ်လော။ ဤအရာသည်လည်း သမ္မာတရားဖြစ်၏” ဟု ဆိုကြသည်။ ထို့ကြောင့်၊ ၎င်းတို့သည် ဤစကားများကို လိုက်နာကြသည်။ ဤစကားများကို ၎င်းတို့လိုက်နာကြသည့်အခါ၊ မည်သည့်အရာကို ၎င်းတို့အသက်ရှင်နေထိုင်ကြသနည်း။ သမ္မာတရား၏ စစ်မှန်မှုကို ၎င်းတို့အသက်ရှင်နေထိုင်နိုင်ကြသလော။ ထိုသို့သောလူများ များစွာရှိသလော။ ၎င်းတို့သည် အသိပညာအနည်းငယ် ရရှိကြသည်၊ စာအုပ်အနည်းငယ်ဖတ်ကြပြီး ထိုးထွင်းသိမြင်မှုအနည်းငယ် ရရှိကြကာ၊ ကျော်ကြားသည့် ဆိုရိုး၊ သို့မဟုတ် လူသိများသည့် ဆိုရိုးစကားအချို့ကို ၎င်းတို့ကြားကြပြီး ယင်းတို့ကို သမ္မာတရားအဖြစ် သဘောထားကြလေသည်။ ၎င်းတို့သည် ဤစကားများအတိုင်း ပြုမူဆောင်ရွက်ကြပြီး ယင်းတို့ကို ၎င်းတို့၏တာဝန်များနှင့် ဘုရားသခင်၌ ယုံကြည်မှုနှင့်ဆိုင်သည့် ၎င်းတို့၏အသက်တာများအဖို့ ကျင့်သုံးကြကာ ဤအရာက ဘုရားသခင်ကို စိတ်ကျေနပ်စေနိုင်သည်ဟုပင် တွေးထင်ကြလေသည်။ ဤသည်မှာ လှည့်စားမှုဖြစ်သည် မဟုတ်လော။ ဤသည်မှာ လှည့်ကွက်ဖြစ်သည် မဟုတ်လော။ ယင်းသည် ပြစ်မှားစော်ကားမှု ဖြစ်၏။ လူတို့ထဲတွင် ဤအရာများစွာရှိ၏။ ၎င်းတို့သည် နှစ်လိုဖွယ်ဖြစ်ပုံရသည့်၊ မှန်ကန်ပုံရသည့် လူတို့၏အယူဝါဒများကို သမ္မာတရားအလား လိုက်နာစောင့်ထိန်းကြလေသည်။ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဘေးတစ်ဖက်တွင်ထားပြီး ယင်းတို့ကို အလေးဂရုမပြုသကဲ့သို့၊ အကြိမ်မည်မျှ ၎င်းတို့ဖတ်ရှုကြသည်ဖြစ်စေ၊ ယင်းတို့ကို နှလုံးမသွင်းကြပေ၊ သို့မဟုတ် သမ္မာတရားအဖြစ် သဘောမထားကြချေ။ ထိုသို့လုပ်ဆောင်သောသူတစ်ဦးသည် ဘုရားသခင်ကို ယုံကြည်သူတစ်ဦး ဖြစ်သလော။ ၎င်းတို့သည် ဘုရားသခင်နောက် လိုက်ကြသလော။ ထိုသို့သော လူတစ်ဦးသည် ဘာသာတရား၌ ယုံကြည်ပေသည်။ ၎င်းတို့သည် စာတန်နောက်လိုက်ကြသည်။ စာတန်ပြောဆိုသည့် စကားများတွင် ဒဿနအမြင်ရှိသည်၊ ဤစကားလုံးများ၌ နက်နဲသော အဓိပ္ပာယ်ရှိသည်၊ ယင်းတို့သည် ကျမ်းဂန်ဖြစ်သည်၊ အမြော်အမြင်ရှိသော ဆိုရိုးစကားများဖြစ်ပြီး၊ အခြားမည်သည့်အရာကို ၎င်းတို့ စွန့်လွှတ်ကောင်းစွန့်လွှတ်နိုင်ပါစေ၊ ဤစကားလုံးများကို ၎င်းတို့ မည်သည့်အခါတွင်မျှ ဘေးဖယ်ထား၍မရနိုင်ဟု ၎င်းတို့၏ စိတ်နှလုံးများတွင် တွေးထင်ကြလေသည်။ ၎င်းတို့အဖို့ ထိုသို့လုပ်ဆောင်ခြင်းသည်၊ ၎င်းတို့၏အသက်ကို ဆုံးရှုံးခြင်းကဲ့သို့၊ သို့မဟုတ် ၎င်းတို့၏နှလုံးသား ကော်ထုတ်ခံလိုက်ရခြင်းကဲ့သို့ ဖြစ်ပေမည်။ ဤသည်မှာ မည်သည့်လူစားမျိုး ဖြစ်သနည်း။ ဤသည်မှာ စာတန်နောက်လိုက်သော လူတစ်ဦး ဖြစ်သည်။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ဘာသာတရား၌ ယုံကြည်မှုသည် ကယ်တင်ခြင်းသို့ မည်သည့်အခါတွင်မျှ ဆိုက်ရောက်စေမည်မဟုတ်” မှ

တစ်ဦးတစ်ယောက်သည် ဘုရားသခင်ကို ယုံကြည်သော်လည်း သူ၏နှုတ်ကပတ်တော်များကို အလေးဂရုမပြုပါက၊ သမ္မာတရားကို လက်မခံပါက၊ သို့မဟုတ် သူ၏အစီအစဉ်များနှင့် စီစဉ်ညွှန်ကြားမှုများကို ကျိုးနွံနာခံခြင်း မရှိပါက၊ ၎င်းတို့သည် ကောင်းမွန်သည့် အပြုအမူအချို့ကိုသာ ပြသပြီး၊ ၎င်းတို့၏ သိက္ခာ၊ သို့မဟုတ် အကျိုးစီးပွားများနှင့်သက်ဆိုင်၍ မည်သည့်အရာကိုမျှ မစွန့်ပစ်နိုင်ပါက၊ ကြည့်ရသည်မှာ ၎င်းတို့သည် ၎င်းတို့၏တာဝန်ကို ထမ်းဆောင်ကြသော်လည်း ၎င်းတို့၏ ဆိုးယုတ်သော စိတ်သဘောထားများအားဖြင့် အသက်ရှင်ကြဆဲဖြစ်ပြီး၊ စာတန်၏ ဒဿနအမြင်များနှင့် ဖြစ်တည်ခြင်း နည်းလမ်းများကို အနည်းငယ်မျှ မစွန့်လွှတ်သေးသကဲ့သို့ မပြောင်းလဲကြပါက- ၎င်းတို့ ဘုရားသခင်ကို ယုံကြည်သည်မှာ အဘယ်သို့ဖြစ်နိုင်မည်နည်း။ ယင်းမှာ ဘာသာတရား၌ ယုံကြည်ခြင်းဖြစ်သည်။ ထိုသို့သော လူတို့သည် အမှုအရာများကို စွန့်လွှတ်ပြီး၊ မိမိတို့ကိုယ်ကို အပေါ်ယံအားဖြင့် အသုံးတော်ခံကြသော်လည်း၊ ၎င်းတို့လျှောက်လှမ်းသည့် လမ်းကြောင်းနှင့် ၎င်းတို့လုပ်ဆောင်သမျှတိုင်း၏ အရင်းအမြစ်နှင့် တွန်းအားတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ သို့မဟုတ် သမ္မာတရားအပေါ် အခြေမခံထားပေ။ ထိုအစား၊ ၎င်းတို့သည် ၎င်းတို့၏ ကိုယ်ပိုင်စိတ်ကူးထင်မြင်မှုများ၊ စိတ်ဆန္ဒများ၊ ဓမ္မဓိဋ္ဌာန်မကျသော ယူဆချက်များနှင့် စာတန်၏ဒဿနအမြင်များ၊ စိတ်သဘောထားများအတိုင်း ဆက်လက်ပြုမူဆောင်ရွက်ကြပြီး၊ စာတန်၏ စိတ်သဘောထားများသည် ၎င်းတို့၏ ဖြစ်တည်ခြင်းနှင့် လုပ်ရပ်များ၏ အခြေခံအကြောင်းရင်း ဆက်လက်ဖြစ်လေသည်။ သမ္မာတရားကို ၎င်းတို့နားမလည်သည့် ကိစ္စရပ်များတွင်၊ ယင်းကို ၎င်းတို့ မရှာဖွေကြချေ။ သမ္မာတရားကို ၎င်းတို့နားလည်သည့် ကိစ္စရပ်များတွင်၊ ယင်းကို ၎င်းတို့လက်တွေ့မလုပ်ဆောင်ကြ၊ ဘုရားသခင်ကို ကြီးမြတ်သည်ဟု မချီးမြှောက်ကြချေ၊ သို့မဟုတ် သမ္မာတရားကို တန်ဖိုးမထားကြချေ။ ၎င်းတို့သည် အမည်ခံအားဖြင့် ဘုရားသခင်၏ နောက်လိုက်တစ်ဦးဖြစ်သော်လည်း၊ ယင်းသည် စကားဖြင့်သာ ဖြစ်၏။ ၎င်းတို့လုပ်ရပ်များ၏ အနှစ်သာရမှာ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၏ ဖော်ပြချက်များသာ ဖြစ်သည်။ ၎င်းတို့၏ စေ့ဆောချက်နှင့် ရည်ရွယ်ချက်တို့က သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖို့နှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များအတိုင်း ပြုမူဖို့ဖြစ်သည်ဟူသည့် လက္ခဏာရပ် မရှိပေ။ အခြားအရာအားလုံးမတိုင်မီ မိမိတို့၏ ကိုယ်ပိုင်အကျိုးစီးပွားများကို စဉ်းစားသောလူများ၊ ပထမဦးစွာ မိမိတို့၏ ကိုယ်ပိုင်စိတ်ဆန္ဒများနှင့် ရည်ရွယ်ချက်များကို ဖြည့်ဆည်းသောလူများ- ဤလူတို့သည် ဘုရားသခင်နောက် လိုက်ကြသလော။ (မလိုက်ကြပါ။) ပြီးလျှင် ဘုရားသခင်နောက် မလိုက်ကြသည့်လူများသည် ၎င်းတို့၏ စိတ်သဘောထားများတွင် အပြောင်းအလဲ ဖြစ်ပေါ်စေနိုင်သလော။ (မဖြစ်ပေါ်စေနိုင်ပါ။) ပြီးလျှင် ၎င်းတို့သည် ၎င်းတို့၏ စိတ်သဘောထားများကို မပြောင်းလဲနိုင်ပါက၊ သနားစဖွယ်ဖြစ်ကြသည် မဟုတ်လော။...၎င်းတို့၌ ပြဿနာမရှိကြသည့်အချိန်တွင်၊ ၎င်းတို့အတွက် အရာရာချောမွေ့နေသည့်အချိန်တွင်၊ လူအများစုက ဘုရားသခင်သည် တန်ခိုးကြီးမားသည်၊ ဖြောင့်မတ်ပြီး ချစ်ခင်ဖွယ်ဖြစ်သည်ဟု ခံစားကြရသည်။ ဘုရားသခင်က ၎င်းတို့ကို စစ်ဆေးသည့်အခါ၊ ၎င်းတို့ကို ကိုင်တွယ်ဖြေရှင်းသည့်အခါ၊ ၎င်းတို့ကို ပြစ်တင်ဆုံးမပြီး ဆုံးမပဲ့ပြင်သည့်အခါ၊ ၎င်းတို့၏ ကိုယ်ပိုင်အကျိုးစီးပွားများကို ဘေးဖယ်ထားဖို့၊ ဇာတိပကတိကို ကျောခိုင်းပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖို့ ၎င်းတို့ကို သူတောင်းဆိုသည့်အခါ၊ ၎င်းတို့အပေါ် ဘုရားသခင်အမှုပြုပြီး ၎င်းတို့၏ ကံကြမ္မာများနှင့် ၎င်းတို့၏ အသက်တာများအပေါ် စီစဉ်ညွှန်ကြားချိန်ပြီး အုပ်ချုပ်သောအခါ၊ ၎င်းတို့သည် ပုန်ကန်တတ်လာကြပြီး မိမိတို့ကိုယ်ကိုနှင့် ဘုရားသခင်ကြားတွင် ခပ်တန်းတန်းဖြစ်မှုများကို ဖန်တီးကြလေသည်၊ ၎င်းတို့နှင့် ဘုရားသခင်ကြားတွင် သဘောထားကွဲလွဲမှုနှင့် ကွာဟချက်တစ်ခု ဖန်တီးကြလေသည်။ ထိုသို့သောအချိန်ကာလများတွင်၊ ၎င်းတို့၏ စိတ်နှလုံးများ၌၊ ဘုရားသခင်သည် အနည်းငယ်မျှ ချစ်ခင်ဖွယ် မဖြစ်ပေ။ သူလုပ်ဆောင်သည့်အရာက ၎င်းတို့၏ စိတ်ဆန္ဒကို မဖြည့်ဆည်းသည့်အတွက် သူသည် လုံးဝ တန်ခိုးမကြီးမားပေ။ ဘုရားသခင်က ၎င်းတို့ကို ဝမ်းနည်းစေသည်။ ၎င်းတို့ကို သူစိတ်ပျက်စေသည်။ သူသည် ၎င်းတို့ထံ နာကျင်မှုနှင့် ဆင်းရဲဒုက္ခကို ဆောင်ကြဉ်းသည်။ သူသည် ၎င်းတို့ကို နေမထိထိုင်မထိ ဖြစ်စေသည်။ ထို့ကြောင့် ၎င်းတို့သည် ဘုရားသခင်ကို လုံးဝ ကျိုးနွံနာခံခြင်းမရှိကြပေ၊ ထိုအစား သူ့ကို ပုန်ကန်ကာ ရှောင်ရှားကြလေသည်။ ၎င်းတို့သည် ဤအရာကို လုပ်ဆောင်ခြင်းအားဖြင့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နေကြခြင်း ဖြစ်သလော။ ၎င်းတို့သည် ဘုရားသခင်၏ လမ်းခရီးနောက် လိုက်နေကြခြင်း ဖြစ်သလော။ ဘုရားသခင်နောက် ၎င်းတို့လိုက်ကြသလော။ မလိုက်ပေ။ ထို့ကြောင့် ဘုရားသခင်၏ အမှုနှင့်ပတ်သက်သည့် သင်၏အယူအဆများနှင့် စိတ်ကူးထင်မြင်မှုများက မည်မျှများပြားသည်ဖြစ်စေ၊ ပြီးလျှင် ယခင်က သင်၏ ကိုယ်ပိုင်အလိုဆန္ဒအတိုင်း သင်မည်မျှပြုမူခဲ့ပြီး ဘုရားသခင်ကို ဆန့်ကျင်ပုန်ကန်ခဲ့သည်ဖြစ်စေ၊ သမ္မာတရားကို သင်အမှန်တကယ် လိုက်စားပြီး ဘုရားနှုတ်ကပတ်တော်များ၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို လက်ခံကာ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ ပြုပြင်ခံရခြင်းနှင့် ကိုင်တွယ်ဖြေရှင်းခံရခြင်းတို့ကို လက်ခံပါက၊ သူစီစဉ်ညွှန်ကြားသည့် အရာတိုင်းတွင် သင်သည် ဘုရားသခင်၏ လမ်းခရီးကို လိုက်လျှောက်နိုင်ပါက၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နာခံနိုင်ပါက၊ သူ၏အလိုတော်ကို ရှာဖွေနိုင်ပါက၊ သူ၏နှုတ်ကပတ်တော်များနှင့် သူ၏အလိုတော်နှင့်အညီ လက်တွေ့လုပ်ဆောင်နိုင်ပါက၊ ကျိုးနွံနာခံဖို့ ကြိုးစားပြီး သင်၏ကိုယ်ပိုင်အလို၊ စိတ်ဆန္ဒများ၊ စဉ်းစားဆင်ခြင်ခြင်းများ၊ အရင်းခံအကြောင်းရင်းများနှင့် ဘုရားသခင်ကို မုန်းတီးမှုတို့အား ဘေးဖယ်ထားနိုင်ပါက- ထိုအခါမှသာ သင်သည် ဘုရားသခင်နောက် လိုက်နေခြင်း ဖြစ်၏။ ဘုရားသခင်နောက် သင်လိုက်သည်ဟု ပြောသော်လည်း၊ သင်လုပ်ဆောင်သမျှအားလုံးတွင် သင်၏ကိုယ်ပိုင်အလိုအတိုင်း သင်လုပ်ဆောင်သည်။ သင်လုပ်ဆောင်သမျှတိုင်းတွင်၊ သင်၌ သင်၏ကိုယ်ပိုင်ရည်မှန်းချက်များ၊ သင်၏ကိုယ်ပိုင်အစီအစဉ်များရှိသည်။ သင်သည် ယင်းကို ဘုရားသခင်အား လုပ်ဆောင်ခွင့်မပေးပေ။ သို့ဆိုလျှင် ဘုရားသခင်သည် သင်၏ဘုရားသခင် ဖြစ်နေဆဲလော။ ဘုရားသခင်က သင်၏ဘုရားသခင် မဟုတ်ပါက၊ ဘုရားသခင်နောက် သင်လိုက်သည်ဟု ပြောသည့်အခါ ဤသည်တို့မှာ အနှစ်မဲ့သော စကားများဖြစ်သည် မဟုတ်လော။ ထိုသို့သော စကားများသည် လူတို့ကို လှည့်စားဖို့ ကြိုးပမ်းမှုတစ်ခု ဖြစ်သည် မဟုတ်လော။ ဘုရားသခင်နောက်လိုက်သည်ဟု သင်ပြောသော်လည်း၊ သင်၏လုပ်ရပ်များနှင့် အပြုအမူများ၊ ဘဝနှင့်ပတ်သက်သည့် သင်၏အမြင်၊ သင်၏တန်ဖိုးများ၊ သင်၏သဘောထားနှင့် ကိစ္စရပ်များကို သင်ချဉ်းကပ်‌ပြီး ကိုင်တွယ်သည့် အခြေခံမူအားလုံးတို့သည် စာတန်ထံမှ လာပေသည်- သင်သည် ဤအရာအားလုံးကို စာတန်၏ အခြေခံမူများနှင့် ဆင်ခြင်တွေးခေါ်မှုစနစ်တို့နှင့်အညီ လုံးဝကိုင်တွယ်ပေသည်။ သို့ဆိုလျှင် သင်သည် ဘုရားသခင်နောက် လိုက်သလော။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ဘာသာတရား၌ ယုံကြည်မှုသည် ကယ်တင်ခြင်းသို့ မည်သည့်အခါတွင်မျှ ဆိုက်ရောက်စေမည်မဟုတ်” မှ

အကယ်၍ လူတို့သည် ၎င်းတို့၏ ယုံကြည်ခြင်းတွင် သမ္မာတရားကို လိုက်နာစောင့်ထိန်းရန် စည်းမျဉ်းတစ်စုံအဖြစ် သဘောထားပါက ၎င်းတို့၏ ယုံကြည်ခြင်းသည် ဘာသာရေးဟိတ်ဟန်များအဖြစ်သို့ ပြောင်းလဲတတ်သည် မဟုတ်လော။ ထိုသို့သော ဘာသာရေးဟိတ်ဟန်များ နှင့် ခရစ်ယာန်ဘာသာအကြား ခြားနားမှုမှာ အဘယ်နည်း။ အမှုအရာများ ၎င်းတို့ ပြောဆုံပုံတွင် ပိုမိုလေးနက်ပြီး ပိုမိုတိုးတက်နိုင်သော်လည်း ၎င်းတို့၏ ယုံကြည်ခြင်းက စည်းမျဉ်းတစ်စုံ နှင့် ဘာသာရေး ဟိတ်ဟန်မျိုးတစ်ခုသာ ဖြစ်လာခဲ့ပါက၊ ယင်းသည် ခရစ်ယာန်ဘာသာအဖြစ်သို့ ပြောင်းသွားသည်ဟု ဆိုလိုသည် မဟုတ်လော။ သွန်သင်ချက်အဟောင်းများနှင့် အသစ်များအကြားတွင် ကွာခြားချက်များရှိသော်လည်း အကယ်၍ သွန်သင်ချက်များမှာ အယူအဆပုံစံမျိုးထက် မပိုဘဲ ဟိတ်ဟန်ပုံစံတစ်ခု၊ လူတို့အတွက် သြဝါဒပုံစံတစ်ခုမျှ ဖြစ်လာခဲ့သော်၊ ထိုနည်းတူ ၎င်းတို့သည်လည်း ယင်းထံမှ သမ္မာတရားကို မရနိုင်ပါက သို့မဟုတ် သမ္မာတရား၏စစ်မှန်မှုထဲသို့ မဝင်ရောက်နိုင်ပါက၊ ၎င်းတို့၏ယုံကြည်ခြင်းမှာ ခရစ်ယာန်ဘာသာကဲ့သို့ပင် ဖြစ်သည်မဟုတ်လော။ အနှစ်သာရအားဖြင့် ဤသည်မှာ ခရစ်ယာန်ဘာသာ မဟုတ်သလော။ (ဟုတ်ပါသည်။) ထို့ကြောင့် သင်တို့၏အပြုအမူနှင့် သင်တို့၏တာဝန်များ ထမ်းဆောင်ရာတွင် မည်သည့်အရာများ၌ သင်သည် ခရစ်ယာန်ဘာသာထဲက ယုံကြည်သူများနှင့် တူညီ သို့မဟုတ် ဆင်တူသည့် အမြင်များနှင့် အခြေအနေများ ရှိပါသနည်း။ (စည်းမျဉ်းများ လိုက်နာစောင့်ထိန်းခြင်း၊ နှုတ်ကပတ်တော်နှင့် အယူဝါဒတို့ဖြင့် ပြင်ဆင်ခြင်းများတွင်။) (ဝိညာဉ်ရေးရာ ပြည့်ဝပုံပေါ်ခြင်းနှင့် အပြုအမူကောင်းကို ထုတ်ပြခြင်း၊ ဘုရားတရား ကိုင်းရှိုင်းခြင်းနှင့် နှိမ့်ချခြင်းတို့အပေါ် အာရုံစိုက်ရာတွင်။) အပြင်ပန်းအနေဖြင့် အပြုအမူကောင်းရှိဖို့ သင် ကြိုးစားသည်၊ ဝိညာဉ်ရေး ပြည့်ဝသည့်ပုံမျိုးဖြင့် မိမိကိုယ်ကိုယ် ပြရုပ်တင်ဖို့ သင် အစွမ်းကုန်လုပ်ဆောင်သည်၊ ဝိညာဉ်ရေး အယူဝါဒကို ပြောဆိုသည်၊ ဝိညာဉ်ရေးရာအရ မှန်ကန်သော အရာများကို ပြောဆိုသည်၊ လူသား၏ အယူအဆနှင့် စိတ်ကူးစိတ်သန်းများက အတော်လေး ထောက်ခံသည့် အရာများကို လုပ်ဆောင်သည်၊ မွန်မြတ်သောသူကဲ့သို့ ဟန်ဆောင်လေသည်။ နှုတ်ကပတ်တော်များနှင့် အယူဝါဒများကို သင် မြင့်မြင့်မားမား ပြောဆိုသည်၊ ကောင်းရာလုပ်ဖို့၊ မွန်မြတ်သော လူများဖြစ်ဖို့နှင့် သမ္မာတရားကို နားလည်ဖို့ လူတို့ကို သွန်သင်သည်၊ သင်သည် ဝိညာဉ်ရေး ပြည့်ဝသည့်ပုံပြုမူပြီး သင် လုပ်ဆောင်သမျှတိုင်းတွင် အပေါ်ယံ ဝိညာဉ်ရေးရာ ပြည့်ဝခြင်းကို သင် ဖော်ထုတ်ပြသည်။ သို့သော်၊ လက်တွေ့တွင်၊ သင်သည် သမ္မာတရားကို မည်သည့်အခါမျှ ရှာဖွေခဲ့ခြင်းမပြု၊ ပြဿနာတစ်ခု သင် ကြုံရသည်နှင့်တပြိုင်နက် ဘုရားသခင်ကို ဘေးတွန်းထုတ်ကာ လူ့အလိုဆန္ဒအတိုင်း သင် လုံးလုံးလျားလျား ပြုမူလေသည်။ သမ္မာတရား၏ အခြေခံသဘောတရားများနှင့်အညီ သင် မည်သည့်အခါမျှ ပြုမူလုပ်ဆောင်ခဲ့ခြင်းမရှိ၊ သမ္မာတရားထဲ၌ မည်သည့်အရာကို ပြောထားကြောင်း၊ ဘုရားသခင်၏အလိုတော်မှာ မည်သည့်အရာဖြစ်ကြောင်း၊ သူသည် လူသားကို မည်သည့်စံနှုန်းများ သတ်မှတ်ထားကြောင်း မည်သည့်အခါမျှ သင် နားလည်ခဲ့ခြင်းမရှိပေ၊ သင်သည် ဤကိစ္စရပ်များကို မည်သည့်အခါမျှ အလေးအနက် သဘောထားခဲ့ခြင်းမရှိ သို့မဟုတ် ၎င်းတို့ကို သင် စိတ်ဝင်စားခြင်း မရှိချေ။ လူတို့၏ ထိုသို့သော ပြင်ပလုပ်ဆောင်ချက်များနှင့် အတွင်းပိုင်းအခြေအနေများဖြစ်သည့် ဤယုံကြည်ခြင်းမျိုးသည် ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းမှုကိုရှောင်ခြင်း ဖြစ်စေပါသလော။ အကယ်၍ လူတို့၏ယုံကြည်ခြင်းနှင့် သမ္မာတရားအပေါ် ၎င်းတို့၏လိုက်စားမှုအကြား ဆက်နွှယ်မှု မရှိပါက ဘုရားသခင်ကို ၎င်းတို့ ယုံကြည်ကြသလော၊ မယုံကြည်ကြသလော။ သမ္မာတရားကို လိုက်စားခြင်းနှင့် ဆက်စပ်မှုမရှိသည့် လူတို့သည် ဘုရားသခင်ကို နှစ်ပေါင်းမည်မျှ ယုံကြည်နိုင်ခဲ့ပါစေ ၎င်းတို့သည် ဘုရားသခင်ကို အမှန်တကယ် ကြောက်ရွံ့သော ကြည်ညိုမှု ရရှိပြီး မကောင်းမှုကို အစစ်အမှန် ရှောင်ကြည်နိုင်သလော၊ မရှောင်ကြဉ်နိုင်သလော။ (မရှောင်ကြဉ်နိုင်ပါ။) ထိုသို့ဆိုသော် ယင်းကဲ့သို့သောလူများ၏ အပေါ်ယံ အပြုအမူမှာ အဘယ်နည်း။ မည်သည့်လမ်းကြောင်းမျိုးကို ၎င်းတို့ လျှောက်နိုင်သနည်း။ (ဖာရိရှဲတို့၏ လမ်းကြောင်း ဖြစ်ပါသည်။) ၎င်းတို့ကိုယ်ကို မည်သည့်အရာများဖြင့် တပ်ဆင်ပြီး ၎င်းတို့၏ နေ့ရက်များကို ကုန်လွန်စေကြသနည်း။ နှုတ်ကပတ်တော်များနှင့် အယူအဆများဖြင့် မဟုတ်လော။ ၎င်းတို့သည် ၎င်းတို့ကိုယ်ကို ဖာရိရှဲများ၊ သာ၍ ဝိညာဉ်ရေးရာပြည့်ဝပြီး ဘုရားသခင်ကို အစေခံသည်ဟု ယူဆရသောလူများနှင့် ပို၍တူစေရန်၊ ဘုရားသခင်ကို အစေခံသည်ဟု ယူဆရသောလူများနှင့် ပို၍တူစေရန်၊ နှုတ်ကပတ်တော်များနှင့် အယူအဆများဖြင့် ၎င်းတို့ကိုယ်ကို လက်နက်တပ်ဆင်ခြင်း၊ ဝတ်ဆင်ခြင်းဖြင့် ၎င်းတို့၏နေ့ရက်များကို ကုန်လွန်စေကြသည်မဟုတ်လော။ ဤနည်းစနစ်အားလုံး၏ သဘာဝမှာ မည်သည့်အရာသာဖြစ်သနည်း။ ဘုရားသခင်ကို ကိုးကွယ်ခြင်းလော။ ကိုယ်တော်၌ စစ်မှန်သော ယုံကြည်ခြင်းလော။ (မဟုတ်ပါ။) သို့ဆိုလျှင် ၎င်းတို့ မည်သည့်အရာကို လုပ်ဆောင်နေကြပါသနည်း။ ၎င်းတို့သည် ဘုရားသခင်ကို လှည့်ဖြားနေကြခြင်း ဖြစ်သည်၊ ၎င်းတို့သည် ဖြစ်စဉ်တစ်ခု၏ အဆင့်များကို ဖြတ်သန်းနေခြင်းနှင့် ဘာသာရေး ဟိတ်ဟန်များထဲတွင် ပါဝင်ပတ်သက်နေကြခြင်း ဖြစ်သည်။ ၎င်းတို့သည် ယုံကြည်ခြင်းအလံကို လှုပ်ယမ်းကြပြီး ဘာသာရေးထုံးတမ်းများကို လုပ်ဆောင်ခြင်း၊ ကောင်းချီးမင်္ဂလာခံစားရစေရန် ရည်မှန်းချက် ပြည့်မီရေးအတွက် ဘုရားသခင်ကို လိမ်လည်လှည့်ဖြားရန် ကြိုးစားခြင်းတို့ကို ပြုကြသည်။ ၎င်းတို့သည် ဘုရားသခင်ကို ကိုးကွယ်ခြင်း လုံးဝမပြုကြပေ။ အဆုံးတွင် ယင်းကဲ့သို့ လူတစ်စုသည် အသင်းတော်အတွင်း ဘုရားသခင်ကို အစေခံသည်ဟု ယူဆရပြီး ဘုရားသခင်ကို ယုံကြည်ပြီး နောက်လိုက်ကြသောသူများကဲ့သို့ပင် အဆုံးသတ်မည် မဟုတ်လော။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ဘုရားသခင်၏ရှေ့တွင် အချိန်ပြည့် အသက်ရှင်မှသာ ကယ်တင်ခြင်းလမ်းကို သင်လျှောက်နိုင်မည်” မှ

သင် လိုက်လျှောက်သည့် လမ်းကြောင်းသည် ဘာသာရေးသမားများ လိုက်လျှောက်သည့် လမ်းကြောင်းနှင့် တူပါက၊ ယင်းသည် သင့်ကို ခရစ်ယာန်ဘာသာကို ယုံကြည်သူတစ်ဦး ဖြစ်စေသည်။ သင်သည် ဘုရားသခင်ကို မယုံကြည်သကဲ့သို့ သူ၏ အမှုကို တွေ့ကြုံနေခြင်း မဟုတ်ပေ။ အချိန်ကြာမြင့်စွာ ဘုရားသခင်ကို မယုံကြည်ကြသေးသူတို့သည် မိမိတို့၏ စကားက အခြေအမြစ်ရှိသော ယုံကြည်ကြပြီးသူများကို လေးစားကြသည်။ ၎င်းတို့သည် ထိုသို့သော လူများ နှစ်နာရီ သို့မဟုတ် သုံးနာရီ အေးအေးဆေးဆေး ထိုင်နေပြီး စကားပြောနိုင်သည်ကို မြင်ကြ၏။ ထိုသူတို့ထံမှ ဝိညာဉ်ရေးရာ ဝေါဟာရများနှင့် စကားအသုံးအနှုန်းများအပြင်၊ လူတစ်ဦး စကားပြောပုံနှင့် ကိုယ်ဟန်အနေအထားရှိပုံတို့ကို ၎င်းတို့ စတင်သင်ယူကြ၏။ ထို့နောက် ၎င်းတို့သည် ဝိညာဉ်ရေးရာ စကားများနှင့်ဆိုင်သည့် စာပိုဒ်အနည်းငယ်ကို အလွတ်ကျက်မှတ်ကြပြီး၊ ထိုသို့ဖြင့် တစ်နေ့တွင် ထိုင်ကာ အတောမသတ် စကားပြောကောင်းစွာနှင့် အချိန်ယူ၍ အသေးစိတ်ရှင်းပြဖို့ ၎င်းတို့အတွက် ၎င်းတို့၏ ယုံကြည်မှုနှစ်ကာလများက အရေအတွက် လုံလောက်သည်အထိ ဆက်လက်လုပ်ဆောင်ကြလေသည်။ သို့သော် လူတစ်ဦးက သေချာစွာ နားထောင်ပါက၊ ယင်းသည် အဓိပ္ပာယ်မရှိသောစကားသာ၊ အနှစ်မဲ့သော စကားများသာ၊ ကျမ်းဟောင်းတရားများနှင့် အယူဝါဒများမျှသာ ဖြစ်၏။ ပြီးလျှင် ၎င်းတို့သည် မိမိတို့ကိုယ်ကိုယ်ရော အခြားသူများကိုပါ လိမ်လည်လှည့်စားနေကြသည့် ဘာသာရေး လူလိမ်များ ဖြစ်သည်မှာ သိသာထင်ရှားပေသည်။ ဝမ်းနည်းဖွယ်ပါတကား။ သင်သည် တစ်ကြိမ် နင်းလျှောက်ပြီးသည်နှင့်၊ ပျက်စီးခြင်း ဖြစ်စေသကဲ့သို့ နောက်ပြန်လှည့်ဖို့ ခက်ခဲသည့် ထိုလမ်းကြောင်းကို မလိုက်လျှောက်ရ။ ထိုသို့သော အရာများကို တန်ဖိုးထားဖို့၊ ယင်းတို့ကို မိမိ၏ ဘဝအဖြစ် ခံယူဖို့နှင့် မိမိသွားသည့် နေရာတိုင်းတွင် အခြားသူများနှင့်ယှဉ်၍ မိမိကိုယ်ကိုယ် တိုင်းတာဖို့ ယင်းတို့ကို အသုံးပြုရန်၊ ဖောက်ပြန်ပျက်စီးသည့် စာတန်ဆန်သော စိတ်သဘောထားတစ်ခုထက် ကျော်လွန်၍၊ ဝိညာဉ်ရေးရာ သဘောတရားများနှင့် သူတော်ကောင်းယောင်ဆောင်ခြင်း အရိပ်လက္ခဏာများ အချို့ ရှိဖို့ဆိုသည်မှာ ဤလူသည် စက်ဆုပ်စရာမျှ ဖြစ်သည်မဟုတ်ဘဲ လွန်လွန်ကဲကဲ စက်ဆုပ်စရာ၊ ရွံရှာဖွယ်ဖြစ်ပြီး အရှက်ကင်းမဲ့ကာ အခြားသူများသည် ၎င်းတို့ကို မကြည့်နိုင်ကြပေ။ ထို့ကြောင့်၊ တစ်ချိန်က သခင်ယေရှုနောက် လိုက်ခဲ့ကြသူများ၏ ဂိုဏ်းဂဏကို ယခုတွင် ခရစ်ယာန်ဘာသာဟု ခေါ်ဆိုသည်။ ယင်းသည် ဂိုဏ်းဂဏတစ်ခုဖြစ်ပြီး ဘုရားသခင်၌ ၎င်းတို့၏ ယုံကြည်မှုတွင်၊ ၎င်းတို့သည် လုပ်ရိုးလုပ်စဉ်ကို တင်းတင်းကျပ်ကျပ် လိုက်နာကြသည်ထက် ပိုမလုပ်ကြချေ။ ၎င်းတို့၏ အသက်စိတ်သဘောထားတွင် ပြောင်းလဲမှု လုံးဝ မရှိသကဲ့သို့၊ ၎င်းတို့သည် သမ္မာတရားကို လိုက်စားသော လူများ မဟုတ်ကြပေ။ ၎င်းတို့ လိုက်စားမှုသည် ဘုရားသခင်ထံမှလာသည့် သမ္မာတရား၊ လမ်းခရီးနှင့် အသက် မဟုတ်ဘဲ၊ ယင်းအစား ၎င်းတို့သည် ဖာရိရှဲများဖြစ်ဖို့ ကြိုးစားကြပြီး ဘုရားသခင်ကို ရန်လိုကြသည်၊ ဤသည်တို့မှာ ခရစ်ယာန်ဘာသာဟု ယခု သတ်မှတ်ထားသည့် လူစု ဖြစ်သည်။ ၎င်းတို့ အုပ်စုသည် “ခရစ်ယာန်ဘာသာ”ဟု အဘယ်သို့ ခေါ်ဆိုခံလာခဲ့ရသနည်း။ ယင်းမှာ ၎င်းတို့သည် မိမိတို့ကိုယ်ကိုယ် သန့်ရှင်းသူများ၊ ဝိညာဉ်ရေးရာ ပြည့်ဝပြီး ကြင်နာတတ်သောသူများကဲ့သို့၊ ပြီးလျှင် ဘုရားသခင်၏ စစ်မှန်သော နောက်လိုက်များကဲ့သို့ ဟန်ဆောင်ကြသော်လည်း၊ ၎င်းတို့သည် သမ္မာတရားအားလုံးကို ငြင်းပယ်ပြီး ဘုရားသခင်ထံမှ လာသော အပြုသဘောဆောင်သည့် အရာများအားလုံး၏ လက်တွေ့အရှိတရားကို ငြင်းပယ်ကြသောကြောင့် ဖြစ်သည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကိုယ် ပုံဖျက်ဖို့၊ မိမိတို့ကိုယ်ကိုယ် တပ်ဆင်ပြီး ခြုံထားဖို့ ယခင်က ဘုရားသခင် ပြောဆိုပြီးဖြစ်သည့် နှုတ်ကပတ်တော်များကို အသုံးပြုပြီး၊ နောက်ဆုံးတွင် ယင်းတို့ကို နေရာတကာရှိ လူတို့အား အစားအစာနှင့် သောက်စရာတို့ကို လိမ်လည်လှည့်စားဖို့ အရင်းအနှီး အမျိုးအစားတစ်ခုအဖြစ် အသုံးပြုကြ၏။ ၎င်းတို့သည် မိမိတို့ကိုယ်ကိုယ် ဘုရားသခင်အား ယုံကြည်သူများကဲ့သို့ ပုံဖျက်ကြပြီး၊ ထိုသို့ဖြင့် ဟိုဟိုသည်သည် ဟိတ်ဟန်ထုတ်၍ လမ်းလျှောက်ကာ အခြားသူများကို ကလိမ်ကျကြသည်။ ၎င်းတို့သည် အခြားသူများနှင့် ပြိုင်ဆိုင်ကြပြီး အခြားသူများကို တုပြိုင်ကြသည်၊ ၎င်းတို့အဖို့ ဤအရာများသည် ထင်ပေါ်ကျော်ကြားမှုနှင့် အရင်းအနှီးဖြစ်၏။ ၎င်းတို့သည် လှည့်စားခြင်းမှတစ်ဆင့် ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများနှင့် ဆုလာဘ်များကိုလည် ရရှိချင်ကြ၏။ ဤသည်မှာ ၎င်းတို့ လိုက်လျှောက်သည့် လမ်းကြောင်း ဖြစ်သည်။ ၎င်းတို့လူစုကို နောက်ဆုံးတွင် ခရစ်ယာန်ဘာသာအဖြစ် သတ်မှတ်သည်မှာ ဤလမ်းကြောင်းမျိုးကို ၎င်းတို့ လိုက်လျှောက်ကြသောကြောင့် ဖြစ်သည်။ ယင်းကို ယခုကြည့်ရာတွင် “ခရစ်ယာန်ဘာသာ” ဟူသည့် အမည်နာမသည် ကောင်းသလော၊ ဆိုးသလော။ ယင်းသည် အလွန်ဆိုးရွားသော ဂုဏ်ထူးဖြစ်ပြီး၊ ယင်းနှင့်ပတ်သက်၍ ကျက်သရေရှိသောအရာ သို့မဟုတ် ခမ်းနားသောအရာ မည်သည့်အရာမျှ မရှိပေ။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သမ္မာတရားကို လက်တွေ့လုပ်ဆောင်သောသူတို့သာ ဘုရားသခင်ကို ကြောက်ရွံ့ကြသော သူများ ဖြစ်သည်” မှ

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

လူတို့၏ အသက်တာများသည် လျှပ်တစ်ပြက်၊ နှစ်အနည်းငယ်အတွင်း ကုန်လွန်သွားသည်။ ပြန်ကြည့်လျက်၊ ၎င်းတို့သည် ၎င်းတို့၏ အသက်တာများကို ပြန်လည်သတိရမိကြသည်- ကျောင်းသွားရင်း၊ အလုပ်လုပ်ရင်း၊ အိမ်ထောင်ပြုရင်း၊ သားသမီးများရှိရင်း၊ သေခြင်းကို စောင့်ဆိုင်းရင်း၊ ၎င်းတို့၏ အသက်တာများတစ်ခုလုံးသည် လူသား တည်ရှိမှု၏ မှန်ကန်သော ဦးတည်ချက်နှင့် ရည်မှန်းချက်များ လုံးဝ ကင်းမဲ့ပြီး ရှင်သန်ခြင်းတွင် မည်သည့် တန်ဖိုး သို့မဟုတ် အဓိပ္ပါယ်မျှ မရှာတွေ့နိုင်ဘဲလျက်၊ မိသားစု၊ ငွေကြေး၊ အဆင့်အတန်း၊ အခွင့်အလမ်းနှင့် သိက္ခာတရားအတွက် မအားမလပ် ဟိုဟိုသည်သည် ပြေးလွှားရင်း ကုန်လွန်ခဲ့ကြသည်။ ထို့ကြောင့် လူတို့သည် မျိုးဆက် တစ်ဆက်ပြီးတစ်ဆက် ဤ နာကျင်စရာဖြစ်ပြီး အနှစ်မဲ့သည့် နည်းလမ်းဖြင့် အသက်ရှင်ကြလေသည်။ လူတို့၏ အသက်တာများသည် အဘယ်ကြောင့် အလွန် နာကျင်ဖွယ်ဖြစ်ပြီး အနှစ်မဲ့ပါသနည်း။ ပြီးလျှင် လူသား တည်ရှိခြင်း၏ နာကျင်မှုနှင့် အနှစ်မဲ့ခြင်းတို့ကို မည်သို့ ဖြေရှင်းနိုင်သနည်း။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-လူသားတို့ ကြံ့ကြံ့ခံကြရသည့် မွေးဖွားခြင်း၊ သေဆုံးခြင်း၊ ဖျားနာခြင်းနှင့် အိုမင်းသောအသက်အရွယ်တို့မှ...

Leave a Reply

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။